Thursday, August 10, 2017

နပိုလီယန်၏ နောက်ဆုံးစကား ဂျူနီယာဝင်း

နပိုလီယန်၏ နောက်ဆုံးစကား  ဂျူနီယာဝင်း

နပိုလီယန်၏ နောက်ဆုံးစကား

ပိတောက်ပွင့်သစ်၊



ဇွန်လ၊ ၂ဝဝ၆ ခုနှစ်။

စစ်ဗိုလ်ခုျပ် Napoleon Bonartparte ကို ၁၇၆၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မွေးပါသည်။ သူသည် ကော့စီကန် (Corsican) လူမိုျးဖြစ်ပြီး ထင်ရှားသောသမိုင်းဝင် စစ်ဗိုလ်ခုျပ်ဖြစ်ခဲ့လေသည်။ သူ၏စစ်စွမ်းရည်၊ စစ်သွေးစစ်ရည်များသည် ဥရောပမြေပုံကိုပင် ပြောင်းလဲ ပစ်နိုင်ပေသည်ဟုပင် တင်စားခဲ့ကြရသည်။ သူ၏ ထူးခြားသောအောင်မြင်မှုတွေရခဲ့တာ ဘာကြောင့်ပါလဲတဲ့။ သူ၏အံ့မခန်းစစ်စွမ်းရည် ကြောင့်လည်း မဟုတ်၊ သူ၏ အုပ်ခုျပ်မှုစွမ်းရည်ကြောင့်လည်း မဟုတ်ပါ။ သူ အောင်မြင်ခြင်း၏ အဓိကသော့ချက်က ထူးခြား၍ ခွန်အားရှိသော သူ၏ ဥပဓိရုပ်ကြောင့် ဖြစ်ပေသည်။

Robert Browning (၁၈၁၂-၈၉) ရေးသားသော ‘Incident of the French Camp’ ကဗျာတစ်ပုဒ်တွင် ဘာဗေးရီးယား ပြည်နယ်က ရတ်တစ်ဘွန် (Ratisbon) မြို့ တိုက်ပွဲအကြောင်း ရေးစပ်ထားရာ၌ နပိုလီယန်၏ ဟန်အမူအရာကို ယခုလိုဆိုထားသည်ကို တွေ့ဖူးပါသည်။

"On a little mound, Napoleon

Stood on our storming-day:

With neck out-thrust, you fancy how,

Legs wide, arms locked behind,

As if to balance the prone brow

Oppressive with its mind"

''အဲဒီစစ်တိုက်တဲ့နေ့တုန်းကပေါ့။

မြေအမြင့်တစ်ခုပေါ်မှာ နပိုလီယန်က မတ်တတ်ရပ်နေတယ်။

သူ့ရဲ့လည်ပင်းကြီးကို ဆန့်လို့၊

သူ့ရဲ့ခြေထောက်နှစ်ဖက်ကို ကားလို့၊

လက်နှစ်ဖက်ကို နောက်ပစ်လို့၊

သူ့ပုံကို စိတ်ထဲတွေးမြင်ကြည့်လိုက်ပါ။

သူ့ဦးနှောက်ထဲမှာ လေးလံနေတဲ့ သောကတွေ ဖိစီးနေလို့

သူ့နဖူးကိုတောင် အောက်မစိုက်သွားအောင် ကြိုးစားနေရတဲ့အတိုင်းပါပဲ''

Ratisbon မြို့ကို သိမ်းနိုင်ခဲ့ပါပြီဟု သတင်းကောင်းရသွားခိုက် နပိုလီယန်၏ ဟန်အမူအရာက ဤသို့ဖြစ်၏။

"The Chief's eye flashed; his plans Soared up again like fire"

''အရှင်သခင် နပိုလီယန်၏ မျက်လုံးများ တောက်ပလာ၏။

သူ၏ အကြံအစည်များ မီးကဲ့သို့ တဟုန်းဟုန်းတောက်ပြန်၏''

ထို့ပြင် နပိုလီယန်၏ သူ၏ရဲဘော်များအပေါ် ထားရှိသော ကရုဏာသည် သူ့အမှုကို ထမ်းရကိုျးနပ်ကာ သေပျော်မလောက်ဖြစ်အောင် လွှမ်းမိုးထားနိုင်စွမ်း ရှိပုံများကိုလည်း ရေးဖွဲ့ထားသည်များ တွေ့ဖူးပါသည်။

၁၈၁၄ ခုနှစ်မှာ စစ်ရှုံးခဲ့သော နပိုလီယန်သည် အီတလီနှင့် ကော်စီကာကြားက ကျွန်းကလေး တစ်ကျွန်းဖြစ်သောElba ကျွန်းဆီသို့ အပို့ခံခဲ့ရသည်။ နပိုလီယန်သည်Elba ကျွန်းကလေးကို အပို့ခံရစဉ် ထိုကျွန်းကလေးကို တွေ့မြင်ခိုက်’Able was I ere I saw Elba’ ''အယ်လ်ဘာကျွန်းကို မတွေ့ခင်မှာတော့ အကျွနု်ပ်သည် စွမ်းရည် စွမ်းအားနှင့် ပြည့်စုံသူဖြစ်ပေသည်''ဟု မြည်တမ်းခဲ့သည်ဟု ဆိုပါသည်။ ထိုအချိန်မှာ Lewis XVI ၏ ညီငယ်ဖြစ်သော Lewis XVIII က ပြင်သစ်ထီးနန်းကို ရခဲ့သည်။

နပိုလီယန်သည် နူဘေ ကျွန်းမှာ ၁ဝ လကြာနေခဲ့ရသည်။ ၁၈၁၅ ခုနှစ် မတ်လတွင် Elbaကျွန်းမှ တိတ်တဆိတ်ထွက်ပြေးခဲ့ပြီး အင်အား ၁၂ဝဝ ရှိ တပ်တစ်တပ်ဖြင့် ပြင်သစ်ကို ပြန်သိမ်းဖို့ ရွက်လွှင့်ခဲ့ကြသည်။ ပြင်သစ်ဆိပ်ကမ်းများသို့ ဆိုက်ကပ်တိုင်းမှာ များစွာသော မြို့ခံတွေက ကြိုဆိုခဲ့ကြပြီး သူ့အင်အားကို ဖြည့်ခဲ့ကြသည်။ Lewis XVIII ဘုရင် လက်အောက်မှ ကယ်တင်ပေးဖို့ ကယ်တင်ရှင်အလား သူ့ကို အလုံးအရင်းနှင့် ထောက်ခံခဲ့ကြသည်။ မတ်လ ၅ ရက်နေ့ ပြင်သစ်မြေကို ခြေချခိုက် ဘုရင် Lewis XVIII၏ တပ်တွေက နပိုလီယန်ရှေ့မှ ပိတ်ကာ သေနတ်များဖြင့် ချိန်ထားကြ၏။ နပိုလီယန်သည် တုံ့ဆိုင်းမှုမရှိစွာ ရှေ့တူရူသို့ လျှောက်သွား၏။ ပစ်မိန့်ပေးသံကို ကြားလိုက်ရပြီးနောက် တပ်သားများက ကျောက်ရုပ်တွေအလားရပ်လျက်၊ ကုတ်အင်္ကျီနှင့် ဦးထုပ်ဆောင်းထားသူ နပိုလီယန်ကို ကြက်သေသေ လျက် ကြည့်နေကြသည်။

နပိုလီယန်သည် သူ့ကုတ်အင်္ကျီကို ဖွင့်ကာ ရင်ကော့လျက် ''ရဲဘော်တို့ မင်းတို့ထဲက တစ်စုံတစ်ယောက်ကများ သူ၏အရှင် အင်ပါယာ ကို သတ်လိုစိတ်ရှိရင် သတ်ပါစေတော့။ ကျွနု်ပ် ဒီနေရာမှာ ရှိနေသည်''ဟု ဆိုလိုက်လေသည်။

''အရှင်နပိုလီယန် အသက်ရှည်ပါစေ''ဟူသော အော်သံများသည် မိုးပြိုသည့်အလား လွှမ်းခြုံသွားလျက် သေနတ်တွေချကာ နပိုလီယန် အား ကြိုဆိုလိုက်ကြလေတော့သည်။ နပိုလီယန်သည် သူ့အင်အားဖြင့် ပူးပေါင်းစေကာ မြို့တံခါးကိုပင် မြို့ခံလူများ၏ အားပေးမှုဖြင့် အလွယ် တကူ ဖွင့်လှစ်ကာ ကျော်လွန်နိုင်ခဲ့လေသည်။ တခို့ျသော နောက်တောက်တောက်လူတွေက ဘုရင် Lewis XVIII၏ နန်းတော်ရှေ့မှာ ''နပိုလီယန်မှ ဘုရင်လူးဝိစ်သို့... ကျွနု်ပ်ဆီ ဘယ်လိုတပ်တွေလွှတ်လွှတ် အသုံးမဝင်တော့ပါ။ ရပ်ဖို့ ကောင်းပြီ''ဟူသော စာတမ်းများ ချိတ်ဆွဲ ထားကြသည်။ မတ်လ ၂ဝ ရက်နေ့မှာ နပိုလီယန်သည် ပါရီသို့ သေနတ်တစ်ချက်မှ မပစ်ဖောက်လိုက်ရဘဲ ရောက်ရှိခဲ့သည်။ Lewis XVIII လည်း အထုပ်အပိုးပိုက်ကာ ထွက်ပြေးရတော့သည်။

၃ လကြာ နပိုလီယန်အုပ်ခုျပ်ခဲ့ပြီး ၁၈၁၅ ခုနှစ်ဂျွန်လ ၁၈ ရက်၌ ဝါတာလူးစစ်ပွဲတွင် စစ်ရှုံးခဲ့သည်။ ဤကားသူ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်လေတော့သည်။ သူ ထပ်ပြီး မအုပ်ခုျပ်နိုင်တော့ပါ။ သူ့ကို အာဖရိကအနောက်ဘက် မိုင် ၁၂ဝဝ အကွာ St.Helenaကျွန်းသို့ ပို့လိုက်၏။ ၁၈၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ထိုအရပ်၌ပင် ကွယ်လွန်လေသည်။

သူ မကွယ်လွန်မီလေးမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက နပိုလီယန်၏ ဘဝမှာ အပျော်ဆုံး အချိန်ကာလဟာ ဘယ်တုန်းကများ လဲဟု မေးခဲ့လေရာ နပိုလီယန်က ပါရီသို့ချီတက်ခဲ့စဉ်က သွေးမြေမကျခဲ့သော အောင်မြင်စွာ ချီတက်ခဲ့ရသည့် အချိန်အခါပါပဲဟု ဖြေကြားခဲ့ လေသတည်း။

No comments: