Wednesday, January 14, 2009

Paintings- Appreciation - King Cophetua and the Beggar Maid

အတွေးအမြင် ၂၀၁ ဒီဇင်ဘာလ ၂၀၀၈ တွင်ဖော်ပြထားသော


နိုင်ငံတကာပန်းချီခံစားမူ


King Cophetua and the Beggar Maid


by sir Edward Coley Burne-Jones(1833-1898)


ဘုရင် ကိုဖီတူရာ နှင့် သူတောင်းစားမိန်းခလေး


ဂျူနီယာဝင်း


sir Edward Coley Burne-Jones သည်အင်္ဂလိပ်လူမျိူးပန်းချီဆရာ၊ဒီဇိုင်းဆရာ၊သရုပ်ဖော်


ပန်းချီဆရာဖြစ်ကာEdward Coley Jones အမည်ရင်းဖြစ်သည်။သူ့ကိုBirmingham ဒေသ


တွင်၁၈၃၃တွင်မွေးဖွားသည်။ အော့စ်ဖို့တက္ကသိုလ်တွင်ပညာသင်ခဲ့သည်။


Pre-Raphaelite (ရေဖယ်ခေတ်ကိုအစပျိူးသည့်ပန်းချီခေတ်) ကပန်းချီဆရာတစ်ဦးဖြစ်သူ


Dante Gabriel Rossetti၏သင်ကြားမူအောက်ကထွက်လာသူဖြစ်သည်။သူ၏လက်ရာများ


သည်လူပုံပန်းသဏာန်ဟန် ဟန်အမူအရာ အလယ်ခေတ်ကပန်းချီလက်ရာဒီဇိုင်းများ


စိမ့်ဝင်စီးဝင်လျက်ရှိသည်။အလယ်ခေတ်ကကျေးလက်ဟန်ပန် သမ္မကျမ်းစာလာအကြောငး်


အရာများ ၎င်းတို့၏ခံစားမူများ စိတ်ကူးယဉ်အိပ်မက်ထဲကဇာတ်လမ်းဇာတ်ကွက်များ


ကိုသူရေးဆွဲသောပန်းချီကားများတွင်တွေ့ရသည်။ယင်းသည်သူတက်ရောက်ပညာသင်


ခဲ့သော Pre-Raphaelite ကျောငး်၏အကောင်းဆုံးလက်ရာများကြားစီးဝင်ခဲ့မူဖြစ်လေ


သည်။သူရေးဆွဲခဲ့သည်များထဲက King Cophetus and the Beggar Maidသည်လန်ဒန်က


Tate ပန်းချီပြခန်းတွင် (၁၈၈၄ )ထားရှိပြီးအကောင်းဆုံးလက်ရာတစ်ခုဖြစ်သည်။


၁၈၉၄ခုနှစ်တွင် ဆာဘွဲ့ရရှိခဲ့ပါသည်။

ယခုရွေးချယ်ပြထားသောပန်းချီကားသည်များစွာသောဝေဖန်မူများစွာက


သူ၏အကောင်းဆုံးလက်ရာအဖြစ်သတ်မှတ်ခံခဲ့ရသောပန်းချီကားတစ်ချပ်ဖြစ်သည်။


ပန်းချီဆရာsirEdwardColeyBurne-Jones(1833-1898)သည်ပန်းချီကားကမ်းဗတ်စ်ပေါ်မှာ

စိတ်ကူးနှင့်ပုံဖော်သ၍အသဲနှလုံးများအား


ထိရှသွား စေလောက်သည့်ဘယ်တော့မှမသေသည့်ခံစားမူများကိုပေးခဲ့ပါသတဲ့။


Burne-Jones (ဘန်းဂျူံးစ်) သည်လှပသည့်ဒဏာရီများကို


ပုံဖော်ရာ၌ပြောင်မြောက်လှသူဖြစ်လေသည်။မြင်ရသောမြင်ကွင်းကယင်းကိုသရုပ်ဖော်


ထားပေသည်။သူကစံပြလောက်သူများကိုချယ်မှူန်းသည်။ပြီးတော့ထိုသူများကိုသူ့


ကိုယ်ပိုင်ကမာ္ဘတစ်ခုကိုဖန်တီးပေးသည်။ယင်းသည်ပင်သူ့ခေတ်ကတခြားသောပန်းချီ


ဆရာများကြားတွင်ထူးခြားမူဖြစ်လေသည်။ယခုဖော်ပြထားသောပန်းချီကားသည်ထို


အရည်အချင်းများကိုပြသလိုက်ခြင်းပင်ဖြစ်ပါသည်။မြင်တွေ့ရသည့်သူတောင်းစား


မိန်းခလေးသည်ကဗျာဆရာကြီး Tennyson(တယ်နယ်ဆင်) ရေးစပ်သောကဗျာ


ထဲကအတိုင်းပင်ဖြစ်နေလေတော့သည်…..


"ကောင်းကင်ယံတိမ်တိုက်တွေကြားကလမင်းကြီးရဲ့တောက်ပမူကြောင့်


သူမရဲ့နွမ်းပါးတဲ့အဝတ်အစားကိုမြင်ရတယ်။


သူမရဲ့ခြေမျက်စေ့ကိုတစ်ယောက်ကချီးမွန်း


သူမရဲ့မျက်လုံးတွေကိုတစ်စုံတစ်ယောက်ကချီးကျူး


သူမရဲ့နက်မှောင်တဲ့ဆံနွယ်တွေကိုတစ်ဦးကချီးမြှောက်


သူမရဲ့ချစ်ဖွယ်အမူအယာတွေကိုတစ်စုံတစ်ဦးကချီးမွန်းခန်းဖွင့်


ဘယ်လိုနေရာကကြည့်ကြည့်လှလိုက်တဲ့မျက်နှာလေး


ဒီကမာ္ဘပေါ်မှာဘယ်နေရာရာမှာမှမမြင်ဘူးတဲ့အလှ၊


ဘုရင်ကိုဖီတူရာ က တော်ဝင်တဲ့ကျမး်သစ္စာကိုအခုလိုကျိမ်ဆိုလိုက်ပြီ……


"ဟောဒီသူတောင်းစားမိန်းခလေးဟာငါ၏ဘုရင်မဖြစ်ရမည်။" "


ပန်းချီဆရာသည်ကျွနိုပ်တို့အားထိုသတောင်းစားမိန်းခလေး သနားစဖွယ်ကောင်းသော


တွေဝေသော ဟန်ပန်များဖြင့်သူမ၏နွမ်းပါးသောမီးခိုးရောင်အဝတ်အစားဖြင့်ဘု၇င့်


သလွန်ပေါ်မှာထိုင်နေသည် ကိုရေးဆွဲချယ်မှူန်းပြထား၏။သူမမှာဖိနပ်မပါ။

သူမလက်မောင်းများမှာလည်း


အဝတ်ဗလာ။သူ့ရှေ့အောက်ခြေမှာတော့ဘုရင်ကထိုင်နေသည်။ဘုရင့်လက်ထဲတွင်


အဖိုးတန်ရတနာသရဖူကိုကိုင်ထားသည်။သူမအားသူ၏ချစ်ခြင်းမေတ္တာကိုလက်ခံပေးဖို့


ခွင့်ပန် မော့ကြည့်နေဟန်ဖြစ်သည်။


ပန်းချီဆရာသည်ထိုချစ်ခြင်းမေတ္တာကိုသူ့ပန်းချီကားထဲတွင်မျူးတူးစွာချယ်မှူန်းလိုက်၏။


ထို့ပြင်သူ့ပန်းချီကားကိုကြည့်လိုက်သူတိုင်းအသေးစိတ်ကိုဂရုပြုမိသွားရသည်။


ပြီးတော့သူကဆေးရောင်စုံများစွာကိုလည်းအားပါးတရထည့်သွင်းရေးဆွဲထားသည်။


သူ၏စိတ်ကူးများစွမ်းပကားနှင့်အနုပညာလက်ရာပေါင်းစပ်လိုက်တော့ပန်းချီကျောင်းသား


များ နှင့် ပန်းချီချစ်သူတို့အတွက်ကျေနပ်ပျှော်ရွှင်စရာတွေကိုပေးစွမ်းလိုက်သည့်


ပန်းချီကားတစ်ချပ်ဖြစ်သွားလေတော့သည်။


No comments: