ဂျူနီယာဝင်း – ကျင်းပဖြစ်ခဲ့တဲ့ နှစ်တစ်ရာပြည့် အမှတ်တရပွဲ
(မိုုးမခ) မေ ၁၄၊ ၂၀၁၅
ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိူးချစ်တို့ရဲ့ နှစ်တစ်ရာ ပြည့်အမှတ်တရအတွက် ရည်ရွယ်ရေးသားခဲ့တဲ့စာအုပ် A Memory of my Grandparents ကိုဘဘကြီးမေမေကြီးတို့ရဲ့ မိတ်ဆွေများ၊ စာပေသမားများ၊ သူတို့ကိုလေးစားချစ်ခင်သူများကိုလက်ဆောင်ပေးမယ်လို့ ၂၀၁၄ မေလမှာစတင် ရေးသားခဲ့ကတည်းက တွေးထားခဲ့တာပါ။
ကျွန်မကို ဘာကြောင့် မြန်မာလိုုမရေးပဲ အင်္ဂလိပ်လုုိရေးရတာလဲဆုုိတဲ့ မေးခွန်းဟာ စရေးကတည်းကအမေးခံခဲ့ရပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်လို ဘလော့လေးတစ်ခုမှာ စတင်စမ်းသပ်ကာ အင်္ဂလိပ်လို ၂၀၁၁ နဲ့၂၀၁၂ မှာရေးသားဖြစ်ခဲ့ပါတယ်။ အဲသည်တုန်းကဆိုရင် အင်္ဂလိပ်လုုိရေးရတာ မြန်မာလိုုရေးရတာထက် ပိုုပြီးလွတ်လပ်တဲ့ ခံစားချက်တွေရှိတာကြောင့် အင်္ဂလိပ်လိုပဲ ရေးချင်တဲ့စိတ်တွေ တောင်ဖြစ်လာရပါတယ်။ ဒါကြောင့်လဲဘဘကြီးမေမေကြီး တုုိ့အကြောင်း နှစ်တရာပြည့်အမှတ်တရ ရေးမယ် လုုိ့စိတ်ကူးလုုိက်ချိန်မှာ ကိုုယ့်ရဲ့အတွေးကိုုယ့်ရဲ့ စိတ်ကူးတွေကုုိလွတ်လပ်တဲ့ အတွေးတွေ နဲ့ရေးချင်တဲ့အတွက်အင်္ဂလိပ်လုုိရေးဖုုိ့ ဆုုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သည်စာအုပ်လေးကို ရေးသားထုတ်ဝေပြီးတဲ့ အချိန်ကျရင် အနီးအဝေးကဆွေမျိူးတွေ၊ စာပေသမားတွေကို လက်ဆောင်ပို့ပေးကြရအောင်လို့ အချင်းချင်းပြောကြပါတယ်။ ပြည်ရိပ်သာခြံထဲတော့ ရာပြည့်ပွဲ လုပ်ဖို့စိတ်ကူးမရှိပါဘူး။ မေမေကတော့ လုပ်ဖြစ်ရင်တော့ ခြံထဲမှာလုပ်ချင်တယ်။ ကျွန်မကသိပ်မလုပ်ချင်ဖူး။ အကိုမောင်ရစ်လဲ အစတော့သဘောမတူဘူး။
၂၀၁၅ ကိုရောက်လာချိန်မှာ ကျွန်မအကိုမောင်ရစ်ကနေ ဘဘကြီးမေမေကြီးတို့ရဲ့ ခေတ်ပြိုင်စာပေပညာရှင်တွေ ရဲ့ ဓါတ်ပုံတွေကိုုိ ပြည်ရိပ်သာခြံကလေးမှာ ပြသဖို့ တိုင်ပင်ကြတော့ ဒါကိုစဉ်းစားနေမိကြပါတယ်။ လုပ်ဖို့စဉ်းစားလိုက်တော့လဲလုပ်နိုင်မယ်လို့ တွေးပါတယ်။ ကျွန်မစာအုပ်ကလဲ မတ်လမှာထွက်ဖို့စီစဉ်ထားတာမှာ အကြောင်းအမျိူးမျူူိးကြောင့်……. အဲသည်ထဲမှာ ကျွန်မရဲ့ လေးအောက်အချိူးများ မှားယွင်းနေတာ ပြင်ဆင်ရတာတွေ၊ စာမျက်နှာတချိူ့ အရောင်များ ပြင်ဆင်ရတာတွေ၊ စာမျက်နှာများပျောက်နေတာတွေ ပြင်ရတာတွေ ပါပါတယ်၊ စာအုပ်ကမထွက်နိင် မထွက်နိုင်နဲ့ နောက်ဆုံးမေလပထမပတ်ကျမှ စာအုပ်ထွက်ပါတယ်။ လုပ်ဖြစ်မယ့် မေလ၉ ရက်နေ့တောင်မှီပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတာတွေ ဟာစာအုပ်တွေ့မှ သက်ပြင်းချနိုင်ပါတယ်။
သည်လိုနဲ့ မေလဆိုတာကိုမှတ်မိနေကြသူတွေ၊ ဘဘကြီးမေမေကြီးတို့ရဲ့ နှစ်တစ်ရာပြည့်ကို သတိတရရှိနေသူတွေနဲ့ စစီစဉ်ဖြစ်ကြပါတယ်။ ကိုမောင်ရစ်ကခေတ်ပြိုင်စာရေးဆရာများ၏ ဓါတ်ပုံပေါင်း ၈ဝကျော်နဲ့ သတူုိ့ရဲ့မွေးခုနှစ် ကွယ်လွန်ခုနှစ်တွေ ကိုရှာဖွေစုဆောင်းပါတယ်။ ကျွန်မကထွက်ရှိလာတဲ့ ကျွန်မရဲ့စာအုပ်ကိုမေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးရပြီလို့ အတွေးနဲ့ စိတ်ကူးနေမိပါတယ်။ ကိုမောင်ရစ်ကတော့ အွန်လိုင်းကနေ ၉ရက်နေ့ ကိုကြေငြာထားပြီး ဖြစ်ပါတယ်။ ကျွန်မတို့မိဘများကတော့ သူတို့ရင်းနှီးရာတချိူ့ကို နှစ်တစ်ရာပြည့်ရှိမှန်းသိလို့ မေးမြန်းနေသူတွေကို ရက်သတ်မှတ်ထားပြီးကြောင်း ပြောဖြစ်သွားတယ်။ ဖိတ်စာမရိုက်ဖြစ်ပါဘူး။ အနီးက ဝဂ္ဂီရပ်ကွက်ထဲက မေမေကြီးတုုိ့နားနေခဲ့သူ မဖြူကသတိတရနဲ့ တခြားသောတပည့်တပန်းများကုုိ သူဖိတ်ပေးရမလားလုုိ့ ပြောလာတော့ ဝမ်းသာအားရ ဖိတ်ခုုိင်းရပါတယ်။ မေ့နေတာတော့မဟုုတ်ပေမယ့် ရာပြည့်ပွဲအတွက် လုုံးပန်းနေရတာအားလုုံးရဲ့ စိတ်တွေကပုုံမှန်မဟုုတ်တော့ဘူးလေ။ ဖိတ်သာဖိတ် ခွင့်တောင်းမနေနဲ့လိုုိ့ လူတုုိင်းကုုိ စကားပါးနေဖြစ်ပါတယ်။
မေလတစ်ရက်နေ့ကနေစလို့ ကိုမောင်ရစ်နဲ့ သူ့မိုးမခမိတ်ဆွေများနဲ့ အပေါင်းအသင်းရှားပါးတဲ့ ကျွန်မလဲ ဝင်ရောက်ပူးပေါင်းရင်း စလုပ်ဖို့ တိုင်ပင်ကြပါတယ်။ သူ့ဓါတ်ပုံတွေကို သူပဲဓါတ်ပုံဆိုင်သွားဘောင်လုပ်၊ သွားရွေး။ အမိုး၊ခုန်၊ စားပွဲတွေလဲသူပဲသွားမှာ။ နေပူပူမှာပင်ပန်းပေမယ့် ဇောနဲ့မို့ လုပ်ရတာမောပုံမရပါ။ ကျွန်မကတော့ ပန့်ဖလက်ကိစ္စ၊ ဖော့ပန်းကန်ခွက်ယောက်များကိစ္စ၊ ရေခဲမှာတာတွေကို မတတ်တတတ်နဲ့ ဝင်ကူညီပေးဖြစ်ခဲ့တယ်။ ကံကောင်းချင်တော့ ဓူဝံစာပေက ဦးဝင်းချိူကဓါတ်ပုံတွေကပ်ဖို့ ဘောင်တွေ ငှားပေးပါတယ်။ ကားနဲ့ လာပို့ ပြန်ယူတော့ကျွန်မတို့ အများကြီးသက်သာသွားပါတယ်။ ကဗျာဆရာကြီးဦးတင်မိုးရဲ့ သမီး အမမိုးမိုးစံတို့ ဦးသန်းညွန့်တို့မိသားစုကအအေးဗူးများ လှူပါတယ်။ ကိုမောင်ရစ်သူငယ်ချင်းဘွန်းက ရေပုလင်းများလာပို့သွားပါတယ်။ မယု၊ မနီနီမာတို့မိသားစုမှ လဘက်များပို့ပေးတယ်။ ကျွန်မတို့ရဲ့ ဝမး်ကွဲညီမ ခင်သစ္စာကရင်ပတ်မှာကပ်ဖို့ စတစ်ကာများလုုပ်ပေးပါတယ်။ အစကဗမာမုန့်ကျွေးမယ်လို့ စဉ်းစားရာက ကိုမောင်ရစ်က မုန့်ဟင်းခါးကျွေးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗမာမုန့်လဲစားချင်ပြန်တော့ ဗမာမုန့်ကိစ္စကို ကိုရန်နောင့် တာဝန်ဖြစ်သွားတယ်။ ခြံကိုရှင်းဖို့ တာဝန်ကို မယုကအလုပ်သမားခေါ်လာပေးလို့ စိတ်အေးသွားရတယ်။
မေလ ၈ရက်နေ့မှာ ကျွန်မအဒေါ်တစ်ယောက်နဲ့ ညီမငယ်တစ်ယောက်ရော၊ အိမ်နီးချင်းညီမတစ်ယောက်ကို လှမ်းခေါ်ကာဓါတ်ပုံတွေအောက်မှာ စာတွေကပ်ဖို့ အကူအညီတောင်းရတော့တယ်။ မိုးမခဝို်င်းတော်သားများလဲ ခြံထဲခုန်များနေရာချ၊ စားပွဲခင်းအမိုးများချ၊ ခြံတွေရှင်းလင်းရနဲ့ မနားတမ်းလုပ်နေကြတော့ သူတို့လဲတော်တော်မောနေကြပါပြီ။ ကပ်ဖို့ စာရွက်တွေ စစချင်းကွန်ပြူတာထုတ်ဖို့ စဉ်းစားပေမယ့် အချိန်မရှိတော့လို့ လက်ရေးနဲ့ ရေးဖို့ ပဲဆုံးဖြတ်ကြတယ်။ အစကတော့ လက်ရေးတူအောင်၊ မှင်တူအောင် ဆိုပြီးစဉ်းစားကြပေမယ့် နောက်တော့ မတတ်နိုင်တော့ပဲ ကြုံသလိုရေးခိုင်းရတယ်။ ကိုမောင်ရစ်ကဘုတ်တစ်ခုမှာကပ်တဲ့ဓါတ်ပုံ ရပုံ ၈ပုံဆိုတာ ကြုံရာကပ်တာမဟုတ်ဘူးတဲ့။ သူ့ခေတ်သူ့အလိုက် ဒါမှမဟုတ် စာပေအလိုက်၊ ချိတ်တာဖြစ်တယ်တဲ့။ သည်တော့ သူကပ်ထားတဲ့အတိုင်း ကျွန်မတို့က နံမယ်တွေလိုက်ကပ်နေရတော့ အမှားအယွင်းများ ဖြစ်မှာကိုူစိုးရိမ်နေကြတယ်။ ညနေ ၆နာရီအထိ ဘုတ်တစ်ခုအောက်မှာ ဘာမှမကပ်ရသေးဘူး။ သည်တော့ လိုက်ရှာုပြီးနံမယ်ရေး၊သူတို့ စာအုပ်နံမယ်ရေး ကိုယ့်သဘောနဲ့ကိုယ်ကပ်ကြတယ်။ မှောင်ထဲမှာ လက်နှိတ်ဓါတ်မီးထိုးပြီး ကပ်ကြတော့ မှားကပ်မိရင်ဆိုုပြီးးစဉ်းစားမိသေးတယ်။ ကြည့်လိုက်တော့ သည်ဘုတ်က မိုးမခနာယကဘုတ် ဖြစ်နေတယ်။ ကိစ္စမရှိပါဘူးလေ။ ကိုယ့်အဘိုးအဘွားတွေကသူတို့ မြေးလေးတွေ မှားရေးမိမှားကပ်မိလဲခွင့်လွတ်ပါတယ်။ စိတ်ပူစရာမလို။
အန်တီရွှေကူမေနှင်းလဲ ခြံထဲဖုန်မထအောင် ရေများလာဖြန်းပေးပါတယ်။ စာအုပ်မှာထုဖို့ မေတ္တာလက်ဆောင် တုံးစာလုံးလဲရပါပြီ။ စာအုပ် များကိုလဲတုံးထုပြီးပါပြီ။ မိုးမခမဂ္ဂဇင်းများလဲ မေတ္တာလက်ဆောင်တုံးများထုပြီး။ ပန်ဖလက်တွေလဲခေါက်ပြီးပြီ။ ရန်အောင်စာပေက မောင်ပြည့်ကျော်လဲ စာအုပ်ကြော်ငြာဗီနိုင်းများလာပို့သွားပြီ။ ဗမာမုန့်များက မိုးမခအဖွဲ့နဲ့အတူ မနက်ရနာရီရောက်မယ်။ ရေခဲတုံးကမနက် ရနာရီခွဲ၊ မုန့်ဟင်းခါးက မနက်၈နာရီခွဲရောက်မယ်။ မနက်ဖြန်ကျရင် အားလုံးအဆင်ပြေပါလိမ့်မယ်။ သည်လိုနဲ့ပဲမေလ ၉ရက်နေ့ကို ရောက်လာပါပြီင်္။
ဖိတ်ထားသူတွေရော၊ သတင်းကြားလို့ ရောက်လာသူတွေ အားလုံးကို ကြိုဆိုပါတယ်။ A Memory of My Grandparents စာအုပ်မေတ္တာလက်ဆောင်ပေးဖို့ အခွင့်အရေးတစ်ခုရလိုက်လို့ ဘဘကြီးမေမြေဲကီးတို့ ကိုယ်စားစာအုပ်လက်ဆောင် ပေးခွင့်ရလို့ စိတ်ချမ်းသာရပါတယ်။ မိုးမခ မေလထုတ် လက်ဆောင်ပေးထဲ့ထဲ ပါပါတယ်။ ရာပြည့်ပွဲကို တချိူ့ကတော့ သိကြသောလဲ တခြားကိစ္စတွေနဲ့တိုက်နေတာကြောင့် မလာနိုင်ကြပါ။ တချိူ့ကတော့ မသိလိုက်လို့ လွတ်သွားကြတယ်။ တချိူ့လဲရာသီဥတုပူပူ ကားကြပ်တဲ့ ခေတ်ထဲမှာကျမ်းမာရေးကြောင့် မလာနိုင်ကြသူတွေရှိတယ်။ သို့သော်လဲ အဝေးက ဆွေမျိူးအရင်းအချာတချိူ့က အကြောင်းမကြားရလေချင်းလို့ ဖုန်းနဲ့ အဆူအဆဲခံရပါတယ်။ အဲသည်လိုစိတ်ဆိုးနေ တဲ့သူတွေကိုတော့ ကျွန်မစာအုပ်လက်ဆောင် ပေးရင်းနဲ့ပဲ တောင်းပန်ရတော့မယ်။
သည်ပွဲလေးကပရိသတ် ၂၀၀ ကျော်နဲ့ ဖုန်ထနေတဲ့သည် ခြံကလေးမှာ ကသုတ်ကရက်ကျင်းပလိုက်ရတာပါ။ ပရိသတ်က စိတ်ဝင်တစားရှိနေတာကို သိလိုက်ရတော့ ဝမ်းသာမိပါတယ်။ သည်အမှတ်တရပွဲကလေး ကုုိတက်ရောက်ခဲ့ကြသော ဘဘဦးတင်ဦး၊ ဘကြီးမိုး၊ ဒေါ်စန်းစန်း၊ အန်တီစမ်းစမ်းနွဲ့သာယာဝတီ၊ အန်ကယ် ဦးအောင်ငြိမ်းနှင့် အန်တီဒေါ်သန်းသန်းနု၊ အန်တီ ဒေါ်ချိူချိူကျော်ငြိမ်း၊ (ဒေါ်)ဒေါက်တာခင်လကျင်္ာ၊ အန်တီ ဒေါ်ဒေဝီသန့်စင်၊ ကာတွန်း အော်ပီကျယ်၊ ဦးမော်လင်း၊ ဆရာမ မစန္ဒာ၊ ဆရာမ သန်းမြင့်အောင်၊ စာရေးဆရာကြီး ဦးဇော်ဇော်အောင်၊ ဦးဝင်းဖေ(မြဇင်)၊ ဦးသန်းဝင်းလှိူင်၊ ဦးညွန့်ဝေမိုး၊ ရန်အောင်စာပေမှ ဦးလှတိုး၊ Unity စာပေမှ ဦးသန်းဆွေ၊ ဓူဝံစာပေမှ ဦးဝင်းချိူ၊ ပြည်သူ့ခေတ်မှ လွတ်လပ်စိုး၊ ပါရမီစာပေမှ ဦးကျော်ဦး၊ လင်းလွန်းခင်စာပေမှ ဦးသိန်းလွင်၊ ကဗျာဆရာ ဖျာပုံနီလုံဦး၊ (ဦး) ဝင်းငြိမ်း၊ (ဦး)စိုးဝင်းငြိမး်၊ အန်တီရွှေကူမေနှင်း၊ မမွှေး၊ မဖြူဖြူသင်း၊ အန်တီစမ်းသုမောင်၊ ကာတွန်းဝင်းအောင်၊ သွေး(စစ်ကိုင်း)၊ ငြိမ်းသစ်၊ မောင်ဇေယျာ၊ သားကြီးမောင်ဇေယျ၊ (ဦး)ထွန်းဝင်းငြိမ်း၊ ကိုရာဇာ၊ ဓါတ်ပုံ (ဦး) ထိန်ဝင်း၊ အမ ဇွန်ပွင့် (ရုပ်ပြောင်စာပေ)၊ (ဦး)ထင်အောင်၊ ကိုမင်းကိုနိုင်တို့ နှင့်တကွ တက်ရောက်ခဲ့ကြသော ဧည့်သည်များနှင့် ဂျာနယ်တိုက်များဖြစ်သော the Irrawaddy, ဒီလှိူင်း၊ ပြည်သူ့အရေး၊ လူ့ဘောင်သစ၊် ကမာရွတ်မီဒီယာ တို့အပြင် skynet, 5 Plus 5network မီဒီယာအဖွဲ့များအပါအဝင် ပွဲအစအဆုုံးတုုိင် အဆင်ပြေပြေဖြစ်သွားအောင် အစစအရာရာမေတ္တာနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသော မိုးမခဝိုင်းတော်သားများနဲ့ တကွ ကျွန်မတို့၏ ဆွေမျိူးသင်္ဂဟများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကားဆိုလိုက်ပါရစေ။
No comments:
Post a Comment