Monday, October 29, 2007

Selection 11

Say not the struggle nought availeth

Say not the struggle nought availeth,
The labour and the wounds are vain,
The enemy faints not nor faileth,
And as things have been, things remain;

If hopes were dupes, fears may be liars;
It may be, in yon smoke concealed,
Your comrades chase e'en now the fliers--
And, but for you, possess the field.

For while the tired waves vainly breaking
Seem here no painful inch to gain,
Far back, through creeks and inlets making,
Comes silent, flooding in, the main.

And not by eastern windows only,
When daylight comes, comes in the light,
In front the sun climbs slow, how slowly,
But westward, look! the land is bright.

-Arthur Hugh Clough

၂၀၀၅ ခုနှစ် နိုဝင်ဘာလ English for all မဂ္ဂဇင်းတွင် Arthur Huge Clough

၏“say not,The struggle naugth avallaith” ကဗျာကို ဂျူနီယာဝင်း က

ဘာသာပြန်ဆိုထားပါသည်။

Clough ၏ကဗျာတွေကအငြင်းပွားစရာတွေကိုဖြစ်စေသည်။သူ့ကဗျာအများစုက

အတွေးအခေါ်ပိုင်းဆိုင်ရာပြသာနာတွေကိုပေးထားပြီးမတင်မကျနှင့်မယုံမရဲဖြစ်

ကာဦးနှောက်ထဲမှာအတွေးပင်လယ်ဝေသွားစေသည်။

ယခုကဗျာတွင်မျှော်လင့်ချက်ရောင်ခြည်တစ်ခုကိုတွေ့လိုက်ရ၏။

ကဗျာထဲတွင်ဘ၀၏ရုန်းကန်လှူပ်ရှားမူကြားထဲမှာစိတ်ဓါတ် ကျ၍လက်လျော့လိုက်တော့မည့်သူကိုမျှော်လင့်ချက်နှင့်အားပေးစကားတွေပါနေ၏။

” မျှော်လင့်ချက်နှင့် အသက်ရှင်”

”ကြိုးစားအားထုတ်မူတွေအားလုံး ...

အသုံးမ၀င်လို့များ မဆိုပါနှင့်။

အားထုတ်စတေးနေတဲ့ကြားက

ရန်သူတွေ ခွန်အားကြီးနေမြဲလို့များ

မင်းက ယူဆနေသလားဟင်။”

ထို့နောက်ကဗျာဆရာကကျွနိုပ်တို့သည်ရှူံးနိမ့်နေရခြင်းတစ်ခုတည်း

အပေါ်အာရုံစိုက်မနေသင့်ကြောင်းကိုဥပမာများပေး၍ဆိုထားပါလေသည်။

”မျှော်လင့်ချက်တွေက

လိမ်ညာလှည့်စားမူတွေဆိုရင်

ကြောက်ရွံ့ခြင်းဆိုတာကရော

အလိမ်အညာတွေဖြစ်မှာပေါ့။

စစ်တလင်းမြေပေါ်က မင်းက

မီးခိုးလုံးတွေနောက်မှာ ရန်သူတွေ

ကစဉ့်ကလျား ရှူံးနိမ့်နေတာကိုမမြင်။

မင်းအဖော်တွေက

အောင်ပွဲပန်ဆင်ဖို့ မင်းကို

စောင့်နေတာကို မင်းကမသိ။

ရှူံးနိမ့်လေပြီလို့

မင်းက ယူဆနေတယ်။

ရှေ့ဆက်တိုး၍ တိုက်ပါလော့။

ဒီရေလှိုင်းလုံးတွေ

နာရီပေါင်းများစွာ

ကမ်းခြေရှိရာ ရိုက်ခတ်လာသောလည်း

တစ်လက်မလေးတောင်

တက်မလာနိုင်တဲ့အဖြစ်။

ဒီရေလှိုင်းတွေက

ချောင်းတွေ၊ ရေလက်ကြားတွေမှာ

အင်နဲ့အားနဲ့ စီးဝင်ပြည့်လျှံနေတယ်ဆိုတာကို

မင်းကမသိ။

အရှေ့ဘက်မှာ

နေလုံးကြီးထွက်လာပုံက

လေးလေးလံလံ

နှေးနှေးကွေးကွေးနဲ့

စိတ်မရှည်ချင်စရာ။

အနောက်ဘက်ကို

ကြည့်လိုက်ပါဦး။

မင်းရဲ့ကမ္ဘာကြီးက

နေမင်းရဲ့အလင်းတန်းတွေဝေဖြာပြီး

နေ့သစ်တစ်နေ့ကို

ထွန်းလင်းတောက်ပစွာနှင့်

မွေးဖွားပေးနေပြီ။”

ကဗျာဆရာကအောင်မြင်မူနှင့်အနိုင်ရခြင်းဟာကိုယ်ထင်ထားတာထက်

ပိုပြီးနီးကပ်ကောင်းနီးကပ်လျက်ရှိနေပါသည်ဟုအားပေးစကားဆိုထားပါသည်။

ဤကဗျာကပေးသောသင်ခန်းစာက”အရုဏ်မလာမီလေးမှာအမှောင်ဆုံးသော

အချိန်တွေလာတယ်” ”The darkest hour comes just before the dawn”

ဖြစ်လေသည်။

အရုဏ်အလင်းမတိုင်မီအမှောင်ဆုံးအချိန်တွေရှိပါတယ်ဟူသောဆိုရိုးစကား

တစ်ခုပဲဟုခံစားမိသည်။ဒီလိုနှင့်ပင်မျှော်လင့်ချက်နှင့်အသက်ရှင်

မျှော်လင့်ချက်ကိုရင်ဝယ်ပိုက်ရင်းနှင့်အမှောင်ဆုံးသောကာလကုန်လွန်

တော့မည့်အရေးရှင်သန်နေကြည့်သောအခါမလွယ်ကူလှကြောင်း

ကိုတကယ်နေကြည့်မှသိပေမည်။

No comments: