ကျွန်မနှင့် ကျွန်မ၏သူငယ်ချင်းများနှင့်စကားပြောခြင်း. ဂျူနီယာဝင်း
အတွေးအမြင် (၁၂၃)၊ ၁၉၉၇ ဇန်နဝါရီ+ဖေဖော်ဝါရီ
ကျွန်မ ငယ်စဉ်မှ ယခု မဟာသိပ္ပံကျမ်းပြုကျောင်းသူဘဝအထိ သူငယ်ချင်းပေါင်း မြောက်မြားစွာနှင့် တွေ့ဆုံခဲ့ရပြီး စကားတွေ အများကြီး ပြောခဲ့ကြပါသည်။ထိုပြောခဲ့သော စကားများစွာအနက်မှ ကျွန်မကို ယခုထက်တိုင် အမှတ်ရစေသော စကားလုံးအခို့ျကို ပြန်လည်တင်ပြချင်သော ဆန္ဒဖြင့် ယခုဆောင်းပါးကို ရေးပါ သည်။
ကျွန်မ ငယ်စဉ်က သင်္ချာတစ်မှတ်မျှ မရဖူးသည်အထိ ညံ့ခဲ့ဖူးပါသည်။ ကျွန်မလို အဖြစ်ဆိုးသော ကျွန်မသူငယ်ချင်းသည် သူ့ကိုုယ်သူထက် ကျွန်မကို စိုးရိမ်စွာ ယခုလို ပြောပါသည်။
'တစ်တန်းလုံးနီးပါး သုည ရကြတယ်လို့ နင့့်အဖေကို ပြောလိုက်နော်'
'ဘယ်လိုပြောပြော မထူးပါဘူးဟာ'
'ဒါနဲ့ နင့်အဖေက သင်္ချာဆရာဆိုတော့ နင့့်ကို သင်ပေးမှာပေါ့'
'သင်ပေးတာပေါ့ဟာ၊ ဒါပေမဲ့ ငါက အရမ်းလျှမ်းတာ၊ တွက်နည်းသိတာ နဲ့ ငါက အရမ်းချတွက်တော့ အမှားများတာပေါ့၊ အဲဒီတော့ လိုချင်တဲ့ အဖြေ မရတော့ဘူးပေါ့ဟာ'
'ငါကတော့ အခု စားမေးပွဲမှာ ပါတဲ့ အစားပုစ္ဆာကို ငါက စားရမှန်း မသိဘူး။ နင်က 'စား' ရမှန်းသိပြီး လျှမ်းလို့ အမှတ်မရဘူး။ တကယ်လို့ တွက်နည်းကို အမှတ်သတ်သတ်၊ အဖြေမှန်ကို အမှန်သတ်သတ် ပေးရင် နင် အောင်နိုင်တာပေါ့နော်'
ကျွန်မ အဆိုးရွားကြီး မညံ့သေးကြောင်း အားတက်စေခဲ့သော စကားပဲ ဖြစ်ပါသည်။
၁ဝ တန်း အောင်စာရင်း ထွက်သည့်နေ့က ကျွန်မ သူငယ်ချင်းများက ယခုလို တအံ့တသြ ပြောကြပါသည်။
'နင့်ကို သင်္ချာ Dပါမယ် ထင်တာ၊ ဘယ်လိုဖြစ်ပြီး သမိုင်း ပါရတာလဲ၊ နင်က စာကျက်ရမှာ ကြောက်တယ်ဆိုပြီးDရမယ့် ရတော့လည်း ကျက်စာပါ လား'
'အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သင်္ချာDမပါခဲ့တာ ထုံးစံအတိုင်း ငါ လျှမ်းပြီး ပုစ္ဆာကူးတာ မှားသွားလို့၊ သမိုင်းDပါလာတာက ငါက အဲဒီ ဘာသာနဲ့ ကျမှာ အရမ်းကြောက်ပြီး နေ့မအိပ် ညမအိပ် ကျက်တယ်၊ ပြီးတော့ ခဏခဏ ရေးကျင့်ထားလို့နဲ့ တူတာပဲ'
'ဒါဆိုလည်း နင် သင်္ချာမှာ မလျှမ်းအောင် ကြိုးစားပါလား၊ ဒါဆို နင့်အဖေ ဘာသာလည်းDရမယ်၊ ကျက်စာမှာလည်းDရမယ်၊ ဘယ်လောက် ကောင်းမလဲ'
'အေး...ဟုတ်တယ်နော်၊ ငါ တက္ကသိုလ်ရောက်ရင် သင်္ချာမှာ မလျှမ်း အောင် ဂရုစိုက်ရမယ်၊ ကျက်စာကို နိုင်တဲ့နည်းတော့ ငါသိသွားပြီ'
ကျွန်မ သူငယ်ချင်းများသည် ကျွန်မ သင်္ချာ ဘယ်နှမှတ်ပဲရရ ကျွန်မဘက် က လိုက်စဉ်းစားပြီး အားပေးခဲ့ကြပါသည်။ ကျွန်မ၏ အကြောင်းကို ကျွန်မကို သင်သော ဆရာဆရာမများထက် ကျွန်မ ဘေးက သူငယ်ချင်းများက ပိုသိနေကြ သည်ဟု ထင်ပါသည်။
စာကျက်ရမှာ ကြောက်သောစိတ် တစ်ခုတည်းနှင့် သင်္ချာအဓိကကို ရယူခဲ့သော ကျွန်မသည် တက္ကသိုလ် ပထမနှစ်တွင် သူငယ်ချင်းအသစ်တွေနှင့် တွေ့ဆုံခဲ့ရပါသည်။ ထိုသူငယ်ချင်းများထဲတွင် သင်္ချာကို အလွန်စိတ်ဝင်စားပြီး ဂုဏ်ထူးတန်း အလွန်ဝင်ချင်သော သူငယ်ချင်းတစ်ယောက် ရှိပါသည်။ သူသည် ပထမနှစ်ကတည်းက စာကို လုံးဝ မပေါ့ဘဲ ကြိုးစားသူဖြစ်သည့်အတွက် ထိုပထမနှစ်တွင် သင်္ချာဂုဏ်ထူးနှင့် အောင်ပါသည်။
ထိုသူငယ်ချင်းများ၏ အဓိကပြဿနာမှ ပုစ္စာတစ်ပုဒ်ကို နားမလည်ဘဲ နှင့် အလွတ်မကျက်တတ်ခြင်း ဖြစ်သည်။ တက္ကသိုလ်ဒုတိယနှစ်တွင် ကျွန်မသည် သင်္ချာပုစ္ဆာများကို သူငယ်ချင်းများနှင့် အတူတူ တွက်ချက်ကြရင်း သူ့ကို နားချခဲ့ ရပါသည်။
'ငါလည်း အလွတ်ကျက်ရမှာ သိပ်ကြောက်တာပဲ၊ ဒါပေမဲ့ ဂုဏ်ထူးတန်း ဝင်ချင်ရင်တော့ တခို့ျပုစ္ဆာတွေကို နင် ကျက်ရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမိုျးကို လျစ်လူျရှုထားပြီး ကျက်ရမှာပဲ''
ထိုအခါ သူက စဉ်းစဉ်းစားစားနှင့် ယခုလို ပြောပါသည်။
'နင်ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီလို အလွတ်ကျက်ပြီး ဂုဏ်ထူး တန်း ဝင်သွားမယ်၊ M.Scအထိ ဒီပုံအတိုင်း အလွတ်ကျက်ပြီး ရောက်သွားမယ် ဆိုရင် ဆရာဆရာမတွေ ဖြစ်လာတဲ့အခါ ကိုယ့်တပည့်တွေကို ဒီပုစ္ဆာတွေ သင်ရ ပါပြီတဲ့၊ ငါ ဘယ်လို ရှင်းပြရမလဲ''
ကျွန်မ သူငယ်ချင်းသည် သူ၏ ယုံကြည်ချက်ကို ဆုပ်ကိုင်ရင်းနှင့် ကျွန်မတို့ ဒုတိယနှစ် စာမေးပွဲကို ဖြေဆိုခဲ့ကြပါသည်။ ထိုသူငယ်ချင်းမှာ သင်္ချာ နှစ်ဘာသာအနက် တစ်ဘာသာပဲ ဂုဏ်ထူးရပြီး ဂုဏ်းထူးတန်း တက်ခွင့်မရခဲ့ပါ။ ကျွန်မက ဂုဏ်ထူးတန်း ဝင်သောကြောင့် သူ့ထက်တော်ကြောင်း ပြောသောအခါ ကျွန်မက သူ မဝင်ခြင်းမှာ 'နားမလည်ဘဲနှင့် အလွတ်မကျက်ရ' ဟူသော အစွဲကြောင့် ဖြစ်သည်ဟု ပြန်ပြောခဲ့ပါသည်။ သူ နောက်ဆုံးနှစ် ရောက်သောအခါ ကျွန်မက ယခုလို အကြံပေးခဲ့ပါသည်။
'နင် ဒီနှစ် qualify ဖြစ်အောင် လုပ်နော်၊ နင့်ရဲ့ အယူအဆတွေကို ခဏ ဘေးချိတ်ထားပြီး အလွတ်ကျက်တန်ရင် ကျက်ရမှာပဲ၊ အဓိက က qualify ဝင်ဖို့ပဲ မဟုတ်လား'
သူ့သူငယ်ချင်း တစ်ယောက်က ကျွန်မကို ယခုကဲ့သို့ ဝင်ပြောပါသည်။
'သူ ဒီနှစ် ဝင်မှာ ကျိန်းသေပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာဆိုရင် သူ့ဘေးမှ စာမေးတဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာပဲ၊ ကူျတိုရီရယ် ဆိုရင်လည်း တစ်တန်းလုံးမှာ သူတစ်ယောက်ပဲ တွက်တတ်တာ၊ သူ့လိုလူမိုျး မရရင် ဘယ်သူ ရမလဲ'
ထိုနှစ်တွင်လည်း ကျွန်မသူငယ်ချင်း qualify မဖြစ်ပြန်ပါ။ သူသင်ပေးရ သော သူ့သူငယ်ချင်းတွေပင် qualify ဖြစ်ပြီး သူ မဖြစ်သောအခါ တစ်တန်းလုံး အံ့သြကုန်ကြပြီး သူကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။
ကျွန်မ ဂုဏ်ထူးတန်း ကျောင်းသူဘဝတွင် သင်္ချာပုစ္ဆာများကို ကြိုးစား၍ လေ့လာမှတ်သားခဲ့ရပါသည်။ ကျွန်မ ဖခင် သင်္ချာဆရာကြီးနှင့် သင်္ချာပုစ္ဆာများကို မေးမြန်း တွက်ချက်ရင်း ပထဝီမေဂျာမှ ကျွန်မ သူငယ်ချင်းတစ်ဦးနှင့် ကျွန်မ သင်္ချာတွက်ရာတွင် တွေ့ကြုံရသော အခက်အခဲ ပြဿနာများကို ပြောဆိုခဲ့ပါသည်။ ထိုအခါ ပထဝီကျောင်းသူ ကျွန်မ သူငယ်ချင်းက ကျွန်မ၏ ညည်းညူပြောဆို မှုများကို နားထောင်ရင်း ယခုကဲ့သို့ တအံ့တသြ ပြောပါသည်။
'နင်တို့ သင်္ချာမှာ ပုစ္ဆာတစ်ပုဒ်က တွက်နည်း နှစ်မိုျး သုံးမိုျး ရှိတယ် ဆိုတာ ဟုတ်လား။ ပုစ္ဆာတစ်ပုဒ်တည်းကို ဘယ်လိုပဲ တွက်တွက် အဖြေမှန်ရင် ပြီးတာပဲ မဟုတ်လား။ တွက်နည်းနှစ်မိုျးရှိတဲ့ သင်္ချာပုစ္ဆာဆိုတာ ဘယ်လိုဟာမိုျး လဲ၊ နင်တို့ သင်္ချာကလည်း ရှုပ်နေတာပဲ'
၁ဝ တန်း သင်္ချာ အဆင့်ထိသာ နားလည်သော ကျွန်မသူငယ်ချင်းကို နားလည်အောင် ကျွန်မ မပြောတတ်ပါ။ 'ငါတို့ သင်နေရတာ Higher Mathematics မို့ ၁ဝ တန်းသင်္ချာနဲ့ တခြားစီပဲ' ဟုသာ ပြန်လည်ချေပနိုင်ခဲ့ပါသည်။
ကျွန်မတို့ ဂုဏ်ထူးတန်းတွင် PURE နှင့် APPLIED ဘာသာရပ်များကို သင်ကြားခဲ့ရပါသည်။ APPLIED ဘာသာရပ်သည် ကျောင်းသားတိုင်း ကြောက် သော ဘာသာရပ်ဖြစ်ပါသည်။ တတိယနှစ် ဂုဏ်ထူးတန်းတွင် PURE နှင့်APPLIED ဘာသာရပ်သည် ကျောင်းသားတိုင်းကြောက်သော ဘာသာရပ်ဖြစ်ပါသည်။ တတိယနှစ် ဂုဏ်ထူးတန်းတွင် PURE နှင့် APPLIED တစ်ခုပဲ ရွေးရမည်ဆိုသော အခါ APPLIED ကို စိတ်ဝင်စားသူ ကျောင်းသားများပင်လျှင် APPLIED ကို ရွေးယူဖို့ တော်တော်ကြီး စဉ်းစားခဲ့ကြရပါသည်။ ကျွန်မသည် APPLIED ဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှု ရှိခဲ့သော်လည်း အလွတ်ကျက်ရမှာ ကြောက် သော စိတ်နှင့် PURE ကိုပဲ ယူခဲ့ပါသည်။
APPLIED ဘာသာကို ယူသော ကျောင်းသားအရေအတွက်မှာ အယောက် ၂ဝ ခန့်သာ ရှိပါသည်။ APPLIED ကျောင်းသား အရေအတွက်နည်းခြင်းနှင့် ပတ်သက်ပြီး APPLIED မှ သူငယ်ချင်းတစ်ယောက်က သူ့ခံယူချက်တစ်ခုကို ပြောပါသည်။
'အခုအချိန်မှာ ငါတို့ APPLIED က နင်တို့ PURE နဲ့ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါ ဆရာပြန်လုပ်တဲ့ အချိန်မှာ ငါ့ကျောင်းသားတွေဟာ APPLIED ကို စိတ်ဝင်စားရမယ်။ ကြောက်လည်း မကြောက်စေရဘူး၊Unseenကိုလည်း တွက်နိုင်တဲ့သူ ဖြစ်လာစေရမယ်။ အဲဒီအချိန်ကျရင် နင်တို့ PURE နဲ့ ငါတို့ APPLIED ပြိုင်မလား'
'စိန်လိုက်လေ' ဟု ကျွန်မတို့ PURE သမားများနှင့် APPLIED သူငယ်ချင်း များ အလောင်းအစား လုပ်ဖူးကြပါသည်။
ထို ၁၉၉၃ ခုနှစ် နောက်ဆုံးနှစ် ဂုဏ်ထူးတန်းတွင် ၃၇ ဦးသာ မဟာသိပ္ပံ ဆက်လက်တက်ခွင့်ရကြပါသည်။ APPLIED အောင်မြင်မှုမှာ လက်ခိုျးရေတွက်၍ ရပါသည်။ ကျွန်မတို့နှင့် အလောင်းအစား လုပ်ခဲ့သော APPLIED မှ ကျွန်မသူငယ်ချင်းသည် ရိုးရိုး B.Scပင် ရရှိခဲ့ပြီး သာမန် M.Scဘွဲ့သာ ရခဲ့ပါသည်။ သူ မျှော်မှန်းခဲ့သော APPLIED ဆရာဘဝနှင့် အလှမ်းဝေးခဲ့ရပါသည်။
ထိုနောက်ဆုံးနှစ် ဂုဏ်ထူးတန်းအောင်ပြီး မဟာသိပ္ပံ နောက်ဆုံးနှစ်ကြား တစ်နှစ် နားပါသည်။ ကျောင်းပြန်အဖွင့်ကို မျှော်ကြစဉ် ကွန်ပူျတာတက္ကသိုလ်မှ MISC ဝင်ခွင့်များ ခေါ်ပါသည်။ ကျွန်မသည် ကွန်ပူျတာကို စိတ်မဝင်စားသော် လည်း ကျွန်မ၏ အရည်အချင်းကို စမ်းသပ်ချင်သည့် စိတ်ဖြင့် ဝင်ဖြေခဲ့ရာ ရေးဖြေ အောင်မြင်ခဲ့ပါသည်။ အင်တာဗူျး ဝင်ရမည့်နေ့ကို ကြေညာသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာသိပ္ပံနောက်ဆုံးနှစ် ဝင်ခွင့်များ တင်ရမည့် ဖောင်ပိတ် ရက် ဖြစ်နေပါသည်။ ကျွန်မသည် MISC ကို စွန့်လွှတ်ပြီး မဟာသိပ္ပံနောက်ဆုံး နှစ်အတွက် ဖောင်ကို အမီ တင်ခဲ့ရပါသည်။ ကျွန်မလို အဖြစ်တူသော ကျွန်မ သူငယ်ချင်းတစ်ယောက်လည်း ရှိပါသည်။ သူက MISC ကို မယူဘဲ မဟာသိပ္ပံ ဘွဲ့ကို ဦးစားပေးခဲ့ခြင်း အကြောင်းကို ယခုလို ရှင်းပြပါသည်။ 'သင်္ချာက ငါးနှစ်လုံးလုံး သင်ခဲ့ရတဲ့ ဘာသာရပ်မို့လို ကိုယ်ပိုင်ဘာသာရပ် တစ်ခုလို ဖြစ်နေပြီ။ ကွန်ပူျတာကတော့ Minor မိုင်နာဘာသာရပ်တစ်ခုလိုပဲ မြင်မိပါ တယ်။ ဒါကြောင့် သင်္ချာကိုပဲ ပြန်ပြီး လျှောက်ခဲ့မိတာပဲ'
ထိုသူငယ်ချင်းသည် ၁၉၉၅ မေလတွင် ဖြေဆိုခဲ့ရသော မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲတွင် အမှတ်အများဆုံး ပထမဆုကို ရရှိခဲ့ပါသည်။
ထို မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲပြီးသည့်ရက်နှင့် နှစ်ပတ်ခန့်အကွာ တွင် နည်းပြစာမေးပွဲကို ဖြေရပါသည်။ ထိုနည်းပြစာမေးပွဲကို ကျွန်မသည် လုံးဝ စိတ်မပါဘဲ ဖြေခဲ့ခြင်းဖြစ်ပါသည်။ မဟာသိပ္ပံ နောက်ဆုံးနှစ် တစ်နှစ်လုံး စာတွေနှင့် ပိနေခဲ့သောကြောင့် လည်းကောင်း၊ စာမေးပွဲရက်နှင့် သိပ်မကွာသော နည်းပြစာမေးပွဲရက်ကြောင့်လည်းကောင်း၊ ကျွန်မ စိတ်ဝင်စားသော သင်္ချာဘာသာ ရပ် မဟုတ်သော စာများကို ကျက်မှတ်ရသောကြောင့်လည်းကောင်း၊ ကျွန်မကို သင်္ချာဆရာကြီးသမီးပဲ အောင်မှာပါဟူသော ပြောဆိုချက်များကြောင့်လည်းကောင်း ကျွန်မသည် ထို အလုပ်ကို တက်ြွကစွာ လိုချင်သောစိတ်များ မရှိခဲ့သောကြောင့် ထိုနည်းပြ စာမေးပွဲ ကျသောအခါ မည်သို့မျှ မခံစားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
No comments:
Post a Comment