Tuesday, September 4, 2007

give me a break!







ကဗျာဆရာ စာရေးဆရာ မောင်သ်ာက(ဘသော်) ၏ နှစ်သစ်ဦးချစ်ဦးလက်ဆောင် ဟုအမည်တွင်သော
ဘာသာပြန်ကဗျာစာအုပ်ထဲက မောင်သ်ာက ၏ အမှာစကားဖြစ်ပါသည်။


ကဗျာရေးသားခြင်းနှင့်ပတ်သက်၍ ကျွှန်တော်ကဲ့သို့သောဆောင်းပါး ၀တ္ထုရေးသူတစ်ဦး မည်သည့်အတွက် ကြောင့် ကဗျာရေးသည့်ဘက်သို့ဦးလှည့်သွားရသနည်း ဆိုသည်ကိုကျွှန်တော့်ကိုယ်စား T.S.Eliot(things) ၏ ကဗျာကပင်သက်သေထူသွားပါလိမ့်မည်။


ကဗျာသည်-
ပုဂ္ဂိုလ်တစ်ဦး၏ပင်ကိုယ်အရည်အသွေးကို
ဟစ်ကြွေး ကြေငြာသည်မဟုတ်၊
ပင်ကိုယ်ရည်သွေးမှ
ထွက်ပြေးရှောင်ခွာ ခြင်းသာတည်း။

ကဗျာသည်-
စိတ်၏ ခံစားချက်အတွေးများကို
သွန်လျက်ရေးသားသည်မဟုတ်၊
အနှီခံစားချက်များကို
ဖိထားနှိတ်ကွတ်ခြင်းသာတည်း။

သို့တစေ-
ပင်ကိုယ်ရည်သွေးနှင့်
ခံစားချက် အတွေးရှိသူများသာလျှင်-
ယင်းအရည်အသွေးကိုမှ
ထွက်ပြေးနှိပ်ကွပ်လိုခြင်း၏
အဓိပ္ပါယ် ယတ္တကို
တိကျကုန်စင် သိမြင်နိုင်ပေလိမ့်မည်။ ။

အထက်ပါကဗျာတိုလေးသည် ကျွှန်တော့်ကိုယ်စား အားလုံးကိုတင်ပြသွားပြီးဖြစ်ပေလိမ့်မည်။ ကဗျာမြတ်နိုး သူစာဖတ်ပရိသတ်များ ကြည်နူးရွှင်မြူးနိုင်ပါစေဟု ဆုတောင်းပတ္တနာ ပြုလိုက်ပါသည်။ မြန်မာပြန်ကဗျာများ ၏ခေါင်းစဉ်မှာ ကျွှန်တော့်ခံစားမူအရပေးထားခြင်းဖြစ်ပါသည်။
လေးစားခင်မင်စွာဖြင့်
ဘသော်(မောင်သော်က)
ရန်ကုန်မြို့
၁၉၈၂ ဇန်န၀ါရီ

No comments: