ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 24
ဂျူနီယာဝင်း
(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine ကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုုပ်ကုုိ စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လုုိ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပုုိင်းတော့ သူ့စာအုုပ်ထဲက ခေါင်းစဉ်တွေအတုုိင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုုပ်ထဲက ခေါင်းစဉ်တစ်ခုုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသုုိ့ ခြေလှမ်းများ ဆုုိတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖုုိ့ ဆုုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုုဆောင်းပါးများဟာ ကွန်ပြူတာဆုုိတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပုုိပီး လူတွေ သတိထားမိလာမယ် လိုု့ယူဆမိပါတယ်။ စာအုုပ်ထဲမှာ ကွန်ပြူတာ ဆုုိတဲ့ဝေါဟာရတစ်ခုု အသက်သွင်းဖုုိ့ကြိုးစားခဲ့တဲ့ လူပုုဂ္ဂိုလ်တွေ အများကြီးကိုု တွေ့ရပါတယ်။ တစ်ယောက်ဆီတုုိင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလုုိက်သောလည်း ဆောင်းပါးတစ်ခုုချင်းဆီဟာ သူတုုိ့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လိုု့ကောင်းတဲ့ စာအုုပ်တစ်အုုပ်ကိုု စာဖတ်သူများကိုု မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )
ရှနွန် (Claude Shannon) ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှ့ံစပ်လေ့လာသူ) ကို အတော်လေး ယုံကြည်မူရှိနေတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲံ အကြံညဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။
သတင်းအချက်အလက် (information) ဆိုတဲ့စကားလုံးနဲ့ အဓိပယ် (meaning) ဆိုတဲ့စကားလုံးနှစ်ခု ဟာဖြင့် သိပ်ကို ငြင်းခုန်စရာ အညင်းပွားစရာ အသုံးအနှူန်း ဖြစ်နေပါတယ်။ ဒါဆိုရင် ဗွန်နယူးမင်းက ဒီကိစ္စကို ဘယ်လိုများ အကြံညဏ်တွေ ပေးမှာလဲ။ ရှနွန် ကြားချင်တာကြားရမှာလား။ သူလိုချင်တဲ့အ ကြံညဏ်တွေ ရမလား။
အမယ်… ဗွန်နယူမင်းက ချက်ချင်းကို တုန့်ပြန်ပါသတဲ့။ ရှနွန်က အဲသည်အကြောင်းကို အခုလို ပြန်ပြောပြပါတယ်။
“ ဗွန်နယူမင်ပြောတာတော့ အရင်ဆုံး သချာင်္စကားလုံးတွေ သင်္ကေတတွေနဲ့ ညီမ ျှခြင်းတည်ဆောက်ရမယ်။ ပြီးရင် ရူပဗေဒဖော်မြူလာ ထုတ်ရမယ်။ အဲဒီ၂ချက်ကိုသူ ပြောတယ်။ “
ဒီနည်းနဲ့ မက်ဆေ့တွေကို သရုပ်ဖော်မယ်တဲ့။ သူဆက်ပြောတာက အဲသည် အတွက် အပူစီးဆင်းမူဆိုတဲ့ အဓိပယ် သတ်မှတ်ချက် တစ်ခုက ညီမ ျှခြင်းမှာ ပါဝင်ထားတဲ့ သချာင်္ ကိန်းထွေတွေ ကို သုံးမယ်တဲ့။ ရှနွန်ဟာ အဲသည် အဖြေအတွက် အံ့သြတုန်လှူပ်သွားပါတယ်။
နယူမင်းက “လူအများစုက ဒါဘာအဓိပယ်လဲဆိုတာကို အဲသည်လို လျောက် ပြောလိုက်ရင် နားမလည်ကြ မသိကြပါဘူး။ မင်းက အဲသည်အချက်ကို အဲလို လူတွေနဲ့ ညင်းခုန်တဲ့အခါ အဲသည်လို သူတို့နားမလည်တဲ့ စကားလုံးတွေ ထည့်ပြောလိုက်ရင် မင်း နိုင်မှာသေချာတယ်“ ။ အဲဒါ နယူမင်းက ပြောတာ ။
(ဟုတ်ပုံပါပဲ။ ဘာသာပြန်သူတောင် နားမလည်ဘူး။ နားမလည်တော့ နားလည်ချင်ယောင်ဆောင်နေရတယ်။ ဘာမှ ပြန်မခြေပနိုင်တော့ဘူး။ )
နောက်ဆုံးမှာတော့ ရှနွန်ဟာ သတင်းအချက်အလက် ဆိုတဲ့ အချက်ကို ဆွဲယူတယ်။ ဒီစကားလုံးက အင်ဂျင်နီယာတွေ အသုံးပြုနေကြတဲ့ စကားလုံးပါ။ ၁၉ ၄၆ ခုနှစ်လောက် က Bell Lab (ဘဲလ် ဓတ်ခွဲခန်း) က သုတေသနအဖွဲ့တွေက Binary digits (ဘို်င်နရီဒစ်ဂျစ်) (ဇီးရိုး 0 နဲ့ 1 ဝမ်း တွေပဲပါဝင်သော စနစ်) နဲ့ပတ်သက်လို့ စူးစမ်း ခဲ့ကြပါတယ်။ သူတို့က bitnit နဲ့ bigit ဆိုတဲ့ သေးငယ်တဲ့အမှားလေးတွေပါတဲ့ အုပ်စုတွေကို ထည့်သွင်းစဉ်းစားခဲ့ကြတယ်။ (ဆိုလိုတာက သူတို့ တွက်ချက် နေကြတဲ့ စနစ်မှာ တော်တော်လေးကို အမှားက နည်းတယ်။ သုညဒသမ ဘယ်လောက် ဆိုတဲ့ အမှားလေးလာက်ပဲ ရှိကြတယ်။ ဒါကို သူတို့က ဘစ်နစ် တို့ ဘစ်ဂျစ်တို့ဆိုပီး အုပ်စုတွေ ခွဲထည့်စဉ်းစားခဲ့ကြတဲ့သဘော ဖြစ်ပုံရပါတယ်။ သို့သော ်အဲသည် အမှားသေးသေးလေးတွေက တကယ် ကွန်ပြူတာစနစ်တစ်ခုကို ပုံဖော်တဲ့အခါ သိပ်ကို စကားပြောပါတယ်။)
နောက်တော့ John Turkey (ဂျွန်တာကီ) ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်က အခုလို ဝင်ပြောတယ်။ “အဲဒါတွေကို bit (ဘစ်) လို့ပဲ ခေါ်လို့ မဖြစ်ဘူးလား“တဲ့။ ရှနွန်က အဲသည် စကားလုံးအသစ်ကို တကယ်သဘောကျသွားတယ်။ သူ့ရဲ့၁၉၄၈ ပေပါမှာ အဲဒီ တာကီ့နံမယ်ကို credit (ခရဲဒစ် ) (အသိအမှတ်ပြု) ပေးခဲ့တယ်။ အဲသည်နှစ် က Oxford English Dictionary (အောက့်စ်ဖို့ အင်္ဂလိပ်အဘိဓါန်) မှာ bit ဆိုတဲ့စကားလုံး စတင် ထည့်သွင်းပါတယ်။ အဲသည်ကနေစလို့ ဘစ် ဆိုတဲ့စကားလုံး စသုံးလာတာပါ။
ရှနွန်ရဲ့ အရင်းနှီးဆုံးနောက် MIT(Massuchette Insittute of Technology) (အမ်အိုင်တီ မက်ဆက်ချူးဆက် စက်မူတကသိုလ်) မိတ်ဆွေကတော့ Jerry Wiesner (ဂျယ်ရီဝီစ်နာ) ဖြစ်ပါတယ်။ သူနဲ့က မီချီကန် တက္ကသို်မှာကတည်း က အတူတူ ခင်မင်ခဲ့ကြတဲ့သူငယ်ချင်းတဲ့။ ရှနွန်က ၁၉၄၆ နဲ့ ၁၉၄၇ ခုနှစ် ကာလတွေဆီက သူ့ရဲ့ သတင်းအချက်အလက် သီအိုရီအကြောင်းတွေ တခါတခါ ရင်ဖွင့် ပြောပြခဲ့ပါတယ်တဲ့။ ဟုတ်ပါတယ် အဲသည်လို ပြောပြဖြစ်ခဲ့တဲ့အထဲမှာ အမ်အိုင်တီ က Nobert Wiener (နိုဘတ်ဝီနာ) လည်းပါပါတယ်။
ဝီနာက ကြားရတဲ့အခါ သိပ်ပီးတော့ သဘောကျတဲ့ လက္ခဏာမပြဘူးတဲ့။ သူက အဲသည်လို စကားရှည်ရှည်တွေ ကြားရ နားထောင်ရတဲ့အခါတိုင်း သူ့ရဲ့ဟောက်သံကြီးနဲ့ စပီကာ ကို ထောပနာပြုတတ်သူ ဖြစ်ပါတယ်။ (သူ့အကြောင်းတွေ ရှေ့ပိုင်းတွေမှာ မှတ်မိရင် စဉ်းစားကြည့်ရင် ပေါ်လာမှာပါ) ပြောသူက သူ့စကားနိဂုံးချူပ်ခါနီးကျရင် သူက အိပ်ယာက ခုပဲ ထလာတဲ့ပုံစံနဲ့ “အဲဒါ ငါလုပ်ခဲ့တာကွ“ လို့အော်ပြောမယ်။ ပြီးရင် ရုတ်တရက်ကြီး “ငါ အဲဒါကို တနှစ်က လုပ်ခဲ့တာ“ လို့ ထ အော်မယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ် သူက သူ့အနေအထားအရ ဒါမျိူးကို ကိုင်တွယ်ခဲ့ဖူးတယ်ဆိုတာ ဟုတ်မှာ။
သူ့မှာ လုံလောက်တဲ့အချက်တွေလည်း ရှိပါတယ်။ ဥပမာ information theory “သတင်းအချက်အလက် သီအိုရီ“ ဆိုတဲ့စကားလုံးမျိူး သူ့ သမိုင်းမှာ ရှိခဲ့လိမ့်မယ်။ ဒါကိုသင်က သချာင်္ သဘောတရားတွေနဲ့ သူ့ကို စိန်ခေါ်ဦးမလား ရှနွန်တီထွင်ခဲ့တဲ့ ဆက်သွယ်ရေး အင်ဂျင်နီယာ တွေကိုင်နေတဲ့ ကရိယာတွေနဲ့ ကိုင်ပေါက်ဦးမလား ဝီနာက အဲဒါထက်တောင်ပိုပါသေးတယ်။ ဒါလောက်တော့ ရယ်တာပေါ့ ။ ဝီနာ ၁၉၂၀ ကတည်းက ဒါတွေနဲ့ ဒီလို နယ်ပယ်တွေနဲ့ ယဉ်ပါးနေတာ။ ၁၉၂၀ နဲ့၁၉၃၀ တွေမှာ သူကိုင်တွယ်ခဲ့တဲ့ အရာတွေဟာ အခု ရှနွန်ချပြနေတဲ့ သီအိုရီတွေ သတင်းအချက်အလက် သတ်မှတ်ချက်တွေဟာ ဝီနာ အတွက်တော့ ဆင်တူတွေ ဖြစ်နေတာပေါ့။
သည်တော့ အခု ဝီနာ ထပြောတာေွက ရှနွန်အတွက်တော့ စိတ်ပါလက်ပါကို လက်ခံလောက်တာ တွေပါပဲ။ ဥပမာ ၁၉၄၈ ခုနှစ် အောက်တိုဘာ သူ့ပေပါ အပိုင်း ၃ ကိုကြည့်လိုက်ရင် အဲဒါ ဟာ ဂျယ်ရီဝက်စ်နာရဲ့ အကြံပေးချက်အတိုင်း ဝီနာ့ အမည်ကို ဂုဏ်ပြုပီးရေးထားတာတွေလေ။ ဝီနာကလေညး် ကျေနပ်ပါတယ်။ ဝီနာ ကနောက်ကျတော့ အခုလို ရှနွန့်ကို ချီးကျူးတဲ့သဘောသက်ရောက်တဲ့စာမျိူး “အောင်မြင်မူပေါ် အောင်မြင်မူ ဆင့် သွားတဲ့သဘောပဲ“ လို့ ရေးသားခဲ့ပါတယ်။
၁၉ ၄ရခုနှစ် နွေဦးရာသီ အဝင်မှာ ဝီနာ က ပြင်သစ် နာစီ ဒေသမှာ တင်ခဲ့ရတဲ့ စည်းဝေးပွဲတစ်ခု နဲ့ ပတ်သက်လို့ ပျော်ရွှင်ဖွွယ် ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ပြောပြခဲ့ပါတယ်။ သူက အဲသည်မှာ New Science (သိပ္ပံပညာအသစ်) ဆိုတာကို ကြည့်ဖို့ စိတ်အားထက်သန်နေခဲ့တာ။
အမေရိကန်ပြည်ထောင်စုမှာလည်း အခြေအနေကောင်းခဲ့ပါတယ်။ ဝီနာ့ကျေးဇူးကြောင့်ပဲ ဂျယ်ရီ ဝီစ်နာ က လူလုပ်တဲ့ ဆက်သွယ်ရေးနှင့် တွက်ချက်မူ စနစ်ဆိုတာကို ကောင်းကောင်း ပြသနိုင်ခဲ့တယ်။ လူ့ဥနှောက်ဆိုင်ရာ စနစ်တွေကိုလည်း တိုးတက်လာစေနိုင်ခဲ့တယ်။ Research Laboratory Electronic (RLE) (လျပ်စစ် သုတသနဓါတ်ခွဲခန်း) ဆိုတဲ့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနတွေကို စုပေါင်းလုပ်ဆောင်နိုင်တဲ့ ဓတ်ခွဲခန်းတစ်ခုကို စစ်ပီးတဲ့နောက် တည်ထောင်နိုင်ခဲ့တယ်။ ဂျယ်ရီဝီစ်နာ က သူနဲ့သူ့အဖွဲ့ဟာ အဲသည် RLE အာအယ်အီး ကို ဆက်သွယ်ရေးဆိုင်ရာ အုပ်မြစ်တစ်ခုကို ချနိုင်ခဲ့တဲ့ နေရာတစ်ခုအဖြစ် အသိအမှတ်ပြုပေးခဲ့တယ်။
သူက “လူလုပ် ဆက်သွယ်ရေးနဲ့ တွက်ချက်မူဆိုင်ရာ စနစ်ကို လူလုပ်သိပ္ပံ ဆိုပီး အသွင်ပြောင်းနိုင်ဖို့ အဲဒီကနေ လူ့အနေအထိုင် မူဆို််င်ရာနဲ့ ဆက်သွယ်ရေး တွေကို မြှင့်တင်သွားမယ်“ လိို့ သူက ထုတ်ဖော်ပြောကြားခ့တယ်။
အဲသည် ဝီစ်နာ ကြွေးကျော်ခဲ့တဲ့ လူ့သိပ္ပံ ဆိုတာဟာ Mc Culloch (မက်ကူးလော့) မ တည်ခဲ့တဲ့ Macy Foundation (မာစီဖောင်ဒေးရှင်း) ကိုတောင် မျက်စိကျသွားစေခဲ့တယ်။ အဲသည်ကနေ ၁၉၄၆ မတ်၈ ရက်နဲ့ ၉ ရက်တွေမှာ နယူူးယောက်မှာ စည်းဝေးပွဲလေး ဖြစ်လာဖို့ ဦးတည်လာပါတယ်။ မက်ကူးလော့ ပစ် ဗွန်နယူမင် ဝီနာ တို့ဟာ ၆လ ကြာ သိပ္ပံပညာအသစ်ဆိုတာကို ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(ဒီနေရာမှာ ဖြတ်ပြောရရင်တော့ လူတော်တော်များမျာ ပါဝင်လာကြတယ်။ မကြားဖူးတဲ့ နံမယ်တွေ ပါလာတယ်။ အဲသည်ထဲ ကျူရင်း တစ်ယောက်သာ ရင်းနှီးးတဲ့ အမည် တွေ့လိုက်ပါတယ်။ ဆိုလိုတာကတော့ အဲသည် အုပ်စုထဲ သိပ္ပံပညာရှင်တွေရော၊ anthropologists (လူ့သဘာဝ ဆို်င်ရာ လေ့လာသော သိပ္ပံပညာရှင်တွေ) ပါလာတယ်။ သူတို့က “လူလုပ်သိပ္ပံ “ man made science ဆိုတာကို (သိပ္ပံပညာအသစ်) new science လို့ခေါ်လိုက်တယ်။ )
ပြင်သစ် စာအုပ် ထုတ်လုပ်ရေး Hermann Publication House က မက္ကစိကန်လူမျိူး သချာ်ပညာရှင် (မစ္စတာ ဖရီမင်) Monsier Freyman က Nobert Wiener (နိုဘတ်ဝီနာ) ပါမောက္ခဝီနာ နဲ့ ဆက်သွယ်ခဲ့ပီး သူ့ကို ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မူ ဆိုင်ရာ နဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်ရေး ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘက်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချူပ်ချူပ်ဖြစ်သွားပါတယ်။
သူဟာ ချက်ချင်းဆိုသလိုပဲ စာအုပ်ရေးဖို့ ပြင်ဆင်တယ်။ မက္ကစီကိုစီတီး အချိိန်အားဖြင့် ၁၉၄၇ နွေရာသီကာလ မှာဖြစ်ပါတယ်။ သူ့ရဲ့ရေးဖော် အကြံပေးဖော်က Arthuro Rosenbueth (အာကျူရို ရိုဆင်ဘက်) (နှလုံးနဲ့သက်ဆိုင်သော ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်မှ ဆရာတစ်ဥိး) ပါတဲ့။ သူ့စာအုပ်မှာ “သူဟာ ကျွန်တော့ရဲ့ သိပ္ပံနဲ့ ဆက်နွယ်နေသော ကာလရှည် အဖော်ကောင်း“ လို့သူက ပြောထားပါတယ်။
အဲဒီလိုနဲ့ ဝီနာတစေ်ယောက် သူအခု ရေးသားပြုစုနေတဲ့ စာအုပ်ရေးရင်းနဲ့ သိပ္ပံပညာအသစ် ဆိုတာကို ဘယ်လိုခေါ်ရမလဲ ဆိုတာ နောက်ဆုံး အြဖေတွေ့ပီ။