ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ
ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ ဂျူနီယာဝင်း
အမှတ် ၂၃၉၊ အတွေးအမြင်)
စာရေးဆရာကြီး သောမတ်ဟောဒီ (Thomas Hardy) (၁၈၄ဝ-၁၉၂၈) ရေးသားသော ဝတ္ထုကြီးများကို ယနေ့ခေတ်မီသော စာဖတ် သူများက နှစ်သက်နေကြဆဲဖြစ်နေခြင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံက ကျေးလက်ဘဝများကို မြင်တွေ့ကြရသောကြောင့် ဖြစ်သည်။ ခေတ်မီသော ကမ္ဘာဆီသို့ ခြေလှမ်းလှမ်းနေကြသော အဖြစ်အပျက်များစွာထဲက မီးရထားသံလမ်းများ ခေတ်ပြောင်းတော်လှန်ရေး သည် တစ်ခုအပါအဝင်ဖြစ်ကာ Hardyသည် ယင်းအဖြစ်ကို တွေ့မြင်ကာ ပျောက်ကွယ်သွားနိုင်တော့မယ့် ကျေးလက်ဘဝကို ပုံဖော်ခဲ့လေ သလားဟု စဉ်းစားစရာဖြစ်ပါသည်။
ထိုမီးရထားသံလမ်း စီမံကိန်းများသည် တောနေလူတန်းစားများ၏ တောရွာသဘာဝများကြား မတူညီမှုများအဖြစ် တဖြည်းဖြည်း တိုက် စားခဲ့ပါလေသည်။ Hardy သည် သူ၏ စိတ်ကူးထဲက Wessex ဟူသော ဒေသတစ်ခုကို ဖန်တီးကာ ဇာတ်ရုပ်များ၊ ဇာတ်ကောင်များ၊ အဖြစ်အပျက်များကို ရေးဖွဲ့ခဲ့လေသည်။ ထို Wessexဒေသတွင် တစ်ချိန်ကရှိခဲ့ဖူးသည့် အဖြစ်မှန်များ၊ တောရွာဒေသများ၏ အမှန်တရားများ၊ ယဉ်ကျေးမှုများသည် တစ်နေ့မှာဖြင့် ပျောက်ကွယ်တော့မည့် အန္တရာယ်ကို သိမြင်မိကာ သူ၏ ဝတ္ထုကြီးထဲမှာ ထိုအဖြစ်များကို ဖော်ထုတ်ရေး သားခဲ့လေသည်။
၁၉၁၂ ခုနှစ်ထုတ်သော သူ၏ ဝတ္ထုများ စိစစ်ရေးသားမှုများတွင် Hardy က နိဒါန်းတွင် ယခုလို ရေးသားခဲ့သည်။
''အဲသည် Wessex(ဝက်စ်ဆက်စ်) ဒေသမှာ အထွေထွေသော ဒဏ္ဍာရီအဖြစ်မှန်များက ထိုရက်စွဲများအတိုင်း ဖြစ်ပျက်ခဲ့လေရဲ့။ လူအမိုျးမိုျးဟာ ဒီလိုပဲ နေထိုင်ခဲ့ကြတယ်။ ဒီလို အလုပ်တွေကို လုပ်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုတွေနဲ့ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ဒါတွေကို အခုစာမျက်နှာများမှာ တွေ့ရတဲ့အတိုင်း ပုံဖော်ထားတယ်။ ကျွန်တော်... ကျွန်တော်ကတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အဲဒီဘဝတွေ ကို မှန်ကန်တဲ့အတိုင်း ကျေနပ်စွာ ရှုမြင်ရင်း ကျွန်တော့်ကို ပုံကြီးချဲ့ကာ ရေးသားခဲ့တယ်လို့ပဲ ပြောပြော... ကျွန်တော်ကတော့ ကျွန်တော့် အတွက် စိတ်ကျေနပ်မှုများ ရရှိစေခဲ့တယ် ဆိုပါတော့ဗျာ''
Hardy မွေးဖွားခဲ့သော ၁၈၄ဝ ခုနှစ်တွင် သူ့မွေးရပ် Dorsey နှင့် Dorchester မှာ ရထားသံလမ်းစီမံကိန်းဆိုတာ မရှိသေးချေ။ ၁၉ ရာစု ခေတ်မီသော စက်မှုခေတ်ကို အစပိုျးဖို့အတွက် အလုပ်သမားလူတန်းစားများ၏ ဘဝများ အလွယ်တကူ ပျောက်ကွယ်သွားရသည့် အဖြစ် များကို Hardyက Tess f the d’Urbervillesတွင် ယခုလို ရေးသားခဲ့သည်။
''အဲဒီ နှလုံးသားမရှိတဲ့ စက်ကိရိယာတွေက... လူသားတွေရဲ့ ြွကက်သားတွေ၊ အာရုံကြောတွေရဲ့ ခံနိုင်ရည်ရှိမှုများ အပေါ်မှာ နင်းခြေ ဖျက်ဆီးလိုက်လေရဲ့''
Hardy ၏ တခို့ျသော သူ သရုပ်ဖော်ထားသည့် ထင်ရှားသည့် မြင်ကွင်းများတွင် နှစ်စဉ်ကျင်းပသော ပွဲတော်များ၊ ကောက်ရိတ်သိမ်း ပွဲများနှင့် မင်္ဂလာဆောင်များ ဖြစ်လေသည်။ Hardy ၏ Far from the madding crowd ဝတ္ထုကြီးတွင် ကောက်ရိတ်သိမ်း ညစာစားပွဲ နှင့် အကများ ကျင်းပနေစဉ်မှာ ကြမ်းတမ်းသော မုန်တိုင်းက ရုတ်တရက်ဝင်ရောက်လာမှုကြောင့် အဓိကဇာတ်ကောင် Gabriel Oak (ဂါဘရီရယ် အုတ်ခ်)က သူချစ်နေသော Bathsheba(ဘာရှဘာ) ၏ ကောက်ပဲသီးနှံများ မပျက်စီးအောင် တစ်ဦးတည်း ကယ်တင်ရပုံကို ပုံဖော်ရေးဖွဲ့ထားခဲ့သည်။ Hardyသည် ထိုပွဲတော်အလှနှင့် မုန်တိုင်း၏ ခက်ထန်မှုကို ဒွန်တွဲရေးဖွဲ့ထားသည်မှာ ထူးခြားသော သူ၏ အရေး အသားများ ဖြစ်ပါသည်။ ထို့ပြင် Tess of the d’Urbervilles ဝတ္ထုတွင် ဇာတ်ကောင်မင်းသမီးTess က မေဒေးပွဲတော်အကကို ဝင်ဆင်နွှဲပုံ၊ အဖြူရောင်ရုးရာဝတ်စုံနှင့် သူ့ညာဘက်လက်မှာ သေးသွယ်ရှည်လျားသည့် မိုးမခ ပန်းစည်းလေးကိုင်ထားကာ၊ ဘယ်ဘက်လက် မှာ အဖြူရောင်ပန်းလေးများ ကိုင်ထားပုံများကို သရုပ်ဖော်ရေးသားမှုသည် Hardy လွမ်းလောက်ဖွယ်ကောင်းလှသော ရှေးရိုးရာယဉ်ကျေးမှု အလှ ဖြစ်ပေတော့သည်။
Hardy ကြီးပြင်းခဲ့ရာ Dorsey မှာ နေထိုင်ကြသော အလုပ်သမားများအတွက် ထူးခြားသော တစ်နှစ်တစ်ခါ ကျင်းပသည့် ပွဲတော်ကား Dirsetအရပ်နှင့် မဝေးကွာသော Dorchester မြို့တော်က ဖေဖော်ဝါရီ ၁၄ ရက်ပွဲ ဖြစ်ပါသည်။ ထိုနေ့ပွဲတော်ကို အလုပ်သမားများက မပျက်မကွက် လာရောက်ကြကာ ရှေ့နှစ်များအတွက် အလုပ်လည်း လာရှာကြရလေသည်။ ယောကျာ်း၊ မိန်းမ အလုပ်သမားများက တန်းစီကာ မတ်တတ်ရပ်လျက်ရှိကြကာ အလုပ်ရှင်များက ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရွေးချယ်ငှားရမ်းကြလေသည်။ အဲသည်လို မြင်ကွင်းကို Hardyသည် Far from the Madding Crowd ဝတ္ထုကြီးတွင် ထိုအလုပ်သမားတို့ ဝတ်ဆင်ထားသည့် ထူးခြားသည့် ဝတ်စုံနှင့် သူတို့ ကျွမ်းကျင်သည့် အလုပ်ကို ပုံဖော်ထားပုံကို ယခုလို ရေးသားခဲ့သည်။
''လက်သမားတွေက ကောက်ရိုးနဲ့ ရက်ထားတဲ့ ခြုံထည်ကို ဝတ်ဆင်ထားတယ်။ သိုးကျောင်းသမားတွေက သူတို့လက်ထဲမှာ သိုးကျောင်းတံကို ကိုင်လို့...''
ဤကား Hardy ၏ သူချစ်ခင်သော ကျေးလက်ရိုးရာ ယဉ်ကျေးမှုများ၊ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ယခုတိုင် စာဖတ်သူများ လွမ်းစရာဖြစ်ရသည်များကို သူနှင့်ထပ်တူထပ်မျှ စာဖတ်သူများလည်း ခံစားဖို့ ရေးသားချက်များ ဖြစ်ပါသည်။ ယခုအခါ အင်္ဂလန်နိုင်ငံသည် တိုးတက်ခေတ်မီသော တိုင်းပြည်တစ်ခုအဖြစ် ရှိနေသည်ကို တွေ့မြင်ရပါသည်။ သို့သော် ခေတ်မီသော ခေတ်တစ်ခုမှာ ပျောက်ကွယ်သွားသည့် ကျေးလက်ယဉ်ကျေးမှုများ ပြန်မရနိုင်တော့သည်မှာ ပို၍ လွမ်းစရာဖြစ်ရပါလေသည်။ ဒီလိုခေတ်မီလှသည့် တိုင်းပြည်မှာ ဒီလိုကျေးလက် ယဉ်ကျေးမှုများ ရှိခဲ့ဖူးသည်ဆိုသည့် အချက်ကလည်း အံ့သြစရာ ဖြစ်နေပါတော့သည်။
(အမှတ် ၂၃၉၊ အတွေးအမြင်)
No comments:
Post a Comment