Thursday, December 15, 2016

Book Review _ junior win _ Encyclopedia second edition

အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ - ဂျူနီယာဝင်း

ထုတ်ဝေသူ ဦးလှတိုး
ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး
ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ် ၂၀၁၆ ဧပြီ
ဒုတိယအကြိမ် ၂၀၁၆ နိုဝင်ဘာ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၃၅၀၀ကျပ်
စာမျက်နှာ ၄၁၆

ယခုစာအုပ်သည် ၂၀၁၆ခုနှစ်အတွင်း အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် ရိုက်နှိတ်ထုတ်ဝေ လိုက်ရသော စာအုပ်တစ်အုပ်ဖြစ်သည်။ စွယ်စုံကျမ်းကဲ့သို့သော လေးလံထိုင်းမှိုင်းဖွယ် ကောင်းသည့်စာအုပ်ကို စာဖတ်ပရိသတ်က လက်ခံပေးလိုက်ခြင်းသည် ၀မ်းသာစရာဖြစ်သည်။ ၂၀၁၁ခုနှစ်ကတည်းက စာအုပ်ငယ်ကလေးများ အဖြစ်ပရိသတ်ကို မိတ်ဆက်ပေးလာတာ ဖြစ်တာကြောင့် ယခု ၂၀၁၆မှာ ထိုစာအုပ်ငယ်များစုစည်းထွက်ရှိလိုက်ခြင်းသည် စွယ်စုံကျမ်း၏ အောင်မြင်မူ တစ်ခုဖြစ်သည်။ မူရင်းစာအုပ်တွင် မပါရှိသော မြန်မာပြည်နဲ့ ပတ်သက်သည့် အကြောင်းအရာများကို ဖြည့်စွက်ပေးထားခြင်း၊ ပုဂံရာဇ၀င်ထည့်သွင်းထားခြင်း၊ ရွှေတိဂုံဘုရားသမိုင်းကို စိတ်ဝင်စားဖွယ်ဖော်ပြထားမူ၊ နာဂစ်မုန်တိုင်းအကြောင်း၊ ကမ္ဘာတလွှားစိတ်ဝင်စားနေရသည့် စူပါမွန်းအပါအ၀င် ယနေ့ခေတ်တွင် ခေတ်မှီသော အကြောင်းအရာတစ်ခုဖြစ်လာသည့် Noise Pollution အကြောင်းများသည် စွယ်စုံကျမ်းအား မြန်မာပရိသတ်များ အာရုံစိုက်မိ လာစေသည့် အကြောင်းများ ဖြစ်လိမ့်မည်။ စာဖတ်သူများအနေနှင့် နိုင်ငံတကာတွင် နှစ်စဉ်ထွက်ရှိလျက်ရှိသော Encyclopedia စာအုပ်များအား စာအုပ်ဆိုင်များတွင် အင်္ဂလိပ်လိုရေးသားထားသည်များကို တွေ့ရှိပါက ယခုမြန်မာပြန်စာအုပ်ကို အားမကိုးတော့ပဲ အပြင်စာများကိုပါ ဖတ်ရူလေ့လာကြည့်ကြဖို့ စာရေးသူက သူ့အမှာစာတွင် တိုက်တွန်းရေးသားထားပါသည်။

Wednesday, November 23, 2016

Jw article _ three musketeers

ခေတ်တစ်ခေတ်၏ သူရဲကောင်းများ
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ်-292, 2016 Oct)

ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈၀၂-၁၈၇၀) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ၀တ္တုသည် သမိုင်းရာဇ၀င်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန်ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁၀) လက်ထက်ကို နောက်ခံထားထားသော ၀တ္တုကြီးဖြစ်သည်။ လူဝီ-၁၃၏ ၀န်ကြီးချုပ် ရစ်ချလူးသည် ၁၆၂၅ တွင် အာဏာရလာချိန်တွင် ဒါးတညန် အမည်ရှိ လူငယ်လေးက ပါရီသို့ ရောက်လာသည်။ ဒါးတညန် နှင့် ဘုရင့်သူရဲကောင်းသုံးယောက်ဖြစ်သော အော်သို၊ ပေါသို၊ အာရမီ တို့နှင့် တွေ့ဆုံခဲ့ကာ သူတို့လေးဦး စွန့်စားခန်းများဖြင့် ပရိသတ်များကို မိတ်ဆက်ပေးထားသည်။
ခေါင်းစဉ်အားဖြင့် သူရဲကောင်းသုံးဦးဟု တပ်ထားသည်။ ဒါးတညန်သည် နောက်မှ ပေါက်သောရွှေကြာပင် ဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွယ်ကာ ဓားရေးကျမ်းကျင်သော သူရဲကောင်းများအဖြစ် တိုင်းပြည်ကို ကာကွယ်ကြပုံများအဖြစ် မြင်တွေ့ကြရသော ၀တ္တုကြီးဟု ဆိုနိုင်ပါသည်။ သူတို့၏ ကြွေးကြော်သံမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟု ဖြစ်သည်။ သူတို့ထဲက တစ်ဦးဦး ဒုက္ခရောက်ပါက အားလုံးနဲ့ဆိုင်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ တစ်ဦးကိုတစ်ဦး အသက်ပေး၍ ကာကွယ်ပေးကြမည်ဟူသောသဘော ဖြစ်သည်။ ၀တ္တုကို ဘာကြောင့် The Four Musketeers သူရဲကောင်းလေးယောက်ဟု မတပ်သလဲဟု တွေးစရာဖြစ်သည်။ ဂျူးမားသည် သူရဲကောင်းသုံးယောက်ကိုသာ အဓိကထားလိုသည်ဟု မြင်သည်။ ဒါးတညန်သည် သူတို့ဘ၀ထဲကို နောက်မှ ၀င်လာသည့်လူတစ်ဦးဖြစ်ကာ၊ ဒါးတညန်ကို တူသားတစ်ဦးလို ချစ်ခင်ပြီး၊ သူလုပ်သမျှတွေကို ၀ိုင်းဝန်းကူညီပေးကြသူများအဖြစ် တွေ့မြင်ရသည်။ သို့သော် နောင်တစ်ချိန်တွင် ဒါးတညန်သည် သူတို့အား ဒုက္ခပြန်ပေးလိမ့်မည်ဟု စာဖတ်သူများပင် မရိပ်မိအောင် ဂျူးမားက ရေးသားနိုင်စွမ်းရှိပါသည်။
ဒါးတညန်သည် တော်ဝင်မိသားစုမှမွေးဖွားလာသူ အဓိကဇာတ်ကောင်အဖြစ် တွေ့ကြရသည်။ သူ၏အိပ်မက်က နန်းတော်မှာ သစ္စာရှိသူရဲကောင်းအဖြစ် အလုပ်အကျွေးပြုလိုသည်။ ဖခင်ဖြစ်သူက မိတ်ဆွေဟောင်းဖြစ်သော ပြင်သစ်သူရဲကောင်းများ၏ ကပ္ပတိန်ထံ စာတစ်စောင်ပေးကာ သူ့သားကို လွှတ်လိုက်သည်။ စာကို ဒါးတညန်လက်ထဲကနေ အခိုးခံလိုက်ရသည်။ ယင်းသည် နောက်ပိုင်း သူရဲကောင်းသုံးဦးနှင့် တွေ့ဆုံကြဖို့ ဇာတ်ကွက်များ ဖြစ်လာသည်။
ဂျူးမားသည် သူ၏သူရဲကောင်းများကို ယခုလိုပုံဖော်ရေးသားခဲ့သည်။ ဒါးတညန်က စူးရှထက်မြတ်သော အသက်၁၆နှစ်- ၁၈နှစ် အရွယ်သာသာ လူငယ်ကလေး၊ အော်သိုက စကားအပြောအဆိုနည်းပြီး၊ အရေးတကြီးစကားအပြောအဆိုနည်းပြီး၊ အရေးတကြီးကိစ္စများတွင်သာ လက်ဟန်ခြေဟန်၊ မျက်နှာရိပ် မျက်နှာကဲဖြင့်သာ အပြောအဆိုရှိသူ၊ ပေါ်သိုကတော့ အ၀တ်အစားဖက်ရှင်ကျကျ ၀တ်ဆင်ရတာ နှစ်သက်သူ၊ အာရမီကတော့ ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးအဖြစ် သူ့ဘ၀ကို တည်ဆောက်ချင်သူ စသည်ဖြင့် သူတို့၏ပုံပန်းများကို မှန်းဆကြည့်ရမည်ဖြစ်လေသည်။ သူတို့အားလုံး၏ တူညီသောအချက်က ဓားရေး အလွန်ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ သို့သော် အသက်အငယ်ဆုံး ဒါးတညန်သည် သူရဲကောင်းသုံးယောက်နှင့် ယှဉ်ခုတ်နိုင်သူအဖြစ် တွေ့ကြရသည်။
ဇာတ်လမ်းသည် ရှေးခေတ်နိုင်ငံရေးသမိုင်းဝင်အဖြစ်များကို ပြန်ပြောင်းမြင်ယောင်စေသည်။ ထိုခေတ်က သူရဲကောင်းတွေကသည်လိုပါလား ဟု အထင်ကြီးဖွယ်ဖြစ်အောင် ရေးသားထားသည်။ ၀တ္တုထဲတွင် မီလာဒင် ဟူသော အမျိုးသမီးဇာတ်ကောင်ပါသည်။ မီလာဒီသည် တစ်ချိန်တုန်းက အော်သို၏ဇနီးဖြစ်ခဲ့ဖူးပြီး၊ မကောင်းမှုများစွာကို လျို့ဝှက်စွာ ကျူးလွန်ခဲ့သူဖြစ်သည်။ နောက်တော့ ၀င်တာမြို့စားနဲ့လက်ထက်ခဲ့ကာ သူ့နောက်ကြောင်းကို မြှုပ်ထားသည်။ မြို့စားကွယ်လွန်သွားတော့ ကာဒိနယ်ရစ်ချလူးထံ သူလျှို၊ သတင်းပေး၊ လူသတ်စသော မကောင်းမှုများ လုပ်ပေးခဲ့လေသည်။
၁၈၅၄တွင် Twenty Years After (နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်) ဟူသော ၀တ္တုကြီး ထွက်ပေါ်လာသည်။ သူရဲကောင်းသုံးယောက်၏ အဆက်ဖြစ်သည်။ ဒါးတညန်နှင့် သူရဲကောင်းသုံးယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာခဲ့ကြပြီးနောက်၊ နှစ်ပေါင်းနှစ်ဆယ် ကြာပြီးနောက်၊ ၁၆၄၈-၄၉ ကျမှ ပြန်တွေ့ကြလေသည်။ ၄င်းတို့သည် ထိုကာလအတွင်း အင်္ဂလန်နိုင်ငံ၏ ပြည်တွင်းစစ်ထဲ ပါဝင်လှုပ်ရှားကြပုံများဖြစ်သည်။
ဂျူးမားသည် လွန်ခဲ့သောနှစ် ၂၀ကျော်က သမိုင်းဝင်အဖြစ်အပျက်များနှင့် ယခုနောက်နှစ်၂၀ကြာပြီးနောက် ပြောင်းလဲသွားသော နောက်ခံသမိုင်းအကြောင်းများကို အချိတ်အဆက်မိမိ ရေးသားသွားသည်။ ဘုရင်လူဝီ-၁၅၏ ကလေးဘ၀၊ အင်္ဂလန်ပြည်တွင်းစစ် အဆုံးသတ်၊ တော်လှန်ရေးကို ဦးဆောင်သူ အော်လီဗာခရွန်းဝဲလ်၏ အောင်မြင်မှုများရဖို့ ဦးတည်လာပုံ၊ ဘုရင် ချား (၁) ကွပ်မျက်ခံရပုံ၊ ပြင်သစ်နိုင်ငံမှ သမိုင်းဝင်အဖြစ်များကို တွေ့ကြရသည်။
ဇာတ်အိမ်သည် နိုင်ငံရေးအရရော၊ သမိုင်းအရပါ ရှုပ်ထွေးလှသည်။ သြစတြီးယားဘုရင်မ အမ်၊ ၀န်ကြီးချုပ် မာဇာရင်၊ ဘာစ်တီးအကျဉ်းထောင်မှ လူဝီ-၁၃ ၏ သစ္စာခံ ကာဒီနယ်ဒီရစ်ချလူးတို့အပြင် မိခင်ဖြစ်သူ မီလာဒီ သေဆုံးမှုအတွက် လက်စားချေဖို့ စိတ်အားထက်သန်နေသူ သားဖြစ်သူက အော်သိုကို လက်တုံ့ပြန်မှုများက စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းများ ဖြစ်သည်။
ဝတ္တုကြီးထဲတွင် စစ်ပွဲအတွင်း ဒါးတညန်၊ ပေါ်သိုတို့ကတစ်ဖက်၊ အာရာမီနှင့် အော်သိုက တစ်ဖက် ဖြစ်ခဲ့သော်လည်း၊ စစ်မြေပြင်တွင် သူတို့လေးဦးဆုံတွေ့သောအခါ ပြန်လည်ပေါင်းစည်းမိကြကာ ဘုရင်ချား (၁) ဘက်က တိုက်ခဲ့ကြသည်။ ဘုရင်ချား (၁) ကွပ်မျက်ခံရမည့် ကိစ္စတွင် ကယ်တင်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ပဲ သူတို့ပြင်သစ်သို့ ပြန်လာကြသည်။ နောက်ဆုံးခန်းတွင် ဒါးတညန်က ပါရီတွင် နေရစ်ကာ ဘုရင့်အမှုတော်ထမ်းသည်။ အော်သိုနဲ့ပေါ်သိုတို့က သူတို့နေရပ်သို့ ပြန်သွားသည်။ အာရာမီက ဘုရားရှိခိုးကျောင်းတွင် ဘုန်းတော်ကြီးလုပ်သည်။
ထိုဝတ္တုသည် ဂျူးမားရေးသားသော ၀တ္တုတွေထဲမှာ ဖတ်လို့အကောင်းဆုံးအဖြစ် ခံစားမိသည်။ ထပ်ကာတလဲလဲပြန်ဖတ်ချင်သည်။ ဂျူးမားသည် သူဖန်တီးသော ထိုသူရဲကောင်းများကို စာဖတ်သူများအား သံယောဇဉ်ဖြစ်သွားအောင်၊ ချစ်ခင်သွားအောင် ပြုစားလိုက်သော အရေးအသားများအဖြစ် မှတ်ကျောက်တင်ရမည်ဖြစ်လေသည်။ ထိုကဲ့သို့သော စာဖတ်သူများအား ဆွဲဆောင်လိုက်သော၊ သူတို့ကို သံယောဇဉ်ဖြစ်ကာ သက်ရှိလူသားများ၊ သူရဲကောင်းများသဖွယ် ဖြစ်သွားရသော သူတို့ကိုTwenty Years After ပြီးနောက် ဘာများဆက်ရေးလေမလဲ စိတ်ဝင်တစား ရှိလာကြစဉ်မှာ နောက်ဝတ္တုထွက်ပေါ်လာသည်။ ထိုဝတ္တုသည် စာဖတ်သူများ၏ နှလုံးသားကို ကွဲကြေသွားစေခြင်းသည် ဂျူးမား၏ The Three Musketeers ကနေ ဆွဲယူလာသော ရည်ရွယ်ချက်များ ဖြစ်လေမလားဟု သံသယဖြစ်ခဲ့ရပါသည်။
Twenty Years After ပြီးနောက်သိပ်မကြာမီမှာပင် ဂျူးမား၏ The Man In The Iron Mask (သံခေါင်းစွပ်မင်းသား) ၀တ္တုကြီး ထွက်ပေါ်လာသည်။ ယင်းတွင် သူရဲကောင်းသုံးယောက်နှင့် ဒါးတညန်တို့ကို ၁၆၆၁ ခုနှစ်တွင် ပြန်လည်တွေ့ကြရပုံဖြစ်သည်။ သူတို့၏ ကြွေးကြော်သံ One for All, All for One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဖြင့် ပြန်လည်အသက်သွင်းပေးလိုက်သည်ဟု ဆိုနိုင်သည်။ ဇာတ်လမ်းထဲတွင် ဒါးတညန်နဲ့ သူ့ရဲဘက်တွေက အခုနောက်နှစ် ၃၅ နှစ်ကြာမှာ ပြန်တွေ့ကြတော့ သူတို့ဘာတွေ ဖြစ်နေကြပြီလဲဟု စိတ်ဝင်စားဖွယ် ဖြစ်စေသော ဇာတ်လမ်းဖြစ်သည်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်း အရွယ်ရောက်နေကြပြီဖြစ်သော သူရဲကောင်းသုံးယောက်အနက် အာရာမီကတော့ ဘုန်းတော်ကြီး၊ ပေါ်သိုက ချမ်းသာသော မြို့စားကြီး၊ အော်သိုက သားဖြစ်သူ သူရဲကောင်း ရာအို နဲ့အတူတကွ နေထိုင်လျက်ရှိကာ၊ ယခုအခါ အသက် ၅၀ နီးပါးအရွယ် ရှိနေသည့် ဒါးတညန်က ဘုရင်လူဝီ-၁၄၏ ကိုယ်ရံတော်ဖြစ်နေကာ သူရဲကောင်းများ၏ ကပ္ပတိန်ဖြစ်နေသည်။
ဇာတ်လမ်းအရရော၊ သမိုင်းအရပါ လူဝီ-၁၄က အသက် ၂၀ အရွယ်မှာ ထီးနန်းရသည်။ ၀တ္တုထဲတွင် သူမွေးကာစတုန်းက လူဝီ-၁၄မှာ သူနှင့်ချွတ်စွပ်တူသော အမြွှာလူဝီတစ်ယောက် ရှိခဲ့ပြီး၊ ၄င်းသည် မွေးခါစကတည်းက ထီးနန်းပြဿနာဖြစ်မည်စိုးကာ ဘာစတီးအကျဉ်းထောင်ထဲ သံခေါင်းစွပ်ထားကာ  အသက်ရှင်နေခဲ့ရသည်ဟု ဂျူးမားက ဖန်တီးရေးသားထားသည်။ ယခုအခါ ထိုအမြွှာလေးသည် အသက် ၂၀ အရွယ်ရောက်နေပြီဖြစ်သည်။ တိုင်းပြည်ကို ကောင်းစွာမအုပ်ချုပ်သော လက်ရှိဘုရင်လူဝီ-၁၄ကို ထီးနန်းချပြီး၊ ထိုသံခေါင်းစွပ်မင်းသားလေးကို ထီးနန်းတင်ဖို့အကြံကို သူရဲကောင်းအာရာမီက ကြံစည်သည်။ အာရာမီနှင့်အတူ ပေါ်သိုက ပူးပေါင်းခဲ့သည်။ ယင်းအဖြစ်သည် ဘုရင့်အမှုတော်ထမ်း ဒါးတညန်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ အော်သိုတို့သားအဖမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို သစ္စာရှိစွာဖြင့် ထိုကိစ္စထဲ ၀င်ပါလာသည်။
ဝတ္တုကြီးသည် အလွန်ရှုပ်ထွေးသော နိုင်ငံရေးဇာတ်အိမ်ကြီးဖြင့် တည်ဆောက်ထားသည်။ ဖတ်လို့တော့ အတော်ကောင်းသည်။ သို့သော် နောက်ဆုံးတွင် သူရဲကောင်းသုံးယောက်မှာ တိုင်းပြည်ကို သစ္စာဖောက်သူများဟူသော တံဆိပ်တပ်ခံရသည်။ ဒါးတညန်ဦးဆောင်သော သူရဲကောင်းစစ်တပ်၏ အ၀ိုင်းခံလိုက်ရကာ၊ သူရဲကောင်းသုံးယောက်ထဲက ခွန်အားဗလကြီးမားဆုံး ပေါ်သိုက အရင်သေသည်။ နောက်တော့ အော်သို သေသည်။ ဒါးတညန်သည် နောက်ဆုံးတော့လည်း One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို ရင်ထဲမှာပဲ သိမ်းထားလိုက်ရသည်။ သူ့မိတ်ဆွေများကို ကယ်တင်ဖို့ မအောင်မမြင်ဖြစ်သွားသည်။ နောက်ဒါးတညန်သည် ဘုရင့်အမှုတော် တာဝန်ဆက်ထမ်းရင်း သေဆုံးသွားသည်။ ဇာတ်သိမ်းမှာတော့ ပြဿနာကိုစခဲ့သူ အာရာမီတစ်ဦးသာ ကျန်ရစ်ခဲ့သည်။
The Three Musketeers မှသည် ယခုနောက်ဆုံးဝတ္တုကြီးအထိ သူရဲကောင်း ဇာတ်လမ်းများကို အသေးစိတ် သုံးသပ်ကြည့်ပါက၊ သူရဲကောင်းများသည် ဘုရင်အဆက်ဆက် အမှုထမ်းနေကြသော သစ္စာရှိသူရဲကောင်းများဖြစ်ကာ၊ ၄င်းတို့သည် တိုင်းပြည်အရေးထက် ဘုရင်တွေရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းရေးပြည်ရေးနဲ့မဆိုင်တဲ့ လူမှုရေးကိစ္စများကိုသာ အသက်ပေးပြီး၊ လုပ်ဆောင်နေကြသူများဖြစ်သည်ဆိုတာကို ပြသသွားသည်ဟု ဆိုရမည်။ ယခု The Man In The Iron Mask မှာ အသိသာဆုံး ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးဝံ့လေသော သူရဲကောင်းကြီး ဒါးတညန်ဟာ နောက်ဆုံးတော့လည်း ဘုရင်လူဝီရဲ့လူမှုရေးကိစ္စများနဲ့ ခိုင်းစေသမျှကို အသက်ဆုံးသည်အထိ လုပ်ပေးသွားသူအဖြစ် မြင်ကြရသည်။ ဘုရင်လူဝီ-၁၄ သည် စာဖတ်သူများ၏ ဟီးရိုးကြီး ဒါးတညန်ကို - မင်းဟာ နောက်ဆုံးတော့လည်း ငါ့ကိုယ်ရံတော်ဆိုတဲ့ ရာထူးမက်တဲ့ သာမန်လူတစ်ယောက်ပါပဲလား - ဟု ရယ်သွမ်းသွေးသွားတာကို ရင်နာနာနဲ့ စာဖတ်သူများ လက်ခံလိုက်ရခြင်းသည် ဂျူးမား၏ စာဖတ်သူများကို ပေးလိုက်သော မက်ဆေ့ခ်ျတစ်ခု ဖြစ်လေသည်။ သူရဲကောင်းလေးဦးရဲ့ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံသည်လည်း ငယ်ငယ်တုန်းက သီဆိုခဲ့သည့် စိတ်ကူးယဉ်တီးလုံးပမာ ပျက်ပြယ်သွားရလေသည်။
Man In The Iron Mask သည် အမှန်တော့ သူရဲကောင်းများဇာတ်သိမ်းဟု ဆိုရမည်ဖြစ်ပါသည်။ ၀တ္တုကို လေ့လာသုံးသပ်ကြည့်ပါ ‘သံခေါင်းစွပ်နဲ့လူ’ ဆိုတာ ဘာမှအရေးမပါလှပါ။ လွမ်းမောဖွယ် အချစ်ဇာတ်လမ်း၊ စွန့်စားခန်း၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာ အစရှိသော  အဖြစ်အပျက်များသည်သာ မှတ်ကျောက်တင် ကျန်ရစ်မည် ဖြစ်ပါသည်။ စာရေးဆရာကြီး ဂျူးမားသည် သူမွေးဖွားခဲ့သော သူရဲကောင်းများကို နောက်ဆုံးဇာတ်သိမ်းမကောင်းစွာ အဆုံးသတ်ပေးလိုက်ပါသည်။ တိုင်းပြည်ရဲ့ သူရဲကောင်းလို့ ကြွေးကြော်နေကြသူတို့ဟာ အမှန်တော့ တိုင်းပြည်ကောင်းစားဖို့ထက် အုပ်ချုပ်သူဘုရင်တွေ၊ ဘုရင်မတွေရဲ့ လူမှုရေးကိစ္စများနဲ့သာ အချိန်ကုန်ပြီး၊ အသက်စွန့်နေကြသူတွေသာ ဖြစ်ပါတယ်လို့ စာရေးဆရာကြီး ဂျူးမား၏ The Three Musketeers uae The Man In The Iron Mask အထိ သူရည်ရွယ်ချက်ရှိရှိ ဖန်တီးမွေးထုတ်ခဲ့တဲ့  သူရဲကောင်းတွေကို သူ့လက်နဲ့ပဲ သူဇာတ်သိမ်းခဲ့သော အဆုံးသတ်ကတော့ စာဖတ်သူများ၏ နှလုံးသားအား ကလောင်တံဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်ပါတော့သည်။

ဂျူနီယာဝင်း

Sunday, November 6, 2016

Book REview - DrKMW - Maths Nyan San Paung Choke

သချာင်္တွက်နည်းနှင့် အဖြေများပေါင်းချူပ်- ဒေါက်တာခင်မောင်ဝင်း (သချာင်္)
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆

ပထမအကြိမ် ၂၀၁၆ အောက်တိုဘာလ
ထုတ်ဝေသူ – ဦးလှတိုး
ရန်အောင်စာပေ ။တိုက်၁၇ အမှတ် ၂၃ ရွှေအုန်းပင်အိမ်ရာ။အနောက်ရန်ကင်း။
ဖြန်ချိရေး – ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး။ ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၃၀၀၀ကျပ်
မျက်နှာဖုံးဒီဇိုင်း – ထက်အာကာကျော်
စာမျက်နှာ – ၃၂၈
အပိုင်းအားဖြင့် မာတိကာ ၃ပိုင်း၊ တွက်နည်းနှင့်အဖြေ အပိုင်း ၃ပိုင်း ပါရှိသည်။ Academic Weekly Educational Journal တွင် အပတ်စဉ်ပါဝင်ခဲ့သည်များ မေးခွန်းနှင့်အဖြေများ စုစည်းမူဖြစ်သည်။ ရန်အောင်စာပေမှ စာအုပ်ငယ်လေးများ ၃အုပ် ခွဲပြီး ထွက်ပြီးသားများကို ပြန်လည်စုစည်းကာ ပေါင်းချူပ် ထုတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ပုစ္ဆာတိုင်းတွင် အဖြေရောက်ဖို့ စဉ်းစားနည်းများကို စဉ်းစားပြထားသည်။ ကိုယ့်ဘာသာ စဉ်းစားလည်းရသည်။ စဉ်းစားနည်းများအတိုင်း လိုက်စဉ်းစားပြီး အဖြေထုတ်လို့ရသည်။ အဖြေလည်းပါတာကြောင့် ကိုယ့်အဖြေနှင့်တိုက်ကြည့်လို့ရသည်။ ပုစ္ဆာများမှာ အလျားအနံပုစ္ဆာများ၊ လူမူရေးပုစ္ဆာများ၊ ဂျီသြမေတြီပုစ္ဆာများ၊ ဗဟုသုတဆိုင်ရာ ပုံများ၊ စသည်ဖြင့် စုံလင်သော မေးခွန်းအဖြေများ ပါဝင်ထားပါသည်။

Book Review - KMC - Uyawpa Sarpay

ခင်မျိုးချစ် – ဥရောပစာပေ
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၄၊ ၂၀၁၆

ပထမအကြိမ် – ၁၉၇၀ အရုဏ်ဦးစာပေ
ဒုတိယအကြိမ် – ၂၀၀၃ မတ် သိဒ္ဓိစာပေ
တတိယအကြိ မ် – ၂၀၁၆ အောက်တိုဘာ ကံ့ကော်ဝတ်ရည်စာပေ
ထုတ်ဝေသူ – ဦးကျော်ဇင် ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ် ရန်ကုန်
အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်
ဖုန်း – ၀၁ ၈၆၁၇၄၄။ ၀၉ ၂၅၀၀၁၂၃၄၈။၀၉ ၇၃၀၄၁၁၃၇။
email – kantkawwutyee@gmail.com
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၃၀၀၀ကျပ်
မျက်နှာဖုံး- ၀င်းမြင့်ဦး
ဥရောပစာပေ – ရှေးခေတ်နှင့် အလယ်ခေတ် ဘီစီ ၅၀၀မှ အေဒီ ၁၅၀၀ ဟု အမည်ပေးထားသော စာအုပ်ဖြစ်သည်။ အပိုင်း ၅ပိုင်းပါဝင်သည်။ ရှေးသူဟောင်းတို့၏ စိတ်ကူး၊ ရှေးဟောင်းဂရိစာပေ၊ လက်တင်စာပေ၊ အလယ်ခေတ် ဥရောပစာပေ၊ အလယ်ခေတ်နိဂုံး တို့ဖြစ်သည်။ စာရေးသူ၏ ယဉ်ကျေးမူ ပေါင်းကူးတံတား ဟုအမည်ပေးထားသော အမှာစာပါဝင်သည်။ စာရေးဆရာသည် သူ့ကိုယ်သူ ယဉ်ကျေးမူ ပေါင်းကူးတံတား ဖြစ်နေပါလားဟု ပြောမိသည်။ မြန်မာစာကို အသုံးချ၍ ကလောင်ကိုင်ကာ ကောင်းနိုးရာရာ ၀တ္တုဆောင်းပါးများကို ရေးလာသည်။ အင်္ဂလိပ်စာကို အသုံးချ၍ု မြန်မာကို ကမ္ဘာကသိရမည် ဟူသော ရည်ရွယ်ချက်ပန်းတိုင် ကို မျော်မှန်းကာ ကြိုးစားလျက်ရှိသည်။ ထို့အတွက် သူသည် ယဉ်ကျေးမူပေါင်းကူးတံတား အဖြစ်သူ့ကိုယ်သူ ခေါ်မိသည်။ ယခုလည်း ဥရောပစာပေထုပ်ကို ထမ်း၍ မြန်မာစာဖတ်ပရိသတ်လက်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ စာပေပေါင်းကူးတံတားပေါ်မှာ အသွားအလာ စည်ကားပါစေသတည်းဟု စာရေးဆရာက ဆုတောင်းမေတ္တာပို့ထားတာ တွေ့လိုက်ရပါသည်။

Junior Win - Articleဖိနပ်စီးလျက် သေဆုံးသွားသူများ

ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုံးသွားသူများ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၆

၂၀၁၆ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ခရီးသည် ၃၀၀လောက်သယ်ဆောင်လာတဲ့ အမြန်ရေယာဉ်တစ်စင်းဟာ မြန်မာနိုင်ငံ ချင်းတွင်းမြစ်ထဲမှာ မနက်စောစော ၅နာရီအချိန်ခန့်က နစ်မြုပ်သွားတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။ ဖြစ်တာက လွန်ခဲ့တဲ့ ၁၀ရက်လောက်ကပါ။ သယ်ဆောင်သင့်တဲ့ ခရီးသည်ပမာဏထက် လူ ၁၀၀ကျော်အပိုသယ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကြားဖူးနေကြ သတင်းပို့ချက်ကိုလဲ ဖတ်လိုက်ရပါတယ်။
ရေယာဉ်ဖယ်ရီပေါ်မှာ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုပ်သမားတွေ၊ ဆရာဝန်တွေ လိုက်ပါသွားတာ ဖြစ်တယ်လို့ဆိုတယ်။ ပြောတော့ ပြောကြပါတယ်။ ဒီလိုရေယာဉ် အဲဆီးဒင့်တွေက မြန်မာပြည်မှာ ဖြစ်နေကျပါတဲ့။ ဒါပေမယ့် ကမ်းရိုးတန်း၊ ကမ်းနားမှာ နေထိုင်သူတွေက တခြားရွေးစရာမှမရှိတာ။ နေ့စဉ် အန္တရယ်များတဲ့ ခရီးကိုသွားနေကြရတာ။ သူတို့တွေဟာ ညံ့ဖျင်းတဲ့ ခရီးသွားစနစ်ရယ်၊ အလွန်အကျွံသယ်ဆောင်တဲ့ ခရီးသည်တင် အမြန်ရေယာဉ်ရယ်နဲ့ နေ့စဉ်နှစ်ပါးသွားနေကြရတာ ဘယ်လို လုပ်မလဲ။ သူတို့ရဲ့ နေ့စဉ်ဘ၀ကို အသက်ကို ဖက်နဲ့ထုတ်ပြီး တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေနဲ့ ယှဉ်လို့ရပါတယ်။
ဒီလူတွေမှာ တဖက်ကမ်းကို အသက်ရှင်ရက်ရောက်သွားရင်ကိုပဲ မဟာကံထူးရှင်တွေလို့ သတ်မှတ်ရမှာပဲ။ အဲသည်လိုမဟုတ်ရင်တော့လို့ …. စဉ်းတောင်မစဉ်းစားရဲပါဘူး။ ၁၅၄ယောက် အသက် ပြန်လည်ကယ်တင်နိုင်ခဲ့တယ်ဆိုတယ်။ အသက်ရှင်လာပေမယ့် သူတို့မှာ သူတို့ချစ်တဲ့ မိသားစုဝင်တွေ ရေယာဉ်မှောက်တဲ့ထဲ ပါသွားလို့ သူတို့ရဲ့ကြေကွဲဝမ်းနည်းစကားသံတွေကို ကြားလိုက်ရတာ စိတ်မကောင်းလိုက်တာ။ ချင်းတွင်းမြစ်ရိုးတလျောက် ပျောက်ဆုံးနေသူတွေ ပြန်တွေ့ရနိုးနဲ့ စောင့်စားနေသူတွေရှိနေသေးတယ် လို့ဆိုပါတယ်။ လူ၃၀ကျော် အလောင်းတွေ ပြန်ရတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားပြီး ကျန်ရှိနေသေးတဲ့ ခရီးသည်တွေကို တွေ့လိုတွေ့ငြား ရှာဖွေနေဆဲပါပဲ။ အသက်ဆုံးသူ ၁၀၀ကျော်သွားနိုင်တယ်လို့ ထိတ်လန့်ဖွယ်သတင်းဟာ ကြားရသူတိုင်း စိတ်မချမ်းသာဖြစ်ကြရတယ်။
မေမေကြီးဒေါ်ခင်မျိုးချစ်ကို သတိရတယ်။ မေမေကြီးပြောမယ့်စကားတစ်ခွန်းကို ကျွန်မက ကိုယ်စားပြောတာပေါ့။ စစ်ပွဲတွေထဲ တိုက်ပွဲဝင်နေကြတဲ့သူတွေဟာ အသေအကြေ တိုက်နေကြရတော့ သူတို့စီးတဲ့ ဘွတ်ဖိနပ်ကိုတောင် မချွတ်နိုင်ပဲ ဖိနပ်စီးလျက် သေဆုံးသွားကြရတယ် ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားတစ်ခု ရှိတယ်။ ဖိနပ်စီးလျက်နဲ့ သေဆုံးသွားကြရတယ်လို့ ဆိုလိုက်ရင် သူတို့ဟာ တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြရတယ် သတ္တိရှိတယ်၊ သူတို့ဟာဖြင့် တိုက်ပွဲဝင်ရင်းနဲ့ သေဆုံးသွားကြပါလား လို့အဓိပ္ဗ်ါယ်ပေါက်တယ်။ သည်လိုပဲ ကျွန်မတို့်တိုင်းပြည်က ပင်လယ်ကမ်းနားဒေသတွေမှာ နေုထိုင်နေကြသူတွေဟာ အသက်ကိုဖက်နဲ့ထုတ်ပြီးတော့ အန္တရာယ်များတဲ့ ခရီးကို နေ့စဉ်ထွက်နေကြရတယ်။ အခုလို အဖြစ်ဆိုးမျိုးကို တစ်နေ့ကြုံကြမှာ သိရက်နဲ့ပဲ သွားလာနေကြရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်ကြောင့် အဖိုးတန် အသက်တွေဆုံးရှူံးကြရတယ်။ သူတို့ဟာ ဖိနပ်စီးလျက် သေဆုံးသွားကြရတယ်။
ရေယောဉ်မှောက်ရာမှ ကွယ်လွန်သွားကြသူများ ကောင်းရာသုဂတိလားကြပါစေ။
(၂၀၁၆ အောက်တိုဘာ ၁၅ ရက်တုန်းက ရေယာဉ်မှောက်လို့ အသက်ဆုံးရသူများအတွက် ၀မ်းနည်းမှတ်တမ်းပါ။ အသက်ဆုံးရသူများ၏ မိသားစုများအတွက် စိတ်မကောင်းဖြစ်ရပါတယ်။)

Thursday, September 29, 2016

ဒ်ေက်တာဂျက်ကယ်နှင့်မစတာဟိုက် junior win

ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်
ဂျူနီယာဝင်း (အတွေးအမြင်-အမှတ်၂၉၀)

Robert Louis Stevenson (1850-1894) ရေးသားခဲ့သော Strange Case of Dr. Jekyll and Mr. Hyde (ဒေါက်တာ ဂျက်ကဲလ် နှင့် မစ္စတာဟိုက်) ၀တ္တုသည် ၁၈၈၆ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ စာရေးဆရာသည် အဆုတ်ရောဂါပြင်းထန်စွာ ခံစားနေရစဉ်ကာလအတွင်း  ထုတ်ဝေသူ၏ တောင်းဆိုမှု၊ သူကိုယ်တိုင်အတွက်လည်း ငွေရေးကြေးရေး အခက်အခဲ ရင်ဆိုင်နေရစဉ်မှာ ထိုဝတ္တုကို ရေးသားခဲ့သည်။ ၀တ္တုသည် သိပ္ပံပညာရပ်ဆန်ဆန် ထူးခြား ဆန်းကြယ်ရုံမက တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်သည်။
ဝတ္တုထဲတွင် ဒေါက်တာဟင်နရီဂျက်ကဲလ် (Henry Jekyll) ကို လူကြီးလူကောင်းတစ်ဦး၊ ဆရာဝန်တစ်ဦးအဖြစ် မိတ်ဆက်ထားသည်။ အဓိကဇာတ်ကောင် နောက်တစ်ယောက်မှာ လန်ဒန်မြို့က ရှေ့နေဂါဘရီရယ်ဂျွန်အက်တာဆင် (Gabrial Utterson) ဖြစ်သည်။ ဒေါက်တာဂျက်ကဲလ်သည် သူ၏ မူလရုပ်သွင်ဖြစ်သော အေးဆေးတည်ငြိမ်သော ဆရာဝန်တစ်ဦး ရုပ်သွင်ကနေ ဆိုးရွားယုတ်မာသော စိတ်ရိုင်းရှိရုံမက ရုပ်ရည်ရူပကာ ဆိုးရွားကြမ်းတမ်းသော လူကြမ်းကြီးတစ်ယောက်အသွင်အပြင်ကို ပြောင်းပစ်နိုင်သည့်ဆေးတစ်မျိုးကို တီထွင်နို်င်ခဲ့သည်။ ထိုလူကြမ်းအသွင်ဖြစ်သွားသော သူအဖြစ်မစ္စတာဟိုက် (အက်ဒ်ဝက်ဒ်ဟိုက်) (Edward Hyde) ကို တွေ့ရမည်ဖြစ်သည်။ ဒေါက်တာဂျက်ကဲလ်နှင့် မစ္စတာဟိုက်တို့ကြားက ထူးဆန်းသော ဆက်သွယ် ချက်ကို ရှေ့နေဖြစ်သူ အက်တာဆင်က စုံစမ်းထောက်လှမ်းမှုများဖြင့် ဇာတ်လမ်းဖွဲ့ထားသည်။
ဒေါက်တာဂျက်ကဲလ်သည် ဆေးသောက်ပြီး ပြောင်းသွားသည့် စိတ်ရိုင်းဝင်သွားသော မစ္စတာဟိုက်အသွင်ဖြင့် လန်ဒန်မြို့က လမ်းတွေပေါ်မှာ မိမိ၏စိတ်များကို အဆုံးစွန်အထိ ရူးသွပ်ကာ မိုက်ရိုင်းသောအပြုအမှုများ လုပ်သွားရုံမက လူသတ်မှုများပင် ကျူးလွန်ခဲ့သည်။ ပြီးလျှင် ဖြေဆေးကို ပြန်သောက်ကာ လူအများချစ်ခင်သော ဒေါက်တာဂျက်ကဲလ်အဖြစ် ပြန်နေသည်။ သို့သော် သူ တီထွင်လိုက်သောဆေး၏ တုန့်ပြန်မှုများကို မကာကွယ်နိုင်ခြင်း၊ သူ့ကိုယ်ထဲ ၀င်လာသော မကောင်းဆိုးဝါး မစ္စတာဟိုက်၏ လွှမ်းမိုးမှုအောက်က မရုန်းထွက်နိုင်ခြင်း၊ ဟိုက်၏အသွင်ကို မတားဆီးနိုင်တော့ခြင်းများတို့ကြောင့် အသက်ဆုံးသွားရသည်။ မကောင်းဆိုးဝါးအသွင်ဖြင့် သေဆုံးသွားစဉ်မှာ သူကိုယ်တိုင်ရေးသားခဲ့သော ဖြောင့်ချက်ကြောင့် သူ့ဘ၀ အမှန်တရားကို လူအများ သိသွားရလေသည်။
Robert Louis Stevenson သည် သူငယ်စဉ်က ကြားခဲ့ဖူးသော Edriburge မြို့စား William Bordie ၏ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားခဲ့တာဖြစ်သည်။ William Bordie သည် ရိုးသားပြီး စိတ်ကောင်းရှိသူတစ်ဦး အဖြစ်လည်းကောင်း၊ တစ်ဖက်တွင် တရားမ၀င်သော ဒုစရိုက်အမှောင် လုပ်ရပ်များကို ကျူးလွန်သူအဖြစ်လည်းကောင်း ဘ၀နှစ်ခု၊ အိမ်ထောင်နှစ်ခု တည်ထောင်ကာ လျှို့ဝှက်စွာ နေထိုင်ခဲ့သူ ဖြစ်သည်။ Bordie သည် သူ့အပေါင်အပါများနှင့် ဘဏ်ပိုက်ဆံများ ခိုးထုတ်၊ ရတနာရွှေငွေများ  ခိုးယူရင်း တဖြည်းဖြည်းနှင့် လူဆိုးများနှင့် ပူးပေါင်းရင်း မထိန်းနိုင်ဖြစ်လာသည်။ Bordie က အမှန်တော့ John Gay ရေးသားသော ကပ္ပတိန် Macheath ၀တ္တုကြီးကို အားကျပြီး အဲသည်လို နေထိုင်ဖို့ စိတ်ကူးရလာသည်ဟု ဆိုသည်။ ၀တ္တုထဲက ကပ္ပတိန်ကတော့ လူရမ်းကား (ဗီလိန်) လူဆိုးတစ်ဦးဖြစ်ကာ ဥပဒေကို ယဉ်ကျေးစွာ ရှောင်လွှဲနေထိုင်သူ တစ်ယောက်ဖြစ်ပါသည်။ Bordie ကတော့ ထိုဘ၀ကို သဘောကျကာ ဘ၀နှစ်ခု ဖန်တီးခဲ့တာ ဖြစ်လေသည်။ Bordie သည် နောက်ဆုံးတွင် အမေရိကသို့ ထွက်ပြေးဖို့ ကြိုးစားစဉ် အဖမ်းခံလိုက်ရကာ သူ့ဘ၀အစစ်အမှန် ပေါ်သွားသည်။ သြစတြီးယားရှိ Botany ပင်လယ်အော်နားတွင် ကြိုးဆွဲချသတ်မိန့်ကျစဉ် သူ့သမီးတစ်ဦးသာ သူမသေခင် လာတွေ့သွားလေသည်။ Robert Louis Stevenson သည် ဘ၀သေဆုံးသွားသူ Bordie ဇာတ်လမ်းကို ထပ်မံအသက်သွင်းခဲ့တာ ဖြစ်ပါသည်။
Dr. Jekyll and Mr. Hyde ၀တ္တုကြီးကို ရုပ်ပြအင်္ဂလိပ်စာပေတွင် Illustrated Classice အဖြစ် ငယ်စဉ်က ဖတ်ခဲ့ဖူးသည်။ Dr. Jekyll ၏ ရုပ်ရည်ကို ချောမောပြေပြစ်သောအသွင် ရေးဆွဲထားကာ ပြောင်းလဲသွားသော Mr. Hyde ကို လူ့ဘီလူးကြီးသဖွယ် ဖော်ပြခြယ်မှုန်းထားသည်။ ဒေါက်တာဂျက်ကယ်လ်သည် လူ့ယဉ်ကျေးမှု၊ လူအလေးစားခံပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း၊ သူ့အတွင်းစိတ်သည် လူ့သဘာဝအလျောက် ပြောမထွက်သော စိတ်ခံစားမှုများ၊ ပေါက်ကွဲမှုများနှင့် အပြည့်ဖြစ်နေသည်။ ထိုမကောင်းသောစိတ်နှင့် ကောင်းသောစိတ်ကြား လွန်ဆွဲမှုတွင် မကောင်းဆိုးဝါးကသာ သူ့ကို ၀ါးမျိုသွားရပုံကို ဖော်ညွန်းခြင်းသည် စာရေးဆရာ၏ အဓိကဆိုလိုရင်း ဖြစ်ပုံရသည်။
Robert Louis Stevenson သည် ဒေါက်တာဂျက်ကဲလ်ကို ပုံဖော်ရာတွင် “ သူက အသက် ၅၀ အရွယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး မျက်နှာချောမွေ့တဲ့ ရုပ်ရည်ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ရုပ်သွင်ဟာ တစ်ခုခုကို ကြံစည်နေတဲ့ပုံတော့ နည်းနည်းပေါက်တယ်” ဟု ဆိုထားသည်။ သူဟာ မကောင်းတဲ့စိတ်တော့ နည်းနည်းဝင်စီးနေတဲ့ ပုံသဏ္ဍာန်ရှိပြီး မကောင်းမှုနဲ့ကောင်းမှုဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုကြားမှာ လွန်ဆွဲနေပုံရတဲ့ ဟန်ပန်ကိုပေါ်အောင် ရေးဖွဲ့ထားသည်။ ဒေါက်တာဂျက်ကဲလ်ဟာ သူနဲ့ဘာမှမသက်ဆိုင်ဘူးလို့ ယူဆရတဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေ လုပ်ဖို့အတွင်းမှာ အားပေးနေတာကို ကြာရှည်မထိန်းသိမ်းနိုင်တာကြောင့် သူ့ရုပ်သွင်ကို မကောင်းဆိုးဝါးဟန် ဖန်တီးရယူကာ မကောင်းမှုတွေ ကျူးလွန်ခဲ့ရပုံကို ဒေါက်တာဂျက်ကဲလ်၏ စိတ်တွင်းအားပြိုင်မှုများကို တွေ့ရသည်။ သူဟာ မစ္စတာဟိုက်အဖြစ် သူယုတ်မာအသွင် ပြောင်းသွားချိန်မှာ သူ့ရုပ်သွင်ဟာ ဘီလူးကြီးလို ကြမ်းတမ်းပြီး တန်ခိုးပါဝါဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်။
ဒါဟာ ဘာကိုပြချင်တာလဲဆိုတော့ လူသားတစ်ဦး၏ စိတ်တွင်းမှာ မကောင်းမှုနှင့် ကောင်းမှုဟာ မကြာခဏဆိုသလို တိုက်ပွဲဝင်နေရပြီး တိရစ္ဆာန်စိတ်ရိုင်းတွေက လွှမ်းမိုးသွားမည်ဆိုပါက အဲသည်အားပြိုင်မှုမှာ အရှုံးနှင့်သာ အဆုံးသတ်သွားနိုင်ကြောင်းကို ၀တ္တုက ဆိုထားတာ တွေ့ရသည်။ မစ္စတာဟိုက်ဟာ ကြောက်စရာသတ္တ၀ါကြီးအဖြစ် ဒေါက်တာဂျက်ကဲလ်ကို လွှမ်းမိုးသွားကာ သူ့ကိုကိုယ်ထဲက ထွက်သွားဖို့ မတတ်နိုင်တော့တဲ့အဖြစ်ဟာ လျှို့ဝှက်သော ပေါက်ကွဲမှုတစ်ခု ဖြစ်လာပါသည်။ ဒေါက်တာဂျက်ကဲလ်က မှန်ကို ကြည့်လိုက်ရင် သူ့ရဲ့ချောမောပြေပြစ်တဲ့ ရုပ်ရည်အစား မစ္စတာဟိုက်ဆိုတဲ့ လူ့ဘီလူးကြီးသာ တွေ့ရတော့သည်။
ဝတ္တုထဲတွင် အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်သော ဒေါက်တာဂျက်ကဲလ်၏ မိတ်ဆွေ ရှေ့နေတစ်ဦးဖြစ်သူ ဂါဘရီရယ် ဂျွန်အက်တာဆင်အား  ဇာတ်လမ်းကို ပြောပြနေသူ၊ မျက်မြင်သက်သေတစ်ဦးသဖွယ် ရေးသားထားတာ တွေ့ရသည်။ သူက မစ္စတာဟိုက်နှင့် ဆက်စပ်ပတ်သက်နေသည်ဟု ဒေါက်တာဂျက်ကဲလ်အာ မယုံသင်္ကာ ဖြစ်လာရာကနေ စုံစမ်းထောက်လှမ်းခဲ့သူ ဖြစ်သည်။ Robert Louis Stevenson က သူ့ကို ပုံဖော်ရာတွင် “ ဂါဘရီရယ်ဟာ ရိုးသားတယ်။ ယုံကြည်ရတယ်။ တစ်ပါးသူရဲ့ အပြစ်အနာအဆာကိုလည်း သည်းခံတတ်တယ်။  ဘယ်လောက်ပဲခင်ခင် အမှန်တရားဘက်က ရပ်တည်ပေးတယ်။ ဒါပေမဲ့ နားလည်လက်ခံပေးတတ်တဲ့ သဘာဝ ရှိပါတယ်” ဟူ၍ ရေးသားထားလေသည်။ နောက်ဆုံးမှာ သူ အင်မတန်ခင်မင်ရတဲ့ ဒေါက်တာဂျက်ကဲလ်၏ အဖြစ်မှန်ကို သိလိုက်ရတဲ့အချိန်မှာ လူသားတစ်ဦးမှာ ဖြစ်တတ်တဲ့ သဘာဝတရားကို ဆင်ခြင်မိကာ ကောက်ချက်ချမိရင်း “ ဘ၀၏ အရသာဆိုတာ သည်လိုပါပဲလား”ဟု လူ့သဘာဝ လူ့ခံစားချက်ကို သုံးသပ်ပြထားပါသည်။ ထို့ပြင် “ ဂျက်ကဲလ် တစ်ယောက်ဟာဖြင့် သူ အသက်ရှင်နေတဲ့ဘ၀တစ်လျှောက်လုံးမှာ သူလုပ်ချင်တာတွေ လုပ်သွားနိုင် ရှာတာပဲ” ဟု ဂါဘရီရယ်၏ နောက်ဆုံးမှတ်ချက်ကတော့ ကြက်သီးထစရာပဲ ဖြစ်ပါတော့သည်။
ဒေါက်တာဂျက်ကဲလ်ဟာ သူ့အတွင်းထဲမှာ ကိန်းအောင်းနေတဲ့ မကောင်းဆိုးဝါးစိတ်များကို မတွန်းလှန်နိုင်ဖြစ်ရပုံကို စာရေးဆရာက ယခုလို ပုံဖော်ရေးသားထားတာ တွေ့ရပါသည်။
“ကျွန်တော့အတွက်တော့ လူတစ်ယောက်အတွက် မကောင်းမှုနဲ့ကောင်းမှု အားပြိုင်နေခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်ထဲမှာလည်း အဲဒီသဘာဝနှစ်ခုကို သိနေတယ်။ ဒါ့အပြင် သူတို့နှစ်ခုနဲ့လည်း ကျွန်တော်က ပြောဆိုဆက်ဆံနိုင်တယ်။ အဲဒါဘာကြောင့်လဲ သိလား။ ကျွန်တော်ကိုယ်တိုင်က အဲဒီစိတ်နှစ်ခုစလုံးကို လက်ခံထားလို့ပါပဲ”
ဝတ္တုကြီးတစ်ခုလုံးကို Robert Louis Stevenson က ဒေါက်တာဂျက်ကဲလ်၏ စိတ်တွင်း ခံစားမှုများနှင့် ပုံဖော်ခဲ့သလို မစ္စတာဟိုက်အတွက် စိတ်ရူးသွပ်စွာ ဆိုးသွမ်းနေတဲ့စိတ်ရိုင်းများကိုလည်း ဖွင့်ထုတ်ပြထားလေသည်။ “လူတွေအားလုံးဟာ အတူတူပါပဲ။ ကောင်းတဲ့စိတ်၊ မကောင်းဆိုးဝါးစိတ် ယှဉ်တွဲရှိနေကြတယ်။ မစ္စတာဟိုက် တစ်ဦးတည်းသာလျှင် သူ့ရဲ့အတွင်းသဏ္ဍာန်ကို ဖော်ပြခဲ့တဲ့ စစ်မှန်တဲ့ မကောင်းဆိုးဝါး ဖြစ်ပါတယ်။ သိပ်ကိုပြောင်မြောက်တဲ့ အရိုးသားဆုံး မကောင်းဆိုးဝါး ဖြစ်တယ်” ဟူ၍ Robert Louis Stevenson က ဆိုထားပါသည်။
အချုပ်ဆိုရရင်တော့ လူ့စိတ်လူ့သဘာဝကို ဖော်ကျူးနိုင်တဲ့ စိတ်ပညာဆိုင်ရာ ၀တ္တုတစ်ပုဒ်အဖြစ် အညွှန်းဆိုခံရပြီး အကယ်၍များ မစ္စတာဂျက်ကဲလ်ဟာ ထိုအဖြစ်ကို စိတ်ဝင်တစား နောက်ကလိုက်ခဲ့တဲ့သူတစ်ဦး ဖြစ်ခဲ့ရင် သူမွေးဖွားခဲ့တဲ့ မစ္စတာဟိုက်ဟာ သူ့ရဲ့ အမွေကို ဆက်ခံခဲ့တဲ့ သားဆိုးသားမိုက်တစ်ဦးသာ ဖြစ်ပေသည်ဟု ၀တ္တု၏ ကောက်ချက်တစ်ခုအဖြစ် ချထားတာ တွေ့ရပါသည်။ အကယ်၍များ သင်လည်း တစ်နေ့နေ့မှာ မစ္စတာဂျက်ကဲလ်၏ အဖြစ်လို ကြုံတွေ့ရမည်ဆိုပါက ဘယ်ဘက်ကို လိုက်မှာလဲဟု စာရေးဆရာက မေးခွန်းထုတ်ထားပါသည်။
























Monday, September 26, 2016

Book Review _ Jw Grammar

အထက်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါ - ဂျူနီယာဝင်း

ထုတ်ဝေသူ ဦးလှတိုး
ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး
ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ် ၂၀၁၀ ဇွန်
ဒုတိယအကြိမ် ၂၀၁၂ ဇွန်
တတိယအကြိမ် ၂၀၁၆ သြဂုတ်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ကျပ်
စာမျက်နှာ ၄၂၅
အခန်း - ၄၃ ခန်း

Wren and Martin’s High School English Grammar and Composition စာအုပ်ကို မြန်မာဘာသာဖြင့် ၂၀၀၄ခုနှစ်ဇွန်လတွင် The Light of English မဂ္ဂဇင်းတွင် လစဉ်စတင် ဘာသာပြန်ခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ၂၀၁၀ခုနှစ် မတ်လတိုင် အင်္ဂလိပ်သဒ္ဒါအပိုင်းကို အစအဆုံး ဖော်ပြခဲ့သည်။ ယင်းကို ရန်အောင်စာပေမှ ၂၀၁၀ခုနှစ် တွင် ပထမအကြိမ် ထုတ်ဝေခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။

စာအုပ်လေးရဲ့ အကြောင်း

ထိုစာအုပ်ကို စာအုပ်ပုံစံဖြင့် ထုတ်ဝေရန်အတွက် The Light မဂဇင်းတွင် ဖော်ပြနေစဉ် ကာလအတွင်း ထုတ်ဝေသူတဦးနှင့် စီစဉ်ခဲ့ဖူးသည်။ သို့သော် မဂဇင်းတွင် သဒ္ဒါပိုင်းဆိုင်ရာများ အစအဆုံးပါပြီးမှသာ ထုတ်ဝေရန်စဉ်းစားသင့်သည်ဟူသော ဆုံးဖြတ်ချက်ဖြင့် မဂဇင်းတွင် ဖော်ပြပြီးသားများကို ကြိုတင်ရိုက်နှိတ်ဖြစ်ခဲ့သည်။ မဂဇင်းတွင် သဒ္ဒါပိုင်းကို အစအဆုံးဖော်ပြပြီးသည်နှင့် စာအုပ်ထွက်ရှိလာဖို့ မျော်လင့်ချက်နဲ့ ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မူလထုတ်ဝေမည့်သူမှ စာမူပြန်ပေးခဲ့ရာ ရန်အောင်စာပေနှင့် ဆက်ထုတ်ဖို့ ဖြစ်လာသည်။ ထိုသို့အကူးအပြောင်းကာလအတွင်း ကွန်ပြူတာမှ အမှားများကို ပြင်ဆင်ဖတ်ရူပြီးသားများကော်ပီနှင့် မပြင်ရသေးသော စပ်ကြားကော်ပီများ ကြားတွင် ပထမအကြိမ်သည် အမှားများဗလပွဖြင့် ထွက်ရှိလာရသည်။ သို့သော် စာဖတ်သူများသည် ဘာမှအပြစ်မပြောပဲ လက်ခံခဲ့ကြတာကို အားနာနာနဲ့ပင် ကျေးဇူးတင်နေမိပါသည်။

ဒုတိယအကြိမ်တွင် ရန်အောင်စာပေကနေ စိတ်ရှည်လက်ရှည်ပင် အရေးကြီးသော အမှားများကို ပြင်ဆင်ဖို့အချိန်ပေးခဲ့ပါသည်။ ဤသို့နဲ့ ထိုစာအုပ်သည် စာဖတ်သူများလက်ထဲ ၂၀၁၂တွင် ဒုတိယအကြိမ် ထပ်မံ ရောက်ခဲ့ရသည်။ ပြင်စရာအမှားများသည် အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကြားတွင် Wren and Martin’s High School English Grammar and Composition မှ Composition အပိုင်းကို စာဖတ်သူများက တောင်းဆိုသဖြင့် ဆက်လက်ဘာသာပြန်ပေးခဲ့ကာ ရန်အောင်စာပေကနေ ၂၀၁၅တွင် “အထက်တန်းအဆင့် Composition“ ဟူ၍ထွက်ရှိခဲ့ပါသည်။ ထိုစာအုပ်၂အုပ်ကို စုပေါင်းထုတ်ဖို့ စဉ်းစားခဲ့သောလည်း အကောင်အထည် မဖော်ဖြစ်ခဲ့သေးပါ။ “အထက်တန်းအဆင့်အင်္ဂလိပ် သဒ္ဒါစာအုပ်“ ယခုအခါ ထွက်ရှိသော တတိယအကြိမ်သည် ဒုတိယအကြိမ်နှင့် အတော်လေး အချိန်ကွာဟသွားရသည်။ ထို့ကြောင့် စာဖတ်သူများဘက်က စာအုပ်အခက်အခဲများ ဖြစ်ခဲ့ရတာကို တောင်းပန်လိုက်ရပါသည်။

စာရေးဆရာ၏အားထုတ်မူ

Wren and Martin’s High School English Grammar and Composition စာအုပ်သည် အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ ဆရာကြီး ဦးခင်မောင်လတ် သင်ကြားပေးခဲ့သောပုံစံအတိုင်း ဘာသာပြန်ခဲ့တာ ဖြစ်သည်။ စာကြောင်းများကို နားလည်အောင်၊ တစ်လုံးချင်း နားလည်အောင်၊ စာကြောင်းတစ်ခုချင်းကို အသေးစိတ်သိအောင်၊ ရှေးစာပေများထဲက အင်္ဂလိပ်စာကြောင်းများကို သဘောပေါက်သွားအောင် သင်ပေးခဲ့တာတွေကို တစိမ့်စိမ့် ခံစားရင်းကနေ ထိုစာအုပ်လေးကို ဘာသာပြန်ချင်စိတ် ဖြစ်ခဲ့ရတာ ဖြစ်သည်။ ဒါ ဘဘကြီးဦးခင်မောင်လတ်အမှတ်တရ… ဖြစ်လိမ့်မည်။ စာကြောင်းတိုင်း စာကြောင်းတိုင်းဟာ ဘဘကြီးကို သတိရလွမ်းစရာ တွေဖြစ်နေလိမ့်မည်။ ဆရာကြီး၏ တပည့်များလည်း ဒီစာအုပ်ကို ဖတ်ရင် ဆရာကြီးကို လွမ်းမိကြပေလိမ့်မည်။ စာအုပ်သည် အင်္ဂလိပ်သဒ္ဒါစာအုပ်၊ အထက်တန်းစာအုပ်၊ အထက်တန်းအဆင့် အင်္ဂလပ်သဒ္ဒါစာအုပ် ဟူသော ပျင်းရိစရာကောင်းသော အမည်တပ်ထားသည့် ထိုစာတစ်အုပ်ကို စာရေးဆရာက သူ့အဘိုးကို လွမ်းသောစိတ်ဖြင့် စာကြီးပေကြီးသဖွယ် တန်ဖိုးထား၊ အလေးအနက်ထား၊ ခံစား ဘာသာပြန်ထားတာဟု သူရေးသော အမှာစာမှာ ဖတ်လိုက်ရတော့  စာရေးဆရာ၏ကြိုးစားအားထုတ်မူကို သိရှိလိုက်ရပါတော့သည်။

Sunday, September 25, 2016

Book Review _ 10th Standard Maths

(၁၀) တန်းသချာင်္ သင်ရိုးကုန်အဖြေစုံ
ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ပထမအကြိမ်
၂၀၁၆သြဂုတ်လ
ထုတ်ဝေသူ - ဒေါ်ဝိုင်းသဇင်
အောင်ပိုင်မင်းစာပေ ၂၂၂ စက်ရုံလမ်း၊ ဒေါပုံမြို့နယ်။
ဖုန်း - ၀၉ ၇၃၂၀၅၃၉ ၇၊ ၀၉ ၄၂၁၀၅၉ ၉ ၃၁၊ ၀၉ ၂၆၀၅၄၉ ၀၈၅။
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ကျပ်
စာမျက်နှာ - ၁၉၀

၁၀တန်းသင်ရိုးတွင် ပါရှိသော အခန်း ၁၂ ခန်း သချာင်္ဘာသာကို ဒေါက်တာခင်မောင်ဝင်း (သချာင်္) က တခန်းချင်းစီကို အသေးစိတ်ရှင်းလင်းချက်များ၊ အဓိပ္ဗါယ်သတ်မှတ်ချက်များ၊ ဝေါဟာရများ၊ ဥပမာများ၊ ပုစ္ဆာများကို ပုံများနှင့်တကွ ရေးသားထားသည်။ သချာင်္ဘာသာကို နားလည်သဘောပေါက်စွာ တွက်ချက်နိုင်ဖို့ကို အဓိကရည်ရွယ်ရေးသားထားသည်။ အလွတ်ကျက်ဖြေဖို့ထက် ပုစ္ဆာများကို သဘောပေါက်အောင်၊ စဉ်းစားတတ်အောင်၊ ရေးသားထားကာ အဓိကအားဖြင့် ကျောင်းသားများအတွက် ဖြစ်သည်။ ၁၀တန်းကျောင်းသားများအနေနှင့် အလွယ်တကူ ဖတ်ရူလေ့လာနိုင်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။

Book Review _ Puzzle

(၁၀) တန်းသချာင်္ သင်ရိုးကုန်အဖြေစုံ
ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ပထမအကြိမ်
၂၀၁၆သြဂုတ်လ
ထုတ်ဝေသူ - ဒေါ်ဝိုင်းသဇင်
အောင်ပိုင်မင်းစာပေ ၂၂၂ စက်ရုံလမ်း၊ ဒေါပုံမြို့နယ်။
ဖုန်း - ၀၉ ၇၃၂၀၅၃၉ ၇၊ ၀၉ ၄၂၁၀၅၉ ၉ ၃၁၊ ၀၉ ၂၆၀၅၄၉ ၀၈၅။
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ကျပ်
စာမျက်နှာ - ၁၉၀

၁၀တန်းသင်ရိုးတွင် ပါရှိသော အခန်း ၁၂ ခန်း သချာင်္ဘာသာကို ဒေါက်တာခင်မောင်ဝင်း (သချာင်္) က တခန်းချင်းစီကို အသေးစိတ်ရှင်းလင်းချက်များ၊ အဓိပ္ဗါယ်သတ်မှတ်ချက်များ၊ ဝေါဟာရများ၊ ဥပမာများ၊ ပုစ္ဆာများကို ပုံများနှင့်တကွ ရေးသားထားသည်။ သချာင်္ဘာသာကို နားလည်သဘောပေါက်စွာ တွက်ချက်နိုင်ဖို့ကို အဓိကရည်ရွယ်ရေးသားထားသည်။ အလွတ်ကျက်ဖြေဖို့ထက် ပုစ္ဆာများကို သဘောပေါက်အောင်၊ စဉ်းစားတတ်အောင်၊ ရေးသားထားကာ အဓိကအားဖြင့် ကျောင်းသားများအတွက် ဖြစ်သည်။ ၁၀တန်းကျောင်းသားများအနေနှင့် အလွယ်တကူ ဖတ်ရူလေ့လာနိုင်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။

Thursday, August 25, 2016

Dr. Khin Maung Win book

ဖွံ့ဖြိုးဆဲနိုင်ငံများ၏သိပ္ဗံနှင့် သင်္ချာပညာရေးဆိုင်ရာ ဆွေးနွေးပွဲအတွေ့အကြုံများ- ဒေါက်တာခင်မောင်ဝင်း(သချာင်္)

ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး
ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ်
၂၀၁၆၊ သြဂုတ်လ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ ကျပ်
စာမျက်နှာ - ၅၇

၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်တိုင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဖာခန်းမတွင် နံနက် ၇နာရီမှ ညနေ ၅နာရီထိ ကျင်းပခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏သိပ္ဗံနှင့် သင်္ချာပညာရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ဖြစ်ခဲ့သည့်  အတွေ့အကြုံများကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က  ရေးသားတင်ပြထားသော စာအုပ်လေးဖြစ်သည်။ တက်ရောက်ခဲ့စဉ်အတွင်း တွေ့ဆုံခဲ့သည့် ဆရာ ဆရာမများ၊ တပည့်များ၊ ဆွေးနွေးပွဲတက်ရောက်သည့် ပုဂ္ဂိုလ်အချို့တို့၏ ဓါတ်ပုံများကို ထည့်သွင်းဖော်ပြထားသည်။ စာတမ်းတင်သွင်းသူများမှာ ကန်မောဒီယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊လာအို၊ မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊ စကာင်္ပူ၊ ထိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ဆွီဒင်၊ တရုတ်၊ အီတလီ၊ဗီယက်နမ်နှင့် ထိုင်ဝမ်မှ သချာင်္ပညာရှင်များဖြစ်သည်။ စာတမ်းများသည် စိတ်ဝင်စားစရာများ ဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။ ထိုဆွေးနွေးပွဲများကို တက်ခွင့်ရသူတစ်ဦး၏ အတွေ့အကြုံများကို ရိုးရှင်းစွာ တင်ပြထားသည်။ စိတ်ဝင်စားသူများ ဖတ်ရူလေ့လာခွင့်ကြုံကြ ရမည့်စာအုပ်လေး ဖြစ်ပါသည်။

Tuesday, August 23, 2016

Book Review

ပျော်ဖို့အတွက်သာ စာဖတ်ပါ ၂  - ဂျူနီယာဝင်း

ထုတ်ဝေသူ - ဦးသိန်းလွင်
လင်းလွန်းခင်စာပေ
လိပ်ကန်ပန်းခြံဈေး လိပ်ကန်လမ်း တိုက် (ဒီ) ပထမထပ် ပုဇွန်တောင်မြို့နယ် ရန်ကုန်
မျက်နှာဖုံးဒီဇိုင်း - ဗဂျီလင်းဝဏ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ကျပ်
စာမျက်နှာ - ၁၆၀
ပထမအကြိမ်
သြဂုတ်လ ၂၀၁၆

ပျော်ဖို့အတွက်စာဖတ်ပါ စာအုပ်၏အဆက်ဖြစ်သည်။ ပထမတစ်အုပ်တွင် အုပ်၄၀ ဖော်ပြထုတ်ဝေပြီးနောက်ထပ် ကျန်ရှိနေသေးသော ၀တ္တုစာအုပ် ၄၀၏ အကြောင်းများဖြစ်သည်။ အဘိုးအဘွားများဖြစ်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ကြွေးကျော်သံဖြစ်သည့် ”ပျော်ဖို့အတွက်သာ စာဖတ်ပါ” အတိုင်း စာအုပ်များကို ပျော်ဖို့အတွက် သက်သက်ဖြင့်သာ ဖတ်ရင်း ပျော်ရွှင်ခဲ့ရသော စာအုပ်များအကြောင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၂ဧပြီလတိုင် မြန်မာသစ်အယ်ဒီတာ ကိုသီဟလတ်၏ တိုက်တွန်းမူဖြင့် ရေးသားဖြစ်ခဲ့သည်များကို စုစည်းထုတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ယခုစာအုပ်၄၀ထဲတွင် စာဖတ်ခြင်းကို မွေးမြူဖို့တိုက်တွန်းထားသော The Art of Book Reading နှင့် ပညာရေးစနစ်ကို သုံးသပ်ပြထားသော ဆာရစ်ချက်လစ်ဗင်းစတုန်း၏ Some Task for Education တို့ကို ၀တ္တုစာအုပ်များကြား ထူးထူးခြားခြား တွေ့ကြရမည်။ အင်္ဂလိပ်စာအုပ်စာပေရှားပါးသော၊ အထူးသဖြင့် ကိုယ်ကိုယ်တိုင် ဖတ်ချင်လှသော စာအုပ်များ ရှာရခက်လှသော ဤတိုင်းပြည်မှာ သည်လိုစာအုပ်တွေ ဖတ်ဖို့တိုက်တွန်းရသည်မှာ ခက်လှသည်။ သို့သော် စာရေးသူမှာလည်း ဤသို့သော ဒုက္ခများကို ခံကာ ထိုထိုသော စာအုပ်များကို အပင်ပန်းခံရှာဖွေဖတ်ရူခဲ့ရတာကြောင့် ထိုထိုသော အရသာကိုလည်း စာဖတ်ရသည့်အရသာအဖြစ် ထည့်သွင်းရမည် ဖြစ်ပါသည်။ စာဖတ်ရင်းဖြင့် ပျော်ရွှင်ကြပါစေ။

Saturday, July 9, 2016

1984 Junior Win

တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ် ၂၈၈ ၊ ၂၀၁၆ ဇွန်လ)
Nighteen – Eighty – Four ( တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး ) (1984) အမည်တွင်သော စာအုပ်တွင် အစစ အရာရာဆိုးရွားနေသော ခေတ်တစ်ခေတ်ကို George Orwell က ပုံဖေါ်ရေးသားထားသည်။ လက်တစ်ဆုပ်စာ လူနည်းစုတစ်စုက တိုင်းပြည်ကြီးတစ်ခုလုံး ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်လျှက်ရှိသော အခြေအနေ တစ်ခုကို တွေ့ရသည်။ 
Oceanian အမည်ပေးထားသော ဒေသတစ်ခုမှာ မပြီးဆုံးသော စစ်ပွဲတစ်ခုကို တိုက်လျှက်ရှိသည်။    Big Brother ဟူသော ‘ သင်တို့အား စောင့်ကြည့်နေသော မျက်လုံးများ’ က လူ့အဖွဲ့အစည်းတစ်ခုလုံး၏ နေရာ တိုင်းမှာ ရှိနေသည်။ မိမိတို့အား အုပ်ချုပ်လျှက်ရှိသူကို မတွေ့သော်လည်း ကိုယ့်ကို မယုံသင်္ကာစွာကြည့်နေ သော မျက်လုံးများရှိနေတာကို သိနေရသည်။ လှုပ်ရှားသွားလာလျှက်ရှိသော လူတွေ၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ စိတ်ယန္တရားကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးလျှက်ရှိသည်။ လမ်းပေါ်မှာ ၊ လမ်းကြားထဲမှာ ၊ ဈေး မှာ ၊ အိမ်ရှေ့ခန်းမှာ ၊ ထမင်းစားခန်း ၊ အိပ်ခန်း ၊ အိမ်သာပါမကျန်စေရ။ နံရံတွေ၏နောက်ဘက်မှာ ၊ စား သောက်ဆိုင်တွေ၏နံရံတွေမှာပင် မျက်လုံးတွေရှိနေသည်။ သင့်ကိုစောင့်ကြည့်နေသော ရုပ်မြင်သံကြားစက် တွေကို ပိတ်ပစ်ဖို့တော့ စိတ်မကူးလိုက်ပါနှင့်။ သင်တို့စကားပြောတာ မျက်လုံးချင်းနှုတ်ဆက်တာကအစ မလွတ် စေရပါ။ သင့်လှုပ်ရှားမှုတွေကိုလည်း ထိုရုပ်မြင်သံကြားစက်ကနေ ဝေဖတ်ထောက်ပြနေဦးမည်ဖြစ်သည်။   သင်္ကာမကင်းခံရလို့ကတော့ ချက်ချင်းလက်ငင်း အဖမ်းခံရဖို့သာရှိသည်။ ထို့ပြင် ဝါဒဖြန့်စကားလုံးတွေ ၊ ပါတီ၏ သဘောထားတွေ ၊ အတွေးအခေါ်တွေကိုလည်း မပြတ်ထုတ်လွှင့်နေမည်ဖြစ်သည်။ 
သင်သွားသည့်နေရာတိုင်းတွင် ‘ Big Brother က စောင့်ကြည့်နေသည်’ ဟူသော ပိုစတာများ ၊ ဆိုင်း ဘုတ်များ ၊ ဖန်သားမျက်နှာပြင်များ ရှိနေမည်ဖြစ်သည်။ ပါတီခေါင်းဆောင်ကို ဆန့်ကျင်တော်လှန်မှုများလုပ်ဖို့ စိတ်နှင့်တောင် မပြစ်မှားလိုက်ပါနှင့်။ ထောင်နန်းစံကာ အနှိပ်စက်ခံရဖို့သာရှိသည်။ ထို့ထက်အရေးကြီးသောအ ချက်ကတော့ လက်ရှိအခြေအနေနှင့် အတိတ်ကသမိုင်းကို ယောင်လို့တောင် စိတ်မဝင်စားမိစေရန်ဖြစ်သည်။  Oceanian က လူများသည် ထိုအခြေအနေအောက်တွင် နေသားကျလျှက်ရှိသည်။
ဝထ္ထုထဲကဇာတ်ကောင် Winston Smith ၏ဘဝကို ၁၉၈၄ ခုနှစ် ဧပြီလ ၄ရက်နေ့ကစထားသည်။   Smith သည် သူ၏ကလေးဘဝက ၁၉၄၉ မှ ၁၉၅၃ ကြားကာလကို ဥရောပ ၊ ရုရှအနောက်ဘက်နှင့် မြောက်အ မေရိကတို့မှာ အဏုမြူစစ်ပွဲကြီး ကျင်းပခဲ့ချိန်အတွင်း ကုန်လွန်ခဲ့ရတာကို မှတ်မိနေသည်။ သို့သော် သူ့စိတ်ထဲ တွင် ပြည်တွင်းစစ်က အရင်လား ၊ အမေရိကက ဗြိတိသျှအင်ပါယာကို စတိုက်တာလား ၊ ‘ ကိုချက်စတာ’ ဟူ သောဒေသကို ဗုံးကြဲတာက အရင်လား စတာတွေကို သဲသဲကွဲကွဲမမှတ်မိပါ။ သို့သော်လည်း နူကလီးယားစစ်ပွဲ ကအရင်ဖြစ်လိမ့်မည်ဆိုတာကိုတော့ သူ့မိသားစုတွေ တကွဲတပြားဖြစ်သွားတာကို စဉ်းစားမိတော့ အဖြေပေါ်လာ သလိုပဲ။ ဟုတ်တယ် …… နောက်မှပြည်တွင်းစစ်ကဖြစ်တာ။ အဲဒီတော့ လန်ဒန်ဟာ ပျက်စီးသွားတယ်ပေါ့။  Smith ဟာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ကြီးပြင်းလာတယ်။ တော်လှန်ရေးအတွင်းမှာ ပါတီကအာဏာရလာ တယ်။ Smith သည် အတိတ်ကိုစဉ်းစားရင်း သမိုင်းကြောင်းကိုသိချင်လာသည်။ တကယ်ဘာတွေဖြစ်ခဲ့လဲ။
Winston Smith ဆိုတာ သာမန်အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ။ လက်လုပ်လက်စား။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အလုပ်သမားတစ်ယောက်။ သူ့လိုလူတန်းစားက ဒါတွေကိုစိတ်ဝင်စားလာတာ ဘာဖြစ် စရာရှိလဲ။ ဒါတွေသိတော့ကော ကမ္ဘာကြီးက ပြောင်းပြန်လည်သွားမှာမှမဟုက်တာ။ နေကရော အနောက်ဘက် ကထွက်မှာမှမဟုက်တာ။ ဒါပေမယ့် သူနေထိုင်တဲ့အရပ်က ‘ သင့်ကိုစောင့်ကြည့်နေသည်’ ဆိုတဲ့ စာတန်းတွေ စကားလုံးတွေ ဝိုင်းရံနေတဲ့တိုင်းပြည်။ 
သူ့ရဲ့အလုပ်ချိန် အားချိန်လေးအတွင်းမှာ သမိုင်းကြောင်းကို စဉ်းစားမိလာပြီး အတွေးဝင်လာသည်။ အမှန်တရားကဘာလဲ။ သမိုင်းဆိုတာကို သူလိုလူအဆင့်က သိချင်လာတာကိုက မတန်မရာဖြစ်လာသလား။  တိုင်းပြည်ရဲ့အခြေအနေကို သုံးသပ်ကြည့်ရအောင်။ 
သူတို့ရဲ့တိုင်းပြည်မှာ အုပ်ချုပ်တဲ့အပိုင်းမှာ လူမှုအဖွဲ့အစည်းရေးရာ အဆင့် (၃) ဆင့်ရှိသည်။ (၁) ပထ မတန်းစားအဆင့်ကို ပါတီအတွင်းရေးဟုခေါ်သည်။ (၂) အလယ်အလတ်တန်းစား အဆင့်ကို ပါတီပြင်ပဟုခေါ် သည်။ (၃) အဆင့်နိမ့်လူတန်းစား ၊ အလုပ်သမား ၊ လက်လုပ်လက်စား အဆင့်အတန်း။ Smith က အဲဒီအဆင့် နိမ့်အတန်းအစားပေါ့။ တိုင်းပြည်လူဦးရေ၏ ၈၅ရာခိုင်နှုန်းက အဆင့် (၃) လူတန်းစားဖြစ်သည်။ စားဖို့သောက်ဖို့ နေဖို့လောက်သာသိတဲ့ အဲဒီအဆင့်နိမ့်လူတန်းစားက သမိုင်းကို စိတ်ဝင်စားလာတော့ကော ဘာများထူးပြီး ကောင်းလာမှာလဲ။
ပါတီသည် ဝန်ကြီးဌာနလေးခုဖြင့် အုပ်ချုပ်လျှက်ရှိသည်။ ၄င်းတိှု့မှာ ငြိမ်းချမ်းသာယာရေးဝန်ကြီးဌာန ၊ ပေါများကြွယ်ဝသော ဝန်ကြီးဌာန ၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာနနှင့် အမှန်တရားဝန်ကြီးဌာနုတို့ ဖြစ်သည်။ ဝထ္ထုထဲက အဓိကဇာတ်ကောင် Winston Smith သည် အမှန်တရားဝန်ကြီးဌာန ( Ministry of   Truth ) တွင် အလုပ်လုပ်လျှက်ရှိသည်။ သူ့အလုပ်က သမိုင်းဝင်မှတ်တမ်းများကို ပြန်လည်တည်းဖြတ်ရသော အယ်ဒီတာဖြစ်သည်။ အတိတ်ကဖြစ်ရပ်များနှင့် ယခုဖြစ်ပျက်နေတာတွေကို ဟန်ချက်ညီအောင်စီစစ်ခြင်း ၊ နေ့ စဉ်နှင့်အမျှ ပြောင်းလဲမှုတွေထဲက တရားဝင်ပုဂ္ဂိုလ်များ၏ အမည်များကို ပြောင်းလဲသင့်ရင် ပြောင်းလဲပစ် ဖြုတ် ပစ်တန်ရင် ဖြုတ်ပစ်ကာ အသိအမှတ်မပြုဘဲဖယ်ပစ်ရသောအလုပ်။  Smith သည် သမိုင်းကြောင်းများကို စိစစ် တည်းဖြတ်ရာကနေ တကယ် ဘာဖြစ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားလာသည်။ ထိုသို့စိတ်ဝင်စားလာရာကနေ  သူသိချင် တာတွေနောက်ကိုလိုက်ရင်း Big Brother ၏ ဖမ်းဆီးခြင်းကိုခံရကာ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော ဝန်ကြီးဌာ န ( Ministry of Love ) တွင် ညှဉ်းပန်းနှိပ်စက်ခံရသည်။ 
Smith က စကတည်းကိုက လူဆင်းရဲအရပ်သားတစ်ဦးသာဖြစ်သည်။ သူ့ခေါင်းထဲမှာဝင်နေသော သိချင်စူးစမ်းလိုစိတ်များကို ဖျောက်ဖျက်ပစ်လိုက်ဖို့ ၊အလွယ်တကူစွန့်လွှတ်ဖို့ အသင့်ဖြစ်နေတော့သည်။ Smith   သည် ပါတီအပေါ်မယုံကြည်သော အတွေးများဝင်လာမှုဖြင့် ချစ်ခြင်းမေတ္တာဝန်ကြီးဌာနတွင် အနှိပ်စက်ခံရကာ ပါတီအပေါ်မုန်းတီးမှုကို ဆေးကြောပစ်ခဲ့ရသည်။ သူအကျဉ်းကျနေစဉ်တွင် အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရ သည်။ ၄င်းတို့မှာ ‘ သင်ယူခြင်း ၊ နာလည်လာခြင်း ၊ လက်ခံခြင်း’ တို့ဖြစ်သည်။ Smith သည် သူမလုပ်ခဲ့သော အပြစ်တွေကို ကျူးလွန်မိကြောင်းဝန်ခံရသည်။ ယင်းသည် ပထမအဆင့်သင်ယူခြင်းဟုခေါ်သည်။ ဒုတိယအ ဆင့်တွင် သူချစ်ခဲ့သော ဂျူလီယာကို မေ့မရဖြစ်နေရတာကို ဖျောက်ခြင်းဖြစ်သည်။ ဂျူလီယာသည် သူစိတ်ဝင် စားလာမိသော ၊ စူးစမ်းမိသော သမိုင်းခြေရာများနောက်တွင် ကပ်လျက် အလိုလိုလိုက်ပါနေသည်။ ဤအဆင့်ကို မကျော် နိုင်ပါက Room 101 သို့် အပို့ခံရမည်ဖြစ်သည်။ သို့သော် ဂျူလီယာကိုမေ့မရဘဲ စွဲလမ်းနေသေးရာ အဆိုးရွား ဆုံးနှိပ်စက်ခန်း Room 101 ကိုအပို့ခံရတော့မည်ဟူသော ကြောက်ရွံ့စိတ်ဖြင့် ဂျုလီယာကို သူ့အပြစ်တွေကို ပုံ ချပစ်လိုက်ကာ ကိုယ်လွတ်ရုန်းစိတ်များ ဖြစ်လာသည်။ ထိုအချိန်မှာဖြစ်ပေါ်လာသော ကြောက်ရွံ့စိတ်သည် ဂျူ လီယာ့ကို လုံးဝဥသုံ စွန့်ပစ်ချင်စိတ်များ နိုးကြားလာကာ ပါတီ၏အယူဝါဒများကို အကြွင်းမဲ့လက်ခံလာပြီး Big  Brother ကို ချစ်မြတ်နိုးစိတ်များဖြစ်လာသောကြောင့် တတိယအဆင့်ထိအောင်မြင်သွားသည်။ 
ထိုကဲ့သို့ Brain Wash ( ဦးနှောက်တွင်းရှိနေသောစိတ်များအားဆေးကြောပစ်ခြင်း) အဆင့်များတွင် အမှန်တကယ်ရှိနေသော Smith ၏ အတွေးများကို စစ်ဆေးမေးမြန်းနေသူ O’brain က နားလည်နေသောသ ဘောများတွေ့နေရပါသည်။
Smith သည် သူအသက်ရှင်ဖို့အတွက် သူချစ်ခဲ့သော ဂျူလီယာကို ပျော်ပျော်ကြီးစွန့်လွတ်ခဲ့ကာ ပါတီ ၏ အယူဝါဒများကို အသက်နှင့်ယှဉ်ကာ ယုံကြည်သွားသည်။
သူတို့နှစ်ဦးပြန်လည်တွေ့ဆုံခန်းကား ပျော်ရွင်စွာဇာတ်ပေါင်းခြင်းဆိုတာထက် ပို၍ကြေကွဲဖွယ်ကောင်း နေသည်။ 
‘ ကျွန်မက ရှင့်ကို သစ္စာဖောက်ခဲ့တယ်’ ဟု ဂျူလီယာက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ 
‘ ကျွန်တော်လည်း ခင်ဗျားကို သစ္စာဖောက်ခဲ့တယ်’ ဟု သူကပြောလိုက်ပါသည်။ 
‘ တစ်ခါတလေကျတော့’ ဟု ဂျူလီယာကပြောသည်။ 
‘ သူတို့ကရှင့်ကို စဉ်းတောင်မစဉ်းစားမိတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ခြိမ်းခြောက်ကြတယ်။ ကျွန်တော့်ကို မလုပ်ပါနဲ့ ၊ တစ်ခြားတစ်ယောက်ကိုလုပ်ပါ စသည်ဖြင့် ရှင်ပြောထွက်လာတယ်။ တကယ်တော့ ဒါရှင့်ကိုယ်ရှင်  ကာကွယ်တာဖြစ်ကောင်းဖြစ်ပေမယ့် လှည့်စားမှုသက်သက်သာဖြစ်တယ်။ သူတို့ရှင့်ကို နှိပ်စက်နေတာတွေ ရပ် တန့်သွားအောင် လုပ်တယ်ဆိုတာ …….ဒီလိုရှောင်ဖယ်လိုက်လို့ လွတ်သွားမယ်၊ တခြားနည်းလမ်းမရှိတော့ဘူး လို့ တွေးမိမယ်။ တခြားသူဖြစ်ချင်တာဖြစ် ရှင်မဖြစ်ရင်ပြီးရော အဲသလိုပေါ့’
‘ မင်းလည်း အဲဒီလိုပဲပေါ့’ ဟု သူက သံယောင်လိုက်ကာပြောလိုက်သည်။ 
‘ အခုတော့ရှင့်မှာ တခြားသူတွေအတွက် ဘာခံစားချက်မှ မရှိတော့ဘူး’
‘ မရှိတော့ဘူး’ ဟု သူကပြောသည်။ ‘ မင်းလည်းအဲဒီလိုပဲ ခံစားမိတာပေါ့’
သူတို့နှစ်ဦးမှာ နောက်ထပ်ပြောစရာစကားမရှိတော့ပါ။ လေက သူတို့ခန္တာကိုယ်ကို ဆန့်ကျင်စွာ တိုက် ခတ်နေသည်။ ယခုလိုနှုတ်ဆိတ်နေရတာ ရှက်စရာကောင်းလာသလိုပဲ။ ရာသီဥတုကလည်း အေးဆေးတည် ငြိမ်လှသည်။ ဂျူလီယာကသူ့ကို တစ်ခုခုပြောဖို့ပြင်ရင်း ထရပ်လိုက်သည်။ 
‘ ကျွန်တော်တို့ထပ်တွေ့ကြမယ်’ ဟု သူကပြောလိုက်ပါသည်။ 
‘ အင်း’ သူမကပြောလိုက်သည်။
‘ ကျွန်မတို့ထပ်တွေ့ကြမယ်’ 
ဒါ သူမနှင့် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မှာလားဆိုတာကို မရေမရာ အဆုံးသတ်ထားသည်။ Smith သည် အမှန်တရားဝန်ကြီးဌာနတွင် အလုပ်ဆက်လုပ်သည်။ သူ့အလုပ်ထဲမှာနှစ်မြုပ်ရင်း မေးခွန်းတစ်စုံတစ်ရာ ပေါ်လာပါ ကွင်းစ ၊ ကွင်းပိတ်ဖြင့် အတွင်းမှာ ထားလိုက်သည့်အခါထား ၊ ကွင်းအပြင်ကို ပို့သည့်အခါပို့ရင်း နေ့ ရက်တို့သည် ပုံမှန်လည်ပတ်သွားသည်။ အဲဒီလိုဘယ်တော့မှ မပြီးဆုံးသေးသည့်အလုပ်တွေကို စက်ရုပ်တစ် ရုပ်လို လှုပ်ရှားရင်းနဲ့ ကိုယ့်အလုပ်က ဒီနေ့ပြီးသွားတာလားလည်းမသိ၊ နောက်တနေ့ ဆက်ချင်သလိုဆက်နေဦး မည်ကို မစဉ်းစား။ လုပ်ဖော်ကိုင်ဖတ်အချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက်လည်း အသက်မပါတဲ့ အ ကြည့်တွေနဲ့ပဲ ဆုံစည်းလို့ သရဲတစ္ဆေအချင်းချင်း မတော်တဆဆုံမိကာ ခွဲခွာသွားတဲ့ပုံစံမျိုးလိုလို နေ့ရက်တွေ ကျော်ဖြတ်။ နောက်ဆုံးတော့ ပါတီကိုပဲ ယုံကြည်ကိုးစားကာ Big Brother ကိုပဲချစ်ပါတယ် …. ဟူသောအတွေး များသာ သူ့ဦးနှောက်ထဲမှာ ယိုစီးနစ်ဝင်မှုသာ ကျန်ရစ်ပြီဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင် ဖို့ စိတ်တောင်မကူးနဲ့။ သံယောဇဉ်လည်းမတွယ်နဲ့။
George Orwell က ငြိမ်ချမ်းရေးဝန်ကြီးဌာန (Ministry of Peace) ဆိုတာ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ၊   ပဋိပက္ခတွေနှင့် ဆိုင်တယ်။ အမှန်တရားဝန်ကြီးဌာန (Ministry of Truth) ဆိုတာ လိမ်ညာမှုများနဲ့ဖြစ်တယ်။  ချစ်ခြင်းမေတ္တာဝန်ကြီးဌာန (Ministry of Love) ဆိုတာ နှိပ်စက်ညဉ်းပန်းခြင်းဖြစ်ပြီး ပေါများကြွယ်ဝခြင်းဝန် ကြီးဌာန (Ministry of Plenty) ဆိုတ ငတ်မွတ်ခြင်းနှင့်အတူပါပဲဟု စာအုပ်၏ အပိုင်း (၂) အခန်း (၉) တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
1984 ဝထ္ထုကြီးကို George Orwell က ၁၉၄၉ ခုနှစ်မှာ ရေးသားခဲ့သည်။ သူက ၁၉၈၄ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက အဲဒီလိုအခြေအနေမှာ ရောက်နေလိမ့်မည်ဟု အတွေးအခေါ်မြင့်စွာရေးသားခဲ့သည်။ ကမ္ဘာပေါ်မှာ ခွန်အားကြီးမားတဲ့သူတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့သူတွေနဲ့ စစ်မက်ဖြစ်ပွားဖို့လောက်သာ စိတ်ဝင်စားတဲ့သူတွေ  ပဲ ရှိနေမယ်ဟု ဟောကိန်းထုတ်လိုက်တာဖြစ်ပါသည်။ ထို့ပြင် အလွန်အကျွံအလုပ်လုပ်ရခြင်း၊ အစာရေစာလျော့ နည်းစွာ စားသုံးရခြင်း၊ အတိတ်နဲ့အနာဂတ်ကို အဖျက်ဆီးခံထားရခြင်းတွေကြောင့် ပြည်သူပြည်သားများဟာ ပညာညဏ်မဲ့ပြီး စက်ရုပ်တွေဖြစ်လာကာ အစိုးရရဲ့ဖယ်ကြဉ်ခံထားရတဲ့ ကမ္ဘာထဲမှာ ပိတ်မိနေကြလိမ့်မည်ဟု   တွက်ပြခဲ့သည်။ အကယ်၍များ ယင်းအဖြစ်ကို တစ်စုံတစ်ယောက်က ဒေါသနဲ့ ဆန့်ကျင်လိုစိတ်ဖြစ်လာမယ်ဆို ရင် သင့်ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေက သင့်ကိုအပြစ်ပေးဖို့ စောင့်နေလိမ့်မယ်ဟု Orwell က ထောက်ပြ ထားရုံမက တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့များ သယောဇဉ်တွယ်မိရင် ဒါဟာ ပါတီရဲ့အမြင့်ဆုံး ပြစ်ဒဏ်ကို ခံရဖို့သာရှိတယ်ဟု Smith နှင့် ဂျူလီယာတို့၏အဖြစ်ကို ဖော်ပြထားလေသည်။
George Orwell ၏ ‘1984’  ဝထ္ထုကို စိတ်လှုပ်ရှားစရာ အကောင်းဆုံးဝထ္ထုအဖြစ်လည်းကောင်း၊ စာ ဖတ်သူများ ရင်အခုန်ရဆုံးအဆင့်အဖြစ်လည်းကောင်း သက်မှတ်ခြင်းခံရပါသည်။ 1984 စာအုပ်ကို  ဖတ်ပြီးတဲ့နောက် စာဖတ်သူတွေက မိမိဘေး ပတ်ဝန်းကျင်ကမ္ဘာကြီးကို စောင်းငဲ့ကြည့်ကာ မဖြစ်နိုင်တာတွေ ရေးဖွဲ့ထားတဲ့ ကမ္ဘာတစ်ခု အကြောင်းပဲဟု … အဲဒီလိုတွေးကြသူတွေများပါသည်။ သင်ရော ဘယ်လိုတွေးမိပါသလဲ။
ဂျူနီယာဝင်း

Tuesday, June 21, 2016

ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား

ဂျနီယာဝင်း – ကွိင်းမြစ်ပေက တံတား
(
အတွေးအမြင် ၂၀၁၆ မေလ အမှတ် ၂၈၇) မိုးမခ၊ ဇွန် ၈၊ ၂၀၁၆
ပြင်သစ်စာရေးဆရာ Pierre Boceille ဝတ္ထုတပုဒ်ဖြစ်သော Le Pomt de la Rievere Kwai (1952) ကို The Bridge on the River Kwai အမည်ဖြင့် ၁၉၅၇ ခှုစ်တွင် ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ဝတ္ထုသည် ဒုတိယကမာစစ်အတွင်းကာလ ၁၉၄၃ ခှုစ်ကို နောက်ခံပြထားသည်။ ၁၉၄၃ခှုစ် ဒုတိကမာစ်အတွင်းမှာ ဗိတိသျှစစ်သားပေါင်းတစ်သောင်းကျော်ဟာ တံတားတည်ဆောက်နေစဉ်အတွင်း အသက်ဆုံးရံးရကာ ထို တံတားတလျှောက် မြေနေရာတွေမှာမြှုပှ်ံခဲ့ရသည်။ အနီးအနားက မို့ရွာများမှ လူပေါင်းတစ်သိန်းနီးပါးဟာလည်း တံတားတည်ဆောက်မ အတွင်း အသက်ဆုံးကရသည်။
Kwai (ကွိင်း)မြစ်သည် ဘန်ကောကှ်င့် ရန်ကုန်ကိုခြားထားသောမြစ်တစင်းဖြစ်ပီး ထိုမြစ်ကိုဖြတ်၍ တံတားသံလမ်းတခုကို မြန်မာပြည် မှာစခန်းချနေသော ဂျပန်စစ်ဗိုလ် Saito (Sessue Hayakwai) (ဆေးတို)က ဖမ်းဆီးရရှိလာသော ဗိတိသျှစစ်အကျဉ်းသားများကို ထိုတံတား တည်ဆောက်မတွင် အတင်းအဓမလုပ်ကိုင်စေသည်။ Kwai (ကွိင်း) မြစ်သည် ထိုငိးုင်ငံနောက်ဘက်တွင်ရှိပီး သူကိုဖြတ်သော မီးရထား သံလမ်းသည် အရှည်အားဖြင့် မီတာ ၁၀၀(၃၃၀ပေ)ရှိသည်။ စစ်အတွင်းတုန်းက သံမဏိ၊ ဗုံးဒဏ်ကောင့် ပျက်စီးသွားပီး ၁၉၄၅ တွင် သစ် သားဖြင့် ပြန်လည်တည်ဆောက်ခဲ့ကသည်။ ဝတ္ထုသည် ဗိတိသျှအကျဉ်းသားများအား ဂျပန်စစ်တပ်က ထိုတံတားဆောက်မတွင်လုပ်ကိုင်စေ ခြင်း၊ ဂျပန်စစ်တပှ်င့် ဗိတိသျှစစ်ဗိုလ်များကားဆက်ဆံရေး၊ စစ်အတွင်းအခြေအနေများကို ရေးသားထားသည်။ ယင်းဝတ္ထုကိုပုံဖော်ရိုက်ကူး ခဲ့ရာ အော်စကာ ခှုစ်ဆုရအောင်မြင်သော ရုပ်ရှင်တကားဖြစ်ခဲ့သည်။
ရုပ်ရှင်တွင်တော့ အမှန်တကယ်တံတားမှာ ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ ထိုတံတာှးင့် ဆင်တူဆောက်ထားပီး သီရိလကာရှိ တောတခုတွင် ဖန်တီးကာ ရိုက်ကူးခဲ့ကသည်။ သိုသော် အပြင်အဆင်ကောင်းခြင်း၊ အပင်ပန်းခံကာုပညာရသမြောက်အောင် ရိုက်ကူိးုင်ခဲ့ခြင်းတိုကာင့် တကယ့်ဖြစ်ရပ်သဖွယ်ခံစားကည့်၍ရသည်။ စစ်အတွင်းအခြေများသာမက ဘေးပတ်ဝန်းကျင်အနေအထားများကိုပါ ယုံကည်လောက်အောင် ရိုက်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါ။
ဂျပန်အကျဉ်းသားစခန်းဆီကို ဗိတိသျှစစ်အကျဉ်းသားတွေ ရထားဖြင့် ရောက်လာကသည်။ ဂျပန်စစ်ဗိုလ်ချပ်ဆေးတိုက ဗိတိသျှ အကျဉ်းသားတွေကိုရာထူးရာခံတွေကို ဂရုမစိုက်ဘူး။ အကျဉ်းသားဟာ အကျဉ်းသားပဲဟုသဘောထားကောင်း၊ သတိပေးလိုက်သည်။ သည်တော့ သူတိုဆောက်လုပ်လျက်ရှိသော ကွိင်တံတားကို ဝင်ရောက်လုပ်ကိုင်ရမည်ဟု အမိန်ပေေးသည်။ သည်နေရာမှာ အကျဉ်းသားဖြစ် သူ ဗိတိသျှစစ်ဗိုလ် နစ်ကိုဆင်(Nicholoson) (Alec Guinness) က စစ်အကျဉ်းသားများဆိုင်ရာ လူအခွင့်အရေးဥပဒေ ဂျီနီဗာသဘောညီမ ပြာန်းချက်ကို ထောက်ပြပီး စစ်တပ်အရာရှိများအား ယခုလို ခိုင်းစေမျိး လုပ်ခွင့်မရှိကောင်း သတိပေးလိုက်သည်။
သည်နေရာမှာ ဂျီနီဗာသဘောတူညီမ စာချပ် (Geneva Conventions) ဆိုတာ ၁၈၆၄ ခှုစ်မှာ လူအခွင့်အရေးဆိုင်ရာ စစ်ဥပဒေ ဖြစ်ပါ သည်။ စစ်အတွင်းမှာ လူအခွင့်အရေးမချိးဖောက်ဖို စစ်အကျဉ်းသားများကို လူအခွင့်အရေးအရ ဆက်ဆံဖိုဆိုတာတွေ ပါဝင်ပါသည်။ ဒဏ်ရာရ သူတွေ၊ ထိခိုက်ခံရသူတွေ၊ စစ်အကျဉ်းသားအဖြစ် ဆွဲယူခံလိုက်ရသောစစ်သားတွေ သာမန်လူတွေကို ကာကွယ်ဖို ၁၉၂၉ နောက်ပိုင်းမှာ ထပ်မံ ဖြည့်စွက်ချက်တွှေင့် ဖြစ်ပါသည်။ ဒါကို ၁၉၄၉ ခှုစ်မှာိုင်ငံပေါင်း ၁၉၆ိုင်ငံက လက်မှတ်ရေးထိုး သဘောတူခဲ့ကသည်။ စစ်အတွင်း ကာလမှာ လူအခွင့်အရေးမချိးဖောက်ဖို ကက်ခြေနီများအပေ မပစ်ခတ်ရတို နေမကောင်းဖြစ်နေသူတွေ၊ ဒဏ်ရာရသူတွေနဲ ဗုံးဒဏ်ကောင့် ဖြစ်ဖြစ် သဘောပျက်ကနေလင့်လာကသူ စစ်သားများ၊ လူသာမန်များအပေမထိခိုက်စေရ အစရှိသဖြင့် စစ်၏ဓားစာခံများအပေ ဒီစစ်ဥပဒေ ချိးဖောက်ခြင်းမပြရအောင် ထပ်မံဖြည့်စွက်ချက်တွေနဲ ရေးခဲ့ကတာဖြစ်လေသည်။
သည်တော့ စစ်ဗိုလ်ချပ် နစ်ကိုဆင်က ထိုဂျီနီဗာ သဘောတူညီမကို ထောက်ပြပီးဂျပန်စစ်ဗိုလ်ချပ် ဆေးတိုကို သတိပေးတော့ ဆေး တိုက အဲဒီစစ်ဥပဒေဆိုင်ရာ ဂျီနီဗာပြာန်းထားတဲ့ စာရွက်စာတမ်းတွေကို နစ်ကိုဆင်ရဲမျကှ်ာပေပစ်ပေါက်ပီး သတ်ပစ်မယ်ဟု ခိမ်းခြောက် လိုက်သည်။ သူပြောတဲ့စကားကအခုအချိန်မှာ ဥပဒေတွေ၊ ဘာတွေကျပ်ကိုလာမပြောနဲ ဒါစစ်ဖြစ်နေတာ၊ ခရစ်ကတ်ကစားနေတာ မဟုတ် ဘူးတဲ့။ ပီးတော့ ဗိတိသျှစစ်အရာရှိတွေကို အပြစ်ပေးတဲ့အနှေင့် နေပူထဲမှာချပှ်ောင်ပီး ပစ်ထားသည်။ နစ်ကိုဆင်ဟာလည်း သံတိုင် အကျဉ်းအကျပ်ထဲမှာ လှောင်ပိတ်ခံထားရသည်။ နစ်ကိုဆင်က ဆေးတှိုင့် အလျှော့အတင်း မလုပ်တဲ့အပြင် သူတပည့်စစ်တပ် အရာရှိတွေကို လည်း အလျှော့မပေးဖို အမိန်ထုတ်ထားပါသည်။
Nicholsonက ဝတ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်ကောင်တကောင်ဖြစ်ပါသည်။ စာရေးဆရာကိုယ်တိုင် ထိုငိးုင်ငံမှာ စစ်အကျဉ်းသားအဖြစ် နေထိုင်ခဲ့ရစဉ် သူအဖြစ်တွေကို ထည့်သွင်းသရုပ်ဖော်ထားသည်ဟု ယူဆရသည်။ အပြင်လက်တွေမှာတော့ အဲဒီနေရာမှာ ဗိတိသျှစစ်ဗိုလ်ချပ် Philip Toosey ရှိခဲ့တာပါ။ Toosey ကအဲဒီတုန်းက ဂျပန်စစ်တပ်နဲညှိနင်းဖို ကိးစားခဲ့တယ်။ မရတဲ့အဆုံး တံတားတည်ဆောက်မကှိုး ကွေးအောင်တတိုင်သလောက် ကိးစားခဲ့တယ်။ အုတ်တွေ၊ ကွန်ကရစ်တွေ ရောစပ်မမှာ အရည်အသွေးညံ့တာတွေ သုံးခဲ့တယ်။ သစ်သား တွေသုံးတဲ့အခါ ခြစားထားတာတွေ၊ ခြတွေတက်နေတာတွေကို အသုံးပြခဲ့တယ်။ ဒါတွေကိုတော့ရုပ်ရှင်ထဲမှာ ထင်ရှားအောင် ပြမသွာိးုင်ဘူး လို ယူဆရမည်ဖြစ်ပါသည်။ ရုပ်ရှင်ထဲက ဇာတ်ကောင်တချရဲအမည်တွေဟာ ထိုရထားလမ်းတည်ဆောက်တုန်းက ပါခဲ့တဲ့အမည် အရင်းတွေ သုံးခဲ့ကပါသည်။ ဥပမာ- ဂျပန်စစ်ဗိုလ်ချပ်ဆေးတိုက အပြင်မှာရှိခဲ့တဲ့ ဂျပန်စစ်တပ်က အရာရှိအမည်ပါ။ သူကအဲဒီတုန်းကဆိုရင် အပြင်လက် တွေမှာအကင်နာတရားရှိပီး မျှတတဲ့စိတ်ထား ရှိသူလို ဆိုပါသည်။ Toosey ဟာ စစ်ကာလအတွင်းမှာ ဆေတှိုင့် အတိုက်အခံလုပ်ခဲ့ပေမယ့် စစ်ပီးသွားတဲ့နောက် မိတ်ဆွေတွေ ဖြစ်သွားကပါသည်။
ရုပ်ရှင်မှာပါတဲ့ တံတားက လုံးဝကိုစိတ်ကူးပါပဲ။ အပြင်လက်တွေမှာတော့ သစ်သားနဲလုပ်တဲ့ အရန်တံတားတစခုရယ်၊ သံမဏိ၊ အုတ်၊ အဂတေကိုင်ထားတဲ့ ခိုင်မာတဲ့တံတားရယှ်စ်စင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါသည်။ တံတာှးစ်ခုစလုံးကှိုစ်နှစ်လောက်အသုံးပြခဲ့ပီး မဟာ မိတ်တပ်များဗုံးကဲလို ပျက်စီးသွားခဲ့ပါသည်။ ယနေမြင်တွေရတဲ့ ကွိင်းမြစ်ပေကတံတာက သံမဏိတံတားကို ပြန်လည်ပြပြင် ထားတာဖြစ်ပါ သည်။ ဂျပန်တွေက သည်ရုပ်ရှင်နဲပတ်သက်ပီး သဘောမကျတာတွေအများကီးပါ။ အထူးသဖြင့်ကတော့ သူတိုအင်ဂျင်နီယာတွေက ဗိတိသျှ အင်ဂျင်နီယာတွေလောက် မတော်ဘူးဆိုတာရယ်၊ ဗိတိသျှလူမျိးတွေအပေ ဂုဏ်တင်ပီး ရိုက်ပြထားတာတွေရယ်ကို ကိက်ကပါဘူး။
အတိုချပ်ဆိုရရင်တော့ ဝတ္ထုကိုမဖတ်ဖူးပေးမယ့် ရုပ်ရှင်တခုလုံးမှာ အဓိကအားဖြင့် ဂျီနီဗာသဘောတူစာချပ်ကိုဖောက်ဖျက်ခြင်းကို အသားပေးပြထားလို ယူဆရပါသည်။ ထိုရုပ်ရှင်ကို လွန်ခဲ့တဲ့အှစ် ၂၀ လောက်က ကည့်ခဲ့ဖူးတာကိုပြန်ပြောင်းတွေးမိသည်။ အဲဒီတုန်းက ဂျပန် စစ်ဗိုလ်ချပ်က စာရွက်စာတမ်းတွေနဲ့ဗြိတိသျှစစ်ဗိုလ်ချပ်မျကှ်ာကို သူတပည့်တွေရှေမှာ ပစ်ပေါက်ပစ်လိုက်တဲ့ အခန်းကို ဝိုးတိုးဝါးတား မှတ်မိ နေသည်။ အဲဒီတုန်းကတော့ ဘာစာရွက်စာတမ်းတွေနဲပါလိမ့်ဟုတွေးမိတာသာရှိပီး အဓိပာယ်လည်းနားမလည်ပါ။ သာ် …. အခု အနှစ်၂၀ ကျော်ကာခဲ့ပီးမှ ထိုဝတ္ထုအကောင်း၊ ရုပ်ရှင်အကောင်းဖက်ရင်း အဲဒီအခန်းကိုသဘောပေါက်သွားရသည်။ သည်လိုအပြည်ပြည်ဆိုင်ရာချပ်ဆို ထားတဲ့ စာချပ်စာတမ်းများဟာ တကယ့်အပြင်လက်တွေဘဝမှာ ဂျပန်စစ်ဗိုလ်ချပ်ဆေးတိုပြောခဲ့သလိုပဲ ဘာမှအရာမရောက်ပါလားဟု ရုပ်ရှင် ဇာတ်လမ်းအကောင်းတွေးရင်း စဉ်းစားနေမိလေတော့သည်။
ဂျနီယာဝင်း