ဂျူနီယာဝင်း – ဆုုံးရှူံးသွားတာတွေကုုိ အသက်ပြန်သွင်းပေးကြသူများ
(အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇
၁၉၉၁ ခုုနှစ်ထုုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုုထဲမှာ ဖတ်လုုိက်ရတဲ့ နည်းပညာသတင်းတစ်ပုုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုုန်ုတုုိင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတုုိက်ခံရတာတွေ အစရှိတဲ့ ဘေးဒုုက္ခတွေကုုိ ကြုံကြရရင် ဒါတွေအတွက် ဆုုံးရှူံးမူဒဏ် ခံရဖုုိ့ပဲရှိတယ်လိုု့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုုံးရှူံးမူတွေကုုိ ဘယ်လုုိ ဖြေရှင်းကြမလဲတဲ့။
သူ့ဆောင်းပါးအစမှာ အဲသလုုိ မေးခွန်းထုုတ်ထားပါတယ်။ အဲဒီလုုိဖြစ်ရပ်မျိူးတွေအတွက် ဖြေရှင်းပေးဖုုိ့ဆုုိပြီး ကုုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မုုိး မုုိရင်း စတင်မစ်တစ် ဘေးအန္တရယ်များ ကြောင့်ဖြစ်သော ဆုုံးရှူံးမူများကုုိ ပြန်လည်ပြုပြင်ပေးသော ကုုမဏီ“ (Blackmon Mooring Streamatic Castrophe Inc.) (BMS CAT) လည်းပါပါတယ်။ သူတုုိ့က ၂၄နာရီ ဝန်ဆောင်မူပေးမယ်လုုိ့ဆုုိတယ်။ လေဘေး၊ ရေဘေး၊ မီးဘေး၊ ဓါတုုဗေဒဘေး အစရှိတာတွေ ခံလုုိက်ရတဲ့ နေရာတွေအတွက် ဆုုံးရှူံးသွားတာတွေကုုိ ဘေးဒဏ်တွေ ခံပြီးပြီးချင်းမှာ အတတ်နိုု်င်ဆုုံး ပြန်လည် ရရှိအောင် လုုပ်ပေးမယ်လုုိ့ ကြေငြာထားပါတယ်။
အမေရိကန်ကမြို့နယ်တော်တော်များများမှာ ရှိတဲ့ BMS CAT ကုုမဏီတွေအပြင် အန္တလန်တာအရပ်ဒေသက TRC ကုုမဏီတုုိ့က ရေ၊လေ၊မီး၊ ဓါတုုဗေဒ၊ ဓါတ်ငွေ့တွေကြောင့် ပျက်ဆီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေ၊ စက်မူဆုုိင်ရာ ပစ္စည်းအကြီးစားတွေကုုိ အမြန်ဆုုံး ပြန်လည်အသုုံးချ၊ အလုုပ်ပြန်လုုပ် နုုိင်အောင် ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ “ပျက်စီးဆုုံးရှူံးသွားတာတွေကုုိ ပြန်လည်အလုုပ်လုုပ်နုုိ်င်အောင် ပြုပြင်ပေးသော BMS CAT, TRC ကုုမဏီ” တွေအကြောင်းကိုု အခုုဆောင်းပါးမှာ အသေးစိတ်တင်ပြသွားမှာဖြစ်လိုု့ BMS CATနဲ့ TRC လိုု့ဆုုိလုုိက်ရင် စာဖတ်သူများ က ဘေးဒဏ်ကြောင့် ပျက်စီးသွားတာတွေကုုိ ပြန်လည်ကောင်းမွန်အောင် လုုပ်ပေးတဲ့ ကုုမဏီတွေအဖြစ် နားလည်ပေးကြရန် ဖြစ်ပါတယ်။
BMS CAT နဲ့ TRC တုုိ့ဟာ ရေဘေးဒဏ်သင့်လုုိ့ ပျက်စီးသွားတဲ့ စာရွက်စာတမ်းတွေ၊ ဖုုိင်တွေကုုိ စိတ်ရှည်လက်ရှည်နဲ့ သန့်စင်ပေးမှာပါ။ အဆောက်အဦရဲ့ တစ်လက်မ စတုုရန်းကွက်ကလေးတကွက်စီကုုိလည်း သေချာစီစစ်ရာမှာ ပျက်စီးသွားတဲ့ ကော်ဇောတွေ၊ ပရိဘောဂတွေ၊ မျက်နှာကျက်တွေ၊ နံရံတွေ၊ ကြမ်းပြင် တွေကုုိ သေချာဂရုုတစုုိက် ပြုုုပြင်ပေးကြပါတယ်။ သူတိုု့လုုပ်ငန်းဟာ ၁ဝနှစ်အတွင်းကိုု အထူးအောင်မြင်ပြီး ကျယ်ပြန့်လာတယ် လုု့ိဆုုိပါတယ်။ BMS CAT နဲ့ TRC တွေ အောင်မြင်လာရတဲ့ အကြောင်းတစ်ချက်ကတော့ ကုုမ္မဏီလုုပ်ငန်း တွေအတွက် ဘေးဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေကိုု အသစ်ပြန်လည် ဝယ်ထည့်တာဟာ ပျက်စီးသွားတာတွေကုုိ ပြန်လည်အသုုံးချနုုိင်အောင် BMS CAT နဲ့ TRC တွေကုုိ အပ်လုုိက်တာက ပိုုလည်းမြန်ဆန်ပြီး ပိုုက်ဆံသက်သာလုုိ့ ဖြစ်ပါတယ်။
အာမခံလုုပ်ထားတဲ့အတွက် အာမခံကုုမဏီတွေအတွက်လည်း ပုုိပြီး တွက်ခြေကုုိက်တယ်လုုိ့ ဆုုိတယ်။ ပျက်စီးသွားတာတွေ ပြန်လည်အသုုံးချအောင် ပြင်ဆင်ပေးတဲ့ BMS CAT နဲ့ TRC တုုိ့တွေ ရှိလာတဲ့အတွက် ပုုိပြီးစိတ်ချရ၊ ပုုိက်ဆံလည်းသက်သာ၊ မြန်လည်းမြန်ဆန်တာကြောင့် အကြိုက်တွေ့လာကြတာ ဖြစ်ပါတယ်။ ငွေသန်းချီပြီး တော့သက်သာသွားတာပါပဲလုုိ့ အာမခံကုုမဏီက တာဝန်ရှိသူတွေက ပြောလာကြပါတယ်။
BMS CAT နဲ့ TRC တုုိ့တွေကြောင့် ကုုမဏီလုုပ်ငန်း ကြီးငယ်မရွေးအတွက်လည်း ရေ၊လေ၊ဓါတုုဗေဒ ဘေးဒဏ်တွေကြောင့် ပျက်စီးသွားရလုုိ့ ဒေဝါလီခံကြရမယ့်ကိစ္စမှာ သက်သာသွားရတာတွေ ကြုံကြရပါတယ်။ ရေတွေနဲ့ ပျက်စီးသွားတဲ့ထဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ စာချူပ်တွေဟာ BMS CAT တုုိ့လုုိ ကုုမဏီတွေကုုိအပ်နှံပေးလုုိက်လုုိ့ ပြန်ရခဲ့ရတဲ့ မှတ်တမ်းတွေ အများကြီး ဖြစ်လာပါတယ်။
ဆွစ်ဇာလန်အပ်ချူပ်စက်ကုုမဏီတစ်ခုုဟာ မီးလောင်မူဖြစ်ပွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ မီး၊ ရေ၊ မီးခုုိးနဲ့ ပြာတွေ အလိမ်းလိမ်းဖြစ်ပြီး ဘာမှသုုံးမရဖြစ်ခဲ့ရတာတွေကုုိ ၁၆ ပတ်အတွင်းမှာ အလုုပ်ပြန်လုုပ်နုုိင်အောင် BMS CATနဲ့ TRC တုုိ့က ဆောင်ရွက်ပေးနုုိင်ခဲ့ပါတယ်။ စက်ရုုံဟာ ရက်အနည်းငယ်အတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ အလုုပ်လည်း ပြန်လည်တွင်သွားတယ်။ အာမခံလည်း သိပ်မကုုန်တော့ဘူး။ TRC ကုုမဏီက အရာရှိတစ်ဦးဖြစ်သူ ဂျွန် ဆုုိက်တာ က ပြောရာမှာ သိပ်ကုုိကြီးမားတဲ့ လုုပ်ငန်းတစ်ခုု ပျက်စီးသွားလုုိ့ ပြန်လည်တည်ထောင်မယ်ဆုုိရင် ၁၈လလောက်က တော့ကြာမယ်။ ဒါပေမယ့် ပျက်စီးသွားတာတွေကုုိ စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြုပြင်မယ်ဆုုိရင် ဒိထက်မြန်မြန် အလုုပ်ပြန်လုုပ်လုုိ့ရမှာပဲ လုုိ့ဆုုိပါတယ်။
ဒီလုုိ BMS CAT နဲ့ TRC အဖွဲ့ကိုုအပ်လုုိက်တာက စျေးကြီးတာတော့မှန်တယ် ဒါပေမယ့် အသစ်ပြန်လည် ဝယ်ထည့်တာထက်တော့ သက်သာပါတယ်တဲ့။ မှန်းပြောရရင်တော့ ၁၀% ကနေ ၆၀% လောက်ကုုိ သက်သာသွားမှာဖြစ်ပါတယ်။ ပျမ်းမျှ ၂၅ % သက်သာမှာမိုု့ သူတိုု့လုုပ်ငန်းတွေ တုုိးတက်လာတာ အမှန်ပါပဲ။ BMS ကုုမဏီဥက္ကဌဖြစ်တဲ့ ကာ့ဘလက်မွန်က ဥပမာတစ်ခုုကုုိ ပြန်လည်ပြောရာမှာ ကွန်ပြူတာကုုမ္မဏီတစ်ခုု မီးလောင်သွားတဲ့အတွက် ကွန်ပြူတာအခြေခံပစ္စညး် ၂၅ခုု၊ အလုုပ်ရုုံ ၁၅၀ ဆုုံးရှူံးခဲ့ရာမှာ ဒါတွေကုုိ သူတုုိ့ အဖွဲ့ထဲ အပ်လုုိက်တဲ့အတွက် ဒေါ်လာ ၁ဝသန်း ကွန်ပြူတာတွေနေရာမှာ ဒေါ်လာ သိန်းရ၀၀ ကျသင့်ပြီး မူရင်းအတုုိင်း ပြန်လည် လည်ပတ်နုုိင်ခဲ့တယ် လုုိ့ဆုုိခဲ့ပါတယ်။
နောက်ဥပမာတစ်ခုုပြရရင် ၁၉၈၈ခုုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လော့အိန်ဂျယ်လစ် ဘဏ်တာဝါတစ်ခုု မီးလောင်ခဲ့ရာမှာ အထပ်ပေါင်း ၆၂ထပ်ရဲ့ ကြမ်းပြင် ၄ခုုစာ ဟာ ပျက်စီးသွားခဲ့ရတယ်။ မီးလောင်မူကြောင့် အပေါ်ထပ်တွေဟာ မီးဒဏ်သင့်ခဲ့ရတယ်။ အောက်ကအထပ်တွေဟာ ရေဒဏ်သင့်ခဲ့ရတယ်ပေါ့။ ဒါတွေကုုိ အလျင်အမြန်ပြုပြင်ဖုုိ့ လုုိအပ်လာပြီ။ ဒေါ်လာ ၂၂သန်းတန်ကွန်ပြူတာစနစ်တွေ ပျက်စီးသွားခဲ့ရတယ်။ BMS CAT ဟာ ဘဏ်ရဲ့ အဓိကအရေးကြီးအစိတ်အပုုိင်းတွေကုုိ အလျင်အမြန်ပြုပြင်ပေးနုုိင်ခဲ့တယ်။ အားလုုံးကုုိ နေသားတကျဖြစ်ဖုုိ့ ဒေါ်လာ ၁ဝသန်းကျော် ကုုန်ကျခဲ့တယ်။ TRC က ဘဏ်အဆောက်အဦရဲ့ ပျက်စီးမူတွေကုုိ ပြန်လည် ပြုပြင်ပေးခဲ့တယ်။ အားလုုံးစုုစုုပေါင်း ဒေါ်လာ ၁၄ သန်းကုုန်ကျခဲ့ပါတယ်။
အရင်ဆုုံး တာဝန်ရှိသူ ကြီးကျပ်သူက အပေါ်စီးကနေ လေယျာဉ်နဲ့ ပျက်စီးသွားတဲ့နေရာကုုိ ကြည့်ရူရတယ်။ BMS CAT ကုုမဏီတွေဟာ အပြင်ဖက်က မီးအရှိန်ဟပ်မူကြောင့် ပျက်စီးနေတဲ့ သစ်ပင်တွေ၊ အိမ်တွေ၊ လမ်းတွေ၊ ခြံစည်းရုုိးတွေမှာ ပေကျံနေတဲ့ အရာအားလုုံးကုုိ ဆီတစ်မျိူးနဲ့ သုုတ်သင်ရှင်းလင်းပစ်ပါတယ်။ သူတုုိ့အတွက် လူအကူ တွေငှားပြီး မီးလောင်မူ ဖြစ်ပွားတဲ့ အတွင်းပိုုင်းထဲကုုိ ဝင်ခုုိင်းပြီး လေကောင်းလေသန့်ဝင်တဲ့ စနစ်တစ်ခုုနဲ့ အတွင်းထဲက အပူဓါတ်ကုုိ ထုုတ်ပြီး အေးမြအောင်လုုပ်ရပါတယ်။ အတွင်းထဲက ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ဖလော်ပီဒစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ နံရံ၊ ကြမ်း၊ ကော်ဇော၊ မီးလုုံးတွေကအစ သန့်ရှင်းရေး လုုပ်ပါတယ်။ အဲဒီအတွက် ရေစုုတ်ကရိယာနဲ့ ကျပ်ခုုိးတွေဖယ်ပစ်တဲ့ စနစ်တွေကုုိ သုုံးရပါတယ်။ ဒီလုုိနေရာမှာ သုုံးဖုုိ့ လူတွေ့စစ်ဆေးမူတွေ လုုပ်ထားရပါတယ်။ လူ၂၀၀ သုုံးမယ်ဆုုိရင် လူ၈၀၀ အင်တာဗျူးပါတယ်။ ၂ရက်အတွင်း အလုုပ်စလုုပ်ပါတယ်။ အလုုပ်ဟာ အနည်းဆုုံး ၂ပတ်တော့ ကြာပါတယ်။ ဦးစီးတဲ့သူ ၂၅ဝလောက်ခန့်ပါတယ်။ တစ်နှစ်ကုုိ အကြိမ် ၁ဝဝလောက် လုုပ်ငန်းခွင် ဝင်ကြရပါတယ်။ သူတုုိ့မှာ လူ၄ဝလောက်နဲ့ဖွဲ့စည်းထားတယ်။ ဓါတုုဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ တခြားသော ကျွမ်းကျင်ပညာရှင်တွေကုုိ လည်းငှားထားရပါတယ်။
၆၂ထပ်မှာ အဓိကအားဖြင့် ပြဿနာကတော့ ကျပ်ခုုိးတွေပေကြံနေတဲ့ စားပွဲတွေ၊ ဘီဒုုိတွေ၊ အံဆွဲတွေဖြစ်တယ်။ ဒါ့အပြင်ရေတွေကြောင့် ပျက်စီးနေတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ အချက်အလက်တွေသိမ်းဆည်းထားတဲ့ ဖုုိင်တွေပါပဲ။ TRC ဟာ တောင်တက်သမားတွေငှားပြီး ၃၃ထပ်က နေစလုုိ့ ဓါတ်လှေကားတစ်လျောက်ကုုိ တက်ခိုုင်းပီး သူတုုိ့အဖွဲ့သားတွေအတွက် လမ်းဖွင့်ခုုိင်းပါတယ်။ အဖွဲ့သားတွေဟာ ဂါလန် ၅ဝဝဝလောက်ရှိတဲ့ ဆီချေးတွေကုုိ ဖျက်တဲ့ အဆီကုုိ သုုံးပြီး ဓါတုုဗေဒဆုုိင်ရာ စုုတ်တဲ့ ပစ္စည်း ၁၇၉ ၄၅ခုု၊ ပေါင် ၁၅၄၀၀ စာလောက်ရှိတဲ့ အဝတ်စတွေ၊ ထောင်ချီတဲ့ သပွတ်တံတွေ၊ ခြောက်အောင်လုုပ်တဲ့ ကရိယာတွေ၊ ၀ါယာာကြိုးတွေနဲ့ ဂွမ်းတွေ အသုုံးပြုကြရတယ်။ ဓါတုုဗေဒပစ္စည်းတွေ၊ လှေကားတွေ၊ ခံနုုိင်ရည်ဦးထုုတ်တွေ၊ ခြင်းတွေ၊ တောင်းတွေနဲ့ ကိုုယ့်ကျရာ ကဏ္ဍကုုိ လုုပ်ဆောင်ကြရတယ်။
သူတုုိ့လုုပ်ရတဲ့ အမြန်နှူန်းဟာ အရေးကြီးပါတယ်။ မြန်လေ၊ ကောင်းကောင်း ပြန်ရလေဖြစ်တယ်။ ပျက်စီးမူနှူန်းဟာ မြန်တယ်။ ဒါကြောင့် ဒီ့ထက်ပုုိမပျက်စီးခင် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အလုုပ်လုုပ်ရပါတယ်။ ဘေးဒဏ်တစ်ခုုကြုံပြီဆုုိတာနဲ့ တန်ဖုုိးရှိတာတွေ ပြန်ရစေချင်ရင် သူတုုိ့လက်ထဲ အမြန်အပ်လုုိက်တာ အကောင်းဆုုံးပါပဲ။ အဖြစ်အပျက်ပေါ်မူတည်ပြီး စျေးနှူန်းတွေက ကွာပါတယ်။ ဆုုံးရှူံးမူ အသေးအမွှား လောက်ပဲ ပြုပြင်မူတွေဆုုိရင်တော့ အနည်းဆုုံး ဒေါ်လာ ၃သောင်းခွဲကနေ ဒေါ််လာ သန်းအနည်းငယ် တော့ကုုန်မှာဖြစ်တယ် လုုိ့တွက်ပြထားတယ်။ အဲဒီအဖွဲ့တွေဟာ ဘယ်လောက်သေးတဲ့ ပျက်စီးမူပဲဖြစ်ဖြစ် သေချာ ကောင်းကောင်းမွန်မွန် လက်ခံဆောင်ရွက်ပေးတယ် လုုိ့ဆုုိတယ်။
တခါတရံမှာလည်း ဓါတုုဗေဒပစ္စည်းတွေကြောင့် ပျက်စီးရတာတွေရှိပါတယ်။ သိပ်ကုုိ တန်ဖုုိးရှိပြီး နုုနယ်တဲ့ စက်ရုံထုုတ်ပစ္စည်းတွေဆုုိရင်လည်း သူတုုိ့က အသေးစိတ်ဆောင်ရွက်ပေးပါတယ်။ အက်စစ်ဓါတ်ငွေ့တွေကြောင့် မီးလောင်မူတွေဖြစ်လုုိ့ ရေဂါလန်တွေ ထောင်နဲ့ချီပြီး ငြိမ်းသတ်ခဲ့ရတဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ စက်ရုုံအတွင်းပုုိင်းတွေဟာ ပင်လယ်ထဲက ရေတွေနဲ့ ငြိမ်းသတ်ခဲ့ရတာကြောင့် မီးငြိမ်းသွားတဲ့အခါ ပင်လယ်ရေညှိတွေတက်နေတဲ့ ရေညစ်တွေကြားထဲ တော်တော် ပျက်စီးသွားခဲ့ရတယ်။ အဲယားကွန်းစက်တွေ၊ လျှပ်စစ်လှေကားတွေ၊ ဓါတ်လှေကားတွေ၊ မော်တာတွေ၊ အစားအစာလုုပ်တဲ့ ပစ္စည်းကရိယာတွေ အစရှိသဖြင့်ဟာ သုုံးမရတော့လောက်အောင် ဒုုက္ခရောက်နေတာတွေ တွေ့မြင်ကြရတယ်။ ဒါတွေအတွက်လည်း သူတိုု့ဟာ အသေးစိတ်ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုုနှစ်တုုန်းကဖြစ်ပွားခဲ့တဲ့ ဆန်ဖရန်စစ်စကုုိ က ငလျင်ဘေးတုုန်းကဆုုိရင် BMS CAT နဲ့ TRC အဖွဲ့တွေဟာ အများကြီး လှူပ်ရှားခဲ့ရပါတယ်။
BMS CAT ဟာ အခုု ၂၀၁၇ ဆုုိရင် သက်တမ်းအားဖြင့် ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၄၈ခုုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတုုိ့စစချင်းလုုပ်ငန်းဟာ အိမ်တွေ၊ ဆိုုင်တွေ၊ ကုုမဏီတွေအတွက် အိမ်ထောင်ပရိဘောဂများသန့်စင်ခြင်း၊ အရောင်တင်ခြင်း ဖြစ်ပါတယ်။ ဒီလုုိနဲ့တဖြေးဖြေး မီးဘေး၊ရေဘေးဒဏ်သင့်လုုိ့ ပျက်စီးသွားတာတွေကုုိ ပြန်လည်အသုုံးချလုုိ့ရအောင် ပြုပြင်ပေးတဲ့ လုုပ်ငန်းတွေအဖြစ် တုုိးချဲ့လာတယ်။ ၁၉၈၁ခုုနှစ်ကစလုုိ့ ကမ္ဘာနုုိင်ငံတွေကြားထဲ အသိအမှတ်ပြုလာတဲ့ လုုပ်ငန်းဖြစ်လာပြီး အာရုုံစုုိက်ခံခဲ့ရတာပါ။ ဒါဟာ ကမ္ဘာအနှံ့အပြား ကြုံတွေ့နေကြရတဲ့ သဘာဝဘေးတွေကြောင့်လည်း လုုပ်ငန်းဟာ ပုုိတွင်ကျယ်လာရတာ ဖြစ်ပါတယ်။ သူတုုိ့တတွေရဲ့ ကြွေးကြော်သံကတော့ သူတုုိ့ဟာ စေတနာရှိတယ်။ သူတုုိ့အလုုပ်ကိုု ချစ်မြတ်နုုိ်းတယ်။ တန်ဖုုိးထားတယ်။ ဒါဟာ သူတုုိ့အလုုပ်အောင်မြင်လာရတဲ့သော့ချက် ဖြစ်ပါတယ်တဲ့။
မီး၊ ရေ၊ လေ၊ သဘာဝ ဘေးသင့်လုုိ့ တစ်ခုုခုုဖြစ်ရင် ဘာမှပြန်မရတော့ဘူးလုုိ့ လူတွေက အလွယ်တကူတွေးပြီး ပျက်စီးသွားတာတွေကုုိ လွှတ်ပစ်လုုိက်ဖုုိ့ပဲ တွေးကြတာများပါတယ်။ နာဂစ်မုုန်တုုိင်းကျတုုန်းက တန်ဖုုိးရှိစာအုုပ်တွေဟာ ရေဒဏ်ကြောင့် စာမျက်နာတွေကပ်ပြီး ခွာမရတော့လုုိ့ နမြောသာလည်း လွှတ်ပစ်ခဲ့ရတာတွေ ပြန်မြင်ယောင်နေမိတယ်။ BMS CAT နဲ့ TRC လုုိအဖွဲ့တွေ ငါတုုိ့မြန်မာပြည်မှာ ရှိရင်တော့ ယနေ့ခေတ်မှီလာတဲ့ နည်းပညာတွေနဲ့ဆုုိ ပြန်ရချင်လည်း ရနုုိင်တာပေါ့လေ လုုိ့သည်ဆောင်းပါးလေးရေးရင် တွေးနေမိပါတယ်။
ဂျူနီယာဝင်း

No comments:
Post a Comment