Tuesday, November 30, 2010

ရန်ကုန်တက္ကသိုလ်နှစ်၉၀ပြည့်(၂၀၁၀ဒီဇင်ဘာ)

ရနံ့သစ်ဒီဇင်ဘာလ၂၀၁၀ထုတ်မှာရန်ကုန်တက္ကသိုလ်အခုနှစ်မှာနှစ်၉၀ပြည့်အမှတ်တရအကြောင်းပါတယ်။
ဒါကိုတွေ့လိုက်ရတော့လွန်ခဲ့တဲ့၁၅နှစ်၁၉၉၅ရန်ကုန်တက္ကသိုလ်၇၅နှစ်ပြည့်မြင်ကွင်းတွေပြန်သတိရမိတယ်။
အဲသည်တုန်းကရန်ကုန်တက္ကသိုလ်၇၅နှစ်ပြည့်ဒီဇင်ဘာလအမှတ်တရတွေထဲမှာ………………

ပည်လမ်းလိုင်းဘောက်ကလိုင်းဘောက်ဝင်းထဲမှာပွဲတော်ကျင်းပကြတာ၊
ကျောင်းသားတွေညနေခင်းမှညအထိ၁၀ရက်လောက်ကျင်းပလို့ကျိတ်ကျိတ်တိုးစည်ကားပျော်ရွှင်ခဲ့ရတာ၊

အဲသည်တုန်းကဖေဖေကဂျူတီညစဉ်ကျလို့နေ့စဉ်ရက်ဆက်ဝင်နွှဲနိုင်ခဲ့တာ၊ကျွန်မကအိမ်နဲ့အနီး
ဆုံးမို့ညဘက်သင်္ချာအသင်းရဲ့ရေခဲမုန့်ရောင်းတဲ့ထဲမှာဝင်ရောင်းပေးခဲ့ရတာ၊တနေ့လုံးရေခဲမုန့်
လက်မှတ်တွေအရှက်မရှိနဲ့တက္ကသိုလ်ဝင်းထဲကလမ်းတလျှောက်လိုက်ရောင်း၊ဒါတင်မကလက်မှတ်
တွေမကုန်လို့ယောင်္ကျားလေးဆောင်တွေထဲထိဝင်ရောင်းပေးခဲ့ရတာတွေ၊ကိုယ့်ဘာသာကိုယ်လည်း
ဝယ်လိုက်ရတဲ့လက်မှတ်တွေမနည်းပါလား။

ဒါ့အပြင်ဘာသာရပ်အလိုက်ဝိဇ္ဖာခန်းမ၊သိပ္ပံခန်းမတွေမှာစာတမ်းဖတ်ပွဲများကျင်းပခဲ့ကြတာတွေ။
သင်္ချာအသင်းကနေ၇၅နှစ်အမှတ်တရတံဆိပ်နဲ့တီရှပ်တွေဝယ်ဝတ်၊ပိုက်ဆံအိတ်တွေဝယ်ကိုင်၊ရင်ထိုးတံဆိပ်
တွေတပ်၊အားပါးတရအားပေးကာပျော်လိုက်ရတာ။

ဒါ့အပြင်ကျွန်မကအဲသည်၁၉၉၅ခုနှစ်မှာBSc(Hons)(Maths)
ဘွဲ့ တက်ယူခဲ့ရတော့ဘဘကြီးမေမေကြီးတို့နဲ့မိသားစုလိုက်ရန်ကုန်တက္ကသိုလ်မျက်ခင်းပြင်မှာအမှတ်တရ
ဓါတ်ပုံရိုက်ခဲ့ရသေးတယ်။

ရေခဲမုန့်ရောင်းတဲ့နေရာမှာသင်္ချာနဲ့ဘွဲ့ရခဲ့တဲ့ကျောင်းသားဟောင်းကြီးစင်ရော်
မောင်မောင်နဲ့အမှတ်တရဓါတ်ပုံရိုက်ခဲ့ရဘူးပါရဲ့။

လိုင်းဘောက်ဝင်းထဲမှာဈေးရောင်းပွဲကတော့တကယ့်ကိုစည်ကားပါပေရဲ့။ဘဘကြီးမေမေကြီးတို့လည်းအိမ်
လမ်းကနေလမ်းကူးလိုက်တာနဲ့ရောက်တဲ့ဒီလိုင်းဘောက်ဝင်းထဲကပွဲတော်ကိုဆင်နွဲခဲ့ရတယ်။ကျွန်မရဲ့ခြေရာ
တွေတော့ထပ်နေခဲ့တာပေါ့။အဲသည်တုန်းကဓါတ်ပုံကင်မရာ၊ဒစ်ဂျစ်တယ်ကင်မရာဆိုတာတော်တော်လေးခေတ်
မမှီသေးလို့ဓါတ်ပုံတွေစုလိုက်ရင်၁၀ပုံတောင်မပြည့်ခဲ့ဘူး။လှပစည်ကားတဲ့ဈေးတန်းကြီးဆိုတာအခုတော့မျက်စိ
ထဲမြင်ယောင်လို့ပဲတတ်နိုင်ပါတော့တယ်။အခုလိုသာဆိုအားပါးတရဓါတ်ပုံတွေရိုက်မိမယ့်ဖြစ်ခြင်းပါပဲ။

ဟော..အခုအနှစ်၉၀တဲ့။သည်လိုအမှတ်တရပုံရိပ်တွေကပြန်လည်အသက်ဝင်လာမှာလား။


Friday, November 26, 2010

စာအုပ်ကြော်ငြာ

အခုလမှာစာအုပ်တွေထွက်တာတွေရှိတယ်ဆိုပါတော့။
ကလေးများအတွက်တက္ကသိုလ်ရွှေရီဝင်းရေးသားဘာသာပြန်တဲ့“ဘယ်အချိန်ရှိပြီလဲ”နဲ့
ဒေါက်တာခင်မောင်ဝင်းနဲ့တက္ကသိုလ်ရွှေရီဝင်းတို့ရေးသားဘာသာပြန်တဲ့
“ကလေးများအတွက်အခြေခံသိပ္ပံ”တို့ဖြစ်ပါတယ်။
နှစ်အုပ်စလုံးဟာဘာသာပြန်စာအုပ်များဖြစ်သောလည်းမြန်မာကလးပရိသတ်နဲ့လျောညီအောင်
စနစ်တကျရေးသားထားတာများဖြစ်လို့ဗဟုသုတလည်းဖြစ်ကာပျော်စရာဖတ်ရမှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုကထုတ်တာတွေဖြစ်ပါတယ်။
 
 “ဘယ်အချိန်ရှိပြီလဲ”ဆိုတဲ့စာအုပ်မှာဆိုရင်အချိန်ဆိုတာဘာလဲ။အချိန်ဘာကြောင့်ကုန်ခဲတာလဲ။
မွေးသည့်လကိုဖော်ပြခြင်းစတဲ့မေးခွန်း၁၄ခုကိုပုံများနဲ့တကွရှင်းပြထားပါတယ်။စာမျက်နှာ၃၀နီးပါး
မျှသာရှိတာကြောင့်ပေါ့ပေါ့ပါးပါးနဲ့ခေါင်းထဲဝင်သွားမယ့်စာအုပ်ကလေးပဲဆိုပါတော့။
အဲဒီစာအုပ်ထဲက“မွေးသည့်လကိုဖော်ပြခြင်း”မှာ
မတ်လ၁၄ရက်bornတွေဖြစ်တဲ့အိုင်စတိုင်း၊မောင်ရစ်နဲ့ဂျူနီယာဝင်းတို့နံမယ်များထည့်ထားပါတယ်။
(အဲဒါကတော့ကြော်ငြာပေါ့လေ။)
“ကလေးများအတွက်အခြေခံသိပ္ပံ”ကတော့Oxford University Pressထုတ်First Book of Science
ကိုဘာသာပြန်ထားတာဖြစ်ပြီးသူကလည်းစာမျက်နှာ၄၀ကျော်သာပါရှိပါတယ်။
သိပ္ပံပညာနဲ့ပတ်သက်တဲ့မေးခွန်းများမေးထားပေးပြီးရှင်းလင်းတဲ့အဖြေများပါဝင်ပါတယ်။
ခက်ခဲနက်နဲတဲ့ဘာသာရပ်ဖြစ်လို့ကလေးများနားလည်အောင်ရှင်းလင်းေ၇းသားချက်များပါဝင်ပါတယ်။
တချို့စာမျက်နှာများမှာစာကများပြီးပုံများနဲ့ကြပ်နေတာလေးတွေတွေ့ရပါတယ်။အကယ်၍များ
ဒီစာအုပ်ကိုဒီထက်ဆိုဒ်ကြီးကြီးထုတ်နိုင်မယ်ဆိုရင်ပိုပြီးချောင်ချောင်ချိချိဖတ်နိုင်မယ်လို့ယူဆရပါတယ်။

Tuesday, November 9, 2010

ဘဝစာမျက်နှာ ဂျူနီယာဝင်း

 (အတွေးအမြင် စာစဉ် ၁၈၃ ဇွန်လ ၂၀၀၇)

ဘဝစာမျက်နှာ        ဂျူနီယာဝင်း
ကျွန်မ၏အတွေးအမြင်ဆောင်းပါး၂၉ပုဒ်ခန့်ကိုစုစည်းပြီးယူနတီစာအုပ်တိုက်မှ“တွေးမိသောအတွေးများနှင့်အတွေးအမြင်ဆောငး်ပါးများ”ဟူ၍စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါသည်။ထိုစာအုပ်ထွက်ပြီးနောက်ဝယ်ထိုစာအုပ်ကိုစာဖတ်သူအချိူ့နှင့်သွားရင်းလာရင်း၊သူများကမိတ်ဆက်ပေးရင်းမတော်တဆအကြောင်းဆုံမိရင်းနှင့်တွေ့ဆုံခဲ့ရပါသည်။ထိုအခါကျွန်မလုံးဝမထင်မှတ်ထားသောစကားအချိူ့ကိုစာဖတ်သူများထံမှကြားသိခဲ့ရသည်။
ထိုစာဖတ်သူတွေအားလုံး၏တညီတညွတ်တည်းနှစ်သက်ပါသည်ဟူသောဆောင်းပါးများမှာကျွန်မဆောင်းပါးတွေစရေးစတုန်းကဆောင်းပါးများသာဖြစ်နေခြင်းဖြစ်သည်။“နောက်ပိုင်းကဘာတွေမှန်းမသိ”ဟုမပြောရုံတမယ်သာကျန်တော့သည်။တချိူ့များရှေ့ပိုင်းကဆောင်းပါးတွေအကြောင်းအားရပါးရချီးကျူးကြပြီးနောက်ပိုင်းကဆောင်းပါးတွေဖတ်ရောဖတ်ပါလေစဟုတွေးမိရပါသည်။ဒီတော့ဒီရှေ့ပိုင်းကဆောင်းပါးတွေကဘာတွေမို့လဲဟုကြည့်မိလိုက်တော့ကျွန်မ၏တက္ကသိုလ်ဘဝ၊စာသင်သားဘဝ၊ကျွန်မ၏ဘဝအတွေ့အကြုံတွေ၊ပြီးတော့ကျွန်မ၏ဘဝစာမျက်နှာ။
ထိုအကြောင်းတွေများများရေးစမ်းပါဟုတိုက်တွန်းသွားကြသည်။ကျောင်းသားဘဝ၊တက္ကသို်လ်ဘဝဆိုတာကလည်းကိုယ်တက်ချင်တိုင်းဆက်တက်လို့ရတာမှမဟုတ်တာ။သချင်္ာမဟာသိပံဘွဲ့ဆိုတာကိုရဖို့၁၉၈၆ခုနှစ်ပထမနှစ်ကနေ၁၉၉ရခုနှစ်မဟာသိပ္ပံနောက်ဆုံးနှစ်တိုင်နှစ်တွေများစွာစတေးပြီးသင်ယူခဲ့၊လေ့လာခဲ့ရသောဘဝမဟုတ်လား။အဘိုးဖြစ်သူအင်္ဂလိပ်စာဆရာကြီး၊ဖခင်ဖြစ်သူကသချင်္ာဆရာကြီးတစ်ဦးမို့သူတို့လျှောက်ခဲ့သောလမ်းကိုခပ်ရိုးရိုးပဲဆက်လျှောက်ဖို့စဉ်းစားခဲ့မိသောဘဝကောက်ကြောင်းတွေဖြစ်၏။တက္ကသိုလ်ဆရာဘဝကိုရည်မှန်းချက်ကြီးခဲ့ကြောင်းကိုတက္ကသိုလ်တက်ခဲ့စဉ်ကာလတလျှောက်လုံးမှာတွက်ချက်လေ့လာခဲ့သောကျွန်မ၏မှတ်စုစာအုပ်တွေကိုကြည့်ပြီးကျွန်မအံ့သြခဲ့ရသည်။အသုံးမဝင်တော့သောထိုစာအုပ်တွေကိုစုစည်းထုတ်ပိုးပြီးစတိုခန်းထဲကိုပို့ခဲ့တုန်းကဘဝကံဇာတ်ဆရာ၏ကံကြမ္မာအလှည့်အပြောင်းကိုတွေးကြည့်ခဲ့ဘူး၏။မမြင်ရသောကံတရားကြောင့်ရုတ်တရက်ကြီးလက်တွဲဖြုတ်ခဲ့သောကျွန်မကိုကျွန်မ၏သူငယ်ချင်းတွေကဘာမှမဖြစ်သလိုနေသွားခဲ့ကြသည်ကိုကျွန်မအလွန်ခါးသီးစက်ဆုပ်မိပါသည်။ယခုလို၁ဝနှစ်လောက်ကြာခဲ့ပြီးမှအဲဒီတုန်းကဘာရောဂါနှင့်သေသွားတလဲလို့အခုမှလာပြီးမေးမနေပါနဲ့တော့ဟုသာရင်နာနာနှင့်ပြောရပေတော့မည်။မေးရမှာအားနာလို့ပါဟူသောအကြောင်းပြချက်သည်ပင်ကျွန်မကိုအထင်သေးရာရောက်နေပေတော့သည်။ယခုတော့စတိုခန်းထဲထိုထိုသောမှတ်စုုစာအုပ်တွေတစ်အုပ်မှမကျန်တော့ပါ။ကျွန်မစိတ်မထိန်းနိုင်တာနှင့်ပင်ယူယူပြီးမီးရှိူ့လိုက်တာနှင့်ကုန်လေပြီဖြစ်ပါသည်။ကျွန်မမိခင်ကတော့နှမျောရှာပါသည်။သို့သော်လည်းကျွန်မ၏ကိုယ်ပိုင်ပစ္စည်းတွေမို့မတားသာပါ။ကျွန်မဖခင်သချင်္ာဆရာကြီးကတော့သူလိုချင်သောစာအုပ်စာရင်းကိုပြပြီးဒါတွေပါတဲ့စာအုပ်တွေတော့ချန်ထားပေးပါ။ကျွန်မမမြင်ရတဲ့နေရာမှာထားပါ့မယ်ဟုပြောပြီးတောင်းထားတာတစ်အုပ်နှစ်အုပ်တော့ကျန်နေလိမ့်ဦးမည်။ကျွနမ၏ဘဝသည်အလုပ်မရှိအကိုင်မရှိဖြင့်ကျွန်မအဘွားဖြစ်သူစာရေးဆရာမကြီးဒေါ်ခင်မျိူးချစ်၏စာပေအမွေကိုမယူချင့်ယူချင်ဖြင့်စာတွေမတောက်တခေါက်ရေးစပြုနေသောအချိန်ကာလဖြစ်ပါသည်။ထိုကာလသည်တစ်ဖက်လည်းနာကျင်စရာကောင်းသလောက်တခြားတဖက်ကကြည့်လျှင်လည်းအဘွားနှင့်အချိန်ပြည့်ပေးပြီးအတူတကွနေထိုင်ရသောကြောင့်ကြည်နူးစရာလည်းကောင်းလှ၏။ကျွန်မအလုပ်တဖက်နှင့်ဆိုလျှင်ဒီလောက်တောင်မေမေကြီးနှင့်အတူနေရပါ့မလားဟုတွေးကြည့်လိုက်ပါ။ဒါဘဘကြီးဦးခင်မောင်လတ်ပြောနေကြ Blessing in Disguise(အဆိုးထဲကအကောင်း)ပါပဲ။ဒီအဖြစ်တွေကဇာတ်ဆရာ၏စေခိုင်းရာ။ဒါကျွန်မ၏ကံကြမ္မာ။တချိန်ချိန်ကျရင်ကျွန်မ၏ဘဝကိုပျှော်ရွှင်မူကိုပေးစွမ်းလာစေမည့်စာရေးသူဘဝကိုခင်းပေးလာမည့်လမ်း။၁၉၉၉ခုနှစ်ဇန်နဝါရီလ၂ရက်နေ့မှာမေမေကြီးကွယ်လွန်ခဲ့ပါသည်။စာရေးသားခြင်းကိုကျွန်မသည်မေမေကြီးနှင့်ပြောရင်း၊ဆိုရင်း၊တိုင်ပင်နှီးနှောရင်းနှင့်စိတ်ပါလာခဲသောကာလများဖြစ်ခဲ့သည့်အချိန်တွေကိုတွေးကြည့်မိသည်။စာရေးတဲ့အလုပ်လေးသာမရှိခဲ့ယင်ကျွန်မဘာဖြစ်သွားမည်လဲဟုမတွေးရဲပါဘူး။ထိုထိုသောအချိန်ကာလတွေမှာသိပ္ပံနှင့်နည်းပညာဌာနမှသချင်္ာ၊ရူပစသည်ဖြင့်ဘာသာရပ်ဆိုင်ရာPh.Dတက်ဖို့ပြင်ပကျောင်းသားတွေခေါ်ယူသည့်သတင်းကိုဖတ်လိုက်ရပါသည်။ဝင်ခွင့်အနေဖြင့်အင်္ဂလိပ်စာကိုဖြေကြရမည်။ကျွန်မသည်သချင်္ာကိုသံယောဇဉ်မပြတ်သေးပါလားဟုဆိုရမည်ထင်ပါသည်။ကျွန်မဝင်ဖြေခဲ့သည်။ဝင်ခွင့်အောင်ပြီးအင်တာဗျူးဖြေရသည်။အင်တာဗျူးအောင်တော့ကျောင်းလခသွင်းရမည့်ရက်တွေ၊ကျောင်းတက်ရမည့်ရက်တွေကြေညာပါသည်။အဲဒီနေ့ကကျွန်မသည်ကျွန်မအကိုနှင့်အတူကျောင်းလခသွင်းခဲ့ကြတာမှတ််မိနေပါသည်။ကျောင်းသားရေးရာကကျွန်မ၏ကျောင်းလခကိုလက်မခံဘဲသချင်္ာပါမောက္ခနှင့်သွားတွေ့ရမည်ဟုဆိုပါသည်။သချာင်္တစ်ခုတည်းမဟုတ်ပါ။တခြားဘာသာရပ်ဆိုင်ရာတွေလည်းအလားတူဖြစ်နေကြတာတွေ့ရသည်။သို့သော်သချင်္ာဘာသာရပ်အနေနှင့်ကျွန်မတစ်ဦးတည်းသာပြင်ပကျောင်းသားရှိသည်။ကျန်တဲ့အောင်မြင်သူ၂ဝကျော်မှာဌာနမှဝန်ထမ်းများဖြစ်သည်။ဒီတော့ကျွန်မလည်းသချင်္ာပါမေက္ခနှင့်သွားတွေ့ခဲ့ရပါသည်။
ပါမောက္ခကတော့ပြင်ပကျောင်းသားတွေလက်မခံတော့ကြောင်းရှင်းပြပါသည်။ဒီတော့ဘယ်တတ်နိုင်ပါ့မလဲ။ကျွန်မ၏နောက်ဆုံးအကြိမ်သချင်္ာနှင့်ပတ်သက်ဖို့ကြိုးစားခဲ့မူသည်အချည်းနှီးဖြစ်ခဲ့ရသည်။ထိုကဲ့သို့စိတ်တွေထွေပြားနေချိန်မှာကျွန်မသည်ထွက်ပေါက်တစ်ခုကိုရှာတွေ့ခဲ့သည်။ယင်းကတော့ကျွန်မတို့အိမ်နှင့်ကားမှတ်တိုင်နှစ်တိုင်မျှသာဝေးသောAllianceFrancaiseပြင်သစ်စာသင်ကျောင်းမှာပြင်သစ်စာသွားသင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါသည်။သချင်္ာနှင့်တော့ရေစက်ကုန်ပါပြီ။ဘာပဲဖြစ်ဖြစ်ပေါ့။ကျွန်မစိတ်ဓါတ်တွေပြန်လည်ရှင်သန်လာစေဖို့စိတ်အပြောင်းအလဲဖြစ်ဖို့ထူးထူးခြားခြားလည်းလုပ်ဖို့အဖြစ်ကလည်းမရှိတော့အေးအေးလူလူဘာသာရပ်တစ်ခုကိုလေ့လာလိုက်စားနေခြင်းသည်ကောင်းပေစွဟုကျွန်မ၏အတွေးတွေနှင့်ဖြစ်ပါသည်။
ကျွန်မဖခင်ပြင်သစ်မှာပညာတော်သင်ကြားခဲ့စဉ်တုန်းကယူလာသောပြင်သစ်ကာတွန်းစာအုပ်တွေကိုဖတ်တတ်ချင်လို့ပါ၊ပြင်သစ်ရုပ်ရှင်ကားတွေကိုနားလည်ချင်လို့ပါဟူသောအကြောင်းပြချက်များသည်ပြင်သစ်စာသင်ဆရာဆရာမများ၏အမေးကိုကြည့်ကောင်းအောင်ဖြေခဲ့ရသောကျွန်မ၏မုသားများသာဖြစ်ကြောင်းကျွန်မသာလျှင်သိနေတော့သည်။ထို့ပြင်ကားမှတ်တိုင်နှစ်ခုမျှသာဝေးကွာသောထိုပြင်သစ်သင်ဖို့ရွေချယ်လို်က်ခြင်းသည်ပင်အိမ်နှင့်နီးသောကြောင့်သာဖြစ်ကြောင်း၊အိမ်နှင့်ပိုနီးသောတခြားဘာသာရပ်သင်ကျောင်းများရှိနေရင်ထိုဘာသာရပ်ကိုဦးစားပေးမိမှာဖြစ်ကြောင်းကိုလည်းကျွန်မတစ်ဦးတည်းယခုတိုင်သိနေသောလျှို့ဝှက်ချက်ဖြစ်လေသည်။ထိုကဲ့သို့သောကျွန်မ၏မရိုးသားမူတွေကြောင့်ပင်ပြင်သစ်စာဒီပလိုမာကိုသူများက၃နှစ်နှင့်ရနေချိန်မှာကျွန်မ၆နှစ်နေမှရခဲ့ခြင်း၊ထိုဒီပလိုမာတန်းကို၄ကြိမ်ဖြေခဲ့ရခြင်းကိုတွေးမိလိုက်တိုင်းကျွန်မသည်လွန်စွာမှတုန်လှူပ်ချောက်ခြားမိပါသည်။သို့ပါသော်လည်းတက္ကသိုလ်ကျောင်းသားဘဝမှာစာမှစာ၊သချင်္ာသာလျှင်ဘဝတစ်ခုသဖွယ်အပတ်တကုတ်ကြိုးစားလေ့လာခဲ့ရ၍ပျှော်စရာဘဝတက္ကသိုလ်ဆိုတာကိုလုံးဝဥဿုံမခံစားလိုက်ရသောကျွန်မသည်ဤပြင်သစ်စာသင်ယူရင်းနှင့်ပေါင်းသင်းဆက်ဆံလာခဲ့ရသောပတ်ဝန်းကျင်အသစ်ထိတွေ့ခွင့်ရလိုက်ခြင်းကိုတော်တော်ကြီးယစ်မူးသာယာခဲ့ပါသည်။ကျွန်မသည်ဤပတ်ဝန်းကျင်အသစ်မှာမွေ့လျှော်နေမိရင်းကျွန်မ၏သူငယ်ချင်းအသစ်တွေအပေါ်အစစအရာရာအလျှော့ပေးဆက်ဆံခဲ့သည်ကိုလည်းကျွန်မဘာသာပင်သတိမထားမိလိုက်တော့ပါ။
ကျွန်မပြင်သစ်စာသင်ကျောင်းကိုစတင်အချေချခဲ့သည့်(၁၉၉၉-၂၀၀၀)ပညာသင်နှစ်မှာဆရာမဒေါ်ခင်ဆွေဦး နှင့်ဆုံဆည်းခဲ့ရပါသည်။ကျွန်မထိုနှစ်စတက်ချိန်မှာကျွန်မဖခင်ကနည်းနည်းပါးပါးသင်ပေးဖူးသောပြင်သစ်သဒ္ဒါအနည်းငယ်မျှနှင့်စာစီစာကုံးနည်းနည်းပါးပါးလောက်သာရေးဖူးသောအဆင့်လောက်သာရှိပါသည်။ဆရာမသည်စာသင်အလွန်တော်ပါသည်။သူ့တပည့်များကိုစာသင်ချိန်၂နာရီမှာစက္ကန့်ပိုင်းမျှပင်အနားမပေးဘဲတရစပ်သင်သူဖြစ်ပါသည်။Homeworkတွေကိုကျွန်မတို့တင်သောအခါတွင်လည်းအတန်းထဲမှာပင်ကျွန်မတို့ကိုတခြားလေ့ကျင့်ခန်းတွေလုပ်ခိုင်း၊ဖတ်ခိုင်းနေရင်းနှင့်စစ်ပေးသွားသူဖြစ်ပါသည်။ဆရာမနှင့်စာသင်ရသောအချိန်၂နာရီမှာကျောင်းသားတွေအသက်ရူပေါက်ပင်မရှိပါ။ဆရာမသင်ပေးခဲ့သောထိုပထမနှစ်တုန်းကပြင်သစ်သဒ္ဒါပြည့်စုံလိုက်ပုံမှာယနေ့တိုင်အမှတ်တရရှိနေ၊မှတ်မိနေပြီးလွန်စွာအကျိူးရှိခဲ့သည်ကိုသတိရမိတိုင်းဆရာမကိုအောက်မေ့ကန်တော့မိပါသည်။ဆရာမ၏ကျေးဇူးတရား၊ဆရာမ၏စေတနာတိုု့ကိုခံစားခဲ့ရခြင်းးအတွက်ပြင်သစ်စာသင်ဖို့ဒီနေရာကိုရွေးချယ်လိုက်မိသည်ကိုကျေနပ်ခဲ့မိပါသည်။ထိုပထမနှစ်အောင်ပြီးသည့်နောက်မှာဆရာမနှင့်ဆက်လည်းမသင်ရတော့ဘဲဆရာမနှင့်ဝေးခဲ့ရပါသည်။ဆရာမနှင့်စတင်မိတ်ဆက်ဆုံဆည်းခဲ့ရသောထိုToulouseဟူသောအခန်းကျဉ်းကလေးကိုမြင်တွေ့ရတိုင်းဆရာမကိုသတိရပါသည်။၁၉၉၉-၂ဝဝဝခုနှစ်ပညာသင်နှစ်Toulouse ဟူသော အခန်းကျဉ်းကလေးမှာတစ်ရက်မှကျောင်းမပျက်ခဲ့ဘဲ၁ဝဝရာခိုင်နှူန်းအပြည့်တက်ခဲ့သောကျောင်းသူတစ်ဦးရှိခဲ့တာကိုဆရာမအမှတ်ရမည်ဆိုပါလျှင်ထိုကျောင်းသူဟာကျွန်မပဲဖြစ်ပါသည်။
၂၀၀၄ခုနှစ်တိုင်အောင်ဒီပလိုမာသင်တန်းကို၃ကြိမ်ဆက်တိုက်ကျနေသောအခါကျွန်မသည်ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ခဲ့ပါသည်။အကြောင်းရင်းသည်ကျွန်မကိုယ်တိုင်ဒီစာသင်ကျောင်းပရဝဏ်လေးမှာအပျှော်လွန်နေလို့ဖြစ်နိုင်ပါသည်။မရရှိခဲ့ဖူးသောတက္ကသိုလ်ဘဝလွတ်လပ်ခြင်းကိုခံစားပြီးရင်းခံစားရင်းနှင့်အရှိန်မသတ်နိုင်ဖြစ်နေခဲ့တာလည်းဖြစ်နိုင်သည်။ပြီးတော့ကျွန်မအစ်ကိုစက်မူတက္ကသိုလ်မှာတက်နေတုန်းကကာတွန်းဘောက်စ်ထဲကကာတွန်းတစ်ပုဒ်လိုပေါ့။၆နှစ်နှင့်ရရမည့်ထိုဘွဲ့ကို၆နှစ်တိတိကျကျတက်ပြီးအောင်တဲ့ကျောင်းသားက၈နှစ်၉နှစ်၁ဝနှစ်အကြိမ်ကြိမ်ကျပြီးအောင်နေတဲ့ကျောင်းသားတွေကြားထဲမျက်နှာငယ်နေရတဲ့ကာတွန်းတစ်ပုဒ်။သို့သော်လည်းဒီထက်တော့ကျွန်မမကျသင့်တော့ပါဘူး။ကျွန်မမိခင်ကတော့တက်နေတာဒီလောက်ကြာပြီသူများတွေလိုဒီပလိုမာလေးတောင်မရသေးဘူးပြောရတာရှက်တယ်။ဒီပလိုမာတစ်ခုတော့ရအောင်ယူဟုမကြာခဏပြောလေ့ရှိသည်။ဒီတော့ကျွန်မဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချခဲ့ပါသည်။စာမေးပွဲကျနေသောအပြစ်ကိုပြန်လည်ပေးဆပ်ဖို့ကျွန်မပြင်ပကျောင်းသားအနေဖြင့်ဒီပလိုမာကိုရအောင်ဖြေမည်။ကျွန်မ၏အပျှော်လွန်နေမူကိုရပ်တန်းကရပ်အောင်လုပ်ဖို့ဒီတစ်နည်းသာရှိတော့သည်။ထိုနှစ်မှာကျွန်မကျောင်းဆက်မတက်ဖြစ်တော့ပါ။ကျွန်မမှာ၃နှစ်စာဒီပလိုမာစာအုပ်စာတမ်းတွေပြည့်စုံနေတာလွန်တောင်လွန်နေပါသေးသည်။
ကျွန်မမှာစာရေးသည့်အလုပ်ကလွဲလို့ဘာရှိလို့လဲ။ကျွန်မမေမေကဆိုလျှင်ကျွန်မသူငယ်ချင်းတွေကအလုပ်တစ်ဖက်နှင့်ကျောင်းကိုအပြေးအလွှားတက်နေရတာ၊ကိုယ်ကအိမ်မှာဘာအလုပ်မှလည်းမရှိဘဲနှင့်ဘာလို့မအောင်နိုင်ရသလဲဟုအပြစ်တင်လေ့ရှိပါသည်။ထိုတစ်နှစ်မှာမှာတော့ကျွန်မသည်စာရေးသည့်အလုပ်ကိုရှေ့့ပိုင်းမှာဇောက်ချလုပ်ဖြစ်ခဲ့ပြီးပြင်သစ်စာဘာသာရပ်ကိုစာမေးပွဲဖြေရမည့်မတိုင်ခင်၃လလောက်မှာတော့ပြင်သစ်စာတစ်ခုတည်းကိုဦးတည်ကျက်မှတ်ခဲ့ပါသည်။ကျွန်မကြိုတင်သတ်မှတ်ထားသည့်အတို်င်းပင်ကျွန်မရေးထားသည့်စာမူများ၊စာအုပ်တစ်ပိုင်းတစ်စတွေကိုကိုယ့်အမှတ်အသားနှင့်ကိုယ်သိမ်းဆည်းခဲ့ပြီးထိုစာအုပ်တွေ၊စာမူတွေနေရာမှာပြင်သစ်စာအုပ်တွေကိုအစားထိုးခဲ့၏။ကျွန်မနေ့တိုင်းနားထောင်သည့်သီချင်းခွေများ၊စီဒီချပ်များကိုဖယ်ပစ်ကာပြင်သစ်စာလေ့ကျင့်ခန်းခွေများ၊စကားပြောများကိုအစားထိုးလိုက်သည်။မနက်မိုးလင်းသည်နှင့်ပြင်သစ်သီချင်းတွေကိုဖွင့်ပြီးနားယဥအောင်လုပ်သည်။နေ့လယ်နေ့ခင်းဆိုလျှင်ပြင်သစ်ဘာသာပြောဗီဒီယိုခွေတွေကိုတစ်နေ့တစ်ခုနှူန်းနှင့်ကြည့်သည်။ညဘက်ကျလျှင်ပြင်သစ်သဒ္ဒါတွေကျက်မှတ်ပြီးလေ့ကျင့်ခန်းတွေကိုမှန်မှန်လုပ်သည်။ညအိပ်ခါနီးမှာပြင်သစ်စကားပြောအခွေတစ်နာရီစာခွေကိုတစ်နေ့လျှင်နာရီဝက်နှူန်းဖြင့်နားထောင်ပြီးမှအိပ်သည်။ထိုပုံမှန်အလုပ်ကစစချင်းတစ်လမှာတော့မခံနိုင်အောင်ဖြစ်ခဲ့ရပါသည်။သို့သော်ကိုယ့်ကိုယ်ကိုယ်ဆုံးမခဲ့ရသည်။ဒီ၃လအတွင်းပြီးရင်ပြီးပြီ။ကျိတ်မှိတ်ပြီးကြိုးစားဖို့အားပေးရပါသည်။ထိုကဲ့သို့သောအဖြစ်သည်ကျွန်မတက္ကသိုလ်ဒုတိယနှစ်မှာတုန်းကဂုဏ်ထူးတန်းလိုချင်လွန်းလိုမအိပ်မနေကြိုးစားနေပုံနှင့်အဖြစ်ချင်းတူနေသည်။
ကျွန်မသည်ကျွန်မမိဘများကိုတော့အစောကြီးကတည်းကကြိုပြောထားဖြစ်ခဲ့သည်။ဒါပေမယ့်ကံမကောင်းလို့မအောင်ခဲ့ရင်တော့မတတ်နိုင်ဘူး။ကျွန်မတစ်သက်တော့သည်ဒီပလိုမာရဖို့ကံမပါဘူးလို့သာသဘောထားပေးပါတော့ဟူ၍စိတ်ညစ်ညစ်နှင့်ပြောခဲ့ဘူးပါသည်။ကျွန်မဖခင်ကတော့ဒီလိုစိတ်ဓါတ်မျိူးရှိသင့်တာကြာပြီဟုဆိုပါသည်။ဒီလောက်ကြီးကြိုးစားနေတာကိုလည်းသိပ်သဘောကျပုံမရပါ။ထို၂၀၀၅ခုနှစ်စာမေးပွဲတော့အောင်ခဲ့ပါသည်။သို့သော်ကျွန်မအောင်မှတ်ကတော့ပွတ်ကာသီကာသာဖြစ်ပါသည်။ဘာပဲဖြစ်ဖြစ်ပေ့ါ။ကျွန်မမိခင်အတွက်တော့ဒီပလိုမာတစ်ခုတော့ယူပေးနိုင်ခဲ့ပါသည်။
စာမေးပွဲကအောင်သွားသောအခါထိုနှစ်တစ်နှစ်လုံးအိမ်တွင်းအောငး်နေရသည့်အဖြစ်ကိုစာနာသောအားဖြင့်နောက်တစ်နှစ်ဆက်တက်ချင်သွားပြန်သည်။အဲဒီတစ်နှစ်ဆက်အောင်ရင်နောက်ထပ်ဆာတီဖီကိတ်(Certificate)တစ်ခုထပ်ရဦးမည်တဲ့။ပြီးတော့ကျောင်း၏ထုံးစံအတိုင်းတစ်နှစ်တစ်ခါထွက်သောခရီးကိုလည်းလိုက်ချင်လှ၏။သို့နှင့်ကျွန်မမိဘတွေကိုဒီနှစ်ကျောင်းဆက်တက်မည်၊အောင်သည်ဖြစ်စေကျသည်ဖြစ်စေ၊နောက်ဆက်မတက်တော့ပါ။ပြီးတော့ဒီနှစ်ကျောင်းကခရီးသွားရင်လိုက်ချင်လို့ပါဟုပွင့်ပွင့်လင်းလင်းပြောပြီးကတိပေးလိုက်ပါသည်။ကတိပေးသည်ဆိုတာကလည်းကျွန်မမိဘတွေကကတိတောင်းလို့မဟုတ်ပါ။ကျွန်မဘာသာကျွန်မကတိတည်အောင်အဲဒီလိုလုပ်ယူပြီးပေးသောကတိဖြစ်ပါသည်။
ပြင်သစ်စာသင်ကျောငး်မှာတစ်နှစ်ကိုစာမေးပွဲနှစ်ကြိမ်စစ်ပါသည်။ပထမတစ်ကြိမ်ကကျောင်းစတက်ပြီး၄လအကြာမှာစစ်သောအစမ်းစာမေးပွဲငယ်လေးတစ်ခုဖြစ်သည်။ဒုတိယအကြိမ်ကစာမေးပွဲအစစ်ကြီးဖြစ်သည်။ထိုနှစ်၂၀၀၅-၂၀၀၆ပညာသင်နှစ်မှာဖြစ်ချင်တော့ထိုအစမ်းစာမေးပွဲလေးကိုအချိန်စာရင်းမှားကြည့်ပြီးမဖြေလိုက်ရပါ။ပြီး
တော့ကံဆိုးချင်တော့ခရီးလိုက်မည့်ကျောင်းသားတွေကိုထိုစာမေးပွဲလေးအောင်သည့်သူများကိုသာဦးစားပေးမညဟူသောပြဌာန်းချက်အသစ်ကြောင့်ခရီးသွားရမည့်ကျောင်းသားစာရင်းမှာကျွန်မအမည်ပြုတ်ကျန်ခဲ့ပါသည်။ဒီနှစ်စတက်ကတည်းကိုကခရီးလိုက်ချင်တဲ့စိတ်ကCertificateလိုချင်တဲ့စိတ်ထက်များနေတယ်။အဲဒါကိုကကျွန်မကမရိုးသားတာ။ဒါကြောင့်လည်းထိုနှစ်စာမေးပွဲကြီးမှာကျခဲ့ပြန်တော့ကျွန်မသည်ကိုယ့်ကိုယ်ကိုယ်သာအပြစ်ပုံချမိပါတော့သည်။
ကျွန်မ၏“တွေးမိသောအတွေးများ”ဟူသောစာအုပ်ထဲကရှေ့ပိုင်းဆောင်းပါးတွေမှာကျွန်မမဟာသိပ္ပံဘွဲ့ရပြီးသည်အထိသာပါကြောင်း၊နောက်ပိုင်းရေးဖြစ်နေသောဆောင်းပါးတွေမှာထိုနောက်ကအဖြစ်အပျက်တွေမပါဝင်ကြောင်းကိုစာဖတ်သူတွေထောက်ပြမှသတိပြုမိခဲ့ရကြောင်းဝန်ခံပါသည်။အဲဒီလိုဆောင်းပါးတွေများများရေးစမ်းပါဆိုတော့လည်းရှိမှမရှိတော့တာဟုစိတ်ထဲကပြောနေမိခဲ့ပါသည်။အဲဒါဘာကြောင့်လဲလို့ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်လိုက်တော့လူ့သဘောသဘာဝအတိုင်းပေါ့။ကိုယ်စာမေးပွဲကျခဲ့ဘူးတာတွေ၊ရူံးနိမ့်ခဲ့ရတာတွေ၊ကြိုးစားရကျိူးမနပ်ခဲ့ရတာတွေ၊အပျော်လွန်ခဲ့တာတွေကိုပြန်ရေးဖို့သတ္တိဘယ်မှာလာပြီးရှိပါ့မလဲ။သို့သော််လည်းစာဖတ်သူများအားချစ်ခင်လေးစားသောစိတ်ဖြင့်လညး်ကောင်း၊အရူံး-အနိုင်၊အကျိူး-အမြတ်၊ပေးဆပ်-ရယူတည်းဟူသောဘဝ
၏စာမျက်နှာတွေကိုပြန်လည်ဆင်ခြင်သုံးသပ်ရင်းသင်ခန်းစာရယူစေလိုသောစေတနာဖြင့်လည်းကောင်းကျွန်မ၏အဖြစ်တွေကိုဘဝစာမျက်နှာများအဖြစ်ရေးချလိုက်မိပါတော့သည်။

Thursday, November 4, 2010

သိကောင်းဖွယ်ရာအလင်းနှင့်အသံ - တက္ကသိုလ်ရွှေရီဝင်း

Book Review

စိတ်ကူးချိုချိုမှထွက်ရှိလာသောကလေးများအတွက်စာအုပ်သစ်။
သိပ္ပံနှင့်ပတ်သက်သောစာအုပ်ကလေး။
စာမျက်နှာ၂၃မျက်နှာဖြင့်ကလေးများအလွယ်တကူနားလည်စေဖို့အလင်းနှင့်အသံအကြောင်းပါတဲ့။
“အလင်းဘယ်ကလာတာလဲ”“ညကျရင်ဘာကြောင့်မှောင်ရတာလဲ”“မှောင်တဲ့အခါဘယ်လိုမြင်ရသလဲ”
…….စသည်ဖြင့်မေးခွန်း၉ခုနှင့်အဖြေများပါဝင်ပါတယ်။
ဆေးရောင်စုံရုပ်ပုံများနှင့်ချယ်မှူန်းထားပါတယ်။
ရုပ်ပုံတွေကအစုံပဲ။
ပန်းပုံလေးတွေရော၊နေကြာပန်းရော၊ကလေးလေးပုံတွေရော၊ခွေးလေးနဲ့ကြောင်လေးမိကြောင်လည်းပါတယ်။
သစ်ပင်ပန်းမာန်နဲ့နွားလေးလည်းပါတယ်။
ကလေးတွေအတွက်ဆိုပေမယ့်လူကြီးတွေလည်းဖတ်ရင်းစိတ်ဝင်စားစရာတွေတွေ့မယ်။
စာအုပ်ပါးပါးလေးမို့အလွယ်တကူနဲ့နားလည်သွားမှာပါ။