Sunday, September 16, 2007

Selection article - juniorwin

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ အမှတ် (၁) အက်ဆေး ကဏ္ဏတွင် ဖော်ပြခဲ့သော ဂျူနီယာဝင်း ၏ သမိုင်းဖြစ်သွားတဲ့ဇတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။


သမိုင်းဖြစ်သွားတဲ့ဇာတ်လမ်းတစ်ပုဒ်

လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား ။ စက်ပစ္စည်းတွေ ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက်အတံ့ အချိန်ပိုင်းလေး
တစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁၀နှစ် ၊ နောက်နှစ် ၂၀၊ နှစ် ၁၀၀ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခ အဖြစ်အပျက်ကလေးတွေဟာ “ဟိုးရှေးရှေးတုန်းကပေါ့. . . . ”ဆိုတဲ့ပုံပြင်တစ်ပုဒ်
လို ကျန်ရစ်ခဲ့ရပြီထင်ပါရဲ့။ ငယ်စဉ်ကနားထောင်ခဲ့ရဖူးတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ ဆိုရပေတော့မည်။
ဗာဂျီးနီးယားအနောက်ဘက်က Hill dale အရပ်ဒေသနားတွင် Big Bend မီးရထားလိုဏ်ခေါင်းတစ်ခု ရှိပါသည်။ ထိုနေရာတွင် သံလိုမာကြောကာ ခွန်အားအပြည့်ရှိ၍ သန်စွမ်းလှသည့် steel driving man ဟူသည့် လူသားတစ်ဦး၏ နားခိုရာဝိညာဉ်တစ်ခု ရှိလေသည်။
“There lies a steel drivin’ man,
Lord, Lord
There lies a steel drivin’ man”
ထိုနေရာမှာပေါ့ သံလိုမာကြောသန်စွမ်းလှသည့် လူသန်ကြီးတစ်ဦး ရှိနေပါသည်တဲ့။ သူ့နာမည်က John Henry ဖြစ်ပါသည်။ တောင်တွေကိုဖြိုကာ မီးရထားသံလမ်းတွေ၊ လိုဏ်ခေါင်းတွေတူးဖောက်ရသော အလုပ်ကြမ်းတွေကို steel driving man လူသန်ကြီးတွေကလုပ်ကြရပါတယ်။ John Henry က ထိုလူသားတွေထဲက တစ်ဦးဖြစ်လေသည်။ မာကြောတဲ့ကျောက်တုံးကျောက်စိုင်တွေကို လွန်ပူဖြင့်ဖြစ်စေ၊ စူးဖြင့် ဖြစ်စေဖောက်ဖို့အတွက် ခွန်အားလိုပါသည်။ ၁၈၇၀ ခုနှစ် လိုဏ်ခေါင်းဖောက်စက်များ တူးဖော်စက် များမပေါ်မှီက လူ့စွမ်းအားသုံး၍ ဖောက်ဖို့ရန် steel driving man တွေလိုအပ်လှပါသည်။ မီးရထားလိုဏ် ခေါင်းတွေ ၁၈၇၀ မတိုင်မီက ဆောက်လုပ်နိုင်ကြတာကိုကြည့် ၍ steel driving man တွေ အများအပျား ရှိ ခဲ့သည်ဆိုတာကိုသက်သေခံ လျက်ရှိနေပါသည်။ ထိုသံလိုမာကြောကာ ခွန်အားဗလနှင့်ပြည့်စုံသောလူသား steel driving man တွေများစွာရှိခဲ့ဖူးပါသည်။ သို့သော် John Henry ကိုမမီပါ။ ဟုတ်ပါသည်။ John Henry ရဲ့ဂုဏ်ပုဒ်တွေက ပုံပြင်တွေထဲညွှန်းတာထက်တောင်ပိုပါသည်။ သူအသုံးပြုသောဆောက်က ပေါင် ၃၀ လောက်လေးပါသည်။တချို့က သူ့လက်တစ်ဖက်တစ်ချက်ဆီမှာ ပေါင် ၂၀ လေးသောဆောက်ကိုကိုင် ပြီး ရိုက်နိုင်လွှဲနိုင်ပါသတဲ့။ ၁၀ ပေါင်လေးသောဆောက်ဖြင့် အလုပ်လုပ်ပြီး သူလွှဲရိုက်လိုက်တဲ့ အကြိမ်တိုင်း မှာ တောင်တွေဟာသွက်သွက်ခါကာ တသိမ့်သိမ့်တုန်သွားလေသည်။ John Henry သည် သူ၏ဂုဏ်ပုဒ် steel driving man ကိုအလွန်ဂုဏ်ယူကျေနပ်ကာ ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ သူ၏ခွန်အားကို ဂုဏ်ယူလျက်ခွန်အားသုံး၍ လုပ်ရသောအလုပ်မှန်သမျှကိုလည်း အစဉ်အမြဲကြိုဆိုလျက်ရှိနေပါသည်။ ၁၈၇၀
ခုနှစ်ခန့်က John Henry သည်ဗာဂျီးနီးယားနောက်ဖက် Hilldale နားတွင် Big Bend မီးရထားလိုဏ်ခေါင်း တူးဖို့အဆင့်သင့်စောင့်နေလေသည်။ သူရှေ့တွင်ရေနွေးငွေ့သုံး မီးရထားလိုဏ်ခေါင်းတူးဖောက် စက်ကို
ကုမ္ပဏီကသယ်ဆောင်လာပါသည်။ကုမ္ပဏီကထိုပစ္စည်းဘယ်လောက်အလုပ်တွင်မလဲဆိုတာစိတ်ဝင်စားနေ ကြပါသည်။
John Henry သည်ထိုစက်ကိုရပ်ကြည့်လျက်ရှိနေရာက စိတ်ရိုင်းတွေဝင်လာပါသည်။သူ့လေက်ခွန်အားမရှိ သူတွေကထိုလိုဏ်ခေါင်းတူးစက်ဖြင့်သူ့ထက်သာအောင်လုပ်နိုင်မည်ဆိုတာကိုမယုံကြည်ပါ။
“အို...လူသားတစ်ဦးအဖြစ်ဖြင့်သာ လူသားတစ်ဦးရှင်သန်လျက်ရှိပါသည်။ သို့သော်လည်း....
ကျွှနိုပ်က ဤလိုဏ်ခေါင်းတူးစက်ကို အနိုင်ပေးလိုက်ရသည်အထိပေါ့ကွယ်။
ကျွန်ုပ် ၏ဆောက်နှင့်အတူ ကျွန်ုပ် လိုက်သေတော့မည်။
ကျွန်ုပ် ၏ဆောက်နှင့်အတူ ကျွန်ုပ် လိုက်သေတော့မည်။”
“Well , a man ain’t nothing but a man ,
But before I let that stream drill beat me down,
Lord, Lord
I’ll die with my hammer in my hand. ”
John Henryသည်သူ၏လက်နက် စူးနှင့်ဆောက်တို့နှင့်တောင်ကိုဖြိုဖို့ပြင်လေသည်။ John Henry နှင့်လိုဏ်ခေါင်းတူးစက်တို့အပြိုင်နွှဲကြရာတွင် John Henry ၁၅ ပေဖောက်နိုင်စဉ်မှာစက်ကြီးက ၉ပေသာရ သေးသည်။ သူ၏ခွန်အားကိုအားကုန်စိုက်သုံးလိုက်၍ပဲလား၊ ထိုနေရာမှာပင်သူ၏အသဲနှလုံးတွေကွဲကြေကာ သူ၏ဆောက်လည်းလွတ်ကျပြီးနဘေးမှာပင် သေပွဲဝင်ခဲ့လပြီ။
ဗာဂျီးနီးယားအနောက်ဖက်က Big Band မီရထားသံလမ်းနဘေးမှာ John Henry ၏၀ိညာဉ်ရှိပါသည်။ ထိုနေရာကိုဖြတ်သွားတိုင်းမှာ မိဘလုပ်သူတွေကသားသမီးတွေကို ၊ အဘိုးအဘွားတွေက မြေးကလေးတွေ ကို John Henry အကြောင်းကိုပြောပြကြပါသည်။ သူသန်စွမ်းကာ ခွန်အားပုံကို မျက်စိထဲမြင်ယောင်လာ အောင်ပုံဖော်ကြည့်ကြပါသည်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း စကားပြောကြသည့်အခါ၊ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီဟု ပြောလိုက်သည့်အခါ အဲဒါ History ပဲဟုပြောကြတာကို တွေ့ဖူးပါသည်။ခေတ်နောက်ကျကျန်ရစ်ပြီ ခေတ်မမီတော့ဘူးလည်း သုံးကြပါသည်။
John Henry ၏ အကြောင်းသည်လည်းသမိုင်းမှာကျန်ရစ်ခဲ့ပြီထင်ပါသည်။

No comments: