Tuesday, December 29, 2015

အမေးအဖြေစွယ်စုံကျမ်း


(အကယ်ဒမစ်ဝီကလီတွင် အပတ်စဉ်ရေးသားနေသော ဂျူနီယာဝင်း ၏ အမေးအဖြေစွယ်စုံကျမ်း များမှ စာဖတ်သူများအတွက် ထုတ်နှူတ်တင်ပြသည်။)

အမေးအဖြေစွယ်စုံကျမ်း 

ဂျူနီယာဝင်း

မြန်မာပြည်က ရာပြည့်ပုဂိုလ်များက ဘယ်သူတွေလဲ

 (ဗိုလ်ချူပ်အောင်ဆန်း၊ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်၊ လူထုဒေါ်အမာ)

၁၉၁၅ခုနှစ်တွင် မွေးဖွားခဲ့ကြသော အထင်ကရပုဂိုလ်ကြီးများကို ၂၀၁၅ ရာပြည့်ပုဂိုလ်များအဖြစ် သတ်မှတ်ပါသည်။ ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင်မွေးဖွားသော ဗိုလ်ချူပ်အောင်ဆန်း ၁၉၁၅ မေလ ၁ ရက်နေ့တွင် မွေးဖွားသော စာရေးဆ၇ာမကြီး ဒေါ်ခင်မျိုးချစ် ၊ ၁၉၁၅ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် မွေးဖွားသော အင်္ဂလိပ်စာဆရာ၊ အင်္ဂလိပ်စာအက်ဆေးနှင့် အဂ်လိပ်စာ အသုံးအနှူန်း စာအုပ်များရေးသားသူ ဆရာကြီးဦးခင်မောင်လတ် ၊ ၁၉၁၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မွေးဖွားသော စာရေးဆရာမကြီး လူထုဒေါ်အမာ တို့သည် ယခုနှစ် ၂၀၁၅တွင် အသက်ရာပြည့်သည့် အထင်ဂ၇ ပုဂိုလ်များ ဖြစ်ကြပါသည်။

ပထမဦးဆုံးကာတွန်း ဘယ်တုန်းက ရေးဆွဲခဲ့သလဲ

(Richard Outcault, Buster Brown, ကလေးများဝတ်ဆင်သေ ဘတ်စ်တာဘရောင်းစတိုင်နှင့်  ဦးဘကလေးပုံနှင့် သူရေးဆွဲတဲ့ ကာတွန်းတစ်ခု)

ပထမဦးဆုံးရေးဆွဲမူများကို အီတလီနိုင်ငံခေတ်လယ်ပိုင်လောက်က မှန်ကူကွက်ပြူတင်းပေါက်တွေမှာ မြင်ဖူးကြပါသည်။ နောက်ပိုင်းတွင် သတင်းစာများတွင် ပုံများဆွဲလာကြသည်။ ပထမဦးဆုံးကာတွန်းပုံ  ကို ၁၉၀၀ခုနှစ်အစောပိုင်းနှစ်များမှာ ရစ်ချက် အောက်ကော့လ် (Richard Outcault) ကရေးဆွဲခဲ့ပါသည်။ သူတီထွင်ရေးဆွဲသော ဘတ်စ်တာဘရောင်း (Buster Brown) ကာတွန်းပုံသည် ၁၉၀၂ခုနှစ်မှာပေါ်လာသည်။ ဘက်စ်တာဘရောင်းရဲ့ ပုံကို ကလေးများအလွန်သဘောကျကြလိုက်တာမှာ အဲသည် ဘတ်စ်တာဘရောင်း ဆိုတဲ့ပုံလေး ၀တ်တဲ့အတိုင်းလိုက်ဝတ် ကြသည် အထိဖြစ်သည်။ မြန်မာပြည်တွင် ၁၉၁၂ခုနှစ်တွင် ရန်ဂူးတိုင်း (Rangoon Time) အင်္ဂလိပ်သတင်းစာတွင် မျောက် ဟူသော အမည်ဖြင့် ရေးဆွဲသော  ကာတွန်းပုံတစ်ခုပါလာသည်။ ယင်းသည် ပထမဦးဆုံး ကာတွန်းပုံ ဖြစ်လိမ့်မည်။ ၁၉၁၅ခုနှစ်တွင် ကာတွန်း ဦးဘကလေး ရေးဆွဲသော ကာတွန်းပုံတစ်ခုသည် ထိုအင်္ဂလိပ်သတင်းစာတွင်ပါလာသည်။ ယင်းကို အကြောင်းပြု၍ ၂၀၁၅သည် ကာတွန်းနှစ်တစ်ရာ ဖြစ်လာပါသည်။

ပထမဦးဆုံးကာတွန်းစာအုပ် ဘယ်တုန်းက ထွက်လာခဲ့သလဲ


ကျွနိုပ်တို့ တိုင်းပြည်မှာတော့ သည်နှစ် ၂၀၁၅သည် ကာတွန်းနှစ်တစ်ရာပြည့်ပြီ ဖြစ်လေသည်။ နိုင်ငံတကာဖြင့် ကြည့်ပါက ၁၈၉၅ခုနှစ်တွင် ရစ်ချက်ဖယ်လ်တွန် အောက်ကော့စ် (Richard Felton Outcaust) ရေးဆွဲသည့် ကာတွန်းစာအုပ် The Yellow Kid ကပထမဦးဆုံး ထွက်လာတာ ဟုဆိုပါသည်။ 
                                                 (Yellow Kid ကာတွန်းစာအုပ်)
                                                       (Richard Felton Outcaust)

သည်တော့ သူတို့နိုင်ငံမှာ ကာတွန်းနှစ်တရာသည် ၁၉၉၅ခုနှစ်ဖြစ်ပေမည်။ သို့သော် ရှေးခေတ်လူသားများက နံရံတွေမှာ ကာတွန်းရုပ်ပုံတွေ ရေးဆွဲခဲ့တာကနေ စတွက်လိုက်မည်ဆိုပါလျှင် လွန်ခဲ့သော နှစ် ၂သောင်းလောက်ကတည်းက ကာတွန်းတွေ ဆွဲနေပြီဟု ဆိုရပါလိမ့်မည်။ လူတွေက ကာတွန်းများကို ရယ်စရာ ဟာသများဟုပင် ယူဆထားကြပါသည်။ သတင်းစာထဲ မ၈ဇင်းတွေထဲမှာ တစ်မျက်နှာကာတွန်းများကို လူအများက လက်ခံခဲ့ကြကာ ရယ်ဖို့သက်သက်ဟု တွေးကြပါသည်။ မြန်မာပြည်တွင် ကာတွန်းဦးဘကလေး (၁၉၄၅ခုနှစ် အသက်၅၀ကျော်တွင်ကွယ်လွန်ခဲ့ပြီး ဦးရွှေရိုးအကကို တီထွင်ခဲ့သူ)၊ ကာတွန်းဦးဟိန်စွန်း ၊ ကာတွန်း ဦးဗကလေး၊ ကာတွန်းဦးဘဂျမ်း ၊ ကာတွန်းဦးဖေသိန်း တို့သည်ကား မြန်မာပြည်က ကာတွန်းဖခင်ဆရာကြီးများ ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
(ဦးဘကလေး၊ ကာတွန်း ဦးဟိန်စွန်း၊ ကာတွန်းဦးဘဂျမ်း၊ ကာတွန်းဦးဖေသိန်း)


ဂျူနီယာဝင်း


Wednesday, December 9, 2015

ဂျူနီယာဝင်း – နာဇီမုန်းတီးရေး ဝါဒဖြန့်ကား တကား


ဂျူနီယာဝင်း – နာဇီမုန်းတီးရေး ဝါဒဖြန့်ကား တကား

၁၉၄၀ ခုနှစ်က စာရေးဆရာ Graham Greene ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုတို “The Lieutenant Died Last” ကို အခြေခံကာ ဝတ္ထုဇာတ်လမ်းနှင့် လွဲချော်ရိုက်ကူးထားသည်ဟု သတ်မှတ်ခံရသော “Went The Day Well?” အမည်ရှိဇာတ်ကား ၁၉၄၂ မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်ရှင်ကားအစမှာ အင်္ဂလိပ်ပိုင်ရွာကလေး တစ်ရွာရဲ့ သုဿန်တစပြင်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းအစောင့် Mervyn Johns က ကင်မရာဘက်လှည့်ပြီး စကားပြောလိုက်ပါတယ်။ သူရှင်းပြတာကတော့ ဟောသည်ခရစ်ယာန်သချင်္ု ိင်းမှာ ဘာကြောင့် ဂျာမန်စစ်သား အလောင်းတွေ မြှုပ်ထားတဲ့ အမှတ်တရကျောက်တုံးတွေ ရှိနေရပါသလဲတဲ့။ သူက “ရှိတာပေါ့ဗျာ…သူတို့က အင်္ဂလန်ကို လိုချင်တာကိုး။ ဒါတွေက သူတို့ရလိုက်တဲ့အရာပေါ့” လို့ သရော်တော်တော် ပြန်ပြောလိုက်ပါတယ်။ အဲဒီကနေ နောက်ကြောင်းပြန်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေဆီ ရောက်သွားတယ်။ အင်္ဂလိပ်လူမျိုးတွေရဲ့ နယ်နိမိတ်ထဲက ရွာကလေးတစ်ရွာဆီကို နာဇီစစ်တပ်တစ်တပ်ရောက်လာပြီး စခန်းချရာက ရွာသားတွေဟာ တန်ဆာခံဖြစ်ပြီး အနှိပ်စက်ခံကြရပုံတွေ တောက်လျှောက်ပြသွားတာပါ။
ဒီကားကို Horror (ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ်) ကားတစ်ကားအဖြစ် သတ်မှတ်ထားပါတယ်။ သည်တော့ တုန်လှုပ်ဖွယ်မြင်ကွင်းများကို မကြိုက်မနှစ်သက်သူများ မကြည့်သင့်ပါ။ စာရေးသူလည်း ကြောက်စရာ Horror ဆိုပြီး လူတွေသတ်ပြနေသောကားများ မကြည့်ပါ။ ကြိုက်လည်းမကြိုက်ပါ။ ဒီကားရဲ့ခေငါးစဉ်က ကဗျာဆန်တာကြောင့်သာ စိတ်ဝင်စားပြီး ဖတ်ကြည့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်လေးအကြောင်း နောက်တော့ဆက်ပြောတာပေါ့။
ရွာသားတွေဟာ ရုတ်တရက် အပိုင်စီးခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရင်း တော်လှန်ဖို့ကြိုးစားကြပါတယ်။ ရုပ်ရှင်တစ်လုံးဟာ ရက်စက်သောပြကွက်များ လွှမ်းမိုးလျက်ရှိတယ်လို့ဆိုပါတယ်။ ဥပမာ- ပုဆိန်နဲ့ ခုတ်သတ်တဲ့အခန်း၊ အမျိုးသမီးတစ်ဦးက ကလေးတွေအသက်ကယ်ဖို့ လက်ပစ်ဗုံးကို သူ့လက်နဲ့ပဲ ဖောက်ခွဲအသက်စွန့်တဲ့ အခန်းများဖြစ်ပါတယ်။ သည်တော့ အင်မတန်မှ စည်းနဲ့ကမ်းနဲ့ ရိုက်ပြတယ်လို့ နာမည်ရှိတဲ့ အင်္ဂလိပ်ကားတစ်ကားမှာ သည်လိုသတ်ပြ၊ ဖြတ်ပြ၊ ခုတ်ပြ၊ ထစ်ပြတဲ့အခန်းတွေပါတာဟာ လွန်ရာကျတယ်လို့ ဝေဖန်ခံရပါတယ်။ နာဇီတွေဟာ သည်အဖြစ်အပျက်တွေမှာထက် ပိုပြီးရက်စက်သူတွေ ဖြစ်ပါတယ်လို့ ဆိုတယ်။ တကယ့်ဘဝစစ်အတွင်းကာလမှာ လူတွေဟာ ဘယ်နှယောက်မှန်းမသိ သေကြ၊ ကြေကြ အသတ်ခံရတာပါ။ အဲသည်ထဲမှာ သူရဲကောင်းဆန်စွာ သေကြတာ၊ သမားရိုးကျသေကြတာ၊ အကြောင်းမရှိအကြောင်းရှာသေကြတာ တစ်ပုံကြီးပါတဲ့။ သည်တော့ အခုသည်ကားက ဒါတွေအားလုံးကို ခြုံပြီး ဒီလောက်တော့ရိုက်ပြသင့်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။
Bramely End ဒေသကို နာဇီတွေ ဝင်ရောက်ကျူးကျော် နေထိုင်ရာက ဖြစ်ပျက်ခဲ့တဲ့ ကြောက်လန့်စရာအခန်းများဟာ စစချင်း အေးအေးဆေးဆေး ဝင်လာတဲ့အခန်းနဲ့ များစွာ ဆန့်ကျင်သွားပါတယ်။ ဒီလို ရက်စက်တဲ့အခန်းတွေဟာ  နာဇီစစ်သားတွေအပေါ် ရန်ငြိုးများ ဖြစ်လာစေပါတယ်။ ရွာသားတွေဟာ သူတို့ရွာတော့ နာဇီတွေလက်ထဲ ရောက်သွားပြီဆိုတဲ့အကြောင်း အင်္ဂလိပ်စစ်တပ်ကို အကြောင်းကြားဖို့ ကြိုးစားရင်း အသက်ပေးသွားရတဲ့အဖြစ်များဟာ ဒုတိယကမ္ဘာစစ်ရဲ့ တကယ့်အဖြစ်အပျက်တွေပဲဖြစ်ပါလိမ့် မယ်။
ဒီရုပ်ရှင်ဟာ အမှန်တော့ အင်္ဂလိပ်တွေကို အဓိကထားပြောချင်တဲ့ နာဇီစစ်တပ်သာ ရောက်လာရင် သည်လိုဒုက္ခတွေရောက်ရလိမ့်မယ်လို့ တစ်ဖက်ကနေ အသိပေးတဲ့ ဝါဒဖြန့်ကားတစ်ကားအဖြစ် အစီအစဉ်ချ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ၁၉၄၂ ခုနှစ် ဗြိတိသျှပိတ်ကားပေါ် ရုံတင်လိုက်တဲ့အချိန်မှာ စစ်ကမပြီးသေးပါ ဘူး။ သည်တော့ ဂျာမန်တွေစစ်ရှုံးသွားမှာလားဆိုတာလည်း ဘယ်သူမှမသိပါဘူး။ သို့သော် သည်ရုပ်ရှင်ကား ကြောင့် အင်္ဂလိပ်ဟာ နာဇီဂျာမနီကို တော်လှန်မှဖြစ်မယ်ဆိုတဲ့ အသိစိတ်တွေဝင်လာကောင်း ဝင်လာမှာဖြစ် ပါတယ်။
ရုပ်ရှင်ကားအမည် “Went the day well?”ဟာ ပထမကမ္ဘာစစ်အတွင်းက အမည်မသိ အင်္ဂလိပ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်ကို စစ်အတွင်းမှာ သေဆုံးသွားတဲ့လူစာရင်း သတင်းစာတွေထဲ ထည့်တဲ့အခါ ယူသုံးကြပါတယ်။ အဓိပ္ပါယ်က “နေ့ရက်တွေက ကောင်းကောင်းမွန်မွန် ခရီးဆက်နေကြပါရဲ့လား” ။ သေဆုံးသူတွေအတွက်တော့ မသိနိုင်တော့ပါဘူး။ “ကျွနု်ပ်တို့က သေဆုံးသွားပြီမို့ နေ့ရက်တွေက ဆက်လက်ပြီး ကောင်းကောင်းခရီးဆက်နေကြသလား ဆိုတာ ဘယ်တော့မှ မသိနိုင်တော့ပါဘူး။ သို့သော်လည်း… ကောင်းကောင်း မကောင်းကောင်း…လွတ်လပ်ရေး အတွက်…ငါတို့ အသက်တွေ ပေးခဲ့ကြတယ်” လို့ ကဗျာက ဆိုလိုထားတာပါ။
ရုပ်ရှင်ဟာ ရုံပေါ်ကို တစ်နှစ်ကျော်နောက်ကျပြီးမှ တင်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ရိုက်ပြထားတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်အခန်းများဟာ မျှော်လင့်မထားဘဲ ထွက်ပေါ်လာတာမျိုး ဖြစ်နေလို့ဆိုပါတယ်။ အဲဒီမျက်စိမှိတ်ထားရမယ့် အခန်းတွေကိုကြည့်ရဖို့ ကြိုတင်ပြင်ဆင်နိုင်မှုမရှိဘဲ ရုတ်တရက် စိတ်လှုပ်ရှားစရာ တွေဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။
ရုံတင်လိုက်တဲ့အချိန်မှာ ပရိသတ်ရဲ့တုံ့ပြန်မှုဟာ ဒါရို်က်တာမျှော် လင့်ထားတဲ့အတိုင်း ရခဲ့ပါတယ်။ နာဇီတွေကို မုန်းတီးမှု၊ တော်လှန်လိုမှုတွေ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ််ပေါ်လာ ပါတယ်။ ဒါရိုက်တာကတော့ သူဖြစ်စေလို့တဲ့ နောက်ထပ်အမြင်တစ်ခုကို အခုလို ဆိုခဲ့ပါတယ်။ “ လူတွေရဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ အမူအယာတွေ၊ အမူအကျင့်တွေဟာ… စစ်ဆိုတဲ့အရာနဲ့လည်း ထိတွေ့လိုက် ရော… လုံးဝ ဥသုံကြမ်းတမ်းတဲ့သတ္တဝါတွေအဖြစ် ပြောင်းလဲကုန်ပါတယ်။ ဒါဟာ ကျွန်တော်ပြောချင်တဲ့ ရုပ်ရှင်ထဲမှာ ရိုက်ပြခဲ့တဲ့ပြကွက်တွေပဲ ဖြစ်ပါတယ်”
ပရိသတ်က သူတို့အတွက် ဖျော်ဖြေရေးဆိုတဲ့ ရုပ်ရှင်ကားတစ်ကားကို  တကယ့်အဖြစ်အပျက်နဲ့ ချိန်ထိုးပြီး ရောယှက်ကြည့်ခွင့်ရခဲ့တယ်။ ဝါဒဖြန့်ကားတစ်ကားဖြစ်ပေမယ့် ဒါရိုက်တာရဲ့ တင်ပြမှုကြောင့် ပရိသတ်ရဲ့ရင်ထဲမှာ နာဇီကိုမုန်းတီးရွံရှာသွားတယ်ဆိုတာဟာ ဒီကားရဲ့အောင်မြင်မှုပဲဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

Thursday, December 3, 2015

ဆရာကြီးဦးသက်ထွန်းသို့အမှတ်တရ ဂျူနီယာဝင်း



((ဆရာကြီးဦးသက်ထွန်း အမှတ်တရစာအုပ်)


ပြင်သစ်နိုုင်ငံဆုုိင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ထွန်း၊ ဆွစ်ဇာလန်နုုိင်ငံ စပိန်နုုိင်ငံဆုုိင်ရာ မြန်မာ သံအမတ်ကြီး ဦးသက်ထွန်း ဟူသော ဆရာကြီးဦးသက်ထွန်းကုုိ ကျွန်မစတင်သိကျွမ်း ခင်မင်ခွင့်ရခဲ့ချိန်မှာ ဆရာကြီး ဒါရုုိက်တာအဖြစ် ထွန်းဖောင်ဒေးရှင်းဘဏ်တွင် တာဝန်ယူစဉ်က ဖြစ်ပါသည်။ အချိန်ကာလအားဖြင့် ၂၀၀၈ ခုုနှစ်လောက်မှာ ဖြစ်ပါသည်။





(ဆရာကြီးဦးသက်ထွန်းနှင့် ၂၀၀၈ခုနှစ် တုန်းက အမှတ်တရ နောက်တွင် ရပ်နေသူမှာ ကျွန်မ၏ဖခင် ဒေါက်တာခင်မောင်ဝင်း)
(ထိုဓါတ်ပုံမှာ ဆရာကြီး ဦးသော်ကောင်းက ရိုက်ပေးခဲ့တာ ဖြစ်ပါသည်။)
ကျွန်မဘာသာပြန်ရေးသားခဲ့သော Lewis Carroll ‘s Alice in Wonderland ကုုိ “အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ“ စာအုုပ်လေးအား ထွန်းဖောင်ဒေးရှင်းမှ ၂၀၀၈ ခုုနှစ်အတွက်ကလေးစာပေ ဆုုချီးမြင့် ခဲ့သည်ဟုု ကြားသိခဲ့ရစဉ်တွင် ကျွန်မတုုိ့ မိသားစုုအတွက် ဆရာကြီးဦးသက်ထွန်း နှင့်ရင်းနှီးခွင့်ရဖုုိ့ အခွင့်အရေး ရခဲ့သည်ဟုု ဆုုိရပါလိမ့်မည်။ ဆရာကြီးနေထုုိင်သော လမ်းသွယ်သည် ကျွှန််မတုုိ့ အိမ်နှင့် တလမ်းသာခြားပါသည်။ ထုုိဆုုရသော “အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ“ စာအုုပ်ကုုိ ဆရာကြီးက လက်မှတ်ထိုး၍ လာပို့ပေးစေလိုကြောင်းဆိုသြဖြင့် ဆရာကြီး အိမ်ကုုိ ပထမဦးဆုုံးရောက်ဖူး ခဲ့ပါသည်။ ကျွန်မသည် သံအမတ်ကြီးဦးသက်ထွန်း ဟူသော ဂုုဏ်ပုုဒ်ကြီးကြောင့် တွေ့ဆုုံရမည့်အရေး အလွန်ပဲ ကြောက်ခဲ့မိသည်။ ဆရာကြီး၏ အိမ်ကလေးသည် သစ်ရိပ်ပင်ရိပ်ဖြင့် သာသာယာယာ အေးချမ်းလှသောကြောင့် ကျွန်မစိတ်ထဲက စုုိးရိမ်မူများ များစွာသက်သာ ရာရခဲ့ပါသည်။ (သြော်…. မြို့ကြီးပြကြီး ထဲက အေးချမ်းတဲ့ အရိပ်အာဝါသဟာ လူ့ရဲ့စိတ်ကုုိ ပြောင်းလဲစေသတဲ့လား။)

ဆရာကြီးဦးသက်ထွန်းသည်ကျွန်မပေးသော စာအုုပ်လေးကုုိ လက်ခံယူရင်း ဆုုရရှိသူတစ်ဦး ဖြစ်တာကြောင့် ဆက်လက် လုုပ်ဆောင်စရာများစွာ ရှိသေးကြောင်း ရှင်းပြပါသည်။ ဆရာကြီးကုုိ တွေ့မြင်ရသည်မှာ မာန်မာနမရှိပဲ၊ ကျွန်မလုုိ ဘာမဟုုတ်သည့် သူတစ်ယောက်အပေါ် ယခုုလုုိ နွေးနွေးထွေးထွေး စကားပြောတာ၊ တရင်းတနှီး ရှိနေတာကုုိ ကျွန်မအတွက် ဂုုဏ်ယူစရာ ဖြစ်ရပါသည်။ ဆရာကြီးနှင့်စကားပြော နေရင်း ကျွန်မအဘုုိ ဘဘကြီးဦးခင်မောင်လတ် ကုုိ မြင်ယောင်နေမိပါသည်။ (ဘဘကြီးလဲ အဲသည်လုုိပဲ။ သူ့တပည့်တပန်းတွေနဲ့ စကားပြောရင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိတယ်။) နောက်ပိုုင်းမှာ ဆရာကြီးနှင့် တွေ့ဆုုံဖုုိ့ အခွင့် အလန်းများကြုံလာတုုိင်း အနားကပ်ဖုုိ့ ကြောက်မိသောလည်း ဆရာကြီးအနားသွားကာ ဂရုုတစုုိက် နှူတ်ဆက်ဖြစ်ခဲ့ပါသည်။ ကျွန်မတိုု့က ဆရာကြီးနှင့် နှူတ်ဆက် စကားသွားပြောတုုိင်း ဝမ်းသာအားရ လက်ခံ ပြန်ပြောပါသည်။

ကျွန်မက ထွန်းဖောင်ဒေးရှင်းကပေးသော ကလေးစာပေဆုုရသဖြင့် ကျွန်မ၏ မိတ်ဆွေများကုုိ ဖိတ်ကာ အိမ်မှာ ကြက်ဆီထမင်း ဝယ်ကြွေးဖြစ်ပါသည်။ ဆရာကြီးလုုိ ဧရာမ ပုုဂ္ဂိလ်ကြီးကုုိ အိ်မ်သုုိ့ မဖိတ်ဝံ့ပါ။ ထုုိနေ့က ဆရာကြီးထံ ကြက်ဆီထမင်းထုုတ်များ ကိုုင်ကာ ကိုုယ်တိုုင်သွားပုုိ့ ဖြစ်ပါသည်။ ကျွန်မမှတ်မိနေတာက အဲသည်နေ့က ဆရာကြီးနှင့်အတူ ဧည့်သည်တစ်ယောက် ရှိနေပါသည်။ ကျွန်မသည် ဆုုရလုုိ့ကျွေးတာပါဟုု စကားဆုုိရင်း စကားပြော နေတာ အနှောက်အယှက် ဖြစ်မှာ စုုိးသဖြင့် ချက်ချင်းပြန်ဖုုိ့ ထရပါသည်။ ဆရာကြီးသည် ပြုံးကာ နှူတ်ဆက်ရင် နှင့် “အတော်ပဲ - ဧည့်သည်ကုုိ ပါ ကြက်ဆီထမင်း ကျွေးတာပေါ့“ ဟုုပြောလုုိက်တာ ကျွန်န်မ အခုုထိ အမှတ်ရနေပါသည်။ (ဆရာကြီး နှင့်တွေ့ရလေ၊ ကျွန်မအဘုုိး ကုုိပိုုပြီးသတိရလေပါပဲ။)

ဆရာကြီးကွယ်လွန်သွားပြီဟုု သတင်းကြားချိန်မှာ ကျွန်မအဘုုိးနှင့် တူတဲ့သူတစ်ဦး အဖြစ်လေးစား ချစ်ခင်ရသူသည် လောကကြီးထဲ မရှိတော့ ပါလားဟုု များစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။ အခုုတော့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ သုုံးနှစ်တောင်ရှိပါပီ။ သံအမတ်ကြီးတစ်ဦး၏ အမှတ်တရ စာအုုပ်တစ်အုုပ်မှာ ကျွန်မလိုု ဘာမဟုုတ်တဲ့ သူတစ်ယောက်က အခုုလုုိ ရေးခွင့်ကြုံကာ ရေးခွင့် ပေးခံရတာကုုိ ကျွန်မမှာ မတန်မရာ နေရာရသလုုိပင် ခံစားနေမိပါသည်။ စိတ်သဘောထား အေးချမ်းသော၊ နွေးထွေးသော ဆရာကြီး အတွက် အမှတ်တရစကားဆုုိရင်းနှင့် ဆရာကြီး၏ စာဖတ်ပရိသတ်တစ်ဦးအနေဖြင့် ခင်မင်လေးစားရသူ စာပေပညာရှင်ကြီးတစ်ဦးအား သတိတရရှိနေဆဲ ရှိပါကြောင်းဖြင့်…….။


Thursday, November 19, 2015

ဂျူနီယာဝင်း ၏ အမေးအဖြေစွယ်စုံကျမ်း ၂၀၁၅ အီးဘွတ်


ဂျူနီယာဝင်း ၏ အမေးအဖြေစွယ်စုံကျမ်း ၂၀၁၅ အီးဘွတ်
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၁၈၊ ၂၀၁၅

 
Academic Weekly Journal မှာ ၂၀၁၄ကစ၍ ၂နှစ်တာ အပတ်စဉ် ရေးသားနေဆဲဖြစ်သော စွယ်စုံကျမ်း အမေးအဖြေများကို စုစည်းကာ အီးဘုတ်အဖြစ် ထုတ်လိုက် ခြင်းဖြစ်ပါသည်။ သည့်အရင်က အမေးအဖြေစွယ်စုံကျမ်း စာအုပ်များ ထွက်ခဲ့စဉ်က မူရင်းစာအုပ် 2012 Encyclopedia ကို မြန်မာ ဘာသာပြန်ထားတာ ဖြစ်သောလဲ ယခုစာအုပ်မှာ စာအုပ်များစွာ- Why, When, How, Environment, Encyclopedia 2012, 2014 များမှ ကောင်းနိုးရာရာများကို စုပေါင်းကာ ရေးသားထား သည်များ ဖြစ်ပါသည်။ ထို့ပြင် ယခုရေးသားမူများသည် အင်တာနက်များ၊ Encyclopeia စာအုပ်များထဲက အကြောင်းအရာများ၊ ကိုသာမက အပ်ဒိတ်ဖြစ်သော အချက်အလက်များကို တိုးပွားကာ စုစည်းရှာဖွေကာ မေးခွန်းများ၊ ဖြည့်စွက်ချက်များဖြင့် ရေးသားထားတာ ဖြစ်ပါသည်။
ဤစာအုပ်ကို အမှန်တော့ စာအုပ်ပုံစံဖြင့် ပြည်တွင်းတွင် ထုတ်ဝေဖိှုှ့ဆန္ဒရှိသောလည်း ထုတ်ဝေမူအခက်အခဲများ၊ စာဖတ်သူများ၏ စိတ်ဝင်စားတုံ့ပြန်မူ မည်၍မည်မျှ ရရှိလိမ့်မည်ကို ခန့်မှန်းရခက်ခဲမူ၊ စာအုပ်သည် စာမျက်နှာအားဖြင့် ၄၀၀နီးပါးရှိနေခြင်းတို့ကြောင့် တစည်းတပေါင်းတည်းထုတ်ဖို့ရန် အခက်အခဲ၊ ရုပ်ပုံများအား ကာလာဖြင့် နိုင်ငံတကာ အဆင့်မှီပုံစံဖြင့် အပြည့်အ၀ထုတ်ဖို့ခဲယဉ်းမူ၊ စသော လက်လှမ်းမှီသလောက်စဉ်းစားမိခြင်းဖြင့်၎င်း၊ အချိန်ကာလအားဖြင့်လည်း စီစဉ်ဖို့ကြန့်ကြာနိုင်မူများကို တွက်ချက်မိကာ စိတ်ကြိုက်ပုံစံတစ်ခုကို မြန်မြန်ဆန်ဆန်တော့ ကိုယ်တတ်နိုင်သလောက် ကင်ဒဲလ်မှာ ထွက်ရှိဖို့ အားထုတ်လိုက်တာ ဖြစ်ပါသည်။
စာဖတ်သူများအနေနှင့်တော့ အပြည့်အ၀ဖတ်ရူဖို့မှာ ကင်ဒဲလ်အား ရင်းနှီးမူရှိရန်၊ ဒေါင်းလုပ်များလုပ်တတ်ရန်သာမက ပြည်တွင်းက စာဖတ်ပရိသတ်များ ကင်ဒဲလ်ကနေ ဘယ်လိုအကောင့်ဝင်ကာ စာအုပ်ဝယ်ဖတ်ဖို့ရန်မဖြစ်နိုင်သော ရာခိုင်နှူန်း များနေတာကို လေ့လာမိခဲ့ပါသော်လဲ ပြည်တွင်းမှာစာအုပ်ထွက်ရန် အဆင်မပြေမူများခြင်း၊ စာအုပ်အားပေးမူ အပြည့်အ၀မရရှိနိုင်သော အခြေအနေများခြင်း စသည်တို့ကြောင့် အခုလိုအီးဘုတ်ထွက်ရှိဖို့ကိုသာ အားစိုက်လိုက်ရခြင်းကို နားလည်ပေးမည်ဟု မျော်လင့်မိပါသည်။
သည်စာအုပ်ကတော့ ဟောသည်လင့်ကနေ ဖတ်ကြပါကုန်လော အားပေးကြပါကုန်လောဟု ဆိုလိုက်တာနှင့် ကလစ်တချက်နှိတ်ကာ ကင်ဒဲလ်က အွန်လိုင်းစာအုပ်တစ်အုပ် ကိုစာဖတ်သူတွေ အလွယ်တကူ စာအုပ်နမူနာ ကြည့်ဖို့အဆင်မပြေတာ၊ ၀ယ်မဖတ်နိုင်ကြသေးတာကို သိသိကြီးနှင့်ပင် အားနာစကားမဆိုနိုင်ပဲ ကင်ဒဲလ်မှာ သံချေးတက်သွားမည့် အွန်လိုင်းစာအုပ်တစ်အုပ်အဖြစ် အသိပေး ကြော်ငြာလိုက်ရပါကြောင်း။
http://www.amazon.com/Junior-Win-Encyclopedia-2015-Burmese-ebook/dp/B017OLT4AE/ref=sr_1_3?ie=UTF8&qid=1447568142&sr=8-3&keywords=moemaka

Wednesday, October 28, 2015

ဂွတ်ဘိုင် လိုဂိုဟုတ်။။ ဂျူနီယာဝင်း

ဂွတ်ဘိုင် လိုဂိုဟုတ်


 Junior Win’s Goodbye LogosHope ကို ကိုယ်တိုင်ဘာသာပြန်သည်။)

ဂျူနီယာဝင်း

ကျွန်မတို့တိုင်းပြည်မှာ မကြုံစဖူး ကြုံရဦးမည့် စာအုပ်များရောင်းချပွဲဟာ အပြည်ပြည်ဆိုင်ရာ လိုဂိုဟုတ်စာအုပ်သင်္ဘောကြီိးကနေ အလုံသဘောင်္ဆိပ်ကမ်းကို ဆိုက်ကပ်လာပြီ ဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေ အထူူးသဖြင့် အင်္ဂလိပ်စာအုပ်ဆိုင်တွေ သီးသီးသန့်သန့် ရောင်းဆိုင် ရှားပါးနေတဲ့ သည်တိုင်းပြည်မှာ၊ စာအုပ်ဆိုင်ရှိသောလည်းပဲ မူရင်းစျေးနှူန်းက စျေးကြီးတာတွေ များတာကြောင့် ကိုယ်ဝယ်နိင်သလောက် မဝယ်နိုင်၊ ဒါ့အပြင် ကျွန်မဖတ်ချင်တဲ့ စာအုပ်များရှာရခက်တာတွေလဲ ကြုံရတော့…. သည်တော့ အခုလို စာအုပ်သင်္ဘောကြီးက စာအုပ်တွေ ထောင်ချီ သောင်းချီသယ်လာမယ် ဆိုလိုက်တာနဲ့ ခေါင်းထောင်မိ၊ စိတ်ဝင်စားမိတာ မဆန်းဘူးပေါ့။ 

၂၀၁၅ အောက်တိုဘာ ၃ရက်ကနေ ၁၄ ရက်အထိလို့ဆိုပါတယ်။ သို့သော် ၃ ရက်နေ့က ဖွင့်ပွဲရှိတာကြောင့် နေ့လည် ၁နာရီကနေ ညနေ၆နာရီ အများပြည်သူများ ဖရီးဝင်ကြည့်ကြရမှာပါ။ စာအုပ်နံ့ရတာနဲ့ မနေထိုင် မထိုင်နိုင် စိတ်ကူးတယဉ်ယဉ်ပေါ့လေ။ အဓိကအားဖြင့်တော့ ကျွန်မဖတ်ချင်နေတဲ့ သိပ္ပံဝတ္ထုတွေ၊ ရေးဘရက်ဘာရီရဲ့ ဝတ္ထုတွေ ဘယ်နှစ်အုပ်ပါလာမှာလဲ၊ ကျွန်မဖတ်ချင်နေတဲ့ စာအုပ်စာရင်းကို မှတ်ထားပြီး၊ စာအုပ်တွေရှာဖို့ ကြည့်ဖို့ စိတ်ကူူးနဲ့ပါပဲ။ 


ကျွန်မဖေဖေကတော့ အဲသည်လိုနေရာမျိူးသွားဖို့ လုံးဝအားမပေးပါဘူး။ ဘယ့်နှယ်…. စာအုပ်ဝယ်ဖို့ကို ဒီလိုနိုင်ငံခြားသင်္ဘောကြီးလာမှ သွားရရှာရဖတ်ရမယ် ဆိုတာက ဟုတ်မှ မဟုတ်တာလို့ဆိုတယ်။ နိင်ငံရပ်ခြားမှာ ဆိုရင်…. နေရာတိုင်း စာအုပ်ဆိုင်တွေ တွေ့ဖူးနေတဲ့သူကိုး။ တစ်ဒေါ်လာလောက်နဲ့ လက်တပွေ့  ကြိုက်သလောက်ယူ ဆိုတဲ့ စာအုပ်ဆိုင်တွေက မှိူလိုပေါက်အောင် မြင်ဖူးနေတာကိုး။ အင်္ဂလိပ်စာအုပ်အစုံ၊ ရှားပါးစာအုပ်တွေကအစ စာအုပ်ဆိုင်ပိုင်ရှင်တွေက စေတနာအပြည့်နဲ့ ရှာပေး ကူညီပေးကြတာတွေကလဲရှိတော့။ ဒါ့အပြင် အခုခေတ်တော့ အမေဇုံကနေ ကြိုက်ရာစာအုပ် လှမ်းမှာတိုင်း အိမ်တိုင်ရာရောက်ပို့ပေးနိုင်တဲ့စနစ်က ရှိနေပြန်တယ်။ အမာဖုံးနဲ့ ယူမလား၊ အပြော့ဖုံးနဲ့ မှာမလား…. စသဖြင့် ကိုယ်တတ်နို်င်တဲ့ စျေးနှူန်းနဲ့ စာအုပ်တွေက ပေါမှပေါကိုး။ စျေးကလဲ ပေါတော့ လမ်းလျောက်နေတဲ့သူလည်းတစ်အုပ်စနှစ်အုပ်စတော့ကောက်ဝယ်မိမှာပဲကိုးလေ။ ကျွန်မတို့တိုင်းပြည်မှာ တယ်လီဖုန်းဆင်းကဒ်တွေ ရောင်းနေသလိုပေါ့။ မော်တော်ကားအကောင်းစား ကြီးတွေရာချီထောင်ချီတင်သွင်း နေသလို နေမှာပေါ့လေ။ သူများနို်င်ငံများပြောပါတယ် စာအုပ်တွေကိုအဲသလို အဲသလို ပေါများနေတာကို မျက်စိထဲမြင်လာအောင် ပုံဖော်ပြတာပါ။ ဒီတိုင်းပြည်ကတော့ စာအုပ်ဆငး်ရဲတဲ့တိုင်းပြည်။ အင်္ဂလိပ်စာအုပ်မပြောနဲ့ ဗမာစာအုပ်တွေတောင်မှ စာအုပ်ဆိုင်ရှိတဲ့နေရာကို အရင်ရှာရတယ်။ တကူးတက သွားရနဲ့ စာအုပ်ဆိုင်တိုင်းမှာတောင် စာအုပ်အစုံတွေ့ရတာမျူုိးမဟုတ်။ ဘယ်တိုက်ကထုတ်တဲ့စာအုပ် ဘယ်စာအုပ်ဆိုင်က ဆိုတဲ့ သတ်မှတ်ချက်တွေအောက်မှာ ရှာရဝယ်ရတာကိုး…။ ဘာပဲဖြစ်ဖြစ်လေ… စာအုပ်တွေ အများကြီး မြင်ဖူးတယ်ရှိအောင် သွားတော့ ကြည့်ရဦးမယ်။ ဖေဖေ့အဆူအဆဲခံပြီး မျက်နှာငယ်ငယ်နဲ့ သွားတော့ သွားလိုက်ဦးမှလေ။

သဘောင်္ကြီးက တော်တော့်ကို ကြီးကျယ်ခန်းနားတာကိုး…… ဓါတ်ပုံထဲ တွေ့တာကိုပြောတာပါ။ လိုဂိုဟုတ်သင်္ဘောကြီးရဲ့ အတွင်းမှာ စာအုပ်စင်တွေတန်းစီနေတာ မျက်စိတဆုံးပါပဲ…. ဒါလဲ ဖေ့ဘုတ်ထဲ ….။ စာအုပ်တန်းတွေရှေ့မှာလဲ လူတစ်ယောက်စ နှစ်ယောက်စ…. ကလေးလေးတစ်ယောက်ထဲလဲ စာအုပ်စင်ရှေ့မှာ ရှာနေတာ ….. အေးအေးဆေးဆေး ရှိလို််က်တာ… … ဓါတ်ပုံတွေ သတင်းမီဒီယာ တချိူ့တင်ထားတာ ပြောတာပါ။ 

သွားတော့ သွားရမှာပေါ့။ သည်လို ရှားရှားပါးပါး အခွင့်အရေးလေ။ စာအုပ်သင်္ဘောကြီးဆိုတာ ဘယ်လိုပါလိမ့်လို့ မြင်ဖူးချင်သူတွေလဲ ရှိကြဦးလိမ့်မယ်။ စာအုပ်တွေလဲကြည့်၊ သဘောင်္ကြီးလဲ ကြည့်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ သဘောတော့ရှိတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲလည်းပါဦးမယ်လို့ ကြားတာပဲ။ ဒါဆို တစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့။ စားသောက်ဆိုင်တွေလဲ ရှိဦးမယ်။ ဒါဆို စာအုပ်တွေကြည့်လိုက်၊ ဗိုက်ဆာလဲပူစရာမလို၊ ခနတဖြုတ်နားဦးမလား။ စာအုပ်တွေဆိုတာ အေးအေးဆေးဆေး အချိန်ပေးပြီး ကြည့်ဖို့အချိန်လိုတယ်။ ကိုယ့်မှာရှိပြီးသားစာအုပ်တွေနဲ့ မမှားအောင် ဂရုတစိုက်နဲ့ ရှာရဦးမှာ။ စာအုပ်တွေက စျေးပေါပေါနဲ့ရမှာလား စျေးက ကြီးမှာလား ဒါတော့ မသိသေးဖူး။ သွားကြည့်မှ သိမှာ။ အချိန်၁နာရီလောက်တော့ အနည်းဆုံးရှိမှ ဖြစ်လိမ့်မယ်။ စာအုပ်တန်းတွေက တော်တော်များပြီးရှည်လျားတော့ တခေါက်တော့ ဘာမှမဝယ်ပဲကြည့်မှဖြစ်မှာ။ နောက်မှ ဘယ်စာအုပ်ယူမလဲ ဆုံးဖြတ်ချက်ချ။ စိတ်ကူးနဲ့ပဲ ပျော်နေမိတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ လူများလဲ သွားတော့ ကြည့်ရမယ်။ တချိူ့ကတော့ သဘောင်္လာကြည့်ကြမယ့်လူတွေများမယ် လို့ကြိုပြောကြတယ်။ ဒါပေမယ့် စာအုပ်တွေလဲ ပါတယ်လေ။ သည်လိုပဲ သည်လိုနဲ့ စာအုပ်တွေကို လူတွေက စိတ်ဝင်စားလာကြမှာ။ သဘောင်္ကြည့်ရင်းနဲ့ စာအုပ်တွေဖက်ကို မျက်စိရောက်လာမှာ၊ ဖျော်ဖြေတာတွေ ငေးရငး်နဲ့ စာအုပ်လေး တစ်အုပ်နှစ်အုပ်ကြည့်မိမလား။ စာအုပ်တွေကြီးပဲ သီးသန့်လုပ်ရင်ကောင်းမှာပဲ ဆိုတာကတော့ ကျွန်မရဲ့ ဆန္ဒပေါ့။ စာအုပ်တွေ ပေါများစေချင်တယ်… မျက်စိရှေ့များများတွေ့ရင် ကောင်းမယ် ဆိုတာက ကျွန်မရဲ့ အိပ်မက်ပေါ့။

အောက်တိုဘာ ၃ ရက်နေ့နေ့လည်တော့ အပြင်ကနေပဲ ….. လူတန်းကြီးကို တွေ့တာကိုပြောတာပါ။ သဘောင်္ကြီးတော့ အရိပ်အယောင်တောင် မမြင်ရ။ စာအုပ်ဝယ်ဖို့ သည်လို တန််းစီရတယ်ဆိုတာကို သဘောမကျဘူး… ဟုတ်တယ်…. ကျွန်မကလည်း တော်တော့်ကို အသုံးမကျပါဘူး။ စိတ်ကလည်းမရှည်ဘူး။ သည်လိုစိတ်လက်တစ်ဆစ်နဲ့ ရပါလိမ့်မယ် စာအုပ်။ အိမ်ကိုမျက်နှာငယ်နဲ့ ပြန်လာရတယ်။ အချိန်တွေလဲကုန် လူလဲပန်း။ တချိူ့ကတော့ ပြောပါတယ်… နောက်တစ်နေ့ချောင်သွားမှာပါတဲ့။ 

စာအုပ်ဆိုတာ အဲသလိုခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်းနဲ့ အခေါက်ခေါက်အခါခါ သွားရ၊ ရှာရ၊ ဝယ်ရတယ်ဆိုတာ ကျွန်မတို့ရဲ့တိုင်းပြည်။ စာအုပ်ဆင်းရဲတဲ့တိုင်းပြည်။ ကျွန်မကတော့ အဲသည်စာအုပ်တွေကို ဝယ်ပြီးပြန်ရောင်းတဲ့ စာအုပ်ဆိုင်တွေဆီကိုပဲ ခြေဦးလှည့်ဖို့ အခုကတည်းက စဉ်းစားနေမိတယ်…. ဂွတ်ဘိုင် လိုဂိုဟုတ်…. ။

Friday, September 11, 2015

ယံုျကည္မႈ Junior Win



ယုံကြည်မှု


ဂျူနီယာဝင်း


အတွေးအမြင် (အမှတ် ၁၉၃)






ယုံကြည်မှုကို တည်ဆောက်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရခြင်းသည် ကောင်းပေစွ။ ယုံကြည်မှုမရှိလျှင် ဘာတွေဖြစ်သွား နိုင်ပါသလဲ။ ကျွန်မသည် မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့သော 'သမားတော်' အမည်တွင်သော အခန်းဆက်ဇာတ်လမ်းတွဲကို ကြည့်ပြီး ဖြစ်ပေါ်လာခဲ့သော အတွေးပါ။


'သမားတော်' ဇာတ်လမ်းတွဲကို ကြည့်ဖူးသူများသဖြင့် ဇာတ်လမ်းအသေးစိတ်ကိုတော့ မပြောလိုပါ။ အဓိက အချက်ကိုသာရွေး၍ တင်ပြသွားမည်။ 'ဒေါက်တာဟို' ‘Dr.Heo’ ဟု အမည်တွင်သော 'သမားတော်'သည် ရောဂါကုရာတွင် အလွန်တော်သော ဆေးဆရာ၊ ဆေးပညာ သုတေသနကို သေသေချာချာ လေ့လာသူတစ်ဦးဟု ပုံဖော်ထားရုံမက သူသည် လူနာများအပေါ်တွင် ယုတ်၊ လတ်၊ မြတ် မရွေး တစ်ပြေးညီ ဆေးကုသပေးသူ/ဆင်းရဲချမ်းသာမကြည့်/မျက်နှာမရွေးကုသပေးသူ၊ 'ကျွန်တော်က လူနာကိုပဲကြည့်ပါတယ်၊ သူ့ရောဂါကိုပဲ စိတ်ဝင်စားပါတယ်၊ သူ့ရဲ့ရာထူးကို မကြည့်ပါ' ယင်းသည် သမားတော်၏ သစ္စာစကား။


အလွန်ရှုပ်ထွေးသော စစ်ပွဲကာလ၊ မင်းသားငယ် အပြောင်းအလဲထီးနန်းအရှုပ် အထွေးတွေကြားထဲမှာ သမားတော်သည် ဘုရင်၏ လက်စွဲ ဖြစ်လာရုံမက မနာလိုသူများပြား၊ ကုန်းတိုက်သူများ ကြားဝယ်တော်တော်ကြီးကို ရုန်းကန်နေခဲ့ရသည့် အဖြစ်ကိုကြည့်ပြီး အားမလို အားမရတွေဖြစ်ခဲ့ရပါသည်။ ကိုယ်ကကောင်းရင်ခေါင်းဘယ်မှ မရွှေ့၊ ဘယ်သူပျက်ပျက် ကိုယ်မပျက်ဟူသော ဝါဒကို စွဲကိုင်ကာ ရပ်တည်ခဲ့ သော သမားတော်၏ သစ္စာတရားကို တွေ့မြင်ခွင့်ရလိုက်ပါသည်။


သမားတော် လျှောက်လှမ်းခဲ့သော လမ်းတစ်လျှောက်တွင် ဂျပန်တွေ ဝင်လာစဉ်က ဆေးစာအုပ်များကို တန်ဖိုးထားအလေးထား သယ် ယူနေသော သမားတော်သည် မိသားစုကို လှည့်မကြည့်နိုင်၊ ဘုရင့်အပါးအမှုထမ်းရသည်ကိုလည်း ပျက်ကွက်ခဲ့သည့် အဖြစ်နှင့် ကြုံခဲ့ရသည်။ ဤနေရာတွင် သူ့ကို ဂျောက်တွန်းရန် စောင့်နေသော အမတ်များက 'ဒေါက်တာဟို ကိုယ်လွတ်ရုန်းထွက်ပြေးလေပြီ၊ ဘုရင်ကို သစ္စာဖောက် လေပြီ'ဟု ဝိုင်းဝန်းပြောဆိုနေကြချိန်ဝယ် 'ဒေါက်တာဟိုက အဲဒီလို ထွက်ပြေးတဲ့ လူစားမိုျးမဟုတ်ပါဘူး။ သူ့ကို ကုျပ်ယုံကြည်ပါတယ်'ဟု ပြောထွက်ဝံ့သော အမတ်တစ်ဦးကို တွေ့ခဲ့ပါသည်။ လူ ၁ဝဝ မှာ ၉၉ ယောက်က သမားတော်ကို ပြစ်တင်ရှုတ်ချကြချိန်မှာ သမားတော် အပေါ် 'ယုံကြည်မှု'ရှိသော အမတ်တစ်ဦးကို တွေ့ခဲ့ရခြင်းအပေါ် ကျွန်မအလွန် သဘောကျမိသည်။ 'ဟုတ်တယ်၊ သမားတော်က အဲဒီလို ကိုယ်လွတ်ရုန်းတဲ့သူ၊ တစ်ကိုယ်ကောင်းဆန်သူမဟုတ်၊ မိသားစုအရေးကို တိုင်းရေးပြည်ရေးထက် ဦးစားပေးသူမဟုတ်'... ကျွန်မအလွန် အလေးအနက် ထားမိသော အချက်ပါ။ 'ကိုယ်လွတ်ရုန်းကောင်း ရုန်းနိုင်တယ်လေ... သူ့လည်း အပြစ်တင်လို့မရဘူးပေါ့... အခြေအနေကလည်း အဲဒီလိုပေးလာတော့လည်း... သူက ဘာသားနဲ့ထုထားတာမို့လဲ... အဲဒီလို လုပ်ကောင်းလုပ်နိုင်တာပေါ့... ' စသော စသော သမားတော်ကို ချစ်ခင် လေးစားသူတို့တောင်မှ ထင်ယောင်ထင်မှား တွေဝေသွားချိန်မှာ 'ဒေါက်တာဟိုက အဲဒီလို လူစားမိုျးမဟုတ်ဖူးဟေ့'ဟု ယုံကြည်သူ တစ်ဦး ရှိနေတာကို ကျွန်မ ကြက်သီးမွေးညှင်းထမတက် ခံစားမိပါသည်။


ပြောရရင်တော့ ဒီနှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ပါဘူး။ သို့သော် ကျွန်မသည် ဒေါက်တာဟို၏ နေရာတွင် ခံစားမိရင်း ထိုနှမ်းလေးတစ် စေ့ကို အလွန်တန်ဖိုးထားမိပါသည်။


တစ်ဖန် မင်းသားလေးဖျားနာ၍ ငှက်ဖျားရောဂါဖြစ်သောအခါမှာ ရှုပ်ထွေးသော နိုင်ငံရေး ဂယက်ထဲမှာ မင်းသားလေးကို သေစေလိုသူ အမတ်တွေက တစ်ဖက်၊ ရှင်စေလိုသော အမတ်တွေက တစ်ဖက်ဖြစ်လာပြန်သည်။ ဒေါက်တာဟိုမှာ ရောဂါကုသဖို့အရေးသာ စဉ်းစားနေသူ ဖြစ်၍ ထီးနန်းအရိုက်အရာ ပြဿနာကို ဘယ်လိုမှ အာရုံမထားသည်မှာ ထင်ရှားသည်။ ဤသို့နှင့် မိုးရေစစ်စစ်ကို ခံယူကာ အဆိပ် (Arsenic) နှင့် ရော၍ ဆေးရည်ဖော်ခဲ့သည်။ ယင်းသည် မင်းသားလေးကို သတ်ဖို့လုပ်ပါသည်ဟု အစွပ်စွဲခံရပြန်သည်။


မင်းသားကို သေစေလိုသူတွေကလည်း ဒေါက်တာဟိုကို အကောင်းမမြင်၊ မင်းသားကို မသေစေလိုသူတွေကလည်း ထိုအခါမှာတော့ ဒေါက်တာဟိုကို အကောင်းမမြင်၊ မင်းသားကို မသေစေလိုသူတွေကလည်း ထိုအခါမှာတော့ ဒေါက်တာဟိုကို အထင်လွဲနှင့်တော်တော်ကြီး အကြပ်တွေ့ခဲ့ရလေသည်။ ဤနေရာတွင် နေမကောင်းဖြစ်နေသော မင်းသားသည် သမားတော်၏မျက်နှာကိုကြည့်ပြီး 'ဒေါက်တာဟိုကို ကုျပ်ယုံကြည်ပါတယ်။ ဒေါက်တာဟိုဟာ အဲဒီလို လူစားမိုျးမဟုတ်ပါဘူး။ ဆေးသာပေးပါတော့'ဟု အမတ်တွေအားလုံးရှေ့မှာ ဒေါက်တာဟို ဆီက ဆေးကို တောင်းခဲ့ရာအားလုံး အံ့သြတုန်ကြရတော့သည်။ နောက်တော့ ထိုဆေးနှင့်ပင် မင်းသားအသက်ရှင်ခဲ့သည်။ 'ယုံကြည်မှု'သည် ဘယ်လောက်တောင် အရေးပါခဲ့ပါသလဲ။ မင်းသား၏ သမားတော်အပေါ် ယုံကြည်မှုသည် သူ့အသက်နှင့်ပင် အလောင်းအစား လုပ်ဝံ့ပေသည်။ 'ငါ့ကို လုပ်ကြံကောင်း လုံကြံနိုင်တယ်လေ... အခြေအနေတွေကလည်း ပေးနေတော့... 'ဟုများ နည်းနည်းလေးတောင် တွေးမိခဲ့ရင် မင်းသား က ထိုအဆိပ်ပါသော ဖြေဆေးကို သောက်ရဲပါ့မလား။ ပေးနေသော အခြေအနေတွေထဲမှာ မင်းသားဟာ အသက်ရှင်ပြီး ဘုရင်ဖြစ်လာခဲ့ရင် ဒေါက်တာဟိုအပါအဝင် အမတ်တခို့ျမှာ အကွပ်မျက်ခံရဖို့အကြောင်းတွေ ရှိလာနိုင်သည်။ ဒေါက်တာဟို လုပ်နေသော ဆေးပညာသုတေသန တစ်ခုလုံး ပျက်စီးသွားဖို့ အလားအလာတွေကလည်း ရှိနေသေးသည်။ မင်းသားသာ အသက်ရှင်လျှင် သမားတော် ဒေါက်တာဟိုအတွက် ကောင်းတာဘာမှမရှိ။ ထိုအခြေအနေမိုျး ရှိနေလျက်နှင့်ပင် သမားတော်သည် 'လူနာကိုပဲ ကြည့်ပါတယ်။ ရောဂါကိုပဲ စိတ်ဝင်စားပါတယ်။ တခြားဘာကိုမှ မကြည့်ပါ'ဟူသော သစ္စာတရားကို လက်ကိုင်စွဲထားပါကြောင်းကို မင်းသားက ယုံကြည်ရသည့်အဖြစ်သည် အတော်လေးနက် လှပါသည်။


'ယုံကြည်မှု'ကို တည်ဆောက်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရခြင်းသည် ကောင်းသော အကိုျးကို ရနိုင်ပါသလား။ တစ်ဦး တစ်ယောက်ကို ယုံကြည်၍ မားမားမတ်မတ်ရပ်တည်ပေးဝံ့သော သမားတော်ဘက်က အမတ်တစ်ဦးတည်းသာ ရှိခဲ့၏။ သမားတော်၏ သစ္စာ တရားကို အသက်နှင့်ပင် အလောင်းအစားလုပ်ဝံ့သော သူဟူ၍ သမားတော်ဘက်က မင်းသားငယ်တစ်ဦးသာရှိခဲ့၏။ ကမ္ဘာပေါ်တွင် သစ္စာ တရားကို ယုံကြည်သော သူတစ်ယောက်မကသာရှိခဲ့ပါလျှင် ကျွန်မယခုလို အတွေးမိုျးတွေးပြီး ဆောင်းပါးတစ်ပုဒ် ရေးမိပါ့မလားဟု စဉ်းစားလိုက်မိပါတော့သည်။


Saturday, August 15, 2015

Book review - Environment

ဂျူနီယာဝင်း – Environment နှင့် ကမ္ဘာကြီးကို သင့်လက်ဖြင့်ကယ်တင်
(မိုးမခ) သြဂတ်စ် ၁၃၊ ၂၀၁၅

ရန်အောင်စာပေ
အထက ၁၊ ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် H ။ ၁၂ လုံးတန်းမှတ်တိုင်အနီး၊ ရန်ကင်း
ဖုန်း ၀၉၅ ၁၇၉ ၃၉၈ ၊ ၀၉၇ ၃၂၄ ၃၈၅၁။

ပထမအကြိမ် – ၂၀၁၅ သြဂုတ်
အုပ်ရေ – ၁၀၀၀
ထုတ်ဝေသူ – ဦးလှတိုး (ရန်အောင်စာပေ)
တန်ဖိုး – ၁၀၀၀ ကျပ်
စာမျက်နှာ – ၁၃၇ ၊  အခန်း (၈) ခန်း
ကျွန်ုပ်တို့၏ ကမ္ဘာမြေ၊ ရာသီဥတု၊ Natural Resources၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ကမ္ဘာ့လေထုနှင့် အိုဇုန်းလွှာ၊ ဆက်တ လိုက်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမူများနှင့် ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ကြမလဲဟူသော အခန်း ၈ ခန်းကို တွေ့ကြရမည်။ တအုပ်လုံးသည် မေးခွန်းနှင့် အဖြေများ စွယ်စုံကျမ်းပုံစံ ဖြစ်သည်။ ဂျူနီယာဝင်းက စာအုပ်ပေါင်းများစွာကို ဖတ်ရှုလေ့လာကာ Environment ဘာသာရပ်တစ်ခုအဖြစ် ဘာသာပြန်ရေးသားထားတာဖြစ်တာကြောင့် အင်တာနက်၊ ၀ီကီ၊ Tell me why, how, where, Environment, Q & A စာအုပ်ပေါင်းများစွာသည် သည်စာအုပ်လေးဖြစ်လာဖို့ များစွာ အထောက်အကူ ရခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။ စာအုပ်ခေါင်းစဉ် သွားရာအတိုင်း ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင် ပြဿနာများကိုထောက်ပြထားတာ တွေ့ကြရသည်။ ရုပ်ပုံများနှင့်တကွ ရှင်းလင်းသော အဖြေများ သည် ဤစာအုပ်ရေးသားသူကိုသာမက စာဖတ်သူကိုလဲများစွာ အသိပညာတိုးစေပါလိမ့်မည်။ ကျွန်ုပ်တို့ နေထိုင်လျှက်ရှိ သော ဤကမ္ဘာကြီးအကြောင်း ကျွန်ုပ်တို့ သိရှိဖို့လိုအပ်နေကြောင်း ဤစာအုပ်လေး ဖတ်ရင်းခံစားမိကြရမည် ဖြစ်ပါသည်။ ကမ္ဘာကြီးသည် စီးပွားရေးလုပ်ငန်းရှင်များ၏ အဖျက်ဆီးခံဖြစ်ကာ ၎င်းတို့ကြောင့် အိုဇုန်းလွှာပေါက်ရခြင်း၊ ရာသီဥတုများပျက် စီးယိုယွင်းရခြင်း၊ သဘာဝဘေးအန္တရယ်များ ကြုံနေကြရခြင်းတို့ကို သိရှိလာကာ သည်လိုဆိုးကျိုးတွေကို တကယ်တမ်းခံနေ ရတာက ကျွန်ုပ်တို့ တန်ဆာခံလူသားများဖြစ်နေသည်။ ဤအဖြစ်ကို သိရှိရုံလေးဖြင့် စာအုပ်ရေးရကျိုးနပ်ပါလိမ့်မည်။

Tuesday, August 4, 2015

ဂျူနီယာဝင်း – ဆည်များ၏နေရာ ၂






ဂျူနီယာဝင်း – ဆည်များ၏နေရာ ၂


(မိုုးမခ) သြဂုုတ် ၃၊ ၂၀၁၅


(Junior Win’s Where Dams Dare II ကုုိကိုုယ်တုုိင် ဘာသာပြန်သည်။)


မြန်မာပြည်မှာ ဆည်ပေါင်း ၂ဝဝကျော် ရှိနေပြီး ဟုုိက်ဒရုုိပါ၀ါဟုု ခေါ်တွင်သော ရေအားလ ျှပ်စစ် ဓါတ်အားဟာဖြင့် မဂ္ဂါဝက်ပေါင်း ၃သောင်း၉ ထောင် ထုုတ်လုုပ်လျက်ရှိနေပြီဟုု၍ သိရှိနေရပါသည်။ ဆည်တွေရဲ့ အပြစ်တွေ၊ အနာအဆာတွေ၊ ဖြစ်ပေါ်လာနုုိင်တဲ့ ပြသနာတွေကုုိ သိပ္ဗံပညာရူူထောင့်ကပဲဆုုိဆုုိ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းမူ ပညာရပ်ဆုုိင်ရာ ဗဟုုသုုတများနဲ့ပဲ ထောက်ပြပြ ဆည်များကလဲ တုုိးလာဆဲ၊ ပြသနာတစ်စုုံတရာ မဖြစ်သ၍ ဆုုိတဲ့ တေးသွားကိုု ညီးလာကြတာ ဘယ်လောက်တောင် ကြာပီလဲ။ အခုုတော့ ရေကြီး မုုိးလ ျှံ ဆုုိတဲ့ အချိန်ကာလကိုု ရောက်လာတဲ့အခါ ဆည်တွေရဲ့ အကျိူးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ တသက်နဲ့ တကိုုယ် မကြုံစဖူး ရေဘေး ပြသနာတွေကြုံရတော့ ဒီဒုုက္ခတွေကုုိ ဆန်းစစ်မိပါတယ်။ လတ်တလော တန်ဆာခံ ပြည်သူပြည်သားတွေရဲ့ ဒုုက္ခတွေကုုိ မြင်ရကြားရတော့ သည်လုုိဖြစ်လာရတဲ့ ပြသနာ အရင်းအမြစ်ကုုိ ရှာဖွေတူးဆွမိသပေါ့။


၂၀၀၂ကနေ စတင်လှုပ်ရှားသက်ဝင်လာတဲ့ ဆည်လုုပ်ငန်များဟာ ဂစ်ဂါဝပ် ၆ထောင်ကျော်ကနေ စခဲ့တာပါ။ ဆည်လုုပ်ငန်းများရဲ့ တည်ဆောက်မူ ဟာ ၃နှစ်ကာလ ကနေ အနှစ် ၃၀ စီမံကိန်းအထိ ရှိပါသတဲ့။ အင်မတန် သဘောမနောကောင်း မြန်မာပြည်ဟာ ကိုုယ့်တုုိင်းပြည်က စုုတ်ပြတ်သတ်ပြီး မီးရေမရလုုိ့ အတိဒုုက္ခရောက်နေသူများသာ တင်မက အိမ်နီးချင်းနုုိင်ငံများဖြစ်တဲ့ တရုုတ်၊ ယုုိးဒယား၊ အင်ဒီယားတုုိ့ အတွက်တောင် ရေအားလ ျှပ်စစ်များ ရှယ်ာယာလုုပ်နေတာကိုု သာဓုုခေါ်ရမှာ ဖြစ်ပါတယ်။ မဂါဝပ် ၁သောင်းခွဲကျော် ထိထုုတ်လုုပ်မယ် ဆုုိတဲ့ စီမံကိန်းကုုိလဲ ကြားသိ မှတ်တမ်းတင်ကြ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဂါဝပ် ၁ဝဝဝကျော်ရှိတဲ့ ရေအားလ ျှပ်စစ် စီမံကိန်းဆည်ကြီး ၁၂ ခုုဟာမီဒီယာများရဲ့ မျက်စိ နား နှခေါင်းကုုိ ပြာသွားစေတယ် ဆုုိယုုံမက နောက်ထပ် မဂ္ဂါဝပ် ၁ဝဝကနေ ၁၀၀၀ အင်အားရှိတဲ့ ဆည်အသေးလေး ၂ရခုုဟာလည်း အနည်းဆုုံး ဆောက်လုုပ်နေတယ ်ဆုုိတော့ကာ မြန်မာပြည်ဟာ ကမ္ဘာ့အလည်မှာ မျက်နှာပန်း လှပနေတာကုုိလဲ ဂုုဏ်ယူကြရမှာ ဖြစ်ပါတယ်။


တရုုတ်အမျိူးသားစီပွားရေး လုုပ်ငန်း များက မြန်မာပြည်ရဲ့ ရေအားလ ျှပ်စစ်လုုပ်ငန်း အနည်းဆုုံး ၆၃ ခုုမှာ ပါဝင်ကပြနေတယ်လုုိ့ ဆိုုပါတယ်။ ရွှေလီမြစ်က ရေအားလ ျှပ်စစ်စီမံကိန်း- ၁ ဟာ သက်သေတစ်ခုုပေါ့။






ပြည်နယ်နဲ့ တုုိင်း ၁၂ခုု ဖြစ်တဲ့ ကချင်မှာ ၃၉ ခုု၊ ကယားမှာ ရခုု၊ ကရင် ၂၁ ခုု၊ ချင်း ၂၂ ခ၊ုု စစ်ကုုိင်း ၂၁ခုု၊ တနသာရီ ၁၄၊ ပဲခူး ၁၄၊ မကွေး ၈၊ မန်းတလေး ၁၇၊ မွန် ၁၀၊ ရခုုိင် ၁၄၊ ရှမ်း၈၃၊ စုုစုုပေါင်း ၂၆ရခုု၊ နဲ့ မဂ္ဂါဝပ် ၄သောင်းနီးပါးဟာ မြန်မာပြည်ရဲ့ ဆည်မြောင်းတာတမံစီမံကိန်းများကနေ ထွက်ပေါ်လာနေတကိုုလဲ ပြည်သူအများ သိရှိမှတ်ယူကြ ရမှာ ဖြစ်ပါတယ်။ 






ငါတုုိ့ရဲ့ အမှောင်ထဲက ဖယောငး်တုုိင်များ ဘယ်တော့ငြိမ်းရတော့မလဲရယ်နဲ့ ဆင်းရဲသားတုုိင်းပြည်သူပြည်သားများ လျှပ်စစ်မီး ကလှည့် မကြာခင်ရောက်လာတော့မယ်ရယ်လုုိ့ စောင့်စားနေကြသူတွေအတွက် အားရှိအောင် တင်ပြလုုိက်တာပါ။ မကြာမှီ လာမည် မျော် ဆုုိသလုုိ ရေအားကနေ ရလာမယ့် လ ျှပ်စစ်ကုုိ မျော်လင့်နေရာကနေ ဟောဆုုိ မုုိးမင်းကြီးဆီက ရေအားက အရင်ရောက်လာပုုံ ရပါတယ်။ 






ယူနန်စက်မူဇုုံက တရုုတ်မြန်မာ ရေအားလ ျှပ်စစ် စီမံကိန်းများဟာ ၁၉ ၉ ၀ လောက်ကတည်းက စတင်လာခဲ့တာမှာ စီမံကိန်း ၂၅ခုု – ကွန်းလုုံ၊ ကျိူင်းတုုံ အစရှိသည်တုုိ့အပြင် ပေါင်းလောင်းဆည် ၃ုုခုု၊ ဇော်ဂျီ ၂ခုု၊ မေခ မြစ်တလျောက်က ရေအားလ ျှပ်စစ် ဆည်များ အဖြစ် တဖြေးဖြေး များပျား ကူးဆက်လာတာဟာ ကင်ဆာအမြစ်များ မြစ်များတလျောက် ဖြန့်ကျက်လာသလုုိပါပဲ။ အဲသည်စီမံကိန်းတွေထဲက တော်တော်များများဟာ အခုုဆုုိရင် လုုံးဝဥသုုံ ပြီးစီးနေပြီ ဖြစ်ကာ ကျန်တာများဟာလဲ ဆောက်လုုပ်ရေးများ၊ ငွေကြေးကိစ္စများနဲ့ ကြန့်ကြာနေတာလောက်သာ ရှိပါတယ်။






ကချင်ဒေသမှာဆုုိရင် တရုုတ်ရဲ့ ကုုမ္မဏီများကနေ မေခ၊ မေလိခ၊ ဧရာဝတီမြစ်များတလျောက် ဆည်ကြီးများဆောက်လုုပ်ဖုုိ့ကိစ္စများမှာ ပါဝင်ပတ်သက်လျက်ရှိနေကြပါတယ်။ မဂါဝပ်ပေါင်း ၁သောင်းခွဲနီးပါးလောက်ထုုတ်လုုပ်တဲ့ အဲသည်စီမံကိန်းအတွက် နတ်လူသာဓုုခေါ်ရမှာလား။ ၂ဝဝရခုုနှစ်မှာ တရုုတ်ရေအားလ ျှပ်စစ် စီမံကိန်းက မြန်မာပြည်က အာဏာရှိသူများနဲ့ ဆည်ရခုု တည်ဆောက်ဖုုိ့ လက်မှတ်ရေးထုုိးထား တယ်လိုု့သိရပါတယ်။ ၂၀၀၆ ခုုနှစ်မှာ မြန်မာ့ လ ျှပ်စစ်စီမံကိန်းနဲ့ယူနန်ရေအားလ ျှပ်စစ် ကုုမဏီနဲ့ မေခမြစ်တလျောက် ဆောက်လုုပ်မယ့် ဆည်ကြီးများအတွက် ဒီဇုုိင်းအဆင်သင့်၊ အစီအစဉ်အဆင်သင့်၊ သုုတေသန အဆင်သင့်နေပြီဖြစ်တယ် လုုိ့ဆုုိထားကာ ဒါတွေက တကယ်ပဲ ဖြစ်လာပြီလား ဖြစ်နေဆဲလားဆုုိတာတွေကုုိတော့ တိတိကျကျ မသိရပါဘူး။






ဆည်တစ်ခုု သည် စီးဆင်းနေသော ရေကုုိ ပိတ်ဆုုိ့ကာ ဆောက်လုုပ်ခြင်းဖြင့် ၄င်း၊ အားကောင်းစွာ စီးဆင်နေတဲ့ ရေအားကုုိ နည်းသွားစေလုုိသော အခြေအနေတစ်ခုုကုု ိဖန်တီး၍၄င်း ဆောက်လုုပ်ကြပါတယ်။ ထုုိ့ပြင် ရေလှောင်ကန် တာတမံတစ်ခုုကိုု တည်ဆောက်၍ ရေများကုုိ သုုိလှောင်လေ့ရှိကြသလုုိ ထုုိရေများကုုိ အနည်းအများ လွှတ်ကာ အဆက်မပြတ် စီးစေခြင်းဖြင့် ရေအားလ ျှပ်စစ်ကုုိ ထုုတ်လုုပ်ကြပါတယ်။ ထုုိအခါ အပြည်ပြည်ဆုုိင်ရာ လူသားများကာကွယ်မူ ဆုုိင်ရာ ဥပဒေအရ ကြီးမားသော အန္တရယ်ဖြစ်စေလောက်သည့် ရေအားကုုိ ထိမ်းချူပ်ကာ ပတ်ဝန်းကျင်လူနေမူ စနစ်များကုုိ ထည့်သွင်းရေးဆွဲစဉ်းစား ကြရပါတယ်။ ဆည်များကုုိ ဆောက်လုုပ်ရာတွင် ရေလွှမ်းမုုိးမူကုုိ ထည့်သွင်းစဉ်းစားမူက အစိတ်အပုုိင်းတစ်ခုု အနေနှင့်တော့ ထည့်သွင်းလုုပ်ဆောင်လေ့ ရှိကြပါတယ်။ 






ဆည်တွေပျက်စီးမူဆုုိတာကတော့ဖြစ်ခဲ တောင့်ဖြစ်ခဲသော အခြေအနေဖြစ်ပါတယ်။ သုုိ့သော် ဆည်ကြီးပျက်စီးပြီဆိုုမှတော့ လူအသက်ပေါင်းများစွာ သက်ရှိသတ္တဝါပေါင်းများစွာ သေကြေပျက်စီးမည် ဖြစ််တာကြောင့် နေ့စဉ်နဲ့အမ ျှ ဘုုရားတရားနဲ့နေမှသာ သက်သာမယ့်သဘော ရှိပါတယ်။






နှစ်စဉ် သဘာဝ ရေလျံမူကုုိ ကာကွယ်ရာရောက်ဖိုု့၊ ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ ဆည်တွေကနေ ရေရဖုုိ့ ဆုုိတာကြောင့်၊ သည်ဆည်တမံများဟာ အကျိူးကျေးဇူးရှိပါတယ်လုုိ့ ကောင်းကွက်တွေကြီး ဆုုိပြီး ဆုုိသောငြားလဲပဲ တကယ့်ကုုိ မုုိးများလုုိ့ ရေကြီးပြီဆုုိပါရင် ဆည်များရေလျံမူကြောင့်ပါ၊ အတုုိးချလိုု့ အနီးအနားက မြို့ရွာများကား ရေဘေးဒဏ် ခံရုုံသာ ရှိတော့မှာ ဖြစ်ပါတယ်။ 






ဆည်များက ပေးတဲ့ဒုုက္ခတွေဖြစ်လာဖုုိ့ ဖြစ်နုုိင်တဲ့ အခြေအနေများကုုိ နုုိင်ငံတကာက သုုံးသပ်ပြကြရာမှာ ဆည်တည်ဆောက်ကတည်းက ကွန်ပြူတာ အတွက်အချက်မှားယွင်းမူ၊ တည်ဆောက်ရေးပစ္စည်းများ ညံ့ဖျင်းမူ၊ တလတန်သည် – တနှစ်တန်သည် ပြုပြင်ထိန်းသိ်မ်းမူ အားနည်းမူများ အပြင် ရေမျက်နှာပြင် အနေအထား အနိမ့်အမြင့်၊ ပထဝီ အနေအထားနဲ့ ကမ္ဘာ့မြေလွှာရဲ့ ပြောင်းလဲမူများနဲ့ သဘာဝဘေးအန္တရယ်ကြီးများဖြစ်တဲ့ မီးတောင်ပေါက်ကွဲမူ၊ နှင်းများ အဆမတန်ကျမူ၊ သစ်ပင်များပြျိုလဲမူများ၊ မုုိးရေကြီးမူ နဲ့ငလျင်လှူပ်မူများ ဖြစ်တယ်လိုု့ ဆုုိပါတယ်။






ဒါ့အပြင် ကြိုတင်မခန့်မှန်းနုုိင် မတွက်ချက်နုုိင်တဲ့ မမြင်ရတဲ့ ပြသနာတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါတွေအကုုန်လုုံးကုုိ ထည့်သွင်း တွက်ချက်ထားပြီး ကာကွယ်ဖုုိ့ဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စများ ဖြစ်ပါတယ်လုုိ့ စာရေးသူအနေနဲ့ သုုံးသပ်မိပါတယ်။ ဒါကြောင့်လည်းပဲ မခန့်မှနး်နုုိင်တဲ့ ပြသနာတွေကိုု သိပ်မစဉ်းစားတာပဲ ကောင်းပါတယ် ဆုုိတော့ ဆည်တွေဟာ တုုိးသထက်တုုိးလာတာဟာ အဆန်းတော့မဟုုတ်ပါဘူး။ သည်တော့ သူများတုုိင်းပြည်က အခြေအနေတစ်ခုုကုုိပဲ ဆွဲယူပြီး ဆည်မဆောက်ခင်မှာ ဒါတွေဖြစ်တတ်တဲ့ သဘာဝတွေကုုိ လေ့လာဖုုိ့ လုုိအပ်နေပြီလုုိ့ယူ ဆမိပါတယ်။






အီဂျစ်က အာစ်ဝန် ဆည်






အီဂစြျက အာစျဝနျ ဆညျမွောငျးတာတံမံ ရကောတာကွီးဟာ ဧရိယာ တောျတောျမြားမြားကိုု အကြိူး အမြားကွီးပွုခဲ့တာ မှနျသောလဲ ပွသနာတှကေတော့ ရှိနပေါတယ်။ ရေလှောင်ကန်ကနေ ရေလွှမး်မုုိးမူကြောင့် မြစ်တလျောက်က ဒေသများ လူများထောင်ချီပြီး ပြောင်းရွေ့နေရပါတယ်။ မြစ်တလျောက်က လယ်ယာများဟာလဲ သဘာဝအလျောက်ရတဲ့ ရေမရတာကြောင့် မြေသြဇာနည်းပါးလာကာ ထုုတ်လုုပ်မူအား လျော့ကျလာပါတယ်။ အကြောင်းကတော့ အာစ်ဝန် မြစ်ရေ သုုိ့မဟုုတ် ရေလွှမ်းမုုိးတာကြောင့် သဘာဝအလျောက်ရရှိသော မြေဆီဓါတ်များ နိမ့်ကျလာသောကြောင့် ဖြစ်ပါတယ်။ ဆည်များသည် မြစ်ရေများ၏ ရေလွှမး်မိုုးူကုုိ ထိမ်းချူပ်လုုိက်သောကြောင့် ချိူင့်ဝှမ်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများက မြေကြီးများဟာလဲ မြေသြဇာမကောင်းပဲ အထွက်နျူန်းများ လျော့ကျလာ ပါတယ်။ ရေကာတာ ခေါ် ဆည် များကြောင့် သဘာဝပတ်ဝန်းကျင် ထိခုုိက်မူဟာ ကြီးထွားလျက်ရှိပါတယ်။ ဆည်များဟာ မြစ်ရေကိုုပိတ်ဆုုိ့ထားသောကြောင့် မြစ်ရေလျှံ မူနည်းပါးလာသောလဲ မြစ်ဝကျွန်းပေါ်အရပ်က ရေများလည်းတက်လာ ကြောင့် နေထုုိင်မူစနစ်နှင့် ဆက်သွယ်မူအခြေအနေများသည် ရေကာတာများကြောင့် ပျောက်ကွယ်မူများ၊ နေရပြောင်းရွေ့ရမူများ ကြုံနေကြရတာပါပဲ။


တကမ္ဘာလုုံးမှာ ဆည်တွေ အများစုုမှာ သည်လုုိ ပြသနာတွေကြောင့် ရေလွှမ်းမုုိးမူ ပြသနာများဟာ ကြုံတွေ့နေကြရတာတွေကုုိ ဖတ်ရူမှတ်သားမိရသလောက် ဆည်တွေကြောင့် သစ်ပင်အိမ်ယာအဆောက်အဦ လယ်ယာလုုပ်ငန်းများ သက်ရှိသတ္တဝါများ ပျက်င်္စီးဆုုံးရူူးံမူ များကုု ိတွက်ချက်ပြထားတာတွေ စတဲ့ ဆည်သမုုိင်းရာဇဝင်ကုုိ အခုုတော့ သည်မှာခနနားလုုိက် ပါရစေ။


နိဂုုံး






အာစ်ဝန်ဆည်ကြီးအကြောင်း မှတ်သားဖူးတုုန်းက အဲသည်လုုိ အဖြစ်များကုုိ ကိုုယ်နဲ့မဆုုိင်ဖူးလုုိ့ တွေးပြီး ဆည်များ၏နေရာ ဆုုိပြီး ဆောင်းပါးရေးခဲ့ဖူးပါတယ်။ အခုုအဲသည် ဆောင်းပါးတပိုုင်းတစကုုိ ပြန်ဖတ်မိတော့ အဲဒါ ငါတုုိ့ တုုိင်းပြည်ကအကြောင်းလား လုုိ့ ထင်ယောင်ထင်မှားဖြစ်မိပါရဲ့။ သူများတွေ သောက်နေရတဲ့ ဆေးခါးကြီးကုုိ ငါတုုိ့လဲ သောက်နေရပါပီလားလုုိ့ အခုုတော့ စာနာစိတ်နဲ့ တွေးမိပါတယ်။ ဆည်တွေနားက မြို့ရွာတွေကုုိ စုုိးရိမ်မိတယ်။ သူတုုိ့ဖြစ်နေတဲ့ သောကတွေ စုုိးရိမ်စိတ်တွေကိုု ကုုိယ်ချင်းစာမိတယ်။ 


အဆက်မပြတ်ရွာနေတဲ့ မုုိးကြောင့် သတင်းထဲမှာ စုုိးရိမ်ရေမှတ်မကျော်သေးပါ မစုုိးရိမ်ရပါ ဆည်ကြီးက ခုုိင်ခန့်ပါတယ် တာတမံထဲကရေ လျံဖုုိ့ လက်မဘယ်လာက် လုုိသေးပါကြောင်း လုုိ့ ကြားရတုုိင်း ကြားရတုုိင်း အဲသည်နားက ပြည်သူပြည်သားတွေရဲ့ တုုန်လှူပ် ခြောက်ခြားနေတဲ့ စိတ်ကုု ိပိုုပြီး ဂရုုဏာထားမိကာ သည်ဆောင်းပါးကလေးတစ်ပုုဒ်ကုုိ စိတ်မကောင်းစွာဖြင့် ရေးလုုိက်မိပါတယ်။ ရေဘေးသင့်ပြည်သူများ အမြန်ဆုုံး ဘေးရန်ကင်း ကြပါစေ။ 









Saturday, August 1, 2015

ကျွန်မတစ်ဦးတည်းနှင့် မသက်ဆိုင်သော ဆု။ ဂျူနီယာ၀င်း



ကျွန်မတစ်ဦးတည်းနှင့် မသက်ဆိုင်သော ဆု






(အမှတ် ၁၉၄၊ ၂ဝဝ၈၊ မေလ)






ဇန်နဝါရီလ ၁ ရက် ၂ဝဝ၈ ခုနှစ်နေ့တွင် ကျွန်မ ဘာသာပြန်ခဲ့သော 'အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ' စာအုပ်က ကလေး/လူငယ် ဘာသာ ပြန်ဆုအဖြစ် ထွန်းဖောင်ဒေးရှင်း စာပေကော်မတီမှ ရွေးချယ်လိုက်ကြောင်းကို သိရှိခဲ့ရပါသည်။ ထိုစာအုပ်သည် မူရင်းရေးသူLewis Carroll ၏ ‘Alice in Wonderland’ ဘာသာပြန် ဖြစ်ပါသည်။ ဆုရရှိကြောင်း သိသိချင်းဆိုသလိုပင် ကျွန်မ ပထမဦးစွာ သတိရမိသော ပုဂ္ဂိုလ်များမှာ ကျွန်မ၏ အဘိုးနှင့်အဘွားဖြစ်ပါသည်။ ကျွန်မ၏ အဘိုးဆိုတာ အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်ပါ။ ကျွန်မအဘွားဆို တာ စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်ပါ။ သတိရမိခြင်းအကြောင်းကို ရှင်းပါမည်။


ကျွန်မတို့ ငယ်စဉ်ကလေးဘဝကစလို့ အင်္ဂလိပ်စာ အေဘီစီဒီ နည်းနည်းပါးပါး မတောက်တခေါက်ဖတ်တတ်စအရွယ်မှာ အဘိုးနှင့် အဘွားက အင်္ဂလိပ်စာတွေ သင်ပေးခဲ့ပါသည်။ ကိုယ့်အကြောင်း၊ သူ့အကြောင်း၊ အိမ်အကြောင်း၊ အရုပ်ကလေးတွေအကြောင်း စသည် စသည် ချစ်စဖွယ်ပုံပြင် ပုံတို ပတ်စများဖြင့် အင်္ဂလိပ်စာကို သင်ပေးခဲ့ကြတာ ကျွန်မ ယခုတိုင်မမေ့ပါ။ ကျွန်မတို့လို့ ဆိုလိုက်မိတာက ကျွန်မတို့ အမြွှာမောင်နှမနှစ်ယောက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်မ၏ အမြွှာအစ်ကို ကာတွန်းမောင်ရစ်က ကျွန်မထက် ညဏ်လည်းကောင်းပါသည်။ စာလည်းတော်ပါသည်။ အင်္ဂလိပ်စာလုံး ၁ဝ လုံးလောက်ကို တထိုင်တည်းနှင့် အလွတ်ကျက်နိုင်သလောက် ကျွန်မမှာ တစ်နေ့လုံး ကျက်လဲမရ၊ နှစ်ရက်သုံးရက်နှင့်လည်း မမှတ်မိ၊ တစ်ပတ်လောက်ရှိမှ ရေးတေးတေးပေါ်နှင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခဲ့ဖူးတာကိုလည်း ကျွန်မ ယခုထိ သတိရနေမိဆဲပါ။ ကျွန်မက ညဏ်လည်းမကောင်း၊ စာကိုလည်း စိတ်မဝင်စားပါ။ အင်္ဂလိပ်စာဆိုပိုဝေးပါသည်။ စာကျက်ရမှာလဲ အင်မတန် ပျင်းပါသည်။ သို့သော် စာတော့ တော်ချင်သည့်စိတ်တော့ ရှိပါသည်။ တော်အောင် ကြိုးစားပါသော်လည်း ညဏ်ကလိုက်မလာသောအခါ ကျွန်မက ဒီအတိုင်းပစ်ထားလိုက်ပါတော့သည်။ ကျွန်မ အစ်ကိုက စာကတော်ပြီးရင်းတော်၊ ကျွန်မက ညံ့သထက် ညံ့။


အဲသလိုနှင့် တက္ကသိုလ် ဒုတိယနှစ်သင်္ချာ အဓိကတက်နေပြီးနောက်ပိုင်းမှာ ကျောင်းတွေ ၃ နှစ်လောက် ပိတ်တာနှင့် ကြုံခဲ့ရပါသည်။ ယင်းသည် ကျွန်မ၏ ဘဝကို တစ်ဆစ်ခိုျးပြောင်းလဲလိုက်ခြင်းဖြစ်ပါလိမ့်မည်။ အဲသည်တော့ ကျွန်မတို့မောင်နှမ နှစ်ယောက်စလုံးမှာ အင်္ဂလိပ် စာ ပညာရှင်ကြီးများဖြစ်သော အဘိုးနှင့်အဘွား၏ လက်တွင်းသို့ သက်ဆင်းခဲ့ကြရပါတော့သည်။ တစ်နေ့ တစ်နာရီ အချိန်မှန်မှန် အင်္ဂလိပ်စာ သင်ရပါသည်။ ဘဘကြီးနှင့် မေမေကြီး (အဘိုးနှင့်အဘွားကို အဲသည်လိုပဲ ခေါ်ပါသည်။) တို့၏ ထမင်းစားပွဲပေါ်မှာ အင်္ဂလိပ်စာအုပ်ကိုယ်စီ ကိုင်ကာ စာသင်ရပါသည်။ ဘဘကြီး မေမေကြီးတို့ လက်ထဲတွင် အဘိဓာန်စာအုပ်ထူထူကြီးတွေ ကိုယ်စီကိုင်ထားကြပါသည်။ သူတို့သင်ပေး မည့် ရှိတ်စပီးယားတို့၊ ဘားနတ်ရှောတို့အပြင် ဂရိပြဇာတ်စာအုပ်တွေကိုလည်း ထမင်းစားပွဲပေါ်မှာ အခန့်သားနေရာ ယူထားတာတွေ့ကြရပါ သည်။ ကျွန်မအစ်ကိုတော့ မသိပါ။ ကျွန်မအတွက် ငရဲကျသလိုပါပဲ။ ကြောက်၍သာ စားပွဲရှေ့ထိုင် စာသင်နေရသော်လည်း တစ်နာရီအမြန် ကုန်စေချင်တာက စိတ်ထဲအပြည့်ပါ။ ဘဘကြီးနှင့် မေမေကြီးကတော့ ကျွန်မတို့ကို သူတို့၏ ပညာများသင်ပေးနေရ၍ အလွန်ပျော်ရွှင်နေကြပါ သည်။ အင်္ဂလိပ်စာလုံးလေးတစ်လုံးအကြောင်းကို ကျွန်မတို့အား စာသင်ချိန်မရောက်မီမှာ ဘယ်လိုသင်ရင်ကောင်းမလဲဟု သူတို့အချင်းချင်း ဆွေးနွေးကြတာကိုလည်း မကြာခဏဆိုသလို တွေ့ရကြားရပါသည်။ စာသင်နေရင်းနှင့် အင်္ဂလိပ်စာလုံးလေးတစ်လုံးအတွက် အဘိဓာန်တွေ လှန်လှောကာ ရှာဖွေစူးစမ်းနေရင်း ကျွန်မတို့ကို ဘယ်လိုရှင်းရင် ဘယ်အဓိပ္ပာယ်နှင့်ဟုဆိုကာ တိုင်ပင်နေကြတာကိုလည်း ကျွန်မ ငေးမော ကြည့်နေခဲ့ဖူးပါသည်။ (အဲဒါမသိလည်း ဘာဖြစ်မှာမို့လို့လဲဟု အတွေးနှင့်ငေးနေတာနေမှာပေါ့)


ဘဘကြီးနှင့် မေမေကြီးတို့ သင်ပေးခဲ့သော မှတ်စုစာအုပ်များကတော့ ကျွန်မစာအုပ်ဗီရိုနှင့် အပြည့်ဖြစ်လာပါသည်။ အိမ်မှာ အင်္ဂလိပ် စာအုပ်တွေ ဖတ်ရမည်ဟု စည်းကမ်းတွေ မသတ်မှတ်ထားသော်လည်း အင်္ဂလိပ်စာအုပ်ဖတ်ဖို့ကိုတော့ ပိုအားပေးပါသည်။ အင်္ဂလိပ်စာအုပ်တစ် အုပ် လူကြီးတွေရှေ့ဖတ်ပြနေလျှင် ဘယ်သူမှခိုင်းတောင် မခိုင်းပါ။ (တစ်ခါတလေ ဖတ်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါသည်။) မေမေကြီးကတော့ အင်္ဂလိပ်စာဘာစာဖြစ်ဖြစ် ဖတ်ဟု အမြဲဆော်သြပါသည်။ ကျွန်မကတော့ ပြေးပေါက်မရှိ၍သာ အင်္ဂလိပ်စာ သင်နေရ၊ ဖတ်နေရခြင်းဖြစ်ပါသည်။ အဲသည်လိုနှင့် ကျောင်းတွေပြန်ဖွင့်ခဲ့ပါပြီ။


ကျောင်းတွေ ပြန်ဖွင့်တော့ ဘဘကြီးနှင့် မေမေကြီးတို့၏လက်က လွတ်သွားပြီဟု မထင်လိုက်ပါနှင့်။ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များကို အင်္ဂလိပ်စာသင်ဖို့အတွက် ပေးထားရပါသည်။ ဤနေရာတွင် ထူးခြားမှုတစ်ခုကို ကျွန်မပြောမည်။ တက္ကသိုလ်ပြန်တက် တော့ အင်္ဂလိပ်လိုသင်ရသော ရူပဗေဒဘာသာရပ်သည် ကျွန်မအတွက် အရမ်းကို လွယ်ကူနေခဲ့ပါသည်။ အရင်တုန်းက ဟုတ်သည်။ အရင်တုန်းက ကျွန်မ စောစောက ပြောခဲ့သလိုပေါ့။ ကျွန်မက စာအလွန်ညံ့သော ညဏ်ထိုင်းသူတစ်ယောက်ပါ။ ရူပဗေဒကိုလည်း ဘာမှ နားမလည်ပါ။ နားမလည်ခဲ့ပါဟု ဆိုရမည်။ ယခု ကျွန်မ ပုစ္ဆာများတွက်တော့...။ တော်တော်ထူးဆန်းပါသည်။ အင်္ဂလိပ်လို ရေးထားသော ရူပဗေဒပုစ္ဆာရှည်ကြီးကို ကျွန်မက နားလည်ပြီး သူပေးထားချက်များကို ချရေးလိုက်ရုံနှင့် အဖြေက ထွက်သွားပြီ။ ကျွန်မ ဘာကြောင့်လဲဟု စဉ်းစားမရပါ။ ကျောင်းတွေမပိတ်ခင်တုန်းကနှင့်အခု ဘာကွာသွားလို့လဲ။ ကျွန်မက ညဏ်ကောင်းသွားလို့လား။ မဟုတ်ပါ။ ကျွန်မကို အင်္ဂလိပ်စာ ဒုတ်နှင့်ရိုက်ပြီး သင်ပေးခဲ့သော ဘဘကြီးမေမေကြီးတို့ကြောင့် သူတို့၏ ကျေးဇူးတရားကြောင့် ဖြစ်ပါသည်။ ''ကျွန်မသည် အင်္ဂလိပ်စာ သင်ယူခဲ့စဉ်တုန်းက စိတ်ပါလက်ပါ၊ ကျေကျေနပ်နပ် သင်ယူခဲ့သူမဟုတ်ကြောင်း ကျွန်မသာလျှင် အသိဆုံးပါ။ ဘဘကြီး မေမေကြီးတို့ ဖတ်ခိုင်းသော အင်္ဂလိပ်စာကြောင်းရှည်ကြီးများကိုလည်း ရွတ်ဖတ်၍သာဆိုခဲ့ပြီး နားလည်တာလည်းပါ၊ နားမလည်တာတွေလည်း ပြန်ပေးရကောင်းမှန်းမသိခဲ့ပါ။ သို့သော် ဤမျှလောက်သော အသိပညာကလေးဖြင့် ကျွန်မ တက္ကသိုလ်မှာ ဘာသာရပ်တွေကို လိုက်နိုင်လာခဲ့ပါ ပြီ။ သူငယ်ချင်းတွေကိုတောင် ပြန်ရှင်းပြနိုင်နေပြီ။ အဲဒါ ကျွန်မအတွက်တော့ သိပ်ကိုထူးခြားမှုတစ်ခုပါပဲ။


အဲသည်လိုနှင့် ကျွန်မ တက္ကသိုလ်မှာ သင်္ချာဂုဏ်ထူးတန်းများ၊ မဟာသိပ္ပံတန်းများကို ဆက်လက်တက်ရောက်သင်ကြားရင်းနှင့် တစ်ချိန် က ရခဲ့ဖူးသော ၃ နှစ်တာ ဘဘကြီး၊ မေမေကြီးတို့နှင့် အင်္ဂလိပ်စာသင်ခဲ့ရဖူးသော အခြေအနေကို ပြန်လည်မရရှိခဲ့တော့သည်ကို ရံဖန်ရံခါ သတိရမိခဲ့ပါသည်။ ယခုတော့ ကျွန်မက အချိန်တွေ ပေးပြီး သင်ယူချင်သော်လည်း ကျွန်မမှာ အချိန်မပေးနိုင်တော့၊ ဘဘကြီးမှာလည်း သူ့တပည့်တပန်းများနှင့် စာသင်ပေးရင်း အချိန်တွေကုန်၊ မေမေကြီးကတော့ ဘဘကြီးစာသင်တဲ့ထဲ ဝင်ပါလိုက်၊ စာရေးလိုက်နှင့် ကျွန်မကတော့ စနေ တနင်္ဂနွေနေ့များနှင့်အတူ အင်္ဂလိပ်စာ ဝင်သင်၊ မေမေကြီးနှင့်အတူ စာဖတ်အလုပ်များကို အချိန်ရအောင် ယူရင်းလုပ်။ သြော်... တစ်ချိန်က ရခဲ့ဖူးသည့် တစ်နေ့ ၂၄ နာရီ စာသင်ချင်တိုင်းသင်၊ စာဖတ်ချင်တိုင်းဖတ်ဆိုသည့် အခွင့်အရေးကို တစ်နေ့တစ်နာရီလေး ပေးပြီး အချောင်နေခဲ့ဖူးသည့် ကျွန်မကိုယ်ကျွန်မ တော်တော်မကျေနပ်ပါ။


ဘဘကြီးနှင့် မေမေကြီးတို့က ကျွန်မတို့အား အင်္ဂလိပ်စာသင်ပေးသည့်ပုံစံသည် (ကျွန်မ အထင်ပြောတာပါ) အင်္ဂလိပ်စာကို မကြောက်အောင်၊ ပုတ်လောက်ကြီးတဲ့ အင်္ဂလိပ်စာလုံးကြီးတွေကိုလည်း ရဲရဲတင်းတင်း ဖတ်တတ်အောင်၊ ဆင်လောက်ကြီးတဲ့ အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ကြီးတွေရဲ့ ပြဇာတ်တွေ၊ ကဗျာကြီးတွေကိုလည်း မကြောက်မရွံ့ဖတ်ရဲအောင် သတ္တိတွေ မွေးပေးပြီး သင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်တရာကျော်က Lewis Carroll ရေးသားခဲ့သော ဝေဖန်ရေးဆရာတို့ အဝေဖန်ခံခဲ့ရသော ထို Alice in wonderland ဟူသော မူရင်းစာအုပ်ကို ကျွန်မသည် မျက်ကန်းတစ္ဆေမကြောက် ရဲရဲတင်းတင်း ဘာသာပြန်လိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတော့ သည်။ ဘဘကြီးနှင့် မေမေကြီးတို့၏ မွေးပေးခဲ့သော သတ္တိများဖြင့် ကျွန်မ မကြောက်မရွံ့ဘာသာပြန်နိုင်ခဲ့ခြင်းပါ။ ငယ်စဉ်က အလွန်အသုံး မကျသော ညဏ်ထိုင်းသော ကျွန်မလိုငတုံးတစ်ယောက်သည် ဤအဘိုး ဤအဘွားလက်ထဲကသာ မထွက်ခဲ့ပါလျှင် ဘယ်လိုနည်းနှင့်မျှ ထို Alice in Wonderland စာအုပ်ကို ကိုင်ရဲစရာ မရှိပါ။ ထို့ကြောင့် 'ကလေး/လူငယ် ဘာသာပြန်ဆု'ရသည်ဟု ကျွန်မသိခဲ့ရသော နေ့က ဘဘကြီး မေမေကြီးတို့ကို အရင်ဦးစွာ သတိရမိပြီး ထိုဆုသည် ကျွန်မတစ်ဦးတည်းနှင့် မသက်ဆိုင်ပါဟု ခံစားမိခဲ့ပါသည်။


ကျွန်မ နောက်ထပ် သတိရမိသော ပုဂ္ဂိုလ်ကLewis Carroll ဖြစ်ပါသည်။ Lewis Carroll ၏ အမည်ရင်းမှာ Charles Ludwidge Dodgsonဖြစ်ပါသည်။ သူက သင်္ချာပညာရင်ဖြစ်ပါသည်။ ပုံပြင်ထဲတွင် အဲလစ်အမည်ရှိ မိန်းကလေး ကိုယုန်ကလေးသွားရာ တွင်းနက်ထဲကျသွားရာမှ တိရစ္ဆာန် အကောင်ငယ်ကလေးတွေနှင့် တွေ့ဆုံကာ ဇာတ်လမ်းဆင်ထားပါသည်။ 'ကျွန်တော်ဟာ ကလေးများ အတွက် ပုံပြင်တစ်ပုဒ်ကို ရေးချင်စိတ်နဲ့ဖန်တီးထားတဲ့ဇာတ်ကောင်အဲလစ် (Alice) ကို ယုန်တွင်းထဲ အရင်ဆုံးကျခိုင်းလိုက်တော့တာပါပဲ'ဟု လူးဝစ်ကားရိုးလ်က ဆိုထားတာကို ကျွန်မ မှတ်မိနေပါသည်။ 'ကလေးများအတွက် ပုံပြင် တစ်ပုဒ်ကို ရေးချင်စိတ်နဲ့' ဟူသည့် လူးဝစ်ကာရိုးလ်Lewis Carroll ၏ စိတ်ကလေးကို ကျွန်မဘာသာပြန်စဉ် အခါတုန်းက စိတ်ကူးဖြင့်တွေးကြည့်ကာ ကြည်နူးခဲ့ရဖူးပါသည်။ ထိုစိတ်ကလေးသည် ကလေးများအတွက် ပုံပြင်တစ်ပုဒ် ဖန်တီးဖြစ်ခဲ့သော စေတနာမေတ္တာ ဖြစ်ပါသည်။ သူ၏ မေတ္တာကြောင့် သူဖန်တီးခဲ့ သော ထို Alice in Wonderlandကို ကလေးတွေနှစ်သက်ခဲ့ခြင်း ဖြစ်ရမည်ဟု ကျွန်မယုံကြည်ပါသည်။ ထိုဝတ္ထုထွက်လာစဉ်အခါက စာ ပေဝေဖန်ရေး ဆရာများက ဤဝတ္ထုသည် စိတ်ကူယဉ်လွန်းပြီး အဓိပ္ပာယ်ကင်းမဲ့သော အရာဟု ဆိုကြတာ သိခဲ့ရပါသည်။ သင်္ချာသမားပီပီ ဝတ္ထုလေးထဲ ထည့်သွင်းရေးသားထားသော သင်္ချာယုတ္တိဗေဒများ၊ သင်္ချာသဘောတရားများသည် ကလေးများအတွက် မြင့်သည်ဟု ဝေဖန်ရေး သမားအခို့ျက ထောက်ပြခဲ့ကြပါသည်။ သို့သော် ကလေးတွေက အဲလစ်ကို ချစ်ခင်စွာ ကြိုဆိုခဲ့ကြတာ အမှန်ပဲမဟုတ်လားရှင်။ ဒီတော့ လူးဝစ်ကားရိုးလ်၏ ကလေးများအတွက် မေတ္တာအပြည့်ဖြင့်ရေးသားခဲ့သော ထိုပုံဝတ္ထုလေးကို ကျွန်မက မြန်မာပရိသတ်အတွက် တစ်ဆင့် ဘာသာပြန်ခဲ့ခြင်းဖြစ်သောကြောင့် အဲဒီအတွက် ဆုရရှိသည်ဟု ကြေညာလိုက်သော အခါ အဲလစ်၏ ဖခင်ရင်းဖြစ်သော လူးဝစ်ကာရိုးလ်ကို သတိရမိသွားခဲ့တာကိုလည်း နားလည်လိမ့်မည်ထင်ပါသည်။ ထို့ကြောင့် ကျွန်မ ရရှိခဲ့သော ဆုသည် ကျွန်မတစ်ယောက်တည်းနှင့် မသက်ဆိုင်တော့ပါ။ လူးဝစ်ကာရိုးလ်နှင့်ပါပတ်သက်ဆက်နွယ်နေပါတော့သည်။


ထို့ပြင် စာအုပ်သည် အင်္ဂလိပ်စာတစ်ခုတည်း တတ်မြောက်ရုံနှင့် မလုံလောက်၊ လူးဝစ်ကာရိုးလ် ထည့်သွင်းရေးသားထားသော သင်္ချာ ယုတ္တိဗေဒများကို ကျွန်မအလွယ်တကူသိမြင်ခံစားတတ်ခြင်းမှာလည်း ကျွန်မ ရရှိခဲ့သော မဟာသိပ္ပံသင်္ချာဘွဲ့ကြောင့်လည်းကောင်း၊ ထိုဘွဲ့ကိုရရှိအောင် ကြိုးစားခဲ့မှုများတွင် ကျွန်မဖခင် သင်္ချာဆရာကြီးနှင့်လည်း သက်ဆိုင်နေပြန်ပါသည်။ ထို့ကြောင့် ကျွန်မရရှိခဲ့သော ထိုဆု၏ နောက်ကွယ်တွင် အလွန်ကြီးမားသော အဓိပ္ပာယ်များ စီးဝင်ဖြတ်သန်းလျက်ရှိနေပါတော့သည်။


တစ်ဖန် ထိုဆုရရှိကြောင်း သိရှိပြီးနောက်ဝယ် ကျွန်မ၏ အိမ်နီးနားချင်းများ၊ ကျွန်မ၏ ဆွေမိုျးအသိုင်းအဝိုင်းများ၊ ကျွန်မ ဘိုးဘွားများ၏ မိတ်ဆွေများ၊ ကျွန်မ၏ သူငယ်ချင်းများ၊ ကျွန်မ၏ ဝမ်းကွဲမောင်လေး ညီမလေးများက ကျွန်မအတွက် ဝမ်းသာကြကြောင်း ပြောကြသောအခါ ကျွန်မကို တော်ကြောင်း ချီးကူျးကြသောအခါ ကျွန်မမှာ စာဖတ်သူများကို ရှေ့တွင် ရင်ဖွင့်ထားသလို ကိုယ့်ကိုယ်ကိုယ် တော်လှချည်ရဲ့ဟု 'လက်မ မထောင်ဝံ့ပါ'။ ကျွန်မတစ်ယောက်တည်းနှင့် မသက်ဆိုင်သော ဆုမို့ ကျွန်မက ကျွန်မ၏ ကျေးဇူးရှင်ကြီးများကိုယ် စားသာ ဆုကို လက်ခံရမည်ဖြစ်ပါသည်။ ကျွန်မ၏ မောင်ငယ်၊ ညီမငယ်များကိုလည်း အင်္ဂလိပ်စာတော်အောင် ငယ်ငယ်ကတည်းက လေ့လာဖတ်ရှုကြကွဲ့ဟု ဟန်လုပ်ပြီးလည်း ဆရာမလုပ်ရဲပါ။ ကျွန်မသူတို့အရွယ်တုန်းက အဲသည်လောက်လေး ဆော်သြရုံနှင့် လုပ်ပါလိမ့်မယ် အားကြီးကြီး။ ဘဘကြီး၊ မေမေကြီးတို့ အပါအဝင် ကျွန်မတို့ မိဘတွေခြောက်လိုက်၊ ဒုတ်ကိုင်လိုက်နှင့် အင်္ဂလိပ်စာကို မလုပ်မနေရ၊ စက္ကန့်မလပ်ကြည့်နေလို့သာ ကျွန်မက ကြောက်ပြီး စာလုပ်ခဲ့ရတာမဟုတ်ပါလား။


အမှန်တကယ် အင်္ဂလိပ်စာ တတ်မြောက်ခြင်း အကိုျးတရားကြောင့် တက္ကသိုလ်မှာ စာတွေလိုက်နိုင်လာတာ၊ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ရတာ ပျော်လာတာ၊ အကောင်းအဆိုး ခွဲခြားတတ်သွားတာတွေကို ကျွန်မသိလိုက်ရချိန်တွင် အတိတ်က ရခဲ့ဖူးသော သုံးနှစ်တာ စာဖတ်ဖို့ စာသင်ဖို့ အချိန်တွေရချင်တိုင်းရခဲ့သည့် အခွင့်အရေးမိုျး ပြန်မရတော့သော်လည်း ကျွန်မမှာ ပြင်ဆင်ချိန်တွေရှိခဲ့ရပါသည်။ ကျွန်မ အခန်းတံခါး ဖွင့်လိုက်ပြီး အိမ်ရှေ့ထွက်လိုက်သည်နှင့် အင်္ဂလိပ်စာသင်ဖို့ ဟန်တပြင်ပြင်ဖြစ်နေသော အဘိုးနှင့်အဘွား၊ အင်္ဂလိပ်စာဖတ်ဖို့ချည်း တစ်ချိန်လုံး တွန်းအားပေးခံခဲ့ရသော ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းခဲ့ရသော ကျွန်မသည် အမှားကို သိ၍ပြန်လည် ပြင်ဆင်လိုက်ချိန်တွင် နောက်မကျခဲ့ ပါဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။ သို့ရာတွင် ဘဘကြီးတို့ အပြည့်အဝ စာသင်ပေးခဲ့သော ထိုသုံးနှစ်တာ ကာလကိုတော့ လွမ်းနေမိဆဲ ဖြစ်ပါသည်။ အဲဒီတုန်းက စိတ်ပါလက်ပါ မရှိခဲ့တာကို ယနေ့တိုင် မကျေနပ်ခဲ့ပါ။ ထို့ကြောင့်လည်း ကျွန်မမောင်ငယ် ညီမငယ်များအနေနှင့် အချိန်ရှိခိုက်မှာ နောင်တမရှိအောင် ကြိုးစားသင့်လှကြောင်းကိုတော့ ကျွန်မအဖြစ်ကို နမူနာပြ၍ ဆိုချင်ပါသည်။ ကျွန်မ စာဖက်ကို စိတ်လည် လာပြီး ပျော်လာချိန်တွင် ဘဘကြီး မေမေကြီးတို့နှင့် နောက် ၁ဝ နှစ်လောက် အတူတကွနေပြီး ပညာတွေ ဆက်လက်ရယူလိုက်နိုင်ခဲ့ခြင်း ကြောင့်သာ ကျွန်မ အကျမနာခဲ့ခြင်းပါ။


ကျွန်မ ဆုရရှိပြီးသည့်နောက်တွင် ကျွန်မကို တစ်ယောက်ယောက်က ဆုရသည့်အတွက် ဘယ်လိုများ ခံစားရပါသလဲ... စသည်ဖြင့် မေးခွန်းများ မေးလာမည်ကို ကျွန်မ ကြိုတင်တွေးပူခဲ့မိပါသည်။ ကျွန်မတွေးပူခြင်းမှာ တစ်ထိုင်တည်းနှင့် လုံလောက်သော အဖြေတစ်ခုကို ပေးနိုင်မည်မဟုတ်ဟု ယူဆမိ၍ ဖြစ်ပါသည်။ ကံကောင်းချင်တော့ အဲဒါမိုျး အခုထိ ဘယ်သူမှ မေးမလာကြပါ။ ဒီတော့ ကျွန်မအတွက် အခုလို ဆောင်းပါးရေး၍ ဖြေရှင်းလိုက်ခြင်းဖြင့် ကျွန်မလည်း စိတ်သက်သာရာ ရသွားပါသည်။ ကျွန်မကို အထင်ကြီးနေသူများလည်း သဘောပေါက်သွားပါလိမ့်မည်။


ထွန်းဖောင်ဒေးရှင်း စာပေကော်မတီမှ ၂ဝဝရ ခုနှစ်အတွက် ကလေး/လူငယ်ဘာသာပြန်ဆုအဖြစ် ကျွန်မဘာသာပြန်သော ''အဲလစ်နှင့် အံ့ဖွယ်ကမ္ဘာ'' စာအုပ်ကို ရွေးချယ်လိုက်ခြင်းသည် ကျွန်မ၏ အဘိုးအဘွားနှင့် လူးဝစ်ကာဂိုးလ်တို့၏ ကျေးဇူးတရားကို အသိအမှတ်ပြုပေး လိုက်ခြင်းပင် ဖြစ်ပါတော့သည်ဟု ဆိုလိုက်ချင်ပါတော့သည်။



Monday, July 20, 2015

Book Review - ကောလိပ်ကျောင်းသူ

ဒေါ်ခင်မျိုးချစ် နှစ်တစ်၇ာပြည့် အမှတ်တရ


ကောလိပ်ကျောင်းသူ - ခင်မျိုးချစ်

တတိယအကြိမ် - လင်းလွန်းခင်စာပေ
ဦးသိန်းလွင် အမှတ် ၆၃၊ ၅လွှာ(၀ဲ) ရေကျော်လမ်းမကြီး၊ပုဇွန်တောင်

ပထမအကြိမ် - ၁၉ ၃၆ သူရိယ သတင်းစာတိုက်
ဒုတိယအကြိမ် - ၂၀၀၁ ဒီဇင်ဘာ ငြိမ်းငြိမ်းချမ်းချမ်းစာပေ

အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ကျပ်
မျက်နှာဖုံး - စောတင်မောင်
စာမျက်နှာ - ၁၆၃

အမှာစာများ - ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း
Khin Myo Chit’s Bouquet of Wild Oats ကို ဒေါက်တာခင်မောင်ဝင်း ဘာသာပြန်.။

“ကောလိပ်ကျောင်းသူ၏အမွေ“ (Khin Myo Chit’s Bouquet of Wild Oats) ကို ဖတ်ကြည့်ပါက ကောလိပ်ကျောင်းသူရေးသူ စာရေးဆရာမကြီး ဒေါ်ခင်မျူိးချစ်၏ ငယ်ဘ၀ လူငယ်ဘ၀ တစိတ်တစ်ပိုင်းကို ခံစားသိရှိရယုံမက ကောလိပ်ကျောင်းသူ ရေးသားစဉ် ကမိဘများ အားမပေး၊ မိန်းခလေးများအား ပညာသင်ခွင့်မပေး ပိတ်ပင်ခံရပုံ၊ မျည်မျှခက်ခဲ ပင်ပန်းစွာ အားစိုက်ထုတ်ခဲ့ရပုံများကိုတွေ့ကြရပါမည်။

“၀တ္ထုကို အိမ်သားများအိပ်နေသည့်အခါ ကျမှရေးခွင့်ရပါသည်။ ယခင်က ၀တ္ထုတို ဆောင်းပါးများ ရေးစဉ်က တစ်ကြိမ်နှစ်ကြိမ် လောက်ထိုင်လိုက်လျှင် တစ်ခု ပြီးနိုင်ပါသည်။ တခါတရံ ကျွန်မရေးသော စာမူများ ကိုလူကြီးများက တွေ့လျှင် သိမ်းယူုပီး ဖျက်ဆီးပစ်ခြင်းကို ခံရပါသည်။“

ထိုခေတ်အခါက အမျိုးသမီးကလေးများ ပညာသင်ခွင့် ပိတ်ပင်ခံရခြင်း၊ ဆေးကျောင်းတက်ခြင်သော လည်းတက်ခွင့်မရ၊ နည်းမျိုးစုံဖြင့် အနှိမ်ခံရခြင်းများသည် ယခုခေတ်အမျိုးသမီးကလေးများအတွက် အိပ်မက်ပမာဖြစ်ကာ ဟုတ်မှဟုတ်ပါလေစ ဟူ၍ဖြစ်ကြပါလိမ့်မည်။ ဤသို့အဖိနှိတ်ခံနေရာကနေ ဒေါ်ခင်မျူိုးချစ်အတွက် စာရေးဆရာ အဖြစ်ကိုတော့ ဘယ်သူမှ မတားဆီးနိုင်ကြပါချေ။

“ကျွန်မသည် ဤ၀တ္ထုရေးရင်းနဲ့ သေချင်သေသွားပါစေ၊ ပြီးအောင်တော့ ရေးရပါလိမ့်မည်။ ကျွန်မသည် သုံးလေးညတိုင်တိုင် မအိပ်မနေ ထိုင်ေ၇းခဲ့ပါသည်။ နောက်ဆုံးတွင်ပြီးသွားပါသည်။
စာမူကို လက်ခံရရှိလို့ စာမူခပို့လိုက်သောအခါ

“စာမူခကို ကျွန်မ၏လက်ထဲသို့ ရောက်ခွင့်မပြုပါ။ ကျွန်မလက်မှတ်ထိုးပြီးသည်နှင့် ထိုစာမူခကို အဖေက ချက်ချင်းဆိုသလို စာပို့သူလက်ထဲမှ သိမ်းယူသွားပါသည်။ အမျိုးသမီးများနှင့်သမီးများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံသည်ဟု နာမည်ရသော ဤနိုင်ငံတွင် ဤအဖြစ်မျိုးဖြစ်ရသည်မှာ တော်တော် အံ့သြစရာ ဖြစ်ပါသည်။“

လူကြီးများ ဖျက်လိုဖျက်ဆီးလုပ်သောလဲ “ကောလိပ်ကျောင်းသူ“သည် သူရိယ နေ့စဉ်သတင်းစာမှာ အခန်းဆက် ပါလာပါသည်။

ယင်းအဖြစ်အပျက်များသည် ၁၉၃၅ ၀န်းကျင်တုန်းက အကြောင်းများ ဖြစ်ပါသည်။ ကောလိပ်ကျောင်းသူ ၀တ္ထုသည် ၁၉ ၃၆ တွင်ထွက်ရှိလာသော ဒေါ်ခင်မျိုးချစ်၏ ပထမဦးဆုံး လုံးချင်းဝတ္ထုလည်း ဖြစ်သည်။ ထိုဝတ္ထုနှင့်ပတ်သက်၍ ၁၉ ၇၀ တွင် Bouquet of Wild Oats အမည်ဖြင့် WPD တွင်ရေးသားခဲ့သည်။ ထို့ကြောင့် ကောလိပ်ကျောင်းသူ ၀တ္ထုသည် ဒေါ်ခင်မျိုးချစ်အတွက်တော့ ငယ်ငယ်တုန်းကေ၇းခဲ့တဲ့ မျက်နှာပူစရာ စာတစ်ပုဒ် ထက်မပိုပါဘူးဟု ဆိုခဲ့တာကို တွေ့ကြရပါမည်။

“ကောလိပ်ကျောင်းသူ ၀တ္ထုဟာ စာပေအဆင့်အတန်း အနေဖြင့် ပြောပလောက်အောင် မရှိသော်လဲ ကျွန်မအဖို့တော့ ကြီးကျယ်သော အောင်မြင်မူ တစ်ခုဖြစ်လာပါသည်။ ထိုဝတ္ထုကြောင့် ကျွန်မသည် ကိုယ့်ကို်ယ်ကိုယ်ယုံကြည်မူ များတိုးပွားလာပါသည်“

ဆရာမကြီး၏ ရေးသားချက်များအရ “ကောလိပ်ကျောင်းသူ“ ဟူသော အမည်နာမအောက်တွင် “ခင်မျိုးချစ်“ သည်စာရေးဆရာလောကသို့ ၀င်ရောက်လာနိုင်ခဲ့ပီး ဇွဲလုံ့လကို ဖော်ညွှန်းပြသသော သက်သေတစ်ခုအဖြစ် ထိုခေတ်အခါက အခြေအနေကို ပြသသော ရရှိခဲ့သော အမွေတစ်ခုသဖွယ် မြင်ကြရမည် ဖြစ်ပါသည်။

ဆရာမကြီးက သူရေးသားသော “ကောလိပ်ကျောင်းသူ“ ကို စာပေအဆင့်အတန်းမရှိဟူသော ကိုယ်ပိုင်ကောက်ချက်ချထားသောလဲ ကောလိပ်ကျောင်းသူ ၀တ္ထုမှာပါဝင်လျက်ရှိသော ဇာတ်ကောင်မိန်းကလေးများ၊ တက္ကသို်ကျောင်းသားကျောင်းသူကလေးများ၏ လူနေမူဘ၀၊ အဆင့်အတန်း၊ အဆောင်နေ ကျောင်းသူလေးများ၏ ဘ၀များနှင့် နောက်ခံအခြေအနေများကိုကား ယနေ့ခေတ် စာဖတ်ပရိသတ်အား စိတ်ဝင်တစားလေ့လာခွင့် ပေးလိုက်သည်ဟူ၍ ကျေးဇူးတင်စရာကောင်းသော ရှေးပုံပြင်တစ်ပုဒ်သဖွယ် ခံစားမိပါကြောင်း။


ဂျူနီယာဝင်း – စစ်၏ တန်ဆာခံ သားကောင်များ










ဂျူနီယာဝင်း – စစ်၏ တန်ဆာခံ သားကောင်များ
(အတွေးအမြင် အမှတ် ၂၇၇ ။ ၂၀၁၅ ဇွန်လ) ဇူလိုင် ၃၊ ၂၀၁၅


အင်္ဂလိပ်စာတန်းထုုိး အီတလီရုုပ်ရှင်ကား Roma cita aperta (Rome, Open City) အမည်ရတဲ့ စစ်ဆန့်ကျင်ရေး ရုုပ်ရှင်ကား ဇာတ်ညွန်းကုုိကောက်ဖတ်မိရင်း ရေးဖုုိ့အကြောင်းဖန်လာတာပါ။ ရုုပ်ရှင်တော့ ရှာဖွေကြည့်ဖုုိ့တော့ စိတ်ကူးမရှိပါ။ အနိဌာရုုံတွေ မြင်ရတာ စိတ်မသက်သာလွန်းလုုိ့ပါ။ အဲသည်ရုုပ်ရှင်ကားက ၁၉၄၅ ထုုတ်ဖြစ်ပါတယ်။ မူရင်းဝတ္ထုက Rome, Open City ဟုုဆုုိသောလည်း အင်္ဂလိပ်စာတန်းထုုိးချိန်မှာ Open City လုုိ့ပဲထုုိးခဲ့တယ် လုုိ့ထောက်ပြထားပါတယ်။


ခေတ်ကာလက အီတလီနုုိင်ငံ ရောမမြို့ကုုိ နာဇီတွေ သိမ်းပိုုက်ထားချိန် ၁၉ ၄၀ ပတ်ဝန်းကျင် – နာဇီတွေခေတ်မကုုန်ဆုုံးခင် ကာလလုုိ့ ဆုုိရမည် ဖြစ်တယ်လိုု့ ကောက်ချက်ချပါတယ်။ ရောမမြို့ကလေးဟာ နာဇီတွေ လက်အောက်မှာ နေနေရတယ်ဆုုိသောလည်း ရုပ်ရှင်ရဲ့ ခေါင်းစဉ်အရ ရောမမြို့သူမြို့သားများရဲ့ ဘဝဟာ တံခါးမရှိဓါးမရှိ အကြောက်အရွံံ့့ံံ့မရှိ သွားလာလှူပ်ရှားနေကြပြီး ဗုုံးကျလုုိ့တောင် သေဘေးမစုုိးရိမ်ရတဲ့ အနေအထား ပါ။ သိုု့သော် နာဇီလက်အောက်မှာဆုုိတော့ နာဇီစစ်သားများက မယုုံသင်္ကာဖြစ်တဲ့ အိမ်တွေကုုိ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာ၊ အစားအသောက်များကုုိလဲ ရာရှင်နဲ့ စားသောက်နေကြရတာ၊ တော်လှန်ရေးသမားများနဲ့ အချိပ်အဆက်ရှိတဲ့ သူတွေကုုိ ရသ၍ ဖမ်းချူပ်နှိပ်စက်တာ စတဲ့ အဖြစ်အပျက်တွေကိုု ရင်ဆုုိင်နေရပါတယ်။


အဓိက ဇာတ်ကောင် ဂျော်ဂျီရုုိ က ဂျာမန်ဂတ်စ်တာပိုု တွေလက်က ပုုန်းရှောင်ထွက်ပြေး နေရသူပါ။သူက တော်လှန်ရေးသမားတစ်ယောက်။ သူ့သူငယ်ချင်း ဖရန်စစ်စကုုိ ကလည်း သူနဲ့ပူးပေါင်းသူ။ တစ်နေ့တော့ ဂျာမန်တွေလက်က ဂျော်ဂျီရုုိ ကထွက်ပြေးရင်းနဲ့ ဖရန်စစ်စကုုိရဲ့ ဇနီးလောင်း ကုုိယ်ဝန်လွယ်ထားရသူ ပီနာ့ ဆီရောက်သွားတယ်။ ပီနာက ခရစ်ယာန်ဘုုန်းတော်ကြီး ဒွန် ပီထရုုိ ထံမှာ ဖရန်စစ်စကုုိနဲ့လက်ထပ်ဖုုိ့ ခရစ်ယာန်ကျောင်းမှာ စောင့်နေတာ။ ဂျော်ဂျီရုုိက ရောက်လာတော့ ဘုုန်းတော်ကြီး ဒွန်ပီထရုုိ ထံပီနာက ထပ်အကုူအညီတောင်းရတယ်။ သည်တော့ ဒွန်ပီထရုုိ့စိတ်ထဲ တုုိင်းပြည်အတွက် တစ်ခုုခုု လုုပ်ပေးချင်တယ် ဘုုရားသခင်အလုုိကျပေါ့။ ဂျောင်္ဂျီရုုိ့ကုုိ ဘုုရားကျောင်းမှာ ဖွက်ပေးထားတယ်။ အဲသည်အချိန်မှာ ဂျာမန်တွေရောက်လာ။ အဲဒီအချိန်မှာ ဇနီးလောင်းဆီ ရောက်လာတဲ့ ဖရန်စစ်စကိုု ကုုိတွေ့တော့ သူ့နောက်လုုိက်ဖမ်း၊ ပီနာက နောက်က ပြေးလုုိက်တော့ အပစ်ခံရပြီး လမ်းပေါ်မှာ သေသွားတယ်။ ဖရန်စစ်စကိုုလည်းမိသွားတယ််။ ဒါပေမယ့် တော်လှန်ရေးသမားများက အကျဉ်းသားတွေ ဖမ်းထားတဲ့ ကားကုုိ ဝင်တုုိက်ကြတော့ ဖရန်စစ်စကုုိ ကလွတ်သွားတယ်။ တဖန် ဂျော်ဂျီရုုိ့ ချစ်သူဟောင်း မာရီနာကုုိလည်း နာဇီတွေက အလွတ်မပေးပဲ စစ်ဆေးမေးမြန်းတော့ မာရီနာသစ္စာမဲ့မူကြောင့် ခရစ်ယာန်ဘုုန်းကြေီး ဒွန်ပီထရုုိရော ဂျော်ဂျီရုုိပါ အဖမ်းခံရတယ်။ ကြားထဲက နှိတ်စက်ခန်းတွေ ဖယ်လုုိက်ရင်တော့နောက်ဆုုံး ဂျော်ဂျီရုုိ် ဟာတော်လှန်ရေးသမားများအတွက် သစ္စာစောင့်သိမူနဲ့ပဲ အနှိတ်စက်ခံရင်း သေဆုုံးသွားတယ်။ ဘုုန်းတော်ကြီး ဒွန်ပီထရုုိ မှာတော့ လယ်ကွင်းထဲခေါ်ဆောင်ကာ အီတလီလူသတ်ကွင်းပြင်ထဲ ဝုုိင်းပြီး သေနပ်နဲ့ ပစ်သတ်တာခံရတယ်။ ဒီအခန်းမှာ ဒွန်ပီထရုုိ ဘုုန်းတော်ကြီးကုုိ သေနပ်နဲ့ဝုုိင်း ပစ်တာ မထိဘူး။ ဒါကုုိ ခေါင်းဆောင် ဂျာမန်စစ်ဗုုိလ်က စစ်ဆေးကြည့်တော့ အီတလီစစ်သားများက ဘယ်ဘုုန်းတော်ကြီးကုုိမှ သေနတ်နဲ့မပစ်ဖူးဆုုိတာ ကုုိ သိလုုိက်ရတယ်။ ဒါကြောင့် ဂျာမန်ခေါင်းဆောင် စစ်ဗုုိလ်က နောက်ဆုုံး ဒွန်ပီထရုုိကုုိ သူ့လက်နဲ့ပဲ အဆုုံးစီရင် လုုိ်က်ရပါတယ်။


ဒါကုုိ ဒီမြင်ကွငး်ကုုိ လယ်ကွင်းထဲက ခြံစည်းရုုိးတွေနောက်မှာ ပုုန်းနေတဲ့ကလေးတစ်စုု ကချောင်းကြည့်နေကြတယ်။ ဒါဟာ ဒီရုုပ်ရှင်ရဲ့ နောက်ဆုုံးခန်းပါ။ အဲသည် နောက်ဆုုံးခန်းမှာ အီတလီရဲ့ အနာဂတ်ပုုံရိပ်များ – သိုု့မဟုုတ် အနာဂတ်ကလေးငယ်များ – ထုုိကလေးတွေက တောတောင်တွေကုုိဖြတ်သန်းလိုု့ သူတုုိ့ရဲ့ မြို့ကလေးဆီကုုိ တိတ်ဆိတ်စွာ (သည်နေရာမှာ တိတ်တဆိတ်ဆုုိတဲ့ အဓိပ္ပာယ်မဟုုတ်ပါဘူး… လေးနက်ခြင်း၊ တည်ငြိမ်ခြင်း၊ အတွေးများနဲ့ ဆုုိတဲ့ သဘောတရားတွေ စီးဝင်နေတယ်) ထွက်ခွာ သွားကြပုုံ ဟာ သည်ကားရဲ့နောက်ဆုုံးခန်း ပါတဲ့။


ဒီကားမှာ ပရိသတ်ရဲ့ သြဘာသံထက်ကုုိ ဇာတ်ကောင်များ သေဆုုံးသွားခြင်းကုုိ မကျေမနပ်ဝေဖန်သံ တွေထွက်ပေါ်လာပါတယ်။ တကယ်ဆုုိ ဘုုန်းတော်ကြီး ဒွန်ပီထရုုိကုုိ ကြိုတင်ထွက်ပြေးဖုုိ့ သတိပေးသင့်တယ်…. ပီနာနဲ့ဖရန်စစ်စကုုိဟာ မှတ်ပုုံတင်အတုုနဲ့နုုိင်ငံခြား်ကုုိ သွားလုုိက်ရင် ပီနာ သေစရာမလုုိဘူး… မာရီနာက သစ္စာဖောက်လဲ ဂျော်ဂျီရုုိုု ဟာ ဘုုန်းတော်ကြီး ဒွန်ပီထရုုိ နဲ့အတူ ထွက်ပြေးလုုိ့လွတ်နုုိင်တယ် စသည်ဖြင့် အသံတွေ ထွက်လာတယ်။


ဝေဖန်သူတချိူ့ကတော့ သည်ကားမှာ ဂျာမန်တွေ သူတပါးကုုိ နှိတ်စက်တာတွေပြသမူဟာ အလွန်အကျူးဖြစ်နေတယ် ဆုုိတယ်။ ဥပမာ သတင်ပေးတဲ့ မာရီနာ့ကုုိ ပဲမဲပြီး သတင်းလုုိက် တာမျိူးတွေက တဇာတ်လုုံးပြကွက်တွေ ဖြစ်နေတယ်။ သုုိ့သော်လဲ ပီနာ သေဆုုံးတဲ့အခန်းကုုိတော့ ချီးကျူးတာတွေများကြတယ်။ ပီနာဟာ ဘာမှမဆုုိင်ပဲ အသတ်ခံလုုိက်ရတယ်။ ပီနာ့သေဆုုံးခြင်းဟာ မီးလောင်နေတဲ့ကြားထဲက ထွက်ပေါ်လာတဲ့ သတ္တိပါပဲ ဟုုုုဆုုိကြတယ်။ သူမက ဖရန်စစ်စကိုု့နောက်ကုုိ နာဇီတွေ မလုုိက်အောင် တားဆီးရင်း သေဆုုံးရသူ ဖြစ်တယ်။


ရုုပ်ရှင်တစ်ခုုလုုံးနဲ့ပတ်သက်လုုိ့ ဒါရုုိက်တာရုုိဘက်တုုိ ကပြောတာမှာ “ကျွန်တော် အဓိက ဆုုိလုုိချင်တာ တစ်ခုုပဲ။ အဲဒါကတော့ စစ်ပွဲတွေ ဖြစ်ကြရင် အများဆုုံးကံဆိုုးမုုိးမှောင်ကျသူ များက ကျွန်တော်တုုိ့ ပြည်သူပြည်သားတွေ ပဲဖြစ်တယ်။ ကျွန်တော်တုုိ့ဟာ စစ်ရဲ့ တန်ဆာခံ ဖြစ်နေတာပါပဲ။ ဒီအချက်ကိုု အဓိက ချယ်မှူန်းတာပါ။ တော်လှန်ရေးလုုပ်နေတဲ့သူတွေ နဲ့အတူတူ သူတုုိ့နဲ့ ပတ်သက်မိလိုု့ အနှိတ်စက်ခံရခြင်း၊ အသတ်ဖြတ်ခံရခြင်း များကုုိ တွေ့မြင် သိစေမြင်စေချင်ပါတယ်။ ဒါကုုိ ခံစားစေချင်တယ်။ နာဇီရယ်တွေဟာ သူတုုိ့ ဖမ်းဆီးချင်တဲ့သူများသာမက နဘေးက သူတွေကိုု ပိုုလုုိ့တောင် ဒုုက္ခပေးနုုိင်တယ် ဆုုိတာပါပဲ။ ဒီအချက်ကုုိ ရင်မှာပုုိက်ပြီး ဒီရုုပ်ရှင်ကုုိ ရုုိက်ခဲ့ပါတယ် ဆုုိတာ ဖြစ်ပါတယ်။”


တော်လှန်ရေး စစ်ကားတစ်ကားပီပီ ဂျော်ဂျီရုုိ ကုုိဖွက်ပေးထားတယ်ဆုုိတဲ့ မယုုံသကာင်္မူနဲ့ အဖမ်းခံရ အနှိတ်စက်ခံရ တဲ့သူတွေလဲ တစ်ဒါဇင်မကဘူး။ ကုုိယ်ဝန်သည်ဟာ လမ်းပေါ်မှာ လဲကျသေဆုုံးသွားတဲ့အခန်းကုုိ ပြကွက်ဟာ တုုန်လှူပ်စရာပဲ။ လမ်းပေါ်မှာ ပီနာဟာလဲကျလိုု့၊ သူ့ရဲ့ လွင့်နေတဲ့ စကပ်စနဲ့ စွပ်ထားတဲ့ ခြေအိတ် ကုုိပြကွက်ဟာ ရောမနုုိင်ငံသားများရဲ့ သတ္တိရှိခြင်းနဲ့ ဆုုံးရူူံးခြင်းကုုိ ဖော်ညွန်းတာဖြစ်တယ် လုုိ့ကြွေးကျော်လုုိက်ကြပါတယ်။ ကိုုယ့်နိုုင်ငံသားတစ်ယောက် မတရားသဖြင့် အသတ်ခံရတာဟာ ရောမနိင်ငံသားများအတွက် ဆုုံးရူူံးမူ။ ဆုုံးရူူံးခြင်းကုုိ လက်ခံတဲ့ ရောမနိုုင်ငံ။ ပီနာဟာ သူချစ်တဲ့သူအတွက် စဉ်းစားပြီး အရဲစွန့်ကာ ကာဆည်းဖုုိ့ကြိုးစားခြင်းဟာ ရောမနုုိင်ငံသားများ အတွက် သတ္တိကိုုဖော်ပြခြင်း ဖြစ်တယ် လို့အဓိပ္ဗါယ်ဖော်ပါတယ်။


အဆုုံးသတ်ဆုုိရရင် သည်ကားမှာ ပါဝင်သရုုပ်ဆောင်သူများက နံမယ်ကြီးများမဟုုတ်ကြတာ၊ ၁၉၄၅ စစ်ပြီးကာလမှာ ထွက်လာတဲ့သည်ကားက စီးပွားရေးအရ အောင်မြင်ခဲ့တာ၊ ခရစ်ယာန်ဘုုန်းကြီးက ဂျာမန်တွေကုုိ ဆန့်ကျင်ပြီး တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းခဲ့တာ၊ လမ်းပေါ်လဲကျနေတဲ့ ပီနာ့အလောင်းဖော်ပြမူက အီတလီနုုိင်ငံ ရောမမြို့ရဲ့ သတ္တိကုုိဖော်ပြခြင်းနဲ့ ဆုုံးရူူံးခြင်းကုုိ ဖော်ကျူးတဲ့ မြင်ကွင်း ဆုုိတာတွေက သည်ကားတစ်ခုုလုုံးမှာ စီးဝင်နေတဲ့ အချက်များ ဖြစ်ပါကြောင်း။