Monday, September 28, 2009

The Happy Prince and Other Tales

ပျှော်ဖို့အတွက်သာစာဖတ်ကြပါစို့။

The Happy Prince and Other Tales

Oscar Wilde

1854 – 1900

Published – 1888

Others – The Canterville Ghost

The Happy Prince and Other Stories

The Portrait of Mr.W.H

Lord Arthur Saville ‘s Crime and Other Stories

Intentions

The Picture of Dorian Gray

House of Pomeganates

De Profoundis

The Happy Prince, The Selfish Giant , The Remarkable Rocket အပါအ၀င်အော်စကာဝိုင်းလ်

၏ကလေးပုံပြင်များကိုသူ့သားသမီးများအတွက်ရည်ရွယ်ရေးသားခဲ့သည်ဟုဆိုပါသည်။

ပုံပြင်တစ်ခုဆီသည်သင်ခန်းစာများပေးသွားသည်။ရယ်စရာ၊ရင်မောစရာ၊စိတ်လှူပ်ရှားဖွယ်ပုံပြင်

များဖြစ်လေသည်။ The Happy Prince သည်မြိ့ကြီးတစ်မြို့၏တချိန်ကဘုရင်ဖြစ်ခဲ့ဘူးသော

မင်းသားလေး၏ရွှေအတိပြုလုပ်ထားသောရုပ်တုတစ်ခုဖြစ်ပါသည်။မြို့ကြီးတစ်ခုလုံး၏တန်ဖိုး

အကြီးဆုံးသောပတ္တမြား၊ရွှေသားများဖြင့်ပြုလုပ်ထားသောအဖိုးတန်ရုပ်တုတစ်ခုဖြစ်လေသည်။

သူအသက်ရှင်စဉ်ကပျှော်ရွှင်စွာနေထိုင်အသက်ရှင်ခဲ့ရပြီးဆင်းရဲခြင်းဒုက္ခကိုမတွေ့မြင်၊မခံစားခဲ့

ရသဖြင့်အစဉ်အမြဲပျှော်ရွှင်စွာနေခဲ့ရသည့်သူ့ကို Happy Prince ပျှော်နေသောမင်းသားလေး

ဟုခေါ်ဝေါ်ခဲ့ကြလေသည်။သို့သော်သူကွယ်လွန်ပြီးနောက်မှာတော့်မြို့ကြီးကိုစီး၍ဆောက်လုပ်

ထားသောသူ၏ရုပ်တုသည်တမြို့လုံးကိုတွေ့မြင်နေရကာစိတ်ဆင်းရဲနေခဲ့ပြီးမပျှော်မရွှင်ဖြစ်

နေရရှာသူဖြစ်သွားလေသည်။

The Selfish Giant တကိုယ်ကောင်းဆန်သည့်ဘီလူးကြီး သည်သူ့ဝင်းခြံထဲဘယ်သူမှအ၀င်

မခံပဲတကိုယ်တည်းနေလာရာမှသဘာဝတရား၏အပြစ်ပေးမူကိုခံခဲ့ရပုံဖြစ်ပါသည်။နွေဦးရာသီ

လည်းသူ့ခြံထဲရောက်မလာ၊ဆောင်းရာသီသာစိုးမိုးနေရာမှကောင်ကလေးတစ်ယောက်ကသူ့

ကိုကယ်တင်ပေးခဲ့ပုံဖြစ်ပါသည်။

The Remarkable Rocket သည်ရိုင်းစိုင်းမူ မာနကြီးမူကိုသတိထားဆန့်ကျင်ဖို့သင်ခန်းစာပေးသည့်

မီးရူးမီးပန်းလေးတစ်ခုအကြောင်းပုံပြင်တစ်ပုဒ်ကိုပြောပြလျက်ရှိလေသည်။

Wilde သည်ထိုထိုသောရိုးရှင်းသည့်ပုံပြင်ကလေးတွေကိုလေးနက်သောအဓိပ္ပါယ်များဖြင့်ရေးသား

ထားလေသည်။

မှတ်ချက်။

ထို Happy Princeကိုလွန်ခဲ့သောအနှစ်၅၀လောက်ကတက္ကသိုလ်ပထမနှစ်တွင်ပြဌာန်းသင်ကြားခဲ့ကြရပြီး

စာမေးပွဲအတွက်ကျက်မှတ်ကာဖြေဆိုခဲ့ကြရသည်ဟုလူကြီးသူမများပြောပြဖူးသဖြင့်မှတ်သားမိရသည်။

The Happy Prince မူရင်းဝတ္ထုကြီးကို ဂျူနီယာဝင်း မှနေ၍ဘာသာပြန်ထားသည်ကိုအောက်တိုဘာလ

၂၀၀၉ ခုနှစ်ထုတ် မဟေသီ မဂ္ဂဇင်းတွင်ဖတ်ရူနိုင်ပါသည်။


The Selfish Giant မှသရုပ်ဖော်ပုံ။

No comments: