Tuesday, August 31, 2010

ဆက်ခံသူ. ဂျူနီယာဝင်း

 ဆက်ခံသူ.    ဂျူနီယာဝင်း


အတွေးအမြင် (၁၁၇)၊ ၁၉၉၆ မတ် + ဧပြီ

တစ်နေ့သ၌ ကျွန်မထံသို့ စာတိုက်မှ ဖြတ်ပိုင်းတစ်ခု ရောက်လာပါသည်။ ၁၉၈၅-၈၆ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်သို့ သင်္ချာဘာသာရပ်ဖြင့် ပထမနှစ် တက်ရောက်ခွင့်ရကြောင်း အကြောင်းကြားသည့် ဖြတ်ပိုင်း ဖြစ်ပါသည်။ ဆယ် တန်းအောင်သည့် အမှတ်ဖြင့် လျှောက်မည်ဆိုလျှင် ရနိုင်သော ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်များကို မလျှောက်ဘဲ သိပ္ပံဘာသာရပ်တွင် အနိမ့်ဆုံးဖြစ်သော သင်္ချာကိုလျှောက်ခဲ့ခြင်းမှာ သင်္ချာဆရာတစ်ဦးဖြစ်သော ကျွန်မ၏ ဖခင် တိုက်တွန်း ချက်ကြောင့် မဟုတ်ဘဲ စာကျက်ရမှာပျင်းသော ကျွန်မ၏ မွေးရာပါ စိတ်ဓာတ် ကြောင့်သာ ဖြစ်ပါသည်။

တက္ကသိုလ် ပထမနှစ်တွင် ကျွန်မသည် အတန်းငယ်စဉ်တုန်းကလို စာမေး ပွဲ အောင်မှတ်ရရန်သာ စိတ်ဝင်စားခဲ့ကြောင်း ဝန်ခံပါသည်။ တက္ကသိုလ်ဒုတိယနှစ် တွင် ကျွန်မ၏ အသက်အရွယ်ကြောင့်လား၊ ကျွန်မ၏ အမြွှာအစ်ကိုက စက်မှု တက္ကသိုလ်ကျောင်းသား၊ ကျွန်မက သင်္ချာအဓိကကျောင်းသူဟူသော ကျွန်မတို့ မောင်နှမနှစ်ယောက်၏ ပညာအဆင့်အတန်း ကွာဟမှုကြောင့်လား၊ ကျွန်မ သင်္ချာ တွက်နေလျှင် စိတ်ဝင်တစားနှင့် အနားမှ သင်ပြပေးနေသော ကျွန်မ၏ ဖခင် ကြောင့်လားတော့ မသိပါ။ ကျွန်မ၏ အတွေးအခေါ်များ ပြောင်းလဲခဲ့ရပါသည်။ ကျွန်မ ငယ်ငယ်က သင်္ချာကျသဖြင့် မျက်နှာငယ်နှင့် ဆရာမဆီ လိုက်ခဲ့ရသော ကျွန်မ၏ဖခင်။ သင်္ချာဆရာကြီးသမီးက သင်္ချာကျတယ်ဟူသော ဖေဖေ့တပည့်၏ လှောင်ပြောင်ရယ်မောသံတွေကို ခံနိုင်ရည် မရှိတော့သောကြောင့် ဂုဏ်ထူးတန်း ဝင်ချင်သော ရည်ရွယ်ချက်များဖြင့် သင်္ချာဘာသာရပ် အပေါ်တွင် စိတ်ဝင်စားမှု များသည် ကျွန်မထံသို့ပြင်းပြစွာ ရောက်ရှိလာခဲ့ပါတော့သည်။ သို့ရာတွင် ကျွန်မ၏ အကြီးမားဆုံး အခက်အခဲတစ်ခုမှာ အလွတ်ကျက်ခြင်း ဖြစ်သည်။ ကျွန်မသည် မည်မျှ ခက်ခဲသော သင်္ချာပုစ္ဆာများ ဖြစ်စေ နားလည် အောင် မှတ်သည်။ အလွတ်ကျက်ရမည့်အဆင့်ကို တတ်နိုင်သမျှ ရှောင်သည်။ ထို့ကြောင့် ကျွန်မငယ်စဉ်က ပြုမူခဲ့သည့်အတိုင်း နည်းနည်းလေး နားမလည် သည်နှင့် ကျွန်မ၏ဖခင်ကို မေးမြန်းပါတော့သည်။ ထိုအခါ ကျွန်မနှင့် ကျွန်မဖခင် အကြားတွင် နားမလည်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ပုစ္ဆာတစ်ပုဒ်အား ကျွန်မ ဖခင်အား မေးမိလျှင် နာရီဝက် တစ်နာရီ ကြာအောင် စာရွက်ပေါင်းများစွာနှင့် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သောကြောင့် တစ်ခါတစ်ရံ အဆင့်တစ်ဆင့်လောက်ကို နားမလည်ရုံလောက်နှင့် အချိန်ကုန်ခံပြီး မေးရန် တွန့်ဆုတ်ခဲ့ရသည်။ 'ဒီကနေ ဒါ ဘယ်လိုဖြစ်သွားတာလဲ ဖေဖေ' ဟု ကျွန်မက မေးလျှင် 'စာရွက်နှင့်ဘောပင် ယူခဲ့စမ်း၊ ဒီ အတိုင်း ပြောလို့မရဘူး။ အဲဒီနောက်ကွယ်မှာ အတွေးအခေါ်တွေ အများကြီး ရှိတယ်။ ဒီတော့ သဘော တရားကို သေသေချာချာ ပြောမှ နားလည်မှာ' ဟု အမြဲတမ်း အပြောခံရသော ကြောင့် ဖြစ်သည်။

'စာမေးပွဲခန်းထဲမှာ အဲဒီအဆင့်ကို အကြာကြီး စဉ်းစားနေရင် အချိန် တောင် လောက်မှာမဟုတ်ဘူးဖေဖေ။ သမီး အလွတ်ကျက်လိုက်တော့မယ်'ဟု အလွတ်ကျက်ရမှာ ကြောက်သော ကျွန်မပင်လျှင် ကျွန်မဖခင်ကို လက်မြှောက်ပြီး စောဒကတက်ခဲ့ရသော အကြိမ်များ မနည်းခဲ့ပါ။ သို့ရာတွင် unseen ကို ကြောက်သော ကျွန်မ၊ ဒါတွေသိမှ unseen ကို စဉ်းစားတတ်မှာ၊ တော်ကြာ ဂုဏ်ထူးတန်း မဝင်ရင် ဘယ့်နှယ်လုပ်မလဲ ဟူသော  စိုးရိမ်ကြောင့်ကြစိတ်များ ကြောင့် ကျောင်းမှာသင်သော lecture အပြင် ဖေဖေ သင်ပြထားသော အချက်များ ကိုnotes ပြန်ထုတ်ထားသော စာအုပ်များကြားတွင် နစ်မြုပ်ရင်း အပင်ပန်းခံ ကြိုးစားခဲ့ရပါသည်။
စာမေးပွဲဖြေခါနီးတွင် အခို့ျသော ပုစ္ဆာများကို အလွတ်ကျက်ခဲ့ရပါ သည်။ ဖခင်ကလည်း ကျက်ရန် တိုက်တွန်းသောကြောင့် ကျွန်မထုတ်ထားသော ညသအန များကို ဘေးဖယ်ထားပြီး ဒုတိယနှစ် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင် ခဲ့ပါတော့သည်။
ဂုဏ်ထူးတန်းကျောင်းသူဘဝ
ငယ်စဉ်ကတည်းက အလွတ်ကျက်ရမှာ ကြောက်သော ကျွန်မသည် နားမလည်သော အကြောင်းအရာများကို ကျွန်မ ဖခင်က မည်မျှပင် အချိန်ကုန်ခံခံ၊ စာရွက် ဘယ်လောက်ကုန်ကုန် လိုက်နာမှတ်သားသော အလေ့အကျင့်ကို ဆက် လက်၍ ကျင့်သုံးခဲ့ပါသည်။ အကြောင်းမှာ ကျွန်မ ဖခင် သင်ပြထားသော အတွေးအခေါ်များ၊ သဘောတရားများ၏ အရေးပါပုံကို ပို၍ သိလာသောကြောင့် ဖြစ်ပါသည်။
ကျွန်မငယ်စဉ်က အသေအလဲ ကြိုးစားမှတ်သားခဲ့ရသော အကြောင်း အရာများသည် ယခု ဂုဏ်ထူးတန်းတွင် ပြန်လည် အသုံးချခွင့်ရလာပါသည်။ အဘယ့်ကြောင့် ကျွန်မ ဖခင်က ဤအချက်တွေကို အလေးပေးခဲ့ရသလဲ ဟူသော မေးခွန်း၏အဖြေကို အတန်းကြီးလာမှ နားလည်ခဲ့ရပါတော့သည်။ သို့ရာတွင် တစ်ခါတစ်ရံ ကျွန်မဖခင်၏ရှည်လျားသော၊ အသေးစိတ်လွန်းသော ရှင်းပြချက်များ ကြောင့် သင်္ချာယူမိတာ မှားပြီ၊ တခြားဘာသာဆို ဖေဖေ့လည်း မေးစရာမလိုဘူးဟု နောင်တရစိတ်များလည်း မကြာခဏ ဆိုသလို ဝင်လာတတ်ပါသေးသည်။
၁၉၉၃ ခုနှစ် တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူဘဝတွင် ဒုတိယနှစ် တုန်းကကဲ့သို့ တက်ြွကသော စိတ်ဓာတ်များ ပြန်ဝင်လာခဲ့ပါသည်။ အကြောင်းမှာ qualify ဖြစ်မှ မဟာသိပ္ပံတက်ခွင့်ရမည် ဟူသော ကန့်သတ်ချက်ကြောင့် ဖြစ် ပါသည်။ ကျွန်မတွင် အလွတ်ကျက်သော စိတ်ဓာတ်များ မရှိတော့ပြီ ဖြစ်သော ကြောင့် ယခု အရေးကြီးသော စာမေးပွဲအတွက် ကျွန်မ၏ လေ့ကျင့်မှု အစီ အစဉ်ကို တစ်မိုျးတစ်ဖုံ ပြောင်းလဲခဲ့ရပါသည်။
ပထမအဆင့်အနေနှင့် လုပ်ရိုးလုပ်စဉ်ဖြစ်သော နားမလည်သော၊ ခက်ခဲ သော ပုစ္ဆာများကို ကျွန်မ ဖခင်ကို မေးပြီး နားလည်အောင် ကြိုးစားပါသည်။ ဒုတိယအဆင့်အနေနှင့် ကျွန်မ ဖခင် ရှင်းပြသော အချက်များကို ဦးနှောက်ထဲတွင် စဉ်းစားတတ်အောင် အစီအစဉ် ချပါသည်။ နောက်ဆုံး အဆင့်အနေနှင့် ထို ပုစ္ဆာကို အလွတ်ချတွက်ခြင်း ဖြစ်ပါသည်။ ထိုသို့ အလွတ်ချတွက်ရာတွင် ဖေဖေ ရှင်းပြထားသော အချက်များကို ဂုဏ်ထူးတန်းပထမနှစ်နှင့် ဒုတိယနှစ်တုန်းကလို ချမရေးတော့ဘဲ အတန်းထဲမှာ သင်ထားတဲ့အတိုင်း တစ်ကြောင်းပြီးတစ်ကြောင်း စိတ်ရှည်ရှည်နှင့် အချိန်ယူ စဉ်းစားပြီး ရေးချပါသည်။ ယင်းကဲ့သို့ အချိန်ယူ ချတွက်ခြင်းကို ပွဲမဝင်ခင် အပြင်မှာကျင်းပဆိုသကဲ့သို့ ထပ်ကာထပ်ကာ လေ့ကျင့် ပါသည်။ ကျွန်မသည် စာမေးပွဲခန်းထဲတွင် အချိန်ကုန် အနည်းဆုံးနှင့် အမှန်ကန် ဆုံး အဆင့်ထိ ဖြေဆိုနိုင်သူတစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရပါသည်။
ထိုအရေးကြီးသော တတိယနှစ် ဂုဏ်ထူးတန်း စာမေးပွဲအတွက် ကျွန်မ လုပ်နေကျ အလုပ်တစ်ခုကို လုပ်ပါသည်။ ယင်းမှာ ဘာသာရပ်များနှင့် ပတ်သတ် ပြီး  မေးနိုင်သော  မေးခွန်းများကို  ကျွန်မဘာသာ  ထုတ်ခြင်း  ဖြစ်ပါသည်။ ထိုဘာသာရပ်များထဲမှာ Algebra ဘာသာအတွက် မေးခွန်း ပေါင်း ရဝ ရလာ ပါသည်။ ထိုဘာသာဖြေရမည့် ညတွင် ကျွန်မဖခင်အားပြပြီး ှစသအ ရိုက်ခိုင်း ပါသည်။ သင်္ချာဆရာကြီးဖြစ်သော ကျွန်မဖခင်က ကျွန်မ ထုတ်ထားသည့်ထဲမှ ရွေးပေးရာ မေးခွန်း ၆ဝ လောက် ရှိသွားပါသည်။ ကျွန်မ လုပ်ရိုးလုပ်စဉ်အတိုင်း spot ရိုက်ခိုင်းတာ ဖြစ်သော်လည်း ဤမျှလောက် ရွေးပေးမည်မှန်း ကြိုတင် ခန့်မှန်းပြီးသား ဖြစ်ပါသည်။ ထို Algebra ကို ကောင်းမွန်စွာ ဖြေနိုင်ပြီး အိမ် သို့ ပြန်လာခဲ့ပါသည်။ ကျွန်မ ပြန်ရောက်ပြီး သိပ်မကြာခင်တွင် ကျွန်မဖခင်သည် ရုံးချိန်ထက် စောလွန်းစွာ ပြန်ရောက်လာပြီး အလောတကြီး မေးပါသည်။
'သမီး ဘယ်နှပုဒ်ရမလဲ၊ မနေ့ညက ဖေဖေရွေးပေးတဲ့ အထဲက တစ် ပုဒ်မှ မပါဘူး' ကျွန်မက 'ဟုတ်လား၊ သမီးက သိပ်တောင် သတိမထားမိဘူး၊ ဒါမိုျး က ဖြစ်နေကျပဲ၊ ဖေဖေ့ကို ရွေးခိုင်းတယ်ဆိုတာလည်း အပျင်းပြေ ရွေးခိုင်းတာပါ၊ စိတ်မပူပါနဲ့ ဖေဖေ၊ သမီး ခြောက်ပုဒ်လုံးရတယ်' ဟု လက်မထောင်ပြီး ပြန် ပြောနိုင်ခဲ့ပါသည်။
အထက်ပါ အလားတူ အဖြစ်အပျက်မိုျးသည် ယခုမှ အသစ်အဆန်း မဟုတ်ဘဲ ကျွန်မ၏ ပညာသင်သော ကာလတစ်လျှောက်လုံး အမြဲတမ်းကြုံတွေ့ နေကျ ဖြစ်သောကြောင့် ကျွန်မ ယခုကဲ့သို့ အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှတဖန် မဟာသိပ္ပံနောက်ဆုံးနှစ် ကျောင်းသူဘဝသို့ တက်လှမ်း ခဲ့သော ကျွန်မသည် မည်သို့မည်ပုံ ဆက်လက်ကြိုးစား လျှောက်လှမ်းခဲ့ရသည်ကို အထူးရေးသားပြစရာ မလိုတော့ဟု ယူဆမိပါသည်။ ကျွန်မ မဟာသိပ္ပံ ကျမ်းပြု ကျောင်းသူ ဘဝအထိ သင်္ချာဆရာကြီး၏ သမီးအနေနှင့် လျှောက်ခဲ့ရသောလမ်း တွင် ပတ်ဝန်းကျင်၏ ကောက်ချက်ချချက်များနှင့် အမေးခံခဲ့ရသော မေးခွန်းများ အပြင် သင်္ချာဆရာကြီး၏ သမီးဟူသော အပေါ်ယံအမြင်ဖြင့် သုံးသပ်ချက်များ၊ ထင်မြင်ယူဆချက် များစွာကို ရင်ဆိုင်ခဲ့ရပါသည်။ တခို့ျသော မေးခွန်းများမှာ ကျွန်မ ကိုယ်တိုင် ဘာပြန်ဖြေရမှန်းမသိသော မေးခွန်းများ ဖြစ်ပါသည်။ အောက် ပါတို့ကို လေ့လာကြည့်စေလိုပါသည်။
သူငယ်တန်းမှရှစ်တန်း
'ဆရာ့သမီးက ဒီလ သင်္ချာ နှစ်ဘာသာလုံးကျလို့ ဆရာ ကျောင်းလိုက် သွားရတယ် ဟုတ်လား၊ ဆရာက သင်မပေးဘူးလား၊ သမီးကရော ဖေဖေ့ကို မမေးဘူးလား'    (ဖေဖေ့တပည့်များ)
တက္ကသိုလ် ပထမနှစ်
သင်္ချာဆရာရဲ့ သမီးမို့ သင်္ချာယူတာလား၊ အဖေက ယူခိုင်းလို့လား' (အသိအကျွမ်းများ)
တက္ကသိုလ် ဒုတိယနှစ်
'နင့်ကိုမေးရတာ စိတ်ကုန်လာပြီ၊ နင် ရှင်းပြတာ အရှည်ကြီးပဲ၊ အဲဒါ မသိလည်း ဒီအတိုင်း ကျက်ပြီး ဖြေရင်လည်း ရတယ်မဟုတ်လား'
(ကျွန်မ၏သူငယ်ချင်းများ)
ပထမနှစ် ဂုဏ်ထူးတန်း
'သင်္ချာဆရာကြီးသမီးဆိုတော့ ဂုဏ်ထူးတန်းဝင်မှာပေါ့'
(အသိအကျွမ်းများနှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ)
ဒုတိယနှစ် ဂုဏ်ထူးတန်း
'နင် သင်္ချာ တစ်ဘာသာမှ ဂုဏ်ထူးမပါဘူး၊ ဘယ်လိုဖြစ်တာလဲ၊နင့် အဖေတော့ တော်တော်ဆွေးသွားမှာပဲနော်' (အတန်းဖော်တစ်ဦး)
တတိယနှစ် ဂုဏ်ထူးတန်း
'နင်အဖေက သင်္ချာဆရာဆိုတော့ နင် အရမ်းကံကောင်းတာပဲဟာ၊ မေး စရာရှိရင် ချက်ချင်း ကောက်မေးလိုက်ရုံပဲ၊ ငါတို့လို တကူးတကသွားပြီး မေးစရာ မလိုဘူး။ အချိန်ကုန်လည်း သက်သာတယ်'                              (ကျွန်မ၏ သူငယ်ချင်းများ)
ငါ့ကို ဒီပုစ္ဆာ ရှင်းပြစမ်းပါဟာ၊ ပြီးတော့ အရေးကြီးတာတွေ ပြော ပါဦး၊ နင် ဘာတွေကြည့်လဲဟင်' (အတန်းဖော်များ)
'မဟာသိပ္ပံ နောက်ဆုံးနှစ်
'သမီးက ဂုဏ်ထူးတန်း သိပ်ဝင်ချင်တာပဲ၊ မမတုန်းက ဘယ်လို ကြိုး စားခဲ့သလဲဟင်၊ မမတို့တုန်းက သင်ရိုးနဲ့ အခုသင်ရိုးနဲ့ မတူတော့ဘူးလို့ ပြော တယ်၊ အဲဒါ ဘာဖြစ်လို့လဲဟင်'     (ဒုတိယနှစ်မှ ညီမငယ်တစ်ဦး)
ယခု မဟာသိပ္ပံကျမ်းပြု ကျောင်းသူဘဝ
'သင်္ချာဆရာ့သမီးဆိုတော့ ဆရာ့ခြေရာ နင်းတာပေါ့'     
 (ဖေဖေ့တပည့်များနှင့် တက္ကသိုလ်မှ သင်္ချာဆရာ၊ ဆရာမများ)
ကျွန်မ၏ ဖခင်သည် သင်္ချာဟူသော အမွေကို ပေးဝေသူဖြစ်၍ ကျွန်မက ဆက်ခံသူ ဖြစ်ပါသည်။ ကျွန်မသည် ဆက်ခံသူတစ်ယောက်အနေနှင့် ထို ပညာအမွေကို လွယ်လွယ်ကူကူ ရရှိခဲ့သူ ဖြစ်ပါသလား။ ကျွန်မ၏ ရှေ့ဆက်ရမည့် ခရီးလမ်းသည် အဆင်ပြေချောမွေ့သော ပန်းခင်းလမ်း ဖြစ်ပါမည်လား၊ ထိုမေးခွန်း များ၏ အဖြေကို ကျွန်မ၏ဆောင်းပါးကို ဖတ်ရှုပြီးသော စာဖတ် ပရိသတ်များ ဖြေဆိုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း ကျွန်မ၏ ဆောင်းပါးကို နိဂုံးခုျပ်လိုက် ပါသည်။
အတွေးအမြင် (၁၁၇)၊ ၁၉၉၆ မတ် + ဧပြီ

Saturday, August 28, 2010

Her Book - Wren and Martin High School English Grammar and Composition

သဒ္ဒါစာအုပ်တစ်အုပ်
ဂျူနီယာဝင်း ရေးသားဘာသာပြန်ထားသော အထက်တန်းအဆင့်အင်္ဂလိပ်သဒ္ဒါ စာအုပ်ဟာ၂၀၁၀သြဂုတ်လ
မှာ ရန်အောင်စာပေကထွက်လာပါပြီ။ စာအုပ်မူရင်းက Wren and Martin High School English Grammar
and Composition ဖြစ်ပါသည်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ…သြဂုတ်လ ၁ ရက်နေ့ဟာဘဘကြီးဦးခင်
မောင်လတ်ကွယ်လွန်ခဲ့တာ ၁၄ နှစ်ပြည့်သောနေ့ပါ။ဒီလိုတိုက်တိုက်ဆိုင်ဆိုင် အဘိုးဖြစ်သူသင်ကြားပို့ချပေး
သင်ပေးခဲ့တဲ့သည်စာအုပ်ကိုမြေးဖြစ်သူကဘာသာပြန်ပြီးထွက်ရှိလာရတာအခုလိုအမှတ်တရနေ့မှာဆိုတော့
ထူးခြားတယ်လို့ဆိုရမည်ဖြစ်ပါသည်။
စာအုပ်အတွင်းမှာ ဒေါက်တာခင်မောင်ဝင်း ရဲ့ အမှာစာနဲ့ ဂျူနီယာဝင်း ရဲ့ ဤစာအုပ်လေး၏ရာဇ၀င် ဆိုတဲ့
စာစုများကိုတွေ့ရပါသည်။
ဒေါက်တာခင်မောင်ဝင်း က “မူရင်းစာအုပ်အမည်ကိုကြည့်ပြီး ဒီစာအုပ်ဟာအထက်တန်းကျောင်းအဆင့် ပဲဟု
မထင်လိုက်ကြပါနှင့်ဟုရှေးဦးစွာပြောချင်ပါသည်။အိန္ဒိယနိုင်ငံတွင်ဤစာအုပ်ကိုတက္ကသိုလ်တွင်ပထမနှစ်မှ
နောက်ဆုံးနှစ်အထိပြဌာန်းသည်။တက္ကသိုလ်မှပါမောက္ခများသည်အလွန်အမြင်ကျယ်သည်ကိုပြသရာရောက်
သည်။သူတို့ကိုတက္ကသိုလ်မှာအထက်တန်းအဆင့်ပဲရှိတဲ့စာအုပ်ကိုပြဌာန်းရသလားဟုအပေါ်ယံကြည့်၍အပြစ်
တင်မှာကိုမကြောက်ကြပါ။သူတို့သည်စာအုပ်အမည်ကိုကြည့်၍ဆုံးဖြတ်ခြင်းမဟုတ်။ရေးသားသောအကြောင်း
အရာများ၏အဆင့်ကိုကြည့်၍ဆုံးဖြတ်ခြင်းဖြစ်သည်။”ဟုရေးသားထားသည်များတွေ့ရသကဲ့သို့……
စာအုပ်၏နောက်ဖုံးတွင်လည်းဒေါက်တာခင်မောင်ဝင်း၏မှတ်ချက်ကိုအခုလိုတွေ့ရမည်ဖြစ်ပါသည်။“ဤစာအုပ်
ကိုဖတ်လိုက်လျှင်အင်္ဂလိပ်သဒ္ဒါသာမကအင်္ဂလိပ်ဘာသာဖြင့်ရေးထားသောဂန္တ၀င်စာပေများနှင့်ပါရင်းနှီးကျွမ်းဝင်
သွားမည်ဖြစ်ပါသည်။”။
ဂျူနီယာဝင်း ၏ ဤစာအုပ်၏ရာဇ၀င် တွင်စာအုပ်လေးစတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုတွေ့ရသည်။
ထိုစာအုပ်ပါအင်္ဂလိပ်စာဆောင်းပါးများမှာ wren and martin စာအုပ်ကိုဘာသာပြန်ဆိုမူများဖြစ်ရာယင်းတို့ကို
၂၀၀၄ ခုနှစ်ဇွန်လမှစတင်၍ The Light of English မဂ္ဂဇင်းမှလစဉ်စတင်ဖော်ပြခဲ့ပါသည်။လစဉ်ပါလာတိုင်း
ဦးခင်မောင်လတ်သင်ကြားပို့ချခဲ့သောမှတ်စုများကိုအခြေခံ၍ရေးသားပြန်ဆိုပါသည်ဟူသောစာတမ်းလေး
ကိုတွေ့ခဲ့ကြရမည်ဖြစ်ပါသည်ဟုဆိုထားပါသည်။
ထိုဘာသာပြန်ဆိုမူမှာ ၂၀၁၀ ခုနှစ်မတ်လတွင်ဆုံးခန်းတိုင်ခဲ့ပြီဖြစ်ပါသည်။ထို၆နှစ်တာကာလထည့်ခဲ့သော
ဆောင်းပါးများကိုစုဆည်းကာယခုရန်အောင်စာပေမှထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။

Sunday, August 8, 2010

Seik Koo Cho Choo 11 Year Book Show

စာအုပ်တွေ
စိတ်ကူးချိုချိုစာအုပ်တိုက်ကနေပြီး ၁၁နှစ်ပြည့်အဖြစ် ကလေးလူငယ်များကိုရည်ရွယ်ပြီးစာအုပ်၁၁အုပ်
ထုတ်ဝေလိုက်ပါတယ်။စာအုပ်၁၁ အုပ်ကိုအမည်တွေတပ်ပြီးကိုယ်နှစ်သက်ရာကိုယ်စိတ်ဝင်စားဖွယ်ရာ
ဖတ်ရူနိုင်တဲ့ထူးခြားတဲ့တင်ဆက်မူဖြစ်ပါတယ်။အဲဒီခေါင်းစဉ်တွေကိုရေးပြရရင်….
လူမူဆက်ဆံရေး
အနုပညာ
စာဖတ်ခြင်း
သိပ္ပံပညာ
မိဘဆရာ
သဘာဝပတ်ဝန်းကျင်
ကွန်ပြူတာနဲ့အိုင်တီ
ညဏ်ပညာ
အားကစားနှင့်ကျမ်းမာပျော်ရွှင်ခြင်း
ရဲစွမ်းသတ္တိ နှင့်
သမိုင်းနှင့်ယဉ်ကျေးမူ    များဖြစ်ကြပါတယ်။
စာအုပ်တစ်အုပ်ချင်းဆီမှာနံမယ်ကျော်စာရေးဆရာကြီးများဖြစ်ကြသော
ခင်မျိုးချစ်၊ဇော်ဂျီ၊အောင်သင်း၊လူထုဒေါ်အမာ၊ပီမိုးနှင်း၊သိန်းဖေမြင့်၊မောင်ခင်မင်(ဓနုဖြူ)၊ပျဉ်းမနားမောင်နီသင်း၊
ဦးဖေမောင်တင်၊စောမုံညင်း၊မင်းယုဝေ၊ဆင်ဖြူကျွန်းအောင်သိန်း၊တက်တိုး၊မောင်သော်က၊တိုက်စိုး၊အမျိုးသား
ပညာဝန်ဦးဖိုးကျား၊မင်းသုဝဏ်၊မောင်ထင်၊ဒေါက်တာသန်းထွန်း၊ပါရဂူ၊ဒေါက်တာခင်မောင်ညွန့်၊
အစရှိသည်တို့ရဲ့လက်ရာဟောင်းလက်ရာသစ်များကိုတွေ့ရပါတယ်။
 ခင်မျိုးချစ်ရဲ့ အမှိုက်ပုံဆွသူ ဆိုတဲ့ဆောင်းပါးဟာသမိုင်းနှင့်ယဉ်ကျေးမူ ဆိုတဲ့စာအုပ်လေးမှာ
တွေ့နိုင်သလို စာအုပ်စာပေအသိဥာဏ်ပညာနှင့်ပရိုမီးသိရက်စ် ဆောင်းပါးကို စာဖတ်ခြင်းဆိုတဲ့စာအုပ်မှာရှာ
ဖတ်နိုင်ပါတယ်။ အဲသည်လိုပဲ ဦးဖိုးကျားရဲ့အမျိုးသားပညာကျော်ရှိမဟာပညာကျော် ဆောင်းပါးကိုညဏ်ပညာ
ဆိုတဲ့စာအုပ်မှာတွေ့ရှိရပါတယ်။ မိဘဆ၇ာ ဆိုတဲ့စာအုပ်လေးမှာလည်းတက်တိုးရဲ့ဖခင်တစ်ဦး၇ဲ့သြ၀ါဒများ၊
လူထုဒေါ်အမာ၇ဲ့အမေ့ကိုဦးညွတ်လျက်၊ဦးဖေမောင်တင်ရဲ့အမိကိုယ်စားအသက်စွန့်သောမင်းသား..အစရှိ
သောစာပေများကိုတွေ့ရမှာဖြစ်ပါတယ်။
ထို့အပြင်သံအမတ်ကြီးဦးသက်ထွန်း၊ဒေါက်တာခင်မောင်ဝင်း၊ဘိုးလှိုင်၊ကြည်နိုင်၊ကိုတာ၊လူထုစိန်ဝင်း၊
မောင်ဝံသ၊ဒေါက်တာခင်ရီဝင်း၊ကောက်နွယ်ကနောင်၊စိုးစိုး(အင်္ဂပူ)၊ချစ်နိုင်စိတ်ပညာ၊ညီပုလေး၊ရွှေကူမေနှင်း၊ဂျူး၊
တက္ကသိုလ်မောင်အောင်ဆွေ၊ခင်မောင်တိုးမိုးမိတ်၊ချစ်စံဝင်း၊မစန္ဒာ၊သစ္စနီ၊စိုးမြင့်လတ်၊အံ့မောင်၊ဒေ၀ီသန့်စင်၊
ကျော်ဦး၊ ခင်စောတင့်၊မောင်ကိုကိုအမရပူရ၊ခင်မောင်ညိုဘောဂဗေဒ၊လေးကိုတင်၊၀င်းထွဏ်ဇော်၊နန်းအိအိဇာ၊
ချစ်ဦးညို၊နုနုရည်အင်းဝ၊ဖေမြင့် နဲ့ ဂျူနီယာဝင်းတို့ရဲ့ဆောင်းပါးများကိုလည်းတွေ့ရပါဦးမယ်။
ညဏ်ပညာ ဆိုတဲ့စာအုပ်မှာဒေါက်တာခင်မောင်ဝင်းက ပညာဗဟုသုတ ၊ ဂျူနီယာဝင်း ကရဲစွမ်းသတ္တိ ဆိုတဲ့
စာအုပ်မှာ သတ္တိရှိခြင်း ဆောင်းပါး နှင့် သိပ္ပံပညာ ဆိုတဲ့စာအုပ်မှာ သိပ္ပံပညာကမ္ဘာ ဆောင်းပါးများကိုတွေ့ရ
မယ်။
(ပုံ - ဟောဒီ ရဲစွမ်းသတ္တိ စာအုပ်လေးမှာ ဂျူနီယာဝင်း ကသူ့ရဲ့ဆောင်းပါးတစ်ပုဒ်ပါပါသတဲ့။)
 ဖေမြင့်ရဲ့ စာဖတ်ခြင်းနှင့်ဘ၀တိုးတက်မူရလိုလျှင်ဆိုတဲ့ဆောင်းပါးကို စာဖတ်ခြင်းစာအုပ်မှာတွေ့နိုင်သလို
ကြည်နိုင်ရဲ့ဘုန်းကြီးကျောင်းသားအကောင်းစား ဆောင်းပါးကို လူမူဆက်ဆံရေး စာအုပ်မှာတွေ့ရပါတယ်။
ထို့ပြင်စာအုပ် ကလေးလူငယ်စာအုပ်တွေမှာမပါမဖြစ်မပါမပြီးတဲ့ပုံပြင်တွေကို စာအုပ် ၁၁ အုပ်မှာတစ်ပုဒ်ကျဆီ
ပုံပြင် ၁၁ ပုဒ် ဖြင့် တက္ကသိုလ်ရွှေရီဝင်း ကရေးသားထားတာများပါဝင်ပါတယ်။ အနုပညာ ဆိုတဲ့စာအုပ်မှာ
သူငယ်ချင်းနှစ်ယောက်ရှိလေသည် ၊ ကွန်ပြူတာနှင့်အိုင်တီ စာအုပ်မှာ ကြယ်တံခွန်မှလွတ်မြောက်ခြင်း၊
ရဲစွမ်းသတတ္တိ စာအုပ်မှာ သန်လျက်တော်သူခိုး၊ သမိုင်းနှင့်ယဉ်ကျေးမူ မှာပုဂံသူရဲကောင်းများ ပုံပြင်များပါတဲ့။
ထို့အပြင် ကာတွန်းဆိုတာလည်းကလေးလူငယ်များအကြိုက်ဆိုတော့ကလေးများအချစ်တော် ကာတွန်း
အော်ပီကြယ် ရဲ့ အော်ပီကြယ်ကော်လံ တွေကိုလည်း သမိုင်းနှင့်ယဉ်ကျေးမူ၊အားကစား၊စာဖတ်ခြင်း၊ရဲစွမ်း
သတ္တိ၊ကွန်ပြူတာ၊သဘာဝပတ်ဝန်းကျင်၊မိဘဆရာ၊အနုပညာ….စသဖြင့်တွေမှာတစ်မျက်နှာကာတွန်းများ
တွေ့ရဦးမယ်။ဘဌေးကြည်ရဲ့ရုပ်ပုံဇာတ်လမ်းများလည်းပါပါသေးတယ်။
ဒါ့အပြင်အာတာဗျူးများကလည်းစာအုပ်တိုင်းမှာပါပါတယ်။သိပ္ပံပညာ ဆိုတဲ့စာအုပ်မှာဒေါက်တာခင်မောင်ဝင်း
နှင့်အင်တာဗျူးမှာ “၀ါသနာမပါသောလည်းသင်္ချာပါရဂူဖြစ်ခဲ့သူ” ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးချက်များပါသလို၊
စာဖတ်ခြင်းဆိုတဲ့စာအုပ်မှာမောင်ဝံသနဲ့“စာဖတ်ချင်စိတ်ရှိအောင်ကလေးတွေကိုမက်လုံးပေးရမယ်”ခေါင်းစဉ်နဲ့
လည်းကောင်း၊သဘာဝပတ်ဝန်းကျင်ဆိုတဲ့စာအုပ်မှာတော့ “သစ်ပင်စိုက်ခြင်းအနုပညာ” FRIDA ဦးအုန်းနဲ့
အင်တာဗျူးများ….စသဖြင့် စသဖြင့်ဆိုပါတော့….။
စာရွက်ကောင်းကောင်းဖြူဖြူချောချော အဖုံးကကြွေချောနဲ့မို့ကိုင်ချင်ဖတ်ချင်သိမ်းထားချင်စရာဖြစ်ရပါကြောင်း
ကိုမိတ်ဆက်တင်ပြလိုက်ရပါတယ်။

Tuesday, August 3, 2010

Book Advertisement for august 2010


စာအုပ်များကြော်ငြာဦးမည်

ဒီတလမှာထွက်ရှိတဲ့စာအုပ်တွေများတယ်။

ပထမတစ်အုပ်က တက္ကသိုလ်ရွှေရီဝင်း ရေးသားတဲ့

မီးကိုစားသောကျောက်တုံးနှင့် အခြားနိုင်ငံတကာပုံပြင်များ ဖြစ်ပါတယ်။

ပုံပြင်ပေါင်း ၃၅ ပုဒ်နဲ့ ရုပ်ပုံလေးများပါဝင်ပါတယ်။နိုင်ငံတကာလို့ဆိုတော့နိုင်ငံတွေအစုံ

တိုင်းပြည်အစုံက ပုံပြင်တွေပါပါတယ်။စိတ်ကူးချိုချိုစာပေကထုတ်ပါတယ်။

အီတလီ က ဗင်းနစ်မြို့မှကုန်သည်၊ အီ၈ျစ်က မှော်ဆရာမင်းသားလေး၊ ကိုရီးယားက

မီးကိုစားသောကျောက်တုံး၊ အာဖရိက က ဘင်တူနိုင်ငံဖြစ်ပေါ်လာပုံ ၊ အိုက်စလင် က

ပထမဦးဆုံးကြောင် (သို့)ကြောင်မရှိသောတိုင်းပြည် အစရှိသဖြင့်စိတ်ဝင်စားဖွယ်

ခေါင်းစဉ်များနဲ့ဖြစ်ပါတယ်။ထို့အပြင် အင်ဒိယန်းစင်ဒရဲလား တဲ့။ ငြိမ်းချမ်းရေးရရှိသောနေ့တဲ့။

သေမင်းခေါ်သံ တဲ့။ စသဖြင့်နိုင်ငံအမည်ဖော်ပြမထားတဲ့ပုံပြင်လေးတွေလည်းတွေ့ရဦးမယ်။

ဗမာပုံပြင်များဖြစ်တဲ့ ကတိစကား နဲ့ ကျေးဇူးမသိတတ်သောသူဌေး ပါဝင်ပါတယ်။

ကျေးဇူးမသိတတ်သောသူဌေး က ၅၅၀ဇာတ်တော်ကြီးထဲကဖြစ်ပါတယ်။

ပုံပြင်လေးတွေကိုဖတ်ပြီးကလေးတွေကိုပျော်ရွှင်စိတ်ကူးယဉ်ကြဖို့ပုံပြင်စာအုပ်လေးနဲ့အချိန်ကုန်ကြပါစို့။

ဒီတလထဲမှာကိုပဲနောက်ထပ်ထွက်လာတဲ့စာအုပ်များကတော့…

--- àစိတ်ကူးချိုချို ၁၁နှစ်ပြည့်အမှတ်တရ စာအုပ် ၁၁ အုပ်

--- àရန်အောင်စာပေ ကထုတ်တဲ့ ဂျူနီယာဝင်း ဘာသာပြန်တဲ့ “အထက်တန်းအဆင့်အင်္ဂလိပ်သဒ္ဒါ”

( မူရင်းက Wren and martin’ High School English and Composition)

တို့ဖြစ်ပါတယ်။

ထိုစာအုပ်များမိတ်ဆက်အသေးစိတ်ကိုတော့နောက်နေ့များမှာဆက်လက်တင်ပြသွားပါ့မယ်။