ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (1)
ဂျူနီယာဝင်း – အိပ်မက်ထဲက စက်ပစ္စည်း
(အတွေးအမြင် နိုဝင်ဘာ ၂၀၁၈ ၊ အမှတ် ၃၁၅)
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၈
(2001 ခုုနှစ်ထုုတ် M. Mitchell Waldrop (အမ် မီချယ် ၀ါလ့်ဒရော့) ရေးသားသော The Dream Machine မှ နိဒါန်းကိုု ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆုုိပါတော့လုုိ့စာအုုပ်မှာ ကြော်ငြာထားပါတယ်။)
(Joseph Carl Robnett Licklider (March 11, 1915 – June 26, 1990)
ဂျူးဆက် ကားလ် ရော့ဘ်နက် လစ်ကလီဒါ ကုုိ သိကြပါသလား။ သူ့ကုုိ အတိုုကောက် J.C.R ဒါမှမဟုုတ် ‘Lick’ လစ် လိုု့သိထားပါတယ်။ သူက အမေရိကန်လူမျိူး စိတ်ပညာပညာရှင်၊ ကွန်ပြူတာသိပ္ဗံပညာရှင် တစ်ဦးဖြစ်ပါတယ်။ ကွန်ပြူတာ သိပ္ဗံဘာသာရပ်နဲ့ ကွန်ပြူတာသမုုိင်းကြောင်းကိုု လေ့လာ လုုိက်စားနေကြသူတွေများ စာဖတ်သူတွေထဲမှာ ပါလာရင် သူ့ကုုိ မသိမဖြစ်တဲ့ အရေးပါဆုုံးပုုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ် ဆုုိတာကုုိ ပြောလုုိပါတယ်။ သူက ကွန်ပြူတာ နဲ့ပတ်သက်တဲ့ အသုုံးချပုုံစနစ် နည်းပညာကုုိ ရုုပ်လုုံးကြွလာအောင် လုပ်ပေးခဲ့တဲ့ ခေတ်မှီစနစ်တစ်ခုုကိုု ကြိုတင် လှမ်းမျော်ကာ အကောင်အထည်ဖော်ပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အင်တာနက်လမ်းကုုိ ခင်းပေးခဲ့သူလုုိ့ ဆုုိရင်မမှားပါဘူး။ နက်ဝေါ့ခေတ်ဆုုိတာ ဘာမှန်းမသိခင်မှာ သူက ဒါကုုိ ပုုံစံချ သုုတေသနတွေ လုုပ်ပေးခဲ့သူပါ။ သူ့ကုုိ “ကွန်ပြူတာ ဂျွန်နီအက်ပဲလ်စိ“ လုုိ့ချစ်စနိုု်းခေါ်ပါတယ်။ သူက ကွန်ပြူတာ အုုတ်မြစ်ကုုိ ချပေးခဲ့သူ ဆုုိပါတော့။ ဒစ်ဂျစ်တယ် ခေတ်ကိုု ဦးဆောင်ခဲ့သူ။
ဇီရုုိ ပါခ်ကွန်ပြူတာ စမ်းသပ်ခန်းနဲ့ ဒစ်ဂျစ်တယ်သုုတေသနစင်တာ ကုုိတည်ထောင်ခဲ့သူ ရောဘတ်တေလာ က “ကျွန်တော်တိုု့ လေ့လာ လုုပ်ကုုိင်နေကြတဲ့ ဇီရုုိပါ့ခ် ကွန်ပြူတာနည်းပညာဟာ လစ် ရဲ့စိတ်ကူးအိပ်မက်တွေ ကြီးပါပဲဗျာ။ အသစ်ဖန်တီးမူတွေ မဟုုတ်ပါဘူး။ လစ် သာလျှင် ကွန်ပြူတာ အင်တာနက် နက်ဝေါ့ တွေရဲ့ဖခင်ကြီး ဖြစ်ပါတယ်။“လုုိ့ ဆုုိခဲ့ပါတယ်။ ဒီစာအုုပ်က သူ့အကြောင်းကိုု အခြေခံထားတဲ့ စာအုုပ်ဖြစ်ပါတယ်။
စစချင်းတော့ လစ်ရဲ့ သားဖြစ်သူရဲ့ သူ့ဖခင်အပေါ် အမြင်ပုုံစံမျိူးနဲ့ ထူးခြားတဲ့ မိတ်ဆက်ပုုံမျိူးနဲ့ ရေးသားထားပါတယ်။ နောက်ကျရင်တော့ သည်စာအုုပ်ထဲက စိတ်ဝင်စားစရာလေးတွေ ကြုံရင်ကြုံသလုုိ ဘာသာပြန်ပေးသွားပါ့မယ်။)
သုုံးဘီးတပ်ယာဉ် …
ထရေစီက အဲသည်သုုံးဘီးတပ်ယာဉ်တွေကုုိ ကောင်းကောင်းမှတ်မိနေတယ်။ ပင်တာဂွန် က သုုံးဘီးတပ်ယာဉ်။
အချိန်က ၁၉၆၂ခုုနှစ် အကုုန်ပုုိင်း သိုု့မဟုုတ် ၁၉၆၃ အစောပုုိင်း စနေနေ့ နေ့လည်ပုုိင်းလောက် ကနေဒီရုုံးတစ်နေရာဆိုုပါတော့။ အဲသည်နဲ့ သိပ်မဝေးတဲ့နေရာကုုိ ထရေစီတုုိ့မိသားစုု ဘွန်စတွန်ကနေ ပြောင်းရွေ့လာကြတယ်။ သူ့အဖေက ရုုံးချူပ်မှာ အလုုပ်လုုပ်ရမယ်။ အဲသည်အချိန်တုုန်းက ၀ါရှင်တန်က အခြေအနေက လျင်မြန်သွက်လက် လှူပ်ရှား စွမ်းရည်အပြည့်နဲ့ သစ်လွင်တောက်ပနေတဲ့ ကာလပေါ့။ ငယ်ငယ်ရွယ်ရွယ် လန်းလန်းဆန်းဆန်းနဲ့ ဌာနချူပ်က တော်တော် လေးနုုပျိူနေတယ်။ ကူဘန်လက်နက် ပစ်ခတ်မူ၊ ဘာလင်တံတုုိင်းကိစ္စ၊ ပြည်တွင်းရေးလှူပ်ရှားမူတွေနဲ့ ၁၅နှစ်တာ လျောက်ခဲ့တဲ့ လမ်း။ သည်တော့ အဲသည်တနေ့မှာ သူ့အဖေက အိမ်ပြန်ပြီး ကျန်ရစ်ခဲ့တဲ့စာရွက်စာတမ်းတွေ ပြန်ယူရင်း သူ့ကုုိ ရုုံးခေါ်သွားတယ်။ ထရေစီတစ်ယောက် ခုုန်ပေါက်လုုိက်ပါသွားလေရဲ့။ သူက ပင်တာဂွန်ကုုိ စိတ်ကူးထဲပဲ မြင်ကြည့်ဖူးတာကုုိး။
အုုိး… ပင်တာဂွန်ဆုုိတာ တကယ့်ကုုိ ထူးခြား အံ့သြဖွယ်ကောင်းလှပါလား။ သင့်အနေနဲ့ အနီးကပ်မြင်လုုိက်ရရင် ပိုုပီးသိလိမ့်မယ်။ ပင်တာဂွန်ဟာ တဖက်ကနေ နောက်တဖက်ကိုု ပေတစ်ထောင်လောက်နီးပါး ကျယ်ဝန်းတယ်။ ပြောရရင် ဘေးပတ်ပတ်လည်က နံရံတွေကြောင့် နံရံမြို့ကြီးတစ်မြို့ နဲ့တောင် တူနေပါတယ်။ ထရေစီတိုု့သားအဖ သူတုုိ့ရဲ့ကားကိုု ကျယ်ပြောလှတဲ့ ကားပါကင်ထဲ ထုုိးထားပီးတဲ့နောက် ဂိတ်ဝကုုိ ထွက်လာကြတယ်ပေါ့။ သူတုုိ့ဟာ အလွန့်အလွန် စည်းကမ်းတင်းကြပ်တဲ့ လုုပ်ငန်းစဉ်တွေကုုိ ကျော်လွှားဖြတ်သန်းလာခဲ့ ကြတယ်။ ထရေစီဟာ လက်မှတ်ထုုိး၊ မှတ်တမ်းရေး၊ ပြီးတော့ ချိတ်ဆွဲထားဖုုိ့ ကဒ်ပြားရခဲ့တယ်။ သားအဖ၂ယောက် ကျယ်ပြန့်တဲ့ အခန်းကျယ်ကြီးထဲကုုိ ဖြတ်သန်းလမ်းလျောက်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးတစ်ခုုထဲ ရောက်သွားသလုုိပါပဲ။ ပထမဦးဆုုးံထရေစီ မြင်တွေ့ရတာက ခန်းမကြီးထဲ အပေါ်တက် အောက်ဆင်းနဲ့ စာပုုိ့စာယူအလုုပ်တွေ လုုပ်နေကြတဲ့ တက်ကြွလန်းဆန်းနေတဲ့ တပ်သားငယ်လေးတွေ ဖြစ်ပါတယ်။ သူတုုိ့က သုုံးဘီးတပ်ယာဉ်တွေကုုိ စီးပြီး သွားလာနေလုုိက် ကြတာ။
အဲဒါ ထူးဆန်းနေတယ်။ ဒါပေမယ့် သုုံးဘီးတပ်ယာဉ်ပေါ်က သူတုုိ့ကြည့်ရတာ သူတုုိိ့အလုုပ်ကိုု သိပ်ပြီး တလေးတနက် ထားနေပုုံရပါတယ်။ ပြောရရင် ထရေစီ့စိတ်ထဲ သုုံးဘီးတပ်ယာဉ်တွေဟာ ရှည်လျားတဲ့ ခန်းမထဲ အခုုလုုိ သွားလာဖုုိ့ တမင်လုုပ်ထားတယ် လိုု့ယူဆတယ်။ သူနဲ့သူ့အဖေအတွက်တော့ မပြီးဆုုံးနုုိင်မယ့် လမ်းရှည်ကြီးကိုု ခြေထောက်နဲ့ လျောက်လှမ်းနေကြရတယ်။
အမှန်ပြောရရင် အဖေက သည်လိုု ပင်တာဂွန်လိုုနေရာမှာ အလုုပ်လုုပ်နေတာ ထူးဆန်းနေတယ်။ စစ်တပ်အရာရှိ၊ စီးပွားရေးသမား၊ ဒါမှမဟုုတ် နုုိင်ငံရေးသမား တုုိ့လောက်တော့ အနည်းဆုုံးရှိနေရမှာ။ ပြောရတော့ အဖေကလေ… ကလေးကြီးတစ်ယောက် လုုိပဲ။ သူ့ပုုံစံက သာမန်လောက်သာ။ အရပ်ရှည်ရှည်၊ အားကစားအကျီကိုု ခပ်ကပ်ကပ်ဝတ်ဆင်ထားပြီး မျက်မှန်အနက်တပ်လေ့ရှိတယ်။ အေးအေးဆေးဆေး ရှိတယ် ဆိုုသောလည်း သူ့မျက်နှာပေါ်မှာ တစ်ခုုခုုကိုု လုုပ်လုုိက်ရမှ ဆုုိတဲ့ မျက်နှာအသွင်အပြင် ကပေါ်နေတတ်တယ်။ ဥပမာ တစ်ခုုေြ့ပာရရင် – ညနေစာစားချိန်ဆုုိပါတော့။ အဲသည်အချိန်ကိုု သူ့ကုုိ ရုုံးမှာ ရှာဖုုိ့မကြိုးစားနဲ့။ ညနေစာကိုု မိသားစုုနဲ့အတူ အိမ်ပြန်စားတယ်။ ပြီးမှ ရုုံးကိုု ညအလုုပ်ဆင်းပါတယ်။ အဲသည်အချိန် ပင်တာဂွန်က အပြင်ကိစ္စခုုိင်းလုုိက်တဲ့ အချိန်ကလွဲလိုု့ ဆုုိပါတော့။
ပြီးတော့ အဖေက ပုုံပြင်တွေပြောပြတယ်၊ တခါတရံ ဘာတွေမှန်းမသိတာတွေ လည်းပါတယ်။ သူရယ်တဲ့အခါ လုုိက်ရယ်ရတာပေါ့။ သူအမြဲတမ်းလုုပ်နေကျအရာကတော့ ထရေစီရဲ့ ညီမ အသက် ၁၃နှစ် သမီးလေး လင်ဒီ့ကုုိ “ပြောပြပါဦး ဒီနေ့ သမီးဘာတွေလုုပ်သလဲ ဘာတွေတီထွင်သလဲ ဘာစာတွေလုုပ်သလဲ“ လုုိ့မေးတာပါ။ သူဆုုိလုုိပုုံကတော့ သူ့သားနဲ့သမီးဟာ သူ့အဖေမေးရင် တစ်ခုုခုုပြောဖုုိ့ ပြင်ဆင်ထားဖုုိ့၊ တနေ့လုုံး ဘာတွေလုုပ်သလဲ ဆိုုတာကုုိ ရှာဖွေထားဖုုိ့ ၊ ဒါကုုိ ရည်ရွယ် ထားတာလိုု့ယူဆပါတယ်။
အပြင်ထွက်စားရတာလည်း ပျော်စရာပါ။ အဖေနဲ့အမေက စားသောက်ဆုုိင် အသစ်တွေရှာရတာ သဘောကျကြတယ်။ သိုု့သော် စားသောက်စရာတွေ မှာထားပြီး မရောက်ခင်မှာ စောင့်ရင်းနဲ့ အဖေက လင်ဒီနဲ့ ထရေစီ့ကုုိ ဥနှောက်စားတဲ့ မေးခွန်းတွေ မေးတယ်။ “ရထားက အနောက်ဖက်ကုုိ ၁နာရီကုုိ မုုိင်၄ဝနဲ့ ခုုတ်မောင်းနေတဲ့အချိန်မှာ လေယာဉ်ပျံတစ်စင်းက သူ့အပေါ်ကနေပျံသန်းနေ…….“ ထရေစီက သည်လုုိမေးခွန်းမျိူးကုုိ လက်တန်းဖြေနုုိင်တယ်။ ဒါပေမယ့် ၁၃နှစ်သမီး လင်ဒီခင်မျာ လုုိက်မမှီရှာပါဘူး။
သည်တော့ အဖေက လင်ဒီ့ကုုိ မေးတယ် – “ကဲ.. လင်ဒီ။။ အကယ်၍ စက်ဘီးရဲ့ ဘီးက မြေပြင်တလျောက်လည်နေတယ် ဆုုိပါတော့။ ဒါဆုုိရင် အဲသည် အလျင်အတုုိင်း ဘီးရဲ့စပုုတ်တွေကရော လုုိက်လည်နေမလား။“
“အုုိး… လုုိက်လည်နေမယ် ဖေဖေ။“
“မဟုုတ်ဖူး သမီးရဲ့။ “ အဖေလုုပ်သူက ဘာဖြစ်လုုိ့လဲ ဆိုုတာကုုိ ရှင်းပြပါတယ်။ အောက်ခြေက စပုုတ်တွေဟာ ဒီအတုုိင်းပဲနေနေတယ်။ အပေါ်က စပုုတ်တွေက စက်ဘီးမြန်ရင်မြန်သလိုု ၂ဆပြေးနေတဲ့အခါ သူတုုိ့က သည်အတုုိင်းရှိနေတဲ့အကြောင်း ဖျာပေါ်မှာ မြေပုုံလေးဆွဲပြီး ရှင်းပြတာ လီယုုိနာဒုုိတောင် ဂုုဏ်ယူလောက်ပါရဲ့။ (အဲသည်အချိန်မှာ အဖေ့ပုုခုုံးထက် အပေါ်စီးကနေ ကြည့်နေတဲ့ လူတစ်ယောက်က ဒေါ်လာ ၅၀ ချပေးသွားတယ်။)
ဟော… ပြောရင်းဆုုိရင်း ပြခန်းတွေဘက်ရောက်လာပီ။ သည်ပိတ်ရက်မှာတော့ အမေက သူ့အတွက် အချိန်တောင်မပေးနုုိင်ရှာပါဘူး။ သည်တော့ အဖေက ထရေစီနဲ့ လင်ဒီ့ကုုိ ပန်းချီကားတွေရှိရာကုုိ ခေါ်သွားလုုိက်တယ်။ အများအားဖြင့် မောတွေဆီက (Washington DC က The Mall ဆိုတဲ့ ဥယျာဉ်သဖွယ် ရင်ပြင်ကျယ်) အနီး အနုုပညာဆုုိင်ရာ အမျိူးသားပြတုုိက် တွေဘက်သွားတာပါပဲ။ အဲသည်မှာ အင်ပရှင်နစ် ပန်းချီကားတွေ အဖေ့အကြိုက်ပေါ့လေ။ ဂေါ်ဂွင်၊ ပီကာဆုုိ၊ မုုိနေး၊ စေးဇန်းတုုိ့ ။ အဖေက အလင်းရောင်တွေပါတာကိုု သဘောကျတယ်။ တောက်ပနေတဲ့ အရောင်တွေ က ပန်းချီကားတွေကနေ ထုုိးထွက်နေသလုုိပဲ။ ဒါပေမယ့် အဖေက အရောင်တွေ ဘယ်လုုိနေရာချသလဲ ဆုုိတဲ့ လူတွေစဉ်းစားတဲ့ နည်းပညာမျိူးကုုိပဲ လေ့လာတတ်ပါတယ်။ (သူက ဟားဗက်နဲ့ အန်အုုိင်တီကနေ စိတ်ပညာဆရာ ဖြစ်ခဲ့သေးတာကိုုး) အဖေကပြောတယ် မျက်စိတစ်ဖက်ကုုိ လက်တစ်ဖက်နဲ့ပိတ်ထားပြီး ပန်းချီကားကနေ နောက်ဖက်ကုုိ ခြေလှမ်း၅လှမ်းလောက် ဆုုတ်ပီးတာ့ မျက်စိ၂ဖက်စလုုံးနဲ့ ကြည့်ပါတဲ့။ အဲသည်အခါ ပြားနေတဲ့ ပန်းချီကားမျက်နှာပြင်ဟာ သုုံးဖက်မြင်ဖြစ်သွားလိမ့်မယ်တဲ့။ ဟာ… တကယ်ပဲဗျာ။ အဖေ၊ ထရေစီနဲ့ လင်ဒီတုုိ့က အမျိူးသားပြတုုိက်မှာနာရီပေါင်းများစွာ လျောက်ကြည့်ကြပါတယ်။ သူတုုိ့အားလုုံး မျက်စိတစ်ဖက်ပေါ်လက်အုုပ်ပီးတော့ ပန်းချီကားတွေကုုိ ကြည့်ကြတယ်။
သူတုုိ့က ထူးဆန်းတဲ့သူတွေလုုိ ကြည့်ကြတယ်။ တော်တော် ထူးဆန်းတဲ့မိသားစုုပေါ့ သူတုုိ့နည်းသူတုုိ့ဟန်နဲ့ လုုိ့မြင်ရမှာပါပဲ။ ထရေစီနဲ့ လင်ဒီတုုိ့ရဲ့ သူငယ်ချင်းတွေကြားထဲမှာလည်း သူတုုိ့က မတူခြားနားနေပြန်တယ်။ တကယ့်ကုုိ ကမ္ဘာအနှ့ံစူးစမ်းနေလုုိက်ကြတာပေါ့။ ဥပမာ တစ်ခုုပြောရရင် သူတုုိ့အဖေက ခရီးသွားရတာ သဘောကျတယ်။ ဒီတော့ ထရေစီနဲ့ လင်ဒီတုုိ့ရဲ့စိတ်ထဲမှာလည်း ဥရောပနဲ့ ကယ်လီဖုုိးနီးယားတခွင် အပတ်ပေါင်းများစွာ၊ လပေါငး်များစွာ လည်ပတ်နေရတာကိုု သမရုုိးကျခရီးသွားနေရသလိုု သဘောထားကြတယ်။ သူတိုု့မိဘတွေက အိမ်အသုုံးအဆောင် ပရိဘောဂတွေထက် ခရီးတွေထွက်ပြီး ပိုုက်ဆံပုုိအသုုံးပြုကြတယ်။ ဒါကြောင့်လည်း မက်စက်ချူးဆက်က သူတုုိ့ရဲ့ဗစ်တုုိးရီးယမ်းအိမ်အုုိလေးဟာ ပုုိပြီး အိုုဟောင်းနွမ်းနယ်သွားရတယ်။ အဖေနဲ့အမေက သူတုုိ့အိမ်လေးကုုိ ရုုပ်ရှင်သရုုပ်ဆောင်တွေ၊ ဒါရုုိက်တာတွေ၊ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊ အစရှိသဖြင့် ရှိရှိသမ ျှသော ပုုဂ္ဂိုလ်ထူးတွေကုုိ လာရောက်ခုုိနားဖုုိ့ ပေးထားပါတယ်။ အမေက အဖေ့ရဲ့၃ထပ်က ရုုံးခန်းကုုိ သူတုုိ့ကုုိ လွှတ်လိုုက်ပါတယ်။ အဲသည်အခန်းမှာအဖေ့ရဲ့ စာရွက်ပုုံကြီးက မြေမဆုုံးမုုးိမဆုုံးပါ။ အဖေက ဘယ်တော့မှ မရှင်းဘူး။ တခါတလေ သူ့စားပွဲပေါ်မှာ သူ့အကြိုက် အုုိင်စ် ဆုုိတဲ့ သကြားလုုံး တွေတွေ့ရတတ်ပါတယ်။ သင်လည်း စားချင်စိတ်ဖြစ်လာနုုိ်င်ပါတယ်။
သည်တော့လေ ပြောရရင် အဖေ့ပုုံစံနဲ့ အဖေလုုပ်နေတဲ့ ပင်တာဂွန်နဲ့က ဆက်စပ်လုုိ့မရဘူး လိုု့ဆုုိချင်တာပါ။ အခုု အဖေက ထရေစီနဲ့ အဲသည် ခန်းမထဲမှာ အတူလမ်းလျောက်နေတယ်ပေါ့။
သူတုုိ့ အဖေ့ရုုံးခန်းကုုိ ရောက်သွားပြီ ဆုုိကြပါစုုိ့။ ထရေစီ့စိတ်ထဲတော့ ဘောလုုံးကွင်း အကြီးကြီးကုုိ ဖြတ်ပီး ရောက်သွားတယ်လိုု့ ခံစားနေရပါတယ်။ တကယ်ပဲ သွားရမယ့်နေရာ ရောက်တော့ သူမြင်လုုိက်ရတာက… အင်း… စိတ်များတောင် ပျက်မိပါရဲ့။ တံခါးပေါက်တွေတန်းစီးပြီး တွေ့နေရတဲ့ လမ်းကြောင်းက တံခါးတစ်ပေါက်ပဲ ဆုုိကြပါစိုု့။ အတွင်းကလည်း စစ်စိ်မ်းရောင်မွဲခြောက်ခြောက် ဆေးသုုပ်ထားတဲ့ ပျင်းခြောက်ခြောက် အခန်းသေးသေးလေး။ စားပွဲတစ်လုုံး၊ ခုုန်တစ်စုုံ၊ ဖုုိင်တွေစီရီထားတဲ့ စင်တွေရယ် ဒါပဲ။ ပြူတင်းပေါက်တစ်ပေါက်၊ ကျန်တာ နံရံ။ သည်တော့ ထရေစီက ဘာတွေများတွေ့ရမယ်လုုိ့ မျော်လင့်ထားတာတုုန်း လိုု့ဆုုိတော့လည်း သူလည်းသိပ်တော့ မသိပါဘူး။ ဒါပေမယ့် ဒီလုုိမျိူးတော့ မဟုုတ်ဘူးလေ။
ထရေစီက သူ့အဖေသည်လုုိ အခန်းလေးထဲ တနေကုုန်အလုုပ်လုုပ်နေတာလား ဆုုိတာ မသေချာပါဘူး။ ဒါလျိူ့ဝှက်စရာမှ မလုုိတာ။ ဒါပေမယ့် သည်ရုုံးက ကာကွယ်ရေးနှင့်ဆုုိင်သော ဌာနချူပ်ဆုုိတော့ အဖေက သိပ်ကိုု အလေးအနက်ထားတယ် အိမ်မှာ သူ့ရုုံးကိစ္စ ဘာမှ သိပ်မပြောဘူး။ ပြောရရင်တော့ ထရေစီ အသက်၁၅နှစ် ထရေစီက အဖေဘာလုုပ်နေတယ် ဆုုိတာ သိပ်ပီး ဂရုုမစုုိက်လှပါဘူး။ သေချာတာတစ်ခုုကတော့ ဖေဖေက သိပ်ကုုိ အလုုပ်ကြီး အကုုိင်ကြီးလုုပ်နေတယ်ဗျာ။ လူတွေ သူတုုိ့အလုုပ်တွေ လုုပ်နေကြတာကုုိ အဖေက အချိန်တွေပေးပီး လုုပ်ပေးနေတယ်။ ကွန်ပြူတာတွေ အများကြီးနဲ့ အလုုပ်တွေ လုုပ်နေတယ်။
အံ့သြစရာတော့ သိပ်မရှိပါဘူး။ သူ့အဖေက ကွန်ပြူတာကုုိ ခရေဇီးဖြစ်တယ်။ ကန်းဘရစ်က အိမ်မှာတုုန်းက ဘော့လ်ဘရန်နက် အင် နယူးမင်း ဆုုိတဲ့ကုုမဏီမှာ လုုပ်တုုန်းကဆုုိ ရေခဲသေတ္တာလောက်ကြီးတဲ့ ကွန်ပြူတာတွေနဲ့ အဖေတုုိ့ အုုပ်စုုတွေ ကိုုယ့်ဘာသာ ကိုုယ်အလုုပ်လုုပ်နေကြတာကိုုး။ ဒါပေမယ့် ခေတ်မှီပါတယ်၊ ကီးဘုုတ်ပါတယ်၊ မျက်နှာပြင်က သူတိုု့ရုုိက်သမ ျှ ပေါ်နေတယ်၊ ပေါ့ပါးတဲ့ ဘောပင်လေးကလည်း သင်ဘာရေးရေး မျက်နှာပြင်မှာပြနေတယ်။ ပါဝင်တဲ့ ဆော့ဝဲလ်က အထူးစပယ်ရှယ်ပေါ့။ အဝေးကနေ ထိန်းချူပ်တဲ့ စနစ်လည်း ပါပါတယ်။ အဖေက အဲဒါနဲ့ နေနေလုုိက်တာ နေ့နေ့ညည၊ ပရုုိဂရမ်တွေလည်း ဆွဲရပါတယ်။ ပိတ်ရက်တစ်နေ့တော့ သူက ထရေစီ့နဲ့ လင်ဒီ့ကုုိ အဲဒါနဲ့ ကစားလုုိ့ရအောင် ဝင်ပါခုုိင်းပါတယ်။ အဖေကသူတုုိ့ကုုိ ကွန်ပြူတာ ဘာသာစကားဆုုိင်ရာ စာလုုံးတွေ ရေးပြခုုိင်းပါတယ်။ အကယ်၍ သူရေးတာ မှန်ရင် ကွန်ပြူတာက “ကွန်မန်းဒေးဘဲလ်“ လုုိ့တုုန့်ပြန်ပါတယ်။ အကယ်၍မှားရင်တော့ “ဒန့်လ်ခေါ့ဖ်“ လိုု့တုုန့်ပြန်တယ်။ (သူ့အသံထွက်မှာ ဘီ သံမပါရပါဘူး ဂျာမန်စကားလုုံးပေါ့။)
ထရေစီက ဒီလုုိဟာတွေ သဘောကျတယ်ဆုုိတာ သဘာဝကျပါတယ်။ ဒါမျိူး သူကိုုုုယ်တုုိင် ပရုုိဂရမ်ဆွဲနည်း လေ့လာနုုိင်ရဲ့သားနဲ့ပေါ့လေ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၄၀ ကိုုပြန်သွားကြည့်လုုိက်တော့ သူ့အဖေပင်တာဂွန်မှာ ဘာတွေလုုပ်နေလဲ ဆုုိတာကုုိ အာရုုံမစုုိက်မိပဲ နေနေခဲ့တာတွေကြောင့်လုုိ့ ထင်ပါတယ်။ သူက အလုုိလုုိက်ခံရလုုိ့ ပျက်စီးသွားတာမျိူးလား။ သူက အခုုခေတ်ကလေးတွေ သရီးဒီကွန်ပြူတာဂရပ်ဖစ်တွေ ကြားထဲ နစ်မွနး်နေသလုုိ၊ ဒီဗီဒီတွေနဲ့ ဂိန်းတွေထဲ နစ်မြုပ်နေမိသလုုိ၊ အင်တာနက်နယ်ပယ်ထဲ ကမ်းခြေမဲ့ ကူးခပ်နေမိသလုုိ ပဲ ဆုုိပါတော့။ သူ့ဘဝမှာ သူ့အဖေကိုုင်တဲ့ ကွန်ပြူတာကုုိပဲ မြင်တွေ့ဖူးခဲ့တာပါပဲ။ ထရေစီ့စိတ်ထဲ အဲသည်တုုနး်ကတော့ တွက်ချက်ခြင်းအလုုပ်ကုုိ ဘယ်သူမဆုုိ လုုပ်နုုိင်ရမယ် လုုိ့ထင်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ် စိတ်ကူးထဲမှာတော့ ကွန်ပြူတာဆုုိတဲ့ စကားလုုံးဟာဖြင့် ကြီးမား ကျယ်ပြန့် လျိူ့ဝှက် ဆန်းကျယ် ညှို့ယူ ဖမ်းစား နေတယ်။ ပန့်ချ် ကဒ်ကလေးတွေက နံပါတ်တွေဟာ ပျံဝဲလွင့်ပြန့် နေတယ်။ ထရေစီ့စိတ်ထဲမှာလိုု လူတုုိင်းအနေနဲ့လည်း သူ့အဖေဟာ ကွန်ပြူတာ ကိုုင်တဲ့ လူနည်းစုုထဲမှာ ပါဝင်ပတ်သက်နေပီး လူတွေမသိသေးတဲ့ နည်းပညာထဲ ဝင်ရောက်လုုိက်ပါနေတယ်လိုု့ မြင်ကြမှာပါ။
ထရေစီ့အဖေကတော့ တစ်နေ့ကျရင် ရှိသမျှ ကွန်ပြူတာတွေဟာ အခုုစက်ကြီးမျိူးတွေလိုု ကန်းဘရစ်တစ်ခုုလုုံး အသုုံးပြုလာကြမယ်လုုိ့ ယုုံကြည်နေပါတယ်။ ဒီစက်ကြီးတွေက လူနဲ့လည်း ပုုိတူတယ်၊ ရင်းရင်းနှီးနှီးလည်း ရှိတယ်လေ။ သူတုုိ့က လူတွေရဲ့အလုုပ်တွေကုုိ ကူညီပေးမယ်၊ ပုုံစံသစ်နဲ့ လူတွေကိုု ဆက်ဆံမယ်၊ အချက်အလက်တွေကုုိလည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင် ပေးဦးမယ်၊ တကမ္ဘာလုုံးဆုုိင်ရာ ဆက်သွယ်မူတွေကုုိ တွေ့မြင်ရမယ်၊ စီးပွားရေး လူမူရေးစသဖြင့်ပေါ့။ အဆုုံးစွန်ပြောရရင်တော့ လူတွေ မစဉ်းစားမိတာတွေကုုိ နီးနီးကပ်ကပ် အဆုုိတွေတင်သွင်း၊ ပိုု့ဆောင်ပေးမယ့် တကယ့်ကိုု ခွန်အားအပြည့်နဲ့ ရောက်လာမယ့် ဘယ်စက်ပစ္စည်းတွေမှ လုုိက်မမှီအောင် အကျိူးပြုသွားဦးမှာပါတဲ့။
ကဲ အခုု သူက ပင်တာဂွန်မှာ အလုုပ်လုုပ်နေပါတယ်။ ထရေစီ့အဖေက စိတ်ကူူးတွေကုုိ တကယ်ဖြစ်လာအောင် အရာရာကိုု ပြောင်းလဲပေးနေတယ်ပေါ့။ ဥပမာ အန်အုုိင်တီ (MIT) ကိုုကြည့်ကြရအောင်။ အမ်အေစီဆုုိတဲ့ ပရောဂျက်ကုုိ တည်ထောင်တဲ့ထဲပါခဲ့တယ်။ အမ်အေစီ ဆုုိတာ ကြီးမားကျယ်ပြန့်သော ပါစင်နယ် ကွန်ပြူတာစနစ်ပေါ့။ ပရောဂျက်မန်နေဂျာကတော့ ဒေါ်လာ ရာချီထောင်ချီတဲ့ စက်ကြီးကုုိ လူတုုိင်းသုုံးနုုိ်င်ဖုုိ့တော့ သိပ်မမျော်လင့်ထားပါဘူး။ ဒါပေမယ့် သည်စက်ကြီး တစ်ဒါဇင်လောက်တော့ တချိူ့သော နေရာတွေနဲ့ လူနေအိ်မ်တွေမှာ အဝေးထိန်းစနစ်များနဲ့ သုုံးကြပါတယ်။ သုုးံတဲ့သူစိတ်ထဲ သည်စက်ကြီးက ကုုိယ်နဲ့ထိတွေ့မူမှာ လျင်မြန်တယ်၊ ကိုုယ့်ကိုု တုုန့်ပြန်အားကောင်းတယ်လိုု့ ယူဆကြပါတယ်။ တကယ်လည်း အံ့သြဖွယ်အလုုပ်လုုပ်ပါတယ်။ အမ်အေစီပရောဂျက်ဟာ လူ ရာ နည်းစုုသာမကပဲနဲ့တဲ့၊ တကမ္ဘာစာကုုိ အွန်လုုိင်းဆက်သွယ်မူတွေ ပေးလာပါတယ်တဲ့။ ပထမဦးဆုုံး ဆက်သွယ်ရေးစနစ်။ အီးမေး အွန်လုုိင်း ဟက်ကာ။ ဒါဟာ အင်တာနက်ခေတ်ထဲကိုု ဝင်လာတဲ့သဘော။ ဒီလမ်းတလျောက်မှာ ၁၉၇၀ တုုိင်အောင် ဆက်သွယ်မူနည်းပညာတရပ်ကိုု ဖော်ဆောင်ပေးမယ့် “အိမ်တွင်း အချက်အလက်များ စနစ်” တစ်ခုု ဖြစ်လာပါသတဲ့။ မိုုက်ကရုုိကွန်ပြူတာ စနစ်လုုိ့ ခေါ်ဝေါ်လုုိက်သော စျေးကွက်တစ်ခုုကိုု ဆွဲယူပိုု့ဆောင်ပေးလုုိက်ပါတယ်။
ထရေစီအဖေက လူသားဆန်သော ကွန်ပြူတာ စနစ်လုုိ့ပြောမလား၊ အသိညဏ်ရှိသော ကွန်ပြူတာလူသား လုုိ့ဆုုိမလား အဲသည်နည်းပညာတစ်ခုုကိုု ပန်တာဂွန်မှာ အလုုပ်စဆင်းတဲ့ ပထမဦးဆုုံးနေ့မှာ တကယ်လက်တွေ့ကွင်းဆင်းခဲ့တယ်လုုိ့ ဆုုိရမှာပါ။ ဒေါက်ကလက်စ် အန်ဂျယ်ဘာ့တ် က အဲသည်အချိန်ကတည်းက သြဇာသက်ရောက်တဲ့ ပုုဂ္ဂိုလ်တစ်ဦး ဆုုိပါတော့။ သူ့ရဲ့ဆရာသမားတွေရှိတဲ့ အက်စ်အာရ်အုုိင် က နောက်တော့ စီလီကွန်ဗယ်လီဖြစ်လာတယ်။ (ဒီနေရာမှာ ရှင်းပြရရင် စီလီကွန်ဗယ်လီ ဆိုုတာက Silicon Valley (အတုုိကောက် SV) ဖြစ်ပါတယ်။ ဆန်ဖရန်စစ်စကုုိ ဘေးဧရိယာ ကယ်လီဖုုိးနီးယား မြောက်ဖက်ပုုိင်းက ဆန်တာကလာရာ ဗယ်လီ ကုုိခေါ်တာပါ။ အဲသည်နေရာဟာ အဆင့်မြင့်နည်းပညာ၊ နက်ဝေါ့ဆုုိင်ရာ၊ ဆုုိရှယ်မီဒီယာ အစရှိသဖြင့်တုုိ့ရဲ့အချက်အချာ ဒေသတစ်ခုု ဖြစ်ပါတယ်။ ဆန်ဟိုဇေး (San Jose) က အဲသည်ဒေသရဲ့တတိယအကြီးဆုုံး မြို့တစ်မြို့ဖြစ်ကာ ကာလီဖုုိးနီးယားရဲ့တတိယမြောက်အကြီးဆုုံး၊ အမေရိကရဲ့၁ဝခုုမြောက် အကြီးဆုုံး ဖြစ်ပါတယ်တဲ့။)
သူက လူတုုိင်းနဲ့မတူ သမရုုိးကျမဟုုတ်တဲ့သူ လူထူးလူဆန်း ဂျီးများတဲ့သူ။ ဒါပေမယ့် သူ့ကုုိ ထရေစီ့အဖေက အကြံဉာဏ်တွေ၊ အလုုပ်တွေ ချပြလုုိက်တော့ အင်မတန် ဂျီးဂျွတ်နဲ့သူက သူနဲ့ အဖွဲ့အုုပ်စုုဖြစ်သွားတယ်။ မောက်စ် တီထွင်တယ်၊ မျက်နှာပြင်ဝင်းဒုုိးပေါ်လာတယ်၊ ဟုုိက်ပါတက်စ်တိုု့၊ (hyper text, word-processing) ဝေါ့ဒ်ပရောဆက်ဆင်းတုုိ့ တခြားသော အထူးအဆန်းတွေ တစ်ခုုပီးတစ်ခုု ပေါ်လာတယ်။ ဆန်ဖရန်စစ်စကုုိမှာ ကျင်းပတဲ့ ကွန်ပြူတာဆုုိင်ရာ အလုုပ်ရုုံဆွေးနွေးပွဲမှာ အန်ဂျယ်ဘာ့တ်ရဲ့၁၉၆၈ခုုနှစ် ဟောပြောတင်ပြမူလုုပ်တော့ လူထောင်ပေါင်းများစွာရဲ့ အာရုုံတွေကုုိ တခါတည်း ဆွဲယူလုုိက်နုုိင်ခဲ့တယ်။ ကွန်ပြူတာသမုုိင်းမှာ အချိူးအကွေ့တစ်ခုုုုကုုိ တသက်လုုံးအမှတ်ရစေအောင် ဖြစ်လာရတယ်။ ကွန်ပြူတာဆုုိတာ ဘာမှန်းမသိတဲ့သူတွေအတွက် သမုုိင်းစာမျက်နှာတစ်ခုုကိုု ဖွင့်လှစ်ပေးလုုိက်နုုိင်တယ်ပေါ့။
ထရေစီ့အဖေက ပင်တာဂွန်မှာပဲ သူ့ရဲ့ အမွေကိုုဆက်ခံမယ့် ပညာတတ်တွေ မွေးဖွားလာဖုုိ့ သင်တန်းတွေပုုိ့ချပေးခဲ့တယ်။ သိပ်မကြာပါဘူး ပါလုုိအာလ်တုုိ (Pal alto) သုုတေသနဌာန ဆုုိတဲ့ အတုုိကောက် ပီအေအာရ်စီ မှာ အရည်အချင်းရှိသူတွေ စုုဝေးလာကြတယ်။ ဒါဟာ နောက်အနှစ် ၃၀ မှာ အသုုံးပြုလာတော့မယ့် အသိပညာတွေ စတင် ပျိူးစေ့ချကြတဲ့သဘော။ ကိုုယ်ပုုိ်င်ကွန်ပြူတာတွေ အဖြစ် လူသိများ လူကြားထဲကုုိ မောက်စ်ရယ် မျက်နှာပြင်ရယ်နဲ့ ဝင်ရောက်လာတော့မယ့် သဘော။ ဝင်းဒုုိးမှာ ဂရပ်ဖစ်တွေ အသုုံးပြုလာဖုုိ့၊ အိုုက်ကွန်တွေ၊ မီးနူးတွေ၊ စကရုုိးဘားတွေ အစရှိသော အရာတွေ ပေါ်လာတော့မယ့် အခြေအနေတစ်ခုု။ လေဆာပရင့်တာကနေ စာရွက်တွေ ထုုတ်ပေးဖုုိ့ ဖြစ်လာတော့မယ်။ အီသာနက် (Ethernet) ခေါ်တဲ့ ဒေသဆုုိင်ရာ နက်ဝေါ့ဧရိယာကနေ အားလုုံးကုုိ ဆက်သွယ်ချိ်တ်ဆက်ပေးဖုုိ့ ခြေလှမ်းတွေ။
နောက်ဆုုံးတော့ နက်ဝေါ့တွေ ပေါ်လာပီ ဆုုိပါတော့။
အခုုတော့ သူက ပင်တာဂွန်မှာ အလုုပ်လုုပ်နေတယ်။ ထရေစီအဖေက လေယာဉ်ပျံတွေဆီမှာပဲ အချိန်တွေ ကုုန်လွန်နေတယ်လုုိ့ ပြောရမှာပါ။ ဆက်တုုိက်ဆုုိသလုုိပဲ သူက လူသားဆန်တဲ့ ကွန်ပြူတာတွေနဲ့ပတ်သက်လုုိ့ သုုတေသနလုုပ်တဲ့ အုုပ်စုုတွေနဲ့ အလုုပ်လုုပ်နေပါတယ်။ သူ့ရည်ရွယ်ချက်က ကမ္ဘာတခွင့် ပြန့်နှ့ံသွားစေဖုုိ့ပါ။ ဆက်သွယ်ရေးကွန်ယက်တွေ ဖွင့်လှစ်နုုိင်ဖိုု့ ကြိုးပမ်းလုုပ်ဆောင်နေပါတယ်။ သူဝါရှင်တန်ကနေ ထွက်ခွာလာကတည်းက ရှိခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖုုိ့ပါ။ ၁၉၆၃ခုုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ချပြခဲ့တဲ့သူ့ရဲ့ နက်ဝေါ့ကွန်ပြူတာ ကိုုအခြေခံလုုိက်တဲ့ စာစောင်ကနေ အဖွဲ့တွေ ဖွဲ့လာနိုု်င်ခဲ့တယ်။ တကုုိယ်တော်ကွန်ပြူတာတွေကနေ (stand alone computer) ဖြန့်ကျက်ရှယ်တဲ့ စနစ်ဆုုိပါတော့။ တကယ်လည်းဟုုတ်ပါတယ်။ နက်ဝေါ့နည်းပညာက အခုုလက်ရှိမှာကုုိ အဓိကကျတဲ့ စနစ်တစ်ခုုလုုိ လည်ပတ်လာနေခဲ့တာ နောင်မှာလည်း ဆက်လက် သွားနေဦးမှာပါ။ ဒါပေမယ့် အဖေ့စိတ်ထဲမှာက သည့်ထက် ရှေ့ရောက်နေတယ်။ အာကာသတွေကြားက လွတ်နေတဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ နက်ဝေါ့တွေအကြောင်းကိုု မကြာခင်မှာ ပြောမယ်။ နက်ဝေါ့ဆုုိတာကလည်း လူုတုုိင်းလက်လှမ်းမှီတဲ့ ဖွင့်ထားတဲ့ စပေ့တစ်ခုုကိုုး။ အစုုိးရတွေ၊ အဖွဲ့အစည်းတွေ၊ အလုုပ်အကုုိင်တွေ၊ တကိုုယ်တော်တွေနဲ့ ပတ်သက်တဲ့ ကွန်ယက်တွေကုုိ ချိတ်ဆက်ပေးနေတယ်။ ဟော… အခုုဆုုိ အီး-ဘဏ်၊ အီး-စီးပွားရေး၊ အီး-စာကြည့်တုုိက်။ ရှိရှိသမျှ စဉ်းစားမိသမျှ ရှေ့မှာ အီး သာတပ်လုုိက်။ သည်လုုိ ဖြန့်ကျက်လာနိုုင်ဖိုု့ သူကတွေးခေါ်စဉ်းစားခဲ့တာပါ။ ယနေ့ခေတ်မှာတော့ အင်တာနက် ဆုုိတဲ့စကားလုုံးပေါ့လေ။
(ဒီလုုိနည်းပညာကုုိ ၁၉၆၀ နောက်ပိုု်ငး်လောက်က အဖေဟာ သူ့စိတ်ကူးတွေနဲ့ သန္ဓေတည်ခဲ့ပြီး ၁၉၇၀ လောက်မှာ အကောင်အထည်ဖော်ဖိုု့ အဲသည်ကတည်းက ကြိုးစားလာကြတယ် ဆုုိတာလေး စာဖတ်သူတွေ စိတ်ထဲ နည်းနည်းလောက် ဝင်သွားရင် တော်ပါပီ။ ) (အဲသည်ကွင်းစကွင်းပိတ်ထဲက စာပုုိဒ်ကတော့ ဘာသာပြန်သူအနေနဲ့ ကိုုယ်နားလည်သလိုု ပြန်ပေးထားတာပါ။ သူရေးထားတာတွေက နည်းနည်းရူပ်ထွေးနေလိုု့ သည်လုုိသဘောပေါက်သလုုိ ရေးပေးခြင်း ဖြစ်ပါတယ်။)
အတုုိချူပ် ဆုုိရသော် ထရေစီ့အဖေသည် ယနေ့ခေတ် ခေတ်မှီလျက်ရှိသော ကွန်ပြူတာစနစ်၊ အချိန်နဲ့အမ ျှ ရှယ်ပေးနုုိင်သော စနစ်၊ ပါစင်နယ် ကွန်ပြူတာစနစ်၊ မောက်စ်၊ ဂရပ်ဖစ်ဆုုိင်ရာ အင်တာဖေ့စ်၊ ဇီရွန်ပီအေအာရ်စီ ဖန်တီးမူနယ်ပယ်၊ အင်တာနက် စသည်ဖြင့် ရှိရှိသမ ျှသော အရာတွေကုုိ ရုုပ်လုုံးပေါ်လာအောင် အားနဲ့အင်နဲ့ ပေးဆပ်ခဲ့ပါသည် ပေါ့ဗျာ။ ဟုုတ်ပါတယ် ၁၉၆၂ခုုနှစ် သူ့စိတ်ကူးတွေ ဟာ စိတ်ကူးထဲမှာတင် မနေတော့ဘူး ဆုုိပါတော့။ သူ့အတွက်တော့ အဆုုံးမရှိသော စိတ်ပျော်ရွှင်မူတွေရခဲ့တယ်။ ဒါတွေကြောင့်လည်း သူဟာ သူ့မိသားစုုကုုိ သူတုုိ့ချစ်သော နေရပ်ကနေ အမြစ်ကနေ ဆွဲထုုတ်ခဲ့ကာ ၀ါရှင်တန်ကုုိ အလုုပ်အရ၊ ပြောရရင် သူမုုန်းတီးသော ဗြူရုုိကရပ်ပုုံစံခွက်ထဲကုုိ အလုုပ်လုုပ်ဖုုိ့ ရောက်လာခဲ့ရတယ်ပေါ့လေ။ ခက်တာက သူက သူ့အိပ်မက်တွေကုုိ ယုုံကြည်တာကိုုး။
ဘာဖြစ်လုုိ့လဲဆိုု သူက သူ့အိပ်မက်တွေ တကယ်ဖြစ်လာမှာကုုိ မြင်ချင်တဲ့စိတ်က ကြီးစုုိးနေတာကိုုး။
ဘာဖြစ်လုုိ့လဲဆုုိ ဟောဒီ ပင်တာဂွန် – သိပ်နားလည်းချင်စရာမကောင်းတဲ့ သိပ်ကိုု မြင့်မားလွန်းလုုိ့ လက်လှမ်းမမှီနုုိ်င်တဲ့ နေရာတစ်ခုု – သည်မှာကိုုကပဲ သူ့အိပ်မက်တွေကုုိ အကောင်အထည်ဖော်ပေးနုုိ်င်တဲ့ ငွေရေးကြေးရေးအရ ဖြည့်ဆည်းပေးနုုိ်င်မှာကုုိး။
ထရေစီ့အဖေက သူ့ရဲ့စာရွက်စာတမ်းတွေအကုုန်လုုံးကုုိ အတူတကွ စုုစည်းပြီးတဲ့သကာလ သွားဖုုိ့အဆင်သင့်ဖြစ်ပီ။ သူ့လက်တပွေ့မှာ အစိမ်းရောင်ပလတ်စတစ်အထုုတ်အပိုု်းတွေ ကိုု ကုုိင်ဆောင်လုုိ့။ အဲဒါ ဗြူရုုိကရက်တွေ ပျော်ရွှင်တဲ့ပုုံစံတဲ့လား။ တစ်နေ့တာ အလုုပ်ပြီးလိုု့ အလုုပ်ကနေ ပြန်မယ့်အချိန်တုုိင်း သင့်ဖုုိင်တွေအားလုုံးကုုိ လေဘယ်တွေ တပ်ပါ၊ ရောင်စုုံအမှတ်အသားပြုတဲ့ စက္ကူစကလေးတွေ ကုုိ ဆွဲအံတွေမှာ သုုံးပါ၊ အစိမ်းရောင်က မစီရသေးတဲ့ အရာတွေ၊ အဝါရောင်က.. အနီရောင်က …. စသဖြင့် စသဖြင့် ဒါတွေဟာ လုုံခြုံရေးအတွက်လည်း ပါပါတယ်။ ပြောရရင် ရယ်ချင်စရာတောင်ကောင်းနေသေး။ သူ့အတွက်တော့ အစိမ်းရောင်ပြီးရင် တခြားဟာ ကပ်ထားစရာ မလုုိပါဘူးတဲ့။ ဒါပေမယ့်လည်း အဲဒါက ဥပဒေတစ်ခုုလုုိ လုုိက်နာရမှာ။ အင်း…
ထရေစီ့အဖေက အစိမ်းရောင်ကလေးတွေကုုိ နေရာတော်တော်များများမှာ လုုိက်လံနေရာချနေတယ်။ တစ်ယောက်ယောက်ကတွေ့ရင် ဒါတွေကုုိ ဂရုုတစုုိက်နဲ့ လုုပ်ခဲ့ပါလားလုုိ့ ထင်စရာ။ “အုုိကေ“ သူက သူ့သားကုုိ “အခုု ပြန်ကြရအောင်“လုုိ့ ပြောလုုိက်ပါတယ်။
ထရေစီနဲ့ သူ့အဖေ တံခါးကုုိ ပိတ်ကာ နောက်မှာ ချန်ထားခဲ့ပီ။
“အဆင့်မြင့် သုုတေသန အလုုပ်ရုုံ အေဂျင်စီ“
“နည်းပညာနဲ့ ထိန်းချူပ်ရေး သုုတေသန“
ဂျေ.စီ.အာရ်. လစ်လီဒါ. ဒါရုုိက်တာ
ပင်တာဂွန်ရဲ့ ရှည်လျား ရှည်မျောသော ခန်းမများကုုိ စတင်ဖြတ်သန်း လမ်းလျောက်လာကြတယ်။ သူတုုိ့ရဲ့နဘေးမှာတော့ လူငယ်တွေက သုုံးဘီးတပ်ယာဉ်လေး တွေပေါ်မှာ သတင်းအချက်အလက်တွေသယ်ဆောင်လုုိ့ ဟုုိမှသည် သည်မှဟုုိ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုုံး ဗြူရုုိကရေစီတွေကြားထဲ သွားလာနေကြပါတယ်။
ဂျူနီယာဝင်း
(ဆက်လက်ဖော်ပြပါမည်)

