Wednesday, April 8, 2020

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

(မိုးမခ) မတ် ၃၁၊ ၂၀၂၀



ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ်က လွန်ခဲ့တဲ့ ၂လကစလို့ ကမ္ဘာအနှံ့အပြား ပြန့်နှံ့ လျက်ရှိနေပါတယ်။ ကြောက်စရာကောင်းလောက်အောင် လူတွေ သေကြေပျက်စီးနေကြတာ တချိူ့တိုင်းပြည်တွေမှာ ဆိုးဝါးနေဆဲပါ။ ဗမာပြည်မှာတော့ အဲသည် ဗိုင်းရပ်စ် အသံ မကြားတာ ၂၀၂၀ မတ် လ ၂၄ ရက်နေ့ မြန်မာသတင်းထဲပါလာတဲ့တို်င်အောင် ဆိုပါတော့လေ။

စွန်လွန်းကျောင်းတိုက်ဆီ မနက်စောစော တရားထိုင်ဖို့သွားတော့ ”သင်္ကြန်အထိ တရားလာအားထုတ်သူများ လက်မခံတော့ဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကြီး နဲ့ဆီးကြိုနေ့တော့ ကျွန်မရင်ထဲ ရုတ်တရက် လန့်သွားတယ်။ ဒီလိုအခြေအနေတစ်ခုကို ချက်ချင်း ရင်ဆိုင်ဖို့ သတ္တိမရှိဘူး။ နိုင်ငံတကာသတင်းတွေ ဖတ်နေတုန်း ကြည့်နေတုန်း အခုပဲ ကိုယ့်အိမ်တခါးကို လာခေါက်နေပီလေ။ ကမ္ဘာအနှံ့က ကိုဗစ်စစ်ပွဲသံတွေ ကြားနေရဆဲပဲ။ ဒီစာတွေချရေးနေရင်း ကျွန်မ စိုးရိမ်နေမိတယ်။ ပျော်ရွှင်စွွာ ဇာတ်သိမ်းခန်းဖြစ် နိုင်ပါ့မလားမသိသေးဘူး။

သည်လို ရုတ်တရက် ဗိုင်းရပ်စ်တွေ့နေပီဆိုတဲ့ ကြေငြာချက်ကြောင့် မြန်မာလူသားတွေ ချက်ချင်းဆိုသလို ချိမ်းခြောက်ခံလိုက်ရတယ်ပေါ့။ သူတို့တွေ ဆူပါမားကက်တွေ စျေးတွေထဲ အလုအယက်ဆိုသလို ပြေးဝယ်ချမ်းကြတယ်။ ဟုတ်တယ် ဟုတ်တာပေါ့ မနက်ဖြန်ကို ကြောက်ကြတယ် မနက်ဖြန်ပီး နောက်တ နေ့ကိုကြောက်တယ် မနက်ဖြန်ပေါင်းများစွာရဲ့ နောက်နေ့ နောက်တနေ့ တွေကို ကြောက်နေကြတယ်။

တချိူ့ကကျွန်မကို အစားအသောက်တွေ ဝယ်နိုင်သမ ျှဝယ်ပီး စုထားဖို့ အကြံပေးကြတယ်။ တချိူ့ကတော့ ပိုက်ဆံတွေ လက်ထဲဆောင်ထားတဲ့။ ပိတ်တယ်ဆို့တယ် ဆို ဘယ့်နယ့်လုပ်ကြမလဲတဲ့။ ကျွန်မရဲ့အိမ်နီးချင်းတစ်ယောက်ကတော့ အသားငါးတွေ များများဝယ်ထားပီး ရေခဲသေတ္တာထဲ ထည့်ထားပါလို့ သတိပေးတယ်။ ကျွန်မတော့ ရုတ်တရက်ကြီး ဒီလိုစကားတွေ တနေ့ထဲ ကြားလိုက်ရတာ တော်တော်လေး တုန်လှူပ်မိတယ်။ သူတို့ပြောသလိုတွေ လုပ်သင့်တယ်လို့ စစချင်းတော့ တွေးမိတယ်။ ဒါပေမယ့် စဉ်းစားတယ် ထပ်တလဲလဲစဉ်းစားတယ်။ 

မေမေကြီး (ဒေါ်ခင်မျိူးချစ်) အကြောင်းတွေ တွေးတယ်။ ဒီလို အခြေအနေမျိူးမှာ မေမေကြီးဆိုရင် ဘာလုပ်မလဲ။ ပြောပါဦး မေမေကြီးရေ။ မေမေကြီးတော့ ပြောလေ့ရှိတယ် .. “စစ်အတွင်း ဒီလို အဖြစ်တွေ ကြုံရတိုင်း ကိုယ်တော့ ဘယ်တော့မှ စိုးရိမ်တကြီးနဲ့ ဝယ်ချမ်းတာမျိူး ဘယ်တော့မှ မလုပ်ဘူး။ တစ်ယောက်ငတ်၊ ကိုယ်တို့အားလုံးငတ်ပဲ။“ တဲ့။ အင်း….. အဲဒါရှေးတုန်းကစကား ကိုယ်နဲ့မဆိုင်ပါဘူး.. စစ်ဆိုတာလည်း မရှိတာကြီး… ကျွန်မအတွေး။

ဒီနေ့ စျေးသွားရဦးမယ်။ ညက နောက်နေ့စျေးသွားမယ့်အရေး စဉ်းစားရင်း အိပ်လို့တောင် မပျော်ဘူး။ သေချာ စဉ်းစားပီး ခေါင်းလျော်မယ့်နေ့ ရွေးထားတာ။ အိမ်မှာ ငရုတ်သီးစိမ်းကအစ နည်းနေပီ။ အစားအစာတွေ ဘယ်နက်ရက်စာ ဝယ်ထားရပါ့။ ဟမ်းဖုန်းတော့ ထားခဲ့မယ်။ ယူမိရင် ဟိုဟာလုပ်ရ သည်ဟာလုပ်ရ နဲ့။ ရူပ်ပါတယ်။ ဖိနပ်လည်းအိမ်စီးဖိနပ်ပဲ စီးမယ်။ အကျီလည်း အပေါ်ကချွတ်ရတာ ထက် ရှေ့ကျယ်သီးပါတာ ဇစ်ဆွဲဖွွင့်ရတာ ဝတ်။ ပြန်လာရငခပ်မြန်မြန်ချွတ်ပီး အဝတ်လျော်စက်ထဲပစ်ထည့် ဆပ်ပြာရည် ကောက်ထည့်ပီး လျော်ထည့်လိုက်မယ်။ စျေးခြင်းတော့မယူတော့ဘူး။ အဲဒါကြီး ဆေးကျောရတဲ့အလုပ်သက်သာ အောင်ပေါ့။ ကျွတ်ကျွတ်အိတ်တွေ ဆို ပစ်လိုက်ရတာ လွယ်တယ်လေ။ အင်း သည်လောက်ဆို ရပါပီ။

စျေးထဲမှာ စျေးဝယ်လာသူ အများအပြားရှိပြီး စျေးသည်တွေကလည်း ရောင်းကောင်းနေကြတယ်ပေါ့။ ဘုရားပန်းသည်တွေလည်း ရောင်းကောင်းကြတယ်။ ဘုရားပန်းတွေကို ကိုင်ပီး ပြန်သွားနေကြသူတွေ ဆိုက်ကားပေါ်မှာ လမ်းပေါ်မှာ တက်စီပေါ်မှာ စျေးထဲမှာ လှမ်းမြင်နေရတော့ မျက်စိအေးတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်မှာ သည်လို ဘုရားတရားကို မမေ့မလျော့ နဲ့ သည်လို ဂုဏ်ကျေးဇူးနဲ့ နေထိုင်နေကြတာကို မြင်ရတော့ ငါတို့တိုင်းပြည် ဒီဘေးဒီကပ်က လွတ်မြောက်ရမယ်လို့ အားပေးနေမိတယ်။ သတင်းထဲမှာ တွေ့ရတဲ့ နေရေးစားရေး ဒုက္ခရောက်နေကြသူတွေကို စဉ်းစားမိပြန်တော့ သူတို့ရင်မှာ လောင်ကျွမ်းနေတဲ့ အပူမီးက သည်ဗိုင်းရပ်စ်ပိုးကို လောင်ကျွမ်းတိုက်ခိုက်နိုင်ပါေစလို့ ဆုတောင်းမိတယ်။

စျေးဝင်းထဲကနေပီး လျောက်တွေးနေမိတာ။ အနည်းဆုံး ၁၄ ရက်စာတော့ ဝယ်ထားရမယ်လေ။

”ဘာကနေစဝယ်ရမလဲ။ ကြက်ဥ ဘယ်နှယ်လုံး ဝယ်ရပါ့။ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်ဝယ်ရင ်ကောင်းမလဲ။ သူတို့က ၁ပတ် ဆယ်ရက် ခံပါ့မလား။ ကြက်ဥ အလုံး၂၀ ဆိုရင် လုံလောက်ပီလား။ ဟင်းသီးဟင်းရွက်တွေက တကယ်ပဲ လတ်လတ်ဆတ်ဆတ် ရှိနေမှာလား။ အသားငါးကျတော့ အများကြီး ဘယ်လိုဝယ်ပီး သိမ်းဆည်းထားရမှာတုန်း။ ရေခဲ့သေတတ္တာ မဆန့်ရင် ဘယ်လိုလုပ်ရမလဲ။ ဆန်ကျတော့ အကြာကြီးခံမှာမို့လား။ အိမ်မှာ တခါဝယ် ၃ပြည် ၆ပြည်တောင် ပရွတ်ဆိတ်လက်ချက်မိတာနဲ့ ပိုးတက်တာနဲ့ ဒုက္ခရောက်နေရတာ။ အဲလိုတွေ ဝယ်ချမ်းဖို့ ပိုက်ဆံရော လောက်ပါ့မလား။ အင်း ထူးပါဘူး ။ “တစ်ယောက်ငတ်၊ ငါတို့အားလုံးငတ်ပဲ “ ဆိုတဲ့ မေမေကြီး ပြောတတ်တဲ့စကား။ အဲ့စကားပဲ နားထောင်လိုက်တာ ကောင်းပါတယ်လေ။

ကျွန်မစျေးထဲမှာ ဟိုသည် ငေးမောရင်း ဘာဝယ်ရမလဲ လျောက်ကြည့် နေမိတယ်။ မေမေကြီး ကျွန်မကို ပြောခဲ့တာ“တစ်ယောက်ငတ် ငါတို့အားလုံးငတ်“ ဆိုတဲ့စကား ကြားနေမိတယ်။ ကျွန်မက လွန်ခဲ့တဲ့ နှစ်များစွာက မြုပ်နှံ့ပီးထားခဲ့တဲ့ မေမေကြီးရဲ့ ရှေးစကားကို အခုပဲ တူးဆွနေမိပီ။ မေမေကြီးကတော့ သူဘာပြောပြော နားထောင်တဲ့ သူ့ရဲ့ ညဏ်မရှိတဲ့ မြေးမကို ကြည့်ပီး ကျေနပ်နေမှာလား ဒါမှမဟုတ ်ဂုဏ်ယူနေမှာလား။

ကျွန်မတို့ ကမ္ဘာသူကမ္ဘာသားအပေါင်း မြန်မာပြည်သူပြည်သားအပေါင်း ရတနာသုံးပါး ဂုဏ်ကျေးဇူးဖြင့် ယခုကျရောက်လျက်ရှိသော ကပ်ဘေးမှ အမြန်ဆုံးကင်းလွတ် ချမ်းသာ ကြပါစေ။ ချစ်သူခင်သူအပေါင်း အတွက် မေတ္တာဖြင့် ဆုတောင်းလိုက်ရပါသည်။

Tuesday, March 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (15)



ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ 15

အတွေးအမြင် မတ်လ ၂၀၂၀

(မိုးမခ) မတ် ၃၊ ၂၀၂၀



(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့ A Confirmed Solitary တကိုယ်တော်သမားကြီး အယ်လန်ကျူရင်း ရဲ့ အဆက် The Physical Embodiment of Purpose အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

ကျူရင်း တစ်ယောက် သူ့နေရပ် အင်္ဂလန်ကို ပြန် ရောက်ပီး သကာလ ၇နှစ်လောက် ဇာတ်မြောနေပီးတဲ့ အချိန်ကနေစပါမယ်။ (သည်တော့ စစ်ကြီးပြီးပီပေါ့ လို့ စာဖတ်သူက မှန်းကြည့်လိုက်ပါနော့်။) သူက Los Alamos (လော့စ်အာမို) ဆိုတဲ့ ဗွန်နယူးမင်း တော်တော်လေး အလေးထားတဲ့ EDVAC စက်ကြီးနဲ့ပဲ ဖက်ပီး နေနေတယ်တဲ့။ John Von Newman (ဂျွန်ဗွန် နယူးမင်း) ကတော့ ကျူးရင်းရဲ့ စက်ကြီးကို သူ့စိတ်ထဲ အတော်လေး သေချာ သဘောကျနေတယ်။ ကျွန်တော်တို့ (အဲဒါက စာရေးဆရာက သူ့ကိုယ်သူ ပြောတာဖြစ်ပုံရပါတယ်) အတွက်တော့ သူ (ကျူးရင်း) ဘာတွေစဉ်းစားနေလဲ ဆိုတာ မသိရတာ ကံဆိုးတာပေါ့။ ဒါပေမယ့်လည်း နယူးမင်းက အဲသည် အင်္ဂလိပ်သားလေး (ကျူးရင်းကိုပြောတာ) အပေါ်မှာ သူနဲ့ စတွေ့ခဲ့တဲ့ ပရစ်စတန်ကနေစလို့ သိပ်ကို အလေးအနက်ထား အားကိုးပါတယ်။ ၁၉ ၃၈ ခုနှစ်ကတည်းက သူ့လက်အောက်မှာနေပေးဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းတာက သူ့လို နယ်နှင်ဒဏ်ပေးခံထားရတဲ့ သချာင်္သမားလေး တစ်ယောက်အနေနဲ့ ဗွန်နယူမင်းလို လူကြီးတစ်ယောက်က အခုလို ကမ်းလှမ်းတာကို ကြုံရတာ ထခုန်ဖို့ပဲ ရှိတာပေါ့။ နယူမင်းက ကျူရင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ အိုင်ဒီယာတွေကို သဘောကျတယ် ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ကံဆိုးချင်တော့ တဖက်ကလည်း စစ်ကြီးပြီးသွားတဲ့နောက်မှာနယူမင်းရဲ့ အာရုံတွေက ကျူရင်းရဲ့ စက်ကြီးကို မေ့လျော့သွားတယ်။ ပြောရရင်စစ်အတွင်းမှာ သူလုပ်နေရတဲ့သုတေသန တွေက နယူမင်းကို ဘာမှ တခြားအာရုံတွေ မေ့သွားအောင် စွမ်းဆောင်လိုက်တယ်။ ကံကောင်းချင်တော့ သူ့ရဲ့လျော့ပေါ့သွားရတဲ့ နေရာမှာ သူငယ်ချင်းဟောင်းကြီး Norbert Wiener (နိုဘက်ဝီနာ) ဆီကို အလှည့်ပြန်ရောက်သွးတယ်ပေါ့။

၁၉ ၄၀ ခုနှစ်မှာ ဝီနာ ကမ်းလှမ်းခဲ့တဲ့ ကွန်ပြူတာပရောဂျက်ကို Vannevar Bush (ဗန်နဗာဘွတ်ချ် ) က ပယ်ချပစ်ခဲ့သောလည်းပဲ သူက စစ်အတွင်းမှာသုတေသနကို ဆက်လုပ်နေခဲ့တယ်။ ရက်သတပတ်အနည်းငယ် အတွင်းမှာပဲ ဝီနာဟာ စစ်လေယျဉ်ပျံပစ်ခတ်မူကို တန်ပြန်တိုက်စစ်ဆင်တဲ့ ထိမ်းချူပ်မူစနစ်ကို အလေးအနက်ထား အာရုံစိုက် ခဲ့တယ်။ အင်္ဂလန်တောင်ဘက်ပိုင်းမှာ စစ်လေယာဉ်ပျံတွေရဲ့ တိုက်ခိုက်မူကို မြေပြင်မှာ ကြံ့ကြံ့ခံဖို့ ကြိုးစားနေရတဲ့ကာလ ဖြစ်တယ်။ ဂျာမန်ပိုင်းလော့တွေရဲ့ လှည့်ပတ်တိုက်ခိုက်မူကို အင်္ဂလိပ်သေနတ်သမားတွေလည်း ကောင်းကောင်း ပြန်မတိုက်နိုင်ဘူး။ သူတို့ရဲ့ ကျည်ဆံတွေဟာ လေထဲမှာပဲအလဟသ ဖြစ်ကုန်ကြတယ်။ လန်ဒန်အလည်ပိုင်းဒေသမှာ ညတိုင်းလိုလို အဲသည်ရှူံးနိမ့်မူ တွေကို ကြားနေ တွေ့နေကြရတယ်ပေါ့။

အဲသည်အတွက် သေချာတဲ့ အဖြေကတော့ မြန်နှူန်းမြင့် လျှပ်စစ်သုံး အပစ်အခတ်ထိမ်းချူပ်မူ စနစ်လိုဟာမျိူး ရဖို့ပဲ။ အဲသည်အတွက် ရေဒါအချက်အလက်တွေ ရှိရမယ်။ အော်တိုမစ်တစ် ပစ်ပေးမယ့် ဗက်တာပိုင်းဆိုင်ရာ အဆင့်မြင့် တားဂက်လို တိကျတဲ့ မြင်ကွင်းရဖို့လိုတယ်။ အဲသည်လို ပြသနာကို ဖြေရှင်းဖို့ဆိုရင် စနစ်တစ်ခုဟာ ကျည်ဆံကို တိကျသေချာတဲ့ အချိန်မှာ ပစ်နိုင်ဖို့၊ ရန်သူပိုင်းလော့ရဲ့ အလှည့်အကွေ့တွေကို ဖတ်နိုင်ဖို့၊ အချိန်တိုအတွင်းမှာ ရုတ်တရက် ဖြစ်မယ့် အလှည့်အကူးတွေကို ပါ သိနိုင်ဖို့ တွေ လိုအပ်နေတယ်။

မဖြစ်နိုင်ဘူး…. ဟုတ်လား။ အင်း…. ဒါကို ဝီနာက သဘောပေါက်ပါတယ်။ ဘယ်ပိုင်းလော့မှ သူ့ရဲ့ ပစ်လိုက်တဲ့ စက်ဝိုင်းပြတ် လမ်းကြောင်းကို လုံးဝဥသုံ ရုတ်တရက် ထမပစ်ဘူး။ သူက လေ ယောဉ်ပျံရဲ့ သတ်မှတ်ထားတဲ့စံကို အမြဲကြည့်နေတယ် - ဆိုလိုတာကဘယ်လိုလှည့်ပတ်ပျံနေတယ် - သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မူကို ကြည့်တယ် - ဆိုလိုတာက သူဘယ်လောက် မြန်မြန်ပျံနိုင်တယ်၊ သူ့ယာဉ်ကို သူ့လက်မသုံးပဲ လွှတ်ထားလို့ဘယ်လောက် ရနိုင်သလဲ - သူ့ရဲ့ ပျံသန်းမူ စတိုင်နဲ့ သူ့ရဲ့ စွမ်းပကားကို အမြဲသုံးသပ်နေရတယ်။ ဝီနာကအခုလို တွေးတယ် - ပိုင်းလော့တစ်ယောက်ဟာ သူ့ရဲ့ ပစ်မှတ်ထက်ကို ပစ်လိုက်တဲ့ အနေအထား ပုံစံကို ကြိုတင်တွေးဆနေတယ်။ သချာင်္နည်းအရ ပြောရရင် လေယာဉ်ရဲ့ ပျံသန်းမူ ရုတ်တရက် အသွင်ပြောင်းလဲမူ၊နဲ့ လေယာဉ်ပျံသန်းမူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အသံလှိူင်းတွေကို ကြည့်ပီး အဲဒါ အချက်ပြတာလို့ သတ်မှတ်လို့ရတယ်။ ဝီနာဟာ ချက်ချင်းဆိုသလိုပဲ သချာင်္နည်းပညာတွေသုံးပီး ဖော်မြူလာထုတ်တယ်။ အဲဒါကိုက ဝီနာ စတိုင်ပေါ့။ ဒါကို Radiation Lab (ရေဒါစမ်းသပ်ရေး ဓါတ်ခွဲခန်း) မှာ သက်သေပြတယ်။ လျှပ်စစ်နဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာကို ဘာမှ ထည့်မပြောဘူး။ သူက ရလာတဲ့ ဘယ်လို အချက်အလက်များကိုမဆို အကောင်းဆုံး ဘယ်လို မတူညီတဲ့ အမှတ်အသားတွေ ပြသလဲဆိုတာကို ပဲ ပြောသွားတယ်။

နောက်ပိုင်းမှာတော့ ဝီနာ ဟာ Bush ( ဘွတ်ရှ် ) ရဲ့ သုတေသန ပိုင်းဆိုင်ရာ Hardware (ဟာ့ဝဲ ) (စက်မူပိုင်းဆိုင်ရာ အကြမ်းထည် တည်ဆောက်မူများ) တိုးတက်မူတွေ ကို သချာင်္ပညာနဲ့ အသွင်ပြောင်း ဖော်ထုတ်ဖို့အတွက် သဘောတူ တဲ့ မှတ်ကျောက်တစ်ခု တင်ခဲ့တယ်။ ၁၉ ၄၁ခုနှစ် ဇန်နနဝါရီ မှာ လျှပ်စစ်အင်ဂျင်နီယာ Julian Biglow (ဂျူလီယမ် ဘစ်ဂလိုး) - အလုပ်ကျိူးစားတဲ့ အင်္ဂလန်ပြည်သား - လေးတစ်ဦး ကို လက်ထောက်အဖြစ်ထားခဲ့တယ်။

၀ီနာ - ဘစ်ဂလိုး တို့ရဲ့ ကြိုးစားမူကြီးက တဖန်ထပ်ပီး ကျိူးပဲ့သွားရတာက ထပ်ကံဆိုးတာပေ့ါ။ ၁၉၄၁ခုနှစ် မှာ သူတို့ရဲ့ ပစ်ခတ်မူဆိုင်ရာ ထိမ်းချူပ်မူစနစ် မူရင်းပုံစံက အခြေနေကောင်းနေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဝန်ခံခဲ့တာကတော့ တကယ့် လက်တွေ့ စစ်မြေပြင်မှာ အသုံးပြုဖို့ကျတော့ တော်တော်ကြီးကို ရူပ်ထွေးနေပါတယ်တဲ့။ စနစ်က နယူးယောက်က Bell Laboratories (ဘဲလ် သုတေသန စမ်းသပ်ခန်းများ) မှာ တိုးတက်လာတဲ့ မှတ်တိုင်ဆီကို အများကြီး မှီခိုနေပါသတဲ့။ ဒါဟာ စာနဲ့လက်တွေ့ ကွာဟမူတွေလို့ ဆိုလိုနိုင်တယ်ပေါ့။

အဲဒါကို လက်တွေ့ကျကျ သွားဖို့ဆိုရင် ဝီနာ ရဲ့ ကိုယ်ပိုင် စဉ်းစားမူပေါ် သြဇာသက်ရောက်လျက်ရှိနေတယ်။ ဒါပေမယ့် ဘစ်ဂလိုးနဲ့အတူ လုပ်တဲ့ အခါ သူ့ရဲ့ပို့ချမူတွေမှာတော့ သူက အင်မတန်ကို သူ့အလုပ်ကို မျော်လင့်ထား ပီး အပြင်းအထန်ကို ယုံကြည်နေတာကို ပြသနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူက - “လူရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ လျှပ်စစ်-စက်ပိုင်းဆိုင်ရာ နှစ်မျိူးစလုံးကို ပေါင်းစပ်ပီး စီမံထားတဲ့ စနစ်ကို ကြည့်ရတာဟာ တွက်ချက်မူပိုင်းဆိုင်ရာမှာ ရူပ်ထွေးနေတယ်“ လို့ ကောက်ချက်ချခဲ့ပါတယ်။

အချက်အလက်တွေကို စီးရီးလိုက် ကြည့်ရူရတဲ့အပိုင်းကို သချင်္ာညီမ ျှချင်းတွေနဲ့ ချပြရတာက တစ်ချက်။ စက်ကြီးက နေ အလုပ်လုပ်ပြတာကို ကြည့်ရတာက တချက်။ ဒါတွေက ၁၉ ၄၁ခုနှစ်မှာ မဖြေရှင်းနိုင်သေးတဲ့ ရှိနေသေးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ပြသနာကတော့ မူလပထမ တီထွင်ထားတဲ့ စက်ကြီးရဲ့ တည်ဆောက်မူ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကိစ္စ လို့ခေါ်တာပေါ့။ သူလှူပ်ရှားလာအောင် ပြင်ပ အင်အားလိုတယ်။ ကမ္ဘာဆွဲငင်အားကြောင့် ပန်းသီးကြွေတယ်။ တုတ်တံရဲ့ ရိုက်ချက်ကြောင့် ဘေစ်ဘောလုံးလေးက လွင့်ထွက်သွားတယ်။ ဒါတွေကပြင်ပ အင်အား ကြောင့်ဖြစ်လာတာ မဟုတ်လား။ ဖြစ်ရပ်တိုင်းအတွက် အကြောင်းတရားလိုအပ်တယ် - အကြောင်းတရားက အရင် ဖြစ်ရမယ်လေ။

သည်လိုနဲ့ပဲ ညင်းခုန်မူတွေက ဆက်ဖြစ်နေတယ်။ လူဆိုတာကလည်း အကောင်းကြီးပဲ မမြင်တတ်ကြဘူး။ ကျွန်တော်တို့ ကိုယ်ခန္တာကြီးတွေက ရုပ်ပိုင်းဆိုင်ရာ အရာတွေနဲ့တည်ဆောက်ထားတယ်ဆိုတာ ညင်းစရာမရှိဘူး။ (သည်နေရာမှာ ကျွန်တော်ဆိုတာ စာအုပ်ရေးသူ စာရေးဆရာက သူ့ကိုယ်သူ ရည်ညွှန်းပြောနေတာပါ။) ကျွန်တော်တို့က ပြင်ပက ဝင်လာတဲ့ အင်အားတွေအတွက် တန်ပြန်တုန့်ပြန်တာမျိူး မရှိလည်း နေလို့ရတယ်။ ကျွန်တော်တို့က ခန္တာဗေဒ သဘောတရားနဲ့ ရှင်သန်နေတာ။ ကျွန်တော်တို့မှာ ရည်မှန်းချက်ရှိတယ်၊ မျော်လင့်ချက်တွေရှိတယ်၊ လိုချင်တာ တွေရှိတယ်၊ လုပ်ချင်တာတွေရှိတယ်။ သည်တော့ ကျွန်တော်တို့ရဲ့ “အကြောင်းတရားများ“ ဆိုတာက အတိတ်မဟုတ်ဘူး အနာဂတ်မှာ ရှိတယ်။ သည်နေရာမှာ ပဟေဌိတစ်ခု ဖော်ထုတ်ရသလို ဖြစ်နေတယ်။ “စိတ်“ “ဝိညဉ်“ နဲ့ “အသက်“ ဆိုတာတွေက ရုပ်ခန္တာဆိုတဲ့ ရုပ်ပ်ိုင်းဆိုင်ရာ အရာတွေကို လှူပ်ရှားအောင်လုပ်နေတဲ့ အင်အားတွေ ဖြစ်နေသလား?

သိပ် ကောင်းတဲ့မေးခွန်းပါပဲဗျား…. ဒါပေမယ့်လည်း ဝီနာနဲ့ ဘစ်ဂလို တို့ကတော့ အဲသည် ရုပ်ပိုင်းဆိုင်ရာ စက်ကြီးကို အသက်သွင်းဖို့ ပဲ စဉ်းစားတယ်။ ဒါပေမယ့် အနာဂတ်မှာ ရှေ့တိုးဖို့ နောက်ပြန်ဆွဲနေတာကတော့ အသက်သွင်းဖို့ အကြောင်းတရားပဲဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ သူတို့ သ ဘောပေါက်လာတာကတော့ သူတို့အတွက် လိုအပ်တာက ဖြစ်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်။

သူတို့ကို သိပ်ကို သိသာထင်ရှားပီး သူတို့ကိုယ်တိုင် သတိမထားမိတာ တွေကို သိအောင် ရလဒ်တွေကို ကြည့်ဖို့လိုတယ်။ ဥပမာ - Thermostat (သာမိုစတက်) ဆိုပါတော့။ အခန်းတွင်းမှာ အတော်ကြီးကို အေးလာတယ် ဆိုရင် ပါးလွှာတဲ့သံမဏိကြိုးလေးက ကွေးလာပီး သတ်မှတ်ထားတဲ့နေရာလေးကို သွားထိမယ်၊ ဒါဆိုရင် မီးဖိုလေးက သူ့ဘာသာသူ ပွင့်လာမယ်၊ ဟော… အခန်းလေးက ပြန်ပီး လည်း နွေးလာရော၊ သံမဏိပြားလေးက ပြန်ဖြောင့်သွားမယ်၊ သည်တော့ အဆက်အသွယ် ပြန်ပြတ်ပီး မီးဖိုလေးကို ပြန်ပိတ်သွားမယ်။ (အဲသည်စနစ်က သာမိုစတက် အလုပ်လုပ်ပေးတဲ့ သဘောကို ရှင်းပြတာ)။ အဲသည်စနစ်က သူ့အလိုလို အော်တိုမစ်တစ် အပူချိန်ကို ပြောင်းပေးနေတာဖြစ်တယ်။ သည်တော့ အခန်းဟာ သက်တောင့်သက်သာ နေလို့ရအောင် ဖြစ်နေတယ်။ အဲသည်ရလဒ်ကို ရလာဖို့ သဘာဝအခြေအနေကို သိဖို့လိုအပ်ပါတယ်။ သူတို့စက်ကြီးဟာလည်း သဘာဝတရား ကို ဆန့်ကျင်လို့မရဘူး။

ဒါပေမယ့် ကမ္ဘာပေါ်မှာ ဘယ်စက်ကမှ လုံးဝဥသုံ ပီးပြည့်စုံတယ်ရယ် မရှိဘူး။ ဒါကို အဲသည်လူ နှစ်ယောက်ကသိတယ်။ (ဝီနာနဲ့ ဘစ်ဂလို ကို ဆိုလိုတာ) ။ ဒီလို အခြေ အနေမျိူးမှာ ဖြစ်လာတဲ့ ရလဒ် က လိုကိုလိုအပ်နေတယ်။ ဥပမာ တစ်ခု ပြမယ် - ၁၈ရာစု စကော့လူမျိူး ဂျိမ်းစ်ဝက် က သူ့ရဲ့ရေနွေးငွေ့သုံးအင်ဂျင် ကို ရိုးရှင်းတဲ့ပုံစံနဲ့ အလုပ်လုပ်ပြခဲ့တယ် - အဲသည်မှာတင် ဘာထဖြစ်လဲဆိုတော့ သူ့အင်ဂျင်ဟာ သိပ်ကို မြန်နှူန်းမြင့်လွန်းအားကြီးေနတယ်- ဒါနဲ့ သူ့ပါဝါကို ချက်ချင်းကို အတင်းကြီး ကို လျော့ချလိုက်ရတယ်။ ၁၈၆၈ခုနှစ်မှာ အဲသည်စက်နဲ့ပတ်သက်ပီး James Clerk Maxwell (ဂျိမ်းစ်ကလော့ မက်စ်ဝဲလ် )က သချာင်္နည်းပညာနဲ့ ဆောင်းပါးတစ်ပုဒ် ရေးသား ပီး ဖြစ်နိုင်တဲ့ရလဒ်တွေကို ရေးသားဖော်ပြခဲ့တယ်။ ဒါဟာ ဘာကို ပြလဲဆိုရင် ပွဲမဝင်ခင် အပြင်မှာကျင်းပသင့်တယ် ဆိုတာဖြစ်တယ်။ သည်တော့ အခု ဝီနာနဲ့ ဘစ်ဂလို တို့ရဲ့ ကိုယ်ပိုင် မီးအားထိန်းချူပ်စနစ်ကြီးနဲ့ ပစ်လွှတ်ပြတဲ့ စမ်းသပ်ပြမူတေ ွ အကြိမ်ကြိမ်အဖန်ဖန် ချပြရင်းကနေ တကယ့် လက်တွေ့ အသုံးမပြခင် ရလဒ်ကောင်းတစ်ခု ရရှိအောင် ကြိုးစားနေကြတယ် လို့ ဆိုပါတော့။

အဲသည်လို ရလာတဲ့ ရလဒ် အဆိုးအကောင်းမှန်သမ ျှကို လက်ခံမှာလား။ အဲဒါကို ဝီနာနဲ့ ဘစ်ဂလိုတို့လည်း အညင်းအခုန်လုပ်နေကြတယ်။ ခဲတံလေးတစ်ချောင်းလောက် ကောက်ကိုင်လိုက်ပီး စဉ်းစားကြတာပေါ့။ ခင်ဗျား ရဲ့ ဥနှောက်က အဓိကပေါ့။ ခဲတံ ကောက်ကိုင်။ ဒါပေမယ့် တကယ်ခဲတံဆီ ရောက်သလား။ ခင်ဗျားရဲ့လက်က အတိအကျ ခဲတံဆီ ရောက်ဖို့ သေချာလား။ ဒါကို ဥနှောက်ကလည်း တချိန်လုံး ပါနေရမယ်။ ခင်ဗျား မျက်စိဆီကိုလည်း အချက်အလက် တွေ တရစပ်ပို့နေရမယ်။ ခင်ဗျားရဲ့ ကြွက်သား၊ လက်ချောင်းလေးတွေ။ သိပ်ကို တိကျသေချာတဲ့ ကိုသြဒနိတ် နဲ့ ဥနှောက်နဲ့ သွားတယ်ဆိုမှသာ ဖြစ်တယ်ပေါ့။ ဒါဆို မှန်ကန်တဲ့ ရလဒ်ကို ရမှာသေချာလား။ ဒါနဲ့လုံလောက်ပီလား။

အဲဒါနဲ့တင် လုံလောက်ပီလား။ အကယ်၍ အဲသည်ဟာတွေက မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါကို ဒီလူနှစ်ယောက်က သိတယ်။ သူတို့က အပြင်လူတစ်ယောက်လိုအပ်တယ်လို့ ယူဆတယ်။ Arturo Rosenblueth (အာကျူရို ရိုဆန်ဘလက်ချ် ) ဆိုတဲ့ မက်ကစီကန်မွေး ရူပဗေဒပညာရှင် တစ်ဦးက ဝီနာရဲ့ အနီးကပ်သူငယ်ချင်းက အခုလောလောဆယ် ဟားဗက် ဆေးတက္ကသိုလ်မှာ အလုပ်လုပ်နေဆဲ ပညာတတ်တစ်ယောက်ပါ။ အခုဖြစ်ပေါ်လာတဲ့ ပြစ်ချက်တွေကို စဉ်းစားတယ်။ သူတို့သုံးဦးသား က စစ်အတွင်းက အခြေအနေတွေကို သုံးသပ်ပီး သုတေသန လုပ်တယ်။

အရင်ဆုံး ဝီနာ၊ ဘစ်ဂလိုနဲ့ ရိုဆန်ဘလက်ချ်တို့က အစည်းအဝေးမှာ ပြောဆို ဆွေးနွေးကြတယ်။ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ (ခုနာတုန်းက ပြောပီးသား ပြန်ပြောကြတယ်) ခဲတံလေးကို ကိုင်ဖို့လက်က သွားတဲ့အခါ ဦး နှောက်က မျက်စိကို အချက်အလက်တွ ပို့ပီးခိုင်းတယ်ပေါ့။ ဒါ့အပြင် အာရုံကြောရဲ့ အလုပ်လုပ်ပုံက တဆင့် လက်ပါပါလာတယ်။ အဲဒါကို “ဆက်သွယ်ချက်“ လို့ခေါ်တယ်။ မှန်မှန်ကန်ကန်ခဲတံလေးဆီ လက်က ရောက်သွားဖို့ကို လက် မျက်စိ ဥနှောက် အာရုံကြော အစရှိသည်တို့ရဲ့ ဆက်သွယ်ချက် ကို စဉ်းစားပြတာပါ။ ဒါကို သချာင်္နည်းနဲ့ တွက်ချက်မယ်။

ဒုတိယ အချက်က အဲသည်လို အချက်အလက်တွေကို ဆက်သွယ်မယ်၊ ထိန်းချူပ်မယ်ဆိုရင် ဘယ်လို လုပ်ငန်းစဉ်နဲ့သွားမလဲ…. အဲဒါကို message (မက်စေ့) လို့ ခေါ်မယ်။ “လျှပ်စစ်စနစ်နဲ့ သွားမယ် ဒါကို အာရုံကြော စနစ်သဘောမျိး တွေးမယ်။” စာကလေးတစ်ကောင်ပျံသန်းမူနဲ့ ဘီ၂၉ လေယောဉ်ပျံ ပျံသန်းမူကို ယှဉ်ပီး စဉ်းစားတာဖြစ်တယ်။ လူရဲ့ အာရုံကြောစနစ်ဟာဖြင့် တကယ့်ကို ရူပ်ထွေးတယ်။ ဒါကို သိပ္ပံပညာရပ်ကိုထည့်ပီး တွက်ချက်ကြတာဖြစ်လို့ အခုကစပီး လူအာရုံကြောစနစ်ကို မေ့ထားရမယ်။ သိပ္ပံပညာရပ်အနေနဲ့ကျတော့ နားလည်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒါကို ဆန့်ကျင်ဖက် စဉ်းစားတော့ အင်ဂျင်နီယာပိုင်းက ပါလာတယ်။ အာရုံကြောစနစ်မှာက တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင် ရဲ့ အကျိူးသက်ရောက်မူကိုထည့်စဉ်းစားပြထားတယ်။

သူတို့က ဆက်ပြောတာကတော့ အာရုံကြောစနစ်နဲ့ အင်ဂျင်နီယာစကားနဲ့ က တွဲတွေးဖို့ခက်တယ်။ စက်ပစ္စည်းဆိုတာကို သက်မဲ့လိုပဲ စဉ်းစားလို့ရတာ။ လက်နက်ပစ်လွှတ်တဲ့စနစ်မှာ ရေဒါကနေ ပစ်တယ်ဆိုတာက မှန်မှန်ကန်ကန် ဖြစ်ဖို့ကတစ်ချက်၊ လုံးဝဥသုံ အော်တိုမစ်တစ်ပစ်လွှတ်တဲ့ စနစ်ကို သုံးမယ်ဆိုပါက လူရဲ့ လက်မပါပဲ ပစ်မယ်ဆိုတာက တစ်ချက်၊ သည်တော့ သေနတ်က တကယ်ရော ညဏ်ရှိရှိ စာတတ်တတ်နဲ့ အလုပ်လုပ်မှာ သေချာလား။

ယနေ့ခေတ်မှာတောင်မှ - ဆိုလိုတာက အဲသည်အချိန်နောက်ပိုင်း ၁၅နှစ်လောက် - အထိတောင်မှ အဲသည်ပြသနာ၊ ယူဆက်ချက်တွေက အဖြေမထုတ်နိုင်သေးပဲ စိတ်အနှောက်အယှက်ဖြစ်နေရဆဲ ဖြစ်နေသေးတယ်။ သည်တော့ Artificiel Intelligence (အသိဉာဏ်အတု) ဆိုတာ သိပ္ပံပညာရပ်မှာ ပေါ်လာတယ်။ စိတ်နဲ့ ဥနှောက် အချက်အလက်ပေးပို့မူ လုပ်ငန်းစဉ် ဆိုပါတော့။ စိတ်နဲ့ရုပ်ဆိုတာ လူ့ရဲ့ ဝိညာဉ်မဟုတ်လား။ ပီးတော့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ သာမိုစတက် ဆိုတာ အပူချိန်ကို ချိန်ညှိပေးတဲ့စက်။ သူက သတ်မှတ်ထားတဲ့အပူချိန်ထက် ပိုပူလာရင် လျော့ပေးတယ်။ သတ်မှတ်ထားတဲ့ဆီရောက်လာရင် အလိုလို ပိတိပေးတယ်။ ပြန်လျော့လာရင် တိုးပေးတယ်လေ။ အဲဒါက လူ့ဥနှောက်နဲ့ စိတ်ဆိုတာရဲ့ဆက်သွယ်မူ စနစ်ကို လေ့လာရာကနေ တိုးတက်လာတဲ့ သဘာဝကျတဲ့ လုပ်ငန်းစဉ် ပါပဲ။

ဒါကို ဝီနာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက လက်ခံတယ်။ သဘောပေါက်တယ်။ ဒါကို စက်ပစ္စည်း အနေနဲ့ စဉ်းစားတော့ ဥနှောက်ဆိုတာကို ဘယ်လို ထိန်းချူပ်ကြမလဲ။ သာမိုစတက်ထက်ပိုပီး လေးနက်တဲ့ ပိုပီး ရူပ်ထွေးတဲ့နည်းပညာကို စဉ်းစားမယ်။ ကျွန်တော်တို့ ဥနှောက်ထဲမှာ ပိုပီး ရူပ်ထွေးတဲ့ အရာတွေကို ဘယ်လိုဆွဲထုတ်ပီး လေ့လာကြမလဲ။ ဒါကို တကယ်လက်တွေ့ကျကျ နည်းပညာနဲ့ အပြင်လောကကို ဆွဲယူပီး လ ျှပ်စစ်စနစ် စက်ပစ္စည်းစနစ်တွေနဲ့ ကွန်ပြူတာ နည်းပညာတော်လှန်ရေးအဖြစ် အသွင်ပြောင်းကြမလဲတဲ့။

ဂျူနီယာဝင်း

Monday, February 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (14)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ 14

(Statue of Alan Turing)


(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၂၀)

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လက Alan Turing (အယ်လန် ကျူရင်း) က လက်တွေ့ကျကျ ပုံဖော်တဲ့အနေနဲ့ တိတ်သား ခွေ တစ်ခုလို တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်တဲ့အကြောင်း အဆုံးသတ်ထားတယ်။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးတွေ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တွေ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတွေနဲ့ ကြိုးစားပီး အဖြေရှာတော့မှာဖြစ်ပါတယ်။

နောက်တဆင့် …. ကျူရင်းက ဆက်ပြောတယ်။ သချာင်္ပညာရှင်ရဲ့လက်၊ မျက်စိ၊ ခဲတံ တွေကို စကင်နာ အလုပ်လုပ်တဲ့ပုံစံထဲ အစားထိုးမယ်တဲ့ ။ (scanner စကင်နာဆိုတာ စာဖတ်သူ တွေ မျက်စိထဲ တန်းမြင်ပါ့မလားလို့ ထပ်ရှင်းပေးပါ့မယ်။ စာရွက်စာတန်းတွေ ဓါတ်ပုံတွေကို စက်ထဲတင်ပီး မိတ္တူကူးသလို ဖတ်တယ် ရေးတယ်ဆိုတဲ့ အလုပ်၂ခုလုပ်ပေးတဲ့စက်ပါ။ တင်ရတဲ့ နေရာက မှန်နဲ့ လုပ်ထားတဲ့ စတုရန်းပုံ အကွက်ဖြစ်ပါတယ်။) စာရွက်တွေ တင်လိုက်တဲ့အခါ ရှေ့တိုးနောက်ငင်နဲ့ စက်က တန်းကြီးက ရွေ့ပီး ဖတ်ပါတယ်။ တခါဖတ်ရင် အဲသည် စတုရန်းပုံမျက်နှာပြင် အပြည့် တကြိမ်ကျ ဖတ်ပါတယ်။ ယနေ့ခေတ်မှီတဲ့ စက််တွေက ဖတ်တယ်၊ ရေးတယ် ဆိုတဲ့အလုပ်၂ခု လုပ်ပါတယ်။ (ဖတ်တယ်ဆိုတာ read ကို ပြောတာပါ ယနေ့ခေတ်ကွန်ပြူတာအသုံးပေါ့။ စီဒီတွေကို စက်ထဲထည့်ပီး ကြည့်တာကို ဖတ်တယ် လို့ ခေါ်ပါတယ်။ ရေးတယ် ဆိုတာကို write (ရိုက်) လို့ခေါ်တယ်။ စီဒီအလွတ်တစ်ခုကို ကွန်ပြူတာထဲထည့်ပီး အဲဒီစီဒီထဲ ကိုယ့်ရဲ့ အချက်အလက်တွေ၊ စာတွေ၊ ပုံတွေ ကို ကူူးတဲ့အလုပ်ကို ခေါ်တာပါ။ စကင်နာက အဲသည်အလုပ် ၂ခုစလုံးကိုလုပ်တယ် လို့ဆိုလိုပါတယ်။ ဒါလောက်နားလည်ပီဆိုရင် ဆက်ဘာသာပြန်ပါ့မယ်။) 

သည်တော့ ကျူရင်းက ခုနာက ပြောတဲ့ စကင်နာ အလုပ်လုပ်တဲ့နေရာမှာ “သချာင်္ပညာရှင်ရဲ့ စိတ်“ ကို အစားထိုးပါမယ်။ တမိနစ်တမိနစ် မှာ ဘာဖြစ်သလဲ လို့သူက စဉ်းစားပါတယ်။ ဟောသည် စက်ကမှတ်တမ်းတင်တဲ့အလုပ်ကို သူက စက်ရဲ့ လက်ရှိ ပုံစံလို့သူက ကြည့်ပါတယ်။ ဟောစက်ကြီးက တဲ့၊ သူ့ပေါ်ရောက်လာတဲ့ မျက်နှာပြင်ပေါ်က စတုရန်းပုံ မျက်နှာပြင် ပေါ်က အရာတွေကို တဲ့ သယ်ဆောင်ကာ ယူပါသတဲ့။ အဲဒါ သူက စက်နေရာကနေ စဉ်းစားပြတာ။ သည်နေရာမှာ “လက်ရှိပုံစံ”ဆိုတဲ့ မျက်နှာပြင်ပေါ် တကြိမ် တင်လာတဲ့ အရာ၊ မတူညီတဲ့အရာတစ်ခုစီမှာ သူက အခုလို အမှတ်အသားတစ်ခုစီ အမည်ပေးလိုက်တယ် ။ ဒါကို Symbol (သင်္ကေတ) လို့ ခေါ်တယ်။

နောက်ဆုံးမတော့ သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်လိုက်တဲ့အခါ နောက်တဆင့်တိုးပီး အတွက်အချက်ကို လုပ်မှာ ဖြစ်ပါတယ်။ တိတ်သားအခွေတစ်ခုကနေ ခုနက စဉ်းစားလိုက်တဲ့ သင်္ကေတတွေရယ်နဲ့ စက်ကြီးရဲ့ လုပ်ပုံရယ်ကို ပေါင်းစပ်မယ်။ ဒါကို စကားလုံးတွေနဲ့ ချရေးတဲ့အခါ “အကယ်၍ - 1 (အင်္ဂလိပ် အက္ခရာ ဝမ်း ဖြစ်ပါတယ်) ဆိုပီး ယခုလက်ရှိစတုန်းရန်းပုံ အကွက်မှာ သင်္ကေတ ပေါ်တယ်ဆိုပါတော့။ ဒါကို စက်ကြီးကနေ ဘယ်လို ဖော်ပြသလဲဆိုရင် CQT လို့ ပြတယ်ဆိုတယ်။ နောက်သင်္ကေတ တစ်ခုအဖြစ် 0 (ဇီးရိုး) အဖြစ်ပြောင်းပါတယ်။ ဒါကို စက်က PPL လို့ဖော်ပြပါတယ်။ သည်လိုနဲ့ စတုရန်း ကွက်က ဘယ်ဘက်တဖက်ဆီကို ဆက်သွားပါတယ်။ ထိုဥပဒေကတွေက ဖက်ရှင်တစ်ခုလို မှတ်သားပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တဲ့… ကျူရင်းက အခုလို ရေးမှတ်တယ် … တိတ်သားတစ်ခုရဲ့ တူညီတဲ့ စတုရန်းကွက်ကလေးတွေက အချက်အလက်တစ်ခုတည်းကို ပေးမှာတော့ မဟုတ်ပါဘူးတဲ့။ (ဆိုလိုတာက စတုရန်းကွက်ပေါ် တင်လာတဲ့ အရာတွေဟာ တသတ်မှတ်ထဲ မရှိနိုင်ဘူး။ ရုပ်ပုံတွေ လည်းဖြစ်နိုင်တယ်။ စာတွေပဲလည်း ဖြစ်နိုင်တယ်။ စာတွေကလည်း အတူတူ မဖြစ်နိုင်ဘူး။ စာနဲ့ပုံနဲ့လည်း ကြုံသလို ပါလာနိုင်တယ်။ သည်တော့ အဲသည်အရာတွေကနေ သင်္ကေတ တွေ အများကြီး ရလာမယ်။) ဒါကြောင့် ယူနီဗာဆယ် စက် ကြီးတစ်ခု ကို ဖန်တီးရတော့မယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကို တကယ်ပဲ မှတ်သားပေးပါပီတဲ့ ၊ စက်ကြီးက သချာင်္ပညာရှင် တွေ လိုချင်တဲ့အတိုင်း သင်္ကေတ စီးရီးတွေကို ပေးနိုင်ပါ့မလား။ လူနဲ့စက်နဲ့ က ဒီပြသနာတစ်ခုတည်းကို တွက်ချက်ကြဖို့ကို လက်တွေ့ဖြစ်လာပါ့မလား။

ယနေ့ခေတ်မှာ ကျူရင်းတီထွင်ခဲ့တဲ့ အဲသည်စက်ကြီးကို nonhuman computer (လူမဟုတ် တဲ့ ကွန်ပြူတာ ) လို့ သိထားကြပါတယ်။ သူ့ရဲ့အဲဒီ ဖတ်/ရေး စက်ကြီးမှာသုံးတဲ့ head (“ခေါင်း“) (ဒီနေရာမှာ ခေါင်းဆိုတာ ဦးခေါင်း ကိုပြောတာမဟုတ်ပါဘူး။ ကွန်ပြူတာတို့၊ စက်ပစ္စည်းတေ ွမှာဖြစ်ဖြစ်၊ အထူးသဖြင့် လည်နေတဲ့ ဓါတ်ပြားပေါ် တင်လိုက်တဲ့ အပ်ကဲ့သို့သော် ထိတ်ဖူးကလေးကို ပြောတာဖြစ်ပုံရပါတယ်။ စီဒီတို့ဘာတို့ကို ဖတ်တဲ့အခါ အသည်နည်းပညာအတိုင်း ဖတ်တယ်ပေါ့။) ဟာဆိုရင် ယနေ့ခေတ်ကွန်ပြူတာတွေမှာသုံးတဲ့ လုပ်ငန်းစဉ်အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရိုဂရမ်ဟာလည်း ကွန်ပြုတာ မှတ်ညဏ် ဆိုပီး ဖြစ်လာတယ်။ သူစိတ်ကူးထဲကလိုပဲ စက်ကြီးဟာဖြင့် “သံထည်“ ကြီးအဖြစ်နောက်ကျရင် ထွက်ပေါ်လာတယ်။ အဲသည်အကြမ်းထည်ကြီးဟာ အခုလက်ရှိမှာတော့ အဆင့်တစ်ခုတက်ဖို့ စတင်နေပါပီ။

သူ့ရဲ့ပထမဦးဆုံးရလဒ်ကို ပြောပါ့မယ်။ ပြောရရင်တော့ “ကိန်းဂဏန်းတစ်ခုဟာ တွက်ချက်လို့ရမယ်ဆိုရင် သူ့စက်ကြီးက ဒါကို သတ်မှတ်ထားတဲ့ အဆင့်တွေနဲ့ အလုပ်လုပ်ပြနိုင်မယ်။ ဒီအဆိုဟာ အပြန်အလှန်မှန်တယ်“ လို့သူကြွေးကျော်ထားတဲ့ အတိုင်းတော့ ဖြစ်မလာဘူး။ သချာင်္သမားတစ်ယောက်တွက်ချက်ပြနိုင် သ လောက်သူ့စက်က လုပ်ပြနိုင်မယ်ဆိုတဲ့ အတိုင်းအတာကို ကျူးရင်းက သတ်မှတ်ထားတယ်။ တွက်ချက်မူ အများအားဖြင့်အတွက်တော့ မှန်တယ်။ စက်ရဲ့ဒီဇိုင်းက အဆင်မပြေဘူးတဲ့။ ပြောရရင် အဖြေတစ်ခုရဖို့ ကျော်ဖြတ်ရတဲ့ အချိန်ဟာ အတော်ကြာတယ်။ သချာင်္သမားတစ်ယောက်က တွက်ပီးရင် သူလည်းပီးပီ .. အဲသလိုတော့ ပြောလို့ရတယ်။ သည့်ထက်အဆင့်တက်မယ်ဆိုတဲ့ ခြေလှမ်းလည်းလှမ်းလိုက်ရော ဟိုးအရင်က တွက်ချက်တဲ့စက်ကြီးတွေ လိုပဲ သူလည်း အဲသည်မှာ တစ်နေတော့တယ်။ သူ့ဒီဇိုင်းက ဘယ်လောက်ပဲ ကောင်းတယ်ပဲဆိုဆို၊ ကျူရင်းထက်တော့ ဘယ်စက်မှ မတော်ပါဘူးတဲ့။ ပြောရရင် ကွန်ပြူတာဆိုတဲ့ အခြေခံသဘောတရားဟာ အတူူတူပါပဲ။ အချိန်၊ မှတ်ညဏ်နဲ့ လက်ကိုင်ကွန်ပြူတာ အနိမ့်ဆုံး အဆင့်လောက်တော့ ရှိရမယ်။

ဒါပေမယ့် ကျူရင်းက ရှေ့ကို မျော်တွေးတယ်။ သိပ်ကို စွမ်းရည်မြင့်တဲ့ စက်တွေတောင်မှ မတွက်နိုင်ပါဘူးတဲ့။ ဒါကို သူက အဲသလိုပြောတယ်။ ဘယ်ကွန်ပြူတာမှ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ပါဘူးတဲ့။ ကွန်ပြူတာတစ်ခုစီတိုင်းမှာ ရှေ့ဘာဖြစ်မယ် မသိဘူး လို့သူက ဆိုတယ်။ တိတ်သားတစ်ခုကို စဉ်းစားကြည့်ပါ။ သူ့ကို စက်ထဲဖွင့်မယ်ဆိုရင် ၁ နာရီ ကြာမယ်။ သူဟာ တကယ်ပဲ ၁နာရီကောင်းကောင်း အလုပ်လုပ်မလား။ ဒါကို ကြိုမသိနိုင်ပါဘူး။ သည်တော့ နောက် တပတ်၊ တနှစ် ၊ ဆယ်နှစ်တောင် ဖတ်မယ်၊ ရေးမယ် ၊ ဘယ်လှည့် ညာလှည့်မယ်တဲ့။ အဲဒါ အာမ မခံနိုင်ဘူး။ ဒါဟာ တိတ်သားရဲ့ အခြေအနေ ပေါ် အများကြီးမူတည်တယ်။ သည်တော့ တချိန်လုံးပဲ ကွန်ပြူတာ စကားလုံး ဇီးရိုး ‘0’ နဲ့ ဝမ်း ‘1’ ဆိုပီး ချရေးနေရုံနဲ့ မဖြေရှင်းနိုင်ပါဘူးတဲ့။ သည်တော့ သည်ပြသနာကိုပဲ ဖြေရှင်းဖို့ ကြိုးစားနေရင်တော့ မျော်လင့်ချက်ကို မရှိဘူးလို့ ကျူရင်းက ပြောတယ်။

(သည်ကြားထဲမှာ ကျူးရင်းက ကွန်ပြူတာတွေနဲ့ပတ်သက်လို့ စိတ်တိုင်းမကျတာတေ ွ ပြောတယ်။ ကွန်ပြူတာဟာ ဥနှောက်မရှိပေမယ့် အသုံးတော့တည့်သတဲ့။ ကွန်ပြူတာက ပရိုဂရမ်ဆွဲပေးတဲ့အတိုင်း လုပ်တယ် ဒါပဲ။ ကျူရင်း က သူ့ရဲ့ ဘာမှန်းမသိတဲ့အဆိုတွေကို ပြောတယ် ရှင်းတယ် သူ့သချာ်သမားတွေနဲ့ ချပြတယ်။ နောက်ဆုံးတော့ သူက “အဆိုတစ်ခုက မှန်ရင် သည်အဆိုကမှားတယ်၊ အကယ်၍ မှားနေရင် အဲဒါကမှန်တယ်” ဒါက အဆုံးမရှိလည်နေတဲ့ စက်ဝိုင်းလို ဖြစ်နေတယ်တဲ့။ ဘာမှအတိအကျကို ပြောလို့မရဘူးလို့ ကျူးရင်းက ကောက်ချက်ချပါတယ်တဲ့။ အခု အဲသည်နေရာက ဆက်ပါ့မယ်။)

၁၉၃၆ခုနှစ် ဧပြီလမှာ ကျူရင်းဟာ စာမျက်နှာ ၅၀ရှိတဲ့ စာရိုက်ပီးသားစာတမ်းတစ်ခုကို ရှေးစာလုံးဂျာမန်ဂေါသစ် အက္ခရာများနဲ့ ရူပ်ထွေးတဲ့ သင်္ကေတများနဲ့အတူ အပီးစီး ထွက်ပေါ်လာတယ်။ ကျူရင်းဟာ သူ့ရဲ့ စာတမ်းကို ပါမောက္ခ M.H.K Newman (အမ်အိတ်ချ်ကေ နယူးမင်း) နဲ့ သူ့ရဲ့လမ်းတလျောက်မှာလိုက်ပါလာကြတဲ့ ပါမောက္ခ တွေကို လက်ဆင့်ကမ်းတယ်။ နယူးမင်းဟာ အံ့သြမင်သက်သွားပါတယ်။ ဒါဟာ သူ့ဘဝမှာ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဝင်စားမူကို ကြည့်ပီး ပထမဦးဆုံးအကြိမ် ဖြစ်သွားတဲ့ ခံစားချက်ဆိုပါတော့တဲ့။ သူက ချက်ချင်းဆိုသလိုပဲ ကျူးရင်းရဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတယ်၊ အားပေးတယ်။ ကျူးရင်းရဲ့ ပေပါကို Proceeding of the London Mathematical Society (လန်ဒန်သချာင်္အသင်း)ဆီကို ပို့ပီး သူ့တပည့်ကျော်ရဲ့ ပထမဦးဆုံး လုပ်ရပ်အတွက် ချီးမြှောက်ပေးခဲ့တယ်ပေါ့။

ကျူရင်းရဲ့ ဘီးလုံးကြီးကနေ စလို့ စိတ်ကူးယဉ်ခဲ့တဲ့ ကြောက်စရာ အတွေးဟာဖြင့် တကယ်ပဲ လူတွေကြားထဲ ရောက်လာခဲ့ပီ။ ၁၉၃၆ခုနှစ် မေလလည်လောက်မှာ ကျူရင်းရဲ့ စာတမ်းကို ပုံနှိတ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ အမေရိကန် ပရစ်စတန်တက္ကသိုလ် အာလွန်ဇိုဘုရားရှိခိုးကျောင်း ကနေ အဲသည်ကျူရင်းရခဲ့တဲ့ ရလဒ်အတိုင်းကို ဆောင်းပါးတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ တကယ်ပါပဲ။ ဘုရားရှိခိုးကျောင်းကနေ စက်တွေမပါပဲနဲ့ စာချည်းသက်သက်ကို ပုံစံတမျိူးနဲ့ တိုက်ခိုက်လာတယ်ပေ့ါ။ ဒါပေမယ့် စက်ကြီးဘာကြီးတွေဆိုတာ အရေးမကြီးဘူးလေ။ သုတေသနဂျာနယ်တွေက မူရင်းရလဒ်တွေကို ပုံနှိတ်ပြခဲ့တယ်။ ပိုဆိုးတာက ဘုရားရှိုခိုးကျောင်းကနေ ကျူရင်းသက်သေပြချက်တွေရှေ့ကနေ အဆင့်ပေါင်းများစွာ ရှေ့ရောက်နေခဲ့တယ်။ အကယ်၍များ ကျူရင်းက သူစမလုပ်ခင်မှာ သုတေသနစာတမ်းတွေကို လေ့လာခဲ့မယ်ဆိုရင် သူဒါကို သိထားနှင့်မှာ ဖြစ်ပါတယ်။

ကံကောင်းချင်တော့လည်း ကျူရင်းက စိတ်အေးလက်အေး ရှိတယ်။ နယူမင်းကလည်း ကျူရင်းကြိုးစားထားသမျှကို အလကားမဖြစ်ချင်ဘူး။ သူက သုတေသနဂျာနယ်အယ်ဒီတာ တွေကို ဘယ်လိုပဲဖြစ်ဖြစ် ကျူရင်းစာတမ်းကို ဖော်ပြပေးဖို့ သူ့နံမယ်သုံးပီး တိုက်တွန်းတယ်။ အရေးကြီးတာက ကျူရင်းက အော်ရီဂျီနယ်ဖြစ်တယ်၊ သူ့ရလဒ်က အရေးကြီးတယ်။ ဒါ့အပြင် အာလွန်ဇိုဘုရားရှိခိုးကျောင်းကိုလည်း ကျူရင်းကို သူ့တပည့်အဖြစ် ပရစ်စတန်မှာ အခုလာမယ့် စာသင်နှစ်မှာ လက်ခံဖို့ ကမ်းလှမ်းတယ်။ ဘယ်သူ့ရဲ့ သြဇာသက်ရောက်မူမှမပါပဲ သူ့ကို အေးအေးဆေးဆေး လက်ခံဖို့ အခြေအနေ ပေးတယ်။ “သူ့ရဲ့ဘာသာရပ်ဆိုင်ရာ အလုပ်လုပ်ဖက်တွေ ရပီးတော့ တကိုယ်တည်း သမားအဖြစ်ကနေ ရုန်းထွက်လာနိုင်အောင် ပေါ့“ လို့ နယူးမင်းက ပြောတယ်။

အသက်၂၅နှစ်အ ရွယ် ကျူရင်း အတွက် အဲသည်လို ပံ့ပိုးမူတွေကြောင့်လည်း သူ့တကိုယ်တည်း ပိတ်ဆို့နေတဲ့ အကျဉ်းကျနေတဲ့ထဲက လွတ်မြောက်လာတယ်ဆိုရမယ်။ ဒါပေမယ့် ပရစ်စတန်ကို စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ ရောက်ရောက်ချင်းတုန်းက စိတ်ဓါတ်ကျဆင်းရောဂါက မသေးဘူး။ ပြောရရင် သူရောက်လာတာက တကယ့်ကို နိဗာန်ဘုံပါပဲ။ အဲသည်အချိန်တုန်းက ပရစ်စတန်သချာင်္ဌာနဆိုတာ သိပ်ကြီးကျယ်တယ်ဆိုတာထက် အိုင်စတိုင်းတို့လို တကယ့်သချာင်္ပညာရှင်တွေ ကျက်စား ခဲ့ရာ နေရာတစ်ခုဖြစ်နေတယ်။ အိုင်စတိုင်းကိုယ်တိုင်ရဲ့ ခြေရာတွေ ရှာလို့ရနိုင်ပါသတဲ့။ သို့သော်လည်း ကျူရင်းက ကန်ဘရစ်တုန်းကလိုပဲ သူ့ကိုယ့်သူ တကိုယ်တော် အကျဉ်းစံဘဝကို မစွန့်လွတ်နိုင်သေးဘူး။ သူ့ရဲ့အဂ်လိပ်ဆန်ဆန် နောက်ခံနဲ့ အမေရိကရဲ့ပုံစံက အံဝင်ဖို့ ခက်ခဲနေသေးတယ်။ သို့သော်လည်း သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ သူ ဘယ်လိုခရီးဆက်မှာလဲ ဆိုတာက တော့ ရှေ့ ကိုကြည့်ရမှာပါပဲ။ 

ဒီဇင်ဘာလမှာ သူဟာ ပရစ်စတန်မှာ စင်ပေါ်တက် စကားပြောခွင့်ရတယ်။ တက်ရောက်သူက နည်းနည်းပဲရှိတယ်။ သူ့လည်း ဘယ်သူမှ မှ မသိကြတာ။ ၁၉ ၃၇ ခုနှစ် ဇန်နဝါရီမှာ သူ့စာတမ်းက နောက်ဆုံးမှာတော့ ပုံနှိတ်ဖြစ်တယ်။ ဒါပေမယ့် လူ၂ယောက်လောက်ပဲ သူ့ပေပါကို အကျယ်ရေးသား တင်ပြဖို့ တောင်းဆိုတာ ခံရတယ်။ ပြောရရင်တော့ သချာင်္သမားအနည်းငယ်လောက် ပဲ သူ့စာတမ်းကို နားလည်သ ယောင်ယောင် သို့မဟုတ် သူလုပ်တာကို ဂရုစိုက်မိတာ ပဲ ရှိတယ်။

ကံကောင်းချင်တော့ ကျူရင်း ရဲ့ ဘယ်သူမှ ဘာမှန်းမသိတဲ့ စာတမ်းက ချီးမြောက်ခြင်းခံရတယ်ပေါ့။ ဘုရားရှိခိုးကျောင်းက သူ့စာတမ်းနဲ့ပတ်သတ်တဲ့ ကောက်နှူတ်ချက်ကို ပုံနှိတ်ပေးတယ်။ ကျူရင်းက တခြားသော ပြသနာတွေကို ဆက်လက် ရှာဖွေတယ်။ ၁၉ ၃၇ သြဂုတ်လမှာ ကျူရင်းဟာ ဘုရားရှိခိုးကျောင်းမှာပဲ နောက် ပညာသင်နှစ် ဆက်နေပီး ဒေါက်တာဘွဲ့ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သို့သော် သူ့မှာ အိမ်ကို လွမ်းတဲ့ ပြသနာရှိနေတယ်။ သူက အမေရိကကို သည်လောက်ကြီး သဘောမကျဘူး။ ၁၉ ၃၈ ခုနှစ်မှာ ကျူရင်းဟာ သူ့နေရပ်ဒေသမှာ စစ်ဖြစ်တော့မှာကို မြင်ရတော့မယ်။ သူဟာ ကူညီချင်တဲ့စိတ်တွေ ထိန်းမရသိမ်းမရ ဖြစ်ပေါ်လာတယ်။ နွေဦးရာသီမှာ သူ့သူငယ်ချင်းဆီ စာရေးတယ် “ဟစ်တလာက ငါမလာခင် အင်္ဂလန်ကို မဝင် ပါစေနဲ့လို့ ဆုတောင်းပါတယ်“ ။ ၁၉ ၃၈ခုနှစ် ဂျူလိုင်လမှာ ဒေါက်တာဘွဲ့လက်မှတ် အသစ်စက်စက်ကို ကိုင်ပီး ကျူရင်းဟာ အိမ်ပြန်လာတယ်။ ကန်းဘရစ်ကိုပေါ့။ အင်္ဂလန်ကို …. စစ်ကြီး ဆီကို။

ဂျူနီယာဝင်း

Friday, January 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (13)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ 13

အတွေးအမြင် ၃၂၈ ။ ဇန်နဝါရီ ၂၀၂၀
(Alan Turing)

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့ A Confirmed Solitary အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

တကိုယ်တော်သမား

သိပ်ကိုကြီးကျယ်တဲ့ ပုဂ္ဂိုလ်၊ နောက်ကျရင် အဏုမြူဗုံး တည်ဆောက်မူမှာ အရေးပါတဲ့သူ ဖြစ်လာမယ့် Von Newmann (ဗွန်နယူမင်း) တယောက်ရဲ့ သူ့ အချိန်တွေများစွာ ပေးပီး စဉ်းစားခန်းဝင်တဲ့အပိုင်းတွေ ပီးသွားပါပီ။

 ရှေ့က၁၀နှစ်က ဒစ်ဂျစ်တယ် ကွန်ပြူတာနဲ့ပတ်သက်လို့ စမ်းသပ်မူ တွေ တင်မက အထွေထွေေ သောအကြမ်းထည်အလုပ်တွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ တိုးတက်မူကတော့ တွက်ချက်မူပိုင်းမှာ ဖြစ်လာပါတယ်တဲ့။အကြမ်းထည်အပိုင်းဟာ အားထုတ်ရတယ်၊ သီအိုရီတွေ ချပြရတယ်၊ ပါဇယ်တွေဆက်သလို ဟိုကသည်က ယူပီး ပုံစံဖော်ရတာ စစချင်းဘာမှ ရုပ်လုံးမပေါ်ရာကနေ သူက အဲသည်ဆက်သွယ်ချက်တွေကု ိမြင်လာပါပီတဲ့။ ဒီနေရာမှာ အားထုတ်မူ ၃ ခုကို လုပ်ခဲ့ရတယ်လို့ဆိုတယ်။

အရင်ဆုံး ကွန််််ပြူတာသိပ္ပံလို့ခေါ်တဲ့ အခြေခံအုတ်မြစ်ကို ချပါတယ်။ ပြီးတော့ Claude Shannon (ကလော့ ရှနွန်) (သူက လ ျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မီချီကန်တက္ကသိုလ်ကျောင်းထွက်ပါ။ သူ့အကြောင်းတွေ ရှေ့က အခန်းတွေမှာ ဖော်ပြပီးဖြစ်လို့ အသေးစိတ် ထပ်မပြောတော့ပါဘူး။) ရဲ့ မျက်မြင်သက်သေထားလို့ လ ျှပ်စီးပတ်လမ်းတွေကြားက ဆက်သွယ်ချက်တွေကို ရှာပီး မျက်စိယဉ်အောင် လုပ်ကြပါတယ်။ နောက်ဆုံး ဘယ်လို စခန်းသွားကြမလဲ ဆိုတာကတော့ သချာင်္ပညာရှင် တွေကိုသက်သေထားပီး လောဂျစ် ဗေဒဆိုင်ရာ စဉ်းစားတွေးခေါ်တတ်တဲ့ ညဏ်ပညာကို သုံးပီး ရှေ့ဆက်ကြမယ်ပေါ့။

အမှန်ပြောရရင်တော့ Alan Turing (အယ်လန် ကျူးရင်း) ဟာ ရှနွန်ထက် ရှေ့ရောက်နေတဲ့သူလို့ ပြောလို့ရပါတယ်။ ၁၉ ၃၆ ခုနှစ် အမေရိကန်က Differential Analyzer (ဒစ်ဖရင်ရှယ်အန်နာလိုက်ဇာ) (အဆင့်မြင့် သချာင်္ပညာရပ် ဖြင့်တည်ဆောက် ဖို့သွားတဲ့လမ်းပေါ်က စက်ပစ္စည်း နည်းပညာပဲ ဆိုပါတော့။ အဲသည် အကြောင်းတွေ တော်ောတ်များများ ရှေက အခန်းတွေမှာ ဖော်ပြခဲ့ပါတယ်။) ခေါ်တဲ့ ဆီကို လိုက်နေတဲ့ခေတ်ကြီးထဲမှာ ကျူးရင်း က ကန်ဘရစ်တက္ကသိုလ်မှာ အဲသည် အကြံညဏ်ကို သုံးပီး တစ်နှစ်လောက်လ ျှပ်စီးပတ်လမ်းတွေထဲ အသက်ရှင်နေခဲ့တာပါတဲ့။ သူက အခုလိုမေးတယ် “ကွန်ပြူတာရဲ့ အခြေခံ သတ်မှတ်ထားတဲ့ အမြင့်ဆုံး စွမ်းအင်ဆိုတာ ဘာလဲ“ တဲ့။

ကျူးရင်း က အဲသည် ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို ၁၉၃၀ ခုနှစ်တွေမှာကို သုံးနေတာပါ။ သူက ခဲတံလေး တစ်ချောင်း စာရွက်ကလေး တရွက်နဲ့ ထိုင်ပီးအမြတ်ခွန်​တွေ ကို လက် နဲ့ တွက်ချင်နေတဲ့သူပါ။ ဒါမှမဟုတ်ရင်လည်း ၄ လက်မ အချင်းရှိတဲ့ စက်ဝိုင်းက လေးတေ ွဆွဲရင်းနဲ့ပေါ့။ “တွက်ချက်တဲ့ကရိယာ“ ဆိုတဲ့ ကွန်ပြူတာဆိုတဲ့ စကားလုံးကိုလည်း သူက ရေရွှတ်နေတဲ့သူ။ (Computer = one that computes လို့ စဉ်းစားကြည့်လိုက်တော့ ကွန်ပြူတာဆိုတာ တွက်ချက်မူကို လုပ်သောသူ ပေါ့။) ဒီစကားလုံးက သချာင်္နယ်ပယ်မှာ အလွန့်အလွန်ကို ခေတ်စားနေပီး အဲသည် အမည်ကိုယ်တိုင်ကိုကလည်း သူတို့ရဲ့နှလုံးသားကို ကိုင်လှူပ်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် လောဂျစ်ဆိုတဲ့ ကျိူးကြောင်းဆင်ခြင်ဆိုတဲ့ သဘောတရားက ကျွနိုပ်တို့ကို ဘယ်လောက် ဝေးဝေးထိ ခေါ်ဆောင်သွားမှာတဲ့လဲ? သူက တကယ်ပဲ တန်ခိုး ကြီးသတဲ့လား ? သူက တကယ်အမှန်တရားဆိုတဲ့ တရားကို ပြမှာတဲ့လား ? ဒါမှမဟုတ် သူ့မှာ သတ်မှတ်ချက် ဆိုတာ ရှိသလား ? မတွက်ချက်နိုင်တဲ့ ကိန်းဂဏန်းတေ ွရော ရှိမလား? သက်သေပြချက် တွေမပြနိုင်တဲ့ သီအိုရမ်တွေရှိသလား ? နှူတ်လို့ရတဲ့ သ ဘောတရားတွေရော ရှိသလား ?

(အပေါ်က မေးခ ွန်းတွေကဘာ​တွေမှန်းတော့မသိဘူးနော်။ ဘာပဲဖြစ်ဖြစ် သချာင်္သမားတွေ နားလည်လောက်မှာပါ။)

အထက်ပါ အကြောင်းအရာများဟာ သချင်္ာသမားများကို ရာစုနဲ့ချီပီး နှိပ်စက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျူးရင်းရဲ့ လက်ထက်မှာတော့တဲ့၊ ၁၉၃၅ ခုနှစ် မှာ သူက ဒါကို စဉ်းစားပြပါတယ်တဲ့။ သူ့ပါမောက္ခ M.H.K. Newman (အမ် အိတ်ချ် ကေ နယူးမင်း) ရဲ့ စာသင်ခန်းထဲက လက်ချာတွေ နားထောင်ရင်းနဲ့ သူ့စိတ်််​​တွေ လေပီး စိတ်ဓါတ်တွေကျလာတယ်လို့ဆိုတယ်။ ၁၉၃၁ ခုနှစ်မှာ ကျူရင်းက နယူးမင်း ရှင်းပြတဲ့ထဲမှာ ချက်လူမျိူး သချာ်ပညာရှင် Kurt Godel (ကာ့တ် ဂိုးဒယ်လ်) ပြောခဲ့တဲ့ - သချာင်္မှာ သတ်မှတ်ထားတယ်ဆိုတာရှိတယ် - သက်သေမပြနိုင်တဲ့ သီအိုရန်တွေဆိုတာလည်း ရှိနိုင်တယ် - တွက်ချက်လို့မရတဲ့ ကိန်းဂဏာန်းတွေဆိုတာလည်း ရှိနိုင်တယ်- ဒါ့အပြင် ဂိုးဒယ်လ် က ဘာပြောခဲ့သေးလဲ ဆိုတော့ သချာင်္ပညာရှင် တွေ ဟာတဲ့ သူတို့ပြတဲ့သက်သေပြချက် တွေဆိုတာ တကယ်တော့ ရှိလည်းမရှိပဲ လျောက်ပြနေကြတာဖြစ်တယ်ဆိုပီး လက်တွေ့ကျတဲ့ သက်သေတွေ ထုတ်ပြခဲ့ပါသေးတယ် ဆိုပဲ။

နောက်ပိုင်းမှာ ဂိုးဒယ်လ် ကတော့ အံ့သြစရာ ကောင်းတဲ့ ရလဒ်တွေမမျော်လင့်ပဲရခဲ့တာ တကယ်တုန်လှူပ်ခဲ့ပါသတဲ့။ ၁၉၂၀ခုနှစ်တွေတုန်းက ရူပဗေဒပညာရှင်တွေ မသေချာမရေရာ ထားခဲ့ဖူးတဲ့ ကွမ်တမ်သီအိုရီသဘောတရားဟာ တကယ်ပဲ သချာင်္ပညာရှင်တွေ လက်ဖျားခါရလောက်အောင် ပြန်အသက်သွင်းခဲ့တာဆိုတယ်။ ဒါပေမယ့်လည်း စိန်ခေါ်မူအသစ်တွေတော့ ရင်ဆိုင်နေရဆဲပါပဲ။ ဥပမာတစ်ခု ပြောရရင် နယူးမင်းက ဆက်ပြောတာကတော့ ဂိုးဒယ်လ် ဟာတဲ့ သူချပြခဲ့တဲ့ သတ်မှတ်ချက်တွေဟာဖြင့် အ မှောင်ထဲက ဘာမှန်းမသိပဲ ဆွဲထုတ်လိုက်ရတဲ့ အရာတွေလို ဖြစ်နေတာပါတဲ့ အဲဒါကို ပြန်ကောက်ယူဖို့ အ မှောင်ထဲကိုလက်နှိူ်က်ပီး ခုနက အရာကို ဘယ်လို ပြန်ရှာရမှန်းမသိသလိုပါပဲတဲ့။ သည်တော့သချာင်္ပညာရှင်တွေ ဘက်က ဒါကို စမ်းသပ်မူတွေ အများကြီးလုပ်ဖို့ လိုနေပါတယ်တဲ့။ သူတို့လျောက်လာတဲ့ လမ်းတလျောက်မှာ ကြုံတွေ့လာကြရတဲ့ အချက်အလက်တွေကို ပြန်လည် စီစစ်ဖို့ ကြိုးစားမူ ပဲတဲ့။ အဲသည်နည်းဟာ မှန်သ ွားရင်တော့ ဒါဟာ “စက်မူပိုင်းဆိုင်ရာ လုပ်ငန်း“ သူ့အလိုလို အောင်မြင်တာဖြစ်မယ် လို့ နယူးမင်းက ကောက်ချက်ချပါတယ်။ ဒါကို “Yes” ဖြစ်ဖြစ် ”No” ဖြစ်ဖြစ် ရိုးရိုးသာ ဖြေဖို့လိုမယ်။ ဒါကို “ဆုံးဖြတ်ချက်“လို့ သတ်မှတ်မယ်။ သည်တော့ သည်ပြသနာက သချာင်္ပညာရှင် တွေ အတွက် “ဒီလုပ်ငန်းစဉ် အတွက် အ ဖြေထုတ်” ပေးရင်ပေး၊ ဒါမှမဟုတ် “ဒါဟာ တကယ် မရှိပါဘူး“ လို့ ပြောရင်ပြော တစ်ခုခုကိုတော့ ရွေးရတော့မယ်။

အင် း… …..  လို့ ကျူးရင်းက ဒီကိစ္စကို စိတ်ဝင်စားတယ်လို့ သဘောနဲ့ အင်း လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်သူပြောတာဆိုတော့ ဘယ်သူမှ မကြားဖူး။ နယူမင်းလည်း မကြားဖူး၊ ဘယ်သူမှ လည်း မကြားလိုက်ကြပါဘူးတဲ့။ သူက သူ့ကိုယ်ပိုင် စိန်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒီပြသနာက သူ့ကိုယ်သူ စိန်ခေါ်လိုက်တာ။ (ဟော… အခု ဆောင်းပါး ခေါင်းစဉ် “တကိုယ်တော် သမား” ဆိုတာ သူပဲ။ အယ်လန်ကျူးရင်း ကို ပြောတာ။)

အယ်လန်ကျူးရင်းဆိုတာ တကယ့်ကို တကိုယ်တည်းသမား၊ လူငယ်လေးတစ်ယောက်။ ၁၉ ၁၂ခုနှစ် မှာမွေးတယ်။ အဲသည်ခေတ်တုန်းက အိန္ဒိယပြည်တွင်းရေးရာ ရုံးလုပ်ငန်းအရ ဟိုသည် သ ွားလာ ရွေ့ပြောင်းနေရတဲ့ခေတ်မှာ မို့ သားသမီးများကို မိဘများက သူတို့ လက်ရှိ နေထိုင်ရာအရပ် အင်္ဂလန်မှာပဲ မွေးစားစာရင်းသွင်းပီး ထားခဲ့တာ အ ကောင်းဆုံးပဲလို့ ဖြစ်နေတဲ့အချိန်လို့ဆိုတယ်။ သူက ဒုတိယ သားပါ။ သူက ရှက်တတ်တယ်၊ လူထူးလူဆန်းကလေး၊ သူက စိတ်လှူပ်ရှားလွယ်တယ်။ သူ့တကိုယ်တည်း သူ့ဘာသာသူ နေရတာ ဝါသနာပါတယ်။ ဒါ့အပြင်သူ့အိမ်တွင်းအိမ်ပြင်မှာ အန္ဆရယ်များတဲ့ ဓါတုဗေဒပစ္စည်းတွေ စမ်းသပ်ဖောက်ခွဲနေရတာ ကို နေ့စဉ်နဲ့အမ ျှ အချိန်ကုန်နေရတာ နှစ်သက်တယ်။ ဒါကို သူက “အထီးကျန် ကျွန်းကလေးမှာ ဆော့ရတဲ့ဂိန်း“ လို့ခေါ်သတဲ့။ ၁၉ ၃၁ခုနှစ် ကန်ဘရစ်တက္ကသိုလ်ကို ရောက်တော့ သူဟာ အားလုံးကြားထဲပိုပီး သတိထားမိစရာ ကောင်ကလေး ဖြစ်လာတယ်။ သူက အမြဲတမ်း ရှပ်ကုပ် ဂျက်ကပ် အကျီအပြည့်အစုံနဲ့ နိုက်တိုင် သူများတွေလိုပဲ ဝတ်ဆင်တာပါပဲ။ ဒါပေမယ့်သူ့ဝတ်တဲ့ အဝတ်အစားတွေက တွေ့ကရာလမ်းဘေး ဆိုင်မှာ ကောက်ဝယ်ဝတ်တာ။ တခါတလေ မုတ်ဆိတ်မရိပ်ဘူး။ ပြီးတော့သူက သွေးတွေဘာတွေ တွေ့ရင် မေ့လဲတတ်သေးတယ်။ ဒါ့အပြင်သူက ရိုင်းကလဲရိုင်းသတဲ့။ အမယ်လေး သူက ခင်ဗျားကို တွေ့လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဟလို လို့များ နှူတ်ဆက်တာခံရရင် တသက် မ မေ့တော့ပါဘူးဗျား။ သူ့ အသံ … ကိုက မ မေ့နိုင်စရာ။ သူစကားပြောရင်ကို အသံက နှူန်းမြင့် တဲ့ အသံ။ သူရယ်လိုက်ရင်လည်း စိတ်လှူပ်ရှားတဲ့ အသံသြသြကြီးနဲ့။ သူ အ တွေးတွေကြားထဲ နစ်မျောနေရင်များ သူ့အသံခပ်အက်အက် ကို ကြားကြရဦးမယ်။

(စာဖတ်သူတွေကို ဖြတ်ပြောရဦးမယ်။ Alan Turing အယ်လန်ကျူးရင်း အမည်နဲ့ ရုပ်ရှင် ရှိတယ်။ မင်းသားက Benedict Cumberbatch။ သူက ရှားလော့ Sherlock လုပ်ဖူးတဲ့ မင်းသားပါ။ ကြည့်ကြည့်လိုက်ကြပါ။ တကယ်ကောင်းပါတယ်။)

အမှန်ပဲ။ ကျူရင်းရဲ့ အတန်းဖော် တွေက သူ့ကို ညစာစားပွဲတွွေမှာ ရယ်စရာဟာသပုံစံနဲ့ လန်းဆန်းတဲ့ ပုံစံ နဲ့ သူငယ်ချင်း ကောင်ကလေးလို့ မြင်တယ်လို့ဆိုကြတယ်။ အဲသည်လို ဆိုတာတောင်မှပဲ ထိုသူငယ်ချင်းကောင်ကလေးမှာ တော်တော်ဆိုးဝါးတဲ့ အထီးကျန်ဝေဒနာကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိမပြုမိကြဘူး။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ကျူရင်း ဟာ လူတွေအားလုံးနဲ့ ဖုံးကွယ်ပီးနေနေရတဲ့ သူ့ရဲ့အဖြစ်မှန်တစ်ခုဖြစ်တဲ့ ယောကျာင်္းချင်း သဘောကျနှစ်သက်နေတဲ့စိတ်ကို သူ့ဘာသာသူ နားလည် လာတာဖြစ်ပါတယ်။ အဲသည်ကိစ္စက အင်္ဂလန်မှာ အဲသည်အချိန်တုန်းက တော်တော်ကြီးကို တင်းကျပ်တဲ့ တားမြစ်ထားတဲ့ ပြစ်မူ ဖြစ်နေတယ်။ သူ ကျောင်းတုန်းက တေ ွ့ခဲ့တဲ့ သူ့သူငယ်ချင်း (ကောင်ကလေး ဖြစ်ပုံရပါတယ်) ကို အ ဝေးကနေပဲ လှမ်းမျော်ကြည့်ခဲ့ရတဲ့ အဖြစ်ကို တွေးပီး အခုထိရင်နာနေဆဲပါပဲတဲ့။ ဆိုလိုတာက အဲဒီအချစ်ဟာ မှားယွင်းတယ်လို့သူက ခံယူထားခဲ့တာ။

အဲသည်တော့ ဒါကို စိတ်ဖြေတဲ့ သ ဘောအနေနဲ့ ကျူရင်းက တကိုယ်တည်း နေတတ်တဲ့ အကျင့်ဟာ စွဲမြဲလာတယ်။ သူများတကာ မစဉ်းစားမိတာ တွေကို သူက တွေးမိတယ်၊ လုပ်တတ်တယ်၊ တည့်တည့် မျော်မြင်တတ်တယ်ဆိိုတာတွေက သူတဘက်က ရလာတဲ့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ဖြစ်လာတယ်။ သူ့စက်ဘီးက ချိမ်းကြိုးဟာ လည်ပတ်မူ အကန့်အသတ်တစ်ခုမှာ စက်ဘီးက ပြုတ်ထွက်တာတွေ ဖြစ်ပီး နောက်တဖန်ပြန်ပီး အသစ်နဲ့လဲရတယ်ဆိုပါတော့တဲ့။ ကျူရင်းက အဲသလိုမဖြစ်ခင်မှာတင် ဘယ်နှစ်ပတ်လည်ခဲ့ပီးပီ ဆိုတာကို မှတ်သားပီး မပြုတ်ထွက်ခင်မှာ သူ့လက်နဲ့သူ ပြန်လည် တပ်ဆင်တာမျိူးကို ကြို လုပ်ပါတယ်တဲ့။

ကျူရင်းက သချာင်္ဘာသာရပ်ကို သူ့ရဲ့ထူးဆန်းတဲ့အမြင်မျိူးနဲ့ ကြည့်ပါတယ်။ ဟုတ်တယ် သူက ပြသနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် သူ့ရှေ့က လူတွေ ကြည့်ရူတဲ့ အမြင်မျိူးနဲ့ မဟုတ်တဲ့ သချာင်္ပညာဗေဒပုံစံမျိူးကို စာပေဆန်ဆန် ကြည့်ပါသတဲ့။ (သချာင်္ပုစ္ဆာကို စာပေဆန်ဆန် ဘယ်လိုကြည့်သလဲဆိုတာကို အခုလို ဆက်ရေးထားပါတယ်။) သူက အဲသည်ပြသနာကိုတဲ့ သူ့ဦးနှောက်ထဲမှာ ထပ်ခါတလဲလဲ စဉ်းစားပါတယ်တဲ့။ ဘီးလုံးတစ်လုံး တပတ်ချင်း တပတ်ချင်း ပတ်နေသလိုပဲတဲ့။ တပတ်ပီးတပတ် ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန် သူ့ဦး နှောက်ထဲမှာ အပတ်ပေါင်း ဘယ်နှစ်ပတ်လည်နေပါလားဆိုတဲ့ပုံစံမျိူး စဉ်းစားတာဖြစ်ပါသတဲ့။ သူ့လက်နဲ့ စက်ဘီချိမ်းကို လှည့်နေသလိုမျိူး ဖြစ်တယ်လို့ဆိုတယ်။ ပြသနာရဲ့ အဖြေတစ်ခုဟာ သူ့ခေါင်းထဲမှာ ပေါ်မလာမချင်းကို လုပ်နေပါလို့ဆိုတယ်။

“ကျွန်တော့်ရဲ့ အဆိုကတော့ အခုလိုရှိတယ်…..“ လို့ကျူရင်းက ကြွေးကျော်လိုက်ပါတယ်။ “စက် က နေပီးတော့ ဒသမ ဘယ်နှစ်နေရာ ဆိုပီး ချ ရေးလို့ရမယ်ဆိုရင် ထိုကိန်းဟာ တွက်ချက်လို့ရပါတယ်။“ လို့ သူကဆက်ပြောပါတယ်။ ဒီနေရာမှာ နယူမင်းရဲ့ စကားဖြစ်တဲ့ “စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစဉ်“ ဆိုတာ ပါလာပါတယ်။ ကျူးရင်းရဲ့ အထ္ထုပ္ပတ္တိ ရေးသားခဲ့သူ Andrew Hodges (အင်ဒရူး ဟော့ဂျက်စ်) က ပြောရာမှာ သချာပင်္ညာရပ်ဆိုင်ရာ ညင်းခုန်မူများမှာ ဝိရောဒိဖြစ်စရာ အမှတ်အသားတွေ အကြောင်းပြချက်တွေ နဲ့ ချီနှောင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျူးရင်းရဲ့ အဆိုဟာ စက်မူပိုင်းဆိုင်ရာ နည်းပညာ ပိုင်းဆိုင်ရာပိုင်းကို တုန်လှူပ်သ ွားစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျူရင်းက ဘယ်သူမှ ဂရုမစိုက်ပဲ စိတ်ကူူးထဲက စက်ပစ္စည်းကို သူကိုယ်တိုင် စတင် ပုံသ ွင်းဖို့လုပ်ပါတယ်။ ကျူရင်းက အစကတည်းကလည်း ခပ်ကြောင်ကြောင်ဆိုတော့လေ။ ကျူရင်း က ပြောတယ် ဘာဖြစ်လို့ ခဲတံနဲ့ စာရွက်နဲ့ လုပ်နေမလဲတဲ့ ခပ်ရိုးရိုးပဲ လက်တေ ွ့ကျကျ ပုံဖော်ပါလားတဲ့။ ဝင်ရိုး ၂ခုနဲ့ စာရွက်ပေါ်မှာ ချရေးနေတဲ့ နေရာမှာ အဆုံးအစမရှိရှည်လျားတဲ့ တိတ်သားကို စတုရန်းအပိုင်းလေး တွေ အဖြစ် ပိုင်းဖြတ်လိုက်ပါ့လားတဲ့။ တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်ပါတဲ့။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးေ တွဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တေ ွ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတေ ွနဲ့ ကြိုးစားပီး အြဖေရှာတော့မှာဖြစ်ပါတယ်။

(scanner (စကင်နာ) (စာရွက်စာတမ်း၊ ဓါတ်ပုံများကို မှတ်သားကူးယူပေးသောစက်) စက်ပေါ် အခြေခံလို့ ကျူရင်းက ဆက်ပီး သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်တော့မှာ ဖြစ်ပါတယ်။ ရှေ့လ ဆက်ပါ့မယ်။)

ဂျူနီယာဝင်း

Tuesday, December 10, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသိို့ ခြေလှမ်းများ 12

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသိို့ ခြေလှမ်းများ 12

(အတွေးအမြင် ဒီဇင်ဘာ ၂၀၁၉ )
မိုုုုုးမခ၊ ဒီဇင်််ဘာ ၅၊ ၂၀၁၉


(ENIAC)

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့တာ အခုက တတိယ ရောက်လာတော့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

John Mauchly (ဂျွန် မက်ချ်လေ) နဲ့ J. Presper Eckert (ဂျေ ပရစ်ပါ အက်ကဒ်) တို့၂ဦးသား Electronic Numerical Integrator and Calculator (လျှပ်စစ်စနစ်သုံး ကိန်းဂဏာန်းစနစ် အင်တီကရေတာ (အလုပ်လုပ်သောစနစ်ကို ပြောတာပါ) နဲ့ ဂဏာန်းတွက်စက်) ခေါ် ENIAC စက်ကြီးတရားဝင် အလုပ်လုပ်ဖို့ ကြိုးစားခဲ့ကြတဲ့ အကြောင်း အရင်လက ဖော်ပြခဲ့ပီး အဲသည်ကနေ ဆက်ပါ့မယ်။ သူတို၂ဦးဟာ စက်ကြီး ကောင်းကောင်းအလုပ်လုပ် ပြနိုင်ဖို့ အတွက် safeguard လို့ခေါ်တဲ့ မီးအားအမြင့်အနိမ့် တွေ  မှာ ကွန်ပြူတာစက်ကြီး မပျက်စီးအောင် ကာကွယ်လုပ်ဆောင်ပေးတဲ့ စက်ပစ္စည်း မျိူး တွေ ကို တော်တော်များများ ပြင်ဆင်ခဲ့ကြပါတယ်။ အဲသည်ထဲမှာ မီးအားတိုင်းတာ ကိရိယာတွေ ပါတယ်။ ဗို့အားတိုင်း ကရိယာတွေပါတယ်။ ပြွန်ချောင်းတွေ စမ်းသပ်မူ လုပ်ငန်းတွေပါတယ်။ 

Vannevar Bush (ဘွတ်ချ်)(လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနကပါမောက္ခ) ၊ Howard Aiken (အေကင်) (ကွန်ပြူတာ ပရိုဂရမ် ဆွဲ ကျွမ်းကျင်ပညာရှင်) နဲ့ George Stibitz (စတီဗစ်) (သချာင်္အင်ဂျင်နီယာ လူငယ်လေးတစ်ယောက်) တို့ အ လေ အလွင့် မရှိအောင် လုပ်နေတဲ့ကြားကတောင်မှပဲ တွက်ချက်မူပိုင်း အလွဲ လေး တွေ နဲ့ တော့ ကြုံကြရပါသေးတယ်။ အဲဒါလည်း သူတို့တီထွင်ထားတဲ့ ဂဏာန်းတွက်စက်နဲ့ တွက်ချက်ကြရတာပါပဲ။ ပါမောက Von Newmann (ဗွန်နယူမင်း) (သိပ်ကို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ပါ။ သူက နောက်ကျရင် အဏုမြူဗုံး တည်ဆောက်မူမှာ အရေးပါတဲ့သူ ဖြစ်လာတယ်။) ဟာ ၁၉ ၄၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ Moore School (မိုးလ် ကျောင်း) ကို ရောက်ခဲ့ပီး သူတို့အလုပ်တွေကို လေ့လာခဲ့ပါတယ်။

ဗွန်နယူမင်း အတွက်တော့ ဘာမှ ထွေထွေထူးထူး တော့ တည်ဆောက်ထားတာ ​ေတွ မတွေ့ရပါဘူးတဲ့။ ရှိလည်း မရှိပါဘူးတဲ့။ ဒါပေမယ့် လူငယ်ကလေးတွေရဲ့ တက်ကြွတဲ့ပုံရိပ်တွေကို မြင်တွေ့ရတာ အမြတ်ပါပဲလို့ဆိုပါတယ်။ တဒါဇင်လောက်ရှိတဲ့ အင်ဂျင်နီယာကောင်လေးတွေရယ်၊ သူတို့ တည်ဆောက်ဖို့ ပြင်ဆင်ထားတဲ့ ENIAC အီးနက် စက်ကြီးအကြောင်းရယ် မိုးလ် ကျောင်းအုပ်စုကလေးကို နံမယ်ရ သွား စေပါတယ်။ ဒါနဲ့သူက နောက်လာမယ့် ရက်သတ္တပတ်မှာ ဒီအလုပ်အတွက် ရက်ချိန်းတွေ ဆွဲပေးခဲ့တယ်။ သူ့အလုပ်ဇယားထဲမှာ နေရာပေးခဲ့ပါတော့တယ်။

Maunchy (မက်ချီ)၊ Eckert (အက်ကဒ် ) နဲ့ Goldstine (ဂိုးစတင်း) တို့ကတော့ ဗွန်နယူးမင်းလို ဆင်ကြီးတ ကောင်က သူတို့ဘက်ကို ရပ်တည်ပေးလိုက်တာ ပျော်မဆုံးပါဘူး။ အခုဆိုရင် NDRC ဆိုတဲ့ ပြွန်ချောင်း အလွတ်တွေနဲ့ တွက်ချက်တော့မယ့်စက်ကြီး ဆိုတာကို ဂရုမစိုက်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ေ ဗွန်နယူးမင်းက သူတို့ဘက်မှာ။ ဒါ့အပြင် နယူမင်းကလည်း ဒီလုပ်ငန်းအတွက် ငွေရေးကြေးရေး လှူပေးဦးမှာ။

အဲသည်တုန်းက အကြောင်းတွေကို မက်ချ်ီက အခုလို ရေးသားထားတယ်။ “ ကျွန်တော်တို့ လုပ်နေတာက မြန်မြန်ဆန်ဆန် တွက်ချက်ပေးမယ့် ဂဏာန်းတွက်စက် ဖြစ်တယ်။ နည်းပညာ တွေကို အမြန်ဆုံး တွက်ပေးမယ့် စက်ကြီးပေါ့။ အဲသည်အတွက် အကောင်းဆုံး လုပ်နေကြတာပါ။“ ရလဒ်ကဘာလဲ ဆိုတော့ ENIAC မူရင်းစက်ကြီးဟာ အဓိက နောက်ကြောင်း ပြန်ှလှန်နေရတဲ့ အခက်အခဲကြီး ၂ခု ကြုံရတယ်။ ပထမတစ်ခုက Punch CArd (ပန့်ချ်ပ်ကဒ် ) တွေသုံးပီး အချက်အလက်တွေ သွင်းရတဲ့အခါ ကွဲပြားခြားနားတဲ့ ကိန်းဂဏာန်းတွေကို သွတ်သွင်းနေရတဲ့ လုပ်ငန်းစဉ်မှာ ရှမ်းပီး သွင်းမိတဲ့ အပိုင်းတွေဟာ အခက်တွေ့နေရတယ်။ IBM အိုင်ဘီအမ် စတိုင် ပန်ချ့်ကဒ်တွေက အလွန့်အလွန် နှေးကွေးနေတာလည်းပါတယ်။“ပြောရရင်တော့ မြန်ဆန်တဲ့ မှတ်ညဏ်ဖြစ်ဖို့ စျေးကလည်း မသေးပါဘူး။ စျေးပေါတဲ့ မှတ်ဉာဏ်ကြပြန်တော့လည်း မမြန်ဘူး“ လ်ု့ မတ်ချိက မှတ်ချက်ချခဲ့ပါတယ်။

ဒုတိယအချက်က ENIAC စက်ကြီးဟာ ပရိုဂရမ်တစ်ခု တည်ဆောက်ဖို့ခက်တယ်။ ဥပမာ Differential Analyzer (ဒစ်ဖရင်ရှယ် အန်နာလိုက်ဇာ)။ အဲဒါကို ပရိုဂရမ် ဆွဲဖို့ခက်ခဲတယ်။ သူက သာမန်အတွက်အချက်လောက်သာ ဟန်နေတာကိုး။ အမှန်တကယ် လုပ်ငန်းခွင် ဝင်မယ်ဆိုရင် ENIAC မှာ ရူပ်ထွေးတဲ့ ဝါယာကြိုးတွေ ကို သေသေချာချာ စီမံတတ်ဖို့ နည်းပညာပိုင်းဆိုင်ရာမှာ လိုအပ်နေသေးတယ်။ ဥ့ပမာ တယ်လီဖုန်းလိုင်းတွေဟာ သူ့မှန်ကန်တဲ့ နံပါတ်တွေနဲ့ သူ သူ့အပေါက်နဲ့သူ အံဝင်ပီး မှန်ကန်ဖို့လိုသလိုပေါ့။ ပလပ်ပေါက် တွေလည်း သူ့ဟာနဲ့သူ မှန်ကန်တိကျရဦးမယ်။ “ဖုန်းလိုင်းတွေလိုပဲ သူ့လိုင်းတွေဟာ ပေ ၈၀ တလျောက် မှန်မှန်ကန်ကန် သွားလာနိုင်ဖို့ စက်ပစ္စည်းတွေ လိုအပ်တယ်။“ လို့ မက်ချီက ပြောပါတယ်။ ဒါတေွကြောင့် အလုပ်မှာ နောက်ကြောင်း ပြန်ပြန်နေရတယ်။ ပြန်စစ်ဆေးနေရတယ်။ ဒီတော့အ ဓိက ဘာလဲလို့မေးရင် လျှပ်စစ်ပိုင်းဆိုင်ရာ တွက်ချက်မူ နည်းပညာဖြစ်တယ်။ ဒါဟာ နောက်လာမယ့် မျိူးဆက်သစ်စက်ကြီး အတွက် အစီအစဉ်တစ် ခု မဖြစ်မနေ ကြိုးပန်းရတော့မယ်။ အဲဒါကို Electronic Discrete Variable Automatic Computer (EDVAC) (လျှပ်စစ် နှင့်ဆိုင်သော ရှူပ်ထွေးသော ကိန်းထွေ ဆိုင်ရာ အော်တိုမစ်တစ် ကွန်ပြူတာ) လို့ ခေါ်ကြမှာ ဖြစ်ပါတယ်။

မက်ချီနဲ့ အက်ကဒ် တို့ရဲ့EDVAC စက်ကြီးနဲ့ပတ်သက်တဲ့ ရည်မှန်းချက်က သူ့မှာ မှတ်ဉာဏ်ပိုပီးရှိရမယ်၊ အဆင့်တွေ ဟာ တော်တော်လေးကို လွယ်ကူနေရမယ်၊ ပြွန်ချောင်းတွေ ပိုပီး လျော့လာရမယ် စသဖြင့် ဖြစ်ပါတယ်။ သူတို့မှာလည်း အဲသည်ရည်မှန်းချက်ပြည့်ဝလာဖို့ အကြံဏ်တွေ အများကြီး ရှိကြပါတယ်။ အထူးသဖြင့် အက်ကဒ် စဉ်းစားနေတဲ့ စျေးကြီးတဲ့ မှတ် ဉာဏ်ပြသနာ ဖြေရှင်းဖို့ ဆိုတာလိုပေါ့။ သူစဉ်းစားပုံကတော့ လျှပ်စစ်ပတ်လမ်းထဲမှာ တဲ့၊ အချက်အလက်တွေကို သိမ်းဆည်းသွားမယ်တဲ့၊ အဲသည် လျှပ်စီးတွေကတဲ့၊ ဖန်ပြွန်ချောင်းတွေထဲကနေပီး မာကျူရီအရည်တွေနဲ့အတူ ဝင်ရောက်ဖြတ်သန်းသွားမှာ ဖြစ်တယ်တဲ့။ (ဘာတွေလဲတော့မသိဘူး တိုက်ရိုက်ဘာသာပြန်ထားတာပါ၊ နားမလည်လည်း အဲသည်လိုပဲ ထားလိုက်ရအောင်)။ သည်တော့ EDVACစက်ကြီးထဲကို ဖိအားကို တွန်းပီး ပေးလိုက်တဲ့အခါ သူတို့စဉ်းစားထားသလို အံဝင်လာတဲ့ သဘောတော့ ရှိလာတယ်လို့ ဆိုပါတယ်။ ဗွန်နယူးမင်းက အဲသည်စက်အသစ်ကြီးနဲ့ ပတ်သက်လို့အတော်လေး အားတက်သရော ရှိပီး တက်တက်ကြွကြွနဲ့ ပါဝင်ပေးပါတယ်။ ဒါကြောင့်လည်း လူကြီးတစ်ယောက်ရဲ့ အင်အားက လိုအပ်တယ်လို့ ပြောရမှာပေါ့။ စစ်ကြီးအပြီးလောက်မှာ သူတည်ဆောက်ခဲ့ဖူးတဲ့ Los Almos (လော့စ်အာမို) (သုတေသန ဓါတ်ခွဲန်း ) အတွေ့အကြုံအရ ပြောရရင် အတွက်အချက် မြန်ဆန်ဖို့က သေရေးရှင်ရေးတမျှ  အရေးပါတယ်ဆိုတာကို သူသိထားတယ်။ အခု သူ က သည်လို သဘောပေါက်ထားတယ်။ ဒိထက်မက မြန်ဖို့လိုတယ် မြန်နိုင်သမ ျှ မြန်ကို မြန်ရမယ်၊ မျက်စိတမှိတ်လ ျှပ်တပျက် အတွင်းလောက်ကို မြန်ရမယ်။

၁၉၄၅ ခုနှစ် မတ် ဧပြီလ တွေမှာ မိုးလ် ကျောင်းတော်ကနေ အဲသည်စက်ကြီးရဲ့ အသီးအပွင့်လေးတွေက လှလှပပလေး ရှိလာတယ်။ နယူမင်းတောင်မှ အဲသည် ရလဒ်တွေကို သေသေချာချာ ရီပို့ ရေးနေရပီ။ သူက မိုးလ် က အင်ဂျင်နီယာ အုပ်စုကို လူထုရှေ့ချပြဖို့ ရက်ရွေးဖို့ ဆော်အော နေပီ။ ဒါပေမယ်လည်း သူကိုယ်တိုင်က သေချာ ပြင်ဆင်ဖို့လိုတယ်ဆိုတာကို လက်ခံထားတယ်။ မက်ချီ၊ အက်ကဒ်နဲ့ EDVAC အဖွဲ့သားတွေအားလုံးက အဲသည် ကမ်းလှမ်းချက်ကို လက်ခံတယ်။ အခုတော့ EDVAC အတွက် စိတ်ပူစရာမလို တော့ပါဘူးတဲ့။

သည်တော့ ဗွန်နယူမင်းက သူ့ရဲ့Los Alamos ဆီ ပြန်သွားတယ်။ အဲသည်မှာ အဏုမြူဗုံးတွေစမ်းသပ်ဖို့ စီစဉ်ထားတာတွေရှိတယ်။ ဂျပန်ကို တိုက်ရင် အသုံးပြုဖို့။ သန့်ရှင်းတဲ့ အေးမြတဲ့ လေထုမှာ အဖက်ဖက်က တောင်တွေနဲ့ ဝန်းရံနေတဲ့ နေရာကို သူက ရွေးတယ်။ နယူးမင်းက EDVAC ရီပို့အကြမ်းထည်ကို စတင်ရေးသားဖို့ လုပ်ပါတယ်။

ဂျူနီယာဝင်း

Thursday, November 14, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသုိ႕ ေျခလှမ်းများ - (11)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသုိ႕ ေျခလှမ်းများ - (11)

(အတွေးအမြင် နိုုုုု၀င်ဘာ ၂၀၁၉)
(မိိုးမခ) နိုုုုုဝင်ဘာ ၁၁၊ ၂၀၁၉


(John Von Newman)


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့တာ အခုက တတိယ ရောက်လာတော့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

၁၉၄၄ခုနှစ် သြဂုတ်လ နွေရာသီကာလ တစ်ခုမှာ စစ်ဗိုလ်တစ်ယောက်ဖြစ်တဲ့ Herman H. Goldstine (ဟာမင် အိချ် ဂိုးစတင်း) တစ်ယောက် မေရိလန်း ဘူတာရုံ့ပလက်ဖောင်း တစ်နေရာမှာ မတ်တပ်ရပ်နေတယ်။ သူက ဖီလင်ဒါဖီးယားကို ပြန်ဖို့ ရထား စောင့်နေတာပါတဲ့။ သူက တဖက် ပလက်ဖောင်းကနေ အရပ်ပုပု၊ သာမန်ရုပ်ရည်သာသာနဲ့ ခေါင်းပြောင်ပြောင် လူတစ်ယောက် လျောက်လာတာကို လှမ်းတွေ့နေပါတယ်။

အိုးမိုင်ဂေ့ါ .. အဲဒါ Von Neumann (ဗွန်နူယူမင်း) ပေါ့ လို့သူက .. ဂိုးစတင်း က ရေရွတ်လိုက်ပါတယ်။

အဲသည်အချိန်တုန်းက ဂိုးစတင်းက စစ်တပ်မှာ အင်ဂျင်နီယာပညာရှင် အနေနဲ့ အမူထမ်းနေတာပါ။ သူက သချာင်္နဲ့ဒေါက်တာဘွဲ့ တက်လှမ်းဖို့ မီချိကန် တက္ကသိုလ်မှာ ပညာသင်နေတာပါ။ ဒီတော့ သူက ကွန်ပြူတာ ဒဏ္ဍာရီတွေကို နည်းနည်းပါးပါးတော့ လက်လှမ်းမီနေပါတယ်။ အသက် ၄၀ အရွယ် နယူမင်း ကို သူတို့က နွိုင်းမင်း လို့ ခေါ်ကြတယ်။ သူ့ကို အဲလ်ဘတ်အိုင်စတိုင်း လက်သစ် ကလေးလို့ သိထားကြပါတယ်။ ၁၉ ၂၇ ခုနှစ်တုန်းက ဥပမာ တစ်ခု ထုတ်ပြပါ့မယ်။ ဗွန်နယူမင်းက အခုခေတ် ခေတ်စားနေတဲ့ ဂိန်းသီအိုရီ ဆိုတဲ့အရာကို ကွန်တန်မက္ကနစ်တို့ ဘာတို့နဲ့ ချပြခဲ့သူပါ။ အဲဒါကို သူက သင်္ချ အုတ်မြစ်တစ်ခုလိုလို သူက ပြောခဲ့ဘူးပါတယ်။ သူပြောခဲ့တာက လူတွေဟာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြတဲ့အခါတဲ့ ဂိန်းသီအိုရီ လိုအပ်တာပေါ့တဲ့။ အဲသည်တုန်းက သူပြောခဲ့တာပါ။ သူက Eugene Wigner (ယူဂျင်းဝစ်နာ) ဆိုတဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့အတူ အစုသီအိုရီနဲ့ Number Theory (ကိန်းဂဏာန်းများဖြင့် သီအိုရီ) နှစ်ခုကို တွဲပီး ဆွေး နွေးခဲ့ကြဘူးတယ်။ သူဟာ တစ်နေ့ကျ ရူပဗေဒ နိုဘယ်ဆုရှင်ဖြစ်လာတယ်။ သူ (နယူမင်း) ဟာ သူ့စိတ်မှန်းနဲ့ တွက်ချက်ပေးတတ်တာကို ကြည့်ပီးတော့ ပြောတတ်တဲ့ အရည်အချင်းရှိနေတယ်။ သူက ရိုးရိုးသချာ်သမားတစ်ယောက် ပြသနာတစ်ခုကို တညလုံးစဉ်းစားနေတာကို သူက ၆မိနစ်နဲ့ တွက်ပေးနိုင်သတဲ့။

သူ့မှတ်ညဏ်ကတော့ အံ့မခန်းပါပဲ။ သူက “A Tale of two cities’ ဆိုတဲ့ ကမ္ဘာကျော် ၀တ္တုကြီးထဲက စာသားတွေကို အထစ်ငေါ့မရှိ၊ အမှားမပါပဲ ရွတ်ပြနိုင်တယ်။ သူ့ပရိသတ်က ရပ်ပါတော့လို့တောင် ပြောယူရပါသတဲ့။ ဒါ့အပြင်သူက ဘာသာစကားမှာလည်း ကျွမ်းကျင်တယ်။ အသက် ၆ နှစ်မှာ သူ့ဖခင်နဲ့ ဂရိဘာသာနဲ့ ရယ်စရာတွေ ပြောနိုင်နေတယ်။ သူ့ပတ်ဝန်းကျင်က ဘာသာရေးကိစ္စတွေကိုလည်း သူက နားလည်နေတယ်။ ၁၉ ၃၀မှာ သူက ဥရောပ ကနေ အ မေရိက က ပရစ်စတန်တက္ကသိုလ်ကိုရောက်တော့ သူ့အမည်က ဂွန်နီ ဗွန်နယူမင်း ဖြစ်လာပါတယ်။ သူက ပျော်တတ်တယ်၊ ခပ်ကြောင်ကြောင်ဦးထုတ်တွေ သဘောကျတယ်၊ ရယ်စရာပြောတတ်တယ် စသဖြင့် သူ့ကို သဘောကျတေဲ့သူတွေ များလာပါတယ်။

နယူမင်းရဲ့ တော်ပုံကိုတော့ လူတိုင်း သတိထားမိကြပါတယ်။ ၁၉၃၃မှာ အဆင့်မြင့် သင်ကြားမူစနစ် စတင်လာတဲ့အခါ သူက အဖွဲ့ဝင်ဖြစ်လာတယ်။ Adolf Hitler (အာဒေါ့ဟစ်တလာ) ဟာ အသည်တုန်းက ဥ ရောပက သချာင်္အကျော်အမော်တွေကို အင်အားသုံးပီး နယ်နှင်ပစ်နေခဲ့တာပါ။ ဗွန်နယူမင်းက ပရစ်စတန်မှာ Nobert Weaner (နိုဘတ်ဝီနာ) နဲ့အတူ သချာင်္ဘာသာရပ်ကို အသုံးချပီး တိုးတက်အောင် လုပ်နေခဲ့တယ်။ သူတို့နစ်ယောက် က မိတ်ဆွေကောင်းတွေ ဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း လေးစားကြတယ်။ အလုပ်တွေကိုလည်း ဖလှယ်ကြတယ်။ သူတို့နှစ်ယောက်ရဲ့ နယ်ပယ်ကလည်း သချာင်္နယ်ပယ်တူနေတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ စတိုင်ကတော့ ဆန့်ကျင်ဘက်ပေါ့လေ။ ဝီနာက သချာ်ကို ဖက် တွယ် တယ်။ သချာင်္နဲ့ ပတ်သက်လာရင် အထိမခံ စိတ်ကြီးတယ်။ နယူမင်းက တော့ လက်မူပညာသည်လိုပဲတဲ့။ စိတ်အေးလက်အေးနဲ့ အလုပ်လုပ်တယ်၊ ကြိုးစားတယ်။

သူတို့၂ယောက်ရဲ့ မတူညီမူက ဟောပြောပွဲတွေလုပ်တဲ့အခါ အတော်သိသာလာတယ်။ ဝီနာက သူ့ဟန်ပန်အမူအယာနဲ့ ဆွဲဆောင်မူတွေရှိတယ် ဆိုရမယ်၊ သူ့ဟိတ်ကြီးဟန်ကြီးတွေက့ သူ့ဟော ပြောပွဲတွေမှာ တွေ့ရပေမယ့် နယူမင်းကျတော့ စည်းကမ်းတကျ ရှိတယ်၊ ပြင်ဆင်မူတွေ သေချာလုပ်ထားတယ် ဆိုတာ တွေ့ရတယ်တဲ့။ Herman H. Goldstine (ဟာမင် အိချ် ဂိုးစတင်း) ဟာ ၁၉၄၄ ခုနှစ် ဒေါက်တာဘွဲ့ လူငယ်လေးအဖြစ် ပေပါဖတ်ရတော့ သူ့အမြင်ကို အခုလို ပြောပြတယ်။

“ကျွန်တော်က စိတ်လှူပ်ရှားတာ အမှန်ပါ။ နယူမင်းက ကျွန်တော့စာတမ်းကို ကြိုဆိုတယ်။ နွေးထွေးတယ်၊ သူ့ရှေ့မှာ နေရတာ သက်တောင့်သက်သာရှိတယ်။ အလုပ်အကြောင်းတွေ ပြောကြတော့ ပိုပီး အဆင်ပြေလာတယ်။ ကျွန်တော် အခုလက်ရှိလုပ်နေတဲ့ လျှပ်စစ်ကွန်ပြူတာ စနစ်ကို သူနဲ့ စကားတွေ ပြော ဆွေးနွေးဖြစ်လာတယ်။ ကျွန်တော်ဟာ သချာင်္ဘာသာနဲ့ ဒေါက်တာဘွဲ့အတွက် နှူတ်မေး စာမေးပွဲ မေးဖြေထက်တောင် သာလွန်တဲ့ တန်ဖိုးရှိတဲ့ စကားတွေ ပြောလာရပါတယ်။“

နယူမင်းဟာ တဲ့ ... ချက်ချင်းဆိုသလိုပဲ သူသိချင်တာတွေ ဆွေးနွေးချင်တာတွေကို အသေးစိတ် အသေးစိတ် ကို မေးလာတယ်။ ဒါဟာ သူတို့၂ယောက်ရဲ့ ဆက်ဆံရေး အောင် မြင်လာတာ။

၁၉ ၄၄ ဇန်နဝါရီမှာ ဗွန်နယူမင်းက Warren Weaver (၀ါရင် ဝီဗာ) ဆီကို စာရေးခဲ့ပါတယ်။ သူ က Vannevar National Defence Research Council (ဗန်နာဗာဘွတ်ရဲ့အမျိူးသား ခုခံမူ သုတေသန ကောင်စီ )မှာ လုပ်ခဲ့တဲ့ Applied Maths ( အပလိုင်းသချာီ) (အသုံးချ သချာ်) သုတေသနနဲ့ပတ်သက်ပါတယ်။ ဝီဗာ အဲသည်မှာလုပ် နေတာကြောင့်လဲ ပါပါတယ်။ သူက အော်တိုမစ်တစ် ကွန်ပြူတာ စက်ပစ္စည်းကို အဆင့်မြင့်ဖို့ ကြိုးစားနေတာပါ။ ဝီဗာက Howard Aiken (ဟားဝါ့ အေကင်) နဲ့ဆက်သွယ်ဖို့ လုပ်ပေးတယ်။ အဲသည်ကေနေပဲ ဆိုကြပါစို့လေ ၊ သူတို့ ၃ဦး ကြိုးစားမူကနေ ဘာမှ အထူးတလည် ဖြစ်မလာသေးပါဘူး။ သူတို့က IBM အိုင်ဘီအမ် ကွန်ပြူတာ စနစ်တစ်ခု ကိုပဲ ကြိုးစား နေဆဲပါပဲ။ နယူးမင်း ကတော့ အစစအရာရာဟာ ကြိုးစားနေကြဆဲ အခြေအနေ မှာပဲမို့ ဒါကို ထပီး အောင်မြင်ဖို့ ကို သိပ်ပြီး မ မျော်မှန်း မအံ့သြပါဘူး ။

၀ီဗာက IBM အဲသည်စနစ်ကို တည်ထောင်ဖို့ ၂ နှစ်လောက် အချိန်ယူပါမယ်။ အဲသည်အချိန် ဟစ်တလာကလည်း သူ့သိပ္ပံပညာရှင်တွေနဲ့ အနုမြူဗုံး ဗုံးတစ်လုံး တည်ဆောက်ဖို့ ကြိုးစားနေတယ်။ ဗွန်နယူမင်း က Mark I မာ့ခ်ဝမ်း လုပ်ငန်းစဉ်ကို စွမ်းရည်မြှင့်ပီး လုပ်ဖို့ အကြံရှိလာတယ်၊ လူက လိုက်ပါနေရတဲ့ ဟာကို လျော့မယ် လို့ဆိုတယ်။ ဗွန်နယူမင်းနဲ့ သူ့အဖွဲ့သားတွေက နောက်တော့ အိုင်ဘီအမ် စနစ်ကို သိပ် သဘောမကျတော့ပဲ နှူတ်ထွက်ဖို့ ရုတ်တရက် ဆုံးဖြတ်လာတယ်။ သူတို့အကြောင်းပြချက်ကတော့ ၁၉ ၄၄ သြဂုတ်လမှာ တဲ့၊ ဂိုးစမစ်တို့အုပ်စုက တဲ့၊ ENIAC လို့ အတိုကောက်ခေါ်တဲ့ Electronic Numerical Integrator and Calculator (လျှပ်စစ်စနစ်သုံး ကိန်းဂဏာန်းစနစ်အင်တီကရေတာ (အလုပ်လုပ်သောစနစ်ကို ပြောတာပါ) နဲ့ ဂဏာန်းတွက်စက်) ကွန်ပြူတာ တစ်ခုကို တည်ဆောက်နေကြပီ ဖြစ်လို့ပါတဲ့။ (ဆိုလိုတာက ကြည့်ရတာ အိုင်ဘီအမ် က ခေတ်နောက်ကျသွွားပီ။) အဲဒါကို ဗွန်နယူမင်းက ကြားတောင် မကြားဖူးပါဘူးတဲ့။ Warren Weaver (၀ါရင် ဝီဗာ) အတွက်လည်း ENIAC ဆိုတာကြီးက တစိမ်းဆန်နေပါတယ် လို့ဆိုပါတယ်။

ဒါမှ မဟုတ် တစိမ်းဆန်တယ် မပြောပဲ သူတို့သတ်မှတ်ထားတဲ့ ၂နှစ်ဆိုတာ နည်းနည်း ဝေးနေသေးလို့ အခုလက်ရှိ ခြေလှမ်းကို ရပ်တန့်လိုက်တဲ့သဘော ထင်ပါတယ်။ ၁၉ ၄၄ ခုနှစ်သြဂုတ်လ ENIAC အုပ်စု ရဲ့စက်ကြီးက အပြီးမသတ်နိုင်သေးပဲ စတောင် မစ ဆောက်ရသေးပါဘူး။ သို့သောလည်း ENIAC နဲ့ပတ်သက်လို့ ဝီဗာက သေချာပေါက် ထုတ်မပြသေး၊ မပြောသေးတာကလည်း ဘွတ်ရဲ့ ထုတ်ပေးမယ့် ပိုက်ဆံတွေ အလဟပ်သတ် ဖြစ်သွားမှာကို မလိုလားလို့လို့ဆိုတယ်။ ပြောရရင်တော့ အမေရိကန်စစ်တပ်က အဲသည် ကုန်ကျစရိတ်ကိုက လစ်လျူရျူ ထားသေးတဲ့သဘောလို့လည်း ပြောလို့ရပါတယ်။

(အခုဖြတ်ပြောရရင်တော့ ဒီဆောင်းပါးအစမှာ ဂိုးလ်စတင်းနဲ့ နယူးမင်းတို့ ရထးဘူတာမှာ ပြန်တွေ့ကြတယ်ဆိုတာကို ရောက်လာတာပါ။ နယူးမင်းက လူကြီးတစ်ယောက်ပေမယ့် လူငယ်ကလေး ဂိုးလ်စတင်းကို နွေးနွေးထွေး ေထွး ကြိုဆိုတယ် ဆက်ဆံတယ်။ သည်တော့ ဂိုးလ်စတင်း လေးစားတဲ့ သူတစ်ယောက်အဖြစ် တွေ့ရပါတယ်။)

(အဲသည်နောက်ပိုင်းမှာ တွက်ချက်မူတွေ ရာချီတဲ့ အလုပ်တွေနဲ့ ကွန်ပြူတာစနစ်တစ်ခုဆီကု ိသွားနေတဲ့ လမ်းကြောင်းတွေ များစွာ ရေးသားထားတာ ဖတ်ရပါတယ်။ ဘာတွေမှန်းမသိတဲ့ စမ်းသပ်မူတွေနဲ့ နားမလည်နိုင်တဲ့ စကားလုံးတွေ တွေ့ရတော့ ဒါတွေကို ကျော်လိုက်တယ်ပေါ့။ ရူပဗဗဒပညာရှင်တွေနဲ့ သချာင်္သမားတွေ စုပေါင်းပီး တွက်ချက်မူတွေ ပေါင်းစုံလုပ်နေရာကနေ ၁၉ ၄၃ခုနှစ် Aberdeen Computers (အက်ဘာဒင်း ကွန်ပြူတာတွေ) (အက်ဘာဒင် အရပ်ဒေသက စမ်းသပ်ခန်းကနေ ထုတ်လုပ်လိုက်တဲ့ ကွန်ပြူတာ သုတေသနအလုပ် လို့ဆိုပါစို့) တွေ ထွက်ပေါ်လပေမယ့် ဆိုးဆိုးဝါးဝါးကို ပျက်စီးသွားသတဲ့။ ပန့်ချ်ပ်ကဒ်စနစ်သုံး ကွန်ပြူတာ စနစ်ဟာ မြန်တော့မြန်ပါတယ်တဲ့ ။ ဒါပေမယ့် အလုပ်မဖြစ်ပါဘူးတဲ့။ အခု နောက်လူတစ်ယောက်နဲ့ မိတ်ဆက်ထားပါတယ်။)

John Mauchly (ဂျွန် မက်ချ်လေ) က အသက်၃၅နှစ် အရွယ် ဖီလက်ဒါဖီးယားက မြို့ပေါက်စကလေး အာဆင်နယ် ကော်လိပ် ရူပဒေ ဌာနက ဥက္ကဌ ဖြစ်ပါတယ်။ သူလုပ်တဲ့ သုတေသနက ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းမူဖြစ်ပါတယ်။ သူကလည်း ကွန်ပြူတာ ရှေ့ပြေးသမားတွေလိုပါပဲ တွက်ချက်မူတွေကနေ အလုပ်ရူပ်နေတာပါ။ ၁၉ ၃၀ ခုနှစ်ကာလတွေမှာ မက်ချ်လေ ဟာ လ ျှပ်စစ်စနစ်နဲ့ စမ်းသပ်ပီး တွက်ချက်မူ တွေမှာ လ ျှင်လ ျှင်မြန်မြန်အလုပ်တွင်အောင် ကြိုးစားနေတာပါ။ သူက ပိုက်ဆံသိပ်မတတ်နိုင်တော့ ကွန်ပြူတာဆိုတာကြီး အိပ်မက်တောင်မမက်နိုင်ပါဘူး။၁၉ ၄၁ ခုနှစ် ဒီဇင်ဘာလမှာ PearlHarbour ကိစ္စဖြစ်လာတော့ သူဟာ Moore School (မိုးလ် ကျောင်း) လျှပ်စစ်အင်ဂျငိနီယာ ပိုင်းကို လုံးလုံးလျားလျား ရောက်သွားပါတယ်။ (Pearl Harbour လို့သူက လူတိုင်းသိပီးသား ကိစ္စကြီးတစ်ခု လိုသူကရှင်းမပြထားပါဘူး။ သည်တော့ ဒါကို မသိသေးသူရှိလည်း သိသွားအောင် အတိုချူပ်ပြောရရင်တော့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှည ဂျပန်က အမေရိကလေတပ် စခန်း ဖြစ်တဲ့ ဟိုနာလူလူအရ့ပ်က ပါးလ် ဟာဘာ စခန်းကို ရုတ်တရက် ဝင်တိုက်ခဲ့တယ်။ ဒီဖြစ်ရပ်ဟာ အမေရိကကို ဒုတိယကမ္ဘာစစ်ထဲ ဝင်လာဖို့ တရားဝင်သွားတယ်ပေါ့။)

မက်ချ်လေ အတွက်တော့ စစ်တပ်က ပေးတဲ့ သင်တန်းတစ်ခုဖြစ်တဲ့ နွေရာသီ လျှပ်စစ်အင်ဂျ်နီယာ သင်တန်း တက်ရောက်ဖြစ်သွားခဲ့တာ ကျေးဇူးတင်ရမှာပါပဲ။ ၁၉ ၄၂ခုနှစ် သြဂုတ်လမှာတော့ မက်ချ်လေ ဟာ အတွက်အချက်လုပ်နိုင်တဲ့ ပြွန်ချောင်အလွတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စက်ပစ္စည်း အကြမ်းထည်နဲ့ပတ်သက်လို့ ၅မျက်နှာ စာတမ်းတစ်ခုကို ထုတ်ပြနိုင်ခဲ့တယ်။ ဒါကို သူတက်ခဲ့တဲ့ မိုးလ်ကျောင်းတော်ကြီးက အဲဒါကို တည်ဆောက်ပေးတယ်။ အဲဒီစက်က တကယ့်ကို လျှပ်စစ် အပြည့်နဲ့အလုပ်လုပ်ပါတယ်။ နှစ်တွေချီပီး တွက်ရမယ့် တွက်ချက်မူတွေကို ရက်ပိုင်းလောက်နဲ့ တွက်နိုင်ရမယ်လို့ သူက ကြွေးကျော်ခဲ့ပါတယ်။

မက်ချ်လေရဲ့ လုပ်ဖော်ကိုင်ဖက် အများစုက သူ့စက်ကြီးဟာ ပြွန်ချောင်းအလွတ်တွေနဲ့ လက်တွေ့ကျပါ့မလားလို့ တွေးနေကြတုန်းပါပဲ။ ၁၉၄၃ ခုနှစ်် မတ်လ တိုင်အောင် သူ့စိတ်ကူးကို လက်မခံနိုင်ကြဘူး။ ဂိုးလ်စတင်းက စက်ကိုတည်ဆောက်ပေးမယ့် မက္ကင်းနစ်တွေနဲ့ တွေ့ပီး စကားပြောကြည့်ပါတယ်။ သချာင်္ပညာရှင် အနေဲ့မဟုတ်ပဲ အင်ဂျင်နီယာ အနေနဲ့ပါ။ ဂိုးလ်စတင်းကိုယ်တိုင်လည်း ပြွန်ချောင်းအလွတ် ကွန်ပြူတာဆိုတာ ဖြစ်နိုင်မလားဆိုတာ သံသယ ရှိနေဆဲပါ။ မက်ချ်လေကို သာ အလုပ်လုပ်ဖို့ အခွင့်အရေးပေးလိုက်ရင် စစ်တပ်အတွက်လည်း တကယ်အလုပ်ဖြစ်နိုင်ပါတယ်။ ဂိုးလ်စတင်းက မက်ချ်လေ ဆီကို သွားတယ်။ သူ့စက်ကြီးရဲ့အသေးစိတ်ကို ချပြဖို့ တောင်းဆိုတယ်။ ပြီးတော့ စစ်တပ်ရုံးဌာနမှာ စကားပြောခွင့်ပေးတယ်။

ဂိုးလ်စတင်းက မက်ချ်လေအတွက် ၁၉ ၄၃ခုနှစ် ဧပြီလ ၉ ရက်နေ့ Aberdeen (အက်ဘာဒင်း) မှာ စကားပြောဖို့ စီစဉ်ပေးတယ်။ မက်ချ်လေဟာ တညလုံး သူ့စာတမ်းအတွက် ပြင်ဆင်တယ်။ သူ့ကို အင်ဂျင်နီယာပညာကို သင်ကြားပေးခဲ့သူ J. Presper Eckert (ဂျေ ပရစ်ပါ အက်ကဒ်) က သူ့ကို အများကြီး အားပေးခဲ့တယ်။ အံမယ် …. အဲသည် လူကလည်း မခေဘူးနော်။ သူငယ်ငယ်တုန်းက ရေဒီယိုစနစ်တစ်ခုကို ခဲတံနဲ့ ရေးဆွဲပြခဲ့ဖူးသတဲ့။ အဲသည်ကောင်လေးက ၉ ရက်နေ့ စာတမ်းဖတ်ပွဲကို လာရောက်တက်ခဲ့ပါတယ်။ အဲသည်တုန်းက ဂျေ က အသက် ၂၄နှစ် မွေးနေ့တဲ့။

မက်ချ်လေနဲ့ အက်ကဒ်တို့ အဲသည်စာတမ်းတင်ပွဲမှာ ပြန်တွေ့ကြတယ်။ သူတို့နှစ်ယောက်ဟာ အဲသည်အတွက် ညမအိပ် မနက်စာတောင် မစားကြပါဘူးတဲ့။ သူတို့က ဂိုးလ်စတင်းနဲ့အတူ စစ်တပ်က သုတေသန ဒါရိုက်တာ ဗိုလ်ကြီး Leslie Simon (လက္စ္လီ ဆုိင္မြန္)နဲ႕ Ballistic Research (ဘာလစ်စတစ် သုတေသန )ဓါတ်ခွဲခန်းက ဥက္ကဌ ပါမောက်ခ Oswald Veblen (အော်စ်ဝေါး ဗက်ဘလင်) တို့ရှေ့မှာ စာတမ်းတွေ ဖတ်ပြခဲ့ကြပါတယ်။ ဗက်ဘလင်က အခုလို ကောက်ချက်ချပေးခဲ့တာကို အနှစ်သုံးဆယ်ကြာမှာ ဂိုးလ်စတင်းက ပြန်ပြောင်းပြောပြခဲ့တယ်။ “ဆိုင်မွန်… ဂိုးလ်စတင်းကို ပိုက်ဆံ ထုတ်ပေးလိုက်တော့“ တဲ့။ အဲသည်နေ့မှာပဲတင် ENIAC အတွက် ဒေါ်လာ ၁၅၀ ၀၀၀ (ဒေါ်လာ ၁သိန်းခွဲ) ရတယ်။ အဲသည်ကနေ ဒေါ်လာ ၄သိန်းထက်မက ကုန်တယ်။ အဲသည် လုပ်ငန်းကို PX (ပီအိတ်စ်) ပရိုဂရမ် လို့ခေါ်ခဲ့ကာ ၁၉ ၄၃ခုနှစ် ဂျွန်လမှာ တရားဝင် အလုပ်စလုပ်ပါတော့တယ်။

အစကတည်းကကို မက်ချ်လေနဲ့ အက်ကဒ်တို့နဲ့ သူတို့အဖွဲ့သားတွေ အားလုံးကို ဖိအားတွေ သိပ်ကို များပါတယ်။ သူတို့ရဲ့နံမယ်ကြီးမူတွေကြောင့်ေရာ၊ သူတို့ရဲ့ မိုးလ် ကျောင်းတော်သားတွေရဲ့ ကြိူးစားမူတွေ ကြောင့်ရောပါပါတယ်။ မိုးလ် ကျောင်းတော်ကြီးမှာ သိပ်အကြာကြီး အလုပ်ချိန်မရှိပါဘူး။ ၁၉ ၄၃ ခုနှစ်တိုင်အောင်တောင်မှ ENIAC ကွန်ပြူတာစနစ်ဒီဇိုင်းတစ်ခုဟာ အပီးမပေါ်လာသေးဘူး။ ဒါပေမယ့် ရလဒ်တွေကတော့ အံ့မခန်းပါတဲ့။ ENIAC ကွန်ပြူတာစက်ကြီးက နံရံ ၃ ဖက်အပြည့်ရှိပါတယ်။ ပုံသဏာန်ကတော့ မြင်းခွာနဲ့ တူသတဲ့။ လက်ချောင်းကြီးတွေက ပေ ၈၀ ၊ အမြင့်က ၈ ပေနဲ့အလေးချိန်အားဖြင့် တန် သုံးဆယ် လေးပါတယ်။ ပုံသဏာန်မတူတဲ့ ပြွန်ချောင်းအလွတ်ပေါင်း ၁၇ ၄၆၈ (၁သောင်း ၇ ထောင် ၄ရာ ခြောက်ဆယ့်ရှစ်) ရှိပီး လျှပ်စစ် သိုမှီးပေးသော စက်ပစ္စည်း ၁သောင်း၊ မီးအားခံနိုင်ရည်ကရိယာ ၇သောင်း ၊ လည်ပတ်နေသော ဘီးပေါင်း ထောင့်ငါးရာ၊ ခလုပ် ၆ထောင် ပါဝင်တဲ့ လ ျှပ်စစ်အကူအညီနဲ့ အလုပ်လုပ်ပေးမယ့် ကွန်ပြူတာာကြီးပါ။ ENIAC က ၁၉ ၄၆ မှာ အလုပ်စဝင်ပါတယ်။ သူ့ကို အပူချိန် ၁၂၀ ဖာရင်ဟိုက်မှာ ထားပေးရပါတယ်။ ပြွန်ချောင်းအလွတ်တွေက ၁စက္ကန့်အတွင်းမှာ အဖွင့်အပိတ် အကြိမ်ပေါငး ် ၁ သန်း လုပ်ရပါတယ်။ ဂိုးလ်စတင်းက ပြောတာတော့ သူ့စက်ကြီးက ၁ စက္ကန့်ကို မှားနိုင်တဲ့ အခွင့်အရေးက အကြမ်းအားဖြင့် ၁.၇ သန်း ပုံ ၁ပုံလောက်တော့ ရှိနိုင်ပါတယ်လို့ ပြောလို့ရပါယ်တဲ့။

အခုတင်ပြခဲ့တာကတော့ ကွန်ပြူတာဆီကို သွားနေတဲ့ ခြေလှမ်းတွေပါ။ နောက်လ ဆက်ပါဦးမယ်။

ဂျူနီယာဝင်း

Friday, October 4, 2019

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (10)

ဂ်ဴနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (10)

(အတွေးအမြင်၊ အောက်တိုဘာ ၂၀၁၉)
မိုးမခ၊ အောက်တိုဘာ ၅၊ ၂၀၁၉

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ အတွေးအမြင်မှာ ၂၀၁၈ နိုဝင်ဘာကစလို့ အဲသည်စာအုပ်ကို ဘာသာပြန်ခဲ့ရာမှာ ခေါင်းစဉ်များ ခွဲပီး အပိုင်း ၆ခု တင်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွပြူတာနည်းပညာ တော်လှန်ရေးသိ့ ခြေလှမ်းများ ဆိုပီး ဆက်လက် ဘာသာပြန်နေတာ ဖြစ်ပါတယ်။ အားလုံးဟာ သည်စာအုပ်တစ်အုပ်ထဲကပဲ ဖြစ်ပါတယ်။ )

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener ( နော်ဘတ် ဝီနာ ) က ကွန်ပြူတာခေတ်ကို သွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက နောက်ဆုံးတစ်ခု အကြောင်း အခုဆက်ပါ့မယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

ပရိုဂရမ်များဖြင့်တည်ဆောက်ထား​သော ကွန်ပြူတာများဆီသို့
လျှပ်စစ်နည်းပညာကို လုံးဝဥသုံ အသုံးပြုထားကြသော်လည်းပဲ ABC ကွန်ပြူတာများဟာ ဝီနာချပြခဲ့တဲ့ လူတွေကို သက်သာအောင်လုပ်ပြမယ်ဆိုတဲ့ လမ်းနဲ့ တော်တော် ဝေးကွာနေပါသေးတယ်။ လူတွေက ကွန်ပြူတာစက်ကြီး အလုပ်လုပ်ပြနေတာကို ရပ်ကြည့်နေရသေးတယ်။ ခလုပ်တွေ နှိတ်နှိတ် နေရသေးတယ်။ မီတာတံလေး အလုပ်လုပ်နေတာကိုလည်း မျက်ခြေပြတ်လို့ မရသေးဘူး။ ပန့်ချ်ကဒ်ကလေးတွေကိုလည်း စက်ထဲ ပစ်ပစ်ထည့်ပေးနေရသေးတယ်။ ပြောရရင်တော့ ကွန်ပြူတာစက်ကြီးကနေ အဖြေထွက်လာတာကို ဘေးကနေ လူတွေလိုက်လုပ်ပေးနေရတာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ချင်စိတ်ပေါက်တယ် ဆိုပါတော့။ ဘဲလပ်ဓာတ်ခွဲခန်းကနေ ထုတ်ထားတဲ့ Complex Computer (ကွန်ပလက်စ် ကွန်ပြူတာ) တွေလည်းပဲ ထူးတော့မထူးပါဘူး။ သူတို့လည်း ပရိုဂရမ်တွေ မရှိသေးဘူး။ ဆုံးဖြတ်ချက်မချနိုင်သေးဘူး။ မှတ်ညဏ်ပိုင်းဆိုင်ရာမှာ အားနည်းနေသေးတယ်။ ဂဏာန်းပေါင်းစက်ကလေး အလုပ်လုပ်သလောက်ပဲ ရသေးတယ်။ ဒစ်ဖရှင်ရှယ် အန်နာလိုက်ဇာ ဆိုတဲ့ နည်းပညာနဲ့ ထုတ်ထားတဲ့ ကွန်ပြူတာတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြသနာတွေ ဖြေရှင်းဖို့ ကြိုးစားကြတိုင်း ဘီးလုံးတွေ၊ဂီယာတွေ၊ ဆွဲသီးတွေနဲ့ ပြင်ဆင်နေကြရဆဲပါပဲလေ။
The inventors of Mark I: Frank E. Hamilton, Clair D. Lake, Howard H. Aiken and Benjamin M. Durfee.

၀ီနာပြောပုံအရတော့ ကွန်ပြူတာတွေကို သီးသန့်အလုပ်လုပ်ပြခိုင်းဖို့ လိုတယ်တဲ့။ အဆင့်ဆင့်တွေကိုလည်း သူ့ဘာသာသူ သွားနေရမယ်တဲ့။ တချိူ့ပရိုဂရမ်တွေကိုလည်း သူ့ဘာသာသူ ထိန်းချူပ်နိုင်ရမယ်တဲ့။ အဲဒီအခြေအနေကို ရောက်ဖို့ကွန်ပြူတာအတွက် ပရိုဂရမ်ပိုင်းဆိုင်ရာ ဘာသာစကားကို ချပြမှာ ဖြစ်ပါတယ်။ 

ဥပမာ - ” အကယ်၍ X=0 ဖြစ်ရင် ၊ Y နဲ့ပတ်သက်တာကို ဖြေရှင်းနိုင်ပြီး Z နဲ့ပတ်သက်တာကိုလည်း ဖြေရှင်းနိုင်မယ်“ ဆိုတာလိုပေါ့တဲ့။ 

ရှနွန် က သူ့စက်ကြီးကို အဲသည်သီအိုရီကို ထည့်သွင်း ခဲ့တယ်။ ဝီနာရဲ့ စာတမ်း ၁၉၄၀ ခုနှစ် အရ ပြောရရင် ကွန်ပြူတာဟာ ဟားဗက်တက္ကသိုလ် က အော်တိုမစ်တစ် ကယ်ကူလေတာ (ဂဏန်းတွက်စက်) လောက်တော့ အသုံးတည့်နေပီတဲံ။ သူ့ကို နောက်တော့ Mark I (မာ့ခ် ဝမ်း) လို့ခေါ်တယ်။ ဆောက်လုပ်နေဆဲ အဆင့်လို့ ဆိုပါတယ်။
Howard H. Aiken 

ဂဏာန်းတွက်စက်က ဟားဗက်တက္ကသိုလ်က အပလိုင်းသချာင်္ဘာသာရပ် ဆရာ Howard H. Aiken (ဟိုဝါ့ဒ် အိတ်ချ် အေကင်) ရဲ့ စိတ်ကြိုက်ဖြစ်ခဲ့တယ်။ သူက ဘွတ်ချ် တို့၊ တခြားသော ကွန်ပြူတာ ရှေ့ဆောင်လမ်းပြတို့လိုပဲ ကိန်းဂဏန်းအတွက်အချက်တွေ၊ ကိုင်ရတွယ်ရတာတွေကို တော်တော် စိတ်ပျက်နေတဲ့သူ။ သချာင်္မှာ အဲသည်လို ကိန်းဂဏန်း အကြိးကြီးတွေ ပါနေတာတွေကို ဘယ်လို ဖြေရှင်းရပါ့မလဲဆိုပီး အော်တိုမစ်တစ် အတွက်အချက်ကို ရှာဖွေခဲ့တယ်ပေါ့။ ဒါ့အပြင်သူက ၁၈၃၀ ခုနှစ်များဆီက အင်္ဂလိပ်လူမျိူးတီထွင်ပညာရှင် Charles Babbage (ချားစ် ဘက်ဘိတ်ချ်) ရဲ့ တီထွင်မူတစ်ခုဖြစ်တဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်တဲ့ နည်းပညာတွေကို လေ့လာလိုက်စားခဲ့ဖူးတယ်။ အဲသည်ပညာရှင်ရဲ့ လည်ပတ်သော အင်ဂျင် ဆိုတဲ့ နည်းပညာဟာ တကယ့်ကို ထူးခြားတယ်တဲ့။ အဲဒါကို Analytical Engine လို့ခေါ်သတဲ့။ ကဗျာဆရာ Lord Byron (လော့ဘိုင်ရွန်) ရဲ့ သမီး Augusta Ada Byron (အော်ဂတ်စ်အာဒါ ဘိုင်ရွ) န်ကလည်း စက်ပစ္စည်း ပါဝါများဆိုင်ရာ ပရိုဂရမ်တွေ အများကြီး ရေးသားခဲ့သေးတယ်ဆိုပဲ။ ဘက်ဘိတ်ချ်က အဲသည်တုန်းက သည်လို အနာလစ်တစ်ကယ်အင်ဂျင်ဟာ နောင်တချိန်ကျ တကယ့်ကို လူ့အကျိူးပြုမယ်လို့ ဟောကိန်းထုတ်ခဲ့သတဲ့။ သည်တော့ ပြောရရင်တော့ အာဒါဘိုင်ရွန် ကို ပထမဦးဆုံး ပရိုဂရမ်ရေးသူလို့ ခေါ်ရမယ်။ ချားစ် ဘက်ဘိတ်ချ်ကိုလည်း မော်ဒန်အတွက်အချက်ဆိုင်ရာ ဖခင်ကြီးလို့ခေါ်ရမယ်။ ဟောသည် ၂၀ရာစု ဟိုဝါ့ဒ် အိတ်ချ် အေကင် ဟာ မမျော်လင့်ပဲ ဘက်ဘိတ်ချ်ရဲ့ ကိုယ်ရေးရာဇဝင်ကို ၁၉၃၀ ပိုင်းလောက်မှာ ဖတ်မိသွားတယ်။ အမေရိကမှာတောင် ဘက်ဘိတ်ချ် ဆိုတာ ဘာမှန်းတောင်မသိ နံမယ်တောင် မကြားဖူးကြပါဘူးတဲ့။

အေကင်က ၁၉၃၇ခုနှစ်မှာ Automatic Calculator အော်တိုမစ်တစ် ကယ်ကူလေတာ (ဂဏန်းတွက်စက်) ကို သေချာ ဒီဇိုင်းဆွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက သူ့အသက်က ၃၇နှစ်။ သူရုပဗေဒဆိုင်ရာ ဒေါက်တာဘွဲ့တက်ဖို့ မစခင်မှာတင် သူဟာ လျှပ်စစ် အင်ဂျင်နီယာ အဖြစ်နဲ့ ၁၀နှစ်ကျော်လောက် Westinghouse ဝက်စ်တင်ဟောက် မှာအလုပ်လုပ်ခဲ့ပါတယ်တဲ့။ သူက အဲသည်လို ကာလတွေမှာဆိုရင် သူအခုလက်ရှိဒီဇိုင်းထဲမှာ ပြွန်ချောင်းတွေအသုံးပြုဖို့ မစဉ်းစားဖူးခဲ့ပါဘူး လို့ဆိုတယ်။ သူအသုံးပြုနေတာတွေက ဘိုင်နရီအတွက်အချက်တို့၊ ဒသမကိန်းများ အပေါင်းအနှတ်တို့နဲ့ပါတဲ့။ တကယ်တန်း လက်တွေ့ကျကျ လုပ်တောာ့ သူ့ဒီဇိုင်းဟာ ဘက်ဘိတ်ချ် ရဲ့ အင်ဂျင်တွေနဲ့ ဆက်စပ်နေပါတယ်။ သူဖန်တီးတဲ့ စက်အင်ဂျင်ဆိုတာက တကယ်တန်းတော့ ရှေးက ဘက်ဘိတ်ချ်နည်းပညာရယ်၊ ယခုလက်ရှိသုံးနေကြတဲ့ ဂဏာန်းတွက်စက်ရယ် တွေကနေ တိုးမြင့်လာတာတွေပါပဲ။ သည်တော့ အေကင်ရဲ့စနစ်ထဲမှာ ဘက်ဘိတ်ချ်ရဲ့ ပရိုဂရန်တွေပါလာတယ်။ အပေါက်ကလေးတွေနဲ့ စာဖတ်ရတဲ့ ပန်ချ် ကဒ်တွေပါလာပါတယ်။

အေကင်ရဲ့ ဒီဇိုင်းက စာရွက်ပေါ်မှာပါ။ သည်တော့ ဒါအလုံးအထည်ဖြစ်လာဖို့ နောက်ခံလိုပါတယ်။ သည်တော့ သူ့ဒီဇိုင်းကို အမြင်ကောင်းအောင် နံမယ်ရှိပီးသား ဂဏာန်းတွက်စက်တွေ နဲ့ အလုပ်လုပ်နေကြတဲ့ ရုံးတွေ အလုပ်ရုံတွေကို ချည်းကပ်ရတယ်။ သူ့ဒီဇိုင်းက ၆ပေ၂လက်မ မြင့်တယ်။ လူ့တရပ်ကျော်ကျော်မို့ အမြင်အားဖြင့် တော်တော် မော့ကြည့်ရမယ်ပေါ့။ သည်တော့ သူ့ကြိုးစားမူက IBM (အိုင်ဘီအမ်) ကုမဏီရဲ့မျက်စိကျမူကို ၁၉၃၉ ခုနှစ်ကျမှပဲ ရလာတယ်လို့ဆိုတယ်။ အဲသည်က အထင်ကရပု၈္ဂိုလ်ကြီးက Thomas B. Watson (သော်မတစ် ဘီ ဝါ့ဆင်) ပါတဲ့။ IBM (အိုင်ဘီအမ်)ဆိုတဲ့အမည်က ကွန်ပြူတာဆိုတဲ့ အမည်တူဖြစ်လာပါတယ်။ IBM (အိုင်ဘီအမ်) ဆိုတဲ့ ပန့်ချ် ကဒ်တွေက တကယ့်ကို ခေတ်မှီတယ်၊ စျေးကြီးတယ်၊ အသုံးကျပါသတဲ့။ ဝါ့ဆင်က IBM (အိုင်ဘီအမ်)ပစ္စည်းတွေကို စိတ်ဝင်စားတယ်။ အေကင်ရဲ့ ကမ်းလှမ်းမူကိုလည်း သဘောတူတယ်။ အေကင်တည်ဆောက်မယ့ ်စက်ကြီး ဂဏာန်းတွက်စက်ကြီးကို IBM (အိုင်ဘီအမ်) ကိုယ်ပိုင်အင်ဂျင်နီယာတွေနဲ့ တည်ဆောက်မယ်တဲ့။ အေကင်က စဉ်းစားတယ်၊ သူ သည်အလုပ်နဲ့တော့ ဖြစ်နိုင်လောက်ပါတယ်။

အေကင်ရဲ့ စက်ကြီးကို ၁၉၃၉ ခုနှစ်မှာ စဆောက်ပါတယ်။ နယူးယောက်က အင်ဒီကော့အရပ်မှာ ရှိတဲ့ အိုင်ဘီအမ်စက်ရုံမှာပါ။ ၄နှစ်ကြာတယ်။ အေကင်ရဲ့ စိတ်ကူးယဉ်ဒီဇိုင်းတွေကို တကယ်ရုပ်လုံးပေါ်လာဖို့ အင်ဂျင်နီယာတွေ တော်တော်လေး ရုန်းကန်ခဲ့ကြရတယ်။ ၁၉၄၄ခုနှစ်တိုင်အောင် ဟားဗက်ကို တကယ်ပို့ဖို့တောင် စက်က မပြီးပါဘူး ။ Howard H. Aiken (ဟိုဝါ့ဒ် အိတ်ချ် အေကင်) ဟာ ပြောရရင်တော့ ရေတပ်က ပထမဦးဆုံး ကွန်ပြူတာသမိုင်းမှာ ပါဝင်ခဲ့သူလို့ ကင်ပွန်းတပ်ရမှာပါ သူက ၁၉၄၁ခုနှစ်မှာ ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာကိုး။ ရေတပ်မှာ တကယ်အသုံးဝင်တဲ့ အတွက်အချက်တွေကို သူက တကယ်ပဲ စိတ်ဝင်စားခဲ့သူပါ။ ဘာပဲဖြစ်ဖြစ်ပေါ ၁၉၄၄ခုနှစ် သြဂုတ်လ ၁ ရက်နေ့ တကယ်ဖြစ်လာတဲ့သူ့စက်ကြီးကို ကြည့်ပီး သူတကယ်စိတ်လှူပ်ရှားခဲ့ရပါတယ်။

Thomas B. Watson (သော်မတစ် ဘီ ဝါ့ဆင်) သုံးခဲ့တဲ့ အင်ဂျင်နီယာတွေကို အေကင်က သိပ်အထင်မကြီးဘူးတဲ့။ ပီးတော့ အေကင်က အဲသည်အကောင်တွေကို ဘာမှ ထည့်သွင်း ပြောဆိုတာမျိူးမလုပ်တော့ ဝါ့ဆင်က တော်တော်စိတ်ဆိုးတာပေါ့။ သူ့သားဖြစ်တဲ့ Thomas Watson. Jr (သော်မတ်စ် ဝါ့ဆင် ဂျူနီယာ) လည်းအဲဒါကို ဒေါသဖြစ်တယ်တဲ့။ သူက “အဖေနဲ့အေကင် တို့ ၂ယောက်လက်ထဲ သေနပ်တွေများရှိရင် တစ်ယောက်နဲ့တစ်ယောက် ပစ်တာနဲ့ ၂ယောက်လုံး သေပီ“ လို့တောင်ပြောခဲ့ပါတယ်။ သို့သော်လည်းပဲပေါ့လေ သူ့စက်ကြီးက တော်တော် ကြီးကျယ်ခန်းနားပါတယ်။ သတင်းထောက်တွေရှေ့မှာလည်း တော်တော် အထင်ကြီးခံရတယ်။ အရပ်၈(ရှစ်) ပေမြင့်ပီး ၅၁(ငါးဆယ့်တစ်) ပေရှည်ကာ ၂ပေ အထူ လောက်ကို ကြီးမားရုံတင်မကပဲ သိပ္ဗံပညာကမ္ဘာမှာ တော်တော်ကြီး သစ်လွင်တောက်ပ တဲ့ အသွင်အပြင်ရှိတော့ ဝါ့ဆင်ရဲ့ရပ်တည်မူနဲ့တင် လူထုစိတ်ဝင်စားမူ ရတယ်။ စက်ကြီးရဲ့ကိုယ်ထည်ကလည်း သံချေးမတက်ရဲ့ စတီးနဲ့ဖန်သားနဲ့ဆိုပဲ။ သတင်းထောက်တွေက အဲဒါကို “လျှပ်စစ်ဦနှောက်” လို့ခေါ်တော့ အေကင်က တော်တော်စိတ်ဆိုးသတဲ့။ ဒါပေမယ့်လည်း ကောင်းသည်ဆိုးသည်ဖြစ်စေ အမေရိကန်လူထုမှာ ကွန်ပြူတာစာမျက်နှာကို ပထမဦးဆုံးမိတ်ဆက်လိုက်လေသတည်း လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။


ဂျူနီယာဝင်း