Saturday, April 10, 2010

Ray Breadbury - Ursher II


Book Review – Usher 2 – Reviewed by juniorwin

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ မြန်မာသစ်မဂ္ဂဇင်းမှ ပျော်ဖို့အတွက်စာဖတ်ပါ လစဉ်ဂဏတွင်

ဂျူနီယာဝင်း ၏ ၁၁ ပုဒ်မြောက်ဝတ္ထုတစ်ပုဒ်

Usher – 2

Ray Bradbury

1920 -

အမေရိကန်စာရေးဆရာ

အာရှာ ၂ (Usher II) သည်သိပ္ပံဝတ္ထုစာရေးဆရာ ရေးဘရက်ဘာရီ ၏သိပ္ပံသည်းထိတ်ရင်ဖိုဝတ္ထုဖြစ်သည်။

ထိုဝတ္ထုအပြင်အာရှာ ၁ (Usher I)လည်းရှိသည်။အာရှာ ၁ ရေးသားသောအချိန်နှင့် အာရှာ ၂ ရေးသား ချိန်

နှစ်ပေါင်းတရာကွာသည်။ပထမအာရှာကိုရေးသူကအမေရိကန်စာရေးဆရာကြီးအက်ဂါအယ်လန်ပိုး(1809-

1849)ဖြစ်သည်။အမှန်မူရင်းအမည်က House of Usher အာရှာ၏အိမ် ဟုအမည်ရသည်။အက်ဂါအယ်

လန်ပိုး၏၀တ္ထုသည်စုံထောက်ဝတ္ထုဖြစ်ကာရေးဘရက်ဘာရီ၏၀တ္ထုသည်သိပ္ပံဝတ္ထုဖြစ်သည်။သိပ္ပံဝတ္ထုကို

ဖတ်ဖို့နှစ်သက်သူများအဖို့ရေးဘရက်ဘာရီ၏၀တ္ထုများကိုဖတ်နိုင်သည်။သူ၏အရေးအသားများသည်

ခေတ်ကိုရှေ့ကနေပြေးနေသည်။အနာဂတ်ကိုကြိုတင်ဟောကိန်းဖြင့်ရူမြင်ထားသည့်ဝတ္ထုဇာတ်လမ်း

များဖြစ်ကာတချို့မှာသင်ခန်းစာများပေးထားလေ့ရှိသည်။ဥပမာ-သဘာဝအသီးအပွင့်များကိုဖျက်ဆီး

ပစ်ကာမိမိသဘောဖြင့်တိုင်းပြည်ကိုကျပ်ကျပ်တည်းတည်းအဆောက်အဦများဆောက်လုပ်ရာမှ

အဆိပ်များသင့်၍၀င်လာရာမှသေဆုံးရပုံများကိုသူရေးသားသောသိပ္ပံဝတ္ထတိုလေးများတွင်တွေ့ရ

တတ်သည်။

ယခု Usher 2 ၀တ္ထုတည်ဆောက်ထားသောကာလက ၂၀၀၅ AD-။

William standalသည်အယ်ဂါအယ်လန်ပိုး၏အာရှာအိမ်ကြီးဝတ္ထုအစပိုင်းကိုဖတ်ရင်းမှောင်မိုက်သောတောင်

ကုန်းပေါ်ကအိမ်ကြီးကိုလှမ်းကြည့်လိုက်သည်။အယ်ဂါအယ်လန်ပိုးရဲ့အိမ်အတိုင်းဆောက်လုပ်ထားတာဟု

ဗိသုကာဆရာကသူ့ကိုပြောလိုက်လေသည်

“အနုပညာဟာအနုပညာမဆန်တော့ဘူး။စာပေဆိုတာကလည်းပေါ်ပင်တွေ၊ဟန်ဆောင်တာတွေပဲရှိတော့တယ်။

နောက်ပိုင်းပြဇာတ်ရုံတွေ၊ရုပ်ရှင်ရုံတွေမှာလည်းလူမရှိတော့ဘူး။လူတွေမှာစိတ်အပန်းဖြေစရာဆိုတာတောင်

မရှိတော့ဘူး။စိတ်အပန်းဖြေခြင်းဆိုတဲ့ဝေါဟာရကိုပြောတာတောင်အပြစ်ဖြစ်နေတယ်။”

သူသည်ဂန္ဖ၀င်စာပေများအဖျက်ဆီးခံလိုက်ရခြင်းအတွက်ဒေါသထွက်ကာတကိုယ်လုံးတုန်ရင်လျက်ရှိသည်။

ထိုအဖြစ်ကိုလက်စားခြေဖို့အတွက်အယ်ဂါအယ်လန်ပိုးဝတ္ထုထဲကအာရှာ၏အိမ်ကိုဆောက်လုပ်ခဲ့ခြင်းဖြစ်

သည်။

ထို့နောက် William standalသည်စာရိတ္တထိန်းသိမ်းရေးဌာနကစုံစမ်းရေးမှူးGarret၊ ထူဆန်းထွေလာများ

ကိုတားဆီးရေးအဖွဲ့၊စုန်းကဝေများသရဲတစေများကိုနှိမ်နင်းရေးအဖွဲ့၊စာအုပ်များကိုမီးရို့ဖျက်ဆီးရေးအဖွဲ့၊

သွေးစုပ်ကောင်များနှင့်လင်းနို့များကိုသတ်ဖြတ်ရေးအဖွဲ့၊အင်္ဂါဂြိုလ်သားများကိုသတ်ပစ်ပြီးမြို့သစ်၊

ရွာသစ်၊နိုင်ငံသစ်များတည်ထောင်ခဲ့ကြသော၊သန့်ရှင်းသောလမ်းများ၊တံတားများဆောက်လုပ်ပြီး

အရာရာစိတ်ချစေရန်အကျင့်စာရိတ္တထိမ်းသိမ်းရေးကော်မတီကလူများကိုမိတ်ဆွေဖွဲ့ကာသူ၏

အာရှာ၂ အိမ်သို့ဖိတ်ခေါ်လိုက်ပါသည်။

မှတ်ချက်။

ထိုဝတ္ထုကို The Ray Bradbury Theatre (Usher II)အမည်ဖြင့်1990တွင်ရိုက်ကူးခဲ့သည်။ထိုကား

တွင်ဇာတ်ညွှန်းRayBradbury မှရေးသားခဲ့သည်။ယင်းသည်1985တွင်တီဗီစီးရီးအဖြစ်ပြသခဲ့သည်။

ဂဲရက်အဖြစ် Ian Mune ၊ Stendahl အဖြစ် Patrick Macnee ကပါဝင်သရုပ်ဆောင်ထားသည်။

ထိုUrsher I နှင့် II ကိုဒေါက်တာခင်မောင်ဝင်းမှနေ၍သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ်၁၆၇ နှင့် ၁၆၈

တွင်အခန်းဆက်ဘာသာပြန်ဖေါ်ပြခဲ့ဘူးပါသည်။

Saturday, April 3, 2010

Book Choice - Don Quixote – Reviewed by juniorwin



Book Choice - Don Quixote – Reviewed by juniorwin

မြန်မာသစ်မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၀တွင်ပါရှိသော

ဂျူနီယာဝင်း ရေးသားသော ပျော်ဖို့အတွက်စာဖတ်ပါ လစဉ်ဆောင်းပါးတွင်

၁၀ အုပ်မြောက်စာအုပ်ဖြစ်ပါသည်။

Don Quixote

Miguel de Cervantes Savendra

1547-1616

စပိန်စာရေးဆရာ

ပထမအကြိမ်ပုံနှိတ် - ၁၆၀၅-၁၆၁၅

Don Quixote သည်မြင်းစီးသူရဲကောင်းနှင့်ပတ်သက်သောစွန့်စားခန်းဝတ္ထုများစွာကိုဖတ်လွန်းအားကြီး

ရာမှရူးသွပ်သွားသူတစ်ယောက်အဖြစ်စာရေးဆရာ Cervantes ကရေးဖွဲ့ထားသည်။ထို့နောက်DonQuixote (ဒွန်ကွီဇုတ်)သည်ကော်ပြားကပ်ထူကြီးကိုချပ်ဝတ်တန်ဆာအဖြစ်ဆင်မြန်းကာခြေကျိုးနေသောမြင်းအိုကြီးကို သူရဲကောင်းစီးသောမြင်းသဖွယ်စီးနင်းလျက်သူ့ကိုယ်သူမြင်းစီးသူရဲကောင်းအဖြစ်ဖန်တီးလိုက်လေသည်။ သူ သွားရောက်သောနေရာများကားတည်းခိုခန်းများ….သူကတည်းခိုခန်းကိုနန်းတော်ကြီးဟုမြင်သည်။သူတွေ့ခဲ့သောပြည့်တန်ဆာမိန်းမများကိုအဆင့်မြင့်အမျိုးသမီးများဟုထင်သည်။ဒွန်ကွီဇုတ်သုံးနှူန်းပြောဆိုသောစကားလုံးများမှာ စာပေအဆင့်အတန်းမြင့်ကာစာကြီးပေကြီးဆန်လှသဖြင့်သူပြောတာကိုထိုလူများကနားမလည်ကြပေ။ ဒွန်ကွီဇုတ်သည်သူ့ကိုယ်သူ သူရဲကောင်းအဖြစ်ဖြင့်ချပ်ဝတ်တန်ဆာဖြင့်တညလုံးကင်းစောင့်လျက်ရှိသည်။

ဒွန်ကွီဇုတ် ဆိုတာသူရဲကောင်းစစ်သည်၊အမှားများကိုမှန်အောင်လုပ်မည့်သူ၊ဒဏ်ရာတွေနှင့်နာကျင်နေသူများ၊ မတော်မတရားမူများကိုကုစားမည့်သူ၊အမျိုးသမီးများကိုကာကွယ်ပေးမည့်သူတဲ့။ကမ္ဘာကြီးသည်မှားယွင်းစွာ လည်ပတ်လျက်ရှိ၏။ထို့ကြောင့်မြင့်သမျှသောအမှားဟူသမျှကိုသူပြုပင်ပေးရမည်။ သူ့မျက်စိထဲလေရဟပ် ကြီးကိုကြောက်စရာနဂါးကြီးဟုမြင်ယောင်လျက် သိုးတွေကိုရန်သူတွေဟုစိတ်ကူးကာမြင်းအိုကြီးကိုစီး၊

ဓါးတယမ်းယမ်းနှင့်တောရွာ မြို့ရွာထဲဝင်ကာစွန့်စားခန်းတွေစိတ်ကူးယဉ်လျက်ရှိတော့သည်။နောက်

တော့တပြည်လုံးကသူ့ကိုအရူးဟုသဘောထားကာသူ့အလိုကျလုပ်ပြ၊အရူးလုပ်ပစ်ကြသည့်အခန်းတွေပါ

လေသည်။ထို့ပြင်ဒွန်ကွီဇုတ်၏တပည့်ကျော် Sancho (ဆန်ချို)ကလည်းသူ့ဆရာဝါဒအတိုင်းအမှားကိုအမှန်

ပြုပြင်မည်ဟူသတဲ့။ဤနေရာတွင်မြို့စားအစစ်များ၊အုပ်ချူပ်သူအစစ်အမှန်များမှာသူတို့နှစ်ဦးကြောင့်ဒုက္ခ

ရောက်ရပုံများကိုဟာသဆန်ဆန်သရော်တော်တော်ရေးသားချက်များကားစိတ်ဝင်စားစရာဖြစ်ရပါသည်။

မှတ်ချက်။ ဒွန်ကွီဇုတ်စွန့်စားခန်းများကို Cervantes ကအပိုင်း ၂ ပိုင်းရေးသားထားသည်။ှပထမပိုင်း အခန်း

၅၀ ကျော်၊ဒုတိယပိုင်း ၇၄ ခန်းပါရှိသည်။Cervantes ကစစချင်းတွင်ဇာတ်လမ်းတိုများရေးသားရင်းဖြင့်စတင်

အုပ်မြစ်ချခဲ့သည်။ပထမစာအုပ်ထွက်ပြီး ၅ လအကြာမှာနောက်လိုက် Sancho Ponza(ဆန်ချိုပွန်ဇာ)ကိုစိတ်ကူး

ခဲ့ပြီးထည့်သွင်းဇာတ်လမ်းဆင်ခဲ့ရာပထမဒွန်ကွီဇုတ်ထက်ပင်လူကြိုက်များခဲ့သည်ဟူ၏။ဒွန်ကွီဇုတ်ကိုအခြေခံ

ကာရိုက်ကူးခဲ့သောနိုင်ငံပေါင်းစုံ၏လက်ရာရုပ်ရှင်များသည် ၁၉၀၆ ခုနှစ်မှသည်ကားပေါင်းများစွာမရေတွက်နိုင်

အောင်ရှိသည်။၁၉၁၅၊၁၉၂၆တွင်အသံတိတ်ကားများအဖြစ်လည်းကောင်း၊၁၉၃၄ခုနှစ်တွင်ဆေးရောင်စုံကာ

တွန်းကားအဖြစ်လည်းကောင်း၊၁၉၄၇ခုနှစ်တွင်စပိန်နိုင်ငံဘာသာဖြင့် Nikolav Cherkasoyပါဝင်ကာပထမဦးဆုံး

ဆေးရောင်စုံကားအဖြစ်လည်းကောင်း၊၁၉၆၅ခုနှစ်တွင်ပြင်သစ်/ဂျာမန်ရိုက်တီဗွီဇာတ်လမ်းတိုများအဖြစ်လည်း

ကောင်း၊၁၉၇၃ခုနှစ်တွင်မက္ကစီကိုဟာသကားအဖြစ်မက္ကစီကို/စပိန် ဘာသာဖြင့် ဒွန်ကွီဇုတ်-ဆန်ချို ရုပ်ရှင်ကား

အဖြစ်လည်းကောင်း၊၁၉၈၀တွင်ဂျပန်ကာတွန်းစီးရီးအဖြစ်လည်းကောင်း၊၁၉၈၈တွင်ဂျော်ဂျီရာနှင့်စပိန်ဘာသာ

ဖြင့်အပိုင်း ၉ ပိုင်းစီးရီးအဖြစ်လည်းကောင်း၊၁၉၉၁တွင်ရုပ်မြင်သံကြားဇာတ်လမ်းများအဖြစ်စပိန်မက္ကစီကိုတို့က

ပြန်လည်ဆန်းသစ်ရိုက်ကူး၍လည်းကောင်း၊ခရစ်နှစ် ၂၀၀၀တွင် TV စီးရီး၊ခရစ်နှစ် ၂၀၀၂ တွင်ဒွန်ကွီဇုတ်ဒုတိယ

ပိုင်းရုပ်ရှင်တွင်မင်းသား Juan Louis Galiardo ကဒွန်ကွီဇုတ်အဖြစ်လည်းကောင်း၊၂၀၁၁ တွင် The Man Who

Killed Don Quixote ဟူ၍ထွက်ပေါ်လာဦးမည့်ရုပ်ရှင်ကားများအဖြစ်လည်းကောင်းတွေ့ရှိရသည်။”ဒွန်ကွီဇုတ်”

ဟုဆိုလိုက်လျှင်ရူးသွပ်နေသောသူတဦးအကြောင်းဟုမမြင်ဘဲလောကကြီးကိုသရော်ခဲ့သူတဦးအဖြစ်မြင်တွေ့

စေချင်လှပါသည်။

Thursday, March 25, 2010

Painting Appreciation - Renoir’s Luncheon of the Boating Party

Painting Appreciation - Renoir’s Luncheon of the Boating Party

အတွေးအမြင်မဂ္ဂဇင်း အမှတ် ၂၁၅ ဖေဖော်ဝါရီလ ၂၀၁၀တွင်ပါရှိသော ဂျူနီယာဝင်း ၏


ပန်းချီကားခံစာမူဆောင်းပါး - နိုင်ငံတကာပန်းချီခံစားမူ


အပျော်စီးသဘောင်္ပေါ်မှနေ့လယ်စာပါတီ


Lucheon of the Boating party အပျော်စီးသဘောင်္ပေါ်မှနေ့လည်စာပါတီ အမည်ရှိပန်းချီကားကို


Pierre Auguste Renoir ( ရနွား) (၁၈၁၄-၁၉၁၉) မှရေးဆွဲသည်။


ရနွားသည်ပြင်သစ်အပ်ချူပ်ဆရာတစ်ဦး၏သားတစ်ဦးဖြစ်ကာသားသမီး၇ယောက်ထဲကတစ်ယောက်ဖြစ်


သည်။သူ့မှာပန်းချီနှင့်ပတ်သက်၍ပထမဦးဆုံးအတွေ့အကြုံကကြွေပန်းကန်လုပ်ငန်းတွင်ဝင်လုပ်ရစဉ်


ပန်းကန်ပြားပေါ်မှာလှပသောပန်းချီများရေးဆွဲခဲ့ခြင်းဖြစ်သည်။သူ့အသက်၁၃နှစ်အရွယ်ကတည်းကပန်းချီ


ပညာရှင်ဖြစ်ချင်ခဲ့သည်။သူကပန်းကန်လုံးများ ပန်းကန်ပြားများပေါ်ပန်းများချယ်သခဲ့သည်။


ကျောင်းတွင်ဂီတဆရာကဂီတနုတ်စ်များသင်ကြားနေစဉ်သူကဂီတစာအုပ်ပေါ်မှာပန်းချီများရေးဆွဲ၍အချိန်


ကုန်ခဲ့သည်။နောက်တစ်ဆင့်တက်၍ရနွားသည်အသက်မွေးဝမ်းကျောင်းအတွက်ယပ်တောင်များကိုအရောင်


ခြယ်သောအလုပ်ကိုလုပ်ခဲ့ရသည်။ယပ်တောင်များကိုအမျိူးသမီးများကသူတို့အိုက်သည့်အခါခပ်ရသည်။


ထိုအခါသူ့ပန်းချီကအသက်ဝင်လာရသည်။ပြတင်းပေါက်များဆေးသုတ်ရသည့်အခါသူကပြူတင်းပေါက်


၏အရိပ်များကိုထည့်သွင်းရေးဆွဲပြန်သည်။သူကားတကယ့်ပန်းချီပညာရှင်တစ်ဦးဖြစ်လာဖို့မည်သည့်


အခွင့်အရေးကိုမှလက်လွှတ်ခံသူမဟုတ်ပေ။


၁၈၆၂-၆၃ ခုနှစ်များတွင်ပါရီရှိပန်းချီသင်တန်းကျောင်းကဆွီဒင်ပန်းချီဆရာCharles Gabriel Gleyre ၏


အကယ်ဒမီခန်းတွင်ပန်းချီပညာစတင်သင်ကြားခဲ့ရသည်။ရနွား၏အစောပိုင်းပန်းချီလက်ရာများမှာပြင်သစ်


ပန်းချီဆရာနှစ်ဦးဖြစ်သော Claude Monet (အလင်းရောင်ကိုဦးစားပေးရေးဆွဲသူ)နှင့် Eugene Delacrox


(အရောင်ကိုဦးစားပေးရေးဆွဲသူ)တို့၏သြဇာလွှမ်းမိုးခဲ့သည်။


ရနွားသည် Monet, Sisley, Bazille တို့နှင့်အလွန်ခင်မင်သောမိတ်ဆွေများဖြစ်လာသည်။ပိုက်ဆံငွေကြေး


ရှားပါးမူကြောင့်တစ်ဦးကိုတစ်ဦးမှီခိုကာကူညီကာနေထိုင်ခဲ့ကြရသည်။


၎င်းတို့ရေးဆွဲသောပန်းချီကားများကို ‘Impressionism’အနုပညာကားချပ်များဟုခေါ်ဝေါ်ခဲ့ကြသည်။ယင်း


အမည်ကိုသူတို့ပန်းချီကားများကိုခံစားသူများကအမည်ပေးခဲ့ခြင်းဖြစ်သည်။အဓိပ္ပါယ်မှာဤသို့ဖြစ်သည်။


Impressionism ။ ။၁၉ရာစုပြင်သစ်မှာအစဦးဆုံးပေါ်လာသောပန်းချီကား၏လှူပ်ရှားမူဟုခေါ်သည်။အ


ကြောင်းမှာ Impression ပန်းချီဆရာများသည်ရှေ့ကရှိခဲ့သောပန်းချီဆိုင်ရာဥပဒေသများကိုချိူးဖောက်၍


၎င်းတို့ပန်းချီကားများကိုရေးဆွဲသောကြောင့်ဖြစ်သည်။သူတို့သည်သမိုင်းဝင်အဖြစ်တွေထက်အရာဝတ္ထု


များ၏အခြေခံသဘောသဘာဝကိုသာဦးစားပေးကြသည်။ရှေ့ကပန်းချီဆရာများကအလှအပ၏စံကိုရေးဆွဲကာ


သူတို့ကတော့ဓါတ်ပုံဆရာများကလျတ်တပြတ်ရိုက်ယူရရှိလိုက်သောရုပ်ပုံကိုအမိအရဖမ်းယူလိုက်သကဲ့သို့


ဆွဲယူရေးဆွဲကြသည်။သူတို့၏ဖမ်းယူရေးဆွဲသောပုံရိပ်များကိုပရိသတ်များကလက်ခံဖို့ခဲယဉ်းခဲ့ကြသည်။


Impressionism ပန်းချီများသည်အထွေထွေသောပုံပန်းသဏာန်များပိုင်ဆိုင်ကြသည်။ဆေးရောင်ကိုမရော


စပ်ပဲစုတ်တံအရောင်ကိုဦးစားပေးရေးချယ်သည်။ထိုကဲ့သို့သောရေးဆွဲမူကြောင့်ထိုခေတ်ကပန်းချီဆရာများ


၏လက်ရာများကဲ့သို့အရောင်နူညံ့သိမ်မွေ့သောမျက်နှာပြင်မျိူးကင်းမဲ့သွားရသည်။သူတို့၏အရောင်များ


သည်တောက်ပလျက်ရှိသည်။သူတို့ကအမည်းရောင်နှင့်မြေပြင်မှလှမ်းမြင်ရသောနေ၏ရောင်ခြည်ကိုရှောင်


ရှားတတ်ကြသည်။ထို့ပြင်သူတို့ကအသေးစိတ်ရေးဆွဲမူထက်ရုတ်တရက်ရလာသောမြင်ကွင်းကိုသာဦးစား


ပေးကြသည်။


ရနွားနှင့်အဖွဲ့သည်သူတို့၏ပန်းချီကားများကို Impression, Impression of Sunrise (နေတက်ချိန်မြင်ရပုံ)


စသည်အမည်များပေးကြသည်။ထိုအမည်များကို Impression အဓိပ္ပါယ်ဆိုလို၍ပေးခြင်းမဟုတ်ခဲ့ကြသော


လည်းသူတို့မှာထိုအမည်များတွင်ကျန်ရစ်ခဲ့ကြသည်။


ရနွားသည်သူအသက်ကြီးလာသောအခါအဆစ်ရောင်ရောဂါဝေဒနာခံစားခဲ့ရသည်။တုတ်နှစ်ချောင်းထောက်


ကာလမ်းလျှောက်နေရသောလည်းလက်ထဲမှာစုတ်တံကိုကိုင်ထားဆဲ၊ပန်းချီဆွဲဆဲဖြစ်သည်။ယင်းအဖြစ်ကို


“လက်မပေါ်ကစုတ်တံ”ဟုသူကခေါ်ဝေါ်ခဲ့သည်။သူသည်စုတ်တံကိုပြောင်းဖို့တော်တော်ခဲယဥး်သည်။ဆေး


ရည်ထဲနှစ်ကာသန့်ရှင်းပြီးဒါကိုင်ဆက်သုံးကာရေးဆွဲခြင်းဖြစ်သည်။


သူ၏နောက်ဆုံးနှစ်များတွင်ပန်းပုစမ်းသပ်ကာထုဆစ်ခဲ့သည်။သူ့လက်များဖြင့်တော့ပုံမသွင်းနိုင်ပါ။သူ့လက်


ထောက်ကိုဘယ်လိုလုပ်ပါဟုခိုင်းစေ၍လုပ်ခိုင်းခဲ့သည်ဟူ၏။


ယခုရွေးချယ်သောရနွား၏လက်ရာပန်းချီကားသည် ၁၈၈၁ခုနှစ်ကရေးဆွဲသော Impression လက်ရာတစ်ခု


ဖြစ်သည်။စိန်းမြစ်တလျှောက်မှာစီးဆင်းသွားလာနေသောအပျော်စီးသင်္ဘောပေါ်ကနံနက်ခင်းပါတီပွဲကျင်းပ


နေသည့်ပုံဖြစ်ပါသည်။စနေ၊တနင်္ဂနွေအားလပ်ရက်တွေမှာပါရီမှာနေထိုင်ကြသူအလုပ်သမားလူတန်းစားတွေ


၏ပါတီပွဲကျင်းပနေဟန်ဖြစ်သည်။ဝါရှင်တန်ဒီစီက Phillip Colloection မှာထားရှိပါသည်။

Wednesday, March 17, 2010

Frankenstein –Book Review by juniorwin



Frankenstein –Book Review by juniorwin


မြန်မာသစ်မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်၂၀၁၀တွင် ပျော်ဖို့အတွက်စာဖတ်ပါ ခေါင်းစဉ်အောက်တွင်


လစဉ်ဂဏမှ ဂျူနီယာဝင်းမှရွေးချယ်ထားသော ၉ အုပ်မြောက်စာအုပ်


Frankenstein


Mary Shelly


1797 – 1851


အင်္ဂလိပ်လူမျိူးစာရေးဆရာမ


ပထမဦးဆုံးပုံနှိတ် - ၁၈၁၈


Frankenstein (ဖရင်ကင်စတိုင်) ဝတ္ထုကိုရေးသူ Mary Shelly သည်နာမယ်ကျော်ကဗျာဆရာ P.B.Shelly


၏ဇနီးဖြစ်သည်။သူတို့မိတ်ဆွေများနှင့်အပျင်းပြေပုံပြောကြရာမှထိုဇာတ်လမ်းကိုပြောခဲ့သူဖြစ်ကာသတ္ထုအဖြစ်


သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ဖရင်ကင်စတိုင်သည်ကျွမ်းကျင်သောဆရာဝန်တစ်ဦးဖြစ်ပြီးသူအလွန်စိတ်ဝင်စား


သောဘာသာရပ်ကလူသေကိုအသက်သွင်းခြင်းဖြစ်လေသည်။ဤကားသူ့ဇာတ်လမ်းအစဖြစ်လေသည်။


ဝတ္ထုတွင်သူဖန်တီးလိုက်သောသတ္တဝါကြီးသည်တစ်ကိုယ်တည်းအထီးကျန်ဆန်ကာကြောက်ရွံ့ဖွယ်ရုပ်ရည်ကို


ပိုင်ဆိုင်သည်။သူ့ကိုမြင်သူတ်ိုင်းကကြောက်ရွံ့ကာမောင်းထုတ်ခံရပြီးသူ့ဘဝသည်စိတ်မချမ်းမသာစရာဖြစ်ကာ


ကြေကွဲဖွယ်ဖြစ်ရပုံကိုဝတ္ထုအလယ်ပိုင်းလောက်တွင်သနားစဖွယ်ရေးဖွဲ့ထားပါသည်။ထိုကဲ့သို့ရွံရှာဖွယ်ပုံသဏန်


ကိုဖန်တီးခဲ့သူအပေါ်နာကြည်းလက်စားခြေလိုစိတ်ဖြင့်လူသတ်သမားဘ၀ရောက်ခဲ့ရပုံကိုသတ္တဝါကြီးဘက်မှ


အမြင်ဖြင့်ရေးသားထားသည်ကိုတွေ့ရပါသည်။နောက်ပိုင်းမှာတော့ဖရင်ကင်စတိုင်သည်သူဖန်တီးခဲ့မိသော


သတ္တဝါကြီး၏လက်စားခြေမူကိုခံယူရင်းဖြင့်သေဆုံးသွားခဲ့ကာဇာတ်လမ်းကိုအဆုံးသတ်ထားပါသည်။

မှတ်ချက်။ ။စာအုပ်ထွက်ပြီးမကြာမီ ၁၈၂၃ ခုနှစ်မှာပြဇာတ်အဖြစ်စတင်ကပြခဲ့ကြသည်။အသံတိတ်ရုပ်


ရှင်ကားအဖြစ် ၁၉၁၀ခုနှစ်တွင် Edison Companyမှ Frankenstein အဖြစ်ရိုက်ကူးခဲ့သည်။ Mary Shelly


မူရင်းဝတ္ထုတွင်ဒေါက်တာ ဖရင်ကင်စတိုင်သည်အရင်ဦးစွာသဘောင်္သားတစ်ဦးနှင့်တွေ့ဆုံခဲ့ကာသူ့ဇာတ်လမ်း


ကိုပြောပြဟန်ဖြင့်ဝတ္ထုအဆုံးနားအထိရေးဖွဲ့ထားခြင်းဖြစ်သည်။ရုပ်ရှင်မှာတော့ဖရင်ကင်စတိုင်အနေဖြင့်သာ


ခေါင်းဆောင်ပါဝင်ရိုက်ကူးထားခြင်းဖြစ်သည်။နောက်ပ်ိုငး်တွင် Bride of Frankenstein(ဖရင်ကင်စတိုင်၏


သတို့သမီး)၁၉၃၅၊ Son of Frankenstein (ဖရင်ကင်စတိုင်၏သား)၁၉၃၉၊ Ghost of Frankenstein


(ဖရင်ကင်စတိုင်သရဲ)၁၉၄၂ ဟူ၍ချဲ့ထွင်ကာကြောက်ရွံ့စရာ၊ထိတ်လန့်စရာအပိုရိုက်ချက်များဖြင့်ရိုက်ကူး


ခဲ့ကြသည်။၁၉၃၁ ခုနှစ်တွင်ရိုက်ကူးခဲ့သော Frankenstein ကားတွင်သတ္တဝါကြီးအဖြစ် Boris Karloff


ကသရုပ်ဆောင်ထားသည်။ Mary Shellyရေးဖွဲ့ထားသောချောက်ချားစရာစိတ်ခံစားချက်များ၊တုန်လှူပ်


ဖွယ်ကောင်းလှသောသတ္တဝါကြီး၏သနားစရာအတွင်းစိတ်များကားရုပ်ရှင်ကားထဲမှာမပါဝင်နိုင်ခဲ့သော


ရိုက်ချက်များဖြစ်သည်ဟုဝေဖန်ခဲ့ကြပါသည်။

Sunday, March 14, 2010

Wednesday, March 3, 2010

Selected Book - Carve her name with Pride

မြန်မာသစ်မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၀ တွင်ပါရှိခဲ့သော

ဂျူနီယာဝင်း ရေးသားသော အခန်းဆက် ပျော်ဖို့အတွက်စာဖတ်ပါ ဂဏက

ရ အုပ်မြောက်စာအုပ်တစ်အုပ်အဖြစ်တင်ဆက်လိုက်သည်။

Carve Her Name With Pride

R.J.Minney

29 August 1895, Calcutta, India

Date of Death:

5 January 1979,

ဤဇာတ်လမ်းသည်အဘအင်္ဂလိပ် အမိပြင်သစ်လူမျိုးတို့မှမွေးဖွားပြီးလန်ဒန်မြို့တော်ကြီး၏

ဆင်းရဲသားရပ်ကွက်တွင်ကြီးပြင်းလာရသောအညတရအမျိုးသမီးကလေးတစ်ယောက်၏

အကြောင်းအရာဘ၀ဇာတ်လမ်းဖြစ်သည်။

ထိုမိန်းမပျိုလေးတွင်အခြားသောမိန်းခလေးများထက်ပိုမိုထူးခြားသောအရည်အချင်း၊ပညာ

စွမ်းရည်ဟူ၍မရှိ။သူငယ်စဉ်အချိန်မှစ၍လူတိုင်းအသိအမှတ်ပြုရသောသူပိုင်ပစ္စည်းတစ်ခု

မှာသူ၏အလွန်လှပပြေပြစ်သောရုပ်ရည်ပင်ဖြစ်သည်။တခါမြင်လိုက်ရလျှင်စိတ်ထဲ၌မေ့မရ

နိုင်လောက်အောင်စွဲမက်ဖွယ်ကောင်းသောအလှပိုင်ရှင်တစ်ဦးဖြစ်သောလည်းထိုအလှကို

အမြတ်ထုတ်လိုသောစိတ်ဆန္ဒကားသူ့တွင်လုံးဝမရှိပေ။

သို့ရာတွင်ဗြိတိန်နိုင်ငံ၏ပြောင်မြောက်သောသမိုင်းတွင်ထိုအမျိုးသမီးသည်အာဇာနည်မ

တစ်ဦးအဖြစ်ဖြင့်သူ၏နံမယ်ကိုကမ္ဗည်းထိုး၍ထားနိုင်ခဲ့လေသည်။အကြောင်းမှာသူသည်

ကြီးမားသောအကျပ်အတည်းအသက်အန္တရယ်များနှင့်ကြုံကြိုက်လျှင်စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊

ကြောက်ရွံ့စိတ်လုံးဝမရှိခြင်း၊အသက်ထွက်ရလုမတတ်နာကျင်အောင်ရန်သူများကနှိတ်

စက်စေကာမူတုန်လှူပ်မူလုံးဝမရှိခြင်းစသောဂုဏ်ပုဒ်တို့ကိုပိုင်ဆိုင်လေသည်။ထူးခြားသော

ရဲစွမ်းသတ္တိတို့ကိုသူနေ့စဉ်သွားလာလှူပ်ရှားနေသောဘ၀တွင်မည်သူမျှမတွေ့ရှိရသော

လည်းဘေးအန္တရယ်ကိုရင်ဆိုင်ရသောစစ်တွင်းအချိန်ကာလတွင်သူနှင့်ရင်းနှီး၍နီးကပ်

စွာပေါင်းသင်းရသူတို့သာလျှင်မြင်တွေ့၍အံ့သြချီးကျူးကြရလေသည်။

ပြီးခဲ့သောဒုတိယကမ္ဘာစစ်ကြီးတွင်သန်းပေါင်းများစွာသောသူတို့သည်ပါဝင်လှူပ်ရှား၍စစ်

မူတော်ကိုထမ်းရွက်ကြသည်မှန်သောလည်း“ကြံရည်ဖန်ရည်ရှိသည်။ရဲစွမ်းသတ္တိရှိသည်”

ဟူသောဂုဏ်ဒြဗ်ကိုရယူ၍အာဇာနည်အဖြစ်တစ်ဦးချင်းပေါ်ထွက်လာသူတို့မှာကားမများ

ပြားလှပေ။ထိုစစ်ကြီးအတွင်းကမိမိတို့တိုင်းပြည်၏စစ်အောင်နိုင်ရေးအတွက်ရန်သူနယ်မြေ

သို့တိတ်တိတ်ပုန်းသွားရောက်၍သူလျှိုအဖြစ်စစ်မူထမ်းသောမိန်းမများ၏ဦးရေမှာသာ၍ပင်

နည်းပါးလေသည်။ထိုမိန်းမသူလျှိုများထဲတွင်သုံးပုံတစ်ပုံမှာရန်သူ၏လက်ချက်ဖြင့်အသက်

ကိုစွန့်လွတ်၍သွားကြရလေသည်။ဤဇာတ်လမ်းမှာထိုသို့စစ်မူထမ်းရာမှမိမိ၏အမိနိုင်ငံရှိ

မွေးရပ်ဌာနေသို့ပြန်၍မလာနိုင်သောမိန်းမပျိုတစ်ဦး၏ဇာတ်လမ်းဖြစ်လေသည်။

မှတ်ချက်။ ထိုဝတ္ထုကြီးကိုစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်မှနေ၍ စွန့်ခဲ့ရကျွန်မဘ၀ပါရှင်အမည်ဖြင့်

ဘာသာပြန်ခဲ့ဘူးပါသည်။အထက်တွင်ဖော်ပြထားချက်များမှာထိုဘာသာပြန်မှဒေါ်ခင်မျိုးချစ်၏နိနဒါန်းကို

ကော်ကနုတ်တင်ပြထားခြင်းဖြစ်သည်။ထိုဝတ္ထုအမည်ကိုစဉ်းစားခဲ့စဉ်က ..အာဇာနည်မ..ထူးခြားသော

မိန်းမသား..သူရဲကောင်းမ…စသည်စသည်ဖြင့်အမည်အမျိုးမျိုးကိုအယ်ဒီတာများထုတ်ဝေသူများကစဥ်းစားပေး

ခဲ့ကြသောလည်းဒေါ်ခင်မျိုးချစ်က သည်ဝတ္ထုကိုသေချာဖတ်ကြည့်စမ်းပါ။ဒီဝတ္ထုထဲကအမျိုးသမီးလေး

ဟာသူ့ဘ၀ကိုစွန့်ပြီးတိုင်းပြည်အတွက်လုပ်ခဲ့ခြင်းသာဖြစ်တယ်။အာဇာနည်တို့သူရဲကောင်းတို့ တိုင်းပြည်

အတွက်အသက်စွန့်ခြင်းတို့အကြောင်းကိုအသားပေးထားတာမဟုတ်ဘူး။သူ့ဘ၀ကိုဘယ်လောက်ထိစွန့်ပြီး

လုပ်ခဲ့တယ်ဆိုတာကိုသာအသားပေးထားခြင်းဖြစ်တယ်။ ဟုဆိုကာဤအမည်လေးကိုပေးခဲ့ခြင်းဖြစ်သည်

ဟုပြောပြခဲ့ဘူးသည်။

ထို Carve her name with pride ကို ၁၉၅၈ ခုနှစ်တွင်ရုပ်ရှင်ကားအဖြစ်ရိုက်ကူးခဲ့သည်။အဓိကမင်းသမီး

အဖြစ် Virginia Mckenna ကပါဝင်သရုပ်ဆောင်ထားသည်။ထိုကားတွင်Viginia သည်အကောင်းဆုံး

မင်းသမီးဆုရရှိခဲ့သည်။ထိုရုပ်ရှင်ကားတွင် Leo Marks ၏ကဗျာ ‘The Life that I have’ကိုအသုံးပြု

ထားသည်။တိုင်းပြည်ကိုချစ်သောသူတစ်ယောက်၏အဖြစ်ကိုစပ်ဆိုထားခြင်းဖြစ်သည်။ကဗျာတွင်

“မင်းအတွက်” ဟူသောရည်ညွှန်းချက်သည် “တိုင်းပြည်”“တိုင်းသူပြည်သားများ”ကိုဆိုလိုခြင်းဖြစ်သည်။

“ကျွန်မမှာပိုင်ဆိုတာဆိုလို့အသက်ပဲရှိတယ်။အသက်တစ်ခုသာကျွန်မပိုင်တယ်။

အဲဒါမင်းအတွက်ပါပဲ။

ကျွန်မပိုင်ဆိုင်တဲ့အသက်ကိုကျွန်မချစ်မြတ်နိုးပါတယ်။

အဲဒါ..မင်းအတွက်…မင်းအတွက်..မင်းအတွက်ပါပဲ။

ကျွန်မအိပ်စက်ရဦးမယ်။ကျွန်မအနားယူရဦးမယ်။ဒါပေမယ့်တစ်နေ့မှာကျွန်မသေဆုံးရမယ်။

စိမ်းစိုနေတဲ့မြက်ခင်းတွေရှိတဲ့ ငြိမ်းချမ်းတဲ့နေ့ရက်တွေဟာ ..

….မင်းတို့အတွက်ပါပဲ။ မင်းတို့အတွက်ပါပဲကွယ်….။”

Monday, March 1, 2010

Book Advertisement – Khin Myo Chit –Selected Burmese Short Stories

ခင်မျိုးချစ် ၏ ၀တ္ထုတိုပေါင်းချူပ်



ကံ့ကော်ဝတ်ရည်စာပေမှထွက်ရှိလာသောစာအုပ်တစ်အုပ်ဖြစ်သည်။

ဒေါ်ခင်မျိုးချစ် ၏ မျက်နှာဖုံးနှင့် နောက်ဖုံးတွင်အတ္ထုပတ္တိတိုကလေးပါပါသည်။



ဝတ္ထုတိုပေါင်း ၂၃ ပုဒ်ကိုတွေ့ကြရပါသည်။

၁၉၄၀ ခုနှစ်မှစ၍ မြန်မာ့အလင်းမဂ္ဂဇင်း၊ ရူမ၀ ၊ တိုင်းရင်းသူ ၊ သွေးသောက် ၊ တိုင်းရင်းမေ၊

စန္ဒာ ၊ ဒဂုန် အစရှိသောမဂ္ဂဇင်းများတွင်ရေးသားထားသောဝတ္ထုတိုကလေးများကိုတစုတစည်း

တည်းတွေ့ရသည်မှာကျေနပ်စရာဖြစ်ပါသည်။

ဝတ္ထုခေါင်းစဉ်များကလည်းစိတ်ဝင်စားစရာ….

လွဲချက်ကနာ ၊ ဆွေမှားပြီ ၊ ကျောင်းသားဘ၀ ၊ တွဲလို့ခေါ်မယ် ၊ အိမ်ရှင်မသပိတ် ၊ ပန်းဝတ်ရည် ၊

ဇာထဘီ၊ မြသီတာ ၊ ယောက္ခမကြီး……

စာမျက်နှာ ၄၀၀ ကျော်မို့ဝကြီးဖတ်ကြရဦးတော့မည်။