Thursday, August 15, 2013

ဆရာမင်းလူအတွက် နှူတ်ဆက်ဂါရဝဖြင့် ဂျူနီယာဝင်း၊

ဆရာမင်းလူအတွက် နှူတ်ဆက်ဂါရဝဖြင့်
ဂျူနီယာဝင်း၊ သြဂုုတ် ၁၆၊ ၂၀၁၃
ဆရာမင်းလူ၏ စာပေရပ်တည်မူနှင့် ဆရာ့ယုံကြည်ချက်ရပ်တည်မူများကို လေးစားမိပါသည်။ ဆရာကွယ်လွန်သွားသောအခါ ကျွန်မ၏ရင်ထဲ ဆရာ့အကြောင်းများစဉ်းစားရင်း ဆရာ့အတွက် Henry Austin Dobson၏ “Friend And Friendship“ ဟူသော ကဗျာတစ်စကို သတိရမိပါသည်။
အဲသည်ကဗျာဆရာက ဆရာ့လိုပါပဲ။ ကျော်ကြားမူကို စားသုံးနှစ်မွန်းနေသူတွေကို အားမကျပါဘူး။ အဲသည်လူတန်းစားနံဘေးက လူတွေဟာ အေးစက်တောင့်တင်းတဲ့ မိတ်ဆွေတွေပါပဲတဲ့။ အနှစ်သာရမရှိ၊ နွေးထွေးလှိူက်လဲမူမရှိ။ သူ့အတွက်တော့ ကျော်ကြားမူဆိုတဲ့အရာကို မမက်မောပါဘူး။ အောင်မြင်ကျော်ကြားခြင်း၏ နံဘေးမှာ ဝိုင်းရံနေသူ အပေါင်းအပါဆိုတာကို သူမုန်းတီးစက်ဆုပ်လှပါ၏ ဟူ၍ ခပ်ရှင်းရှင်းပင်ဆိုထား၏။ ဒါပေမယ့် သူတန်ဖိုးထားသူဆိုတာတွေဟာ စေတနာမေတ္တာများဖြင့် တည်ဆောက်ထားသော မိတ်ဆွေအဖြစ်ပါ။
အို… မိ်တ်ဆွေအဖြစ်ဟာ ပိုပြီးမြင့်မြတ်ပါရဲ့။ မိတ်ဆွေဖြစ်ခြင်း တေးသီချင်း ဆိုလို့ ကောင်းရဲ့။ လူ့သက်တမ်းကုန်သွားတဲ့အခါ င့ါမိတ်ဆွေတွေရဲ့ မှတ်ညဏ်ထဲ သူက ရှင်သန်။ သူ့ရဲ့ ကောင်းကွက်ကလေးတွေကို သတိရလို့၊ သူပြုခဲ့တဲ့ အမှားအယွင်းလေးတွေတော့ သဂြိုလ်လိုက်ပြီပေါ့ … တဲ့။
ဆရာ့ကိုသည် ကဗျာတစ်စဖြင့် ဂုဏ်ပြုလိုက်ပါတယ်ဆရာ။


“ကျော်စောမူသည် အသက်မရှိသူတွေရဲ့အစာ။
ငါ့မှာအဲဒီအစာအတွက် ဝမ်းဗိုက်မရှိ။
မီးမရှိ ကျဉ်းမြောင်းတဲ့အခန်းထဲ အဲဒီအစာကို ငတ်မွတ်စွာ စားသုံးနေကြလေရဲ့။
ဒီစားသောက်ပွဲကို ပျော်ရွှင်စွာအားပေးတဲ့ သစ္စာရှိအဖော်ရဲ့ကြင်နာသံအနားမှာ မရှိ။”


“ငါ့အတွက် စစ်မှန်တဲ့မိတ်ဆွေအဖြစ်က ပိုပြီးမြင့်မြတ်ပါရဲ့။
မိတ်ဆွေဖြစ်ခြင်း တေးသီချင်းဆိုလို့ ကောင်းရဲ့။
အမှန်အားဖြင့် လူ့ဘဝကုန်သွားတဲ့အခါ ငါ့မိတ်ဆွေတွေရဲ့မှတ်ညဏ်ထဲ ငါက ရှင်သန်၊
ငါ့ရဲ့ကောင်းကွက်လေးတွေကို သူတို့က သတိရလို့၊
ငါ့ရဲ့အမှားအယွင်းလေးတွေတော့ သူတို့က သဂြိုလ်လိုက်ကြပြီပေါ့။”


(သရုုပ်ဖော် - Suu Chit Thu, Fscebook, Yu Ya Facebook)



ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ ဂျူနီယာဝင်း၊

ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ
ဂျူနီယာဝင်း၊ သြဂုုတ် ၉ ၊ ၂၀၁၃

စည်းလုံးခြင်းအင်အားဆိုတာကို ငါတွေ့ခဲ့ရတာ ၈၈။

အနစ်နာခံခြင်းဆိုတာရဲ့သဘောတရား သဘောပေါက်ခဲ့ရတာ ၈၈။

အသက်ဆိုတဲ့အဖိုးတန်ရတနာကို စတေးဝံ့ကြတာကို ငါမြင်ခဲ့ရတာ ၈၈။

ဆုံးရှုံးမှု ဆိုတာ ဒါပဲလို့လက်ခံခဲ့ဖူးတာ ၈၈။

အသက်တွေစတေး၊ ဘဝတွေပျက်၊ ရှင်ကွဲ သေကွဲများနဲ့
ငါတို့တိုင်းပြည်မှာတော့ ဖြစ်တယ်မရှိ၊ ပျက်ခြင်းသာ ရှိခဲ့ရ။

သူက နိုင်လိုက် ကိုယ်ကရှူံးလိုက် ဆိုတဲ့တရားကို ကျင့်ရင်းနဲ့…..

ငါလေ… … … … … … … … … … … … …

ပေးခဲ့ရတဲ့အသက်တွေကို ငါနှမျော…….

အဲသည်လို ကျခဲ့တဲ့သွေးစက်တွေအတွက် ငါရင်နာ….

သူတို့တွေရဲ့ စိတ်ဓါတ်သတ္တိတွေကို ငါလေးစား….

သူရဲကောင်းတို့များ တခါသာ သေ……….

သူရဲဘောကြောင်တဲ့ ငါ့မှာတော့ အဖန်တစ်ရာသေ…။

ပွဲကြည့်ပရိသတ်တစ်ယောက်လို နေခဲ့တဲ့ငါ … …

သည်နေ့အထိ အသက်ရှင်နေတာ ရှက်ပါတယ်လို့ပဲ … …

စိတ်ထဲမပါတဲ့စကား အားနာပါးနာ ပြောရတော့မယ်လေ။

Sunday, August 11, 2013

ဆရာမောင်ဝံသ ကွယ်လွန်ခြင်းအတွက် သတိရမိတဲ့ကဗျာတစ်ပုဒ် ဂျူနီယာဝင်း








ဆရာမောင်ဝံသ ကွယ်လွန်ခြင်းအတွက် သတိရမိတဲ့ကဗျာတစ်ပုဒ်



ဂျူနီယာဝင်း၊ သြဂုုတ် ၁၂၊ ၂၀၁၃



ဆရာကွယ်လွန်တယ် ကြားတဲ့အချိန်မှာ ကျွန်မရင်ထဲရောက်လာတဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ဆရာ့ရင်ထဲကို ဝင်ကြည့်လို့ မရပေမယ့် ဒီကဗျာဟာဖြင့် ဆရာစိတ်ထဲမှာ ဖြစ်ပေါ်နေမယ်လို့ ခံစားမိပါတယ်။



ကဗျာဆရာက John Keats ဖြစ်ပါတယ်။ ကဗျာနံမယ်က “The Terror Of Death“ ဖြစ်ပါတယ်။ ကဗျာဆရာ ဂျွန်ကိဟာ တီဘီရောဂါနဲ့ သူသေဆုံးရတော့မယ်လို့ သိလာတဲ့အချိန်မှာ သူ့ရဲ့ရင်ထဲမှာ သူသေရတော့မှာကိုတွေးပြီး အခုလိုရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ 



သူဆိုလိုတာကတော့ သူက သေရမှာကို မကြောက်ပါဘူးတဲ့။ ဒါပေမယ့် သူမသေဆုံးမီမှာ သူရေးချင်တာတွေ သူဖွဲ့ဆိုချင်တဲ့စာတွေ မရေးမခြစ်လိုက်ရမှာကို ကြောက်ပါတယ်လို့ ဆိုလိုတဲ့ ကဗျာဖြစ်ပါတယ်။



ဒီကဗျာကို ဘာသာပြန်ဖော်ပြခဲ့တဲ့အချိန်တုန်းကတော့ ကျွန်မစိတ်ထဲ ဒီကဗျာဆရာက တော်တော်စိတ်ကူးယဉ်တယ်လို့ ထင်မိပါတယ်။ အခုတော့ ကျွန်မ အလွန်ချစ်ခင်လေးစားရတဲ့ ဆရာမောင်ဝံသ ကွယ်လွန်သွားတယ်လို့ ကြားမိလိုက်တဲ့အချိန်မှာ စာရေးချင် စာဖွဲ့ချင်တဲ့စိတ်တွေအပြည့်နဲ့ ဆရာ့စိတ်ကို ကျွန်မနားလည်လာမိပါတယ်။



ဒီကဗျာလေးထဲက စာသားတစ်ချိူ့ကိုတင်ပြရင်းနဲ့ ဆရာ့ကို ကန်တော့လိုက်ပါတယ်ဆရာ။



“ကျွန်ပ်၏ အတွေးများဖြင့် ပြည့်နှက်နေသော ဦးနှောက်အား



ကျွန်ပ်၏ကလောင်တံဖြင့် ထိုးဆွရေးခြစ်ခြင်း မပြုမီ



ကျွနု်ပ်သေသွားမှာကို ကြောက်၏။



ကျွနု်ပ်ရေးနေသော စာအုပ်များသည် ရင့်မှည့်နေသောစပါးကျီများ



စုပုံထားသကဲ့သို့ အပြုံလိုက် ထွက်မလာမီ



ကျွနိုပ်သေသွားမှာကို ကြောက်၏။



ည၏ ကြယ်ရောင်လင်းလက်သော ကောင်းကင်မျက်နှာအား ကျွနိုပ်ကြည့်မိ၏။



ကျယ်ပြန့်သော တိမ်တိုက်များသည်



ကျွနိုပ်အား လှပသောဇာတ်အိမ်ဇာတ်ကွက်များကို ပြောပြလျက်ရှိ၏။



ခံစားညို့ငင်သော လက်ဖြင့် ထိုလှပသော ပုံပြင်များကို



ကျွနိုပ်မရေးခြစ်လိုက်ရမီ ကျွနု်ပ်သေသွားမှာကို ကြောက်၏။



အချိန်ကာလ၏ တို်က်စားမူကို ခံစားမိရုံဖြင့် ကျွနို်ပ်ကြောက်ပါ၏။



မင်းကို မတွေ့မြင်ရတော့မည်ကို ကျွနိုပ်ကြောက်၏။



ကျယ်ပြန့်သော ကမ္ဘာကြီး၏ ချောက်ကမ်းပါးထက်ဝယ်



တစ်ကိုယ်တည်း ရပ်နေရသည်ဟု ခံစားမိ၏။



ကျွနိုပ်၏ မပျော်ရွှင်သော နှလုံးသားဖြင့် … … … … … … …”








ဂျူနီယာဝင်း (၁၂-၈-၂၀၁၃)
                                                             



(Photo – ၂၀၁၀၊ ဒီဇင်ဘာ၊ ဆန်ဖရန်က အကျဉ်းထောင်ကျွန်း နောက်ခံနဲ့ ဆရာမောင်ဝံသ၊ (မိုုးမခ))