Thursday, June 2, 2022

Introducing Junior Win Channel

  ၈ျူနီယာ၀◌င်း ချယ်နယ်နဲ့ မိတ်ဆက်ပေးပါမယ်။

My Channel; အောက်က လင့််ကို နိတ်လိုက်ရင် ရောက်ပါမယ်။ 

https://www.youtube.com/channel/UCnl2irzuH8eA5gZxH6h13Ow


ရေးထားတဲ့စာအုပ်တွေက အ၈္လလိပ်လိုတွေမို့ အ၈်လိပ်လိုုပဲ ပြောပါတယ်။ 2022 ဖေဖော်၀◌ါရီ 

လောက်က နေ စခဲ့တာပေမယ့် အခုမှပဲ ဒီကနေ ကိုယ့်စာဖတ်သူတွေကို အသိပေးဖြစ်တာ ပါ။ 

နောက်လည်း ဆက်တင်ပေးသွားပါ့မယ်။ 


အောက်က ဒီဗီီဒီယိုက သိပ်မကြာခင်တုန်းက တင်ထားတာပါ။ A Memory of My Grandparents Part 2 

လို့ဆိုပါတော့။ ရှေ့က ဗီဒီယို မကြည့်ရသေး၇◌င် အဆင်ပြေသလို ကြည့်လို့ရပါတယ်။ 


4/My grandma Daw Khin Myo Chit and her short story 'The 13 Carat Diamond' 





အောက်က ဗီဒီယိုက A Memory of Grandparents' စာအုပ် နဲ့ပတ်သက်ပီး ဘဘကြီးနဲ့မေမေကြီးတို့အကြောင်း 

ပြောဖို့စိတ်ကူးရလာရာကနေ မေဒေးနေ့ မေမေကြီးဒေါ်ခင်မျိူးချစ် မွေးနေ့့အမှတ်တရဖြစ်သွားတယ်။

မေလတုနးက တင်ြဖစ်ခဲ့တာပါ။ 


3/A Memory of My Grandparents Special Video for May Day grandma's BD




Thingyan Pot သကြ္န်န်အိုးအကြောင်း တင်ဖြစ်ခဲ့တဲ့ ဗီဒီယိုပါ။
 ၂၀၂၂ သကြန်တုန်းက ရိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

2/Thingyan Pot


ဒီအောက်က ဗီဒီယိုက အရင်ဆုံး ရိုက်ဖြ်စခဲ့တာပါ။ 
Alice in Wonderland ဆိုတဲ့ Tarot deck လေးကို အကြောင်းပြုပီး ကိုယ့်ပရိသတ်နဲ့စမိတ်ဆက် ထားပါတယ်။
စာရေးဖို့ စိတ်ကူးဖြစ်မလာတော့လို့ အခုလိုစိတ်ကူး စရခဲ့တာဖြစ်ပါတယ်။ အခု ဗီဒီယ်ို ‌
နောက်ပိုင်းမှာ စာအုပ်တွေ အကြောင်း ပြောချင်လာတယ် ဘဘကြီးမေမေကြီးတို့ အကြောင်းတွေ 
ပြောချင်လာတာပါ။ ဒါက ဖေဖော်၀◌ါရီ လောက်က စရိုက်ခဲ့တာ ပါ။ 

1/Junior Win and Tarot Wonderland

Friday, November 19, 2021

(ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 25 ဂျူနီယာဝင်း

(ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 25 ဂျူနီယာဝင်း



                                                        (Dream Machine Cover)

2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine ကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုုပ်ကုုိ စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လုုိ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပုုိင်းတော့ သူ့စာအုုပ်ထဲက ခေါင်းစဉ်တွေအတုုိင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုုပ်ထဲက ခေါင်းစဉ်တစ်ခုုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသုုိ့ ခြေလှမ်းများ ဆုုိတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖုုိ့ ဆုုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုုဆောင်းပါးများဟာ ကွန်ပြူတာဆုုိတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပုုိပီး လူတွေ သတိထားမိလာမယ် လိုု့ယူဆမိပါတယ်။ စာအုုပ်ထဲမှာ ကွန်ပြူတာ ဆုုိတဲ့ဝေါဟာရတစ်ခုု အသက်သွင်းဖုုိ့ကြိုးစားခဲ့တဲ့ လူပုုဂ္ဂိုလ်တွေ အများကြီးကိုု တွေ့ရပါတယ်။ တစ်ယောက်ဆီတုုိင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလုုိက်သောလည်း ဆောင်းပါးတစ်ခုုချင်းဆီဟာ သူတုုိ့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လိုု့ကောင်းတဲ့ စာအုုပ်တစ်အုုပ်ကိုု စာဖတ်သူများကိုု မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ ) ပြင်သစ် စာအုပ် ထုတ်လုပ်ရေး Hermann Publication House မှ ထုတ်ဝေသူ တစ်ဦးဖြစ်သူ မက္ကစိကန်လူမျိူး သချာ်ပညာရှင် (မစ္စတာ ဖရီမင်) Monsier Freyman က Nobert Wiener ပါမောက္ခဝီနာ နဲ့ ဆက်သွယ်ခဲ့ပီး သူ့ကို ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မူ ဆိုင်ရာ နဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်ရေး ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘက်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချူပ်ချူပ်ဖြစ်သွားပါတယ်။ “ကိုကာလေး တစ်ခွက်နဲ့ စိတ်ပါလက်ပါ ပေါ့“ လို့ သူက အဲသည်တုန်းက အဖြစ်ကို ပြန်သတိတရပြောပါတယ်။ 1947 ခုနှစ် နွေရာသီကာလမှာ မက်စီကို မြို့ကလေး မှာ သူခပ်သွက်သွက်ပဲ စာရေးပါတယ်။ သူနဲ့အတူ အချိန်ကုန်ပေးခဲ့သူက Arturo Rosenblueth (အာတူရို ရိုဆန်ဘလက်ချ်) ဖြစ်ပါတယ်။ သူနဲ့ ကျမ်းမာရေး ဆေးပညာဆိုင်ရာ အမျိူးသားတက္ကသိုလ်မှာ အတူတူ စာတမ်းဖတ်ပွဲကျင်းပခဲ့ဖူးပါတယ်။ ဝီနာရဲ့စာထဲမှာလည်း အဲဒီလူအကြောင်းတွေ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ “သူက ကျွန်တော့်ရဲ့ အချိန်အတော်ကြာ အဖော်တစ်ယောက်ပါ“ လို့သူကပြေခဲ့ပါတယ် ဝီနာရဲလက်ထောက် Oliver Sellfidge (အောလီဗာ ဆဲလ်ဖရစ်) ကလည်းအဲသည် စာတမး်ဖတ်ပွဲကို Walter Pitts (ဝေါါ်လ်တာ ပစ်) နဲ့ ့အတူ တက်ခဲ့ကြပါတယ်။ ဝီနာက သူ ရှင်းပြခဲ့တဲ့ “ဆက်သွယ်ရေး“ ဆိုိတဲ့ စကားလုံးနဲ့ပတ်သက်လို့ အဆင်ပြေတဲ့စကားလုံးတစ်ခုကို ရှာဖွေဖနရင်းကနေ နောက်ဆုံးတော့ ဂရိစကားလုံးဖြစ်တဲ့ messenger (မက်ဆင်ဂျာ ) ဆိုတာကို ပထမဦးဆုံးစဉ်းစားမိသွားပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည် စကားလုံးက အင်္ဂလိပ်လို တိုက်ရိုက်အဓိပယ်ကျတော့ ‘a messenger from God’ “ဘုရားသခင်ဆီက မက်ဆင်ဂျာ“‘ဘုရားသခင်ဆီက စကားများ ဟောကြားချက်များကို သယ်ဆောင်လာပေးသူ’ ဆိုတာဖြစ်နေတယ်။ ဂရိစကားလုံး messenger (မက်ဆင်ဂျာ) က အင်္ဂလိပ်လို angelo= messenger from God ဖြစ်ပါတယ်။ သူ့ရဲ့ New Science (သိပ္ပံပညာအသစ်) အတွက်ကျတော့ သူလိုချင်တာ အဲဒီအဓိပယ် မဟုတ်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ဝီနာ ကသူဘာလိုချင်တာလဲ ဆိုတာကို သေချာ အာရုံစိုက်ပီး စဉ်းစားဆုံးဖြတ်တယ်။ လက်တင်စကားလုံး steerman “စတီယာရင်မင်း” ဆိုတာကျတော့ gubernator ဆိုတာဟာ governor အုပ်ချူပ်သူ ချူပ်ကိုင်သောသူ ဆိုတဲ့ သဘောပါတယ်။ အင်ဂျင်၏ အလျင်နှူန်းကို ထိန်းချူပ်သော ပစ္စည်း ကိုဆိုလိုချင်တာ ဆိုတော့ နည်းနည်း နီးစပ်လာတယ်။ တဖန် လူက ထိမ်းချူပ်တာ စတီယာရင်မင်း ဆိုပြန်တော့ လူက ချူပ်ကို်င်တယ်ဆိုတဲ့ သဘောတရားက ဝင်လာပြန်တယ်။ ဒါပေမယ့် အဲဒီ လက်တင်စကားလုံး က ဂရိ အဓိပယ်နဲ့ကျပြန်တော့ steersman စတီယာရင်မင်း ဖြစ်နေပြန်တယ်။ ဆိုလိုတာက အဲဒီထဲက မလွတ်ဖူးဖြစ်နေတာ။ ဒါါနဲ့ ဝီနာ က အဲဒါကို အခုလို စဥင်္းစားလိုက်တော့ စတီယာရင်မင်းက ဂရိစကားလုံး စာလုံးပေါင်းအားဖြင့် kybernetes (ကိုင်ဘာနက်တစ်) ဖြစ်နေတဲ့အတွက် အင်္ဂလိပ်လို အနီးစပ်ဆုံး cybernetics ( ဆိုက်ဘာနက်တစ် )ဆိုပီး ခပ်မိုက်မိုက်လေး ခေါ်လိုက်ပါတယ်။ ဆဲလ်ဖရစ်နဲ့ ပစ်က အဲသည် ဆို်က်ဘာနက်တစ် ဆိုတာကို သဘောတူတယ်။ တကယ့်ကို နယူးဆိုင်းရင့် သိပ္ပံပညာအသစ် အတွက ်တကယ့်ကို အကောင်းဆုံးအမည်ပဲ တဲ့။ ဝီနာ ဟာ အဲသည် အကြောင်းတွေကို မပြီးနိုင် တဲ့ အမည်ဆက်တွေနဲ့ ရေး မှတ်ပီး သူ့စာကို ဆက်ရေးပါတယ်။ cyberspace(ဆိုက်ဘာစပေ့စ်) cybercash (ဆိုက်ဘာခရက်ချ်) cyberpunk (ဆိုက်ဘာပန့်ခ်) cybersex (ဆိုက်ဘာဆက်စ် ) (အခုခေတ်မှီသော စကားလုံး cyberattack (ဆိုက်ဘာတိုက်ခိုက်မူ) ဆိုတာ အဲသည်ကနေ ဆင်းသက်လာတာပေါ့ ) ဒီလိုနဲ့ ခေျရးနေလိုက်တာ မပီးဆုံးနိုင်တော့ဘူးတဲ့။ cybernetic ဆိုုက်ဘာနက်တစ် ဆိုတဲ့စာအုပ်ပိုင်းဆိုင်ရာတွေဟာ ရေးရတာ သိပ်တော့မလွယ်ဘူးလို့ ဆဲလ်ဖရစ် ကပြောတယ် ။ သူက ဝီနာတစ်ယောက် ထပ်ခါတလဲလဲ ပြင်လိုက် ဘာလိုက်နဲ့ ကြိုးစားနေရတာ ကို နဘေးကနေ မြင်နေရတဲ့သူကိုး။ ဝီနာ ကအစပိုင်းတုန်းကတော့ သူ့စာအုပ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ အတွက် အဓိက ရည်ရွယ်ပီး ရေးသားဖို့ စိတ်ကူးခဲ့တယ်။ သူက အဲဒီထဲမှာ “ကျွန်တော်နဲ့ ရှနွန် တို့ တီထွင်ခဲ့တဲ့အရာ“ ဆိုတဲ့ အချက်အလက်အသစ်တစ်ခုကို သချာင်္သဘာတရားနဲ့ တင်ပြထားတယ်။ သူက လေယာဉ်ပျံ ပစ်ခတ်မူဆိုင်ရာ ထိမ်းချူပ်ရေး စနစ်နဲ့ပတ်သက်တဲ့ သီအိုရီတစ်ခုကိုလည်း ချပြထားတယ်။ နောက်ပိုင်းမှာ သူက စစ်ပြီးတဲ့နောက်ပိုင်း သူ့စာအုပ်ကို ပြန်ပီး စုပေါင်းထုတ်ဖြစ်ခဲ့တယ်။ ဘာလို့ဆို အခုဟာက သူ့အတွက် ပထမအတွေ့အကြုံဖြစ်နေတယ်။ ဝီနာက စစ်အတွင်းတုနး်က ရခဲ့တဲ့ အတွေ့အကြုံတွေကို အခွင့်အရေးရတုန်း လူတွေရှေ့ ပြရမှာကိုး။ သူက သူ့ရဲ့ရဲဘက်တစ်ဦးဖြစ်သူ ရူပဗေဒပညာရှင် Arturo Rosenblueth (အာကျူရို ရိုဆက်ဘလက်) နဲ့ ့တုန်းက အတူလုပ်ခဲ့တာတွေ တွက်ချက်ခဲ့တာတွေကို အဲဒါတွေ ပြန်ပီး ထည့်ရေးခဲ့ပါတယ်။ ဝီနာ ရေးနေရင်းနဲ့ကို ထည့်စရာတွေ နဲ့ ပေရှည်နေတာ။ စက်ကြီးအတွက်ကလည်း နည်းပညာအသစ်ကလည်း သူ့ဟာနဲ့သူ ရှိနေသေးတယ်။ ကမ္ဘာကိုလည်း ချပြရဦးမယ်။ ဒိတော့ လူတွေအတွက်ကလည်း အသိပေးတန်တာ ပေးချင်တယ်။ “ပြောရရင်တော့ အခု လုပ်နေတဲ့ တီထွင်မူအသစ်ဟာ ကောင်းတာအတွက်ရော ဆိုးတာအတွက်ရော အဆုံးအစမဲ့ ဖြစ်နိုင်တတွေ အများကြီးပါပဲလေ။ “ အဲသည် ဖြစ်နိုင်တာတွေ အများကြီးရယ် ဆိုတာက ၁၉၄၇ ခုနှစ် မှာ ဝီနာ့ စိတ်ထဲမှာ ရှိနေခဲ့တာပါ။ စစ်အတွင်းမှာ တကယ်ပဲမှန်ပါတယ်။ သူဟာ စစ်သုတေသနပိုင်းဆိုင်ရာတွေမှာ သူ့ဘဝကို ပုံအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းပေါ့လေ Hiroshima (ဟီရိုရှီးမား) နဲ့ Nagasaki (နာဂါဆာကိ) စစ်ရေးကိစ္စတွေဟာ သူ့ကို ခြောက်ခြားသွားစေတယ်။ (အနုမြူဗုံး ကိစ္စများ သမိုင်းထဲက အနိဌာရုံတွေကို ပြောတာပါ) သူ အခု သုတေသနတွေ လုပ်နေတဲ့ သိပ္ပံနဲ့ နည်းပညာ တွေဟာ အဲသည်လို မဟုတ်တာတွေ သတ်ဖြတ်မူတွေ အတွက် များ ဦးတည်သွားပီလားရယ်လို့ သူ့စိတ်တွေ တကယ် ခြောက်ခြားတုန်လှူပ်ခဲ့ပါတယ်။ (ဘာသာပြန်သူအနေနဲ့ သမိုင်းလေးကို နည်းနည်း ဟ ပြချင်ပါတယ်။ အမေရိကန်က ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နဲ့ ၉ ရက်တွေမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီ ကို အဏုမြူဗုံးကြဲခဲ့ပါတယ်။ ထိုဗုံး ၂လုံးက လူပေါင်း ၁သိန်း၂သောင်း၉ ထောင်နဲ့ ၂သိန်း၂သောင်း ၆ထောင်ကြား သေကြေပျက်ဆီးခဲ့ပါတယ်။ အရပ်သားအများဆုံးဖြစ်ပါတယ်။ ဒါဟာစစ်လက်နက် ်််််််ဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်ပါတယ်။) ၁၉၄၅ ခုနှစ်မှာ သတင်းနဲ့ပြည်ကြားရေး နော်ဝေ ကနေ သိပ္ပွပညာရှင် Einstein (အိုင်စတိုင်း) ဆီကို စာရေးတယ်။ “ဝီနာ ဟာ သည်လို မဖြစ်သင့် တဲ့ သတ်ဖြတ်မူတွေကို လုံးဝကို တုန်လှူပ်ပါတယ်။ နာဂါဆာကိ က သတ်ဖြတ်မူကို ကန့်ကွက်ပါတယ် သိပ္ပံပညာဆို်င်ရာ သည်လိုကိစ္စနဲ့ ပတ်သက်တဲ့ စီးဝေးပွဲကိုလည်း ကန့်ကွက်တယ်“ ။ (Albert Einstein အဲလ်ဘတ်အိုင်စတိုင်းဆိုတာ အများသိကြတဲ့ နံမယ်ကျော် ရူပဗေဒပညာရှင်ဖြစ်ပါတယ်။ အဏုမြူဗုံးထုတ်လုပ်တဲ့ သီအိုရီအစဟာ သူတီထွင်ခဲ့တဲ့ E=mc2(အီးညီမ ျှခြင်း အမ် စီ စကွဲ ဖြစ်ပါတယ်။ နောက်က 2 က c အပေါ်က ၂ထပ်ပါ။) ကဖြစ်တာကြောင့် အိုင်စတို်င်းလည်း တော်တော်လေး စိတ်မချမ်းမသာဖြစ်ခဲ့တယ် လို့ သူ့အကြောင်းတွေ ထဲမှာ ပါဖူးဖတ်ဖူးပါတယ်။) ဝီနာဟာ MIT (Massachusette Institute of TEchnology) (အမ်အိုင်တီ)(မက်ဆက်ချူးဆက် စက်မူတက္ကသိုလ်) က ရုံးကို ရောက်လာတယ်။ သူက အခုလို ကွန်မင့်ပေးတယ်။ “စစ်တိုက်ခြင်း စစ်မူရေးရာ စစ်ပွဲ စတဲ့ စိတ်ဓါတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဝမ်းနညး်စရာ အဖြစ်“။ သူဟာ သူအခုလက်ရှိလုပ်နေတဲ့ အလုပ်ဟာ သည်လို စိတ်မကောင်းစရာ အဆုံးသတ်ရတယ်လို့ မြင်တယ်။ အမ်အိုင်တီက ဥက္ကထ Karl Compton (ကားလ်ကွန်တွန်) ဆီကို ရေးထားတဲ့ ထွက်စာ ဟာ သူ့လက်ထဲမှာ မျောနေတယ် ။ (ဆိုလိုတာက ရေးပီး မပေးရသေးတာ။) “ကျွန်တော်ဟာ သိပ္ပံဆို်င်ရာ အလုပ်ကနေ လုံးဝဥသုံ ထွက်ပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်ကို သန့်ရှင်းတယ်လို့ မထင်တဲ့ အလုပ်အဖြစ် ကျွန်တော်မြင်မိပါတယ်။“ ဝီနာရဲ့ သည်ကိစ္စအပါ် ရုတ်တရက် ဖြစ်လာတဲ့ စိတ်နဲ့ ရေးလိုက်တဲ့ အဲသည် ထွက်စာ ဟာ ပြန်ရုတ်သိမ်းဖို့ ဖြစ်လာတယ်။ ဆိုလိုတာက မျောနေရာကနေ အဲသည်စာ မပို့ဖြစ်ပါဘူး။ သူ့စိတ်က သူ့ရဲ့အလုပ်လုပ်ချင်တဲ့ ဘက်ကိုပြန်လည်သွားတယ်။ ၁၉၄၅ ဆောင်းရာသီမှာတော့ တကယ့်ကို အချိန်ကောင်းကို ရောက်လာပါတော့တယ်။ “ကျွန်တော့ရဲ့ အလုပ်တွေ နောက်လုပ်မယ့်အလုပ်တွေဟာ တာဝန်မယူတတ်တဲ့ စစ်တပ်လက်ထဲကို ရောက်ပီး ပျက်စီးသွားမယ်ဆိုရင် ထုတ်ဝေသွားမှာ မဟုတ်ပါဘူး။“ လို့သူက Atalantic Monthly Magazine အတလန်တိတ် လစဉ် မဂဇင်း နဲ့ Bulletin of the Atomic Scientists အဏုမြူဆိုင်ရာ သိပ္ပံပညာရှင် ဆို်င်ရာ သတင်းများ စာစောင်တွေ ထဲမှာ A Scientist Rebels (သိပ္ပံပညာရှင်များ ရင်ဆိုင်နေရသော ပြသနာများ) ဆိုတဲ့ အခန်းဂဏမှာ ထင်ပါရဲ့ ဆက်တိုက်ဆိုသလို သူ့ကြေငြာချက်ကို ထည့်သွင်းဖော်ပြခဲ့တယ်။ “ကျွန်တော်တို့ရဲ့ လူအဖွဲ့အစညး်မှာ လက်နက်အဖြစ်သွပ်သွင်းခံလိုက်ရတာကို သေချာပေါက် တားဆီးရမယ်။ ယခုလက်ရှိမှာတော့ ကျွန်တော်တို့ရဲ့နည်းပညာဟာ လက်နက်လို အသုံးချခံရတာကတော့ သေချာနေတယ်။“ ဂျူနီယာဝင်း


ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 24 ဂျူနီယာဝင်း

ကွန်ပြူတာနည်းပညာတော်လှန်ရေးသုုုုိ့ ခြေလှမ်းများ 24


ဂျူနီယာဝင်း



(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine ကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့ လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုုပ်ကုုိ စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လုုိ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပုုိင်းတော့ သူ့စာအုုပ်ထဲက ခေါင်းစဉ်တွေအတုုိင်း  ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုုပ်ထဲက ခေါင်းစဉ်တစ်ခုုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသုုိ့ ခြေလှမ်းများ ဆုုိတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖုုိ့ ဆုုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုုဆောင်းပါးများဟာ ကွန်ပြူတာဆုုိတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပုုိပီး လူတွေ သတိထားမိလာမယ် လိုု့ယူဆမိပါတယ်။ စာအုုပ်ထဲမှာ ကွန်ပြူတာ ဆုုိတဲ့ဝေါဟာရတစ်ခုု အသက်သွင်းဖုုိ့ကြိုးစားခဲ့တဲ့ လူပုုဂ္ဂိုလ်တွေ အများကြီးကိုု တွေ့ရပါတယ်။ တစ်ယောက်ဆီတုုိင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလုုိက်သောလည်း ဆောင်းပါးတစ်ခုုချင်းဆီဟာ သူတုုိ့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လိုု့ကောင်းတဲ့ စာအုုပ်တစ်အုုပ်ကိုု စာဖတ်သူများကိုု မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )



ရှနွန် (Claude Shannon) ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှ့ံစပ်လေ့လာသူ)  ကို အတော်လေး ယုံကြည်မူရှိနေတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲံ အကြံညဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။



သတင်းအချက်အလက် (information) ဆိုတဲ့စကားလုံးနဲ့ အဓိပယ် (meaning) ဆိုတဲ့စကားလုံးနှစ်ခု ဟာဖြင့် သိပ်ကို ငြင်းခုန်စရာ အညင်းပွားစရာ အသုံးအနှူန်း ဖြစ်နေပါတယ်။ ဒါဆိုရင် ဗွန်နယူးမင်းက ဒီကိစ္စကို ဘယ်လိုများ အကြံညဏ်တွေ ပေးမှာလဲ။ ရှနွန် ကြားချင်တာကြားရမှာလား။ သူလိုချင်တဲ့အ ကြံညဏ်တွေ ရမလား။



အမယ်… ဗွန်နယူမင်းက ချက်ချင်းကို တုန့်ပြန်ပါသတဲ့။ ရှနွန်က အဲသည်အကြောင်းကို အခုလို ပြန်ပြောပြပါတယ်။ 



“ ဗွန်နယူမင်ပြောတာတော့ အရင်ဆုံး သချာင်္စကားလုံးတွေ သင်္ကေတတွေနဲ့ ညီမ ျှခြင်းတည်ဆောက်ရမယ်။ ပြီးရင် ရူပဗေဒဖော်မြူလာ ထုတ်ရမယ်။ အဲဒီ၂ချက်ကိုသူ ပြောတယ်။ “



ဒီနည်းနဲ့ မက်ဆေ့တွေကို သရုပ်ဖော်မယ်တဲ့။ သူဆက်ပြောတာက အဲသည် အတွက် အပူစီးဆင်းမူဆိုတဲ့ အဓိပယ် သတ်မှတ်ချက် တစ်ခုက ညီမ ျှခြင်းမှာ ပါဝင်ထားတဲ့ သချာင်္ ကိန်းထွေတွေ ကို သုံးမယ်တဲ့။ ရှနွန်ဟာ အဲသည် အဖြေအတွက် အံ့သြတုန်လှူပ်သွားပါတယ်။ 



နယူမင်းက “လူအများစုက ဒါဘာအဓိပယ်လဲဆိုတာကို အဲသည်လို လျောက် ပြောလိုက်ရင် နားမလည်ကြ မသိကြပါဘူး။ မင်းက အဲသည်အချက်ကို အဲလို လူတွေနဲ့ ညင်းခုန်တဲ့အခါ အဲသည်လို သူတို့နားမလည်တဲ့ စကားလုံးတွေ ထည့်ပြောလိုက်ရင် မင်း နိုင်မှာသေချာတယ်“ ။ အဲဒါ နယူမင်းက ပြောတာ ။ 



(ဟုတ်ပုံပါပဲ။ ဘာသာပြန်သူတောင် နားမလည်ဘူး။ နားမလည်တော့ နားလည်ချင်ယောင်ဆောင်နေရတယ်။ ဘာမှ ပြန်မခြေပနိုင်တော့ဘူး။ )



နောက်ဆုံးမှာတော့ ရှနွန်ဟာ သတင်းအချက်အလက် ဆိုတဲ့ အချက်ကို ဆွဲယူတယ်။ ဒီစကားလုံးက အင်ဂျင်နီယာတွေ အသုံးပြုနေကြတဲ့ စကားလုံးပါ။ ၁၉ ၄၆ ခုနှစ်လောက် က Bell Lab (ဘဲလ် ဓတ်ခွဲခန်း) က သုတေသနအဖွဲ့တွေက Binary digits (ဘို်င်နရီဒစ်ဂျစ်) (ဇီးရိုး 0 နဲ့ 1 ဝမ်း တွေပဲပါဝင်သော စနစ်) နဲ့ပတ်သက်လို့ စူးစမ်း ခဲ့ကြပါတယ်။ သူတို့က bitnit နဲ့ bigit ဆိုတဲ့ သေးငယ်တဲ့အမှားလေးတွေပါတဲ့ အုပ်စုတွေကို ထည့်သွင်းစဉ်းစားခဲ့ကြတယ်။ (ဆိုလိုတာက သူတို့ တွက်ချက် နေကြတဲ့ စနစ်မှာ တော်တော်လေးကို အမှားက နည်းတယ်။ သုညဒသမ ဘယ်လောက် ဆိုတဲ့ အမှားလေးလာက်ပဲ ရှိကြတယ်။ ဒါကို သူတို့က ဘစ်နစ် တို့ ဘစ်ဂျစ်တို့ဆိုပီး အုပ်စုတွေ ခွဲထည့်စဉ်းစားခဲ့ကြတဲ့သဘော ဖြစ်ပုံရပါတယ်။ သို့သော ်အဲသည် အမှားသေးသေးလေးတွေက တကယ် ကွန်ပြူတာစနစ်တစ်ခုကို ပုံဖော်တဲ့အခါ သိပ်ကို စကားပြောပါတယ်။)



နောက်တော့ John Turkey (ဂျွန်တာကီ) ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်က အခုလို ဝင်ပြောတယ်။ “အဲဒါတွေကို bit (ဘစ်) လို့ပဲ ခေါ်လို့ မဖြစ်ဘူးလား“တဲ့။ ရှနွန်က အဲသည် စကားလုံးအသစ်ကို တကယ်သဘောကျသွားတယ်။ သူ့ရဲ့၁၉၄၈ ပေပါမှာ အဲဒီ တာကီ့နံမယ်ကို credit (ခရဲဒစ် ) (အသိအမှတ်ပြု) ပေးခဲ့တယ်။ အဲသည်နှစ် က Oxford English Dictionary (အောက့်စ်ဖို့ အင်္ဂလိပ်အဘိဓါန်) မှာ   bit ဆိုတဲ့စကားလုံး စတင် ထည့်သွင်းပါတယ်။ အဲသည်ကနေစလို့ ဘစ် ဆိုတဲ့စကားလုံး စသုံးလာတာပါ။



ရှနွန်ရဲ့ အရင်းနှီးဆုံးနောက် MIT(Massuchette Insittute of Technology) (အမ်အိုင်တီ မက်ဆက်ချူးဆက် စက်မူတကသိုလ်) မိတ်ဆွေကတော့ Jerry Wiesner (ဂျယ်ရီဝီစ်နာ) ဖြစ်ပါတယ်။ သူနဲ့က မီချီကန် တက္ကသို်မှာကတည်း က အတူတူ ခင်မင်ခဲ့ကြတဲ့သူငယ်ချင်းတဲ့။ ရှနွန်က ၁၉၄၆ နဲ့ ၁၉၄၇ ခုနှစ် ကာလတွေဆီက သူ့ရဲ့ သတင်းအချက်အလက် သီအိုရီအကြောင်းတွေ တခါတခါ ရင်ဖွင့် ပြောပြခဲ့ပါတယ်တဲ့။ ဟုတ်ပါတယ် အဲသည်လို ပြောပြဖြစ်ခဲ့တဲ့အထဲမှာ အမ်အိုင်တီ က Nobert Wiener (နိုဘတ်ဝီနာ) လည်းပါပါတယ်။



ဝီနာက ကြားရတဲ့အခါ သိပ်ပီးတော့ သဘောကျတဲ့ လက္ခဏာမပြဘူးတဲ့။ သူက အဲသည်လို စကားရှည်ရှည်တွေ ကြားရ နားထောင်ရတဲ့အခါတိုင်း သူ့ရဲ့ဟောက်သံကြီးနဲ့ စပီကာ ကို ထောပနာပြုတတ်သူ ဖြစ်ပါတယ်။ (သူ့အကြောင်းတွေ ရှေ့ပိုင်းတွေမှာ မှတ်မိရင် စဉ်းစားကြည့်ရင် ပေါ်လာမှာပါ) ပြောသူက သူ့စကားနိဂုံးချူပ်ခါနီးကျရင် သူက အိပ်ယာက ခုပဲ ထလာတဲ့ပုံစံနဲ့ “အဲဒါ ငါလုပ်ခဲ့တာကွ“ လို့အော်ပြောမယ်။ ပြီးရင် ရုတ်တရက်ကြီး “ငါ အဲဒါကို တနှစ်က လုပ်ခဲ့တာ“ လို့ ထ အော်မယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ် သူက သူ့အနေအထားအရ ဒါမျိူးကို ကိုင်တွယ်ခဲ့ဖူးတယ်ဆိုတာ ဟုတ်မှာ။ 



သူ့မှာ လုံလောက်တဲ့အချက်တွေလည်း ရှိပါတယ်။ ဥပမာ information theory “သတင်းအချက်အလက် သီအိုရီ“ ဆိုတဲ့စကားလုံးမျိူး သူ့ သမိုင်းမှာ ရှိခဲ့လိမ့်မယ်။ ဒါကိုသင်က သချာင်္ သဘောတရားတွေနဲ့ သူ့ကို စိန်ခေါ်ဦးမလား ရှနွန်တီထွင်ခဲ့တဲ့ ဆက်သွယ်ရေး အင်ဂျင်နီယာ တွေကိုင်နေတဲ့ ကရိယာတွေနဲ့ ကိုင်ပေါက်ဦးမလား ဝီနာက အဲဒါထက်တောင်ပိုပါသေးတယ်။ ဒါလောက်တော့ ရယ်တာပေါ့ ။ ဝီနာ ၁၉၂၀ ကတည်းက ဒါတွေနဲ့ ဒီလို နယ်ပယ်တွေနဲ့ ယဉ်ပါးနေတာ။ ၁၉၂၀ နဲ့၁၉၃၀ တွေမှာ သူကိုင်တွယ်ခဲ့တဲ့ အရာတွေဟာ အခု ရှနွန်ချပြနေတဲ့ သီအိုရီတွေ သတင်းအချက်အလက် သတ်မှတ်ချက်တွေဟာ ဝီနာ အတွက်တော့ ဆင်တူတွေ ဖြစ်နေတာပေါ့။ 



သည်တော့ အခု ဝီနာ ထပြောတာေွက ရှနွန်အတွက်တော့ စိတ်ပါလက်ပါကို လက်ခံလောက်တာ တွေပါပဲ။ ဥပမာ ၁၉၄၈ ခုနှစ် အောက်တိုဘာ သူ့ပေပါ အပိုင်း ၃ ကိုကြည့်လိုက်ရင် အဲဒါ ဟာ ဂျယ်ရီဝက်စ်နာရဲ့ အကြံပေးချက်အတိုင်း ဝီနာ့ အမည်ကို ဂုဏ်ပြုပီးရေးထားတာတွေလေ။ ဝီနာကလေညး် ကျေနပ်ပါတယ်။ ဝီနာ ကနောက်ကျတော့ အခုလို ရှနွန့်ကို ချီးကျူးတဲ့သဘောသက်ရောက်တဲ့စာမျိူး “အောင်မြင်မူပေါ် အောင်မြင်မူ ဆင့် သွားတဲ့သဘောပဲ“ လို့ ရေးသားခဲ့ပါတယ်။ 



၁၉ ၄ရခုနှစ် နွေဦးရာသီ အဝင်မှာ ဝီနာ က ပြင်သစ် နာစီ ဒေသမှာ တင်ခဲ့ရတဲ့ စည်းဝေးပွဲတစ်ခု နဲ့ ပတ်သက်လို့ ပျော်ရွှင်ဖွွယ် ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်လို့  ပြောပြခဲ့ပါတယ်။ သူက အဲသည်မှာ New Science (သိပ္ပံပညာအသစ်) ဆိုတာကို ကြည့်ဖို့ စိတ်အားထက်သန်နေခဲ့တာ။ 



အမေရိကန်ပြည်ထောင်စုမှာလည်း အခြေအနေကောင်းခဲ့ပါတယ်။ ဝီနာ့ကျေးဇူးကြောင့်ပဲ ဂျယ်ရီ ဝီစ်နာ က လူလုပ်တဲ့ ဆက်သွယ်ရေးနှင့် တွက်ချက်မူ စနစ်ဆိုတာကို ကောင်းကောင်း ပြသနိုင်ခဲ့တယ်။ လူ့ဥနှောက်ဆိုင်ရာ စနစ်တွေကိုလည်း တိုးတက်လာစေနိုင်ခဲ့တယ်။ Research Laboratory Electronic (RLE) (လျပ်စစ် သုတသနဓါတ်ခွဲခန်း) ဆိုတဲ့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနတွေကို စုပေါင်းလုပ်ဆောင်နိုင်တဲ့ ဓတ်ခွဲခန်းတစ်ခုကို စစ်ပီးတဲ့နောက် တည်ထောင်နိုင်ခဲ့တယ်။ ဂျယ်ရီဝီစ်နာ က သူနဲ့သူ့အဖွဲ့ဟာ အဲသည် RLE အာအယ်အီး ကို ဆက်သွယ်ရေးဆိုင်ရာ အုပ်မြစ်တစ်ခုကို ချနိုင်ခဲ့တဲ့ နေရာတစ်ခုအဖြစ် အသိအမှတ်ပြုပေးခဲ့တယ်။ 



သူက “လူလုပ် ဆက်သွယ်ရေးနဲ့ တွက်ချက်မူဆိုင်ရာ စနစ်ကို လူလုပ်သိပ္ပံ ဆိုပီး အသွင်ပြောင်းနိုင်ဖို့ အဲဒီကနေ လူ့အနေအထိုင် မူဆို််င်ရာနဲ့ ဆက်သွယ်ရေး တွေကို မြှင့်တင်သွားမယ်“ လိို့ သူက ထုတ်ဖော်ပြောကြားခ့တယ်။



အဲသည် ဝီစ်နာ ကြွေးကျော်ခဲ့တဲ့ လူ့သိပ္ပံ ဆိုတာဟာ Mc Culloch (မက်ကူးလော့) မ တည်ခဲ့တဲ့ Macy Foundation (မာစီဖောင်ဒေးရှင်း) ကိုတောင် မျက်စိကျသွားစေခဲ့တယ်။ အဲသည်ကနေ ၁၉၄၆ မတ်၈ ရက်နဲ့ ၉  ရက်တွေမှာ နယူူးယောက်မှာ စည်းဝေးပွဲလေး ဖြစ်လာဖို့ ဦးတည်လာပါတယ်။ မက်ကူးလော့ ပစ်  ဗွန်နယူမင် ဝီနာ တို့ဟာ ၆လ ကြာ သိပ္ပံပညာအသစ်ဆိုတာကို ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 



(ဒီနေရာမှာ ဖြတ်ပြောရရင်တော့ လူတော်တော်များမျာ ပါဝင်လာကြတယ်။ မကြားဖူးတဲ့ နံမယ်တွေ ပါလာတယ်။ အဲသည်ထဲ ကျူရင်း တစ်ယောက်သာ ရင်းနှီးးတဲ့ အမည် တွေ့လိုက်ပါတယ်။ ဆိုလိုတာကတော့ အဲသည် အုပ်စုထဲ သိပ္ပံပညာရှင်တွေရော၊ anthropologists (လူ့သဘာဝ ဆို်င်ရာ လေ့လာသော သိပ္ပံပညာရှင်တွေ) ပါလာတယ်။ သူတို့က “လူလုပ်သိပ္ပံ “ man made science ဆိုတာကို (သိပ္ပံပညာအသစ်) new science လို့ခေါ်လိုက်တယ်။ )



ပြင်သစ် စာအုပ် ထုတ်လုပ်ရေး Hermann Publication House က မက္ကစိကန်လူမျိူး သချာ်ပညာရှင် (မစ္စတာ ဖရီမင်) Monsier Freyman က Nobert Wiener (နိုဘတ်ဝီနာ) ပါမောက္ခဝီနာ နဲ့ ဆက်သွယ်ခဲ့ပီး သူ့ကို  ဆက်သွယ်ရေးနဲ့ ထိန်းချူပ်မူ ဆိုင်ရာ နဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ်ရေး ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ပါမောက္ခ ဝီနာက တော်တော်လေး သဘောခွေ့သွားပါတယ်။ အဲသည်တုန်းက သူ့မှာ ဘက်ဂျက်ကလည်း နည်းနည်းကျနေတော့ သိပ်မကြာခင်မှာပဲ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စာချူပ်ချူပ်ဖြစ်သွားပါတယ်။ 



သူဟာ ချက်ချင်းဆိုသလိုပဲ စာအုပ်ရေးဖို့ ပြင်ဆင်တယ်။ မက္ကစီကိုစီတီး အချိိန်အားဖြင့် ၁၉၄၇ နွေရာသီကာလ မှာဖြစ်ပါတယ်။  သူ့ရဲ့ရေးဖော် အကြံပေးဖော်က Arthuro Rosenbueth (အာကျူရို ရိုဆင်ဘက်) (နှလုံးနဲ့သက်ဆိုင်သော ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်မှ ဆရာတစ်ဥိး)  ပါတဲ့။ သူ့စာအုပ်မှာ “သူဟာ ကျွန်တော့ရဲ့ သိပ္ပံနဲ့ ဆက်နွယ်နေသော ကာလရှည် အဖော်ကောင်း“ လို့သူက ပြောထားပါတယ်။ 



အဲဒီလိုနဲ့ ဝီနာတစေ်ယောက် သူအခု ရေးသားပြုစုနေတဲ့ စာအုပ်ရေးရင်းနဲ့ သိပ္ပံပညာအသစ် ဆိုတာကို ဘယ်လိုခေါ်ရမလဲ ဆိုတာ နောက်ဆုံး အြဖေတွေ့ပီ။


Thursday, June 10, 2021

ဂျူနီယာဝင်း - ကြောက်တာတခုပဲသိတယ်

 

ဂျူနီယာဝင်း - ကြောက်တာတခုပဲသိတယ်

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၁




ကိုယ့်အဘိုးအဘွားတွေလက်ထက်တုန်းကတောင် ထမင်းအိုးတန်းဟင်းအိုးတန်း ဝင်ခဲ့သေးတယ် ။ သူတို့မြေး ကိုယ့်လက်ထက်ကျမှပဲ ထမီတန်းအောက်က မထွက်တော့တာ။ ဆိုတော့ ကိုယ်လည်း ကိုယ်ရေးချင်တာလေးတော့ ရေးခဲ့ဦးမှပါ။ အထင်တော့မကြီးလိုက်ပါနဲ့ ကိုယ်လုပ်တာဆိုလို့ ကြောက်တာတခုပဲ ရှိပါတယ်။

ဖွင့်ဝန်ခံရရင်

အမှန်ကိုဝန်ခံရရင်တော့ ကိုယ့်မိခင်ကွယ်လွန်ခဲ့ပီးတဲ့နောက်မှာ ပရိတ်များမရွတ်ခဲ့ စိတ်ပုတီးမစိတ်ခဲ့တာ ဆိုပါတော့။ ဒါနဲ့ပဲ ကိုယ့်ကို ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလားလို့ မထင်လိုက်ပါနဲ့။ ပရိတ်တွေ မရွတ်မဖတ်ခဲ့တာ ဘာအကြောင်းပြချက်မှ မရှိပါ။ ပြစရာလည်မ လိုပါ။ ဒါပေမယ့် တရားတော့ထိုင်ပါတယ်။ စွန်းလွန်းဝိပဿနာကို အားထုတ်ပါတယ်။ ကြိုးစားပီးတော့ပေါ့။ ကိုယ့်စိတ်တွေ တည်ငြိမ်အောင် အချိန်တွေ ကုန်မြန်အောင်။ ဒါပေမယ့် ကိုယ်က ခုထိ စိတ်လှူပ်ရှားလွယ်နေတုန်းပါ။ စိတ်ကလည်း တခါတခါ မထိန်းနိုင်တုန်းပါပဲ။

အခုတော့ ဘုရားစာတွေ ပြန်ရွတ်တာ အမြီးအမောက်မတည့်တော့ဘူး။ မရွတ်တာလည်း ကြာပီကိုး။ ဒါနဲ့ ဘုရားစာအုပ်တွေ တော်တော် ပြန်ရှာရပါတယ်။ စာလုံးပေါင်းမှန်အောင် ပြန်ဖတ် ပြန်ရွတ်ဖတ်နေရပီ။ မကိုင်ဖြစ်တဲ့ စိတ်ပုတီးလည်း ပြန်ကိုင်ဖို့ စိတ်ကူးပါတယ်။ ဘဝမှာ မလုပ်ဖူးတဲ့ အဓိဌာန်တွေဘာတွေတောင် ဝင်ဖို့ ကြိုးစားတော့မယ်။

တိုက်တိုက်ဆိုင်ဆိုင်

ကိုယ်တွေရဲ့မွေးနေ့လေး အမှတ်တရ ဘာမှ မလုပ်ဖြစ်ပါဘူး။ ဒီလိုပဲ မွေးနေ့မှန်းတောင် မသိတော့ဘူး။ ရှိတာလေးဖြစ်သလို စားသောက်ဖြစ်တာပါပဲ။ အဲဒီနေ့မယ် သေနတ်သံတွေ ညဘက် တောက်လျောက်ကြားနေ ရတယ်။ အမယ် … ကိုယ်တွေတော့ တော်တော် တိုးတက်လာတယ်။ ဟောဒါက အသံဗုံး ၊ ဟောဒီအသံက လက်ပစ်ဗုံး ၊ ဟောဒီအသံက တကယ့်ဗုံး သိနေပီ။ မီးတောင်မဖွင့်ဝံ့ဘူး။ လရောင်ရဲ့ အရိပ်ကလေးကို ခိုပီး ဘုရားစာအုပ်ကြည့် စာလုံးပေါင်းမမှားအောင် ဖတ်နေရတယ်။ ဖတ်ရင်းနဲ့ မျက်ရည်တောင် ကျပါတယ်။ ငါတို့အဖြစ် အဘိုးအဘွားများ မြင်ရင် ရင်ထဲ ဘယ့်နှယ့်နေရှာမလဲ။

ဗုံးတွေတကယ်ပေါက်နေတယ်

နေ့ခင်းကြောင်တောင်တောင် ဗုံးတွေပေါက်နေပါတယ်။ လမ်းပေါ်လည်း ပေါက်နေတယ်။ ကြောက်တာပေါ့။ ခက်တာက စားစရာမရှိတော့ စျေးထွက်ဝယ်ရတယ်။ ရှေ့ကြည့် တောင်ကြည့် မြောက်ကြည့်။ မတော်တဆ ကိုယ့်ရဲ့ ကားဘီးတွေ အန္တရယ်ဝင်တိုးမိရင် မတွေးဝံ့စရာ။

စစ်က တကယ်ဖြစ်မှာလား

အကြားအမြင်တွေ ဗေဒင်ဆရာတွေက ဟောတာတွေ ကြားတာပဲ။ သူတို့က လူတွေရဲ့ ကံကြမ္မာ က အခုတော့ တကယ်သေရေးရှင်ရေးဖြစ်နေပီတဲ့။ သတိသာ ထားနေကြတဲ့။ အစားအသောက် ၁လစာကနေ ၃လစာလောက် ရှာထားစုထားတဲ့။ ဗုံးခိုကျင်းတွေတောင် တူးထားကြတဲ့။ အသက်ကို ဖက်နဲ့ထုတ်ထားဖို့ ကို ပြောသံတွေကြားတာပဲ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမယ်။ ကိုယ်ကတော့ တခြားဟာတွေ တွေးနေမိတယ်။ ရုပ်ရှင်ထဲ တွေ့ဖူးတာပဲ သေခါနီးသူတွေက မသေခင် နောက်ဆုံးစကားတွေ ပြောကြ မှာကြတာတွေ။ အဲဒီတော့ ကိုယ်လည်း ပြောမယ်လေ … “ကိုယ်သေသွားခဲ့ရင် ကိုယ့်အချစ်ဆုံးမင်းကို …“ (ရိုဆက်တီရဲ့ ကဗျာမဟုတ်လား။ တခြား လေးနက်တာလေး ပြောတာပိုကောင်းပါတယ်။)

ပြောချင်တာတွေရှိပါတယ်။ ကိုယ့်အဝေးက မိတ်ဆွေတွေ ချစ်ရသူတွေဆီ မက်ဆေ့တွေ ပို့တယ်။ ကိုယ်က မဆိုးပါဘူးကွယ်၊ ကိုယ်က တကယ်တော့ မရိုင်းပါဘူး … စသဖြင့်။ ဟုတ်တယ် … ဗုဒ္ဓဘာသာမှာ ရှိတယ်လေ၊ အပြစ်တွေကို ခွင့်လွှတ်ဖို့ တောင်းပန်ရင် တဖက်သားကလည်း ခွင့်လွှတ်ကြတာမျိူး။ အထူးသဖြင့် သတင်းကျွတ် လူကြီးမိဘကန်တော့ကြတဲ့အခါ အဲသလို ပြောဆိုကြတယ်ဆိုတော့။ ကိုယ်လည်း လျောက်တွေးနေမိတာပါ။

နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့မြေ

ကိုယ်နေတဲ့မြေက နတ်ကောင်းနတ်မြတ်တွေ မနင်းတဲ့ အရပ်ပါ။ ပထမဦးဆုံးအကြိမ် ကိုယ့်မိခင်ကို မလွမ်းမိပါဘူး။ ၂၀၂၀ မတိုင်မှီ ကွယ်လွန်သွားတဲ့မိခင်ကို အခုအခါမယ် တကယ် မလွမ်းတော့ပါဘူး။ ၂၀၂၀ ကိုဗစ်နှိတ်စက်တဲ့ဒဏ်တွေ မတွေ့သွားရလို့ပေါ့။ ဆိုးဝါးတဲ့ ခေတ်ကြီးကို မကြုံလိုက်ရလို့ပေါ့။ တော်ပါသေးတယ် မေမေရယ်။ မေမေသာဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဘဝဆိုတာ ဒီလိုပဲနေမှာပါ။ တစ်ခုမဟုတ် တစ်ခု ကြုံနေကြရမယ်။ ဖြစ်လာသမျှ ရင်ဆိုင်သွားကြရမယ်။ ကိုယ်တောင်းတဲ့ဆုတွေ ပြည့်ဖို့ဆို … ရတနာသုံးပါး ဆည်းကပ်၊ ငါးပါးသီလ တတ်နိုင်သလောက် စောင့်ထိန်းပီး၊ လောဘ ဒေါသ မောဟ ကင်းအောင် ကြိုးစား နေကြရမယ်လေ။

ဂျူနီယာဝင်း

Thursday, February 18, 2021

အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း ဂျူနီယာဝင်း

 အာဏာရှင် တော်လှန်တဲ့ လက်သုံးချောင်း


ဂျူနီယာဝင်း

အစ


The Hunger Games  ရုပ်ရှင် ထဲက ဇာတ်ဝင်ခန်းတွေကို နည်းနည်း ပြန်ပြောဖို့လိုလာပါတယ်။ ဒီကား ဟာ ၂၀၁၂ ခုနှစ် အမေရိကန် သိပ္ပံကားတစ်ကားဖြစ်ကာ Gary Ross (ဂယ်ရီရော့ ) ရိုက်ကူးခဲ့ပီး ၂၀၀၈ခုနှစ် Suzanne Collins (ဆူဇန်ကောလင်း) ရေး The Hunger Games ဝတ္တုကို ရိုက်ကူးခဲ့တယ် လို့ဆိုတယ်။ Jennifer Lawrence (ဂျယ်နီဖာလောရင့်) John Hutcherson (ဂျွန်ဟက်ချာဆန်) တို့ပါဝင်သရုပ်ဆောင်ထားတယ်။ ခေတ်မှီတဲ့ ထူးဆန်းပြားတဲ့ ပုံစံတွေနဲ့ ရိုက်ပြထားတာတွေပါ။ အနာဂတ်ကို ပုံဖော်တာဆိုတော့ စိတ်ကူးယဉ်ပြတာဆိုတော့ ပြကွက်တွေက ခေတ်ရှေ့ပြေးတွေမို့ အကုန်တော့ သိပ်ကြီးတော့နားမလည်ပါဘူး။ ကိုယ့်အကြိုက်လည်း မဟုတ်ပါဘူး။ သို့သော် လက်သုံးချောင်းထောင်တဲ့ အဓိပယ်က သည်ရုပ်ရှင်က စတင်သတိပြုမိလာကြတာ  ဆိုတော့လည်း နည်းနည်းပါးပါးတော့ ဝင်ကြည့်ဖြစ်ပါတယ်။ 


dystopia ဒစ်စတိုပီးယား

ဒီစကားလုံးကို မိတ်ဆက်ပေးထားပါတယ်။ အဲ့သည် အဓိပယ်တိုက်ရိုက်က အင်မတန် နှိတ်စက် ခံရခြင်း အလွန့်အလွန်ကို ဆိုးဝါး ပီး တရားမမ ျှတမူတွေ နဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေ နဲ့ နေထိုင်နေရသော လူ့အဖွဲ့အစည်း လို့ ဆိုတယ်။  ရုပ်ရှင်ရဲ့ အစမှာ ထိုလူ့အဖွဲ့အစည်း တစ်ခုဟာ အာဏာရှင်တွေက ပြန်အုပ်ချူပ်တဲ့ခေတ်တစ်ခု အနာဂတ်မှာ ဖြစ်လာပါတယ်။ အဲသည် အနာဂတ် ကို စိတ်ကူးထဲမှာ ယဉ်လိုက်တာပါ။ ဆာ သောမတ်စ်မိုးရဲ့ ယူတိုးပီးယား နဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက် တဲ့ လူ့အဖွဲ့အစည်းဆိုပါတော့။ 


၂၀၀၈ စက်တင်ဘာ ၁၄ ထုတ် ဝတ္ထုမှာ ကောလင်းက အပိုင်း (သူက စိးရီးလို့ခေါ်တယ်) ၃ပိုင်းခွဲပီး ရေးသားထားပါတယ် ။ hunger games, Catching Fire, Mockingjay ဖြစ်ပါတယ်။ ဒါကို ရုပ်ရှင်ရိုက်တော့ အဲသည်အမည်များနဲ့  ရုပ်ရှင် ရို်က်ခဲ့ကြပါတယ်။

စိ်တ်ကူးယဉ် အနာဂတ်ထဲက လူ့အဖွဲ့အစည်းတစ်ခု


ရုပ်ရှင်ဟာ အဲသည် အနာဂတ် ကာလကနေ စပါတယ်။ အဲသည် လူ့အဖွဲ့အစည်းတစ်ခုကို ရော့ကီးတောင်တန်းတွေ မှာ တည်ဆောက်ထားတဲ့ အလွန်တရာမှ ချမ်းသာကြွယ်ဝသော နည်းပညာအားဖြင့်လည်း သာလွန်သော  သူများနေထိုင်ကြတဲ့ ရွှေမြို့့တော်ကြီးက  အုပ်ချူပ်ပါတယ်။ သူတိုအုပ်ချူ့်တဲ့ မြောက်အမေရိက တိုက်ရှိ Penam ပန်နနန် မြို့ကြီးဟာဖြင့် ရွှေမြို့တော်ကြီးနဲ့ ခြားနားစွာ အလွန်တရာမှ ဆင်းရဲပါတယ်။ ဆင်းရဲလွန်းလို့ အစာငတ်ပီး သေကြပါတယ်။ အဲသည် မြို့ကို အုပ်ချူပ်သူများက ၁၂ပိုင်းပိုင်းထားပါတယ်။ အကြောင်းက သူတို့ကို တော်လှန်လို့ ဒါကြောင့် အခုလို အပြစ်ပေးတယ်။  အဲသည် သမိုင်းကို တော့ အသေးစိတ်ပြမထားပါဘူး။ 


အပြစ်ပေးပုံက အသက်၁၂နှစ်နဲ့ အသက် ၁၈နှစ်ကြား ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ကို ဒေသ ၁ခုစီကနေ အဓမ္မ ရွေးချယ်ပီး ဟမ်းဂါးဂိမ်းကို ဆင်နွဲခိုင်းတာပါ။ ဒေသ ၁၂ခုဆိုတော့ ၁၂တွဲ စုစုပေါင်း ၂၄ ယောက် ဖြစ်ပါတယ်။ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခိုင်း အဲဒါကို လူကုန်တံတွေက ဝိုင်းကြည့် ဆိုတဲ့ ပွဲပါ။ နောက်ဆုံး တစ်ယောက်ပဲ ကျန်ပါမယ်။ ဒါဟာ နှစ်စဉ် ြ့ပုလုပ်တဲ့ ဟမ်းဂါးဂိမ်း။ နိုင်တဲ့ ကောင်လေး သို့မဟုတ် ကောင်မလေး နေတဲ့  ဒေသကိုတော့ အစားအစာ ရေစာ လိုအပ်တဲ့ အသုံးအဆောင်တွေ လက်ဆောင်ပေးပါသတဲ့။


ရုပ်ရှင်ထဲမှာ မင်းသမီးက ပြိုင်ပွဲမှာ အနိုင်ရဖို့ သူ့စပွန်စာရဲ့ ထောက်ပံ့မူ တွေနဲ့ နေရထိုင်ရပါတယ်။ စိတ်ကူးယဉ်ထားတဲ့ ဇာတ်ကွက်တွေ အများကြီးပါပါတယ်။ တကယ်လက်တွေ့မှာတော့ ဒါဟာ စိတ်ကူူးယဉ်သက်သက်ပါပဲ။ 

အဓိပယ်များနဲ့ လက်သုံးချောင်း 

Panem ပန်နင်း မြို့ရဲ့ ဒေသနံပါတ် ၁၂မှာ ၇၄ကြိမ်မြောက် ဟမ်း၈ါးဂိန်းအတွက် အစီအစဉ်လိုက် မဲနှိူက်ပီး လူေ၂ယောက် ကို ရွေးချယ် ပီး ဂိမ်းဲထဲ ဝင်ပါစေတယ်။ အသက် ၁၆နှစ် အရွယ် Katniss Everdeen (ကက်နစ် အဲဗာဒင်း ) ဆိုတဲ့ မိန်းခလေးက သူ့ညီမလေး း Primrose (ပရင်းရို့စ်) နံမယ်ခေါ်တဲ့အခါ သူ့အစား ကိုယ်စား ဝင်ပီး အသေခံဖို့ ဆုံးဖြတ်တယ်။ အဲဒီ အချိန်မှာ သူ့စိတ်ထဲမှာ သူ့ညီမအသက်ကယ်ဖို့ပဲ ရှိတယ်။ တခြားဘာမှ မရှိဘူး။ မဲနှိူက်ရွေးချယ်ပေးတဲ့ ကြီးကြပ်သူက ကိုယ်စားဝင်ပီး လာတဲ့ ဟောသည် ကောင်မလေးအတွက် လူထုကို လက်ခုတ်တီးပီး ဂုဏ်ပြုကြပါလို ့တောင်းဆိုလိုက်တော့ အောက်ကလူတွေက လက်ခုတ်တီးရမယ့်အစား သူတို့ရဲ့ညာဘက်လက်ကို သူတို့နှူတ်ခမ်းတွေပေါ် ဖိပြီး ပြန်အတင်မှာ လက်သုံးချောင်း ထောင်ပြလိုက်ကြပါတယ်။ သိပ်ကို တုန်လှူပ်စရာကောင်းတဲ့ ပြသမူပါ။ ြုကီးကြပ်သူက အခက်တွေ့သွားတယ်။ သူလိုချင်တာ လက်ခုတ်သံတွေပါ။ အခုတော့ လက်သုံးချောင်းထောင်လိုက်တဲ့ အပြုအမူတွေပဲ ပြန်ရလိုက်တယ်။


လေးစားတယ် ကျေးဇူးတင်တယ် ပြီးတော့ မင်းကို ငါတို့ နှူတ်ဆက်ပါတယ် ဆိုပြီး လေးနက်စွာ ဖြင့် အလေးပြုလိုက်ပါတယ်တဲ့။ သူတို့က ကိတ်နစ်စ် ကို Salute ပေးလိုက်တာပါ။


Respect, Thank you, and Good Bye.


(ဝတ္ထုထဲမှာ ဘယ်ဘက်လက်နဲ့ လက်သုံးချောင်း ထောင်ပြကြတာ လို့ဆိုတယ်။ ရုပ်ရှင်ပထမစီးရီးမှာ ညာဘက်လက်နဲ့ပြပါတယ်။ ဒုတိယ စီးရီးမှာ တော့ ဝတ္ထုထဲကအတိုင်း ပြန်ပီး ဘယ်ဘက်နဲ့ လက်သုံးချောင်းထောင်ပြကြပါတယ်တဲ့။)


ရုပ်ရှင်ထဲက အဓိပယ် 


ပြန်လည် အသက်ဝင်လာတဲ့ လက်သုံးချောင်း လို့ ကိတ်နစ် ကပြောတယ်။ (ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှ ပြောပုံရပါတယ်။)  အဲသည် သင်္ကေတ နဲ့ပတ်သက်လို့ “ကျွန်မတို့ ဒေသမှာ အင်မတန် အသုံးနည်းတဲ့ ရှေးဟောင်း အလေးပြုအမှတ်အသားဖြစ်ပါတယ်။ တကယ်တော့ အသုဘ အခန်းအနား တွေမှာ တွေ့ရတတ်ပါတယ်။ အဓိပယ်က ကျေးဇူးတင်ပါတယ်  လေးစားပါတယ် ဆိုတာတွေအပြင် သင်ချစ်ရတဲ့သူကို နှူတ်ဆက်တဲ့စကား ဂွတ်ဘိုင် လို့လည်း အဓိပယ်ရပါတယ်“ 


အဲသည် အမှတ်အသားကို စတင်သုံးစွဲလိုက်တာ ဒေသ ၁၂ က နေထိုင်သူတွေ ဖြစ်ပါတယ်။ (ရုပ်ရှင်ထဲက ဒေသ ၁၂ ကိုပြောတာပါ။) ဒေသ ၁၂ ကနေ နောက်တော့ တခြားဒေသတွေကပါ တော်လှန်ရေးမှာ သုံးစွဲလာကြပါတယ်။ သူတို့ချစ်တဲ့ လေးစားတဲ့သူကို သူတို့က ကျေးဇူးတင်ပါတယ် ဆိုတာ ပြတာပါ။ လေးစားတယ် ကျေးဇူးတင်တယ် နှူတ်ဆက်ပါတယ် အဲသည်လို အဓိပယ်တွေ ပါတဲ့ လက်သုံးချောင်းကို ထောင်ပြတာပါ။ ဝတ္တုထဲမှာ ဘယ်ဘက်လက်က  အလည် လက်သုံးချောင်းကို နှူတ်ခမ်းကို ဖိပီး ထိုလက်ကို ပြန်အတင်လိုက်မှာ လက်သုံးချောင်းကို ကိုယိ်ပြောချင်တဲ့သူ သို့မဟုတ် လူအုပ်စု ဆီကို မြှောက်ပီး ပြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ပထမပိိုင်းမှာ ညာဘက်လက်ကို သုံးထားပါတယ်။ ဒုတိယပိုင်းမှာတော့ ဘယ်ဘက်လက်ကို ပြန်သုံးထားပါတယ်။


ရုပ်ရှင်ထဲမှာ ကတ်နစ် ဟာ သေဆုံးသွားတဲ့ ဇာတ်ကောင် ရူ အတွက် ကင်မရာဘက်လှည့်ပီး လက်သုံးချောင်း ထောင်ပြခဲ့တယ်။ သူ့လိုပဲ ဒေသ၁၂ က လူတွေကလည်း ပြန်လုပ်ပါတယ်။ လေးစားတယ် ကျေးဇူးတင်တယ် မင်းကို နှူတ်ဆက်ပါတယ်။ 


တခြား အဓိပယ်တွေ ရှိသေးတယ် Three Fingers Salute


Scout ကင်ထောက်လူငယ် တွေ သုံးစွဲခဲ့တဲ့ လက်သုံးချောင်းထောင် သင်္ကေတ အဖြစ်လည်း ရှိပါတယ်။ တိုင်းပြည်အတွက် ဂုဏ်ယူတယ်၊ လူတွေကို ကူညီတယ်၊ ကင်းထောက်တွေကို လေးစားပါတယ်။ အဲသလို အဓိပယ်တွေ ရှိပါသတဲံ။ ဒါ့အပြင် Three fingers salute (လက်သုံးချောင်းထောင်အလေးပြုခြင်း) လို့ ခေါ်ဝေါ်ကြပါတယ်။ ပြင်သစ်တော်လှန်ရေးမှာ လည်းပဲ သည်လို ရှိဖူးတယ် ဆိုတယ်။ “လွတ်လပ်ခြင်း၊ တရားမ ျှတာခြင်း နဲ့ တူညီခြင်း“လို့ အဓိပယ်ရပါတယ်။ တချိူ့ကတော့ ဒါကို “လွတ်လပ်မူ၊ ရွေးကောက်ပွဲ နှင့်ဒီမိုကရေစီ “ လို့ ဆိုကြပါတယ်။


ယနေ့ခေတ် အပြင်လောကမှာ တွေ့လာရပီ - ငါတို့အားလုံး အတူတူ



သည်တော့ လက်သုံးချောင်းထောင် တဲ့အမှတ်အသား စပေါ်လာတာ ကို အခုခေတ်မှာတော့ ဟမ်းဂါးဂိမ်း ဆိုတဲ့ ဝတ္ထု နဲ့ ရုပ်ရှင်ကနေ စတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရေးသားကြပါတယ်။ ရုပ်ရှင်ထဲမှာ တန်ခိုးအာဏာနဲ့ အနိုင်ကျင့်တဲ့ လူကုန်တန်တွေကို တော်လှန်တဲ့ အမှတ်အသား ဖြစ်ပါတယ်။ အဲသည်လက်သုံးချောင်းထောင်ခြင်းကို ယိုးဒယားမှာ ၂၀၁၄ ခုနှစ်မေလ ဆန္ဒပြခြင်းမှာတကယ် တွေ့လာရပါတယ်။ 


“‘တစ်ယောက် က စလိုက်တော့ အားလုံးလိုက်လုပ်ကြပါတယ် ဒိလိုနဲ့အဲသည် အမှတ်အသားဟာ အာဏာရှင်ကို တော်လှန်တဲ့ အမှတ်အသားဖြစ်သွားတယ်“ လို့ အသက်၂၈နှစ်အရွယ် ထိုင်း ဆနပြသူ Sirawith Seritiwat (စီရာဝှစ်ဆယ်ရစ်တီဝေါ့) က ပြောကြားခဲ့ပါတယ်။ 


လက်သုံးချောင်း ထောင်ပြခြင်းဟာ အာဏာရှိသူတွေ တန်ခိုးပါ၀ါရှိသူတွေကို ဆန့်ကျင်တော်လှန်ခြင်း  သင်္ကေတ ဖြစ်လာတာပါ။ အခုတော့ ဒီသင်္ကေတ  မြန်မာပြည်ကို ရောက်လာပါပြီ။  


 

Monday, February 1, 2021

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁





ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း မထိုးခြင်း


ကိုဗစ်ဆယ့်ကိုးကာကွယ်ဆေး ထိုးသင့်မထိုးသင့်ကိစ္စ ဟာ အမှန်တော့ အငြင်းပွားနေရမယ့် ကိစ္စမဟုတ်သလို အမြင်ကွဲလွဲစရာ သဘောထား ကွဲစရာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ ကာကွယ်ဆေး ထိုးမယ့်သူတွေ မထိုးချင်တဲ့သူတွေ ကြားထဲ အုပ်စု၂အုပ်စု ကွဲထွက်နေသလို ဖြစ်လာကြတာတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ခန္တာ ကိုယ်သာပိုင်တယ်လို့ တရားမရှိသလို ပြောရရင်တော့ ဒီကိစ္စကို ကိုယ့်ဆုံးဖြတ်ချက်ကိုယ်သာ ခံရမှာမို့ သူများတကာ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို တားမြစ်ခွင့် တိုက်တွန်းခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

မိသားစုအတွင်းမှာတောင်မှ ကိုယ်ဆေးထိုးလို့ ဘာမှမဖြစ်တိုင်း ကိုယ့်မိဘ ကိုယ့်ညီအကို မောင်နှမတွေကို ထိုးသင့်တယ်၊ ငါဘာမှမဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်ဘာမှမဖြစ်တိုင်း သူများ မဖြစ်ဘူးလို့ အာမခံချက်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ ကိုယ်က ခေါင်းကိုက်တယ် ။ တခြား တစ်ယောက်ယောက်က အဖျားတက်တယ် စသဖြင့် မတူပါဘူး။ ကိုယ်က ဒါကို ခံနိုင်တယ် တခြားသူက ဘာကို ခံနိုင်သလဲ မသိနိုင်ပါဘူး။ ဆေးထိုးတဲ့ကိစ္စဟာ ကိုယ်ခနာကိုယ်ထဲ ထိုးတာဖြစ်လို့ သူများ ဘာမှမဖြစ်လို့ အာမခံဖို့ ဟာအင်မတန် ခက်ခဲပါတယ်။

ကာကွယ်ဆေးဆိုတာ

၁၇၉၇ ခုနှစ်မှာ ကျောက်ရောဂါ ကာကွယ်ဆေးကို တီထွင်ခဲ့သူ Edward Jenner (အက်ဝဒ် ဂျယ်နာ) (၁၇၄၉ - ၁၈၂၃) ဟာ သူစစချင်း ကျောက်ရောဂါ သုတေသန ရလဒ်ကို တော်ဝင် ဆေးသုတေသန အဖွဲ့အစည်း ကို တင်ပြခဲ့စဉ်တုန်းက သူ့ပေပါကို ပယ်ဖျက်ခြင်းခံခဲ့ရတယ်။ ကျောက်ရောဂါအကြီးကြီးကို ကျောက်ရောဂါ သေးသေးလေး နဲ့ ကာကွယ်ဆေးထုတ်ဖော်ပီး လူ့ကိုယ်ခန္တာထဲ ထိုးသွင်းတဲ့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့ ပြသနာတွေ တက်ခဲ့တယ်။ ငြင်းခုန်မူတွေ ဖြစ်ခဲ့တယ်။ သူ့ကို မဖြစ်နိုင်တာတွေ လုပ်တယ်လို့ ဝေဖန်ခံရတယ်။

ဒါပေမယ့် ဂျယ်နာဟာ ၁၇၉၈ ခုနှစ်မှာ စမ်းသပ်မူတွေ ထပ်လုပ်ပြီး ထပ်မံ တင်ပြခဲ့တယ်။ သူ့ဘာသာသူ့ပေပါကို ထုတ်ဝေခဲ့တယ်။ ၁၇၉၉ ခုနှစ်လောက်မှာ သူ့ကို ထောက်ပံ့ပေးမယ့် သူ ရရှိခဲ့တယ်။ စမ်းသပ်ဖို့ လူနှစ်ဦး ရခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ၁၈၀၀မှာ အင်္ဂလန်မှာ ထိုကျောက်ရောဂါ ကာကွယ်ဆေးဟာ အမှားအယွင်းအနည်းငယ်လောက်နဲ့ ထိုးဖောက်နိုင်ခဲ့ကာ နောက်တော့ ဥရောကတခွင် ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်။ ကျောက်ရောဂါကာကွယ်ဆေးဟာ ကျောက်ရောဂါကနေပဲ ထုတ်ဖော်ခဲ့တာဖြစ်လို့ ဆေးပညာလောကမှာဖြင့် တကယ့်ကို တော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဉာဏ်မှီသလောက် စဉ်းစားကြည့်ရင် ကာကွယ်ဆေးဆိုတာ ဒီရောဂါ ဗိုင်းရပ်ပိုးကို ကိုယ့်ခန္တာထဲ ထိုးသွင်းတဲ့ သဘောရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း သည်လို နည်းပညာနဲ့ ထုတ်ဖော်ခဲ့တယ်လို့ အကြမ်းအားဖြင့် သဘောပေါက်ထားပါတယ်။

သိထားသင့်တဲ့ ကာကွယ်ဆေးအကြောင်း

ထိုးဖို့မထိုးဖို့ ကိုယ့်ဘာသာဆုံးဖြတ်ရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ သိထားရမယ် ၊ ဟိုဘက်သည်ဘက် မျှတစွာ စဉ်းစားချင့်ချိန်ရမယ်၊  ဒီလို side-effect (ဆိုက်အက်ဖက် - တုန့်ပြန်မူများ) တွေအားလုံးကို သိရှိထားပီး ကိုယ်ဟာဖြင့် ဒါတွေကို ခံနိုင်ရည်ရှိမရှိ သုံးသပ်ရမယ်၊ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ်ဟာ ထိုးဖို့အတွက်လိုအပ်နေသလား မလိုအပ်ဖူးလား လေ့လာပါ။ ဒါကြောင့် ယခုဆောင်းပါးဟာ ဘယ်ဘက်ကိုမှ မယိုင်အောင် သတိထားပီး ရေးသားထားပါတယ်။ စာဖတ်သူများအနေနဲ့ ကိုယ့်သဘောဆနနဲ့ အညီ ဆုံးဖြတ်ပိုင်ခွင့်ရှိပီးသားပါ။

ကျမ်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေး

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာကတော့ ဒီကာကွယ်ဆေးကို ကျမ်းမာရေးဝန်ထမ်းများဟာ အားလုံးကိုယ်စား သူတို့မှာ စဉ်းစားပိုင်ခွင့်တောင် နည်းနည်းလောက်သာ ရှိမယ်ထင်ပါတယ် လူအများအတွက် အနစ်နာခံ ရှေ့ဆုံးက ထိုးခံခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်မှာ သူတို့ဟာ ပြည်သူလူထုကျမ်းမာရေးအတွက် ထိုးနှံဖို့အသင့်လျော်ဆုံး လူတန်းစားအဖြစ် မြင်ကြပါတယ်။ ဒါကြောင့်လည်း ရှေ့တန်းက သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူတို့အတွက်တော့ လူနာတွေနဲ့ထိတွေ့နေရတာဖြစ်လို့ အနည်းနဲ့အများ ကာကွယ်ပေးမယ်ဆိုတဲ့ ဒီကာကွယ်ဆေးကို ထိုးကို ထိုးဖို့လိုအပ်နေတယ်ဆိုတာ တကမ္ဘာလုံးက လက်ခံထားပီးဖြစ်နေပါတယ်။ ဒါကြောင်လည်း ကျမ်းမာရေးဝန်ထမ်းများဟာ အရင်ဆုံး ထိုးနှံခံခဲ့ကြရတယ်။ ဖြစ်လာမယ့် အကောင်းအဆိုး လက်ခံကြရပါတယ်။ သူတို့ဟာ အခွင့်အရေးယူပီးထိုးခွင့်ရတာမဟုတ်ပါဘူး အနစ်နာခံ အရင် ထိုးခဲ့ကြရတာပါ။

ဆိုက်အက်ဖက်များ

ယခု မြန်မာပြည်ကို ရောက်ရှိလာသော အိန္ဒိယ ထုတ် AstraZeneca Covidshield  (ကိုဗစ်ရှီး) ကာကွယ်ဆေးထိုးတဲ့အခါ ဖြစ်တတ်တဲ့ ဆိုက်အက်ဖက် ၃ဆင့်ရှိပါတယ်။ ပထမအဆင့်က လူ၁၀ယောက်မှာ ၁ ယောက်ဖြစ်တတ်တာက အများအားဖြင့် လို့ ရေးသားထားပါတယ်။

“ ထိုးထားတဲ့နေရာဟာ ပူလာတယ်။ နာလာတယ် အနည်းငယ်။ နီလာတယ် ။ ယားလာတယ်။ ယောင်လာတယ်။ အနာဖြစ်လာတယ်။ ကိုယ်ခန္တာအနေနဲ့ဆိုရင် နေမကောင်းချင်သလို ဖြစ်လာတယ်။ ချမ်းလာတယ်။ အားလျော့ပင်ပန်းလာတယ်။ အဖျားတက်ချင်လာတယ်။ ခေါင်းကိုက်လာမယ်။ အန်ချင်လာမယ်။ ကိုယ်ခနာ နာကျင်မူနဲ့ ကြွက်သားများ နာလာတတ်ပါတယ်။“

ဒုတိယ အမျိူးအစားဟာလည်း ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အများအားဖြင့် ထဲမှာ ပါပါတယ်။ “ ထိုးထားတဲ့နေရာဟာ အားမရှိတော့သလို အားပြတ်သလို ဖြစ်လာတယ်။ အဖျားတက်လာတယ်။ အန်မယ်။ အဖျားတက်- လည်ချောင်းနာ- နှာစေး- ချောင်းဆိုး - ချမ်းတုန် စတဲ့ တုတ်ကွေး လက္ခဏာတွေ ပြလာတတ်ပါတယ်။“

နောက်တတိယ အမျိူးအစားဆိုက်အက်ဖက်ကတော့ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်ခဲတဲ့အရာပါ။ မူးလာတာ၊ အစားအသောက် အရသာပျက်တာ၊ အနာရင်းတာ၊ ယောင်ကိုင်းလာတာ၊ ချွေးထွက်လာတာ၊ အရေပြားယားယံလာပြီး နီလာတတ်ပါတယ်။“

အဖြစ်များဆုံး ဆိုက်အက်ဖက်များ ၃ခုရှိပါတယ်။ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အပူချိန်မြင့်လာခြင်း၊ အနံ့အရသာ ပျက်လာခြင်း တို့ဖြစ်ပါတယ်။

ဘယ်လောက်ကြာမလဲ ဘာလုပ်ရမလဲ

ဆေးထိုးပီး ၁၂နာရီ လောက် အတွင်းလောက်မှာ ဆိုက်အဖက်တွေ ဖြစ်လာတတ်ပီး တပတ်လောက်အတွင်းမှာ တဖြေးဖြေး ပျောက်သွားတယ်လို့ ဆိုပါတယ်။ ထိုးထားတဲ့နေရာဟာ တော်တော်လေး နာကြင်လာတာဟာ ၁ ရက်ကနေ ၂ ရက်လောက် ကြာတတ်ပါတယ်။

အဓိကအားဖြင့် ကောင်းကောင်း အနားယူရမယ်။ ယောင်တာသက်သာတဲ့ဆေးကို ဆရာဝန်အကြံပေးသလို သောက်သုံးပါ။ အညှော်တွေဘာတွေလည်း ရှောင်ပါ။ အကယ်၍ ဆိုက်အက်ဖက်ဟာ ပျောက်မသွားပဲ ပိုဆိုးလာတယ် လို့ သင့်စိတ်ထဲ သတိထားမိနေတယ် ဆိုရင် နိးစပ်ရာ ဆရာဝန် ဆေးခန်းကို ပြသသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ သင့်ကို ထိုးပေးထားတဲ့ ကာကွယ်ဆေးဆိုင်ရာ ကဒ်ပြားကို ပြပါ။ ဆရာဝန်များက ကြည့်ပီး ကုသပေးပါလိမ့်မယ်။

ဆေးထိုးပီး မူလ အလုပ်တွေ ပြန်လုပ်ဖို့ အချိန်ပေးပါ။ အားရှိအောင် နေထိုင်ပါ။ ဆေးထိုးထားတဲ့လက်မောင်းက မခံမရပ်နိုင်အောင်နာလာခြင်း၊ လက်ကို မ လို့မရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်းများ ၂ ရက်ကနေ ၃ ရက် ခန့်ကြာမြင့်နိင်ပါတယ်။ သာမန်အားဖြင့် ၁ ပတ်လောက် ဖြစ်တတ်ပါတယ်။

နောက်တကြိမ်ထိုးရဦးမယ်

ကာကွယ်ဆေးကို ၂ခါထိုးရပါမယ် ။ သတ်မှတ်ထားတဲ့ ရက်မှာ ပထမအကြိမ်ထိုးထားတဲ့ ဆေးကို ထပ်ထိုးရပါမယ်။ ပထမတကြိမ်တုန်းက ထိုးထားတဲ့ ဆေးမှတ်တမ်းစာရွက်ကို ပြပါ။ သိမ်းထားပါ။ ဒုတိယအကြိမ်ထိုးတဲ့အခါ ယူသွားပါ။ Pfizer ဆေးက ၃ပတ်ခြားပါတယ်။ Moderna က တလ (၂၈ ) ရက် ခြားပါတယ်။ covidshield က ၂၈ ရက်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပီးသူတွေရောထိုးရမလား

ထိုးဖို့လိုအပ်ပါတယ်။ ကိုဗစ်ရောဂါဘယ်လောက်ဖြစ်ထားတယ် ဆိုတာရယ် ပြန်လည်ဖြစ်ပွားနိုငိတဲ့ အခြေအနေ ရှိနေရင် ထိုးဖို့လိုအပ်ပါတယ်။ သင်ဟာ သင့်ကိုယ်ခံအားနဲ့သော်လည်းကောင်း၊ convalescent plasma ဆိုတဲ့ သွေးရည်ကြည် ကုထုံးနဲ့ နဲ့သောလည်းကောင်း ကိုဗစ်၁၉ ကို တိုက်ထုတ်ထားတဲ့သူဆိုရင် ကာကွယ်ဆေးမထိုးခင် ရက် ၉၀ စောင့်ရမယ်။ ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

ပညာရှငိတွေအနေနဲ့လည်း လူနာ တယောက်နဲ့တယောက် မတူတဲ့ ဖြစ်ပွားမူ။ ထပ်မံဖြစ်ပွားမူ ။ ကိုယ်ခံစွမ်းအား အစရှိသည်တို့ကို အတိအကျ မတွက်ချက်နိုင်သေးပါဘူး။ ဒါတွေအားလုံးလေ့လာပီးမှသာ ရက်၉၀ ကြာရင် ထိုးဖို့ ဆုံးဖြတ်န်ုင်ပါတယ်။

ကာကွယ်ဆေးထိုးပီးရင်ဘယ်လို နေရမလဲ

ကာကွယ်ဆေးထိုးပီးရင် မာစ်မချွတ်ရသေးဘူး။ လူတွေနဲ့ ခပ်ဝေးဝေးနေဦး။ လက်လည်း ဆေးနေရဦးမယ် ဆိုတာဟုတ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပီးသား လူတစ်ယောက်ဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးဆက်ခံရနိုင်သေးတယ်။ ထို့အပြင် ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ် ကူးဆက်ခံရတဲ့ ကာကွယ်ဆေးထိုးပီးသားလူဆီကနေ တခြားလူကို ကူးဆက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပီးတိုင်း ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ သွားလာမူကို မလုပ်ရပါဘူး။ တော်တော်များများက ဆေးထိုးပီးတဲ့သူဆို စိတ်ချရပီ ကိုယ်က မထိုးလည်း ရတယ် လို့ထင်တဲ့အထင်ဟာ မှားပါတယ်။ ဆေးထိုးပီးတဲ့သူတိုင်းကို မိမိနေအိမ်ကို လာခွင့်ပေးရင်လည်း အရင်တုန်းကလိုပဲ မာစ်တပ် ခပ်ဝေးဝေးထား လက်ဆေးတာ နှစ်ဦးနှစ်ဖက် လိုက်နာကြရပါဦးမယ်။

မာစ်တပ်ပါ တဦးနဲ့တဦး ၆ပေ ခွာနေကြပါ လူစုလူဝေးရှောင်ပါ အန္တရယ်များတဲ့ နေရာမျူ်းကိုရှောင်ရှားပါ မသွားပါနဲ့ လက်ကိုဆေးပါ။

ကာကွယ်ဆေးဆိုမှတော့

ငှက်ဖျားရောဂါ အဖြစ်များတဲ့ အရပ်ဒေသကို အမူထမ်းမယ့် သူတစ်ယောက်ဟာ ငှက်ဖျားကာကွယ်ဆေး ထိုးသွားရပါတယ်။ ဒီတော့ ငှက်ဖျားကာကွယ်ဆေးရဲ့ ဆိုက်အက်ဖက်တွေကို အနည်းနဲ့အများခံရပါတယ်။ တပတ်တန်သည် နှစ်ပတ်တန်သည် ကြာရင် ပျောက်သွားပါမယ်။ သူဟာ ငှက်ဖျားကာကွယ်ဆေးကို အားကိုးပီး စိတ်ရှိလက်ရှိ ကိုယ်သွားချင်သလို သွားလာလို့ မရပါဘူး။ ဂရုတစိုက်နေထိုင်ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သဘောဟာ အဲသည်သဘောပါ။ ပိုလည်းမပို လျော့လည်းမလျော့ပါဘူး။ ထိုအရပ်ဒေသက လူတိုင်းလည်း ငှက်ဖျားကာကွယ်ဆေး မထိုးပါဘူး။ ထိုးချင်ရင်ထိုးတယ် မထိုးချင်မထိုးပါဘူး။ ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူဟာ ရန်သူလည်းမဟုတ်ပါဘူး။

အခု ကိုဗစ် ကာကွယ်ဆေးဟာ ပြသနာက ဘာလဲဆိုတော့သူက လူလူချင်း ကူးနိုင်တဲ့ သဘောရှိပါတယ်။ ငှက်ဖျားက ဖြစ်ရင် ကိုယ်တစ်ယောက်ထဲဖြစ်မယ် ကိုယ်ပေါ့ဆရင် ကိုယ်ပြန်ဖြစ်မယ် ။ အခုကိုဗစ်က ကိုယ်ပေါ့ဆမိရင်ကိုယ်သာမက ကိုယ်နဲ့တွေ့တဲ့သူတွေလည်း ကူးနိုင်တယ် ဒါကြောင့် ပိုသတိထားနေရတာပါ။

ကာကွယ်ဆေး လူတိုင်းထိုးရမလား

Ashoka University က ဂျယ်မီလ် (Jameel) လို့ခေါ်တဲ့ ဗိုင်းရပ်စသုတေသနဆိုင်ရာ သိပ္ပွပညာရှင် က ပြောရာမှာ “ကာကွယ်ဆေးကို အားလုံး လူတိုင်း ထိုးနှံဖို့မလိုအပ်ပါဘူး။ ဧရိယာတစ်ခုမှာ ၇၀% လူဦးရေပမာဏဟာ ကိုရိုနာဗိုင်းရပ်စကို ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ရှိထားတယ်ဆိုရင် ထိုဒေသအတွက် ကာကွယ်ဆေး ထိုးဖို့မလိုအပ်ပါဘူး။ “

မေးခွန်းတွေ သည်လိုဖြေထားတယ်

၀ါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် က မေးတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွ်ဆေးထိုးထားတဲ့သူက ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ဖြန့်ဖြူးနေသေးလား ဆိုတာကို သူကအခုလို တိုတိုပဲဖြေပါတယ်။ “ရက်စ် “ တဲ့။ “ကာကွယ်ဆေးက သင့်ဆီကနဲ့ သင့်ဆီကို ကြီးမားတဲ့ကူးဆက်မူမဖြစ်အောင် လျော့ချပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသည်လိုပြောလိုက်တာဟာ အဲသည် အခြေအနေကို စွန့်စားပစ်လိုက်ဖို့ မဟုတ်ပါဘူး။“

သူကဆက်ပြောတယ်။ “ကာကွယ်ဆေးဘယ်လောက်ကောင်းကောင်း ၁၀၀ ရာခိုင်နှူန်းတော့ ကာကွယ်မူ မရှိပါဘူး“ သူက ကိုဗစ် ဆယ့်ကို းကာကွယ်ဆေးကို လည်းပဲ ရည်ညွန်းပြောတာဖြစ်ပါတယ်။ “၉၀ % ထိရောက်တယ် ဆိုတာဟာကျန်တဲ့ ၁၀% ထိရောက်မူမရှိဘူးလို့ဆိုလိုပါတယ်။ ၁၀% ကူးစက်နိုင်တယ် လို့ပြောတာပါ။ သင်က သိပ်ကို အန္တရယ်များတဲ့ ဇုံမှာ ရှိနေမယ် အလုပ်လုပ်နေရမယ် ဆိုပါတော့ သင့်အနေနဲ့ မာစ်တပ်ရမယ် လူတွေနဲ့ဝေးဝေးနေရမယ် မဟုတ်ပါလား အဲသည်လို လုပ်သင့်တယ် မဟုတ်ပါလား။ အဲတာ ဟုတ်သလား မေးရင် - ကျွန်တော်က ဟုတ်တာပေါ့ ဆက်လုပ်ရမယ်လို့ ဖြေပါမယ်။“

သည်တော့ကူးစက်နိုင်တဲ့နေရာတွေ စဉ်းစားကြည့်ပါ။ ဆေးရုံ ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ လူတွေ အများကြီးနဲ့ ဆက်ဆံ အလုပ်လုပ်နေရတဲ့နေရာတွေ၊ အပြင်ထွက် သွားလာနေရတဲ့သူတွေ အလုပ်တာဝန် ထမ်းဆောင်နေရတဲ့သူတွေ၊ ရောဂါဖြစ်ပွားမူ အမြင့်ဆုံးဖြစ်ပွးနေတဲ့နေရာတွေ ကို သွားလာရမယ် အလုပ်လုပ်ရမယ် နေထိုင်ရမယ် ဆိုရင် ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သူ့ကို ရာခိုင်နှူန်း အတိုင်းအတာ အားဖြင့် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။

သူကဆက်ပြောသေးတယ် ကာကွယ်ဆေးက ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုထားတာတောင်မှ တဲ့ “သိပ်ကိုပြင်းထန်တဲ့ ကူးစက်မူကို ကာကွယ်ပေးထားနိုင်လောက်ပါတယ် လို့ ဖြစ်နိုင်ခြေရှိတာတောင်မှ သင်ဟာ သိပ်ကို ပျော့ပြောင်းတဲ့ အသေးစား ကူးစက်မူမျိူးကို သင်ဟာသတိထားမိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲသည် အချက်ကြောင့် သူတပါးကို ကူးစက်သွားနိုင်တာ ဖြစ်ပါတယ်။“

“ကိုဗစ်ဆယ့်ကိုးဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲတတ်တာကြောင့်လည်း ဆေးရဲ့ အာနိသင်ကို အမြဲ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသဘောသဘာဝဟာ မည်သည့် ကာကွယ်ဆေးမဆို ၁၀၀ ရာခိုင်နှူန်း မကာကွယ်နိုင်တဲ့အတွက် အရင်ကထက်တောင် ပိုပီး သတိထား နေထိုင်ဖို့ ပိုလိုအပ်နေပါတယ်။ မာစ်တွေဆက်တပ်ဆင်ဖို့ စဉ်းစားပါ။ မာစ်တပ်တာ မမှားပါဘူး။ မာစ်ကို လွှင့်ပစ်လိုက်ဖို့ အချိန်မကျသေးပါဘူး“

ကာကွယ်ဆေးမှာ သက်တမ်းရှိသလား

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မှာ (စတစ်ဘူနင်) Steve Bunin ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကို ကိုးကားရရင် သူက Seattle စီရယ်တယ်က သုတေသန ပညာရှင်တွေဆီက ရလဒ်ကို ရေးသားထားပါတယ်. “ဗိုင်းရပ်စ ကလည်း အသစ်၊ ကာကွယ်ဆေးကလည်း အသစ်ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးထိုးထားတဲ့သူဟာ ဘယ်လောက်ကြာကြာ ကာကွယ်မူပေးနေမလဲ မသိပါဘူး။ ဥပမာ - တုတ်ကွေး ဖလူရောဂါ အတွက်ဆိုရင် တခါထိုးထားရင် ၁နှစ်လောက် အနည်းဆုံးတော့ကာကွယ်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုတော့ မပြောနိုင်ပါဘူး။“

ကိုဗစ်ဆယ့်ကိုး ကာကွယ်ဆေးဟာ သင့်ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးထားနိုင်မလဲ ဆိုတဲ့မေးခွန်းကို အခုလို ဖြေထားပါတယ်။ ဒီအဖြေကို ရဖို့ သုတေသနတွေ လုပ်ကြရပါဦးမယ် ။ ယခုလတ်တလော ကာကွယ်ဆေး များဖြစ်တဲ့ Pfizer , Moderna, AstraZeneca (မြန်မာပြည်ရောက် ကိုဗစ်ရှီး) သုံးမျိူးနဲ့ပတ်သက်ပီးတော့လည်း အြဖေရှာရပါဦးမယ်။ ကာကွယ်ဆေး ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပေါ်မူတည်ပီး အဖြေထုတ်ရမှာပါ။ ဥပမာ တုတ်ကွေးနဲ့ အအေးမိကာကွယ်ဆေး များကို ထိုးမယ်ဆိုရင် တနှစ်ပီးတနှစ် ထိုးလိုက ထိုးလို့ရပါတယ်။ သာမန်အအေးမိတာတွေ အတွက်က ကာကွယ်ဆေးဆိုတာ မရှိပါဘူး။

ကိုဗစ် ဆယ့်ကိုးရဲ့သဘာဝဟာ ဗီဇပြောင်းလဲတတ်တာကြောင့် အခုထိုးထားတဲ့ ကာကွယ်ဆေးကို ထပ်ခါ တလဲလဲ ဖြစ်စေ တနှစ်တခါဖြစ်စေ ထိုးဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Moderna ကိုဗစ်ကာကွယ်ဆေးဟာ ကာကွယ်ဆေးထိုးပီး ၁နှစ် အနည်းဆုံးတော့ ကာကွယ်ပေးထားမယ်လို့ ဆိုထားပါတယ် (၂၀၂၁ ဇန်နဝါရီ၁၂ ရက်သတင်း)။ ဒီသတင်းကို Rector ရက်တာ ရီပို့အရ တနေလာင်္နေ့ မှာ (တနင်္လာနေ့ ဆိုတော့ ဇန်နဝါရီ ၁၁ ဖြစ်မယ် ထင်တယ်) လူ သန်း၆၀၀ ကျော် အတွက် ကာကွယ်ဆေး ထုတ်လုပ်ပီးတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သို့သော် တနှစ် ကျော် မှာထပ်မံ သုတေသနတွေ လုပ်ဖို့ လိုအပ်နေပါတယ် လို့ ဆိုထားပါတယ်။ ဒါကြောင့် မေးခွန်း အဖြေ အတိအကျကို ဘယ်သူမှ မဖြေနိုင်သေးပါဘူး။ တနှစ်အကြာမှာ ထိုးထားတဲ့သူဆီက သုတေသန ကိုရယူခွင့်ရမယ်ဆို၇င်တော့ သိပ္ပံပညာရှင်တွေ အနေနဲ့ နှစ်စဉ်ထိုးသင့်မသင့် ဆုံးဖြတ်လို့ရနိုင်လောက်ပါတယ်။

ကူးဆက်ဗေဒဆိုင်ရာ ပညာရှင် Dr, Karry Corey ဒေါက်တာလာရီကိုရေနဲ့ ဝါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် တို့ကလည်းပဲ ကာကွယ်ဆေးရဲ့ သက်တမ်းဟာ ၆လ ကနေ ၁နှစ်ကျော်လောက်ပါတယ်လို့ တကယ်ဖြစ်နိုင်လောက်တဲ့ မျော်လင့်ချက်နဲ့ အဖြေပေးခဲ့ကြပါတယ်။

ဂျူနီယာဝင်း

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 23

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - 23

(အတွေးအမြင် မဂ္ဂဇင်း ဇန်နဝါရီလထုတ်၊ ၂၀၂၁)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၁

Claude Elwood Shannon

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လကအဆက်ပါ။ သတင်းအချက်အလက်များကို သင်္ကေတ များအဖြင့် အသက်သွင်းရာမှာ ဇီးရိုးနဲ့ ဝမ်းတွေနဲ့ပဲ အဓိပ္ပယ်တွေ ဖော်ကြတဲ့နေရာ ရောက်ပါပီ။ သည်တော့ ဒွိဟဖြစ်စရာတွေ တွေ့လာရတယ်။ yes နဲ့ no ဆိုတာပဲ ဆိုရင် ပြသနာတွေဖြစ်လာမယ်။ မေးတဲ့ပုံစံတွေ အားလုံးကို ဘယ်လို ပုံသွင်းပေးမလဲ။ ကွန်ပြူတာက ဘယ်လိုများ ကွဲပြားအောင် အဖြေတွေ ထုတ်ပေးမှာလဲတဲ့။

Claude Shannon (ရှနွန်) ရဲ့ ၁၉၄၈ ခုနှစ် စာတမ်းမှာ အဲသည်လို သတင်းအချက်အလက်နဲ့ အဓိပ္ပယ်ဆိုတာကို ကွဲပြားမူနဲ့ပတ်သက်ပီး ထောက်ပြထားပါတယ်။ သူက သတင်းအချက်အလက်ရဲ့ အဓိပ္ပယ်ကို ရှင်းပြဖို့ ၊ ဘယ်သူနဲ့ဆိုင်တယ် ဘာကိုပြောတယ်ဆိုတာကို ရှင်းလင်းဖို့ ပါရမယ်။ လူ့ဦီးနှောက်က ဘယ်လို စဉ်းစားပီး ပို့တာလဲ ... တဲ့။ အင်ဂျင်နီယာရဲ့အလုပ်က ဟောသည် message (မက်ဆေ့) ကို ပို့ပေးရုံတင်မကဘူး အဲဒါ ဘာဆိုလိုတာလဲဆိုတာကိုပါ ရှင်းရဦးမတဲ့။ အဲသည် လုပ်ငန်းစဉ်အတွက် digital (ဒစ်ဂျစ်တယ်) (ကိန်းဂဏာန်းများဖြင့် ဖော်ပြမူ) ဆိုင်ရာ သတင်းအချက်အလက်တွေကို သချာင်္နည်းနဲ့ ဖော်ပြဖို့ မေးခွန်းတွေ တည်ဆောက်ရမယ်။ ဥပမာ - ဆက်သွယ်ရေးကွန်ရက်တစ်ခုမှာ ဘယ်လောက် အခြေခံကျတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လောက်ပမာဏ ပေးနိုင်သလဲ။ လိုင်းတစ်လိုင်းမှာ အသံလှိူင်း ဘယ်လောက် သယ်ယူနိုင်သလဲ။ လက်ရှိအသံမှာ ဘာသတင်းအချက်အလက်ကို ပေးပို့နေတာလဲ ဆိုတာကို ဘယ်လောက် ကောင်းကောင်းနဲ့ တိတိကျကျ ပေးနိုင်မလဲ။

ဒီအဖြေတွေကို ရှနွန်အနေနဲ့တော့ ၁၉၄၂ သို့မဟုတ် ၁၉၄၃ ခုနှစ် အစောပိုင်းကာလတွေလောက်ကျမှ ပုံစံချ နိုင်ခဲ့တယ်ဆိုရမှာပါ။ ဥပမာဆိုပါတော့ ခင်ဗျားက ကြေးနန်းကနေပီး မွေးနေ့ ဆုတောင်း တစ်ခုကို ပို့ဖို့ ကြိုးစားတယ် ဆိုပါစို့။ ဒါမှမဟုတ် တယ်လီဖုန်းဝါယာကြိုးကနေ တဆင့်ပြောမယ် ဆိုပါတော့။ တစက္ကန့်အတွင်းမှာ ကြိုးမဲ့စနစ်နဲ့ ခင်ဗျားပေးတဲ့ သတင်းအချက်အလက်တွေကို ပေးမှာဗျ။ ပို့ပေးမှာ။ binary (ဘိုင်နရီ ) စနစ်နဲ့ ဆိုပါတော့။ စာလုံးတွေကို ဘိုင်နရီပြောင်းပီး ပို့ပေးမယ်။ (ဘိုင်နရီစနစ် ဆိုတာ ဇီးရိုးနဲ့ ဝမ်းပဲပါတဲ့စနစ်) ဒါပေမယ့်လို့ ရှနွန်လည်း သဘောပေါက်ပါတယ်.. ဒါက တစက္ကန့်ကို ဘိုင်နရီစနစ်နဲ့ စာလုံးတွေကိုပြောင်းတာရယ် ပို့ပေးတာရယ် အလုပ်နှစ်ခုကို တပြိုင်နက်ထဲ လုပ်ရမယ်ဆိုတာ။

အဲသည်အတွက် အမြန်နှူန်းကို စဉ်းစားရတယ်။ ဒီတော့ မက်ဆေ့က သွားနေတယ် လမ်းမှာ အလျင်နှူန်းတစ်ခုနဲ့ တခြားသော မက်ဆေ့တွေလည်း ပါလာဦးမယ် ဘယ်လောက်ကြီးပဲ တော်တယ်ဆိုပါစေ သတ်မှတ်ချက်တစ်ခုတော့ ရှိနေဦးမယ်။ ဥပမာအမြန်နှူန်း။ မက်ဆေ့တွေ အကုန်ပါဖို့ အာမခံချက်။ မက်ဆေ့တွေ အကုန်ရောက်သွားဖို့အမြန်နှူန်း။ ရှနွန်ကတော့ အမြန်နှူန်း တစ်ခုအတွင်းမှာ သူ့ဟာနဲ့သူတော့ မက်ဆေ့တွေက ဝင်သွားရမယ်။ မှန်မှန်ကန်ကန်။ ဟုတ်တယ် အချက်ပြနှူန်းကတော့ နှေးမယ် ကောင်းကောင်း မကြားရတာ ဖြစ်မယ် ။ အဲသည်မှာ ဝမ်း 1 တွေကလည်း အများကြီး၊ ဇီးရိုး 0 တွေကလည်း အများကြီး။ တတွဲတတွဲဆီကလည်း သူ့အဓိပ္ပယ်နဲ့သူ သွားနေမယ်။ အဲသည်မှာ အမှားတွေ ပြင်ပေးနေမယ့် code (ကုတ်) (သတင်းအချက်အလက်တွေကို တိုတိုနဲ့ လိုရင်းဖြစ်အောင် သို့မဟုတ် လျိူ့ဝှက်စွာဖြင့် တိုတိုတုတ်တုတ် ရေးသားပေးခြင်း) တွေကလည်း ရှိနေမယ်။ သည်တော့ မက်ဆေ့တစ်ခုက ကာယကံရှင်ဆီရောက်ချိန်မှာ အဲသည်အတိုင်း အတိအကျဖြစ်ဖို့ ဆိုရင် တဖက်ကို ရောက်ချိန်မှာ ပြန်ပီး ပြင်ဆင်ပေးတဲ့ ကုတ်တွေကလည်း ရှိနေဦးမယ်။ သည်တော့ အဲသည်လို အကြာကြီး အဆက်အသွယ်လုပ်နေရတာကို စိတ်ပျက်ပီး လက်လျော့ချင်လာမယ်။ ဒီလိုနဲ့ အပြစ်တွေရှာရင်း အမှားကင်သတထက်ကင်းအောင် လုပ်နေရာက တကယ်ပဲ ကိုယ်လိုတာရပီလားလို့ မေးခွန်းထုတ်မယ်။ 

fundamental theorem (အခြေခံကျသော သီအိုရမ်) ဆိုတာ သတင်းအချက်အလက်များအပေါ်မှာ အခြေခံသောသီအိုရမ်။ အဲဒါကို ရှနွန်က ခေါ်လိုက်တာ။ သူ့ဘာသာတောင် အံ့သြမိပါသတဲ့။ ဘာလို့ဆို အဲဒါကိုက သိနေပီးသားအရာတစ်ခုကို ကင်ပွန်းတပ်လိုက်မိသလို ဖြစ်သွားလို့ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် လောက်ကတည်းက ဒါကို အုတ်မြစ်ချခဲ့ကြတာ လို့ဆိုတယ်။ ဒါပေမယ့် အခုမှ ကင်ပွန်းတပ်လိုက်မိကြတာ။ ရှနွန်က သူ့သီအိုရမ်ကို အခုလို ဥပမာ ချပြတယ်။ ရှင်းပြတယ် ဆိုပါစို့။ အကယ်၍တဲ့။ ကျွန်တော်တို့က စီဒီအချပ်ပြားတွေကို လက်နဲ့တောက်လိုက်တဲ့အခါ စီဒီမှာ ဖြစ်သွားတဲ့ ခြစ်ရာတွေ၊ လက်ဗွေရာတွေကြောင့် အသံတွေထစ်နေတာ အသံမကောင်းတာမျိူးတွေ မဖြစ်စေရဘူးလို့ ရှနွန်က အာမခံချက်ပေးလိုက်ပါတယ်။ အဲဒီလို အခြေနေမျိူးမှာ သူ့ရဲ့ သတင်းအချက်အလက်ဆိုင်ရာ အခြေခံကျသော သီအိုရမ်အရ အမှားတွေကို ပြင်ပေးတဲ့ ကွန်ပြူတာ စနစ်တစ်ခုကို ပေးမှာဖြစ်ပါတယ်တဲ့။ ဘာလို့ဆို တစက္ကန့်ကို အလျင်နှူန်း ထောင်သောင်းချီပီး လွှင့်ပေးနေမှာဖြစ်တာကြောင့် အမှားတို့ အပြစ်တစ်စုံတရာတို့ဆိုတာ မရှိသလောက် နည်းပါးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒီအချက်ဟာ ဒစ်ဂျစ်တယ်ကမ္ဘာ ဒစ်ဂျစ်တယ် စကားလုံးကို အများသိအောင် စတင်မိတ်ဆက်ပေးလိုက်တာပါပဲ။

အားလုံးခြုံပီး ပြောရရင် ရှနွန်က တလျောက်လုံးမှာ သိပ်ကို ငြိမ်သက်နေတယ် ဆိုပါတော့။ ထင်ရတယ်လို့ ဆိုပါတော့။ သူ့အနီးကပ်မိတ်ဆွေ အပေါင်းအသင်းတွေက ပြောတာတော့ သူ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ၁၉၄၈ ခုနှစ်ကျမှ သိခွင့်ရခဲ့တာပါတဲ့။ ရှနွန်ကိုယ်တိုင်ကလည်း ရှက်တတ်တယ် သိုသိပ်တယ် သူများကို စကားတွေ သိပ်များများ မပြောတတ်တာလဲ ပါတာပေါ့။

၁၉၄၃ခုနှစ် ဇန်နဝါရီလနဲ့ မတ်လ ကြားမှာ သူကAlan Turing ( အယ်လန်ကျူးရင်း) နဲ့ မိတ်ဖြစ်ဆွေဖြစ် ခနတာ (ခပ်တိုတိုလို့ သူက ရေးသားထားပါတယ်) ရင်းနှီးခဲ့ဘူးတယ်။ ကျူးရင်းက Bell Lab ဘဲလ် ဓတ်ခွဲခန်းကို အင်္ဂလိပ်အစိုးရအတွက် X- system (အိတ်စ် စနစ်) နဲ့ပတ်သက်လို့ ရီပို့တစ်ခု လုပ်ဖို့ လာတုန်းကလို့ ဆိုပါတယ်။ သူတို့က ကျူးရင်းရဲ့ အင်္ဂလန်စစ်အတွေ့အကြုံအကြောင်း မပြောကြပါဘူး။ ကျူးရင်းက အဲဒီတုန်းက Bletchley Park (ဘလက်လချ်လေပါ့ခ်) ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ နံမယ်ကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်။ ၁၉၄၃ခုနှစ်မှာ ဒီအဖွဲ့အစည်းက သိပ်ကို သိုသိုသိပ်သိပ် နေခဲ့ကြတယ်။ ဒါပေမယ့် ဂျာမန်တွေက ကျူးရင်းနဲ့အပေါင်းအပါများဟာ Welmatcht’s Enigma (ဝဲလ်မက်ချ်၏ အက်ခ်မာ) (စစ်အတွင်းမှာ သတင်းတွေ အချက်အလက်တွေကို ကုတ်တွေ သို့မဟုတ် သချာင်္ပုံသေနည်းတွေ နဲ့ လူတိုင်းအလွယ်တကူ ဖတ်လို့မရအောင် ဂျာမန်တွေက  ဝဲလ်မက်ချ် စက်ကြီးနဲ့ရေးသားထားခြင်း) ရေးသားထားတာတွေ ၊ သတင်းတွေကို ဖောက်ဖတ်နိုင်တယ်ဆိုတာ သိသွားတယ်။ ဒီလောက်ထိ ကြီးကျယ်တဲ့ အလုပ်တွေနဲ့ နံမယ်ကြီးတဲ့ ကျူးရင်းကို ရှနွန်နဲ့တွေ့ကြတော့ အဲသည်ကိစ္စ တွေကို ဘာမှ ထည့်မပြောကြဘူး။ သူတို့ လက်ဖက်ရည်ဆိုင်လေးမှာ တွေ့ခဲ့ကြတာပါ။ သူတို့၂ယောက်က အတွက်အချက်နည်းပညာနဲ့ သတင်းအချက်အလက်တွေဆိုင်ရာ တွေကိုပဲ ဆွေးနွေးပြောခဲ့ကြပါတယ်။

ကျူရင်းအကြောင်း အထုပ္ပတ္တိ ရေးသားသူ Andrew Hodges (အင်ဒရုး ဟော့ဒ်) က အခုလို ထောက်ပြပါတယ်။ ကျူရင်းအလုပ်နဲ့ ရှနွန်အလုပ်က မျဉ်းပြိုင်နှစ်ခုလို ဖြစ်နေတာတဲ့။ ဒါတင်မက ပြောင်းပြန်လည်း အချိူးကျနေပြန်သတဲ့။ ကျူရင်းက အတွက်အချက်ကနေ စတယ် ဒါကို လေ့လာရင်းကနေ သတင်းအချက်အလက် တွေဆီနဲ့ သတင်းကို ဖောက်ဖတ်တဲ့ အလုပ်ဘက်ကို သွားတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘာမှန်းမသိ ရူပ်ထွေးတဲ့ စက်ကြီးက သင်္ကေတတွေကို ဖတ်တယ် ရေးတယ် ဆိုတာတွေ ကို အာမခံချက်ပေးလာတာ။ ရှန်နွန်ကျတော့ ဆန့်ကျင်ဖက်။ သူက သတင်းအချက်အလက်တွေကနေ စတယ်။ ဒါပေမယ့်လို့ နောက်ဆုံး နိဂုံးချူပ်တာကျ လာတူနေတယ်။ သူ့ရဲ့ ၅ပုံ၁ပုံပါနေတဲ့ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် ဆိုတာဟာ မက်ဆေ့တွေကို ဖြည်လိုက်တာ။ ဖြည်လိုက်တော့ သင်္ကေတတွေကနေ အင်္ဂလိပ်စာလုံးတွေ အဖြစ် အသွင်ပြောင်းသွားတယ်။ တခါ ထပ်ပီး Moss Code (မော့စ်ကုတ်) (မော့်စ တီထွင်သော သတင်းပို့သော သင်္ကေတတိုများ) အဖြစ် ပြန်ပြောင်းပေးတယ်။ ဒါပေမယ့် ဘယ်လိုပဲ ရုပ်ပိုင်းဆိုင်ရာပုံစံတွေက ဖြစ်နေပါစေ ပါးစပ်ကပြောတယ် နားကနားထောင်တယ် လက်ကချရေးလိုက်တယ် ဆိုတဲ့ သင်တို့ရဲ့ လုပ်ဆောင်မူတွေ အားလုံးဟာ သတင်းအချက်အလက်တွေ ထိုးသွင်းခြင်း Input ဖြစ်တယ်။ ဒါတွေကို output စီးကြောင်းက ဘာလဲဆိုတော့ ဒီလုပ်ငန်းစဉ် ကောင်းကောင်းလုပ်ဆောင်ပေးမူ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လုပ်ငန်းတစ်ခလုံးကို ဘယ်လို ခေါ်မလဲ “တွက်ချက်ခြင်း“ လို့ အမည်ပေးမယ်။

နောက်တချက်ကတော့ ရှနွန်ဟာ John Von Newmann (ဂျွန် ဗွန် နယူမင်) (သူက ဟူကေရီယန် အမေရိကန်လူမျိူး သချာင်္ပညာရှင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၊ တော်တော်များများသောနယ်ပယ်များကို နှံ့စပ်လေ့လာသူ) ကို အတော်လေး ယုံကြည်မူရှိနေတာ ဖြစ်ပါတယ်။ အဲလို ပညာရှင်ကြီးဆီက စကားတွေကို သူက နားထောင်ချင်တယ် အကြံတောင်းချင်တယ် ကြားချင်တယ်ပေါ့။ ဗွန်နယူမင် က သူ့ထက် ပိုသာတဲ့ အကြံတွေ ဉာဏ်တွေ ပေးနိုင်မလားဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။

ဂျူနီယာဝင်း