Monday, February 1, 2021

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 23

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 23

(အတွေးအမြင် မဂ္ဂဇင်း ဇန်နဝါရီလထုတ်၊ ၂၀၂၁)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၁

Claude Elwood Shannon

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လကအဆက်ပါ။ သတင်းအချက်အလက်များကို သင်္ကေတ များအဖြင့် အသက်သွင်းရာမှာ ဇီးရိုးနဲ့ ဝမ်းတွေနဲ့ပဲ အဓိပ္ပယ်တွေ ဖော်ကြတဲ့နေရာ ရောက်ပါပီ။ သည်တော့ ဒွိဟဖြစ်စရာတွေ တွေ့လာရတယ်။ yes နဲ့ no ဆိုတာပဲ ဆိုရင် ပြသနာတွေဖြစ်လာမယ်။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။

Claude Shannon (ရှနွန်) ရဲ့ ၁၉၄၈ ခုနှစ် စာတမ်းမှာ အဲသည်လို သတင်းအချက်အလက်နဲ့ အဓိပ္ပယ်ဆိုတာကို ကွဲပြားမူနဲ့ပတ်သက်ပီး ထောက်ပြထားပါတယ်။ သူက သတင်းအချက်အလက်ရဲ့ အဓိပ္ပယ်ကို ရှင်းပြဖို့ ၊ ဘယ်သူနဲ့ဆိုင်တယ် ဘာကိုပြောတယ်ဆိုတာကို ရှင်းလင်းဖို့ ပါရမယ်။ လူ့ဦီးနှောက်က ဘယ်လို စဉ်းစားပီး ပို့တာလဲ ... တဲ့။ အင်ဂျင်နီယာရဲ့အလုပ်က ဟောသည် message (မက်ဆေ့) ကို ပို့ပေးရုံတင်မကဘူး အဲဒါ ဘာဆိုလိုတာလဲဆိုတာကိုပါ ရှင်းရဦးမတဲ့။ အဲသည် လုပ်ငန်းစဉ်အတွက် digital (ဒစ်ဂျစ်တယ်) (ကိန်းဂဏာန်းများဖြင့် ဖော်ပြမူ) ဆိုင်ရာ သတင်းအချက်အလက်တွေကို သချာင်္နည်းနဲ့ ဖော်ပြဖို့ မေးခွန်းတွေ တည်ဆောက်ရမယ်။ ဥပမာ - ဆက်သွယ်ရေးကွန်ရက်တစ်ခုမှာ ဘယ်လောက် အခြေခံကျတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လောက်ပမာဏ ပေးနိုင်သလဲ။ လိုင်းတစ်လိုင်းမှာ အသံလှိူင်း ဘယ်လောက် သယ်ယူနိုင်သလဲ။ လက်ရှိအသံမှာ ဘာသတင်းအချက်အလက်ကို ပေးပို့နေတာလဲ ဆိုတာကို ဘယ်လောက် ကောင်းကောင်းနဲ့ တိတိကျကျ ပေးနိုင်မလဲ။

ဒီအဖြေတွေကို ရှနွန်အနေနဲ့တော့ ၁၉၄၂ သို့မဟုတ် ၁၉၄၃ ခုနှစ် အစောပိုင်းကာလတွေလောက်ကျမှ ပုံစံချ နိုင်ခဲ့တယ်ဆိုရမှာပါ။ ဥပမာဆိုပါတော့ ခင်ဗျားက ကြေးနန်းကနေပီး မွေးနေ့ ဆုတောင်း တစ်ခုကို ပို့ဖို့ ကြိုးစားတယ် ဆိုပါစို့။ ဒါမှမဟုတ် တယ်လီဖုန်းဝါယာကြိုးကနေ တဆင့်ပြောမယ် ဆိုပါတော့။ တစက္ကန့်အတွင်းမှာ ကြိုးမဲ့စနစ်နဲ့ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေကို ပေးမှာဗျ။ ပို့ပေးမှာ။ binary (ဘိုင်နရီ ) စနစ်နဲ့ ဆိုပါတော့။ စာလုံးတွေကို ဘိုင်နရီပြောင်းပီး ပို့ပေးမယ်။ (ဘိုင်နရီစနစ် ဆိုတာ ဇီးရိုးနဲ့ ဝမ်းပဲပါတဲ့စနစ်) ဒါပေမယ့်လို့ ရှနွန်လည်း သဘောပေါက်ပါတယ်.. ဒါက တစက္ကန့်ကို ဘိုင်နရီစနစ်နဲ့ စာလုံးတွေကိုပြောင်းတာရယ် ပို့ပေးတာရယ် အလုပ်နှစ်ခုကို တပြိုင်နက်ထဲ လုပ်ရမယ်ဆိုတာ။

အဲသည်အတွက် အမြန်နှူန်းကို စဉ်းစားရတယ်။ ဒီတော့ မက်ဆေ့က သွားနေတယ် လမ်းမှာ အလျင်နှူန်းတစ်ခုနဲ့ တခြားသော မက်ဆေ့တွေလည်း ပါလာဦးမယ် ဘယ်လောက်ကြီးပဲ တော်တယ်ဆိုပါစေ သတ်မှတ်ချက်တစ်ခုတော့ ရှိနေဦးမယ်။ ဥပမာအမြန်နှူန်း။ မက်ဆေ့တွေ အကုန်ပါဖို့ အာမခံချက်။ မက်ဆေ့တွေ အကုန်ရောက်သွားဖို့အမြန်နှူန်း။ ရှနွန်ကတော့ အမြန်နှူန်း တစ်ခုအတွင်းမှာ သူ့ဟာနဲ့သူတော့ မက်ဆေ့တွေက ဝင်သွားရမယ်။ မှန်မှန်ကန်ကန်။ ဟုတ်တယ် အချက်ပြနှူန်းကတော့ နှေးမယ် ကောင်းကောင်း မကြားရတာ ဖြစ်မယ် ။ အဲသည်မှာ ဝမ်း 1 တွေကလည်း အများကြီး၊ ဇီးရိုး 0 တွေကလည်း အများကြီး။ တတွဲတတွဲဆီကလည်း သူ့အဓိပ္ပယ်နဲ့သူ သွားနေမယ်။ အဲသည်မှာ အမှားတွေ ပြင်ပေးနေမယ့် code (ကုတ်) (သတင်းအချက်အလက်တွေကို တိုတိုနဲ့ လိုရင်းဖြစ်အောင် သို့မဟုတ် လျိူ့ဝှက်စွာဖြင့် တိုတိုတုတ်တုတ် ရေးသားပေးခြင်း) တွေကလည်း ရှိနေမယ်။ သည်တော့ မက်ဆေ့တစ်ခုက ကာယကံရှင်ဆီရောက်ချိန်မှာ အဲသည်အတိုင်း အတိအကျဖြစ်ဖို့ ဆိုရင် တဖက်ကို ရောက်ချိန်မှာ ပြန်ပီး ပြင်ဆင်ပေးတဲ့ ကုတ်တွေကလည်း ရှိနေဦးမယ်။ သည်တော့ အဲသည်လို အကြာကြီး အဆက်အသွယ်လုပ်နေရတာကို စိတ်ပျက်ပီး လက်လျော့ချင်လာမယ်။ ဒီလိုနဲ့ အပြစ်တွေရှာရင်း အမှားကင်သတထက်ကင်းအောင် လုပ်နေရာက တကယ်ပဲ ကိုယ်လိုတာရပီလားလို့ မေးခွန်းထုတ်မယ်။ 

fundamental theorem (အခြေခံကျသော သီအိုရမ်) ဆိုတာ သတင်းအချက်အလက်များအပေါ်မှာ အခြေခံသောသီအိုရမ်။ အဲဒါကို ရှနွန်က ခေါ်လိုက်တာ။ သူ့ဘာသာတောင် အံ့သြမိပါသတဲ့။ ဘာလို့ဆို အဲဒါကိုက သိနေပီးသားအရာတစ်ခုကို ကင်ပွန်းတပ်လိုက်မိသလို ဖြစ်သွားလို့ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကတည်းက ဒါကို အုတ်မြစ်ချခဲ့ကြတာ လို့ဆိုတယ်။ ဒါပေမယ့် အခုမှ ကင်ပွန်းတပ်လိုက်မိကြတာ။ ရှနွန်က သူ့သီအိုရမ်ကို အခုလို ဥပမာ ချပြတယ်။ ရှင်းပြတယ် ဆိုပါစို့။ အကယ်၍တဲ့။ ကျွန်တော်တို့က စီဒီအချပ်ပြားတွေကို လက်နဲ့တောက်လိုက်တဲ့အခါ စီဒီမှာ ဖြစ်သွားတဲ့ ခြစ်ရာတွေ၊ လက်ဗွေရာတွေကြောင့် အသံတွေထစ်နေတာ အသံမကောင်းတာမျိူးတွေ မဖြစ်စေရဘူးလို့ ရှနွန်က အာမခံချက်ပေးလိုက်ပါတယ်။ အဲဒီလို အခြေနေမျိူးမှာ သူ့ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အခြေခံကျသော သီအိုရမ်အရ အမှားတွေကို ပြင်ပေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ပေးမှာဖြစ်ပါတယ်တဲ့။ ဘာလို့ဆို တစက္ကန့်ကို အလျင်နှူန်း ထောင်သောင်းချီပီး လွှင့်ပေးနေမှာဖြစ်တာကြောင့် အမှားတို့ အပြစ်တစ်စုံတရာတို့ဆိုတာ မရှိသလောက် နည်းပါးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်ဟာ ဒစ်ဂျစ်တယ်ကမ္ဘာ ဒစ်ဂျစ်တယ် စကားလုံးကို အများသိအောင် စတင်မိတ်ဆက်ပေးလိုက်တာပါပဲ။

အားလုံးခြုံပီး ပြောရရင် ရှနွန်က တလျောက်လုံးမှာ သိပ်ကို ငြိမ်သက်နေတယ် ဆိုပါတော့။ ထင်ရတယ်လို့ ဆိုပါတော့။ သူ့အနီးကပ်မိတ်ဆွေ အပေါင်းအသင်းတွေက ပြောတာတော့ သူ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ၁၉၄၈ ခုနှစ်ကျမှ သိခွင့်ရခဲ့တာပါတဲ့။ ရှနွန်ကိုယ်တိုင်ကလည်း ရှက်တတ်တယ် သိုသိပ်တယ် သူများကို စကားတွေ သိပ်များများ မပြောတတ်တာလဲ ပါတာပေါ့။

၁၉၄၃ခုနှစ် ဇန်နဝါရီလနဲ့ မတ်လ ကြားမှာ သူကAlan Turing ( အယ်လန်ကျူးရင်း) နဲ့ မိတ်ဖြစ်ဆွေဖြစ် ခနတာ (ခပ်တိုတိုလို့ သူက ရေးသားထားပါတယ်) ရင်းနှီးခဲ့ဘူးတယ်။ ကျူးရင်းက Bell Lab ဘဲလ် ဓတ်ခွဲခန်းကို အင်္ဂလိပ်အစိုးရအတွက် X- system (အိတ်စ် စနစ်) နဲ့ပတ်သက်လို့ ရီပို့တစ်ခု လုပ်ဖို့ လာတုန်းကလို့ ဆိုပါတယ်။ သူတို့က ကျူးရင်းရဲ့ အင်္ဂလန်စစ်အတွေ့အကြုံအကြောင်း မပြောကြပါဘူး။ ကျူးရင်းက အဲဒီတုန်းက Bletchley Park (ဘလက်လချ်လေပါ့ခ်) ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ နံမယ်ကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ၁၉၄၃ခုနှစ်မှာ ဒီအဖွဲ့အစည်းက သိပ်ကို သိုသိုသိပ်သိပ် နေခဲ့ကြတယ်။ ဒါပေမယ့် ဂျာမန်တွေက ကျူးရင်းနဲ့အပေါင်းအပါများဟာ Welmatcht’s Enigma (ဝဲလ်မက်ချ်၏ အက်ခ်မာ) (စစ်အတွင်းမှာ သတင်းတွေ အချက်အလက်တွေကို ကုတ်တွေ သို့မဟုတ် သချာင်္ပုံသေနည်းတွေ နဲ့ လူတိုင်းအလွယ်တကူ ဖတ်လို့မရအောင် ဂျာမန်တွေက  ဝဲလ်မက်ချ် စက်ကြီးနဲ့ရေးသားထားခြင်း) ရေးသားထားတာတွေ ၊ သတင်းတွေကို ဖောက်ဖတ်နိုင်တယ်ဆိုတာ သိသွားတယ်။ ဒီလောက်ထိ ကြီးကျယ်တဲ့ အလုပ်တွေနဲ့ နံမယ်ကြီးတဲ့ ကျူးရင်းကို ရှနွန်နဲ့တွေ့ကြတော့ အဲသည်ကိစ္စ တွေကို ဘာမှ ထည့်မပြောကြဘူး။ သူတို့ လက်ဖက်ရည်ဆိုင်လေးမှာ တွေ့ခဲ့ကြတာပါ။ သူတို့၂ယောက်က အတွက်အချက်နည်းပညာနဲ့ သတင်းအချက်အလက်တွေဆိုင်ရာ တွေကိုပဲ ဆွေးနွေးပြောခဲ့ကြပါတယ်။

ကျူရင်းအကြောင်း အထုပ္ပတ္တိ ရေးသားသူ Andrew Hodges (အင်ဒရုး ဟော့ဒ်) က အခုလို ထောက်ပြပါတယ်။ ကျူရင်းအလုပ်နဲ့ ရှနွန်အလုပ်က မျဉ်းပြိုင်နှစ်ခုလို ဖြစ်နေတာတဲ့။ ဒါတင်မက ပြောင်းပြန်လည်း အချိူးကျနေပြန်သတဲ့။ ကျူရင်းက အတွက်အချက်ကနေ စတယ် ဒါကို လေ့လာရင်းကနေ သတင်းအချက်အလက် တွေဆီနဲ့ သတင်းကို ဖောက်ဖတ်တဲ့ အလုပ်ဘက်ကို သွားတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘာမှန်းမသိ ရူပ်ထွေးတဲ့ စက်ကြီးက သင်္ကေတတွေကို ဖတ်တယ် ရေးတယ် ဆိုတာတွေ ကို အာမခံချက်ပေးလာတာ။ ရှန်နွန်ကျတော့ ဆန့်ကျင်ဖက်။ သူက သတင်းအချက်အလက်တွေကနေ စတယ်။ ဒါပေမယ့်လို့ နောက်ဆုံး နိဂုံးချူပ်တာကျ လာတူနေတယ်။ သူ့ရဲ့ ၅ပုံ၁ပုံပါနေတဲ့ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် ဆိုတာဟာ မက်ဆေ့တွေကို ဖြည်လိုက်တာ။ ဖြည်လိုက်တော့ သင်္ကေတတွေကနေ အင်္ဂလိပ်စာလုံးတွေ အဖြစ် အသွင်ပြောင်းသွားတယ်။ တခါ ထပ်ပီး Moss Code (မော့စ်ကုတ်) (မော့်စ တီထွင်သော သတင်းပို့သော သင်္ကေတတိုများ) အဖြစ် ပြန်ပြောင်းပေးတယ်။ ဒါပေမယ့် ဘယ်လိုပဲ ရုပ်ပိုင်းဆိုင်ရာပုံစံတွေက ဖြစ်နေပါစေ ပါးစပ်ကပြောတယ် နားကနားထောင်တယ် လက်ကချရေးလိုက်တယ် ဆိုတဲ့ သင်တို့ရဲ့ လုပ်ဆောင်မူတွေ အားလုံးဟာ သတင်းအချက်အလက်တွေ ထိုးသွင်းခြင်း Input ဖြစ်တယ်။ ဒါတွေကို output စီးကြောင်းက ဘာလဲဆိုတော့ ဒီလုပ်ငန်းစဉ် ကောင်းကောင်းလုပ်ဆောင်ပေးမူ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လုပ်ငန်းတစ်ခလုံးကို ဘယ်လို ခေါ်မလဲ “တွက်ချက်ခြင်း“ လို့ အမည်ပေးမယ်။

နောက်တချက်ကတော့ ရှနွန်ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှံ့စပ်လေ့လာသူ) ကို အတော်လေး ယုံကြည်မူရှိနေတာ ဖြစ်ပါတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲ့ အကြံတွေ ဉာဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။

ဂျူနီယာဝင်း

Friday, January 1, 2021

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း


 

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၀



မတ်စ်နဲ့ ပတ်သက်လို့ ရေးသားဖော်ပြထားတာတွေ အများကြီးပါ မတ်စ်တွေ အမျိူးအစားစုံအောင် ရှိပါတယ်။ ပြောရရင်တော့ အားလုံးက မတ်စ် တပ်ပီးရင် စိတ်ချလက်ချနဲ့ လူတွေကြားထဲ နေဖို့တော့ မဟုတ်ပါဘူး။ မတ်စ်တပ်ပီး လုံခြုံပီလို့ မပြောနိုင်တဲ့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။

မတ်စ်ဆိုတာတဲ့ လူမမာတွေ အထူးသဖြင့် တပ်ရတာပါတဲ့။ သူတို့ဆီက ရောဂါပိုးတွေ သူတို့စကားပြောရင်၊ နှာခြေရင် ၊ ချောင်းဆိုးရင်၊ အပြင်ကို မထွက်အောင်၊ သူများဆီကို မကူးစက်အောင် ဖြစ်ပါတယ် တဲ့ ။ သူတို့ အပြင် ထွက် သွားလာရင် မာ့စ်ကို တပ်ထားခြင်းဖြင့် သူတ်ု့နေမကောင်းဘူးဆိုတာ အများက သတိထားမိစေပါတယ်။ 

နောက်ပြီးတော့ ဆေးရုံမှာ လူနာနဲ့ သွားတွေ့ရတဲ့ လူနာရှင်တွေဟာ မတ်စ်တပ်ထားခြင်းဖြင့် လူမမာဆီ သူတို့ရောဂါပိုးများ မဝင်အောင် ဖြစ်ပါတယ်တဲ့ ။ ဆေးရုံကကုတင်ပေါ် နေရတဲ့လူနာအများစုဟာ မတ်စ်တပ်လေ့မရှိပါဘူး ။ သူတို့ကိုကုသတဲ့ဆရာဝန်တွေ နာစ်တွေ လူနာရှင်များကသာ မတ်စ်ကို တပ်ကြရပါတယ် ။ အဲဒါက ကိုဗစ် မလာခင်အထိပဲ မှန်ပါတယ် ။ သည်တော့ မတ်စ်ရဲ့ သဘောသဘာဝက တပ်ထားတဲ့သူရဲ့ ရောဂါပိုးများ သူတပါးဆီကို မရောက်အောင် ဖြစ်ပါတယ် ။ သူတပါးဆီက အမှူန်အမွှားတွေ ကိုယ့်ဆီ မရောက်အောင် ဆိုတဲ့ သဘောတရားတွေ သေချာရေးသားထားတာ မတွေ့ရပါဘူး။ သည်တော့ စဉ်းစားစရာက မတ်စ်တွေက တဖက်ခြမ်းကိုပဲ ကာကွယ်ထားသလား ။ သည်မေးခွန်းနဲ့ပတ်သက်လို့ ဖြေထားတာတွေရှိပါတယ် ။

မတ်စ် ၂မျိူး

မတ်စ်အကြောင်းတွေ မပြောခခင် မတ်စ်၂မျိူးကို ခွဲခြားသိထားဖို့ အရင်လိုအပ်ပါတယ်။ 

ပထမတမျိူးက respirator အသက်ရှူဖို့ မတ်စ်ဖြစ်ပါတယ်။ အဲသည်မတ်စ်ကို တပ်သူဟာ သူ့ဆီကိုဝင်ရောက်လာမယ့် မီးခိုးငွေ့တို့ အမှူန်အမွှားတို့ ဖုန်တို့ဘာတို့မဝင်အောင် ကာကွယ်ပေးပါတယ်။ အဲဒိမှာလည်း လေကို သန့်စင်အောင်စစ်ပေးသော filter (လေစစ်) ပါပါတယ်။ သူ့ဆီဝင်ရောက်လာတဲ့လေကို တပ်ထားတဲ့ မတ်စ်မျက်နှာပြင်က စစ်ပေးတာပါ။ အဲလိုမတ်စ်များကို ဓါတုဗေဒလုပ်ငန်း စက်မူလုပ်ငန်းတွေမှာ လုပ်ရတဲ့ သူတွေ တပ်ကြရပါတယ်။ dust mask, gas mask လို့လဲခေါ်ကြပါတယ်။ အဲဒီအမျိူးအစားက တပ်ဆင်သူဆီက ရှူထုတ်လိုက်တဲ့ လေကို အပြင်ကို ထုတ်ပေးပါတယ်။ အပြင်ကလေကို တော့ စစ်ထုတ်ပီး သွင်းပါတယ်။ 

နောက်ဒုတိယတမျိူးက sergical mask ဆာဂျီကယ်မတ်စ် လို့ခေါ်တဲ့ ယနေ့အသုံးပြုနေတဲ့ မတ်စ်တွေအကုန်လုံးကို ချူံပီး ခေါ်ပါတယ်။ တပ်ဆင်သူထုတ်လွှတ်လိုက်တဲ့ အမှူန်များကို အပြင်ကို မထွက်စေပါဘူး။ သူ့ရဲ့ထုတ်လွှတ်လိုက်တဲ့ အစက်တွေ အမှူန်အမွားများ သူတပါးဆီ မရောက်အောင် အဓိကထားပါတယ်။ အဲဒါ ထို မတ်စ် ၂မျိူးရဲ့ ကွာခြားမူဖြစ်ပါတယ်။

ဆရာဝန် သုံး ဆာဂျစ်ကယ်မတ်စ် 

ဆရာဝန်သုံး ဆာဂျီကယ်မတ်စ်များ ကိုဗစ်ဆယ့်ကိုး အကာကွယ်နိုင်ဆုံး မတ်စ်အဖြစ် ဆိုကြပါတယ်။ သူ့ရဲ့အတွင်းက filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်)ဟာ သိပ်ကို ထိရောက်တဲ့ ကာကွယ်မူပေးပါတယ်တဲ့။ သူ့မတ်စ်ကို EM149 အီးယူနဲ့ နှိူင်းယှဉ်ပီး ပြောကြပါတယ်။ ယူအက်စ်ကလုပ်တဲ့ N95၊  တရုတ်ကလုပ်တဲ့ KN95 ။ ယူအက်စ်လုပ် N99 နဲ့ တရုတ်ကလုပ်တဲ့ KN99 ။ ယူအက်စ်် လုပ် N100 နဲ့ တရုတ်လုပ် KN100 တို့နဲ့ နှိူင်းယှဉ်ပီး ဖော်ပြပေးပါတယ်။ 

အဲသည်က နံပါတ်တွေ နိုက်တီဖိုက် (95) ဆိုတာက အဲဒီ မတ်စ်မှာပါတဲ့ လေစစ်ဟာ အမှုံအမွှား ၉၅% ကို ကာကွယ်နိုင်တယ် ။ ဆိုလိုတာက ပိုးမွှားအရွယ်အစား ဝ.၃ မိုက်ကရိုမီတာ ကို မဝင်အောင် (ဒီနေရာမှာ မထွက်အောင် လို့ပြောရင်ပိုမှန်ပါတယ်) ပိတ်ထားနိုင်တယ် လို့ဆိုလိုပါတယ်။ တပ်ဆင်သူဆီက ထုတ်လွှတ်သော အမှူန်အမွားများအတွက် အဲသလောက်ပမာဏ အပြင်မတွက်အောင် စွမ်းဆောင်နိုင်ပါတယ်။ 

ဆာဂျီကယ်မတ်စ်တွေထဲမှာ “ ဆာဂျီကယ် N95“ ဆိုတဲ့မတ်စ်ကိုတော့ အဆင့်မှီ မတ်စ်အဖြစ် ခေါ်ကြပါတယ်။ (ဆာဂျီကယ်လည်းဟုတ် တဲ့ N95 မတ်စ်များ) သို့သော်လည်း ဆာဂျီကယ်မတ်စ်များဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ နက်ဂတစ်ပြပါတယ်တဲ့။ သူ့ကို စွန့်ပစ်ရင် ပတ်ဝန်းကျင် ကျမ်းမာရေး ထိခိုက်တယ်ပေါ့။ ဘာကြောင့်ဆို သူ့မှာသုံးထားတဲ့အသားက ၆၀ ဒီဂရီစင်တီကရိတ်မှာ မိနစ်၃၀ လောက်ကို ပိုးမွှားများကာကွယ်နိုင်တဲ့ အလွန် ကောင်းတဲ့ အမျိူးအစားဖြစ်နေလို့ပါ။ 

လေ့လာမိသလောက် ပြောရရင် ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားများရဲ့ အရွယ်အစားဟာ 0.125 မိုက်ကရိုလောက်တော့ ပျမ်းမျှ ရှိပါတယ်။ အကြီးဆုံး 0.2 မိုက်ကရို လောက်ထိ ရှိနိုင်တယ်။ 0.05 ကနေ 0.2 မိုက်ကရို ကြားမှာ ရှိတယ်။ အဲဒီအရွယ်အစားဟာ တချိူ့သော ဓါတ်ငွှေ့များ ဖုန်မှူန့်များထက်တော့ ကြီးပါတယ်။

ဆရာဝန်တွေ အများအားဖြင့် တပ်ဆင်တဲ့ ဆာဂျီကယ်မတ်စ်ဟာ လူနာတွေဆီ သူတို့ဆီက ရောဂါပိုးများ မရောက်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် ဆာဂျီကယ်မတ်စ်များဟာ တပ်ဆင်သူရဲ့ ဘက်က အမှူန်အမွားများ ကို အပြင်မရောက်အောင်လုပ် ထားသောလည်း ပြင်ပက ပြင်ပလူတွေဆီက ချောင်းဆို နှာချေ အစရှိသည်တို့က ထွက်လာတဲ့ အရာများ သေးငယ်သော အမှူန်တွေကို လုံးဝဥသုံ မတားဆီးပေးနိုင်ပါဘူး။ 

၂လွှာမတ်စ်များ

အသက်ရှူရ လွယ်တယ် ။ တကိုယ်ရည်သုံးဖြစ်တယ်။ ဆေးရုံတွေမှာ အသုံးများတယ်။ ဒါပေမယ့် သိပ်ကို စွန့်စားရမယ့်နေရာမျိူးတွေ ဖြစ်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့နေရာမျိူး တွေမှာ မတပ်ရဘူး ။ သူက ၉၅ % အောက်သာ ကာကွယ်ပေးနိုင်တယ်။ အလယ်အလတ်အားဖြင့် စိတ်ချရသောနေရာမျိူး မှာတော့ တပ်ခွင့်ပေးတယ်။ သူ့ရဲ့ filter (လေစစ်) ကပိုးမွှား 🦠  ၈၅ % နဲ့ ၉၅ % ကြားကိုသာ အာမခံထားပါတယ်။ အကြမ်းအားဖြင့်၉၀ ရာခိုင်နှူန်း ကျော်လောက်ကိုသာ ကာကွယ်ပေးမယ်။ ၉၅ ထိ မရောက်ဖူးဆိုတဲ့သဘော။ 

ဒါပေမယ့် သူ့ကိုတပ်ထားရင် အသားအရည်ပေါ်ကျရောက်လာတဲ့ ယူဗီ ခရမ်းလွန်ရောင်ခြည်ကို ၉၅ ရာခိုင်နှူန်း ကာကွယ်ပေးတယ်။ လေဆိပ်တို့ ကားဂိတ်တို့ ရူပ်ထွးတဲ့ ဘစ်စကားဂိတ်တို့ ဈေးဂိတ်တို့ စသဖြင့် ခရီးဝေးသွားဖို့ သွားလာဖြတ်သန်းရရင်ဖြင့် ၂လွှာမတ်စ်ဟာ သိပ်ကို စိတ်ချရပါတယ်တဲ့။ သူ့ကို ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်တွေ တပ်ကြပါတယ်။ လူမမာကိုပြုစုနေရတဲ့ နာစ်စ်တွေလည်း တပ်တယ်။ တပ်ဆင်သူရဲ့ ရောဂါပိုးအမှူန်အမွှားများ ပြင်ပကို မထွက်အောင် လူနာဆီမရောက်အောင် ဖြစ်ပါတယ်။ 

၂ထပ် သို့မဟုတ် ၂လွှာ မတ်စ်များဟာ တပ်ထားတဲ့သူရဲ့ဘက်က အမှူန်အမွှားတွေ ပြင်ပကို မရောက်နိုင်ပါဘူး အပြင်ကဝင်လာနိုင်တဲ့ အမှူန်အမွှားများကျတော့ လုံးဝဥသုံကြီးတော့ အတွင်းကို မဝင်နိုင်သောလည်း အပြည့်အဝတော့ မတားဆီးထားနိုင်တာကြောင့် စိတ်မချရပါဘူး ဒါကြောင့် မတ်စ်များကို သုံးစွဲကြတဲ့အခါ သေချာ လေ့လာပီး ဝယ်ယူတပ်ဆင်ကြပါတယ် စိတ်မချရင် ၂ခု ထပ်ပီး တပ်ဆင်ပါတယ်။ တဖန် မတ်စ်များ တပ်တဲ့အခါ မျက်နှာရဲ့ သဘာဝအရ ပါးနေရာမှာ လွတ်နေတတ်ပါတယ် ဒါကြောင့် ကြိုးကိုခေါက်တုန့်ချီပီး တပ်ရင်ကြပ်ပီး ပိုစိတ်ချရပါသတဲ့ ။



၃ထပ် မတ်စ်များ 

မတ်စ်တွေကို ၃ထပ် ချူပ်ထားရင် ပိုစိတ်ချ ပိုကာကွယ်ပါတယ်။ ဆိုလိုတာက အလယ်က တထပ်ဟာ တပ်ထားတဲ့သူဆီကရော အပြင်ကသူဆီကရော အပေါ်ယံအလွှာကနေ ဝင်လာသမျှကို တားဆီးပေးပါတယ် ဒါကြောင့်သုံးလွှာ ချူပ်ထားတဲ့မတ်စ်က ပိုစိတ်ချရပါတယ်ပေါ့။ မျက်နှာနဲ့ကပ်ရက် အတွင်းက ပထမအလွှာဟာ ရေခိုးရေငွှေ့ဒဏ်ခံနိုင်တဲ့ အလွှာဖြစ်ပါတယ်။ အလယ်ကဒုတိယအလွှာက အမှူန်အမွှားများကို ပျော်ဝင်ကပ်ညိစေနိုင်တဲ့ အသားဖြစ်ပါတယ်။ အပြင်က အလွှာ (အများအားဖြင့် အပြာရောင်) ကို တတိယအလွှာလို့ခေါ်ပါတယ်။ သူက ချောမွတ်တဲ့အသားဖြစ်ပါတယ်။ 

အဲဒါကို ဆေးသုတေသနဆိုင်ရာ သဘောနဲ့ ရှင်းတော့ “အလွှာ ၃လွှာပါ မတ်စ်“ မှာ အပြင် ၂လွှာက အဝတ်စ ကဲ့သို့ အလွှာဖြစ်ပြီး အတွင်းက အလွှာဟာ ပေါင်မုန့်အသားညှပ်လို အဲသည်၂လွှာကြားညပ်ထားပါတယ်တဲ့။ အဲသည်အလယ်လွှာဟာ အပြင်က အလွှာများနဲ့မတူတဲ့ အလွှာဖြစ်ပီး ဗိုင်းရပ်စ်များကို အဝင်ရော အထွက်ရော ညှပ်ပိတ်ဖမ်းဆီးပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် သန့်စင်တဲ့လေကိုလည်း စစ်ပေးပါတယ်။ ဘက်တိးရီးယား ကာကွယ်နိုင်မူက ၉၅ ရာခိုင်နှူန်း ကျော်ပါတယ်။0.1 မိုက်ကရို အထက်ကို စိတ်ချရပါတယ်။

၃လွှာ မတ်စ်ကို ဆာဂျီကယ်မတ်စ် လို့လည်း ခေါ်ပါတယ်။ အမေရကန် အစာနဲ့ဆေးဝါးဆိုင်ရာ အဖွဲ့အစည်း FDA က ထောက်ခံထားပါတယ်။ 

သို့သော် သူ့မှာ အားနည်းချက်တွေ ရှိပါတယ်။ သူ့ကို တပ်ဆင်မူမှာ မျက်နှာရဲ့ အနေအထား၊ တပ်ဆင်သူရဲ့ သေချာတပ်ဆင်မူမရှိခြင်း စသဖြင့် အကြောင်းတွေကြောင့် လျော့ရဲမူရှိနိုင်တယ်။ လစ်ဟာမူ ရှိနေတတ်တယ်။ နောက်တဖန် သူ့လေစစ်ရဲ့အလုပ်လုပ်ပုံဟာ အပြင်ကနေ သူရှူသွင်းလိုက်တဲ့အခါ ဝင်လာနိုင်တဲ့ အမှူန်အမွှားများကို ကာကွယ်မူကို တစ်ရာ ရာခိုင်နှူန်း မထောက်ပံ့ပေးဘူး ။ ဒါကြောင့် ကိုယ်ရှူသွင်းလိုက်တဲ့ လေကိုလည်း အာမမခံဘူးတဲ့။ 



N95 မတ်စ်များ

နာခေါင်းနဲ့ ပါးစပ်ကို အလုံဖုံးတဲ့မတ်စ်မျိူးပါ။ သူ့မှာ လေစစ် ပါတယ်။ အသက်ရှူပေါက်ပါတယ်။ ယူအက်စ်က လုပ်ပါတယ်။ သူ့ရဲ့ လေစစ်နဲ့ အပိတ် အဖုံး တွေကို အပြင်က မမြင်ရပါဘူး။ မျက်နှာပြင်မှာ တပ်ဆင်ချူပ်လုပ်ထားပုံရပါတယ်။ 

ကျမ်းမာရေးလုံခြုံမူဆိုင်သော အမျိူးသားတက္ကသိုလ် NIOSH N95က ထုတ်တာပါ။ လေစစ်ဟာ အနည်းဆုံး 95% လေထဲက အမှူန်များကို ကာကွယ်ပေးပါတယ်။ သူ့ရဲ့ကြိုးဟာ နားရွက်ကနေ ချိတ်တာထက် ခေါင်းကနေ ပတ်ပီး သွားရပါတယ်။ သူက အမှူန်အမွှားများကိုတော့ ကာကွယ်ပေးပီး ဓါတ်ငွေ့တွေ၊ ရေခိုးရေငွ့များတော့ ဝင်စေထွက်စေ ဆိုသလိုဖြစ်နေတယ်။ တရုတ်ကလုပ်တဲ့ KN95 ကိုလည်း အဲသည်သဘောမျိူး ဆင်ပါတယ်။ ဒါပေမယ့် NIOSH က KN95 ဟာ ၁ ရာခိုင်နှူန်း အဆင့်နိမ့်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ကနေဒါ အစားအစာနဲ့ဆေးဝါး သုတေသန အဖွဲ့အစည်းကလည်း KN95 ရဲ့ လေစစ် အဆင့်ဟာ မပြည့်မှီဘူးလို့ ဆိုတယ်။ ဒါကြောင့် KN95 ကို ဆာဂျီကယ်မတ်စ်လို့ မခေါ်ပဲ respirator လို့ ခေါ်သင့်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ 

“ဆာဂျီကယ် N95“ ကို NIOSH နဲ့ ကနေဒါ က ဆေးသုတေသန ဆိုင်ရာအဖွဲ့အစည်း FDA များက လုံးဝဥသုံစိတ်ချရပါကြောင်း ဆိုပါတယ်။ သူ့ကို စက်မူလုပ်ငန်းလုပ်ကိုင်သူတွေ အများအားဖြင့် တပ်ဆင်တာ တွေ့ဖူးကြပါတယ်။ 

N95 မတ်စ်ကို ကိုဗစ်ဆယ့်ကိုး လူနာဟာ တပ်ဆင်ထားမယ်ဆိုရင် တဲ့။ ပြင်ပကလူတွေကို အကာအကွယ်မဖြစ်ပါဘူးတဲ့။ သူ့မှာ တပ်ဆင်ထားတဲ့ လေစစ်နဲ့တပ်ဆင်ထားတဲ့ အဆို့တွေဟာ ပြင်ပကို အတွင်းကလေမစစ်ပဲ ထွက်နိုင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ကိုဗစ်လူနာ က ထိုမတ်စ်ကို တပ်ထားသောလည်း သူထုတ်လိုက်တဲ့ လေထဲပါလာတဲ့ ဗိုင်းရပ်စ်ကို တပ်ထားတဲ့ အဆို့က မပိတ်ထားနိုင်ပါဘူး လို့ဆိုပါတယ်။ N95 မတ်စ်ဟာ တပ်ဆင်သူအတွက် ကိုသာအဓိကထား ကာကွယ်ပေးထားတာဖြစ်လို့ သူနဘေးကလူတွေအတွက် အန္တရယ်ရှိပါတယ်။ 

သူ့ကို တပ်ဆင်ရာမှာ ဖစ်တင်ကျတယ်။ ကိုယ်ရှူထုတ်လိုက်တဲ့လေ ကိုယ်စကားပြောတဲ့အခါ ထွက်တဲ့ လေ ကြောင့် လေဝင်လေထွက် နေရာဟာ ကြာလာရင် ပျော့ပြောင်း လာနိုင်ပါတယ်တဲ့။ ညစ်ပတ်လာတဲ့အခါ လျော့လာတဲ့အခါ သူ့ကို စွန့်ပစ်ဖို့လိုပါတယ်။



KN95 

သူ့အကြောင်း ရှေ့မှာ တော်တော်များများ ဖော်ပြခဲ့ပီးပီ။ အဓိက အားဖြင့်တော့ သူ့ကို အမ်နိုက်တီဖိုက် လောက်ယုံကြည် စိတ်ချဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတယ်။ အမ်နိုက်တီဖိုက်လောက် မကာကွယ်နိုင်ဘူး။ ဒါပေမယ့်လည်း အပြင်ပကို ထွက်တဲ့အခါ လူများတဲ့နေရာမျိူးဆိုရင် သုံးနိုင်ပါတယ်တဲ့။ အရေးကြီးတာ ကိုယ်မတ်စ်တပ်ထားရင် သူများ ဘာမတ်စ်တပ်တပ် သိပ်အရေးမကြီးဖူးလို့ မြင်ပါတယ်။ မတ်စ်တွေဟာ အဓိကအားဖြင့် တပ်ဆင်သူကို အများဆုံးကာကွယ်ပေးဖို့ လိုပါတယ်။

N95 KN 95 မတ်စ်များမှာသုံးတဲ့ အဆို့ဟာ အရှင်ဖြစ်ပီး one way (တဖက်သွား)ဖြစ်ပါတယ် တပ်ဆင်သူ ရှူထုတ်လိုက်တဲ့အခါ အဆို့ဟာ ပွင့်သွားပီး ပြင်ပကို အမှူန်အမွှားများဟာ ရောက်ရှိသွားပါတယ် ဒါကြောင့် ၎င်းမတ်စ်များဟာ သူ့နဘေးက လူတွေ မတ်စ်မတပ်ထားရင်ဖြင့် ဘေးကလူများအတွက် အင်မတန် အန္တရယ်ကြီးမားပါတယ် 

ပြန်သုံးနိုင်တဲ့မတ်စ်မျိူး 

ဆေးကျောသန့်စင်ပီး ပြန်သုံးမယ် ဝယ်ပီးရင် တသက်လုံးသုံးပေတော့။ - 

အဲဒါမျိူးကျတော့ ပြန်လည်သန့်စင်ပီး သုံးမယ်။ အသက်ရှူပေါက်ပါတယ် filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်) ကို လဲပေးရတယ်။ ထို လေစစ်ပါ အဖုံးအပိတ် အဆို့ ကို အပြင်ကနေ မြင်နေရတယ်။ အဲဒီမတ်စ်တွေဟာ လေကောင်းလေသန့်မရှိတဲ့နေရာမျိူးတွေ၊ ဖုန်တွေကြားထဲ ရောက်နေရင်၊ ဆိုတာတွေအပြင် လေထဲမှာ သွားလာနေတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စများ နဲ့ အနုကြည့်မှန်ဖြင့်သာမြင်ရတဲ့ ပိုးမွှားများ ကို လည်း ကာကွယ်ပေးတယ်။ သူက ပြန်သုံးရတဲ့အတွက် အလေအလွင့်နည်းတယ်။ ကိုဗစ် ၁၉ ကို ကာကွယ်ပေးနိုင်ပါတယ် ဒါပေမယ့် သူ့ filter (ဖစ်လ်တာ) ကိုတော့ လဲပေးနေရမယ်။ အဲဒီလေစစ် လေး အလုပ်ကောင်းကောင်းလုပ်နေသ၍ သူဟာလည်း ဆာဂျီကယ်မတ်စ် လောက်တော့ အဆင့်ရှိပါတယ်တဲ့။ ဒီနေရာမှာ စိတ်ချရတဲ့ လေစစ်ဖြစ်ရမယ် လို့ပြောထားပါတယ်။ 



XC99မတ်စ်များ

အိတ်စီနိုက်တီနိုင်း မတ်စ်များဟာ အဝတ်နဲ့ အသားနဲ့ အစနဲ့ စသဖြင့် ချူပ်လုပ်ထားသော ၃လွှာ မတ်စ်များကဲ့သို့ အလုပ်လုပ်ပါတယ်တဲ့။ ဒါ့အပြင်ကိုဗစ် ၁၉ ဗိုင်းရစ်ကိုလည်း ကာကွယ်ပေးပါတယ်လို့ ဆိုတယ်။ သူ့မှာသုံးထားတဲ့ ပလတ်စတစ်ဟာ TPU ပလတ်စတစ်ဖြစ်ပီး ခရမ်းလွန်ရောင်ချီ ကိုလည်း ကာကွယ်ပေးတယ် ၁၀ဝရာခိုင်နှူန်း အမှူန်အမွားများနဲ့ အစက်တွေကိုလည်း ကာထားပေးနိုင်တယ်။ ဆပ်ပြာနဲ့ဒါမှမဟုတ် ဘက်တီးရီးယား သန့်စင်ဆေးရည်နဲ့ လျော်ဖွတ်လို့ရတယ် အခြောက်မြန်တယ်။ 

(TPU Thermoplastic polyurethane ပိုလီယူသိမ်းပလတ်စတစ်မှာ ဂုဏ်သတ္တိတွေအများကြီးရှိပါတယ်။ ဆွဲဆန့်လိုရတယ် ထိုးဖောက်မြင်နိုင်တယ် ဆီ အဆီ ချောမွတ်သော အဆီ စေးကပ်သော အဆီချေးများကို ခံနိုင်တယ်။ မာလည်းမာ ပျော့လည်းပျော့တဲ့ သာမိုပလတ်စတစ်နဲ့ လုပ်ထားတာ လို့ဆိုလိုပါတယ်။)

သူ့ရဲ့ အဆို့ဟာ ဝမ်းဝေး (တဖက်ထဲကိုသာကာကွယ်ပေး) တဲ့ အရာမဟုတ်ပါဘူးလို့ လည်းဆိုပါတယ်။ အများအားဖြင့် N95 N99 မတ်စ်တွေလို ဝမ်းဝေးမဟုတ်ဘူးလို့ဆိုတယ်။ အဲဒါတွေက သင်အသက်ရှူလိုက်ရင် အမှူန်အမွှားများကို ကာကွယ်ပေးတယ် သင်အသက်ရှူထုတ်လိုက်ရင် အဲဒီအဆို့ဟာ ပွင့်သွားပီးတော့ မတ်စ်ထဲကလေတွေကို ပြင်ပကို ထုတ်ပစ်လိုက်ပါတယ်လို့ ရေးသားထားပါတယ်။ ဟောဒီ XC99 အိတ်စီနိုက်တီနိုင်းကတော့ တဲ့ သူ့ အဆို့ဟာ အသေဖြစ်ပါတယ်တဲ့။ ဝမ်းဝေးမဟုတ်ပါဘူးတဲ့။

(XC 99 မတ်စ်ကို အရောင်တင်ရေးထားပီး နံမယ်ကြီးမတ်စ်တွေကို သူက ထိခိုက်တဲ့သဘောတော့ ပါနေတာပေါ့။ ဒါပေမယ့် အဆို့တွေ အကြောင်းကို ရှင်းပြထားတာဖြစ်လို့ ယူသင့်တဲ့ ပညာတော့ယူရမှာပါပဲ။)

ပြောရရင်တော့ ကိုဗစ်ဆယ့်ကို ခေတ်အတွင်းမှာ ဝမ်းဝေးအဆို့ပါတဲ့မတ်စ်များက ဝတ်ဆင်သူကိုတော့ ကာကွယ်ပေးပေမယ့် သူ့ဆီကထွက်လာတဲ့ အမှူန်အမွားများ အစက်များကို ဘေးကတခြားသူတွေဆီကို မကာကွယ်ပေးပါဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင် မတ်စ်တပ်ထားတယ် မှန်တယ် သူတပါးတပ်ထားဖို့ကိုလည်း လိုအပ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ကိုယ်နဲ့စကားပြောတဲ့သူက မတ်စ်တပ်ထားပီး ကိုယ်က မတပ်ထားရင် အင်မတန် အန္တရယ်ကြီးတယ်ဆိုတာ ကို ပြပါတယ်။ ဒါ့အပြင် တဖက်က တပ်ထားတဲ့သူရဲ့ မတ်စ် ဟာ N95 N99 တို့လို ဝမ်းဝေးအဆို့ရှင် ဖြစ်နေရင် တော်တော်ကြောက်စရာကောင်းပါတယ် အရေးကြီးတာ ကိုယ်တပ်ဆင်တဲ့မတ်စ်ဟာ အနည်းဆုံးတော့ ၃လွှာမတ်စ်တော့ ဖြစ်နေရပါမယ်။ 

အိတ်စီနိုက်တီနိုင်း XC99 ရဲ့ အဆို့ဟာ ဝမ်းဝေး မဟုတ်တဲ့အတွက် ဒါကု ိတပ်ဆင်သူဟာ အသက်ရှူထုတ်ထုတ် ရှူသွင်းသွင်း သူ့မှာတပ်ဆင်ထားတဲ့ filter ဖစ်လ်တာ (လေစစ်) နဲ့ ရင်ဆိုင်ကြရမှာပါတဲ့။ အဲသည်ဖစ်တာ သူ့မှာပါဝင်တဲ့ လေစစ် အခံဟာ ဂျာမနီရဲ့နည်းပညာနဲ့ ထုတ်လုပ်ထားပီး ဗိုင်းရပ်စအမျိူးအစားပေါင်းများစွာကို ခြေဖြတ်နိုင်တယ်တဲ့။ ဟောင်ကောင်သိပ္ပံနဲ့နည်းပညာက တီထွင်ထုတ်လုပ်ထားပီး တိုင်းပြည်တွေတော်တော်များများမှာ စစ်ဆေးပီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် WHO ကလည်း စိတ်ချရပါတယ်လို့ အမှတ်ပေးထားတာကြောင့် ယုံကြည်သုံးစွဲနေကြပါတယ်။ 

သူ့ရဲ့ဒီဇိုင်းကြောင့် ဝတ်ဆင်သူအတွက် သက်တောင့်သက်သာဖြစ်တယ် အသက်ရှူရတာ ကောင်းတယ်တဲ့။ နှူတ်ခမ်းနီလည်း မပျက်ဖူးဆိုပဲ။ အခုခေတ် ဆယ်လီတွေ အကြိုက် မိန်းခလေးတွေ သဘောကျပေါ့နော်။ 

သို့သော်လည်းပဲပေါ့လေ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးပေးရာမှာ အသုံးတည့်ပါတယ်ဆိုသောလည်း သူ့အတိုင်းအတာနဲ့သူ သူ့ဖစ်လ်တာကို လဲပေးဖို့လိုအပ်သလို ကိုဗစ်ရောဂါ မပြန့်ပွားဖို့ ဆိုရှယ်ဒစ်စတန့်လုပ်တာ လက်ဆေးတာနဲ့ မျက်နှာနခေါင်းမကိုင်ရ ဆိုတာတွေတော့ လိုက်နာကြရပါမယ်။ 

ကိုယ့်ဘာသာ ချူပ်သောမတ်စ်များ

လက်ကိုင်ပုဝါနဲ့ အဝတ်စနဲ့စသဖြင့် ချူပ်တဲ့မတ်စ်က စိတ်ချရသလားတဲ့။ မေးခွန်းထုတ်ထားတယ်။ တရာရာခိုင်နှူန်း စိတ်မချပါနဲ့တဲ့။ အဝတ်စဟာ အဝင်ရော အထွက်ရော လုံးဝ မလုံပါဘူးတဲ့။ သူ့ရဲ့ အသားပေါ်မူတည်ပီး ပိုးမွှားများ ဝင်နိုင်တဲ့ မိုက်ကရို မီတာ အရွယ်အစား ကွဲပြားမူ ရှိနေပါတယ်တဲ့။ ထိုကဲ့သို့သော မတ်စ်တွေကို ၂ လွှာမတ်စ် အမျိူးအစားထဲ ထည့်ပါတယ်။ သို့သော် ကိုယ့်ဘာသာ ချူပ်မယ် တပ်ဆင်မယ် ပြန်လျောသုံးမယ် အဆင်ပြေပါတယ်တဲ့။ အဓိက ကတော့ လူတွေနဲ့ ဝေးဝေးသာနေဖို့ တိုက်တွန်းထားပါတယ် ။ 

မတ်စ်တွေ အများကြီးရှိသေးတယ်

မတ်စ်တွေ တကယ့်ကို အများကြီးကျန်ပါသေးတယ်။ ဆာဂျီကယ်မတ်စ် ၊ အသက်ရှူဖို့မတ်စ်၊ ပြန်သုံးလို့ရသော မတ်စ် ၊ ၉၉ % လုံတယ်ဆိုတဲ့ သက်လုံမတ်စ်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထုတ်လုပ်ထားသော သရီးဒီမတ်စ်၊ ဆီလီကွန်မတ်စ်၊ ခရီးဝေးသွားမတ်စ်၊ သိုးမွှေးနဲ့လုပ်ထားသော မတ်စ်၊ ခေါင်းဦးအတွင်းခံ မှိူ့ဖြင့် ပြုလုပ်ထားသော မတ်စ် စသဖြင့်စသဖြင့်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ပုံ စိတ်ချရပုံ အာမခံချက်ရှိပုံတွေ ပါပါတယ်။ ရာခိုင်နှူန်း ဘယ်လောက် ဆိုတာတွေလည်း ရေးသားထားပါတယ်။ သည်တော့ ကိုယ်က မတ်စ်တစ်ခုကို ဝယ်ယူတပ်ဆင်တော့မယ်ဆိုရင် သေချာဖတ်ရူပီး ဝယ်ယူသုံးစွဲကြဖို့ တိုက်တွင်းချင်ပါတယ်။ 

မတ်စ်အချင်းချင်းတွေ့ကြ

သည်တော့ မတ်စ်တပ်ထားတဲ့လူအချင်းချင်း တွေ့ရင် ပြသနာမရှိပါဘူး ကိုယ့်ရောဂါ သူများဆီမရောက် သူ့ရောဂါ ကိုယ်ဆီမရောက်ပေါ့ ။ ဒါပေမယ့် တစ်ယောက်က မတ်စ် မတပ်ထားရင် စိတ်မချရတာက မတ်စ်တပ်ထားတဲ့သူအနေနဲ့ သူ့ရောဂါတော့ ထိုသူဆီ မရောက်ပေမယ့် မတ်စ်မတပ်တဲ့သူရဲ့ အမှူန်အမွှားများကျတော့ မတ်စ်တပ်ထားတဲ့သူဆီ ဝင်ရောက်နိုင်ပါတယ်။ 

တဖန် တပ်ထားတဲ့သူရဲ့မတ်စ်ဟာ ဝမ်းဝေးမတ်စ် ဖြစ်နေရင်ဖြင့် သူ့ဆီက ရောဂါပိုးတွေ တဖက်သားဆီ ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် မတ်စ်ကို အားလုံး တပ်မှသာ နှစ်ဥိးနှစ်ဖက် တပ်မှသာလျှင် ဘက်မျှမယ်။ မျှတမယ်။ 

ဒါကြောင့် အများအားဖြင့်တော့ မတ်စ်ကို ၃ထပ် သုံးလွှာချူပ်ထားတဲ့ မတ်စ်ကို တပ်မှသာ တဖက်သားက မတပ်လည်း ကိုယ့်မှာ စိတ်ချလက်ချ ရှိမယ်ဖြစ်ပါတယ်။ အခုတွေ့ကရာ လျောက်ဖတ်နေမိတဲ့ အင်တာနက်ဆောင်းပါးများဟာ မတ်စ်တွေကို သေချာလေ့လာ ပီး ရေးသားထားတာတွေအပြင် ဘယ်မတ်စ်က စိတ်ချရမလဲ လို့မေးခွန်းတွေလည်းထုတ်ထားကြတာ တွေ့ရပါတယ်။


မတ်စ်တွေကို သည်လိုစစ်ဆေးပါတဲ့

သူနာပြုတစ်ဦး အကြံပေးတာတော့ သင့်ရှေ့က ဖယောင်းတိုင်ကို မတ်စ်တပ်ထားရင်း လေနဲ့မှူပ်ပါ ဖယောင်းတိုင် ညိမ်းသွားရင် သင့်မတ်စ်က မလုံပါဘူးတဲ့။ ဒါမှမဟုတ် အသစ်လဲဖို့ အချိန်တန်ပါပီတဲ့။ ကနေဒါ က Dr Abdul Sharkawy ဒေါက်တာအက်တူရှာကဝီ ဆိုတဲ့ ရောဂါပိုးဆိုင်ရာ စပယ်ရှယ်လစ် ဆရာဝန်တစ်ယောက်က အခုလို အကြံပေးတယ် သင်ကိုယ်တိုင်ချူပ်ထားတဲ့ မတ်စ်ဖြစ်စေ သင်ဝယ်ယူထားတဲ့မတ်စ်ကို ဖြစ်စေ တပ်ဆင်ပီးရင် အခုလို စမ်းသပ်ပါတဲ့ သင့်လက်ဝါးကို သင့်မျက်နှာ သင့်မတ်စ်နဲ့အဝေး ၆လက်မ အကွာမှာ ထားထားပါ ပီးရင် သင်ဟာ အသက်ရှူသွင်း ရှူထုတ်လုပ်ပါ ထိုလေကို သင့်လက်ဝါးက ခံစားမိတယ်ဆိုရင် သင်တပ်ထားတဲ့မတ်စ်က မလုံခြုံပါဘူးတဲ့။ သူကဆက်လက် ပြောရာမှာ မသုံးသင့်တဲ့ မတ်စ် အမျိူးအစား ၃မျိူးကို အခုလို ပြောထားပါတယ်။

၁။ မတ်စ်တစ်ခုလုံး အလုံပိတ်ဖြစ်ပီးတော့ လေဝင်လေထွက်အတွက် အဖုံး လို ဟာတစ်ခု နဲ့မတ်စ်မျိူး - သူ့မှာ လေရှူတာအတွက် အဆို့ သီးသန့်လုပ်ပေးထားတယ်။ အဲဒီ အဆို့ကို အပြင်မှာ မြင်နေရပါတယ်။ အဲဒိအမျိူးအစားက ဘယ်တော့မှ မပျက်စီးတာတော့သေချာပါတယ်။ သင့်ကိုလည်း အပြင်ကလူတွေဆီက ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတယ်။ ဒါပေမယ့် သင့်နဘေးက လူတွေအတွက် ဘာမှ အကာအကွယ် မရှိဘူး လုပ်မထားဘူး ဆိုလိုတာက သင့်ဆီက ပိုးတွေကျ ထွက်နိုင်တယ် တကယ်ကြောက်စရာပါ ။ အဲသည်လို မတ်စ်တွေ သိမ်းလိုက်သင့်တယ် ။ အဲဒါမျိူးတွေ လူတွေ တပ်တာတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် လို့သူက ပြောပါတယ်။

နောက် နံပတ် ၂ ။ မျက်နှာတစ်ခုလုံး အုပ်တဲ့မတ်စ်မျိူး - ကြည့်လိုက်ရင် ဖက်ရှင်ကျတယ် ဒါပေမယ့် သူ့နဘေးမှာ လေဝင်လေထွက် အပေါက် တွေပါတယ်။ ဘာနဲ့တူလဲဆိုတော့ မိုးရေထဲမှာ နေကာမျက်မှန်နဲ့ ကားမောင်းနေရသလိုပေါ့။

၃။ လည်ပင်းအထိပါ ဖုံးထားတဲ့ မတ်စ်မျိူး - အဲဒါကိုတော့ မတ်စ်လို့တောင် ခေါ်မနေပါနဲ့ ။ အလကား အမျိူးအစားဖြစ်ပါတယ်။“ 

နိဂုံး ချုပ်မယ် 

သည်တော့ မတ်စ်ကိုတပ်ဆင်တော့မယ် ဝယ်ယူမယ်ဆိုရင် အထက်ပါ အချက်အလက်များကို လေ့လာသုံးသပ်ပီး တပ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ သည်နေရာမှာ စာရေးသူအနေနဲ့ အကြံပေးချင်တာရှိပါတယ်။ ယခုလက်ရှိ တပ်နေကြတဲ့ မည်သည့်မတ်စ်ကို မဆိုပေါ့လေ တပ်ပီးရင် ပိုစိတ်ချရအောင် Face shield ကို ပါ တပ်ဖို့ပါ။ ဘာလို့ဆို ကိုယ်နဲ့ တွေ့မယ့်လူတွေ ဧည့်သည်တွေ က ဘယ်လိုမတ်စ်မျိူးကို တပ်လာမလဲ ။ ဘာမတ်စ်မှ မတပ်လာဖူးလား ။ ဒါတွေကို ထည့်တွက်ပီး ကိုယ့်ဘက်က စိတ်ချရအောင် face shield ကိုပါ တပ်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူများတပ်လာတဲ့မတ်စ်က ဘာလဲဆိုတာ ခွဲခြားဖို့ခက်ပါတယ်။ စာဖတ်သူများလည်း မတ်စ်နဲ့ပတ်သက်သော အချက်အလက်များ ဒါလောက်လေ့လာထားမယ်ဆိုရင်ဖြင့် အခုလာမယ့်နှစ်သစ်မှာ မတ်စ်အလန်းလေးနဲ့ပဲကြိုကြို ဘယ်လိုမတ်စ်မျိူးကိုပဲ ဝယ်ယူတပ်ဆင်ကြသည်ဖြစ်စေ မတ်စ်တွေအကြောင်း ဒါလောက်တီးမိခေါက်မိထားရင်ဖြင့် လုံခြုံစိတ်ချေသော အခြေအနေဖြင့် နှစ်သစ်ကို ကြိုဆိုသွားကြပါစို့။ အားလုံးမင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။

 မေတ္တာဖြင့်
ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (22)

Claude Shannon
 

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (22)

(အတွေးအမြင် ၃၃၇၊ နိုဝင်ဘာ ၂၀၂၀)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၀

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း  ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

 Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ရေးသား ခဲ့သူတစ်ယောက်အဖြစ် အရင်လက မိတ်ဆက်ခဲ့ပီးပါပီ။ သူ့အကြောင်း ဆက်မှာပါ။ ၁၉၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာ ဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရာ းတွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် သူက ဆက်ပြောရာမှာ အဲဒီအကြောင်းအရာတွေကို သူက အခုလို ရေးသားတယ် ထုတ်ပြတယ် ။ ဒါသူလုပ်ချင်တာသူလုပ်တာ ၊ အဲဒီအတွက် အကြောင်းပြချက်မရှိဘူးတဲ့။ ဘာလို့အဲဒါတွေလုပ်သလဲ ဘာရည်ရွယ်ချက်လဲ လာမမေးနဲ့တဲ့။ သူလုပ်ချင်တာ သူလုပ်တာပဲတဲ့။ ဘွန်ချ်ကတော့ သူ့အမြင်ပြောရရင် အဲသည်တုန်းက ဆက်သွယ်ရေးအင်ဂျင်နီယာပညာဆိုတာ အမှားတွေ အယွင်းတွေ ဥပဒေတွေ ရပ်တည်မူတွေ သွေဖီမူတွေနဲ့ ရောထွေးနေတာဖြစ်တယ်။ ရှနွန်က အနုပညာသမားဆိုတော့ သူလုပ်နေတဲ့အရာတွေက သိပ္ပံပညာ ဖြစ်သွားမလား၊ သင်္ချာသီအိုရီတွေကနေ အင်ဂျင်နီယာဆိုင်ရာ လက်နက်ကရိယာတွေအဖြစ် ပုံပြောင်းသွားမလား ဆိုတာကတော့ မပြောတတ်ဘူး။ သူကတော့ ဖန်တီးရှင်ပီပီ မျော်လင့်ချက်တော့ ထားတတ်ပါတယ်။ သူရေးတဲ့စာ အဆုံးသတ်မှာတော့ ၁၉၄၈ခုနှစ်ရဲ့ တကယ်ပဲကမ္ဗည်းတင်မယ့် မှတ်ကျောက်ဆိုတာတွေ ပါနေတယ်။ သူက ပြောတာက အခုသူရေးတဲ့ စာတမ်းဟာ ဆက်သွယ်ရေး အင်ဂျင်နီယာ ပိုင်းနဲ့ပတ်သက်တဲ့ အခြေခိုင်တဲ့ သီအိုရမ်တွေ တော်တော်များများပါနေပေမယ့်လို့ သေချာတော့ လက်တွေ့ကျကျ မစမ်းသပ် မစူးစမ်းရသေးကြောင်း ဖော်ပြခဲ့ပါတယ်။

နောက်သူရေးတဲ့ စာတမ်းကို ဘွတ်ပေးတဲ့ အကြံအတိုင်း ဆက်လုပ်ခဲ့တယ်။ ၁၉၄၀ခုနှစ် နွေဦးကာလမှာ သူ ဒေါက်တာဘွဲ့ ရပီးတော့ အဲသည်ဆက်သွယ်ရေးဆိုတဲ့ ပြသနာကြီးဆီကို ပြန်သွားတယ်။ စစ်ကြီးကလည်း ဖြစ်လို့ကောင်းတုန်း။ ၁၉၄၁ခုနှစ် နွေရာသီမှာ ရှနွန်က နယူးယောက်စီတီးက ဘဲလ် ဓါတ်ခွဲခန်းဆီ ပြန်လာတယ်။ အချိန်ပြည့် သင်္ချာဌာနမှာ အလုပ်ဝင်နေရင်း တိုက်လေယာဉ်ပစ်ခတ်မှုထိန်းချူပ်ရေးပြသနာဆီကို ချက်ချင်းဆိုသလို ဝင်လုပ်တယ်။ အဲသည်ထိန်းချူပ်ရေး စနစ် ဟာ ဘဲလ် ဓတ်ခွဲခန်းကနေ တိုးတက်လာတဲ့ အရာတစ်ခုပါပဲ။ ရှနွန်က X-System (အိတ်စ်စ် စနစ်) ဆိုတဲ့ အဆင့်မြင့် ရေဒီယို တယ်လီဖုန်း စနစ်ဆိုင်ရာ ဆက်သွယ်ရေး နယ်ပယ်မှာ ကူညီပေးခဲ့ပါတယ်။

သူကတော့ သူ့ရဲ့ဆက်သွယ်ရေး သီအိုရီဆိုင်ရာ အခြေခံ အချက်အလက်တွေကို အခုထိ လက် မလျော့သေးပါဘူး။ သူ့ရဲ့ အခြေခံ ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတယ်။ သူက ပြောတာတော့ တယ်လီဖုန်းဆက်သွယ်ရေးသာမက ကြေးနန်း၊ တယ်လီဗိးရှင်း အချင်းချင်း စကားပြော ဒါ့အပြင် ဘယ်လို နည်းနဲ့ ပြောဆိုဆက်ဆံတယ် ဆိုတဲ့ ဘယ်လိုပုံစံမျိူးနဲ့မဆို  သွားမယ့် ဆက်သွယ်ရေးဆိုတာမှန်သမ ျှနဲ့ ပတ်သက်တဲ့ သီအိုရီကု ိရှာမယ် ရအောင်ရှာမယ်။ အဲသည် ရည်မှန်းချက်ကြီးကို ရဖို့ သူက အပိုင်း ၅ ပိုင်းပါတဲ့ ဆက်သွယ်ရေး လုပ်ငန်းစဉ် တစ်ခုကို သူက စိတ်ကူးလိုက်ပါတယ်။

၁။အချက်အလက်အရင်းအမြစ် - ဆိုလိုတာက သတင်းအချက်အလက်တွေကို ဘယ်ကနေ ထုတ်သလဲ။ အဲသည်လို အချက်အလက် message (မက်ဆေ့) တွေကို ထုတ်ပေးသော သူ (လူတစ်ဦးတစ်ယောက်ကို ဆိုလိုပါတယ်။) သို့မဟုတ် တစ်စုံတစ်ခု (တစုံတခုဆိုတာ သက်မဲ့အရာကိုဆိုလိုပါတယ်)။

၂။ ပေးပို့သူ - မက်ဆေ့တွေ အချက်အလက်တွေကို သင်္ကေတများအဖြစ် ပုံပြောင်းပေးမယ့် စက်ကရိယာ ကိုပြောတာ။ ဥပမာ - အသံနဲ့ ပေးပို့တယ်ဆိုပါက ဒါကို အသံလှိူင်းအဖြစ် ထုတ်မယ်။ ရုပ်မြင်သံကြားနဲ့ ဆိုပါက လ ျှပ်စစ် သင်္ကေတနဲ့ ထုတ်ဖော်ပေးမယ်။

၃။ ဆက်သွယ်ရေး လမ်းကြောင်း - အချက်ပြအမှတ်အသား များကို ထုတ်ပေးခြင်း ။ ဥပမာ လေကြောင်း၊ တယ်လီဖုန်း ဝါယာကြိုး၊ ဓတ်ကြိုးလိုင်းများ၊ အလင်းတန်းများ စသဖြင့် ။

၄။ ရရှိသူ- ပေးပို့လိုက်သော မက်ဆေ့များကို အချက်ပြအမှတ်အသားများအဖြစ် ကြိုးစားပြီး ပြောင်းလဲပေးနေသည့် စက်ကရိယာ ။ ဥပမာ - သတင်းများ နောက်ဆုံး ရောက်ရှိလာသည့် နေရာ ကိုဆိုလိုပါတယ် ။ နား၊ တယ်လီဖုန်း အစရှိသည်တို့ဆီ ကို ဖြစ်ပါတယ်။ 

၅။ ပန်းတိုင် - ပေးပို့လိုက်သော မတ်ဆေ့များကို  လက်ခံ ရယူမည့်သူ သို့မဟုတ် လက်ခံမည့် အရာ။

ထို အချက် ၅ခုကတော့ တကယ့်ကို ရိုးရှင်းတဲ့ တည်ဆောက်မူ ပဲဖြစ်ပါတယ်။ ဂျွန်ဗွန်နယူးမင်း လုပ်နေတဲ့ EDVACကွန်ပြူတာ စက်ကြီး ဒီဇိုင်း အတိုင်းပါပဲ၊။ ရှနွန်ရဲ့အဲဒီ အခြေခံ အချက်တွေက ဆက်သွယ်ရေး တည်ဆောက်မူ တစ်ခုကို လမ်းခငေ်းပးလိုက်တာပါ။ ဘယ်လို စနစ်မျိူးကို ဖန်တီးမလဲ စသဖြင့်ပေါ့။ ပြွန်ချောင်းတွေ၊ ဝါယာကြိုးတွေ ဆက်သွယ်မူ တွေကနေ ခွဲထွက်ပေးမယ့် ပုံစံသစ်ပေါ့။ သူ့ရဲ့သီအိုရီဟာ ဘာနဲ့ အလားသဏ္ဍန်တူနေလဲဆိုတော့ Sir Issac Newton (ဆာအိုက်ဆက်နယူတန် ) ရဲ့ ရူပဗေဒသဘောတရားများ စီးဝင်နေတဲ့ နယူတန်၏ရွေူ့လျားမူ နိယာမ ၃ ခုရဲ့ အခြေခံသဘောတရားနဲ့ ကမ္ဘာ့ဆွဲအား ဆိုင်ရာ ဥပဒေသေများနဲ့ သွားဆင်နေတယ်။ နယူတန်ရဲ့ ပန်းသီးကြွေကျမူနဲ့ လ၏ရွှေ့လျားမူသီအိုရီတွေဟာလည်း သူစဉ်းစားနေတဲ့ ကိုယ်ထည်ကြီးတစ်ခုကို လမ်းပြပေးလိုက်သလိုပါပဲတဲ့။ ရှနွန်က ကြေးနန်း စနစ်ကို သေချာ စိစစ်စဉ်းစားချင်တယ်။ ဥပမာ အင်္ဂလိပ်စကားလုံးတွေကို ရိုက်ထည့်လိုက်တဲ့အခါ သတင်းအချက်အလက်များကနေ သင်္ကေတာတွေအဖြစ် ပုံပြောင်းခြင်း ။ အဲသည် သင်္ကေတတွေကို သူက ဖော်ထုတ်တဲ့အခါ စကားလုံးတွေကို အစက် (.) ၊ မျဉ်းတို (-) ၊ မျဉ်းပြတ် ( _ ) စသဖြင့် သူက ဘာသာပြန်မယ်။ ဆက်သွယ်ရေးဝါယာကြိုးတွေကနေ လျှပ်စစ်အသံတစ်ခု ထည့်ပေးပီး သတင်းတွေဖတ်မယ် စသဖြင့် စသဖြင့်။

ဘာပဲဖြစ်ဖြစ် ပျင်းစရာကောင်းတဲ့ သင်္ချာ ဆိုင်ရာ အသေးစိတ် စူးစမ်းမူတွေကို လုပ်နေရသောလည်းပဲပေါ့လေ ရှနွန်ကတော့ အဲသည် ဆက်သွယ်ရေး အဆင့် ၅ဆင့်ကို တော့  တကယ် အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေဆဲပါပဲ။ ‘သတင်းအချက်အလက် ဆိုတဲ့ စကားလုံးဟာ ၁၉၂၈ ခုနှစ်ကာလတွေမှာ ဘဲလ် ဓတ်ခွဲခန်းမှာ အတော်လေးကို ရေပန်းစားပီး အသုံးများတဲ့ အခေါ်အဝေါ် ဖြစ်နေတယ်။ Ralph Hartley (ရာ့ဖ် ဟာတလေ) ဆိုတဲ့ အင်ဂျင်နီယာ တစ်ယောက်က ဒီစကားလုံးကို စတင် ဖော်ညွှန်းခဲ့တာပါ။ သူက မက်ဆေ့တွေ တယ်လီဖုန်း ဝါယာကြိးတစ်လျောက်ကနေ စီးဝင်ဖြစ်သန်းနေတဲ့ ပမာဏ ကို ပုံဖော် ပြရင်းနဲ့ ပြောဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် Harry Nyquist (ဟာရီ နီကွစ်) ဆိုတဲ့ အတတ်ပညာရှင်တစ်ဦးက ဒီအရင် ဒီလုပ်ငန်း ပိုင်းဆိုင်ရာကို ကောင်းကောင်းကြီး တည်ဆောက်ခဲ့ပီးပါပီ။  ဟာတလေ က ”သတင်းအချက်အလက်” ဆိုတဲ့ စကားလုံးကို သင်္ကေတ တစ်ခုအဖြစ် အသုံးဝင်လာမယ့် အရာတစ်ခုအဖြစ် ဖော်ပြခဲ့တော့ ဒါကို လူတွေကလည်း လက်ခံနိုင်တယ်၊ အင်ဂျင်နီယာတွေကလည်း ဒီအခေါ်အဝေါ်ကို သဘောကျကြတယ်။ ”သတင်းအချက်အလက်” ဆိုတာတဲ့ ၊ သူက ထပ်ပီး တိတိကျကျ ဖြစ်အောင်ထပ်ပြောတယ်။၊ မက်ဆေ့တစ်ခုကို သင်က ဘယ်လောက်ပမာဏ ကိုဆိုလိုသလဲတဲ့။ ဘယ်လောက် ပမာဏ လက်ခံမလဲ။ သတင်းအချက်အလက်ဟာ လုံးဝမရှိဆိုတဲ့ သုည ပမာဏ ကိုလည်း ဆိုလိုမယ်တဲ့။ သင့်မှာ ဟောသည် မက်ဆေ့က ဘာပြောတာလဲဆိုတာကို စဉ်းစားလို့မရရင် သူ့ကို လက်ခံတဲ့ပုံစံကို လေ့လာဖို့ အများကြီး သင်ယူရဦးမယ်တဲ့။ ဒီတော့ သတင်းအချက်အလက် ဆိုတာနဲ့ပတ်သက်ပီး သူ့မာတိကာ ကိုက တော်တော်ကြီးကို များပျားတယ် မြင့်မားတယ်။

ဟာတလေ က အဲသည်အိုင်ဒီယာ ( အဆင့်၅ဆင့်ကို ပြောတာ) ကို သင်္ချာပုံစံနဲ့ ဖော်ပြခဲ့တော့ အဲဒါကို ရှနွန်တစ်ယောက် သဘောခွေ့သွားတာပေါ့။ သူက ဟာတလေ့ကို အမှတ်ပြည့်ပေးလိုက်တယ်။ သူက လူတိုင်းလူတိုင်း မျက်စိထဲမှာ ကြည့်လို့ မြင်လို့ရအောင် အဓိပယ်သတ်မှတ်ချက်တွေ ချတယ်။ ဥပမာ ပြောမယ်ဗျာ… သိပ်ကို ရိုးရှင်းပါတယ်ဆိုတဲ့ မတ်ဆေ့ ကို ရှနွန်က Binary ဘိုင်နရီစနစ် (0 (ဇီးရိုး) နဲ့ 1 (ဝမ်း) ပဲပါတဲ့ စနစ်) နဲ့ ပြမယ်။ ဇီးရိုး များ ဝမ်းများ နဲ့ ပြမယ်။ ဇီးရိုးတွေ အများကြီး ဝမ်းတွေ အများကြီး ပဲပါမယ်။ စာမျက်နှာ တစ်ခုလုံး ဇီးရိုးရယ် ဝမး်ရယ် ပဲ မြင်ရမယ်။ (ဘယ်လောက် ရိုးရှင်းပုံ) ဒီတော့ သူ့မှာ ထည့်သွင်းဖို့ နှစ်လုံးပဲ သုံးရမယ်။ ရှင်းလိုက်ပုံများ။ သုည ရယ် တစ်ရယ်။ 1 ရယ် 0 ရယ်။ ရှင်းပါတယ်နော်။ ဥပမာ ဆက်ပြောဦးမယ်။ မက်ဆေ့တစ်ခုမှာ yes နဲ့ no  တစ်ခုခုကိုပဲ ရွေးရတော့မယ်။ မှန်လား မှားလား ဆိုတာပဲ ရွေးရတော့မယ်။ အမဲလား အဖြူလား ဆိုတာပဲ ရွေးရတော့မယ်။ ဆိုလိုတာက နှစ်ခုထဲက တစ်ခု ရွေးမယ်။ သည်တော့ ဘိုင်နရီစနစ်က အေးဆေး အဆင်ပြေသွားတယ်။ ကဲ သုည ဖြစ်ဖြစ် တစ် ဖြစ်ဖြစ် ရွေးလိုက်တော့။ အသင့်အနေနဲ့ သိဖို့ ဟုတ် မဟုတ် ဆိုတာပဲ လိုတယ်။ သုညနဲ့တစ် သိရင် စာတတ်ပီ။ သို့သော်လည်းပဲပေါ့လေ တဲ့။ မက်ဆေ့က ဒီလောက် မရိုးပဲဆန်းလာရင်တော့ တဲ့။ နောက်ထပ် ကိန်းဂဏာန်းတွေ လိုလာပီပေါ့တဲ့။ သတင်းအချက်အလက်တွေကလည်း ဒိထက်မက ပါလာမယ်တဲ့။ စဉ်းစားလိုက်လေ သုညနဲ့ တစ် ထောင်ချီပီး ဘယ်လို သုံးကြမတုန်း။

ဟုတ်တယ် ဒီတော့ အဓိပ္ပါယ်သတ်မှတ်ချက်က မလုံလောက်တော့ဘူး ဒါကို ရှနွန်လည်း ကောင်းကောင်းသိပါတယ်။ အကယ်၍ yes နဲ့ no ဆိုတာပဲ ရှိတယ်ဆိုပါက အဖြေက ““ရက်စ်  ကိုယ်မင်းကို လက်ထပ်ပါ့မယ်။“ လို့ကြီးပဲ ဖြစ်နေရင် အဲသည် မှာ နည်းနည်းတော့ ဒုက္ခတွေ့ပီလေ။ အဖြေက ဒါကြီးပဲ အမြဲတန်းမှ မဟုတ်တာ။ သည်တော့ မေးခွန်းပေါ်မူတည်ပီး နောက်ထပ် အဖြေတွေ သုညတွေ တစ်တွေ လိုလာတယ်။ ဖြစ်လာတဲ့ သတင်းအချက်အလက်တွေက အများကြီး။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။

ဂျူနီယာဝင်း



Monday, December 14, 2020

ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ


ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၀

ကိုဗစ် နိုတင်း စကင်းဝေ့မှာ စတေးဟုမ်းကာလက အကြာရှည်ဆုံးပါ။ ခုထိလည်း စတေးဟုမ်း ပါပဲ။ စတေးဟုမ်းကာလကြာရှည် လာတာနဲ့အမျှ အတွေ့အကြုံတွေ လည်းစုံလာပါတယ်။ သည်တော့ ရေရှည်တိုက်ပွဲလား ကိုဗစ်နဲ့ အတူ နေထိုင်ခြင်းလား ဘာလား ကြိုက်ရာ ခေါင်းစဉ်တွေ တပ်ကြပါတယ်။ စတေးဟုမ်းကာလအတွင်းရလိုက်တဲ့ ကောင်းတာလေးတွေကိုပဲ အဓိက ထားဖော်ပြချင်ပါတယ်။

ကိုယ့်ကိ်ုယ်ကိုယ်အားကိုး

အရင်ဆုံး ပြောချင်တာ ကိုယ့်အားကိုယ်ကိုးခြင်းဖြစ်ပါတယ်။ အခုလိုကာလမှာ သူများဆီက အကူအညီ တောင်းတယ်ဆိုတာ ဒုက္ခ ပေးတာနဲ့အတူတူပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း သိပ်ပြီး  သူများအကူအညီ တောင်းဘို့ခဲယဉ်းတယ် လို့ထင်ပါတယ်။ သို့သော် အခုလို အခြေအနေမှာ နည်းနည်းလေးတောင် စိတ်က သူများကို ဒုက္ခမပေးမိအောင် ပိုပီး သတိထားဖြစ်လာပါတယ်။

မိမိကိုယ်ကိုယ်သာ အားကိုးရာ

ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး နေရမယ် ဆိုတဲ့ အသိစိတ်ကြောင့် အရင်တုန်းက နေနေတာ ဘယ်လိုနေထိုင်နေခဲ့တယ် ဆိုတာ သိပ်သတိမထားမိပေမယ့် အခုနေခါမှာ ပိုပီး စိုးရိမ်မူတွေ ဖြစ်လာပါတယ်။ ကျွန်းတစ်ကျွန်းမှာ တကိုယ်တည်း ရောက်နေတဲ့သူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတာပါ။ ကိုယ့်မိသားစုကိုယ်နဲ့အတူ ရှိနေတယ်။ ကျွန်းကလေးမှာ ။ ဒါဆို ဘာမှမလိုဘူးပေါ့။ သို့သော် စားဝတ်နေရေးက ရှိနေတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် စိုးရိမ်စိတ်ကြီးနဲ့ နေနေရမှာ။ ကြာရင် တဖြေးဖြေး အဲသည်စိတ်ကြောင့် စိတ္တဇ  ဝေဒနာဖြစ်လာတယ်။ ညအိပ်မပျော် တော့ဘူး။ ဒီဝေဒနာတွေ သက်သာအောင် အိမ်မူကိစ္စတွ ၊ ထမင်းဟင်းချက်ပြုတ်တာတွေ၊ အပင်စိုက်ပျိူးတာတွေ၊ စာရေးတာတွေ၊ အချူပ်အလုပ်တွေကို ရှာဖွေလုပ်ကိုင်ဖြစ်လာပါတော့တယ်။


အစားအသောက် မီးလိုတောက်

အရင်ကတော့ အပြင်စာ နည်းနည်းပါးပါး ထွက်စားဖြစ်ပေမယ့် အခုကာလမှာ ကိုယ့်ဘာသာချက်ပြုတ်စားသောက်ရင်း စကေးတွေ တက်လာတယ်ပေါ့။ ချက်တာပြုတ်တာ စိတ်မဝင်စားချင်လည်း စိတ်ဝင်စားလာရရုံမက ဈေးကဝယ်လာတဲ့ အသီးအပင်တွေထဲ အမြစ်ကလေးတွေ ပါလာရင်တောင် စိုက်ပျိူးချင်စိတ်တွေ ဖြစ်လာရပါတယ်။ ဥပမာ - ငရုတ်သီး ချဉ်ပေါင်ရွက် ခရမ်းချဉ်သီး အပ်မှိူ စသဖြင့်စသဖြင့်။ များများစားမှ အားရှိမယ် ဆိုတာ အခုကာလမှာ တကယ်လိုက်နာရတော့မှာပါ။ အားရှိတာ ပိုစားရမယ် ဆိုတာ ကို တကယ်ကျင့်သုံးလာရပါတယ်။ ကိ်ုယ့်ကိုယ်လည်း ချက်ပြုတ်တတ်လာအောင် သင်ယူနေရပါတယ်။ မချက်ဖူးတာတွေလည်း မေးမြန်းရပါတယ်။ ဘယ်ဟာကအားရှိလဲ ဘာလဲ စသဖြင့် လေ့လာနေရပါတယ်။

အွန်လိုင်းကို အားကိုး

နောက်ရလိုက်တဲ့အကျင့်ကတော့ ကိုယ်တိုင်ဈေးဝယ်တာမလုပ်တော့ပဲ အွန်လိုင်းကနေပဲ ဈေးဝယ်တတ်လာခြင်းပါ။ ဈေးခြင်းတောင်းဆွဲဈေးဝယ်ခြင်းကို အကိုဖြစ်သူက အားမပေးပါဘူး။ အဒေါ်တွေကလည်း မသွားနဲ့တော့တဲ့။ သည်တော့ အွန်လိုင်းကို အားကိုးလာရပါတယ်။ အွန်လိုင်းကို ရှေးရိုးသမားကိုယ်က သဘောမတွေ့ပေမယ့် အခုတော့ ဒီနည်းပဲ ရှိပါတော့တယ်။ အင်တာနက်ထဲ အဲသည် ဈေးထဲကပစ္စည်းတွေကို ရှာရတယ်။ စာရင်းလုပ်ရပါတယ်။ မှာရပါတယ်။ ပိုက်ဆံမကိုင်ချင်ရင် အွန်လိုင်းနဲ့ ရှင်းရပါတယ်။ သူတို့လာပို့တဲ့အချိန် စောင့်ရပါတယ်။ ခြံဝမှာ စားပွဲရှည်တစ်လုံးချထားရပါတယ်။ သူတို့လာပို့ရင် အဲသည်ပေါ်တင်ခိုင်းပီး ခန ထားရပါတယ်။ လာပို့တဲ့ ကောင်လေးတွေကို မာစ်တပ်ထားတဲ့ကြားကပဲ ကျေးဇူးတင်စကား ကမန်းကတန်းပြောရပါတယ်။ ကျေးဇူးတင်ပါတယ် တကယ်ပါ။ သူတို့လေးတွေ လည်းကျမ်းမာချမ်းသာကြပါစေ။ အခုလိုအခါမှာ သည်လို အလုပ်တွေ လုပ်ပေးကြတာ ကျေးဇူးတင်စရာကောင်းတယ် ။ ဒါဟာ စကင်းဝေ့က ပေးတဲ့ ဆားဗစ်တစ်ခုပါပဲ။


စစချင်းတော့ အွန်လိုင်းကို တခါမှာရင် အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံ စတာတွေကို လောဘတကြီးနဲ့ ပြုံပြီးမှာလိုက်တာဖြစ်လို့ ကိုယ့်မှာ အဲသည်အထုတ်တွေ ရှင်းလိုက်ရတာ ညမိုးချူပ်ပါရော။ လူလည်း ဖလက်ပြသွားတာပါပဲ။ နောက်ပိုင်းကျတော့ လိုအပ်တာတွေကို သေချာစာရင်းလုပ်ပီး ၁၀ ရက်စာ ဆိုပီး သတ်မှတ်ရပါတယ်။ ဒီတော့ ပစည်းတွေလာပို့တဲ့အခါကျ သိပ်မပင်ပန်းတော့ပါဘူး။ ဒီလိုနဲ့ပဲ အွန်လိုင်းဈေးဝယ်စနစ်ဟာ အတည်တကျလိုဖြစ်လာတယ်။ စတေးဟုမ်းကြာလေ အွန်လိုင်း နဲ့ဈေးဝယ်မှုစနစ် ရှည်လာလေဖြစ်လာပါတယ်။ ဒိတော့ အွန်လိုင်းက မက်ဆင်ဂျာတွေနဲ့ friend တွေဖြစ်လာတယ် ပစ္စည်းလာပို့တဲ့ ဝန်ထမ်းလေးတွေကိုလည်း ခင်မင်လာပါတယ်။ သူတို့ကိုလည်း မေတ္တာတွေပို့ဖြစ်တယ်ပေါ့။

အွန်လိုင်းကျေးဇူးနဲ့ပဲ ဆေးတွေ ဝယ်သောက်နိုင်တာဟာလည်း သည်ကာလမှာ ကျမ်းမာလာခြင်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူတွေဟာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ လိုအပ်တဲ့ဆေးဝါးများကို ချက်ချင်းဆိုသလို အွန်လိုင်းကနေ ဝယ်နိုင်လာတာ လူကြီးသူမများကို ဆေးဝါးမပြတ် သောက်သုံးဖို့ အခွင့်အရေးရလာတာတွေအတွက် ကျေးဇူးတင်မိပါတယ်။ ဒီကာလမှာ ကိုယ်တိုင် ထွက်ဆေးရှာဖို့ဆိုတာ မလွယ်ဘူးလေ။

ကုသိုလ်ရတဲ့ အကျင့်တစ်ခု

နောက်ထပ် အကျင့်တစ်ခုကတော့ ကိုယ့်ကျမ်းမာရေး ကိုယ်ဂရုစိုက်လာတာပါ။ ဒါ့အပြင် အတူနေ လူကြီးများကို လည်း ပိုပီး ဂရုစိုက်လာ ပါတယ်။ ကိ်ုယ်လည်း ကိုယ့်ဖခင်ကျမ်းမာရေးကို အရင်ကထက်ပိုပီး ဂရုစိုက်တယ်။ (ဖေဖေ နှာခေါင်းမနှိူက်နဲ့တို့ မျက်နှာမကိ်ုင်နဲ့တို့ လက်ဆေးရဲ့လားတို့ ဘာတို့ညာတို့ ပိုလာတာပေါ့။) အရင်တုန်းကဆို ညနေစာ သိပ်မစားရင် ဟင်းမကောင်းလို့ ထင်ပေမယ့် အခုနေခါတော့ ချက်ချင်းကို ကြက်ဥပြုတ်လေး ဟတ်ဖ်ဘွိုင်လေး လုပ်ပေးတယ်။ ညတိုင်း နွားနို့ဖြစ်ဖြစ် တစ်ခုခု အားရှိတာ တိုက်တာ ဂရုစိ်ုက်လုပ်ပေးတယ်။ ကိုယ်ခံအားကို နည်းနည်းမှလျော့လို့မဖြစ်ဖူးဆိုတာ အမြဲသတိထားရတယ်။ ပေးထားတဲ့အားဆေးများကိုလည်း သေချာသောက်ရဲ့လားလို့ အမြဲသတိထား ကြည့်ဖြစ်ပါတယ်။ ပြောရရင် နေမကောင်းမဖြစ်အောင် ပိုပီး အလေးထားလာတယ်။ ဖြစ်တတ်တဲ့ ရေချိူးမှားတာ အအေးမိတာကို သိပ်ကို ဂရုစိ်ုက်ရပါတယ်။ ကိုယ်တိုင်လည်း မကြာခန အအေးမိတတ်တာကြောင့် ပိုသတိထားရပါတယ်။ (ကြာပါပီလေ ညနေကို ရေမချိူးပဲနေလာတာ။ တနေ့ရေတခါပဲချိူးတော့တယ် ဘယ်လောက်အိုက်အိုက် ကြိတ်မှိတ်ပီးနေတယ်။)

သည်တော့ စကင်းဝေ့အတွင်းမှာ ကိုယ့်ကျမ်းမာရေးကို သာမက ကိုယ့်မိဘ ကျမ်းမာရေးကို ပိုတိုးပီး ဂရုစိ်ုက်လာတာတွေဟာ တကယ်ကောင်းတဲ့ အကျင့်ပါပဲ။


ကိုယ့်မကောင်းတဲ့အကျင့်များကိုပြင်

ကိုယ်လုံးဝမကြိုက်တဲ့ ကြက်ဥပြုတ်တောင် မျက်စိမှိတ်ပီး ရေ  နဲ့မျောချလာတာ ပထမဝေ့ကတည်းပါ။ မိခင်ဖြစ်သူက အားရှိပါတယ် စားပါကွယ် ဆိုတာကို မျက်နှာပုတ်ပီး ငြင်းခဲ့တဲ့ကိုယ်ဟာ အခုတော့ ကြက်ဥပြုတ်စားတိုင်း မျက်ရည်တောင်ကျပါတယ် ။ မကြိုက်မစား ဆိုတဲ့ ကိုယ့်အယူအဆတွေဟာ ကိုဗစ်ကြောင့် မာနတွေ မကြီးနိုင်တာ ကြာပါပီ။ ဒီဟာကဖြင့် လိုအပ်တယ် ကျမ်းမာရေးအတွက် စားရမယ် ဆိုရင် မကြိုက်လည်း ကျိတ်မှိတ်မြိုချ ရပါပီ။ 

ကိ်ုယ့်အတွက် နောက်ရလာတဲ့ ကောင်းတာတစ်ချက်ကတော့ ကိုယ့်မှာ မကြာခနဆိုသလို အပြင်စာတွေစားပီးတိုင်း အဆင်မသင့်ရင် အစာမကြေတာ အသီးအရွက် မလတ်တာတွေ စားမိရင် အစာအဆိပ် ဖြစ်တာမျူးိ ဖြစ်တတ်ပါတယ်။ အခုကျတော့ အိမ်မှာ ကိုယ့်ဘာသာချက်ပြုတ်တာ အစိမ်းတွေဆိုလည်း ဆားနဲ့ သေချာစိမ်ပီးမှ စားတာမျိူး တွေကြောင့် အဲသည် လို ဖြစ်တတ်တဲ့ ရင်ပြည့်တာ အန်တာတွေဘာတွေ လုံးဝကို မဖြစ်တော့တာပါ။ ဒါဟာလည်း အိမ်မှာချက်ပြုတ်စားသောက်ခြင်းရဲ့ ကောင်းကျိူးများ ဖြစ်ပါတယ်။ အပင်ပန်းခံရကျိူးနပ်တယ် လို့ဆိုရမှာပေါ့။

ချွေတာ

အွန်လိ်ုင်းကဝယ်လိုက်တဲ့ သားငါးများကို သေချာရေဆး သန့်စင် နယ်ဖတ်ပီးမှ ရေခဲသေတ္ထာ  ထဲထည့် ဟင်းသီးဟင်းရွက်များကိုလည်း အခြောက်ခံတာခံ ၊ တချိူ့ကိုတာ့ ရေဆေးပီး သေချာသိမ်းဆည်းတာတွေ ကိုလည်း စနစ်တကျ လုပ်ကိ်ုင်တတ်လာပါတယ်။ ဒါ့အပြင် ဆယ်ရက် ၂ပတ် စသဖြင့် ဝယ်ထားတာတွေကို ချွေတာ ချက်ပြုတ် တတ်လာပါတယ်။ ပြောရရင်တော့ ဒိအရင်တုန်းကထက်တောင် ဈေးဖိုး တဝက်လောက် သက်သာလာတာကို တွေ့လာရတယ်။ အံ့သြစရာပါ။ အပိုကုန်ကျမူမရှိတော့ပါဘူး။

စတေးဟုမ်းအချင်းချင်း အားပေးကြ

စတေးဟုမ်းတကယ်နေတဲ့သူတွေ ရှိကြတယ်ဆိုရင် သူတို့တွေနဲ့ ဆက်သွယ်စကားပြောရင်း အကြံဉာဏ်တွေ တောင်းရပါတယ်။ သူတို့က အပြင်ကို ကိစ္စမရှိပဲမထွက်၊ ကိုယ့်မိသားစုအရေး ကိုသာ ဦးစားပေးနေကြလို့ သူတို့နဲ့ စကားပြောရရင် အား တကယ်ရှိပါတယ်။ သူတို့တွေ ဘယ်လိုဈေးဝယ်ကြသလဲ ၊ ဘယ်လို ပစ္စည်းတွေ သိမ်းဆည်းကြသလဲ ၊ ဘယ်လို နေထိုင်ကြသလဲ စသဖြင့်။ ဈေး ဘယ်ဈေး သွားကြသလဲ။ ဈေးပစ္စည်း ဟင်းလျာတွေ ဘယ်လို လက်ခံသလဲ။ ပိုက်ဆံကို ဘယ်လို သိမ်းသလဲ။ ကိုင်သလဲ။ အပြင်ထွက်အလုပ်လုပ်နေ ကြတဲ့သူတွေရှိတယ်ဆိုရင် သူတို့နဲ့ဆက်သွယ်ပီး အခြေအနေ ထောက်လှမ်းရပါတယ်။ ဘယ်လို ဝတ်စားဆင်ယင်ပြီး ကာကွယ်ကြသလဲ။ အပြင်ကပြန်လာရင် ဘယ်လို နေထိုင်သလဲ။ ကိုယ်ကိုယ်တိုင် အပြင်ထွက်ရတဲ့အခါ သူတို့ပြောတဲ့ နည်းပညာအတိုင်း လိုက်လုပ်ပါတယ်။ လက်တွေ့ကျတဲ့ အကြံဉာဏ်များကို ရယူပါတယ်။

ရုံးအလုပ်တွေကို ဝေါ့ခ်ဖရွန်ဟုမ်းလုပ်နေတဲ့သူတွေနဲ့လည်း အဆက်အသွယ်လုပ်ပါတယ်။ သူတို့ အလုပ် ဘယ်လိုလုပ်သလဲ၊ ရုံးကို ဘယ်နရက်တစ်ခါ နှစ်ခါသွားရသလဲ၊  ရုံးကားလာကြိုသလား ၊ ကိုယ်သိချင်တာတွေ မေးမြန်းပီး ဘယ်လို နေထိုင်သွားလာပုံတွေကို မေးပါတယ်။ အပြင်ထွက် နေရတဲ့သူများ၊ မြို့ထဲသွားနေရတဲ့သူတွေရှိရင်လည်း မေးမြန်းပါတယ်။ တက်စီစီးသလား ၊ ဘာဝတ်ဆင်သွားသလဲ၊  ပြန်လာရင် ဘယ်လို အဝတ်အစားတွေ ဘယ်လို လျောဖွတ် ဆေးကျောသလဲ၊ ပါသွားတဲ့ ပစ္စည်းတွေ ဘယ်လို သိမ်းဆည်းသလဲ ၊ ဘာစားသလဲ ၊ ဘာဆေးသောက်သလဲ ၊ နေကောင်းရဲ့လား စသဖြင့်။

ဒီလိုနဲ့ စတေးဟုမ်းတွေအချင်းချင်း အားပေးမူတွေ ရယူရပါတယ်။ ဒါဟာ အားတက်စရာ အားရှိစရာ စကားတွေ ကြားကြရမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။


သတိနဲ့နေ

ဒီအချက်ကတော့ တကယ့်ကို ကောင်းတဲ့အချက်ပါ။ အစစအရာရာ သတိထားတတ်လာပါတယ်။ တစ်ခုခု ဖြစ်မှာ သိပ်ကြောက်လို့ သတိကို ထားပါတယ်။ ဟင်းချက်ရာမှာ မကြာခနဆိုသလို အပူလောင်တတ်တာ၊ လက်ဓါးရှတတ်တာ တွေကို ပိုပီး သတိထားမိတော့၊ အခု တော်တော်လေး သက်သာနေတယ်။ အဖြစ်နည်းလာတယ်။ အသွားအလာမှာဆို ခလုပ်တိုက်တတ်လွန်းလို့ သတိထားနေပါတယ်။ ခလုပ်တိုက် အနာတရဖြစ်မှာ ကျိူးမှာပဲ့မှာ သေလုအောင် ကြောက်ပါတယ်။ အဲယားကွန်းကို အိုက်လည်း ချွေးတွေနဲ့ နေနိုင်သလောက်နေပါတယ်။ အအေးမိဖျားမှာ ကြောက်တယ်။ နေမကောင်းမဖြစ်အောင် ပိုသတိနဲ့နေတတ်လာပါတယ်။ ပြောရရင် သတိ ဆိုတဲ့အရာကို တရားထိုင်ရင်းနဲ့သာ သတိကပ် လုပ်ရမယ်ထင်တာ အခုတော့ ၂၄ နာရီ သတိသတိနဲ့ကို ဖြစ်လာတာပါ။

ကောင်းတာတွေကိုသာ ဆက်လက် သယ်ဆောင်သွားတာပေါ့

သည်တော့ ကိုဗစ်စကင်းဝေ့အတွင်း သည်ကာလကို ကျော်ဖြတ်ရင်းနဲ့ပဲ ကိုယ့်ရဲ့ ရလာတဲ့ အကျင့်ကောင်းလေးတွေကို ဆက်လက် သယ်ယူသွားရပါတော့မယ်။ သည်လိုနဲ့ တနေ့ကျ ဂွတ်ဘိုင် ကိုဗစ် ... ဘယ်တော့မှ ငါတို့ ကမ္ဘာကြီးဆီကို ပြန်မလာနဲ့ တော့ ... ဆိုပီး ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာနဲ့ တာ့တာ ပြကြတာပေါ့လေ။

အားလုံးနေကောင်းကျမ်းမာ စွာဖြင့် ရောဂါကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။ မေတ္တာဖြင့်

ဂျူနီယာဝင်း

Friday, December 4, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 21

                                                (Claude Shannon)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 21

အတွေးအမြင် ၃၃၆ အောက်တိုဘာ ၂၀၂၀

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၀

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )


(အခု The Conjurer ဆိုတဲ့ ခေါင်းစဉ်အသေးလေးကိုဆက်ပါ့မယ်။ ခေါင်းစဉ်ရဲ့ မူရင်းအဓိပ္ပယ် ကတော့ မျက်လှည့်ဆရာပေါ့။ ဒီမှာတော့ Claude Shannon ကလောက်ဒ်ရှနွန်ကို ရည်ညွန်းပါတယ်။ သူက မျက်လှည့်ဆရာတော့ မဟုတ်ပါဘူး။ သူ့ကို တင်စားလိုက်တာပါ။ သူက လူတွေကို သူ့ပညာနဲ့ သူ့နည်းပညာနဲ့ မျက်လှည့်ပြသလိုက်သလိုပဲ လုပ်ပြသွား နိ်ုင်စွမ်းရှိပါတယ် လို့ဆိုလိုပါတယ်။

Claude Shannon (ကလောက် ရှနွန်) က ၁၉၄၈ခုနှစ်မှာ “A Mathmatical Theory of Communication’ (ဆက်သွယ်ရေးနှင့် ပတ်သက်သော သင်္ချာသီအိုရီ) စာတန်းတစ်စောင် ထုတ်ဝေပါတယ်။ သူ့လက်ဦးဆရာ ဖြစ်တဲ့ Bell Labs (ဘဲလ်စမ်းသပ်ခန်း) က သူ့အပေါ် ဒီအလုပ်အပ်လိုက်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲသည်ပေပါ က တော်တော်လေး လူသိများပါတယ်။ Robert Fano (ရောဘတ် ဖာနို) က အမ်အိုင်တီက သတင်းအချက်အလက်များဆိုင်ရာ အုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူက အဲသည်စာအုပ်ကို (စာတမ်းလား စာအုပ်လား ဘယ်လောက်ထူသလဲ သေချာမသိပါဘူး။ စာအုပ်လို့လည်း ပြောပါတယ်။ ပေပါ လို့လည်းဆိုထားပါတယ်။) တော်တော်လေး ချီးမွမ်းခန်းဖွင့်ခဲ့တယ်။

ဖာနိုကပြောတာတော့ ရှနွန် က အပျင်းထူပေမယ့် သူ့ပေပါကတော့ အကြံသစ်ဉာဏ်သစ်တွေ ထုတ်ထားပါတယ်တဲ့။ သီအိုရီတွေပါတယ် အတွက်ချက်တွေပါတယ်။ အတွေးသစ်တွေ ထည့်ထားပါတယ်တဲ့။ လူတွေက သူ့ကို ရှက်တတ်တယ်လို့ မြင်ကြပါသော်လည်းပဲ သူက ပွင့်လင်းတယ် လို့ သူ့ကို အမှတ်ပေးပါတယ်။ လူတွေနဲ့တော့သိပ်တရင်းတနှီးမနေပေမယ့် သူက ဂရုစိုက်တဲ့ပုံစံတော့ တွေ့ရပါတယ်။ ၁၉၈၇ ခုနှစ်ထုတ် Omni (အိုမ်နီ) မဂ္ဂဇင်းမှာ သူက အခုလို ပြောထားတယ်။

“ကျွန်တော်က သိချင် စပ်စုချင်စိတ်ရှိပါတယ်။ အရာဝတ္တုတွေက ဘယ်လိုအတူတူ ပေါင်းစည်းကြသလဲ ဆိုတာမျိူးပေါ့။ အခြေအနေတစ်ခုကို အစိုးရက ဘယ်လို ကိုင်တွယ်အုပ်ချူပ်မလဲ ဆိုတာမျိူး။ ဒါမှမဟုတ် လုပ်နိုင်တာဘာလဲ မလုပ်နိုင်တာ ဘာလဲဆိုတာကို ရှင်းချက် ထုတ်ပေးမယ့် သီအိုရမ်မျိူးပေါ့ ကျွန်တော် စိတ်ဝင်စားတယ်။ အဓိကကတော့ ကျွန်တော်ကိုယ်တိုင်က သိချင်နေတာပါပဲ။ အဖြေကို ကျွန်တော် ရှာတွေ့တဲ့အခါတိုင်း ဒါကိုချရေးဖို့ စိတ်ထဲနာကျင်ရတယ်။ ဒါကို ထုတ်ဝေဖို့လုပ်တိုင်း ကျွန်တော် ရင်နာရပါတယ်။ ဒါတော့ မတတ်နိုင်ဘူးပေါ့။” (သူက ရင်နာတယ် နာကျင်တယ် ဆိုတာ ဘာအဓိပ္ပယ်နဲ့ ပြောတာလဲတော့ ရှင်းမပြထားပါဘူး။ ဒါပေမယ့် သူက အနုပညာသမားဖြစ်ပုံရတယ်။ စိတ်ကူးယဉ်တယ်ဆိုတော့လေ။ ဒီတော့ သူ့ရင်ထဲက ထွက်လာတဲ့အရာတွေ အားလုံးက အနုပညာပစ္စည်း  တွေဆိုတော့ သူရင်းခဲ့ရတာတွေ များမှာပေါ့။ အနုပညာသည်အချင်းချင်းတော့ နားလည်မှာပါ။ ကိ်ုယ်လည်း ဒါကို နားလည်နေတယ်။)

အတိုချူပ်ပြောရရင် ရှနွန်အတွက် သင်္ချာဘာသာရပ်ဆိုတာ game (ဂိန်း) ထက်တော့ ပိုပါတယ်။ အပျော်ကစားတာမျိူးထက် ပိုပါတယ်။ သူ့သူငယ်ချင်းတွေက သူ့အကြောင်း သိကြပါတယ်။ သူက တကယ်ပဲ ကစားတာကို ပညာရှိရှိဆန်ဆန် နှစ်သက်တယ်ဆိုတာ။ သူ့ကို ရှက်တတ်တယ်ဆိုတာလေး ဖယ်လိုက်ပါတဲ့။ ရှာဖွေစူးစမ်းရတာ ဝါသနာပါတဲ့ ကောင်ကလေးတစ်ယောက် သို့မဟုတ် စိတ်ကူးရေယဉ်ကြောမှာ မျောပါနေပီး မျက်လှည့်အတတ်ပညာကို ကိုင်တွယ်ဖို့ ဝါသနာထုံတဲ့ လူကြီးတစ်ယောက် အဖြစ် မြင်ကြပါလိမ့်မယ်။

“ကလောက် (ရှနွန်ကို ပြောတာပါ) က ရယ်ရယ်မောမောနေတတ်တယ်။ သူ့ရင်ကိုလာထိတဲ့ အရာရာတိုင်းကို စိတ်ကူးယဉ်တယ်။ “ လို့ ၁၉၅၀ခုနှစ်တွေတုန်းက ဘဲလ်ဓာတ်ခွဲခန်းမှာ ရှနွန်နဲ့ အနီးကပ်လုပ်ခဲ့သူ သင်္ချာပညာရှင် David Slepian (ဒေးဗစ် စလီပီရန်) က ပြောပြတယ်။ သူက မျက်လှည့်ပညာရှင်တစ်ယောက်လို လူတွေကို လှည့်စားတတ်ပါသတဲ့။ သူက ဖဲချပ်တွေကစားရတာ နှစ်သက်တယ်။ ဖဲချပ်တွေ မှောက်ပီးလှန်၊ လူတွေကို မျက်လှည့်ပြတတ်တယ်။ သူက တနေကတော့ ဘောလုံးကို လက်နဲ့ မြှောက်လိုက် တောက်လိုက်လုပ်ပီး မြေပေါ်မကျအောင် ကစားရတဲ့ အတတ်ကို သူ့ဘာသာသူ လေ့ကျင့်တေယ်။ နောက်မကြာဘူး သင်္ချာသဘောတရားပါတဲ့သီအိုရီ ကို အဲသည် ဘောလုံးမြေပေါ်မကျအောင် ကစားတဲ့ ပညာနဲ့ ထုတ်ဖော်တယ်။

သူက လည်နေတဲ့ ဘောလုံးပေါ်ကို စီးတဲ့ အတတ်ကိုလည်း လေ့ကျင့်တယ်လို့ သူ့ဇနီး ဘက်တီက ပြောပြတယ်။ သူက ဘဲလ်ဓာတ်ခွဲခန်းကိုတောင် အဲသည် သူစီးတဲ့ဘောလုံး ခရစ်စမတ်လက်ဆောင် အဖြစ်ပေးလိုက်သေးတယ်။ ညဆို အဲသည် ဘောလုံးကို ဟန်ချက်ညီအောင် စီးတာဆိုရင် တော်တော် အကြမ်းခံပီးကစားတာလို့ ဆိုတယ်။ ပြီးတော့ THEROBAC (သာရိုဘက်) ဆိုတဲ့ ကိန်းဂဏာန်း ပေါင်းနှုတ်  မြောက်စား (ဂဏာန်းတွက်စက်) ကယ်ကူလေတာကို သူက ပုံစံဆွဲတယ်။ ရောမ သင်္ကေတတွေနဲ့ တဲ့။ အဲသည်မှာ သူသုံးတာက ဝင်ကဘာလမ်းထဲ ရွေ့လျားလို့ရတဲ့ စက်ပစ္စည်းသုံး မောက်စ် ပါတဲ့။ (မောက်စ်ကို အခုခေတ်လူတွေ သိပါတယ် ကွန်ပြူတာမှာ သုံးတဲ့ ကြွက်လို ခုံးခုံးလေးကို ပြောတာပါ။ မောက်စ်နဲ့ ကွန်ပြူတာမျက်နှာပြင်ပေါ် ကိုယ်လိုရာ  ရွှေ့ နိုင်တဲ့ စက်ပစ္စည်းလေး)

အဲသည်ခေတ်တုန်းက သိပ္ပံဝတ္ထုရေးဆရာကြီး Sir.ArthurC. Clark (ဆာ အာသာစီကလော့) က Universal Machine ဆိုပီး Voices Across the Sea ဝတ္ထုမှာ စက်ကရိယာတွေ နဲ့ ပတ်သက်လို့ စိတ်ကူးယဉ်ပီး အခုလို ပုံဖော်ပြထားတာ တွေ့ရတယ်။

“ဘယ်အရာမှ မရိုးရှင်းပါဘူး။ ဘာနဲ့တူလဲဆိုတော့ သစ်သားဘူးသေးသေးလေး တစ်ခုဆိုပါတော့။ စီးကရက်ဘူး အရွယ် လောက် မှာ တဖက်ကနေ တွန်းဖွင့်လို့ရတဲ့ အံလေးပဲပါတယ်။ တစ်ယောက်ယောက်က အပြင်ကနေ ဖွင့်တဲ့ ခလုပ်လေးကို ဖွင့်ချလိုက် တာနဲ့ ဝုန်းဆို အသံ တစ်ခု ထွက်လာတယ်။ ပုဇဉ်းတစ်ကောင်ရဲ့ အသံမျိူး။ အဖုံးက ဖြေးဖြေး လေးပွင့်လာတယ်။ ဟော လက်တစ်ဖက် အောက်ထဲက ထွက်လာပီး ခုနက ဖွင့်လိုက်တဲ့ ခလုပ်ကို ပိတ်ပီး ပြန်ဝင်သွားပါရော။ အဲသည် ဘူးလည်း ပြန်ပိတ်သွားတော့ ပုဇဉ်းလိုအသံလည်း ပျောက်သွားတယ်။ အစစအရာရာက ပြန်လည် ငြိမ်းချမ်းသွားပါလေရော။“

(ဒါကို စက်ပစ္စည်းလို့ခေါ်မယ်။ ရိုးရိုးသစ်သားဘူး မဟုတ်ဘူး။ ခလုပ်ပါတယ်။ နှိတ်လို့ရတယ်။ ခလုပ်ကိုနိတ်လို့ရတယ်။ ဘူးက ပွင့်သွားမယ်။ ဒါပေမယ့် ဘူးက သူ့ကို ပိတ်ထားတာ ပို လိုလားတယ်။ သူ့ဘာသာသူ ပြန်ပိတ်လိုက်တယ်။ ကလောက်ရဲ့ သာရိုဘက်စက်ကြီးက အဲသလိုပုံဖြစ်မယ်။ သိပ္ပံဝတ္ထုတွေထဲက ဘာမှန်းမသိတဲ့ စက်ခလုပ်တွေ စက်တွေမျိူး သူက တီထွင်ဆန်းသစ်တတ်တာကို ရည်ညွှန်းလိုပုံရပါတယ်။)

ကလောက်တီထွင်တဲ့ စက်ပစ္စည်းတွေဟာ ဆာအာသာစီကလော့ ရဲ့ ဝတ္ထုထဲက ခလုပ်တွေနဲ့ စက်တွေလိုပဲတဲ့။ လူတွေက သူ့စက်တွေကြည့်ပီး အံ့သြရ ပါတယ်တဲ့။ (ရှနွန် နဲ့ကလော့ အတူတူပါနော်။ လူတစ်ယောက်ထဲကို ပြောတာပါ။ စာရေးဆရာက သူရေးချင်သလိုရေးပါတယ်။)

ရှနွန်ရဲ့သင်္ချာသဘောတရားတွေကို ချီးကျူးပြောဆိုကြတာတွေ အများကြီးပဲ။ (အဲသည်ထဲက တစ်ခုကတော့) “ကလော့ (ရှနွန်) က တကယ်တော်တယ်။ သူက နက်နက်ရှိူင်းရှိူင်း လေ့လာတတ်တယ်။ သင်္ချာသီအိုရီ တွေကို တော်တော်များများသိထားပီး ပြသနာတစ်ခုတွေ့ရင် ချက်ချင်း ဖြေရှင်းဖို့ အသင့်ဖြစ်နေတယ်။ နယ်ပယ်တွေကိုလည်း လေ့လာထားတော့ ဘယ်နယ်ပယ်ကလဲဆိုတာ တန်းမြင်ပီး မှန်မှန်ကန်ကန် ရွေးချက်တတ်တယ်။ (သည်နေရာမှာ နယ်ပယ်ဆိုတာ သင်္ချာဘာသာမှာ သုံးတဲ့ field တွေကို ပြောတာပါ။ ) လျင်မြန်တယ် ဖြတ်ထိုးဉာဏ်ရှိတယ်။ သူလိုတာဘာလဲ အဲဒါကို တီထွင်လိုက်တာပဲ။ ပြသနာကို တပတ်ပတ်ပီး ပတ်ပတ်လည် ထပ်ခါ တလဲလဲ စဉ်းစားတယ်။ မထင်တာတွေ တွေးတတ်တယ်။ “ သူက အဖြေတစ်ခုထုတ်လိ်ုက်ရင် လူတိုင်း အံ့သြသင့်ကုန်တာပဲလို့ ဆိုတယ်။ ပြောရရင် သူထုတ်လိုက်တဲ့အဖြေက လူတိုင်းမျက်စိရှေ့မှာ တချိန်လုံး ရှိနေတာပဲ ။ လူတိုင်းက မမြင်တာ သူပဲ မြင်တတ်တယ် လို့ ဆိုရမလားပဲ။ (အော် ဒါလေးများလို့တော့ မပြောလိုက်နဲ့ပေါ့။ ကိုယ်ကျမမြင်ဘူးလေ သူကပဲ မြင်တတ်တာ။ ) 

ရှနွန်က ၁၉၃၈ခုနှစ်မှာ MIT (Massachusett Institute of Technology) အမ်အိုင်တီက မာစတာ ဒီဂရီအတွက် စာတမ်းကို လျှပ်စီးပတ်လမ်းတွေနဲ့ လောဂျစ်ကို ဆက်သွယ်ပြခဲ့တာမှာ လျှပ်စစ်အင်ဂျင်နီယာကမ္ဘာကိုတောင် တုန်သွားစေပါတယ်တဲ့။ နောက်ဆယ်စုနှစ်တွေမှာ ဆက်သွယ်ရေးဆိုင်ရာ သင်္ချာသီအိုရီ သဘောတရားဆီကို သူက ဘယ်လို ချည်းကပ်ခဲ့သလဲဆိုတာမှာ နောက်တော့ အချက်အလက်ဆိုင်ရာသီအိုရီအဖြစ် လူသိများလာပါတယ်။

ရှနွန်ရဲ့ အရင်ဆုံးစိတ်ဝင်စားတဲ့ဘာသာက ဆက်သွယ်ရေးလားဆိုတဲ့ အဖြေက တော်တော် ဖြေရခက်ပါတယ်။ ၁၉၃၇ ခုနှစ် လောက်ကို ပြန်သွားရင် အိမ်မှာ ကြေးနန်းလိုင်းတစ်ခုကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ ခြံစည်းရိုးဝါယာကြိုးတွေဆက်ပီး ဖန်တီးခဲ့ကြတာ ပြန်သတိရပါတယ်။ နယူးယောက်စီတီးက ဘဲလ် ဓာတ်ခွဲခန်းကို သူရောက်လာချိန်မှာ သူက မာစတာဒီဂရီ ပြုစုနေတုန်းပါ။ ၁၉၃၈ ခုနှစ် မှာ သင်္ချာ ဘာသာရပ်နဲ့ အမ်အိုင်တီမှာ ဒေါက်တာဘွဲ့အတွက် လှမ်းဖို့ ကူးချိန်မှာ သူက ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ စိတ်ကူးက တော်တော်လေး သူ့ကိုယ်ထဲ နစ်ဝင်နေပီဖြစ်ပါတယ်။ သူက ၁၉ ၃၉ ခုနှစ်ဖေဖော်ဝါရီလမှာ Vannevar Bush (ဗန်နာဗာဘွတ်ချ်) ဆီ ကို “Off and On” (အပိတ်နဲ့ အဖွင့်) ဆိုတဲ့ စာတမ်းတစ်ခု ပေးပို့ခဲ့တယ်။ တယ်လီဖုန်းဆက်သွယ်ရေး ရေဒီယိုလှိူင်း တီဗီရုပ်မြင်သံကြား ကြေးနန်းဆိုတာတွေကို ဘယ်လိုဆက်သွယ်တယ် ဆိုတဲ့သဘောတရား တွေကို သေချာ လေ့လာ နေတယ်လို့ သူကိ်ုယ်တိုင် ပြောဆိုခဲ့ပါတယ်။

ဂျူနီယာဝင်း