Friday, January 29, 2016

(နိုဘယ်မြန်မာကလေးစာပေထုတ်တစ်အုပ်


သွားနတ်သမီးလေး ပုံပြင်

(နိုဘယ်မြန်မာကလေးစာပေထုတ်)

ဘာသာပြန်သူ - တက္ကသိုလ်ရွှေရီဝင်း

မူရင်း - The Story of the Tooth Fairy

ထုတ်ဝေသူ - နေရီရီစာပေ

အမှတ် (၂/က) အောင်ရတနာလမ်း လမ်းမတော်မြို့နယ် ရန်ကုန်
ဖုန်း - ၀၉ ၄၅၀၀ ၂၈၆၅၁၊ ၀၉ ၂၅၄၅ ၁၅၉၇၃။



အုပ်ရေ - ၅၀၀

တန်ဖိုး - ၁၂၀၀ကျပ်

စာမျက်နှာ - 24

ပုံပြင်နားထောင်ချင်သော ကလေးများအတွက် ဖတ်ပြစရာ စာအုပ်လေးတစ်အုပ် ဖြစ်ပါသည်။ 

ကာလာနဲ့ ထုတ်ထားတာကြောင့် ဆေးရောင်စိုစိုလေးနဲ့ စိတ်ဝင်စားဖွယ်ပုံပြင်စာအုပ်ကလေး ဖြစ်ပါသည်။ 

လူတိုင်းဟာ ငယ်သွားကလေး ကျွတ်ဖူးကြမှာပါ။ သည်တော့ ကောင်မလေးက 

သူ့သွားလေးမရှိတော့လို့ငိုတယ်။ သည်နေရာမှာ သွားအသစ်ကလေး ထွက်လာမှာပါလို့ 

မိခင်ဖြစ်သူကပြောလဲ ငိုနေတုန်းပဲ။သည်တော့ သွားနတ်သမီးကလေးဖြစ်လာမယ့် အက်စ်ထရစ် ဆိုတဲ့ 

နတ်သမီးကလေး ဘာလုပ်မလဲ။ မြန်မာပြည်တွင်လည်း ကလေးလေးတွေ ငယ်သွားကျွတ်သွားချိန်မှာ 

ဘယ်လိုပုံပြင်ကလေးက သူတို့ကို ပျော်ရွှင်စိတ်ချမ်းသာ သွားစေပါသလဲ။ ပုံပြင်ကလေးကိုဖတ်ရင်း 

စဉ်းစားကြည့်ကြတာပေါ့။


အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ နှင့် အဲလစ်နှင့် မှန်၏ဟိုဖက် စာအုပ်နှစ်အုပ်


အဲလစ်နှင့်အံဖွယ်ကမ္ဘာ  (Lewis Carroll ၏ Alice in Wonderland)
ဘာသာပြန်သူ – ဂျူနီယာဝင်း
ပထမအကြိမ်- မုံရွေး ၂၀၀၇
ဒုတိယအကြိမ် – နေရီရီစာပေ ၂၀၁၆ ဇန်နဝါရီ
အမှတ်၂ / က၊ အောင်ရတနာလမ်း လမ်းမတော်မြို့နယ်။
တန်ဖိုး – ၁၈ဝဝကျပ်
စာမျက်နှာ – ၁၅၀
လူဝီကာရိုး၏ ပထမတစ်အုပ်ဖြစ်သော Alice in Wonderland က ပထမအကြိမ် မုံရွေးကထုတ်စဉ်က ထွန်းဖောင်ဒေးရှင်းကနေ ကလေးစာပေ ဘာသာပြန်ဆု ရခဲ့ဖူးပါသည်။ ယခုဒုတိယအကြိမ်က ယခုနှစ်ကျင်းပသော နိုဘယ်မြန်မာကလေးစာပေ စာအုပ်စာရင်းဝင်အဖြစ် ပါဝင်ထားပါသည်။

ဇာတ်ကောင် ကလေးမလေး အဲလစ်တစ်ယောက် ယုန်တွင်းထဲကျသွာားပြီး ထူးဆန်းသော အကောင်တွေနဲ့ တွေ့ဆုံကြုံရပုံများပါဝင်ပါသည်။ လူးဝစ်ကာရိုး၏ မူရင်းအတိုင်း ဘာသာပြန်ထားတာဖြစ်ပါသည်။ သူရေးသော ကဗျာများသည် ဘာသာပြန်ဖို့ခက်ခဲယုံမက သူတို့တိုင်းပြည်က သင်ကြာားသော ကဗျာရှည်များကို ဖျက်ကာ ရယ်စရာဖြစ်အောင် ရေးသားထားတာများ ဖြစ်ပါသည်။ ယင်းအတိုင်း ဘာသာပြန်ဖို့ တော်တော်လေး စဉ်းစားပြီး ဂရုတစို်က်ဘာသာပြန်ခဲ့ရပါသည်။ သချာင်္အတွေးအခေါ်များ၊ လောဂျစ်များသည် စာအုပ်တစ်အုပ်လုံး လွှမ်းနေတာကြောင့် ဝေဖန်ရေးဆရာများ၏ လူးဝစ်ကာရိုးအပေါ် တော်တော်လေး အဝေဖန်ခံရသော စာအုပ်လဲဖြစ်ပါသည်။

သို့သော် ထိုဝေဖန်ရေးဆရာများမသိတာက စာရေးဆရာ အဓိကရည်ညွန်းသော ပရိသတ်မှာ ကလေးငယ်ကလေးများအတွက် ဖြစ်ပါသည်။ သူတို့ကို မဟုတ်ပါ။ ကလေးငယ်များဆိုတာ အင်မတန်ဖြူစင်သော စိတ်အတွေးလေးများ ပိုင်ဆိုင်ပါသည်။ သူတို့လေးတွေက ပုံပြင်ကို အဲသည်လိုပဲ ဆွဲခေါ်သွားတာကို လိုက်ပါသွားသူများဖြစ်ပါသည်။ ကလေးများနဲ့အတူ အဲသည်လိုစိတ်ကူးလေးအတိုင်း လိုက်ပါရင်းဖြင့် ထိုစာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့တာ ဖြစ်ပါသည်။
အဲလစ်နှင့် မှန်၏ဟိုဘက် (Alice Through the Looking Glass by Lewis Carroll)
ဘာသာပြန် – ဂျူနီယာဝင်း
နေရီရီစာပေ
ပထမအကြိမ်
၂၀၁၆ ဇန်နဝါရီ
အမှတ် ၂ (က)၊ အောင်ရတနာလမ်း လမ်းမတော်မြို့နယ်
အုပ်ရေ – ၅၀၀
တန်ဖိုး- ၂ဝဝဝကျပ်
စာမျက်နှာ -၁၈၀
သည်စာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့တာ ၂၀၀၉ ခုနှစ်လောက်ဖြစ်ပါသည်။ မုံရွေးစာပေက မထုတ်ဖြစ်သဖြင့် ရိုက်ပြီးသားစာမူကို သိမ်းထားခဲ့ပါသည်။ နောက်တော့ ၂၀၁၅ လောက်ကျတော့ ကင်ဒဲယ်မှာ အီးဘုတ်ထုတ်ဖြစ်ခဲ့ပါသည်။ မြန်မာပြည်တွင်းမှာ ထုတ်မယ့်သူမရှိပဲ နေလာတာ ကြာပြီ ဖြစ်ပါသည်။ ယခုတော့ နေရီရီစာပေကနေ အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ နှင့်အတူတူ ထုတြ်ဖစ်ခဲ့တာဖြစ်လို့ ဝမ်းသာကျေးဇူးတင်ပါသည်။
ဤစာအုပ်တွင် အဲလစ်တစ်ယောက် ကြည့်မှန်၏ တဖက်ကို ရောက်သွားရင်း ဇာတ်ကောင်လေးတွေနဲ့ တွေ့ကြပုံဖြစ်ပါသည်။ တအုပ်လုံးသည် ရှေ့ကစာအုပ်ကဲ့သို့ပင် သချာင်္သဘောတရားများ၊ လောဂျစ်များသာမက ရူပ်ထွေးသော စစ်တုရင်အကွက်များကိုပင် ထည့်သွင်းထားတာကြောင့် ပိုပြီး ခက်ခဲသော စာအုပ်တစ်အုပ်ဖြစ်နေပါသည်။ သည်တော့ ကလေးတွေက ကြိုက်နိူ်င်ပါ့မလားဟု တွေးစရာဖြစ်ပါသည်။ သို့သော ်လူးဝစ်ကာရိုးရေးသားသောာ ထိုဒုတိယစာအုပ်သည်လည်း ကလေးပရိသတ်များ ဆထက်တပိုး ရခဲ့တာကို တအံ့တသြ သိရှိရပါသည်။
ထိုစာအုပ်နှစ်အုပ်ကိုပေါင်း၍ Walt Disney က Alice in Wonderland ကာတွန်းကားကို ရိုက်တာဖြစ်ပါသည်။ ထိုကာတွန်းကားထဲတွင် စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင်များ ပါဝင်ထားသလို ကဗျာများသည်လည်း ထိုစာအုပ်နှစ်အုပ်ထဲက ပေါင်းပြီး သုံးထားတာ ဖြစ်ပါသည်။ ကာတွန်းဇတ်ကောင်များ ပြောသော စကားများ၊ ကဗျာလင်္ကာများသည် Walt Disney ၏ ပညာဖြင့် ရိုက်ပြထားတာကြောင့် လူုးဝစ်ကာရိုးရေးသော ခက်ခဲသည့် စာကြောင်းများကို လူတိုင်း ပေါ့ပေါ့ပါးပါး လက်ခံနိုင်ကြတာကို တွေ့ရပါသည်။ အလွန်ခက်ခဲသော ကဗျာရှည်ကြီးများနှင့် ဘာမှန်းမသိလောက်အောင် ရောက်တတ်ရာရာ ရေးထားသည်များကို ကာတွန်းတွင် တေးဂီတများထည့်သွင်းကာ ကာတွန်းရုပ်ကလေးများ သီဆိုကြတာကြောင့် အလွန်သဘောကျစရာ ဖြစ်သွားပါသည်။

နိဂုံး –
ယခုထွက်ရှိသော စာအုပ်၂အုပ်စလုံးကို မူရင်းအတိုင်း ဘာသာပြန်ထားပါသည်။ ၁၈၅၆ – ၅၈ ကာလများမှာ ထွက်ရှိခဲ့သော ထိုစာအုပ်၂အုပ်ကို ဘာသာပေါင်းစုံပြန်ဆိုခဲ့ကြပါသည်။ မြန်မာပြည်တွင် ထိုမူရင်းစာအုပ်ကို၂၀၀၇ ခုနှစ်ကျမှ ပထမဦးဆုံး ဘာသာပြန်ထွက်ရှိလာတာ ဖြစ်တာကြောင့် နှစ်ပေါင်း ၁၅၀ ကျော်ကြာခဲ့ပြီမှ မြန်မာစာဖတ်သူတွေ လက်ထဲ ရောက်လာတာ ဟုဆိုရမည် ဖြစ်ပါသည်။ ငယ်စဉ်တုန်းက မြန်မာပြည်က ကာတွန်းဆရာများ၏ ကျေးဇူးကြောင့် အဲလစ်အံ့ဖွယ်ကမ္ဘာ ဇာတ်လမ်းသရုပ်ဖော် ဇာတ်လမ်းတိုလေးများ ဖတ်ခဲ့ဖူးတာ မှတ်မိနေပါသည်။
အဲလစ်စာအုပ်နှစ်အုပ်စလုံးသည် နိုင်ငံတကာ အဆင့်မှီပုံပြင်စာအုပ်များ ဖြစ်ပါသည်။ ယနေ့တိုင် ကလေးများကြား မှတ်မိနေသော ဇာတ်ကောင်များ ပါဝင်ထားပါသည်။ ထို့ကြောင့် ဘာမှမပြောင်းလဲထားပဲ သည်အတိုင်းပင် ခံစားပြီး ဘာသာပြန်ဆိုထားပါသည်။ အဲလစ်နဲ့ လ္ဘက်ရည်ပါတီသည် အလွန်နံမယ်ကြီးသော အခန်းဖြစ်ကာ၊ ဘုရင်မကြီး၏ ဟာသမြောက်လှသော ခရစ်ကတ်ကစားပွဲကိုလည်း တွေ့ရပါသည်။ ဗစ်တိုးရီးယားဘုရင်မကြီးက အဲလစ်ပုံပြင်စာအုပ်၂အုပ်ကို ဖတ်ပြီးတဲ့နောက် အလွန်နှစ်သက်လှသဖြင့် လူးဝစ်ကာရိုး၏ နောက်ရေးတဲ့စာအုပ်တွေ ယူခဲ့စမ်းဟုဆိုရာ သူ့အမတ်တွေက လူးဝစ်ကာရိုးရေးသားသော သချာင်္စာအုပ်များကို ယူလာကြလေသည် ဟူသတဲ့။
လူးဝစ်ကာရိုး၏ ဇာတ်ကောင်လေးများဖြစ်သော တွီဒယ်ဒန်နဲ့ တွီဒယ်ဒီ အမွှာညီနောင်နဲ့ ဟမ်ပတီဒန်ပတီကတော့ ကာတွန်းထဲက ချစ်စရာ ဇာတ်ကောင်လေးများ ဖြစ်နေပါသည်။ မြင်းစစ်သည်တော် ရွတ်ပြသည့်ကဗျာတွေကလည်း ဘာတွေမှန်းကို မသိပါ။ ကမာကောင်ကလေးတွေကို စားပစ်သည့်အခန်းကတော့ တော်တော်ဆိုးပါသည်။ လူးဝစ်ကာရိုးက ဒါမျိူးတွေလည်း ရေးပါလားဟု တွေးစရာဖြစ်ရပါသည်။ သို့သော် ကလေးဆိုတာ အဲသည်လိုလေးတောင် မတွေးပါ။ အဲသည်လိုတွေးမိပါက သင်လူကြီးဖြစ်နေပြီဟု ဆိုရမည်ဖြစ်ပါတော့သတည်း။

၂၀၁၅ နိုဘယ်မြန်မာ – ကလေးစာပေပွဲတော်အတွက် စာအုပ်တချို့

၂၀၁၅ နိုဘယ်မြန်မာ – ကလေးစာပေပွဲတော်အတွက် စာအုပ်တချို့


နိုဘယ် – မြန်မာ ကလေးစာပေ ၂၀၁၅နှစ်အတွက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် မြေနီကုန်းအနီး ရှင်စောပုလမ်းရှိ MEP မှာ ကျင်းပပြုလုပ်မည်။  နိုဘယ်-မြန်မာ စာပေပွဲတော်တွင် စာအုပ်တိုက်များကနေ ကလေးစာအုပ် ၁၀၀ ပါဝင်လျက် ထူးထူးခြားခြာ်း ရောင်းချပေးသွားမည်ဟု သိရပါသည်။ ထိုကလေးစာပေအဖြစ် ရွေးချယ်ပြသထားမည့် စင်တွင်လည်း ပါဝင်သည့်စာအုပ်များကို ရွေးချယ်ကာ စိတ်ကြိုက်အားပေးလို့ရမည် ဖြစ်ပါသည်။
ယခုလေ့လာမိသလောက်တော့ ဦးဖိုးကျားရေးသားသော စာအုပ်၊ လူထုဦးလှပုံပြင်စာအုပ်၊ မြနှောင်းညိုေ၇းသားသောကလေးပုံပြင်စာအုပ်၊ ရိုးရာပုံပြင်များ၊ ကလေးကဗျာများ၊ ကြည်နိုင်၏ ကလေးပုံပြင်၊ တက္ကသိုလ်ရွှေရီဝင်း ဘာသာပြန် ထားသော ဒေါက်တာစူးပြောသော ပုံပြင်စာအုပ်များ၊ ဂျူနီယာဝင်း ဘာသာပြန်ထားသည့် အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ၊ အဲလစ်နှင့် မှန်၏ ဟိုဖက် အစရှိသည်များကိုလည်း ထိုအုပ် ၁၀၀ စင်ပေါ်မှာ သို့မဟုတ် စာပွဲပေါ်မှာ တွေ့ကြရပေဦးမည်။ ယခုတော့ လက်လှမ်းမှီသလောက်သော အုပ် ၁၀၀ စာရင်းဝင် စာအုပ်တချို့ကို တင်ပြလိုက်ရပါသည်။

အုပ်ချူပ်သူမျော်နေသော ဖားများနှင့် ဒဏာရီပုံပြင်များ
မူရင်း The Frogs want a Ruler and other stories
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း

အင်္ဂလိပ်မြန်မာ ဆေးရောင်စုံစာအုပ်ကလေး
ရန်အောင်စာပေ။ အထက (၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်း
ဖုန်း – ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၅၁။
အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၀၀၀ကျပ်
ပထမအကြိမ် ၂၀၁၅ ဒီဇင်ဘာ
မျက်နှာဖုံးဒီဇိုင်း – ကိုဇော် (ရန်ကင်း)
စာမျက်နှာ ၂၄
ဒဏ္ဍာရီပုံပြင်များကား စာဖတ်သူများကို အပြင်းပြေစေသည့်ပုံပြင်များဖြစ်ပေသည်။ သင်ခန်းစာလည်း ပေးတဲ့အခါပေးပါသည်။ လူတွေ၏ မဆင်မခြင်လုပ်ဆောင်မူများကိုလဲ လှောင်ပြောင်ကာ ရေးသားထားသည် များလဲ ပါဝင်ပါသည်။ ဒဏာရီတော်တော်များများမှာတော့ တိရစ္ဆာန်များ သို့မဟုတ် အပင်များကို ဇာတ်ကောင်များ အဖြစ် ဖန်တီးထားတာတွေ တွေ့ရတတ်ပါသည်။ ဒဏ္ဍာရီဆိုတာ လူတွေ တဆင့်ပြီးတဆင့် ပြောဆိုလာရာ ကနေ လက်ဆင့်ကမ်းသယ်လာရင်း ယနေ့တိုင် မကွယ်မပျောက် ရှိနေကြတာ ဖြစ်ပါသည်။ သည်တော့ ပြောဆိုလာကြရာက မူရင်းဇာတ်လမ်းတော့ နည်းနည်းပါးပါး ကွဲပြားမူတွေတော့ ရှိကောင်းရှိနိုင်ပါသည်။
ယခုသည်စာအုပ်က ထိုဒဏာရီများကို ကာလာရုပ်ပုံများနဲ့အတူ ခံစားရင်း ကြိုက်နှစ်သက်ကြမည် ဖြစ်ပါသည်။ ပုံပြင် ၇ ပုဒ်ပါဝင်ထားပြီး အင်္ဂလိပ်မြန်မာ တွဲဖက်ကာ ဖော်ပြထားတာကြောင့်၎င်း၊ ပုပြင်တစ်ပုဒ်ဆီမှာ ပါဝင်သော စကားပုံသဖွယ် စာကြောင်းများကို လိုက်ဖတ်ရင်း အသိပညာ တိုးသွားကြမည် ဖြစ်ပါသည်။ ဥပမာ – ‘Physical strength may be overcome by intelligence. = အင်အားကြီးသူကို ပညာဥာဏ်ဖြင့် အနိုင်ယူနိုင်သည်။’



ကလေးတို့ဖတ်ဖို့ ၁၀၀၁ည ပုံပြင်များ
မူရင်း – 1000 Nights and a Night
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း

ရန်အောင်စာပေ ။ အထက (၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်း
ဖုန်း – ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၅၁။
အုပ်ရေ ၅၀၀
တန်ဖိုး ၂၅၀၀ကျပ်
စာမျက်နှာ ၂၃၇
၁၀၀၁ညဆိုတဲ့ ပုံပြင်တွေထဲက ပုံပြင် ၂၀ ပါဝင်ထားသည်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ကြားခဲ့ဖူးသော အလီဘာဘာနှင့် ခိုးသား၄၀၊ အာလာဒင် အစရှိသော ပုံပြင်များကို ပြန်တွေ့ကြရမည်။ ထိုဇာတ်လမ်းများကို ရုပ်ရှင်များ ကာတွန်းများပင် ရိုက်ကြရာ ကလေးများလည်းကြိုက်၊ လူကြီးများလည်း နှစ်သက်ကြရသည်။
ဘုရင်တပါးက သူ့အပေါ်သစ္စာမရှိသော မိဖရားတစ်ပါးကို အကြောင်းပြုလို့ မိန်းမများကို မုန်းတီးလျက်ရှိကာ သူ့အား တစ်ည တစ်ယောက် သတို့သမီးဆက်စေလျက် ထိုဆက်သသော သတို့သမီးကို နောက်တစ်နေ့နံနက်တွင် သတ်စေသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့အား သစ္စာဖောက်ရန် အခွင့်မပေးခြင်း ဖြစ်သည်။ ဤသို့နှင့် သူတို့တိုင်းပြည်မှာ သတို့သမီးတစ်ယောက်မှ မကျန်သည့်အဖြစ်ကို ရောာက်ရသည်။ နောက်ဆုံး သတို့သမီး ရှာရာဇတ် အလှည့်ရောက်ချိန်မှာ ထိုမင်္ဂလာဦးညတွင် သူကပုံပြင်ကြိုက်သော ဘုရင်ကြီးကို ပုံပြင်တစ်ပုဒ်စပြောသည်။ နောက်တစ်နေ့တွင် ဆက်ရန်ရှိဦးမည့်ပုံပြင်ကို တပိုင်းတန်းလန်း ရပ်ပစ်လိုက်သည်။ ဘုရင်ကြီးသည် နောက်တစ်နေ့ သတို့သမီးကို သတ်ရန်လာခေါ်သည့် သူများကို ပုံပြင်မပြိးသေးသဖြင့် နောက်တစ်နေ့မှ လာဖို့ပြောလိုက်သည်။ ဤသို့နှင့် ပုံပြင်ဟာ ဆက်လက်၍ ပြောလိုက်တာဟ တစ်ထောင့်တစ်ည တိုင်သွားလေသည်။
ထိုပုံပြင်များ၏ မူရင်းမှာ အာရေဗျ ကဖြစ်သည်။ ထိုအာရေဗျဘာသာကနေ ပြင်သစ်လူမျိုး တစ်ဦးဖြစ်သူ Antoine Galland က အတွဲပေါင်း ၁၀တွဲ (၁၇၀၄-၁၇၁၂) တွင် ဘာသာပြန်သည်။ နောက်၂တွဲကို ၁၇၁၇ တွင် ထွက်သည်။ ၁၇၀၆ တွင် ယင်းကို အင်္ဂလိပ်ဘာသဖြင့် ဘာသာပြန်ထွက်ရှိသည်။ မြန်မာဘာသာဖြင့် သခင်ဘသောင်း (1902-1982) တွင် ဘာသာပြန်ထွက်ရှိသည်။ ယခုစာအုပ်မှာ ကလေးများအတွက် ဖတ်ရန်ရေးသားထားသော ၁၀၀၁ည ပုံပြင်တွေထဲက အတွဲတစ်ခု ဖြစ်ပါသည်။

၂၀၁၅ သချာင်္ဥာဏ်စမ်းများ
ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ရန်အောင်စာပေ။ အထက (၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်း
ဖုန်း – ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၅၁။
မျက်နှာဖုံးဒီဇိုင်း – သင်းနွယ်ဆွေ
ပထမအကြိမ် ၂၀၁၅ ဇွန်
အုပ်ရေ – ၁၀၀၀
တန်ဖိုး ၁၅၀၀ကျပ်
စာမျက်နှာ – ၁၂၈
သချာင်္ဥာဏ်စမ်းပေါင်း ၅၃ ခုပါဝင်ကာ ရုပ်ပုံများနှင့်အတူ စိတ်ဝင်စားဖွယ် မေးခွန်းများပါဝင်သော သည်စာအုပ်လေးက သည်ကလေးစာပေ နိုဘယ်မြန်မာ ထဲ ၀င်သွားပါသည်။ စဉ်းစားပုံစဉ်းစားနည်းများ ပါဝင်သောကြောင့်လဲ သချာင်္တွက်ရင်း ဦးနှောက်လည်း သုံးရင်းနဲ့ ပျော်ရွှင်ဖွယ်တွက်ကြည့် ရမည် ဖြစ်ပါသည်။ မေးခွန်းများကလဲ စိတ်ဝင်စားစရာပါ။
‘ ဘယ်သူက ကော်ဖီ ဘယ်သူက လက်ဖက်ရည်လဲ’ ‘သဘောင်္၆စင်းနဲ့ ခရီးသည်များ’ထဲက ခရီးသည် ဘယ်နှစ်ဦးလိုက်မှာလဲ။ ‘ ၀င်္ကဘာထဲကထွက်နည်းရှာပေးပါ’ စသဖြင့် စသဖြင့်တို့အပြင်၊ စက်လှေကားပြသနာများ၊ စီးပွားရေးလိမ်လည်မူကြီး၊ A4 စက္ကူနှင့် အမျိုးသမီးများ၏ ဆွဲဆောင်မူ၊ အစရှိသည်တို့သည်လည်း သချာင်္ပုစ္တာများအဖြစ် တွေ့ကြရဦးမည်။ ရုပ်ပုံကလေးများက ကလေးများအကြိုက်ဖြစ်ကာ သချာင်္မေးခွန်းများကလည်း စိတ်ဝင်တစား စဉ်းစားစဖွယ် ဖြစ်ပါသည်။ အဖြေများလည်းပါတာကြောင့် ချက်ချင်းအဖြေညှိကြည့်လိုက်တာပေါ့။
ရွှေမိနဲ့ အင်္ဂလိပ်စာ
မောင်ရစ်

ရန်အောင်စာပေ။ အထက (၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်း
ဖုန်း – ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၅၁။
အုပ်ရေ – ၅၀၀
တန်ဖိုး – ၁၅၀၀ ကျပ်
စာမျက်နှာ – ၉၆
မျက်နှာဖုံး – အောင်ထက်
၂၀၁၆ ဇန်န၀ါရီ ပထမအကြိမ်နေ့စဉ်အင်္ဂလိပ်စကားပြောများထဲက အင်္လကာသုံး၊ ဗန်းစကားအသုံးများကို ရွှေမိနဲ့ အင်္ဂလိပ်စာ သင်ခန်းစာများပေးသွာားသော တစ်မျက်နှာ ကာတွန်းများဖြစ်သည်။ ၂နှစ်ခန့်ကြာ အကယ်ဒမစ်ဝီးကလီတွင် အပတ်စဉ်ရေးသားနေသော ကာတွန်းမောင်ရစ်၏ ရွှေမိနှင့် အင်္ဂလိပ်စာ များကို စုပေါင်းတင်ဆက်ထားတာ ဖြစ်ပါသည်။ ပျော်တော်ဆက်တွင် ကာတွန်းတင်ဝင်း၏လက်ရာ တူးမာနဲ့အင်္ဂလိပ်စာ များကို မှတ်မိကြမည်ဆိုပါလျှင် ယခုစာအုပ်ကို စာဖတ်သူများ စိမ်းမည် မထင်ပါ။ ယခု နိုဘယ်မြန်မာ ကလေးစာပေမှာ စာတစ်အုပ်အဖြစ် တွေ့မြင်ကြရတာကြောင့် ကာတွန်းမောင်ရစ်၏ ကာတွန်းလက်ရာများကို ကြည့်ရင်းနဲ့ အင်္ဂလိပ်စာပါတိုးသွားမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။

Sunday, January 10, 2016

စာအုပ် မှတ်တမ်း စာအုပ်အမည် - လူသူဝေးကွာ ရိပ်သာယာ


စာအုပ် မှတ်တမ်း

စာအုပ်အမည် - လူသူဝေးကွာ ရိပ်သာယာ
ရေးသူ - ဂျူနီယာဝင်း
မူရင်းစာအုပ် - Junior Win ၏ A Memory of My Grandparents
မျက်နှာဖုံးပန်းချီ - ယဉ်မင်းပိုက်
မျက်နှာဖုံးဒီဇိုင်း - ကိုနေလင်း
ထုတ်ဝေသူ - ရန်အောင်စာပေ
အထက (၁) ရန်ကင်းရှေ့၊ ၁၂လုံးတန်းမှတ်တိုင်အနီး
ဖုန်း - ၀၉ ၅၁၇ ၉၃၉၈၊ ၀၉ ၇၃၂ ၄၃ ၈၉၁။
အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
ပထမအကြိမ်
၂၀၁၅ ဒီဇင်ဘာ
စာမျက်နှာ - ၁၅၀ခန့်
ISBN 978 99971 0 172 3

Junior Win၏ A Memory of My Grandparents အင်္ဂလိပ်လိုရေးသားသော စာအုပ်ကို မြန်မာဘာသာဖြင့် ဘာသာပြန်ထုတ်သော စာအုပ်ဖြစ်သည်။ ၂၀၁၅တွင် ကျရောက်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့ ရာပြည့်အတွက် အမှတ်တရထုတ်သော စာအုပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ၂၀၁၅ မေလတွင် ထုတ်ဝေခဲ့ကာ ယခုစာအုပ်သည် မြန်မာဘာသာဖြင့် ထွက်ရှိသော အမှတ်တရ စာအုပ် အသစ်ဖြစ်သည်။ စာအုပ်တွင် မူရင်းစာအုပ်က ဓါတ်ပုံအချို့နှင့် အတွင်းတွင် ကာတွန်းမောင်ရစ်ရေးဆွဲမူများကို တွေ့ရမည်။ ထို့အပြင် ၂၀၁၅ မေလတွင် ကြင်းပခဲ့သော ရာပြည့်အမှတ်တရ ဓါတ်ပုံအချို့ကိုလည်းတွေ့ရပါသည်။ ဒေါ်ခင်မျိုးချစ် ဦးခင်မောင်လတ်တို့၏ ခုနှစ်မှတ်တမ်းများ၊ မိသားစုရေးသားခဲ့သော စာအုပ်မှတ်တမ်းများလည်း ပါဝင်ထားသည်။ စာဖတ်သူများအတွက် အင်္ဂလိပ်ဘာသာစာအုပ်နှင့်အတူ ယှဉ်တွဲဖတ်လို့ကောင်းမည့် စာအုပ်တစ်အုပ်လည်းဖြစ်သည်။ 

ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ဘ၀မှတ်တမ်းမှတ်ရာများ၊ လျောက်လှမ်းခဲ့သော ဘ၀ခရီးလမ်းများကို မြန်မာပြည်ခေတ်သမိုင်းအဖြစ်အပျက်များနှင့်အတူ တွေ့ကြရမည်။ သမိုင်းဝင်ဓါတ်ပုံများ၊ ခေတ်၏ပုံရိပ်များ၊ နိုင်ငံရေး လူမူဘ၀အထွေထွေ စာရေးဆရာဘ၀ စာသင်ဆရာဘ၀များကို စာတစ်မျက်နှာစီကနေ စာဖတ်သူများကို ဆွဲဆောင်ခေါ်ယူသွားမည့် အမှတ်တရစာအုပ်ဖြစ်ပါသည်။


Friday, January 8, 2016

“လူသူဝေးကွာရိပ်သာယာ” ဂျူနီယာဝင်း


Junior Win ၏ A Memory of My Grandparents ကို မြန်မာပြန်လိုက်တဲ့

လူသူဝေးကွာရိပ်သာယာ

ဂျူနီယာဝင်း


ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ၂၀၁၅နှစ်တစ်ရာပြည့်အတွက် ရည်ရွယ်ကာ ဘာသာပြန်ထားတာဖြစ်ပြိး ယခုထွက်ရှိလာပြီဖြစ်ပါသည်။ မေလ ၂၀၁၅ခုနှစ်တွင် A Memory of My Grandparents စာအုပ်ထွက်ရှိခဲ့ကာ မေလ ၉ ရက်နေ့တွင် နှစ်တစ်ရာပြည့်အဖြစ် ပြည်ရိပ်သာခြံဝင်းထဲမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။ အင်္ဂလိပ်စာအုပ်သည် ၂၀၁၄ မေလ ၁ ရက်နေ့ကမှ စတင်ရေးသားခဲ့ကာ ၈လကျော်အချိန်ယူကြာမြင့်ခဲ့ပြီး တစ်နှစ်ကြာမှ ၂၀၁၅မေလအမှီ ထွက်လာတာဖြစ်ပါသည်။ သို့သော် ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားစဉ်က မြန်မာဘာသာဖြင့် ဘာသာပြန်ဖို့ စိတ်ကူးမရှိခဲ့ပါ။ 2015 သြဂုတ်လ ၂၄ ရက်နေ့သည် ဘဘကြီးဦးခင်မောင်လတ်၏ နှစ်တစ်ရာပြည့်ခဲ့သော နေ့ဖြစ်သည်။ ၂၀၁၄ မေလ ၁ ရက်ရောက်စဉ်က မေမေကြီးဘဘကြီးတို့၏ နှစ်တစ်ရာ ၂၀၁၅ရောက်ရင် ဆိုပြီးစာအုပ်ရေးဖို့ အတွက်စဉ်းစားမိသလို ဘဘကြီးနှစ်တစ်ရာရောက်တော့ အမှတ်တရတစ်ခုခု ဘာလုပ်ရင်ကောင်းမလဲ ဟုစဉ်းစားမိရာက ထိုစာအုပ်ကို မြန်မာလိုစပြန်ဖို့ စိတ်ကူးကို အကောင်အထည်စဖော်မိခြင်းဖြစ်ပါသည်။ 

အင်္ဂလိပ်ဘာသဖြင့် ရေးသားစဉ်က စိတ်ကူးအတွေးများကို အင်္ဂလိပ်စာကြောင်းများဖြင့်သာ တွေးယူစဉ်းစားရေးသားခဲ့တာများဖြစ်တာကြောင့် မြန်မာဘာသာဖြင့် ပြန်ဆို၇ာတွင် ကိုယ့်စာကို်ယ်ပြန်ရတာ ဖြစ်သောလဲ အခက်အခဲများတွေ့ခဲ့ရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားစဉ်က စိတ်ကူးအတွေးများသည် ဘာအနှောင်အဖွဲ့မှမရှိပဲ ကျယ်ပြောသည့် ကောင်းကင်ထဲ လွတ်လပ်စွာ ၀ဲပျံနေရသလိုခံစားခဲ့ရပါသည်။ ယခုတော့ ဆေးရောင်စုံကမ္ဘာထဲကနေ အဖြူအမဲသို့ ရုတ်တရက်ပြောင်းသွားသော ရုပ်ရှင်ကားချပ်တစ်ခုကြည့်ရသလို ဖြစ်သွားပါသည်။ 

ဓါတ်ပုံများကအစ မူရင်းစာအုပ်တွင် ပါဝင်ထားသော ပုံစံမျိုးမဟုတ်တော့ပဲ များစွာ အပြောင်းအလဲများ လုပ်ထားပါသည်။ ၂၀၁၅ မေလ ၉ ရက်နေ့တုန်းက ကျင်းပဖြစ်ခဲ့သော နှစ်တစ်ရာပွဲ အကြောင်းကိုဖြည့်စွက်ထားပါသည်။ မူရင်းအင်္ဂလိပ်စာအုပ်တွင် အချိန်မရှိသောကြောင့် မထည့်လိုက်ရသော သူတို့၏ရက်စွဲမှတ်တမ်းအပြင် ဓါတ်ပုံအင်ဒက်စ်ကိုလည်း ထည့်ထားပါသည်။ ထို့အပြင် အင်္ဂလိပ်လို စာအုပ်ရေးသားစဉ်တုန်းက မမှီလိုက်သော အကြောင်းအရာတချို့နှင့် ဓါတ်ပုံတစ်ချို့ကိုလဲ ဖြည့်ထားပါသည်။ အတွင်းပုံများကို လိုအပ်သောပုံများ ကာတွန်းမောင်ရစ်က ဆွဲပေးပါသည်။ သူ့ပုံများကြောင့် စာအုပ်သည် အသက်ဝင်သွားပါလိမ့်မည်။ မျက်နှာဖုံးပန်းချီကို ဆရာယဉ်မင်းပိုက်က မေတ္တာဖြင့် ရေးဆွဲပေးတာကြောင့် ယင်းအပေါ်တွင် ဒီဇိုင်းတစ်ခုကိုဒီဇိုင်းဆရာ နေလင်း ကဖန်တီးပေးပါလိမ့်မည်။ ရှိရှိသမျှသော တောက်ပခြင်း၊ လင်းလက်ခြင်းတွေနဲ့ စာအုပ်ကလေးကို ထင်ရှားစွာ ရှိစေချင်ပါသည်။ 

အခုမြန်မာဘာသာပြန်သည် ၂၀၁၅ဒီဇင်ဘာလဆန်းတွင် စာမူအပ်ဖို့အဆင့်ကို ရောက်ခဲ့ရာယခုတော့ စာဖတ်သူများလက်ထဲသို့ မကြာမီ ရောက်လာတော့မည်ဖြစ်ပါသည်။ စိတ်တိုင်းကျပါသည်။ ဘာသာပြန် နေစဉ်ကာလများကား ဘဘကြီးမေမေကြီးတို့ အကြောင်းတွေကို ထပ်မံခံစားနေမိကာ လွမ်းစရာကောင်းလှပါသည်။ မူရင်းတုန်းက ဆေးရောင်စုံကားချပ်သည် ကျွန်မအတွက် လွမ်းမောဖွယ်ဖြစ်ခဲ့သည် ဆိုပါလျှင် ယခုအဖြူအမဲကားချပ်သည်ကား ကျွန်မကို သူ၏ထင်ရှားစူးရှသောအလှဖြင့် ဖမ်းစားခဲ့ပါတော့သည်။

စာဖတ်သူများလည်း လူသူဝေးကွာ ရိပ်သာယာ ကိုခံစားကြည့်ကြပါဦးလေ။