ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇
ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇
၁၉၈၉ ခုုနှစ်ဂျွန်လ ၁၉ ရက်နေ့ထုုတ် American Weekly Newsletter မှာ ဂျင် ဖူလာ (Jim Fuller) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုုဒ်ကုုိ ကိုုးကားတင်ပြသွားမှာ ဖြစ်ပါတယ်။ သူက လူတွေဟာ အသက်ကုုိ စတေးပြီး ဘဝကုုိ ရှင်သန်နေကြပါတယ်တဲ့။ အဲသည်အမှန်တရားနဲ့ လူတွေရဲ့ နေထုုိင်မူပုုံစံကုုိ လေ့လာပြီး ရေးသားထားတာပါ။
စျေးထဲမှာ ဆေးဝါးတွေကုုိ ရောင်းချခွင့်ပြုထားပါတယ်တဲ့။ အဲသည်ဆေးဝါးတွေဟာ နောက်ဆက်တွဲဆုုိးကျိူးတွေ ရှိနေတာကိုု သိရက်နဲ့ ရောင်းချခွင့်ပေးထားတာ ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ ခွင့်ပြုသင့်ပါသလားတဲ့။ နယူကလီယားဟာ လူတွေရဲ့အသက်တွေကုုိ များစွာ ဆုုံးရှူံးနုုိ်င်တဲ့ အင်အားကြီးမားတဲ့ လက်နက်ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ တားမြစ်သင့်တယ် မဟုုတ်လားတဲ့။ စုုိက်ပျိူးရေးထွက်ကုုန်တွေ တော်တော်များများဟာ ဓာတုုဗေဒပစ္စညး်တွေ ပါနေတာကုုိ သိရက်သားနဲ့၊ ဒါတွေဟာ ကင်ဆာဖြစ်စေနုုိင်တဲ့ဆီကုုိ ဦးတည်လာနုုိင်တယ် ဆုုိတာကုုိ သိနေရက်သားနဲ့ စျေးတွေမှာ ရောင်းချခွင့်ပြုထားတာတွေ အားလုုံးကုုိ ပြန်သိမ်းသင့်တယ် မဟုုတ်လားတဲ့။ နေရောင်ခြည်ကြောင့် အသားအရည်လောင်နုုိင်ပြီး ဒါဟာ ကင်ဆာကုုိ ဖြစ်စေနုုိင်တယ်ဆုုိတာ ဟုုတ်ပါသလားတဲ့။
သူကမေးခွန်းတွေနဲ့ သူ့ဆောင်းပါးကုုိ အစချီထားတာပါ။ ဒီမေးခွန်းတွေဟာ သုုတေသနပညာရှင်တွေ ဖြေဆုုိဖုုိ့ ကြိုုးစားနေဆဲဖြစ်ပြီးတော့ သူတုုိ့တွေ စဉ်းစားနေဆဲ မေးခွန်းပေါင်းမြောက်များစွာတွေထဲက အနည်းငယ်လောက် နမူနာ ထုုတ်ပြထားတာပါ လုုိ့ဆုုိထားပါတယ်။ အကျိူးနဲ့ အဆုုိးကုုိ ဒွန်တွဲစဉ်းစားနေတဲ့ အန္ထရယ်များတဲ့ အခြေအနေ တစ်ရပ်ကုုိ တင်ပြထားတာပါ။ ခေတ်မှီုတုုိးတက်လာလေ၊ မေးစရာမေးခွန်းတွေများလာလေ၊ လူတွေဟာ အသက်ကုု ိဖက်နဲ့ထုုတ်ပြီး နေနေရလေပဲ ဖြစ်ပါတယ်။
လူတချိူ့ကတော့ အဲသည်အချက်တွေကုုိ စဉ်းစားခန်းဝင်လုုိက်မိတာ တော်တော်လေး တုုန်လှူပ်ခြောက်ခြားကုုန်ကြပါတယ်။ ရရှိလာတဲ့ အကျိူးရယ်၊ နောက်ဆက်တွဲ လုုိက်ပါလာတဲ့ ဆုုိးကျိူးရယ်နဲ့ ရှူပ်ထွေးကုုန်ကြပါတယ်။ ဒီတော့ လုုံးဝဥသုုံ အသက်အန္တရာယ်ကင်းလွတ် စေတဲ့ ဆေး၊ အစားအစာ၊ ရေ နဲ့ မနေထုုိင်သင့်ကြဘူးလား။
သုုိုု့သော်လည်း လူတွေဟာ နေ့စဉ်နဲ့အမျှ အိပ်ရာကနုုိးလာတဲ့ အချိန်ကစလုုိ့ ကိုုယ့်အသက်တွေကုုိ စိန်ခေါ်ပြီး နေလာကြတာပါ။ အမေရိကအိ်မ်တွေမှာတဲ့၊ လှေကားပေါ်ကပြုတ်ကျလုုိ့ သေတဲ့သူ နှစ်စဉ် ၇၀၀၀ ရှိပါသတဲ့။ ၀ါယာကြိုးအဟောင်းတွေ နဲ့အိ်မ်တွေမှာ လျှပ်စစ်ဓါတ် အန္တရယ်ကြုံလုုိ့ သေဆုုံးနုုိင်တဲ့ အခြေအနေက ရာခုုိင်နှူန်း အနည်းငယ်တော့ ရှိနုုိင်ပါတယ် တဲ့။ အလုုပ်တုုိ့ကျောင်းတုုိ့ကုုိ လမ်းလျောက်သွားတဲ့သူတွေ ကားတုုိက်လုုိ့ လည်းသေဆုုံးနိုုင်ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စုုရဲ့ နှစ်တစ်နှစ်မှတ်တမ်းအရ လမ်းလျောက်သူ လူ၂သောင်း၄ထောင်မှာ ၁ ယောက် ကားတိုုက်ပြီး သေဆုုံးပါတယ် လုုိ့ဆုုိတယ်။ တချိူ့သော အနည်းငယ်သော အနည်းငယ်လူတချိူ့ကတော့ အဲသည် အန္တရယ်တွေအားလုုံးကုုိ ရှောင်ကြဉ်ပြီး နေထုုိင်ဖုုိ့ ကြိုးစားခဲ့ကြပါတယ်တဲ့။
အဲသည်လုုိ ဆုုိးကျိူးတွေ၊ အသက်အန္တရယ်ဖြစ်နုုိင်တာတွေကုုိ လုုံးဝဥသုုံ ရှောင်မယ်၊ ဖယ်မယ် ဆုုိတဲ့ (ဖြစ်နုုိ်င်တာ မဖြစ်နုုိင်တာ အပထားလုုိ့ပေါ့) အဲသည်လုုိ အခြေအနေတရပ်ကုုိ အကောင်အထည်ဖော်ဆောင် ခြင်းကုုိ အမေရိကက ပညာရှင်တွေက “မိမိအသက်ကုုိ တန်ဖုုိးထား စောင့်ရှောက်ခြင်း“ လုုိ့ အမည်ပေးပြီး ယင်းကုုိ စည်းကမ်းဘောင်တွေနဲ့သတ်မှတ် ခဲ့ကြပါတယ်။ (ရေကုုိကြိုချက်သောက်၊ အိမ်ကုုိ တထပ်ပဲဆောက်၊ အော်ဂဲနစ်ကုုိပဲ အားပေး၊ နောက်ဆက်တွဲဘေးဖြစ်စေတဲ့ ဆေးဝါးတွေကုုိ မသောက်၊ အထပ်မြင့်တွေ မတက်ပဲနေ၊ လျှပ်စစ်ပစ္စည်းတွေ ဝေးရာနေ…. စသဖြင့် စသဖြင့်။)
ရော်ဘင် ဂရီဂုုိရီ(Robin Gregory) လုုိ့ခေါ်တဲ့ အမျိူးသားသိပ္ဗံနဲ့ စီမံခန့်ခွဲမူ ဖောင်ဒေးရှင်းက တွဲဖက်ဒါရုုိက်တာက အသက်ကုုိ တန်ဖုုိးထားဖုုိ့၊ အန္တရာယ်ရှိတာတွေ ဖယ်ရှားဖုုိ့ဆုုိတဲ့ ဆုုံးဖြတ်ချက်တွေချမှတ် အကောင်အထည်ဖော်ဖုုိ့ အခုုလုုိဆုုိခဲ့ပါတယ်။ သူက ပထမဦးဆုုံး လုုပ်ရမှာက အသက်အန္တရာယ်ရှိတာတွေ၊ ကုုိယ့်အသက်ကုုိ ချိမ်းခြောက်ခံနေကြရတာတွေက ဘာတွေလဲဆုုိတာ သိအောင်လုုပ်တာဖြစ်တယ်၊ ပြီးရင် ဒါတွေကုုိမလုုပ်ပဲ ရှောင်ရှားတာဖြစ်တယ်၊ နောက်တော့ တဖြေးဖြေးနဲ့ ညဏ်ရှိတဲ့အတွေးတွေ ဝင်လာပြီး ပုုိကောင်းတဲ့ နည်းသစ်တွေ၊ အကြံညဏ်တွေ ရလာနိုု်င်ပါတယ်လိုု့ ဆုုိပါတယ်။ သူ စဉ်းစားပြတဲ့အထဲမှာ နယူးကလိယားစက်ရုုံတွေ လည်းပါပါတယ်။ စကတည်းက လူတွေ အန္တရယ်ရှိသလားမရှိဘူးလား ဆုုိတာကုုိ စဉ်းစားသင့်ပါတယ်လုုိ့ ပြောပါတယ်။
ဟားဗက်တက္ကသုုိလ်ထွက် ရစ်ချက်ဝီလ်ဆင် (Richard Wilson)ဟာ သိပ္ဗံမဂ္ဂဇင်းတစ်စောင်မှာ နှစ်စဉ်ဖြစ်ပျက်တတ်တဲ့ အသက်အန္တရယ် ဆုုံးရှူံးမူတွေကုုိ အကြမ်းဖျင်း သုုတေသနလုုပ်ပြ ခဲ့ပါတယ်။ နေရာတုုိင်း၊ အချိန်တုုိင်းမှာ ဖြစ်တတ်၊ ပျက်တတ် တာတွေပါ။
– ရုုိးရုုိးရေကုုိ သန့်စင်ဖုုိ့ဆုုိပြီး ဓါတုုပစ္စည်း တမျိူးဖြစ်တဲ့ ကလုုိရင်း (Chlorie) (Cl) သုုံးရပါတယ်။ ဒီရေသန့်ကုုိ သောက်သုုံးလုုိ့ လူ ၁ရသိန်းမှာ ၁ယောက်သေဆုုံးပါတယ်။
– တစ်နေ့ကုုိ ပဲထောပတ် စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းစားသုုံးသူ လူ၁သိန်း၂သောင်း ၅ထောင်(၁၂၅၀၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– အိမ်အတွင်းမှာ ဖြစ်တတ်တဲ့ မတော်တဆထိခုုိက်မူများ (ဥပမာ-လှေကားပေါ်က ပြုတ်ကျတာမျိူး)ကြောင့် လူ၉ ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– အမေရိကန်ပြည်ထောင်စုု အရှေ့ဖက်ပိုုင်းက မသန့်ရှင်းတဲ့လေတွေကုုိ ရှူရှိူက်မူတွေကြောင့် လူ ၅ထောင်မှာ ၁ ယောက်သေဆုုံးပါတယ်။
– ပုုလိပ်တွေ ဂျူတီဝင်ရင်း အသတ်ခံရမူတွေမှာ လူ ၄ ထောင့် ၅ ရာ (၄၅၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– ကားမတော်တဆမူတွေကြောင့် လူ ၄ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– တောင်တက်ရင်းနဲ့ သေဆုုံးမူက လူ ၁၇၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
– စီးကရက်သောက်မူကြောင့် ကင်ဆာဖြစ်ပြီးသေဆုုံးတာ လူ၃၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
ဒါ့ထက်မက ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ အချက်အလက်တွေကုုိ ကြည့်လုုိက်တော့ အမေရိကလူဦးရေဟာ အချိမ်းခြောက်ခံနေရပြီး မလုုံခြျုံတော့ဖူးလုုိ့ သူက (ဂျင်ဖူလာ) ကောက်ချက်ချပါတယ်။ လေဖြတ်တာနဲ့ နှလုုံးရောဂါတွေကြောင့် သေဆုုံးမူနှူန်းဟာ မြင့်မားလာတယ်လိုု့ ဆုုိတယ်။
သိပ္ဗံပညာရှင်တွေရဲ့လေ့လာ တွေ့ရှိချက်တွေအရ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတဲ့ သေဆုုံးမူတွေမှာ အသက်အရွယ်ငယ်ငယ်နဲ့ သေဆုုံးမူတွေကုုိ လေ့လာကြည့်လုုိက်တော့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့အစားအစာတွေ စားသုုံးတာ၊ လေ့ကျင့်ခန်းနည်းတာ၊ အရက်သေစာ သောက်စားတာတွေကြောင့် ဖြစ်ကြပြီး အဲသည်အချက်တွေဟာ အခုုမှ မဟုုတ်ပဲ လွန်ခဲ့တဲ့ နှစ်ရာစုုတွေကတည်းက အခြေခံလာတဲ့အချက်တွေ ဖြစ်တယ်လုုိ့ သုုံးသပ်ပြပါတယ်။ သည်တော့ ဒါတွေကုုိ သေသေချာချာ ရှောင်ရှားလုုိ့ရနုုိင်တယ် ဆုုိတာကုုိ ချပြပြီး လူတွေကုုိ လက်တွေ့ကျကျ ကျင့်သုုံးခုုိင်းလုုိက်တော့ အမေရိက ကျမ်းမာရေးစစ်တမ်းအရ အဲသည်နှစ်တွေမှာ တကယ်ပဲ ကျမ်းမာရေး တုုိးတက်လာတယ်လိုု့ ဆုုိပါတယ်။
ဆေးသောက်သုုံးမူ၊ အစားအစာစားသောက်မူ တွေအတွက် ရေရှည်ထိမ်းချူပ်နုုိ်င်ဖုုိ့ကုုိ တော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဓါတုုဗေဒဆေးတွေ(ပိုုးသတ်ဆေးတွေ) ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကုုိ အဆင့်မှီပြန်လည် သုုံးသပ်ဖုုိ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆုုိင်ရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖရင့်ရန်း (Frank Young) ကတင်ပြပါတယ်။ သူကဆက်လက်တင်ပြမူမှာတော့ အဲသည်လိုု ပုုိးမွှားတွေသတ်ဖိုု့သုုံးတဲ့ ဆေးတွေဟာ အသီးအနှံတွေထဲ၊ အစားအသောက်တွေထဲ ပါလာတယ်၊ ဒါကုုိစားသုုံးရင် အသက်အန္တရယ်ရှိနုုိင်တယ်၊ ကင်ဆာဖြစ်ပွားမူတွေကုုိ လျော့ကျဖုုိ့ ဒီလုုိအစားအသောက်တွေ မစားသင့်မသုုံးသင့်ကြောင်းတွေကုုိ အချက်အလက်များနဲ့ တိတိကျကျ လူထုုရှေ့ချပြဖုုိ့ လုုိအပ်တယ်လိုု့ ဆိုုထားပါတယ်။
လူတွေကတော့ အသက်အန္တရာယ်ရှိတာကုုိ သိရဲ့နဲ့လည်း ရှေ့တုုိးနေကြတုုန်းပဲလိုု့ ပညာရှင်တွေက ဆုုိတယ်။ ဥပမာတစ်ခုု ထောက်ပြရရင် ဆေးလိပ်သောက်သုုံးတာ အသက်အန္တရယ်ရှိပါတယ် ဆုုိတာကုုိ သိကြသောလည်း၊ ဆေးလိပ်သောက်သုုံးသူတွေရဲ့ ၃၀ ရာခုုိင်နှူန်းဟာ ဆေးလိပ်သောက်သုုံးမူကြောင့် ဆက်စပ်ဖြစ်လာတတ်တဲ့ ရောဂါတွေကြောင့် အသက်ဆုုံးရှူံးတာကုုိ သိကြသောလည်းပဲ လူတွေက ကျန်တဲ့ ၇၀ ရာခုုိင်နှူန်းကုုိ အားကုုိးပြီး ဆေးလိပ်သောက်သုုံးနေ ကြပါသေးတယ်။ ဒါ့အပြင် လူ၁သန်းမှာ ၁ယောက် ဖြစ်တတ်တဲ့ ကင်ဆာလုုိရောဂါဆုုိးကြီးဟာ ဓာတုုဗေဒပစ္စည်းတွေပါတဲ့ ရေသန့်တွေကုုိသောက်သုုံးလုုိ့ဆုုိတဲ့ အချက်ကုုိ လူတွေကုုိ သိအောင်လုုပ်ခဲ့ပေမယ့် လူတော်တော်များများက ဒီ ရေကုုိ သောက်သုုံးသူတုုိင်းမဖြစ်ကြတာကိုုပဲ အဓိကထား ကြည့်ခဲ့ကြပါတယ်တဲ့။ (လူ၁သန်းမှာ ၁ယောက်ဖြစ်တာပဲ အဲသည်ထဲ ငါမပါဘူး ဆုုိတာမျိူးတွေးကြပုုံပါပဲ။)
သည်တော့ လူတွေ အသိတရားရလာအောင် ဘယ်လုုိလုုပ်ရမလဲဆုုိပြီး အမျိူးသားသိပ္ဗံပညာဆုုိင်ရာ ဖောင်ဒေးရှင်းက အဲသည်ကွက်လပ်ကုုိ ဖြည့်ဖုုိ့ ကြိုးစားကြပါတယ်။ အဲသည် နယ်ပယ်ကိုု “အသက်အန္တရယ်ရှိတဲ့ အခြေအနေတစ်ခုုကိုု လူထုုကြား ဆက်သွယ်တင်ပြမူ” (Risk Communication) လုုိ့အမည်ပေးလုုိက်ပါတယ်။ သည်အဓိပ္ဗါယ်ကုုိ ဖော်ဆောင်လုုိက်ရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လူထုုကြားမှာ သတင်းအချက်အလက်တွေကုုိ ပေးမယ်၊ အကြံညဏ်တွေ ပေးမယ်၊ ဆွေးနွေးမယ်၊ တုုိင်ပင်မယ်။ ပြီးရင် အသက်အန္တရယ်ရှိတဲ့ အခြေအနေတွေကုုိ လူတွေက သိမြင်လာပြီး ကိုုယ့်ကိုုယ်ကုုိယ်တင်မက၊ ကုုိယ်ချစ်တဲ့သူတွေကုုိပါ ကာကွယ်ဖုုိ့ ဆုုံးဖြတ်ချက်တွေချကြမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ Risk Communication ကုုိလုုပ်ကြတာ ဖြစ်ပါတယ်။ သူတုုိ့ကုုိ အင်တာနက်တွေ၊ အွန်လုုိင်းတွေကတဆင့် စိတ်ပါဝင်စားသူတွေ ဆက်သွယ်လာဖုုိ့လည်း ကြိုဆုုိနေကြပါတယ်တဲ့။ တချိူ့သော တက္ကသုုိလ်တွေမှာလည်း ဒီဘာသာရပ်ကုုိ တင်ပြဆွေးနွေးသွားဖုုိ့ မျော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားနေကြပါတယ်။
ဂျူနီယာဝင်း
(Ref ; 1989 June 19 American Weekly Newsletter မှ Jim Fuller ၏ Expert Study Reality and Perception Life’s Risk နှင့် ၂၀၁၇ Risk Communication ကုုိမှီညမ်းဘာသာပြန်ထားပါသည်။)


