Wednesday, August 23, 2017

စိတပြှောငြးသှားတဲ့ သူငယခြငြွး ဂျူနီယာ၀င်း


စိတ်ပြောင်းသွားတဲ့ သူငယ်ချင်း။။ ဂျူနီယာ၀င်း




ချယ်ရီရသစုံမဂ္ဂဇင်း



ဖေဖော်ဝါရီလ၊ ၂ဝဝ၆။




Salvador Novo (၁၉ဝ၄) ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတစ်ဦးက နပိုလီယန်လို့ အမည်တွင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပြီး စာတစ်ပုဒ်ရေးဖွဲ့ပါတယ်။ နပိုလီယန်ဆိုတာ စစ်ဗိုလ်ခုျပ်ကြီး အမည်ဖြစ်ပေမယ့် သူဆိုလိုတာက နပိုလီယန်ကဲ့သို့ စိတ်ဓာတ် ကြံ့ခိုင်ပြီး ရည်မှန်းချက် ကြီးမားလွန်းသူတစ်ဦးကို ဆိုလိုပုံရပါတယ်။ သူ့သူငယ်ချင်းအမည်ကို နပိုလီယန်လို့ ပေးလိုက်တဲ့အတွက် နပိုလီယန် စစ်ဗိုလ်ခုျပ်ကြီးရဲ့ သင်္ကေတတွေ၊ စိတ်ဓာတ်တွေ၊ ရည်မှန်းချက်ကြီးမားတာတွေ အကုန်ပါသွားပါတယ်။ လွယ်လွယ်နှင့် ရည်မှန်းချက်ကို စွန့်လွှတ်မယ့်သူ မဟုတ်တဲ့သူတစ်ယောက်အကြောင်းမို့ စိတ်ဝင်စားစရာပါ။ Salvador Novo ရဲ့ စိတ်ပြောင်းသွားတဲ့ သူငယ်ချင်း နပိုလီယန် အကြောင်းရေးဖွ့ထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။

တစ်နေ့မှာ သူငယ်ချင်းနပိုလီယန်က သူ့ဆီစာရေးပါတယ်။ နပိုလီယန်ရဲ့စာထဲမှာ သူတက်နေတဲ့ ကျောင်းတော်ကြီးနဲ့ သူသင်နေရတဲ့ စာတွေကို အထင်တကြီး တက်တက်ြွကြွက ဖြစ်နေပုံရပါသတဲ့။

"Napoleon writes me: 'The school is very big we get up very early we spoke nothing but english, I'm sending you the picture of the building..." 



'ကျောင်းကအလွန်ကြီးမှကြီးပဲ။ ငါတို့တစ်တွေ မနက်စောစော အိပ်ရာထကြရတယ်။ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုပဲ ပြောကြတယ်။ ကျောင်းအဆောက်အဦပုံကို မင်းဆီပို့လိုက်တယ်...'

သူငယ်ချင်းနပိုလီယန်က သူတို့ ၂ ဦး ငယ်စဉ်ဘဝက ပျော်ရွှင်စရာကောင်းခဲ့တဲ့ နေ့ရက်တွေကို အမှတ်တရရေးပါတယ်။ သူတို့နှစ်ဦး ဘယ်လို ပျော်စရာကလေးဘဝတွေကို ကုန်လွန်ခဲ့ကြပါသလဲ။

'We won't steal candy together any nore from the cupboards, or run off to the river to halfdown ourselves, or snitch the bloodstained watermelons'



'ကြောင်အိမ်ထဲက သကြားလုံးတွေ ငါတို့နောက်ထပ်မခိုးစားနိုင်ကြတော့ဘူးပေါ့။ မြစ်ချောင်းထဲ ငါတို့ ၂ ယောက်သား ပြေးလွှားပြီး ရေမစိမ်နိုင်ကြတော့ဘူး။ ပြီးတော့ ဖရဲသီးနီနီလေးတွေလည်း မခိုးစားနိုင်ကြတော့ဘူးလေ'

နပိုလီယန်ရဲ့ ကျောင်းသားဘဝက ယခုလိုပါ။

"I'm ready now for my 6th year exam: as far as I can make out, afterwards. I'll learn everything you ought to learn, I'll be a doctor, I'll have anbitions, a beard, long pants..." 



'ငါကတော့ အခု ၆ နှစ်မြောက် စာမေးပွဲကို ဖြေဖို့အသင့်ဖြစ်နေပါပြီ။ ငါတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိတော့ ကြိုးစားသင်ယူ နေပါတယ်။ ပြီးရင်... မင်းလို ငါလိုကျောင်းသားတိုင်းတတ်သင့်တတ်ဆိုက်တဲ့၊ သင်ကြားသင့်တဲ့ အရာမှန်သမျှကို သင်ယူရမှာပေါ့။ ပြီးတဲ့ နောက်... ငါဆရာဝန်ကြီးဖြစ်လာမယ်။... ငါ့မှာ ရည်မှန်းချက်တွေရှိလာမယ်။ မုတ်ဆိတ်တွေနဲ့ ဘောင်းဘီရှည်ရှည်တွေနဲ့...'

ရည်မှန်းချက်ကြီးကြီးနဲ့ ရှင်သန်ခဲ့သူ သူငယ်ချင်း နပိုလီယန်က သူ့မှာ သားတစ်ယောက်ရှိလာရင် ဘယ်လိုများဖြစ်စေချင်မှာတဲ့လဲ။

"But if I have a son, I'll see that no one ever teaches him anything I want him to be lazy and happy... the way I never could because of my parents, nor my parents because of my grand parents, nor my grandpa-rens because fo God."



'ဒါပေမဲ့ကွယ်... အကယ်၍များ ကိုယ့်မှာသားလေးတစ်ယောက်ရှိရင် သူ့ကို ဘယ်သူကမှ ဘာကိုမှ မသင်စေရဘူး။ သူ့ကို ပျင်းစေချင်တယ်... ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ကိုယ့်မိဘတွေကြောင့် ကိုယ်မလုပ်ခဲ့ရတာတွေ... ကိုယ့်အဘိုးအဘွားတွေကြောင့် ကိုယ့်မိဘတွေ မလုပ်ခဲ့ရ တာတွေ... ဘုရား သခင်ကြောင့် ကိုယ့်အဘိုးအဘွားတွေ မလုပ်ခဲ့ရတာတွေ... အဲဒီလိုလမ်းမိုျး သူ့ကို ခင်းပေးချင်တယ်...'

ရည်မှန်းချက်ကြီးမားတဲ့ သူ့ငယ်ချင်းနပိုလီယန်က Salvador Novo ဆီသို့ရေးခဲ့သော စာတစ်စောင်ဖြစ်ပါတယ်။ သူ့စာတစ်စောင်ကို ဖတ်ပြီး သွားတဲ့အခါ ကိုယ့်မှာ သားတစ်ယောက်ရှိရင် သူ့ကို ဘယ်လိုများ ကြီးပြင်းလာစေချင်မှာပါလိမ့်... လို့တွေးလိုက်မိပါတယ်။ ဒီအဖြေ ဟာ ကိုယ်က နပိုလီယန်လောက် ရည်မှန်းချက်ကြီးမားလွန်းသူတစ်ယောက် ဖြစ်ခဲ့သည်၊ မဖြစ်ခဲ့သည်ဆိုတဲ့ပေါ်မှာ မူတည်နေတယ် မဟုတ်ပါ လား။

No comments: