ဂျူနီယာဝင်း - ကိုဗစ်၁၉ စစ်ပွဲဲ - ၂
(မိုးမခ)ဧပြီ ၂၃၊ ၂၀၂၀
မြန်မာပြည် ကို ကိုဗစ်နိုက်တင်း ဝင်လာတယ်သတင်းကြားကတည်းက စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ ဝင်လာခဲ့တယ်။ ကမ္ဘာမှာ နှစ် ၁၀၀မှာ ကပ်ဆိုက်တတ်တယ်ဆိုတာတွေ ကြားလိုက်ရ ဖတ်လိုက်ရတော့ ကပ်ကြီးသုံးပါး ဖြစ်တဲ့ စစ် အစာရေစာငတ်မွတ်မူ ရောဂါ ကပ် တစ်ခုခုဟာ ကြုံရနိုင်တယ်။ ယခု ၂၀၂၀ ရောဂါကပ်ဟာဖြင့် ရှောင်လွှဲလို့မရ ရင်ဆိုင်ရတော့မှာပဲ။ ဒီရောဂါကပ်ဘေးကြီးဟာ ကိုယ့်တိုင်းပြည်က စမဖြစ်ခဲ့တာကိုပဲ ဆိုပီး ကြံဖန်ပီး စိတ်သက်သာယာ ရာတွေ လျောက် တွေးနေမိတယ်။ အခု ဖြစ်နေတဲ့ ကိုဗစ်စစ်ပွဲမှာ ကိုယ်က ဘယ်နေရာကလဲ တွေးကြည့်မိတယ်။ သတင်းတွေဖတ်ပီး အိမ်မှာ တတ်နိုင်သလောက် နေပီး တိုက်ပွဲကြီးပြင်းထန်နေတာကို ကြောက်စိတ်တွေနဲ့ ထိုင်ကြည့်နေတဲ့ သူပေါ့။ ကိုယ်လုပ်နိုင်တာဆိုလို့ အိမ်မှာ နေပေးတာပဲရှိတယ်။
သတင်းတွေ တစ်ခုပီးတစ်ခု တက်လာလေ ခြေတွေလက်တွေ တုန်လာလေ ချောင်းဆိုးချင်သလိုလို လည်ချောင်းပဲတစ်နေသလိုလို လက် ထထဆေး ရေတွေ ထထသောက် ရေနွေးတွေ မြိုချ သံပုရာရည် သောက် ကြက်သွန်ဖြူကိုက် ဆားရေနဲ့ ဂါဂယ်ထထလုပ် ညလည်းတော်တော်နဲ့ အိပ်မပျော် မနက်နိုးတော့လည်း သတင်းတွေ ဖတ် ဟိုဟာဖတ်သည်ဟာဖတ် ကွန်မစ်တွေ လျောက်ဖတ် တခါမှ အဲသလောက် ဖေ့ဘုတ်မကြည့်တဲ့သူဟာ စိတ်တွေ ခြောက်ခြားနေတာကို ကိုယ့်ဘာသာ သတိမပြုမိတော့ဘူး။ စျေးသွားပီးပြန်လာကတည်းက စိတ်ကယောက်ကယက်ဖြစ်နေတာ။ အိမ်က ရေဘုံဘိုင်တွေလည်း ပြောင်လက်နေတာပဲ။ လက်ဆေးတိုင်း သူ့ပါ ဆပ်ပြာနဲ့ အကျအနဆေးတာကိုး။ ဆေးပီးတဲ့လက်နဲ့ မကိုင်ရဘူးဆိုတော့လေ။
ခက်တာက ၁၄ ရက်တခါ စျေးကိစ္စ လကုန်ခါနီးတော့ မီတာဘီဖုန်းဘီလ်ကိစ္စတွေ နဲ့ ထွက်ဖို့အရေးကို ပြင်ရဆင်ရ မာစ်ကလည်း မရှိတော့ မချူပ်တတ်ချူပ်တတ်နဲ့ ချူပ်ရတယ်။ မာစ် ၅၀ တန်ကို မတန်တဆ ရောင်းရကောင်းလားဆိုပီး မာနကြီးလိုက်တာ အခု ဒုက္ခရောက်ပီ။ ကဲ … ယူကျူ့ထဲ မာစ်ချူပ်နည်းကို အလွယ်နည်းရှာရ အစရှာရ အပ်ချည်နဲ့အပ် ရှာရ။ စိတ်တွေနဲ့ကိုယ်ဟာ စာလည်းမရေးနိုင် စာလည်း မဖတ်နိုင် စားလည်း ကိုဗစ် အိပ်လည်းကိုဗစ် ဖြစ်နေတာ ပြောပါတယ်။ အခုလတ်တလော ကြားနေရတာတွေ ဘာဖြစ်ဖြစ်ကိုဗစ် ဘာမှမဖြစ်လည်းကိုဗစ်ဆိုတော့လေ ကြောက်တာပေါ့။ (စာရေးတာလည်း ရေးတာပေါ့ ရသေောက်ဖို့ မမေ့နဲ့ဦးလေ။)
(ငယ်ငယ်က ဖတ်ဖူးတဲ့ စိတ်ပညာစာအုပ်တစ်အုပ်မှာ အမျိူးသမီးတစ်ယောက်က တချိန်လုံး ရေနဲ့သန့်စင် ခနခနခြေထောက်ကို ဆေး နောက်တော့ သူလမ်းလျောက်ရာတလျောက် သတင်းစာစက္ကူတွေခင်း အဲသည်ပေါ်လမ်းလျောက် ခနနေ အဲသည်သတင်းစာတွေ ပြန်ဖယ် အသစ်ထပ်ခင်း စသဖြင့် စိတ်ရောဂါဖြစ်နေတဲ့သူ အကြောင်းဖတ်ဖူးတယ်။ အဲသည်တုန်းက အော်… ရူးတယ်ဆိုတာ အဲသလိုလား နဲ့ တွေးမိသေးတယ်။ ကိုယ်လည်း ကြာရင် အဲလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သည်တော့ သတိနဲ့နေ။)
သိပ်ကြောက်လာတော့ မကောင်းဘူးလေ။ တော်ကြာ အကြောက်လွန်သွားမယ်။ စိတ်ထိန်း။ အင်တာနက်ထဲ ဂူးဂဲထဲ ဝီကီထဲကနေ လျောက်ဖတ်ရင်းနဲ့ ကိုယ့်ကြောက်စိတ်ကိုအစားထိုးဖို့ ကြိုးစားမယ်။ တရုတ် ၊ အီတလီ ၊ စပိန် ၊ အိန္ဒိယ ၊ အမေရိကန်၊ ယိုးဒယား ၊ ပါရာဂွေး အပါအဝင်ပေါ့လေ။ သူတို့ ဘယ်လိုများကူးစက် ဘယ်လိုများ စတင်ခဲ့ ဘယ်လို ဖြစ်ကြ ပျက်ကြ ဖတ်မယ်။ သူတို့တိုင်းပြည်တွေမှာ ဘယ်လိုကနေ ဘယ်လိုကူးစက်ပြန့်ပွားလာတယ် ဆိုတာကို ဖတ်ရင်း ကိုယ့်တိုင်းပြည် အြခေအနေကို သုံးသပ်ကြည့်အုံးမှ။ ကိုယ်ရေးနေတဲ့ စာတွေလည်းမရေးနိုင်၊ ရေးလက်စ “ကွန်ပြူတာနည်းပညာတော်လှန်ရေး“ ဆိုတာလည်း စိတ်သွင်းလို့ကိုမရဖြစ်နေတဲ့နောက် ကိုဗစ်အကြောင်းတွေပဲ ရှာဖတ်တော့မယ်လေ။ (သတင်းလည်း ကြည့်ဦး။ ကိုယ့်ရပ်ကွက် သူများရပ်ကွက် ကိုယ်သွားတဲ့ နေရာတွေ ပါမပါ။)
ထိိုင်း၏ အစ
ထိုင်းမှာ ပထမဦးဆုံး ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ အသက်၆၁နှစ်အရွယ် တရုတ်အမျိူးသမီးတစ်ဦးက လည်ချောင်းနာ အဖျားရှိ ချမ်းတုန် ခေါင်းကိုက် ဝေဒနာများ ဇန်နဝါရီ ၅ရက်နေ့ကစတင်ခံစားလာခဲ့ရတဲ့သူ ကိုဗစ် ဗိုင်းးရပ်စတင်ခဲ့။ သူက ၈ ရက်နေ့ ဇန်နဝါရီမှာ ဝူဟန်ကနေ တိုးအဖွဲ့တစ်ခုနဲ့ လေယာဉ်နဲ့ ရောက်ရှိလာသူ။ ဒုတိယတယောက်က ၁၇ ရက်နေ့ ဇန်နဝါရီမှာ အသက်ရ၄နှစ် အရွယ် ဝူဟန်ကနေ လေယျာဉ်နဲ့ ရောက်ရှိလာသူ။ တတိယ ၂၁ ရက်နေ့ အသက် ၁၈နှစ်အရွယ် ဝူဟန်ကနေ ရောက်လာသူဖြစ်ပီး အပူချိန်မြင့်အပြင်းဖျားဝေဒနာနဲ့ ဆေးရုံရောက်လာသူ။ သူက၃၁ ရက်နေ့မှာ ဆေးရုံက ဆင်းပါတယ်။ ၂၂ ရက်နေ့ မှာ ကိုဗစ် ၂ယောက် ထပ်တိုးတယ်။ ၆၈နှစ် တိုးရစ် တရုတ်အမျိူးသားနဲ့ ၇၃နှစ် အမျိူးသမီးပါ။ ဝူဟန်ကပဲ ရောက်လာကြသူများဖြစ်တယ်။ ၂၄ ရက်မှာ ၃၃နှစ်အရွယ် ဝူဟန်က ရောက်လာတဲ့ တရုတ်အမျိူးသမီး။ သူက ၂၁ ရက်နေ့က ယိုးဒယားကို လေယာဉ်နဲ့ ရောက်လာသူ။ ၂၅ ရက်မှာ ၇၃နှစ် တရုတ်အမျိူးသမီးတစ်ဦးက ၁၉ ရက်နေ့မှာ လေယာဉ်နဲ့ ရောက်လာပီး ၂၃ ရက်နေ့မှာ ဆေးရုံ တက်ရသူပါ။ ၂၆ ဇန်နဝါရီမှာ နောက်ထပ် ၈ ယောက်တိုးပါတယ်။ အားလုံးတရုတ်လူမျိူးများ ဖြစ်ပီး ၅ယောာက်က ဆေးရုံက ဆင်းပါတယ်။ ၂၈ ရက်နေ့ နောက်ထပ် ၆ ယောက်တိုးတယ်။ သူတို့အားလုံးက ဝူဟန်က ရောက်လာတဲ့တရုတ်လူမျိူးများ ဖြစ်ပါတယ်။
၂၈ ရက်နေ့မှာတော့ယိုးဒယားမှာ တရုတ်ကလာသူများကို လေယာဉ်ကွင်းမှာ စတင် စစ်ဆေးမူတွေ လုပ်လာပါတယ်။ ၃၁ ရက် ဇန်နဝါရီမှာ နောက်ထပ် ၅ယောက် ထပ်ဖြစ်တယ်။ သူတို့ထဲမှာ တစ်ယောက်က ထိုင်းက တက်ကစီ မောင်းသူဖြစ်ပါတယ်။ ကျန်တာ တရုတ်တိုးရစ်များ ဖြစ်ပါတယ်။ သည်တော့ ထို်င်းက တက်စစ် သမားက ဘယ်လိုဒီရောဂါရသလဲ။ သူက ဝူုဟန်ကလည်းမဟုတ်ဘူး။ ဒါပေမယ့် သူတင်လိုက်တဲ့ ခရီးသည် တစ်ယောက်က တရုတ်လူမျိူးဖြစ်နေတယ်။ ဒီအချက်ကြောင့် သည်ရောဂါဟာ ကူးစက်တတ်တယ်။ လူ လူ ချင်းကနေ ကူးတယ် ဆိုတဲ့အချက်စပီး ပေါ်ထွက်လာပါတယ်။
အင်း…. ဒါကို သုံးသပ်ကြည့်လိုက်ရင် သည်ရောဂါဟာဖြင့် ဝူဟန်က ခရီးသည်များမှသာလ ျှင် ကူးဆက်လာတာဖြစ်တယ် ဆိုတာ တွေ့ရတယ်။ သူတို့မလာရင် မကူးဖူးဆိုတာ တွေ့ရတယ်။ ဒါဟာ လက်ကိုလက်ခံထားမယ့် အမှန်တရားတစ်ခုပါ။ လူလူချင်းသာကူးဆက်နိုင်ပီး ဗိုင်းရပ်စမှာ လေထဲက သွားလာနိုင်တဲ့ တောင်ပံမပါဘူးဆိုတာရယ်၊ တိရစ္ဆာန်များကတဆင့် ကူးတာမဟုတ်ဖူးဆိုတာရယ်ကို ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် ဒါကို တဖက်သားကို လာရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး။ ကမ္ဘာကြီးမှာ အတူတကွ နေထိုင်နေကြသူတွေဖြစ်ပါတယ်။ အဟမ်း…. ကြီးကြီးကျယ်ကျယ်တွေ တွေးမိတာ။
အီီီီတလီ၏ အစ
အခု ဆက်လက်ပီး အီတလီဆီကို သွားပါ့မယ်။ အီတလီမှာ ပထမဦးဆုံး ပေါ့စတစ် ကေ့စ်က ၂၀၂၀ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ပါ။ ဝူဟန်မြို့က တရုတ်လူမျိူး လင်မယား၂ယောက်က ရောမမြို့ကို ၂၈ ရက်နေ့မှာ ရောက်တယ်။ သူတို့က ၂၃ ရက်နေ့က အီတလီကို ရောက်လာသူများပါ။ ရောမမြို့ကို ရောက်ရှိပီး နောက်တနေ့နေ့လည်မှာ ချောင်းဆိုးပါတယ်။ ညနေမှာ အဖျားရှိပါတယ်။ ဆေးရုံရောက်တော့ အီတလီနိုင်ငံ ရောမမြို့က ကူးဆက်ေရောဂါ ဆေးစစ်ကြောရေး တက္ကသိုလ် ဌာနချူပ်မှာ စစ်ကြည့်တာမှာပေါ့စတစ် (positive ကိုဗစ် ဗိုင်းရပ်စ် ရှိနေတယ်) ဖြစ်ပါတယ်။
၃၁ ၇က် ဇန်နဝါရီမှာ အီတလီအစိုးရက တရုတ်လေကြောင်းလိုင်းများကို နောက်၆လ အဝင်ဆုတ်လိုက်ကြောင်း ကြေငြာပါတယ်။ ဒါ့အပြင် လေကြာင်းဝင်ရာက်လာသူများကို အပူချိန် စစ်ဆေးမူများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တော့ ပေါ့စတစ်ကို စစ်ဆေးပေးခဲ့တဲ့ ကူးစက်ရောဂါ ဆေးဌာနက ဆရာဝန်သုံးယောက် ကို ဗိုင်းရပ်စ် မပြန့်ပွားရေး အတွက် သီးသန့်ဆောင်မှာ ထားရှိခဲ့တယ်လို့ တွေ့ရပါတယ်။ ၆ ၇က် ဖေဖော်ဝါ၇ီမှာ ဝူဟန်ကနေ ပြန်လာသူ အီတလီလူမျိူး တစ်ဦးဟာ ဗိုင်းရပ်စ်ပေါ့စတစ် ဖြစ်နေပါတယ်။ သူက တတိယမြောက် အီတလီမှာ ဖြစ်လာတဲ့ ကိုဗစ် ဖြစ်လာသူပါ။ သူဟာ ၂၂ ရက်နေ့မှာ ဆေးရုံကဆင်းပါတယ်။ ထို့အတူ အရင်ဆုံးဖြစ်ခဲ့ကြတဲ့ တရုတ်လင်မယားလည်း ၂၂နဲ့ ၂၆မှာ အသီးသီး ဆေးရုံကဆင်းပီး နေကောင်းသွားကြပါတယ်။
ဒါတွေဟာ ဝူဟန်က တရုတ်လူမျိူးများ ကနေ လူလူချင်းကူးဆက်နေရာက တိုင်းပြည်တွင်းကလူပါ ပါလာတဲ့ သဘော ဖြစ်ပါတယ်။ ဒါ ဘာကိုပြသလဲဆိုရင် လူတွေက စကားပြော ရာကနေဖြစ်ဖြစ် နှာစီးချောင်းဆိုးရာကဖြစ်ဖြစ် ထွက်လာတတ်တဲ့အမှူန်အမွှား အရည်တွေကတဆင့် တခြားတစ်ယောက်ကို ကူးနိုင်တယ်။ ကူးပုံကလည်း အဲသည်အရည်တွေ ထိမိထားတဲ့ လက်တန်း လက်ကိုင် တွေကို လက်နဲ့ထိမိပီး မျက်နှာ နှာခေါင်းပါးစပ်တွေကို ကိုင်တွယ်မိရာက ကူးလာတာပါ။ ဒါကြောင့် နေမကောင်းဖြစ်သူတွေဟာ မာစ် တပ်သင့်တယ်။ ဒါမှ သူတို့ဆီက အမှူန်အမွှားများ သူတပါးဆီ မရောက်ဖူးလို့ အကြမ်းအားဖြင့် တွက်ဆခဲ့ကြပါတယ်။
၀ူဟန်၏ အစ
အခု ဆက်ပီးတော့ စတင်ဖြစ် ပွားခဲ့တဲ့ တရုတ်ပြည် ဝူဟန်မြို့ကလေးအကြောင်း ရှာဖတ်ဦးမှ။ တခြားတိုင်းပြည်တွေ အကြောင်းလည်း ဟိုနည်းနည်းသည်နည်းနည်း ဖတ်ရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကို မပြန့်အောင်ထိန်းထားရမယ်။ အခု ကိုယ်က သများတကာ ဆဲဆိုနေတာ အပြစ်တင်နေကြတာ စကားနားမထောင်ကြတာတွေ မြင်ပြီး ဒေါသထွက်နေတာ။ ကြာရင်ကိုယ်လည်း စိတ်မထိန်းနိုင်ဖြစ်ပီး သူတို့လိုဖြစ်သွားနိုင်တယ်။
တရုတ်ပြည်ဝူဟန် အကြောင်းက သည်လိုစဖြစ်ခဲ့တာတဲ့။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နမိုးနီးယားဆန်ဆန်ရောဂါနဲ့ လူနာ ၄၁ ယောက် စတင်ဖြစ်ပွားလာရာကစပါတယ်။ အများစုက ဟူအာနန် ပင်လယ်စာ စျေးကွက်ကနေ ဖြစ်လာတာလို့ ဆိုတယ်။ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့မှာ အဲသည်စျေးကို ပိတ်လိုက်တယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရုတ်အစိုးရကနေ အဲသည်ဗိုင်းရပ်စ်အသစ်ကို nCoV သို့မဟုတ် ကိုရိုနဗိုင်းရစ် လို့ အတည်ပြု ကြေငြာလိုက်တယ်။ ဇန်နဝါရီလ ၁၃ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပထမဦးဆုံး လူတစ်ယောက် အသက်ဆုံးတယ်လို့ အတည်ပြုတယ်။

(ဒီနေရာမှာ ဖြတ်ပြောရရင် ဝူဟန်က ပြန်လာတဲ့ အသက် ၃၅နှစ်အရွယ် အမျိူးသားတစ်ယောက် ဆီယယ်တယ်လေဆိပ်ကို ဇန်နဝါရီ ၁၅ ရက်မှာ ရောက်လာပါတယ်။ အဲသည်တုန်းက နေကောင်းပေမယ့် ဇန်နဝါရီ ၁၉ မှာ နမိုးနီးယားဖြစ်ချင်လာလို့ ဆေးခန်းရောက်လာပါတယ်။ သူ့ကိုဇန်နဝါရီ၂၁မှာ ဝါရှင်တန်မှာ ကိုဗစ်ရောဂါ အတည်ပြုခဲ့ပါတယ်။ ၂ပတ်ကြာ ဆေးကုသမှူခံယူပီးဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဆေးရုံကဆင်းပါတယ်။ ပြောချင်တာက အဲသည်ရက်တွေမှာ တပြိုင်တည်း ဖြစ်လာတဲ့ ကိုဗစ်ဗိုင်းရပ်စ ပြန့်ပွားလာမူ အခြေအနေကို ဖြစ်ပါတယ်။)
ဇန်နဝါရီ ၂၃ မှာ ဝူုဟန်ကု ိကွာရန်တင်း (Quarantine) (ရောဂါရှိသူများ သံသယရှိသူများအဖြစ် သတ်မှတ်ကာ တခြားသူများနဲ့ မထိတွေ့အောင် အဆက်အသွယ်ဖြတ်တောက်ထား) ချလိုက်တယ်။ ဟူဘိုင်းနယ်မြေတစ်ခုလုံး အဲသည်အတိုင်း လုပ်ခဲ့တယ်။ ဇန်နဝါရီ ၃၀မှာ WHO (ကမ္ဘာကျမ်းမာရေး အဖွဲ့ချူပ်)ကနေ တကမ္ဘာလုံးဆိုင်ရာ ကျမ်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကြေငြာလိုက်တယ်။ (အင်း…. အဲသည်အချိန်တုန်းက ငါဘာလုပ်နေပါလိမ့်။ ဘုန်းကြီးကျောင်းသွား တရားထိုင်လို့ကောင်းတုန်းပဲ ရှိသေးတယ်။ သူများတိုင်းပြည်တွေ ဖြစ်နေတာကို ကြည့်ရင်း သနားပါတယ် လို့ ပြောေကောင်းနတုန်း။)
စင်််််ကာပူူူ၏ အစ
စင်ကာပူရဲ့ ပထမဦးဆုံးကေ့စ်က ဇန်နဝါရီ ၂၃ ရက်နေ့ ဝူဟန်ကနေ ရောက်လာတဲ့အသက် ၆၆နှစ်အရွယ် တရုတ်လူမျိူးဟာ အဖော် ၉ ယောက်နဲ့ စင်ကာပူ ကိုရောက်လာပါတယ်။ သူဟာ ကိုဗစ် ပေါ့စတစ်ဖြစ်နေပီး နောက် ၂၈ ယောက်ဟာလည်း ပေါ့စတစ်ဖြစ်နေပါတယ်။ ဇန်နဝါရီ ၂၄မှာ နောက်ထပ် ၂ ယောက်ထပ်တွေ့တယ်။ ၂၅ဇန်နဝါရီမှာ နောက် ထပ် ၄၄ + ၆၄ ဖြစ်လာတယ်။ နက်ကတစ်တွေလည်းပါပါတယ။် ကိုဗစ်ရောဂါဟာ တဖြေးဖြေး ပြန့်လာတဲ့သဘောကို တွေ့ရတယ်။ ဇန်န်ဝါရီတလလုံးဟာ ပေါ့စတစ်ကေ့စ်တွေ တက်လာတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ရှေ့ကဖြစ်ခဲ့တဲ့ လူနာများဟာပြည်တွင်း ကနေ ထွက်နေတာကို တွေ့ရပါတယ်။
ဘာလို့ဆို ရွှန်တိုင်ဟန် ဆိုတဲ့ တရုတ်တိုးရစ်များကို အများအဖြင့် ဝင်ထွက်တဲ့ဆိုင်ဟာ အဓိက ရောဂါပိုး ထုတ်လုပ်ရာဖြစ်နေတယ်တဲ့။ အဲသည်မှာ တရုတ်ပြည်ကို အသွားအလာမရှိတဲ့ အမျိူးသမီး ၄ဦးက ဒီဗိုင်းရပ်စ ပေါ့စတစ်ဖြစ်နေတာ သူတို့က အဲသည်ဆိုင်နဲ့ အဝင်အထွက်ရှိနေတယ် ဆိုတာ ဖြစ်လာတယ်။ အဲသည် နေ့တရက်ထဲမှာ ကေစ် ခုနှစ် (case 7) အသက် ၃၅နှစ်အရွယ် တရုတ်အမျိူးသားက ဝူဟန် ဆေးရုံကနေ ဆင်းလာသူ ဖြစ်ပီး နောက်ပိုင်းမှာ နက်ကတစ် ဖြစ်သွားပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောဂါပြန့်ပွားမူ အခြေအနေကို အဝါရောင်အဆင့်ကနေ လိမော်ရောင် အဆင့် သတ်မှတ်လိုက်ပါတယ်။ တာဝန်ရှိသူများက ဒါကို သိပ်မသေချာသေးတဲ့ အခြေအနေလို့လည်းတဖက်က ကြေငြာပါတယ်။
ဖေေဖော်ဝါရီ ၈ ရက်နေ့မှာ စင်ကာပူ ဝန်ကြီးချူပ် လီဆင်လွန် က ဝူဟန်ကနေ တိုက်ရိုက်ဝင်ရောက်လာတဲ့ ရောဂါပြန့်နှန့်မူ သို့မဟုတ် တခြားကများ ဝင်လာတဲ့ ပြန့်နှန့်မူ များကို စိုးရိမ်ကြောင့်ကျကြောင်း ပြောကြားခဲ့ပါတယ်။ သူက လူတွေ အဆက်အသွယ် လုပ်မူတွေကို ကြိုးစားစုံစမ်းဖို့ အကြံပေးခဲ့ပါတယ်။ ၂၅ ဖေဖော်ဝါရိမှာတော့ ကေ့စ် ၈နဲ့ ၉ ၊ ၈၃နဲ့ ၉ ၁ တို့ဟာ ဘာသာရေးဆိုင်ရာ အခန်းအနားများနဲ့ ဆက်နွယ်မူရှိနေတာကို တွေ့ခဲ့ကြပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ မလေးရှားနဲ့ထိုင်းက ဆိုက်ကပ်ဖို့ ညင်းပယ်ခဲ့တဲ့ အီတလီသင်္ဘော ကိုးစ်တာဖော်ကျူးက ခရီးသည် ၆၀၀ကို လက်ခံခဲ့တယ်။ ခရီးသည် အများစုက ရောက်တာနဲ့ ချက်ချင်း လေယာဉ်ကွင်းက ဆင်းသွားြ့ကပါတယ်တဲ့။ WHO ကဒါရိုက်တာက အစိုးရကို သေချာ ကိုင်တွယ်ပီးမှ လွှတ်ပေးဖို့ အကြံပေးခဲ့ပါတယ်။
မတ်လ ၁၂ ရက်မှာ စင်ကာပူဝန်ကြီးချူပ်က နိုင်ငံရဲ့ အြခေအနေဟာ လိမော်ရောင်အဆင့်မှာပဲ ဆက်ရှိနေကြောင်း ပြောဆိုခဲ့ပီး စင်ကာပူဟာ ခေတ္တခန သာ ထိန်းချူပ်မူ အောက်မှာ ရှိနေတာ ဖြစ်ပီး ကမ္ဘာကြီးနဲ့ ကင်းကွားနေမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ မတ်လ ၂၁ မှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရစ်နဲ့သေဆုံးမူ ၂ခု စင်ကာပူအမျိူးသမီး အသက် ၇၅နဲ့ အသက် ၆၄နှစ် အင်ဒိုနီးရှားအမျိူးသားတို့ဖြစ်ပါတယ်။ အမျိူးသမီးက နဲ့ အမျိူးသားက နှလုံးရောဂါ အခံရှိသူတွေအဖြစ် ကြေငြာပါတယ်။
မတ်လ ၁လလုံးဟာ ပေါ့စတစ်တွေ ဆက်တက်နေတယ်။ ၈၇၉ ကျော်က ဒေသတွင်းမှာ ဖြစ်ပေါ်လာပီး ၉ ယောက်က ပြင်ပက ဖြစ်တယ်။ စင်ကာပူကျမ်းမာရေး ဝန်ကြီးကတော့ ဆိုရှယ်ဒစ်စတင့် တွေ များများ လုပ်ကြဖို့ ဖိအားပေးနေပါတယ်။ စင်ကာပူ အမျိူးသားရေးဝန်ကြီး လောရင့်ဝမ်က Lockdown (အပြင်မထွက်ရ အပြင်ကလည်းး မဝင်ရ) လော့ဒေါင်းကိစ္စကို ထည့်ပြောလာတယ်။ ဧပြီမှာလည်း ကိုဗစ်နိုင်တင်းကြောင့် သေဆုံးမူတွေ တက်လာတာ တွေ့ရပါတယ်။ ဧပြီ ၉ ရက်မှာ ဆေးရုံ ဧည့်သည်အဝင်အထွက်တွေ ကန့်သတ်ခဲ့ကြပါတယ်။
ဧပြီ ၁၂ ရက်မှာ လူတိုင်း မာစ် တွေ တပ်ကြဖို့ ကြေငြာပါတယ်။ အလုပ်သမားတွေကြားထဲမှာ၊ ဆေးရုံဆေးခန်းတွေမှာ၊ အလုပ်ရုံမှာ၊ စျေးဆိုင်တွေမှာ စသဖြင့် ကူးဆက်မူတွေ တက်လာပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ပြည်တွင်း အယောက် ၂၀ အပါအဝင် အသစ်ကေ့စ် ၁၁၁၁ ခုတိုးတယ်။ ထိုနေ့မှတ်တမ်းအရ စုစုပေါင်း ၉,၁၂၅ ရှိပါပီတဲ့။ အခု တော့ မေလလောက်ထိကို အလုပ်ရုံများ မဆင်းကြဖို့တင်းကြပ်စွာ ပိတ်ပင်မူတွေ လုပ်နေကြပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဝူဟန်မှာ အမေရိကန်လူမျိူးတစ်ဦး ကိုဗစ် နိုင်တင်းနဲ့ သေဆုံးတယ်။ သူဟာ ကိုဗစ် ဗိုင်းရပ်စ်နဲ့ သေဆုံးသူ ပထမဦးဆုံး အမေရိကန်လူမျိူးဖြစ်ပါတယ်။ ဖေဖာ်ဝါ၇ီ ၁၁ ရက်နေ့မှာ WHO က ယခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို COVID 19 ကိုဗစ်ဆယ့်ကိုး လို့ခေါ်တွင်မယ်လို့ ကြေငြာလိုက်ပါတယ်။ Covi က conronavirus အတိုကောက်၊ D က Disease ရောဂါပိုး 19 က စတင်ဖြစ်ပွားခဲ့တဲ့ ခနှစ် 2019 ကို ရည်ညျွန်းပါတယ်။
မတ်လ ရ ရက်နေ့မှာတော့ ပါရာဂွေးမှာ အသက် ၃၂နှစ်အရွယ် တောင်အမေရိက ကပြန်လာတဲ့ အမျိူးသားတစ်ဦးက ကိုဗစ် နိုင်တင်း ပေါ့စတစ် ပထမဦးဆုံး စဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ကျောင်းများ နဲ့ လူစည်းကားမယေ့် နရာ တော်တော်များများကို ၁၅ ရက် ပိတ်လိုက်ကြောင်း ကြေငြာပါတယ်။ မတ်လ ၁၃ ရက်မှာ ဥရောပကလာတဲ့ လေယာဉ်များကို နောက်ဆုတ်လိုက်တယ်။ မတ်လ ၁၅ ရက်မှာ နယ်စပ်ဒေသ ဆိုင်ရာ သတ်မှတ်ချက်များချမှတ်ပီး ညမထွက်ရအမိန့်ပါဌာန်းပါတယ်။ မတ်လ ၂၀ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဦးဆုံး လူတစ်ဦးသေဆုံးတဲ့ဖြစ်ရပ်ကို ကြေငြာခဲ့ပီး ဧပြီ ၁၂ ရက်နေ့အထိ သတ်မှတ်ထားတဲ့ နယ်မြေများ မှာ ဆက်လက်ပီး လော့ဒေါင်းချတယ် ။ ဆိုရှယ် အိုင်ဆိုလေးရှင်း (Social isolation လူအများနဲ့ ထိတွေ့မူမရှိခြင်း ပေါ်လစီ) တပတ်တိုးချမှတ်တယ်။ ဧပြီ ၈ ရက်မှာ ဧပြီ ၁၉ ထိ တတိုင်းပြည်လုံးလော့ဒေါင်းတယ်။ ဧပြီ ၁၇မှာ ဧပြီ ၂၆ထိ ထပ်တိုးကြောင်း ကြေငြာတယ်။ ဧပြီ ၂၀ မှာတော့ ၂၉ ရက်အတွင်းမှာ နောက်လူနာအသစ် မတွေ့တာကြောင့် အခြေအနေ အကောင်းဘက်ကို ရောက်လာပီလို့ ခန့်မှန်းရပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ WHO က ကမ္ဘာ့လူသားများ အားလုံးဆိုင်ရာကျမ်းမာရေး ပြသနာအဖြစ် ကြေငြာပါတယ်။ မတ်လ ၁၁ မှာပဲ အမေရိကန်သမတ ထရန့်က ဥရောပတိုင်းပြည် ၂၆နိုင်ငံက အဝင်တွေ အကုန်ပိတ်လိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ ပြည်ထောင်စုအမျိူးသား အရေးပေါ် ကဌာနချူပ်ကနေ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမူကို အရေးပေါ်ကြေငြာတယ်။ မတ်လ ၁၇ ရက်နေ့မှာ “ဒီဗိုင်းရပ်စ်အသစ်ဟာ ၁၈ လကနေ ဒီထက်မက ကြာမြင့်နိုင်ပီး ထပ်မံလည်း ဖြစ်ပွားနိုင်တယ်“လို့ သတိပေးကြေငြာချက် ထွက်ပေါ်လာတယ်။
မတ်လ ၁၉ ရက်နေ့မှာတော့ တရုတ်ပြည်ကနေ သူတို့ဆီမှာ ဗိုင်းရပ်စ ်ဖြစ်ပွားမူ တိုးပွားမူ မရှိတော့ပါလို့ ပထမဦးဆုံး ကြေငြာချက်ထုတ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ နယူးယောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနား ၂သောင်း ၁ထောင်ရှိပီလို့ ကြေငြာတယ်။
(အဲသည်ရက်ပိုင်းတွေမှာပေါ့ ဘုန်းကြီးကျောင်းမှာ ကိုဗစ်နိုင်တင်းကြောင့် သင်္ကနြ်တွင်း ဒုလဗ ရဟန်းများ လက်မခံတော့၊ ထို့အပြင် တရားထိုင် ယောဂီများလက်မခံ လို့ ကြေငြာတာဖတ်လိုက်ရတယ်။ ကိုဗစ်နိုင်တင်းတော့ ငရဲကြီးပီလို့ တောင် တွေးမိသေးတယ်။ မြန်မာပြည်မှာ ကိုဗစ်စတင်တွေ့ရှိကြောင်း ကြေငြာချက် တွေ မတ်လ ၂၃ လောက်မှာထွက်လာတယ်။ ၂၅ရက်မတ်လမှာ ဘုန်းကြီးကျောင်းမှာ တရားသွားထိုင်လို့ မရတော့ကြောင်း စတင်ပိတ်ခဲ့တာ ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတာ။ လမ်းမှာ ကားတွေ ရှင်းစပြုလာတာ၊ ရေပတ်မဏာပ်တွေ မလုပ်ရလို့ ကြေငြာတာကြားရတာ အဲသည်ရက်ပိုင်းတွေမှာပေါ့။ အင်း…. ပြောရင်းဆိုရင်း ရေသောက်ဖို့ မေ့နေပြန်ပီ။ လက်ပါတခါတည်းဆေးလိုက်။ စိတ်ပြောင်းအောင်လုပ်လည်း ဒါပဲစိတ်ရောက်နေတယ်။)
ဧပြီ၂ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၁သန်းဟာ ကိုဗစ် ရောဂါပိုးကုူးဆက်ခေံနေရပီလို့ ကြေငြာခဲ့တယ်။ ဧပြီလ ၇ ရက်နေ့မှာတော့အမေရိကန်က တနေ့တည်း လူ ၁၉၀ဝ ကျော် သေဆုံးခဲ့တယ်လို့ ကြေငြာပါတယ်။ ဒါဟာ အမြင့်မားဆုံးစံချိန်သစ် ဖြစ်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ကိုဗစ်နိုင်တင်း ကူးဆက်သူ ၁သန်းရှိပါပီ။ ဧပြီလ ၇ ရက်နေ့မှာတော့ ကမ္ဘာမှာ တိုင်းပြည်တပြည်ဟာဖြင့် လူ ၁၉၀ဝ တနေ့တည်း သေဆုံးနေပီလို့ ကြေငြာချက် ထုတ်ပါတယ်။ အဲသည်နေ့မှာပ ဲ အမေရိကန်မှာ ၉၅% လော့ဒေါင်းချထားပီး တိုင်းပြည်ဒေသ ၄၂ခုဟာ ဟုမ်းစတေး Home stay (အိမ်ထဲမှာပဲနေ အပြင်မထွက်ရ) ဖြစ်နေတယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာတော့ တကမ္ဘာလုံးမှာ သေဆုံးသူ ၁သိန်းရှိလာပီလို့ ကြေငြာတယ်။ ဧပြီ ၁၅မှာတော့ ကမ္ဘာမှာ ကိုဗစ် ကေစ့် တွေ ၂သန်းတော့ ရှိနေပီလို့ ဆိုပါတယ်။ဧပြီလ ၁၆ ရက်နေ့မှာတော့ တကမ္ဘာလုံးဆိုင်ရာ ကျမ်းမာရေးအဖွဲ့အစည်းကနေ ကိုဗစ်ရော၈ါ ရင်ဆိုင်နေရသူ ၂ .၁ သန်း ရှိကာ ၁.၂ သန်းက ဆက်လက် ကုစားနေဆဲဖြစ်ပီး ၅သိနူ် ၃သောင်းပြန်လည် ကျမ်းမာခဲ့ပီး ၁သိန်း ၄သောင်းကတော့ သေဆုံးခဲ့ကြပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အင်း…. ဒါလောက်ဆို တိုင်းပြည်အချင်းချင်း ကူးဆက်နေကြပုံ တွေကို ခန့်မှန်းလို့ရလောက်ပါပီ။ လူအချင်းချင်းဟာ တွေ့ဆုံစကားပြောကြရာက သူတို့ပါးစပ်တွေ နှာခေါင်းတွေကတဆင့် နှစီးချောင်းဆိုး ရာကတဆင့် ဒါတွေကို ကိုင်တွယ်ရာကနေ ဒီလက်တွေကပဲ မျက်နှာနှာခေါင်းတွေ ကိုင်မိရာကကူးလာတာတွေပါ။ လူလူချင်း ကူးပုံတွေမှာ အဲသည်အမှူန်အမွးတွေကို လက်နဲ့ကိုင်မိပီး အဲသည်လက်က မျက်နှာ အထူးသဖြင့်နှာခေါင်းကိုပွတ်မိမယ်နှိူက်မိမယ် တို့လုပ်မိရင် အကယ်၍များ ကိုယ့်လက်က ရောဂါရှိသူ ကိုင်တွယ်သွားတဲ့ အဲဒီရောဂါရှိသူဟာ သူ့လက်နဲ့နှာစီးချောင်းဆိုးလုပ်မိတာကို ကာမိတာကို လက်ကိုင် လက်တန်းတွေကိုင်မိတာကို နောက်တစ်ဦးက ကိုင်မိရင် ကူးနိုင်တယ်။ သို့သော် သည်လူက ကိုင်မိတဲ့လက်ကို မျက်နှာနှာခေါင်းတို့ကို မကိုင်မိရင် မကူးနိုင်ဘူး။ ဒါကြောင့် လက်ကို အပြင်ထွက်တဲ့အခါ ဘာကိုင်ကိုင်မိ လက်ဆေးတဲ့အကျင့်လုပ်ရမယ်။
မာစ်ကို ရောဂါရှိသူ နေမ ကောင်းသူသာ တပ်သင့်တယ်လို့ အစောပိုင်းကဆိုထားပေမယ့် ယခုတော့လူတိုင်းတပ်ခိုင်းတာ ဘာလို့လဲ။ စဉ်းစားကြည့်မိတော့ ကိုယ်လည်း လူကြားထဲ့ မတောတဆ ချောင်းဆိုးနိုင်တယ် နှာချေမိနိုင်တယ် ဒါဆိုရင် ယခုခေတ်ဖြစ်ပေါ်နေတဲ့ ရောဂါကပ်အရ လူတိုင်းဟာ စိုးရိမ်စိတ်နဲ့နေနေကြရတာဆိုတော့ ကိုယ့်ကြောင့် သူတပါး စိတ်မဆိုး စိတ်မပူရအောင် တပ်သင့်တယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်လည်းပဲ ကိုယ့်လက်နဲ့ ကိုယ့်ပါးစပ်နှာခေါင်း ယောင်ပီးကိုင်မိနိုင်တဲ့ဘေးက ကာကွယ်ပီးသားဖြစ်တယ်။ ဒါကြောင့် ရောဂါရှိလို့မဟုတ်ပဲ ရောဂါမရှိသူလည်း မာစ်တပ်သင့်တယ်လို့တွေးတယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ကို ရောဂါရှိနေသူလို့ တွေးပီး မာစ်တပ်တာမဟုတ်ဘူး အဲသည်အတွေးကို အရင်ဝင်အောင်လုပ်ရမယ်။ ဒါဟာ ဖြစ်လာနိုင်တဲ့ စိတ်ရောဂါကို သက်သာအောင်လုပ်တဲ့နည်းပါပဲ။
တခါတရံ အိမ်တအိမ်မှာ တုတ်ကွေးဖြစ်တယ်ဆိုရင် ဒီတုတ်ကွေးက တအိမ်လုံးကူးပီးမှ ပြန်ထွက်တာ လို့ပြောလေ့ရှိကြတယ်။ ဟုတ်လည်းဟုတ်တယ် တခါတရံ တအိမ်လုးံဖြစ်ပီးမှ ပီးတယ်ပေါ့။ ဒါကို သေချာစဉ်းစားရင် တုတ်ကွေးကူးစက်ပုံကလည်း ခုနကလိုပဲ ရောဂါပိုးရှိသူရဲ့ ချောင်းဆိုးနှာစီး မဟုတ်လည်း တခုခုကြောင့် ထွက်လာတဲ့ ပါးစပ်နှာခေါင်းက အမှူန်အမွှားတွေကို နောက်တစ်ယောက်က ထိမိကိုင်မိမယ် ဒါကို ပါးစပ်နှာခေါင်းကို ထပ်ကိုင်မိရင် ကူးမှာပဲ။ တခါတလေကျ အိမ်သားတစ်ယောက်က မကူးပဲကျန်ရစ်တတ်တယ်။ ဒါဟာလည်း သူကိုယ်တိုင်က သူ့မျက်နှာနှာခေါင်းပါးစပ်ကို မကိုင်မိလို့ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့မှာ ကိုယ်ခံအားစနစ်ကောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပါ ဆိုတာဟာ လိုအပ်ရင်လိုအပ်သလို ဆေးမယ် ဒါ့အပြင် ကိုယ့်နှာခေါင်း ပါးစပ် စတာတွေကို မကိုင်မိအောင်နေခြင်းဟာ ရောဂါကူးစက်မူကို လျော့ကျစေနိုင်တယ်လို့ တွေးမိပါတယ်။
အပြင်ကပြန်လာလာချင်း ရေတန်းချိူး ခြေထောက်ရေဆေးချ ဆိုတာကိုလည်း စဉ်းစားရမယ်။ အကယ်၍ကိုယ်က မနက်စောစော ဈေးက ပြန်လာသူဆိုရင် သိပ်ပြဿနာမရှိပေမယ့် နေပူထဲက ပြန်လာတာဆိုရင် ကိုဗစ်ကြောင့်မဖျားပဲ အပူရှပ်ပီး ဖျားနိုင်ပါတယ်။ ဒီတော့ ပြန်လာလာချင်းမှာဖိနပ်ကိုခြံထဲ ခနချွတ်ပီး အိမ်ထဲ တန်းဝင်လို့ရပါတယ်။ ရောက်ရောက်ချင်းလ က်ဆေးတာ အဆင်ပြေပါတယ်။ မျက်နှာတော့ မသစ်နဲ့အုံး။ ခြေထောက်လည်း မဆေးနဲ့ဦး။ အရေးကြီးတာ လက်နဲ့မျက်နှာကို မကိုင်မိဖို့ဖြစ်ပါတယ်။ အကယ်၍များ ခြေထောက်မှာ ရောဂါပိုးပါလာရင်တောင် ဘယ်သူမှ ခြေထောက်ကိုကိုင်ပီးတဲ့ လက်နဲ့ မျက်နှာတန်းမကိုင်ကြပါဘူး။ ဒါကြောင့် သိပ်စိုးရိမ်စရာမလိုဘူး။ နည်းနည်းအေးမှ ခြေထောက်ကိုဆေးပါ။ ကိုယ့်အိမ်မှာ လေးဘက်သွားကလေးတွေ ၇ှိနေရင်တော့သတိထးပေါ့။ သူတို့က ကြမ်းပေါ်လက်နဲ့ထောက်မယ် မျက်နှာပွတ်သပ်မယ် ဒါကြောင့် သူတို့လေးတွေ သပ်သပ်ထားရင်ထား ကြမ်းပေါ်မချနဲ့ပေါ့။ အပြင်ကပြန်လာပီး နည်းနည်းအေးပီး တော်တော်လေး ကြာမှ ခြေထောက်ဆေး လက်ပြန်ဆေးပီး မျက်နာသစ်လည်း နောက်မကျပါဘူး။ ကိုယ့်အဝတ်အစားတွေချွတ်ပီး ဆပ်ပြာရည်တန်းစိမ်တာတော့ လုပ်သင့်တယ်။ ကိုယ်အားတော့လျော် အဝတ်လျော်စက်နဲ့ပဲလျော်လျော် ပီးရင် နေပူထဲ တနေကုန်ထုတ်လှမ်းရင် လုံလောက်ပီထင်တာပဲ။ ပြီးရင်မီးပူတိုက်ဦးမှာပဲဟာ။
အပြင်ထွက်ရင် ဦးထုတ်တော့ လုံလုံခြုံခြုံ ဆောင်းတာကောင်းမယ်။ ဘာလို့ဆို အခုကိုယ့်ဆံပင်က ရှည်လာပီ။ သူများချောင်းဆို းနှာချေရင် အမှူန်အမွှားတွေက ကပ်သွားနိုင်တယ်။ ခေါင်းလျော်တဲ့ရက် အပြင်ရွေးထွက်တာတော့ ဟုတ်ပေမယ့် အဲဒါက အမြဲတမ်း သိပ် အဆင်မပြေတတ်ဘူး။ သည်တော့ ဦးထုတ်ကို သေသေသပ်သပ် ဆောင်းလိုက်ရင် ဘာပဲဖြစ်ဖြစ် စိတ်လုံတယ်ပေါ့။
အိမ်မှာ သီးသန့်သုံးတဲ့ ကိုယ်တစ်ဦးတည်း သုံးတဲ့ ကွန်ပြူတာ လက်တော့ကိုင်တဲ့အခါ လက်ဆေးပီးမှ ကိုင်တာဖြစ်လို့ ကွန်ပြူတာကို ဆေးဖို့ ဘာဖို့ မလိုအပ်ဖူးထင်တာပဲ။ အဲသည်လောက် စိတ်က စိုးရိမ်နေတာ မကောင်းဖူးလေ။ စိတ်မချရင် လက်သေချာဆေးဖို့ ပဲ။ ဟမ်းဖုန်းကျတော့ သိပ်မလိုအပ်ရင ်ဒါမှမဟုတ် ခနတဖြုတ်အပြင်ထွက်တာ ဈေးသွားရုံက ယူမသွားတော့ဘူး။ အကယ်၍ ယူရမယ်ဆိုရင် သူ့ကို သပ်သပ် ပလတ်စတစ်အိတ်နဲ့ ထည့်ပီး ထားမယ်။ အိမ်ရောက်ရင် အိတ်ကို လွှင့်ပစ်လိုက်။ ဒါဆို မဆိုးပါဘူး။ စိတ်မချရင် အရက်ပြန်နဲ့ ပွတ်တိုက်လိုက် ပေါ့။
နောက်ဆုံးတချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မူကင်းမဲ့လာခြင်းဟာ ကိုဗစ်နိုက်တင်းက ပေးတဲ့ အဆိုးဝါးဆုံး ထိုးနှက်ချက်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အပြင်ထွက်တာမပြောနဲ့ အိမ်တွင်းမှာတောင် ကိုယ့်ကိုယ်ကိုယ် မယုံတော့ပါဘူး။ ကြာလာတော့ ကိုယ့်လက်တောင်ကိုယ်မယုံတော့ဘူး။ ငါ့လက်က ငါမသိပဲ ဘာတွေ လျောက်ကိုင်ထားလဲ မသိဘူးဆိုတဲ့ အတွေးတွေ ဝင်ဝင်လာတာ ဘယ်လိုလုပ်မလဲ။ ကိုဗစ်ဆိုတာကလည်း ရောဂါလက်ခနာ က ၂ ရက်ကနေ ၁၄ ရက်အတွင်း တဲ့။ ကိုယ်က ၁၄ ရက်တခါ ဈေးထွက်ဝယ်တယ်ထား ပြန်လာပီးကတည်းက ၁၄ ရက်မပြည့်မချင်း စိတ်တစနဲ့နေနေရတာ တော်ကြာ စိတ်ကလေးက ပြေကာစရှိသေး ထွက်ရဦးမယ်ဆိုတော့ ဘယ်လိုလုပ် စိတ်အေးမလဲ။ အခုတခါ ၂၁ ရက် ဆိုပြန်တော့ စိတ်တစတန်းလန်းနဲ့ တခါ ထပ်ထွက်ရမယ်ဆိုရင် နှစ်ဆကနေ သုံးဆ စိတ်ဆင်းရဲရတယ်။ အဲဒါ ဘယ်လိုလုပ်ကောင်းမလဲ စိတ် ပြောပါတယ်။
သည်တော့ ကိုယ့်အိမ်သတင်းစာလာပို့တဲ့သူကို လည်းမေတ္တာပို့ရတယ်။ စာလာပို့တဲ့ ပို့စမင်းကြီးကိုလည်း မေတ္တာပို့ရတယ်။ သူတို့ဆီက သတင်းစာတွေ စာတွေ ကိုယ်ကလက်ခံနေရတာကိုး။ သူတို့လည်း နေကောင်း ရောဂါကင်းမှ ကိုယ်လည်း ရော၈ါကင်းမှာ။ ဒါ့အပြင်ကိုယ့်လမ်းထဲနေသူတွေကိုလည်း မေတ္တာပို့ရတယ်။ သူတို့တစ်ခုခုဖြစ်ရင် တလမ်းလုံး ဒုက္ခလေ။ ဒါ့အပြင် တရက်ကွက်လုံး မေတ္တာပို့ရတယ်။ ရက်ကွက်ထဲ တစ်ခုခုဖြစ်ရင် တရပ်ကွက်လုံး ကွာရန်တင်းမိရင် အားလုံး ဒုက္ခ။ တခြားရပ်ကွက်တွေလည်း မေတ္တာပို့ရတယ်။ သူများရပ်ကွက်ကလူတွေလည်း ကိုယ့်ရပ်ကွက်ထဲ ဝင်ထွက်နေတာကိုး။ ပီးတော့ ကိုယ့်မြို့တင်မက တခြားမြို့ရွာကျေးလပ်တောရွာတွေ မေတ္တာပို့ရတယ်။ အားလုံး ရောဂါကင်းမှ ဖြစ်မှာလေ။ တခြားတိုင်းပြည်တွေ နိုင်ငံတွေ မေတ္တာပို့ရပြန်တယ်။ ဖြစ်လာတတွေကလည်း ဟိုသည် ကုူးသန်း သွားလာ အလုပ်တွေ ထွက်လုပ်ကြ လည်ပတ်ကြရာကနေ ကူးစက်လာကြတာကိုး။
အခုဖြစ်ပွားနေတဲ့ ကိုဗစ်စစ်ပွဲကြီးမှာ ကိုယ့်အသက်ကို ပဓနမထား တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေ လိုအပ်တဲ့နေရာမှာ လိုအပ်သလို တာဝန်ထမ်းဆောင်ဖို့ ဝန်မလေးကြတဲ့ စေတနာ့ဝန်ထမ်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေ အားလုံးအားလုံး တယောက်မကျန်ကို မေတ္တာပို့ပါတယ်။ တရပ်ကွက်နဲ့ တရပ်ကွက် တနယ်နဲ့တနယ် တမြို့နဲ့တမြို့ တတိုင်းပြည်နဲ့တတိုင်းပြည် ဟာဖြင့် သွားလာလှူပ်ရှားလှည့်ပတ် နေကြရတာကြောင့်လည်း တကမ္ဘာလုံး ဒီရောဂါကပ်ဘေးက ကွင်းလုံးကျွတ်မှပဲ စိတ်ချလက်ချ နေနိုင်တော့မယ်။ သွားလာနိုင်တော့မယ်။ ဒါကြောင့် ယနေ့ယခုကျရောက်နေသော ရောဂါကပ်ကြီးမှ အမြန်ဆုံး ပင်လ ျှင် တကမ္ဘာလုံး တတိုင်းပြည်လုံး တမြို့လုံး တနယ်လုံး တရွာလုံး တရပ်ကွက်လုံး တလမ်းလုံးဟာ လုးံဝဥသုံ လွတ်မြောက်ပြီး အားလုံးအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး ခုနှစ်ရက်သားသမီးများအားလုံး ရောဂါကင်းစင် ကျမ်းမာချမ်းသာ ကြပါစေဟူ၍ မေတ္တာများစွာဖြင့် ဆုတောင်းလိုက်ပါသည်။
အမေရိကန်၏ အစ
ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမေရိကန်သမတ ထရန့်က တရုတ်ပြည်မကြီးကလာတဲ့သူတွေကို ၂ပတ်ဝင်ခွင့်မပေးဖို့ လေကြောင်းလိုင်းကို ကန့်သတ်လိုက်တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖိလစ်ပိုင်မှာ ပထမဦးဆုံး ကိုဗစ်နဲ့သေဆုံးသူ ထွက်ပေါ်လာတယ်။ ဒါ တရုတ်ပြည်ပြင်ပမှာ ပထမဆုံး ဖြစ်လာတဲ့ အမူတစ်ခုပေါ့။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဝူဟန်ဆေးပညာရှင် Li Wenling သေဆုံးတယ်။ သူက ဒီဇင်ဘာ ၂၀၁၉ တုန်းက ဒီဗိုင်းရပ်စ် ကို စတင် သိရှိခဲ့ပီး သူ့ရဲ့ထုတ်ဖော်မူကို ဖိနှိတ်ခြင်းခံခဲ့ရသူပါ။ ဇန်နဝါရီလ ၃ ၇က်နေ့မှာ တရုတ် အစိုးရက မဟုတ်ကဟုတ်ကတွေ တွေကို အင်တာနက်မှာ ရေးသားသူ လို့ စွပ်စွဲခဲ့ပါတယ်။ သူဟာ သူကုသခဲ့တဲ့လူနာဆီက အဲသည် ဗိုင်းရပ်စ်ကူးဆက်ပီး ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။သူကွယ်လွန်မှပဲ တရုတ်အစိုးရက သူ့မိသားစုကို အလေးအနက် တောင်းပန်ခဲ့ကြပါတယ်တဲ့။ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဝူဟန်မှာ အမေရိကန်လူမျိူးတစ်ဦး ကိုဗစ် နိုင်တင်းနဲ့ သေဆုံးတယ်။ သူဟာ ကိုဗစ် ဗိုင်းရပ်စ်နဲ့ သေဆုံးသူ ပထမဦးဆုံး အမေရိကန်လူမျိူးဖြစ်ပါတယ်။ ဖေဖာ်ဝါ၇ီ ၁၁ ရက်နေ့မှာ WHO က ယခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို COVID 19 ကိုဗစ်ဆယ့်ကိုး လို့ခေါ်တွင်မယ်လို့ ကြေငြာလိုက်ပါတယ်။ Covi က conronavirus အတိုကောက်၊ D က Disease ရောဂါပိုး 19 က စတင်ဖြစ်ပွားခဲ့တဲ့ ခနှစ် 2019 ကို ရည်ညျွန်းပါတယ်။
တောင်ကိုရီးယားမှသည် နိုင်ငံတကာအနှံ့သို့
၂၀၂၀ခုနှစ် ဖဖော်ဝါရီ ၁၂ ရက်နေ့မှာ တောင်ကိုရီးယားကို ကိုဗစ်စတင်ဝင်ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ မှာ အီရန် ၊ ဖေဖော်ဝါ၇ီ ၂၁မှာ အီတလီ။ အမေရိကန်က ဖေဖော်ဝါရီ ၂၉ မှာ အမေရိကန်မြေမှာ ပထမဦးဆုံး ကိုဗစ်ကြောင့်သေဆုံးသူရှိလာပီ လို့ ဆိုပါတယ်။ မတ်လ ၃ ရက်နေ့မှာ စပိန်ဟာ ထိခိုက်ခံနေရပီ။ မတ်လ ၈ ရက်နေ့မှာ လူ သန်း၈၀ကို လော့ဒေါင်း ချလိုက်ပီ။ (Lock down) အပြင်မထွက်ရ) ။မတ်လ ရ ရက်နေ့မှာတော့ ပါရာဂွေးမှာ အသက် ၃၂နှစ်အရွယ် တောင်အမေရိက ကပြန်လာတဲ့ အမျိူးသားတစ်ဦးက ကိုဗစ် နိုင်တင်း ပေါ့စတစ် ပထမဦးဆုံး စဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ကျောင်းများ နဲ့ လူစည်းကားမယေ့် နရာ တော်တော်များများကို ၁၅ ရက် ပိတ်လိုက်ကြောင်း ကြေငြာပါတယ်။ မတ်လ ၁၃ ရက်မှာ ဥရောပကလာတဲ့ လေယာဉ်များကို နောက်ဆုတ်လိုက်တယ်။ မတ်လ ၁၅ ရက်မှာ နယ်စပ်ဒေသ ဆိုင်ရာ သတ်မှတ်ချက်များချမှတ်ပီး ညမထွက်ရအမိန့်ပါဌာန်းပါတယ်။ မတ်လ ၂၀ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဦးဆုံး လူတစ်ဦးသေဆုံးတဲ့ဖြစ်ရပ်ကို ကြေငြာခဲ့ပီး ဧပြီ ၁၂ ရက်နေ့အထိ သတ်မှတ်ထားတဲ့ နယ်မြေများ မှာ ဆက်လက်ပီး လော့ဒေါင်းချတယ် ။ ဆိုရှယ် အိုင်ဆိုလေးရှင်း (Social isolation လူအများနဲ့ ထိတွေ့မူမရှိခြင်း ပေါ်လစီ) တပတ်တိုးချမှတ်တယ်။ ဧပြီ ၈ ရက်မှာ ဧပြီ ၁၉ ထိ တတိုင်းပြည်လုံးလော့ဒေါင်းတယ်။ ဧပြီ ၁၇မှာ ဧပြီ ၂၆ထိ ထပ်တိုးကြောင်း ကြေငြာတယ်။ ဧပြီ ၂၀ မှာတော့ ၂၉ ရက်အတွင်းမှာ နောက်လူနာအသစ် မတွေ့တာကြောင့် အခြေအနေ အကောင်းဘက်ကို ရောက်လာပီလို့ ခန့်မှန်းရပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ WHO က ကမ္ဘာ့လူသားများ အားလုံးဆိုင်ရာကျမ်းမာရေး ပြသနာအဖြစ် ကြေငြာပါတယ်။ မတ်လ ၁၁ မှာပဲ အမေရိကန်သမတ ထရန့်က ဥရောပတိုင်းပြည် ၂၆နိုင်ငံက အဝင်တွေ အကုန်ပိတ်လိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ ပြည်ထောင်စုအမျိူးသား အရေးပေါ် ကဌာနချူပ်ကနေ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမူကို အရေးပေါ်ကြေငြာတယ်။ မတ်လ ၁၇ ရက်နေ့မှာ “ဒီဗိုင်းရပ်စ်အသစ်ဟာ ၁၈ လကနေ ဒီထက်မက ကြာမြင့်နိုင်ပီး ထပ်မံလည်း ဖြစ်ပွားနိုင်တယ်“လို့ သတိပေးကြေငြာချက် ထွက်ပေါ်လာတယ်။
မတ်လ ၁၉ ရက်နေ့မှာတော့ တရုတ်ပြည်ကနေ သူတို့ဆီမှာ ဗိုင်းရပ်စ ်ဖြစ်ပွားမူ တိုးပွားမူ မရှိတော့ပါလို့ ပထမဦးဆုံး ကြေငြာချက်ထုတ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ နယူးယောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနား ၂သောင်း ၁ထောင်ရှိပီလို့ ကြေငြာတယ်။
(အဲသည်ရက်ပိုင်းတွေမှာပေါ့ ဘုန်းကြီးကျောင်းမှာ ကိုဗစ်နိုင်တင်းကြောင့် သင်္ကနြ်တွင်း ဒုလဗ ရဟန်းများ လက်မခံတော့၊ ထို့အပြင် တရားထိုင် ယောဂီများလက်မခံ လို့ ကြေငြာတာဖတ်လိုက်ရတယ်။ ကိုဗစ်နိုင်တင်းတော့ ငရဲကြီးပီလို့ တောင် တွေးမိသေးတယ်။ မြန်မာပြည်မှာ ကိုဗစ်စတင်တွေ့ရှိကြောင်း ကြေငြာချက် တွေ မတ်လ ၂၃ လောက်မှာထွက်လာတယ်။ ၂၅ရက်မတ်လမှာ ဘုန်းကြီးကျောင်းမှာ တရားသွားထိုင်လို့ မရတော့ကြောင်း စတင်ပိတ်ခဲ့တာ ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတာ။ လမ်းမှာ ကားတွေ ရှင်းစပြုလာတာ၊ ရေပတ်မဏာပ်တွေ မလုပ်ရလို့ ကြေငြာတာကြားရတာ အဲသည်ရက်ပိုင်းတွေမှာပေါ့။ အင်း…. ပြောရင်းဆိုရင်း ရေသောက်ဖို့ မေ့နေပြန်ပီ။ လက်ပါတခါတည်းဆေးလိုက်။ စိတ်ပြောင်းအောင်လုပ်လည်း ဒါပဲစိတ်ရောက်နေတယ်။)
အပြိုင်အဆိုင်စံချိန်တင်
မတ်လ ၂၆ ရက်နေ့မှာ အမေရိက ဟာ ကိုဗစ်နိုင်တင်းနဲ့ ေရာဂါပုိးရွိသူ အရေအတွက် ၈၂,၄၀၄ နဲ့ ကမ္ဘာစံချိန်တင်ထားတဲ့ တရုတ်နိုင်ငံ ၈၁,၇၈၂ ၊ အီတလီ ၈၀,၅၈၉ ကိုကျော်တက်သွားပါတယ်။ မတ်လ ၃၁ ရက်နေ့ကတော့ ကမ္ဘာနေရာ သုံးပုံ၁ပုံကျော်ဟာ လော့ဒေါင်း ကျနေတဲ့ အခြေအနေ ရှိနေပီလို့ မှတ်တမ်းရှိခဲ့ပါတယ်။ဧပြီ၂ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၁သန်းဟာ ကိုဗစ် ရောဂါပိုးကုူးဆက်ခေံနေရပီလို့ ကြေငြာခဲ့တယ်။ ဧပြီလ ၇ ရက်နေ့မှာတော့အမေရိကန်က တနေ့တည်း လူ ၁၉၀ဝ ကျော် သေဆုံးခဲ့တယ်လို့ ကြေငြာပါတယ်။ ဒါဟာ အမြင့်မားဆုံးစံချိန်သစ် ဖြစ်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ကိုဗစ်နိုင်တင်း ကူးဆက်သူ ၁သန်းရှိပါပီ။ ဧပြီလ ၇ ရက်နေ့မှာတော့ ကမ္ဘာမှာ တိုင်းပြည်တပြည်ဟာဖြင့် လူ ၁၉၀ဝ တနေ့တည်း သေဆုံးနေပီလို့ ကြေငြာချက် ထုတ်ပါတယ်။ အဲသည်နေ့မှာပ ဲ အမေရိကန်မှာ ၉၅% လော့ဒေါင်းချထားပီး တိုင်းပြည်ဒေသ ၄၂ခုဟာ ဟုမ်းစတေး Home stay (အိမ်ထဲမှာပဲနေ အပြင်မထွက်ရ) ဖြစ်နေတယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာတော့ တကမ္ဘာလုံးမှာ သေဆုံးသူ ၁သိန်းရှိလာပီလို့ ကြေငြာတယ်။ ဧပြီ ၁၅မှာတော့ ကမ္ဘာမှာ ကိုဗစ် ကေစ့် တွေ ၂သန်းတော့ ရှိနေပီလို့ ဆိုပါတယ်။ဧပြီလ ၁၆ ရက်နေ့မှာတော့ တကမ္ဘာလုံးဆိုင်ရာ ကျမ်းမာရေးအဖွဲ့အစည်းကနေ ကိုဗစ်ရော၈ါ ရင်ဆိုင်နေရသူ ၂ .၁ သန်း ရှိကာ ၁.၂ သန်းက ဆက်လက် ကုစားနေဆဲဖြစ်ပီး ၅သိနူ် ၃သောင်းပြန်လည် ကျမ်းမာခဲ့ပီး ၁သိန်း ၄သောင်းကတော့ သေဆုံးခဲ့ကြပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကိုယ့်ကိစ္စ ကိုယ်ဖြေရှင်းကြ
အင်း…. ဒါလောက်ဆို တိုင်းပြည်အချင်းချင်း ကူးဆက်နေကြပုံ တွေကို ခန့်မှန်းလို့ရလောက်ပါပီ။ လူအချင်းချင်းဟာ တွေ့ဆုံစကားပြောကြရာက သူတို့ပါးစပ်တွေ နှာခေါင်းတွေကတဆင့် နှစီးချောင်းဆိုး ရာကတဆင့် ဒါတွေကို ကိုင်တွယ်ရာကနေ ဒီလက်တွေကပဲ မျက်နှာနှာခေါင်းတွေ ကိုင်မိရာကကူးလာတာတွေပါ။ လူလူချင်း ကူးပုံတွေမှာ အဲသည်အမှူန်အမွးတွေကို လက်နဲ့ကိုင်မိပီး အဲသည်လက်က မျက်နှာ အထူးသဖြင့်နှာခေါင်းကိုပွတ်မိမယ်နှိူက်မိမယ် တို့လုပ်မိရင် အကယ်၍များ ကိုယ့်လက်က ရောဂါရှိသူ ကိုင်တွယ်သွားတဲ့ အဲဒီရောဂါရှိသူဟာ သူ့လက်နဲ့နှာစီးချောင်းဆိုးလုပ်မိတာကို ကာမိတာကို လက်ကိုင် လက်တန်းတွေကိုင်မိတာကို နောက်တစ်ဦးက ကိုင်မိရင် ကူးနိုင်တယ်။ သို့သော် သည်လူက ကိုင်မိတဲ့လက်ကို မျက်နှာနှာခေါင်းတို့ကို မကိုင်မိရင် မကူးနိုင်ဘူး။ ဒါကြောင့် လက်ကို အပြင်ထွက်တဲ့အခါ ဘာကိုင်ကိုင်မိ လက်ဆေးတဲ့အကျင့်လုပ်ရမယ်။
မာစ်ကို ရောဂါရှိသူ နေမ ကောင်းသူသာ တပ်သင့်တယ်လို့ အစောပိုင်းကဆိုထားပေမယ့် ယခုတော့လူတိုင်းတပ်ခိုင်းတာ ဘာလို့လဲ။ စဉ်းစားကြည့်မိတော့ ကိုယ်လည်း လူကြားထဲ့ မတောတဆ ချောင်းဆိုးနိုင်တယ် နှာချေမိနိုင်တယ် ဒါဆိုရင် ယခုခေတ်ဖြစ်ပေါ်နေတဲ့ ရောဂါကပ်အရ လူတိုင်းဟာ စိုးရိမ်စိတ်နဲ့နေနေကြရတာဆိုတော့ ကိုယ့်ကြောင့် သူတပါး စိတ်မဆိုး စိတ်မပူရအောင် တပ်သင့်တယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်လည်းပဲ ကိုယ့်လက်နဲ့ ကိုယ့်ပါးစပ်နှာခေါင်း ယောင်ပီးကိုင်မိနိုင်တဲ့ဘေးက ကာကွယ်ပီးသားဖြစ်တယ်။ ဒါကြောင့် ရောဂါရှိလို့မဟုတ်ပဲ ရောဂါမရှိသူလည်း မာစ်တပ်သင့်တယ်လို့တွေးတယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ကို ရောဂါရှိနေသူလို့ တွေးပီး မာစ်တပ်တာမဟုတ်ဘူး အဲသည်အတွေးကို အရင်ဝင်အောင်လုပ်ရမယ်။ ဒါဟာ ဖြစ်လာနိုင်တဲ့ စိတ်ရောဂါကို သက်သာအောင်လုပ်တဲ့နည်းပါပဲ။
တခါတရံ အိမ်တအိမ်မှာ တုတ်ကွေးဖြစ်တယ်ဆိုရင် ဒီတုတ်ကွေးက တအိမ်လုံးကူးပီးမှ ပြန်ထွက်တာ လို့ပြောလေ့ရှိကြတယ်။ ဟုတ်လည်းဟုတ်တယ် တခါတရံ တအိမ်လုးံဖြစ်ပီးမှ ပီးတယ်ပေါ့။ ဒါကို သေချာစဉ်းစားရင် တုတ်ကွေးကူးစက်ပုံကလည်း ခုနကလိုပဲ ရောဂါပိုးရှိသူရဲ့ ချောင်းဆိုးနှာစီး မဟုတ်လည်း တခုခုကြောင့် ထွက်လာတဲ့ ပါးစပ်နှာခေါင်းက အမှူန်အမွှားတွေကို နောက်တစ်ယောက်က ထိမိကိုင်မိမယ် ဒါကို ပါးစပ်နှာခေါင်းကို ထပ်ကိုင်မိရင် ကူးမှာပဲ။ တခါတလေကျ အိမ်သားတစ်ယောက်က မကူးပဲကျန်ရစ်တတ်တယ်။ ဒါဟာလည်း သူကိုယ်တိုင်က သူ့မျက်နှာနှာခေါင်းပါးစပ်ကို မကိုင်မိလို့ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့မှာ ကိုယ်ခံအားစနစ်ကောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပါ ဆိုတာဟာ လိုအပ်ရင်လိုအပ်သလို ဆေးမယ် ဒါ့အပြင် ကိုယ့်နှာခေါင်း ပါးစပ် စတာတွေကို မကိုင်မိအောင်နေခြင်းဟာ ရောဂါကူးစက်မူကို လျော့ကျစေနိုင်တယ်လို့ တွေးမိပါတယ်။
အပြင်ကပြန်လာလာချင်း ရေတန်းချိူး ခြေထောက်ရေဆေးချ ဆိုတာကိုလည်း စဉ်းစားရမယ်။ အကယ်၍ကိုယ်က မနက်စောစော ဈေးက ပြန်လာသူဆိုရင် သိပ်ပြဿနာမရှိပေမယ့် နေပူထဲက ပြန်လာတာဆိုရင် ကိုဗစ်ကြောင့်မဖျားပဲ အပူရှပ်ပီး ဖျားနိုင်ပါတယ်။ ဒီတော့ ပြန်လာလာချင်းမှာဖိနပ်ကိုခြံထဲ ခနချွတ်ပီး အိမ်ထဲ တန်းဝင်လို့ရပါတယ်။ ရောက်ရောက်ချင်းလ က်ဆေးတာ အဆင်ပြေပါတယ်။ မျက်နှာတော့ မသစ်နဲ့အုံး။ ခြေထောက်လည်း မဆေးနဲ့ဦး။ အရေးကြီးတာ လက်နဲ့မျက်နှာကို မကိုင်မိဖို့ဖြစ်ပါတယ်။ အကယ်၍များ ခြေထောက်မှာ ရောဂါပိုးပါလာရင်တောင် ဘယ်သူမှ ခြေထောက်ကိုကိုင်ပီးတဲ့ လက်နဲ့ မျက်နှာတန်းမကိုင်ကြပါဘူး။ ဒါကြောင့် သိပ်စိုးရိမ်စရာမလိုဘူး။ နည်းနည်းအေးမှ ခြေထောက်ကိုဆေးပါ။ ကိုယ့်အိမ်မှာ လေးဘက်သွားကလေးတွေ ၇ှိနေရင်တော့သတိထးပေါ့။ သူတို့က ကြမ်းပေါ်လက်နဲ့ထောက်မယ် မျက်နှာပွတ်သပ်မယ် ဒါကြောင့် သူတို့လေးတွေ သပ်သပ်ထားရင်ထား ကြမ်းပေါ်မချနဲ့ပေါ့။ အပြင်ကပြန်လာပီး နည်းနည်းအေးပီး တော်တော်လေး ကြာမှ ခြေထောက်ဆေး လက်ပြန်ဆေးပီး မျက်နာသစ်လည်း နောက်မကျပါဘူး။ ကိုယ့်အဝတ်အစားတွေချွတ်ပီး ဆပ်ပြာရည်တန်းစိမ်တာတော့ လုပ်သင့်တယ်။ ကိုယ်အားတော့လျော် အဝတ်လျော်စက်နဲ့ပဲလျော်လျော် ပီးရင် နေပူထဲ တနေကုန်ထုတ်လှမ်းရင် လုံလောက်ပီထင်တာပဲ။ ပြီးရင်မီးပူတိုက်ဦးမှာပဲဟာ။
အပြင်ထွက်ရင် ဦးထုတ်တော့ လုံလုံခြုံခြုံ ဆောင်းတာကောင်းမယ်။ ဘာလို့ဆို အခုကိုယ့်ဆံပင်က ရှည်လာပီ။ သူများချောင်းဆို းနှာချေရင် အမှူန်အမွှားတွေက ကပ်သွားနိုင်တယ်။ ခေါင်းလျော်တဲ့ရက် အပြင်ရွေးထွက်တာတော့ ဟုတ်ပေမယ့် အဲဒါက အမြဲတမ်း သိပ် အဆင်မပြေတတ်ဘူး။ သည်တော့ ဦးထုတ်ကို သေသေသပ်သပ် ဆောင်းလိုက်ရင် ဘာပဲဖြစ်ဖြစ် စိတ်လုံတယ်ပေါ့။
အိမ်မှာ သီးသန့်သုံးတဲ့ ကိုယ်တစ်ဦးတည်း သုံးတဲ့ ကွန်ပြူတာ လက်တော့ကိုင်တဲ့အခါ လက်ဆေးပီးမှ ကိုင်တာဖြစ်လို့ ကွန်ပြူတာကို ဆေးဖို့ ဘာဖို့ မလိုအပ်ဖူးထင်တာပဲ။ အဲသည်လောက် စိတ်က စိုးရိမ်နေတာ မကောင်းဖူးလေ။ စိတ်မချရင် လက်သေချာဆေးဖို့ ပဲ။ ဟမ်းဖုန်းကျတော့ သိပ်မလိုအပ်ရင ်ဒါမှမဟုတ် ခနတဖြုတ်အပြင်ထွက်တာ ဈေးသွားရုံက ယူမသွားတော့ဘူး။ အကယ်၍ ယူရမယ်ဆိုရင် သူ့ကို သပ်သပ် ပလတ်စတစ်အိတ်နဲ့ ထည့်ပီး ထားမယ်။ အိမ်ရောက်ရင် အိတ်ကို လွှင့်ပစ်လိုက်။ ဒါဆို မဆိုးပါဘူး။ စိတ်မချရင် အရက်ပြန်နဲ့ ပွတ်တိုက်လိုက် ပေါ့။
နောက်ဆုံးတော့ စိတ် စိတ် စိတ် ပါကွယ်
နောက်ဆုံးတချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မူကင်းမဲ့လာခြင်းဟာ ကိုဗစ်နိုက်တင်းက ပေးတဲ့ အဆိုးဝါးဆုံး ထိုးနှက်ချက်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အပြင်ထွက်တာမပြောနဲ့ အိမ်တွင်းမှာတောင် ကိုယ့်ကိုယ်ကိုယ် မယုံတော့ပါဘူး။ ကြာလာတော့ ကိုယ့်လက်တောင်ကိုယ်မယုံတော့ဘူး။ ငါ့လက်က ငါမသိပဲ ဘာတွေ လျောက်ကိုင်ထားလဲ မသိဘူးဆိုတဲ့ အတွေးတွေ ဝင်ဝင်လာတာ ဘယ်လိုလုပ်မလဲ။ ကိုဗစ်ဆိုတာကလည်း ရောဂါလက်ခနာ က ၂ ရက်ကနေ ၁၄ ရက်အတွင်း တဲ့။ ကိုယ်က ၁၄ ရက်တခါ ဈေးထွက်ဝယ်တယ်ထား ပြန်လာပီးကတည်းက ၁၄ ရက်မပြည့်မချင်း စိတ်တစနဲ့နေနေရတာ တော်ကြာ စိတ်ကလေးက ပြေကာစရှိသေး ထွက်ရဦးမယ်ဆိုတော့ ဘယ်လိုလုပ် စိတ်အေးမလဲ။ အခုတခါ ၂၁ ရက် ဆိုပြန်တော့ စိတ်တစတန်းလန်းနဲ့ တခါ ထပ်ထွက်ရမယ်ဆိုရင် နှစ်ဆကနေ သုံးဆ စိတ်ဆင်းရဲရတယ်။ အဲဒါ ဘယ်လိုလုပ်ကောင်းမလဲ စိတ် ပြောပါတယ်။
သည်တော့ ကိုယ့်အိမ်သတင်းစာလာပို့တဲ့သူကို လည်းမေတ္တာပို့ရတယ်။ စာလာပို့တဲ့ ပို့စမင်းကြီးကိုလည်း မေတ္တာပို့ရတယ်။ သူတို့ဆီက သတင်းစာတွေ စာတွေ ကိုယ်ကလက်ခံနေရတာကိုး။ သူတို့လည်း နေကောင်း ရောဂါကင်းမှ ကိုယ်လည်း ရော၈ါကင်းမှာ။ ဒါ့အပြင်ကိုယ့်လမ်းထဲနေသူတွေကိုလည်း မေတ္တာပို့ရတယ်။ သူတို့တစ်ခုခုဖြစ်ရင် တလမ်းလုံး ဒုက္ခလေ။ ဒါ့အပြင် တရက်ကွက်လုံး မေတ္တာပို့ရတယ်။ ရက်ကွက်ထဲ တစ်ခုခုဖြစ်ရင် တရပ်ကွက်လုံး ကွာရန်တင်းမိရင် အားလုံး ဒုက္ခ။ တခြားရပ်ကွက်တွေလည်း မေတ္တာပို့ရတယ်။ သူများရပ်ကွက်ကလူတွေလည်း ကိုယ့်ရပ်ကွက်ထဲ ဝင်ထွက်နေတာကိုး။ ပီးတော့ ကိုယ့်မြို့တင်မက တခြားမြို့ရွာကျေးလပ်တောရွာတွေ မေတ္တာပို့ရတယ်။ အားလုံး ရောဂါကင်းမှ ဖြစ်မှာလေ။ တခြားတိုင်းပြည်တွေ နိုင်ငံတွေ မေတ္တာပို့ရပြန်တယ်။ ဖြစ်လာတတွေကလည်း ဟိုသည် ကုူးသန်း သွားလာ အလုပ်တွေ ထွက်လုပ်ကြ လည်ပတ်ကြရာကနေ ကူးစက်လာကြတာကိုး။
အခုဖြစ်ပွားနေတဲ့ ကိုဗစ်စစ်ပွဲကြီးမှာ ကိုယ့်အသက်ကို ပဓနမထား တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေ လိုအပ်တဲ့နေရာမှာ လိုအပ်သလို တာဝန်ထမ်းဆောင်ဖို့ ဝန်မလေးကြတဲ့ စေတနာ့ဝန်ထမ်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေ အားလုံးအားလုံး တယောက်မကျန်ကို မေတ္တာပို့ပါတယ်။ တရပ်ကွက်နဲ့ တရပ်ကွက် တနယ်နဲ့တနယ် တမြို့နဲ့တမြို့ တတိုင်းပြည်နဲ့တတိုင်းပြည် ဟာဖြင့် သွားလာလှူပ်ရှားလှည့်ပတ် နေကြရတာကြောင့်လည်း တကမ္ဘာလုံး ဒီရောဂါကပ်ဘေးက ကွင်းလုံးကျွတ်မှပဲ စိတ်ချလက်ချ နေနိုင်တော့မယ်။ သွားလာနိုင်တော့မယ်။ ဒါကြောင့် ယနေ့ယခုကျရောက်နေသော ရောဂါကပ်ကြီးမှ အမြန်ဆုံး ပင်လ ျှင် တကမ္ဘာလုံး တတိုင်းပြည်လုံး တမြို့လုံး တနယ်လုံး တရွာလုံး တရပ်ကွက်လုံး တလမ်းလုံးဟာ လုးံဝဥသုံ လွတ်မြောက်ပြီး အားလုံးအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး ခုနှစ်ရက်သားသမီးများအားလုံး ရောဂါကင်းစင် ကျမ်းမာချမ်းသာ ကြပါစေဟူ၍ မေတ္တာများစွာဖြင့် ဆုတောင်းလိုက်ပါသည်။
No comments:
Post a Comment