Showing posts with label covid -19. Show all posts
Showing posts with label covid -19. Show all posts

Monday, February 1, 2021

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

ဂျူနီယာဝင်း - ကိုဗစ်၁၉ကာကွယ်ဆေး ထိုးရေး မထိုးရေး ဒို့အရေး

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁





ကိုဗစ်ကာကွယ်ဆေး ထိုးခြင်း မထိုးခြင်း


ကိုဗစ်ဆယ့်ကိုးကာကွယ်ဆေး ထိုးသင့်မထိုးသင့်ကိစ္စ ဟာ အမှန်တော့ အငြင်းပွားနေရမယ့် ကိစ္စမဟုတ်သလို အမြင်ကွဲလွဲစရာ သဘောထား ကွဲစရာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ ကာကွယ်ဆေး ထိုးမယ့်သူတွေ မထိုးချင်တဲ့သူတွေ ကြားထဲ အုပ်စု၂အုပ်စု ကွဲထွက်နေသလို ဖြစ်လာကြတာတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ခန္တာ ကိုယ်သာပိုင်တယ်လို့ တရားမရှိသလို ပြောရရင်တော့ ဒီကိစ္စကို ကိုယ့်ဆုံးဖြတ်ချက်ကိုယ်သာ ခံရမှာမို့ သူများတကာ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို တားမြစ်ခွင့် တိုက်တွန်းခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

မိသားစုအတွင်းမှာတောင်မှ ကိုယ်ဆေးထိုးလို့ ဘာမှမဖြစ်တိုင်း ကိုယ့်မိဘ ကိုယ့်ညီအကို မောင်နှမတွေကို ထိုးသင့်တယ်၊ ငါဘာမှမဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်ဘာမှမဖြစ်တိုင်း သူများ မဖြစ်ဘူးလို့ အာမခံချက်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ ကိုယ်က ခေါင်းကိုက်တယ် ။ တခြား တစ်ယောက်ယောက်က အဖျားတက်တယ် စသဖြင့် မတူပါဘူး။ ကိုယ်က ဒါကို ခံနိုင်တယ် တခြားသူက ဘာကို ခံနိုင်သလဲ မသိနိုင်ပါဘူး။ ဆေးထိုးတဲ့ကိစ္စဟာ ကိုယ်ခနာကိုယ်ထဲ ထိုးတာဖြစ်လို့ သူများ ဘာမှမဖြစ်လို့ အာမခံဖို့ ဟာအင်မတန် ခက်ခဲပါတယ်။

ကာကွယ်ဆေးဆိုတာ

၁၇၉၇ ခုနှစ်မှာ ကျောက်ရောဂါ ကာကွယ်ဆေးကို တီထွင်ခဲ့သူ Edward Jenner (အက်ဝဒ် ဂျယ်နာ) (၁၇၄၉ - ၁၈၂၃) ဟာ သူစစချင်း ကျောက်ရောဂါ သုတေသန ရလဒ်ကို တော်ဝင် ဆေးသုတေသန အဖွဲ့အစည်း ကို တင်ပြခဲ့စဉ်တုန်းက သူ့ပေပါကို ပယ်ဖျက်ခြင်းခံခဲ့ရတယ်။ ကျောက်ရောဂါအကြီးကြီးကို ကျောက်ရောဂါ သေးသေးလေး နဲ့ ကာကွယ်ဆေးထုတ်ဖော်ပီး လူ့ကိုယ်ခန္တာထဲ ထိုးသွင်းတဲ့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့ ပြသနာတွေ တက်ခဲ့တယ်။ ငြင်းခုန်မူတွေ ဖြစ်ခဲ့တယ်။ သူ့ကို မဖြစ်နိုင်တာတွေ လုပ်တယ်လို့ ဝေဖန်ခံရတယ်။

ဒါပေမယ့် ဂျယ်နာဟာ ၁၇၉၈ ခုနှစ်မှာ စမ်းသပ်မူတွေ ထပ်လုပ်ပြီး ထပ်မံ တင်ပြခဲ့တယ်။ သူ့ဘာသာသူ့ပေပါကို ထုတ်ဝေခဲ့တယ်။ ၁၇၉၉ ခုနှစ်လောက်မှာ သူ့ကို ထောက်ပံ့ပေးမယ့် သူ ရရှိခဲ့တယ်။ စမ်းသပ်ဖို့ လူနှစ်ဦး ရခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ၁၈၀၀မှာ အင်္ဂလန်မှာ ထိုကျောက်ရောဂါ ကာကွယ်ဆေးဟာ အမှားအယွင်းအနည်းငယ်လောက်နဲ့ ထိုးဖောက်နိုင်ခဲ့ကာ နောက်တော့ ဥရောကတခွင် ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်။ ကျောက်ရောဂါကာကွယ်ဆေးဟာ ကျောက်ရောဂါကနေပဲ ထုတ်ဖော်ခဲ့တာဖြစ်လို့ ဆေးပညာလောကမှာဖြင့် တကယ့်ကို တော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဉာဏ်မှီသလောက် စဉ်းစားကြည့်ရင် ကာကွယ်ဆေးဆိုတာ ဒီရောဂါ ဗိုင်းရပ်ပိုးကို ကိုယ့်ခန္တာထဲ ထိုးသွင်းတဲ့ သဘောရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း သည်လို နည်းပညာနဲ့ ထုတ်ဖော်ခဲ့တယ်လို့ အကြမ်းအားဖြင့် သဘောပေါက်ထားပါတယ်။

သိထားသင့်တဲ့ ကာကွယ်ဆေးအကြောင်း

ထိုးဖို့မထိုးဖို့ ကိုယ့်ဘာသာဆုံးဖြတ်ရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ သိထားရမယ် ၊ ဟိုဘက်သည်ဘက် မျှတစွာ စဉ်းစားချင့်ချိန်ရမယ်၊  ဒီလို side-effect (ဆိုက်အက်ဖက် - တုန့်ပြန်မူများ) တွေအားလုံးကို သိရှိထားပီး ကိုယ်ဟာဖြင့် ဒါတွေကို ခံနိုင်ရည်ရှိမရှိ သုံးသပ်ရမယ်၊ ပြီးမှသာ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ်ဟာ ထိုးဖို့အတွက်လိုအပ်နေသလား မလိုအပ်ဖူးလား လေ့လာပါ။ ဒါကြောင့် ယခုဆောင်းပါးဟာ ဘယ်ဘက်ကိုမှ မယိုင်အောင် သတိထားပီး ရေးသားထားပါတယ်။ စာဖတ်သူများအနေနဲ့ ကိုယ့်သဘောဆနနဲ့ အညီ ဆုံးဖြတ်ပိုင်ခွင့်ရှိပီးသားပါ။

ကျမ်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေး

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာကတော့ ဒီကာကွယ်ဆေးကို ကျမ်းမာရေးဝန်ထမ်းများဟာ အားလုံးကိုယ်စား သူတို့မှာ စဉ်းစားပိုင်ခွင့်တောင် နည်းနည်းလောက်သာ ရှိမယ်ထင်ပါတယ် လူအများအတွက် အနစ်နာခံ ရှေ့ဆုံးက ထိုးခံခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်မှာ သူတို့ဟာ ပြည်သူလူထုကျမ်းမာရေးအတွက် ထိုးနှံဖို့အသင့်လျော်ဆုံး လူတန်းစားအဖြစ် မြင်ကြပါတယ်။ ဒါကြောင့်လည်း ရှေ့တန်းက သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူတို့အတွက်တော့ လူနာတွေနဲ့ထိတွေ့နေရတာဖြစ်လို့ အနည်းနဲ့အများ ကာကွယ်ပေးမယ်ဆိုတဲ့ ဒီကာကွယ်ဆေးကို ထိုးကို ထိုးဖို့လိုအပ်နေတယ်ဆိုတာ တကမ္ဘာလုံးက လက်ခံထားပီးဖြစ်နေပါတယ်။ ဒါကြောင်လည်း ကျမ်းမာရေးဝန်ထမ်းများဟာ အရင်ဆုံး ထိုးနှံခံခဲ့ကြရတယ်။ ဖြစ်လာမယ့် အကောင်းအဆိုး လက်ခံကြရပါတယ်။ သူတို့ဟာ အခွင့်အရေးယူပီးထိုးခွင့်ရတာမဟုတ်ပါဘူး အနစ်နာခံ အရင် ထိုးခဲ့ကြရတာပါ။

ဆိုက်အက်ဖက်များ

ယခု မြန်မာပြည်ကို ရောက်ရှိလာသော အိန္ဒိယ ထုတ် AstraZeneca Covidshield  (ကိုဗစ်ရှီး) ကာကွယ်ဆေးထိုးတဲ့အခါ ဖြစ်တတ်တဲ့ ဆိုက်အက်ဖက် ၃ဆင့်ရှိပါတယ်။ ပထမအဆင့်က လူ၁၀ယောက်မှာ ၁ ယောက်ဖြစ်တတ်တာက အများအားဖြင့် လို့ ရေးသားထားပါတယ်။

“ ထိုးထားတဲ့နေရာဟာ ပူလာတယ်။ နာလာတယ် အနည်းငယ်။ နီလာတယ် ။ ယားလာတယ်။ ယောင်လာတယ်။ အနာဖြစ်လာတယ်။ ကိုယ်ခန္တာအနေနဲ့ဆိုရင် နေမကောင်းချင်သလို ဖြစ်လာတယ်။ ချမ်းလာတယ်။ အားလျော့ပင်ပန်းလာတယ်။ အဖျားတက်ချင်လာတယ်။ ခေါင်းကိုက်လာမယ်။ အန်ချင်လာမယ်။ ကိုယ်ခနာ နာကျင်မူနဲ့ ကြွက်သားများ နာလာတတ်ပါတယ်။“

ဒုတိယ အမျိူးအစားဟာလည်း ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အများအားဖြင့် ထဲမှာ ပါပါတယ်။ “ ထိုးထားတဲ့နေရာဟာ အားမရှိတော့သလို အားပြတ်သလို ဖြစ်လာတယ်။ အဖျားတက်လာတယ်။ အန်မယ်။ အဖျားတက်- လည်ချောင်းနာ- နှာစေး- ချောင်းဆိုး - ချမ်းတုန် စတဲ့ တုတ်ကွေး လက္ခဏာတွေ ပြလာတတ်ပါတယ်။“

နောက်တတိယ အမျိူးအစားဆိုက်အက်ဖက်ကတော့ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်ခဲတဲ့အရာပါ။ မူးလာတာ၊ အစားအသောက် အရသာပျက်တာ၊ အနာရင်းတာ၊ ယောင်ကိုင်းလာတာ၊ ချွေးထွက်လာတာ၊ အရေပြားယားယံလာပြီး နီလာတတ်ပါတယ်။“

အဖြစ်များဆုံး ဆိုက်အက်ဖက်များ ၃ခုရှိပါတယ်။ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အပူချိန်မြင့်လာခြင်း၊ အနံ့အရသာ ပျက်လာခြင်း တို့ဖြစ်ပါတယ်။

ဘယ်လောက်ကြာမလဲ ဘာလုပ်ရမလဲ

ဆေးထိုးပီး ၁၂နာရီ လောက် အတွင်းလောက်မှာ ဆိုက်အဖက်တွေ ဖြစ်လာတတ်ပီး တပတ်လောက်အတွင်းမှာ တဖြေးဖြေး ပျောက်သွားတယ်လို့ ဆိုပါတယ်။ ထိုးထားတဲ့နေရာဟာ တော်တော်လေး နာကြင်လာတာဟာ ၁ ရက်ကနေ ၂ ရက်လောက် ကြာတတ်ပါတယ်။

အဓိကအားဖြင့် ကောင်းကောင်း အနားယူရမယ်။ ယောင်တာသက်သာတဲ့ဆေးကို ဆရာဝန်အကြံပေးသလို သောက်သုံးပါ။ အညှော်တွေဘာတွေလည်း ရှောင်ပါ။ အကယ်၍ ဆိုက်အက်ဖက်ဟာ ပျောက်မသွားပဲ ပိုဆိုးလာတယ် လို့ သင့်စိတ်ထဲ သတိထားမိနေတယ် ဆိုရင် နိးစပ်ရာ ဆရာဝန် ဆေးခန်းကို ပြသသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ သင့်ကို ထိုးပေးထားတဲ့ ကာကွယ်ဆေးဆိုင်ရာ ကဒ်ပြားကို ပြပါ။ ဆရာဝန်များက ကြည့်ပီး ကုသပေးပါလိမ့်မယ်။

ဆေးထိုးပီး မူလ အလုပ်တွေ ပြန်လုပ်ဖို့ အချိန်ပေးပါ။ အားရှိအောင် နေထိုင်ပါ။ ဆေးထိုးထားတဲ့လက်မောင်းက မခံမရပ်နိုင်အောင်နာလာခြင်း၊ လက်ကို မ လို့မရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်းများ ၂ ရက်ကနေ ၃ ရက် ခန့်ကြာမြင့်နိင်ပါတယ်။ သာမန်အားဖြင့် ၁ ပတ်လောက် ဖြစ်တတ်ပါတယ်။

နောက်တကြိမ်ထိုးရဦးမယ်

ကာကွယ်ဆေးကို ၂ခါထိုးရပါမယ် ။ သတ်မှတ်ထားတဲ့ ရက်မှာ ပထမအကြိမ်ထိုးထားတဲ့ ဆေးကို ထပ်ထိုးရပါမယ်။ ပထမတကြိမ်တုန်းက ထိုးထားတဲ့ ဆေးမှတ်တမ်းစာရွက်ကို ပြပါ။ သိမ်းထားပါ။ ဒုတိယအကြိမ်ထိုးတဲ့အခါ ယူသွားပါ။ Pfizer ဆေးက ၃ပတ်ခြားပါတယ်။ Moderna က တလ (၂၈ ) ရက် ခြားပါတယ်။ covidshield က ၂၈ ရက်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပီးသူတွေရောထိုးရမလား

ထိုးဖို့လိုအပ်ပါတယ်။ ကိုဗစ်ရောဂါဘယ်လောက်ဖြစ်ထားတယ် ဆိုတာရယ် ပြန်လည်ဖြစ်ပွားနိုငိတဲ့ အခြေအနေ ရှိနေရင် ထိုးဖို့လိုအပ်ပါတယ်။ သင်ဟာ သင့်ကိုယ်ခံအားနဲ့သော်လည်းကောင်း၊ convalescent plasma ဆိုတဲ့ သွေးရည်ကြည် ကုထုံးနဲ့ နဲ့သောလည်းကောင်း ကိုဗစ်၁၉ ကို တိုက်ထုတ်ထားတဲ့သူဆိုရင် ကာကွယ်ဆေးမထိုးခင် ရက် ၉၀ စောင့်ရမယ်။ ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

ပညာရှငိတွေအနေနဲ့လည်း လူနာ တယောက်နဲ့တယောက် မတူတဲ့ ဖြစ်ပွားမူ။ ထပ်မံဖြစ်ပွားမူ ။ ကိုယ်ခံစွမ်းအား အစရှိသည်တို့ကို အတိအကျ မတွက်ချက်နိုင်သေးပါဘူး။ ဒါတွေအားလုံးလေ့လာပီးမှသာ ရက်၉၀ ကြာရင် ထိုးဖို့ ဆုံးဖြတ်န်ုင်ပါတယ်။

ကာကွယ်ဆေးထိုးပီးရင်ဘယ်လို နေရမလဲ

ကာကွယ်ဆေးထိုးပီးရင် မာစ်မချွတ်ရသေးဘူး။ လူတွေနဲ့ ခပ်ဝေးဝေးနေဦး။ လက်လည်း ဆေးနေရဦးမယ် ဆိုတာဟုတ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပီးသား လူတစ်ယောက်ဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးဆက်ခံရနိုင်သေးတယ်။ ထို့အပြင် ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ် ကူးဆက်ခံရတဲ့ ကာကွယ်ဆေးထိုးပီးသားလူဆီကနေ တခြားလူကို ကူးဆက်နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပီးတိုင်း ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ သွားလာမူကို မလုပ်ရပါဘူး။ တော်တော်များများက ဆေးထိုးပီးတဲ့သူဆို စိတ်ချရပီ ကိုယ်က မထိုးလည်း ရတယ် လို့ထင်တဲ့အထင်ဟာ မှားပါတယ်။ ဆေးထိုးပီးတဲ့သူတိုင်းကို မိမိနေအိမ်ကို လာခွင့်ပေးရင်လည်း အရင်တုန်းကလိုပဲ မာစ်တပ် ခပ်ဝေးဝေးထား လက်ဆေးတာ နှစ်ဦးနှစ်ဖက် လိုက်နာကြရပါဦးမယ်။

မာစ်တပ်ပါ တဦးနဲ့တဦး ၆ပေ ခွာနေကြပါ လူစုလူဝေးရှောင်ပါ အန္တရယ်များတဲ့ နေရာမျူ်းကိုရှောင်ရှားပါ မသွားပါနဲ့ လက်ကိုဆေးပါ။

ကာကွယ်ဆေးဆိုမှတော့

ငှက်ဖျားရောဂါ အဖြစ်များတဲ့ အရပ်ဒေသကို အမူထမ်းမယ့် သူတစ်ယောက်ဟာ ငှက်ဖျားကာကွယ်ဆေး ထိုးသွားရပါတယ်။ ဒီတော့ ငှက်ဖျားကာကွယ်ဆေးရဲ့ ဆိုက်အက်ဖက်တွေကို အနည်းနဲ့အများခံရပါတယ်။ တပတ်တန်သည် နှစ်ပတ်တန်သည် ကြာရင် ပျောက်သွားပါမယ်။ သူဟာ ငှက်ဖျားကာကွယ်ဆေးကို အားကိုးပီး စိတ်ရှိလက်ရှိ ကိုယ်သွားချင်သလို သွားလာလို့ မရပါဘူး။ ဂရုတစိုက်နေထိုင်ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သဘောဟာ အဲသည်သဘောပါ။ ပိုလည်းမပို လျော့လည်းမလျော့ပါဘူး။ ထိုအရပ်ဒေသက လူတိုင်းလည်း ငှက်ဖျားကာကွယ်ဆေး မထိုးပါဘူး။ ထိုးချင်ရင်ထိုးတယ် မထိုးချင်မထိုးပါဘူး။ ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူဟာ ရန်သူလည်းမဟုတ်ပါဘူး။

အခု ကိုဗစ် ကာကွယ်ဆေးဟာ ပြသနာက ဘာလဲဆိုတော့သူက လူလူချင်း ကူးနိုင်တဲ့ သဘောရှိပါတယ်။ ငှက်ဖျားက ဖြစ်ရင် ကိုယ်တစ်ယောက်ထဲဖြစ်မယ် ကိုယ်ပေါ့ဆရင် ကိုယ်ပြန်ဖြစ်မယ် ။ အခုကိုဗစ်က ကိုယ်ပေါ့ဆမိရင်ကိုယ်သာမက ကိုယ်နဲ့တွေ့တဲ့သူတွေလည်း ကူးနိုင်တယ် ဒါကြောင့် ပိုသတိထားနေရတာပါ။

ကာကွယ်ဆေး လူတိုင်းထိုးရမလား

Ashoka University က ဂျယ်မီလ် (Jameel) လို့ခေါ်တဲ့ ဗိုင်းရပ်စသုတေသနဆိုင်ရာ သိပ္ပွပညာရှင် က ပြောရာမှာ “ကာကွယ်ဆေးကို အားလုံး လူတိုင်း ထိုးနှံဖို့မလိုအပ်ပါဘူး။ ဧရိယာတစ်ခုမှာ ၇၀% လူဦးရေပမာဏဟာ ကိုရိုနာဗိုင်းရပ်စကို ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ်ရှိထားတယ်ဆိုရင် ထိုဒေသအတွက် ကာကွယ်ဆေး ထိုးဖို့မလိုအပ်ပါဘူး။ “

မေးခွန်းတွေ သည်လိုဖြေထားတယ်

၀ါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် က မေးတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွ်ဆေးထိုးထားတဲ့သူက ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ဖြန့်ဖြူးနေသေးလား ဆိုတာကို သူကအခုလို တိုတိုပဲဖြေပါတယ်။ “ရက်စ် “ တဲ့။ “ကာကွယ်ဆေးက သင့်ဆီကနဲ့ သင့်ဆီကို ကြီးမားတဲ့ကူးဆက်မူမဖြစ်အောင် လျော့ချပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသည်လိုပြောလိုက်တာဟာ အဲသည် အခြေအနေကို စွန့်စားပစ်လိုက်ဖို့ မဟုတ်ပါဘူး။“

သူကဆက်ပြောတယ်။ “ကာကွယ်ဆေးဘယ်လောက်ကောင်းကောင်း ၁၀၀ ရာခိုင်နှူန်းတော့ ကာကွယ်မူ မရှိပါဘူး“ သူက ကိုဗစ် ဆယ့်ကို းကာကွယ်ဆေးကို လည်းပဲ ရည်ညွန်းပြောတာဖြစ်ပါတယ်။ “၉၀ % ထိရောက်တယ် ဆိုတာဟာကျန်တဲ့ ၁၀% ထိရောက်မူမရှိဘူးလို့ဆိုလိုပါတယ်။ ၁၀% ကူးစက်နိုင်တယ် လို့ပြောတာပါ။ သင်က သိပ်ကို အန္တရယ်များတဲ့ ဇုံမှာ ရှိနေမယ် အလုပ်လုပ်နေရမယ် ဆိုပါတော့ သင့်အနေနဲ့ မာစ်တပ်ရမယ် လူတွေနဲ့ဝေးဝေးနေရမယ် မဟုတ်ပါလား အဲသည်လို လုပ်သင့်တယ် မဟုတ်ပါလား။ အဲတာ ဟုတ်သလား မေးရင် - ကျွန်တော်က ဟုတ်တာပေါ့ ဆက်လုပ်ရမယ်လို့ ဖြေပါမယ်။“

သည်တော့ကူးစက်နိုင်တဲ့နေရာတွေ စဉ်းစားကြည့်ပါ။ ဆေးရုံ ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ လူတွေ အများကြီးနဲ့ ဆက်ဆံ အလုပ်လုပ်နေရတဲ့နေရာတွေ၊ အပြင်ထွက် သွားလာနေရတဲ့သူတွေ အလုပ်တာဝန် ထမ်းဆောင်နေရတဲ့သူတွေ၊ ရောဂါဖြစ်ပွားမူ အမြင့်ဆုံးဖြစ်ပွးနေတဲ့နေရာတွေ ကို သွားလာရမယ် အလုပ်လုပ်ရမယ် နေထိုင်ရမယ် ဆိုရင် ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သူ့ကို ရာခိုင်နှူန်း အတိုင်းအတာ အားဖြင့် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။

သူကဆက်ပြောသေးတယ် ကာကွယ်ဆေးက ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုထားတာတောင်မှ တဲ့ “သိပ်ကိုပြင်းထန်တဲ့ ကူးစက်မူကို ကာကွယ်ပေးထားနိုင်လောက်ပါတယ် လို့ ဖြစ်နိုင်ခြေရှိတာတောင်မှ သင်ဟာ သိပ်ကို ပျော့ပြောင်းတဲ့ အသေးစား ကူးစက်မူမျိူးကို သင်ဟာသတိထားမိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲသည် အချက်ကြောင့် သူတပါးကို ကူးစက်သွားနိုင်တာ ဖြစ်ပါတယ်။“

“ကိုဗစ်ဆယ့်ကိုးဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲတတ်တာကြောင့်လည်း ဆေးရဲ့ အာနိသင်ကို အမြဲ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသဘောသဘာဝဟာ မည်သည့် ကာကွယ်ဆေးမဆို ၁၀၀ ရာခိုင်နှူန်း မကာကွယ်နိုင်တဲ့အတွက် အရင်ကထက်တောင် ပိုပီး သတိထား နေထိုင်ဖို့ ပိုလိုအပ်နေပါတယ်။ မာစ်တွေဆက်တပ်ဆင်ဖို့ စဉ်းစားပါ။ မာစ်တပ်တာ မမှားပါဘူး။ မာစ်ကို လွှင့်ပစ်လိုက်ဖို့ အချိန်မကျသေးပါဘူး“

ကာကွယ်ဆေးမှာ သက်တမ်းရှိသလား

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မှာ (စတစ်ဘူနင်) Steve Bunin ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကို ကိုးကားရရင် သူက Seattle စီရယ်တယ်က သုတေသန ပညာရှင်တွေဆီက ရလဒ်ကို ရေးသားထားပါတယ်. “ဗိုင်းရပ်စ ကလည်း အသစ်၊ ကာကွယ်ဆေးကလည်း အသစ်ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးထိုးထားတဲ့သူဟာ ဘယ်လောက်ကြာကြာ ကာကွယ်မူပေးနေမလဲ မသိပါဘူး။ ဥပမာ - တုတ်ကွေး ဖလူရောဂါ အတွက်ဆိုရင် တခါထိုးထားရင် ၁နှစ်လောက် အနည်းဆုံးတော့ကာကွယ်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးကိုတော့ မပြောနိုင်ပါဘူး။“

ကိုဗစ်ဆယ့်ကိုး ကာကွယ်ဆေးဟာ သင့်ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးထားနိုင်မလဲ ဆိုတဲ့မေးခွန်းကို အခုလို ဖြေထားပါတယ်။ ဒီအဖြေကို ရဖို့ သုတေသနတွေ လုပ်ကြရပါဦးမယ် ။ ယခုလတ်တလော ကာကွယ်ဆေး များဖြစ်တဲ့ Pfizer , Moderna, AstraZeneca (မြန်မာပြည်ရောက် ကိုဗစ်ရှီး) သုံးမျိူးနဲ့ပတ်သက်ပီးတော့လည်း အြဖေရှာရပါဦးမယ်။ ကာကွယ်ဆေး ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပေါ်မူတည်ပီး အဖြေထုတ်ရမှာပါ။ ဥပမာ တုတ်ကွေးနဲ့ အအေးမိကာကွယ်ဆေး များကို ထိုးမယ်ဆိုရင် တနှစ်ပီးတနှစ် ထိုးလိုက ထိုးလို့ရပါတယ်။ သာမန်အအေးမိတာတွေ အတွက်က ကာကွယ်ဆေးဆိုတာ မရှိပါဘူး။

ကိုဗစ် ဆယ့်ကိုးရဲ့သဘာဝဟာ ဗီဇပြောင်းလဲတတ်တာကြောင့် အခုထိုးထားတဲ့ ကာကွယ်ဆေးကို ထပ်ခါ တလဲလဲ ဖြစ်စေ တနှစ်တခါဖြစ်စေ ထိုးဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Moderna ကိုဗစ်ကာကွယ်ဆေးဟာ ကာကွယ်ဆေးထိုးပီး ၁နှစ် အနည်းဆုံးတော့ ကာကွယ်ပေးထားမယ်လို့ ဆိုထားပါတယ် (၂၀၂၁ ဇန်နဝါရီ၁၂ ရက်သတင်း)။ ဒီသတင်းကို Rector ရက်တာ ရီပို့အရ တနေလာင်္နေ့ မှာ (တနင်္လာနေ့ ဆိုတော့ ဇန်နဝါရီ ၁၁ ဖြစ်မယ် ထင်တယ်) လူ သန်း၆၀၀ ကျော် အတွက် ကာကွယ်ဆေး ထုတ်လုပ်ပီးတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သို့သော် တနှစ် ကျော် မှာထပ်မံ သုတေသနတွေ လုပ်ဖို့ လိုအပ်နေပါတယ် လို့ ဆိုထားပါတယ်။ ဒါကြောင့် မေးခွန်း အဖြေ အတိအကျကို ဘယ်သူမှ မဖြေနိုင်သေးပါဘူး။ တနှစ်အကြာမှာ ထိုးထားတဲ့သူဆီက သုတေသန ကိုရယူခွင့်ရမယ်ဆို၇င်တော့ သိပ္ပံပညာရှင်တွေ အနေနဲ့ နှစ်စဉ်ထိုးသင့်မသင့် ဆုံးဖြတ်လို့ရနိုင်လောက်ပါတယ်။

ကူးဆက်ဗေဒဆိုင်ရာ ပညာရှင် Dr, Karry Corey ဒေါက်တာလာရီကိုရေနဲ့ ဝါရှင်တန်က ကူးဆက်ရောဂါဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Dr. Peter Rabinowitz ဒေါက်တာ ပီတာရာဗင်နိုဝစ် တို့ကလည်းပဲ ကာကွယ်ဆေးရဲ့ သက်တမ်းဟာ ၆လ ကနေ ၁နှစ်ကျော်လောက်ပါတယ်လို့ တကယ်ဖြစ်နိုင်လောက်တဲ့ မျော်လင့်ချက်နဲ့ အဖြေပေးခဲ့ကြပါတယ်။

ဂျူနီယာဝင်း

Friday, January 1, 2021

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း


 

ဂျူနီယာဝင်း - မတ်စ်များနဲ့ စကားပြောခြင်း

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၀



မတ်စ်နဲ့ ပတ်သက်လို့ ရေးသားဖော်ပြထားတာတွေ အများကြီးပါ မတ်စ်တွေ အမျိူးအစားစုံအောင် ရှိပါတယ်။ ပြောရရင်တော့ အားလုံးက မတ်စ် တပ်ပီးရင် စိတ်ချလက်ချနဲ့ လူတွေကြားထဲ နေဖို့တော့ မဟုတ်ပါဘူး။ မတ်စ်တပ်ပီး လုံခြုံပီလို့ မပြောနိုင်တဲ့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။

မတ်စ်ဆိုတာတဲ့ လူမမာတွေ အထူးသဖြင့် တပ်ရတာပါတဲ့။ သူတို့ဆီက ရောဂါပိုးတွေ သူတို့စကားပြောရင်၊ နှာခြေရင် ၊ ချောင်းဆိုးရင်၊ အပြင်ကို မထွက်အောင်၊ သူများဆီကို မကူးစက်အောင် ဖြစ်ပါတယ် တဲ့ ။ သူတို့ အပြင် ထွက် သွားလာရင် မာ့စ်ကို တပ်ထားခြင်းဖြင့် သူတ်ု့နေမကောင်းဘူးဆိုတာ အများက သတိထားမိစေပါတယ်။ 

နောက်ပြီးတော့ ဆေးရုံမှာ လူနာနဲ့ သွားတွေ့ရတဲ့ လူနာရှင်တွေဟာ မတ်စ်တပ်ထားခြင်းဖြင့် လူမမာဆီ သူတို့ရောဂါပိုးများ မဝင်အောင် ဖြစ်ပါတယ်တဲ့ ။ ဆေးရုံကကုတင်ပေါ် နေရတဲ့လူနာအများစုဟာ မတ်စ်တပ်လေ့မရှိပါဘူး ။ သူတို့ကိုကုသတဲ့ဆရာဝန်တွေ နာစ်တွေ လူနာရှင်များကသာ မတ်စ်ကို တပ်ကြရပါတယ် ။ အဲဒါက ကိုဗစ် မလာခင်အထိပဲ မှန်ပါတယ် ။ သည်တော့ မတ်စ်ရဲ့ သဘောသဘာဝက တပ်ထားတဲ့သူရဲ့ ရောဂါပိုးများ သူတပါးဆီကို မရောက်အောင် ဖြစ်ပါတယ် ။ သူတပါးဆီက အမှူန်အမွှားတွေ ကိုယ့်ဆီ မရောက်အောင် ဆိုတဲ့ သဘောတရားတွေ သေချာရေးသားထားတာ မတွေ့ရပါဘူး။ သည်တော့ စဉ်းစားစရာက မတ်စ်တွေက တဖက်ခြမ်းကိုပဲ ကာကွယ်ထားသလား ။ သည်မေးခွန်းနဲ့ပတ်သက်လို့ ဖြေထားတာတွေရှိပါတယ် ။

မတ်စ် ၂မျိူး

မတ်စ်အကြောင်းတွေ မပြောခခင် မတ်စ်၂မျိူးကို ခွဲခြားသိထားဖို့ အရင်လိုအပ်ပါတယ်။ 

ပထမတမျိူးက respirator အသက်ရှူဖို့ မတ်စ်ဖြစ်ပါတယ်။ အဲသည်မတ်စ်ကို တပ်သူဟာ သူ့ဆီကိုဝင်ရောက်လာမယ့် မီးခိုးငွေ့တို့ အမှူန်အမွှားတို့ ဖုန်တို့ဘာတို့မဝင်အောင် ကာကွယ်ပေးပါတယ်။ အဲဒိမှာလည်း လေကို သန့်စင်အောင်စစ်ပေးသော filter (လေစစ်) ပါပါတယ်။ သူ့ဆီဝင်ရောက်လာတဲ့လေကို တပ်ထားတဲ့ မတ်စ်မျက်နှာပြင်က စစ်ပေးတာပါ။ အဲလိုမတ်စ်များကို ဓါတုဗေဒလုပ်ငန်း စက်မူလုပ်ငန်းတွေမှာ လုပ်ရတဲ့ သူတွေ တပ်ကြရပါတယ်။ dust mask, gas mask လို့လဲခေါ်ကြပါတယ်။ အဲဒီအမျိူးအစားက တပ်ဆင်သူဆီက ရှူထုတ်လိုက်တဲ့ လေကို အပြင်ကို ထုတ်ပေးပါတယ်။ အပြင်ကလေကို တော့ စစ်ထုတ်ပီး သွင်းပါတယ်။ 

နောက်ဒုတိယတမျိူးက sergical mask ဆာဂျီကယ်မတ်စ် လို့ခေါ်တဲ့ ယနေ့အသုံးပြုနေတဲ့ မတ်စ်တွေအကုန်လုံးကို ချူံပီး ခေါ်ပါတယ်။ တပ်ဆင်သူထုတ်လွှတ်လိုက်တဲ့ အမှူန်များကို အပြင်ကို မထွက်စေပါဘူး။ သူ့ရဲ့ထုတ်လွှတ်လိုက်တဲ့ အစက်တွေ အမှူန်အမွားများ သူတပါးဆီ မရောက်အောင် အဓိကထားပါတယ်။ အဲဒါ ထို မတ်စ် ၂မျိူးရဲ့ ကွာခြားမူဖြစ်ပါတယ်။

ဆရာဝန် သုံး ဆာဂျစ်ကယ်မတ်စ် 

ဆရာဝန်သုံး ဆာဂျီကယ်မတ်စ်များ ကိုဗစ်ဆယ့်ကိုး အကာကွယ်နိုင်ဆုံး မတ်စ်အဖြစ် ဆိုကြပါတယ်။ သူ့ရဲ့အတွင်းက filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်)ဟာ သိပ်ကို ထိရောက်တဲ့ ကာကွယ်မူပေးပါတယ်တဲ့။ သူ့မတ်စ်ကို EM149 အီးယူနဲ့ နှိူင်းယှဉ်ပီး ပြောကြပါတယ်။ ယူအက်စ်ကလုပ်တဲ့ N95၊  တရုတ်ကလုပ်တဲ့ KN95 ။ ယူအက်စ်လုပ် N99 နဲ့ တရုတ်ကလုပ်တဲ့ KN99 ။ ယူအက်စ်် လုပ် N100 နဲ့ တရုတ်လုပ် KN100 တို့နဲ့ နှိူင်းယှဉ်ပီး ဖော်ပြပေးပါတယ်။ 

အဲသည်က နံပါတ်တွေ နိုက်တီဖိုက် (95) ဆိုတာက အဲဒီ မတ်စ်မှာပါတဲ့ လေစစ်ဟာ အမှုံအမွှား ၉၅% ကို ကာကွယ်နိုင်တယ် ။ ဆိုလိုတာက ပိုးမွှားအရွယ်အစား ဝ.၃ မိုက်ကရိုမီတာ ကို မဝင်အောင် (ဒီနေရာမှာ မထွက်အောင် လို့ပြောရင်ပိုမှန်ပါတယ်) ပိတ်ထားနိုင်တယ် လို့ဆိုလိုပါတယ်။ တပ်ဆင်သူဆီက ထုတ်လွှတ်သော အမှူန်အမွားများအတွက် အဲသလောက်ပမာဏ အပြင်မတွက်အောင် စွမ်းဆောင်နိုင်ပါတယ်။ 

ဆာဂျီကယ်မတ်စ်တွေထဲမှာ “ ဆာဂျီကယ် N95“ ဆိုတဲ့မတ်စ်ကိုတော့ အဆင့်မှီ မတ်စ်အဖြစ် ခေါ်ကြပါတယ်။ (ဆာဂျီကယ်လည်းဟုတ် တဲ့ N95 မတ်စ်များ) သို့သော်လည်း ဆာဂျီကယ်မတ်စ်များဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ နက်ဂတစ်ပြပါတယ်တဲ့။ သူ့ကို စွန့်ပစ်ရင် ပတ်ဝန်းကျင် ကျမ်းမာရေး ထိခိုက်တယ်ပေါ့။ ဘာကြောင့်ဆို သူ့မှာသုံးထားတဲ့အသားက ၆၀ ဒီဂရီစင်တီကရိတ်မှာ မိနစ်၃၀ လောက်ကို ပိုးမွှားများကာကွယ်နိုင်တဲ့ အလွန် ကောင်းတဲ့ အမျိူးအစားဖြစ်နေလို့ပါ။ 

လေ့လာမိသလောက် ပြောရရင် ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားများရဲ့ အရွယ်အစားဟာ 0.125 မိုက်ကရိုလောက်တော့ ပျမ်းမျှ ရှိပါတယ်။ အကြီးဆုံး 0.2 မိုက်ကရို လောက်ထိ ရှိနိုင်တယ်။ 0.05 ကနေ 0.2 မိုက်ကရို ကြားမှာ ရှိတယ်။ အဲဒီအရွယ်အစားဟာ တချိူ့သော ဓါတ်ငွှေ့များ ဖုန်မှူန့်များထက်တော့ ကြီးပါတယ်။

ဆရာဝန်တွေ အများအားဖြင့် တပ်ဆင်တဲ့ ဆာဂျီကယ်မတ်စ်ဟာ လူနာတွေဆီ သူတို့ဆီက ရောဂါပိုးများ မရောက်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် ဆာဂျီကယ်မတ်စ်များဟာ တပ်ဆင်သူရဲ့ ဘက်က အမှူန်အမွားများ ကို အပြင်မရောက်အောင်လုပ် ထားသောလည်း ပြင်ပက ပြင်ပလူတွေဆီက ချောင်းဆို နှာချေ အစရှိသည်တို့က ထွက်လာတဲ့ အရာများ သေးငယ်သော အမှူန်တွေကို လုံးဝဥသုံ မတားဆီးပေးနိုင်ပါဘူး။ 

၂လွှာမတ်စ်များ

အသက်ရှူရ လွယ်တယ် ။ တကိုယ်ရည်သုံးဖြစ်တယ်။ ဆေးရုံတွေမှာ အသုံးများတယ်။ ဒါပေမယ့် သိပ်ကို စွန့်စားရမယ့်နေရာမျိူးတွေ ဖြစ်တဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့နေရာမျိူး တွေမှာ မတပ်ရဘူး ။ သူက ၉၅ % အောက်သာ ကာကွယ်ပေးနိုင်တယ်။ အလယ်အလတ်အားဖြင့် စိတ်ချရသောနေရာမျိူး မှာတော့ တပ်ခွင့်ပေးတယ်။ သူ့ရဲ့ filter (လေစစ်) ကပိုးမွှား 🦠  ၈၅ % နဲ့ ၉၅ % ကြားကိုသာ အာမခံထားပါတယ်။ အကြမ်းအားဖြင့်၉၀ ရာခိုင်နှူန်း ကျော်လောက်ကိုသာ ကာကွယ်ပေးမယ်။ ၉၅ ထိ မရောက်ဖူးဆိုတဲ့သဘော။ 

ဒါပေမယ့် သူ့ကိုတပ်ထားရင် အသားအရည်ပေါ်ကျရောက်လာတဲ့ ယူဗီ ခရမ်းလွန်ရောင်ခြည်ကို ၉၅ ရာခိုင်နှူန်း ကာကွယ်ပေးတယ်။ လေဆိပ်တို့ ကားဂိတ်တို့ ရူပ်ထွးတဲ့ ဘစ်စကားဂိတ်တို့ ဈေးဂိတ်တို့ စသဖြင့် ခရီးဝေးသွားဖို့ သွားလာဖြတ်သန်းရရင်ဖြင့် ၂လွှာမတ်စ်ဟာ သိပ်ကို စိတ်ချရပါတယ်တဲ့။ သူ့ကို ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ရတဲ့ ဆရာဝန်တွေ တပ်ကြပါတယ်။ လူမမာကိုပြုစုနေရတဲ့ နာစ်စ်တွေလည်း တပ်တယ်။ တပ်ဆင်သူရဲ့ ရောဂါပိုးအမှူန်အမွှားများ ပြင်ပကို မထွက်အောင် လူနာဆီမရောက်အောင် ဖြစ်ပါတယ်။ 

၂ထပ် သို့မဟုတ် ၂လွှာ မတ်စ်များဟာ တပ်ထားတဲ့သူရဲ့ဘက်က အမှူန်အမွှားတွေ ပြင်ပကို မရောက်နိုင်ပါဘူး အပြင်ကဝင်လာနိုင်တဲ့ အမှူန်အမွှားများကျတော့ လုံးဝဥသုံကြီးတော့ အတွင်းကို မဝင်နိုင်သောလည်း အပြည့်အဝတော့ မတားဆီးထားနိုင်တာကြောင့် စိတ်မချရပါဘူး ဒါကြောင့် မတ်စ်များကို သုံးစွဲကြတဲ့အခါ သေချာ လေ့လာပီး ဝယ်ယူတပ်ဆင်ကြပါတယ် စိတ်မချရင် ၂ခု ထပ်ပီး တပ်ဆင်ပါတယ်။ တဖန် မတ်စ်များ တပ်တဲ့အခါ မျက်နှာရဲ့ သဘာဝအရ ပါးနေရာမှာ လွတ်နေတတ်ပါတယ် ဒါကြောင့် ကြိုးကိုခေါက်တုန့်ချီပီး တပ်ရင်ကြပ်ပီး ပိုစိတ်ချရပါသတဲ့ ။



၃ထပ် မတ်စ်များ 

မတ်စ်တွေကို ၃ထပ် ချူပ်ထားရင် ပိုစိတ်ချ ပိုကာကွယ်ပါတယ်။ ဆိုလိုတာက အလယ်က တထပ်ဟာ တပ်ထားတဲ့သူဆီကရော အပြင်ကသူဆီကရော အပေါ်ယံအလွှာကနေ ဝင်လာသမျှကို တားဆီးပေးပါတယ် ဒါကြောင့်သုံးလွှာ ချူပ်ထားတဲ့မတ်စ်က ပိုစိတ်ချရပါတယ်ပေါ့။ မျက်နှာနဲ့ကပ်ရက် အတွင်းက ပထမအလွှာဟာ ရေခိုးရေငွှေ့ဒဏ်ခံနိုင်တဲ့ အလွှာဖြစ်ပါတယ်။ အလယ်ကဒုတိယအလွှာက အမှူန်အမွှားများကို ပျော်ဝင်ကပ်ညိစေနိုင်တဲ့ အသားဖြစ်ပါတယ်။ အပြင်က အလွှာ (အများအားဖြင့် အပြာရောင်) ကို တတိယအလွှာလို့ခေါ်ပါတယ်။ သူက ချောမွတ်တဲ့အသားဖြစ်ပါတယ်။ 

အဲဒါကို ဆေးသုတေသနဆိုင်ရာ သဘောနဲ့ ရှင်းတော့ “အလွှာ ၃လွှာပါ မတ်စ်“ မှာ အပြင် ၂လွှာက အဝတ်စ ကဲ့သို့ အလွှာဖြစ်ပြီး အတွင်းက အလွှာဟာ ပေါင်မုန့်အသားညှပ်လို အဲသည်၂လွှာကြားညပ်ထားပါတယ်တဲ့။ အဲသည်အလယ်လွှာဟာ အပြင်က အလွှာများနဲ့မတူတဲ့ အလွှာဖြစ်ပီး ဗိုင်းရပ်စ်များကို အဝင်ရော အထွက်ရော ညှပ်ပိတ်ဖမ်းဆီးပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် သန့်စင်တဲ့လေကိုလည်း စစ်ပေးပါတယ်။ ဘက်တိးရီးယား ကာကွယ်နိုင်မူက ၉၅ ရာခိုင်နှူန်း ကျော်ပါတယ်။0.1 မိုက်ကရို အထက်ကို စိတ်ချရပါတယ်။

၃လွှာ မတ်စ်ကို ဆာဂျီကယ်မတ်စ် လို့လည်း ခေါ်ပါတယ်။ အမေရကန် အစာနဲ့ဆေးဝါးဆိုင်ရာ အဖွဲ့အစည်း FDA က ထောက်ခံထားပါတယ်။ 

သို့သော် သူ့မှာ အားနည်းချက်တွေ ရှိပါတယ်။ သူ့ကို တပ်ဆင်မူမှာ မျက်နှာရဲ့ အနေအထား၊ တပ်ဆင်သူရဲ့ သေချာတပ်ဆင်မူမရှိခြင်း စသဖြင့် အကြောင်းတွေကြောင့် လျော့ရဲမူရှိနိုင်တယ်။ လစ်ဟာမူ ရှိနေတတ်တယ်။ နောက်တဖန် သူ့လေစစ်ရဲ့အလုပ်လုပ်ပုံဟာ အပြင်ကနေ သူရှူသွင်းလိုက်တဲ့အခါ ဝင်လာနိုင်တဲ့ အမှူန်အမွှားများကို ကာကွယ်မူကို တစ်ရာ ရာခိုင်နှူန်း မထောက်ပံ့ပေးဘူး ။ ဒါကြောင့် ကိုယ်ရှူသွင်းလိုက်တဲ့ လေကိုလည်း အာမမခံဘူးတဲ့။ 



N95 မတ်စ်များ

နာခေါင်းနဲ့ ပါးစပ်ကို အလုံဖုံးတဲ့မတ်စ်မျိူးပါ။ သူ့မှာ လေစစ် ပါတယ်။ အသက်ရှူပေါက်ပါတယ်။ ယူအက်စ်က လုပ်ပါတယ်။ သူ့ရဲ့ လေစစ်နဲ့ အပိတ် အဖုံး တွေကို အပြင်က မမြင်ရပါဘူး။ မျက်နှာပြင်မှာ တပ်ဆင်ချူပ်လုပ်ထားပုံရပါတယ်။ 

ကျမ်းမာရေးလုံခြုံမူဆိုင်သော အမျိူးသားတက္ကသိုလ် NIOSH N95က ထုတ်တာပါ။ လေစစ်ဟာ အနည်းဆုံး 95% လေထဲက အမှူန်များကို ကာကွယ်ပေးပါတယ်။ သူ့ရဲ့ကြိုးဟာ နားရွက်ကနေ ချိတ်တာထက် ခေါင်းကနေ ပတ်ပီး သွားရပါတယ်။ သူက အမှူန်အမွှားများကိုတော့ ကာကွယ်ပေးပီး ဓါတ်ငွေ့တွေ၊ ရေခိုးရေငွ့များတော့ ဝင်စေထွက်စေ ဆိုသလိုဖြစ်နေတယ်။ တရုတ်ကလုပ်တဲ့ KN95 ကိုလည်း အဲသည်သဘောမျိူး ဆင်ပါတယ်။ ဒါပေမယ့် NIOSH က KN95 ဟာ ၁ ရာခိုင်နှူန်း အဆင့်နိမ့်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ကနေဒါ အစားအစာနဲ့ဆေးဝါး သုတေသန အဖွဲ့အစည်းကလည်း KN95 ရဲ့ လေစစ် အဆင့်ဟာ မပြည့်မှီဘူးလို့ ဆိုတယ်။ ဒါကြောင့် KN95 ကို ဆာဂျီကယ်မတ်စ်လို့ မခေါ်ပဲ respirator လို့ ခေါ်သင့်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ 

“ဆာဂျီကယ် N95“ ကို NIOSH နဲ့ ကနေဒါ က ဆေးသုတေသန ဆိုင်ရာအဖွဲ့အစည်း FDA များက လုံးဝဥသုံစိတ်ချရပါကြောင်း ဆိုပါတယ်။ သူ့ကို စက်မူလုပ်ငန်းလုပ်ကိုင်သူတွေ အများအားဖြင့် တပ်ဆင်တာ တွေ့ဖူးကြပါတယ်။ 

N95 မတ်စ်ကို ကိုဗစ်ဆယ့်ကိုး လူနာဟာ တပ်ဆင်ထားမယ်ဆိုရင် တဲ့။ ပြင်ပကလူတွေကို အကာအကွယ်မဖြစ်ပါဘူးတဲ့။ သူ့မှာ တပ်ဆင်ထားတဲ့ လေစစ်နဲ့တပ်ဆင်ထားတဲ့ အဆို့တွေဟာ ပြင်ပကို အတွင်းကလေမစစ်ပဲ ထွက်နိုင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ကိုဗစ်လူနာ က ထိုမတ်စ်ကို တပ်ထားသောလည်း သူထုတ်လိုက်တဲ့ လေထဲပါလာတဲ့ ဗိုင်းရပ်စ်ကို တပ်ထားတဲ့ အဆို့က မပိတ်ထားနိုင်ပါဘူး လို့ဆိုပါတယ်။ N95 မတ်စ်ဟာ တပ်ဆင်သူအတွက် ကိုသာအဓိကထား ကာကွယ်ပေးထားတာဖြစ်လို့ သူနဘေးကလူတွေအတွက် အန္တရယ်ရှိပါတယ်။ 

သူ့ကို တပ်ဆင်ရာမှာ ဖစ်တင်ကျတယ်။ ကိုယ်ရှူထုတ်လိုက်တဲ့လေ ကိုယ်စကားပြောတဲ့အခါ ထွက်တဲ့ လေ ကြောင့် လေဝင်လေထွက် နေရာဟာ ကြာလာရင် ပျော့ပြောင်း လာနိုင်ပါတယ်တဲ့။ ညစ်ပတ်လာတဲ့အခါ လျော့လာတဲ့အခါ သူ့ကို စွန့်ပစ်ဖို့လိုပါတယ်။



KN95 

သူ့အကြောင်း ရှေ့မှာ တော်တော်များများ ဖော်ပြခဲ့ပီးပီ။ အဓိက အားဖြင့်တော့ သူ့ကို အမ်နိုက်တီဖိုက် လောက်ယုံကြည် စိတ်ချဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတယ်။ အမ်နိုက်တီဖိုက်လောက် မကာကွယ်နိုင်ဘူး။ ဒါပေမယ့်လည်း အပြင်ပကို ထွက်တဲ့အခါ လူများတဲ့နေရာမျိူးဆိုရင် သုံးနိုင်ပါတယ်တဲ့။ အရေးကြီးတာ ကိုယ်မတ်စ်တပ်ထားရင် သူများ ဘာမတ်စ်တပ်တပ် သိပ်အရေးမကြီးဖူးလို့ မြင်ပါတယ်။ မတ်စ်တွေဟာ အဓိကအားဖြင့် တပ်ဆင်သူကို အများဆုံးကာကွယ်ပေးဖို့ လိုပါတယ်။

N95 KN 95 မတ်စ်များမှာသုံးတဲ့ အဆို့ဟာ အရှင်ဖြစ်ပီး one way (တဖက်သွား)ဖြစ်ပါတယ် တပ်ဆင်သူ ရှူထုတ်လိုက်တဲ့အခါ အဆို့ဟာ ပွင့်သွားပီး ပြင်ပကို အမှူန်အမွှားများဟာ ရောက်ရှိသွားပါတယ် ဒါကြောင့် ၎င်းမတ်စ်များဟာ သူ့နဘေးက လူတွေ မတ်စ်မတပ်ထားရင်ဖြင့် ဘေးကလူများအတွက် အင်မတန် အန္တရယ်ကြီးမားပါတယ် 

ပြန်သုံးနိုင်တဲ့မတ်စ်မျိူး 

ဆေးကျောသန့်စင်ပီး ပြန်သုံးမယ် ဝယ်ပီးရင် တသက်လုံးသုံးပေတော့။ - 

အဲဒါမျိူးကျတော့ ပြန်လည်သန့်စင်ပီး သုံးမယ်။ အသက်ရှူပေါက်ပါတယ် filter (လေဝင်လေထွက် အတွက် ရေစစ်သကဲ့သို့ လေစစ်) ကို လဲပေးရတယ်။ ထို လေစစ်ပါ အဖုံးအပိတ် အဆို့ ကို အပြင်ကနေ မြင်နေရတယ်။ အဲဒီမတ်စ်တွေဟာ လေကောင်းလေသန့်မရှိတဲ့နေရာမျိူးတွေ၊ ဖုန်တွေကြားထဲ ရောက်နေရင်၊ ဆိုတာတွေအပြင် လေထဲမှာ သွားလာနေတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စများ နဲ့ အနုကြည့်မှန်ဖြင့်သာမြင်ရတဲ့ ပိုးမွှားများ ကို လည်း ကာကွယ်ပေးတယ်။ သူက ပြန်သုံးရတဲ့အတွက် အလေအလွင့်နည်းတယ်။ ကိုဗစ် ၁၉ ကို ကာကွယ်ပေးနိုင်ပါတယ် ဒါပေမယ့် သူ့ filter (ဖစ်လ်တာ) ကိုတော့ လဲပေးနေရမယ်။ အဲဒီလေစစ် လေး အလုပ်ကောင်းကောင်းလုပ်နေသ၍ သူဟာလည်း ဆာဂျီကယ်မတ်စ် လောက်တော့ အဆင့်ရှိပါတယ်တဲ့။ ဒီနေရာမှာ စိတ်ချရတဲ့ လေစစ်ဖြစ်ရမယ် လို့ပြောထားပါတယ်။ 



XC99မတ်စ်များ

အိတ်စီနိုက်တီနိုင်း မတ်စ်များဟာ အဝတ်နဲ့ အသားနဲ့ အစနဲ့ စသဖြင့် ချူပ်လုပ်ထားသော ၃လွှာ မတ်စ်များကဲ့သို့ အလုပ်လုပ်ပါတယ်တဲ့။ ဒါ့အပြင်ကိုဗစ် ၁၉ ဗိုင်းရစ်ကိုလည်း ကာကွယ်ပေးပါတယ်လို့ ဆိုတယ်။ သူ့မှာသုံးထားတဲ့ ပလတ်စတစ်ဟာ TPU ပလတ်စတစ်ဖြစ်ပီး ခရမ်းလွန်ရောင်ချီ ကိုလည်း ကာကွယ်ပေးတယ် ၁၀ဝရာခိုင်နှူန်း အမှူန်အမွားများနဲ့ အစက်တွေကိုလည်း ကာထားပေးနိုင်တယ်။ ဆပ်ပြာနဲ့ဒါမှမဟုတ် ဘက်တီးရီးယား သန့်စင်ဆေးရည်နဲ့ လျော်ဖွတ်လို့ရတယ် အခြောက်မြန်တယ်။ 

(TPU Thermoplastic polyurethane ပိုလီယူသိမ်းပလတ်စတစ်မှာ ဂုဏ်သတ္တိတွေအများကြီးရှိပါတယ်။ ဆွဲဆန့်လိုရတယ် ထိုးဖောက်မြင်နိုင်တယ် ဆီ အဆီ ချောမွတ်သော အဆီ စေးကပ်သော အဆီချေးများကို ခံနိုင်တယ်။ မာလည်းမာ ပျော့လည်းပျော့တဲ့ သာမိုပလတ်စတစ်နဲ့ လုပ်ထားတာ လို့ဆိုလိုပါတယ်။)

သူ့ရဲ့ အဆို့ဟာ ဝမ်းဝေး (တဖက်ထဲကိုသာကာကွယ်ပေး) တဲ့ အရာမဟုတ်ပါဘူးလို့ လည်းဆိုပါတယ်။ အများအားဖြင့် N95 N99 မတ်စ်တွေလို ဝမ်းဝေးမဟုတ်ဘူးလို့ဆိုတယ်။ အဲဒါတွေက သင်အသက်ရှူလိုက်ရင် အမှူန်အမွှားများကို ကာကွယ်ပေးတယ် သင်အသက်ရှူထုတ်လိုက်ရင် အဲဒီအဆို့ဟာ ပွင့်သွားပီးတော့ မတ်စ်ထဲကလေတွေကို ပြင်ပကို ထုတ်ပစ်လိုက်ပါတယ်လို့ ရေးသားထားပါတယ်။ ဟောဒီ XC99 အိတ်စီနိုက်တီနိုင်းကတော့ တဲ့ သူ့ အဆို့ဟာ အသေဖြစ်ပါတယ်တဲ့။ ဝမ်းဝေးမဟုတ်ပါဘူးတဲ့။

(XC 99 မတ်စ်ကို အရောင်တင်ရေးထားပီး နံမယ်ကြီးမတ်စ်တွေကို သူက ထိခိုက်တဲ့သဘောတော့ ပါနေတာပေါ့။ ဒါပေမယ့် အဆို့တွေ အကြောင်းကို ရှင်းပြထားတာဖြစ်လို့ ယူသင့်တဲ့ ပညာတော့ယူရမှာပါပဲ။)

ပြောရရင်တော့ ကိုဗစ်ဆယ့်ကို ခေတ်အတွင်းမှာ ဝမ်းဝေးအဆို့ပါတဲ့မတ်စ်များက ဝတ်ဆင်သူကိုတော့ ကာကွယ်ပေးပေမယ့် သူ့ဆီကထွက်လာတဲ့ အမှူန်အမွားများ အစက်များကို ဘေးကတခြားသူတွေဆီကို မကာကွယ်ပေးပါဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင် မတ်စ်တပ်ထားတယ် မှန်တယ် သူတပါးတပ်ထားဖို့ကိုလည်း လိုအပ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ကိုယ်နဲ့စကားပြောတဲ့သူက မတ်စ်တပ်ထားပီး ကိုယ်က မတပ်ထားရင် အင်မတန် အန္တရယ်ကြီးတယ်ဆိုတာ ကို ပြပါတယ်။ ဒါ့အပြင် တဖက်က တပ်ထားတဲ့သူရဲ့ မတ်စ် ဟာ N95 N99 တို့လို ဝမ်းဝေးအဆို့ရှင် ဖြစ်နေရင် တော်တော်ကြောက်စရာကောင်းပါတယ် အရေးကြီးတာ ကိုယ်တပ်ဆင်တဲ့မတ်စ်ဟာ အနည်းဆုံးတော့ ၃လွှာမတ်စ်တော့ ဖြစ်နေရပါမယ်။ 

အိတ်စီနိုက်တီနိုင်း XC99 ရဲ့ အဆို့ဟာ ဝမ်းဝေး မဟုတ်တဲ့အတွက် ဒါကု ိတပ်ဆင်သူဟာ အသက်ရှူထုတ်ထုတ် ရှူသွင်းသွင်း သူ့မှာတပ်ဆင်ထားတဲ့ filter ဖစ်လ်တာ (လေစစ်) နဲ့ ရင်ဆိုင်ကြရမှာပါတဲ့။ အဲသည်ဖစ်တာ သူ့မှာပါဝင်တဲ့ လေစစ် အခံဟာ ဂျာမနီရဲ့နည်းပညာနဲ့ ထုတ်လုပ်ထားပီး ဗိုင်းရပ်စအမျိူးအစားပေါင်းများစွာကို ခြေဖြတ်နိုင်တယ်တဲ့။ ဟောင်ကောင်သိပ္ပံနဲ့နည်းပညာက တီထွင်ထုတ်လုပ်ထားပီး တိုင်းပြည်တွေတော်တော်များများမှာ စစ်ဆေးပီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် WHO ကလည်း စိတ်ချရပါတယ်လို့ အမှတ်ပေးထားတာကြောင့် ယုံကြည်သုံးစွဲနေကြပါတယ်။ 

သူ့ရဲ့ဒီဇိုင်းကြောင့် ဝတ်ဆင်သူအတွက် သက်တောင့်သက်သာဖြစ်တယ် အသက်ရှူရတာ ကောင်းတယ်တဲ့။ နှူတ်ခမ်းနီလည်း မပျက်ဖူးဆိုပဲ။ အခုခေတ် ဆယ်လီတွေ အကြိုက် မိန်းခလေးတွေ သဘောကျပေါ့နော်။ 

သို့သော်လည်းပဲပေါ့လေ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးပေးရာမှာ အသုံးတည့်ပါတယ်ဆိုသောလည်း သူ့အတိုင်းအတာနဲ့သူ သူ့ဖစ်လ်တာကို လဲပေးဖို့လိုအပ်သလို ကိုဗစ်ရောဂါ မပြန့်ပွားဖို့ ဆိုရှယ်ဒစ်စတန့်လုပ်တာ လက်ဆေးတာနဲ့ မျက်နှာနခေါင်းမကိုင်ရ ဆိုတာတွေတော့ လိုက်နာကြရပါမယ်။ 

ကိုယ့်ဘာသာ ချူပ်သောမတ်စ်များ

လက်ကိုင်ပုဝါနဲ့ အဝတ်စနဲ့စသဖြင့် ချူပ်တဲ့မတ်စ်က စိတ်ချရသလားတဲ့။ မေးခွန်းထုတ်ထားတယ်။ တရာရာခိုင်နှူန်း စိတ်မချပါနဲ့တဲ့။ အဝတ်စဟာ အဝင်ရော အထွက်ရော လုံးဝ မလုံပါဘူးတဲ့။ သူ့ရဲ့ အသားပေါ်မူတည်ပီး ပိုးမွှားများ ဝင်နိုင်တဲ့ မိုက်ကရို မီတာ အရွယ်အစား ကွဲပြားမူ ရှိနေပါတယ်တဲ့။ ထိုကဲ့သို့သော မတ်စ်တွေကို ၂ လွှာမတ်စ် အမျိူးအစားထဲ ထည့်ပါတယ်။ သို့သော် ကိုယ့်ဘာသာ ချူပ်မယ် တပ်ဆင်မယ် ပြန်လျောသုံးမယ် အဆင်ပြေပါတယ်တဲ့။ အဓိက ကတော့ လူတွေနဲ့ ဝေးဝေးသာနေဖို့ တိုက်တွန်းထားပါတယ် ။ 

မတ်စ်တွေ အများကြီးရှိသေးတယ်

မတ်စ်တွေ တကယ့်ကို အများကြီးကျန်ပါသေးတယ်။ ဆာဂျီကယ်မတ်စ် ၊ အသက်ရှူဖို့မတ်စ်၊ ပြန်သုံးလို့ရသော မတ်စ် ၊ ၉၉ % လုံတယ်ဆိုတဲ့ သက်လုံမတ်စ်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထုတ်လုပ်ထားသော သရီးဒီမတ်စ်၊ ဆီလီကွန်မတ်စ်၊ ခရီးဝေးသွားမတ်စ်၊ သိုးမွှေးနဲ့လုပ်ထားသော မတ်စ်၊ ခေါင်းဦးအတွင်းခံ မှိူ့ဖြင့် ပြုလုပ်ထားသော မတ်စ် စသဖြင့်စသဖြင့်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ပုံ စိတ်ချရပုံ အာမခံချက်ရှိပုံတွေ ပါပါတယ်။ ရာခိုင်နှူန်း ဘယ်လောက် ဆိုတာတွေလည်း ရေးသားထားပါတယ်။ သည်တော့ ကိုယ်က မတ်စ်တစ်ခုကို ဝယ်ယူတပ်ဆင်တော့မယ်ဆိုရင် သေချာဖတ်ရူပီး ဝယ်ယူသုံးစွဲကြဖို့ တိုက်တွင်းချင်ပါတယ်။ 

မတ်စ်အချင်းချင်းတွေ့ကြ

သည်တော့ မတ်စ်တပ်ထားတဲ့လူအချင်းချင်း တွေ့ရင် ပြသနာမရှိပါဘူး ကိုယ့်ရောဂါ သူများဆီမရောက် သူ့ရောဂါ ကိုယ်ဆီမရောက်ပေါ့ ။ ဒါပေမယ့် တစ်ယောက်က မတ်စ် မတပ်ထားရင် စိတ်မချရတာက မတ်စ်တပ်ထားတဲ့သူအနေနဲ့ သူ့ရောဂါတော့ ထိုသူဆီ မရောက်ပေမယ့် မတ်စ်မတပ်တဲ့သူရဲ့ အမှူန်အမွှားများကျတော့ မတ်စ်တပ်ထားတဲ့သူဆီ ဝင်ရောက်နိုင်ပါတယ်။ 

တဖန် တပ်ထားတဲ့သူရဲ့မတ်စ်ဟာ ဝမ်းဝေးမတ်စ် ဖြစ်နေရင်ဖြင့် သူ့ဆီက ရောဂါပိုးတွေ တဖက်သားဆီ ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် မတ်စ်ကို အားလုံး တပ်မှသာ နှစ်ဥိးနှစ်ဖက် တပ်မှသာလျှင် ဘက်မျှမယ်။ မျှတမယ်။ 

ဒါကြောင့် အများအားဖြင့်တော့ မတ်စ်ကို ၃ထပ် သုံးလွှာချူပ်ထားတဲ့ မတ်စ်ကို တပ်မှသာ တဖက်သားက မတပ်လည်း ကိုယ့်မှာ စိတ်ချလက်ချ ရှိမယ်ဖြစ်ပါတယ်။ အခုတွေ့ကရာ လျောက်ဖတ်နေမိတဲ့ အင်တာနက်ဆောင်းပါးများဟာ မတ်စ်တွေကို သေချာလေ့လာ ပီး ရေးသားထားတာတွေအပြင် ဘယ်မတ်စ်က စိတ်ချရမလဲ လို့မေးခွန်းတွေလည်းထုတ်ထားကြတာ တွေ့ရပါတယ်။


မတ်စ်တွေကို သည်လိုစစ်ဆေးပါတဲ့

သူနာပြုတစ်ဦး အကြံပေးတာတော့ သင့်ရှေ့က ဖယောင်းတိုင်ကို မတ်စ်တပ်ထားရင်း လေနဲ့မှူပ်ပါ ဖယောင်းတိုင် ညိမ်းသွားရင် သင့်မတ်စ်က မလုံပါဘူးတဲ့။ ဒါမှမဟုတ် အသစ်လဲဖို့ အချိန်တန်ပါပီတဲ့။ ကနေဒါ က Dr Abdul Sharkawy ဒေါက်တာအက်တူရှာကဝီ ဆိုတဲ့ ရောဂါပိုးဆိုင်ရာ စပယ်ရှယ်လစ် ဆရာဝန်တစ်ယောက်က အခုလို အကြံပေးတယ် သင်ကိုယ်တိုင်ချူပ်ထားတဲ့ မတ်စ်ဖြစ်စေ သင်ဝယ်ယူထားတဲ့မတ်စ်ကို ဖြစ်စေ တပ်ဆင်ပီးရင် အခုလို စမ်းသပ်ပါတဲ့ သင့်လက်ဝါးကို သင့်မျက်နှာ သင့်မတ်စ်နဲ့အဝေး ၆လက်မ အကွာမှာ ထားထားပါ ပီးရင် သင်ဟာ အသက်ရှူသွင်း ရှူထုတ်လုပ်ပါ ထိုလေကို သင့်လက်ဝါးက ခံစားမိတယ်ဆိုရင် သင်တပ်ထားတဲ့မတ်စ်က မလုံခြုံပါဘူးတဲ့။ သူကဆက်လက် ပြောရာမှာ မသုံးသင့်တဲ့ မတ်စ် အမျိူးအစား ၃မျိူးကို အခုလို ပြောထားပါတယ်။

၁။ မတ်စ်တစ်ခုလုံး အလုံပိတ်ဖြစ်ပီးတော့ လေဝင်လေထွက်အတွက် အဖုံး လို ဟာတစ်ခု နဲ့မတ်စ်မျိူး - သူ့မှာ လေရှူတာအတွက် အဆို့ သီးသန့်လုပ်ပေးထားတယ်။ အဲဒီ အဆို့ကို အပြင်မှာ မြင်နေရပါတယ်။ အဲဒိအမျိူးအစားက ဘယ်တော့မှ မပျက်စီးတာတော့သေချာပါတယ်။ သင့်ကိုလည်း အပြင်ကလူတွေဆီက ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတယ်။ ဒါပေမယ့် သင့်နဘေးက လူတွေအတွက် ဘာမှ အကာအကွယ် မရှိဘူး လုပ်မထားဘူး ဆိုလိုတာက သင့်ဆီက ပိုးတွေကျ ထွက်နိုင်တယ် တကယ်ကြောက်စရာပါ ။ အဲသည်လို မတ်စ်တွေ သိမ်းလိုက်သင့်တယ် ။ အဲဒါမျိူးတွေ လူတွေ တပ်တာတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် လို့သူက ပြောပါတယ်။

နောက် နံပတ် ၂ ။ မျက်နှာတစ်ခုလုံး အုပ်တဲ့မတ်စ်မျိူး - ကြည့်လိုက်ရင် ဖက်ရှင်ကျတယ် ဒါပေမယ့် သူ့နဘေးမှာ လေဝင်လေထွက် အပေါက် တွေပါတယ်။ ဘာနဲ့တူလဲဆိုတော့ မိုးရေထဲမှာ နေကာမျက်မှန်နဲ့ ကားမောင်းနေရသလိုပေါ့။

၃။ လည်ပင်းအထိပါ ဖုံးထားတဲ့ မတ်စ်မျိူး - အဲဒါကိုတော့ မတ်စ်လို့တောင် ခေါ်မနေပါနဲ့ ။ အလကား အမျိူးအစားဖြစ်ပါတယ်။“ 

နိဂုံး ချုပ်မယ် 

သည်တော့ မတ်စ်ကိုတပ်ဆင်တော့မယ် ဝယ်ယူမယ်ဆိုရင် အထက်ပါ အချက်အလက်များကို လေ့လာသုံးသပ်ပီး တပ်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။ သည်နေရာမှာ စာရေးသူအနေနဲ့ အကြံပေးချင်တာရှိပါတယ်။ ယခုလက်ရှိ တပ်နေကြတဲ့ မည်သည့်မတ်စ်ကို မဆိုပေါ့လေ တပ်ပီးရင် ပိုစိတ်ချရအောင် Face shield ကို ပါ တပ်ဖို့ပါ။ ဘာလို့ဆို ကိုယ်နဲ့ တွေ့မယ့်လူတွေ ဧည့်သည်တွေ က ဘယ်လိုမတ်စ်မျိူးကို တပ်လာမလဲ ။ ဘာမတ်စ်မှ မတပ်လာဖူးလား ။ ဒါတွေကို ထည့်တွက်ပီး ကိုယ့်ဘက်က စိတ်ချရအောင် face shield ကိုပါ တပ်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူများတပ်လာတဲ့မတ်စ်က ဘာလဲဆိုတာ ခွဲခြားဖို့ခက်ပါတယ်။ စာဖတ်သူများလည်း မတ်စ်နဲ့ပတ်သက်သော အချက်အလက်များ ဒါလောက်လေ့လာထားမယ်ဆိုရင်ဖြင့် အခုလာမယ့်နှစ်သစ်မှာ မတ်စ်အလန်းလေးနဲ့ပဲကြိုကြို ဘယ်လိုမတ်စ်မျိူးကိုပဲ ဝယ်ယူတပ်ဆင်ကြသည်ဖြစ်စေ မတ်စ်တွေအကြောင်း ဒါလောက်တီးမိခေါက်မိထားရင်ဖြင့် လုံခြုံစိတ်ချေသော အခြေအနေဖြင့် နှစ်သစ်ကို ကြိုဆိုသွားကြပါစို့။ အားလုံးမင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။

 မေတ္တာဖြင့်
ဂျူနီယာဝင်း

Monday, December 14, 2020

ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ


ဂျူနီယာဝင်း - စတေးဟုမ်း၊ စကင်းဝေ့ နှင့် ရလိုက်သော အကျင့်များ

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၀

ကိုဗစ် နိုတင်း စကင်းဝေ့မှာ စတေးဟုမ်းကာလက အကြာရှည်ဆုံးပါ။ ခုထိလည်း စတေးဟုမ်း ပါပဲ။ စတေးဟုမ်းကာလကြာရှည် လာတာနဲ့အမျှ အတွေ့အကြုံတွေ လည်းစုံလာပါတယ်။ သည်တော့ ရေရှည်တိုက်ပွဲလား ကိုဗစ်နဲ့ အတူ နေထိုင်ခြင်းလား ဘာလား ကြိုက်ရာ ခေါင်းစဉ်တွေ တပ်ကြပါတယ်။ စတေးဟုမ်းကာလအတွင်းရလိုက်တဲ့ ကောင်းတာလေးတွေကိုပဲ အဓိက ထားဖော်ပြချင်ပါတယ်။

ကိုယ့်ကိ်ုယ်ကိုယ်အားကိုး

အရင်ဆုံး ပြောချင်တာ ကိုယ့်အားကိုယ်ကိုးခြင်းဖြစ်ပါတယ်။ အခုလိုကာလမှာ သူများဆီက အကူအညီ တောင်းတယ်ဆိုတာ ဒုက္ခ ပေးတာနဲ့အတူတူပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း သိပ်ပြီး  သူများအကူအညီ တောင်းဘို့ခဲယဉ်းတယ် လို့ထင်ပါတယ်။ သို့သော် အခုလို အခြေအနေမှာ နည်းနည်းလေးတောင် စိတ်က သူများကို ဒုက္ခမပေးမိအောင် ပိုပီး သတိထားဖြစ်လာပါတယ်။

မိမိကိုယ်ကိုယ်သာ အားကိုးရာ

ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး နေရမယ် ဆိုတဲ့ အသိစိတ်ကြောင့် အရင်တုန်းက နေနေတာ ဘယ်လိုနေထိုင်နေခဲ့တယ် ဆိုတာ သိပ်သတိမထားမိပေမယ့် အခုနေခါမှာ ပိုပီး စိုးရိမ်မူတွေ ဖြစ်လာပါတယ်။ ကျွန်းတစ်ကျွန်းမှာ တကိုယ်တည်း ရောက်နေတဲ့သူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတာပါ။ ကိုယ့်မိသားစုကိုယ်နဲ့အတူ ရှိနေတယ်။ ကျွန်းကလေးမှာ ။ ဒါဆို ဘာမှမလိုဘူးပေါ့။ သို့သော် စားဝတ်နေရေးက ရှိနေတော့ ဘာလုပ်လုပ် ဘာကိုင်ကိုင် စိုးရိမ်စိတ်ကြီးနဲ့ နေနေရမှာ။ ကြာရင် တဖြေးဖြေး အဲသည်စိတ်ကြောင့် စိတ္တဇ  ဝေဒနာဖြစ်လာတယ်။ ညအိပ်မပျော် တော့ဘူး။ ဒီဝေဒနာတွေ သက်သာအောင် အိမ်မူကိစ္စတွ ၊ ထမင်းဟင်းချက်ပြုတ်တာတွေ၊ အပင်စိုက်ပျိူးတာတွေ၊ စာရေးတာတွေ၊ အချူပ်အလုပ်တွေကို ရှာဖွေလုပ်ကိုင်ဖြစ်လာပါတော့တယ်။


အစားအသောက် မီးလိုတောက်

အရင်ကတော့ အပြင်စာ နည်းနည်းပါးပါး ထွက်စားဖြစ်ပေမယ့် အခုကာလမှာ ကိုယ့်ဘာသာချက်ပြုတ်စားသောက်ရင်း စကေးတွေ တက်လာတယ်ပေါ့။ ချက်တာပြုတ်တာ စိတ်မဝင်စားချင်လည်း စိတ်ဝင်စားလာရရုံမက ဈေးကဝယ်လာတဲ့ အသီးအပင်တွေထဲ အမြစ်ကလေးတွေ ပါလာရင်တောင် စိုက်ပျိူးချင်စိတ်တွေ ဖြစ်လာရပါတယ်။ ဥပမာ - ငရုတ်သီး ချဉ်ပေါင်ရွက် ခရမ်းချဉ်သီး အပ်မှိူ စသဖြင့်စသဖြင့်။ များများစားမှ အားရှိမယ် ဆိုတာ အခုကာလမှာ တကယ်လိုက်နာရတော့မှာပါ။ အားရှိတာ ပိုစားရမယ် ဆိုတာ ကို တကယ်ကျင့်သုံးလာရပါတယ်။ ကိ်ုယ့်ကိုယ်လည်း ချက်ပြုတ်တတ်လာအောင် သင်ယူနေရပါတယ်။ မချက်ဖူးတာတွေလည်း မေးမြန်းရပါတယ်။ ဘယ်ဟာကအားရှိလဲ ဘာလဲ စသဖြင့် လေ့လာနေရပါတယ်။

အွန်လိုင်းကို အားကိုး

နောက်ရလိုက်တဲ့အကျင့်ကတော့ ကိုယ်တိုင်ဈေးဝယ်တာမလုပ်တော့ပဲ အွန်လိုင်းကနေပဲ ဈေးဝယ်တတ်လာခြင်းပါ။ ဈေးခြင်းတောင်းဆွဲဈေးဝယ်ခြင်းကို အကိုဖြစ်သူက အားမပေးပါဘူး။ အဒေါ်တွေကလည်း မသွားနဲ့တော့တဲ့။ သည်တော့ အွန်လိုင်းကို အားကိုးလာရပါတယ်။ အွန်လိုင်းကို ရှေးရိုးသမားကိုယ်က သဘောမတွေ့ပေမယ့် အခုတော့ ဒီနည်းပဲ ရှိပါတော့တယ်။ အင်တာနက်ထဲ အဲသည် ဈေးထဲကပစ္စည်းတွေကို ရှာရတယ်။ စာရင်းလုပ်ရပါတယ်။ မှာရပါတယ်။ ပိုက်ဆံမကိုင်ချင်ရင် အွန်လိုင်းနဲ့ ရှင်းရပါတယ်။ သူတို့လာပို့တဲ့အချိန် စောင့်ရပါတယ်။ ခြံဝမှာ စားပွဲရှည်တစ်လုံးချထားရပါတယ်။ သူတို့လာပို့ရင် အဲသည်ပေါ်တင်ခိုင်းပီး ခန ထားရပါတယ်။ လာပို့တဲ့ ကောင်လေးတွေကို မာစ်တပ်ထားတဲ့ကြားကပဲ ကျေးဇူးတင်စကား ကမန်းကတန်းပြောရပါတယ်။ ကျေးဇူးတင်ပါတယ် တကယ်ပါ။ သူတို့လေးတွေ လည်းကျမ်းမာချမ်းသာကြပါစေ။ အခုလိုအခါမှာ သည်လို အလုပ်တွေ လုပ်ပေးကြတာ ကျေးဇူးတင်စရာကောင်းတယ် ။ ဒါဟာ စကင်းဝေ့က ပေးတဲ့ ဆားဗစ်တစ်ခုပါပဲ။


စစချင်းတော့ အွန်လိုင်းကို တခါမှာရင် အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံ စတာတွေကို လောဘတကြီးနဲ့ ပြုံပြီးမှာလိုက်တာဖြစ်လို့ ကိုယ့်မှာ အဲသည်အထုတ်တွေ ရှင်းလိုက်ရတာ ညမိုးချူပ်ပါရော။ လူလည်း ဖလက်ပြသွားတာပါပဲ။ နောက်ပိုင်းကျတော့ လိုအပ်တာတွေကို သေချာစာရင်းလုပ်ပီး ၁၀ ရက်စာ ဆိုပီး သတ်မှတ်ရပါတယ်။ ဒီတော့ ပစည်းတွေလာပို့တဲ့အခါကျ သိပ်မပင်ပန်းတော့ပါဘူး။ ဒီလိုနဲ့ပဲ အွန်လိုင်းဈေးဝယ်စနစ်ဟာ အတည်တကျလိုဖြစ်လာတယ်။ စတေးဟုမ်းကြာလေ အွန်လိုင်း နဲ့ဈေးဝယ်မှုစနစ် ရှည်လာလေဖြစ်လာပါတယ်။ ဒိတော့ အွန်လိုင်းက မက်ဆင်ဂျာတွေနဲ့ friend တွေဖြစ်လာတယ် ပစ္စည်းလာပို့တဲ့ ဝန်ထမ်းလေးတွေကိုလည်း ခင်မင်လာပါတယ်။ သူတို့ကိုလည်း မေတ္တာတွေပို့ဖြစ်တယ်ပေါ့။

အွန်လိုင်းကျေးဇူးနဲ့ပဲ ဆေးတွေ ဝယ်သောက်နိုင်တာဟာလည်း သည်ကာလမှာ ကျမ်းမာလာခြင်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူတွေဟာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ လိုအပ်တဲ့ဆေးဝါးများကို ချက်ချင်းဆိုသလို အွန်လိုင်းကနေ ဝယ်နိုင်လာတာ လူကြီးသူမများကို ဆေးဝါးမပြတ် သောက်သုံးဖို့ အခွင့်အရေးရလာတာတွေအတွက် ကျေးဇူးတင်မိပါတယ်။ ဒီကာလမှာ ကိုယ်တိုင် ထွက်ဆေးရှာဖို့ဆိုတာ မလွယ်ဘူးလေ။

ကုသိုလ်ရတဲ့ အကျင့်တစ်ခု

နောက်ထပ် အကျင့်တစ်ခုကတော့ ကိုယ့်ကျမ်းမာရေး ကိုယ်ဂရုစိုက်လာတာပါ။ ဒါ့အပြင် အတူနေ လူကြီးများကို လည်း ပိုပီး ဂရုစိုက်လာ ပါတယ်။ ကိ်ုယ်လည်း ကိုယ့်ဖခင်ကျမ်းမာရေးကို အရင်ကထက်ပိုပီး ဂရုစိုက်တယ်။ (ဖေဖေ နှာခေါင်းမနှိူက်နဲ့တို့ မျက်နှာမကိ်ုင်နဲ့တို့ လက်ဆေးရဲ့လားတို့ ဘာတို့ညာတို့ ပိုလာတာပေါ့။) အရင်တုန်းကဆို ညနေစာ သိပ်မစားရင် ဟင်းမကောင်းလို့ ထင်ပေမယ့် အခုနေခါတော့ ချက်ချင်းကို ကြက်ဥပြုတ်လေး ဟတ်ဖ်ဘွိုင်လေး လုပ်ပေးတယ်။ ညတိုင်း နွားနို့ဖြစ်ဖြစ် တစ်ခုခု အားရှိတာ တိုက်တာ ဂရုစိ်ုက်လုပ်ပေးတယ်။ ကိုယ်ခံအားကို နည်းနည်းမှလျော့လို့မဖြစ်ဖူးဆိုတာ အမြဲသတိထားရတယ်။ ပေးထားတဲ့အားဆေးများကိုလည်း သေချာသောက်ရဲ့လားလို့ အမြဲသတိထား ကြည့်ဖြစ်ပါတယ်။ ပြောရရင် နေမကောင်းမဖြစ်အောင် ပိုပီး အလေးထားလာတယ်။ ဖြစ်တတ်တဲ့ ရေချိူးမှားတာ အအေးမိတာကို သိပ်ကို ဂရုစိ်ုက်ရပါတယ်။ ကိုယ်တိုင်လည်း မကြာခန အအေးမိတတ်တာကြောင့် ပိုသတိထားရပါတယ်။ (ကြာပါပီလေ ညနေကို ရေမချိူးပဲနေလာတာ။ တနေ့ရေတခါပဲချိူးတော့တယ် ဘယ်လောက်အိုက်အိုက် ကြိတ်မှိတ်ပီးနေတယ်။)

သည်တော့ စကင်းဝေ့အတွင်းမှာ ကိုယ့်ကျမ်းမာရေးကို သာမက ကိုယ့်မိဘ ကျမ်းမာရေးကို ပိုတိုးပီး ဂရုစိ်ုက်လာတာတွေဟာ တကယ်ကောင်းတဲ့ အကျင့်ပါပဲ။


ကိုယ့်မကောင်းတဲ့အကျင့်များကိုပြင်

ကိုယ်လုံးဝမကြိုက်တဲ့ ကြက်ဥပြုတ်တောင် မျက်စိမှိတ်ပီး ရေ  နဲ့မျောချလာတာ ပထမဝေ့ကတည်းပါ။ မိခင်ဖြစ်သူက အားရှိပါတယ် စားပါကွယ် ဆိုတာကို မျက်နှာပုတ်ပီး ငြင်းခဲ့တဲ့ကိုယ်ဟာ အခုတော့ ကြက်ဥပြုတ်စားတိုင်း မျက်ရည်တောင်ကျပါတယ် ။ မကြိုက်မစား ဆိုတဲ့ ကိုယ့်အယူအဆတွေဟာ ကိုဗစ်ကြောင့် မာနတွေ မကြီးနိုင်တာ ကြာပါပီ။ ဒီဟာကဖြင့် လိုအပ်တယ် ကျမ်းမာရေးအတွက် စားရမယ် ဆိုရင် မကြိုက်လည်း ကျိတ်မှိတ်မြိုချ ရပါပီ။ 

ကိ်ုယ့်အတွက် နောက်ရလာတဲ့ ကောင်းတာတစ်ချက်ကတော့ ကိုယ့်မှာ မကြာခနဆိုသလို အပြင်စာတွေစားပီးတိုင်း အဆင်မသင့်ရင် အစာမကြေတာ အသီးအရွက် မလတ်တာတွေ စားမိရင် အစာအဆိပ် ဖြစ်တာမျူးိ ဖြစ်တတ်ပါတယ်။ အခုကျတော့ အိမ်မှာ ကိုယ့်ဘာသာချက်ပြုတ်တာ အစိမ်းတွေဆိုလည်း ဆားနဲ့ သေချာစိမ်ပီးမှ စားတာမျိူး တွေကြောင့် အဲသည် လို ဖြစ်တတ်တဲ့ ရင်ပြည့်တာ အန်တာတွေဘာတွေ လုံးဝကို မဖြစ်တော့တာပါ။ ဒါဟာလည်း အိမ်မှာချက်ပြုတ်စားသောက်ခြင်းရဲ့ ကောင်းကျိူးများ ဖြစ်ပါတယ်။ အပင်ပန်းခံရကျိူးနပ်တယ် လို့ဆိုရမှာပေါ့။

ချွေတာ

အွန်လိ်ုင်းကဝယ်လိုက်တဲ့ သားငါးများကို သေချာရေဆး သန့်စင် နယ်ဖတ်ပီးမှ ရေခဲသေတ္ထာ  ထဲထည့် ဟင်းသီးဟင်းရွက်များကိုလည်း အခြောက်ခံတာခံ ၊ တချိူ့ကိုတာ့ ရေဆေးပီး သေချာသိမ်းဆည်းတာတွေ ကိုလည်း စနစ်တကျ လုပ်ကိ်ုင်တတ်လာပါတယ်။ ဒါ့အပြင် ဆယ်ရက် ၂ပတ် စသဖြင့် ဝယ်ထားတာတွေကို ချွေတာ ချက်ပြုတ် တတ်လာပါတယ်။ ပြောရရင်တော့ ဒိအရင်တုန်းကထက်တောင် ဈေးဖိုး တဝက်လောက် သက်သာလာတာကို တွေ့လာရတယ်။ အံ့သြစရာပါ။ အပိုကုန်ကျမူမရှိတော့ပါဘူး။

စတေးဟုမ်းအချင်းချင်း အားပေးကြ

စတေးဟုမ်းတကယ်နေတဲ့သူတွေ ရှိကြတယ်ဆိုရင် သူတို့တွေနဲ့ ဆက်သွယ်စကားပြောရင်း အကြံဉာဏ်တွေ တောင်းရပါတယ်။ သူတို့က အပြင်ကို ကိစ္စမရှိပဲမထွက်၊ ကိုယ့်မိသားစုအရေး ကိုသာ ဦးစားပေးနေကြလို့ သူတို့နဲ့ စကားပြောရရင် အား တကယ်ရှိပါတယ်။ သူတို့တွေ ဘယ်လိုဈေးဝယ်ကြသလဲ ၊ ဘယ်လို ပစ္စည်းတွေ သိမ်းဆည်းကြသလဲ ၊ ဘယ်လို နေထိုင်ကြသလဲ စသဖြင့်။ ဈေး ဘယ်ဈေး သွားကြသလဲ။ ဈေးပစ္စည်း ဟင်းလျာတွေ ဘယ်လို လက်ခံသလဲ။ ပိုက်ဆံကို ဘယ်လို သိမ်းသလဲ။ ကိုင်သလဲ။ အပြင်ထွက်အလုပ်လုပ်နေ ကြတဲ့သူတွေရှိတယ်ဆိုရင် သူတို့နဲ့ဆက်သွယ်ပီး အခြေအနေ ထောက်လှမ်းရပါတယ်။ ဘယ်လို ဝတ်စားဆင်ယင်ပြီး ကာကွယ်ကြသလဲ။ အပြင်ကပြန်လာရင် ဘယ်လို နေထိုင်သလဲ။ ကိုယ်ကိုယ်တိုင် အပြင်ထွက်ရတဲ့အခါ သူတို့ပြောတဲ့ နည်းပညာအတိုင်း လိုက်လုပ်ပါတယ်။ လက်တွေ့ကျတဲ့ အကြံဉာဏ်များကို ရယူပါတယ်။

ရုံးအလုပ်တွေကို ဝေါ့ခ်ဖရွန်ဟုမ်းလုပ်နေတဲ့သူတွေနဲ့လည်း အဆက်အသွယ်လုပ်ပါတယ်။ သူတို့ အလုပ် ဘယ်လိုလုပ်သလဲ၊ ရုံးကို ဘယ်နရက်တစ်ခါ နှစ်ခါသွားရသလဲ၊  ရုံးကားလာကြိုသလား ၊ ကိုယ်သိချင်တာတွေ မေးမြန်းပီး ဘယ်လို နေထိုင်သွားလာပုံတွေကို မေးပါတယ်။ အပြင်ထွက် နေရတဲ့သူများ၊ မြို့ထဲသွားနေရတဲ့သူတွေရှိရင်လည်း မေးမြန်းပါတယ်။ တက်စီစီးသလား ၊ ဘာဝတ်ဆင်သွားသလဲ၊  ပြန်လာရင် ဘယ်လို အဝတ်အစားတွေ ဘယ်လို လျောဖွတ် ဆေးကျောသလဲ၊ ပါသွားတဲ့ ပစ္စည်းတွေ ဘယ်လို သိမ်းဆည်းသလဲ ၊ ဘာစားသလဲ ၊ ဘာဆေးသောက်သလဲ ၊ နေကောင်းရဲ့လား စသဖြင့်။

ဒီလိုနဲ့ စတေးဟုမ်းတွေအချင်းချင်း အားပေးမူတွေ ရယူရပါတယ်။ ဒါဟာ အားတက်စရာ အားရှိစရာ စကားတွေ ကြားကြရမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။


သတိနဲ့နေ

ဒီအချက်ကတော့ တကယ့်ကို ကောင်းတဲ့အချက်ပါ။ အစစအရာရာ သတိထားတတ်လာပါတယ်။ တစ်ခုခု ဖြစ်မှာ သိပ်ကြောက်လို့ သတိကို ထားပါတယ်။ ဟင်းချက်ရာမှာ မကြာခနဆိုသလို အပူလောင်တတ်တာ၊ လက်ဓါးရှတတ်တာ တွေကို ပိုပီး သတိထားမိတော့၊ အခု တော်တော်လေး သက်သာနေတယ်။ အဖြစ်နည်းလာတယ်။ အသွားအလာမှာဆို ခလုပ်တိုက်တတ်လွန်းလို့ သတိထားနေပါတယ်။ ခလုပ်တိုက် အနာတရဖြစ်မှာ ကျိူးမှာပဲ့မှာ သေလုအောင် ကြောက်ပါတယ်။ အဲယားကွန်းကို အိုက်လည်း ချွေးတွေနဲ့ နေနိုင်သလောက်နေပါတယ်။ အအေးမိဖျားမှာ ကြောက်တယ်။ နေမကောင်းမဖြစ်အောင် ပိုသတိနဲ့နေတတ်လာပါတယ်။ ပြောရရင် သတိ ဆိုတဲ့အရာကို တရားထိုင်ရင်းနဲ့သာ သတိကပ် လုပ်ရမယ်ထင်တာ အခုတော့ ၂၄ နာရီ သတိသတိနဲ့ကို ဖြစ်လာတာပါ။

ကောင်းတာတွေကိုသာ ဆက်လက် သယ်ဆောင်သွားတာပေါ့

သည်တော့ ကိုဗစ်စကင်းဝေ့အတွင်း သည်ကာလကို ကျော်ဖြတ်ရင်းနဲ့ပဲ ကိုယ့်ရဲ့ ရလာတဲ့ အကျင့်ကောင်းလေးတွေကို ဆက်လက် သယ်ယူသွားရပါတော့မယ်။ သည်လိုနဲ့ တနေ့ကျ ဂွတ်ဘိုင် ကိုဗစ် ... ဘယ်တော့မှ ငါတို့ ကမ္ဘာကြီးဆီကို ပြန်မလာနဲ့ တော့ ... ဆိုပီး ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာနဲ့ တာ့တာ ပြကြတာပေါ့လေ။

အားလုံးနေကောင်းကျမ်းမာ စွာဖြင့် ရောဂါကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။ မေတ္တာဖြင့်

ဂျူနီယာဝင်း

Monday, October 26, 2020

ဂျူနီယာဝင်း - ကိုဗစ် ဆယ့်ကိုး ဒုတိယစစ်ပွဲ ကိုကျော်ဖြတ်ခြင်း

ဂျူနီယာဝင်း - ကိုဗစ် ဆယ့်ကိုး ဒုတိယစစ်ပွဲ ကိုကျော်ဖြတ်ခြင်း

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၀




ကိုဗစ် ပထမလှိုင်းကြီးက ငြိမ်သက်သွားတယ်။ ၂လလောက် အသက်ရှူချောင်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ။ သို့သော် အဲသည် ၂လကမှာ လူတွေဟာ နိစ္စဒူ၀ သွားလာနေကြသောလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ပြုံးနေပေမယ့် မရယ်နိုင်ပါဘူး။ ရယ်တဲ့သူလည်း မပျော်ပါဘူး။ စိတ်ချမ်းသာသာ ကျော်ဖြတ်နေရတာမဟုတ်ပါဘူး။ စိတ်ဆင်းရဲပီး ခရီးဆက်နေကြတာ။

ပထမလှိူင်းကြီးထဲ ကူးခတ်နေလိုက်ကြတာ တဖြေးဖြေး လျော့ပါးလာချိန်ကျတော့ လူတွေလည်း နည်းနည်းတော့ မျက်နှာဖုံးတွေ ချွတ်လာကြပါတယ်။ မာစ်တပ်တဲ့ကိစ္စဟာ ကိုယ့်အတွက်ပြောနေတယ်လို့ မထင်တော့ပဲ မာစ်တပ်ရေးဟာ ဝါဒဖြန့်နေတာပဲလို့ မြင်လာကြပီး မာစ်ကို မတပ်ချင်တော့ဘူး။ အဲသည်ရဲ့ဆန့်ကျင်ဖက်တွေ လုပ်လာတယ်။ သည်တော့ မတပ်တဲ့သူတွေများလာတယ်။ မတပ်တဲ့ သူတို့ကို ဆဲဆိုနေကြပေမယ့် သူတို့ကို ဆဲဆိုနေတဲ့သူတွေလည်း ကြာတော့ မတပ်ချင်တော့ဘူး။

စစ်ကြေငြာ

ဒုတိယစစ်ပွဲ ကြေငြာလိ်ုက်တဲ့နေ့က စက်တင်ဘာလ ၈ ရက်နေ့ပါ။ အဲသည်နေ့ညသန်းခေါင်မှာ စ တေးဟုမ်း အမိန့် ကို အော်လံကြီးနဲ့ ကိုယ့်ရပ်ကွက်ထဲ စအော်တာ ကြားလိုက်ရပါတယ်။ အဲဒါ တဝက်စတေးဟုမ်းလား ဘာလားတော့ မစဉ်းစားအားပါဘူး။ အဲသည်နေ့ကနေစပီး အခုထိ စတေးဟုမ်း အမိန့်အတိုင်း နေခဲ့ကြတာ အခုထိပါ။ အဈေးကို ၂ပတ်တခါပဲ သွားပါတယ်။ အစားအသောက် ချွေတာ စားသောက်ပါတယ်။ ဘယ်ကိုမှ လပ်ယားလပ်ယား မသွားရပါဘူး။ ပြန်ဈေးတက်လာတဲ့ မာစ် တွေ လက်အိတ်တွေကို မတန်တဆဖြစ်နေတဲ့ဈေးအတိုင်း မာနမကြီးနိုင်တော့ပဲ ဝယ်လိုက်ရပါတယ်။ ဈေးသွားတဲ့အခါတိုင်း မာစ်တပ် လက်အိတ်စွပ် ဆံပင်တွေ သိမ်း ဦးထုတ်ဆောင်း မျက်မှန်တပ်ပီး အဝတ်အစားလုံလုံခြုံခြုံ ဝတ်လို့ ပါ။ တခါထွက်တိုင်း အလုပ်တွေ အကုန်လုပ်ပါတယ်။ မီတာဘီလ် ဖုန်းဘီလ်တွေကို ဆောင်ရပါတယ်။ ပြန်လာတဲ့အခါတိုင်း စည်းနဲ့ကမ်းနဲ့ ပစ္စည်းများသိမ်းဆည်းပါတယ်။ အပြင်ထွက်တဲ့နေ့ကစလို့ အားရှိတာတွေ ဂရုတစိုက်စား အားဆေးသောက်ပီး ကိုယ်ခံအားကောင်းအောင် နေထိုင်ပါတယ်။ အခုနောက်ပိုင်း အွန်လိုင်းကနေ ဈေးဝယ်ပါတယ်။ ဈေးခြင်းလာပို့တဲ့အခါလည်း ကိုယ်တိုင်ဈေးသွားရသလိုပဲ မာစ်တပ် လက်အိတ်စွတ်ပီး လက်ခံရပါတယ်။ ပိုက်ဆံကို အွန်လိုင်းနဲ့ ရှင်းတာကြောင့် ပိုက်ဆံကို ကိ်ုင်ရတာ မလုပ်တော့ပါဘူး။ ဒီလိုနဲ့ နေ့တိုင်းဖြတ်သန်းနေရတဲ့ဘဝဟာ သိပ်ကိုကျဉ်းကြပ်လာပါတယ်။ ၂ပတ်တခါ အပြင်ထွက်ရတဲ့အခါ ကိုယ်လိုသူလိုတွေ သွားလာနေကြတာ တွေ့ရမြင်ရရင် မာစ်တွေ လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ကြားက စိတ်ထဲ လွတ်လပ်တဲ့ခံစားမူ တမျိူးကို ခံစားရပါတယ်။

အသက်ကိုမာစ်နဲ့ထုတ်

ကိုဗစ်ဆယ်ယ့်ကိုး ဒုတိယစစ်ပွဲမှာ လူနာတွေကလည်း တိုးလာလိုက်တာ သေဆုံးသူများလည်း တရိပ်ရိပ်တက်လာတော့ လူတွေစိတ်ထဲ ပြောင်းလာကြတယ်။ မာစ်တပ်မှဖြစ်တော့မယ် မာစ်တပ်မှ မာစ်တပ်မှ အဲသလို အသွင်ပြောင်းလာတယ်။ ငါတို့မာစ်မတပ်လို့ကတော့ ရောဂါကူးမှာ ဆိုတာ ဖြစ်လာတယ်။ အသက် ကို မာစ် နဲ့ ထုတ်ဆိုသလိုပါပဲ။ တကယ့်ကို မာစ်တပ်ဖို့့လိုအပ်နေပီ။ သူ့အလိုလို ဖြစ်လာတာ။ ဒီတော့ တကယ်တပ်လာကြပီ။

ကိုဗစ်က မပြီးသေးဘူး။ လူတွေရဲ့ နေထိုင်မူစနစ်က ပြောင်းလာတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာမှာ တုန်းက ပြောင်းလဲလာတဲ့ ရေ မြေ သဘာ၀ လိုက်လျောညီထွေ နေထိုင်ခြင်းဖြင့်သာ အသက်ဆက်ရှင်နိုင်မယ်လို့ သိပ္ပံ ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။ တိရစ္ဆာန်တွေဟာ ကုန်းပေါ်ကနေ ရေထဲဆင်းနေရတဲ့အခါ ရေထဲကူးခတ်နိုင်ဖို့ ခြေထောက်တွေက ကိုယ်နဲ့ ကပ်သွားပီး ယှက်ကလေးတွေဖြစ်လာတယ်။ ရေခမ်းခြောက်သွားလို့ ကုန်းပေါ်တက်လာတဲ့အခါ ကူးခတ်ရတဲ့ အတောင်လေးတွေက ခြေထောက်တိုတိုလေးတွေ ဖြစ်လာတယ်။ သူတို့ရဲ့ကိုယ်ခန္တာဟာ အသွင်ပြောင်းလာတာ နှစ်ရာစုများစွာကြာလာတော့ သူတို့ရဲ့ မူရင်း ပုံသဏ္ဍာန်တွေတောင် မရှိမမှတ်မိတော့ဘူး။ ဒါတွေကို အာခီရောလောဂျစ်သမားတွေက ရှာဖွေပြသခဲ့ကြတယ်။ 

တိရစ္ဆာန်တွေဟာ အဲသည်လို လိုက်လျောညီထွေ မနေနိုင်ကြရင် မျိူးပြုန်းကုန်မယ် အသက်တွေသေကုန်မယ်ပေါ့။ အခုလည်း လူတွေဟာ အဲသလို ဖြစ်ကုန်ပီ။ ကိုဗစ် ကြောင့် ကိုယ့်နေထိုင်မူစနစ်ကို မပြောင်းလဲပဲ တင်းခံနေရင် သေဖို့သာရှိတော့တယ်။ မလုပ်ချင်လည်း မပြောင်းချင်လည်း ပြောင်းလဲပီး နေထိုင်ရတော့မယ်။ ဥပမာ မာစ်မတပ်ချင်လို့မရတော့ဘူး လက်အိပ်မစွပ်ချင်လို့မရတော့ဘူး အစားအသောက် မချွေတာလို့မရတော့ဘူး လတ်ယား လတ်ယား ထွက်ချင်နေလို့ မရတော့ဘူး ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်တာဝန်ကိုယ်ကြေအောင်နေ ကိုယ့်ကျမ်းမာရေးကိ်ုယ်ဂရုစိုက် အဲဒါပဲရှိတယ်။ ကိုယ့်ဘဝဟာ ကိုယ့်ကျမ်းမာရေး ဖြစ်လာပီ။

သည်လိုနဲ့ ကိုဗစ်ဒုတိယစစ်ပွဲကို နောက်ဆုံးတိုက်ပွဲလို့ ကမ္ဓည်းတင်ကြပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ စစ်ဆေးမူတွေ သေဆုံးမူတွေဟာလူတွေကို နေ့စဉ်ခြောက်လှန့်နေတယ်။ နေ့စဉ်ညစဉ်ကြားနေရတဲ့ အင်းဗြူးလင့်ကားအသံတွေကို နားပိတ်ထားလို့မရဘူး။ ရင်တထိတ်ထိတ်နဲ့ ညစဉ်သတင်းကို စောင့်ကြည့်နေရတာ စိတ်ရောဂါတွေဖြစ်လာတယ်။ စိတ်ရောဂါတွေ မဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ ကွန်မင့်တွေ ခြောက်လန့်နေတဲ့ စကားလုံးတွေကြောင့် လူတွေဟာ တဖြေးဖြေး စိတ်တွေ လေးလာတယ်။ ဒီတော့ ဒါအတွက် ထွက်ပေါက် တွေရှာရတယ်။

ထွက်ပေါက်

အွန်လိုင်းဟာ ထွက်ပေါက်တစ်ခု ဖြစ်လာတယ်။ လူတွေဟာ စိတ်တွေကို အဲသည်ထဲ ထည့်ထားတယ်။ အပြင်ထွက်ဖို့ကို အတတ်နိ်ုင်ဆုံး ရှောင်ကြရတယ်။ အွန်လိုင်းနဲ့ဈေးဝယ်လာကြတယ်။ အွန်လိုင်းနဲ့ ပိုက်ဆံရှင်းလာကြတယ်။ အခုဆို မီတာဘီလ်တောင် အွန်လိုင်းနဲ့ ဆောင်ကြတယ်။ အရင်တုန်းက အွန်လိုင်းနဲ့ ပိုက်ဆံရှင်းရတဲ့အလုပ်ကို မလုပ်ချင်ဘူး ရှောင်ဖယ်ချင်တယ်။ ကိုယ်တိုင်တန်းစီ ပိုက်ဆံသွင်း ဘီလ်လေးကိုင်ပီး သိမ်းဆည်းရတဲ့အလုပ်ကိုပဲ လုပ်တဲ့သူတောင် အခု အသွင်ပြောင်းလာရတော့တယ်။ အွန်လိုင်းကို မလုပ်ရင် ကိုယ်တိုင် အပြင်ထွက်ရမယ် ဆိုတော့။ သည်တော့ လူတွေဟာ တဖြေးဖြေးနဲ့ အိမ်ထဲကနေ အလုပ်လုပ်တဲ့နည်းကို လုပ်နေကြရပီ။ တတ်နိုင်သလောက် အပြင်ကို မထွက်တော့ဘူး။ လူတွေများတဲ့နေရာကို အလိုလို ရှောင်လာကြပီ။ ဒါပေမယ့် လူတိုင်း ခံစားနေကြရတဲ့ စိတ်တစ ဟာ တဖြေးဖြေး များလာတယ်။ အိမ်ထဲနေနေတဲ့ ကြားထဲကပဲ စိတ္တဇတွေ ဖြစ်လာတယ်။ ဒါကို ဘယ်လို နည်းတွေနဲ့ ကျော်လွှားကြမလဲ။

ကိုယ့်အကြောင်းကိုယ်ရေး

ဒီနေရာမှာ ကိုယ်ဘယ်လို စိတ်ကို ထိန်းပီးနေလဲဆိုတာ ပြောပါ့မယ်။ သူများတွေ လိုက်လုပ်ဖို့မလိုပါဘူး။ အိမ်မှာ အလုပ်တွေ ရှာလုပ်ပါတယ်။ ကွန်မင့်တွေ သိပ်မဖတ်ပဲနေပါတယ်။ (အဲ ခက်တာက တချိူ့သတင်းကျ နားမလည်တော့ ကွန်မင့်တွေ ရှာဖတ်ရပါတယ် ။ ချွင်းချက်။) အခြေအနေတစ်ခုကို သိချင်ရင် သတင်းခေါင်းစဉ်ပဲ နားထောင်ပီးပိတ်လိ်ုက်ပါတယ် ဒီနည်းဟာ စိတ်ကိုသက်သာစေပါတယ်။ ဖဘ မှာ မဟုတ်ကဟုတ်က နိမိတ်မရှိသတင်းတွေ တွေ့ရင် ဟိုက်ဒ်လုပ်ပါတယ်။ သိပ်ဆိုးဝါးတာကျ အဲသည်လို သတင်းထုတ်တဲ့လင့်ခ် ကို ဟိုက်ဒ်အောလ် လုပ်လိုက်ပါတယ်။ ဒါကို ရှယ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် လုပ်တာများလာရင် အမ်ဖောလိုး လုပ်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ့် ဖဘ လည်း အတော်ဟုတ်လာပါတယ်။ ဒါပေမယ့် တချိူ့သတင်းကျ သူများ ဖုန်းဆက်ပြောမှ သိတယ်။ အဟိုက်လွန် အန်ဖောလိုးလွန်သွားလို့ပါ။

အဲသည်နည်းတွေအပြင် ကိုယိ့်စိတ်ကို ဆုံးမတဲ့နည်းကို အခုလိုသုံးပါတယ်။ အွန်လိုင်းကနေ အပ်ချူပ်စက်တလုံး စကင်းဟမ်းလေး ဝယ်လိုက်ပီး ချူပ်တဲ့အလုပ်ကို လုပ်ကြည့်ပါတယ်။ ပိုက်ဆံအိတ်တွေ ချူပ်ပါတယ်။ ဒီဇိုင်းတွေ ဆွဲပါတယ်။ အင်တာနက်ကနေ ပုံတွေ ရှာပီး ချူပ်ပါတယ်။ အန်တီတယောက်က မြှောက်ပေးလို့ အကျီချူပ်ကြည့်ပါတယ်။ မဆိုးပါဘူး ဝတ်လို့တော့ရပါတယ်။ စတေးဟုမ်းတွေ များလာတော့ အိမ်နေအကျီတွေ ရှားနေတော့ အတော်ပါပဲ။ ညအိပ်မပျော်တဲ့အခါ နောက်နေ့ ဘာချူပ်ရင်ကောင်းမလဲလို့ စဉ်းစားခန်းဝင်ပါတယ်။ သန်းခေါင်လောက်ကျ အိပ်ပျော်သွားပါတယ်။

တရားအားထုတ်ခြင်းဖြင့် စိတ်ကို ကုစား

ကိုဗစ်ဆယ့်ကိုး ဒုတိယစစ်ပွဲကာလမှာ နေ့စဉ် စွန်းလွန်းဝိပသနာတရား အားထုတ်ခြင်းဖြင့် ကြိုးစားကျော်ဖြတ်ရတာတော့ အတော်လေး အားရှိပါတယ်။ မူလက စွန်းလွန်းကျောင်းတိုက်မှာ နေ့စဉ် မိနစ် ၁၀ဝ သွားထိုင်ခဲ့ကြပါတယ်။ ကိုဗစ်အတွင်းတော့ အိမ်မှာ ထိုင်ပါတယ်။ သို့သော် ကိုယ့်ဘကိုယ်ထိုင်တာဖြစ်လို့ မိနစ် ၁၀ဝတော့ မရပါဘူး။ မိနစ် ၆၀ တော့ ကြိုးစား နေ့စဉ်ထိုင်ပါတယ်။ စစချင်းတော့ နာရီဝက်လောက်သာ ရလာရာကနေ တနေ့တနေ့ ဆိုးဝါးလာတဲ့ ကိုဗစ်သတင်းတွေကြောင့် မိနစ်တွေ တိုးထိုင်ခဲ့တာပါ။ အခုဆို မိနစ် ၉၀ စံချိန်တင်နိုင်လာတယ်။ ဒီလိုတိုးလာတာကို ကြည့်ခြင်းအားဖြင့် ကိုယ်ဘယ်လောက် ကြောက်နေတယ်ဆိုတာ သက်သေပါပဲ။ ပထမပိုင်း ၄၅ မိနစ်မှာ ဝင်သက်ထွက်သက်ပုံမှန်ရှူသွင်းရှူထုတ် ပြင်းတဲ့အခါပြင်း လျော့သွားတဲ့အခါ လျော့ ဆက်တိုက် လုပ်ရပါတယ်။ ၄၅မိနစ်ပြည့်လို့ ကိုယ့်တိုင်မာလေးက အသံပေးတဲ့အခါ ဝင်သက်နဲ့အရှူရပ်ပီး ကိုယ်ခန္တာမှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာများကို လိုက်ရှာပြီး အနာဆုံးဝေဒနာကနေစလို့ ဝေဒနာလိုက်တာ နောက် ၄၅မိနစ်ပါ။

ထို မိနစ်၉၀ဆက်တိုက်ဆိုသလို မလှူပ်ရ မပြင်ရ မျက်စိမဖွင့်ရ ယားမကုတ်ရ ညောင်းမပြင်ရ မောမနားနဲ့ ထိမူ သိမူ ထိုနှစ်ခု သတိကြပ်ကြပ်ပြု အစရှိသဖြင့် လိုက်နာရမှာတွေကို တတ်နိုင်သလောက် ကြိုးစားလိုက်နာ အားထုတ်ရပါတယ်။ (ဘုန်းကြီးကျောင်းမှာ သွားထိုင်ရင် မိနစ် ၅၀ မိနစ် ၅၀ ပေါင်း မိနစ် ၁၀ဝပေါ့နော်။ တရားစောင့်တဲ့ ပုဂ္ဂိုလ်များ ရှေ့မို့ မလှူပ်ရဲ ငြိမ်နေရပါတယ်။) သည်လိုနဲ့ အားထုတ်နေတဲ့ တလျောက်လုံးမှာ ချွေးတွေရော မျက်ရည်တွေရော ဟာ တကိုယ်လုံးမှာ နစ်နေပါတယ်။ အမှန်တော့ မျက်စိဖွင့်ကြည့်လိုက်ဖို့ ကြောက်စိတ်က ပိုပီး ကြီးစိုးလာတာပါ။ တကယ့်ဘဝကြီးကို ရင်ဆိုင်ရမှာ ပိုကြောက်လာတယ်။ ကိုဗစ်ဆယ့်ကိုးစစ်ပွဲကြီးနဲ့ အတူတကွယှဉ်သန်နေရတာကို မြင်တွေ့နေရမှာကို ပိုကြောက်တယ်။ ဒါကြောင့်လည်း စွန်းလွန်းဝိပဿနာ တရားကို ပိုအားကိုးလာတယ်။ အချိန်တွေ ပိုတိုးထိုင်ဖြစ်လာတယ်။ တခါတရံ ညသန်းခေါင်နိ်ုးပီး အိပ်မပျော်တဲ့အခါ တရားထထိုင်ပါတယ်။ 

မိနစ်၉၀ အိမ်မှာ ထိုင်ဖြစ်လာတာကို ကြွားတာမဟုတ်ပါဘူး။ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ တချိန်ချိန်ကျ ၁၅ မိနစ်လောက်ပဲ ရချင် ရသွားမှာ ဖြစ်လို့ပါ။ တရားအားထုတ်တာ ကြာလာတော့ မနေ့ကနဲ့ ဒီနေ့ ၊ ဒီနေ့နဲ့မနက်ဖြန် မတူတာသိလာပါတယ်။ ဒီနေ့တော့ မဆိုးဘူးဟ ဆိုပီး သာယာနေလို့မရပါဘူး နောက်တနေ့ တော်တော်ခံနေရပြန်ရော။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အထင်မကြီးပါဘူး။ အခုအခြေအနေကို ကြောက်လို့သာ တိုးထိုင်နေတာ။ နောက်ကျ ဒီလောက်ရချင်မှ ရတော့မှာ။ ဘာပဲဖြစ်ဖြစ် ငါဒီလောက် အိမ်မှာ ထိုင်နိုင်ခဲ့ပါလား ဆိုတာလေးက ပြန်တွေးကြည့်ရင် ကိုဗစ်ဒုတိယစစ်ပွဲက နေဖြစ်လာတဲ့ အကျင့်တစ်ခုကို တွေးပီး ကျနပ်စရာဖြစ်ပါတယ်။

ဆုတောင်း

တရားထိုင်ပီးတဲ့အခါ ဒီရောဂါကပ်ကြီး ကမ္ဘာပေါ်က အမြန်ဆုံးထွက်သွားဖို့ ဆုတောင်းပါတယ်။ နေမကောင်းတဲ့သူတွေ ကျမ်းမာကြပါစေလို့ မေတ္တာပို့ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ နေကောင်းကျမ်းမာကြဖို့ ဆုတောင်းပါတယ်။ ဒီရောဂါကပ်ကြီး ဘယ်တိုင်းပြည် ဘယ်နိုင်ငံကိုမှ ပြန်မလာပါနဲ့ အားလုံး ရောဂါကင်း ကြပါစေလို့ မေတ္တာပို့ ဆုတွေတောင်းရင် ကြောက်ရွံ့ထိတ်လန့်နေတဲ့ စိတ်ကို ကြုးိစားထိန်းချူပ်ရင်း ကျော်ဖြတ်လျက်ရှိပါတယ်။