Thursday, March 14, 2013

Junior WIn - e book - My Life will go on - go Amazon





My Life Will Go On – Junior Win အီးဘွတ် အမေဇုံမှာ တင်ပြီ


မိုးမခစာအုပ်စင်၊ မတ် ၁၅၊ ၂၀၁၃


စာဖတ်သူများသို့


JuniorWin၏ ဒုတိယမြောက်လက်ရာ အင်္ဂလိပ်လိုရေးသားထားသော ဒစ်ဂျစ်တယ်စာအုပ်ဖြစ်ပါသည်။ “တွေးမိသော အတွေးများ“ ကနေ “ဘ၀စာမျက်နှာများ” ကိုဖတ်ဖူးထားသော ကျွန်မ၏ စာဖတ်ပရိသတ်များကတော့ ဒီစာအုပ်ထဲ ဘာတွေပါသလဲ ဆိုတာ မှန်းလို့ရမည်ဖြစ်ပါသည်။


အထူးတလည်တော့ ဘာမှပြောစရာမရှိပါ။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်တို့သည်လည်း ကျွန်မ၏ ကြိုးစားပြီး ရေးသားတင်ပြထားသမျှကို တွေ့မြင်ကာ ၀မ်းမြောက်ဝမ်းသာဖြင့် ကြည်နူးနေမည်ဟု စိတ်ဖြင့် မှန်းလျက် ပျော်ရွှင်နေရပါသည်။


စာအုပ်အဖြစ် ရောက်ရှိဖို့ အစအဆုံး ကူညီလုပ်ဆောင်ပေးသာ မိုးမခမီဒီယာအဖွဲ့ ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါရစေ။ (ဂျုနီယာဝင်း)


သည်နေရာမှာ ရယူပါ။


Tuesday, March 12, 2013

Article – Economic View and Traditional View – Junior Winစီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်. ဂျူနီယာဝင်း

စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်
Article – Economic View and Traditional View – Junior Win
ဂျူနီယာဝင်း၊ မတ် ၁၃၊ ၂၀၁၃
ကျွန်မအဘွားကပြောပါသည်။
“ဘယ်နေ့ဘယ်ရက်မှာ မွေးတာလဲဆိုတာ မသိတဲ့ ဗမာလူမျိူးအဖြစ် ရပ်တည်ဖို့ဆိုတာ မဖြစ်နို်င်” … တဲ့။
ဒါကို သိမထားရင် ဘယ်ရက်က ဆံပင်ညှပ်ရမည်၊ ခေါင်းလျော်ရမည်ဆိုတာတောင် သိမှာမဟုတ်၊ မေမေကြီးက စာရေးဆရာ“ရွှေရိုး“၏ “မွေးနေ့သောကြာ၊  တနင်္လာ၊ ဆံညှပ်ကေသာ မပြုရ“ ဟူသော ရေးသားချက်ကိုပါ ဆွဲယူရှင်းပြခဲ့ပါသည်။ မြန်မာလူမျိူးများ၏ အယူအဆမှာ “မွေးနေ့ဆိုတာ ရက်သတ္တပတ်၏ ကိုယ်မွေးဖွားသောနေ့ကို ဆိုလိုပါသည်။
ကျွန်မတို့ အမွာမောင်နှမ (မောင်ရစ်နဲ့ ကျွန်မ) တို့က တနေ့တည်းဖွား ကြာသပတေးမွေးသူတွေ ဖြစ်သည်။ သည်တော့ ကြာသာပတေး၊ သောကြာနှင့် တနင်္လာနေ့တွေသည် ခေါင်းလျော်ဖို့ ဆံပင်ညှပ်ဖို့ ကံမကောင်းသော နေ့ရက်များဖြစ်ပါသည်။ ယင်းသည် ရှေးရိုးရာအစဉ်အလာအားဖြင့် ယုံကြည်လာသော ဗမာ့အလေ့အထတစ်ခု ဖြစ်ပါသည်။ ဒါကိုလိုက်နာလာတာ ကျွန်မတို့ကလေးဘဝကတည်းက ဖြစ်ပါသည်။ ကျွန်မ သတိထားမိခဲ့သည်မှာ တချိူ့သောဆံပင်ညှပ်ဆိုင်များသည် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဆိုင်များ ပိတ်ပါသည်။ လူအများစုသည် ထိုမိရိုးဖလာအစဉ်အလာများကို ဂရုတစိုက် လိုက်နာလိုကြပါသည်။
“ယနေ့ခေတ်”
တစ်နေ့မှာ ကျွန်မဆံပင်ညှပ်ဖို့ စိတ်ကူးရပါသည်။ ကျွန်မ၏ညီမတစ်ယောက်က တနင်္လာနေ့ သို့မဟုတ် သောကြာနေ့ကို ရွေးကာ ဆံပင်ညှပ်ခြင်းဖြင် ့ပို်က်ဆံချွေတာရာရောက်သည်ဟု အကြံပေးပါသည်။ ကျွန်မ  အစသူပြောတာ နားမလည်ပါ။  ကျွန်မတို့ ကာလကြာရှည်စွာ ယုံကြည်လာခဲ့တာက ထိုနေ့တွေသည် မြန်မာ့ရိုးရာအစဉ်အလာအရ ဆံပင်မညှပ်သင့်သော နေ့ရက်များ ဖြစ်ပါသည်။ သူကဆက်ပြောသည်မှာ ဆံပင်ညှပ်ဆိုင်အချိူ့သည် ထိုနေ့တွေမှာ ဆံပင်လာညှပ်သူများအား စျေးလျော့ပေးကြောင်း၊ အကြောင်းမှာ ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်လာသူ နည်းနေသောကြောင့်ဟု  ဆိုပါသည်။ သည်တော့ သူတို့က တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ခ လျော့သည်ပေါ့။ ထို့ကြောင့် ထိုနေ့တွေမှာ အထူးသဖြင့် လာသူပိုများလာမည်။ ဒါစျေးလျော့ပေးလို့ပေါ့။ အံ့သြစရာပဲ။
“နိဂုံး“
ယခု ကျွန်မ သဘောပေါက်သွားသည်မှာ တခါတရံ တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ဆိုင် တစ်ချိူ့ ကြိတ်ကြိတ်တိုးနေတာကို တွေ့ရခြင်း အကြောင်းရင်းဖြစ်ပါသည်။ သည်တော့ ပိုက်ဆံချွေတာသောအားဖြင့် ကျွန်မတို့၏ ဗမာ့ရိုးရာအစဉ်အလာတစ်ခုက ပျောက်ကွယ်သွားတော့မည်ဟု ခံစားမိပါသည်။ တစ်ချိူ့လူငယ်လူရွယ်များသည် တနင်္လာနေ့နှင့် သောကြာနေ့များကို ဆံပင်ညှပ်ခလျော့ယူသော ဆိုင်များရှိသောအသိကြောင် ့စီးပွားရေးရူထောင့်က ကြည့်ပါက ကံကောင်းသောနေ့များအဖြစ် မှတ်ယူထားကြတာကို တွေ့မြင်လို်က်ရပါသည်။ အထူးသဖြင့် ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်တွေကတော့ ဆံပင်လာညှပ်သူတွေ ကောင်းကောင်းရလို်က်တာပဲပေါ့။ သို့သော် ရှေးရိုးအစဉ်အလာ ရူထောင့်အမြင်ကကြည့်ရင်တော့ ကျွန်မတို့၏ရိုးရာအစဉ်အလာ ယုံကြည်မူကား တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်ပါတော့သည်။
(Junior Win ရေးသားသော Economic View and Traditional View ပို့စ်ကို Walking Through The Wonderland ဒစ်ဂျစ်တယ်စာအုပ်တွင် ဖော်ပြခဲ့သည်ကို ယခုကိုယ်တိုင်ဘာသာပြန်ဆိုထားသည်။ ယခုအခါ အတွေးအမြင် အမှတ်၂၅၂တွင် အင်္ဂလိပ်ဗမာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့ပါသည်။)
(မှတ်ချက်။ ကိုယ်တိုင်ဆံပင်သွားညှပ်တုန်းက ဆံပင်ညှပ်ဆရာက မနက်ဖြန်ကျလာခဲ့ပါ။ ဆံပင်ကောက်မယ်၊ ဆံပင်ကို ကိုယ်ကြိုက်တဲ့အရောင် ဆိုးမယ်ဆိုရင် ၂၀ ရာခို်င်နှူန်း ဒစ်စ်ကောင့် ရှိသတဲ့။ ဘာလို့လဲ မေးမိတော့ တနင်္လနေ့ဖြစ်လို့ လို့ဆိုတာ သိရတယ်။ ကိုယ်တိုင်လက်တွေ့ကြုံခဲ့တုန်းက ရေးဖြစ်ခဲ့တာပါ။ သည်ဆောင်းပါးထဲက မရေးဖြစ််တဲ့အကြောင်းအရာများ ကျန်ခဲ့တယ်။ တနင်္လာဆိုတာ မြတ်စွာဘုရား တောထွက်တဲ့နေ့၊ ဆံတော်ချတဲ့့နေ့၊ သောကြာဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့ နေ့များဖြစ်ပါတယ်လို့ ကိုယ့်အဘိုးအဘွား၊ မိဘများက အမေးရှိလို့ အဖြေကြားနာဖူးပါတယ်။ ဒီနေ့သည်ရက်များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူးများက အလေးအနက်ထားပြီး ဆံပင်မညှပ်၊ ခေါငး်မရိတ်တဲ့နေ့များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖြည့်ရေးလိုက်ပါတယ်။)

Monday, March 4, 2013

First learner’s Thesaurus PZ Publication


စာအုပ်အမည် - စာသင်သားများအတွက် သီဆောရပ်ရှေ့ပြေး
ဘာသာပြန် - ဂျူနီယာဝင်း
မူရင်းစာအုပ်အမည် - First learner’s Thesaurus PZ Publication
ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ်
ထုတ်ဝေသူ - ရန်အောင်စာပေ
ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
စာမျက်နှာ -၁၇၀
အဖုံးဒီဇိုင်း - Eagle
မြန်မာပြည်မှာ မထွက်ဖူးသေးသော သီဆောရပ်မိတ်ဆက် စာအုပ်ဖြစ်သည်။ တချို့မှာ သီဆောရပ်ဆိုတာ ဘာမှန်းမသိသူများ တွေ့ဖူးသည်။ မူရင်းစာအုပ်မှာပင် Synonymသာ ပါသည်။ ဒါကို Antonym ထပ်မံ ဖြည့်စွက်ပေးထားတာကြောင့် ပို၍ပင် ပညာတိုးအောင် လုပ်ပေးထားပါသည်။ သီဆောရပ်ကို တီထွင်သူ ရော့ဂျေ၏ ပုံကို နောက်ဖုံးမှာတွေ့ကြရပြီး၊ သူ့အထုပတ္တိကိုအတွင်းမှာ ဒေါက်တာခင်မောင်ဝင်းက ရေးပေးထားသည်။ သီဆောရပ်စာအုပ် ဘယ်လို ဖတ်ရူလေ့လာရမည် ဆိုတာကို အတွင်းမှာ လမ်းညွှန်ချက်ပါသည်။ သည်စာအုပ်မူရင်းကလေးကို မိခင်ဖြစ်သူ တက္ကသိုလ်ရွှေရီဝင်းက စာအုပ်ဆိုင်က ၀ယ်လာပေးရာမှ ဘာသာပြန်ဖို့ စိတ်ကူးရလာပါသည်။
ဒါကို ၂၀၁၀ခုနှစ်ကနေ ၂၀၁၂ မေလအထိ The Light Of English တွင် လစဉ်ဖော်ပြခဲ့ကာ ယခု ရန်အောင်စာပေက ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အတွင်းပုံများသည် မူရင်းစာအုပ်အတိုင်း စီစဉ်ပေးထားပြီး အထူးကဏ္ဍအဖြစ် Index ပါရှိသည်။
သည်စာအုပ်လေးကိုဖတ်ရူရင်းပျော်ရွှင်ကြပါစေ။

Wednesday, February 20, 2013

ဒစ်ဂျစ်တယ်စာအုပ်များနှင့် ကျွန်မ ဂျူနီယာဝင်း


  (လက်နှစ်ဖက်နဲ့ကိုင်ပြီး စာတစ်အုပ်ကိုဖတ်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲယုံကြည်မူရှိနေတယ်။ ဒီစာအုပ်ကို ကျွန်မပိုင်တယ်။)
ဒစ်ဂျစ်တယ်စာအုပ်များနှင့် ကျွန်မ
 ဂျူနီယာဝင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
       ကျွန်မသူငယ်ချင်းတွေက တက်ဘလက်သုံးပြီး စာဖတ်ဖို့ အကြံပေးကြတယ်။ ပိုကောင်းသတဲ့။ တက်ဘလက်ဆိုတဲ့ အမည် စ ကြားတုန်းက သောက်ဆေးလား၊ ဆေးလုံးလားနဲ့ တွေးမိသေးတယ်။ နောက်တော့မှ အဲဒါက အိုင်ပေါ့တို့ အိုင်ဘွတ်တို့လို အသုံးကျမှန်း သိသွားတယ်။
တက်ဘလက်က သယ်ဆောင်လို့ရတဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒီပစ္စည်းလေးကို ကျွန်မသူငယ်ချင်းတစ်ယောက်ဆီမှာ ပထမဦးဆုံးမြင်ဖူးခဲ့တယ်။ သူက ထောင့်မှန်စတုဂံ အဖြူရောင်ကျောက်သင်ပုန်းလေးလိုပဲ။ ၆လက်မ ၁၂လက်မ အလျားအနံ အရွယ်အစားရှိတယ်။ သူ့အထူကတော့ တော်တော်ပါးတယ်။ သူငယ်ချင်းကပြောတာတော့ အဲသည်ထဲ အချက်အလက်တွေ စာအုပ်တွေ ဓါတ်ပုံတွေ သိမ်းထားလို့ရသတဲ့။ အကယ်၍ စာအုပ်အဟောင်းတွေ စာအုပ်ဆိုင်တွေမှာ ရှာမရတာတွေကို အင်တာနက်ထဲရှာပြီး တက်ဘလက်ထဲ ဒေါင်းလုပ်လုပ်ထားလို့ ရတယ်လို့ ဆိုတယ်။
အကြံဉာဏ်များရယူခြင်း
ကျွန်မရဲ့ ဝမ်းကွဲမောင်လေးကို မေးကြည့်တော့ သူကပြောတာတော့ ကျွန်မတို့တိုင်းပြည်က ဒစ်ဂျစ်တယ်စာအုပ်တွေရဖို့ မလွယ်ဖူးတဲ့။ ဘာပဲဖြစ်ဖြစ်တော့ ဖရီးတွေတော့ အများကြီးရှိသတဲ့။ တက်ဘလက်က အိုင်ဘွတ်လိုလဲသုံးရ၊ မိုဘိုင်းလိုလဲ သုံးလို့ရသတဲ့။ သူကအကြံပေးတာတော့ မိုဘိုင်းထဲ ဒေါင်းလုပ်လုပ်ပြီး ဖရီးစာအုပ်တွေ ဖတ်ကြည့်ပေါ့တဲ့။ အကယ်၍ ကျွန်မအတွက် အဆင်ပြေရင် တက်ဘလက်နဲ့ စာအုပ်တွေ ဖတ်ပေါ့တဲ့။
ဒါနဲ့ကျွန်မလည်း ဖရီးစာအုပ်တွေ မိုဘိုင်းထဲ ကောက်ထည့်လိုက်တယ်။ အရင်ဆုံးတော့ Moby Dick စာအုပ်ကို ဖတ်မလားလို့။ ဒါပေမယ့် ကျွန်မရဲ့မျက်နှာပြင်က သေးလွန်းတယ်။ ချဲ့လို့တော့ ရပါရဲ့။ စာမျက်နှာတစ်ခုပြီး တစ်ခု ဖတ်နို်င်တယ်။ ပို့စကပ်တို့ ဘာတို့ကို ရောက်နေတဲ့စာမျက်နှာမှာ ညှပ်ထားဖို့ မလိုဘူး။ သူ့စနစ်က ကိုယ့်ရလဒ်ကို မှတ်ပေးထားတယ်။ ကောင်းပုံတော့ ရပါတယ်။ ဒါပေမယ့် ကျွန်မက ဝတ္ထုထဲက အကြောင်းအရာတွေ မမှတ်မိဘူး။ အသေးစိတ်ပြန်စဉ်းစားလို့လည်း မရဘူး။ စာမျက်နှာတွေကလည်း မြန်လို်က်တာမှ။ ကျွန်မလက်နှစ်ဖက်နဲ့ကိုင်ပြီး စာတစ်အုပ်ကိုဖတ်တဲ့အချိန်တုန်းကဆို ကိုယ့်စိတ်ထဲ ယုံကြည်မူရှိနေတယ်။ ဒီစာအုပ်ကို ကျွန်မပိုင်တယ်။ ဒါပေမယ့် အခုတော့ ဒီဒစ်ဂျစ်တယ်စာအုပ်ကို ကျွန်မစာအုပ်လို့ မခံစားရဘူး။ အားလုံးပိုင်နေသလိုပဲ။
စဉ်းစားခန်း
ထိုင်ဝမ်မှာနေတဲ့ အဒေါ်တစ်ယောက်ကို သတိရမိတယ်။ သူက ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ဓါတ်ပုံတွေကို သဘောမကျဘူး။ ကျွန်မကဓါတ်ပုံတွေ သူ့ဆီမေးနဲ့ပို့ရင် သူကစာတိုက်ကပို့ဖို့ ပြောတယ်။ မေးနဲ့မပို့ပါနဲ့တဲ့။ သူက ကွန်ပြူတာထဲက ဓါတ်ပုံတွေရရင် ဘယ်လိုသိမ်းရမှန်းလဲမသိ၊ ဒေါင်းလုပ်လုပ်ရမှန်းလဲ မသိ။ သူ့ကို ကျွန်မက စိတ်ဆိုးမိတယ်။ အခုခေတ်ကြီးထဲမှာ ဓါတ်ပုံတွေကို မေးနဲ့ပို့ရတာ ဘယ်လောက်လွယ်၊ ဘယ်လောက်မြန်သလဲ။ အဲယားမေးနဲ့ ပို့ရတာ ခက်လိုက်တာ။ ကျွန်မတို့ရဲ့စာတိုက်ကလည်း ဝေးတယ်။ သူက ကျွန်မကို ဒီလိုအရေးမပါတာတွေအတွက် သက်သက်အလုပ်များအောင် လုပ်တာပဲလို့ ထင်မိတယ်။ ကျွန်မလည်း သူ့အတွက်လုပ်ပေးဖို့ စိတ်ကိုမရှည်တော့ဘူး။ ကျွန်မအဒေါ်က အီးမေးနဲ့ပို့တဲ့စာကိုလည်း ဖတ်ရတာ သဘောမကျပြန်ဘူး။ ကျွန်မတို့လက်ရေးလေးကမှ ပိုပြီး နွေးထွေးပြီး ပျော်ရွှင်ရသတဲ့။ ပြီးတော့ ပို့စကဒ်ဆိုလည်း စာတိုက်က ပို့စေချင်သေးတယ်။ ကျွန်မမေမေလည်း အဲသည်သူ့ညီမလိုပဲ စိတ်တူတယ်။
နိဂုံး
ကျွန်မ ဒစ်ဂျစ်တယ်အီးဘွတ်တွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားနေမိတယ်။ ဟုတ်ပါရဲ့။ တစ်ခုခုတော့ လိုနေတယ်။ ဘာလဲဆိုတာ ရှင်းပြရခက်တယ်။ ကျွန်မလည်း မနှစ်က မွေးနေ့တုန်းက သူငယ်ချငး်တွေဆီက အီးပို့စကဒ်တွေ ရပါတယ်။ ဒါပေမယ့် ဒါတွေ ပြန်မှတ်မိဖို့ ဘယ်လိုပြန်ရှာရပါ့။ ကျွန်မရဲ့ မေးစာရင်းထဲမှာလား။ ဒါတွေဟာ စက်မူတော်လှန်ရေးလိုပဲ အီလက်ထရွန်နစ်တော်လှန်ရေး ဆိုတာကို ဦးတည်နေပြီလား။ အကယ်၍များ အီလက်ထရွန်နစ်တော်လှန်ရေး တစ်နေ့မှာဖြစ်လာရင် ကျွန်မတို့ကမ္ဘာကြီးက အီလက်ထရွန်နစ်ကမ္ဘာကြီးဖြစ်လာပြီး ကျွန်မတို့ရဲ့အသည်းနှလုံးတွေကကော အီလက်ထရွန်နစ်အသည်းနှလုံးတွေ ဖြစ်လာကြမှာလား။
(Junior Win ၂၀၁၂ခုနစ် စက်တင်ဘာ ၃  ရက်တုန်းက ရေးသားခဲ့ပြီး၊ အခုအခါ Walking Through the Wonderland ဒစ်ဂျစ်တယ်စာအုပ်မှာ ဖော်ပြခဲ့သော E.Books And I ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်ထားသည်။)

Wednesday, February 13, 2013

ဒစ်ဂျစ်တယ်စာအုပ် -‘Walking Through The Wonderland’ and Selected Articles’

ဒစ်ဂျစ်တယ်စာအုပ် -‘Walking Through The Wonderland’ and Selected Articles’
ရေးသူ - Junior Win
ထုတ်ဝေသူ - Moemaka Media၊ ဖြန့်ချိရေး – Amazon Kindle Online မှာ ဖြန့်ချိသည်။
နေ့စွဲ - ၁၃ ဖေဖော်ဝါရီ၊ ၂၀၁၃
စာမျက်နှာ - ၁၇၀ခန့်
ဆိုဒ် - 2MBခန့်
စာအုပ်က အမေဇုံအွန်လိုင်းကနေ ထွက်လာသော ဂျူနီယာဝင်း၏ ပထမဦးဆုံး အင်္ဂလိပ်လိုရေးသားထားသော စာအုပ်ဖြစ်သည်။ တစ်နှစ်ခွဲခန့် http://Juniorwin-english.blogspot.com  နှင့် http://moemaka.org မှာရေးသားဖြစ်ခဲ့သမျှနှင့် တစ်လကျော်ကြာ ပြင်ဆင်ခဲ့ရသောရလဒ်က သည်ebook ထွက်ရှိလာခြင်း ဖြစ်ပါသည်။ စာအုပ်ကြောငြာကို စတွေ့ခဲ့ချိန်မှာ ပျော်ရွှင်ခဲ့ရတာ ဘယ်လိုများ ဖော်ပြရမှန်းပင် မသိပါ။ မေမေကြီးနှင့် ဘဘကြီးကို အလွန်သတိရမိပါသည်။ သူတို့လည်း သည်စာအုပ်လေး အခုလို ဖြစ်မြောက်ခဲ့ရသည့်တိုင် ကြိုးစားရေးသားခဲ့တဲ့ ဂျူနီယာဝင်းနှင့် အစစအရာရာစီစဉ်ပေးခဲ့သည့် မိုးမခစာပေမိတ်ဆွေများနှင့် မောင်ရစ်တို့၏ ကြိုးပမ်းမူကို ကောင်းကင်ဘုံကနေ တွေ့မြင်ကာ ပျော်ရွှင်နေကြမည်ဟု မျော်လင့်မိပါသည်။
သည်စာအုပ်လေးဟာ စာရေးသူ၏ အတွေ့အကြုံတွေ၊ ယုံကြည်မှု၊ ရည်မှန်းချက်၊ စိတ်ကူးအတွေးတွေကို သူ့ရဲ့စာဖတ်သူတွေကို ပွင့်ပွင့်လင်းလင်း တင်ပြထားတာဖြစ်သည်။ ဒါ့အပြင် ဆောင်းပါးများနဲ့အတူ ဓါတ်ပုံတွေ၊ ရုပ်ပုံတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အခန်းတိုင်း အခန်းတိုင်းကို ဖတ်ရူရင်းနဲ့ စာရေးသူရဲ့ လွတ်လပ်တဲ့အတွေးနဲ့ စိတ်ဝိညဉ်ကိုဖမ်းဆုပ်မိပြီး သူရေးသားရာနောက် လိုက်ပါသွားမှာဖြစ်ပါတယ်။
“ပျော်ဖို့အတွက်သက်သက် စာဖတ်သူ
ပျော်ဖို့အတွက်သက်သက် စာရေးသူ
အခြားဘာရည်ရွယ်ချက်မှလည်း မထားသူ
ဒီကိုသာလာခဲ့ပါ၊ လာခဲ့ပါ၊ လာခဲ့ပါ။
ဟောဒီမှာ   မင်းလိုအရူးတစ်ယောက်  ရှိပါရဲ့။“
စာအုပ်နဲ့ပတ်သက်တဲ့ Link;
(Junior Win ရေးသားသော စာအုပ်မှကြော်ငြာကို ကိုယ်တိုင်ဘာသာပြန်ထားသည်။)
(ယခုတရက်ကို ပရိုမိုးရှင်းအဖြစ် အခမဲ့ဒေါင်းလုပ်ပေးထားတယ်။ မိမိဖုံး၊ တက်ဘလက်၊ အိုင်ပက်က Kindle App မှာ ဖတ်နိုင်ပါတယ်။)

Thursday, February 7, 2013

စာအုပ်အမည် - အမေးနှင့်အဖြေစွယ်စုံကျမ်း - ကမ္ဘာ့သမိုင်း ဘာသာပြန်ဆိုသူ - ဂျူနီယာဝင်း

စာအုပ်အမည် -  အမေးနှင့်အဖြေစွယ်စုံကျမ်း - ကမ္ဘာ့သမိုင်း ဘာသာပြန်ဆိုသူ - ဂျူနီယာဝင်း
မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃

ထုတ်ဝေသူ - ရန်အောင်စာပေ
မူရင်းစာအုပ်အမည် - Q&A Encyclopedia 2006
မျက်နှာဖုံးဒီဇိုင်း - Eagle
နောက်ဖုံး ကာတွန်းများ - မောင်ရစ်
ပထမအကြိမ်
၂၀၁၂ ဒီဇင်ဘာလ
အုပ်ရေ - ၁၀၀၀
စာမျက်နှာ -၁၅၆
တန်ဖိုး - တစ်ထောင်ကျပ်

ဂျူနီယာဝင်းဘာသာပြန်စာအုပ်၊ စွယ်စုံကျမ်းစီးရီးကနေထွက်လာတဲ့ လေးအုပ်မြောက် ဖြစ်သည်။ ရှေ့က သိပ္ပံနည်းပညာ၊ လူ့ကိုယ်ခန္ထာ၊ စကြ၀ဠာတို့ ထွက်ပြီးဖြစ်သည်။ ယခုစာအုပ်တွင် ပုံမှန်အခန်း ၁၄ခန်းအပြင် မြန်မာပြည်အကြောင်း၊ ပုဂံရာဇ၀င် ပါလာတာက ထူးခြားချက်ဖြစ်သည်။
သည်ထဲမှာ အဖွားဖြစ်သူ၏ Anawrahta Of Burma ထဲက အနော်ရထာ၊ ကျန်စစ်သား၊ ရှင်အရဟံတို့အကြောင်းများကို တိုတိုနှင့်လိုရင်း ရယူကာ ရေးသားထားသည်။ ထို့အပြင် ကာတွန်းမောင်ရစ်၏ သရုပ်ဖော်ပုံများ ပါဝင်နေသည်ကလည်း ထူးခြားချက်တစ်ခု ဖြစ်ပါသည်။
ရှေးလူမျိုးများအကြောင်းကနေ အီဂျစ်၊ ဂရိ၊ ရောမ၊ အလယ်ခေတ်တွေအပြင် ယနေ့ခေတ် ၁၉၀၀မှသည် ခေတ်မှီသော ကမ္ဘာအထိ သမိုင်းကြောင်းများကို ပုံများနှင့်တကွ ရှင်းလင်းပြထားသည်။
တနေ့က ဂျာနယ်လစ်ဇင်ဟူသော စာအုပ်တစ်အုပ်ကိုဖတ်ဖြစ်တော့ အဲသည်စာအုပ်ထဲမှာ သမိုင်းဆိုတာတဲ့၊ ယနေ့ဂျာနယ်လစ်တွေ သတင်းထောက်တွေ လေ့လာသင့်တဲ့အရာဖြစ်တယ်လို့ ဆိုထားပြီး၊ ဘာနဲ့ဥပမာပေးသလဲ ဆိုတော့ ကမ္ဘာမှာ အကြီးကျယ်ဆုံးစာရင်းဝင် 9/11 အဖြစ်အပျက်ကြီး ဖြစ်ခဲ့တာက အဲသည်နေ့မှ စတဲ့ပြဿနာမဟုတ်ပါဘူး … တဲ့။ အဲသည် အရင်က ဒါကိုဖြစ်လာဖို့ ဦးတည်ခဲ့တဲ့ သမိုင်းရှိတယ်။ ဒါကြောင့် သမိုင်းဆိုတဲ့အကြောင်းအရာများကို လေ့လာသိရှိထားသင့်တယ် မဟုတ်လားလို့ ဆိုထားသည်။ သည်တော့ သမိုင်းဆိုတာ လေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုဆိုတာ သိလိုက်ရပါသည်။
ငယ်ငယ်တုန်းက သမိုင်းဆို သိပ်ကြောက်။ လေးတန်းတုန်းက စာမေးပွဲနီးတော့ သမိုင်းဘာသာအတွက် အခက်အခဲတွေကြုံနေရတဲ့ သူ့မြေးနှစ်ကောင်ကို မေမေကြီးက သမိုင်းခုနှစ်များကို ကျက်မှတ်ပုံကို သေချာရှင်းပြကာ စာရင်းဇယားများ အားပါးတရနှင့် လုပ်ပေးခဲ့တာတွေ သတိရမိပါသည်။ ဒါကတော့ သည်စာအုပ်လေးအကြောင်းရေးရင်း သတိရမိသွားတာလေး ထည့်ပြောလိုက်တာဖြစ်ပါသည်။

Tuesday, January 1, 2013

New Year Wish - 2013


New Year Wish - 2013

ကျွန်မချစ်ခင်လေးစားရသောစာဖတ်ပရိသတ်များသို့

၂၀၁၃ခုနှစ်ကိုကူးပြောင်းခဲ့ပြီးတဲ့အခါမှာအားလုံးစိတ်ချမ်းသာကိုယ်ကျမ်းမာနှင့်နှစ်သစ်တစ်နှစ်တာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သလို်က်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးဘေးဘရာဝေးကွာ၍မေတ္တာတရားဖြင့်စိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေ။

“မနေ့ကဆိုတာအိပ်မက်သာ
မနက်ဖြန်ကိုစိတ်ကူးယဉ်
သို့သော်ယနေ့ကတော့ကျွန်နု်ိပ်တို့တကယ်နေထိုင်နေတာ။
မနေ့ကတိုင်းကိုပျော်ရွှင်ခြင်းအိပ်မက်များလို့တွေးကာ
မနက်ဖြန်တိုင်းကိုမျော်လင့်ခြင်းစိတ်ကူးများတည်ဆောက်ပါ။
သည်လိုနဲ့ဒီကနေ့ကိုတော့ကောင်းစွာရူမြင်ကြရအောင်။“

ချစ်ခင်လေးစားလျက်

ဂျူနီယာဝင်း