Monday, April 7, 2008

Burma Writer - LuDu-DawAMar

စာရေးဆရာမကြီးလူထုဒေါ်အမာ (၁၉၁၅-၂၀၀၈)

..................................................................................................(ပန်းချီ-၀င်းအောင်)

စာရေးဆရာမကြီးလူထုဒေါ်အမာ သည်ဧပြီလ-ရ-ရက်၂၀၀၈ ခုနှစ်တွင်

ကွယ်လွန်ကြောင်းကြားသိလိုက်သဖြင့်စာဖတ်ပရိသတ်များအနေဖြင့်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

စာရေးဆရာမကြီးလူထုဒေါ်အမာကို ၁၉၁၅ ခု၊နိုဝင်ဘာလ-၂၉-ရက်နေ့၊

ဦးထင်-ဒေါ်စုတို့မှမွေးဖွားပါတယ်။

ဆရာမကြီးက မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမူအခင်းများ၊

ဏန္ဒမာလာ၊ ဂျူံနှင့်စစ်သား၊ သက်တန့်ရောင်၊

ကွန်မြူနစ် တရုတ်ပြည်အင်အားပြိုင်ပွဲ၊ သမတဟိုချီမင်း၊

ငြိမ်းချမ်းရေးသို့၊ ဆိုရှယ်လစ်တိုင်းပြည်များသို့၊ အိုယန်ကီးတို့၊

ငွေနှင့်လက်နက်၊ ပြည်သူချစ်သောအနုပညာများ၊

ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး၊ ရွှေမန်းတင်မောင်၊

ဘ၀ချင်းမတူသည့်တရုတ်ပြည်၊ အောင်ဗလ-ဖိုးစိန်-စိန်ကတုံး၊

ရွှေရိုး ဘကလေး(ပ)(ဒု)၊ ရွှေမန်းတင်မောင်၊ အငြိမ့်၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊

ရွှေဒေါင်းတောင် ဆောင်းပါးများ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊

တော်လှန်တဲ့ တရုပ်ပြည် ကျွန်တော်မှတ်မိသမျှ၊ ချင်းတွင်းမှပင်လယ်သို့၊

မြန်မာ့မဟာဂီတ၊ အာဖရိက ၀တ္ထုတိုများ၊ ဆေးလိပ်နဲ့လူသား၊

မန္တလေးသူ မန္တလေးသားများ၊ ထိုင်းဝတ္ထုများ ဘာသာပြန်၊

အမေ့ရှေ့စကား၊

စသည်များကိုရေးသားထုတ်ဝေခဲ့ပါတယ်။

ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး

၁၉၉၃ ခုနှစ်

ရွှေမန်းတင်မောင်

၁၉၇၀-နိုဝင်ဘာ

သခင်ကိုယ်တော်မှိုင်း

၁၉၇၆ ခုနှစ် စက်တင်ဘာ

ရွှေရိုး ဘကလေး (ပ)

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ

အမေ့ရှေးစကား

၁၉၉၇ ခုနှစ် သြဂုတ်လ





၁၉၉၄ ခုနှစ် ဖြူးမြို့နယ်မဂ္ဂဇင်း မှာပါတဲ့ဆောင်းပါးတစ်ပုဒ်ထဲမှအမှတ်တရ

စကားပါ။

“အဝေးရောက်သားသမီးများ” တဲ့။

အမိနိုင်ငံဟာဒီလိုပေါကြွယ်ဝတာနဲ့အတူအမိနိုင်ငံမှာရှိတဲ့ဘာသာတရား

ကလည်းသူတစ်ပါးကိုမေတ္တာထားနိုင်တယ်။ကိုယ့်ထက်ဆင်းရဲဒုက္ခရောက်

သူတွေကိုသနားဂရုထားနိုင်တယ်။ကိုယ့်နဲ့အတူရှိသူ၊ကိုယ့်ထက်သာသူကို

ဝမ်းသာအယ်လဲသာဓုခေါ်နိုင်တယ်။မရှိရင်ဝေစားမယ်လို့ပေးနိုင်ကျွေးနိုင်တယ်။

သူတစ်ပါးရဲ့ကျူးကျော်စော်ကားမူကိုသည်းခံခွင့်လွှတ်ချေဖျောက်နိုင်တဲ့ဘာသာ

တရားမျိုးကိုလည်းလက်ကိုင်ထားကြသေးတယ်။တင်းတိမ်ရောင့်ရဲမူကိုလည်း

ကျင့်သုံးလိုက်ကြသေးတယ်။

ကဲ ဘယ်လောက်များနေချင်စဖွယ်ကောင်းတဲ့နိုင်ငံပါလဲ။

ဒါနဲ့များလူတွေဘာလို့များသူများနိုင်ငံတွေထွက်ပြီးရှာဖွေနေကြရသလဲလို့မေး

လာရင်တော့ဒါဟာအခိုက်အတန့်ကိစ္စ၊အစာဝတော့ဌာနပြန်မယ့်သူချည်း။

ကျွန်မတို့နိုင်ငံမှာလွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းစည်းစည်းလုံးလုံး နဲ့

ညီညီညွတ်ညွတ်အချင်းချင်းလက်တွဲလုပ်ဆောင်နိုင်ကြရင်ဘာမကြာတဲ့ကာလမှာ

လုပ်စရာအလုပ်တွေတောင်ပုံရာပုံရှိလာမှာ၊အဲဒီတော့အဝေးရောက်သားသမီးတွေ

လည်းအားလုံးပြန်လာကြမှာ၊သူများနိုင်ငံတွေလိုခုမချမ်းသာသကောလို့စိတ်ဓါတ်

မကျပါဘူး။ကျွန်မတို့ဟာမြန်မာ့မြေပေါ်ကမြန်မာတွေပါ။”

(ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး၊အမေ့ရှေးစကား၊ စာအုပ်များမှ)


No comments: