Tuesday, November 4, 2014

အားလုံးအတွက် စွယ်စုံကျမ်း ၁၆ ဂျူနီယာဝင်း


-->
Academic Weekly ဂျာနယ်တွင် သြဂုတ်လမှ အစပြုကာ အပတ်စဉ်ရေးသားလျက်ရှိသော အားလုံးအတွက် စွယ်စုံကျမ်း များကို အဆင်ပြေသလို တင်ဆက်သွားပါမည်။

အားလုံးအတွက်စွယ်စုံကျမ်း ၁၆
ဂျူနီယာဝင်း


လေထုညစ်ညမ်းတာ ဘယ်လိုဖြစ်တာလဲ

လေထုညစ်ညမ်းမူများသည် လူများ၏လုပ်ရပ်များကြောင့် အဖြစ်များပါသည်။ အဓိကလေထုညစ်ညမ်းရခြင်း အကြောင်းတစ်ခုမှ မော်တော်ကားများ၏ အိတ်ဇောပိုက်ကနေ ထွက်သော မီးခိုးငွေ့များကြောင့် ဖြစ်ပါသည်။ လေထုညစ်ညမ်း စေသောအခြား သော အကြောင်း များစွာမှာ စက်ရုံများ၊ ပုံ ၁။  လျှစ်စစ်သုံးစွမ်းရည်သုံး စက်ရုံအလုပ်ရုံများ ကထွက်သော မီးခိုးငွေ့များ၊ စွန့်ပစ်ပစည်းများလောင်ကျွမ်းမူများ၊ ကျောက်မီးသွေး လောင်စာမှလည်းကောင်း၊ အိမ်မှာ သုံးသော ဓါတ်ငွေ့(ဂက်စ်) မီးဖိုများ၊ လောင်စာဆီသုံး မီးဖိုများ ကြောင့်လည်းကောင်း ဖြစ်ပါသည်။ ပုံ ၂ တွင် ထိုအခြေအနေများကို ရုပ်ပုံများနှင့် ရှင်းထားသည်။ (ပုံ- မီးလောင်ကျွမ်းခြင်း၊ ဂတ်စ်အိုးမှ ထွက်သော အဆိပ်ငွေ့၊ မော်တော်ကား အိတ်ဇော်ပိုက်၊ ဓါတ်ငွေ့ဓါတ်ဆီထည့်သော ဆိုင်များ၊ မီးခိုးခေါင်းတိုင်များက ထွက်သော မီးခိုးများ) ယင်းအဖြစ်များကြောင့် ကျွနိုပ်တို့၏ အဆုတ်နှင့် တကွ တခြားသော ကျမ်းမာရေးပြသနာများကို  ထိခိုက်စေသည့်အပြင် ပတ်ဝန်းကျင်ကိုပါ ညစ်နွမ်းစေပါသည်။ 


တောင်သူလယ်သမားများသုံးကြသော သီးနှံများကို ဖျန်းသောဆေးရည်များ၊ မိုင်းတွင်းလုပ်ငန်းများ၊ မီးတောင်ပေါက်ကွဲမူများသည် လည်းလေထုညစ်ညမ်းမူကို ဖြစ်စေသည့် အကြောင်းချင်းရာများ ဖြစ်ပါသည်။

လေထုညစ်ညမ်းလာမူကြောင့် ကမာကြီးပူနွေးလာမူ ကိုဖြစ်လာစေပါသည်။ ကမာပေါ်မှာ နေထိုင်နေကြသော လူသားများသည် ကမာကိုကာကွယ်ပေးထားသော အိုဇုန်းအလွှာ ကိုမှီခိုအာထား နေရပါသည်။ အိုဇုန်းအလွှာသည် နေကနေလာသော လူတွေ၏ ကျမ်းမာရေးကိုထိခိုက်စေသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားပါသည်။

လေထုညစ်ညမ်းမူသည် ထိုအိုဇုန်းအလွှာကို ဖျက်စီးလိုက်နိုင်စွမ်း ရှိပါသည်။ လေထုညစ်ညမ်း မူက နေရောင်ကနေလာသော အဆိပ်ဓါတ်ငွေ့ကို မကာကွယ်နိုင်တော့သောအခါ တဖြေးဖြေးနှင့် အိုဇုန်းအလွှာကို လုံးဝဥသုံ ပျောက်ကွယ်သွားအောင် လုပ်မှာ ဖြစ်ပါသည်။ ထို့ပြင် နောက်ဆုံးရရှိထားသော စမ်းသပ်ချက်များအရ ညစ်ညမ်းသော ဓါတ်ငွေ့များသည် နေရောင်ခြည်ကနေ လာသော ပြင်းထန်သည့်ရောင်ခြည်များနှင့် ထိတွေ့မူများလာပါက အိုဇုန်းအလွှာကိုပင် အဆိပ်ဖြစ်စေသော လေထုအလွှာ အဖြစ် ဖွဲ့တည်လာနိုင်သည်ဟူရွေ့ ဖြစ်ပါသည်။
သည်တော့ ကျွနိုပ်တို့ လူသားများအနေနှင့် လေထုညစ်ညမ်းမူကို ကာကွယ်ဖို့ ဘယ်လို များ နေထိုင်လုပ်ဆောင် သင့်ပါသလဲ။


ဒါဖြင့်လျှင် အိုဇုန်းအလွှာ ဆိုတာဘာပါလဲ


အိုဇုန်း Ozone အလွှာသည် ကမာကြီးကို နေရောင်ခြည်ကနေလာသော အနရယ်ရှိသည့် ရောင်ခြည်များ လူသားများဆီသို့မကျရောက် အောင်ကာကွယ်ပေးထားသော လေထု အလွှာ ဖြစ်ပါသည်။ အိုဇုန်းသည် ကျွနိုပ်တို့ အသက်ရူနေသော အောက်စီဂျင် ၃ ဆပါရှိသော လေထု ဖြစ်ပါသည်။ ထိုအလွှာသည် ကမာကြီး၏ မျက်နှာပြင်မှ ၁၇  ကီလိုမီတာ ကနေ  ၅၀ ကီလိုမီတာ အကွာ အထိ ရှိကာ ထိုအလွှာသည် ကမာကြီးကို လွှမ်းခြုံလျက်ရှိ နေပါသည်။
ပုံ၃ တွင် ကမာကြီးအား သူ့ကို လွှမ်းခြုံလျက်ရှိသော အိုဇုန်းအလွှာကို ပြထားပါသည်။ ပုံတွင် ကမာကြီးကို တွေ့မည်။ သူ့ကို ပတ်ကာနေသော အလွှာများမှ နေနှင့် အနီးဆုံးအပေါ်ဆုံး အလွှာသည် အိုဇုန်းအလွှာ ဖြစ်ပါသည်။

အမြန်ဆုံးအင်းဆက်က ဘယ်သူလဲ

 အမြန်ဆုံးအင်းဆက်မှာ မြင်းများကို အထူးသဖြင့် ကိုက်တတ်သော မှတ်များ ဖြစ်ပါသည်။  သူ့ကို Horsefly ဟုခေါ်ပါသည်။ ပုံ၎ ။ သူသည် တစ်နာရီကို မိုင်၉၀ နှူန်းအမြန်ဖြင့် ပြေးနိုင်သူ ဖြစ်ပါသည်။ ပုံ ၅ ကိုကြည့်ပါ။

 ကမာပေါ်တွင်ထို ဟော့စ်ဖလိုင်း (horsefly) အမျိုးပေါင်း ၃၅၀၀ ရှိပါသည်။ သူုတို့ အမျိုးအများစုက အမများသည် တိရိစာန်များဆီက သွေးကို တစ်နေ့ကို ၃အောင်စ စုပ်ယူပါသည်။ ယင်းသည် သူတို့ဥများအား ပရိုတိန်းဓါတ်ရရှိဖို့အတွက် ဖြစ်ပါသည်။ အထီးများက ပန်းများဆီက ၀တ်ရည်နှင့် ၀တ်မှူန်များပေါ်တွင် သာမှီခိုနေတာ ဖြစ်ပါသည်။ ပုံ၆ တွင် ဟော့စ်ဖလိုင်းတစ်ကောင်က လူ့အသားပေါ်တွင် သွေးစုပ်နေပုံ ဖြစ်ပါသည်။


သင့်လျှာမှာ အရသာ ဘယ်လိုခံစားသိသလဲ

ပုံ၇ တွင် လျာ ၏ပုံကို အရောင် လေးမျိုးကို အစိတ်အပိုင်းတွေ မှာ ချယ်သထားသော ပုံစံဖြင့် ပြထားပါသည်။ အပြာ၊ ပန်းရောင်၊ အစိမ်းနှင့် အ၀ါရောင် ဖြစ်ပါသည်။ အစားအသောက်စုံမှာ အရသာပေါင်း ရာနင့် ချီကာရှိနေပါသည်။ ၄င်းအရသာများမှာ အမှန်တော့ အဓိက အရသာခံစားမူ ၄ ခုပေါင်းစပ်ရာကနေ ရတာ ဖြစ်ပါသည်။အဓိက အရသာ ၄ ခုမှာ ခါး၊ ချို၊ ချဉ်၊ ငန် ဟူရွှေ့ဖြစ်ပါသည်။ လျှာပေါ်က အရသာ ကို ပုံတွင်ပြထားသော နေရာများကနေ ခံစားပါသည်။ 

အပြာရောင် -ခါးသောအရသာ (Bitter)၊ ပန်းရောင် - ချိုသော အရသာ(Sweet)၊ အစိမ်းရောင်- ချဉ်သောအရသာ(Sour)နှင့် အ၀ါရောင် - ငန်သောအရသာ(Salty) ဟူရွှေ့ဖြစ်ပါသည်။ လျှာသည် သူ့ဆီဝင်ရောက်လာသော အစာကို ထိတွေ့သည့်အခါ ဖိအား၊ မာကျောမူ၊ ရောစပ်မူ၊ အပူနှင့် အအေး အစရှိသည်တို့ကို သိရှိခံစားပါသည်။ ထို့နောက် ရရှိလာသော ခံစားမူသည် ဥနှောက်ဆီသို့ သတင်းပို့လိုက်တာ ဖြစ်ပါသည်။ သို့သော်  အနံ့ကတော့ လျှာကနေရတာ မဟုတ်ပါ။ တခြားသော အာရုံခံစားချက်ကနေ ပေးတာ ဖြစ်ပါသည်။ ထို့ပြင် ဘာအရသာဖြစ်တယ် ဆိုတာကလဲ လျှာကနေ ပေးတာမဟုတ်ပါ။ ဥနှောက်ကနေ ရရှိလာသော အချက်အလက်များ ဖြစ်သော ခံစားမူ၊ ထိတွေ့မူ၊ အပူချိန်၊ အနံ့ အစရှိသည်တို့ကနေ အရသာကို ပြောနိုင်တာ ဖြစ်ပါသည်။

တရုတ်ပြည်က ဘန်စီးဒေသကို ဂြိုလ်တုကနေ မမြင်ရတာ ဘာကြောင့်လဲ

ယုံပါ့မလားမသိပေမယ့် တရုတ်ပြည်က ဘန်စီး Benxi ဒေသကို ကောင်းကင်မှာ လွှတ်တင်ထားတဲ့ ဂြိုလ်တုကနေ ကြည့်လို့မမြင်ရတာ တကယ်ပါ။ အကြောင်းကတော့ သူတို့နိုင်ငံ၏ စက်ရုံတွေကနေ ထုတ်လွှတ်လိုက်သော မီးခိုးငွေ့များ ကြောင့် ဖြစ်ပါသည်။ ပုံ ၈ ကိုကြည့်ပါ။ မီးခိုးငွေ့များ စက်ရုံကနေ ထွက်နေပုံ ဖြစ်ပါသည်။ အလွန်ကြီးမား ကျယ်ပြန့်တဲ့ မီးခိုးငွေ့တွေ တတိုင်းပြည်လုံး လွှမ်းနေတာကြောင့် ကောင်းကင်ပေါ်က ဂျြိုတ်တု များ၊ စက်တလိုက်များကနေ ကြည့်ရင် ဘာမှ မမြင်ရပါ။ ပုံ ၉ ။ ထို့ကြောင့် ထိုဒေသကလူများသည် ထိုလေထုကို ရျူရိုက်နေရတာသည် နေ့စဉ် စီးကရက် အလိတ်၄၀လောက် သောက်နေရတာနှင့် ညီမျှသည် ဟူရွေ့ပင် စမ်းသပ်မူများအရ တွေ့ရှိထားပါသည်။ မက်ကစီကို မှာလည်း ထိုနည်းလည်းကောင်းဖြစ်နေပြီ ဖြစ်ပါသည်။

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဂျူနီယာဝင်း


သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်  ဂျူနီယာဝင်း

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်

(ပိတောက်ပွင့်သစ်



ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။


လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား။ စက်ပစ္စည်း တွေ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက် အတန့် အချိန်ပိုင်းလေးတစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁ဝ နှစ်၊ နောက် နှစ် ၂ဝ၊ နှစ် ၁ဝဝ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခအဖြစ်ကလေးတွေဟာ 'ဟိုးရှေးရှေးတုန်းကပေါ့... ဆိုတဲ့ ပုံပြင်တစ်ပုဒ်လို ကျန်ရစ်ခဲ့ရပြီထင်ပါရဲ့။ ငယ်စဉ်က နားထောင်ခဲ့ ရဖူးတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ ဆိုရပေတော့မည်။

ဗာဂျီနီးယားအနောက်ဘက်က Hilldaleအရပ်ဒေသနားတွင် Big Bend မီးရထားလိုဏ်ခေါင်းတစ်ခု ရှိပါသည်။ ထိုနေရာတွင် သံလို မာကြောကာ ခွန်အားအပြည့်ရှိ၍ သန်စွမ်းလှသည့် Driving Manဟူသည့် လူသားတစ်ဦး၏ နားခိုရာဝိညာဉ်တစ်ခုရှိလေသည်။

"There lies a steel drivin' man, Lord,lord

There lies a steel drivin' man"

ထိုနေရာမှာပေါ့ သံလိုမာကြောသန်စွမ်းလှသည့် လူသန်ကြီးတစ်ဦး ရှိနေပါသည်တဲ့။ သူ့အမည်က John Henry ဖြစ်ပါသည်။ တောင်တွေကိုဖြိုကာ မီးရထားသံလမ်းတွေ၊ လိုဏ်ခေါင်းတွေ တူးဖောက်ရသော အလုပ်ကြမ်းတွေကို driving man လူသန်ကြီးတွေက လုပ်ကြရပါသည်။ John Henry က ထိုလူသားတွေထဲက တစ်ဦးဖြစ်လေသည်။ မာကြောတဲ့ ကျောက်တုံးကျောက်စိုင်တွေကို လွန်ပူဖြင့် ဖြစ်စေ၊ စူးဖြင့်ဖြစ်စေ ဖောက်ဖို့အတွက် ခွန်အားလိုပါသည်။ ၁၈ရဝ ခုနှစ် လိုဏ်ခေါင်းဖောက်စက်များ၊ တူးဖော်စက်များ မပေါ်မီက လူ့ စွမ်းအားသုံး၍ ဖောက်ဖို့ရန် Steel driving men တွေ လိုအပ်လှပါသည်။ မီးရထားလိုဏ်ခေါင်းတွေ ၁၈ရဝ မတိုင်မီက ဆောက်လုပ်နိုင်ကြ တာကို ကြည့်၍ steel driving men တွေ အများအပြားရှိခဲ့သည်ဆိုတာကို သက်သေခံလျက်ရှိနေပါသည်။ ထိုသံလိုမာကြောကာ ခွန်အား ဗလနှင့် ပြည့်စုံသော လူသား steel driving menတွေ များစွာရှိခဲ့ဖူးပါသည်။ သို့သော် John Henry ကို မမီပါ။ ဟုတ်ပါသည်။ JOHN HENRY ရဲ့ ဂုဏ်ပုဒ်တွေက ပုံပြင်တွေထဲ ညွှန်းတာထက်တောင် ပိုပါသည်။ သူအသုံးပြုသော ဆောက်က ပေါင် ၃ဝ လောက်လေးပါသည်။ တခို့ျက သူ့လက်တစ်ဖက်တစ်ချက်ဆီမှာ ပေါင်နှစ်ဆယ်လေးသော ဆောက်ကိုကိုင်ပြီး ရိုက်နိုင်၊ လွှဲနိုင်ပါသတဲ့။ ၁ဝ ပေါင်လေးသောဆောက် ဖြင့် အလုပ်လုပ်ပြီး သူလွှဲရိုက်လိုက်တဲ့ အကြိမ်တိုင်းမှာ တောင်တွေဟာ သွက်သွက်ခါကာ တသိမ့်သိမ့်တုန်သွားလေသည်။ John Henry သည် သူ၏ ဂုဏ်ပုဒ် steel driving manကို အလွန်ဂုဏ်ယူကျေနပ်ကာ ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ သူ၏ ခွန်အားကို ဂုဏ်ယူ လျက် ခွန်အားသုံး၍ လုပ်ရသော အလုပ်မှန်သမျှကိုလည်း အစဉ်အမြဲ ကြိုဆိုလျက်ရှိနေပါသည်။ ၁၈ရဝ ခုနှစ်ခန့်က John Henryသည် ဗာဂျီးနီးယားနောက်ဖက် Hilldale နားတွင် Big Band မီးရထားလိုဏ်ခေါင်းတူးဖို့ အဆင်သင့်စောင့်နေလေသည်။ သူ့ရှေ့တွင် ရေနွေးငွေ့သုံး မီးရထားလိုဏ်ခေါင်းတူးဖောက်စက်ကို ကုမ္ပဏီက သယ်ဆောင်လာပါသည်။ ကုမ္ပဏီက ထိုစက်ပစ္စည်း ဘယ်လောက်အလုပ်တွင်မလဲဆိုတာ စိတ်ဝင်စားနေကြပါသည်။

John Henryသည် ထိုစက်ကို ရပ်ကြည့်လျက်ရှိနေရာက စိတ်ရိုင်းတွေဝင်လာပါသည်။ သူ့လောက် ခွန်အားမရှိသူတွေက ထိုလိုဏ် ခေါင်း တူးစက်ဖြင့် သူ့ထက်သာအောင် လုပ်နိုင်မည်ဆိုတာကို မယုံကြည်ပါ။

''အို့ လူသားတစ်ဦးအဖြစ်ဖြင့်သာ လူသားတစ်ဦး ရှင်သန်လျက်ရှိပါသည်။ သို့သော်လည်း... 

ကျွနု်ပ်က ဤလိုဏ်ခေါင်းတူးစက်ကို အနိုင်ပေးလိုက်ရသည်အထိ ပေါ့ကွယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မည်''

"Well, a man ain't nothing but a man,

But before I let that steam drill beat me down,

I'll die with my hammer in my hand,

Lord, Lord

I'll die with my hammer in my hand"

John Henryသည် သူ၏လက်နက် စူးနှင့် ဆောက်တို့နှင့် တောင်ကို ဖြိုဖို့ပြင်လေသည်။ John Henry နှင့် လိုဏ်ခေါင်းတူးစက်တို့ အပြိုင်နွှဲကြရာတွင် John Henry ၁၅ ပေ ဖောက်နိုင်စဉ်မှာ စက်ကြီးက ၉ ပေသာ ရသေးသည်။ သူ၏ စိတ်ဓာတ်ပြင်းထန်မှုကြောင့်ပဲလား၊ သူ၏ ခွန်အားကို အားကုန်စိုက်သုံးလိုက်၍ပဲလား ထိုနေရာမှာပင် သူ့အသည်းနှလုံးတွေ ကွဲကြေကာ သူ၏ ဆောက်လည်းလွတ်ကျပြီး နဘေး မှာပင် သေပွဲဝင်ခဲ့လေပြီ။

ဗာဂျီနီးယားအနောက်ဘက်က Big Bandမီးရထားသံလမ်း နဘေးမှာ John Henry ၏ ဝိညာဉ်ရှိပါသည်။ ထိုနေရာကို ဖြတ်သွား တိုင်းမှာ မိဘလုပ်သူတွေက သားသမီးတွေကို၊ အဘိုးအဘွားတွေက မြေးကလေးတွေကို John Henryအကြောင်းကို ပြောပြကြပါသည်။ သူသန်စွမ်းကာ ခွန်အားကြီးမားပုံကို မျက်စိထဲမြင်ယောင်လာအောင် ပုံဖော်ကြည့်ကြပါသည်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း စကားပြောကြသည့်အခါ၊ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီဟု ပြောလိုသည့်အခါ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီ ဟု ပြောလိုသည့်အခါ အဲဒါ History ပဲဟု ပြောကြတာကို တွေ့ဖူးပါသည်။ ခေတ်နောက်ကျကျန်ရစ်ပြီ၊ ခေတ်မမီတော့ဘူးဟုလည်း သုံးကြ ပါသည်။

John Henry ၏ အကြောင်းသည်လည်း သမိုင်းမှာ ကျန်ရစ်ခဲ့ပြီထင်ပါသည်။

(ပိတောက်ပွင့်သစ်



ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။

Friday, October 31, 2014

စာရေးဆရာ ဖြစ်ချင်တယ် ဂျူနီယာဝင်း









အတွေးအမြင်(အမှတ် ၁၉၂၊ ၂ဝဝ၈၊ မတ်လ)




'စာရေးဆရာဖြစ်ချင်တယ်' ဟူသော စကားလုံးတွေကို ကျွန်မ မိတ်ဆွေသူငယ် ချင်းတွေကြားထဲ ကြားရသည့်အခါ၊ တစ်စုံ တစ်ယောက်က ပြောသည့်အခါ ကျွန်မအတွက် ထူးဆန်းမိသည်။ ဒီစကား ကျွန်မအတွက် ထူးဆန်းအံ့သြစရာမဟုတ်ဟု ဆိုကြပေလိမ့်မည်။ သို့သော် ကျွန်မအတွက်တော့ အဲဒီစကားမိုျးကြားရတိုင်း စကားသစ်အဆန်းတစ်ခုသဖွယ် ဖြစ်နေဆဲဖြစ်ပါသည်။


ကျွန်မ ငယ်ငယ်က ဖြစ်ချင်တာတွေ တော်တော်များပါသည်။ ထိုအများကြီးထဲက စာရေးဆရာဆိုတာ မပါပါ။ ကျွန်မ အဘွား ဒေါ်ခင်မိုျးချစ်ကို စာရေးဆရာမဟု ခေါ်ဝေါ်သုံးစွဲကြတာကိုလည်း အားမကျပါ။ အထူးသဖြင့် ဘာအလုပ်လုပ်သလဲဟု အမေးခံရလျှင် မေမေကြီးဒေါ်ခင်မိုျးချစ်က 'စာရေးပါတယ်'ဟူသော အဖြေမိုျးကြားရလျှင် သိပ်ဂုဏ်မယူတတ်ခဲ့ပါ။ အခြားအလုပ်ဆို ပြောလို့လည်း ပိုကောင်းမှာဟု တွေးခဲ့ဖူးပါသည်။ အဲဒီလို စိတ်ဓာတ်နှင့် ကျွန်မက စာရေးဆရာ လုံးဝမဖြစ်ချင်ခဲ့တာ အံ့သြစရာမဟုတ်ပါ။ ကျွန်မတို့မိသားစု ဝင်တွေ၊ ကျွန်မအစ်ကို မောင်ရစ်အပါအဝင် အတွေးအမြင်မှာ စာတွေ ရေးနေတာကိုလည်း အားမကျခဲ့ပါ။ မေမေကြီး၊ ဘဘကြီးတို့ မိတ်ဆွေ တွေက ကျွန်မကို စာရေးဖို့တိုက်တွန်းလျှင်လည်း သူတို့ကို ရန်သူလို့ သတ်မှတ်ပါသည်။ ဒီလိုစာရေးဆရာအလုပ်ကို လုပ်ခိုင်းလေခြင်းဟု စိတ်ဆိုးမိပါသည်။


ကျွန်မ သင်္ချာဘာသာ အဓိကဖြင့် တက္ကသိုလ်တက်ခဲ့စဉ်တုန်းက ဖခင်ဖြစ်သူကလည်း သင်္ချာဆရာကြီးမို့ သင်္ချာအမွေကို ဆက်ခံရသည့် အဖြစ်ကိုတော့ တော်တော်လေး ကျေနပ်ဂုဏ်ယူခဲ့ပါသည်။ တက္ကသိုလ်တက်ခဲ့ရသော ဘဝတစ်လျှောက်လုံး နောက်ဆုံး မဟာသိပ္ပံတန်းရောက်ခဲ့ သည့်တိုင် ကျွန်မအား သင်္ချာဆရာကြီးသမီးမို့ သင်္ချာေတော်လေခြင်းဟူသော အပြောမိုျးလည်း ကျွန်မက သိပ်ဂရုမစိုက်ခဲ့ပါ။ သို့ရာတွင် မဟာသိပ္ပံကျမ်းdefendမှာ ဘယ်ဘက်ကမ်းကစမ်းစမ်း၊ မေးချင်ရာမေးဟု အားခဲ့ထားစဉ်က ဘာတစ်ခုမှ အမေးမခံလိုက်ရသောအဖြစ်ကို ကြုံတွေ့ရသောအခါ ယူကြုံးမရ ဖြစ်ခဲ့ရသည်။ ၈ နှစ် လုံးလုံး ကြိုးစားလျှောက်လှမ်းခဲ့ရသော ကျွန်မ၏ အချိန်များ၊ ပေးဆပ်ခဲ့ရသည့် အင်အားများ၊ ကျွန်မ၏ နောက်ဆုံးမျှော်လင့်ချက်တစ်ခုသည် ရုတ်တရက် အဓိပ္ပာယ်မဲ့သွားသလို ဖြစ်သွားသည်။


ကျွန်မ တက္ကသိုလ်တက်ခဲ့စဉ် ကာလတစ်လျှောက်လုံးမှာ ကျွန်မအား သင်္ချာ ဆရာကြီးသမီး၏ သူငယ်ချင်းများအဖြစ် ကျွန်မနှင့် တွဲခဲ့ကြသော ကျွန်မ၏ သူငယ်ချင်းများကိုလည်း ကျွန်မ၏ ခံစားချက်များကို ရင်ဖွင့်ပြောပြဖို့ အင်အားမရှိခဲ့ပါ။ ကျွန်မခံစားချက်များကို သူတို့ ကို ပြောပြမိသည့်အခါတိုင်း 'ငါတို့က နယ်ကတက်နေရတဲ့ သူဆိုတော့ အဆောင်မှာနေရတဲ့ဒုက္ခ၊ အစားအသောက်၊ နေရေးထိုင်ရေးကအစ နေ့စဉ်နဲ့အမျှ ပူပန်နေရတာ' 'ငါတို့က မြို့ထဲက ကျောင်းတက်ဖို့အရေး ဘတ်စ်ကားအတန်တန်စီးပြီး ပင်ပင်ပန်းပန်းလာတက်ကြရတာ။ နင်က မိနစ် ၂ဝ လောက်လမ်းလျှောက်လိုက်တာနဲ့ ကျောင်းရောက်လာပြီ' 'ငါတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခ ဒုက္ခတွေဟာ နင်ပြောပြောနေတဲ့ ပြဿနာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အခု ငါပတ်ထားတဲ့နာရီလေး ဓာတ်ခဲကုန်သွားတာလောက်ပဲရှိပါတယ်' 'ငါတို့လည်း နင့်လိုသာဆို စဉ်းစား ချင်တာပေါ့။ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် မတွေးစမ်းပါနဲ့'တဲ့။ 'ဘာမဟုတ်တာလေး ရေးကြီးခွင်ကျယ် လုပ်မိပေါ့'ဟု အတွေးရောက်မိ ကာ ရေငုံနှုတ်ပိတ်နေသွားရာကနေ ကျွန်မ၏ ခံစားချက်တွေ သည်စကားလုံးတွေ၊ စာလုံးတွေအဖြစ် ပြောင်းလဲရွှေ့မျောသွားခဲ့ပုံရပါလေသည်။ ထို့ကြောင့်ပင် ကျွန်မသည် မဟာသိပ္ပံကျမ်းအတွက် ထပ်လုပ်ဖို့ ဘယ်သူနှင့်မှ မတိုင်ပင်ဘဲ တစ်ဦးတည်းကြိတ်ပြီး ကြိုးစားခဲ့ရသည်ကို နောက်မှ သိသွားကြသော သူငယ်ချင်းတခို့ျက 'ဒါကြောင့် thesis defend နေ့က သူငယ်ချင်း မျက်နှာသိပ်မကောင်းတာကိုး'ဟု ပြောဖော်ရခဲ့ပါသည်။


အဲဒီတုန်းက ကျွန်မသည် သင်္ချာပါမောက္ခထံတွင် သွားရောက်၍defend ထပ်ထိုင်ပေးဖို့ သွားပြောခဲ့ဖူးသည်။ ပါမောက္ခက အခုလို ရှင်းပြပါသည်။


'ဖြစ်မှ ဖြစ်ရလေကွယ်၊defendထပ်လုပ်တယ်ဆိုတာ ထုံးစံမရှိဘူးကွဲ့။ ဆရာတွေက သဘောမကျလို့ ထပ်ထိုင်တယ်ဆိုတာပဲရှိတယ်။ အခုကိစ္စက ဒီလိုရှိတယ်လေ သမီးရဲ့ thesisအကြောင်းရှင်းပြတာကို ဆရာတို့နားထောင်ကြည့်လိုက်တော့အားလုံးသဘောပေါက်တယ်ကွဲ့။သမီးဘယ်လောက်ကြိုးစားထားတယ်ဆိုတာလည်း ပေါ်လွင်တယ်။ သမီးက စာကို တကယ်ကြေဘယ်ဆိုတာသိကြလို့ ဘယ်သူကမှ မမေးတော့ တာလေ။ ဘာမေးမေးဖြေနိုင်နေမယ့်ဟာ ဘာလို့ အချိန်ကုန်ခံပြီး မေးနေတော့မလဲကွဲ့။ အဲဒီလို စဉ်းစားလိုက်။ ကဲ... ကဲ... သမီးကျေနပ်အောင် ဆရာတို့ seminor ထပ်လုပ်ပေးမယ်''


'သြော်... ဆရာတို့စိတ်ထဲ အဲဒီလို ရှိတယ်ဆိုရင်လည်း ထုတ်ပြောလိုက်ရောပေါ့။ ဒါဆို လာကြည့်ကြတဲ့ ပရိသတ်ကလည်း ကျွန်မကို အလကား အအောင်ပေးလိုက်တယ်လို့ ဘယ်ထင်သွားပါ့မလဲ။ ကျွန်မကိုယ်ကျွန်မ မဟာသိပ္ပံနဲ့ထိုက်တန်တယ်လို့ ယူဆလို့ရခဲ့မှာပေါ့'


ကျွန်မသည် ဤသို့ မှတ်ချက်ချခဲ့ပြီး Seminor ထပ်လုပ်ဖို့ ပါမောက္ခ၏ ခွင့်ပြုချက်ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ဖူးပါသည်။


သို့သော်လည်း အဲဒီလောက်နှင့်လည်း စိတ်မနာနိုင်သေးဘဲ တက္ကသိုလ်နည်းပြလုပ်ဖို့ စိတ်အားထက်သန်စွာဖြင့် အချိန်ပိုင်းဘဝဖြင့် ရှင် သန်ခဲ့ဖူးသေးသည်။ Ph.D အိပ်မက်တွေလည်း မက်လိုက်ရသေးသည်။ သို့သော် နည်းပြစာရင်းများထွက်တုန်းက ကျွန်မတစ်ဦးတည်း ပြုတ်ကျ ကျန်ရစ်ခဲ့သောအခါ ကျွန်မကို သင်္ချာဆရာကြီးသမီးမို့ သင်္ချာတော်တယ်၊ သင်္ချာဆရာကြီးသမီးမို့ ဂုဏ်ထူးတန်းဝင်တယ်၊ သင်္ချာဆရာကြီးသမီး မို့ မဟာသိပ္ပံတက်ရတယ်ဟု မှတ်ချက်တွေချခဲ့ကြသော ကျွန်မသူငယ်ချင်းများနှင့် ဖေဖေ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ငြိမ်ချက်သားကောင်းသွား ကြခြင်းကိုတော့ ကျွန်မ အံ့သြမိပါသည်။


အဲဒီတော့ သင်္ချာဆရာကြီး၏ သမီးအဖြစ် သင်္ချာအမွေကို ဆက်ခံသူဘဝနှင့် နာနာကျင်ကျင် ဖြတ်သန်းခဲ့ရသော ကျွန်မသည် နောက်ထပ် ကျွန်မ အဘွားထံမှ စာပေအမွေကို ဆက်ခံရဖို့ ကြောက်နေခဲ့ပါသည်။ သို့ပါသော်လည်း ခံစားချက်တွေကနေ စကားလုံးတွေအဖြစ် အသွင်ပြောင်းလာခဲ့သော ကျွန်မ၏ အက်ဆေးတဖြစ်လဲဆောင်းပါးတွေကို ဆရာဦးဝံသဦးစီးသော အတွေးအမြင် မဂ္ဂဇင်းက လိုလိုလားလားနှင့် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်မှအစ ပြုလို့စာရေးရတာကို ပျော်လာပုံရပါသည်။ စစချင်းရေးခဲ့သော တစ်ပုဒ်စ၊ နှစ်ပုဒ်စတုန်းက ကျွန်မသည် နောက်တစ်ပုဒ်ဆိုတော်ပြီ၊ တော်ကြာ မေမေကြီးလို စာရေးဆရာလို့ အပြောခံနေရဦးမယ်ဟု စိုးရိမ်ခဲ့ဖူးသေးသည်။ ကျွန်မကို စာရေးစေချင်ခဲ့ သော ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)ကြားလျှင် ဘာပြောမည်မသိ။ တစ်ပုဒ်ရေးလည်း စာရေးဆရာ၊ နှစ်ပုဒ်ရေးလဲ စာရေးဆရာပဲဟု ကျွန်မအစ်ကိုက စနောက်တာကို လစ်လူျရှုထားလိုက်ပါသည်။


ရေးရင်း ရေးရင်းနှင့် အဲဒီတုန်းက မေမေကြီးက နဘေးမှ အားပေးခဲ့တာတွေလည်း ပါမှာပေါ့။ ပြီးတော့ ဘဘကြီးဦးခင်မောင်လတ် ကွယ်လွန်ခဲ့ပြီးနောက်မှ စာရေးဖြစ်တာဖြစ်လို့ ဘဘကြီး မတွေ့သွား၊ မဖတ်လိုက်ရလေခြင်းလို့ ဝမ်းနည်းခဲ့မိတာတွေလည်း ရှိခဲ့သည် စိတ်ပါ လက်ပါအရှိန်ရလာခိုက် 'ဘယ့်နှယ်ကြောင့် ရေးစရာတွေ ပေါ်ပေါ်လာရတာလဲ'ဟု ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ပြောဖူးသေးသည်။ အဲဒီ ကြားထဲ ဒီလို အတွေးက ပေါ်ခဲ့သေးသည်။


အခုတော့ ကျွန်မသည် ကျွန်မအဘိုးအဘွားများ ကျွန်မကို သင်ကြားပို့ချခဲ့သော ပညာအမွေ၊ စာပေအမွေကို စာဖတ်သူများအား တစ်ဆင့်ပြန်လည်ဖောက်သည်ချခြင်းအားဖြင့် စာရေးရသော အလုပ်ကို ကျွန်မ ပျော်မွေ့နေပြီထင်ပါသည်။ တစ်စုံတစ်ယောက်ထံမှ 'စာရေး ဆရာဖြစ်ချင်တယ်'ဟူသော စကားကိုကြားရတိုင်း ကျွန်မအဖြစ်နှင့်ယှဉ်၍ ထူးဆန်းအံ့သြမိခြင်းသာ ဖြစ်ပါသည်။ ဟိုးအရင်က မမေးခဲ့ဖူးသော မေးခွန်းတစ်ခုကို ကျွန်မကိုယ်ကျွန်မ မေးပါမည်။ 'စာရေးဆရာဖြစ်ချင်လား'ဟူ၍ ကျွန်မအခုတော့ တကယ့်ကို စိတ်ပါလက်ပါ ဖြေပါမည်။ 'စာရေးဆရာဖြစ်ချင်တယ်'ဟု အခုမှဖြေလည်း နောက်မကျသေးဘူးထင်ပါသည်။


(အမှတ် ၁၉၂၊ ၂ဝဝ၈၊ မတ်လ)






Friday, October 24, 2014

စာအုုပ်ဆုုိင်မှာ တွေးမိတဲ့အတွေးတစ်စ ဂျူနီယာဝင်း

စာအုုပ်ဆုုိင်မှာ တွေးမိတဲ့အတွေးတစ်စ

ဂျူနီယာဝင်း

(အင်္ဂလိပ်လိုရေး Junior Win’s A Day at the Bookshop ကိုကိုယ်တိုင် ဘာသာပြန်ထားသည်။)

စာအုုပ်ဆုုိင်မှာ တွေးမိတဲ့အတွေးတစ်စ

ဂျူနီယာဝင်း

(အင်္ဂလိ်ပ်လုုိရေး Junior Win’s A Day at the Bookshop ကုုိကုုိယ်တုုိင် ဘာသာပြန်ထားသည်။)

သည်ကနေ့ စာအုုပ်ဆုုိင်ကိုုရောက်ခဲ့တယ်။ Encyclopedia စာအုုပ်တွေကြည့်ရင်း သင့်တော်ရာတွေ့ရင် ဝယ်မလုုိ့ပါပဲ။ အခုုကျွန်မက ပညာရေးဂျာနယ်တစ်စောင် အတွက် အပတ်စဉ် ”အားလုုံးအတွက်စွယ်စုုံကျမ်း” အမေးအဖြေပုုံစံတွေ ရေးပေးနေရတယ်။ အိမ်မှာက
Encyclopedia စာအုုပ်တွေက ရှိပါတယ်။ အစကတည်းကလဲ Encyclopedia စာအုုပ်တွေ ဖတ်ရတာဝါသနာ ပါတဲ့သူမုုိ့  သိပ်ပြသနာမရှိပါဘူး။ သုုိ့သော်လည်း အပ်ဒိတ်ဖြစ်မယ့် အချက်အလက်တွေပါတဲ့ သကရာ်ဇ် ၂၀၀၀ နောက်ပိုုင်းကနေ ၂၀၁၁ ၂၀၁၃ စသည်ဖြင့် Encyclopedia စာအုုပ်တွေ တော့ လိုုချင်တယ်။ ဒါကြောင့်လဲ သည်နေ့ အင်္ဂလိပ်စာအုုပ်တွေ ရောင်းတဲ့ စာအုုပ်ဆုုိင်ကုုိရောက်ခဲ့တာပေါ့။

သည်လုုိ စာအုုပ်ဆုုိင်တွေမှာ Encyclopedia စာအုုပ်တွေက ပေါပါတယ်။ တစ်အုုပ်ပြီးတစ်အုုပ် စိတ်ရှည်ရှည် ဖတ်ရှာရပါတယ်။ ပညာရေးဂျာနယ်လေးက ကလေးတွေရော လူငယ်တွေအတွက်ပါ ရည်ရွယ်ပါတယ်။ သည်တော့ ဘာသာပြန်ဖုုိ့ သင့်တော်တာမျိူး ရွေးရပါတယ်။ ဟုုတ်တယ်။ ကျွန်မတုုိ့ မြန်မာပြည်မှာ… မြန်မာပြည်ကစာဖတ်ပရိသတ်က မြန်မာလုုိ စာအုုပ်တွေကိုု အင်္ဂလိပ်လုုိရေးတဲ့ စာအုုပ်တွေထက် ပုုိပြီး အားပေးကြတယ်။ ဖတ်ကြတယ်။ မြန်မာပြည်က မဂဇင်းတွေ၊ ဂျာနယ်တွေ အများစုုက မြန်မာလုုိပဲ ထုုတ်ကြတယ်။ သည်လုုိဆုုိလုုိက်တော့ မြန်မာပြည်သားတွေ အင်္ဂလိပ်စာမဖတ်နုုိင်ကြဖူး လုုိ့တော့မဟုုတ်ပါဘူး။ သူတုုိ့က မြန်မာစာအုုပ်ကုုိ အင်္ဂလိပ်လုုိ စာအုုပ်တွေထက် ပုုိပြီး အားပေးတယ်လုုိ့ ဆုုိလုုိတာပါ။ သူတုုိ့က မြန်မာစာအုုပ်ကိုုပဲ ပုုိပြီး စိတ်ဝင်စားကြတယ်။ သူတုုိ့က မြန်မာလုုိရေးထားတဲ့ ဆောင်းပါးတွေ၊ ဝတုတွေ၊ သတင်းတွေကုုိ ပဲဖတ်ချင်ကြတယ်။ သည်တော့ စာဖတ်သူတွေက မြန်မာလုုိပဲဖတ်ချင်တယ်လုုိ့ တောင်းဆုုိကြရင် ကျွန်မတုုိ့စာရေးဆရာတွေက သူတုုိ့အကြိုက် မြန်မာလုုိပဲ ရေးပေးရမှာပဲ။ တခြားရွေးစရာမရှိပါဘူး။ ကုုိယ်ပြောချင်တာတွေ၊ သူတုုိ့သိစေချင်တဲ့ ကမာ့ Encyclopedia တွေကုုိ ဖတ်စေချင်တယ် ဆုုိရင် မြန်မာလုုိ ဘာသာပြန်ပေးရပါတယ်။ အင်္ဂလိပ်လုုိ ကြိူးစားပြီး ရေးပြီးထုုတ်သောလည်း မြန်မာစာဖတ်ပရိသတ် သိပ်မရတာကြောင့် ရူူံးပါတယ်။ အစကတည်းက ကုုိယ့်စာအုုပ်တွေ သိပ်မစွံရတဲ့အထဲ အင်္ဂလိပ်လုုိ ရေးထုုတ်တော့ ပိုုဆုုိးပါတယ်။ စာအုုပ်တွေ ထွက်တော့ ထွက်နေတာပဲလုုိ့ စောဒကတက်ရင်တော့ အုုပ်ရေ ၁၀၀၀ ဆုုိတာ မြန်မာပြည်လူဦးရေနဲ့ နှိူင်းယှဉ်ရင် မုုိးနဲ့ မြေကြီးလုုိ ကွာခြားလှသလုုိပါပဲ။ သုုိ့သော် စာရေးဆရာဆုုိတာ စာမရေးပဲမနေနုုိင်သလုုိ စာရေးပြီးရင်းရေးချင်နေတဲ့သူမုုိ့ ဖတ်တဲ့သူမရှိလဲ၊ စာအုုပ်တွေရူူူံးလဲပဲ သိပ်ဂရုုမစုုိက်လှပါဘူး။ အခုုအွန်လုုိင်းခေတ်ရောက်လာ တော့ ရေးဖုုိ့ကပုုိပြီးတော့ အားပေးသလုုိတောင် ဖြစ်သွားပါတယ်။

အင်း…. .. အခုုကျွန်မက စာအုုပ်ဆုုိင်က စာအုုပ်စင်လေးရှေ့မှာ ရောက်နေတယ်။ သည်စာအုုပ်စင်လေးမှာ Encyclopedia တွေ အပြည့်ပါ။ ကုုိယ့်စိတ်သဘောသာဆုုိ အကုုန်ဝယ်ဖတ်ချင်တယ်။ သုုိ့သော် မဝယ်နိုု်င်ဘူး။ စျေးကလည်းတော်တော်ကြီး ပါတယ်။ သုုိ့သော ်အဲသည်အပုုံထဲကပဲ Science, Environment, World Atlas စီးရီး တွေသွားတွေ့တယ်။ စာအုုပ်လေးတွေက ပါးပါးလေးပေမယ့် တော်တော်စုုံတဲ့ သတင်းအချက်အလက်တွေ ပါတယ်။ စျေးကလည်း သင့်တော်တဲ့ စျေးနှူန်းမုုိ့ အဲသည်ထဲက တစ် အုုပ်နှစ်အုုပ်လောက် ရွေးနေမိတယ်။

အဲသည် စင်မှာပဲ ‘Amazing Questions Incredible Answers for Children’ စာအုုပ်တွဲတတွဲ ကိုုသွားတွေ့ပါတယ်။ သူက ၆ အုုပ်တွဲပါ။ တစ်အုုပ်ကိုုမှ ၂၅ဝဝကျပ်လောက်ပဲ ကျပါတယ်။ အရွယ်အစားအထူက ဝတုတစ်အုုပ်စာလောက်ထူပါတယ်။ အမေးအဖြေပုုံစံနဲ့ Encyclopedia ပါ။ ထုုတ်တဲ့တုုိင်းပြည်က နယူးဒေလီ အင်ဒီးယားတဲ့။ India  ကထုုတ်တဲ့ ကလေးများအတွက် Encyclopedia က အင်္ဂလိပ်လုုိ ရေးထားတာပါ။ အိနိယဘာသာနဲ့ မရေးထားပါဘူး။ ဒါဟာ ထူးခြားချက်တစ်ခုုဖြစ်ပါတယ်။ ကျွန်မတုုိ့တုုိင်းပြည်မှာ Encyclopedia ကုုိမြန်မာလုုိ ဘာသာပြန် ထုုတ်ပြီး ကလေးများ လူငယ်များ ပညာတုုိးပွားဖုုိ့ ကြိုးစားနေရချိန်မှာ India က သူတုုိ့တုုိ်င်းပြည်က ကလေးများအတွက် အင်္ဂလိပ်လုုိအတုုိင်း ရေးသား ပေးထုုတ် ပေးဖတ်ပြီး ပညာတုုိးပွားဖုုိ့ ကြိုူးစားနေတယ်။ “သင့်ကလေးငယ်များ အနာဂတ်ရှေ့ပြေးရုုံမက ရှေ့ကုုိကြိုရောက်စေရန်..“ တဲ့။ သူတုုိ့ရည်ရွယ်ချက်က။

Encyclopedia လုုိစာအုုပ်မျိူးကုုိ အိနိယ ကလေးငယ်များကုုိ အင်္ဂလိပ်လုုိ ပေးဖတ်ပါတယ်။ သုူတုုိ့ဘာသာစကား မိခင်ဘာသာစကား အိနိယဘာသာနဲ့ မဖတ်ခုုိင်းပါဘူး။ ဒါ့အပြင် စာအုုပ်စျေးနှူန်းက မည်သူမဆုုိ ဝယ်နုုိင် ဖတ်နုုိင်တဲ့ စျေးနှူန်းနဲ့ ရောင်းပါတယ်။ စာရွက်သားညံ့ပေမယ့် သူုတုုိ့ကိုုယ်တိုုင် အိနီယက စာရေးဆရာများက အင်္ဂလိပ်လုုိ ရေးသားထုုတ်ဝေထားတာပါ။ သူတုုိ့တုုိက်နံမယ်၊ လိ်ပ်စာနဲ့ သေချာတရားဝင် ထုုတ်ထားတာ လုုိ့ယူဆပါတယ်။ အခုုဆုုိရင် သူတုုိ့စာအုုပ်များဟာ အခုုလိုု အင်္ဂလိပ်စာအုုပ်များရောင်းတဲ့ စာအုုပ်ဆုုိင်ကြီးတွေမှာတောင် ဝင်ဆန့်နေပါပြီ။ အတွင်းကအချက်အလက်များက ကမာက Encyclopedia များထဲက ကောင်းနုုိးရာရာများအပြင် သူတုုိ့စိတ်ကြိုက် ဗဟုုသုုတများကုုိ ထုုတ်ဖော်ကာ ရေးသား စီစစ်ထားတာတွေ ဖြစ်ပါတယ်။

စာအုုပ်ဆုုိင်က ပြန်လာတော့ အတွေးတွေ အပြည့်နဲ့ပါ။ ကျွန်မက Encyclopedia စီးရီးတစ်ခုုကိုု မြန်မာလုုိ ဘာသာပြန်ခဲ့ပြီး မြန်မာပြည်တွင်းမှာ ရေးသားထုုတ်ဖြစ်ခဲ့တဲ့ သူဖြစ်နေသောလည်း ကျွန်မတုုိ့ စာဖတ်သူတွေလည်း တစ်နေ့ကျရင် Encyclopedia ကုုိ မြန်မာလုုိထက် အင်္ဂလိပ်လိုုပဲ ဖတ်ချင်လာကြပြီလုုိ့ တောင်းဆုုိလာကြ ဖုုိ့မျော်လင့်မိတယ်။ အဲသည်လုုိ တစ်နေ့ဖြစ်လာမယ်လုုိ့ ကြိုသိနုုိ်င်မှာလား။ ဘယ်သူက သိမှာလဲ။


ဆည္မ်ား၏ ေနရာ -ဂျူနီယာဝင်း




ဆည်များ၏ နေရာ


Junior Win ၏ ၂၀၁၂ ခုုနှစ်ထုုတ် ‘Walking Through The Wonderland’ digital စာအုုပ်မှ ‘Where Dams Dare’ ဟူသော ဆောင်းပါးကိုု ကိုုယ်တုုိင် ဘာသာပြန်ပါသည်။


ဂျူနီယာဝင်း









နောက်ပြန်လှည့်ကြည့်လေသောအခါ……..


နှစ်ပေါင်းထောင်ချီကာ ရှင်သန်ခဲ့သော အီဂျစ်လူမျိူးများ နေထိုုင်ကြခဲ့သော နုုိင်းမြစ်သည် သဲကနာရကိုု ဖြတ်ရွေ့စီးဆင်းလျက်ရှိသော ကမာပေါ်တွင် အရှည်ဆုုံးမြစ်ဖြစ်ပါသည်။ သူက ဘူရန်ဒီကနေ မြေထဲပင်လယ်ထဲ ကုုိ စီးဝင်လျက်ရှိပါသည်။ မြောက်ဘက်ကနေ တောင်ဘက်ကုုိ စီးဆင်းလျက် အာဖရိက အရှေ့ဘက်ဆီ ဖြတ်သန်းကာ သွားပါသည်။ နွေရောက်တုုိင်းမှာ သည်းထန်သောမုုိးများက နုုိင်းမြစ်ကုုိ ရေလွှမ်းမူများ ဖြစ်စေတတ်ပါသည်။ အီသုုိ့ဖြစ်ခြင်းမှာ ရာသီလုုိက်ကျရောက်သည့် မုုိးသည် အာဖရိက တောင်ဘက်ပိုုင်းတွင် သည်းထန်စွာရွာသွန်း သောကြောင့် လည်ကောင်း၊ အရှေ့အာဖရိကရှိ တောင်များက နှင်းများသည် အရည်ပျော်ရွေ့ နုုိင်းမြစ်ထဲ စီးဝင်လျက်ရှိသောကြောင့် လည်းကောင်း နှစ်စဉ်ပင် နိုုင်းမြစ်က လျံလာသော ရေသည် အီဂျစ်ဘက်သုုိ့ ရေလျွမ်းသွားတာ ဖြစ်ပါသည်။ ထုုိရေလွှမး်မူက တဖန် ပြန်ဆင်းသွာသောအခါ မာကျောသော မြေသည် အလွန်မြေသြဇာကောင်းသော မြေဆီလွှာများ အဖြစ်ကျန်ခဲ့ပါသည်။ ထုုိကဲ့သုုိ့သော သဘာဝအလျောက်ဖြစ်သော ရေတက်ရေကျ ဖြစ်စဉ်ကြောင့် ရှေးဟောင်းအီဂျစ်ပြည်သည် စုုိက်ပျိူးရေးကုုိ အခြေခံပြီး အောင်မြင်သော ဒေသတစ်ခုုဖြစ်ကာ မုုန်တုုိင်းများကင်းစင်လျက် ပတ်ဝန်းကျင်အနေအထား ကောငး်မွန် ခဲ့သည်ဟုု ဆုုိရမည် ဖြစ်ပါသည်။ နုုိင်းမြစ်သည် လူတွေကုုိ ရေသောက်မြစ်ကြီး သဖွယ် ရှည်လျားစွာ စီးဆင်းပေးနေကာ အလုုပ်အကြွေးပြုနေသည်ဟုု ဆုုိရမည်ဖြစ်ပါသည်။ အဆင်မပြတ်စီးဆင်းနေသော ရေကြောင့် အပင်တွေရော တိရိစာန်တွေပါ ရှင်သန်နုုိင်ကြကာ အစာရေစာ ခေါင်းပါးသည် မရှိပဲ ငတ်မွတ်သော ဘေးများကင်းပါသည်။


ယနေ့ခေတ်၏ အိပ်မက်ဆုုိးများ


အာစ်ဝန် ဟုုအမည်တွင်သော မြင့်မားသော ဆည်ကြီးသည် အီဂျစ်တောင်ဘက်ပိုုင်းရှိ နုုိင်းမြစ်ကုုိ ဖြတ်ကာ ၁၉၆၄ ခုုနှစ်လောက်က အာစ်ဝန်ဒေသနားတွင် တည်ဆောက်ထားပါသည်။ ထုုိဆည်၏ နာဆာ အမည်ရှိ ရေလှောင်ကန်ကြီးသည် ကမာပေါ်တွင် အကြီးဆုုံး ဖြစ်ပါသည်။ ၁၉ ၆၈ ခုုနှစ်လည်ပုုိင်းလောက်က ထုုိတည်ဆောက်မူ ပြီးဆီးခဲ့ပါသည်။ ၁၉ ၇၁ ခုုနှစ်မှာ တရားဝင် အသုုံးပြုခဲ့ပါသည်။ သူက လ ျှစ်စစ်ဓါတ်အား ၂၁၀၀ မီဂါ၀ါဒ် စွမ်းရည် ထုုတ်လုုပ်ပါသည်။


အာစ်ဝန်ရေကာတာကြီးသည် ဧရိယာ တော်တော်များများကိုု အကျိူးအများကြီးပြုခဲ့သည် မှန်သောလည်း ပြသနာတွေရှိနေပါသည်။ နာဆာရေလှောင်ကန်ကနေ ရေလွှမး်မုုိးမူကြောင့် နိုုင်းမြစ်တလျောက်က ဒေသများဖြစ်သော အီဂျစ်နှင့် ဆူဒန်နှစ်ခုုစလုုံးမှာ လူများထောင်ချီပြီး ပြောင်းရွေ့နေရပါသည်။ နုုိင်းမြစ်တလျောက်က လယ်ယာများသည် မြေသြဇာနည်းပါးလာကာ ထုုတ်လုုပ်မူအား လျော့ကျလာနေပါသည်။ အကြောင်းမှာ မြစ်ရေ သုုိ့မဟုုတ် ရေလွှမ်းမုုိးတာကြောင့် သဘာဝအလျောက်ရရှိသော မြေဆီဓါတ်များ နိမ့်ကျလာသောကြောင့် ဖြစ်ပါသည်။ လယ်သမားများသည် သီးနှံများ ထွက်ရှိဖုုိ့ ဓါတုုပစည်းများ သုုံးကြသောလည်း ဟုုိးအရင်တုုန်းကလောက် အကျိူးသက်ရောက်မူ မရှိပါ။ ဆည်များသည် နုုိ်င်းမြစ်၏ ရေလွှမး်မိုုးူကုုိ ထိမ်းချူပ်လုုိက်သောကြောင့် ချိူင့်ဝှမ်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများက မြေကြီးများသည် မြေသြဇာမကောင်းပဲ အထွက်နျူန်းများ လျော့ကျလာခြင်းဖြစ်ပါသည်။ ရေကာတာ ခေါ် ဆည် များကြောင့် သဘာဝပတ်ဝန်းကျင် ထိခုုိက်မူသည် ကြီးထွားလျက်ရှိပါသည်။ ဆည်များသည် မြစ်ရေကိုုပိတ်ဆုုိ့ထားသောကြောင့် မြစ်ရေလျှံ မူနည်းပါးလာသောလဲ မြစ်ဝကျွန်းပေါ်အရပ်က ရေများလည်းတက်လာနေကာ မြေနှင့်ရေတုုိ့တွင် ဆားပါဝင်မူ များလာပါသည်။ ထုုိ့ပြင် အီဂျစ်နှင့် ဆူဒန်ဒေသက ရှေးကျသော နေထုုိင်မူစနစ်နှင့် ဆက်သွယ်မူအခြေအနေများသည် ရေကာတာများကြောင့် ပျောက်ကွယ်မူများ၊ နေရပြောင်းရွေ့ရမူများ ကြုံနေကြရပါသည်။


၁၉ ၉ ၃ ခုုနှစ် အမျိူးသား ပထဝီမြေဆုုိင်ရာ အဖွဲ့အစည်း၏ သုုတေသနပြုချက်အရ ဒါနီရယ် ဂျေစတန်လေက နိင်မြစ်ဝကျွန်းပေါ်နှင့် သက်ဆုုိင်သော သဘာဝပတ်ဝန်းကျင်ကုုိ အဓိကထား လေ့လာမူတွင် “ဘာကြောင့် နုုိင်းမြစ်ဝကျွန်းပေါ်ဒေသများ ပင်လယ်ရေ၏ ၀ါးမျိူမူများ ဖြစ်လာရသလဲ“ ဆုုိတာ ပါပါသည်။ ခေတ်မှီလာသော အခြေအနေများ ဥပမာ - လူဦးရေတုုိးပွားလာခြင်း၊ လေထုုညစ်ညမ်းခြင်း၊ စုုိက်ပျိူးမြေ နည်းလာခြင်း၊ ဆည်မြောင်းတာတမန်များ များလာခြင်း၊ ဆားဓါတ်များ ဝင်ရောက်လာမူများလာခြင်း တွေကြောင့် နုုိင်းမြစ်ဝကျွန်းပေါ်ဒေသများ ပျက်ဆီးခဲ့တာ ဖြစ်သည်ဟူရွေ့ အဖြေထွက်လာပါသည်။
ဆည်များ၏နေရာ
ဧရာဝတီမြစ်သည် မြန်မာပြည် မြောက်ဖျားကနေ တောင်ဖက်ဆီသုုိ့ စီးဆင်းလျက်ရှိကာ ယခုုအခါ မြစ်ဆုုံတွင် ဆည်ကြီးတစ်ခုုတည်ဆောက်ဖုုိ့ စိန်ခေါ်ခံနေရပါသည်။ ဆည်ကြီးသည် ပေ၅၀၀ အကျယ်နှင့် ပေ၅၀၀ အမြင့်ဖြင့် ဆောက်လုုပ်ဖုုိ့ အစီအစဉ်ချမှတ်ထားပါသည်။ မြစ်ဆုုံဆည် စီမံကိန်းသည် ရွေ့ဆုုိင်းခြင်းသာ မရှိဘူးဆုုိပါ လျှင် ကမာပေါ်မှာ ဟုုိက်ဒရုုိအီလက်ထရစ် စွမ်းရည်စက်ရုုံ အားဖြင့် ၁၅ ခုုမြောက် အကြီးဆုုံး ဖြစ်လာမှာ ဖြစ်ပါသည်။ အကယ်ရွေ့များ ၂၀၁ရမှာ စီမံကိန်းအတုုိင်းပြီးမြောက်ခဲ့မည် ဆုုိပါလ ျှင် ဧရာဝတီမြစ်ကြော တစ်လျောက် ပတ်ဝန်းကျင်တစ်လျောက်မှာ နေထုုိင်နေကြသော လူများ သည် နုုိင်းမြစ် ကြောက ရင်ဆုုိင်နေရသော သဘာဝ ပတ်ဝန်းကျင်ထိခုုိက်မူနှင့် အခြေအနေဆုုိးများကုုိ ရင်ဆုုိင်ကြရတော့မည် ဖြစ်ပါသည်။ အကယ်ရွေ့များ ရွှေ့ဆုုိင်းထားသည်ဟူသော အဓိပယ်သည် ရပ်ပစ်လုုိက်သည် ဟူသော အဓိပယ် သက်ရောက်သည် ဆုုိမှသာလ ျှင် မြစ်ဆုုံဆည်စီမံကိန်းနှင့် ပတ်သက်နေသော စိတ်ပူပန်မူများ လုုံးဝဥသုုံ စိတ်သက်သာရာရသွား စေမှာ ဖြစ်ပါသည်။
နိဂုုံး
မြန်မာပြည်က ဧရာဝတီမြစ်သည် မြစ်ကြောတစ်လျောက်က ပူပြင်းခြောက်သွေ့သော အရပ်မှာ နေထုုိင်ကြသော လူများအတွက် လယ်ယာမြေစိုုက်ပျိူးဖုုိ့ ရေများရရှိစေပါသည်။လူတွေ ရေကြောင်းခရီးသွားလာခြင်း၊ ငါးမ ျှားခြင်း၊ ရေကူးခြင်း၊ စိုုက်ပျိူးခြင်း နှင့် သဘာဝအရင်းအမြစ် များကုုိ ပေးပါသည်။ ပန်းချီပညာရှင်များ အတွက် လှပသော ပန်းချီကားချပ်များ မွေးဖွားပေး နိုုင်သလုုိ ကျွနိုုပ်တုုိ့လည်း အတိတ်က ခြေရာဟောင်းများကုုိ လွမ်းမောဖွယ် တူးဆွရှာဖွေနုုိင်မည် ဖြစ်ပါသည်။ အခုုတော့ ဧရာဝတီမြစ်သည် ရေကာတာတည်ဆောက်ဖုုိ့ အစီအစဉ် ရှိနေပြီဟုု ကြားသိလုုိက်ရ ချိန်မှာ သည်ဆောင်းပါးတစ်ပုုဒ်ကုုိ ကောက်ရေုးလုုိက်မိခြင်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်တာတုုိ့၊ ဧရာဝတီမြစ်ဆုုံစီမံကိန်းကြောင့် ဘာတွေဖြစ်မလဲဆုုိတာ နှင့်ပတ်သက်လုုိ့ ပညာရှင်တွေလိုု တိကျပြည့်စုုံသော အသိပညာတော့ ကျွနိုု််ပ်မှာ မရှိပါ။ သုုိ့သော်လည်း သဘာဝတရားကုုိ ချစ်မြတ်နုုိးသော စိတ်ကိုုကား ကျွနုုိပ်တုုိ့ မျိူးဆက်များ လက်ဆင့်ကမ်းသွားရင်းဖြင့် လှပသော အမှတ်တရများအဖြစ် ထာဝရတည်မြဲပါစေသတည်း။






Reference: 


(1) Science and Technology; essay ‘The Shrinking of the Delta’ from Frontiers II by Isaac and Janet Asimov 1993.


(2) From the research paper of National Geographic Society and Smithsonian Institution, by Oceanographer Daniel Jean Stanley in 1993.


(3) Microsoft Encarta of 2009


(4) အသက်ကုုိဖန်တီးခြင်းနှင့် သိပံစာတမ်းများ - ဒေါက်တာခင်မောင်ဝင်း နှင့် တကသိုုလ်ရွှေရီဝင်း




Wednesday, September 3, 2014

ဂျူနီယာဝင်း – အမှတ်တရ နေ့လေးတစ်နေ့

ဂျူနီယာဝင်း – အမှတ်တရ နေ့လေးတစ်နေ့
သြဂုတ် ၂၈၊ ၂၀၁၄
ဖိတ်စာရချိန်မှာ စိတ်မကောင်းဖြစ်စရာလေးတွေ တွေးမိသည်။ ကျွန်မချစ်ခင်လေးစားသော စာရေးဆရာတချို့ သည်ပွဲကလေးကို မတက်ရောက်နိုင်တော့တာကို တွေးမိခြင်းဖြစ်ပါသည်။ ဘဘဦးဝင်းတင်၊ ဆရာဦးဝံသ၊ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဆရာမင်းလူ၊ ဆရာသုမောင်၊ ဆရာမောင်ဝဏ္ဏ တို့စသည်ဖြင့် ကွယ်လွန်သွားသူများကို သတိရမိတာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်မတို့မိသားစု မတွေ့ကြတာ ဘယ်လောက်တောင်ကြာ ခဲ့ပြီလဲ။ ဒါကိုတွေးမိယုံနှင့်ပင် ကျွန်မတို့ မိသားစု သွားဖို့ဆုံးဖြတ်မိကြပါသည်။ ကျွန်မက စာရေးဆရာဖြစ်နေလို့ သည်ပွဲကို လိုက်ပါခွင့်ရတာမို့ …. ငါ့နှယ် .. တော်ပါသေးရဲ့… စာရေးဆရာဖြစ်မိပေလို့ ဟုကြိတ်ပြီး စိတ်လှူပ်ရှားမိရပါသည်။
တခြားသူတွေတော့မသိပေမယ့် ကျွန်မတို့အတွက်တော့ ဒီလိုသွားခွင့် တွေ့ခွင့်ရခြင်းဟာ အလွန်ကြီးကျယ်သော အဖြစ်ပါပဲ။ ဒါဟာလည်း ကျွန်မတို့အားလုံးက စာရေးဆရာများ ဖြစ်နေလို့။ ကျွန်မတို့အားလုံး အတွက်တော့ သိပ်ကို ထူးခြားတဲ့ ခက်ခဲတဲ့ တွေ့ဆုံခြင်းဖြစ်နေတယ်။ ကျွန်မတို့၏ ဦးလေးများ၊ အဒေါ်များကလည်း သွားဖို့ အားပေးကြပါသည်။ မတွေ့တာကြာတဲ့ သူဖြစ်နေလို့ ဘာစကားဘယ်လို ဆိုရပါ့။ ကျွန်မ၏ ဆရာဝန်ဦးလေးကတော့ အန်တီစုနဲ့တွေ့ရင် ပြောဖို့ စကားတစ်ခွန်းသင်ပေးလိုက်ပါသည်။
‘I Miss You.’တဲ့။
ထိုတွေ့ဆုံပွဲမှာ စာရေးဆရာများ၊ ကာတွန်း ပန်းချီ၊ ကဗျာဆရာ၊ ထုတ်ဝေသူတချို့ ကို တွေ့မြင်ခွင့်ရပါသည်။ တစ်ယောက်ချင်းဆီမိတ်ဆက် …. ကိုယ့်ကိုယ်ကိုယ် နံမယ်ထပြောရ..တာက နည်းနည်းတော့ ဆန်းပြားသလိုဖြစ်ပေမယ့် ကိုယ်သိသော စာရေးဆရာများ ဘယ်သူလာတယ် မလာဘူး ဆိုတာကို သိခွင့်ရလိုက်တာမို့ စိတ်ဝင်စားစရာကောင်းသော မိတ်ဆက်ပွဲဟု မြင်မိပါသည်။
ပွဲပြီးသွားတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျွန်မဖေဖေ၊ မေမေ တို့က နှူတ်ဆက်ဖို့သွားကြတော့ ကျွန်မလည်း နောက်ကလိုက်သွားပါသည်။ ကျွန်မတို့လက်ထဲတွင်မေမေကြီး ဒေါ်ခင်မျူိးချစ်ရေးသားသော Buddhist Way of Life in Myanmar စာအုပ် တစ်အုပ် နှင့် ကျွန်မ၏ Days and Flowers of Myanmar စာအုပ်နှင့် My Life Will Go On စာအုပ်ပါးလေး နှစ်အုပ်ကို ယူလာပါသည်။ အန်တီစုက ကျွန်မတို့ အားလုံးကို မှတ်မိသဖြင့် ၀မ်းသာမိပါသည်။ စာအုပ်လေးများကို အန်တီစုက သူ့လက်ထဲမှာ ကိုင်ထားပြီး ဖေဖေသိချင်နေသော Oxford University နှင့်ပတ်သက်သော မေးခွန်းကို ဖြေနေကြတာကို ကျွန်မက ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသည်။
ပြီးတော့ တော်ဝင်နှင်းဆီက ကျွေးသော ထောပတ်ထမင်းကြက်သားဟင်းနှင့် အချိုပွဲများကို စားသောက်ကြပါသည်။ ကျွန်မက ရင်းနှီးနေသော စာရေးဆရာများစွာကို လိုက်နှုတ်ဆက်ဖြစ်ခဲ့ပါသည်။ ကျွန်မမေမေက အန်တီစု ပြောကြားစဉ်က အင်္ဂလိပ်လို စာကြောင်းတစ်ကြောင်းကို သေချာသိချင်သဖြင့် သွားမေးမည်ဟုပြောကာ ကျွန်မဆီက စာရွက်အပိုင်းတစ်ခုကိုတောင်းပြီး ထွက်သွားသည်။ ကျွန်မဖေဖေကိုလည်း တချို့က အထင်တကြီးနှင့် ထိုအင်္ဂလိပ်စာကြောင်းကို လာမေးနေကြတာကြားမိသည်။ ကျွန်မဖေဖေကတော့ သူလည်းမြန်လွန်းလို့ သေချာမကြားလိုက်ရကြောင်း ပြန်ဖြေနေရပါသည်။
နောက်တော့ ဓါတ်ပုံစုရိုက်ရမည်ဟု ဆိုသဖြင့် အားလုံး ပါဝင်ကာ ဓါတ်ပုံရိုက်ကြ ပါသည်။ အဲသည်ဓါတ်ပုံတော့ မရလိုက်ပါ။ နောက်တော့ ပေးမည်ဟုတော့ ပြောပါသည်။ ကျွန်မဦးလေးသင်ပေးလိုက်သော စကားတစ်ခွန်းကို ကိုယ်တိုင်တော့ မပြောလိုက်ရပေမယ့် ကျွန်မမေမေက ပြောလိုက်သည်ဟု ဆိုပါသည်။ ကျွန်မဖေဖေလဲ သူသိချင်သော Oxford နှင့်ပတ်သက်သော မေးခွန်းကို မေးခွင့်ရလိုက်လို့ လာရကျူိးနပ်သွားပါသည်။ အိမ်ရောက်မှပဲ ကျွန်မမေမေကို သူသွားမေးတာ ရခဲ့လား ဆိုတာ မေးရဦးမည်။
ကျွန်မတို့မိသားစု အတွက် အန်တီစုကို တွေ့ချင်တဲ့ ဆနလေးတစ်ခု ပြည့်သွားတဲ့နေ့တစ်နေ့အဖြစ် အမှတ်ရနေမည် ဖြစ်ပါသည်။

(Photo – Suu with Burmese Writers, 25th August 2014, NLD Information)