(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၅
ငယ်ငယ်တုုန်းကတော့ ဗုုိ်လ်ချူပ်အောင်ဆန်းကုုိ လွတ်လပ်ရေးဖခင်ကြီးဟုု သိခဲ့ ကျက်ခဲ့ မှတ်ခဲ့ တေးသီချင်းများအော်ဆုုိခဲ့။ ဗုုိလ်ချူပ်ပုုံပါသော ပုုိက်ဆံပြားအကြွေများ ငွေစက္ကူများကုုိ နေ့စဉ်လုုိလုုိ တွေ့ခဲ့သုုံးခဲ့ဖြုုန်းခဲ့စုုခဲ့။ တခါတခါ ဗုုိလ်ချူပ်ပုုံပါတဲ့ ကျပ်တန်လေးကုုိ ခေါက်ပုုံခေါက်နည်းနဲ့ ဗိုုလ်ချူပ်နဲ့ ဦးထုုတ်လေး ပေါ်အောင်လုုပ်တတ်ဖိုု့ သင်ခဲ့ဖူးပါရဲ့။ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကလေးများနေ့မှာ မိဘများခေါ်ရာ လုုိက်ပါရင်း ကုုိယ်တုုိ့တွေအတွက် ကစားကွင်းထဲ အလကားဝင်ခွင့် ရခဲ့ဖူးတာ ပျော်ခဲ့ရတာ မှတ်မိသည်။ အဲဒါဗုုိလ်ချူပ်အောင်ဆန်းကြောင့် ရခဲ့ဖူးတဲ့ အခွင့်အရေး။
ကျွန်မတုုိ့ လွတ်လပ်ရေးဖခင်ကြီး ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့် သူရဲကောင်းကြီး လုုိ့စဉ်းစားလုုိက်ရင် မြန်မာပြည်လွတ်လပ်ရေး ရအောင်အသက်ပေးသွားသူ ဗုုိလ်ချူပ်၊ ကျွန်မတုုိ့ ယခုုလုုိ အေးအေးချမ်းချမ်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် အပူပင်ကင်းမဲ့ အစုုိးရိမ်ကြောင့်ကျမဲ့ ကြောက်ရွ့ံခြင်းကင်းမဲ့ နေခဲ့ထုုိင်ခဲ့ရတာ ဗုုိလ်ချူပ်ကြောင့်လုုိ့ သတိတရ ဖြစ်မိခဲ့ရတာပေါ့။ ကျောင်းမှာလဲ ဆရာဆရာမများက နင်တုုိ့တတွေ အခုုလုုိ အေးအေးချမ်းချမ်းစာသင်ရတာ ဘယ်သူ့ကြောင့်လဲ၊ ပညာတတ်တွေဖြစ်အောင်လုုပ် စသဖြင့် ကြားဖူးနာဖူး မှတ်သားဖူးခဲ့သကုုိး။ သည်တော့ ဗုုိလ်ချူပ်ကုုိ ကျေးဇူးရှင်အဖြစ် အမြဲလုုိလုုိ အမှတ်ရ ကျေးဇူးတင် သည်လုုိနဲ့ အချိန်တွေ နဲ့အတူ ကျော်ဖြတ်ခရီးဆက်ခဲ့ရ။
တဖြေးဖြေး ကျွနုု်မတုုိ့ အဘုုိးအဘွားများစကား နားလည်တဲ့အရွယ်ရောက် လာတော့ အင်း… တယ်ဟုုတ်ပါလားပေါ့လေ။ အဘုုးိဖြစ်သူ ဘဘကြီး ဦးခင်မောင်လတ်က ဗုုိလ်ချူပ် ပီအေ လုုပ်ခဲ့ဘူးသတဲ့။ ဗုုိလ်ချူပ်နဲ့ စကားပြောဖူး ရင်းနှီးခဲ့ဖူးတယ် ဆိုုတဲ့စကားကြားတော့ စိတ်ထဲပီတိဖြစ်ခဲ့ရဖူးတယ်။ တန်ဖုုိးထားတဲ့သူတစ်ယောက်က ကိုုယ့်အဘုုိးနဲ့ ရင်းနှီးတယ်ဆုုိတာ ဂုုဏ်ယူစရာပေါ့။ သုုိ့သော်လည်း အဘုုိးဖြစ်သူက ပြောပြတဲ့ ဗုုိလ်ချူပ်အကြောင်းများ ပြန်ပြောဖုုိ့ ခပ်ခက်ခက်ပဲ။ ဘဘကြီးကလည်း လူကြီးသူမဆုုိ အင်မတန်ရုုိသေ ကုုိင်းရှိူင်းသူဖြစ်လေတော့ အစည်းအဝေးကိစ္စများ နဲ့ကြုံရတုုိင်း ဗိုုလ်ချူပ်နဲ့ မကြာခန ဆုုိသလုုိ စကားများ ရန်ဖြစ် အော်ဟစ်ဆဲဆိုု၊ သဘောထားခြင်းမတုုိက်ဆုုိင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြ ဒီအသံတွေကုုိ အောက်ထပ်မှာ ဆော့ကစားနေကြတဲ့ ကျွန်မဖေဖေနဲ့ ဒေါ်အောင်ဆန်စုုကြည်တုုိ့က ကလေးတွေပီပီ ကြားခဲ့ဖူး ကြသပေါ့။ သိပ်မကြာပါဖူး အခန်းထဲက ဗုုိလ်ချူပ်နဲ့ ကျွန်မအဘုုိးတုုိ့ နှစ်ယောက် တစ်ယောက်ကုုိ တစ်ယောက် လည်ပင်းဖက်ပြီး ရယ်မော ထွက်လာကြတာတွေ့တော့ အံ့သြစရာပေါ့။ ခုုနက အော်ဟစ်ရန်ဖြစ်နေကြတာ သူတုုိ့မဟုုတ်တဲ့အတုုိင်း။ ဒါမျိူး တခါလည်းမဟုုတ် နှစ်ခါလည်းမဟုုတ်၊ ဒီလုုိ နဲ့ တခါတော့ ဘဘကြီးက ဗုုိလ်ချူပ်နဲ့ စိတ်ဆုုိးရန်ဖြစ်ပြီး ပီအေအဖြစ်က ထွက်မယ်ဘာမယ်ဖြစ် ထွက်သွား၊ တရက်နှစ်ရက်နေတော့ ဗုုိလ်ချူပ်က မေမေကြီးကုုိ “ကုုိခင်မောင်လတ် စိတ်ဆုုိးမပြေသေးဘူးလား။ ဘယ်တော့ပြန်လာမလဲ“ မေးတယ်။ အဲဒီ စကားသံလေးကိုု ကျွန်မစိတ်ထဲ ဗုုိလ်ချူပ်ပြောတဲ့လေသံ နဲ့နားထောင်မိတယ်။ လွမ်းစရာ ကောင်းပါတယ်။ အဲဒါ ဘဘကြီးဆီကနဲ့ ကျွန်မဖေဖေ့ဆီ ကကြားကြားနေခဲ့ရတဲ့ အကြောင်းတွေပါ။
မေမေကြီးဒေါ်ခင်မျိူးချစ်ဆီကတော့ သိပ်ကြားလေ့ကြားထမရှိလှပါဘူး။ မေမေကြီးက ဗိုုလ်ချူပ်ကတော် ဒေါ်ခင်ကြည်နဲ့ အရင်းနှီးဆုုံးသူငယ်ချင်းပါ။ ဒါကုုိကျွန်မက ဘာကြောင့်သိခဲ့သလဲဆုုိတော့ ဒေါ်ခင်ကြည်က မေမေကြီးနဲ့ ဖုုန်းဆက်ပြီး ချိမ်းဆုုိကြရင် ကျွန်မက ဒုုိင်ခံ မေမေကြီးနဲ့ဒေါ်ခင်ကြည့်ဆီ အဖော်လုုိက်လုုိက်ပေးခဲ့ရဖူးတယ်။ အဲဒီသွားရင် ဗမာဆန်ဆန်ဝတ်ရစားရတယ်။ ထမီဝတ်ရတယ်။ ကျွန်မက အဲဒါတွေ မဝတ်ချင်ဘူး။ အဘွားကြီး၂ယောက် စကားပြောကြတာ ထုုိင်စောင့်ရတာ ပျင်းစရာ။
ပုုိဆုုိးတာက ဒေါ်ခင်ကြည်က ကျွန်မကုုိ တွေ့တုုိင်း အမြဲမေးတဲ့ မေးခွန်းတွေ – “ဘယ်နှစ်တန်းရောက်ပီလဲ“ “အတန်းထဲမှာ အဆင့် ဘယ်လောက်ရသလဲ“ “သချာင်္ဘယ်နှစ်မှတ်ရလဲ“ – သည်လောက်ဆုုိ ကျွန်မအကြောင်းသိတဲ့ စာဖတ်သူများ ကျွန်မဘယ်လောက်စိတ်ဆင်းရဲရသလဲ သဘောပေါက်လိမ့်မယ်။ သချာင်္လဲကျ အတန်းထဲမှာ အဆင့်ကလည်း ဟုုိးနောက်ဆုုံးနားမှာ …
သူ့မေးခွန်းတွေ ဖြေပြီးသွားရင်၊ ကျွေးတဲ့မုုန့်စား ကော်ဖီသောက်ပြီးတော့ ကျွန်မကုုိ လွတ်လွတ်လပ်လပ် ဆော့ခုုိင်းတယ်၊ အိမ်ထဲ သွားချင်တဲ့နေရာသွားပေါ့။ မေမေကြီးက အိမ်ထဲပစ္စည်းတွေ ဟုုိဟာမကုုိင်နဲ့သည်ဟာမကုုိင်နဲ့ အမြဲတန်း သတိပေးတယ်။ ကျွန်မက ခြံထဲဆင်းဖုုိ့လုုပ်ရင် ဒေါ်ခင်ကြည်က ရေနားမသွားနဲ့ လုုိ့တချိန်လုုံး ပြောတတ်တယ်။ စိတ်မချပဲခနခန ထွက်ကြည့်တယ်။
ကျွန်မမေမေရဲ့ အမေ ကျွှန်မတိုု့ရဲ့ အဘွား ဒေါ်ချစ်တင် ကွယ်လွန်စဉ်တုုန်းက ဒေါ်ခင်ကြည်က မေမေ့ကုုိ နှစ်သိမ့် ပေးတဲ့အနေနဲ့ အာဖရီကန်ရုုိ့စ် အပင် လက်ဆောင်ပေး ခဲ့ဖူးတယ်။ သူဂျာမဏီသွားတုုန်းက ပါလာတာလုုိ့ ဆုုိပါတယ်။ အိမ်မှာ ရှိနေဆဲ သည်အပင်တွေက သူ့ရဲ့ အမှတ်တရတွေ ပေါ့။ ၁၉၈၈ လောက်မှာ ဒေါ်ခင်ကြည် နေမကောင်းဖြစ်တယ် ကြားပြီးနောက်တော့ ဆုုံးတော့မှပဲ ရောက်ခဲ့တော့တယ်။ ဝဝဖြိုးဖြိုး နဲ့ခန့်ခန့်ထည်ထည် တွေ့ခဲ့ဖူးတဲ့ သူကုုိ နောက်ဆုုံးတွေ့ခဲ့ရတုုန်းက မေမေကြီးလဲ စိတ်ထိခုုိက်ခဲ့ရသလုုိ ကျွန်မလဲ မျက်ရည်ဝဲခဲ့ရပါတယ်။
နောက်ပိုုင်းတော့ မေမေကြီးရေးခဲ့တဲ့ Quest For Peace ထဲက မေမေကြီးတိုု့ လျောက်ခဲ့တဲ့ စစ်တွင်းကာလ အဖြစ်တွေ နုုိင်ငံရေးသမားတွေနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးတဲ့ အကြောင်းတွေ ဘာသာပြန်တော့ ဗိုုလ်ချူပ်အောင်ဆန်း အကြောင်းလေးတွေ ဟုုိတစ သည်တစ သိလာရပြန်တယ်။ စစ်အတွင်းကာလ၊ စစ်ပြီးကာလ စစ်ဗျူဟာ စစ်နည်းပရိယယ်တွေ များလှတယ်။ ဟုုိးရှေးရှေးက နုုိင်ငံရေးလှည့်ကွက်တွေ စစ်ဗျူဟာတွေဟာ သူ့နည်းသူ့ဟန်နဲ့ လက်ဆင့်ကမ်း နေကြတယ်လိုု့ မြင်မိတယ်။
မေမေကြီး ဒေါ်ခင်မျိူးချစ် ပြောခဲ့သလုုိဆုုိရရင် “ အသက်ငယ်ငယ် သွေးပူသွေးဆူတဲ့အရွယ်မှာ (မေမေကြီးက သူ့ကုုိယ်သူ ပြောတာပါ။) သူ တုုိင်းပြည်အတွက်လုုိ့ ကြွေးကျော်ပြီး လုုပ်ခဲ့့သမျှအတွက် နောင်တစကားပဲ ဆုုိချင်ပါတယ် …” လုုိ့ဆုုိသလုုိ။ မေမေကြီးတုုိ့နဲ့ ဗိုုလ်ချူပ် အခုုတော့ မိုုးကောင်းကင်မှာ ပြန်တွေ့ကြရင် မေမေကြီး သည်စကား ဗုုိလ်ချူပ်ကုုိ ပြောဖုုိ့မေ့နေဦးမယ်။
ဗုုိ်လ်ချူပ်ပုုံနဲ့ ကျပ်တန်ခေါက်နည်းလေးလည်း အချိန်ဇာတ်ဆရာအလုုိကျ မေ့သွားခဲ့ပြီမုုိ့ … ဗုုိ်လ်ချူပ်နှစ်တစ်ရာပြည့်မှာ အလွမ်းစကားမဆုုိနုုိင်၊ လွမ်းတေးသီမဖွဲ့နုုိင်ပဲ နာကျင်တဲ့နှလုုံးသားနဲ့ ဗုုိလ်ချူပ်ရာပြည့် အချိန်မှီ စာတစ်ပုုဒ်ခပ်သွက်သွက် ကောက်ရေးလုုိက်မိတာကုုိ ခွင့်လွှတ်ပေးပါလုုိ့့ပဲ စကားပါးပါရစေတော့။

No comments:
Post a Comment