Friday, October 4, 2019

နီယာဝင်း ● ကွန်ပြူတာနည်းပညာတော်လှန်ရေးသိ့ု ခြေလှမ်းများ (9)

ဂျူနီယာဝင်း ● ကွန်ပြူတာနည်းပညာတော်လှန်ရေးသိ့ု ခြေလှမ်းများ (၃)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၉



(၂၀၀၁ ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန် ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေးအကြောင်းဆိုပါတော့လို့ စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က အိပ်မက်ထဲက စက်ပစ္စည်းလို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်း တော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း  ဆက်ဘာသာပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ် အမျိုးမျိုးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့တာ အခုက တတိယရောက်လာတော့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေးအကြောင်း ပိုပြီး လူတွေ သတိထားမိလာမယ် လို့ ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့ကဆောင်းပါးများ မသိမမီ လိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။)

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener (နော်ဘတ် ဝီနာ) က ကွန်ပြူတာခေတ်ကိုသွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက ဒုတိယတစ်ခုအကြောင်း အခုဆက်ပါ့မယ်။ မက်စချူးဆက်တက္ကသိုလ်က Claude Shannon (ကလော့ ရှနွန်) အကြောင်းတွေ ပြန်ပါလာပါ့မယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

(သချာၤကိန်းဂဏာန်းတွေကနေ သုညနဲ့ တစ်ပဲပါတဲ့ အခြေနှစ်ခု ဘိုင်နရီသချာၤ (Binary) စနစ်ဆီသို့ ဆိုတဲ့ ခေါင်းစဉ်အကြောင်း အရင်လက ရှင်းပြပီးပါပီ ။ အခု ဒုတိယ ခေါင်းစဉ်ဖြစ်ပါတယ်။ နော်ဘတ်ဝီနာ ချပြခဲ့တဲ့ ခေါင်းစဉ်များအဆက်ပါ။)

စက်ပစ္စည်းစနစ်မှသည် လျှပ်စစ်သို့၊ လျှပ်စစ်စနစ်မှသည် လုံးဝဥသုံလျှပ်စစ်ဆီသို့

(ခေါင်းစဉ်ကို နားလည်သလောက် ရှင်းရရင်  အဲသည်ခေတ်တုန်းက စက်ကရိယာစနစ်ကို အဓိကထားအသုံးပြုကြတယ်။ လျှပ်စစ်ကို အသုံးပြုမူနည်းပါးတယ်။ ဒါကြောင့် စက်ကနေ လျှပ်စစ်ကိုအကူးဟာ သိပ်ကိုကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်တယ်။ အခုခေတ်ကလူတွေကတော့ လျှပ်စစ်များဆိုပြီး အထူးအဆန်းလုပ်နေရလား ပြောမှာပါပဲ။)

ဝီနာချပြခဲ့တဲ့  အဆင့်မြင့်လျှပ်စစ်စနစ်က ဘွတ်ချ်ကို အံ့သြအောင် မလုပ်နိုင်သေးပါဘူး။ လျှပ်စစ်နည်းပညာက ၁၉၃၀ ခုနှစ် တွေမှာ လျှင်လျှင်မြန်မြန်ကို တဟုန်ထိုး မြင့်တက်လာတယ်။ ဒါဟာ ရေဒီယိုနဲ့တယ်လီဖုန်း စက်မူလုပ်ငန်းတွေကို ကျေးဇူးတင် ရမယ်။ ဒါ့အပြင် တွက်ချက်မူနည်းပညာရပ်ရဲ့ တိုးတက်မှုကိုလည်း မေ့ထားလို့မရဘူး။ လျှပ်စစ်စက်ပစည်း နည်းပညာက တစက္ကန့်အတွင်းမှာ ပိတ်နိုင်ဖွင့်နိုင် အကြိမ်ပေါင်းများစွာ လုပ်နိုင်ရတယ်။ ပြီးတော့ စက်ပစ္စည်းဆိုင်ရာတွက်ချက်မှုကလည်း ပဲ တစက္ကန့်အတွင်းမှာ အလုပ်တွေ အများကြီးလုပ်နိုင်ရတယ်။

ဒါကြောင့်လဲ ရှေ့တုန်းက လျှပ်စစ်မပါတဲ့ စက်ပစ္စည်းတွေကို အသုံးပြုလာရာကနေ ပလပ်ထိုးပြီး သုံးရတယ်ဆိုတဲ့ လျှပ်စစ်သုံး စက်ပစ္စည်းတွေကို အသုံးများလာတာ။ လျှပ်စစ်ကွန်ပြူတာဆိုပြီး လုံးဝဥသုံ လျှပ်စစ်တွေနဲ့ပဲ တည်ဆောက်တဲ့ စက်ကရိယာ တွေကို စတင်ရုပ်လုံးပေါ်လာအောင်လုပ်ပေးခဲ့သူကိုပြပါဆိုရင် Iowa State University (အိုင်အိုဝါတက္ကသိုလ်) က ရူပဗေဒ ပညာရှင် ပါမောက္ခ John V. Atanasoff (ဂျွန် ဗီ အာတာနာဆော့ဖ်) ဖြစ်ပါတယ်။ (အခုသူ့ကို ဆက်မိတ်ဆက်ပေးပါ့မယ်။)

နှစ်များစွာ ဂျွန် အာတာနာဆော့ဖ်ဟာ ဓါတ်ပြားဟောင်းကြီးကိုဖွင့်ခဲ့ပါတယ်လို့ ဆိုတယ်။ သူက (ရှေ့ကလူတွေ အော်ခဲ့သ လိုပဲ) ကွန်ပြူတာစက်ပစ္စည်းကို တည်ဆောက်မယ်တဲ့။ ကျောင်းသားတွေအတွက်တဲ့။ ကျောင်းသားတွေဟာ အသုံးမကျတဲ့ အတွက်အချက်တွေမှာ အချိန်ကုန်နေတယ်တဲ့။ တကယ်စဉ်းစားတာကျ မရှိဘူးတဲ့။  သူတကယ်သင်ကြားပို့ချတဲ့အခါ သူက တွက်ချက်မူ တွေကို သိပ်အချိန်မပေးဘူး။ ပုစ္ဆာကိုပဲ အဓိကထားသတဲ့။  ၁၉၃၇ ခုနှစ်ရဲ့ အလွန်အေးချမ်းတဲ့ဆောင်းတွင်းကာလ ညတညမှာတော့ သူသည်းငြီးမခံတော့ဘူးတဲ့။ သူတကယ့်ကို အဲသည်ကိစ္စကို လေးလေးနက်နက် စဉ်းစားတော့တာပဲတဲ့။

အဲသည်စိတ်ကူးလေး ပေါ်လာတာနဲ့တင် သူက အိုင်အိုဝါက အန်မ် ဆိုတဲ့ဒေသဆီကို ဦးတည်ဖို့  ကားပေါ်ကို ရုတ်တရက် ခုန်တက်ပီး အရှေ့ဘက်ကို တနာရီ မိုင်၈၀ နှုန်းနဲ့ အပြည့်မောင်းသွားသတဲ့။ ၃ နာရီလောက်ကြာတော့ မစ်စ်စပီမြစ်ကို ဖြတ် ပြီး အီလီနွားစ်မြို့ဆီကို ဆက်တယ်။ လမ်းပေါ်က အိမ်တအိမ်မှာ တထောက်နားတယ်။ သူကိုယ်တွင်းနွေးသွားအောင် လုပ်တယ်။ အဲသည်လို သူ့လက်တွေ ခြေတွေ အနွေးဓါတ်ရအောင်လုပ်ရင်းကနေ ကွန်ပြူတာအလုပ်ကြီးတစ်ခုကို လုပ်ဖို့ တော်တော်ကြီးကို အန္တရာယ်များတဲ့ အကြံ ၄ ခု ရလာပါသတဲ့။

ပထမတစ်ခုက George Stibitz (ဂျော့ စတီဘစ်) (သူက သချာ်အင်ဂျင်နီယာပါ။ သူ့အကြောင်း သူ့ဆားကစ်တွေအကြောင်း အရင်လက မိတ်ဆက်ပေးပီးပါပီ) အဲဒီလူနဲ့ သူ့အဖွဲ့သားတွေ လွတ်လွတ်လပ်လပ် လုပ်နေကြတဲ့ ဓါတ်ခွဲခန်းမှာ အာတာနာ ဆော့ဖ် က သူ့ရဲ့တွက်ချက်မူနည်းပညာကို ဘိုင်နရီစနစ် (binary စနစ်အကြောင်း ရှေ့မှာ ရှင်းခဲ့ပီးပီ။ အခြေ၂ နဲ့ပဲ စဉ်းစားတဲ့ သချာၤနည်းပညာ ဆိုပါတော့။) နဲ့ပဲလုပ်ဖို့ ဆုံးဖြတ်တယ်။ ဒုတိယက ပြွန်ချောင်းတွေနဲ့ပဲ ဆက်ချီတက်ဖို့ အလုပ်လုပ်ဖို့ ဆုံးဖြတ်တယ်။ သူက ပြွန်ချောင်းတွေဟာ လောင်တတ်တယ်ဆိုတဲ့ ပြဿနာကို ကောင်းကောင်းသိထားပေမယ့် သူက မြန်မြန်အလုပ်ဖြစ်ဖို့ကိုပဲ ဦးစားပေးတယ်။ တတိယက ကွန်ပြူတာတွေနဲ့ တွက်ချက်နေရာမှာ ကိန်းဂဏန်းကြီးကြီးဆီကို တရွေ့ရွေ့သွားတဲ့ တဆင့်ပြီးတဆင့်ဆိုတဲ့ပုံစံကို သွေဖီပီး တခြားဘက် တခြားနည်းလမ်းကနေ သွားမယ်လို့ဆိုတယ်။ စတုတ္ထကတော့ သည်နေရာမှာ ယနေ့ခေတ်သိထားတဲ့ Memory (မန်မိုရီ) (မှတ်ဉာဏ်လို့ အဓိပ္ပါယ်ဖော်ပါတယ်။ ကွန်ပြူတာ မှာသုံးတဲ့ မန်မိုရီကဒ်တို့လိုပဲ နည်းပညာတစ်ခုဆိုပါတော့) ဆိုတဲ့ အတွင်းပိုင်းနည်းပညာကို လျှပ်စစ်ပုံစံနဲ့ရော ဘိုင်နရီစနစ်နဲ့ပါ သွားကြည့်မယ်။

အာတာနာဆော့ဖ်က အလုပ်ဆက်လုပ်တယ်။ ၁၉၃၉ ခုနှစ်မှာ သူ့ဒီဇိုင်းရပီဆိုတော့ ထုံးစံအတိုင်း ပိုက်ဆံလိုပြီ။ ၁၉၄၁ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ သူ့တပည့် Clifford Berry (ကလစ်ဖို့ ဘယ်ရီ) ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အတူ စက်ပစ္စည်းကို လည်ပတ်စေကာ အလုပ်လုပ်ကြတယ်။ အဲသည်ကွန်ပြူတာကို Atanasoff-Berry Computer (ABC) (အာတာနာဆော့ဖ်-ဘယ်ရီ ကွန်ပြူတာ) (အေဘီစီ) လို့နောက်ပိုင်းမှာတော့ခေါ်ဝေါ်ခဲ့ကြသတဲ့။ အရွယ်အစားက အတော်သေးတယ်။ ရုံးသုံးစားပွဲ လောက်ပဲ ရှိတယ်။ (အခုခေတ်ကွန်ပြူတာတွေနဲ့မယှဉ်နဲ့ပေါ့။ အဲသည်ခေတ်က ကွန်ပြူတာစက်ဆိုတာ အခန်းတစ်ခန်းစာ အပြည့်ရှိတယ်လေ။ သည်တော့ စားပွဲတစ်လုံးလောက်ဆိုတာ တော်တော်သေးတဲ့ထဲ ပါတာပေါ့။) ပြွန်ချောင်း ၃၀၀ (သုံးရာ) ပါတယ်၊ အချက်အလက်သိုမှီးတဲ့ စက်ပါတယ်။ လည်ပတ်နေတဲ့ဒရမ်လို အရာလည်းပါတယ်။ ဒါ့အပြင် အိုင်ဘီအမ်စတိုင်လို့ ယနေ့ခေတ်ဟောင်းကွန်ပြူတာတွေလို ကဒ်တွေဖတ်တဲ့ အချက်အလက်ယူနစ်တွေပါတယ်။ ပြောရရင် အေဘီစီကွန်ပြူတာဟာ အမှားမပါပဲ တော်တော်အလုပ်လုပ်နိုင်ပါတယ်။

အာတာနာဆော့ဖ် က သည့်ထက် ပိုကောင်းတဲ့ တီထွင်မူတော့ မလုပ်ခဲ့ဘူး။ သိပ်မကြာခင်မှာ အမေရိကန်ပြည်ထောင်စုက စစ်ထဲဝင်ဆင်နွဲတယ်။ ၁၉၄၁ ဒီဇင်ဘာ။ သူကဝါရှင်တန်ဒီစီက နာဗာဓါတ်ခွဲခန်းကို သွားတယ်။ အဲသည်မှာ မြေမြုပ်ဗုံးဆိုင်ရာ စမ်းသပ်မူတွေ လုပ်ခဲ့တယ်။ အဲသည်ကနေ သူက ကွန်ပြူတာတွေဆီ ပြန်မသွားတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့အမည်ဟာ အေဘီစီ (ကွန်ပြူတာ) ကို စတင်မိတ်ဆက်ပေးတဲ့ လျှပ်စစ်ကွန်ပြူတာအပြည့်ကို ပြပေးခဲ့တဲ့ ပထမဦးဆုံးလူသားတစ်ဦးပေါ့။ သူလုပ်ခဲ့သမျှတွေထဲမှာ အခု ကွန်ပြူတာနည်းပညာ တော်လှမ်းရေးခြေလှမ်းကို ချပြလိုက်တာလေးကို အခုဆွဲထုတ်ပြလိုက် တာပါပဲ။

ဂျူနီယာဝင်း

Wednesday, August 21, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ဝီနာ ထုတ်ပြသော ခေါင်းစဉ်များ ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(8)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(8)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ဝီနာ ထုတ်ပြသော ခေါင်းစဉ်များ

(အတွေးအမြင် သြဂုတ်လ ၂၀၁၉ )
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉



(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့ စာအုပ်မှာ ကြော်ငြာထားပါတယ်။)

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိ်ုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener ( နော်ဘတ် ဝီနာ ) က ကွန်ပြူတာခေတ်ကို သွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက တစ်ခု အကြောင်း အခုဆက်ပါ့မယ်။ မက်စချူးဆက်တက္ကသိုလ်က Claude Shannon (ကလော့ ရှနွန်) အကြောငး်တွေ ပြန်ပါလာပါ့မယ်။ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

သင်္ချာကိန်းဂဏာန်းတွေကနေ သုညနဲ့တစ်ပဲပါတဲ့ အခြေနှစ်ခု ဘိုင်နရီသင်္ချာ (Binary) စနစ်ဆီသို့

1 အခြေ (တစ်) တွေ နဲ့ 0 (သုည) တွေ ကြီးပဲပါတဲ့ ဘိုင်နရီစနစ် ကို ရွေးချယ်မူဟာ ၁၉၃၀ခုနှစ်တွေတုနး်ကတော့ လွယ်ကူတဲ့ ရွေးချယ်မူ မဟုတ်ပါဘူး။ လူတွေက လက်နှစ်ဖက်ကို မြှောက်ပီး တွက်ချက်နေခဲ့ကြတာပါ။ (ဆိုလိုတာက လက်ဆယ်ချောင်းနဲ့တွက်ချက်နေကြတာ ကိုပြောတာပါ ) အဲဒါကို အခြေတစ်ဆယ်နဲ့ တွက်ချက်မူလို့ ခေါ်ပါတယ်။ ရှနွန်က သူ့ရဲ့ လ ျှပ်စစ်ပတ်လမ်းတွေကို အဲဒါကနေပီး ဘိုင်နရီစနစ်နဲ့ စဉ်းစားပြလိုက်တာပါ။ ခလုပ်ကို ဖွင့်တယ် ပိတ်တယ် အဲဒါဟာ အခြေ သုညနဲ့ တစ်ပဲပါတဲ့ စနစ်။

၁၉၃၇ခုနှစ် နိုဝင်ဘာလ လောက်မှာ သင်္ချာအင်ဂျင်နီယာ လူငယ်လေးတစ်ယောက် George Stibitz (ဂျော့ စတီဘစ် ) ကိုနယူးယောက်က ဘဲလ် တယ်လီကုမဏီဓါတ်ခွဲခန်းကနေ အလုပ်တစ်ခု အပ်တယ်။ သူက တယ်လီဖုန်းစနစ်တစ်ခုကို လေ့လာသုံးသပ်တယ်၊ လုပ်ငန်းစဉ်တွေကို ချကြည့်တယ်။ သူစဉ်းစားတဲ့ပုံစံတွေက ကွန်ပြူတာစနစ်တစ်ခုအတွက် ခြေလှမ်းတစ်ခုကို လှမ်းဖို့ဖြစ်လာတယ်တဲ့။ သူက ရှနွန်ရဲ့ Circuit (ဆားကစ် - လ ျှပ်စီးပတ်လမ်း) တွေအကြောင်း နားမလည်ပါဘူး။ ဒါပေမယ့် ခလုပ်ဖွင့်-ပိတ်၊ မှန်-မှား၊ ဟုတ်-မဟုတ်၊ ဆိုတဲ့ သုညနဲ့ တစ် ပဲပါတဲ့ စနစ်ကိုတော့ ချက်ချင်းကြီးကို မြင်တယ်တဲ့။ သူက မီးခလုပ်ဖွင့်-ပိတ်တာအပြင် တခြားသော လုပ်ငနး်စဉ်တွေကို လုပ်ဖို့ အကြံတွေရလာလိုက်တာ သူ့အိမ်က မီးဖိုချောင်မှာတောင် လ ျှပ်စစ်ပတ်လမ်းတွေပါတဲ့ ဆားကစ် စနစ်တစ်ခုကို တပ်ဆင်လိုက်နိုင်တယ် ဆိုပဲ။

စတိဘစ် က လ ျှပ်စစ်ပတ်လမ်းတစ်ခုကို ရိုးရိုးရှင်းရှင်းလေး တည်ဆောက်လိုက်တယ်။ ပြီးတော့ ခလုပ်ကို အောက်ကို ဖိတယ်ဆိုတာကို ဝမ်း 1 ၊ လက်ကို ပြန်လွှတ်လိုက်တာကို ဇီးရိုး 0 လို့ ဘိုင်နရီစနစ်နဲ့ အလုပ်လုပ်တယ်။ ဆိုတော့ကာ 1 ဖွင့်တယ်၊ 0 ကပိတ်တယ်ပေါ့။ အဲဒါကို ရိုးရှင်းတယ်လို့ ခေါ်မလား မခေါ်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ အဲဒါနဲ့ အလုပ်ဖြစ်သွားတယ်။ တခါ 1+1 ဆိုတဲ့သဘောတရားအရ နှစ်ခါ နှိတ် လိုက်တယ်ဆိုတာက မီးခလုပ်က ဖွင့်ပီး ပြန်ပိတ်သွားပါတယ် (တဲ့)။ ဒါကြောင့် အဲဒါက 1+0 နဲ့သွားတူနေပါတယ် (တဲ့)။ ဒါက ရိုးရိုးဒစ်ဂျစ်တယ်နံပါတ် 2 နဲ့လည်း တူနေပါတယ် (တဲ့)။ ရှနွန်က သူ့သီအိုရီနဲ့ အောင်မြင်ခဲ့တာကို စတီဗစ်က ဒါကို ကွန်ပြူတာ (ဟာ့ဝဲလ်)hardware အတွက် ပုံစံသစ်တစ်ခု ဖော်ဆောင်လိုက်ပါတယ်။ (ဟာ့ဝဲလ် ဆိုတာကွန်ပြူတာ စက်ပိုင်းဆိုင်ရာ အကြမ်းစားနည်းပညာပေါ့လေ)

နောက်တနေ့မနက်မှာ သူ (စတီဘစ်) က သူလုပ်ထားတဲ့ ဆားကစ် (လျပ်စစ်ပတ်လမ်း)ကို ဘဲလ် ဓါတ်ခွဲခန်းမှာ သူ့အဖော်တွေကို ချပြခဲ့တယ်။ ပြောရရင်တော့ အပျော်လုပ်ပြလိုက်တာပေမယ့် အဲဒါက လူတိုင်း အံ့သြမင်သက်သွားပါတယ်။ စတီဗစ်အတွက်တော့ အဲဒါက ကစားစရာလေးလိုပါ။ ဒါပေမယ့် ဒါဟာ တကယ် ့ကို ထူးဆန်တဲ့ ကစားစရာဖြစ်သွားတယ်။ သည်တော့ ဒါကို သည်လိုပဲ ထားထားလို့ ဘယ်ဖြစ်ပါ့မလဲ။ စတီဘစ်က အဲသည ်ဘိုင်နရီစနစ်ကို ပေါင်းနှူတ်မြှောက်စားကို ပါ လုပ်ပြဖို့ ဘိုင်နရီဆားကစ်ကို ဆက်သွားပါတယ်။ သည်တော့ အခြေနှစ်နဲ့ စဉ်းစားထားတာထဲနဲ့ ဘိုင်နရီစနစ်က တကယ်ပဲ အလုပ်ဖြစ်လာပီလားဆိုတာက ဆက်လက်စောင့်ကြည့်ရမှာပါ။ ရိုးရိုး အခြေခံ ဆယ် စနစ်ကနေ ဘိုင်နရီ နှစ် စနစ်ဆီကို ပြောင်းပစ်ဖို့ ဆားကစ်တစ်ခုက လိုအပ်လာပါပီ။

သိ်ပ်မကြာခင်မှာ စတီဘစ် ဟာသူ့ရဲ့မူလပထမ တာဝန်ဆိုတာကို တောင် မေ့သွားတယ်။ ဘဲလ် ဓါတ်ခွဲခန်းကို ရောက်လာတဲ့ သူ့ရဲ့ဆားကစ်ဟာ ကလေးကစားစရာထက် ပိုတယ်ဆိုတာ သိသာလာတယ်။ ၁၉၃၈ အစောပိုင်းကာလမှာ သူ့ဆရာက သင်္ချာပုစ္ဆာတွေကို ဖြေရှင်းဖို့ calculator ကယ်ကူလေတာ လေးတစ်လုံး (ဂဏာန်းတွက်စက်) တည်ဆောက်ခိုင်းလိုက်တယ်။ အဲသည်မှာ Imaginary (အင်မဂျင်နရီ)ကိန်းဂဏာန်းတွေရော၊ Complex ကွန်ပလက်စ် ကိန်းဂဏာန်းတွေရော ပါ ပါနိုင်မလားတဲ့။ (အင်မဂျင်နရီ ဆိုတာ ကွန်ပလက်စ်ကိန်းတွေတွက်ချက်ရင် သုံးရတဲ့ ကိန်းတွေလို့ပဲ ဆိုကြပါစို့) (ကွန်ပလက်စ် နံပါတ်တွေဆိုတာ -1 ကို နှစ်ထပ်ကိန်းရှာတဲ့ ကိန်းတွေကို ပြောတာပါ။) အဲဒါက အမှန်ပြောရရင် AT&T (American Telephones & Telegraphs - အမေရိကန် ကြေးနန်းနဲ့တယ်လီဖုန်းဆက်သွယ်ရေး) က ဆွဲထားတဲ့ဒီဇိုင်းစနစ်ပုံစံမျိူးပေါ့။ သူတို့ကတော့ လိုင်းတွေဆွဲပီး အကွာအဝေး ရှာပြီး ဖြေရှင်းကြတာပါ။ ဘဲလ် ရဲ့ကွန်ပြူတာဒီဇိုင်းက တဲ့၊ မိန်းကလေးအဖွဲ့ဝင်တွေက ကွန်ပလက်စ် ကိန်းတွေကို ပေါငး်နှူတ်မြှောာက်စားတွေကို စားပွဲတင် ကယ်ကူလေတာလေးတွေနဲ့ တွက်ချက်ပေးကြမှာဖြစ်ပါတယ် တဲ့။ (သူက ကောင်မလေးတွေ လည်း သူတို့အလုပ်တွေမှာ ပါဝင်ကူညီလို့ရအောင် စဉ်းစားထားပေးတဲ့သဘောပါ။)

စတီဘစ်က Samuel B. Williams (ဆယ်မြူရယ် ဘီ ဝီလီယမ်) ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ အလုပ်တွဲလုပ်ပါတယ်။ သူတို့ရဲ့ရလဒ်က ၁၉၃၉ ခုနှစ် အောက်တိုဘာမှာ ထွက်လာပါတယ်။ Complex Computer ကွန်ပလက်စ်ကွန်ပြူတာ အတွက် ဒေါ်လာ ၂သောင်းတော့ အသက်အောင့်ပီး ပေးရပါတယ်တဲ့။ သူက ဆက်သွယ်ချက်ပေါင်း ၄၅၀၊ စက်ကရိယာ ၃မျိူးနဲ့ အစအဆုံး ပရင့်လုပ်ပီး အဖြေထုတ်ပေးမှာပါတဲ့။ ပြောရရင်တော့ ၁၉၃၉ ခုနှစ် စံနှူနး်တိုင်အောင် သိပ်အမြန်ကြီး အလုပ်မလုပ်နိုင်သေးပါဘူး။ ကိန်းဂဏာန်း ၈ လုံးတွဲ နှစ်တွဲကို မြှောက်တဲ့အဖြေတစ်ခုရဖို့ ၁ မိနစ်ကြာပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်နော်။ ၁၉၄၀ ခုနှစ် နွေရာသီမှာ ဘဲလ်ဓတ်ခွဲခန်းမှာ နောက်ဆုံးပေါ်ပညာနဲ့ အလုပ်လုပ်နေပီ (အဲဒါ စက်ကို ပြောတာပါ။) စက်တင်ဘာလမှာ ကွန်ပလက်စ် ကွန်ပြူတာကို လူထုရှေ့ ချပြဖို့ American Mathematical Society (အမေရိကန် သင်္ချာအဖွဲ့အစည်း) ကနေ အစည်းအဝေးစခေါ်ပါတယ်။ New Hampshire နယူးဟန်ရှရီ က Hanover ဟန်နိုဗာအရပ်မှာရှိတဲ့ Dartmouth College ဒါမောက်ကောလိပ်မှာ လုပ်ပါတယ်။

အဲဒါ ဘယ်လောက်ထိ သင်္ချာပညာရှင်တွေ တက်ရောက်ပြီး အထင်ကြီးခံရသလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ ကွန်ပလက်စ် ကွန်ပြူတာ ကိုယ်တိုင်ကိုက ကမ္ဘာ့ကွန်ပြူတာ ကွန်ယက်ကို စတင် ခြေချပြတာလည်း ဖြစ်နေပါတယ်။ “ဝီလီယမ် က ကိန်းဂဏာန်းအမှတ်အသားတွေနဲ့ ကြေးနန်းအချက်ပြ အမှတ်အသားတွေပါတဲ့ ပုံစံကို ဒီဇိုင်းဆွဲပြထားတာဖြစ်တယ်။“ လို့ နယူးယောက်က ကြေးနနး်အချက်ပြဆိုင်ရာ ပြသနာတွေ ဖြေရှင်းဖို့ ဖွဲ့စည်းတဲ့ အဖွဲ့ တစ်ခုမှာ တက်ရောက်ခဲ့တဲ့ သူတွေက ပြောခဲ့ကြဖူးပါတယ်။ ပြောရရင် ဝေဖန်မူတွေ များခဲ့ဖူးတယ်ပေါ့။

အခု သည်တွေ့ဆုံပွဲမှာတော့ ကွန်ပလက်ကွန်ပြူတာက ဟစ် ဖြစ်ခဲ့ပါတယ်။ နော်ဘတ်ဝီနာ ကတောင် ဒါကို နည်းနည်း မြင်တတ်လာတယ်တဲ့။ သူက အဲသည် ကြေးနန်းလိုဟာပုံစံနဲ့ အချိန်ဖြုန်းလိုက်သေးတယ်တဲ့။ အဲသည်နောက်တော့ သူက ဒါကို 0 (သုည) ဆိုတဲ့ကိန်းတစ်ခုတည်းနဲ့ အဝေးထိန်းကရိယာကို လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ စတီဘစ်နဲ့ ဝီလီယမ် တို့ကတောင် ဒါကို မဖြစ်နိုင်ဘူးလို့ ဆန့်ကျင်ကြသေးတယ်။ ဝီနာကတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဘိုင်နရီသင်္ချာသဘောတရား (သုညနဲ့တစ် ပဲပါတဲ့ သင်္ချာ) ဟာ အနာဂတ်ရဲ့တွက်ချက်မူ ဖြစ်လာမယ်လို့ သေချာပေါက် ပြောပြခဲ့တယ်။ အမှန်ပါပဲ သူက လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannwvar Bush (ဗန်နာဗာဘွတ်ချ်) ဆီကို အဲသည် ဆွေးနွေးပဲရလဒ်တွေကိုရော၊ ဆွေးနွေးတာတွေကိုပါ ပေးပို့ပီး သူ့ယုံကြည်မူကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။

(နောက်လကျ နောက်ခေါင်းစဉ်တစ်ခု အကြောင်းဆက်ပါ့မယ်။)
ဂျူနီယာဝင်း

Tuesday, July 9, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (7)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(7)


(အတွေးအမြင် ဇူလိုင် ၂၀၁၉)



(Claude Shannon)


မိုးမခ၊ ဇူလိုင် ၆၊ ၂၀၁၉










(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး ဖြစ်ပါတယ်။ Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် အ ကြောင်းဆိုပေမယ့် နည်းပညာရှင်တွေ အ ကြောင်းတွေ ပါဝင်ပါတယ်။ အရင်လက လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) နည်းပညာခေတ်တစ်ခုကို ပြောင်းလဲပေးမယ့် စာတမ်း တစ်ခုအကြောင်း ကအရင်လမှာ မိတ်ဆက်ထားပါတယ်။ အခုလမှာတော့ The Dream Machine မှ အခန်း ၂ The Last Transition မှ Memo of Vannevar Bush (ဘွတ်ချ် ထံကို ပေးပို့လိုက်သော အဲသည် စာတမ်းတစ်စောင် အပိုင်း) ကို ဆက်လက် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)




အမှန်တာ့ ဘွတ်ချ် က ဘွဲ့ရ ခေတ်ပညာတတ် ထက်မြက်တဲ့ လျှပ်စစ်အင်ဂျင်နီယာ လူငယ် တစ်ယောက်၊ သူ့ရဲ့ အမ်အိုင်တီ(MIT) (Massachusetts Institute of Technology) (မက်စ်က်ချူးစက် စက်မူတက္ကသိုလ်) မှာ မာစတာ ဒီဂရီတက်မယ့် အလုပ်လုပ်ဖို့ ဝန်မလေးတဲ့ သူကိုရှာနေတယ်။ Rockefeller Analyzer (ရော့ကာဖယ်လာအနာလိုက်ဇာ) ဓတ်ခွဲခန်း အသစ် မှာ တခြားသော လုပ်ငန်းစဉ်တွေနဲ့ သူလည်း တော်တော်အလုပ်များနေတယ် ။




ဘွတ်ချ် ရဲ့ အကြံတွေကို တကယ်အကောင်အထည်ဖော်ဖြစ်ဖို့ ဖြစ်လာဖို့ မူရင်းမူလပထမ Differential Analyzer (ဒစ်ဖရင်ရှယ် အနာလိုက်ဇာ) ကို ပြုပြင်ရန်ဆိုပီး သိပ္ဗံပညာရှင်တွေ ဖိတ်ခေါ်တယ် ပြသနာတွေကို စက်ထဲထည့်ပီး ကွင်းဆင်းကြတယ်ပေါ့။ ဒီတော့ ၁၉၃၆ခုနှစ်နွေဦးရာသီမှာ တတိုင်းပြည်လုံးဆီက တက္ကသိုလ် ကောလိပ်တွေဆီကို သူက ကြော်ငြာ ပို့စကပ်တွေ လှမ်းပို့တယ်။ သူပို့တဲ့ကဒ်ကလေးက မီချီကန်တက္ကသိုလ်က လူငယ်လေးတစ်ယောက်ဆီ ကိုရောက်သွားတယ်။ သူက အသက်က ၂၀ ဝန်းကျင်၊ ရှက်တတ်ပြီး ပိန်ပိန်ပါးပါးနဲ့ နားရွက်ကားကား၊ ဆံပင်နက်နက်၊ ပြုံးစစမျက်နှာလေးနဲ့တဲ့။ သူ့နံမယ်က Claude Shannon (ကလော့ ရှနွန် )။ (ရှေ့က ဆောင်းပါးများမှာ ရော့ကာဖက်လာ အင်နာလိုက်ဇာ နဲ့ ဒစ်ဖရင်ရှယ်တို့အကြောင်း ရှင်းပီးဖြစ်လို့ ထပ်မရှင်းတော့ပါ။ ထပ်ရှင်းလည်း သိပ်မထူးပါဘူး ။ သည်အတိုင်း ပဲ ဆက်ဖတ်တာပေါ့။)







ရှနွန်ရဲ့အမြင်တွေကို ကြည့်ရအောင်။

ဘွတ်ချ် ရဲ့ ပို့စကဒ် သူ့လက်ထဲ မရောက်သေးခင်ဆိုပါတော့။ သူဘွဲ့ယူရမယ့်နေ့ နီးလာပီ (မာစတာဘွဲ့လို့ ထင်တာပဲ) ။ သူက ကျောင်းပဲဆက်တက်မလား၊ အလုပ်ထွက်လုပ်တော့မလား ဆိုတဲ့ ဆုံးဖြတ်ချက် ၂ခု လွန်ဆွဲနေတဲ့ ကာလပေါ့။ နှစ်ခုစလုံးလည်း လုပ်လို့မရဘူး။ သူက အိုမီနီ ဆိုတဲ့ မဂ္ဂဇင်း မှာ ၁၉၈၇ တုန်းက အင်တာဗျူးဖြေခဲ့ဖူးတာကို အမှတ်ရနေတယ်။ ဖြည့်ပြောရရင် မီချီကန်အရပ်က ဂေလွန်ဆိုတဲ့ သူ့မွေးရပ်မြေမှာတုန်းက လေယျဉ်ပျံမော်ဒယ်တွေနဲ့ ရေဒီယိုဆားကစ် (circus) (လျပ်စစ်ပတ်လမ်းများ) တွေ ကြားထဲ အလုပ်များနေတဲ့ ကောင်ကလေး တစ်ယောက်။ “ကျွန်တော်က ဘာမှန်းမသိတဲ့အရာတွေကို ဆက်စပ်ပီး ဆောက်လုပ်ရတဲ့အလုပ်ကို စိတ်ဝင်စားတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ လျှပ်စစ်ဘက်ကို ကူးသွားတယ်။“ လို့ ဆိုတယ်။




ဒီတော့ ဟော အခုသူက ဒစ်ဖရင်ရှယ်အနာလိုက်ဇာ ဘက်ကို စိတ်ပါနေတယ်ပေါ့။ “အဓိက အားဖြင့်တော့ စက်ပစ္စည်းက အပြားတွေရယ်၊ လည်ပတ်နေတဲ့အရာတွေ နဲ့ပေါင်းပီး အလုပ်လုပ်နေတယ် ဆိုပါတော့ “ လို့သူက အိုမီနီ ကို သူက ပြောခဲ့တယ်။ “ရှူပ်ထွေးတဲ့ ဆားကစ်တွေနဲ့ အလုပ်လုပ်မယ်။ ဒါတွေကို နားလည်အောင် ကြိုးစားမယ်။ အဲဒါ ကျွန်တော်စိတ်ဝင်စားတာဗျ။”




ရှနွန်က လျှပ်စစ်ပစ္စည်းလိုအရာတွေကို သူ့အလိုလိုအလျောက်လျောက် အောတိုမစ်တစ် သွားနေအောင်လုပ်ချင်တယ်။ သူက circuit (လျှပ်စီးပတ်လမ်း) ဆားကစ်တွနောက်ကို လိုက်တယ်။ ကွာစီသင်္ချာသဘောတရားတို့၊ လောဂျစ်တို့ ဘာတို့နဲ့ တိုးတက်အောင် လုပ်ချင်တယ်။ သူက အဖွင့် အပိတ် ဆိုတဲ့ (ဆိုလိုတာက မီးခလုပ်အဖွင့်အပိတ် သဘောနဲ့တူတာပဲ) သဘောတရားကို သုညရယ် တစ်ရယ် (0 1) နဲ့စဉ်းစားပြနေတယ်။ ဒါက မှားရင်မှားမယ် မှန်ရင်မှန်မယ် တစ်ခုမဟုတ် နောက်တစ်ခု ဆိုတဲ့ အချက်ကို အခြေခံထားတယ်။ (သူက ပြောလိုက်သေးတယ်) “ဆိုကရေးတိသည် လူတစ်ယောက် ဖြစ်သည် “ ဆိုတဲ့အဆိုက မှန်တယ်ဆိုတဲ့ အချက်ကို ချပြတယ်။ တဖန် “လသည် အစိမ်းရောက်ချိစ် နဲ့ပြုလုပ်ထားသည်“ ဆိုတဲ့အဆိုက မှားသည် ဆိုတာကိုလည်း စဉ်းစားပြထားတယ်။




ဒိထက်မကပြောရရင်တော့ ရှနွန် က သူသင်ကြားတတ်မြောက်ခဲ့တဲ့ ရူပဗေဒပညာရပ်ကို မမေ့သေးဘူး။ အခြေခံကအစ မှတ်မိနေတယ်။ ဒီတော့ ဆားကစ်တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကို သူက စဉ်းစားတတ်တယ်။ “သို့မဟုတ်“ “တစ်ခုမဟုတ် တစ်ခု“ “ နှစ်ခုပြိုင်တူ “ ဆိုတဲ့ လောဂျစ်တွေကို သူက အသုံးချတတ်တယ်။ သူနဲ့ အိုမနီ န့ ဲ အလုပ်တွဲလုပ်တုန်းက အချိန်တွေတော်တော်များများ ကုန်လွန်ခဲ့ရာမှာ အကျိူးတွေ ရှိခဲ့တယ်ပေါ့။ “တကယ်ပဲ တီထွင်ဖန်တီးမူတွေ ရှိခဲ့တယ်“ လို့သူက ရှနွန်က ပြောခဲ့ပါတယ်။




“သင်္ချာအော်ပရေးရှင်းတွေ အများကြီးလုပ်ပီး လျှပ်စစ်သဘောတရားတွေကို နားလည်အောင် လုပ်ရပါတယ်။ အစုသီအိုရီတွေကနေ ဆားကစ်တွေဆီကို ကူးရပါတယ်။ ဒီလိုနဲ့ သုညနဲ့ တစ် တွေကြီးပဲပါတဲ့ အော်ပရေးရှင်း ဘိုင်နိုမီရယ် အော်ပရေးရှင်း (Binomial Operation အဲဒါသင်္ချာသဘောတရားပါ။) ဆီကို သွားတယ်ပေါ့“ လို့ သူက ဆက်ပြောပြတယ်။ ဒါ့အပြင်ကို သူ က ဆက်ရှင်းပြသေးတယ်။ “အကယ်၍ X နံပါတ်က Y ဆိုတဲ့ နံပါတ်နဲ့တူတယ် ဆိုပါတော့။ ဒါဆိုရင် P,Q နဲ့ R ဆိုတဲ့ အော်ပရေးရှင်းကို လုပ်ပါမယ်။“ လို့သူက အဲသည် အချက်ကို ဆက်ပြောတယ်။ သည်ကနေ စီးရီးတွေ တည်ဆောက်ပြတယ်။ သည်နေရာမှာ လူတိုင်းနားလည်မယ့် အပေါင်း အနှူတ် အမြှောက် အစားတွေနဲ့ စက်ထဲမှာ တွက်ချက်ပြရာကနေ ဘယ်ဆားကစ်ကို ယူမလဲ လို့ ဆုံးဖြတ်ပါ့မယ်တဲ့။ (အဲ…ဘာတွေလဲတော့မသိဘူး ။ စာဖတ်သူလည်း သည်လိုပဲ ဖတ်သွားလိုက်ပေါ့။ သင်္ချာဘာသာရပ်က ကွန်ပြူတာမှာ ဘယ်လောက် အရေးပါလဲ ဆိုတာတော့ တွေ့ရပါတယ်။) (ကွန်ပြူတာခေတ်ကို မကူးခင် စပ်ကူးမတ်ကူးမှာ သူတို့တွေ ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာလေး ပေါ်ရင် တော်ပါပီ)




အခုဆို အနှစ် ၆၀ ကြာပီ (တဲ့)။ အခုထိကို အဲသည်ကနေမတက်သေးပါဘူး။ ရှနွန်က အခုထက်ထိ ကွန်ပြူတာဆီကို ကူးဖို့အရေး ဘယ်ဆားကစ်ကို ရွေးရမယ်ဆိုတာ မသိသေးပါဘူး။ A ရယ် B ရယ် C ရယ်ကနေ လုံးချာလိုက်နေတုနး်ပါပဲ။ ပရိုကရမ်တွေလည်း ဆွဲလိုက်ရတာတဲ့။ ဒါပေမယ့် သည်နေရာမှာ ဖြတ်ပြောရရင်တော့တဲ့ ကလောက်ရှနွန် (ရှနွန်ရဲ့ နံမယ် အရှည်ပါ) ဟာ သီအိုရီပိ်ုင်းဆိုင်ရာမှာတော့ တော်တော်လေး ရှေ့ရောက်နေပါပီလို့ ပြောရမှာပါ။ ကွန်ပြူတာဒီဇိုင်း အုတ်မြစ်ကြီးအတွက် သူက ပုံတော့ ထွက်လာပီလို့ ဆိုတယ်။ ရှနွန်ရဲ့ ပညာလို့ဆိုရမယ့် မိုက်ကရိုဒီဇိုင်းတစ်ခုဟာ သူ့ကြောင့် အချိန်တွေ မလင့်ပဲ အဆင်သင့် ရှိနေခဲ့တယ်လို့ ပြောရမှာပါ။




ဟုတ်တယ်လေ ၁၉၃၇ခုနှစ် မှာ သည်လို စိတ်ကူးမျိူး ဗန်နာဗာဘွတ်ချ် တောင် သတိမထားမိခဲ့သေးဘူး။ အမှန်အတိုင်းပြောရရင် ရှနွန်ရဲ့ လုပ်ခဲ့တာက အသေးအမွှားလေးပါ။ အဲသည် ရှက်တတ်တဲ့ မီချီကန်က ကောင်ကလေးက ဒီလိုနက်နဲတဲ့ အရာလေးတစ်ခုရဲ့ပိုင်ရှင် လေးပေါ့လို့ ဝီနာက ဆိုခဲ့ပါတယ်။ ဘွတ်ချ်က သူ့ကို အဆင့်မြင့် လုပ်ငန်းစဉ်ထဲ အဖွဲ့ဝင်အဖြစ် ထည့်ခဲ့တယ်။ အမ်အိုင်တီမှာတော့ သီအိုရီအရ တည်ဆောက်ထားတဲ့ အန်နာလော့ကွန်ပြူတာက ရုန်းကန်နေရဆဲပဲ။ ရှနွန်ရဲ့ဆားကစ်တွေနဲ့ ပေါင်းခဲ့တာတောင် နှေးနေသေးတယ်။ ဘွတ်ချ်ရဲ့ အားပေးမူကြောင့် ရှနွန်ဟာ ဒေါက်တာဘွဲ့အတွက် ကျောင်းဆက်တက်ခဲ့ပါတယ်။ တကမ္ဘာလုံး အမေရိကအပါအဝင်ပေါ့လေ လူတိုင်းက အတွက်အချက်ပိုင်းဆိုင်ရာမှာ အပြိုင်အဆိုင် လုံးပန်းလျက်ရှိနေကြပါတယ်။ အားလုံးရဲ့ ရည်မှန်းချက်က ဝီနာ ရေးဆွဲထားတဲ့ ခေါင်းစဉ်တွေ အပေါ်မှာ ဝဲပျံနေကြတယ်ပေါ့။




ဂျူနီယာဝင်း

Saturday, June 8, 2019

ဂျူနီယာဝင်း - ခေတ်ကို ပြောင်းလဲပေးခဲ့တဲ့ စာတမ်းတစ်စောင်. - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(6)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(6)

ဂျူနီယာဝင်း - ခေတ်ကို ပြောင်းလဲပေးခဲ့တဲ့ စာတမ်းတစ်စောင်

(အတွေးအမြင် ၃၂၁။ ဇွန် ၂၀၁၉ )(မိုးမခ) ဇွန် ၄၊ ၂၀၁၉






Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်)


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ အခန်း ၂ The Last Transition မှ Memo of Vannevar Bush (ဘွတ်ချ် ထံကို ပေးပို့လိုက်သော စာတမ်းတစ်စောင် လို့တိုက်ရိုက်ဆိုလို့ရမယ် အပိုင်း) ကို ဘာသာပြန်ထားသည်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။)


(Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ “မစ်ဇူရီကကောင်ကလေး“ အခန်းမှာ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တိုးခဲ့တယ်။ တတိယအပိုင်းမှာ “ငရဲခန်းတဖြစ်လဲ အလုပ်ခန်း“ အခန်းမှာ လစ် ဟာ စစ်အတွင်း သူ့အလုပ်တွေကို မရပ်မနားလုပ်ခဲ့၊ သူအိမ်ထောင်ကျခဲ့၊ နောက်တော့ ပညာရှာတဲ့နေရာမှာ လောဘကြီးကြီးရှာခဲ့တာမှာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) (အမ် အိုင် တီ) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ် ဆိုပီး အဆုံးသတ်ခဲ့တယ်။


နောက်တော့ လစ် ရောက်လာမယ့် အမ်အိုင်တီ မှာ ရောက်နှင့်နေတဲ့ ပညာရှင်တွေ ထဲက မစ်ဇူရီ အရပ်က ကောင်ကလေး တစ်ယောက်ဖြစ်တဲ့ Wiener (ဝီနာ) ရဲ့ အကြောင်းတွေ အများကြီး မိတ်ဆက်ပေးထားတယ်။ ၁၉၂၅ခုနှစ်တွေကတည်းက နေစလို့ ၊ အမ်အိုင်တီမှာ သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်လို့၊ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) နဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ် ဆိုပီး အဆုံးသတ်ထားတယ်။ အရင်လမှာတော့ အမ်အိုင်တီ မှာ ရှိနှင့်နေတဲ့ Norbert Wiener ( နော်ဘတ် ဝီနာ )ဆိုတဲ့သူ တစ်ယောက်ကို မိတ်ဆက်ထားတယ် ။ အခုအဲသည်ရဲ့အဆက်ပါ။)

(အခုလမှာတော့ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) ကိုယ်တိုင်ရေးသား ပြီး လူထုရှေ့ကို ချပြခဲ့တဲ့ နည်းပညာခေတ်တစ်ခုကို ပြောင်းလဲပေးမယ့် စာတမ်း တစ်ခုအကြောင်း ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ကာလ တစ်ခုကို ပုံဖော်ထားတယ်။)

Norbert Wiener ( နော်ဘတ် ဝီနာ ) က အချိန်သိပ်ဆွဲမနေဘူး။ သူက သိနေတယ်လေ။ စစ်ကြောင့် တော်တော်ကြီးမားတဲ့ အပျက်အဆီးတွေ လာတော့မယ်။ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) လောက်တော့ အမှီလိုက်တယ်ပေါ့။ နှစ်တွေနည်းနည်းကြာလာတော့ နာဇီဟာ ဥရောပက ဂျူးတွေကို အိပ်မက်ဆိုးတွေ ပေးလာပီ ဆိုတာကို တွေ့တယ်။ သူဟာ (ဝီနာကိုပြောတာပါ) ညဘက် အိပ်လို့တောင်မပျော်တော့ပဲ စိတ်ရောဂါရလာတာ စိတ်ပညာဆရာဝန်ဆီတောင် အတင်းပို့ခံရတယ်။ ၁၉၃၅- ၃၆လောက်မှာတော့ ဝီနာဟာ ယခုအခါ ပီကင်းလို့ လူအများသိကြတဲ့ ဇင်းဟူရာ တက္ကသိုလ်မှာ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက်ခဲ့ရတဲ့ကာလမှာ သူ့ဘဝရဲ့ အပျော်ဆုံး ဖြစ်ခဲ့တယ်။ ပြောရရင်တော့ အဲဒီအရပ်မှာ ဘာမှအလုပ်မရှိပဲ အချိန်ဖြုန်းခဲ့ရတာပါ။ ဒါပေမယ့် အဲသည်လို ဘာအလုပ်မှမလုပ်ပဲ နေခဲ့ရတဲ့ အဲသည်ကာလ - သူကတော့ ဘာမှမစဉ်းစားပဲနေနေရတဲ့ ကာလ လို့ ပြောတယ်ဗျ - အဲသည်ကာလမှာ သူက တစ်ခုခု လုပ်တယ်ဆိုပါတော့။ ၁၉၄၀ နွေရာသီကာလ ဘွတ်ချ်က ဝီနာ ကို အလုပ်တစ်ခု စလုပ်ဖို့ကမ်းလှမ်းတယ်။ စစ်ကြီးထဲကို ဝင်ဖို့ တိုင်းပြည်၇ဲ့ လိုအပ်ချက်တစ်ခုကို တစ်ထောင့်တစ်နေရာက ဝင်ကြစို့ ဆိုပဲ။ ဝီနာ ကချက်ချင်း အ ဖြေ ပေးလိုက်တယ်။

ဘွတ်ချ် ကွန်ပြူတာတွေ ဆိုပီး သူ့သူငယ်ချင်းတွေကို အကြံစပေးတယ်။ အဲသည်ထဲမှာ နည်းပညာ ဆိုတဲ့အကြောင်းအရာတွေပါတယ်။ ၁၉၄၀ခုနှစ်မှာ အဲဒီအကြောင်းအရာဟာ တကယ်ပဲ လူတွေကြားထဲ ပြောစရာဆိုစရာ ဖြစ်လာတယ်။ ကွန်ပြူတာတွေကို တည်ဆောက်ကြပါစို့တဲ့။ အယ်နာလော့ကွန်ပြူတာ တဲ့၊ ဘိုင်နိုမီရယ် သင်္ချာတဲ့၊ တွက်ချက်မူပညာ တဲ့၊ များပြားတဲ့ ပမာဏတွေကို သိမ်းဆည်းပေးမယ်တဲ့၊ သံလိုက်တိတ်သားတွေနဲ့ အလုပ်လုပ်မှာ တဲ့၊ လျှပ်စစ်နည်းပညာနဲ့ အမြန်နှူန်းမြင့် ဆိုပဲ။ လူတွေက ပရိုဂရမ်တွေဆွဲပြီး ထိန်းချူပ်ပေးမယ် “အဲသည်လို ဟာတွေပါဝင်တဲ့ စက်ပစ္စည်း ဟာ အလုပ်လုပ်နိုင်ပီ ဆိုပါက ယနေ့ယခု သုံးနေတာတွေအားလုံး တကယ်ပဲ အသုံးမဝင်နီးပါး ဖြစ်သွားလိမ့်မယ်“ လို့ ဝီနာ ကဟောကိန်းထုတ်လိုက်ပါတယ်။ (အခုသည်မှာ သုံးထားတဲ့ ဝေါဟာရများဟာ အခုခေတ် မှာတော့ မဆန်းဘူးပေါ့ အဲသည်ခေတ်တုန်းက တော့ တကယ်ကို ဆန်းသစ်နေပါတယ်။)

ဝီနာ က ၁၉၄၀ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ စာမျက်နှာ ၂၀ မျက်နှာပါတဲ့ စာတမ်းတစ်ခုကို ထုတ်ပါတယ်။ ဘွတ်ချ် လက်ထဲ ရောက်သွားပါတယ်။ ဝါရှင်တန်က ရက်စ် ဆိုတဲ့ အဖြေကို မျော်လင့်လျက်နဲ့ပါ။ ဒါပေမယ့် အဖြေ က နိုး လို့ တုန့်ပြန်ပါတယ်။ ဘွတ်ချ် က သှုူ့သူငယ်ချင်းတွေဆီ ကို တကယ်လက်တွေ့ဆန်တဲ့ ပုံစံနဲ့ချည်းကပ်ဖို့ ယဉ်ယဉ်ကျေးကျေးပဲ အကြံပေးတယ်။ “တကယ်လက်တွေ့ဆန်ဆန် ဖြစ်အောင် ပြနိုင်ရမယ်“

ဝီနာ က စက်ပစ္စည်းပုံစံကို အကြမ်း ရေးဆွဲပေးပါတယ်။ တကယ်ပဲ လျှပ်စစ်ဆိုင်ရာ ဒစ်ဂျစ်တယ် ဆိုင်ရာ .. ယနေ့အသုံးပြုနေတဲ့ ကွန်ပြူတာ စက်ပစ္စည်း ပုံကြမ်း နီးပါး ပါပဲလေ။ ဘွတ်ချ် က ဒါကို လက်ခံဖို့ သိပ်မလွယ်သေးဘူး။ အဲသည်ခေတ်မှာ သည်လို စွန့်စားတဲ့အလုပ် ပိုက်ဆံငွေကြေး ပုံအောရမယ့်အလုပ် ။ သည်တော့ ဘယ်လို ဖြစ်မလဲ။

ကဲ… သည်တော့ မျှမျှတတ လုပ်ရအောင်။ ဘွတ်ချ်က ဝီနာ့အတွေးတွေ စိတ်ကူးတွေကို သည်လို လုပ်မယ်။ သူ့ရဲ့ နိုး က လအနည်းကြာရင် ဘာဖြစ်မလဲပေါ့။ သုတေသန အတွက်သုံးရတဲ့ ဒေါ်လာတွေကလည်း ရှားတယ်။ ဘွတ်ချ် အတွက်လည်း ရွေးစရာ သိပ်မရှိတော့ဘူး။ အဲသည်ကာလမှာ လန်ဒန်ကို ဗုံးချတဲ့ဒဏ်၊ ဂျာမန် သင်္ဘောတွေ မြောက်အန္တလန်တိတ်မှာ ပျက်စီးနေတဲ့သတင်းတွေ တက်လာတယ်။ အဲသည်တော့ ရေဒါ တို့၊ အမြောက်ပစ်လက်နက်တွေအတွက် ထိန်းချူပ်မူ စနစ်တို့၊ ရေငုတ်သင်္ဘောတွေအတွက် စစ် ရေးဆိုင်ရာတို့ ဘာတို့က လိုအပ်လာပီ။ အဲသည်တော့ ၁၉၄၁ခုနှစ်မှာ ကွန်ပြူတာဆိုတဲ့ ထိမ်းချူပ်ရေးစနစ်က သိပ်ကို လိုအပ်နေပီ။ ၁၉၄၀ မှာ ကွန်ပြူတာရဲ့ ခေတ်က အဝေးကြီးမှာလို ပြောရပေမယ့် သူ့ကို နည်းစနစ်ကျကျ သုံးဖို့အခြေအနေက ပေးလာပီ လို့ပြောရမယ်။ ဝီနာရဲ့ ကမ်းလှမ်းချက်ဟာ သီအိုရီအရတော့ ဒီဇိုင်း ဆွဲထားတယ်ဆိုသောလည်း သူ့လက်ရာက ကပျက်ကချော်တော့ ဖြစ်နေတယ်။ သူက အင်ဂျင်နီယာ စစ်စစ်တော့ မဟုတ်ဘူးလေ။ ဝီနာ ကိုယ်တိုင်လည်း သူ့ဟာသူ တော့ စိတ်မကောင်းဖြစ် နေပါတယ်။

“ဘွတ်ချ် က ခန့်မှန်းတန်ဖိုးကိုတော့တွက်ထားပေမယ့် ဆောက်လုပ်မယ်ဆိုရင် လိုရင်းတကယ်ရောက်ဖို့ တော်တော်ကြီးကို ရင်းရမှာ“ (ဟုတ်တယ် အဲဒါတော့ မှန်တယ်။ ခန့်မှန်းတန်ဖိုးထက် ၂ ဆ ၃ဆ တော့ ကုန်မှာသေချာတယ်။ အဲသည်အဆိုက အခုခေတ်ထိ မှန်နေတုန်းပါ။)

၁၉၄၀ တုန်းက ဒီဟာကို ချပြခဲ့စဉ်တုန်းကနဲ့ ယှဉ်ရင်တော့ အခု နည်းနည်းတော့ သဘောပေါက် လွယ်တယ်ပေါ့။ အခု ကျွန်တော်တို့က “ကွန်ပြူတာ“ ဆိုတဲ့စကားလုံးနဲ့ ယဉ်ပါးလာပီ။ စကားလုံးကို ပဲပြောတာနော်။ သူက အတွက်အချက်တော့ ကောင်းကောင်းလုပ်တတ်တယ်။ ဒါပေမယ့် ဝီနာ က အဲသည်မှာတင် ရပ်မနေဘူး။ သူက “ခေတ်သစ် ဒစ်ဂျစ်တယ် ကွန်ပြူတာ“ ဆိုပီး ကွန့်ထားတယ်။ အထွေထွေသော အပိုင်းအစတွေကို ဆက်မှာတဲ့။ လူတွေနားလည်ထားတဲ့ တွက်ချက်ခြင်း ဆိုတာကို သူက နောက်တစ်နည်းနဲ့ ပြမှာ။ အဲသည်အချိန်တုန်းက ဝီနာ ရဲ့ စိတ်ကူးက လူတွေနားလည်ထားတာထက် ဟိုးအဝေးကို ရှေ့ရောက်နေသေးတယ်။ နေရာအနှံ့မှာ ဖြန့်ကျက်ထားတာတွေကို နည်းစနစ်မှန်မှန်ကန်ကန်နဲ့ အတူတကွ ပေါင်းစပ်မှာ။ အဲသည် အပြောင်းအလဲက တကယ်ပဲ အရှိန်အဟုန်နဲ့ တိုးတက်သွားမှာ ဖြစ်တယ်။ အကယ်၍ အလုပ်တကယ်ဖြစ်ရင်ပေါ့။

အခု အပြောင်းအလဲက Analog computer အန်နာလော့ကွန်ပြူတာ ကနေ Digital computer ဒစ်ဂျစ်တယ်ကွန်ပြူတာ ကို ဖြစ်တယ်။ Differential Analyzer ဒစ်ဖရင်ရှယ် အန်နာလိုင်ဇာ ဆိုတဲ့ လက်နဲ့တွက်ချက်ကြတဲ့ ဆီကနေ စက်ပစ္စည်းဆီကို သွားမှာ ဖြစ်တယ်။၁၉၄၀ တုန်းကတောင်မှ ဒစ်ဂျစ်တယ်တွက်ချက်မူမှာ တိကျမူ ကနည်းနည်း လိုနေသေးတယ်။ Calculator (ကယ်ကူလေတ) ဆိုတဲ့ ဂဏာန်းတွက်စက်က ၂ နဲ့ ၂ပေါင်း ၄ ဆီကနေ တက်တာမဟုတ်ဘူးလေ။ အဲ.. နောက်တော့ ဒစ်ဖရင်ရှယ် အန်နာလိုင်ဇာ နဲ့ကျတော့ ၄ အပေါင်း သို့မဟုတ် အနှူတ် ၂ ဆိုတာမျိူးတွေ ရလာတာ။ ဒါပေမယ့် သူ့မှာ အမြန်နူန်းက မရှိသေးဘူး။ အထူးသဖြင့် ကြီးမားတဲ့ ဂဏာန်းတွေထည့်လိုက်ရင် ပြဿနာတွေ ဖြစ်နေတယ်။

ဘွတ်ချ်နဲ့ သူ့သူငယ်ချင်းတွေကတော့ အန်နာလော့စက်ပစ္စည်းတွေကို ကောင်းတယ်လို့ပဲ မြင်ပါတယ်။ အဖြေကောင်းကောင်း မထုတ်နိုင်သေးသောလည်း ကမ္ဘာကိုတော့ ချပြနိုင်တယ်လေ။ နည်းလား။ လူတွေရဲ့ မျက်စိတွေကိုတော့ ဆွဲဆောင်နိုင်ပါတယ်။ ဘွတ်ချ်က “သင်္ချာပညာကို အနည်းဆုံးတော့ အသက်ဝင်လာအောင် လုပ်ပြနိုင်ပါတယ်“ လို့ရေးသားခဲ့ပါတယ်။ ဒစ်ဂျစ်တယ် ကွန်ပြူတာ ကျပြန်တော့ လူသေတစ်ကောင်လိုပဲ မြင်တယ်။ သူက လျှပ်စစ်ဓါတ်တွေနဲ့ ဝါယာကြိုးတွေနဲ့ ပဲ အလုပ်လုပ်နေတာကိုး။


အဲသည်လို အမြင်မျိူးကို ဘွတ်ချ် က ၁၉၅၀ ကာလတွေမှာ ခံစားမိတာ။ သူ စ ခဲ့တဲ့ အန်နာလော့ ကွန်ပြူတာဆီကို ပြန်သွားဖို့လုပ်ခဲ့ပေမယ့် သူ ကွယ်လွန်သည့်တိုင် သူ့ဆန္ဒဟာ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် သူရဲ့ ၁၉၃၉ ပုံကြမ်း ‘Memex’ (မီးမက်စ်) (အင်တာနက်ခေတ်ကို ရောက်ဖို့ခြေလှမ်းမယ့် နည်းပညာပုံကြမ်းတစ်ခု) ဟာ အဲသည်ကာလမှာပဲ အရောင် တောက်လာပီ။ သူ့သူငယ်ချင်း မိတ်ဆွေတွေဆီက ပြန်ကြားရတာတော့ သူက “သည် တော် တော် သောက်သုံးမကျတဲ့ ဒစ်ဂျစ်တယ် ကွန်ပြူတာ“ ဆိုပီး ဆဲဆိုခဲ့တယ် ဆိုပဲ။

ပြောရရင်တော့ ကံကြမ္ဗာဆိုတာ လှောင်ပြောင်တတ်သလား လို့ မေးရမလိုပဲ။ အသေအကြေလုပ်ခဲ့တဲ့ အရာတစ်ခုဟာ တကယ်တန်းကျတော့ ဘာမှမဟုတ်ဘူး ဆိုတာ ကိုယ်တွေ့သူတွေ့လာရတော့လေ။ အန်နာလော့ကွန်ပြူတာတွေနေရာမှာ ဒစ်ဂျစ်တယ်ကွန်ပြူတာတွေ ဝင်ရောက်လာတာဟာ ဟာသလိုလိုပါပဲ။ ဘာမှ အထူးတလည် တီထွင်မူတွေ မပါပဲနဲ့ ကြိုးတွေ၊ အီလက်ထရွန်တွေ၊ လျှပ်စစ်သံလိုက်တွေနဲ့တင် အလုပ်ဖြစ်နေတာ ဆိုတော့လေ။ လူကလုပ်တာဆိုလို့ ခလုပ်လေးနှိတ်တဲ့ အလုပ်ပဲ အားစိုက်ရတယ်ပေါ့။ အနောက်ကနေတော့ ပရိုဂဂရမ်တွေ ဆွဲရ၊ ဘာညာတော့ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်လေ အခုလက်ရှိ အင်တာနက်ကွန်ပြူတာခေတ်ဟာ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) သူ့ရဲ့ ကိုယ်ပိုင် Differential Analyzer ဒစ်ဖရင်ရှယ်အန်နာလိုင်ဇာ ဆိုတဲ့ စက်ပစ္စည်းတွေ နည်းပညာတွေကနေ စခဲ့ကြတာဖြစ်လို့ သူ့ကိုတော့ ကျေးဇူးတင်ရမယ့်လူသား တစ်ယောက် ဆိုတာကိုတော့ ယနေ့ခေတ်လူတွေ သိထားကြဖို့လိုတာပေါ့။

ဂျူနီယာဝင်း

Thursday, May 2, 2019

ဂျူနီယာဝင်း - အကူးအပြောင်းကာလ - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(5)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(5)

ဂျူနီယာဝင်း - အကူးအပြောင်းကာလ

(အတွေးအမြင် ၃၂၀ ၊ ၂၀၁၉ မေလ )

မိုးမခ၊ မေ ၂၊ ၂၀၁၉




























(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine မှ အခန်း ၂ The Last Transition ကို ဘာသာပြန်ထားသည်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။)

(Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။


“မစ်ဇူရီကကောင်ကလေး“ အခန်းမှာ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုကောက် J.C.R ဒါမှမဟုတ်) ‘Lick’ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တိုးခဲ့တယ်။


တတိယအပိုင်းမှာ “ငရဲခန်းတဖြစ်လဲ အလုပ်ခန်း“ အခန်းမှာ လစ် ဟာ စစ်အတွင်း သူ့အလုပ်တွေကို မရပ်မနားလုပ်ခဲ့၊ သူအိမ်ထောင်ကျခဲ့၊ နောက်တော့ ပညာရှာတဲ့နေရာမှာ လောဘကြီးကြီးရှာခဲ့တာမှာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) (အမ် အိုင် တီ) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ် ဆိုပီး အဆုံးသတ်ခဲ့တယ်။


နောက်အရင်တလကတော့ လစ် ရောက်လာမယ့် အမ်အိုင်တီ မှာ ရောက်နှင့်နေတဲ့ ပညာရှင်တွေ ထဲက မစ်ဇူရီ အရပ်က ကောင်ကလေး တစ်ယောက်ဖြစ်တဲ့ Wiener (ဝီနာ) ရဲ့ အကြောင်းတွေ အများကြီး မိတ်ဆက်ပေးထားတယ်။ ၁၉၂၅ခုနှစ်တွေကတည်းက နေစလို့ ၊ အမ်အိုင်တီမှာ သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်လို့၊ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannwvar Bush (ဗာနက်ဗာ ဘွတ်ချ်) နဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ် ဆိုပီး အဆုံးသတ်ထားတယ်။ အခု အဲသည်ကရဲ့အဆက်ပါ။ အခုအဆက်မှာ အမ်အိုင်တီ မှာ ရှိနှင့်နေတဲ့ နောက် တစ်ယောက်ကို မိတ်ဆက်ထားတယ်။)

(အခု သည် အခန်းမှာ Vannevar Bush (ဗာနက်ဗာ ဘွတ်ချ်) ၊ Norbert Wiener ( နော်ဘတ် ဝီနာ ) တို့နံမယ်တွေ အများဆုံးတွေ့ရမယ် ဆိုတာ ကြိုတင် ပြောထားပါရစေ။ လစ် တစ်ယောက်ကတော့ ရောက်မလာသေးပါဘူး။)

၁၉၂၀မှာ သူတို့၂ဦး (ဘွတ်ချ် နဲ့ဝီနာ ) တွေ့ဆုံစဉ်မှာ ဘွတ်ချ် က အသက် ၃၅ ဝန်းကျင်ပါ။ ဘွတ်ချ် အကြောင်းကို ပြောရရင် သူက နယူးအင်္ဂလန်သမားစစ်စ်၊ သင်္ဘောကပ္ဗတိန်လည်း လုပ်ဖူးတယ်၊ သူက ခြေဦးတည့်ရာ သွားလာလည်ပတ်နေထိုင်သူလိုလို၊ တကိုယ်တည်းနေတဲ့ ရှင်းရှင်း ဘွင်းဘွင်းသမားပေါ့။ Uncle Sam အန်ကန်ဆမ် ဆိုတဲ့ ဝတ္တုထဲကသူလို့သာ မြင်ကြည့်လိုက်၊ မုတ်ဆိတ်မွေးတွေကိုတော့ ဖယ်လိုက်ပေါ့နော်။

(Uncle Sam ကို သူကရှင်းမထားလို့ ဘာသာပြန်သူက ဝင်ရှင်းပေးပါ့မယ်။ အန်ကယ်ဆမ် Uncle Sam ရဲ့ ထိတ်စီး စာလုံးတွေကို ယူလိုက်ရင် US အမေရိက ပါ။ အမေရိကန်အစိုးရ သို့မဟုတ် အမေရိကန်ပြည်ထောင်စု ရဲ့အမျိူးသားကိုယ်စားပြုဖြစ်ပါတယ် ဒဏ္ဍာရီ အရ တော့ ၁၈၁၂ ခုနှစ် စစ်အတွင်းမှာ Samuel Wilson ဆယ်မြူရယ် ဝီလ်ဆင် ကိုခေါ်တယ်လိုု့ဆိုတယ်။ ၁၈ရာစု မှာ သူက နယူးယောက် က ထရွိင် မြို့ကလေးကို ပထမဦးဆုံး အခြေချခဲ့တဲ့ သူတွေထဲမှာ တစ်ယောက် ဖြစ်တယ် ဆိုပါတယ်။ သို့သော် ၁၉ ရာစု အစောပိုင်းမှာ အန်ကယ်ဆမ် အမည်ကို နိုင်ငံရေးခံစားချက်တွေနဲ့ ခေါ်ဝေါ်ကြတယ်။


အန်ကယ် ဆမ် ကို အမေရိကန်ပြည်ထောင်စု ကို ဖော်ညွှန်းသော ကိုလန်ဘီယာ အစိုးရ လို့ ဆိုတယ်။ James Montgomery Flagg (J.M. Flagg) ဂျေအမ်ဖလက်ချ် ဆိုတဲ့ အမေရိကန် ကာတွန်းဆရာ တစ်ဟောက်က အန်ကယ်ဆမ် ပိုစတာကို ၁၉၁၇ခုနှစ်မှာ ရေးဆွဲခဲ့တုန်းက သူ့ရဲ့ ပုံကို အန်ကယ်ဆမ် ဆိုပီး ထည့်ဆွဲခဲ့တယ်။ ပိုစတာ မှာ “သင့်ကို အမေရိကန် စစ်တပ် က အလိုရှိသည်“ လို့ လက်ညိုးထိုးနေတဲ့ပုံကိုရေးဆွဲထားတယ်။ ဦထုတ်နဲ့ မှူတ်ဆိတ်မွေးတွေနဲ့ပေါ့။ စာရေးဆရာက အန်ကယ်ဆမ် လို့ပြောလိုက်ရင ်စာဖတ်သူတွေက အဲဒါပိုစတာကို အလိုလို မြင်ယောင်သွားကြမှာမို့ သူက မရှင်းပဲ ရေးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆောင်းပါးကို ဆက်ပါ့မယ်။)

သူ (ဘွတ်ချ် ) က တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့သူ၊ သြဇာအာဏာရှိတဲ့သူပါ။ ကွန်ပြူတာဟာ့ဝဲတွေကို ဖွတ်ဖွတ်ကြေနေတဲ့ ဝီနာ က ဘွန်ချ် ကို တွေ့လိုက်ရတာ အံ့သြမှင်သက်သွားတယ် ဆိုပဲ။ ‘အမေရိကမှာ နည်းပညာရပ်ဆိုင်ရာ ကြီးကျယ်ဆုံးပုဂ္ဂိ်ုလ် တစ်ဦးကို တွေ့လိုက်ရတာပါပဲ“ တဲ့။ ဝီနာ ကဆိုပါတယ်။ နောက်တော့ သူကပဲ အခုလို ကောက်ချက်ချ လိုက်သေးတယ် ။ “ဒီလူက .. သူ့လက်တွေနဲ့ ရော၊ သူ့ဥနှောက်နဲ့ပါ စဉ်းစားတာဗျ။“ (ဆိုလိုတာက ဘွတ်ချ် က ဥနှောက်နဲ့ စဉ်းစားတာတွေကို လက်တွေ့လုပ်တတ်သူ လို့ဆိုလိုပုံပါ။)

ကုန်ကုန်ပြောရရင်တော့ ဝီနာ့အတွက် ဘွတ်ချ် က သူသိသမ ျှ အတွက်အချက်စက်ပစ္စည်းတွေကို အိတ်သွန်ဖာမောက် ဝေမ ျှခံစားပေးတဲ့သူပါတဲ့။ မှန်ပါတယ်။ တခြားသော အဖွဲ့သားတွေက အတွက်အချက်တွေနဲ့ ညင်းခုန်မယ် ပြောကြဆိုကြမယ် ဆိုရင် သူတို့က ရှူပ်ထွေးတဲ့ ဒါမှမဟုတ်လည်း စိတ္တဇ ဆန်တဲ့ ကျိူးကြောင်းဆင်ခြင်သုံးသပ်တဲ့ နည်းပညာမျိူးနဲ့ ချည်းကပ်မယ်။ Slide rule (ဆလိုက်ရူး) (အဲဒါက ဂဏာန်းတွက်စက်မပေါ်ခင် အင်ဂျင်နီယာကျောင်းသားတွေ သုံးတဲ့ စက်ပစ္စည်းပါ။ ကိုယ့်ဦးလေးတွေထဲမှာ အင်ဂျင်နီယာ ကျောင်းထွက်တွေပါရင ်မေးကြည့်ပါ။ သူတို့ရှင်းပြပါလိမ့်မယ်။ အခုအဲသည်ခေတ်တုန်းက ဂဏာန်းတွက်စက် မပြောနဲ့ စလိုက်ရူးတောင် အစပဲရှိဦးမယ်။) အဲဒီ စလိုက်ရူးတွေဟာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ အတွက် မရှိမဖြစ် အသုံးပြုနေရတဲ့ စက်ပစ္စည်းတွေ ဖြစ်နေတယ်။ ကိန်းဂဏာန်းအကြီးကြီးတွေ ကိုင်တွယ်ဖို့ သုံးတာ ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကတော့ သူတို့က အဲဒီလို အတွက်အချက်တွေ လုပ်ပေးနေတဲ့ စက်ကရိယာတွေရဲ့ အလုပ်တွေကို မိန်းမတွေရဲ့အလုပ် လို့ ခေါ်တယ်။ ၁၉ ၂၀ ခုနှစ်တွေမှာ ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို အလုပ် ဆိုတဲ့ သဘောတရားမျိူးနဲ့ သုံးကြတယ်။ လက်နှိတ်စက်သမားတွေ လို အလုပ်လုပ်နေရတဲ့ပုံစံပေါ့။ အတွက်အချက်လုပ်ပေးတဲ့ စက်ပစ္စည်းတဲ့။ သူတို့က အဲဒါကို အလကားတောက်တိုမယ်ရအလုပ် လို့အကြမ်းစားခေါ်ဝေါ်ကြပါတယ်။

ဝီနာ က သင်္ချာပညာရှင်တွေ ကြားထဲမှာ ရောက်နေသောလည်းပဲ သူ့အလုပ်က ကွန်ပြူတာပါ။ ပထမကမ္ဘာစစ်အတွင်းမှာ သူလုပ်ရတာက ကိန်းဂဏာန်းတွေကို တွက်ချက်ရတာတွေနဲ့ပါ။ ပန့်ချ် ဆိုတဲ့ အပေါက်လေးတွေပါတဲ့ ကဒ်ပြားလေးတွေသုံးပီး အဲသည်ကနေ စက်ပစ္စည်းထဲကို ပေါင်းထည့်ရတဲ့ အလုပ်ကို သူလုပ်ပါတယ်။ (Punch ပန့်ချ် ကဒ်တွေအကြောင်းလည်း ကွန်ပြူတာဌာနက အသိအကျွမ်းတွေကို မေးကြည့်ပါ။ လူကြီးတွေ ကောင်းကောင်း ရှင်းပြနိုင်ပါတယ်။) အမှန်တော့ ဝီနာ က ဟားဗက်တက္ကသိုလ် ဇီဝဗေဒဌာနမှာ တက်ခဲ့တာပါ။ သူ့ရဲ့ပြင်မရတဲ့ အကျင့်ဆိုးကလေးတွေကြောင့် ဓါတ်ခွဲခန်းထဲ မှာပြသနာဖြစ်ရလွန်းလို့ဆိုပီး သူ့ကို သင်္ချာဘက်ကို ပို့လိုက်တယ်။ ဒါကိုက သူ့ဥနှောက်ကို သိပ္ပံပညာရပ်မှာ အသုံးပြုဖို့ ဖြစ်လာပါတယ်။ ဝီနာ့အတွက်တော့ တွက်ချက်ခြင်း ကွန်ပြူတာနည်းပညာဟာ သူ့ကို စိန်ခေါ်နေပါတယ်။ အဲသည်နည်းပညာကို တာဝန်တစ်ခုလိုယူပီး လုပ်နေရတာကိုက သူ့အရည်အချင်းကို သွေးနေရတယ်လို့ ဆိုရမှာပါ။

ကဲ.. အခု ဗာနက်ဗာဘွတ်ချ် ဘက်ကို လှည့်ပါမယ်။

ဘွတ်ချ် ဟာ ၁၉၂၅ ခုနှစ်ပိုင်းလောက်မှာ အဲသည်ကာလပိုင်းလောက်တုန်းက ပြဿနာအကြီးဆုံးလို့ ဆိုနိုင်တဲ့ နည်းပညာပြဿနာတွေကို လ ျှပ်စစ်ဗေဒဆိုင်ရာ နက်ဝေါ့နည်းပညာနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့သူပါ။ Network ( နက်ဝေါ့ ဆိုတာ ဖြန့်ကျက်နတဲ့ ကွန်ရက်တွေပေါ့။) ကိုလေ့လာလိုက်စား ဖို့ဆိုရင် အင်မတန်ကို လေ့ကျင့်တတ်မြောက်ထားရမယ့် အခြေခံဝိသေသတွေ ရှိရမယ်။ လက်နဲ့ချည်းပဲတော့ ဖြေရှင်းလို့မရနိုင်ပါဘူး။ အဆင့်မြင့်တဲ့ ဗို့အားတွေကို ထိမ်းကျောင်းမယ့် စွမး်အင်ပြည့်ကုမဏီတွေပါရမယ်။ ဘွတ်ချ်ဟာ နောက်ထပ် ပိုကောင်းတဲ့ နည်းတွေရှိရမယ်လို့ ယုံကြည်ပါတယ်။

သူပြောတာမှန်ပါတယ်။ ၁၉၂၇ခုနှစ်မှာ စက်ကရိယာတွေနဲ့ စမ်းသပ်မူတွေ လုပ်တယ်။ ဘွတ်ချ်နဲ့ သူ့ကျောင်းသားတွေဟာ Differential Analyzer (ဒစ်ဖရန်ရှယ်အနာလစ်ဆစ် ဆိုတဲ့ အဆင့်မြင့်သင်္ချာ ပညာရပ်) ကိုအသုံးပြုထားတဲ့ တည်ဆောက်မူ ကိုစတင်ပြီး လုပ်ကြည့်တယ်။ အဲသည်မှာ ဂီယာတို့၊ ဆွဲသီးတို့၊ ချိန်သီးတို့ ဘာတို့ညာတို့ ပါတယ်။ ၁၉၃၀မှာ Analog computer (အန်းနာလော့ကွန်ပြူတာ) ဆိုတာ ဖြစ်လာတယ်။ အဲသည်စက်ပစ္စည်းက ဒစ်ဂျစ်တယ် ကမ္ဘာကြီးအဖြစ် ကို ပုံသွင်းလာတော့မယ့်၊ ကိန်းဂဏာန်းတွေမပါတဲ့ သင်္ချာကိန်းထွေတွေ သာပါတဲ့ လုပ်ငန်းကြီးတစ်ခုပေါ့။


ဥပမာပြောရရင် …. ဥပမာ စွမ်းအင်သုံးကွန်ယက်တစ်ခုကို ဖြေရှင်းမယ် ဆိုပါတော့။ ကိန်းထွေတစ်ခုကို တဖက်မှာ ထားမယ်။ အဲဒါနဲ့ သက်ဆိုင်တဲ့ လျှပ်စစ်လှိူင်းတစ်ခုက တဖက်မှာ စမ်းစစ်မယ်တဲ့။ အဲသည်လိုနဲ့ ဆက် သွားမယ် တဲ့။ အဲဒါကို ပရိုဂရမ် လို့ခေါ်မယ်တဲ့။ ကွန်ယက်ညီမ ျှခြင်းတွေကို အဲသည်နည်းနဲ့ ဆက် ဆက်သွားတဲ့အခါ ဂီယာတို့ ချိန်သီးတို့ ဘာတို့ကလည်း သူ့ဟာနဲ့သူ ဆက်သွယ် လာရင်းကနေ ညီမ ျှခြင်းတွေပါတဲ့ ပုံစံတစ်ခု ရလာမယ်။ အဲသည်လိုနဲ့ ကွန်ပြူနာ မော်ဒယ်တစ်ခုဟာ ရုပ်လုံးပေါ်လာပါတော့တယ်။ (အဲဒါ သူရေးထားတဲ့အတိုင်းပါပဲ၊ အမှန်အတိုင်းပြောရရင် ဘာတွေမှန်းမသိဘူး။ နားလည်သလို ကြည့်ပီး ပြန်ပေးထားတာပါ။)

(Analog computer (အန်းနာလော့ကွန်ပြူတာ) ဆိုတာကို နားလည်သလောက် ရှင်းပြပါ့မယ်။ အန်းနာလော့ ဆိုတာ ဒစ်ဂျစ်တယ် နဲ့ မတူတဲ့ အရာပေါ့။ ဥပမာ အန်းနာလော့ နဲ့ ဒစ်ဂျစ်တယ် ကွာခြားချက်ကို ပြောရရင် အင်နာလော့ က အချက်အလက်တွေနဲ့ဖော်ပြတယ်၊ ဒစ်ဂျစ်တယ်က ကိန်းဂဏာန်းတွေနဲ့ဖော်ပြတယ်။ အခု အန်းနာလော့ ကွန်ပြူတာဆိုတာ အချက်အလက်တွေနဲ့ တည်ဆောက်ထားတယ်။ ရှင်းမှ ပိုရှူပ်သွားတယ်ဆိုရင် အဲဒါကိုကျော်သာဖတ်သွားပါ။)

သူတို့လုပ်ရကျိူးနပ်ပါတယ်။ နောက်ဆုံးအဆင့်က တော်တော် ရှူပ်ထွေးပါတယ်။ သူတို့ဆွဲထားတဲ့ ကွန်ယက်ကို လုပ်ငန်းခွင်ဝင်ဖို့ ၂ ရက်လောက်ကြာတယ်။ သည်တော့ နောက်ဆုံးတော့ သူတို့ ဟိုဆက် သည်ဆက်လုပ်ထားတဲ့ အရာက ပြီးသွားပီ ဆိုပါတော့။ သူတို့ချရေးထားတဲ့ ညီမ ျှခြင်းက ရိုးရှင်းလိုက်ပုံများ မော်တာတစ်ခု နှိူးရသလောက်ပါပဲတဲ့။ ဂီယာကလည်း အလုပ်လုပ်တယ်၊ ဆွဲသီးကလည်း သွားနေတယ်၊ ဒုတ်တံကလည်း လည်တယ်၊ ခဲတံလို အချောင်းလေးကလည်း ပေးထားတဲ့ စာရွက်တွေပေါ်မှာ ရေးခြစ်နိုင်တယ်။ ဟော…. ရက်တွေ၊ နေ့တွေ၊ ရက်သတ္တပါတ်တွေပေါင်းများစွာ တွက်ချက်နေရတဲ့ ကိန်းဂဏာန်းတွေရဲ့ အဖြေတစ်ခုဟာ မိနစ်ပိုင်းအတွင်း ထွက်လာပီ။ အဖြေမှန်နဲ့ ၂ ရာခိုင်နှူနး်လောက်ပဲ လွဲပါသတဲ့။

သိပ္ပံပညာရှင် တွေနဲ့ သုတေသနပညာရှင်တွေအတွက် ဆလိုက်ရူးနဲ့ တွက်ချက်တဲ့စက်ပစ္စည်းတွေ သုံးပီး ချွေးတလုံးလုံးနာရီပေါင်းများစွာ အလုပ်လုပ်နေရာကနေ အခုရလိုက်တဲ့ တီထွင်မူကတော့ တကယ်ပဲ ဘုရားပေးတဲ့ဆုပါပဲ။ ၁၉၃၅ ခုနှစ်တွေမှာ ကမ္ဘာပေါ်က သုတေသနပညာရှင်တွေဟာ ရူပဗေဒ၊ အက်တောမစ် ရူပဗေဒ၊ ငလျင်လှိူင်းဗေဒ၊ အာကာသဆိုင်ရာ ဗေဒ စတဲ့ ပညာရပ်တွေကို လေ့လာလိုက်စားရင်းနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်ဓါတ်စက်ကွင်း တွေအကြောင်းကိုပါ တွက်ချက်လာနိုင်ကြတယ်။ ဒါဟာ “အန်းနာလော့ စက်ပစ္စည်း“ လို့ သူတို့ခေါ်ဝေါ်လာတဲ့ တီထွင်မူကြောင့်ပါပဲ။ နော်ဘတ်ဝီနာ ဟာ ဘွတ်ချ်ရဲ့ ဓါတ်ခွဲခန်းမှာ နှစ်များစွာ ပုံမှန် လာရောက်သူဖြစ်လာတယ်။ သူတို့၂ယောက် မိတ်ဆွေတွေဖြစ်လာတယ်။ သူ့စိတ်ထဲမှာ “သင်္ချာပညာရှင်နဲ့ အင်ဂျင်နီယာပညာရှင် ဟာ အတွဲတွေဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မထင်မိပါဘူး“ တဲ့။

ဘွတ်ချ်မှာ ဒိထက်မက ကြီးကျယ်တဲ့ စိတ်ကူးတွေ ရှိပါတယ်။ ၁၉၃၅ နွေဦးရာသီမှာ ဘွတ်ချ် က အမြင့်ဆုံးအလျင်နဲ့ အလုပ်လုပ်ပေးမယ့် လ ျှပ်စစ် ပတ်လမ်းတွေအတွက် အခြေခံပီး ဒုတိယမျိူးဆက်တွေအတွက် တဲ့၊ ဒစ်ဖရင်ရှယ်အနာလစ်ဆစ် ကိုအခြေခံတဲ့ တိုးတက်မူတစ်ခုရရှိဖို့ Rockerfeller Foundation (ရော့ကာဖယ်လာဖောင်ဒေးရှင်း) ကို ဒေါ်လာ ၈သောင်းခွဲ ထောက်ပံ့ပေးခဲ့တယ်။ ဟုတ်တယ်.. အဲ သည် စက်ပစ္စည်းအသစ်က အန်းနာလော့ကွန်ပြူတာ (လို့ခေါ်ဝေါ်တော့မယ့် အမည်) အတွက်ပရိုကရမ်တွေ ဘာတွေဆွဲပေးတော့မှာ။ ရေးဆွဲလိုက်တဲ့ ညီမ ျှခြင်းတိုင်းအတွက် ပုံစံသစ်တစ်ခုကို ပေးတော့မှာ။ ဒုတ်ချောင်းတွေ၊ ဂီယာတွေ၊ ဆွဲသီးတွေ အစား ဗို့အားတို့၊ လ ျှပ်စစ်ပတ်လမ်းတို့ ရောက်လာတော့မှာ။ Rockerfeller Analyzer “ရော့ကာဖယ်လာ အန်နာလစ်ဇာ“ လို့ သူတို့ခေါ်ဝေါ်လိုက်တဲ့ အဲသည် တီထွင်မူဟာ ၁၉၄၂ခုနှစ်မှာ နောက်ဆုံး ထွက်လာတော့မယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ အလုပ်လုပ်ပေးတော့မယ် တဲ့။

ဘွတ်ချ် က သိပ်ကို ရည်မှနး်ချက်ကြီးမားတဲ့သူပါ။ သူ့ရဲ့ ရော့ကာဖယ်လာ ပရောဂျက်ကြီးကနေ မိုက်ကရိုဖလင်တို့၊ ဖိုတိုခန်းတို့၊ ဒစ်ဂျစ်တယ်တို့ဘာတို့ဆီကိုပါ တွက်ချက်ပေးတော့မှာ။ သို့သော်လည်း အဲသည်ကိုဦးတည်လာနေတဲ့ သူ့ရဲ့ ကမ်းလှမ်းချက်တွေဟာ ၁၉၃၉ ခုနှစ် ဇန်နဝါရီတိုင်အောင် အဲသည် အသီးအပွင့်တွေ မစားရသေးဘူး။ (ဆိုလိုတာက အဲဒါတွေ အကောင်အထည်ပေါ်လာဖို့ ပိုက်ဆံလိုတယ်လေ။)


Carnegie Corporation (ကားနက်ဂျီကော်ပိုရေးရှင်း)က နောက်ဆုံးမှာ (၁၉၃၉ ဇန်နဝါရီမှာ) ဒေါ်လာ ၄သောင်းခွဲနဲ့ မ တည်ပေးဖို့ သဘောတူလိုက်တယ်။ စင်တာအသစ်တစ်ခု ဖိုးပေါ့။ အဲသည် လုပ်ငန်းစဉ် ဆက်သွားဖို့ကို Vannwvar Bush (ဗာနက်ဗာ ဘွတ်ချ်) မပါပဲ ဖြစ်မလား စဉ်းစားကြည့်လေ။ ပိုက်ဆံတွေ MIT (မက်ဆက်ချူးဆက် စက်မူတက္ကသိုလ်) ရောက်လဲ ရောက်ရော၊ ဘွတ်ချ် က ထွက်သွားယ်။

အမှန်တော့ ဘွတ်ချ်က ၁၉၃၂ ခုနှစ်လောက်ကတည်းက သူ့ရဲ့ ကွန်ပြူတာ ဆိုတဲ့ စက်ကြီးဆိုတာကြီးနဲ့ နပမ်းလုံးနေရတာ ညီးငွေ့လာလာ နေပီ။ အဲသည်အချိန်တုန်းကဆို အမ်အိုင်တီ ဥက္ကဌ Karl Compton (ကားလ် ကွန်တွန်) က သူ့ကို အမ်အိုင်တီ က စတင် ဖွဲ့တည်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေအတွက် ပထမဦးဆုံး အလုပ်လုပ်ပေးဖို့ရယ်၊ အဲသည်တက္ကသိုလ်မှာပဲ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ရယ် ကမ်းလှမ်းခဲ့တယ်။ အဲသည်နှစ်တွေ တိုက်စားလာတဲ့ပြီးနောက် စီမံခန့်ခွဲတယ်ဆိုတဲ့ တာဝန်ကြီးကို သူက သိပ်ကို စိတ်ကုန်လာတယ်၊ စစ်ကလည်း ဖြစ်လာဖို့ဦးတည်လာနေတာကိုလည်း စိတ်ပူပန် စိတ်သောကတွေနဲ့ နေနေရတယ်။ ဒါပေမယ့် ဘွတ်ချ်ဟာ အမေရိကန်အတွက် စစ်ရေးစစ်ရာမှာ နည်းပညာရော၊ စစ်တပ်ရေးရာပါ လိုအပ်နေတာကို တွေ့တယ်။ ဒါကို ဘယ်သူမှ ဘွတ်ချ် လို ကြိုမြင်မှာမဟုတ်ဘူး။ သူ့ကို ကမ်းလှမး်တဲ့ Washington Carnegie ဝါရှင်တန် ကားနက်ချ် လို့အမည်ပေးထားတဲ့ အဖွဲ့အစည်း မှာ ဒါရိုက်တာအလုပ်ကို လက်ခံလိုက်တယ်။ အဲသည်မှာ စွမ်းအင်ပိုင်းဆိုင်ရာ ဖောင်ဒေးရှင်းအလုပ်တွေ ကို သူ့သြဇာအာဏာသုံးပီး လုပ်ပိုင်ခွင့်တွေနဲ့ သူလုပ်ရမှာဖြစ်ပါတယ်။

ဘွတ်ချ် တစ်ယောက် ၁၉၃၉ ခုနှစ် ဇန်နဝါရီမှာ ဝါရှင်တန်မှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ ချက်ချင်းဆိုသလို နိုင်ငံရေးကစားပွဲထဲကို ဝင်ဖို့၊ ပြင်ဆင်ဖို့ သူ့အတွက် အသိပညာပေးဖို့ စတင်တယ်။ ကားနက်ဂျီ အရပ်မှာ သူဟာ တကယ်ပဲ အံ့ဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားတယ်။ ကြိုးပြတ်နေတဲ့ သူ့ရည်မှန်းချက်တွေ ပြန်ဆက်ဖို့ ၅နှစ်ကျော် ကြိူးပမ်းခဲ့ပါသတဲ့။

ဘွတ်ချ်ရဲ့စိတ်ကူးတွေ ပထမဦးဆုံး ၁၉၃၃ခုနှစ် ဇန်နဝါရီမှာ ပုံနှိတ်ဖော်ပြခြင်း ခံခဲ့ရဖူးပါတယ်။ သူက မိုက်ကရိုဖလင် အကြောင်းကို သေချာရေးသားခဲ့တာပါ။ (ဒီအပိုင်းမှာ သူ့ရဲ့ ဖန်တီးမူတွေကို ရှင်းပြထားပါတယ်။ ဘာတွေမှန်းတော့မသိဘူး။ သူကလူတွေကို သူ့စိတိ်ကူးတွေကို စိတ်ဝင်စားလာအောင် ဖန်တီးရေးသားနိုင်စွမ်းရှိတယ် လို့ဆိုရမှာပါ။ မဂ္ဂဇင်းတစ်ခုရဲ့ ထုတ်ဝေသူ Eric Hodgins အဲရစ်ဟော့ဂျင် သူ့ကို အခုလို ချီးကျူးပြောဆိုခဲ့တယ်။)

Fortune magazine ထုတ်ဝေသူ Eric Hodgins (အဲရစ် ဟော့ဂျင်) က ၄၅ မျက်နှာ ပုံနှိတ်ထားတဲ့ ဘွတ်ချ်ရဲ့ “စက်ပစ္စည်းများနှင့် မှတ်တမ်းများ“ ဆိုတဲ့စာတမ်းဆောင်းပါး နဲ့ပတ်သက်လို့ အခုလိုပြောခဲ့တယ်။ အဲဒိဆောင်းပါးဟာ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ လူထုကို ချပြဖို့ ဘွတ်ချ်က ရည်ရွယ်ထားပါတယ်တဲ့။ ဟောဂျင် က အဲဒါကို သိပ်သဘောကျပါတယ်။ “ကျွန်တော့်ရဲ့ ထုတ်ဝေမူသမိုင်းမှာ ကျွန်တော့ဘဝမှာ သိပ်ကို စိတ်လှူပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကို တွေ့လိုက်ရတာပါ“ လို့ အဲသည် စာတမ်းကို ဖတ်ပြီး ပြောခဲ့တယ်။ “ အကယ်၍ တစ်ယောက်ယောက်ကများ ဟောသည် ကမ္ဘာကြီးရဲ့အနာဂတ်က ဘာများလဲလို့ မေးလာရင် ဘွတ်ချ် အက်ဆေးကို ပဲထိုးပေးလိုက်တော့မယ်ဗျာ” တဲ့။

တကယ် သူပြောသလိုပါပဲ။ ၁၉၃၉ ခှုနှစ် မှာ ပါ။ လူတွေက သူ့ဆောင်းပါးဘာလဲ ဆိုတာ သိသွားကြပီ။ လက်လည်း လက်ခံကြတယ်။ ဘွတ်ချ်ရဲ့နည်းပညာဆိုင်ရာ အမြင်တွေဟာ အလှမ်းဝေးနေတယ်လို့ဆိုသောလည်း အန်းနာလော့ကွန်ပြူတာ အကြောင်းကို တိီးမိခေါက်မိသွားကြတယ်။ ၁၉၃၀ခုနှစ်တုန်းက မိုက်ကရိုဖလင်တွေနဲ့ ဖိုတို(ဓါတ်ပုံပိုင်းဆိ်ုင်ရာ) တီထွင်မူတွေကို အခြေခံထားတဲ့ နည်းပညာဆိုပါတော့။ ၁၉၃၉ ခုနှစ်မှာ ချပြခဲ့တဲ့ ပုံကြမ်းကို တကယ်ပဲ အသက်သွင်းပေးတော့မှာလား။


ဒါကို အရင်ဆုံး ချသုံးမှာ စာကြည့်တိုက်တွေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ထားတဲ့ စာကြည့်တိုက်မှူးတွေအတွက် တကယ်ပဲ အသုံးဝင်တဲ့ စက်ပစ္စည်း ဆိုပါတော့။ အလုပ်ခွင်မှာ လျင်လျင် မြန်မြန်နဲ့ အချိန်တိုတိုအတွင်း အလုပ်တွင်မှာ ဖြစ်ပါတယ်။ အမည်တွေကို အက္ခရာစဉ်လိုက် စဉ်ထားပေးပီး ရှာပေးတဲ့စက် လို့ အကြမ်းအားဖြင့် ပြောတာပေါ့။ သူ့အန်နာလော့ ကွန်ပြူတာတွေဟာ စာကြည့်တိုက်တွေမှာ စသုံးလာတာဟာ နောင်တချိန်မှာ ကိုယ်ပိုင်ကွန်ပြူတာခေတ်တစ်ခုကို ဦးတည်လာနေပီ လို့ စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘွတ်ချ် ရဲ့ ပထမစိတ်ကူး အကြံညဏ် လို့ဆိုတယ်။ ဒုတိယ စိတ်ကူးက ဘာလဲ။

အဲသည်လို အက္ခရာစဉ်လိုက်စီထားပေးပြီး စာမျက်နှာတွေကိုလည်း ကျကျနန စီထားပေးပီး လူတိုင်း လူတိုင်း အသုံးပြုလို့ရအောင် လုပ်ပေးတဲ့ စနစ်တစ်ခုကို အခြေခံပီးတော့ ဘွတ်ချ် က Index ( အင်ဒက်စ် ) ဆိုတဲ့ ပုံစံတစ်ခုကို ချပေးပြီးတဲ့နောက် သူက ဘာလုပ်မယ်တဲ့လဲ။ သူ့ရဲ့ ဒုတိယ ခြေလှမ်းက ဘာလဲ….

“လူ့ဦးနှောက်…...“

တော်တော်လည်း ရှေ့ရောက်နေတဲ့ အတွေးလို့ ထင်စရာ။ ကြောက်စရာတောင် ကောင်းနေတယ် မဟုတ်လား။ သူက အခုလို ပြောတယ်..

“လူ့ဦးနှောက်ထဲကအတွေးတွေကို ဆွဲထုတ်ပေးမယ်၊ ဦးနှောက်ရဲ့ အတွင်းပိုင်းက ကလပ်စည်းတွေကနေ ခိုင်းစေသမ ျှတွေကို ဖော်ထုတ်ပေးမယ်၊ အဲဒီလို အရာတွေက ရုပ်ပုံကားချပ်တွေလို အသေးစိတ် မြင်ကြရမှာ၊ သဘာဝတရားကြီးကို အံ့သြမှိူင်းသင့်သွားအောင် လုပ်ပေးမှာ။“ တဲ့။ သူ့စကားလုံးတွေက ထိတ်လန့်စရာ။

သူက သူ့စိတ်ကူးတွေကို ဆောင်းပါးရှည်ကြီးတစ်ခုနဲ့ ပရိသတ်ကို အသိပေးလိုက်တယ်။ “သည်တော့“ တဲ့။ သူကဆက်ရေးတယ်.. “ဒါတွေကို ကြည့်လိုက်ရင် ခလုပ်လေးတစ်ခုကို နှိတ်လိုက်တာနဲ့ အကွဲကွဲ အပြားပြားဖြစ်နေတဲ့ အရာတွေက တခါတည်း စုစည်းပီး စာအုပ်အသစ်တစ်အုပ်လို ထွက်လာမယ်။ အဲဒါထက်တောင်ပိုပါတယ်လေ… မရေတွက်နိုင်တဲ့ အရာတွေကိုတောင် စုစည်းပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။“

ဟော…. သည်တော့ အဲသည် စက်ပစ္စည်းအတွက် အမည်တစ်ခုတော့ ပေးရတော့မယ်။ ဘွတ်ချ် က ဆိုလိုက်တော့ သူ့ရဲ့ ဦးနှောက်မှတ်ညဏ်က အမည်တစ်ခု ထွက်လာတယ်။ ‘Memex’ (မီးမက်စ်) တဲ့။ ၁၉၃၉ ခုနှစ် မှာ ပထမဦးဆုံးထွက်လာတဲ့ ပုံကြမ်း ဆိုပါတော့ တဲ့။

(သည်နေရာမှာ Memex ဆိုတာကို သူကရှင်းတော့ပြထားပါတယ်။ သိပ်တော့ မရှင်းဘူး။ ဒါကို ဘာသာပြန်သူက ဖြည့်ပေးပါ့မယ်။ နားလည်သလောက်ပေါ့။ မီးမက်စ် ဆိုတာ အချက်အလက်များကို သိမ်းဆည်းပေးတဲ့အလုပ်ကိုလုပ်ပေးတဲ့ အရာဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်လှတဲ့ အသိပညာတွေ၊ မှတ်တမ်းတင်ထားတဲ့ ပညာရပ်တွေကို လူတွေအတွက် ကူညီပေး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဘွတ်ချ် က လူတစ်ယောက်ဟာ အချက်အလက်တွေ အများကြီးထဲက ကိုယ်ရှာဖွေလိုတဲ့အချက်လေးတစ်ခုအတွက် လွယ်လွယ်ကူကူနဲ့ ရှာတွေ့အောင် ကူညီပေးတာ လို့ဆိုတယ်။ မီးမက်စ် က အဲသည်လို ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ မီးမက်စ် ဟာ အင်တာနက် ဆိုတဲ့အရာကို ဖန်တီးပေးမယ့် ကြီးကျယ်တဲ့ အရေးပါလှတဲ့ အချိူးအကွေ့တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ် www (world wide web) ဆီကို ခြေလှမ်းလှမ်းပေးတော့မယ့် အရာလို့ပဲ ဆိုကြပါစို့။)

ဘွတ်ချ်ရဲ့ နည်းပညာဟာ လူတွေဆီကို နောက်ထပ် ၆ နှစ် တိုင် မရောက်သေးပါဘူး။ ၁၉၄၀ ခုနှစ်တွေမှာ ကမ္ဘာကြီးဟာ စိတ်ဓါတ်ကျစရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မီးမက်စ် ဆောင်းပါးကို ပြန်လည် တည်းဖြတ်ထားတဲ့ ဆောင်းပါးဟာ ၁၉၄၅ခုနှစ် ဂျူလိုင်မှာ အန္တလန်တိတ် လစဉ် မဂ္ဂဇင်းမှာ “ကျွန်တော်တို့ စဉ်းစားမိသမ ျှ “ ဆိုတဲ့အမည်နဲ့ ထွက်ပေါ်လာပါတယ်။ ပြောရရင် အနည်းနဲ့အများတော့ အမှားလေးတွေ ပါနေပါတယ်။ ဘွတ်ချ် ကတော့ ကျေနပ်ပါတယ်တဲ့။ နောက် အနှစ် ၂၀ ၃၀ မှာ လူတွေဆီကို နည်းပညာဗုံးတစ်လုံး ပစ်ဖောက်ဖို့ အသင့်ဖြစ်နေပါတယ် ဆိုပဲ။

သည့်နောက်တော့ ဘွတ်ချ်တစ်ယောက် အလုပ်တွေသိပ်များနေပါတယ်။ ၁၉၃၉ စက်တင်ဘာ ၁ ရက်နေ့မှာ ဥရောပမှာ စစ်အရိပ်အယောင်တွေဖြစ်လာပီ။ ဟစ်တလာက ပိုလန် ကို ကျူးကျော်လာပီ။ နောက် ၃လမှာ ဘွတ်ချ ်ဆောင်းပါးတစ်ပုဒ် က ဖော်ကျူး ဆ ိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်။ နောက် ၃လ အကြာမှာ ဘွတ်ချ် ဟာ အိမ်ဖြူတော်ကို အမျိူးသား ခုခံရေးသုတေသန ကောင်စီ ရဲ့ ကမ်းလှမး်ချက်နဲ့ သွားရောက်ခဲ့ရတယ်။ ဒါဟာ တိုင်းပြည်ရဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာနဲ့ ပတ်သက်နေတယ်။ ဘွတ်ချ် က ဥက္ကဌ အဖြစ်နဲ့ပေါ့။ ၁၅ မိနစ်အတွင်းမှာ သူတင်တဲ့ စာတမ်းဟာ အိုကေ ဆိုတဲ့ စကားလုံးနဲ့ သူအလုပ်ဆက်လုပ်ဖို့ လမ်းပွင့်ခဲ့ပါတယ်။

အခုလက်ရှိခုနှစ် ၁၉၄၀ ဂျွန်လ ၁၂ ရက်ပါ။ ၂ ရက်အကြာမှာ ဂျာမဏီဟာ ပါရီ ကို ချီတက်လာပါပီ။


ဂျူနီယာဝင်း

( အခန်း ၂ The Last Transition ရဲ့ ပထမပိုင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲ ကို ဆက်လက်ဘာသာပြန်ပါဦးမယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ ခေတ်တခေတ်ရဲ့ နည်းပညာ သူရဲ့ကောင်းတွေ အကြောင်းပါပဲ။ သူတို့ကျော်ဖြတ်လာတဲ့ ခေတ်ကြီးကို ကြည့်လိုက်စမ်းပါ။ စစ်ကြီးတွေဖြစ်၊ တိုက်ပွဲတွေဖြစ်၊ ငွေရေးကြေးရေး အကြပ်အတည်းတွေကြားထဲမှာ ဒီလို သူရဲ့ကောင်းတွေ ပေါ်လာတာကို တွေ့ကြမှာပေါ့။)

Friday, March 15, 2019

ဂျူနီယာဝင်း – - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (4)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ(4)

ဂျူနီယာဝင်း – မစ်ဇူရီက ကောင်ကလေးတယောက် သို့မဟုတ်  “ဝီနာ လျောက်သောလမ်း“
(အတွေးအမြင် ၃၁၉ ။ မတ်လ ၂၀၁၉)
မိုးမခ၊ မတ် ၁၄၊ ၂၀၁၉




(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ Missouri Boys အခန်းမှ ခေါင်းစဉ်တစ်ခုုဖြစ်သော The Wienerweg အခန်းကို ဘာသာပြန် ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။)

(Dream Machine “အိပ်မက်ထဲကစက်ပစ္စည်း“ အမည်နဲ့ သည်စာအုပ်ကို မိတ်ဆက်ထားခဲ့ပီးပါပီ။ “မစ်ဇူရီကကောင်ကလေး“ အခန်းမှာ Joseph Carl Robnett Licklider (J.C.R Licklider) (March 11, 1915 – June 26, 1990) ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ (အတိုုကောက် J.C.R ဒါမှမဟုုတ်) ‘Lick’ လစ် ကိုမိတ်ဆက်ထားပါတယ်။ သူ့မိသားစုတွေနဲ့မိတ်ဆက်ပေးထားတယ်။ သူဟာ ဒေါက်တာဘွဲ့ရပီးလို့ သူ့ဘဝကို ထိမ်းကျောင်းတော့မယ့်အချိန် ၁၉၄၂ ကာလတွေမှာ မလွဲသာမရှောင်သာ ကမ္ဘာစစ်ကြီးနဲ့ တုုိးခဲ့တယ်။ တတိယအပုုိင်းမှာ “ငရဲခန်းတဖြစ်လဲ အလုပ်ခန်း“ အခန်းမှာ လစ် ဟာ စစ်အတွင်း သူ့အလုုပ်တွေကုုိ မရပ်မနားလုုပ်ခဲ့၊ သူအိမ်ထောင်ကျခဲ့၊ နောက်တော့ ပညာရှာတဲ့နေရာမှာ လောဘကြီးကြီးရှာခဲ့တာမှာ ယခု ရောက်ရှိနေတဲ့ ကန်းဘရစ်ကနေ ၂မိုင်အကွာက မက်ဆက်ချူးဆက် စက်မူတက္ကသိုလ် Massachusetts Institute of Technology (MIT) (အမ် အုုိင် တီ) က သူ့ကို ပညာတွေသင်ပေးမယ့်သူတွေရှိရာအရပ်သို့ တပည့်ခံရန် သွားခဲ့ပါတော့တယ် ဆုုိပီး အဆုုံးသတ်ခဲ့တယ်။

အခုုအပိုုင်းက အဲသည်ရဲ့အဆက် အမ်အုုိင်တီ ကုုိရောက်လာတဲ့ လစ် အကြောင်းတွေ လိုု့ စာဖတ်သူများ ထင်ရင် မှားသွားလိမ့်မယ်။ ဘာသာပြန်သူက ကျော်လုုိက်တာမဟုုတ်ပါဘူး။ သူ့အတုုိင်းပါပဲ။ လစ် ရောက်လာမယ့် အမ်အုုိင်တီ မှာ ရောက်နှင့်နေတဲ့ ပညာရှင်တွေ အကြောင်း ဖြစ်ပါတယ်။ အဲသည် ထဲက မစ်ဇူရီ အရပ်က ကောင်ကလေး တစ်ယောက်ဖြစ်တဲ့ Wiener (ဝီနာ) ရဲ့ အကြောင်းတွေ အများကြီး မိတ်ဆက်ပေးထားတယ်။ စာရေးဆရာရဲ့ စတုုိင်အတုုိင်း ဘာသာပြန်တင်ဆက်ထားတာပါ။ ခံစားကြည့်တာပေါ့။)

ဟားဗက်ကနေ အမ်အိုင်တီ ကိုသွားတဲ့ လမ်းဟာဖြင့်ရင် စစ်ကြီးရဲ့ နောက်ဆုံးနေ့တွေမှာဖြစ်လို့ တကယ့်ကို ပြောစမှတ်တွင်လောက်မှာပဲ။ ဟားဗက် – လွန်ခဲ့တဲ့ နှစ် ၃ဝဝကျော်လောက်က ရှိခဲ့ပီးသား၊ တွေ့ရှိပီးသားနေနရာတစ်ခု။ ကမ်းဘရစ်ရဲ့ အရှေ့ဘက်ခြမ်း။ သစ်ပင်တွေ၊ တောအိမ်ကလေးတွေ၊ စာအုပ်ဆိုင်လေးတွေနဲ့ နေလို့ကောင်းမယ့် နေရာတစ်ခုဖြစ်နေဆဲ။ ဒါပေမယ့် အဲသည်ဒေသက အမ်အိုင်တီ ဆိုတဲ့ ၁၈၆၁ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ မက်စက်ချူးစက် စက်မူတက္ကသိုလ် ကတော့ ဒေသရဲ့ အရှေ့ဖက်က စက်မူဇုံကွင်းပြင်တစ်ခုသာသာ။ အနီရောင်ကျောက်တုံးကျောက်ခဲတွေနဲ့ စက်မူကျောင်းလေးတစ်ခု။ အဓိက ကျေင်းတော်ကြီးကတော့ သူ့အရည်အချင်းတွေနဲ့ သူ့ဘာသာသူ လုံလောက်ပါတယ်။

ဘော့စတွန်အတွက်လှပတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ ချားစ်မြစ်စီးဆင်းရာကို သူ့ဆီက မြက်ခင်းပြင်လေး လှိမ့်ဆင်းသွားပုံက ကဗျာဆန်ဆန်။ သို့သော်လည်း စစ်အတွင်းတုန်းက M. I. T (အမ်အိုင်တီ) ရဲ့အစကတော့ Radiation Laboratory (ဓါတ်ရောင်ခြည် ဓါတ်ခွဲခန်း) ဆိုတဲ့ ထိတ်တန်းလျိူ့ဝှက် ဂေဟာတစ်ခုဖြစ်ကောင်းဖြစ်ခဲ့။ အဲသည်မှာ ရူပဗေဒပညာရှင်နဲ့ အင်ဂျင်နီယာ ၄ထောင်ကျော် ဟာ ဓါတ်ရောင်ခြည်ဆိုင်ရာ နည်းပညာကို အကြီးအကျယ် သပ်သပ်ရပ်ရပ် နဲ့ အပြင်းအထန်အလုပ်လုပ်ခဲ့ကြဖူးတယ်။ အဲသည်အရပ်ဟာ သူတို့အတွက် အိမ်ဂေဟာဖြစ်ခဲ့၊ သည်လိုနဲ့ အနီးအနား ပတ်ဝန်းကျင်ဟာ သူတို့အလုပ် ဖြန့်ကျက်ရာဖြစ်ခဲ့၊ အကျဉ်းတန်အရုပ်ဆိုးတဲ့ ဓါတ်ခွဲအဆောက်အဦတွေ ဖြစ်လာခဲ့၊ တိုးချဲ့ခဲ့ တယ်ဆိုပါတော့ဗျာ။ စစ်မဖြစ်ခင်တုန်းကတောင် အဲသည်ဧရိယာဟာ ခြောက်သွေ့တဲ့ ကုန်လှောင်ရုံတွေ၊ စက်ရုံတွေနဲ့ စက်မူလုပ်ငန်းတွေ နဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ အခုတောင် သည်နေရာက ပိုပီး ခြောက်သွေ့နေပါသတဲ့။

အခု လစ်ရဲ့ ဟားဗက်ကနေ အမ်အိုင်တီ ခရီးကို ပြန်စရရင် နောက်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပါပီ။ ဟိုးရှေးရှေးတုန်းက… အဲသည် တက္ကသိုလ်ကြီးဟာ စက်မူကျောင်းလေးတစ်ကျောင်း သာဖြစ်ပါတယ်။ အဲသည်ထက်ပိုလည်းမပိုပါဘူး။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်၊ ဥက္ကဌအလုပ်ကို လုပ်နေသူလည်းဖြစ်တဲ့ ကားလ် သွန်ပ်ဆင် ရဲ့ လက်အောက်မှာ အမ်အိုင်တီဟာ ရူပဗေဒ၊ ဓါတုဗေဒ၊ သချာင်္၊ အာခီနဲ့ တခြားသော ဘာသာရပ်တွေရဲ့ အဓိက သင်တန်းများပို့ချရာ နေရာတစ်ခု ဖြစ်လာပါတယ်။

တဖန် ဒုတိယ ကမ္ဘာစစ်ကြီးက ဝင်ရောက် နှောက်ယှက်လိုက်ပြန်တော့ အစိုးရက ဓါတ်ရောင်ခြည်ဆိုင်ရာ သုတေသနခန်း၊၊ ဓါတ်ခွဲခန်း၊ စက်မူပိုင်ဆို်င်ရာ ဓါတ်ခွဲခန်း၊ အရေးပါသော အဆင့်မြင့် ဓတ်ခွဲခန်းတွေ အတွက် ်ဒေါ်လာ သန်း ၁၁၇ သန်းမြုတ်နှံလိုက်တယ်။ သည်တော့ အမ်အိုင်တီဟာ ရှေ့မှာဆိုခဲ့သလို သိပ္ပံပညာရှင်တွေရဲ့ လက်တွေ့စမ်းသပ်ခန်း၊ ဓာတ်ခွဲခန်းတွေ ရှိရာနေရာဒေသဖြစ်လာတယ်။ ၁၉၄၅ခုနှစ်မှာ ကမ်းဘရစ် အရှေ့အရပ်ဟာ စွမ်းအင်ဗေဒဆိုင်ရာဘာသာမှာ ပြိုင်ဘက်ကင်းတဲ့ နေရာဒေသဖြစ်လာတယ်။ စစ်အတွင်းကာလတွေမှာ ရူပဗေဒပညာရှင်တွေ ဟာ စိတ်ပညာဗေဒပညာရှင်တွေနဲ့ လက်တွဲပြီး အလုပ်တွေ တရစပ်လုပ်နေရတယ် ဆိုတာ ငြင်းစရာမရှိပါဘူး။

သည်လုုိပေါ့ … ရူပဗေဒပညာရှင်တွေက စိတ်ပညာရှင်တွေနဲ့့ တဖက်တချက်အလုုပ်တွဲလုုပ်တယ်၊ စိတ်ပညာရှင်တွေက သချာင်္ပညာရှင်တွေဆီကနေ သင်ယူလေ့လာတယ်၊ သချာင်္ပညာရှင်တွေက လျပ်စစ်အင်ဂျင်နီယာပညာရပ်ကုုိ သူတုုိ့ဘာသာဗေဒနဲ့ ကျယ်ပြန့်အောင်လုုပ်တယ်။ အဲသည် ၄နှစ်ဆုုိတဲ့ ကာလ၊ ၄နှစ်တာဆုုိတဲ့ အတွင်းမှာ သူတုုိ့ဟာ စကားတွေပြောကြ၊ ငြင်းခုုန်ကြ၊ တုုိက်ခုုိက်ကြ၊ ဖန်တီးကျတယ်ပေါ့။ ဟော … သည်လုုိနဲ့ သူတုုိ့ဟာ အကြံညဏ်သစ်တွေနဲ့၊ စိတ်ကူးသစ်တွေနဲ့ ၊ နည်းပညာအသစ်တွေနဲ့ ၊ နည်းလမ်းအသစ်တွေနဲ့ သူတုုိ့တတွေဟာ အသက်ဝင်လာတယ်၊ ကမ္ဘာကြီးကုုိ အမြင်သစ်တွေနဲ့ ကြည့်လာကြတယ် ဆုုိပါတော့လေ။

(သည်နေရာမှာ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။) သည်နေရာကုုိ ပညာရှင် တစ်ယောက် – လူပုုံက ခပ်ကြွားကြွား၊၊ ဝတ်စုုံပြည့်နဲ့ ဘာနဲ့ညာနဲ့၊ လက်မှာ ဆေးပေါ့လိပ်ကြီးကိုု ဟန်ပါပါညှပ်လုုိ့့ အမ်အုုိင်တီ ပရဝဏ်ထဲကုုိ ဟုုိငေးသည်ငေးနဲဲ့ ရောက်လာတယ်ပေါ့။ သူလမ်းလျောက်လာပုုံနဲ့ ဟန်ပန်ကုုိ ကြည့်လိုုက်တော့ ဘဲငန်းတစ်ကောင် ကနွဲ့ကလျ လျောက်လာသလုုိလုုိ။ ပြောရရင် သူ့ရဲ့ အနက်ရောင်ဘောင် မျက်မှန်ထူထူနက်ကြီးနဲ့ သူ့ပုုံကုုိက အဲသည်ခေတ် သတင်းထောက်တွေက သူ့ကုုိ ခရစ်စမတ်ဘုုိးဘုုိးကြီး စင်တာကလော့ လိုု့ ခေါ်လိုုက်မှာ သေချာတယ်။ ဒါပေမယ့် ယနေ့ခေတ် သတင်း်ထောက်တွေဆုုိရင်တော့ သူ့ကုုိ ချက်ချင်းကြီးကုုိ (KFC)ကေဖက်စီ ကင်တာကီ ကြက်ကျော် လုုိ့ခေါ်မှာ။

Norbert Wiener (နော်ဘတ် ဝီနာ) က တပါးသူရဲ့ ရုုံးခန်းထဲကုုိ မကြေငြာပဲ ဝင်လာခဲ့ပီး “ဘယ်နဲ့လဲ ဟေ့” လိုု့ ခရီးရောက်မဆုုိက်မေးလုုိက်တယ်။ သူက အဖြေကုုိ မစောင့်ပဲ သူဆွေးနွေးလုုိတဲ့ ခေါင်းစဉ်ကုုိ တပ်ပီး ပြောတယ်ဆုုိတယ်ပေါ့။ ဦးနှောက်နဲ့ အာရုုံကြောဆုုိင်ရာ ရောဂါဗေဒကိုု သချာင်္အမြင်နဲ့ ဆွေးနွေးတယ်။ ဆက်သွယ်ရေးဆုုိင်ရာ ပညာရပ်ကုုိ စိတ်ကူးနဲ့ သူပြောချင်တာတွေ ပြောတယ်။ သက်မဲ့စက်ပစ္စည်းတွေနဲ့ ပတ်သက်လုုိ့ ဘယ်လိုုအလုုပ်လုုပ်သလဲ ဆုုိတာကိုု သူ့အမြင်တွေတင်ပြတယ်။ မေးခွန်းထုုတ်တယ်။ သူက တကုုိယ်တော်ပြောသွားတာတွေ။ အဲဒါတွေက တကယ့်ကုုိ ချီးကျူးလောက်တဲ့ စကားတွေပါ။ Robert Fano (ရောဘတ် ဖနုုိ) (သူက အမ်အုုိင်တီက သိပ္ဗပညာရှင်၊ လ ျှပ်စစ်အင်ဂျင်နီယာ ပါမောက္ခ) က စစ်ပြီးသွားတာတောင် နော်ဘတ်ဝီနာ ရဲ့စကားတွေကုုိ ထပ်ခါတလဲလဲ ပြောမဆုုံးဖြစ်တုုန်း၊ မမေ့နုုိင်ဖြစ်တုုန်းပါ။ ဖနုုိဟာ စစ်ပြီးသွားတော့ သူ့ရဲ့လျှပ်စစ်အင်ဂျင်နီယာဘာသာ ဒေါက်တာဘွဲ့ နဲ့ ဆက်လက် အလုုပ်လုုပ်ခဲ့တယ်။ ဝီနာ ပြောတဲ့စကားတခွန်း “အချက်အလက်တွေဟာ အမြဲတန်း ပြောင်းလဲနေတယ်“ ဆုုိတာကုုိ သူ့ဆီက အမြဲကြားကြရတယ်။ ဒါပေမယ့် ဖနိုု နဲ့တွေ့ပြီးနောက်ပုုိင်း နောက်ထပ် စကားအဆန်းတွေ ထပ်မကြားရတော့ဘူး။ ဖနိုုဟာ ဝီနာ ပြောတဲ့အတုုိင်း စီမံပေးတယ်။ သူ့ရဲ့အချက်အလက်ဆုုိင်ရာ သီအုုိရီတွေကုုိလည်း အသစ်ဖြစ်အောင် ဖန်တီးပေးတယ်။

အဲသည် ဝီနာ ဆုုိတဲ့ ပုုဂ္ဂိုလ်ကြီးရဲ့ နံမယ်ကြီး စိတ်ကူးစိတ်သန်းတွေပေါ် မှာအခြေခံလိုု့ “ဝီနာ လျောက်သောလမ်း“ ဆုုိပီး Wienerweg ဆုုိတဲ့စကားလုုံး အသစ်ပေါ်ထွက်လာတယ်။ အဲဒါက ဂျာမန်လိုုရေးထားတာပါ။ အင်္ဂလိပ်လုုိဆုုိရင် ‘Wiener’s path’ ဆိုုပီး ဖြစ်ပါတယ်။ (အဲဒါ အခုုဆောင်းပါးရဲ့ မူရင်း ခေါင်းစဉ်ပါ။) သူနဲ့စကားပြောဖူးသူတွေ၊ သူ့စကားတွေ နားထောင်ဖူးသူတွေ၊ သူ့တရားနာဘူးသူတွေ ကောင်းကောင်း သိပါတယ်။ “သူက အဲသည်နေရာမှာ ဘယ်သူတွေပဲ ရှိရှိ မရှိရှိ ဝင်ချလာတယ်၊ သူက ဘာကိုုမှ ဂရုုမစုုိက်ပဲ တန်းပီး ပြောတော့တာ၊ သူများက စကားပြောနေသလား ဘာလားကအစ ကြည့်မနေဘူး၊ တန်းပီး စပြောတော့တာပဲ။“ နောက်ပုုိင်း အမ်အုုိင်တီက ဥက္ကဌ ဖြစ်လာမယ့် Jerome Wiesner (ဂျေရုုန်း ဝက်စ်နာ)က “သူက အပြောနဲ့ အရေးကိုု တပြိုင်နက်ထဲ လုုပ်သွားတာပဲ။ သိပ္ဗံပညာရပ်ကုုိ အသေအချာ ဆွေးနွေးပြနုုိင်သူ တစ်ယောက်ပါပဲ” လုုိ့ ကျေကျေနပ်နပ် ပြောခဲ့ပါတယ်။

ဝီနာ ဟာ အမ်အုုိင်တီ မှာ တကယ်ပဲ သြဇာသက်ရောက်လာတဲ့ ပုုဂ္ဂိုလ်ဖြစ်လာတယ်။ သူ့ရဲ့ အကြံသစ်ဉာဏ်သစ်တွေက တကယ်ပဲ ထိရောက်ပါတယ်။ ( သူက ၁၈၉၄ ဖွားဖြစ်ပါတယ်။ ၁၉၆၄ မှာ ကွယ်လွန်တယ်။) သူဟာ တက္ကသိုုလ်စတက်ချိန် အသက်၁၁နှစ် ၁၉၀၅ ခုုနှစ် ကတည်းကနေ နောက်အနှစ် ၄၀ လောက် အလုုပ်တွေ လုုပ်ခဲ့တယ်လ ုုိ့ ဆုုိပါတယ်။ တကယ့်ကုုိ အရှားပါးဆုုံး သတ္တဝါကြီးပါပဲ။ သူ့ရဲ့ အသွင်အပြင်နဲ့ သူ့ဆေးပေါ့လိပ်ကြီးကြောင့်လုုိ့ပဲ ဆုုိဆုုိ၊ သူက ဥရောပသားတစ်ယောက်နဲ့ ပဲတူတယ်။ သူ့အသံထွက်က ဥရောပဆန်တယ်၊ သူ့အမည်ကုုိ သူက ဗီယက်နမ်သံနဲ့ ထွက်တယ် – ဥပမာ ဗီယက်နမ် လုုိ ဗီ..နာ (ဗီးးးး နာ လုုိ့ထွက်သလုုိမျိူး) ကုုိ သူ့အမည် ဝီးးးးးး…နာ လိုု့ ထွက်တယ်ပေါ့။ သူက အမှန်တော့ အမေရိကန်မူရင်းအသံထွက်သမားပါ။

နည်းပညာပုုိင်းဆုုိင်ရာအနေနဲ့ သူ့ကုုိ မိတ်ဆက်ရရင်တော့ သူက မစ်ဇူရီက ကောင်ကလေးတစ်ယောက်ပါပဲ။ မစ်ဇူရီအရပ်မှာ ၁၈၉၄ခုုနှစ် နုုိဝင်ဘာလ ၂၆ ရက်ဖွားပါ။ သူ့ဖခင်က ရုုရှလူမျိူး လီယုုိ တဲ့။ ကုုိလန်ဘီယာတက္ကသိုုလ်မှာ ဂျာမန်ဘာသာသင်ကြားသူ။ သူ့မိသားစုုက ၁၈၉၅မှာ မက်ဆက်ချူးဆက် ကန်းဘရစ်ကုုိ ပြောင်းရွေ့လာကြတယ်။ လီယုုိ ဝီနာ (နော်ဘတ်ဝီနာ၏ ဖခင်) က တကယ့်ကုုိ ထူးချွန်တဲ့ပညာရှင်တစ်ယောက်ပါ။ သိပ္ဗံနဲ့ သချာင်္ ကုုိကျယ်ကျယ်ပြန့်ပြန့် သိထားတယ်။ ဘာသာစကား ၄ဝလောက်နဲ့ ရေးထားတဲ့ စာအုုပ်တွေကုုိ ဖတ်တတ်တယ်။ ဟားဗက်မှာ ဘာသာစကားများဆုုိင်ရာတွေနဲ့ ပတ်သက်လုုိ့ ပါမောက္ခအဖြစ် အမူထမ်းခဲ့တယ်။ သူက သဘာတရားကုုိ အလေးထားသူ။ ဒါ့အပြင် အင်ဂျင်နီယာပညာကုုိလည်း စနစ်တကျ လေ့လာဘူးသူ။

သည်တော့ သည်အဖေက သူ့သားကုုိ ဘယ်လုုိပညာရေးမျိူးကုုိ ပေးမလဲ။ နုုိဘတ် အသက်၆နှစ်အရွယ်ထဲက ဖခင်ရဲ့ လျေ့ကျင့်သင်ကြားပေးမူ အောက်မှာ ကြီးပြင်းလာလုုိက်တာ သူကလည်း အလုုိကျ လေ့လာလုုိက်စားခဲ့တော့ မိဘတွေအတွက် ချစ်စရာသားတစ်ယောက်ဖြစ်လာတာ မဆန်းဘူးပေါ့။ သူကျေင်းစနေတော့ သူ့အသိပညာက ရွယ်တူတွေထက် ရနှစ်လောက် ရှေ့ရောက်နေရော။ အသက် ၁၁နှစ်မှာ တက်ဖ်တက္ကသိုုလ်ကိုု တက်လှမ်းခဲ့ရပီ။ ၁၉၁၃ခုုနှစ် အသက် ၁၈နှစ်မှာ ဟားဗက်ကပေးတဲ့ သချာင်္ဘာသာနဲ့ သူက ဒေါက်တာဘွဲ့ရ။ ၁၉၁ရတုုိင် ပထမကမ္ဘာစစ် အမေရိကန်ပြည်ထောင်စုုမှာ ကြုံတွေ့ခဲ့ရသည့်တုုိင် သူက ကန်းဘရစ်၊ ကုုိလန်ဘီယာ၊ ဂေါ့တီဂန်၊ ကောနယ်၊ ကုုိဘန်ဟေဂန် အစရှိတဲ့ တက္ကသိုုလ်တွေမှာ ဒေါက်တာပူပူနွေးနွေးက အလုုပ်တွေလုုပ်ခဲ့ရာမှာ ဆင်ကြီးတွေဖြစ်တဲ့ စိ်တ်ပညာဗေဒ-သချာင်္ပညာရှင် ဘာထရန်ရူဆယ်တုုိ့၊ ဂျာမန်သချာင်္ပညာရှင်ကြီး ဒေးဗစ်ဟားဗက်တုုိ့နဲ့ တွဲပြီးလုုပ်ခဲ့ရပါသတဲ့။ ၁၉၁၈ခုုနှစ် ဟာဖြင့် မျော်လင့်ချက်ကင်းမဲ့၊ စိတ်ဓါတ်ကျဆင်းဖွယ် ကာလတွေဖြစ်နေတာတော်င် အဲသည် မျိူးချစ်စိတ်အပြည့်နဲ့ အဲသည် အသက်၂၄နှစ်အရွယ် ကောင်ကလေးက မေရီလန်းက စစ်ဘက်ဆုုိင်ရာနယ်မြေအတွက် သူ့သချာင်္စွမး်ရည်တွေနဲ့ အလုုပ်အကြွေးပြုခဲ့သေးတယ်။ သူ့က စစ်လက်နက်ကြီးတွေရဲ့ ပစ်မှတ်ပုုိင်းဆုုိင်ရာတွေကုုိ လက်နဲ့ အသေအချာ တွက်ချက်ပြခဲ့ပါသတဲ့။ ၁၉၂ဝခုုနှစ် ဘော့စတွန်ဟားရယ် ဆုုိတဲ့ သတင်းစာအတွက် ဂျာနယ်လစ်တစ်ယောက်အဖြစ် နည်းနည်းပါးပါး ဝင်လုုပ်ခဲ့ပီးတဲ့နောက် အမ်အုုိင်တီမှာ သချာင်္ဘာသာရပ်ဆုုိင်ရာ အဖြစ် အလုုပ်ဝင်လုုပ်ခဲ့ပါတယ်။

အမ်အုုိင်တီမှာ သချာင်္ဘာသာရပ်ကုုိ အင်ဂျင်နီယာကျေင်းသားတွေကုုိ အဓိကထား သင်ပေးတယ်။ ဝီနာရဲ့ သချာင်္ဘာသာရပ်ဆုုိင်ရာ သင်ကြားမူပုုံစံဟာဖြင့် ဒဏာရီဆန်ဆန်ပဲလုုိ့ ပြောကြဆုုိကြတာ ကြားဖူးပါရဲ့။ ဝီနာ တိုုင်းတာမူ၊ ဝီနာ လုုပ်ငန်းစဉ်၊ ဝီနာ ညီမ ျှခြင်း၊ ပါလီ-ဝီနာ သီအုုိရမ်များ၊ ဝီနာ လီနီယာအီကွေးရှင်း၊ ဝီနာ အနာလစ်ဆစ် စသဖြင့် စသဖြင့်။ သူက သူ့မြင်မြင်သမ ျှဟာ သချာင်္ကြီးပါပဲ။ သူ့မျက်စိထဲ သချာင်္ပဲမြင်နေတော့တယ်။ ၁၉၂၀ နဲ့၁၉၃ဝနှစ်တွေမှာ ကွန်တန်သီအုုိရီနဲ့ပတ်သက်လုုိ့ တိုးတက်မူတွေကိုု သူပဲ ချပြခဲ့တယ်။ သူ့အဖော်တွေကတော့ သူလုုပ်သမ ျှ သူ့စတုုိင်တွေကုုိ လက်ကော ခေါင်းရော ခါကြရပါသတဲ့။ ဝီနာက သချာင်္အမှတ်အသားတွေ၊ သင်္ကေတတွေ၊ ဘာသာစကားတွေကနေ အကြံဉာဏ်အသစ်တွေ မွေးဖွားသန့်စင်ပေးဖုုိ့ ဒါပဲစဉ်းစားတွေးခေါ်နေတော့တာ။

သူက နည်းနည်းတော့ အဲ…. များများတော့ ကုုိးယိုုးကားယားနုုိင်တယ်။ မှတ််မိသလောက် ပြောရရင် သူ့မျက်မှန်ကြီးက တော်တော်ထူတယ်။ သည်တော့ တခါတလေကျ ဘယ်ဟာက ဘယ်မှာဆုုိတာ သူမသိဘူး။ (မမြင်ဘူး)။ သည်တော့ ဆုုိလိုုတာက စိတ်မှန်းနဲ့ သူက ကုုိင်တွယ် အလုုပ်လုုပ်တယ်ပေါ့။ သူများတကာတွေ ဟောပြောနေချိန်မှာ သူက ဟောက်နေတတ်တာတော့ လွန်တာပေါ့။ အပြီးသတ်ကျ သူက နိုုးလာပီးတော့ မေးခွန်းတွေ တရစပ်ကောက်မေးတာမျိူး။ တနေ့ကလည်း သူက စာသင်ခန်းရှိရာကုုိ ငေးမောရင်း တွေးရင်းလျောက်လာတယ်။ နံရံတလျောက်မှာ သူ့လက်ချောင်းလေးတွေက လိုုက်ပြေးနေတယ်။ သူ့စာသင်ခန်းတံခါးက ဖွင့်ထားတဲ့တံခါးနား ရောက်လာတယ်။ အဲဒါကုုိ သူကဆက်ပီးအခန်းထဲက နံရံလေးဘက်အတုုိင်း အဲသည်လုုိ လက်ချောင်းလေးတွေ နံရံတလျောက် လုုိက်ပါရင်း ဆက်လျောက်သွားလုုိက်တာ တံခါးပေါက်ဆီပြန်ရောက်လာပီး ပြန်ထွက်သွားတယ်။ သူ့အတွေးတွေထဲ နစ်နေပုုံများ။ တခါတုုန်းကသူ့သူငယ်ချင်းနဲ့ လမ်းမှာတွေ့တယ်။ စကားတပြောပြောနဲ့ လျောက်လာကြပြီး သူ့သူငယ်ချင်းကုုိ သူက အခုုနတုုန်းက သူဘယ်ဘက်ကုုိ သွားမလုုိ့ လုုပ်နေတာလဲ လိုု့တွေ့တုုန်းက အခြေအနေကိုု မေးသတဲ့။ ခုုနတုုန်းကတော့ ဘာသာရပ်ဆုုိင်ရာ ပြခန်းကနေ ထွက်လာတာလုုိ့ဆုုိတော့ ဝီနာ က “သြော်… အဲဒါ ကျွန်တော် မနက်စာစားပီးပီလိုု့ ဆုုိလုုိတာပေါ့“ လုုိ့ခပ်ကြောင်ကြောင် မှတ်ချက်ချတာမျိူး လုုပ်တယ်။

နောက်ဆုုံးပြောစရာတစ်ခုုကတော့ သူက လူတွေနဲ့ ပတ်သက်ရင် အသေးစိတ်မမှတ်မိတာ။ George Miller (ဂျော့မစ်လာ) (သူ့အကြောင်းအရင် အခန်းတွေမှာ ဖော်ပြပီး။ အမေရိကန် စိတ်ပညာရှင်တစ်ဦး၊ စိတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုကို တည်ထောင်ခဲ့သူ) က “ကျွန်တော် ဝီနာ နဲ့ တဒါဇင်လောက်တွေ့ဖူးတာကုုိ သူက ကျွန်တော့်ကုုိ တွေ့တိုင်း တစိမ်းတစ်ယောက်အဖြစ် သူက မြင်နေတာ“ လိုု့ ပြောပါတယ်။ မစ်လာက အမ်အုုိင်တီမှာ ၁၉၅၀ ကာလတွေမှာ နှစ်ပေါင်းများစွာ ရှိခဲ့ဘူးပါတယ်။ တခါတော့ ဝီနာ နဲ့ သူ ဝီနာ့ရုုံးခန်းမှာ ဂျာနယ်လစ် တစ်ယောက်နဲ့ တွေ့ပေးဖုုိ့ကိစ္စကြောင့် ဆုုံကြတယ်။ ဂျာနယ်လစ်နဲက ဝီနာဟာ တရုုတ်ဘာသာနဲ့ အတုုိင်အဖောက်ညီပြောကြဆုုိကြတယ်။ ဝီနာ ကသူ့ဖခင်ရဲ့ ဘာသာစကားလေ့လာမှုအမွေကုုိ ရထားတယ်လေ။ သူကိုုယ်တုုိ်င် ဘာသာ ၁၃မျိူး တတ်ထားတယ်။ ၂မိနစ် ၃မိနစ်လောက်အကြာ ရုုတ်တရက ်ဝီနာ က မစ်လာဘက်ကိုုလှည့်ပီး “ခင်ဗျား ဘယ်သူလဲ“ လုုိ့မေးတယ်။ မစ်လာ ကတော့ ဘာမှမပြောပဲ ထွက်သွားလုုိက်ပါတယ်။

ဝီနာက လူတွေရဲ့ အကြိုက်တော့ မဟုုတ်ဘူး။ သူက သူ့ပုုံစံနဲ့သူ နံမယ်ကြီးတာ သချာင်္ဘာသာပညာရှင် တစ်ယောက်လုုိ လူသိများတာ။ ဝီနာဟာ သူ့သူငယ်ချင်းတွေနဲ့ သိပ္ဗံပညာဆုုိင်ရာ အငြင်းပွားမူတွေမှာ ငြင်းခုုန်တတ်တယ်။ ဒါ့အပြင်သူ့မှာ လူပုုဂ္ဂိုလ်ရေးဆုုိင်ရာ တုုိက်ခုုိက်မူတွေလည်း ရှိတတ်တယ်။ သူ့မိတ်ဆွေဟောင်း ပက်စီမာစာနီ ကပြောရာမှာ “ ဝီနာ ဟာ ယဉ်ကျေးပီး အသည်းနှလုုံး နူးညံ့့သူတစ်ယောက်ပါပဲ “ လုုိ့ဆုုိပါတယ်။ “ဒါပေမယ့် တခါတရံ သူ့မှာ စိတ်ထိခုုိက်လွယ်၊ စိတ်ပူပန်လွယ်၊ အတ္တနဲ့ခံစားချက် ပြင်းထန် သူတစ်ယောက်လုုိ တုုန့်ပြန်တတ်တယ်“ ။

ခပ်တုုိတုုိဆက်ရရင် ဝီနာ ဟာ ၁၉၄ဝမှာ အမ်အုုိင်တီသချာင်္ ဆိုုပီး ပုုံစံပြောင်းပစ်လုုိက်နိုုင်ခဲ့တယ်။ သည်တော့ ဒုုတိယကမ္ဘာစစ် ကန်ဘရစ်ဟာဖြင့် ထူးခြားတဲ့ ပုုံစံသစ်နဲ့ တည်ရှိနေပြီး အလုုပ်အကျွေးပြုနုုိင်ခဲ့တယ်ပေါ့။ လူတွေဟာ ဝီနာ ရဲ့အကြံသစ်ဉာဏ်သစ် တွေကနေပြီး အတူတကွ ပြောဆုုိ ဆွေးနွေး အကြံပေး နေထုုိင် အသက်ဆက်ခဲ့ကြပါတယ်။

စစ်အပြီးမှာ ဝီနာ ရဲ့“စူပါဆွေးနွေးပွဲများ“ ဟာ ချက်ချင်းဆုုိသလိုု ဆင်နွဲခဲ့တယ်။ “ညစာစားချိန် စကားလက်ဆုုံ အချိန်ဟာဖြင့် အရောင်အသွေးစုုံတဲ့ အချိန်ပါပဲ။ တက်ရောက်လာတဲ့ ဧည့်သည်တွေဟာ စိတ်ဝင်တစား နဲ့စိတ်ပါလာကြတယ်“ လုုိ့ (ဂျယ်ရီဝက်စနာ) ကပြောပါတယ်။ ညစာစားပီးတော့ သူ (ဝီနာ) က သူ့အလုုပ်နဲ့ ပတ်သက်ပီး ဘယ်သူမဆုုိ ဝင်ရောက် ပြောဆုုိ ဆွေးနွေးဖုုိ့ အခုုလုုိပြောတယ်။ အဲသည် အခွင့်အရေးပေးရတာဟာ လွယ်တော့မလွယ်ဘူး။

“စကားတွေကုုိ ခပ်တုုိတုုိပဲ ပြောကြဖုုိ့ မျော်လင့်ပါတယ်။ ဒါပေမယ့် ပြောတဲ့သူက ပြီးအောင်ကြိုးစားပြီး ပြောနေချိန်အတွင်း ဝင်ရောက်ဖြတ်ပြောတာ၊ ဆွေးနွေးတာ၊ အငြင်းအခုုန်လုုပ်တာတွေလည်း ရှိနုုိင်ပါတယ်။ သည်တော့ တချိူ့အုုပ်စုုတွေလည်း ညသန်းခေါင်လောက်ကျ ထပြန်တာမျိူး ဖြစ်နုုိင်တယ်။ တခါတလေ အပြင်းအထန် ငြင်းခုုန်မယ်၊ ဒီနေ့ပြီးရင်လည်း ပြီးနုုိင်မယ်၊ ပြီးချင်မှလည်း ပြီးမယ်လုုိ့ မြင်နုုိင်ပါလိမ့်မယ်။ ဥပမာဗျာ – ဒစ်ဂျစ်တယ်ကွန်ပြူတာတွေနဲ့ လူ့ဥနှောက် ကွဲပြားခြားနားမူတွေ အကြောင်း ဆွေးနွေးကြတဲ့အခါ မပြီးနုုိင်တာမျိူးပေါ့။”

ဟော …. လစ် …. (သည်စာအုုပ်ရဲ့ ဇာတ်လုုိက်ဖြစ်တဲ့ လစ်ကလီဒါ၊ အခုုမှ သူ့နံမယ် တွေ့ရပီ။) လစ် က စတီဗင်၊ မစ်လာတုုိ့နဲ့ တဖွဲ့တည်း၊ Psycho -Acoustics Lab ( စိတ်ပညာဗေဒ- ရေဒီယုုိအသံလှိူင်း ဓါတ်ခွဲခန်း ) ကသူတွေနဲ့အတူ သူလည်း အဲသည် ထဲမှာ ပါတယ်။ ဂျယ်ရီ ဝက်စနာ က လစ်ဟာ အဲသည်အုုပ်စုုထဲမှာ အရပ်ရှည်ရှည် ကလန်ကလားနဲ့၊ သူက အငြင်းလည်း သန်တယ် လုုိ့ အမှတ်တရ ပြောပြတယ်။ ကုုိကာကိုုလာပုုလင်းကုုိ လက်တစ်ဖက်က ကိုုင်လုုိ့ သူ့ပုုံစံက အခုုထိ မျက်စိထဲ မြင်နေမိတုုန်း။ လစ်က လူနဲ့ စက်ပစ္စည်းဆုုိတဲ့ ဆက်သွယ်ချက်တွေကုုိ သိပ်ကုုိ စိတ်ဝင်တစား စဉ်းစားတွေးခေါ်တတ်သူပါ။ သူကလည်း တခြားသူတွေလုုိပဲ ဝီနာရဲ့ ဆွေးနွေးပြောဆုုိချက်တွေကုုိ သေချာ နားထောင်ပြီး လုုိက်ပါခံစားတတ်သူပါ။ သည်တော့ သူုတုုိ့နှစ်ယောက်ရဲ့ ဆက်သွယ်ချက်က အဲသည်အမြင်တွေကြားထဲ နေမှာပေ့ါ။

“ခေတ်တစ်ခေတ်ရဲဲ့ နည်းပညာ ဟာ အဲသည်ခေတ်က အတွေးအမြင်တွေကုုိ ရောင်ပြန်ဟတ်ပါတယ်“ လုုိ့ ဝီနာ ကစစ်ကြီးအပြီးမှာ ခပ်တုုိတုုိ မှတ်ချက်ချခဲ့ပါတယ်။ ဥပမာနဲ့ ရှင်းအောင်ပြောရရင် ၁ရရာစုုနဲ့ ၁၈ ရာစုု ကြား သိပ္ဗံပညာ တော်လှန်ရေးအတွင်းမှာ ဂါလီလီယုုိ၊ ကတ်ပါလာ၊ နယူတန် တုုိ့ဟာ ခေတ်သစ်သိပ္ဗံပညာရပ်ရဲ့ အခြေခံ အုုတ်မြစ်ကုုိ ချပေးခဲ့တယ်၊ ၁၇ ရာစုု တွေးခေါ်ပညာရှင် ရနေးဒေးကား က အပင်တွေ တိရစ္ဆာန်တွေရဲ့ အတွင်းပုုိင်းတည်ဆောက်မူကုုိ တင်ပြပုုံဖော်ပေးခဲ့တယ်။ တဖန် ၁၉ ရာစုု စက်မူတော်လှန်ရေးမှာ နည်းပညာ ဆုုိတဲ့ အဓိပ္ဗါယ်သတ်မှတ်ချက် ဟာ ရေနွေးငွေ့သုုံးအင်ဂျင်ကနေ အပူကုုိထုုတ်ပီး စွမ်းအင်ထုုတ်တဲ့ သဘောတွေ ပါလာတယ်။ အဲသည်လုုိနဲ့ သိပ္ဗံပညာရပ်ဟာ တဖြေးဖြေးနဲ့ ဇီဝဗေဒ၊ အပူဗေဒ၊ စက်မူဗေဒ ဆုုိပီး ပြောင်းလဲ တုုိးတက်လာတာ မျက်မြင်ပါပဲ။

အခုု ၂၀ ရာစုုမှာတော့ တဲ့ … ဝီနာ ကဆက်ပြောပါတယ်။ တော်လှန်ရေးအသစ်တစ်ခုုကိုု စဖုုိ့ လမ်းစကုုိ မြင်နေရပါပီတဲ့။ ဒါပေမယ့်တဲ့ ရေနွေးငွေ့ တုုိ့ဘာတုုိ့လုုိတော့ မဟုုတ်ပါဘူး တဲ့။ နည်းပညာ တုုိးတက်ပြောင်းလဲမူ လုုိ့သူက ခေါ်လုုိက်ပါတယ်။ ခေတ်သစ်၊ အနာဂတ် ဆိုုတာကုုိ လမ်းပြပေးမယ့် ၊ မိမိ ပတ်ဝန်းကျင်ကိုု သာမက၊ ကမ္ဘာကြီးကိုု ပါ တုုိ့ထိနုုိင်မယ့် နည်းပညာပါ တဲ့။ ခေတ်ကုုိ လမ်းပြပေးမယ့် ပတ်ဝန်းကျင်အသစ်တစ်ခုု တဲ့။ “ ကျူပ်တို့ပြောနေတဲ့ အဲသည် စက်ပစ္စည်းဟာ စိတ်ကူးယဉ်သက်သက် မဟုုတ်ပါဘူး။ အနာဂတ်အတွက် မျော်လင့်ချက်ပေးနေတာလည်း မဟုုတ်ပါဘူး။ အဲသည်စက်ပစ္စည်းက အလုုိအလျောက် တွက်ချက်ပေးမယ်၊ အလျင်အမြန်ကုုိ တွက်ချက်ပေးမယ်၊ ဥပမာဗျာ … ဘယ်လုုိပြောရမလဲ…. စက်မှုနည်းပညာအသစ်ပေါ့။“

သူက “အဲဒါကုုိ အသိဉာဏ်မရှိတဲ့သတ္တဝါ လိုု့ပဲခေါ်ခေါ်၊ စက်ပစ္စည်းလုုိ့ပဲ ခေါ်ခေါ် ပေါ့၊ ခေါ်ချင်သလုုိခေါ်။“ လုုိ့သူက ဖြည့်ပြောလုုိက်ပါသေးတယ်။ ဆက်သွယ်ရေး၊ အဖွဲ့အစည်း၊ သတင်းအချက်အလက်၊ အရာဝတ္တု၊ စွမ်းအင်၊ လုုပ်ဆောင်မှုစတာတွေဟာ အသက်မရှိတဲ့ အရာတွေပဲ လိုု့သူက ကောက်ချက်ချတယ်။ အဓိက ကတော့… အင်း…. ဆက်သွယ်ရေးကွန်ယက်နဲ့ ထိမ်းချူပ်မှု …. သူ့စက်ပစ္စည်းက အဲသည်လိုုမျိူး။ (အဲသည်တုုန်းက သူပြောတာတွေ ဘယ်သူမှ နားလည်ပုုံမရပါဘူး။ လစ် ကလွဲလိုု့ပေါ့။ အဲဒီဘာမှန်းမသိတာတွေကိုု သူက အကောင်အထည်ဖော်ပြမှာ။)

ဝီနာက သူ့စိတ်ကူးတွေကုုိ လစ်နဲ့ တခြားသော သူ့လိုု ကောင်တွေကုုိ တပျော်တပါးကြီး ပြောဆုုိ ရှင်းပြ နားထောင်ကြ။ အတိုုချူပ်ပြောရရင် “အော်တုုိမစ်တစ် ကွန်ပြူတာ“ ဆုုိတဲ့ ယနေ့ခေတ် အရေးပါဆုုံး ဖြစ်လာမယ့် စက်ပစ္စည်း ဆိုုတာဆီကုုိ ဦးတည်သွားနေကြတဲ့ လမ်းတစ်ခုုကုုိဖောက်နေကြတာ ဖြစ်မှာပေါ့။ အဲသည်နည်းပညာကိုု ၁၉၂၅ခုုနှစ်တွေကတည်းက နေစလုုိ့ ၊ အမ်အုုိင်တီမှာ သူ့စိတ်ကူးတွေကုုိ အကောင်အထည်ဖော်လုုိ့၊ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannwvar Bush (ဗာနက်ဗာ ဘွတ်ချ်) နဲ့ သူတုုိ့တွေနဲ့ တွေ့ဆုုံဖုုိ့ ဖြစ်လာတယ်။

(အဲသည်မှာ မစ်ဇူရီကကောင်ကလေးများ အခန်း အဆုုံးသတ်ပါတယ်။ မစ်ဇူရီကကောင်ကလေးများ Missourri Boys ဆုုိတဲ့အခန်းတစ်ခုုလုုံး ပီးပါပီ။ နောက်တစ်ခန်းကုုိ ကူးပါမယ်။ သည်တော့ စိတ်ဝင်စားရင် ဆက်ဘာသာပြန်မယ်။ စိတ်ဝင်စားစရာကောင်းရင် ကောင်းသလိုုပေါ့။ )

ဂျူနီယာဝင်း

Monday, February 4, 2019

ဂျူနီယာဝင်း – အယ်ဒီတာများ



ဂျူနီယာဝင်း – အယ်ဒီတာများ


(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၉) မိုးမခ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၉

(”Journalism“ (သတင်းစာပညာ) လုုိ့အမည်ပေးထားတဲ့ စာအုုပ်ကုုိ James Glen Stovell (ဂျိမ်းစ် ဂလန် စတုုိဗယ်) ကရေးပါတယ်။ အခုု သူရေးထားတာတွေထဲက စိတ်ဝင်စားမယ့် အကြောင်းအရာများကိုု သင့်လျော်သလုုိ ဘာသာပြန်ပေးထားတာပါ။ စာရေးသူဖြည့်စွက်ထားတာတွေကိုု ကွင်းစကွင်းပိတ်နဲ့ လုုပ်ပေးထားပါတယ်။)

(‘၂၁ရာစု ဂျာနယ်လစ်ဇင်’အမည်နဲ့ ပထမပုုိင်း ဘာသာပြန်စာအုုပ် ထွက်တယ်။ အခုု တင်ဆက်ထားတာတွေက စာအုုပ်ထဲမပါပါဘူး။ ဒုုတိယအပုုိင်းတွေ ဖြစ်ပါတယ်။ အယ်ဒီတာတွေ အကြောင်း ပါ။ သူဆုုိလုုိတဲ့ အယ်ဒီတာဆုုိတာ သတင်းအေဂျင်စီတွေ၊ သတင်းလုုပ်ငန်းတွေနဲ့ ဆုုိင်တဲ့ အယ်ဒီတာတွေ ဖြစ်ပါတယ်။ သုုိ့သော် အယ်ဒီတာတွေရဲ့ သဘောသဘာဝတွေကတော့ အတူတူပါပဲ ဆုုိတာ တွေ့ရပါတယ်။)

( အယ်ဒီတာ ဆုုိတာ … တဲ့။ )

၁။ အယ်ဒီတာ – သတင်းလုပ်ငန်းမှာ တာဝန်ရှိဆုုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက ဌာနကြီးတစ်ခုလုံး လည်ပတ်မူကို တာဝန်ယူရပါတယ်။ အယ်ဒီတာများဟာ ဂျာနယ်လစ်ဇင်လုပ်ငန်းစဉ် ရဲဲ့ အဓိက ကိုင်တွယ်သူလည်း ဖြစ်ပါတယ်။ (ဂျာနယ်လစ်ဇင် journalism ကုုိ သတင်းစာပညာ လုုိ့ တုုိက်ရုုိက်ဆိုုရပါမယ်။ အဲသည်ထဲမှာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းလုုပ်ငန်းနဲ့ဆုုိင်တဲ့ မီဒီယာများ၊ သတင်းထုုတ်လွှင့်မူများ အကုုန်ပါပါတယ်။ အဲသည်ဌာန အသီးသီးတွေမှာ အယ်ဒီတာအဖြစ် တာဝန်ယူလုုပ်ဆောင်နေသူတွေကုုိ ရည်ညွှန်းပါတယ်။ အခုုသည်အပိုုင်းမှာ တင်ပြတဲ့ အယ်ဒီတာ ဆုုိတာက သတင်းလုုပ်ငန်းပိုုင်း ကုုိ အဓိက ရည်ရွယ်ထားပါတယ်။)

၂။ ကော်ပီအယ်ဒီတာ – သတင်းထောက်တွေ၊ တခြားသောအယ်ဒီတာတွေ ရေးသားတာတွေကို စီစစ်ရတဲ့ အဓိကပုဂ္ဂိုလ်ပါ။ သူတို့မှာ ကျယ်ပြန့်တဲ့ အသိပညာရှိထားရမယ်။ ဘာသာစကားအသုံးပြုပုံတွေကို နားလည် သုံးတတ်ရမယ်။ (ကော်ပီအယ်ဒီတာ ဟာ အယ်ဒီတာလောက်တော့ သြဇာမညောင်းဘူးလို့ နောက်ပိုင်း သူ ရေးသားထားတာတွေအရ ယူဆပါတယ်။ အယ်ဒီတာတစ်ယောက်ဖြစ်ချင်ရင် ကော်ပီအယ်ဒီတာ အဆင့်တစ်ခုုကိုု ကျော်ဖြတ်ရပါတယ်။)

၃။ အယ်ဒီတာများဟာ သတင်းထောက်တွေနဲ့ ယုံကြည်မူ တည်ဆောက်ထားရမယ်။ တစ်ဦးအပေါ်တစ်ဦး စိတ်ချင်းဆက်နေသလို နားလည်မူ ယုံကြည်မူတွေ ရှိထားရမယ်။ သတင်းထောက်များဟာ အယ်ဒီတာရဲ့ အလုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မူ၊ ထောက်ပံ့မူအပေါ်မှာ အားထားသင့်တဲ့ အနေအထားမျိူးနဲ့ နေရပါတယ်။

၄။ အယ်ဒီတာများဟာ သတင်းလုပ်ငန်းမှာ တာဝန်ရှိသူဖြစ်သလို၊ သတင်းကို စားသုံးသူ ပရိသတ်တွေအပေါ်မှာလည်း တာဝန်ရှိပါတယ်။ သည်လို ပရိသတ်တွေကို အကောင်းဆုံးသတင်းတွေကို ပေးရမယ် ဘယ်လိုပေးရမလဲ ဆိုတာ သူတို့တာဝန်ဖြစ်ပါတယ်။

၅။ အယ်ဒီတာတွေရဲ့ ရိုးသားဖြောင့်မတ်မူ၊ သတင်းနယ်ပယ်ဆိုင်ရာမှာ အသိပညာရှိမူတွေဟာ သတင်းလုပ်ငန်းကြီး ရဲ့အဆင့်အတန်းကို ရော၊ နံမယ်ကိုပါ ကိုယ်စားပြုလျက်ရှိနေပါတယ်။

မီဒီယာလောက၏ အရေးအကြီးဆုံးအလုပ်
ယနေ့မီဒီယာ လောကမှာ အယ်ဒီတာထက် အလုပ်ပိုများတဲ့သူ၊ အရေးကြီးတဲ့ အလုပ်ဟာဖြင့် မရှိတော့ပါဘူး။ အယ်ဒီတာတွေက စာရေးဆရာတွေ ထက်တောင် တာဝန်ကြီးပါသတဲ့။ (သည်နေရာမှာ စာရေးဆရာ ဆုုိတာ အများ သိထားနားလည်ထားတဲ့ ဝတ္တုရေးတဲ့သူ၊ ကဗျာဆရာ၊ စာရေးဆရာ ဆုုိတဲ့အဓိပ္ဗါယ်တွေ အပြင် သတင်းရေးသားသူတွေ ပါပါတယ်။ သည်အပုုိင်းမှာ သတင်းကုုိ စီကာပတ်ကုုံး လူနားလည်အောင် ရေးသားတင်ပြသူတွေ ကုုိ စာရေးဆရာတွေလိုု့ ကင်ပွန်းတပ်ထားတာ ဖြစ်ပါတယ်။ သူတုုိ့ကုုိ writer – ရုုိက်တာ – စာရေးသူတွေ- စာရေးဆရာတွေ- လုုိ့ခေါ်ပါတယ်။ အခုုနောက်ပိုုင်းမှာ စာရေးဆရာ လုုိ့ခေါ်ထားတာတွေကုုိ တွေ့ရင် သတင်းနဲ့ဆုုိင်တဲ့ စာရေးဆရာတွေလုုိ့ နားလည်ပေးဖုုိ့ ကြိုတင်ပြောထားပါရစေ။)

သတင်းထောက်တွေ၊ သတင်းရေးဆရာတွေရဲ့ အလုပ်တွေရဲ့တာဝန်ဆိုတာ အယ်ဒီတာတွေ အိပ်နေသလောက်ပါပဲ။ အယ်ဒီတာတွေဟာ သတင်းစားသုံးသူ ပရိသတ်တွေနဲ့ သတင်းထုတ်လုပ်မူတွေကို ကောင်းကောင်းကြီးနားလည်း ချည်းကပ်တတ်ရပါတယ်။ အယ်ဒီတာများဟာ ဘာသာစကားတွေ နားလည်ထားပီး ထုတ်လုပ်မူပိုင်းဆိုင်ရာ ဥပဒေသတွေ၊ စတိုင်တွေကု ိသိထားရပါတယ်။ သူတို့က ဦးဆောင်နိုင်ရမယ်၊ ချော့တတ် ပေါင်းတတ်ရမယ်၊ အယ်ဒီတာတွေဟာ သူတုုိ့ဆီ သတင်းရေးသားပေးပုုိ့တဲ့ စာရေးဆရာတွေကို လည်း အလုပ်ကောင်းကောင်း ခိုင်းတတ်ရပါမယ်။

အယ်ဒီတာများဟာ သတင်းအဖွဲ့အစည်းတွေ တင်ပြတဲ့ သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို နားလည်ရမယ်။ သူတို့က သတင်းအချက်အလက်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမူတွေကိုလည်း ချက်ဆို နားခွက်က မီးတောက်ဆိုသလို အကင်းပါးနေဖို့ လိုပါတယ်။ ဒါ့အပြင် ယခုလက်ရှိနဲ့ ဒိအရင်က အဖြစ်အပျက်တွေကိုလည်း မှတ်မိတဲ့ မှတ်ညဏ်ကောင်းရတယ်။ ဒါမှလည်း အခြေအနေကို သုံးသပ်တတ်မယ်၊ ဆုံးဖြတ်တတ်မယ်၊ ယခုလက်ရှိအဖြစ်အပျက်က အမှန်အကန် တကယ့် ပုံစံကို ဖော်တတ်မှာ ဖြစ်ပါတယ်။

ဂျာနယ်လစ်ဇင် ဆိုတဲ့ သတင်းစာပညာပိုင်းဆိုင်ရာ အခြေအနေများကို နှိူက်နှိူက်ချွတ်ချွတ် တူးဖော်ထားပီး အယ်ဒီတာတွေရဲ့ သဘောသဘာဝအတိုင်း တိကျပြတ်သားမူ၊ လုပ်ငန်းဆက်သွယ်မူနဲ့ ရှေ့လျောက် ဘာဆက်လုပ်ရမယ် ဆိုတာတွေကို အကြမ်းအားဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိရပါမယ်။ သူတို့က ပရိသတ်ရဲ့ ယုံကြည်မူနဲ့ သတင်းအားထားမူတွေ အပေါ်မှီခိုနေပါတယ်။

(သည်တော့ တိုတိုပြောရရင်) အယ်ဒီတာတွေဆိုတာ မဂ္ဂဇင်းမှ၊ သတင်းစာမှ မဟုတ်ပါဘူး။ သူတို့ကိို တစ်ခုုခုရဲ့ အယ်ဒီတာ လို့ခေါင်းစဉ်တပ် လိုက်တာနဲ့၊ ခေါ်ဝေါ်လိုက်တာနဲ့ အယ်ဒီတာရဲ့ အရည်အချင်းတွေ အရည်အသွေးတွေ အကုန်လုံးပါသွားတော့တာပါပဲ။ အဲသလို ပါ၀ါရှိတယ်ပေါ့။ သတင်းခေတ်ဆိုတာ သူတို့မပါပဲ ဘာမှ အလုပ်မဖြစ်ပါဘူး။

အယ်ဒီတာဆိုတာ ဘယ်သူလဲ 
ဂျာနယ်လစ်ဇင် ခေတ်မှာ အယ်ဒီတာဆိုတာ သတင်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ လုပ်ငန်း သေးသေးလေးကနေ လုပ်ငန်းကြီးတိုင် အဲသလိုပဲ သတ်မှတ်ပါတယ်။ တချိူ့သော ထုတ်လုပ်သူတွေကတော့ သူတို့ကို “ထောက်ပံ့ကူညီပေးသူ အယ်ဒီတာများ“ လုု့ိဂုုဏ်တင်ပီး ခေါ်ကြပါတယ်။ အမှန်တော့ သူတို့က အဲသလောက်ကြီးတော့ မဟုတ်ကြပါဘူး။

(သည်နေရာမှာ ဖြတ်ပြောရရင် ထုုတ်လုုပ်သူ ဆုုိတာ သတင်းစာထုုတ်လုုပ်သူ၊ သတင်းလုုပ်ငန်း ထုုတ်လုုပ်သူ တွေကုုိ ခေါ်ပါတယ်။ ကုုမ္မဏီပိုုင်ရှင် သဌေးပေါ့။ သတင်းလုုပ်ငန်း လည်ပတ်စေဖုုိ့ ပုုိက်ဆံထုုတ်ပေးသူပေါ့။ သူက ကောင်းပေ့တော်ပေ့ ဆုုိတဲ့ အယ်ဒီတာကိုု ငှားထားပါတယ်။ ဒါကြောင့် သူတုုိ့သတင်းလုုပ်ငန်း အောင်မြင်ဖုုိ့ဆုုိရင် အယ်ဒီတာကောင်းကောင်း ခန့်ထားရတယ်ပေ့ါ။)

သည်တော့ ပြောရရရင် အများအားဖြင့် သူတို့ကို အယ်ဒီတာချူပ် လုုိ့နံမယ်တပ်ပီး ခေါ်ဝေါ်ကြတယ်။ သူ့အောက်မှာ အမည်မျိူးစုုံတပ်ထားတဲ့ အယ်ဒီတာတွေလည်း ရှိပါတယ်။ ဌာနတစ်ခုုခုု ရဲ့ နေရာမှာ အယ်ဒီတာအဖြစ်လုုပ်နေတယ်လိုု့ အမည်တပ်လုုိက်တယ်ဆုုိတာက သူသည် ထုုိ ဘာသာရပ်အတွက် တာဝန်ရှိသူ လုုိ့ခေါ်လုုိက်တာပါပဲ။စီမံခန့်ခွဲမူ အယ်ဒီတာ၊ အားကစား အယ်ဒီတာ စသဖြင့် စသဖြင့်။ သူက အဲသည်နေရာနဲ့ သက်ဆုုိင်သမ ျှအတွက် တာဝန်ဟူသမ ျှ ယူပေတော့ ဆုုိတဲ့သဘော။

အခုု သတင်းထုုတ်လုုပ်ရေး မှာ အယ်ဒီတာများလိုု့ ဆုုိလုုိက်တော့ သတင်းအယ်ဒီတာများ၊ အားကစားဆုုိင်ရာ အယ်ဒီတာများ၊ အလုုပ်စီးပွားရေး ဆုုိင်ရာ အယ်ဒီတာများ၊ ဘဝတက်လမ်းဆုုိင်ရာ အယ်ဒီတာများ၊ ဂရပ်ဖစ်ဆုုိင်ရာ အယ်ဒီတာများ၊ ဓါတ်ပုုံ အယ်ဒီတာများ ဆုုိပြီး ထွက်လာတာပါပဲ။ သူတုုိ့ဟာ သတင်းထောက်တွေနဲ့ သူတိုု့လုုိအယ်ဒီတာတွေ အားလုုံးနဲ့ ပတ်သက်တဲ့ တာဝန်အပြည့် ယူထားရပါတယ်။ သူတုုိ့ထမ်းဆောင်နေတဲ့ ဧရိယာ နယ်ပယ်အတွင်းမှာ တိကျတဲ့ တုုိက်ရုုိက်ဆက်နွယ်နေတဲ့ သတင်းတွေကုုိ ကုုိင်ထားပါတယ်။ အဲသည်အယ်ဒီတာ တစ်ယောက်ချငး်မှာလည်း အယ်ဒီတာအရည်အချင်းတွေ အပြည့်အဝရှိနေရပါတယ်။

အယ်ဒီတာများရဲ့ သဘောသဘာဝများ
အယ်ဒီတာတွေဟာ ပါးနပ်ရမယ်၊ စူးရှထက်မြက်တဲ့ စိတ်ရှိရမယ်။ အချက်အလက်တွေနဲ့ ပတ်သက်လုုိ့ သူတုုိ့က ချက်ချင်းလက်ငင်း အသုုံးချတတ်၊ မြင်တတ်ရမယ်။ သမုုိုုင်းကြောင်းတွေကုုိလည်း သိထားပီး စာပေပညာကုုိလည်း နှ့ံစပ်နေရမယ်။ သဒ္ဒါပုုိင်းဆုုိင်ရာ (သည်နေရာမှာ အင်္ဂလိပ်စာ ဘာသာသဒ္ဒါကုုိ ဆုုိလုုိပါတယ်။ မြန်မာဘာသာအရဆုုိရင် စာလုုံးပေါင်း သတ်ပုုံ သဒ္ဒါ တွေ အကုုန်ပါမယ်) နဲ့ စကားလုုံး အဖြတ်အတောက် တွေကုုိလည်း သေသေချာချာ တတ်သိနားလည် ထားဖုု့ိလုုိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ စာလုုံးပေါင်းတွေကုုိ တော့ အကုုန် ကျွမ်းကျွမ်းကျင်ကျင် သိထားဖုုိ့မလုုိပါဘူး။ ဖြစ်တတ်တဲ့ အမှားတွေကုုိ လောက် သိထားရင်တော်ပါပီ။

အယ်ဒီတာများဟာ လူမူ ဆက်ဆံရေးမှာမရှိမဖြစ် လုုိအပ်တဲ့ လူမူရေးသဘောတရားနဲ့ ပထဝီဝင်အနေအထား (အဲဒါက ကြည့်ရတာတော့ ဘယ်နေရာဒေသမှာ ဘာဖြစ်တယ် ဆုုိတာနဲ့ မြေပုုံကုုိ မြင်တတ်နေရမယ့်သဘောထင်ပါတယ် အခုုခေတ်တော့ ဂူးဂဲလ် မက် ပေါ့။) တွေကုုိ သိထားသင့်ပါတယ်။ ဘယ်နေရာမှာ အချက်အလက် တွေ သတင်းတွေရမယ် ဆုုိတာကုုိ သိထားရပုုံဟာ သတင်းထောက်တွေလုုိပဲ ဖြစ်ပါတယ်။ အချိန်တွေ ဘယ်လောက်ကုုန်ကုုန် သတင်းအချက်အလက်တွေရဖုုိ့ဆုုိ ပေးဆပ်ဖုုိ့ အသင့်ဖြစ်နေရပါတယ်။

အယ်ဒီတာများဟာ သူတုုိ့စားပွဲပေါ်ရောက်လာတဲ့ အချက်အလက်တွေမှန်သမျှကုုိ နားမလည်ရင် နားမလည်သလုုိ မေးခွန်းထုုတ်မယ်၊ အမှားရှာမယ်။ သတင်းတစ်ပုုဒ်ကုုိ သူတိုု့နားမလည်ဘူးဆုုိတာဟာ သတင်းဖတ်သူအနည်းငယ်လည်း နားမလည်လောက်ပါဘူး ဆုုိတဲ့သဘောဖြစ်ပါတယ်။ အယ်ဒီတာတွေလည်းပဲ အနည်းနဲ့အများတော့ လူတုုိင်းနားလည်တာမျိူးကုုိ နားမလည်တာမျိူးလည်း ဖြစ်တတ်တာပါပဲ။ ဒါလေးတောင် မသိဘူးလားလိုု့ တဖက်သားက မြင်တာမျိူးမဖြစ်အောင် ဂရုုစိုုက်ဖုုိ့တော့ လိုုပါတယ်။

ဒါ့အပြင် သူတုုိ့ရဲ့ ထူးခြားတဲ့ အသိပညာဆုုိတာက သတင်းဖတ်သူတွေရဲ့ အမြင်၊ စိတ်ပိုုင်းဆုုိင်ရာကုုိ သိနေရတာ ဖြစ်ပါတယ်။ သည်တော့ ဘယ်သတင်းဟာဖြင့်၊ ဘယ်စာဟာဖြင့် ဆုုိပီး လူတွေသိချင်တယ်၊ မသိချင်ဖူး၊ စိတ်မဝင်စားဖူး ဆုုိတာကုုိ သူတုုိ့က ကျွမး်ကျင်စွာ ဆုုံးဖြတ်တတ်ရပါတယ်။ ဒါဟာ ထုုတ်လုုပ်ရေးအောင်မြင်မူ အတွက် အရေးပါတဲ့ စိတ်ဓါတ်ဆုုိင်ရာ ဖြစ်ပါတယ်။

နောက်ဆုုံးတစ်ချက်ကတော့ အယ်ဒီတာတွေရဲ့ အတွေ့အကြုံဟာ ရင့်ကျက်လေ အယ်ဒီတာကောင်းဖြစ်လေ ပါပဲ။ သည်တော့ အယ်ဒီတာ ဖြစ်ချင်ကြတဲ့ ယနေ့ခေတ်လူငယ်တွေ အနေနဲ့ ကိုုယ့်ရဲ့ အရည်အချင်းကိုု သွေးပီးရင်းသွေးနေရမယ်၊ အသိပညာကုုိလည်း ဆွဲဆန့်နုုိင်သမ ျှ ဆွဲဆန့်နေရမယ်၊ အရည်အချင်းကိုုလည်း တုုိးတက်အောင် ရယူပီးရင်းကုုိ ရယူနေရပါမယ်။

အယ်ဒီတာနဲ့ စာရေးဆရာတုုိ့ရဲ့ ဆက်သွယ်မူ
(စာရေးဆရာ ဆုုိတဲ့အဓိပ္ဗါယ် ရှေ့မှာ ရှင်းပြထားပီးဖြစ်လုုိ့ ထပ်မရှင်းတော့ပါ။)

ကျွမ်းကျင်တဲ့ စာရေးဆရာတွေ (သတင်းရေးဆရာ တွေထဲမှာလည်း သိပ်ကုုိ တော်ပြီး ပြည့်စုုံတဲ့ တင်ပြမူတွေနဲ့ ရေးတတ်သားတတ်သူတွေကိုဆိုလိုပါတယ်။ စာရေးဆရာတွေလို အရည်အချင်း ပြည့်ဝသူတွေ) အတွက် သူတိုု့စာကုုိ သူတုုိ့ စီစစ်ပီး သားဖြစ်ပါတယ်။ (ဆုုိလုုိတာက အယ်ဒီတာက ဘာမှသိပ်ပြင်စရာမလုုိတော့ဘူး။) အများအားဖြင့်တော့ သတင်းရေးဆရာအများစုုမှာ သူုုတုုိ့ကုုိယ်ပုုိင်ရေးတဲ့ စာဆုုိတာ မရှိပါဘူး။ (ဆုုိလုုိတာက သတင်းကိုု အချက်အလက်ပြည့်စုုံအောင် ရေးသားတင်ပြတယ်။ အယ်ဒီတာက စီစစ်တည်းဖြတ်ရတယ်။ ဒီတော့ သူတုုိ့ရေးတဲ့စတုုိင် စာ ဆုုိတာ မရှိဘူး။) အယ်ဒီတာက သူတုုိ့ရေးထားတာတွေကုုိ စီစစ် တည်းဖြတ် အမှားကင်းအောင် လုုပ်ပါတယ်။ ဒါကြောင့် သူတုုိ့ဟာ သတင်းစာလုုပ်ငန်းမှာ အယ်ဒီတာတွေပေါ် မှီခုုိနေကြရပါတယ်။ ဒိလုုိနဲ့ အယ်ဒီတာ-စာရေးဆရာ တွေဆက်ဆံရေး ဆုုိတာ ပေါ်လာပါတယ်။

သူတိုု့နှစ်ဦးနှစ်ဖက်ဟာ ဒီလုုပ်ငန်းအဆင်ပြေဖုုိ့ တက်ညီလက်ညီကျော်ဖြတ်ရတယ်ပေါ့။ သတင်းရေးသူဟာ ဒီအကြောင်းအချက်အလက်နဲ့ ပတ်သက်လုုိ့ ကျွမ်းကျင်နေရမယ်၊ ဒါကုုိ ရေးသားတဲ့နေရာမှာလည်း အချက်အလက်စုုံလင်ရမယ်။ အယ်ဒီတာရဲ့ တည်းဖြတ်မူအောက်မှာ သည်လုုိ စုုံစုုံစိစိ ရေးထားတဲ့ ဆောင်းပါးဟာ သိပ်ကုုိ ပြိးပြည့်စုုံတဲ့ သတင်းတစ်ပုုဒ် ဖြစ်လာပါတယ်။

သူရေးတဲ့စာကိုု အယ်ဒီတာက စဖတ်လုုိက်တာနဲ့ ဘာမှမသိတဲ့ အကြောင်းအရာတစ်ခုုကုုိ မိတ်ဆက်တာကိုု ချက်ချင်း သိမယ်။ သတင်းဖတ်သူတွေ သိချင်မယ့် မေးခွန်းတွေပေါ်လာမယ်။ သည်တော့ မေးလေ့ရှိတဲ့ မေးခွန်းက “သည်အကြောင်းအရာက အဓိပ္ဗါယ်ရှိရဲ့လား“။ ဒါက သတင်းဖတ်သူတွေဆီက ဖြစ်လာမယ့် တုုန့်ပြန်မူတစ်ခုု။

ဟုုတ်တယ်လေ အယ်ဒီတာတွေက ချက်ချင်းလက်ငင်း ပေါ်လာတဲ့ ဖတ်တဲ့သူတွေဆီက အတွေးတွေကုုိ ဖမ်းဆုုပ်နုုိင်စွမ်းရှိတယ်။ ရှင်းလင်းပြတ်သားမူမရှိတာကုုိ မြင်တယ်။ သတင်းရေးတဲ့သူနဲ့ အယ်ဒီတာဆုုိတာ နှစ်ဦးနှစ်ဖက် ဘက်မ ျှနေတယ်။ အယ်ဒီတာက ဖတ်သူတွေရဲ့ အဆင့်အတန်းကိုု သိတယ်၊ သတင်းဖတ်သူတွေက ဘာကုုိ လက်ခံတယ် လက်မခံဖူးဆုုိတာကုု ိသိတယ်။ စာဖတ်ပရိသတ်က ဘယ်သူတွေလဲ ဘယ်လုုိ အဆင့်အတန်းလဲ ဘယ်လုုိ အကျိူးသက်ရောက်သလဲ သည်သတင်းစာ၊ သတင်း ထုုတ်လုုပ်မူရဲ့ နံမယ်ဟာ သူတုုိ့အပေါ်တည်နေတယ်။

ပြောရရင်တော့ အယ်ဒီတာတွေရဲ့ နေရာဟာ သိပ်ကုုိ ထူးခြားပီး ပြောင်မြောက်တဲ့ တာဝန်ကြီးတစ်ခုုကိုု ရွက်ထားရသလိုုပဲ။ သတင်းရေးသားတင်ပြသူ (စာရေးဆရာ)တွေထက်ကိုု သူက အတွေ့အကြုံရင့်နေရမယ်။ သတင်းထုုတ်လုုပ်ရေးရဲ့ အသက်ဟာ သတင်းရေးသူတွေ၊ စာရေးဆရာတွေထက် မသာရင်သာနေရမယ် လျော့တော့မလျော့ပါဘူး။ ဘာကြောင့်ဆုုိ သတင်းရေးသူတွေ ရေးပေးသမ ျှကုုိ အယ်ဒီတာတွေကပဲ ဆုုံးဖြတ်ချက်ချပီး ပြင်တယ် ဆင်တယ် စီစစ်တယ် တည်းဖြတ်တယ်၊ တခါတလေ အကုုန်လုုံးနီးပါး ကုုိ ရေးသားတဲ့ပုုံစံပါ ပြောင်းပေးရတတ်တာကုုိး။

အယ်ဒီတာတစ်ယောက်ဖြစ်လာဖုုိ့ 
အယ်ဒီတာ အလုုပ်ဟာ လူတုုိင်းအတွက် မဟုုတ်ပါဘူး။ လူတော်တော်များများက သတင်းစာလုုပ်ငန်းခွင်ထဲ ဝင်ကြတယ်။ ဘာကြောင့်လဲ – သူတုုိ့က သတင်းတွေကုုိ တင်ပြချင်တယ်၊ သတင်းတွေ ရေးချင်တယ်၊ ဓါတ်ပုုံတွေ ရုုပ်ပုုံတွေနဲ့ ဂရပ်ဖစ်တွေ လုုပ်ရတာ သဘောကျတယ်.. စသဖြင့် စသဖြင့်။ သူတုုိ့က သူတိုု့အလုုပ်ကိုု စိတ်စိုု်က်ပီး ဖန်တီးကြတယ်၊ တခါတရံ တကုုိယ်တော် လုုပ်လိုကြတယ် – တကယ့် ပရော်ဖက်ရှင်နယ်တွေလုုိ ပေါ့။- – သူတိုု့က အယ်ဒီတာတွေလုုိ ကျယ်ပြန့်တဲ့ နယ်ပယ်ထဲ မကူးခတ်ချင်ကြဘူး။ ကုုိယ့်နေရာလေးမှာပဲ နေချင် လုုပ်ချင်ကြတယ်။ ဒါကြောင့် အယ်ဒီတာအလုုပ် လူတုုိင်းမလုုပ်ချင်ဘူး၊ လူတုုိင်းအတွက်လညး် မဟုုတ်ဘူး။ အယ်ဒီတာဖြစ်လာဖို့ ရှေ့မှာ တင်ပြထားသလို ပညာတွေအများကြီး ယူထားရဦးမယ်။

တချိူ့ကကျပြန်တော့ သတင်းစာလုုပ်ငန်း (ဂျာနယ်လစ်ဇင် အလုုပ်) ကုုိ စိတ်ဝင်စားကြတာက သတင်းဖြန့်ဖြူးမူကုုိ တွင်တွင်ကျယ်ကျယ် လုုပ်ပြချင်တာ၊ သူတုုိ့တကုုိယ်တော် လုုပ်ပြချင်ကြတာမျိူး ဖြစ်တယ်။ သူတုုိ့ကျွမ်းကျင်တဲ့ ဘာသာရပ်ဆုုိင်ရာ လေ့လာမူ၊ လုုိက်စားမူတွေကိုု အယ်ဒီတာကွ ဆိုုပြီး အသုုံးချပြချင်ကြတယ်။ အယ်ဒီတာတွေကုုိ (ပြောရရင်တော့) စာရေးဆရာတွေ၊ သတင်းထောက်တွေထက် ပုုိပြီး ပုုိက်ဆံပုုိပေးရတယ်။ လခပုုိရကြတယ်။ ဒါဟာလည်း အယ်ဒီတာ အလုုပ် နံမယ်ကြီးတဲ့ အကြောင်းတစ်ကြောင်းပေါ့လေ။

ဒီတော့ အယ်ဒီတာ ဖြစ်အောင် ဘယ်လိုလုုပ်ကြမလဲ
အများစုုကတော့ သတင်းထောက်တစ်ယောက် ဖြစ်ဖြစ်၊ ကော်ပီ အယ်ဒီတာဆုုိတဲ့ သတင်းတွေကုုိ ဖတ်ရူ တည်းဖြတ် စီစစ်တဲ့သူဖြစ်ဖြစ် စတင်ပြီး ခြေလှမ်းလှမ်း ကြပါတယ်။ အဲသည်လုုိ စစချင်း အဆင့်မှာ တော်တော်လေး အလုုပ်ဖြစ်လာပီဆုုိရင် အဆင့်မြင့်တဲ့ အယ်ဒီတာတစ်ယောက် ဖြစ်လာနုုိင်တယ်ပေါ့။ ဒါပေမယ်လည်း သတင်းရေးတဲ့အလုုပ်နဲ့၊ စာရေးသားတဲ့အလုုပ်တွေမှာ မာစတာဖြစ်မလာလည်း အဲသည်အရည်အချင်းတွေ မပါလည်း အယ်ဒီတာတွေ ဖြစ်လာနုုိင်ပါတယ်။ ဆုုိလုုိတာက အယ်ဒီတာဖြစ်လာမယ့်သူဟာ သတင်းစာပညာကုုိ တတ်သိနားလည်မယ်၊ ဘာလုုိအပ်တယ်ဆုုိတာ တောင်းဆုုိတတ်တဲ့ အရည်အချင်းရှိရင် ဖြစ်တယ်။ အခြေခံအားဖြင့် အယ်ဒီတာများဟာ ရုုိးသားဖြောင့်မတ်မယ် ဆုုိရင်ကုုိ အဆင့်မှီတဲ့ သတင်းလုုပ်ငန်းကိုု လုုပ်လုုိ့ရပါတယ်။

ဒါ့အပြင် အယ်ဒီတာဖြစ်မယ့်သူတွေဟာ တခြားသော လူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံအလုုပ်လုုပ်နုုိင်ရပါမယ်။ ဒါမှ ဘယ်သူတွေက ဘာအရည်အချင်းရှိတယ်၊ ဘယ်သူတွေကုုိ အုုပ်စုုဖွဲ့ပေးမယ်၊ သူတုုိ့ကုုိ ဘာလုုပ်ခုုိင်းမယ် ဆုုိတာကုုိ အသာလေး လုုပ်တတ်ပါမယ်။ ကုုိယ့်လုုပ်ဖော်ကိုုင်ဖက်တွေကုုိလည်း လေးစားတဲ့ စိတ်ရင်းရှိပြီး ဒါဟာလည်း အယ်ဒီတာတစ်ယောက်ရဲ့ အရည်အချင်းကောင်းတစ်ရပ် ဖြစ်ပါတယ်။

အယ်ဒီတာများဟာ တင်ပြလာတဲ့ သတင်းတွေကုုိ ဖတ်ပီး ပြန်လှန် မေးခွန်းတွေမေးတဲ့အခါမှာ မကျေမနပ်နဲ့ မေးတာမျိူး မဟုုတ်ရပါဘူး။ သူတိုု့ရဲ့ စကားလုုံးတွေနဲ့၊ အပြောအဆုုိတွေမှာ တဖက်သားရဲ့ အမှားများနဲ့ အပြစ်ပြောစရာတွေကုုိ ထောက်ပြပေးတဲ့ သဘောလောက်ပဲ ဖြစ်ပါတယ်။ တဖက်သားကိုု နှိမ်ချတဲ့ အမြင်မျိူး မရှိရပါဘူး။ သူတုုိ့ရဲ့ အမူအယာတွေကုုိ ကြည့်လုုိက်တာနဲ့ သူတုုိ့ဟာ အယ်ဒီတာဆုုိတဲ့ အလုုပ်ကုုိ ကောင်းကောင်းလုုပ်နေတာပဲလိုု့ တဖက်က တွေ့မြင်နေကြရတာမျိူး။

နောက်ဆုုံးပြောရရင်တော့ အယ်ဒီတာကောင်းတစ်ယောက်ဟာ အယ်ဒီတာ အလုုပ်ကုုိ နားလည်ရတယ်၊ ရည်ရွယ်ချက်ကိုု မမေ့ရဘူး၊ သူတိုု့လုုပ်ပိုုင်ခွင့်အောက်မှာ လုုိအပ်ရင်လုုိအပ်သလုုိ အစီအစဉ်တွေ ပြောင်းတာ၊ ပြင်တာ လုုပ်သွားမယ်။ သည်တော့ အယ်ဒီတာတစ်ယောက်ဖြစ်ချင်ရင် အကောင်းဆုုံးကတော့ အယ်ဒီတာကောင်းတွေ ဘယ်လုုိအလုုပ်လုုပ်နေကြသလဲ ဆုုိတာကုုိ ကြည့်သင့်တယ်၊ လေ့လာသင့်တယ်။ သူတုု့ိလုုပ်ပုုံကိုုင်ပုုံတွေကုုိ သေချာစောင့်ကြည့်ကြသင့်ပါတယ် ဆုုိတာကုုိ တင်ပြလုုိက်ရပါတယ်။

ဂျူနီယာဝင်း