Friday, October 4, 2019

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၄)

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၄)

(အတွေးအမြင်၊ အောက်တိုဘာ ၂၀၁၉)
မိုးမခ၊ အောက်တိုဘာ ၅၊ ၂၀၁၉

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ အတွေးအမြင်မှာ ၂၀၁၈ နိုဝင်ဘာကစလို့ အဲသည်စာအုပ်ကို ဘာသာပြန်ခဲ့ရာမှာ ခေါင်းစဉ်များ ခွဲပီး အပိုင်း ၆ခု တင်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွပြူတာနည်းပညာ တော်လှန်ရေးသိ့ ခြေလှမ်းများ ဆိုပီး ဆက်လက် ဘာသာပြန်နေတာ ဖြစ်ပါတယ်။ အားလုံးဟာ သည်စာအုပ်တစ်အုပ်ထဲကပဲ ဖြစ်ပါတယ်။ )

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener ( နော်ဘတ် ဝီနာ ) က ကွန်ပြူတာခေတ်ကို သွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက နောက်ဆုံးတစ်ခု အကြောင်း အခုဆက်ပါ့မယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

ပရိုဂရမ်များဖြင့်တည်ဆောက်ထား​သော ကွန်ပြူတာများဆီသို့
လျှပ်စစ်နည်းပညာကို လုံးဝဥသုံ အသုံးပြုထားကြသော်လည်းပဲ ABC ကွန်ပြူတာများဟာ ဝီနာချပြခဲ့တဲ့ လူတွေကို သက်သာအောင်လုပ်ပြမယ်ဆိုတဲ့ လမ်းနဲ့ တော်တော် ဝေးကွာနေပါသေးတယ်။ လူတွေက ကွန်ပြူတာစက်ကြီး အလုပ်လုပ်ပြနေတာကို ရပ်ကြည့်နေရသေးတယ်။ ခလုပ်တွေ နှိတ်နှိတ် နေရသေးတယ်။ မီတာတံလေး အလုပ်လုပ်နေတာကိုလည်း မျက်ခြေပြတ်လို့ မရသေးဘူး။ ပန့်ချ်ကဒ်ကလေးတွေကိုလည်း စက်ထဲ ပစ်ပစ်ထည့်ပေးနေရသေးတယ်။ ပြောရရင်တော့ ကွန်ပြူတာစက်ကြီးကနေ အဖြေထွက်လာတာကို ဘေးကနေ လူတွေလိုက်လုပ်ပေးနေရတာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ချင်စိတ်ပေါက်တယ် ဆိုပါတော့။ ဘဲလပ်ဓာတ်ခွဲခန်းကနေ ထုတ်ထားတဲ့ Complex Computer (ကွန်ပလက်စ် ကွန်ပြူတာ) တွေလည်းပဲ ထူးတော့မထူးပါဘူး။ သူတို့လည်း ပရိုဂရမ်တွေ မရှိသေးဘူး။ ဆုံးဖြတ်ချက်မချနိုင်သေးဘူး။ မှတ်ညဏ်ပိုင်းဆိုင်ရာမှာ အားနည်းနေသေးတယ်။ ဂဏာန်းပေါင်းစက်ကလေး အလုပ်လုပ်သလောက်ပဲ ရသေးတယ်။ ဒစ်ဖရှင်ရှယ် အန်နာလိုက်ဇာ ဆိုတဲ့ နည်းပညာနဲ့ ထုတ်ထားတဲ့ ကွန်ပြူတာတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြသနာတွေ ဖြေရှင်းဖို့ ကြိုးစားကြတိုင်း ဘီးလုံးတွေ၊ဂီယာတွေ၊ ဆွဲသီးတွေနဲ့ ပြင်ဆင်နေကြရဆဲပါပဲလေ။
The inventors of Mark I: Frank E. Hamilton, Clair D. Lake, Howard H. Aiken and Benjamin M. Durfee.

၀ီနာပြောပုံအရတော့ ကွန်ပြူတာတွေကို သီးသန့်အလုပ်လုပ်ပြခိုင်းဖို့ လိုတယ်တဲ့။ အဆင့်ဆင့်တွေကိုလည်း သူ့ဘာသာသူ သွားနေရမယ်တဲ့။ တချိူ့ပရိုဂရမ်တွေကိုလည်း သူ့ဘာသာသူ ထိန်းချူပ်နိုင်ရမယ်တဲ့။ အဲဒီအခြေအနေကို ရောက်ဖို့ကွန်ပြူတာအတွက် ပရိုဂရမ်ပိုင်းဆိုင်ရာ ဘာသာစကားကို ချပြမှာ ဖြစ်ပါတယ်။ 

ဥပမာ - ” အကယ်၍ X=0 ဖြစ်ရင် ၊ Y နဲ့ပတ်သက်တာကို ဖြေရှင်းနိုင်ပြီး Z နဲ့ပတ်သက်တာကိုလည်း ဖြေရှင်းနိုင်မယ်“ ဆိုတာလိုပေါ့တဲ့။ 

ရှနွန် က သူ့စက်ကြီးကို အဲသည်သီအိုရီကို ထည့်သွင်း ခဲ့တယ်။ ဝီနာရဲ့ စာတမ်း ၁၉၄၀ ခုနှစ် အရ ပြောရရင် ကွန်ပြူတာဟာ ဟားဗက်တက္ကသိုလ် က အော်တိုမစ်တစ် ကယ်ကူလေတာ (ဂဏန်းတွက်စက်) လောက်တော့ အသုံးတည့်နေပီတဲံ။ သူ့ကို နောက်တော့ Mark I (မာ့ခ် ဝမ်း) လို့ခေါ်တယ်။ ဆောက်လုပ်နေဆဲ အဆင့်လို့ ဆိုပါတယ်။
Howard H. Aiken 

ဂဏာန်းတွက်စက်က ဟားဗက်တက္ကသိုလ်က အပလိုင်းသချာင်္ဘာသာရပ် ဆရာ Howard H. Aiken (ဟိုဝါ့ဒ် အိတ်ချ် အေကင်) ရဲ့ စိတ်ကြိုက်ဖြစ်ခဲ့တယ်။ သူက ဘွတ်ချ် တို့၊ တခြားသော ကွန်ပြူတာ ရှေ့ဆောင်လမ်းပြတို့လိုပဲ ကိန်းဂဏန်းအတွက်အချက်တွေ၊ ကိုင်ရတွယ်ရတာတွေကို တော်တော် စိတ်ပျက်နေတဲ့သူ။ သချာင်္မှာ အဲသည်လို ကိန်းဂဏန်း အကြိးကြီးတွေ ပါနေတာတွေကို ဘယ်လို ဖြေရှင်းရပါ့မလဲဆိုပီး အော်တိုမစ်တစ် အတွက်အချက်ကို ရှာဖွေခဲ့တယ်ပေါ့။ ဒါ့အပြင်သူက ၁၈၃၀ ခုနှစ်များဆီက အင်္ဂလိပ်လူမျိူးတီထွင်ပညာရှင် Charles Babbage (ချားစ် ဘက်ဘိတ်ချ်) ရဲ့ တီထွင်မူတစ်ခုဖြစ်တဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်တဲ့ နည်းပညာတွေကို လေ့လာလိုက်စားခဲ့ဖူးတယ်။ အဲသည်ပညာရှင်ရဲ့ လည်ပတ်သော အင်ဂျင် ဆိုတဲ့ နည်းပညာဟာ တကယ့်ကို ထူးခြားတယ်တဲ့။ အဲဒါကို Analytical Engine လို့ခေါ်သတဲ့။ ကဗျာဆရာ Lord Byron (လော့ဘိုင်ရွန်) ရဲ့ သမီး Augusta Ada Byron (အော်ဂတ်စ်အာဒါ ဘိုင်ရွ) န်ကလည်း စက်ပစ္စည်း ပါဝါများဆိုင်ရာ ပရိုဂရမ်တွေ အများကြီး ရေးသားခဲ့သေးတယ်ဆိုပဲ။ ဘက်ဘိတ်ချ်က အဲသည်တုန်းက သည်လို အနာလစ်တစ်ကယ်အင်ဂျင်ဟာ နောင်တချိန်ကျ တကယ့်ကို လူ့အကျိူးပြုမယ်လို့ ဟောကိန်းထုတ်ခဲ့သတဲ့။ သည်တော့ ပြောရရင်တော့ အာဒါဘိုင်ရွန် ကို ပထမဦးဆုံး ပရိုဂရမ်ရေးသူလို့ ခေါ်ရမယ်။ ချားစ် ဘက်ဘိတ်ချ်ကိုလည်း မော်ဒန်အတွက်အချက်ဆိုင်ရာ ဖခင်ကြီးလို့ခေါ်ရမယ်။ ဟောသည် ၂၀ရာစု ဟိုဝါ့ဒ် အိတ်ချ် အေကင် ဟာ မမျော်လင့်ပဲ ဘက်ဘိတ်ချ်ရဲ့ ကိုယ်ရေးရာဇဝင်ကို ၁၉၃၀ ပိုင်းလောက်မှာ ဖတ်မိသွားတယ်။ အမေရိကမှာတောင် ဘက်ဘိတ်ချ် ဆိုတာ ဘာမှန်းတောင်မသိ နံမယ်တောင် မကြားဖူးကြပါဘူးတဲ့။

အေကင်က ၁၉၃၇ခုနှစ်မှာ Automatic Calculator အော်တိုမစ်တစ် ကယ်ကူလေတာ (ဂဏန်းတွက်စက်) ကို သေချာ ဒီဇိုင်းဆွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက သူ့အသက်က ၃၇နှစ်။ သူရုပဗေဒဆိုင်ရာ ဒေါက်တာဘွဲ့တက်ဖို့ မစခင်မှာတင် သူဟာ လျှပ်စစ် အင်ဂျင်နီယာ အဖြစ်နဲ့ ၁၀နှစ်ကျော်လောက် Westinghouse ဝက်စ်တင်ဟောက် မှာအလုပ်လုပ်ခဲ့ပါတယ်တဲ့။ သူက အဲသည်လို ကာလတွေမှာဆိုရင် သူအခုလက်ရှိဒီဇိုင်းထဲမှာ ပြွန်ချောင်းတွေအသုံးပြုဖို့ မစဉ်းစားဖူးခဲ့ပါဘူး လို့ဆိုတယ်။ သူအသုံးပြုနေတာတွေက ဘိုင်နရီအတွက်အချက်တို့၊ ဒသမကိန်းများ အပေါင်းအနှတ်တို့နဲ့ပါတဲ့။ တကယ်တန်း လက်တွေ့ကျကျ လုပ်တောာ့ သူ့ဒီဇိုင်းဟာ ဘက်ဘိတ်ချ် ရဲ့ အင်ဂျင်တွေနဲ့ ဆက်စပ်နေပါတယ်။ သူဖန်တီးတဲ့ စက်အင်ဂျင်ဆိုတာက တကယ်တန်းတော့ ရှေးက ဘက်ဘိတ်ချ်နည်းပညာရယ်၊ ယခုလက်ရှိသုံးနေကြတဲ့ ဂဏာန်းတွက်စက်ရယ် တွေကနေ တိုးမြင့်လာတာတွေပါပဲ။ သည်တော့ အေကင်ရဲ့စနစ်ထဲမှာ ဘက်ဘိတ်ချ်ရဲ့ ပရိုဂရန်တွေပါလာတယ်။ အပေါက်ကလေးတွေနဲ့ စာဖတ်ရတဲ့ ပန်ချ် ကဒ်တွေပါလာပါတယ်။

အေကင်ရဲ့ ဒီဇိုင်းက စာရွက်ပေါ်မှာပါ။ သည်တော့ ဒါအလုံးအထည်ဖြစ်လာဖို့ နောက်ခံလိုပါတယ်။ သည်တော့ သူ့ဒီဇိုင်းကို အမြင်ကောင်းအောင် နံမယ်ရှိပီးသား ဂဏာန်းတွက်စက်တွေ နဲ့ အလုပ်လုပ်နေကြတဲ့ ရုံးတွေ အလုပ်ရုံတွေကို ချည်းကပ်ရတယ်။ သူ့ဒီဇိုင်းက ၆ပေ၂လက်မ မြင့်တယ်။ လူ့တရပ်ကျော်ကျော်မို့ အမြင်အားဖြင့် တော်တော် မော့ကြည့်ရမယ်ပေါ့။ သည်တော့ သူ့ကြိုးစားမူက IBM (အိုင်ဘီအမ်) ကုမဏီရဲ့မျက်စိကျမူကို ၁၉၃၉ ခုနှစ်ကျမှပဲ ရလာတယ်လို့ဆိုတယ်။ အဲသည်က အထင်ကရပု၈္ဂိုလ်ကြီးက Thomas B. Watson (သော်မတစ် ဘီ ဝါ့ဆင်) ပါတဲ့။ IBM (အိုင်ဘီအမ်)ဆိုတဲ့အမည်က ကွန်ပြူတာဆိုတဲ့ အမည်တူဖြစ်လာပါတယ်။ IBM (အိုင်ဘီအမ်) ဆိုတဲ့ ပန့်ချ် ကဒ်တွေက တကယ့်ကို ခေတ်မှီတယ်၊ စျေးကြီးတယ်၊ အသုံးကျပါသတဲ့။ ဝါ့ဆင်က IBM (အိုင်ဘီအမ်)ပစ္စည်းတွေကို စိတ်ဝင်စားတယ်။ အေကင်ရဲ့ ကမ်းလှမ်းမူကိုလည်း သဘောတူတယ်။ အေကင်တည်ဆောက်မယ့ ်စက်ကြီး ဂဏာန်းတွက်စက်ကြီးကို IBM (အိုင်ဘီအမ်) ကိုယ်ပိုင်အင်ဂျင်နီယာတွေနဲ့ တည်ဆောက်မယ်တဲ့။ အေကင်က စဉ်းစားတယ်၊ သူ သည်အလုပ်နဲ့တော့ ဖြစ်နိုင်လောက်ပါတယ်။

အေကင်ရဲ့ စက်ကြီးကို ၁၉၃၉ ခုနှစ်မှာ စဆောက်ပါတယ်။ နယူးယောက်က အင်ဒီကော့အရပ်မှာ ရှိတဲ့ အိုင်ဘီအမ်စက်ရုံမှာပါ။ ၄နှစ်ကြာတယ်။ အေကင်ရဲ့ စိတ်ကူးယဉ်ဒီဇိုင်းတွေကို တကယ်ရုပ်လုံးပေါ်လာဖို့ အင်ဂျင်နီယာတွေ တော်တော်လေး ရုန်းကန်ခဲ့ကြရတယ်။ ၁၉၄၄ခုနှစ်တိုင်အောင် ဟားဗက်ကို တကယ်ပို့ဖို့တောင် စက်က မပြီးပါဘူး ။ Howard H. Aiken (ဟိုဝါ့ဒ် အိတ်ချ် အေကင်) ဟာ ပြောရရင်တော့ ရေတပ်က ပထမဦးဆုံး ကွန်ပြူတာသမိုင်းမှာ ပါဝင်ခဲ့သူလို့ ကင်ပွန်းတပ်ရမှာပါ သူက ၁၉၄၁ခုနှစ်မှာ ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာကိုး။ ရေတပ်မှာ တကယ်အသုံးဝင်တဲ့ အတွက်အချက်တွေကို သူက တကယ်ပဲ စိတ်ဝင်စားခဲ့သူပါ။ ဘာပဲဖြစ်ဖြစ်ပေါ ၁၉၄၄ခုနှစ် သြဂုတ်လ ၁ ရက်နေ့ တကယ်ဖြစ်လာတဲ့သူ့စက်ကြီးကို ကြည့်ပီး သူတကယ်စိတ်လှူပ်ရှားခဲ့ရပါတယ်။

Thomas B. Watson (သော်မတစ် ဘီ ဝါ့ဆင်) သုံးခဲ့တဲ့ အင်ဂျင်နီယာတွေကို အေကင်က သိပ်အထင်မကြီးဘူးတဲ့။ ပီးတော့ အေကင်က အဲသည်အကောင်တွေကို ဘာမှ ထည့်သွင်း ပြောဆိုတာမျိူးမလုပ်တော့ ဝါ့ဆင်က တော်တော်စိတ်ဆိုးတာပေါ့။ သူ့သားဖြစ်တဲ့ Thomas Watson. Jr (သော်မတ်စ် ဝါ့ဆင် ဂျူနီယာ) လည်းအဲဒါကို ဒေါသဖြစ်တယ်တဲ့။ သူက “အဖေနဲ့အေကင် တို့ ၂ယောက်လက်ထဲ သေနပ်တွေများရှိရင် တစ်ယောက်နဲ့တစ်ယောက် ပစ်တာနဲ့ ၂ယောက်လုံး သေပီ“ လို့တောင်ပြောခဲ့ပါတယ်။ သို့သော်လည်းပဲပေါ့လေ သူ့စက်ကြီးက တော်တော် ကြီးကျယ်ခန်းနားပါတယ်။ သတင်းထောက်တွေရှေ့မှာလည်း တော်တော် အထင်ကြီးခံရတယ်။ အရပ်၈(ရှစ်) ပေမြင့်ပီး ၅၁(ငါးဆယ့်တစ်) ပေရှည်ကာ ၂ပေ အထူ လောက်ကို ကြီးမားရုံတင်မကပဲ သိပ္ဗံပညာကမ္ဘာမှာ တော်တော်ကြီး သစ်လွင်တောက်ပ တဲ့ အသွင်အပြင်ရှိတော့ ဝါ့ဆင်ရဲ့ရပ်တည်မူနဲ့တင် လူထုစိတ်ဝင်စားမူ ရတယ်။ စက်ကြီးရဲ့ကိုယ်ထည်ကလည်း သံချေးမတက်ရဲ့ စတီးနဲ့ဖန်သားနဲ့ဆိုပဲ။ သတင်းထောက်တွေက အဲဒါကို “လျှပ်စစ်ဦနှောက်” လို့ခေါ်တော့ အေကင်က တော်တော်စိတ်ဆိုးသတဲ့။ ဒါပေမယ့်လည်း ကောင်းသည်ဆိုးသည်ဖြစ်စေ အမေရိကန်လူထုမှာ ကွန်ပြူတာစာမျက်နှာကို ပထမဦးဆုံးမိတ်ဆက်လိုက်လေသတည်း လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။


ဂျူနီယာဝင်း

နီယာဝင်း ● ကွန်ပြူတာနည်းပညာတော်လှန်ရေးသိ့ု ခြေလှမ်းများ (၃)

ဂျူနီယာဝင်း ● ကွန်ပြူတာနည်းပညာတော်လှန်ရေးသိ့ု ခြေလှမ်းများ (၃)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၉



(၂၀၀၁ ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန် ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေးအကြောင်းဆိုပါတော့လို့ စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က အိပ်မက်ထဲက စက်ပစ္စည်းလို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်း တော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း  ဆက်ဘာသာပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ် အမျိုးမျိုးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့တာ အခုက တတိယရောက်လာတော့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေးအကြောင်း ပိုပြီး လူတွေ သတိထားမိလာမယ် လို့ ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့ကဆောင်းပါးများ မသိမမီ လိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။)

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener (နော်ဘတ် ဝီနာ) က ကွန်ပြူတာခေတ်ကိုသွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက ဒုတိယတစ်ခုအကြောင်း အခုဆက်ပါ့မယ်။ မက်စချူးဆက်တက္ကသိုလ်က Claude Shannon (ကလော့ ရှနွန်) အကြောင်းတွေ ပြန်ပါလာပါ့မယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

(သချာၤကိန်းဂဏာန်းတွေကနေ သုညနဲ့ တစ်ပဲပါတဲ့ အခြေနှစ်ခု ဘိုင်နရီသချာၤ (Binary) စနစ်ဆီသို့ ဆိုတဲ့ ခေါင်းစဉ်အကြောင်း အရင်လက ရှင်းပြပီးပါပီ ။ အခု ဒုတိယ ခေါင်းစဉ်ဖြစ်ပါတယ်။ နော်ဘတ်ဝီနာ ချပြခဲ့တဲ့ ခေါင်းစဉ်များအဆက်ပါ။)

စက်ပစ္စည်းစနစ်မှသည် လျှပ်စစ်သို့၊ လျှပ်စစ်စနစ်မှသည် လုံးဝဥသုံလျှပ်စစ်ဆီသို့

(ခေါင်းစဉ်ကို နားလည်သလောက် ရှင်းရရင်  အဲသည်ခေတ်တုန်းက စက်ကရိယာစနစ်ကို အဓိကထားအသုံးပြုကြတယ်။ လျှပ်စစ်ကို အသုံးပြုမူနည်းပါးတယ်။ ဒါကြောင့် စက်ကနေ လျှပ်စစ်ကိုအကူးဟာ သိပ်ကိုကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်တယ်။ အခုခေတ်ကလူတွေကတော့ လျှပ်စစ်များဆိုပြီး အထူးအဆန်းလုပ်နေရလား ပြောမှာပါပဲ။)

ဝီနာချပြခဲ့တဲ့  အဆင့်မြင့်လျှပ်စစ်စနစ်က ဘွတ်ချ်ကို အံ့သြအောင် မလုပ်နိုင်သေးပါဘူး။ လျှပ်စစ်နည်းပညာက ၁၉၃၀ ခုနှစ် တွေမှာ လျှင်လျှင်မြန်မြန်ကို တဟုန်ထိုး မြင့်တက်လာတယ်။ ဒါဟာ ရေဒီယိုနဲ့တယ်လီဖုန်း စက်မူလုပ်ငန်းတွေကို ကျေးဇူးတင် ရမယ်။ ဒါ့အပြင် တွက်ချက်မူနည်းပညာရပ်ရဲ့ တိုးတက်မှုကိုလည်း မေ့ထားလို့မရဘူး။ လျှပ်စစ်စက်ပစည်း နည်းပညာက တစက္ကန့်အတွင်းမှာ ပိတ်နိုင်ဖွင့်နိုင် အကြိမ်ပေါင်းများစွာ လုပ်နိုင်ရတယ်။ ပြီးတော့ စက်ပစ္စည်းဆိုင်ရာတွက်ချက်မှုကလည်း ပဲ တစက္ကန့်အတွင်းမှာ အလုပ်တွေ အများကြီးလုပ်နိုင်ရတယ်။

ဒါကြောင့်လဲ ရှေ့တုန်းက လျှပ်စစ်မပါတဲ့ စက်ပစ္စည်းတွေကို အသုံးပြုလာရာကနေ ပလပ်ထိုးပြီး သုံးရတယ်ဆိုတဲ့ လျှပ်စစ်သုံး စက်ပစ္စည်းတွေကို အသုံးများလာတာ။ လျှပ်စစ်ကွန်ပြူတာဆိုပြီး လုံးဝဥသုံ လျှပ်စစ်တွေနဲ့ပဲ တည်ဆောက်တဲ့ စက်ကရိယာ တွေကို စတင်ရုပ်လုံးပေါ်လာအောင်လုပ်ပေးခဲ့သူကိုပြပါဆိုရင် Iowa State University (အိုင်အိုဝါတက္ကသိုလ်) က ရူပဗေဒ ပညာရှင် ပါမောက္ခ John V. Atanasoff (ဂျွန် ဗီ အာတာနာဆော့ဖ်) ဖြစ်ပါတယ်။ (အခုသူ့ကို ဆက်မိတ်ဆက်ပေးပါ့မယ်။)

နှစ်များစွာ ဂျွန် အာတာနာဆော့ဖ်ဟာ ဓါတ်ပြားဟောင်းကြီးကိုဖွင့်ခဲ့ပါတယ်လို့ ဆိုတယ်။ သူက (ရှေ့ကလူတွေ အော်ခဲ့သ လိုပဲ) ကွန်ပြူတာစက်ပစ္စည်းကို တည်ဆောက်မယ်တဲ့။ ကျောင်းသားတွေအတွက်တဲ့။ ကျောင်းသားတွေဟာ အသုံးမကျတဲ့ အတွက်အချက်တွေမှာ အချိန်ကုန်နေတယ်တဲ့။ တကယ်စဉ်းစားတာကျ မရှိဘူးတဲ့။  သူတကယ်သင်ကြားပို့ချတဲ့အခါ သူက တွက်ချက်မူ တွေကို သိပ်အချိန်မပေးဘူး။ ပုစ္ဆာကိုပဲ အဓိကထားသတဲ့။  ၁၉၃၇ ခုနှစ်ရဲ့ အလွန်အေးချမ်းတဲ့ဆောင်းတွင်းကာလ ညတညမှာတော့ သူသည်းငြီးမခံတော့ဘူးတဲ့။ သူတကယ့်ကို အဲသည်ကိစ္စကို လေးလေးနက်နက် စဉ်းစားတော့တာပဲတဲ့။

အဲသည်စိတ်ကူးလေး ပေါ်လာတာနဲ့တင် သူက အိုင်အိုဝါက အန်မ် ဆိုတဲ့ဒေသဆီကို ဦးတည်ဖို့  ကားပေါ်ကို ရုတ်တရက် ခုန်တက်ပီး အရှေ့ဘက်ကို တနာရီ မိုင်၈၀ နှုန်းနဲ့ အပြည့်မောင်းသွားသတဲ့။ ၃ နာရီလောက်ကြာတော့ မစ်စ်စပီမြစ်ကို ဖြတ် ပြီး အီလီနွားစ်မြို့ဆီကို ဆက်တယ်။ လမ်းပေါ်က အိမ်တအိမ်မှာ တထောက်နားတယ်။ သူကိုယ်တွင်းနွေးသွားအောင် လုပ်တယ်။ အဲသည်လို သူ့လက်တွေ ခြေတွေ အနွေးဓါတ်ရအောင်လုပ်ရင်းကနေ ကွန်ပြူတာအလုပ်ကြီးတစ်ခုကို လုပ်ဖို့ တော်တော်ကြီးကို အန္တရာယ်များတဲ့ အကြံ ၄ ခု ရလာပါသတဲ့။

ပထမတစ်ခုက George Stibitz (ဂျော့ စတီဘစ်) (သူက သချာ်အင်ဂျင်နီယာပါ။ သူ့အကြောင်း သူ့ဆားကစ်တွေအကြောင်း အရင်လက မိတ်ဆက်ပေးပီးပါပီ) အဲဒီလူနဲ့ သူ့အဖွဲ့သားတွေ လွတ်လွတ်လပ်လပ် လုပ်နေကြတဲ့ ဓါတ်ခွဲခန်းမှာ အာတာနာ ဆော့ဖ် က သူ့ရဲ့တွက်ချက်မူနည်းပညာကို ဘိုင်နရီစနစ် (binary စနစ်အကြောင်း ရှေ့မှာ ရှင်းခဲ့ပီးပီ။ အခြေ၂ နဲ့ပဲ စဉ်းစားတဲ့ သချာၤနည်းပညာ ဆိုပါတော့။) နဲ့ပဲလုပ်ဖို့ ဆုံးဖြတ်တယ်။ ဒုတိယက ပြွန်ချောင်းတွေနဲ့ပဲ ဆက်ချီတက်ဖို့ အလုပ်လုပ်ဖို့ ဆုံးဖြတ်တယ်။ သူက ပြွန်ချောင်းတွေဟာ လောင်တတ်တယ်ဆိုတဲ့ ပြဿနာကို ကောင်းကောင်းသိထားပေမယ့် သူက မြန်မြန်အလုပ်ဖြစ်ဖို့ကိုပဲ ဦးစားပေးတယ်။ တတိယက ကွန်ပြူတာတွေနဲ့ တွက်ချက်နေရာမှာ ကိန်းဂဏန်းကြီးကြီးဆီကို တရွေ့ရွေ့သွားတဲ့ တဆင့်ပြီးတဆင့်ဆိုတဲ့ပုံစံကို သွေဖီပီး တခြားဘက် တခြားနည်းလမ်းကနေ သွားမယ်လို့ဆိုတယ်။ စတုတ္ထကတော့ သည်နေရာမှာ ယနေ့ခေတ်သိထားတဲ့ Memory (မန်မိုရီ) (မှတ်ဉာဏ်လို့ အဓိပ္ပါယ်ဖော်ပါတယ်။ ကွန်ပြူတာ မှာသုံးတဲ့ မန်မိုရီကဒ်တို့လိုပဲ နည်းပညာတစ်ခုဆိုပါတော့) ဆိုတဲ့ အတွင်းပိုင်းနည်းပညာကို လျှပ်စစ်ပုံစံနဲ့ရော ဘိုင်နရီစနစ်နဲ့ပါ သွားကြည့်မယ်။

အာတာနာဆော့ဖ်က အလုပ်ဆက်လုပ်တယ်။ ၁၉၃၉ ခုနှစ်မှာ သူ့ဒီဇိုင်းရပီဆိုတော့ ထုံးစံအတိုင်း ပိုက်ဆံလိုပြီ။ ၁၉၄၁ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ သူ့တပည့် Clifford Berry (ကလစ်ဖို့ ဘယ်ရီ) ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အတူ စက်ပစ္စည်းကို လည်ပတ်စေကာ အလုပ်လုပ်ကြတယ်။ အဲသည်ကွန်ပြူတာကို Atanasoff-Berry Computer (ABC) (အာတာနာဆော့ဖ်-ဘယ်ရီ ကွန်ပြူတာ) (အေဘီစီ) လို့နောက်ပိုင်းမှာတော့ခေါ်ဝေါ်ခဲ့ကြသတဲ့။ အရွယ်အစားက အတော်သေးတယ်။ ရုံးသုံးစားပွဲ လောက်ပဲ ရှိတယ်။ (အခုခေတ်ကွန်ပြူတာတွေနဲ့မယှဉ်နဲ့ပေါ့။ အဲသည်ခေတ်က ကွန်ပြူတာစက်ဆိုတာ အခန်းတစ်ခန်းစာ အပြည့်ရှိတယ်လေ။ သည်တော့ စားပွဲတစ်လုံးလောက်ဆိုတာ တော်တော်သေးတဲ့ထဲ ပါတာပေါ့။) ပြွန်ချောင်း ၃၀၀ (သုံးရာ) ပါတယ်၊ အချက်အလက်သိုမှီးတဲ့ စက်ပါတယ်။ လည်ပတ်နေတဲ့ဒရမ်လို အရာလည်းပါတယ်။ ဒါ့အပြင် အိုင်ဘီအမ်စတိုင်လို့ ယနေ့ခေတ်ဟောင်းကွန်ပြူတာတွေလို ကဒ်တွေဖတ်တဲ့ အချက်အလက်ယူနစ်တွေပါတယ်။ ပြောရရင် အေဘီစီကွန်ပြူတာဟာ အမှားမပါပဲ တော်တော်အလုပ်လုပ်နိုင်ပါတယ်။

အာတာနာဆော့ဖ် က သည့်ထက် ပိုကောင်းတဲ့ တီထွင်မူတော့ မလုပ်ခဲ့ဘူး။ သိပ်မကြာခင်မှာ အမေရိကန်ပြည်ထောင်စုက စစ်ထဲဝင်ဆင်နွဲတယ်။ ၁၉၄၁ ဒီဇင်ဘာ။ သူကဝါရှင်တန်ဒီစီက နာဗာဓါတ်ခွဲခန်းကို သွားတယ်။ အဲသည်မှာ မြေမြုပ်ဗုံးဆိုင်ရာ စမ်းသပ်မူတွေ လုပ်ခဲ့တယ်။ အဲသည်ကနေ သူက ကွန်ပြူတာတွေဆီ ပြန်မသွားတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့အမည်ဟာ အေဘီစီ (ကွန်ပြူတာ) ကို စတင်မိတ်ဆက်ပေးတဲ့ လျှပ်စစ်ကွန်ပြူတာအပြည့်ကို ပြပေးခဲ့တဲ့ ပထမဦးဆုံးလူသားတစ်ဦးပေါ့။ သူလုပ်ခဲ့သမျှတွေထဲမှာ အခု ကွန်ပြူတာနည်းပညာ တော်လှမ်းရေးခြေလှမ်းကို ချပြလိုက်တာလေးကို အခုဆွဲထုတ်ပြလိုက် တာပါပဲ။

ဂျူနီယာဝင်း