Sunday, October 7, 2007

selection 8 - ဂျူနီယာဝင်း

To Sleep
William Wordsworth
“A flock of sheep that leisurely pass by
One after one, the sound of rain, and bees
Murmuring; the fall of rivers, winds and seas,
smooth field, white sheets of water, and pure sky,
I have thought of all by turns, and yet do lie
sleepless! and soon the small bird’ s melodies
Must hear, first uttered from my orchard trees:
And the first cuckoo s melody cry.”
“Even thus last night, and two nights more, I lay,
And could not win thee , Sleep! by any stealth:
So do not let me wear to night away;
Without Thee what is all the morning ‘s wealth?
Come, blessed barrier between day and day.
Dear mother of fresh thoughts and joyous health. “
ဇန်န၀ါရီလ ၂၀၀၆ English for all မဂ္ဂဇင်းတွင် Wordsworth ၏ To Sleep ဟူသောကဗျာကို ဂျူနီယာဝင်း ကယခုလိုဘာသာပြန်ဆိုထားပါသည်။ကောင်းမွန်စွာအိပ်စက်လိုပါ၏ ဟုကဗျာကဆိုထားပါသည်။သိုးတွေရေ တွက်ရင်း၊ ခေါင်မိုးပေါ်ကျလာသည့်မိုးရေစက်တွေကို စိတ်ကူးဖြင့်ရေတွက်ရင်းခေါင်းထဲမှာမူးဝေလာကာအိပ် ပျော်သွားနိုင်ပါသည်။ ထိုနည်းတွေစုံပါပြီ။ အိပ်၍မပျော်ပါ။ အိပ်ရာပေါ်မှာ နိုးနေရင်းမနက်ခင်းရောက်လာ သည့်တိုင်ဖြစ်ပါသည်။ အိပ်လို့မပျော်နိုင်သူတစ်ယောက်အကြောင်းဖြစ်ပါသည်။ အိပ်စက်ခြင်းဆိုတာသည် ပင်ပန်းဆင်းရဲဒုက္ခနာကြည်းရသမျှတွေကိုဆေးကြောပစ်ခြင်းဟု၎င်း၊ ခံစားနာကျင်ရတာတွေကိုကုစားဖို့ဟု ၄င်း၊ အိပ်စက်ခြင်းဟူသည် ဘ၀၏စားသောက်ပွဲတွေထဲမှာအဓိကျသော အရသာအရှိဆုံးဟင်းလျာတည်း ဟူ၍တင်စားပုံဖော်ကြ လေသည်။ အိပ်လို့ပျော်အောင်ကြိုးစားဖူးသူများခံစားနားလည်နိုင်ကြပါလေတော့ မည်။

ကောင်းမွန်စွာ အိပ်စက်ရပါလို၏

“ကိုယ့်စိတ်ထဲကနေ သိုးတစ်အုပ်ကိုရေတွက်နေမိတယ်
တစ်ကောင်.....ပြီဲးတော့....နောက်တစ်ကောင်....
ဒါပေမယ့်......ကိုယ် အိပ်မပျော်ပါ။
မိုးရေစက်တွေကို စိတ်ကူးနဲ့ ရေတွက်ဖို့ ကြိုးစားမိတယ်
ပြီးတော့ ပျားပိတုန်းတွေ တ၀ီဝီသံ...
မြစ်ရေတွေစီးဆင်းနေတာကိုစဉ်းစား...
လေတိုက်ခတ်သံကို ကြားယောင်...
ပင်လယ်သမုဒ္ဒရာကို စိတ်ကူးနဲ့ပုံဖော်...
ကျယ်ပြန့်လှတဲ့ လယ်ကွင်းပြင်ကို မြင်ယောင်...
ပင်လယ်ပြင်ထဲက အဖြူရောင်ရေပြင်ကိုကြည့်...
ကောင်းကင်ပြာကြီးလဲပါရဲ့...
ကိုယ်စိတ်ကူးသမျှတွေ အပြန်ပြန်ထပ်ကြော့ရင်း...
ကိုယ့်ကိုယ်ကိုယ် ချော့သိပ်နေပေမယ့်လည်း...
ရှိသမျှနည်းတွေ ကျရှုံးလို့
ကိုယ့်မှာတော့အိပ်လို့မပျော်။
မကြာမှီ အာရုဏ်လာတော့မည်...
ကိုယ့်ခြံထဲက ဌက်ကလေးတွေ တေးဆိုသံကြားရတော့မည်..
ပြီးတော့ ဥသြဌက်ကလေးက အလွမ်းတေးနှင့်
နေ့သစ်ကို စကြိုပေတော့မည်။”
”ကိုယ့်မှာတော့ မနေ့ညကလည်း ခုလိုမအိပ်ရ၊
အဲဒီညမတိုင်မီ နှစ်ညတာလည်း ထိုနည်းနှင်နှင်။
ကိုယ့်အိပ်ရာပေါ်နိုးနေရင်းနဲ့ လဲလျောင်းလို့၊
အိပ်ပျော်ခြင်းဆိုတဲ့ ရွေဧည့်သည်လေးရယ်......
ကိုယ့်ဆီအလည်လာဖို့ ကြိုးစားစောင့်ကြိုနေမိတယ်ကွယ်၊
အို...လာခဲ့ပါတော့....အိပ်ပျော်ခြင်းရယ်..........
ကိုယ့်ဆီကိုလာခဲ့ပါတော့။
ကိုယ့်ဆီ တိတ်တဆိတ် ၀င်လာပါတော့လား။
ကိုယ့် ဒီတညကို
အိပ်မပျော်အောင် မလုပ်လိုက်ပါနဲ့တော့လား။
ဒီညသာ အိပ်မပျော်ရင် ဖြင့်
ကိုယ်ဟာ နောက်တနေ့မနက်ခင်းကို ဘယ်လိုခံစားရပါ့ ။
နေ့ရက်တွေကို ကျော်ဖြတ်ဖို့ ခွန်အားတွေ အင်အားတွေကို
အိပ်ပျော်ခြင်းက ပေးတယ်မဟုတ်ပါလား။
ကောင်းကောင်းသာ အိပ်လိုက်ရရင်...
လန်းဆန်းတဲ့ အတွေးတွေ
ပျော်ရွှင်လတ်ဆတ်တဲ့ ကျန်းမာသန်စွမ်းမူတွေ နဲ့အတူနိုးထလာရမှာပဲ ။”

No comments: