(Miller)
အတွေးအမြင် စက်တင်ဘာ ၂၀၂၀ ထုတ်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၂၀
(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
(အရင်တလက Dream Machine (အိပ်မက်ထဲက စက်ပစ္စည်း) စာအုပ်မှ The Last Transition (နောက်ဆုံး အပြာင်းအလဲ) ဆိုတဲ့ အပိုင်း အဆုံးသတ်ဖော်ပြ ခဲ့ပီး ဖြစ်ပါတယ်။ စာမျက်နှာ ၅၀၀ (ငါးရာ) နီးပါ းရှိတဲ့ အဲသည်စာအုပ်ရဲ့ စာမျက်နှာ ၇၀နီးပါး (ခုနှစ်ဆယ်) အခန်း ၃ ခန်း ကို ဘာသာပြန်တင်ဆက်ခဲ့ပီးပါပီ။ အခု အရင်လက နေစပီး ဆက်လက်၍ New Kinds of People ကို ဆက်သွားနေတာပါ။)
(Memorial Hall မှာရောက်နေတဲ့လူတွေအကြောင်းကို ဆက်ပါ့မယ်။ အဲသည်ကလူတွေ အားလုံးဟာ ကွန်ပြူတာဆိုတဲ့ စက်ပစ္စည်းကြီး ရုပ်လုပ်ပေါ်လာဖို့ စုပေါင်း ငြင်းခုန် ဆွေးနွေးနေကြပါတယ်။ အရင်လကနေ အခု ဆက်သွားတာမို့ ဒီလူတွေ အကြောင်း ထပ် မပြောတော့ပါဘူး။)
George Miller (မစ်လာ) ကလည်း Smity Steven (စမစ်) ကို အခုလို မြင်တယ်။ -စမစ်က သူ့ကို သဘောကျလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့်သူက ဂရုစိုက်တာကျ ခံချင်သား။ သူက ဖြတ်ကနဲ့ အနားရောက်လာပီး အလုပ်ကို ကောင်းကောင်း အာရုံစိုက်ဖို့ ပြောတာပဲ။ အဲဒါ စမစ်ရဲ့ သဘာဝပါပဲ။ “
Lick (လစ်)၊ မစ်လာနဲ့ Mc Gill (မက်ဂီ) တို့က လမ်းသစ်တစ်ခုကို ထွင်တယ်။ ဦးတည်ချက် အသစ်တစ်ခုကို သွားဖို့ လုပ်နေတယ်။ အဲသည် လမ်းကို Memorial Hall က လူအများစုကမလိုက်ဘူး။ သူတို့ဘာသာလည်း အထာမကျသေးပေမယ့် သူတို့ (အဲသည်သုံးဦးကို ပြောတာပါ) ကတော့ သွားမှာပဲ လျောက်မှာပဲတဲ့။ အဲသည် လူတိုင်းဖယ်ထားတဲ့လမ်း၊ ဖယ်သင့်တယ်လို့ လူတိုင်းက သတ်မှတ်ထားတဲ့ လမ်း၊ လူတိုင်း က မတွေးသင့်ဖူးလို့ ယူဆထားတဲ့အတွေးကို သူတို့က တွေးခေါ် မှာ။

ဒိနေရာမှာ နာမယ်ကြီး စိတ်ပညာရှင်လူငယ်တစ်ဦးကို မိတ်ဆက်ပေးမယ်။ Burrhus Frederic Skinner (ဘားဟက်စ် ဖရက်ဒရစ် စကင်နာ)။ သူကလည်း Memorial Hall မှာ လူသိများတဲ့ ပုဂ္ဂိုလ်ကျော်ပါ။ ဟားဗက်ကနေ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဒေါက်တာဘွဲ့လည်းရထားပီးသူ။ ၁၉ ၄၈ ခုနှစ်မှာ သူက အသက် လေးဆယ်အရွယ် တုန်းက အင်ဒီယားနားတက္ကသိုလ်ကနေ ဟားဗက်ကို ရောက်လာချိန်မှာ သူဟာ လူ့အနေအထိုင် အပြုအမူဆိုင်ရာမှာ စပယ်ရှယ်လစ် တစ်ဦးဖြစ်ပါတယ်တဲ့ ။ သူကလည်း Memorial Hall ကို ရောက်ရောက်အလည်လာပီး လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စကင်နာ ကသူ့တပည့် ဖြစ်ခဲ့ပါသတဲ့။
Memorial Hall ကလူတွေအားလုံးက လူအနေအထိုင် အမူအကျင့်ပိုင်းဆိုင်ရာကို ကောင်းကောင်း သိနေကြပါတယ်။ ပြောရရင် အခြေခံ အားဖြင့် ပျော်ခြင်း၊ ကြောက်ခြင်း၊ မျော်လင့်ခြင်း၊ ရည်ရွယ်ခြင်း သို့မဟုတ် အလိုလို သိခြင်းဆိုတဲ့ သဘောတရားများလောက်တော့ သိကြပါတယ်တဲ့။ အဲဒါတွေကို ဘယ်လိုပဲ သတ်မှတ်ထားသည်ဖြစ်ပါစေ သူတို့က ညင်းခုန်နေကြတာတော့ အမှန်ပါပဲ။ ပြင်ပက လာလေ့လာသူတွေ အတွက်တော့ နားလည်မှာမဟုတ်ပါဘူးတဲ့။ ဒါကြောင့်လည်း ခန်းမထဲမှာ လော့ချပီး သူတို့ ဘာသာသူတို့ ဆွေးနွေးကြပါတယ်။ သူတို့ရဲ့ စိတ်ဆိုတဲ့ ဟာက ဘာလဲဆိုတော့ Black box ဘလက်ဘောက်စ် ပါပဲတဲ့။ ဟောသည် အင်္ဂါရပ်တွေ အားလုံး ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ကိုယ်ခနာထဲက ကလီဇာတွေ ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာကု သူတို့က ကက်တလောက် လုပ်မှာတဲ့။ Input အင်ပွတ် Output အောက်ပွတ်တွေ ကို စဉ်းစားကြမှာတဲ့။ (သတင်းအချက်အလက်တွေ ဘယ်လို သွင်းမယ် ထုတ်မယ် အဲဒါကို ပြောတာ ဖြစ်ပုံရပါတယ်။)
“စိတ်ပညာ“ ဆိုတာ တကယ်တော့ “စိတ်၏သိပ္ပံ“ ဖြစ်တယ်တဲ့။ ဒီတော့ ရှူပ်ထွေးတယ်။ စိတ်ရဲ့ လွှင့်ထွက်နေမူကို ထိန်းချူပ်ရတာ ခက်တယ် ဒါပေမယ့် အဲဒါကို လုပ်မယ်။ မရေတွက်နိုင်တဲ့ သုတေသနပညာရှင်တွေက ၁၉၁၃ ခုနှစ် ကစလို့ အဓိပ္ပါယ် သတ်မှတ်နေကြတာဖြစ်ပါတယ်တဲ့။ ကိုလန်ဘီယာ တက္ကသိုလ်က John B. Watson (ဂျွန် ဘီ ဝတ်စ်ဆန်) က ဒီချဉ်းကပ်မူကို လေ့လာခဲ့ပါတယ်။ သူရဲ့လေလာမူက အမေရိကန်က စိတ်ပညာသမားတွေအားလုံးကို ကိုင်လှူပ်ခဲ့ပါတယ်လို့ ဆိုတယ်။
၀တ်စ်ဆန်လို ဒီစိတ်ပညာကို လေ့လာလိုက်စားကြသူတွေ သူ့ထက်ရှေ့က လူတွေလည်းရှိခဲ့ပါတယ်။ သူက လူ့ကိုယ်ခန္တာအကြောင်းတွေကို လည်း လေ့လာခဲ့တယ်။ သူက လူဆိုတာ အော်တိုမစ်တစ် လှူပ်ရှားနေတာလို့ ပြောခဲ့ပါတယ်။ သူက သဘာဝအလျောက် ဖြစ်နေတာတွေကို အဲလို အေးအေးသက်သာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ အကျင့်စရိုက်လက္ခဏာတွေဟာ စိတ်၏စေရာပါပဲ လို့ပြောတယ်။ သူရေးတဲ့ “လူ့အကျင့်လက္ခဏာများ “ ဆိုတဲ့စာအုပ်၁၉၃၀ ခုနှစ်ထုတ် ဟာဆိုရင် ဒီစာအုပ်ရေးသားသူ ဝတ်စ်ဆန်ကိုယ်တိုင်က သူ့စာအုပ်နဲ့ပတ်သက်ပီးအခုလို ဂုဏ်တင်ပီး ပြောခဲ့တယ်။ “ကျွန်တော့ကို ကျမ်းမာသန်စွမ်းတဲ့ ကလေး တဒါဇင်ပေးဗျာ။ သူတို့နဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင် ကမ္ဘာကို တည်ဆောက်ပြမယ် သူတို့ကို ကျွန်တော် စိတ်ပည သဘောတရားနဲ့ ကျွန်တော် လေ့ကျင့်ပေးမယ် ကျွန်တော်ပြောရဲပါတယ် လူတစ်ယောက်ကို ကျဖမ်းရွေးလိုက်ပီး သူ့ကို ဆရာဝန် ရှေ့နေ ပန်းချီဆရာ ကုန်သည် ဘာပဲဖြစ်ဖြစ် သူတောင်းစား သူခိုး စသဖြင့် ဘယ်လို အတန်းအစား ကိုမဆို သည်စာအုပ်က လေ့ကျင့်ပေးနိုင်ပါတယ်။ သူ့မှာ ဘယ်လို အရည်အချင်းရှိရှိဗျာ သူ့မိဘမျိူးရိုးဘာဖြစ်ဖြစ်ဗျာ ကျွန်တော် လေ့ကျင့်ပေးလို့ရတယ် ဒါ့အပြင် လူ့အကျင့်လက္ခဏာတွေ လေ့ကျင့်ပေးထားတဲ့သူတွေပါဝင်တဲ့ Eutopia (ယူတိုးပီးယား) (သီးသန့်နယ်မြေ ကိုယ်ဥပဒေ ကိုယ့်သဘောနဲ့ ပြဌာန်းထားတဲ့ သဘောများပါဝင်သော) နယ်မြေလေးတစ်ခုတောင် တည်ဆောက်ဖို့ စိတ်ကူးယဉ်လို့ရပါတယ်။ သူတို့ဘာသာ စဉ်းစားညဏ်တွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးသွားမယ်။ ဒီကလေးတွေက နောက်ကျရင် လူ့အကျင့်စရိုက်တွေကို လူ့အခြေအနေနဲ့ အံဝင်တဲ့ အနာဂတ်ကု ိတည်ဆောက်သွားမှာ။”
B.F.Skinner ဘီအက်ဖ် စကင်နာက ပြောတယ် စိတ်ဆိုတာ တကယ်မရှိပါဘူးတဲ့။ ဒါဟာ အထင်အမြင်သာဖြစ်တယ်တဲ့။ အသည်စိတ်ဆိုတဲ့အထဲမှာ ဘာမှ မရှိဘူး။ ပြောရရင် သူတို့အခုတီထွင်ဖို့ စဉ်းစားနေကြတဲ့ ဘလက်ဘောက်ဆိုတာဟာလည်း စိတ်သဘောမျိူးပဲဖြစ်တယ် အတွင်းမှာ ဘာမှမရှိဘူး ဒါကို အတုအယောင်အဖြစ်ဖန်တီးမူသာပဲလို့ဆိုတယ်။ စကင်နာဘာတွေပြောလို့ ဘာတွေ စဉ်းစားနေတယ်ဆိုတာ တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် သူ့နောက်လိုက်တွေ ရှိတယ်။ သူ့ရဲ့သိပ္ပံပညာဆိုင်ရာ ဖန်တီးတွေးခေါ်မူတွေက အံ့မခန်း ဖြစ်ပါတယ်။ ၁၉၃၀ခုနှစ်တွေမှာ သူတစ်ဦးတည်း ထုတ်ခဲ့တဲ့ အကျင့်စရိုက်လက္ခဏာများဆိုင်ရာ ရေးသားထားတဲ့စာအုပ်က နံမယ်ကြီးတယ် ။ အဲသည်ထဲမှာ တိရစာန်တွေကို ဘယ်လိုလေ့လာပုံ သူတို့နေပုံထိုင်ပုံတွေကို ဖော်ပြမူနဲ့ဒါတွေကို လေ့ကျင့်မူ သင်ကြားမူ အပြစ်ပေးမူတွေ ပါတယ်။ သူ့သမီးငယ် ကလေးကို ကလေးအရွယ်အစားဆန့်တဲ့ သေတ္တာလေးထဲထည့်ပီး ကလေးလေးကို ပြုစုပျိူးထောင်ခဲ့သတဲ့။ အဲဒါကို စကင်နာဘောက်စ် စကင်နာသေတ္တာလို့ခေါ်သတဲ့။ (black box ဘလက်ဘောက်စ် ဆိုတာ လေယျောဉ်ပျံတွေမှာ လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာအပါပအဝင် လှူပ်ရှားမူတွေကို သိအောင် လေယာဉ်ပျံသန်းရင်းတစ်ခုခုဖြစ်ခဲ့ရင် ဘာကြောင့်ဖြစ်လဲဆိုတာ အဖြေရှာလို့ရတဲ့ ဘလက်ဘောက်စ်ကို ခေါ်တာပါ။ အခု သူတို့စဉ်းစားနေကြတဲ့ ဘလက်ဘောက်စ်ဆိုတာလည်း အဲသည် သဘောတရားဖြစ်ပါလိမ့်မယ်။ လေယာဉ်မဟုတ် ကွန်ပြူတာပေါ့။ အဲဒါကွာပါမယ်။ ဒါပေမယ့် အခုတော့ ကွန်ပြူတာရုပ်လုံးမပေါ်ခင်မှာ ဘလက်ဘောက်စ်ကို ပုံစံချနေကြတယ် ထင်ပါတယ်။ )
(စာပိုဒ်တော်တော်များများမှာ စကင်နာရဲ့ တီထွင်လုပ်ဆောင်မူ တွေကို အကျယ်ချဲ့ရေးသားထားပါတယ်။ ပြောရရင် တီထွင်မူတွေက အကျင့်စရိုက် နေပုံထိုင်ပုံတွေကို လေ့လာမူတွေ နဲ့ သူ့စာအုပ်တွေ အကြောင်းတွေဖြစ်ပါတယ်။ အဲသည်ကနေ ဘယ်လိုလုပ်ပီး ကွန်ပြူတာ ဥနှောက်ဆီ သွားမလဲဆိုတာတော့ မစဉ်းစားတတ်ပါ။ အဲသည်အပိုင်းတွေက ပျင်းစရာကောင်းပီး ညီးငွေ့စရာတွေမို့ ကျော်လိုက်ပါ့မယ်။ သူ့အကြောင်း ဘာတွေမှန်းမသိပေမယ့် မစ်လာတို့ကတော့ စကင်နာဟာ တကယ့်ကို အကျင့်စရိုက်လက္ခဏာဆိုင်ရာမှာ သိပ်ကို တော်တဲ့သူလို့ ချီးမွှမ်းခန်းတွေဖွင့်ထားကြပါတယ်။ )

သူတို့အုပ်စုှမှာ တယောက်နဲ့တယောက် သိပ်မတည့်ကျပေမယ့်တူတဲ့ အချက်တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ စိတ်ပညာ ဥနှောက်နဲ့ အကျင့်စရိုက်လက္ခဏာတွေ ရောထွေးထားတဲ့ သိပ္ပံပညာ ဟာ သူတို့ အခုစဉ်းစားနေကြတဲ့ ကွန်ပြူတာ မှတ်ညဏ် ဖြစ်ပါတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကွန်ပြူတာပရိုဂရမ် ဆိုတာဟာတဲ့ စက်ကြီးက စာရွက်ထဲ ဘာရေးထားတယ်ဆိုတာ သိခြင်းပဲဖြစ်ပါတယ်တဲ့။ ဒါကို Alan Turing (ကျူးရင်း) က ပြခဲ့ပြီးပါပီ။ သည်တော့ ဒီဟာကို အသက်သွင်းဖို့ ကြိုးစားနေကြတာပါပဲ လို့ဆိုပါတယ်။
မစ်လာက အခုလို မ ျှမ ျှတတတွေးတယ် ။ “အကြံညဏ်တွေကတော့ လွတ်လပ်တယ်။ ပြောရရင် “မျော်လင်ချက်ထားခြင်းနဲ့ မှတ်ညဏ်“ ဆိုတဲ့ အရာ၂ခုက အကျင့်စရိုက်လက္ခဏာဆိုတာနဲ့ သိပ်တော့ မဆိုင်သလိုပဲပေါ့။ ဒါကို အင်ဂျင်နီယာပညာနဲ့ တည်ဆောက်ဖို့ စဉ်းစားနေတာဟာ ဥနှောက်ကိုဖန်တီးမူဖြစ်နေတယ်။ စက်ပစ္စည်းနဲ့ လုပ်တဲ့ဥနှောက် ဆိုပါတော့။“
ကွန်ပြူတာဆိုတာကို ရုပ်လုံးပေါ်ဖို့မှာ အင်ဂျင်နီယာတွေကလိုက်လုပ်နိုင်ပါ့မလား။ စိတ်ကူးယဉ်နေတာတွေကို တကယ် အလုပ်ဖြစ်အောင် ဖန်တီးနိုင်ပါ့မလား။ သည်တော့ တဲ့။ သိပ္ပံပညာမဖြစ်သော အရာ လို့သူတို့က ကင်ပွန်းတပ်တယ်။ ဘာလို့ဆို ဥနှောက်က ပါလာတာကိုး။ (ကြည့်ရတာသိပ္ပံပညာ မှှာ ဥနှောက်မရှိဘူးလို့ သိပုံပဲ။ )
သည်တော့ အားလုံးမှာ သိပ္ပံပညာမဖြစ်ပဲ ဘာမှ အလုပ်မဖြစ်ဖူးလို့ သူတို့က အဖြေထုတ်ကြတယ်။ သိပ္ပံပညာ မဖြစ် လို့ ဆိုရင် အလုပ်ဖြစ်ဖို့ ခဲယဉ်းမယ်တဲ့။ သည်တော့အချိန်ကိုပဲ စောင့်ရတော့မယ်။ Claude Shannon (ကလောက် ရှနွန်)ရေးတဲ့ ဆောင်းပါးရှည် ကြီးရဲ့ ခေါင်းစဉ်ကို ကိုးကားမယ်။ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သချာင်္သီအိုရီ) ။ အပေါ်ယံကြည့်လိုက်ရင် တော်တော်ကြီးကို လေးနက်ပီး ပျင်းစရာကောင်းတဲ့ ပေပါ။ သချာင်္ညီမ ျှချင်းတွေ ဂရပ်တွေနဲ့ ကြီး ဆောင်းပါးရေးသူက အပြည့် ရေးထည့်ထားတာ။ ဒါပေမယ့် ဒါကို မစ်လာက စဖတ်တယ်။ အမလေး…. စာရေးသူရဲ့သချာင်္တွေက တကယ့်ကို ပြောင်မြောက်ပါပေဒယ်။ သူ့ရဲ့ ဆက်သွယ်ရေး နဲ့ပတ်သက်တဲ့ သုတေသနတေါကလည်း ကျယ်ပြန်ပီးနက်ရှိူင်းပါပေ့။ အချက်ပြအမှတ်အသားတွေကနေ တယ်လီဖုန်းဝါယာကြိုးတွေ ဆီ ရောက်။ ဇီးရိုးနဲ့ဝမ်း ပဲပါတဲ့ ဘိုင်နရီစနစ်က ကွန်ပြူတာထဲ စီးဆင်းနေလိုက်တာများ စကားလုံးတွေဖြစ်သွားလိုဖြစ်၊ ဥနှောက်ထဲ သတင်းအချက်အလက်တွေ ပို့ပေးနေပုံမျိူး။ အဲဒါ ဆောင်းပါးရေးသူ (စတီဗင်) က ဆက်သွယ်ရေးရဲ့ အခြေခံကို ပုံစံသွင်းပြထားတာ။ စာမျက်နှာတိုင်းဟာ စိတ်ပညာသဘောတရားတွေ စီးဝင်နေတဲ့ “သတင်းအချက်အလက်များ“ ဆိုတယ်။
မစ်လာက ဆက်ဖတ်နေတယ်။ သူဖတ်ပြီးသွားတော့ သူ က ငါ့ဘဝကြီးလည်း တကယ် ပြောင်းလဲတော့မှာပဲ တဲ့။ သူ့ကိုယ်သူ မှတ်ချက်ချလိုက်ပါတော့တယ်။
ဂျူနီယာဝင်း