Thursday, June 2, 2022

Introducing Junior Win Channel

  ၈ျူနီယာ၀◌င်း ချယ်နယ်နဲ့ မိတ်ဆက်ပေးပါမယ်။

My Channel; အောက်က လင့််ကို နိတ်လိုက်ရင် ရောက်ပါမယ်။ 

https://www.youtube.com/channel/UCnl2irzuH8eA5gZxH6h13Ow


ရေးထားတဲ့စာအုပ်တွေက အ၈္လလိပ်လိုတွေမို့ အ၈်လိပ်လိုုပဲ ပြောပါတယ်။ 2022 ဖေဖော်၀◌ါရီ 

လောက်က နေ စခဲ့တာပေမယ့် အခုမှပဲ ဒီကနေ ကိုယ့်စာဖတ်သူတွေကို အသိပေးဖြစ်တာ ပါ။ 

နောက်လည်း ဆက်တင်ပေးသွားပါ့မယ်။ 


အောက်က ဒီဗီီဒီယိုက သိပ်မကြာခင်တုန်းက တင်ထားတာပါ။ A Memory of My Grandparents Part 2 

လို့ဆိုပါတော့။ ရှေ့က ဗီဒီယို မကြည့်ရသေး၇◌င် အဆင်ပြေသလို ကြည့်လို့ရပါတယ်။ 


4/My grandma Daw Khin Myo Chit and her short story 'The 13 Carat Diamond' 





အောက်က ဗီဒီယိုက A Memory of Grandparents' စာအုပ် နဲ့ပတ်သက်ပီး ဘဘကြီးနဲ့မေမေကြီးတို့အကြောင်း 

ပြောဖို့စိတ်ကူးရလာရာကနေ မေဒေးနေ့ မေမေကြီးဒေါ်ခင်မျိူးချစ် မွေးနေ့့အမှတ်တရဖြစ်သွားတယ်။

မေလတုနးက တင်ြဖစ်ခဲ့တာပါ။ 


3/A Memory of My Grandparents Special Video for May Day grandma's BD




Thingyan Pot သကြ္န်န်အိုးအကြောင်း တင်ဖြစ်ခဲ့တဲ့ ဗီဒီယိုပါ။
 ၂၀၂၂ သကြန်တုန်းက ရိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

2/Thingyan Pot


ဒီအောက်က ဗီဒီယိုက အရင်ဆုံး ရိုက်ဖြ်စခဲ့တာပါ။ 
Alice in Wonderland ဆိုတဲ့ Tarot deck လေးကို အကြောင်းပြုပီး ကိုယ့်ပရိသတ်နဲ့စမိတ်ဆက် ထားပါတယ်။
စာရေးဖို့ စိတ်ကူးဖြစ်မလာတော့လို့ အခုလိုစိတ်ကူး စရခဲ့တာဖြစ်ပါတယ်။ အခု ဗီဒီယ်ို ‌
နောက်ပိုင်းမှာ စာအုပ်တွေ အကြောင်း ပြောချင်လာတယ် ဘဘကြီးမေမေကြီးတို့ အကြောင်းတွေ 
ပြောချင်လာတာပါ။ ဒါက ဖေဖော်၀◌ါရီ လောက်က စရိုက်ခဲ့တာ ပါ။ 

1/Junior Win and Tarot Wonderland

Friday, November 19, 2021

(ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 25 ဂျူနီယာဝင်း

(ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 25 ဂျူနီယာဝင်း



                                                        (Dream Machine Cover)

2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine ကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုုပ်ကုုိ စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လုုိ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပုုိင်းတော့ သူ့စာအုုပ်ထဲက ခေါင်းစဉ်တွေအတုုိင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုုပ်ထဲက ခေါင်းစဉ်တစ်ခုုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသုုိ့ ခြေလှမ်းများ ဆုုိတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖုုိ့ ဆုုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုုဆောင်းပါးများဟာ ကွန်ပြူတာဆုုိတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပုုိပီး လူတွေ သတိထားမိလာမယ် လိုု့ယူဆမိပါတယ်။ စာအုုပ်ထဲမှာ ကွန်ပြူတာ ဆုုိတဲ့ဝေါဟာရတစ်ခုု အသက်သွင်းဖုုိ့ကြိုးစားခဲ့တဲ့ လူပုုဂ္ဂိုလ်တွေ အများကြီးကိုု တွေ့ရပါတယ်။ တစ်ယောက်ဆီတုုိင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလုုိက်သောလည်း ဆောင်းပါးတစ်ခုုချင်းဆီဟာ သူတုုိ့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လိုု့ကောင်းတဲ့ စာအုုပ်တစ်အုုပ်ကိုု စာဖတ်သူများကိုု မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ ) ပြင်သစ် စာအုပ် ထုတ်လုပ်ရေး Hermann Publication House မှ ထုတ်ဝေသူ တစ်ဦးဖြစ်သူ မက္ကစိကန်လူမျိူး သချာ်ပညာရှင် (မစ္စတာ ဖရီမင်) Monsier Freyman က Nobert Wiener ပါမောက္ခဝီနာ နဲ့ ဆက်သွယ်ခဲ့ပီး သူ့ကို ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မူ ဆိုင်ရာ နဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်ရေး ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘက်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချူပ်ချူပ်ဖြစ်သွားပါတယ်။ “ကိုကာလေး တစ်ခွက်နဲ့ စိတ်ပါလက်ပါ ပေါ့“ လို့ သူက အဲသည်တုန်းက အဖြစ်ကို ပြန်သတိတရပြောပါတယ်။ 1947 ခုနှစ် နွေရာသီကာလမှာ မက်စီကို မြို့ကလေး မှာ သူခပ်သွက်သွက်ပဲ စာရေးပါတယ်။ သူနဲ့အတူ အချိန်ကုန်ပေးခဲ့သူက Arturo Rosenblueth (အာတူရို ရိုဆန်ဘလက်ချ်) ဖြစ်ပါတယ်။ သူနဲ့ ကျမ်းမာရေး ဆေးပညာဆိုင်ရာ အမျိူးသားတက္ကသိုလ်မှာ အတူတူ စာတမ်းဖတ်ပွဲကျင်းပခဲ့ဖူးပါတယ်။ ဝီနာရဲ့စာထဲမှာလည်း အဲဒီလူအကြောင်းတွေ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ “သူက ကျွန်တော့်ရဲ့ အချိန်အတော်ကြာ အဖော်တစ်ယောက်ပါ“ လို့သူကပြေခဲ့ပါတယ် ဝီနာရဲလက်ထောက် Oliver Sellfidge (အောလီဗာ ဆဲလ်ဖရစ်) ကလည်းအဲသည် စာတမး်ဖတ်ပွဲကို Walter Pitts (ဝေါါ်လ်တာ ပစ်) နဲ့ ့အတူ တက်ခဲ့ကြပါတယ်။ ဝီနာက သူ ရှင်းပြခဲ့တဲ့ “ဆက်သွယ်ရေး“ ဆိုိတဲ့ စကားလုံးနဲ့ပတ်သက်လို့ အဆင်ပြေတဲ့စကားလုံးတစ်ခုကို ရှာဖွေဖနရင်းကနေ နောက်ဆုံးတော့ ဂရိစကားလုံးဖြစ်တဲ့ messenger (မက်ဆင်ဂျာ ) ဆိုတာကို ပထမဦးဆုံးစဉ်းစားမိသွားပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည် စကားလုံးက အင်္ဂလိပ်လို တိုက်ရိုက်အဓိပယ်ကျတော့ ‘a messenger from God’ “ဘုရားသခင်ဆီက မက်ဆင်ဂျာ“‘ဘုရားသခင်ဆီက စကားများ ဟောကြားချက်များကို သယ်ဆောင်လာပေးသူ’ ဆိုတာဖြစ်နေတယ်။ ဂရိစကားလုံး messenger (မက်ဆင်ဂျာ) က အင်္ဂလိပ်လို angelo= messenger from God ဖြစ်ပါတယ်။ သူ့ရဲ့ New Science (သိပ္ပံပညာအသစ်) အတွက်ကျတော့ သူလိုချင်တာ အဲဒီအဓိပယ် မဟုတ်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ဝီနာ ကသူဘာလိုချင်တာလဲ ဆိုတာကို သေချာ အာရုံစိုက်ပီး စဉ်းစားဆုံးဖြတ်တယ်။ လက်တင်စကားလုံး steerman “စတီယာရင်မင်း” ဆိုတာကျတော့ gubernator ဆိုတာဟာ governor အုပ်ချူပ်သူ ချူပ်ကိုင်သောသူ ဆိုတဲ့ သဘောပါတယ်။ အင်ဂျင်၏ အလျင်နှူန်းကို ထိန်းချူပ်သော ပစ္စည်း ကိုဆိုလိုချင်တာ ဆိုတော့ နည်းနည်း နီးစပ်လာတယ်။ တဖန် လူက ထိမ်းချူပ်တာ စတီယာရင်မင်း ဆိုပြန်တော့ လူက ချူပ်ကို်င်တယ်ဆိုတဲ့ သဘောတရားက ဝင်လာပြန်တယ်။ ဒါပေမယ့် အဲဒီ လက်တင်စကားလုံး က ဂရိ အဓိပယ်နဲ့ကျပြန်တော့ steersman စတီယာရင်မင်း ဖြစ်နေပြန်တယ်။ ဆိုလိုတာက အဲဒီထဲက မလွတ်ဖူးဖြစ်နေတာ။ ဒါါနဲ့ ဝီနာ က အဲဒါကို အခုလို စဥင်္းစားလိုက်တော့ စတီယာရင်မင်းက ဂရိစကားလုံး စာလုံးပေါင်းအားဖြင့် kybernetes (ကိုင်ဘာနက်တစ်) ဖြစ်နေတဲ့အတွက် အင်္ဂလိပ်လို အနီးစပ်ဆုံး cybernetics ( ဆိုက်ဘာနက်တစ် )ဆိုပီး ခပ်မိုက်မိုက်လေး ခေါ်လိုက်ပါတယ်။ ဆဲလ်ဖရစ်နဲ့ ပစ်က အဲသည် ဆို်က်ဘာနက်တစ် ဆိုတာကို သဘောတူတယ်။ တကယ့်ကို နယူးဆိုင်းရင့် သိပ္ပံပညာအသစ် အတွက ်တကယ့်ကို အကောင်းဆုံးအမည်ပဲ တဲ့။ ဝီနာ ဟာ အဲသည် အကြောင်းတွေကို မပြီးနိုင် တဲ့ အမည်ဆက်တွေနဲ့ ရေး မှတ်ပီး သူ့စာကို ဆက်ရေးပါတယ်။ cyberspace(ဆိုက်ဘာစပေ့စ်) cybercash (ဆိုက်ဘာခရက်ချ်) cyberpunk (ဆိုက်ဘာပန့်ခ်) cybersex (ဆိုက်ဘာဆက်စ် ) (အခုခေတ်မှီသော စကားလုံး cyberattack (ဆိုက်ဘာတိုက်ခိုက်မူ) ဆိုတာ အဲသည်ကနေ ဆင်းသက်လာတာပေါ့ ) ဒီလိုနဲ့ ခေျရးနေလိုက်တာ မပီးဆုံးနိုင်တော့ဘူးတဲ့။ cybernetic ဆိုုက်ဘာနက်တစ် ဆိုတဲ့စာအုပ်ပိုင်းဆိုင်ရာတွေဟာ ရေးရတာ သိပ်တော့မလွယ်ဘူးလို့ ဆဲလ်ဖရစ် ကပြောတယ် ။ သူက ဝီနာတစ်ယောက် ထပ်ခါတလဲလဲ ပြင်လိုက် ဘာလိုက်နဲ့ ကြိုးစားနေရတာ ကို နဘေးကနေ မြင်နေရတဲ့သူကိုး။ ဝီနာ ကအစပိုင်းတုန်းကတော့ သူ့စာအုပ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ အတွက် အဓိက ရည်ရွယ်ပီး ရေးသားဖို့ စိတ်ကူးခဲ့တယ်။ သူက အဲဒီထဲမှာ “ကျွန်တော်နဲ့ ရှနွန် တို့ တီထွင်ခဲ့တဲ့အရာ“ ဆိုတဲ့ အချက်အလက်အသစ်တစ်ခုကို သချာင်္သဘာတရားနဲ့ တင်ပြထားတယ်။ သူက လေယာဉ်ပျံ ပစ်ခတ်မူဆိုင်ရာ ထိမ်းချူပ်ရေး စနစ်နဲ့ပတ်သက်တဲ့ သီအိုရီတစ်ခုကိုလည်း ချပြထားတယ်။ နောက်ပိုင်းမှာ သူက စစ်ပြီးတဲ့နောက်ပိုင်း သူ့စာအုပ်ကို ပြန်ပီး စုပေါင်းထုတ်ဖြစ်ခဲ့တယ်။ ဘာလို့ဆို အခုဟာက သူ့အတွက် ပထမအတွေ့အကြုံဖြစ်နေတယ်။ ဝီနာက စစ်အတွင်းတုနး်က ရခဲ့တဲ့ အတွေ့အကြုံတွေကို အခွင့်အရေးရတုန်း လူတွေရှေ့ ပြရမှာကိုး။ သူက သူ့ရဲ့ရဲဘက်တစ်ဦးဖြစ်သူ ရူပဗေဒပညာရှင် Arturo Rosenblueth (အာကျူရို ရိုဆက်ဘလက်) နဲ့ ့တုန်းက အတူလုပ်ခဲ့တာတွေ တွက်ချက်ခဲ့တာတွေကို အဲဒါတွေ ပြန်ပီး ထည့်ရေးခဲ့ပါတယ်။ ဝီနာ ရေးနေရင်းနဲ့ကို ထည့်စရာတွေ နဲ့ ပေရှည်နေတာ။ စက်ကြီးအတွက်ကလည်း နည်းပညာအသစ်ကလည်း သူ့ဟာနဲ့သူ ရှိနေသေးတယ်။ ကမ္ဘာကိုလည်း ချပြရဦးမယ်။ ဒိတော့ လူတွေအတွက်ကလည်း အသိပေးတန်တာ ပေးချင်တယ်။ “ပြောရရင်တော့ အခု လုပ်နေတဲ့ တီထွင်မူအသစ်ဟာ ကောင်းတာအတွက်ရော ဆိုးတာအတွက်ရော အဆုံးအစမဲ့ ဖြစ်နိုင်တတွေ အများကြီးပါပဲလေ။ “ အဲသည် ဖြစ်နိုင်တာတွေ အများကြီးရယ် ဆိုတာက ၁၉၄၇ ခုနှစ် မှာ ဝီနာ့ စိတ်ထဲမှာ ရှိနေခဲ့တာပါ။ စစ်အတွင်းမှာ တကယ်ပဲမှန်ပါတယ်။ သူဟာ စစ်သုတေသနပိုင်းဆိုင်ရာတွေမှာ သူ့ဘဝကို ပုံအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းပေါ့လေ Hiroshima (ဟီရိုရှီးမား) နဲ့ Nagasaki (နာဂါဆာကိ) စစ်ရေးကိစ္စတွေဟာ သူ့ကို ခြောက်ခြားသွားစေတယ်။ (အနုမြူဗုံး ကိစ္စများ သမိုင်းထဲက အနိဌာရုံတွေကို ပြောတာပါ) သူ အခု သုတေသနတွေ လုပ်နေတဲ့ သိပ္ပံနဲ့ နည်းပညာ တွေဟာ အဲသည်လို မဟုတ်တာတွေ သတ်ဖြတ်မူတွေ အတွက် များ ဦးတည်သွားပီလားရယ်လို့ သူ့စိတ်တွေ တကယ် ခြောက်ခြားတုန်လှူပ်ခဲ့ပါတယ်။ (ဘာသာပြန်သူအနေနဲ့ သမိုင်းလေးကို နည်းနည်း ဟ ပြချင်ပါတယ်။ အမေရိကန်က ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နဲ့ ၉ ရက်တွေမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီ ကို အဏုမြူဗုံးကြဲခဲ့ပါတယ်။ ထိုဗုံး ၂လုံးက လူပေါင်း ၁သိန်း၂သောင်း၉ ထောင်နဲ့ ၂သိန်း၂သောင်း ၆ထောင်ကြား သေကြေပျက်ဆီးခဲ့ပါတယ်။ အရပ်သားအများဆုံးဖြစ်ပါတယ်။ ဒါဟာစစ်လက်နက် ်််််််ဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်ပါတယ်။) ၁၉၄၅ ခုနှစ်မှာ သတင်းနဲ့ပြည်ကြားရေး နော်ဝေ ကနေ သိပ္ပွပညာရှင် Einstein (အိုင်စတိုင်း) ဆီကို စာရေးတယ်။ “ဝီနာ ဟာ သည်လို မဖြစ်သင့် တဲ့ သတ်ဖြတ်မူတွေကို လုံးဝကို တုန်လှူပ်ပါတယ်။ နာဂါဆာကိ က သတ်ဖြတ်မူကို ကန့်ကွက်ပါတယ် သိပ္ပံပညာဆို်င်ရာ သည်လိုကိစ္စနဲ့ ပတ်သက်တဲ့ စီးဝေးပွဲကိုလည်း ကန့်ကွက်တယ်“ ။ (Albert Einstein အဲလ်ဘတ်အိုင်စတိုင်းဆိုတာ အများသိကြတဲ့ နံမယ်ကျော် ရူပဗေဒပညာရှင်ဖြစ်ပါတယ်။ အဏုမြူဗုံးထုတ်လုပ်တဲ့ သီအိုရီအစဟာ သူတီထွင်ခဲ့တဲ့ E=mc2(အီးညီမ ျှခြင်း အမ် စီ စကွဲ ဖြစ်ပါတယ်။ နောက်က 2 က c အပေါ်က ၂ထပ်ပါ။) ကဖြစ်တာကြောင့် အိုင်စတို်င်းလည်း တော်တော်လေး စိတ်မချမ်းမသာဖြစ်ခဲ့တယ် လို့ သူ့အကြောင်းတွေ ထဲမှာ ပါဖူးဖတ်ဖူးပါတယ်။) ဝီနာဟာ MIT (Massachusette Institute of TEchnology) (အမ်အိုင်တီ)(မက်ဆက်ချူးဆက် စက်မူတက္ကသိုလ်) က ရုံးကို ရောက်လာတယ်။ သူက အခုလို ကွန်မင့်ပေးတယ်။ “စစ်တိုက်ခြင်း စစ်မူရေးရာ စစ်ပွဲ စတဲ့ စိတ်ဓါတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဝမ်းနညး်စရာ အဖြစ်“။ သူဟာ သူအခုလက်ရှိလုပ်နေတဲ့ အလုပ်ဟာ သည်လို စိတ်မကောင်းစရာ အဆုံးသတ်ရတယ်လို့ မြင်တယ်။ အမ်အိုင်တီက ဥက္ကထ Karl Compton (ကားလ်ကွန်တွန်) ဆီကို ရေးထားတဲ့ ထွက်စာ ဟာ သူ့လက်ထဲမှာ မျောနေတယ် ။ (ဆိုလိုတာက ရေးပီး မပေးရသေးတာ။) “ကျွန်တော်ဟာ သိပ္ပံဆို်င်ရာ အလုပ်ကနေ လုံးဝဥသုံ ထွက်ပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်ကို သန့်ရှင်းတယ်လို့ မထင်တဲ့ အလုပ်အဖြစ် ကျွန်တော်မြင်မိပါတယ်။“ ဝီနာရဲ့ သည်ကိစ္စအပါ် ရုတ်တရက် ဖြစ်လာတဲ့ စိတ်နဲ့ ရေးလိုက်တဲ့ အဲသည် ထွက်စာ ဟာ ပြန်ရုတ်သိမ်းဖို့ ဖြစ်လာတယ်။ ဆိုလိုတာက မျောနေရာကနေ အဲသည်စာ မပို့ဖြစ်ပါဘူး။ သူ့စိတ်က သူ့ရဲ့အလုပ်လုပ်ချင်တဲ့ ဘက်ကိုပြန်လည်သွားတယ်။ ၁၉၄၅ ဆောင်းရာသီမှာတော့ တကယ့်ကို အချိန်ကောင်းကို ရောက်လာပါတော့တယ်။ “ကျွန်တော့ရဲ့ အလုပ်တွေ နောက်လုပ်မယ့်အလုပ်တွေဟာ တာဝန်မယူတတ်တဲ့ စစ်တပ်လက်ထဲကို ရောက်ပီး ပျက်စီးသွားမယ်ဆိုရင် ထုတ်ဝေသွားမှာ မဟုတ်ပါဘူး။“ လို့သူက Atalantic Monthly Magazine အတလန်တိတ် လစဉ် မဂဇင်း နဲ့ Bulletin of the Atomic Scientists အဏုမြူဆိုင်ရာ သိပ္ပံပညာရှင် ဆို်င်ရာ သတင်းများ စာစောင်တွေ ထဲမှာ A Scientist Rebels (သိပ္ပံပညာရှင်များ ရင်ဆိုင်နေရသော ပြသနာများ) ဆိုတဲ့ အခန်းဂဏမှာ ထင်ပါရဲ့ ဆက်တိုက်ဆိုသလို သူ့ကြေငြာချက်ကို ထည့်သွင်းဖော်ပြခဲ့တယ်။ “ကျွန်တော်တို့ရဲ့ လူအဖွဲ့အစညး်မှာ လက်နက်အဖြစ်သွပ်သွင်းခံလိုက်ရတာကို သေချာပေါက် တားဆီးရမယ်။ ယခုလက်ရှိမှာတော့ ကျွန်တော်တို့ရဲ့နည်းပညာဟာ လက်နက်လို အသုံးချခံရတာကတော့ သေချာနေတယ်။“ ဂျူနီယာဝင်း


ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 24 ဂျူနီယာဝင်း

ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 24


ဂျူနီယာဝင်း



(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine ကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုုပ်ကုုိ စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လုုိ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပုုိင်းတော့ သူ့စာအုုပ်ထဲက ခေါင်းစဉ်တွေအတုုိင်း  ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုုပ်ထဲက ခေါင်းစဉ်တစ်ခုုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသုုိ့ ခြေလှမ်းများ ဆုုိတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖုုိ့ ဆုုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုုဆောင်းပါးများဟာ ကွန်ပြူတာဆုုိတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပုုိပီး လူတွေ သတိထားမိလာမယ် လိုု့ယူဆမိပါတယ်။ စာအုုပ်ထဲမှာ ကွန်ပြူတာ ဆုုိတဲ့ဝေါဟာရတစ်ခုု အသက်သွင်းဖုုိ့ကြိုးစားခဲ့တဲ့ လူပုုဂ္ဂိုလ်တွေ အများကြီးကိုု တွေ့ရပါတယ်။ တစ်ယောက်ဆီတုုိင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလုုိက်သောလည်း ဆောင်းပါးတစ်ခုုချင်းဆီဟာ သူတုုိ့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လိုု့ကောင်းတဲ့ စာအုုပ်တစ်အုုပ်ကိုု စာဖတ်သူများကိုု မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )



ရှနွန် (Claude Shannon) ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှ့ံစပ်လေ့လာသူ)  ကို အတော်လေး ယုံကြည်မူရှိနေတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲံ အကြံညဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။



သတင်းအချက်အလက် (information) ဆိုတဲ့စကားလုံးနဲ့ အဓိပယ် (meaning) ဆိုတဲ့စကားလုံးနှစ်ခု ဟာဖြင့် သိပ်ကို ငြင်းခုန်စရာ အညင်းပွားစရာ အသုံးအနှူန်း ဖြစ်နေပါတယ်။ ဒါဆိုရင် ဗွန်နယူးမင်းက ဒီကိစ္စကို ဘယ်လိုများ အကြံညဏ်တွေ ပေးမှာလဲ။ ရှနွန် ကြားချင်တာကြားရမှာလား။ သူလိုချင်တဲ့အ ကြံညဏ်တွေ ရမလား။



အမယ်… ဗွန်နယူမင်းက ချက်ချင်းကို တုန့်ပြန်ပါသတဲ့။ ရှနွန်က အဲသည်အကြောင်းကို အခုလို ပြန်ပြောပြပါတယ်။ 



“ ဗွန်နယူမင်ပြောတာတော့ အရင်ဆုံး သချာင်္စကားလုံးတွေ သင်္ကေတတွေနဲ့ ညီမ ျှခြင်းတည်ဆောက်ရမယ်။ ပြီးရင် ရူပဗေဒဖော်မြူလာ ထုတ်ရမယ်။ အဲဒီ၂ချက်ကိုသူ ပြောတယ်။ “



ဒီနည်းနဲ့ မက်ဆေ့တွေကို သရုပ်ဖော်မယ်တဲ့။ သူဆက်ပြောတာက အဲသည် အတွက် အပူစီးဆင်းမူဆိုတဲ့ အဓိပယ် သတ်မှတ်ချက် တစ်ခုက ညီမ ျှခြင်းမှာ ပါဝင်ထားတဲ့ သချာင်္ ကိန်းထွေတွေ ကို သုံးမယ်တဲ့။ ရှနွန်ဟာ အဲသည် အဖြေအတွက် အံ့သြတုန်လှူပ်သွားပါတယ်။ 



နယူမင်းက “လူအများစုက ဒါဘာအဓိပယ်လဲဆိုတာကို အဲသည်လို လျောက် ပြောလိုက်ရင် နားမလည်ကြ မသိကြပါဘူး။ မင်းက အဲသည်အချက်ကို အဲလို လူတွေနဲ့ ညင်းခုန်တဲ့အခါ အဲသည်လို သူတို့နားမလည်တဲ့ စကားလုံးတွေ ထည့်ပြောလိုက်ရင် မင်း နိုင်မှာသေချာတယ်“ ။ အဲဒါ နယူမင်းက ပြောတာ ။ 



(ဟုတ်ပုံပါပဲ။ ဘာသာပြန်သူတောင် နားမလည်ဘူး။ နားမလည်တော့ နားလည်ချင်ယောင်ဆောင်နေရတယ်။ ဘာမှ ပြန်မခြေပနိုင်တော့ဘူး။ )



နောက်ဆုံးမှာတော့ ရှနွန်ဟာ သတင်းအချက်အလက် ဆိုတဲ့ အချက်ကို ဆွဲယူတယ်။ ဒီစကားလုံးက အင်ဂျင်နီယာတွေ အသုံးပြုနေကြတဲ့ စကားလုံးပါ။ ၁၉ ၄၆ ခုနှစ်လောက် က Bell Lab (ဘဲလ် ဓတ်ခွဲခန်း) က သုတေသနအဖွဲ့တွေက Binary digits (ဘို်င်နရီဒစ်ဂျစ်) (ဇီးရိုး 0 နဲ့ 1 ဝမ်း တွေပဲပါဝင်သော စနစ်) နဲ့ပတ်သက်လို့ စူးစမ်း ခဲ့ကြပါတယ်။ သူတို့က bitnit နဲ့ bigit ဆိုတဲ့ သေးငယ်တဲ့အမှားလေးတွေပါတဲ့ အုပ်စုတွေကို ထည့်သွင်းစဉ်းစားခဲ့ကြတယ်။ (ဆိုလိုတာက သူတို့ တွက်ချက် နေကြတဲ့ စနစ်မှာ တော်တော်လေးကို အမှားက နည်းတယ်။ သုညဒသမ ဘယ်လောက် ဆိုတဲ့ အမှားလေးလာက်ပဲ ရှိကြတယ်။ ဒါကို သူတို့က ဘစ်နစ် တို့ ဘစ်ဂျစ်တို့ဆိုပီး အုပ်စုတွေ ခွဲထည့်စဉ်းစားခဲ့ကြတဲ့သဘော ဖြစ်ပုံရပါတယ်။ သို့သော ်အဲသည် အမှားသေးသေးလေးတွေက တကယ် ကွန်ပြူတာစနစ်တစ်ခုကို ပုံဖော်တဲ့အခါ သိပ်ကို စကားပြောပါတယ်။)



နောက်တော့ John Turkey (ဂျွန်တာကီ) ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်က အခုလို ဝင်ပြောတယ်။ “အဲဒါတွေကို bit (ဘစ်) လို့ပဲ ခေါ်လို့ မဖြစ်ဘူးလား“တဲ့။ ရှနွန်က အဲသည် စကားလုံးအသစ်ကို တကယ်သဘောကျသွားတယ်။ သူ့ရဲ့၁၉၄၈ ပေပါမှာ အဲဒီ တာကီ့နံမယ်ကို credit (ခရဲဒစ် ) (အသိအမှတ်ပြု) ပေးခဲ့တယ်။ အဲသည်နှစ် က Oxford English Dictionary (အောက့်စ်ဖို့ အင်္ဂလိပ်အဘိဓါန်) မှာ   bit ဆိုတဲ့စကားလုံး စတင် ထည့်သွင်းပါတယ်။ အဲသည်ကနေစလို့ ဘစ် ဆိုတဲ့စကားလုံး စသုံးလာတာပါ။



ရှနွန်ရဲ့ အရင်းနှီးဆုံးနောက် MIT(Massuchette Insittute of Technology) (အမ်အိုင်တီ မက်ဆက်ချူးဆက် စက်မူတကသိုလ်) မိတ်ဆွေကတော့ Jerry Wiesner (ဂျယ်ရီဝီစ်နာ) ဖြစ်ပါတယ်။ သူနဲ့က မီချီကန် တက္ကသို်မှာကတည်း က အတူတူ ခင်မင်ခဲ့ကြတဲ့သူငယ်ချင်းတဲ့။ ရှနွန်က ၁၉၄၆ နဲ့ ၁၉၄၇ ခုနှစ် ကာလတွေဆီက သူ့ရဲ့ သတင်းအချက်အလက် သီအိုရီအကြောင်းတွေ တခါတခါ ရင်ဖွင့် ပြောပြခဲ့ပါတယ်တဲ့။ ဟုတ်ပါတယ် အဲသည်လို ပြောပြဖြစ်ခဲ့တဲ့အထဲမှာ အမ်အိုင်တီ က Nobert Wiener (နိုဘတ်ဝီနာ) လည်းပါပါတယ်။



ဝီနာက ကြားရတဲ့အခါ သိပ်ပီးတော့ သဘောကျတဲ့ လက္ခဏာမပြဘူးတဲ့။ သူက အဲသည်လို စကားရှည်ရှည်တွေ ကြားရ နားထောင်ရတဲ့အခါတိုင်း သူ့ရဲ့ဟောက်သံကြီးနဲ့ စပီကာ ကို ထောပနာပြုတတ်သူ ဖြစ်ပါတယ်။ (သူ့အကြောင်းတွေ ရှေ့ပိုင်းတွေမှာ မှတ်မိရင် စဉ်းစားကြည့်ရင် ပေါ်လာမှာပါ) ပြောသူက သူ့စကားနိဂုံးချူပ်ခါနီးကျရင် သူက အိပ်ယာက ခုပဲ ထလာတဲ့ပုံစံနဲ့ “အဲဒါ ငါလုပ်ခဲ့တာကွ“ လို့အော်ပြောမယ်။ ပြီးရင် ရုတ်တရက်ကြီး “ငါ အဲဒါကို တနှစ်က လုပ်ခဲ့တာ“ လို့ ထ အော်မယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ် သူက သူ့အနေအထားအရ ဒါမျိူးကို ကိုင်တွယ်ခဲ့ဖူးတယ်ဆိုတာ ဟုတ်မှာ။ 



သူ့မှာ လုံလောက်တဲ့အချက်တွေလည်း ရှိပါတယ်။ ဥပမာ information theory “သတင်းအချက်အလက် သီအိုရီ“ ဆိုတဲ့စကားလုံးမျိူး သူ့ သမိုင်းမှာ ရှိခဲ့လိမ့်မယ်။ ဒါကိုသင်က သချာင်္ သဘောတရားတွေနဲ့ သူ့ကို စိန်ခေါ်ဦးမလား ရှနွန်တီထွင်ခဲ့တဲ့ ဆက်သွယ်ရေး အင်ဂျင်နီယာ တွေကိုင်နေတဲ့ ကရိယာတွေနဲ့ ကိုင်ပေါက်ဦးမလား ဝီနာက အဲဒါထက်တောင်ပိုပါသေးတယ်။ ဒါလောက်တော့ ရယ်တာပေါ့ ။ ဝီနာ ၁၉၂၀ ကတည်းက ဒါတွေနဲ့ ဒီလို နယ်ပယ်တွေနဲ့ ယဉ်ပါးနေတာ။ ၁၉၂၀ နဲ့၁၉၃၀ တွေမှာ သူကိုင်တွယ်ခဲ့တဲ့ အရာတွေဟာ အခု ရှနွန်ချပြနေတဲ့ သီအိုရီတွေ သတင်းအချက်အလက် သတ်မှတ်ချက်တွေဟာ ဝီနာ အတွက်တော့ ဆင်တူတွေ ဖြစ်နေတာပေါ့။ 



သည်တော့ အခု ဝီနာ ထပြောတာေွက ရှနွန်အတွက်တော့ စိတ်ပါလက်ပါကို လက်ခံလောက်တာ တွေပါပဲ။ ဥပမာ ၁၉၄၈ ခုနှစ် အောက်တိုဘာ သူ့ပေပါ အပိုင်း ၃ ကိုကြည့်လိုက်ရင် အဲဒါ ဟာ ဂျယ်ရီဝက်စ်နာရဲ့ အကြံပေးချက်အတိုင်း ဝီနာ့ အမည်ကို ဂုဏ်ပြုပီးရေးထားတာတွေလေ။ ဝီနာကလေညး် ကျေနပ်ပါတယ်။ ဝီနာ ကနောက်ကျတော့ အခုလို ရှနွန့်ကို ချီးကျူးတဲ့သဘောသက်ရောက်တဲ့စာမျိူး “အောင်မြင်မူပေါ် အောင်မြင်မူ ဆင့် သွားတဲ့သဘောပဲ“ လို့ ရေးသားခဲ့ပါတယ်။ 



၁၉ ၄ရခုနှစ် နွေဦးရာသီ အဝင်မှာ ဝီနာ က ပြင်သစ် နာစီ ဒေသမှာ တင်ခဲ့ရတဲ့ စည်းဝေးပွဲတစ်ခု နဲ့ ပတ်သက်လို့ ပျော်ရွှင်ဖွွယ် ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်လို့  ပြောပြခဲ့ပါတယ်။ သူက အဲသည်မှာ New Science (သိပ္ပံပညာအသစ်) ဆိုတာကို ကြည့်ဖို့ စိတ်အားထက်သန်နေခဲ့တာ။ 



အမေရိကန်ပြည်ထောင်စုမှာလည်း အခြေအနေကောင်းခဲ့ပါတယ်။ ဝီနာ့ကျေးဇူးကြောင့်ပဲ ဂျယ်ရီ ဝီစ်နာ က လူလုပ်တဲ့ ဆက်သွယ်ရေးနှင့် တွက်ချက်မူ စနစ်ဆိုတာကို ကောင်းကောင်း ပြသနိုင်ခဲ့တယ်။ လူ့ဥနှောက်ဆိုင်ရာ စနစ်တွေကိုလည်း တိုးတက်လာစေနိုင်ခဲ့တယ်။ Research Laboratory Electronic (RLE) (လျပ်စစ် သုတသနဓါတ်ခွဲခန်း) ဆိုတဲ့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနတွေကို စုပေါင်းလုပ်ဆောင်နိုင်တဲ့ ဓတ်ခွဲခန်းတစ်ခုကို စစ်ပီးတဲ့နောက် တည်ထောင်နိုင်ခဲ့တယ်။ ဂျယ်ရီဝီစ်နာ က သူနဲ့သူ့အဖွဲ့ဟာ အဲသည် RLE အာအယ်အီး ကို ဆက်သွယ်ရေးဆိုင်ရာ အုပ်မြစ်တစ်ခုကို ချနိုင်ခဲ့တဲ့ နေရာတစ်ခုအဖြစ် အသိအမှတ်ပြုပေးခဲ့တယ်။ 



သူက “လူလုပ် ဆက်သွယ်ရေးနဲ့ တွက်ချက်မူဆိုင်ရာ စနစ်ကို လူလုပ်သိပ္ပံ ဆိုပီး အသွင်ပြောင်းနိုင်ဖို့ အဲဒီကနေ လူ့အနေအထိုင် မူဆို််င်ရာနဲ့ ဆက်သွယ်ရေး တွေကို မြှင့်တင်သွားမယ်“ လိို့ သူက ထုတ်ဖော်ပြောကြားခ့တယ်။



အဲသည် ဝီစ်နာ ကြွေးကျော်ခဲ့တဲ့ လူ့သိပ္ပံ ဆိုတာဟာ Mc Culloch (မက်ကူးလော့) မ တည်ခဲ့တဲ့ Macy Foundation (မာစီဖောင်ဒေးရှင်း) ကိုတောင် မျက်စိကျသွားစေခဲ့တယ်။ အဲသည်ကနေ ၁၉၄၆ မတ်၈ ရက်နဲ့ ၉  ရက်တွေမှာ နယူူးယောက်မှာ စည်းဝေးပွဲလေး ဖြစ်လာဖို့ ဦးတည်လာပါတယ်။ မက်ကူးလော့ ပစ်  ဗွန်နယူမင် ဝီနာ တို့ဟာ ၆လ ကြာ သိပ္ပံပညာအသစ်ဆိုတာကို ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 



(ဒီနေရာမှာ ဖြတ်ပြောရရင်တော့ လူတော်တော်များမျာ ပါဝင်လာကြတယ်။ မကြားဖူးတဲ့ နံမယ်တွေ ပါလာတယ်။ အဲသည်ထဲ ကျူရင်း တစ်ယောက်သာ ရင်းနှီးးတဲ့ အမည် တွေ့လိုက်ပါတယ်။ ဆိုလိုတာကတော့ အဲသည် အုပ်စုထဲ သိပ္ပံပညာရှင်တွေရော၊ anthropologists (လူ့သဘာဝ ဆို်င်ရာ လေ့လာသော သိပ္ပံပညာရှင်တွေ) ပါလာတယ်။ သူတို့က “လူလုပ်သိပ္ပံ “ man made science ဆိုတာကို (သိပ္ပံပညာအသစ်) new science လို့ခေါ်လိုက်တယ်။ )



ပြင်သစ် စာအုပ် ထုတ်လုပ်ရေး Hermann Publication House က မက္ကစိကန်လူမျိူး သချာ်ပညာရှင် (မစ္စတာ ဖရီမင်) Monsier Freyman က Nobert Wiener (နိုဘတ်ဝီနာ) ပါမောက္ခဝီနာ နဲ့ ဆက်သွယ်ခဲ့ပီး သူ့ကို  ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မူ ဆိုင်ရာ နဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်ရေး ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘက်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချူပ်ချူပ်ဖြစ်သွားပါတယ်။ 



သူဟာ ချက်ချင်းဆိုသလိုပဲ စာအုပ်ရေးဖို့ ပြင်ဆင်တယ်။ မက္ကစီကိုစီတီး အချိိန်အားဖြင့် ၁၉၄၇ နွေရာသီကာလ မှာဖြစ်ပါတယ်။  သူ့ရဲ့ရေးဖော် အကြံပေးဖော်က Arthuro Rosenbueth (အာကျူရို ရိုဆင်ဘက်) (နှလုံးနဲ့သက်ဆိုင်သော ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်မှ ဆရာတစ်ဥိး)  ပါတဲ့။ သူ့စာအုပ်မှာ “သူဟာ ကျွန်တော့ရဲ့ သိပ္ပံနဲ့ ဆက်နွယ်နေသော ကာလရှည် အဖော်ကောင်း“ လို့သူက ပြောထားပါတယ်။ 



အဲဒီလိုနဲ့ ဝီနာတစေ်ယောက် သူအခု ရေးသားပြုစုနေတဲ့ စာအုပ်ရေးရင်းနဲ့ သိပ္ပံပညာအသစ် ဆိုတာကို ဘယ်လိုခေါ်ရမလဲ ဆိုတာ နောက်ဆုံး အြဖေတွေ့ပီ။


Thursday, June 10, 2021

ဂျူနီယာဝင်း - ကြောက်တာတခုပဲသိတယ်

 

ဂျူနီယာဝင်း - ကြောက်တာတခုပဲသိတယ်

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၁




ကိုယ့်အဘိုးအဘွားတွေလက်ထက်တုန်းကတောင် ထမင်းအိုးတန်းဟင်းအိုးတန်း ဝင်ခဲ့သေးတယ် ။ သူတို့မြေး ကိုယ့်လက်ထက်ကျမှပဲ ထမီတန်းအောက်က မထွက်တော့တာ။ ဆိုတော့ ကိုယ်လည်း ကိုယ်ရေးချင်တာလေးတော့ ရေးခဲ့ဦးမှပါ။ အထင်တော့မကြီးလိုက်ပါနဲ့ ကိုယ်လုပ်တာဆိုလို့ ကြောက်တာတခုပဲ ရှိပါတယ်။

ဖွင့်ဝန်ခံရရင်

အမှန်ကိုဝန်ခံရရင်တော့ ကိုယ့်မိခင်ကွယ်လွန်ခဲ့ပီးတဲ့နောက်မှာ ပရိတ်များမရွတ်ခဲ့ စိတ်ပုတီးမစိတ်ခဲ့တာ ဆိုပါတော့။ ဒါနဲ့ပဲ ကိုယ့်ကို ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလားလို့ မထင်လိုက်ပါနဲ့။ ပရိတ်တွေ မရွတ်မဖတ်ခဲ့တာ ဘာအကြောင်းပြချက်မှ မရှိပါ။ ပြစရာလည်မ လိုပါ။ ဒါပေမယ့် တရားတော့ထိုင်ပါတယ်။ စွန်းလွန်းဝိပဿနာကို အားထုတ်ပါတယ်။ ကြိုးစားပီးတော့ပေါ့။ ကိုယ့်စိတ်တွေ တည်ငြိမ်အောင် အချိန်တွေ ကုန်မြန်အောင်။ ဒါပေမယ့် ကိုယ်က ခုထိ စိတ်လှူပ်ရှားလွယ်နေတုန်းပါ။ စိတ်ကလည်း တခါတခါ မထိန်းနိုင်တုန်းပါပဲ။

အခုတော့ ဘုရားစာတွေ ပြန်ရွတ်တာ အမြီးအမောက်မတည့်တော့ဘူး။ မရွတ်တာလည်း ကြာပီကိုး။ ဒါနဲ့ ဘုရားစာအုပ်တွေ တော်တော် ပြန်ရှာရပါတယ်။ စာလုံးပေါင်းမှန်အောင် ပြန်ဖတ် ပြန်ရွတ်ဖတ်နေရပီ။ မကိုင်ဖြစ်တဲ့ စိတ်ပုတီးလည်း ပြန်ကိုင်ဖို့ စိတ်ကူးပါတယ်။ ဘဝမှာ မလုပ်ဖူးတဲ့ အဓိဌာန်တွေဘာတွေတောင် ဝင်ဖို့ ကြိုးစားတော့မယ်။

တိုက်တိုက်ဆိုင်ဆိုင်

ကိုယ်တွေရဲ့မွေးနေ့လေး အမှတ်တရ ဘာမှ မလုပ်ဖြစ်ပါဘူး။ ဒီလိုပဲ မွေးနေ့မှန်းတောင် မသိတော့ဘူး။ ရှိတာလေးဖြစ်သလို စားသောက်ဖြစ်တာပါပဲ။ အဲဒီနေ့မယ် သေနတ်သံတွေ ညဘက် တောက်လျောက်ကြားနေ ရတယ်။ အမယ် … ကိုယ်တွေတော့ တော်တော် တိုးတက်လာတယ်။ ဟောဒါက အသံဗုံး ၊ ဟောဒီအသံက လက်ပစ်ဗုံး ၊ ဟောဒီအသံက တကယ့်ဗုံး သိနေပီ။ မီးတောင်မဖွင့်ဝံ့ဘူး။ လရောင်ရဲ့ အရိပ်ကလေးကို ခိုပီး ဘုရားစာအုပ်ကြည့် စာလုံးပေါင်းမမှားအောင် ဖတ်နေရတယ်။ ဖတ်ရင်းနဲ့ မျက်ရည်တောင် ကျပါတယ်။ ငါတို့အဖြစ် အဘိုးအဘွားများ မြင်ရင် ရင်ထဲ ဘယ့်နှယ့်နေရှာမလဲ။

ဗုံးတွေတကယ်ပေါက်နေတယ်

နေ့ခင်းကြောင်တောင်တောင် ဗုံးတွေပေါက်နေပါတယ်။ လမ်းပေါ်လည်း ပေါက်နေတယ်။ ကြောက်တာပေါ့။ ခက်တာက စားစရာမရှိတော့ စျေးထွက်ဝယ်ရတယ်။ ရှေ့ကြည့် တောင်ကြည့် မြောက်ကြည့်။ မတော်တဆ ကိုယ့်ရဲ့ ကားဘီးတွေ အန္တရယ်ဝင်တိုးမိရင် မတွေးဝံ့စရာ။

စစ်က တကယ်ဖြစ်မှာလား

အကြားအမြင်တွေ ဗေဒင်ဆရာတွေက ဟောတာတွေ ကြားတာပဲ။ သူတို့က လူတွေရဲ့ ကံကြမ္မာ က အခုတော့ တကယ်သေရေးရှင်ရေးဖြစ်နေပီတဲ့။ သတိသာ ထားနေကြတဲ့။ အစားအသောက် ၁လစာကနေ ၃လစာလောက် ရှာထားစုထားတဲ့။ ဗုံးခိုကျင်းတွေတောင် တူးထားကြတဲ့။ အသက်ကို ဖက်နဲ့ထုတ်ထားဖို့ ကို ပြောသံတွေကြားတာပဲ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမယ်။ ကိုယ်ကတော့ တခြားဟာတွေ တွေးနေမိတယ်။ ရုပ်ရှင်ထဲ တွေ့ဖူးတာပဲ သေခါနီးသူတွေက မသေခင် နောက်ဆုံးစကားတွေ ပြောကြ မှာကြတာတွေ။ အဲဒီတော့ ကိုယ်လည်း ပြောမယ်လေ … “ကိုယ်သေသွားခဲ့ရင် ကိုယ့်အချစ်ဆုံးမင်းကို …“ (ရိုဆက်တီရဲ့ ကဗျာမဟုတ်လား။ တခြား လေးနက်တာလေး ပြောတာပိုကောင်းပါတယ်။)

ပြောချင်တာတွေရှိပါတယ်။ ကိုယ့်အဝေးက မိတ်ဆွေတွေ ချစ်ရသူတွေဆီ မက်ဆေ့တွေ ပို့တယ်။ ကိုယ်က မဆိုးပါဘူးကွယ်၊ ကိုယ်က တကယ်တော့ မရိုင်းပါဘူး … စသဖြင့်။ ဟုတ်တယ် … ဗုဒ္ဓဘာသာမှာ ရှိတယ်လေ၊ အပြစ်တွေကို ခွင့်လွှတ်ဖို့ တောင်းပန်ရင် တဖက်သားကလည်း ခွင့်လွှတ်ကြတာမျိူး။ အထူးသဖြင့် သတင်းကျွတ် လူကြီးမိဘကန်တော့ကြတဲ့အခါ အဲသလို ပြောဆိုကြတယ်ဆိုတော့။ ကိုယ်လည်း လျောက်တွေးနေမိတာပါ။

နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့မြေ

ကိုယ်နေတဲ့မြေက နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့ အရပ်ပါ။ ပထမဦးဆုံးအကြိမ် ကိုယ့်မိခင်ကို မလွမ်းမိပါဘူး။ ၂၀၂၀ မတိုင်မှီ ကွယ်လွန်သွားတဲ့မိခင်ကို အခုအခါမယ် တကယ် မလွမ်းတော့ပါဘူး။ ၂၀၂၀ ကိုဗစ်နှိတ်စက်တဲ့ဒဏ်တွေ မတွေ့သွားရလို့ပေါ့။ ဆိုးဝါးတဲ့ ခေတ်ကြီးကို မကြုံလိုက်ရလို့ပေါ့။ တော်ပါသေးတယ် မေမေရယ်။ မေမေသာဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဘဝဆိုတာ ဒီလိုပဲနေမှာပါ။ တစ်ခုမဟုတ် တစ်ခု ကြုံနေကြရမယ်။ ဖြစ်လာသမျှ ရင်ဆိုင်သွားကြရမယ်။ ကိုယ်တောင်းတဲ့ဆုတွေ ပြည့်ဖို့ဆို … ရတနာသုံးပါး ဆည်းကပ်၊ ငါးပါးသီလ တတ်နိုင်သလောက် စောင့်ထိန်းပီး၊ လောဘ ဒေါသ မောဟ ကင်းအောင် ကြိုးစား နေကြရမယ်လေ။

ဂျူနီယာဝင်း

Thursday, February 18, 2021

အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း ဂျူနီယာဝင်း

 အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း


ဂျူနီယာဝင်း

အစ


The Hunger Games  ရုပ်ရှင် ထဲက ဇာတ်ဝင်ခန်းတွေကို နည်းနည်း ပြန်ပြောဖို့လိုလာပါတယ်။ ဒီကား ဟာ ၂၀၁၂ ခုနှစ် အမေရိကန် သိပ္ပံကားတစ်ကားဖြစ်ကာ Gary Ross (ဂယ်ရီရော့ ) ရိုက်ကူးခဲ့ပီး ၂၀၀၈ခုနှစ် Suzanne Collins (ဆူဇန်ကောလင်း) ရေး The Hunger Games ဝတ္တုကို ရိုက်ကူးခဲ့တယ် လို့ဆိုတယ်။ Jennifer Lawrence (ဂျယ်နီဖာလောရင့်) John Hutcherson (ဂျွန်ဟက်ချာဆန်) တို့ပါဝင်သရုပ်ဆောင်ထားတယ်။ ခေတ်မှီတဲ့ ထူးဆန်းပြားတဲ့ ပုံစံတွေနဲ့ ရိုက်ပြထားတာတွေပါ။ အနာဂတ်ကို ပုံဖော်တာဆိုတော့ စိတ်ကူးယဉ်ပြတာဆိုတော့ ပြကွက်တွေက ခေတ်ရှေ့ပြေးတွေမို့ အကုန်တော့ သိပ်ကြီးတော့နားမလည်ပါဘူး။ ကိုယ့်အကြိုက်လည်း မဟုတ်ပါဘူး။ သို့သော် လက်သုံးချောင်းထောင်တဲ့ အဓိပယ်က သည်ရုပ်ရှင်က စတင်သတိပြုမိလာကြတာ  ဆိုတော့လည်း နည်းနည်းပါးပါးတော့ ဝင်ကြည့်ဖြစ်ပါတယ်။ 


dystopia ဒစ်စတိုပီးယား

ဒီစကားလုံးကို မိတ်ဆက်ပေးထားပါတယ်။ အဲ့သည် အဓိပယ်တိုက်ရိုက်က အင်မတန် နှိတ်စက် ခံရခြင်း အလွန့်အလွန်ကို ဆိုးဝါး ပီး တရားမမ ျှတမူတွေ နဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေ နဲ့ နေထိုင်နေရသော လူ့အဖွဲ့အစည်း လို့ ဆိုတယ်။  ရုပ်ရှင်ရဲ့ အစမှာ ထိုလူ့အဖွဲ့အစည်း တစ်ခုဟာ အာဏာရှင်တွေက ပြန်အုပ်ချူပ်တဲ့ခေတ်တစ်ခု အနာဂတ်မှာ ဖြစ်လာပါတယ်။ အဲသည် အနာဂတ် ကို စိတ်ကူးထဲမှာ ယဉ်လိုက်တာပါ။ ဆာ သောမတ်စ်မိုးရဲ့ ယူတိုးပီးယား နဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက် တဲ့ လူ့အဖွဲ့အစည်းဆိုပါတော့။ 


၂၀၀၈ စက်တင်ဘာ ၁၄ ထုတ် ဝတ္ထုမှာ ကောလင်းက အပိုင်း (သူက စိးရီးလို့ခေါ်တယ်) ၃ပိုင်းခွဲပီး ရေးသားထားပါတယ် ။ hunger games, Catching Fire, Mockingjay ဖြစ်ပါတယ်။ ဒါကို ရုပ်ရှင်ရိုက်တော့ အဲသည်အမည်များနဲ့  ရုပ်ရှင် ရို်က်ခဲ့ကြပါတယ်။

စိ်တ်ကူးယဉ် အနာဂတ်ထဲက လူ့အဖွဲ့အစည်းတစ်ခု


ရုပ်ရှင်ဟာ အဲသည် အနာဂတ် ကာလကနေ စပါတယ်။ အဲသည် လူ့အဖွဲ့အစည်းတစ်ခုကို ရော့ကီးတောင်တန်းတွေ မှာ တည်ဆောက်ထားတဲ့ အလွန်တရာမှ ချမ်းသာကြွယ်ဝသော နည်းပညာအားဖြင့်လည်း သာလွန်သော  သူများနေထိုင်ကြတဲ့ ရွှေမြို့့တော်ကြီးက  အုပ်ချူပ်ပါတယ်။ သူတိုအုပ်ချူ့်တဲ့ မြောက်အမေရိက တိုက်ရှိ Penam ပန်နနန် မြို့ကြီးဟာဖြင့် ရွှေမြို့တော်ကြီးနဲ့ ခြားနားစွာ အလွန်တရာမှ ဆင်းရဲပါတယ်။ ဆင်းရဲလွန်းလို့ အစာငတ်ပီး သေကြပါတယ်။ အဲသည် မြို့ကို အုပ်ချူပ်သူများက ၁၂ပိုင်းပိုင်းထားပါတယ်။ အကြောင်းက သူတို့ကို တော်လှန်လို့ ဒါကြောင့် အခုလို အပြစ်ပေးတယ်။  အဲသည် သမိုင်းကို တော့ အသေးစိတ်ပြမထားပါဘူး။ 


အပြစ်ပေးပုံက အသက်၁၂နှစ်နဲ့ အသက် ၁၈နှစ်ကြား ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကို ဒေသ ၁ခုစီကနေ အဓမ္မ ရွေးချယ်ပီး ဟမ်းဂါးဂိမ်းကို ဆင်နွဲခိုင်းတာပါ။ ဒေသ ၁၂ခုဆိုတော့ ၁၂တွဲ စုစုပေါင်း ၂၄ ယောက် ဖြစ်ပါတယ်။ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခိုင်း အဲဒါကို လူကုန်တံတွေက ဝိုင်းကြည့် ဆိုတဲ့ ပွဲပါ။ နောက်ဆုံး တစ်ယောက်ပဲ ကျန်ပါမယ်။ ဒါဟာ နှစ်စဉ် ြ့ပုလုပ်တဲ့ ဟမ်းဂါးဂိမ်း။ နိုင်တဲ့ ကောင်လေး သို့မဟုတ် ကောင်မလေး နေတဲ့  ဒေသကိုတော့ အစားအစာ ရေစာ လိုအပ်တဲ့ အသုံးအဆောင်တွေ လက်ဆောင်ပေးပါသတဲ့။


ရုပ်ရှင်ထဲမှာ မင်းသမီးက ပြိုင်ပွဲမှာ အနိုင်ရဖို့ သူ့စပွန်စာရဲ့ ထောက်ပံ့မူ တွေနဲ့ နေရထိုင်ရပါတယ်။ စိတ်ကူးယဉ်ထားတဲ့ ဇာတ်ကွက်တွေ အများကြီးပါပါတယ်။ တကယ်လက်တွေ့မှာတော့ ဒါဟာ စိတ်ကူူးယဉ်သက်သက်ပါပဲ။ 

အဓိပယ်များနဲ့ လက်သုံးချောင်း 

Panem ပန်နင်း မြို့ရဲ့ ဒေသနံပါတ် ၁၂မှာ ၇၄ကြိမ်မြောက် ဟမ်း၈ါးဂိန်းအတွက် အစီအစဉ်လိုက် မဲနှိူက်ပီး လူေ၂ယောက် ကို ရွေးချယ် ပီး ဂိမ်းဲထဲ ဝင်ပါစေတယ်။ အသက် ၁၆နှစ် အရွယ် Katniss Everdeen (ကက်နစ် အဲဗာဒင်း ) ဆိုတဲ့ မိန်းခလေးက သူ့ညီမလေး း Primrose (ပရင်းရို့စ်) နံမယ်ခေါ်တဲ့အခါ သူ့အစား ကိုယ်စား ဝင်ပီး အသေခံဖို့ ဆုံးဖြတ်တယ်။ အဲဒီ အချိန်မှာ သူ့စိတ်ထဲမှာ သူ့ညီမအသက်ကယ်ဖို့ပဲ ရှိတယ်။ တခြားဘာမှ မရှိဘူး။ မဲနှိူက်ရွေးချယ်ပေးတဲ့ ကြီးကြပ်သူက ကိုယ်စားဝင်ပီး လာတဲ့ ဟောသည် ကောင်မလေးအတွက် လူထုကို လက်ခုတ်တီးပီး ဂုဏ်ပြုကြပါလို ့တောင်းဆိုလိုက်တော့ အောက်ကလူတွေက လက်ခုတ်တီးရမယ့်အစား သူတို့ရဲ့ညာဘက်လက်ကို သူတို့နှူတ်ခမ်းတွေပေါ် ဖိပြီး ပြန်အတင်မှာ လက်သုံးချောင်း ထောင်ပြလိုက်ကြပါတယ်။ သိပ်ကို တုန်လှူပ်စရာကောင်းတဲ့ ပြသမူပါ။ ြုကီးကြပ်သူက အခက်တွေ့သွားတယ်။ သူလိုချင်တာ လက်ခုတ်သံတွေပါ။ အခုတော့ လက်သုံးချောင်းထောင်လိုက်တဲ့ အပြုအမူတွေပဲ ပြန်ရလိုက်တယ်။


လေးစားတယ် ကျေးဇူးတင်တယ် ပြီးတော့ မင်းကို ငါတို့ နှူတ်ဆက်ပါတယ် ဆိုပြီး လေးနက်စွာ ဖြင့် အလေးပြုလိုက်ပါတယ်တဲ့။ သူတို့က ကိတ်နစ်စ် ကို Salute ပေးလိုက်တာပါ။


Respect, Thank you, and Good Bye.


(ဝတ္ထုထဲမှာ ဘယ်ဘက်လက်နဲ့ လက်သုံးချောင်း ထောင်ပြကြတာ လို့ဆိုတယ်။ ရုပ်ရှင်ပထမစီးရီးမှာ ညာဘက်လက်နဲ့ပြပါတယ်။ ဒုတိယ စီးရီးမှာ တော့ ဝတ္ထုထဲကအတိုင်း ပြန်ပီး ဘယ်ဘက်နဲ့ လက်သုံးချောင်းထောင်ပြကြပါတယ်တဲ့။)


ရုပ်ရှင်ထဲက အဓိပယ် 


ပြန်လည် အသက်ဝင်လာတဲ့ လက်သုံးချောင်း လို့ ကိတ်နစ် ကပြောတယ်။ (ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှ ပြောပုံရပါတယ်။)  အဲသည် သင်္ကေတ နဲ့ပတ်သက်လို့ “ကျွန်မတို့ ဒေသမှာ အင်မတန် အသုံးနည်းတဲ့ ရှေးဟောင်း အလေးပြုအမှတ်အသားဖြစ်ပါတယ်။ တကယ်တော့ အသုဘ အခန်းအနား တွေမှာ တွေ့ရတတ်ပါတယ်။ အဓိပယ်က ကျေးဇူးတင်ပါတယ်  လေးစားပါတယ် ဆိုတာတွေအပြင် သင်ချစ်ရတဲ့သူကို နှူတ်ဆက်တဲ့စကား ဂွတ်ဘိုင် လို့လည်း အဓိပယ်ရပါတယ်“ 


အဲသည် အမှတ်အသားကို စတင်သုံးစွဲလိုက်တာ ဒေသ ၁၂ က နေထိုင်သူတွေ ဖြစ်ပါတယ်။ (ရုပ်ရှင်ထဲက ဒေသ ၁၂ ကိုပြောတာပါ။) ဒေသ ၁၂ ကနေ နောက်တော့ တခြားဒေသတွေကပါ တော်လှန်ရေးမှာ သုံးစွဲလာကြပါတယ်။ သူတို့ချစ်တဲ့ လေးစားတဲ့သူကို သူတို့က ကျေးဇူးတင်ပါတယ် ဆိုတာ ပြတာပါ။ လေးစားတယ် ကျေးဇူးတင်တယ် နှူတ်ဆက်ပါတယ် အဲသည်လို အဓိပယ်တွေ ပါတဲ့ လက်သုံးချောင်းကို ထောင်ပြတာပါ။ ဝတ္တုထဲမှာ ဘယ်ဘက်လက်က  အလည် လက်သုံးချောင်းကို နှူတ်ခမ်းကို ဖိပီး ထိုလက်ကို ပြန်အတင်လိုက်မှာ လက်သုံးချောင်းကို ကိုယိ်ပြောချင်တဲ့သူ သို့မဟုတ် လူအုပ်စု ဆီကို မြှောက်ပီး ပြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ပထမပိိုင်းမှာ ညာဘက်လက်ကို သုံးထားပါတယ်။ ဒုတိယပိုင်းမှာတော့ ဘယ်ဘက်လက်ကို ပြန်သုံးထားပါတယ်။


ရုပ်ရှင်ထဲမှာ ကတ်နစ် ဟာ သေဆုံးသွားတဲ့ ဇာတ်ကောင် ရူ အတွက် ကင်မရာဘက်လှည့်ပီး လက်သုံးချောင်း ထောင်ပြခဲ့တယ်။ သူ့လိုပဲ ဒေသ၁၂ က လူတွေကလည်း ပြန်လုပ်ပါတယ်။ လေးစားတယ် ကျေးဇူးတင်တယ် မင်းကို နှူတ်ဆက်ပါတယ်။ 


တခြား အဓိပယ်တွေ ရှိသေးတယ် Three Fingers Salute


Scout ကင်ထောက်လူငယ် တွေ သုံးစွဲခဲ့တဲ့ လက်သုံးချောင်းထောင် သင်္ကေတ အဖြစ်လည်း ရှိပါတယ်။ တိုင်းပြည်အတွက် ဂုဏ်ယူတယ်၊ လူတွေကို ကူညီတယ်၊ ကင်းထောက်တွေကို လေးစားပါတယ်။ အဲသလို အဓိပယ်တွေ ရှိပါသတဲံ။ ဒါ့အပြင် Three fingers salute (လက်သုံးချောင်းထောင်အလေးပြုခြင်း) လို့ ခေါ်ဝေါ်ကြပါတယ်။ ပြင်သစ်တော်လှန်ရေးမှာ လည်းပဲ သည်လို ရှိဖူးတယ် ဆိုတယ်။ “လွတ်လပ်ခြင်း၊ တရားမ ျှတာခြင်း နဲ့ တူညီခြင်း“လို့ အဓိပယ်ရပါတယ်။ တချိူ့ကတော့ ဒါကို “လွတ်လပ်မူ၊ ရွေးကောက်ပွဲ နှင့်ဒီမိုကရေစီ “ လို့ ဆိုကြပါတယ်။


ယနေ့ခေတ် အပြင်လောကမှာ တွေ့လာရပီ - ငါတို့အားလုံး အတူတူ



သည်တော့ လက်သုံးချောင်းထောင် တဲ့အမှတ်အသား စပေါ်လာတာ ကို အခုခေတ်မှာတော့ ဟမ်းဂါးဂိမ်း ဆိုတဲ့ ဝတ္ထု နဲ့ ရုပ်ရှင်ကနေ စတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရေးသားကြပါတယ်။ ရုပ်ရှင်ထဲမှာ တန်ခိုးအာဏာနဲ့ အနိုင်ကျင့်တဲ့ လူကုန်တန်တွေကို တော်လှန်တဲ့ အမှတ်အသား ဖြစ်ပါတယ်။ အဲသည်လက်သုံးချောင်းထောင်ခြင်းကို ယိုးဒယားမှာ ၂၀၁၄ ခုနှစ်မေလ ဆန္ဒပြခြင်းမှာတကယ် တွေ့လာရပါတယ်။ 


“‘တစ်ယောက် က စလိုက်တော့ အားလုံးလိုက်လုပ်ကြပါတယ် ဒိလိုနဲ့အဲသည် အမှတ်အသားဟာ အာဏာရှင်ကို တော်လှန်တဲ့ အမှတ်အသားဖြစ်သွားတယ်“ လို့ အသက်၂၈နှစ်အရွယ် ထိုင်း ဆနပြသူ Sirawith Seritiwat (စီရာဝှစ်ဆယ်ရစ်တီဝေါ့) က ပြောကြားခဲ့ပါတယ်။ 


လက်သုံးချောင်း ထောင်ပြခြင်းဟာ အာဏာရှိသူတွေ တန်ခိုးပါ၀ါရှိသူတွေကို ဆန့်ကျင်တော်လှန်ခြင်း  သင်္ကေတ ဖြစ်လာတာပါ။ အခုတော့ ဒီသင်္ကေတ  မြန်မာပြည်ကို ရောက်လာပါပြီ။