Saturday, May 23, 2009

Selected Poem – The Happy Prince


English for All မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်တွင်ဖော်ပြခဲ့သော

ခံစားမိသောကဗျာတစ်ပုဒ်

The Happy Prince – Oscal Wilde(1854-1900)

ဂျူနီယာဝင်း

"When I was alive and had a human heart," answered the statue, "I did not know what tears were, for I lived in the Palace of Sans- Souci,

where sorrow is not allowed to enter. In the daytime I played with my companions in the garden, and in the evening I led the dance in the Great Hall.

Round the garden ran a very lofty wall, but I never cared to ask what lay beyond it, everything about me was so beautiful. My courtiers called me the Happy Prince,

and happy indeed I was, if pleasure be happiness. So I lived, and so I died. And now that I am dead they have set me up here so high that

I can see all the ugliness and all the misery of my city, and though my heart is made of lead yet I cannot chose but weep."


OscarWilde၏TheHappyPrince

ကိုဖတ်ရင်းကဗျာဆန်ဆန်စာကြောင်းများကိုခံစားမိပါသည်။မြို့ကြီးကို

မိုးနေသည့်အလား၊မြင့်မားလှသည့်HappyPrince

ဟုအမည်တွင်သောရုပ်တုကြီးကိုတွေ့ရသည်။"ပျှော်နေ

သောမင်းသားလေး"တဲ့။တစ်ကိုယ်လုံးရွှေပြား၊ရွှေရွက်ကလေးများတပ်ထားပြီး

မျက်စိနှစ်လုံးမှာတောက်ပလှသောနီလာကျောက်မျက်ရတနာနှစ်လုံးရှိသည်။

သူလွယ်ထားသောဓါးအိမ်၏ထိတ်ဖျား

မှာတော့အနီရောင်ပတ္တမြားကြီးကိုတောက်ပစွာတွေ့ရပေသည်။မြင်ရသူအပေါင်း

HappyPrince၏ဘ၀ကိုအားကျကြ၊သဘောကျကြနှင့်ဖြစ်လေသည်။

တစ်နေ့မှာတော့ဆောင်းကိုရှောင်ဖို့တခြားအရပ်သို့ပြောင်းရမည့်စာကလေးငှက်ကလေး

တစ်ကောင်ကHappyPrinceရုပ်တုခြေရင်း၌ခေတ္တနားခိုစဉ်သူ့အပေါ်ကျလာသော

happyPrince ၏မျက်ရည်ပေါက်ကြီး

များကြောင့်ဘာအကြောင်းကြောင့်များမျက်ရည်ကျရပါသလဲဟုဂရုဏာသက်စွာ

ငှက်ကလေးကမေးသည်ကိုဖြေလိုက်ပုံဖြစ်ပါသည်။



"ကျွနိုပ် လူ့အသည်းနှလုံးနဲ့ အသက်ရှင်ခဲ့စဉ်က

မျက်ရည်ဆိုတာ ဘာလဲမသိခဲ့ပါဘူး။

ကျွနိုပ်နေထိုင်ခဲ့တဲ့ ဆွန်-ဆိုစီ ဆိုတဲ့နန်းတော်ကြီးက

ဝမ်းနည်းကြေကွဲစရာတွေကိုပေးမ၀င်ခဲ့ပါဘူး။

မနက်ခင်းမှာ အဖော်တွေနဲ့ ပန်းခြံထဲ ပျှော်ပါးလို့၊

ညနေခင်းမှာတော့ ခန်းမကြီးထဲကခုန်လို့ပေါ့။

ပန်းခြံပတ်ပတ်လည်တစ်လျှောက် မြင့်မားတဲ့တံတိုင်းကြီးရှိလေရဲ့။

အဲဒီတံတိုင်းကြီးတစ်ဖက်မှာ ဘာရှိလဲလို့

ကျွနိုပ် မေးဖို့စိတ်ကူးမရှိခဲ့ပါဘူး။

ကျွနိုပ်နဲ့ပတ်သက်သမျှ အရာရာဟာ လှပလို့ပေါ့။

ကျွနိုပ်ရဲ့မင်းညီမင်းသားတွေက

ကျွနိုပ်ကို"ပျှော်နေတဲ့မင်းသားလေး" လို့ခေါ်တယ်။

ဟုတ်တာပေါ့…..ပျှော်လိုက်တာ။

ရှိရှိသမျှတွေဟာပျှော်စရာ။

ဒီလိုနဲ့ …. ကျွန်ုပ်ရှင်သန်ခဲ့တယ်။

ဒီလိုနဲ့ … ကျွနိုပ်သေဆုံးခဲ့တယ်။

အင်း …. အခုတော့ ကျွနိုပ်သေဆုံးပြီ။

သူတို့က ကျွနိုပ်ကို အခုလိုမြင့်မြင့်မားမား

ထုဆစ်ထားလို့။

ဒီတော့ … ကျွနိုပ်လေ

ကျွနိုပ်မြို့ကြီးရဲ့အရုပ်ဆိုးအကျဉ်းတန်မူတွေ

စိတ်မချမ်းသာစရာတွေ တွေ့မြင်နေရပြီ။

ကျွနိုပ်အသည်းနှလုံးက ခဲနဲ့လုပ်ထားပေမယ့်

ကျွနိုပ် ငိုနေတယ်။"


OscarWilde

ကမင်းသားလေးသည်နံရံ၏တစ်ဖက်မှာဘာရှိသလဲစိတ်မ၀င်စားဘူး၊မေးရမှန်းလဲမသိဘူးဟု

ဆိုထားသည်။နံရံတစ်ဖက်မှာသူ့တိုင်းသူပြည်သားတွေဆင်းရဲနေတာတွေ၊စိတ်မချမ်းသာဖြစ်နေတာတွေ

ဘာမှမသိဟုဆိုလိုပုံရသည်။ထို့ပြင်အသက်ရှိစဉ်ကလူသားတစ်ယောက်၏အသည်းနှလုံးကိုပိုင်ဆိုင်ပါလျက်

နှင့်ခဲသတ္တုအသည်းနှလုံးရုပ်တုအဖြစ်ရောက်မှခံစားတတ်ပြီးမျက်ရည်ကျရသည့်အဖြစ်ကိုထောက်ပြထား

သည်။ယင်းသည်ခဲသတ္တုအသည်းနှလုံးလောက်မှမမြင့်မြတ်သည့်ထိုမြို့ကအုပ်ချူပ်သူများကိုသရော်

လှောင်ပြောင်လိုက်သည်ဟုကဗျာကိုခံစားလိုက်မိပါသည်။


ဂျူနီယာဝင်း

Thursday, May 7, 2009

April-May

ဧပြီ - မေ စကား

 

နာဂစ်မုန်တိုင်းရဲ့ပထမဦးဆုံးနွေကာလကိုဖြတ်ကျော်ရခြင်းဖြစ်ပါတယ်။ဒါဟာနာဂစ်ရဲ့အစတဲ့လား။


နာဂစ်ကပေးလိုက်တဲ့အမွေကိုပထမဦးဆုံးခံစားလိုက်ရတာကတော့တော်တော်ပူပြင်းတဲ့နေမင်းကြီး


ရဲ့အပူပဲဖြစ်ပါတော့တယ်။သင်္ကြန်ကာလမှာရွာလိုက်တဲ့မိုးဟာမုန်တိုင်းရဲ့အရှိန်ကြောင့်ဖြစ်လို့


ရလိုက်တဲ့အအေးဟာနောက်ပိုင်းပူလိုက်တာလွန်ပါရောလို့ဆိုရမှာပေါ့။နေ့လည်းပူ ညလည်းပူလွန်းလို့


အော်ဟစ်နေလိုက်ရတာ အင်း….ကဆုန် နယုန် ဆွေ့ဆွေ့ခုန် တဲ့ဗျား။


ဒီပူတဲ့အပူကိုစာဖွဲ့ရရင်တော့ ဘယ်လိုများဖြစ်နေမှာပါလိမ့်နော်။


သို့သော်လည်းမိုးရိပ်တိမ်ရိပ်တွေတွေ့လိုက်ရရင် မိုးသည်းကြီးမဲကြီးရွာတော့မှာရယ်၊


မိုးတွေကြောက်စရာကောင်းလောက်အောင်ထစ်ခြုံးတော့မှာရယ် ၊မိုးကြိုးတွေပစ်မှာရယ်


တွေးကြောက်ကြရတယ်။ပူပြင်းတဲ့ကာလမှာမိုးရွာချရင်ကြောက်စရာကောင်းတယ်လေ။


မိုးရွာပြီးပြန်ပူရင်အရင်ကထက်နှစ်ဆပိုပူသတဲ့ဆိုတဲ့စာဆိုကလည်းရှိသကိုး။

Sunday, May 3, 2009

Selected Article - 63

ခေါင်းစဉ်မဲ့စာတမ်း

ဂျူနီယာဝင်း

နာဂစ်မုန်တိုင်းနှစ်ပတ်လည် (မေလ ၂-၃ ၂၀၀၈)

ဂျူနီယာဝင်း၏ ၆၃ ပုဒ်မြောက် အတွေးအမြင်ဆောင်းပါး - အမှတ် ၂၀၀ အတွေးအမြင် မှ

နာဂစ်မုန်တိုင်းကြီးကြောင့် ဒုက္ခသည်များအဖြစ်သို့ ရုတ်တရက်ရောက်သွားကြရှာသော ဧရာဝတီတိုင်းမှ ရွာသာများထံသို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဖို့ အခွင့်အရေးရခဲ့ဖူးသည်။ မအူပင် ကျိုက်လတ် ဖျာပုံရှိ ဒုက္ခသည်စခန်းများသို့ မိတ်ဆွေအချို့နှင့် လိုက်ပါခွင့်ရခဲ့တုန်းက ကျွန်မစိတ်ကူးနှင့် ကြိုတင်တွေးကာ ကျေနပ်ခဲ့မိသည်။

ထိုခရီးတိုကလေးကို မသွားခင်မှာ လိုအပ်သည်များကို ပြင်ဆင်ရင်း လှူဒါန်းဖို့ဆေးဝါး၊ အ၀တ်အစားများကို စုဆောင်းခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မသွားဖြစ်ခင်တုန်းကတော့ တစ်ဆင့်လှူရသောစိတ်နှင့် မတူတာ သေချာသည်။ ခုတော့ ကျွန်မ၏ ဒစ်ဂျစ်တယ်ကင်မရာလေးဖြင့် ခရီးမှတ်တမ်းတင်ရမည်။ သူများပြောတာ ကြားဖူးရုံသက်သက်သာ ရှိခဲ့တာကြောင့် အခုအခါမှာဖြင့် ကိုယ်တွေ့ကြုံရမည့်အရေး တွေးကာ စိတ်ကူးယဉ် ပျောာ်နေခဲ့မိပါသည်။

မနက်အစောကြီး ထကာ စတင်ထွက်ခဲ့ကြပြီး အချိန်တိုတိုနှင့်ပင် မအူပင်သို့ရောက်ခဲ့ကြပါသည်။ ဒုက္ခသည်စခန်းတွေ စစချင်း ပက်ပင်းတွေ့စဉ်ကပင် ကျွန်မ၏စိတ်ကူးများသည် လေမှ လွင့်စင် ပျောက်ပြက်ခဲ့ရသည်ကို အခုမှပင် စာလုံးများဖြင့် ရေးချဖြစ်ပါတော့သည်။

ဒုက္ခသည်စခန်းများကို ဘုန်းကြီးကျောင်းဝင်း၊ ဘုရားကျောင်းဝင်းနှင့် ခန်းမများတွင် နေရာချထားသည်။ ဟိုင်းကြီးကျွန်း၊ ဘိုကလေး၊ လပွတ္တာ စသော ဒေသများရှိ ကျေးရွာများက ဒုက္ခသည်များကို ၎င်းတို့၏ ရင်ဘတ်တွင် ကပ်ပြားလေးများ ချိတ်ပေးထားသဖြင့် ဘယ်ရွာဘယ်ဒေသဆိုသည်ကိုသိနိုင်ကြသည်။ကလေးများ၊ကိုယ်ဝန်သည်များ စသည်ဖြင့် စုပေါင်းကာနေထိုင်ကြရသည်။အလှူရှင်များကအလျင်လိုလျှင်လော်စပီကာဖြင့်အိမ်ထောင်ဦးစီးများ နေရာလာယူပါ ဟူသော အော်သံကို ဦးစွာ ကြားရပါသည်။

အိမ်ထောင်ဦးစီးများသည် အမျိုးသားတစ်ဘက်၊ အမျိုးသမီးတစ်ဘက်ဖြင့် နေရာယူကာ ခန်းမအလယ်တွင် ထိုင်နေကြရသည်။ ကျွန်မသည် ထိုမြင်ကွင်းကို စတင်မြင်လိုက်ရသည့်အချိန်တွင်ပင် ကျွန်မစိတ်များ လေးလံသွားရပါသည်။

အိမ်ထောင်ဦးစီးများတွင် အသက်အရွယ်ကြီးရင့်သူများလည်း ပါသည်။ အဲဒါ မဆန်းပါ။ ထိုအထဲတွင် အသက် ၁၈ ၊ ၂၀ နှစ် အရွယ် ကလေးတွေ ပါသည်။ ဒီအရွယ်ကလေးတွေက အိမ်ထောင်ဦးစီး ဖြစ်နေကြသည်။ သူတို့မိဘတွေ၊ အဖိုးအဖွားတွေ ဘယ်ရောက်ကုန်လို့လဲ ဟု ကျွန်မ မမေးရက်ပါ။ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေ ကြမ်းပေါ်ထိုင်ကာ စောင့်ဆိုင်းနေကြရသည့်အဖြစ်ကိုလည်း ကျွန်မ မကြည့်ရက်ပါ။ သို့ပေမယ့် အဲဒါလှူဒါန်းမည့်သူတွေအတွက် လက်ထဲ အရောက် လှူဒါန်းဖို့ အဆင်ပြေဆုံးဖြစ်လိမ့်မည်။

ဓါတ်ပုံတွေ ရိုက်လိုက်မဟဲ့ ဟု ဟန်ပြင်ခဲ့သောကျွန်မသည် တကယ်တမ်းကျတော့ သူတို့လေးတွေရှေ့ ဓါတ်ပုံရိုက်ဖို့ အားနာနေခဲ့မိသည်။ ဒုက္ခရောက်နေရသည့်အထဲဓါတ်ပုံအရိုက်ခံနေရ သည့်အဖြစ်ကို ကျွန်မ ကိုယ်ချင်းစာမိကာ ကိုယ့်စိတ်ကြိုက် မရိုက်ဖြစ်ခဲ့သည်ကို အခုမှပင် ၀န်ခံရပါတော့မည်။

နေ့လည်ထမင်းစားချိန်နှင့် တိုးသော ဒုက္ခသည်စခန်းတစ်ခုတွင်တော့ ရွာသူရွာသားများကို အိုးကြီးတစ်ခုထဲ ချက်ထားသော ထမင်းနှင့် ငါးသေတ္တာဟင်းများကို အလှည့်ကျ ပေးဝေနေကြသည်။ ကျွန်မသည် ကျွန်မ၏ ဒစ်ဂျစ်တယ် ကင်မရာလေးကိုပြင်ကာ လူအုပ်နားသို့ တိုးသွားပါသည်။

ကျွန်မကိုမြင်သောသူတို့က ကိုယ်များကိုရို့၍ လမ်းဖယ်ပေးကြပါသည်။ သူတို့လက်ထဲတွင် ပန်းကန်ပြားအလွတ်များ ကိုင်ထားကြသည်။ ထမင်းနှင့် ဟင်းခတ်ပေးတာကို စောင့်နေကြသူတွေပေါ့။ သူတို့လေးတွေက ကျွန်မနှင့်ရွယ်တူတွေ၊ ကျွုန်မအကိုတွေ၊ ကျွန်မမောင် အရွယ်တွေ၊ ညီမအရွယ်တွေ၊ သူတို့လေးတွေက ဒီထမင်း ဒီဟင်းကို အခုလို စောင့်ဆိုင်းကာ အလှည့်ကျ စားသောက်နေရသည့်အဖြစ်ကို ကျွန်မမှာ ဓါတ်ပုံရိုက်ဖို့အရေး လက်နှေးခဲ့ရပြန်ပါသည်။ အမှန်တော့ ကျွန်မ ထိုနေရာမှာ တစ်ပုံပင် သေချာမရခဲ့ပါ။ ချက်ခြင်း ရိုက်ဖြစ်ခဲ့သော တစ်ပုံမှာ ၀ါး သွားပါသည်။ ပြန်ရိုက်ချင်စိတ်လည်း မရှိပါ။ အားနာစိတ်နှင့် တိတ်တိတ်ကလေး နေမိပါသည်။

ထိုခန်းမထဲမှာ အရွယ်စုံ၊ လူစုံ အထုတ်အပိုးများဖြင့် နေရာယူ နားနေကြပါသည်။ ကလေးတွေကတော့ ပျှော်ရွှင်စွာ ကစားနေကြပါသည်။ ကိုယ်ဝန်သည်တွေ မနည်းပါ။ ဆေးရုံမှ မနက်ကမှ ဆင်းလာသည်ဆိုသော အသက် သုံးနှစ်အရွယ် ကလေးပေါက်စနကလေးကို သူ့မိခင် ကိုယ်ဝန်ဆောင်က ထိန်းနေတာကိုလည်း တွေ့ခဲ့ရပါသည်။ ကျွန်မ ခရီးဆောင်အိတ်ထဲမှ အ၀တ်အစားများကို ထုတ်ပေးဖို့ကိုပင် ကျွန်မ ချီတုန်ချတုန် ဖြစ်နေသည်။ သူတို့၏မျက်နှာများမှာ သူတို့ဖာသာ သူတို့ ရပ်တည်နေနိုင်ခဲ့ကြသူတွေမှန်း သိသာလှသည်။ ခပ်အေးအေးပင် သူတို့ဖာသာ ထိုင် နားနေကြဟန်သာ ရှိသည်။ ကျွန်မကို လာစကားပြောသော အမျိုးသမီးကလေးတစ်ချို့နှင့် စကားပြန်ပြောရင်း ထမီတွေ၊ အတွင်းခံတွေပါကြောင်း လိုအပ်က ပေးချင်ကြောင်း စ ပြောမိပါသည်။ ထိုအခါမှ သူတို့လေးတွေမှာ ၀မ်းသာအားရ မျက်နှာများ ပေါ်လာကာ ကျွန်မ၏အလှူလည်း အထမြောက်ခဲ့ရပါသည်။

ထိုနေ့က နေက အလွန် ပူပြင်းလှပါသည်။ ကျွန်မတို့အဖွဲ့သည် ချွေးတစ်လုံးလုံးကြားမှာပင် ဆန်၊ ဆီ၊ ဆားနှင့် အိုးများကို သယ်ကြ၊ ချကြနှင့် ခြေကုန်လက်ပန်းကျသည့်တိုင် မနားခဲ့ကြရပါ။ သူတို့လေးတွေနှင့် မေးမြန်းဖို့၊ စကားပြောဖို့၊ အားပေးစကားပြောဖို့ ဆိုတာ အမှန်တော့ စိတ်ကူးထဲမှာသာ ရှိနေခဲ့သည်။ သူတို့မျက်နှာများ သူတို့ဘ၀များကို အဝေးမှပင် ငေးမောရင်း ကျွန်မ အမောဖြေခဲ့ရသည်ကို အခုမှပင် ရင်ဖွင့်လိုက်မိပါသည်။ တစ်ခါတစ်ရံ ကျွန်မလက်ထဲမှတစ်ဆင့် လှူသော ဆန်၊ ဆီ၊ ဆား၊ ငပိအိုးများကို လက်ခံယူသော အိမ်ထောင်ဦးစီးဦးကြီးတစ်ယောက်က

“ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျန်းမာ ချမ်းသာကြပါစေကွယ်။ လိုရာဆန္ဒ ပြည့်ဝပါစေ သမီးရယ် …” ဟု ရိုရိုသေသေဖြင့် ကျွန်မမျက်နှာကို ပြုံးကာကြည့်၍ သေသေချာချာ ဆုတောင်းပေးနေတာကို ကျွန်မကိုယ်တွေ့ကြုံခဲ့ရစဉ်က ကျွန်မစိတ်မကောင်းစွာဖြင့် နှုတ် ဆွံ့အ ခဲ့ရသည်ကို ကျွန်မ အခုမှ အားမလို အားမရ ဖြစ်နေရပါသည်။

သြော် … အဲဒီလို ကိုယ်တိုင်ကိုယ်ကျ လှူဖို့အရေးမှာ အသဲတော့ တော်တော်မာရပေမည်။ စိတ်မကောင်းဖြစ်ရ၊ မျက်ရည်ဝဲရ၊ ရင်နာရ၊ အားနာရ နှင့်သာဆိုလျှင် ကျွန်မတစ်နေရာတည်းမှာ တစ်နေကုန် ရပြန်လိမ့်မည်။ အလုပ်လည်း တွင်တော့မည် မထင်။

ဖွင့်ထားသော ဒုက္ခသည်စခန်းများသို့ တက်ချည် ဆင်းချည် ကူးချည် သန်းချည် နှင့် ကျွန်မ ရန်ကုန်မှာစီးဖို့ကြောက်ရွံ့ခဲ့သော နောက်ဖွင့်ဘတ်စကားကြီးနောက်မှာ ပစ္စည်းတွေကြားထဲ ခက်ခက်ခဲခဲ ထိုင်စီးခဲ့ရဖူးလေပြီ။ လမ်းကြမ်းရင်ကြမ်းသလို ဆောင့်လိုက် ယိမ်းလိုက်ဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ခဲ့ရသော်လည်း ရင်ထဲက စိတ်မကောင်းဖြစ်ရသော ဒဏ်ရာများကား လွယ်လွယ်နှင့် မေ့ပျောက်နိုင်မည်မထင်။

လေယာဉ်ပျံ လိုအမြန်နှူန်းဖြင့် လွင့်ပါးနေသော ကားပေါ်မှာ တခြားလူတွေတော့ မသိ။ ကျွန်မမှာ ဘုရားစာတွေသာ ရွတ်နေမိပါသည်။ အပြန်ခရီးကတော့ ချောင်ချိနေသောကားပေါ်မှာ အိပ်ငိုက်၍သာ နေပါတော့သည်။ မကြာမီ အိမ်မှာ တစ်ဝကြီး ပြန်နားနိုင်ပေမယ့် သူတို့လေးတွေအကြောင်း တွေးရင်း စာနာ နေမိပါတော့သည်။

ခရီးစဉ် တစ်လျောက်မှာတော့ ကျွန်မ အမှတ်ရခဲ့သောဒေသတစ်ခုကတော့ ကျိုက်လတ်က ဘုန်းကြီးကျောင်းကြီးဖြစ်ပါသည်။ “ကျိုက်လတ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ သာသနတောင်ပါလ နန္ဒ၀င် ပရိယတ္ထိ စာသင်တိုက်” ဖြစ်ပါသည်။ ကျောင်းထိုင်ဆရာတော်ကြီး၏ ဘွဲ့အမည်မှာ ဆရာတော်ဦးကောသံလ ဖြစ်ပါသည်။ ဆရာတော်သည် ကျိုက်လတ်သားများ၏ အချစ်တော်ဖြစ်ပုံရပါသည်။ ရွာသားများက ဆရာတော့်ဆီ ကျွန်မတို့ကို တပျော်တပါး ခေါ်သွားတာ ကြည့်ပါတော့။

ဆရာတော့်ထံ ရောက်လာကြသော အလှူရှင်များ၏ ပစ္စည်းများကို မဲလိပ်များ လိပ်၍ မုန်တိုင်းခံရွာသူရွာသားများကို မဲနှိုက်ပေးခိုင်းရတာ အလွန်ဝါသနာပါကြောင်း ဆရာတော်က မိန့်ခဲ့ပါသည်။ ကျွန်မသည် လက်ကျန် အိမ်မှထည့်ပေးလိုက်သော တိုက်ပုံအကျီင်္၊ ချည်ပုဆိုးများနှင့် အပေါ်အကျီချည်ထည်လေးများ၊ မုန့်ဘီစကွပ်များ၊ ဆေးဝါးများကို အကုန်အစင် အဲဒီနေ့မှာ လှူပစ်ခဲ့ပြီး ဆရာတော်က စုပေါင်းလှူဒါန်းခဲ့ကြသော ဆန်၊ ဆီ၊ ဆား နှင့် အိုးများကို လက်ခံကာ သာဓုခေါ်ပေးပါသည်။ ကျွန်မတို့ ဘုန်းကြီးကျောင်းအပြင် ရောက်တော့ ရွာသူရွာသားတွေ တပျော်တပါး လာ နှုတ်ဆက်နေကြသည်။ ကလေးတွေလည်း ပါသည်။ သူတို့က အလှူရှင်တွေကို ကျေးဇူးတင် နေကြသည်။ ဘုန်းဘုန်းက မဲလိပ်တွေ နှိုက်ခိုင်းပြီး လှူတာ စသည်ဖြင့် ဆရာတော်က ၀မ်းပမ်းတသာ နှုတ်ဆက်စကားပြောပါသည်။

အပြန်ခရီးမှာတော့ တစ်ကိုယ်လုံး ဖုန်များ ချွေးများ တလူးလူးနှင့် တော်တော် ညစ်ပတ်နေကြချိန်တွင် မိုးကြီး လေကြီးနှင့် တိုးခဲ့ပါသေးသည်။ အပြန်ခရီး မှောင်နှင့်မဲမဲမှာတော့ မျက်စိစင်း အိပ်ငိုက်သည်အထဲ ကျွန်မမှာ ကားပြောင်းစီးရပြန်သည်။ ထိုအထဲ ညနေစာ ထမင်းဘူးက ပါမလာပြန်သောကြောင့် ဗိုက်ဆာတာကို မျိုသိပ်နေခဲ့ရပါသည်။ ကားရပ်ခိုင်းပြီး နောက်ကားမှာ ကျန်ခဲ့သောထမင်းဘူးယူခိုင်းဖို့လည်း ညမှောင်မှောင်မှာ ကြောက်ပြီး မပြာရဲပါ။ ကားရပ်ခိုင်းဖို့လည်း မဖြစ်နိုင်ပါ။

ထိုနေ့ည ဆယ်နာရီခွဲမှာ ကျွန်မ အိမ်ပြန်ရောက်ပါသည်။ မေမေက ညနေစာ အသင့်ပြင်ထားသော်လည်း မစားနိုင်တော့ပါ။ အစာ လွန်သွားပါသည်။ ခေါင်းတစ်ခုလုံး ခဲပြီး မူးနောက်ဝေနေသည့်ကြားမှ မေမေတို့ကို ခရီးစဉ်ကို အတိုချူပ်ဖြင့် ပြောဖြစ်ကြသည်။ ထိုညစ်ညစ်ပတ်ပတ်နှင့်ပင် ကျွန်မ အိပ်ရာဝင် ခဲ့ပါတော့သည်။

နောက်နေ့ ညနေစောင်းမှာတော့ ကျိုက်လတ်မှဆရာတော်ကြီးက ကျွန်မဆီ ဖုန်းဆက်ပါသည်။ ကျွန်မတို့ပေးလှူခဲ့သော ပစ္စည်းများ၏စာရင်း အတိအကျကို အမိန့်ရှိကာ ယခု အားလုံး လှူပြီးကြောင်း၊ ရွာသူရွာသားတွေမှာပျော်လွန်းလို့ မြင်စေချင်လိုက်တာ၊ သာဓုခေါ်စေချင်လို့ ဖုန်းဆက်တာ စသည်ဖြင့် အမိန့်ရှိပါသည်။ ကျွန်မမှတဆင့် အလှူရှင် ဒကာတွေ၊ ဒကာမတွေကိုလည်း ပြောပြပေးပါ။ သာဓုခေါ်ပါ စသည်ဖြင့် တဖွဖွ ပြောပါသည်။ ကျွန်မစိတ်ထဲမှာ တော်တော်လေး ကြည်နူးဝမ်း မြောက်မိပါသည်။ ပေးလှူသူနှင့် လက်ခံသူကြားတွင် ဤမျှလောက် ကြည်နူးစရာကောင်းမှန်း ခံစားမိခြင်းဖြစ်ပါသည်။

ကျွန်မရိုက်ခဲ့သည့် ဓါတ်ပုံများကို တစ်ပုံချင်း ပြန်ကြည့်ရင်း အဲဒီတုန်းက ကျွန်မစိတ်ထဲ ဘယ်လိုခံစားရ၊ အဲဒီအချိန်မှာတော့ ကျွန်မ ဘယ်လိုတွေးနေရ၊ ကျွန်မ မရိုက်ဖြစ်ခဲ့သော ဓါတ်ပုံများကိုပင် ပြန်သတိရ၊ ပြန်မြင်ယောင်ရင်း အတွေးတွေ နယ်ချဲ့နေမိပါသည်။ အဲဒီဒုက္ခတောထဲမှာ အမျိုးသမီးတွေမျက်နှာ သနပ်ခါးမပြက်တာ၊ ကလေးတွေမှာတောင် သနပ်ခါးဘဲကြား လိမ်းထားတာ၊ တော်တော် ချစ်စရာကောင်းသည့် ဓလေ့လေးတွေ တွေ့ခဲ့ရပေသည်။ အမျိုးသမီးငယ်လေးတွေက ထမီပဲ ၀တ်ပါသတဲ့၊ စကပ်တွေ ဘောင်းဘီတွေလည်း မ၀တ်၊ မကြိုက်ကြပါတဲ့။ ကျွန်မ အလွန်ပဲ လေးစားခဲ့သော အကျင့်စရိုက်ကလေးတွေပဲ။

ဟို... နေမကောင်းသည့် ကလေးလေး ဘယ့်နှယ် နေသလဲ မသိ။ မိဘ နှစ်ပါးစလုံး သေဆုံးသွားသည့် ကလေး ပေါက်စန ကလေးရဲ့ မျက်နှာကလေးကို မမေ့နိုင်။ ကစားစရာအရုပ်ကလေးတွေကို ဆော့ကစားရင်း မိဘပျောက်နေရှာတဲ့ ကလေးတွေရော ဘယ်လိုများ နေမလဲ။ ဗိုက်ကြီးသည်တွေ အခုလောက်ဆို မီးဖွားပြီးရောပေါ့။ ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းမှာ မွေးပြီး၊ ဘယ်လိုများ နေ နေကြမလဲ။ ဟိုင်းကြီးကျွန်း ဘိုကလေးရွာတွေကို ပြန်မယ့် ကောင်မလေးတွေရော သူတို့ရပ်ရွာ ရောက်ကြပြီလား။ ဒါနဲ့ မိဘပျောက်လို့ မျက်ရည်စက်လက်နဲ့ ဒုက္ခသည်စခန်းတွေမှာ လိုက်ရှာနေတဲ့မိန်းကလေးက ရော သူ့မိဘတွေနဲ့ ပြန်တွေ့ပြီလား။ မတွေ့ရင် ဘယ်လိုများ နေရှာမလဲ။ ကျွန်မရင်ထဲက မေးခွန်းပေါင်းများစွာသည် အဖြေမဲ့စွာ ရှိနေဆဲ။

Friday, May 1, 2009

May Day Born Writer – Khin Myo Chit


မေဒေးနေ့ဖွားစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်၏အမှတ်တရဆောင်းပါးတစ်ပုဒ်

သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း ဇွန် ၁၉၈၂ ခုနှစ် မှ

 

လောကဓံကိုသည်းခံခြင်း

ခင်မျိုးချစ်

 

အရင်လမေလသောင်းပြောင်းမှာဖိုးသော်တာဆွေကမေလမှာမွေးတဲ့အဓိကရပုဂ္ဂိုလ်တွေရေတွက်ပြရာမှာသူရယ်၊

ဒဂုန်တာရာရယ်၊ထင်လင်းရယ်၊၁၉၁၉ မေလမှာမွေးတဲ့သူတွေချည်းရေတွက်ပြတာကိုး။

အဲဒါလေးဖြည့်စွက်ဖို့လိုသေးတယလေ။မေလမှာမွေးတဲ့အဓိကရပုဂ္ဂိုလ်တွေသမိုင်းတလျှောက်မှာရှိခဲ့တယ်ဆိုတာ

တော့ဖြည့်ပေးလိုက်ရဦးမယ်။

ကမ္ဘာ့သမိုင်းတခေတ်မှာ (အင်း……စကားပြောရရင်ကမ္ဘာနဲ့ချီချီပြီးပြောရမှလေးနက်တယ်မဟုတ်လား)အဲ အဲ..

ဘာတဲ့။ကမ္ဘာ့သမိုင်းတစ်ခေတ်မှာထင်ရှားခဲ့တဲ့နပိုလီယန်ဆိုတာကြားဖူးကြမှာပါ။သုကမေလမှာမွေးတာမဟုတ်

ဘူး။သူ့ကိုဝါတာလူးစစ်ပွဲမှာအပြတ်အသတ်နိုင်လိုက်တဲ့အင်္ဂလိပ်စစ်ဗိုလ်ကြီးဝယ်လင်တန်ဆိုတာမေလ ၁ ရက်

နေ့မှာမွေးတဲ့လူပေါ့။

မေလ ၁ ရက်နေ့ဆိုတာလည်းခုအခါမှာအလုပ်သမားနေ့အဖြစ်ကမ္ဘာအရပ်ရပ်မှာအသိအမှတ်ပြုပြီးအထိမ်းအ

မှတ်ပြုပြီးအထိမ်းအမှတ်တခမ်းတနားလုပ်ကြရတဲ့နေ့မဟုတ်လား။

ပြီးတော့မေလ ၁ ရက်နေ့ထူးခြားတာတစ်ခုရှိသေးတယ်လေ။အဲဒီအချက်ကတကယ့်ကိုမှတ်လောက်သားလောက်

အချက်ကြီးဖြစ်ပါတယ်။ဘာပြုလို့လဲဆိုတော့အဲဒိနေ့ဟာဟောဒီစာရေးသူရဲ့မွေးနေ့ပါပဲ။

မေလမွေးတဲ့သူချင်းတူတူ၊ ၁ ရက်နေ့ဆိုတော့ထိပ်ဆုံးကနေတာပေါ့။တစ်တန်းတည်း အဆင့်မီတာ။နပိုလီယံကို

နိုင်တဲ့စစ်ဗိုလ်ချူပ်ကြီးဝယ်လင်တန်ရှိပါတယ်။

ဒီလိုအဓိကရနေ့ကြီးရက်ကြီးမှာမွေးလာခဲ့ပါလျက်တကယ်ဆိုရင်ကိုယ့်ရေးဖော်ရေးဖက်တွေကမွေးနေ့ဂုဏ်ပြု

တဲ့ဆောင်းပါးလေး ဘာလေး ရေး။ရေဒီယိုကသီချင်းတောင်းပေးလို့ အဲသလိုဆိုဘယ်လောက်ကောင်းမလဲ။

ငါ့နှယ်နော်…အခုမှအကြံရတယ်။တကယ်ဆိုရင်မေလ ၁ ရက်နေ့ဟာကိုယ့်မွေးနေ့ဖြစ်တဲ့အကြောင်းကြေညာ

မောင်းခတ်ထား၊ရေးဖောရေးဖက်တွေလည်းမွေးနေ့ဂုဏ်ပြုဆောင်းပါးရေးဖို့၊ရေးချင်လာအောင်ကျွေးမွေးပြီး

ဆွယ်ထား၊အဲဒီဆောင်းပါးထည့်ပေးမယ့်မဂ္ဂဇင်းအယ်ဒီတာတွေကိုလည်းမျက်ရိပ်မျက်ကဲပြထား၊အဲသလိုလုပ်

မထားမိတာနာတာပဲ။

အခုလိုအဲသလိုဂုဏ်ပြုပေးမယ့်သူမရှိတော့ကိုယ့်ဘာသာကိုယ်အဆိုသွင်း၊ကိုယ်ပဲထောက်ခံဂုဏ်ပြုမှတ်တမ်းတင်

ရတာပေါ့လေ။ငါ့နှယ်ရှက်လိုက်ပါဘိ၊သော်တာဆွေရယ်၊အဲလေ….ရှက်ပါဘူး၊ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုတာဘာရှက်

စရာရှိလဲ၊ကိုယ့်ကိုယ်ကိုမှဂုဏ်မပြုရင်ဘယ်သူကလာဂုဏ်ပြုမှာလဲ။

သြော်..ရေးရင်းရေးရင်းဘယ်တွေပေါက်တတ်ကရရောက်ကုန်ပါလိမ့်နော်။ရယ်စရာတွေဖြစ်ကုန်လေပြီလားမသိပါ

ဘူး။ဒီလိုပဲလေရယ်သွမ်းသွေးရတာပေါ့။သူတပါးကိုရယ်သွမ်းသွေးရင် အကျီစားသန် ရစ်ဖြစ်၊မခံချင်ဖြစ်လို့ရန်များ

ချင်များနေဦးမယ်။ကိုယ့်ကိုယ်ကိုပြန်ရယ်သွမ်းသွေးသွေးတာကဘေးကင်းတာပေါ့။အင်္ဂလိပ်ကဗျာထဲကစာကြောင်း

လေးတစ်ခုသတိရမိတယ်။

"And if I laugh any mortal thing,

It is that I may not weep ." တဲ့။

အဲဒီစာကြောင်းကိုတိုက်ရိုက်မြန်မာပြန်မရေးချင်ပါဘူး။အရသာပျက်လွန်းလို့ပါ။ဆိုလိုရင်းအဓိပ္ပါယ်က"ရယ်တယ်ဆို

တာငိုမိမှာစိုးလို့ပါ။"တဲ့။

အဲဒါသိပ်မှန်တာပေါ့။ရယ်စရာတွေရေးတိုင်း၊ရယ်စရာတွေပြောနေတိုင်းလည်းပျှော်လို့မထင်လိုက်ကြပါနဲ့။"မချိလို့

ပေါ်တဲ့သွားတောင်ရယ်သလားမေးကြရှာကြတယ်။"ဆိုတဲ့ဦးပုညရဲ့စကားလိုငိုချင်လေလေ၊ရယ်စရာတွေရှာဖွေပြီး

ကိုယ့်ကိုယ်ကိုကလိထိုးရယ်နေရတာလည်းဖြစ်တတ်ပါသေးတယ်။

အဲဒီလို"မချိသွားဖြဲ"အသက်ကြီးလာတော့ဖြဲစရာသွားတောင်သိပ်ရှိတော့တာမဟုတ်ဘူး။ပြောရ ရေးရတယ်ဆိုတာ

ငိုချင်ပြီးငိုမိမှာစိုးလို့ပါပဲ။

ဒီလများစာရေးချင်တဲ့စိတ်ကိုကုန်နေတာပဲ။ကလေးတွေပြောသလို"စိတ်ပိန်"လိုက်တာလွန်ပါလေရော။ငိုချင်စရာတွေ

ဒုနဲ့ဒေးများနေတဲ့အထဲမှာရေးဖော်ရေးဖက်ဂျာနယ်ကျော်မမလေးဆုံးသွားရှာတယ်။စိတ်အတော်ထိခိုက်ပါတယ်။သူ့

ခမျာကိုယ့်ထက်သုံးနှစ်လောက်ငယ်ရှာတယ်။ကျမ်းမာရေးလည်းကောင်းရှာသားပဲ။သူ့ကိုယ်သူလည်းအတော်ဂရု

စိုက်တယ်။ဒါပေမယ့်သေနေ့စေ့တော့သွားရတာပဲပေါ့။

ဂျာနယ်ကျော်မမလေးကိုကိုယ့်ထက်လည်းငယ်သူဖြစ်တယ်။ကျမ်းမာရေးလည်းဂရုစိုက်သူမို့ကိုယ့်ရှေ့ကသွားလိမ့်

မယ်လို့လည်းမထင်ခဲ့ဘူး။သော်တာဆွေပြောသလိုကိုယ်ကတော့ဖြင့်ပိန်ချည်ချည်ညောင်နာနာနဲ့ပဲဒရွတ်ဆွဲပြီးအ

အသက်ရှင်နေတော့တာပဲ။

အဲလေ…..သေတယ်ဆိုတာမဆန်းပါဘူး။ကြောက်စရာလည်းမဟုတ်ပါဘူး။ဒါပေမယ့်မသေချင်တာတစ်ခုပါပဲ။ဘယ်

လိုအလုပ်တွေလုပ်ချင်သေးတယ်။ဘယ်စာတွေရေးချင်သေးတယ်။ဒါတွေရေးပြီး လုပ်ပြီးမှသေချင်တာပေါ့။အဲသလို

တွေးတတ်တယ်။အဲဒီအတွေးအခေါ်ကလည်းတကယ်တော့သိပ်ပြီးမခိုင်မာပါဘူးလို့ထင်တယ်။

ဘာပြုလို့လဲဆိုတော့လူဆိုတာလုပ်ချင်တာတွေဘယ်တော့မှလုပ်ပြီးမှာမဟုတ်ပါဘူး။စာရေးတဲ့သူကလည်းရေးချင်

တာတွေဘယ်တော့မှကုန်မှာမဟုတ်ပါဘူး။ရှေးရှေးဘ၀အဆက်ဆက်ကလည်းလုပ်လာခဲ့တာမပြီးခဲ့ဘူး။ခုဘ၀လည်း

ပြီးဦးမှာမဟုတ်ပါဘူး။နောက်ဘ၀ဆက်လုပ်လည်းမပြီးပါဘူး။ဒီလိုမပြီးမယ့်အတူတူတော့ကိုယ်လုပ်ချင်တာတွေပြီး

အောင်လုပ်ပြီးမှသေချင်သေ၊မပြီးခင်မသေချင်သေးဘူးဆိုတာမျိုးတော့ထည့်မစဉ်းစားတော့ပါဘူး။ကိုယ်လုပ်ချင်စရာ

ရှိတာပြီးသလောက်လုပ်ပေါ့။မပြီးဘဲသေတော့ကောဘာပူစရာရှိလဲ။ဒီအတိုင်းထားခဲ့ရုံပေါ့။ဘယ်သူဆက်လုပ်ပါစေ

လို့တောင်ဆန္ဒမပြုပါဘူး။ဘယ်သဆက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။အဲသလိုစိတ်ထား

တော့မှပဲစိတ်တည်ငြိမ်မူရတော့တာပဲ။သို့မဟုတ်ရင်ကြောင့်ကျမူတွေတယ်များတယ်ကိုး။အဲသလိုပဲကိုယ့်စိတ်ကို

ကိုယ်ပြန်ဆုံးမပြီးအေးချမ်းမူရှာရတော့တာပဲ။ဒါမှလည်းလောကဓံကိုသည်းခံနိုင်တယ်။အဲလေ…ပုထုဇဉ်သားဆို

တော့လည်း"ခန္တီ - သည်းခံခြင်းတရား"ကိုး။"ခန္တီစ - မနိုင်၍သည်းခံခြင်းသည်လည်းကောင်း"ဆိုပြီးနှလုံးသွင်းရ

တော့တာပေါ့။မနိုင်လို့သည်းခံတရားလက်ကိုင်ထားပါမှပေါ့။မနိုင်မှမနိုင်တာ၊သည်းမခံလို့ဘယ်ဖြစ်ပါ့မလဲ။

 

ခင်မျိုးချစ်

Tuesday, April 21, 2009

Burma’ Writer and Mathematican – Dr.Khin Maung Win


ဒေါက်တာခင်မောင်ဝင်း

 

ဒေါက်တာခင်မောင်ဝင်းသည်ဦးခင်မောင်လတ်နှင့်ဒေါ်ခင်မျိုးချစ်တို့၏တစ်ဦးတည်းသောသားဖြစ်ပါ

သည်။၁၉၄၀ ခုနှစ်အောက်တိုဘာလ ၂၃ ရက်နေ့တွင်ရန်ကုန်မြို့၌မွေးဖွားသည်။၁၉၅၆ခုနှစ်တွင်ကမာ

ရွတ်မြို့နယ်၊၀ဂ္ဂီကျောင်းတွင်ဆယ်တန်းအောင်သည်။၁၉၆၀ခုနှစ်တွင်သချာင်္အထွေထွေဂုဏ်ထူးBA

(Gen.Hons)ဘွဲ့ကိုရရှိခဲ့သည်။၁၉၆၆တွင်ရန်ကုန်တက္ကသိုလ်မှမဟာဝဇ္ဖာ(သချာင်္)MA(Maths)ဘွဲ့ကို

ရရှိခဲ့သည်။၁၉၇၀တွင်ပြင်သစ်နိုင်ငံCaen(ကွန်း)တက္ကသိုလ်မှပါရဂူဘွဲ့Phdရရှိခဲ့ပါသည်။

၁၉၆၇ခုနှစ်တွင်တက္ကသိုလ်ရွှေရီဝင်းနှင့်အိမ်ထောင်ကျပြီးသားနှင့်သမီးအမွှာမောင်နှမမောင်ရစ်နှင့်

ဂျူနီယာဝင်းတို့ရရှိခဲ့သည်။

၁၉၈၇-၈၈ခုနှစ်တွင်Working people Dailyသတင်းစာတွင်အင်္ဂလိပ်လိုဆောင်းပါးများကိုတပတ်ကို

၂ကြိမ်ခန့်ရေးသားခဲ့သည်။၁၉၉၀နောက်ပိုင်းတွင်အတွေးအမြင်တွင်ဆောင်းပါးများရေးသားခဲ့သည်။

နောက်ပိုင်းတွင်စတိုင်သစ်၊ပိတောက်ပွင့်သစ်၊ချယ်ရီ၊  မဂ္ဂဇင်းများတွင်ဆောင်းပါးများအလျင်းသင့်သလို

ေ၇းသားခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်သချာင်္ဌာနတွင်၁၉၆၁မှစတင်၍အမူထမ်းခဲ့သည်။၎င်းနောက်စီးပွားရေးတက္ကသိုလ်၊

ရန်ကုန်(၁၉၆၆-၁၉၇၄)၊ပုသိမ်ဒီဂရီကောလိပ်(၁၉၇၄-၇၆)၊တက္ကသိုလ်စာပေးစာယူသင်တန်းဌာန

(အဝေးသင်တက္ကသိုလ်)ရန်ကုန်(၁၉၇၇-၁၉၉၁)တို့တွင်အမူထမ်းခဲ့သည်။တက္ကသိုလ်စာပေးစာယူ

သင်တန်းတွင်အမူထမ်းနေစဉ်အတွင်း၁၉၈၀ခုနှစ်တွင်အင်္ဂလန်နိုင်ငံရှိOpen University တွင်စာပေး

စာယူသင်တန်းတက်ရောက်ခဲ့သည်။၁၉၉၁တွင်ရန်ကုန်တက္ကသိုလ်သချာင်္ဌာနတွင်အမူထမ်းခဲ့သည်။

၁၉၉၇ခုနှစ်တွင်၃လသာရန်ကုန်တက္ကသိုလ်သချာင်္ပါမောက္ခရာထူးဆက်ခံခဲ့ပြီးအနားယူခဲ့သည်။

 

ယခုအခါအတွေးအမြင်မဂ္ဂဇင်းတွင်ရေးနေကျဆောင်းပါးများ၊သိပ္ပံနှင့်နည်းပညာဂျာနယ်တွင်သိပ္ပံဝတ္ထု

ဘာသာပြန်အချို့နှင့်သိပ္ပွံဆောင်းပါးများ၊TheLightOfEnglishတွင်အင်္ဂလိပ်စာဆောင်းပါးများ၊English

ForAllတွင်တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သောWonderland Of Burmese

Legendsဘာသာပြန်ဆောင်းပါးများလစဉ်ရေးသားနေဆဲဖြစ်သည်။

အောက်ပါစာအုပ်များမှာယခုအချိန်ထိထွက်ရှိခဲ့သောစာအုပ်များဖြစ်သည်။

 

၁။သချာင်္သစ်(စာပေဗိမာန်)၁၉၈၆၊၁၉၈၇

၂။အခြေခံသချာင်္သစ်(လောကသစ်စာပေ)၁၉၉၁

၃။ဂိန်းသီအိုရီ(ဒေါင်းစာပေ)၂၀၀၂

၎။သချာင်္ပညာတော်သင်ဘ၀(ဒေါင်းစာပေ)၂၀၀၃

၅။ခေတ်သစ်သချာင်္(စိတ်ကူးချိုချို)၂၀၀၃

၆။သချာင်္ဝေါဟာရ(မုံရွေးစာပေ)၂၀၀၃

၈။အသက်ကိုဖန်တီးခြင်း(ဒေါင်းစာပေ)

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)၂၀၀၃

၈။သချာင်္အတွေးအခေါ်ဆောင်းပါးများ(ယူနတီ)

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)၂၀၀၄

၉။ဖက်ဇီလောဂျစ်(မုံရွေး)၂၀၀၄

၁၁။ကွန်ပြူတာသုံးသချာင်္(မြန်မာsociety)၂၀၀၄

၁၁။န၀မတန်းသချာင်္အကြောင်းသိကောင်းစရာ(ယူနတီ) ၂၀၀၅

၁၂။သချာင်္အဘိဓါန်(ဒူဝံစာပေ)

(ဂျူနီယာဝင်း နှင့်တွဲ၍)၂၀၀၅

၁၃။သချာင်္မိတ်ဆက်(မုံရွှေး)၂၀၀၅

၁၄။သချာင်္ဝေါဟာရ -၂ (မုံရွေး)၂၀၀၅

၁၅။ဒေးကားမိတ်ဆက်(မုံရွေး)၂၀၀၆

၁၆။ပထမနှစ်သိပ္ပံ(အဝေးသင်)(စိတ်ကူးချိုချို)၂၀၀၆

၁၇။၁၀တန်းသချာင်္ပုစ္ဆာများကိုသရုပ်ခွဲလေ့လာနည်း(စိတ်ကူးချိုချို)၂၀၀၆

၁၈။စကြာဝဌာမိတ်ဆက်(မုံရွေး)၂၀၀၆

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၁၉။ကမ္ဘာနှင့်အိမ်နီးချင်းဂြိုလ်များ(မုံရွေး)၂၀၀၇

(တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)

၂၀။ရောင်စုံလှစွာပြည်မြန်မာ(ပါရမီ)၂၀၀၇

(ဒေါ်ခင်မျိုးချစ်ရေးColourfulBurmaမှဗုဒ္ဓဘာသာအကြောင်းဆောင်းပါးများဘာသာပြန်ဆိုချက်)

၂၁။ပညာအလင်းမိတ်ဆက်(မုံရွေး)၂၀၀၇

၂၂။ခေတ်သစ်အတွက်ပညာရေး(မုံရွေး)၂၀၀၈

၂၃။ပညာရှာခြင်းနှင့်မှတ်မိခြင်းမိတ်ဆက်(မုံရွေး)၂၀၀၈

  

  

  

Tuesday, April 14, 2009

Thingyan ‘ Panorama

Thingyan ' Panorama

သင်္ကြန်မြင်ကွင်း ၁၃၇၀-၁၃၇၁

ဒီနှစ်သင်္ကြန်ရဲ့မြင်ကွင်းကတော့ထူးခြားမူတွေနှင့်ပါ။သင်္ကြန်အကြိုနေ့မှာမနက်ခင်းကနေညနေခင်းအထိမိုးတွေ

အုံ့ပြီးရွာသွန်းနေခဲ့သည်။သင်္ကြန်အကျနေ့မနက်ခင်းတခင်းလုံးမှာနေ့လည် ၁၂ နာရီလောက်အထိမှောင်မဲပြီး

မိုးတွေအဆက်မပြတ်ရွာသွန်းနေလိုက်တာ။အနောက်ဘက်ကနေတက်လာတဲ့မိုးသားတိမ်လိပ်တွေကိုကြည့်ပြီး

မိုးရွာတော့မယ့်အတိတ်နိမိတ်တွေဟာဒီနှစ်သင်္ကြန်၏ပုံရိပ်တွေတဲ့လား။အမှန်တော့လည်း "တပေါင်း တန်ခူး

မိုးသားကြူး" ဆိုတဲ့ဆိုရိုးစကားလိုဒါဟာအဆန်းမှမဟုတ်ပဲလေ။မိုးသားမကြူးပဲနေရင်သာဆန်းမှာလို့ဆိုပေမယ့်

မိုးသားမကြူးတာမတွေ့ဖူးတော့လည်းဒါဟာအဆန်းပေါ့နော့်။မိုးကောင်းကင်ကကျလာတဲ့မိုးရေတွေဟာဒီနှစ်

သင်္ကြန်မိုးလို့ဆိုလိုက်တော့လူတိုင်းလူတိုင်းအေးမြတဲ့သင်္ကြန်ရေကိုရကြပြီပေါ့။

မိုးသားတွေကြောင့်ပွင့်ဖို့တာစူနေတဲ့ပိတောက်တွေဟာလည်းပွင့်ဖူးကြပြီ။သို့သော်လည်း ပိတောက်ပင်တိုင်း

မပွင့်နိုင်ကြပါ။"တနှစ်တွင်သည်တစ်လ တစ်လတွင်တစ်ရက်ထဲ" ပွင့်ဖူးတဲ့ပိတောက်ပန်းရယ်လို့ရှားရှားပါးပါး

မြင်ရခဲတဲ့ပိတောက်ပန်းကိုသည်နှစ်သင်္ကြန်အမှီမြင်တွေ့ခွင့်ရလိုက်တာဟာဖြင့်ပြီးပြည့်စုံတဲ့အတာကူးသင်္ကြန်

လို့တောင်ခေါ်ကြရပေတော့မည်။

သင်္ကြန်ရဲ့အမှတ်သင်္ကေတတွေထဲမှာသင်္ကြန်ထမင်းလို့ခေါ်တဲ့နံ့သာဖြူနဲ့ဖယောင်းရည်နဲ့သင်းထားတဲ့ရေကို

ဆမ်းပြီးစားကြရသည့်တပင်တပန်းချက်ကြတဲ့သင်္ကြန်ထမင်း။အဲသည်အစားရေခဲရေနဲ့လည်းစားသုံးကြပါသ

တဲ့။အဲဒါဟာမွန်ပြည်နယ်ကရိုးရာအစားအစာပါ။ကိုယ်တွင်းအေးသည်။ဆန်ကိုလည်း  သေချာပြုတ်ပြီးချက်

၇တာဖြစ်၍ ကဆီ ဓါတ်လုံးဝမပါပါဘူးတဲ့။ပူပြင်းတဲ့ကာလမှာစားသုံးဖို့အလွန်သင့်တော်ပါသည်။

ဒီနှစ်တော့မိုးထဲမှာချမ်းချမ်းစီးစီးစားသုံးရမှာပေါ့။သူနဲ့အတူတွဲဖက်စားသုံးကြရတဲ့သရက်သီးသုတ်နဲ့  

ငါးခြောက်ကျော်ဟာလည်း ပိုမိန်တဲ့သင်္ကြန်ထမင်းပွဲဖြစ်စေတဲ့သင်္ကြန်ရဲ့သင်္ကေတ။ငါးခြောက်ကိုသရက်သီးနှင့်

လည်းကျော်၍၎င်း၊ရိုးရိုးငါးခြောက်ကျော်ဟူ၍၎င်းနှစ်မျိုးနှစ်စားကျော်လှော်ကြကြောင်းပါ။ ဒါ့အပြင်

မုန့်လုံးတွေရေပြုတ်ထဲမှာ ပေါ်လောပေါ်နေတာကိုဆယ်ယူစားသုံးကြရတဲ့မုန့်လုံးရေပေါ်၊ရွှေရင်ကိုအေးမြ

စေ တဲ့ရွှေရင်အေးပါတဲ့။ကြိုပြီးသောက်ရတဲ့မုန့်လက်ဆောင်း၊သာကူတို့ဟာလည်း သင်္ကြန်တွင်းလုပ် စားကြ

တဲ့အခါ သင်္ကြန်ရဲ့ သင်္ကေတဖြစ်သွား ပါရော။

ဟော…ထူးခြားပါတယ်ဆိုတဲ့ရိုးရာသင်္ကြန်ထဲမှာရခိုင်ရိုးရာသင်္ကြန်ဟာလည်းလှေကြီးထဲမှာရေတွေထည့်ပြီး

မိန်းကလေးတွေကရေပက်ကြတဲ့သင်္ကြန်ဟာလည်းယနေ့တိုင်ရိုးရာမပျက်ဆင်နွဲဆဲပါ။မြင်ရတာကိုကထူးခြား

နေတာမဟုတ်ပါလား။နှစ်တိုင်းမြင်ရလည်းထူးခြားဆဲပါ။နောက်နှစ်တွေမှာလည်းထူးခြားနေဦးမယ့်မြင်ကွင်းလေး

တွေပါပဲ။မြန်မာပြည်အရပ်ရပ်ကလူတွေသင်္ကြန်ကိုတရက်ပိုဆင်နွဲချင်ရင်ရိုးဂိုးအရပ်နဲ့ မော်လမြိုင်သင်္ကြန်ကို

သွားကျကြပါသတဲ့။အဲသည်အရပ်မှာနှစ်ဆန်းတစ်ရက်နေ့ထိရေပက်ကြပါသတဲ့။

သင်္ကြန်၏မြင်ကွင်းတွေထဲမှာမရိုးနိုင်တဲ့မြင်ကွင်းတွေကတော့သင်္ကြန်ရက်တွေမှာသံယာတော်များဆွမ်းခံကြွခြင်း

ဖြစ်ပေသည်။မနက် ၇နာရီမှ၉နာရီကြားမှာကြားနေကျနိဗ္ဗန်ဆော်အသံနှင့်အတူသံယာတော်တွေဆွမ်းခံကြွပြီ

ဆိုသည်နှင့်အိမ်ပေါက်ကလူတွေစောင့်ပြီးဆွမ်းတွေလှူကြသည့်မြင်ကွင်းကတော့သင်္ကြန်၏သင်္ကေတတစ်ခုဖြစ်

လို့နေသည်။ဘုန်းကြီးကျောင်းတကူးတကသွားစရာမလိုပဲလောင်းလှူလို့ရတဲ့အခွင့်အရေးသည်ထိုသင်္ကြန်အခါ

တော်နေ့မှာဖြင့်ကောင်းကောင်းကြီးရလိုက်ပေတော့သည်။

သင်္ကြန်ရက်တွေကိုပျှော်ပျှော်ကြီးဆင်နွဲကြရင်းနှင့်မြန်မာနှစ်ဆန်းတစ်ရက်နေ့လည်းရောက်ရောငါးလွှတ်ပွဲများ၊

အိမ်ရှိဘုရားများကိုရေသပ္ပာယ်ကြသည်များ၊လူကြီးသူမများကိုခေါင်းလျှော်ပေးကြ၊လက်သည်းခြေသည်းညှပ်

ပေးကြသည်များ၊ကိုယ်ကိုယ်တိုင်လည်းခေါင်းလျှော်သည့်မင်္ဂလာကိုပြုကြသည်များ၊ကိုယ့်အိမ်သန့်ရှင်းရေးကို

အထူးတလည်ပြုကြ၊ကိုယ့်အိမ်ခန်းလေးကိုထူးထူးခြားခြားအလှဆင်ကြသည်များမှာလည်းသင်္ကြန်၏နှစ်တိုင်း

တွေ့ကြရသည့်သင်္ကေတများ။ယခုလည်းတွေ့ကြရဦးမည်။နောက်နှစ်တွေမှာလည်းတွေ့မြင်ကြရဦးမည့်မြင်

ကွင်းများ။ဒါ့အပြင်အကျီအသစ်၊အ၀တ်အစားအသစ်တွေကိုနှစ်ဆန်းတစ်ရက်နေ့မှာမှဝတ်ဆင်ဖို့ပြင်ဆင်နေ

ကြသူတွေလည်းရှိသည်။ထိုနှစ်ဆန်းတစ်ရက်နေ့မှာဘာပိုက်ဆံမှမထုတ်ပဲနေဖို့ကြံစည်နေကြသူတွေလည်း

ရှိသည်။ထိုနေ့မှာပိုက်ဆံသုံးရရင်တစ်တနှစ်ပတ်လုံးကိုယ်ကချည်းထုတ်ရမှာစိုးသတဲ့။တချို့ကတော့

ထိုနေ့မှာမှအလှူဒါနတွေပြုချင်ကြသူတွေလည်းရှိကြပါသည်။ဒါဟာလည်းသင်္ကြန်ရဲ့သင်္ကေတတွေပေါ့။

၁၇၇၁ ကိုကြိုဆိုရင်းဟောသည်တပိုင်းတစကဗျာလေးကိုအော်ဟစ်ရွတ်ဆိုရင်းဖြင့်နောက်လာမည့်

နေ့ရက်များကို ရင်ခုန်စွာဖြင့်စောင့်မျှော်လိုက်ရင်း…………………………..။

"တပေါင်း တန်ခူးမိုးသားကြူး

ကဆုန် နယုန် လေရူးသုန်

ဝါဆို ၀ါခေါင် ရေဖောင်ဖောင်

တော်သလင်းနေ ပုဇွန်သေ

…………………………….."

Sunday, April 12, 2009

Thingyan ‘Symbols

သင်္ကြန်သင်္ကေတ

သင်္ကြန်ကျတော့မည်။သင်္ကြန်အိုးရောင်းတဲ့သူကအိမ်မှာကြာသာပတေးသားသမီးရှိရင်သင်္ကြန်အိုးနှစ်အိုးနှင့်

သင်္ကြန်ကိုကြိုရမည်ဟုပြောရောင်းသည်။ကြာသာပတေးတာစားသည်တဲ့။သင်္ကြန်အိုးက၅၀၀ကျပ်နှင့်ဝယ်

လိုက်ရသည်။အမှန်က ၃၀၀ ကျပ်ပဲရှိသတဲ့။သင်္ကြန်အိုးမှာထိုးဖို့ ၇ ရက်သားသမီးနေ့နံရက်အရထိုးရမည့်

ပန်းစည်းတွေကတစ်စီးကို ၂၀၀ ကျပ်နှင့်ဝယ်ကြသည်ကတော့နှစ်စဉ်နှစ်တိုင်းရောင်းကောင်းဆဲ။

သင်္ကြန်ရဲ့ပန်းပိတောက်ကိုတော့မိုးသာရွာသည်ဆိုသောလည်းမတွေ့ရသေးပါ။

ဒီနှစ်မိုးကတော်တော်စောရွာသည်ဟုပြောရမည်။ဧပြီလ၁၁ရက်နေ့ကနေစရွာစပြုလာသည်။နေပူပူလွန်းလို့

စိတ်ညစ်နေသူတွေသဘောကျသွားပြီ။ ညနေတိုင်းရေလောင်းရသည့်အလုပ်ကလေးခဏနားခွင့်ရသွားလို့

ပျှော်မိသည်။ သင်္ကြန်ရဲ့ပန်းပိတောက်ကိုတော့မိုးသာရွာသည်ဆိုသောလည်းမတွေ့ရသေးပါ။

သင်္ကြန်ပိတ်ရက် ၁၀ ရက်လောက်ရတော့ရုံးသမားတွေ၊အလုပ်သမားတွေပျှော်နေကြသည်။ဈေးလည်းစော

စောပိတ်ဦးမည်။သည်တော့လိုအပ်တာတွေကိုကြိုတင်ဝယ်ယူကြသူတွေတပုံတပင်။သည်ထဲမှာသင်္ကြန်ကို

ကြိုတဲ့ပလတ်စတစ်ရေခွက်ဆိုက်စုံ၊ရေပုန်းတွေ၊ရေပိုက်တွေ၊မျက်နှာသုတ်ပုဝါတွေအလုအယက်ဝယ်လိုက်

ကြတာပျှော်စရာ။ဒါ့အပြင်ဒီနှစ်သင်္ကြန်ရဲ့သင်္ကေတလို့ဆိုနိုင်မယ့်ဆံပင်ရောင်စုံအတုတွေ၊မျက်နှာဖုံးတွေ၊

နေကာမျက်မှန်တွေကတော့တော်တော်ရောင်းကောင်းနေတာတွေ့လိုက်ရသည်။

ဘုန်းကြီးကျောင်းတွေမှာလည်းဘုန်းကြီးဝတ်ဖို့တန်းစီနေကြတာတွေ၊အစိုးရရုံးတွေမှာသင်္ကန်းဝတ်ဖို့စာရင်း

ပေးကြတာတွေ၊တရားရိပ်မှာခိုလှူံဖို့ရိပ်သာဝင်နေကြသူတွေကလည်းနှစ်စဉ်သင်္ကြန်ရဲ့သင်္ကေတပေါ့။သင်္ကြန်

တွင်ကုသိုလ်ကောင်းမူတွေလုပ်ဖို့ကြံစည်နေကြတဲ့ထဲမှာသတ်သတ်လွတ်စားဖို့၊ဥပုဉ်စောင့်ဖို့၊တရားအားထုတ်

ဖို့၊စတဲ့သင်္ကြန်တွင်းကုသိုလ်ယူဖို့တာာစူနေကြသူတွေလည်းရှိသည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။သင်္ကြန်ဆိုတာမြန်မာလူမျိုးတွေအတွက်အမှတ်တရ၊နှစ်ဟောင်းကိုစွန့်လို့နှစ်သစ်ကိုကြို

ဆိုတဲ့သင်္ကေတ။သင်္ကြန်ရဲ့သင်္ကေတတစ်ခုခုကိုပြုကြတဲ့မြန်မာလူမျိုးတွေအားလုံး၊အားလုံးကျမ်းမာချမ်းသာစွာ

ဖြင့်နှစ်သစ်ကိုကူးပြောင်းနိုင်ကြပါစေ။