မမေ့နိုင်စရာများ ဂျူနီယာဝင်း
မမေ့နိုင်စရာများ
(အမှတ် ၂၄၇၊ အတွေးအမြင်)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထိုနေ့ဟာဖြင့် မျက်ရည် များနဲ့ ဝမ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသော နေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။ မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ ဈေးထဲ၊ ယောကျာ်းကြီးတွေ မျက်လုံးတွေ စိုစွတ်၊ အမိုျးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့ အသည်းနှလုံးတွေ ကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်။ သူတို့ ဘာကြောင့်ငိုနေကြသလဲ၊ သူတို့မျက်ရည်တွေက ဘာကို ဖော်ညွှန်း နေသလဲဆိုတာ မေးစရာမလိုပါ။ ကျွန်မအဘိုးက ပြောပါသည်။ အကယ်၍ တစ်စုံတစ်ဦးသေဆုံးရင် သူ့မိသားစု သူ့ဆွေမိုျး မိတ်သင်္ဂဟများ သာ ငိုေြွကးကြမှာပဲတဲ့။ သို့သော် ထိုနေ့မှာတော့၊ အာဇာနည်တွေ လုပ်ကြံခံရတဲ့ အဲသည်နေ့မှာတော့ သူတို့ရဲ့မိသားစုဝင်တွေ ဆွေမိုျးတွေ သာမက မြို့ထဲက လူတိုင်း လူတိုင်း ပူဆွေးကြ၊ မျက်နှာပေါ်မျက်ရည်တွေ စီးကျနေလိုက်ကြတာပဲတဲ့။ အားလုံးသည် ရုတ်တရက်ကြီး ထိတ်လန့်၊ ပူဆွေးလွန်းလို့ ဆွံ့အ၊ သူတို့ရဲ့ချစ်လှစွာသော သူတွေနဲ့ ပတ်သက်တဲ့ကြောက်စရာ သတင်းဆိုးကြီးကိုကြားလို့ ဖြစ်ပျက်ကုန်ကြတာ။ ၁ဝ နာရီ ၃၇ မိနစ်။ နေရာကတော့ အလုပ်အမူဆောင်ကောင်စီ ပြည်နယ်အုပ်ခုျပ်ရေးအဖွဲ့ဝင်များ အစည်းအဝေးလုပ်နေတဲ့ အခန်းတစ်ခုမှာ။ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးဖြစ်သော ဗိုလ်ခုျပ်အောင်ဆန်း ဦးဆောင်မှုအောက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရတဲ့ အလွန် ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုရဲ့ သားကောင်တွေဖြစ်သွားရသည်။ လူထု ယုံကြည်ရသည့် ဗိုလ်ခု့ျ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘခိုျ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ကိုသက်ထွေးတို့ ပစ်သတ်ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်အထိမ်းအမှတ် စာအုပ်ကလေး၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ စာအုပ်လေးထဲမှာ ‘Our Fallen Leader’ ဟူသည့် ထိုနေ့ ထိုအဖြစ် အပျက်အကြောင်း ရေးထားတာကို ယခုလို တွေ့လိုက်ရသည်။ ကာဘရိုက်တာ သေနတ်ရဲ့ စူးရှ တဲ့ အသံရယ်၊ လေးလံထူထပ်တဲ့ မီးခိုးငွေ့တွေက အဲသည်အခန်းထဲက ထိုးထွက်လာကြတယ်။ (အဲသည်ဇာတ်ဝင်ခန်းကို The Lady ဆိုသည့် ရုပ်ရှင်ထဲ ထည့်ရိုက်ထားလိုက်ပုံကတော့ တက်တက်စင်အောင် လွဲနေတယ်လို့ ဆိုရမှာပဲ။ ကျွန်မတို့ရဲ့ ဗိုလ်ခုျပ်ကို လက်မ အနည်းငယ်အကွာ လောက်ကနေ ပစ်စတိုသေနတ်နဲ့ ပစ်လိုက်ပုံကို ရိုက်ပြထားလေရဲ့။ အိုး... ကျွန်မအဲသည်လောက်တော့ သိတယ်။ အဲဒါကာ ဘရိုက်တာ မဟုတ်မှန်း။ ဘယ် အရူးမဆိုသိနိုင်တာ။ ကျွန်မတောင် သိတယ်။ အဲသည့်ရုပ်ရှင်ထဲက အခန်းက ကျွန်မတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကြီး ဖျက်ဆီးပစ်လိုက်တာပဲ။) ရက်စက်ပါတယ်ဆိုတဲ့ ထိုနေ့ကို လေးလံတဲ့ တိမ်လိပ်တွေ၊ လျပ်စီးမိုးကြိုးတွေ၊ မိုးသားတွေက ထပ်မံဖြည့်စွက်လိုက် တာ တစ်တိုင်းပြည်လုံးကို ပို၍ပို၍ ကြေကွဲဖွယ်ဖြစ်အောင် ဖန်တီးလိုက်ပြန်လေသည်။ ကျွန်မ၏ အဘွားက ပြောတာကတော့ ထူထပ်တဲ့ မိုးသားတိမ်လိပ်ကြီးတွေ သူတို့ပေါ် ဖိနှိပ်ထားလေတာ ပြန်ပြီးမရုပ်သိမ်းတော့တဲ့အတိုင်းပဲတဲ့။ ဆိုးရွားတဲ့ သဘာဝတရားကြီးက တစ်တိုင်းပြည် လုံးကို ပိုပြီးထိတ်လန့်တုန်လှုပ်သွားစေသတဲ့။ ထိုကဲ့သို့သော ဝမ်းနည်းစရာများ ရှိနေသော်လည်း ဘဝသည် ဆက်လက်ဖြတ်သန်းနေပါသည်။ အချိန်သည် ကုစားပေးလိုက်သလို အစစ အရာရာ ပုံမှန်ဖြစ်သွားသည်။ ရာသီစက်ကွင်း တစ်ပတ်လည်လည်နေသလို ထိုနေ့သည်လည်း နှစ်စဉ် တစ်ပတ်ပြန်လည်လာပါသည်။ ကျွန်မက ထိုနေ့ကို ကလေးတွေ တွေးသလို ကျောင်းပိတ်ရက်ဟု မှတ်မိနေမိသလို ကျွန်မတို့၏ သူရဲကောင်း များ ဆုံးရှုံးရလို့ တစ်တိုင်းပြည်လုံး မျက်ရည်ကျကာ ကြေကွဲခဲ့ရသော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ အချိန်သည် မျက်ရည်စ များကို သစ်တုံးလို ခြောက်သွေ့သွားအောင် လုပ်နိုင်သလို ကျွန်မတို့၏နှလုံးသားများကိုလည်း ရေခဲလို အေးစက်သွားအောင် ဖန်တီးလိုက်နိုင်ပါသည်။ သို့သော် ညှာတာမှုမရှိစွာ ရွာသွန်းနေသော မိုးနှင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းကို အခုသည် ဆောင်းပါးကို ရေးနေသော အခိုက်မှာ ပြတင်းပေါက်ကနေ လှမ်းမြင်နေရပါသည်။ ထိုနေ့ထိုရက်က ကျခဲ့သော မျက်ရည်များကို စိတ်ကူးနှင့်သာ ပုံဖော်နိုင်သော်လည်း ၁၉၄၇ ဇူလိုင်လ ၁၉ ရက် နေ့တုန်းက ရွာခဲ့သော မိုးကိုတော့ အခုလက်တွေ့ခံစားနေရပါသည်။
(အမှတ် ၂၄၇၊ အတွေးအမြင်)
No comments:
Post a Comment