Sunday, February 22, 2009

Painting Appreciation - Hope

အတွေးအမြင် မဂ္ဂဇင်း အမှတ် ၂၀၃ ဖေဖော်ဝါရီ ၂၀၀၉


န်ိုင်ငံတကာပန်းချီခံစားမူဂဏ


Hope


George Frederick Watts(1817-1904)


မျှော်လင့်ချက်


ဂျူနီယာဝင်း


 


George Frederick watts(1817-1904) ရေးဆွဲသော Hope (မျှော်လင့်ချက်)အမည်ရှိပန်းချီကား


တစ်ချပ်အကြောင်း။ရေးဆွဲသူကအင်္ဂလိပ်လူမျိူး George Frederick ကပန်းချီဆရာ၊ပန်းပုဆရာကြီး


ဖြစ်သည်။ပန်းချီကားပုံတူပေါင်း ၃၀၀ လောက်ရေးဆွဲခဲ့သည်။ထိုပုံတူများထဲတွင် အီတလီလူမျိူး


နိုင်ငံရေးသမား Guisseppe Garibaldi နှင့် အင်္ဂလိပ်လူမျိူးကဗျာဆရာ Robert Browning,


Alfred Lord Tennyson တ်ို့ပါဝင်သည်။သူ့ကိုလန်ဒန်မှာမွေးသည်။သူကသူ့ဘာသာသူပညာကို


လိုက်စားတတ်မြောက်သူတစ်ဦးဟုဆိုကြသည်။၁၈၄၃ တွင်အီတလီသို့ပြောင်းရွှေ့ခဲ့သည်။အီတလီ


တွင် ၃ နှစ်လောက်ပညာသင်ခဲ့သည်။လန်ဒန်ရှိ Royal Academy တွင်အဖွဲ့ဝင်တစ်ယောက်ဖြစ်


ခဲ့သည်။သူ့ဘဝတစ်လျှောက်လုံးတွင်ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့သည်။


၁၈၆၆ တွင်သူရေးဆွဲခဲ့သော Hope (မျှော်လင့်ချက်) ပန်းချီကားသည်သူရရှိခဲ့သောဆုတွေထဲက


တစ်ဆုဖြစ်သည်။လန်ဒန်ရှိ Kensington ပန်းဥယာဉ်တွင်ထားရှိသောတောင်အာဖရိကကနိုင်ငံရေး


သမားCecil John Rhodes ရုပ်တုသည် Watts ၏လူသိအများဆုံးရုပ်တုတစ်ခုပင်ြုဖစ်သည်။ယခု


တင်ပြလိုသော Hope ပန်းချီကားသည်လန်ဒန်ရှိ Tate အနုပညာပြခန်းတွင်ထားရှိသည်။Watts


ဟူသောအမည်တွင်စေခဲ့သည့်လက်ရာတစ်ခုဟုဆိုကြသည်။ပြီးတော့ရှေးအကျဆုံးပန်းချီကားကြီး


လည်းဖြစ်သည်။


ထိုပန်းချီကားနှင့်ပတ်သက်၍ Watts ကယခုလိုပြောခဲ့ဘူးသည်။"Tale အနုပညာလက်ရာပြခန်းမှာ


ထားရှိတဲ့ကျွန်တော့်ရဲ့ပန်းချီကားတွေအားလုံးဟာခေတ်အဆက်ဆက်အတွက်ဖော်ပြတဲ့သင်္ကေတ


တွေဖြစ်ပါတယ်။ကျွန်တော့်ပန်းချီကားတွေကိုကြည့်ရင်အသေးစိတ်လေ့လာမူထက်အကြံပေးမူတွေ


ပိုမိုပါဝင်နေတယ်လို့ပြောချင်ပါတယ်။"


"ကျွန်တော်ကလူတွေကိုစဉ်းစားခိုင်းတယ်။ကျွန်တော့်ရည်ရွှယ်ချက်ကလူတွေရဲ့မျက်စိပသာဒဖြစ်ဖို့


ကြီးပဲမဟုတ်ပါဘူး။ကျွန်တော့်ရဲ့ပန်းချီကားတွေကိုကြည့်ရာကသူတို့ရဲ့အသည်းနှလုံးထဲကနေပြီး


ကြီးကျယ်လေးနက်တဲ့အတွေးတွေကိုပန်းချီကားကဆွဲထုတ်လိုက်စေဖို့ဖြစ်ပါတယ်။လူ့သဘော


သဘာဝရဲ့အကောင်းဆုံးနဲ့အမြင့်မြတ်ဆုံးအရာတွေအားလုံးကိုကျွန်တော့်ရဲ့ပန်းချီကားကလှူပ်


နှိူးစေလိုက်ဖို့ပဲဖြစ်ပါတယ်။"


Hope ။          ။ထို "မျှော်လင့်ချက်" ဟူသောပန်းချီကားတွင်လူတွေကိုစဉ်းစားခိုင်းသောစွမး်ပကား


ရှိနေသည်။မျက်စိမမြင်တဲ့ ထို သဏာန်ရယ်၊သူမ၏ကျိူးပဲ့နေသောစောင်းနဲ့စက်လုံးကြီးပေါ်ထိုင်နေပုံ


ရယ်၊သူမ၏နားကိုညွတ်ကာနောက်ဆုံးလက်ကျန်စောင်းကြိူးကဘယ်လိုဂီတသံစဉ်များထွက်လာလိမ့်


မလဲလို့ဖမ်းယူနေတဲ့ဟန်။


သူမအပေါ်အုပ်မိုးကျရောက်လျက်ရှိတဲ့ငွေကြယ်ပွင့်ကိုလည်းမမြင်နိုင်။ချိူမိန်တဲ့ဂီတသံစဉ်တွေကသူမ


ဆီကတစ်စစီဖယ်ခွာသွားလို့။သို့ပေမယ့်သူမကထိုင်နေဆဲ။ကွေးကောက်နေပေမယ့်မကျိူးတဲ့စောင်းကို


သူမရဲ့နူးညံ့တဲ့လက်ချောင်းလေးတွေနဲ့ဟောဒီနောက်ဆုံးလက်ကျန်စောင်းကြိူးဆီကဘယ်လိုလှပတဲ့


ဂီတသံစဉ်များပေးမလဲဆိုတဲ့မျှော်လင့်ချက်နဲ့ဖမ်းယူရှာဖွေနေလေရဲ့။ကောင်းကင်ကကြယ်ပွင့်ကိုလဲ


မမြင်။အောက်ဖက်ကမှောင်မဲညိုမှိူင်းနေတဲ့ကမာ္ဘကိုလည်းမသိ။


သူမ၏ဟန်ပန်သည် "အရာရာကိုဆုံးရှူံးပြီဟုထင်မြင်လာချိန်တွင်ပျှော်ရွှင်မူကိုတွေ့ရှိရလိမ့်မည်"


ဟူသောသမရိုးကျအယူအဆတစ်ခုကိုစိတ်ပျက်အားပျော့စွာဖြင့်ဆန့်ကျင်နေပုံပေါက်သည်။သို့ရာတွင်


ကမာ္ဘကြီး၏ယိုယွင်းမူနှင့်ဝမ်းနည်းစရာများပေါ်တွင်ငြိမ်းချမ်းမူနှင့်အလင်း၇ောင်လေးရှိသေးသည်ဟူသော


ပို၍ကျယ်ပြန့်နက်ရှိူင်းသည့်ကမာ္ဘမျှော်လင့်ချက်ကိုထောက်ပြထားသည်။


Watts သည်ပန်းချီဆရာထက်ပို၍ထူးခြားသောအဓိပ္ပါယ်ရှိသည်ဟုဝေဖန်ကြသည်။သူကပိုက်ဆံလိုသည့်


အခါပန်းချီဆွဲသည်။သူ့ပန်းချီကားတွေကနေတစ်ဆင့်အယူအဆတစ်ခုကိုပေးလိုသည့်ခံစားချက်မျိူးပေါ်


လာသည့်အခါရရှိလာမည့်ရလဒ်ကိုဘာတစ်ခုမှမျှော်ကိုးမနေဘဲပန်းချီဆွဲသည်။သူ့ရည်ရွယ်ချက်ကဘာလဲ


ဆိုတော့သူ၏သဘာဝကျသောခံစားမူနှင့်ပညာကိုလုံးဝဥဿုံစတေးပစ်လိုက်ခြင်း၊ပန်းချီဆရာသည်ပင်ပန်း


ချီကားထဲမြုပ်ဝင်ပျောက်ဆုံးသွားသည့်သော့ချက်ကိုဆုတ်ကိုင်ခြင်းဖြစ်သည်။


ယခု Hope ဟူသောပန်းချီကားသည်သူ၏ရေးဆွဲခဲ့သောပန်းချီကားချပ်များထဲကအရည်အချင်းပြည့်၀သော


စံထားလောက်သည့်ပန်းချီကားတစ်ခုဖြစ်သည်။အပြာရောင်နှင့်အစိမ်းရောင်ကိုအစပ်အဟပ်တည့်စွာရေးဆွဲ


ထားပြီးအီတလီလက်ရာများ၏သြဇာသက်ရောက်မူများစွာလွှမ်းမိုးလျက်ရှိသည့်ပန်းချီဆရာ၏ဖန်တီးချက်တစ်


ခုအဖြစ်သုံးသပ်သည်။


"ကြိုးတစ်ချောင်းကလွဲလို့ဘာမှမရှိ၊


ကျန်တာက အမှောင်ထုရယ်၊ အဆုံးမရှိတဲ့ကောင်းကင်ရယ်။


သူမရင်ခွင်ထဲမှာစောင်းကြိုးတစ်ချောင်းကိုပွေ့ပိုက်လို့ခရီးနှင်နေ။


 


အေးစက်တိတ်ဆိတ် နက်ရှိူင်းမူနဲ့အတူ


လေဟာနယ်ထဲမှာ ခရီးဆက်


လူပီပီ မျက်ရည်တွေကျရလွန်းလို့ကုန်ခမ်း၊


လူပီပီ စိတ်ပျက်အားလျော့ရလွန်းလို့ ဘာမှမကျန်၊


သူမ၏ဦးခေါင်းကိုညွတ်လို့ ကောင်းကင်ရံမှာ။


 


သူမရဲ့ အထီးကျန် ကြိုးတစ်ချောင်း


လှပတဲ့ ဂီတသံစဉ်ကို မျှော်ကိုးလို့


တိုးတိတ်ညင်သာတဲ့ ဂရုစိုက်မူနဲ့


ချစ်ခြင်းမေတ္တာလေးများ


ဖျော့တော့စွာ ရောက်လာလေမလားနဲ့။


 


ကြယ်တပွင့် ကြိုးတစ်ချောင်းနဲ့ မျောပါလွင့်မျော


လူသားတစ်ယောက်ရဲ့ ဝမ်းနည်းငိုကြွေးသံ


သူမရဲ့ မျက်လုံးပေါ် စီးနှောင်ထားတဲ့


အဝတ်စကို ဘုရားသခင်ရဲ့ လက်တစ်ဖက်က


ဆွဲမလိုက်မှာကိုစောင့်နေ။"


 


အလွန်တရာမှစိတ်ဓါတ်ကျဆင်းချိန်၊စိတ်ပျက်အားလျော့ရချိန်မှာဟောဒီ Hope ဆိိုတဲ့ပန်းချီကားကမျှော်လင့်


ချက်ဂီတသံစဉ်လှိူင်းတစ်ခုကိုပေးလျက်ရှိသည်။ကျွနိုပ်တို့သည်တတ်နိုင်သရွှေ့ကမာ္ဘကြီးပေါ်ကပြုတ်မကျ


အောင်ရရာကိုဆွဲကိုင်ထားဖို့လိုအပ်ကြောင်းကိုပန်းချီကားကိုကြည့်၍ခံစားမိပါသည်။


REF: Famous Paintings(1912)နှင့်အမည်မသိကဗျာဆရာ၏Hope ပန်းချီကားအပေါ်ခံစားမူကဗျာတစ်ပုဒ်။

Friday, February 13, 2009

ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့အမှတ်တရ

Rememberance - 13 – 2 -2009
ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့အမှတ်တရ

မွေးနေ့အမှတ်တရအဖြစ် ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင် စစ်အတွင်းဂျပန်ခေတ်က ရေးသားခဲ့ဘူးသော သူ၏ကိုယ်ရေးရာဇ၀င် မှတ်စုတစ်ခုကို တင်ပြလိုက်သည်။ ဗိုလ်ချူပ်ကို သေမင်းတမန်က ရက်စက်စွာခေါ်ဆောင်သွားသော်လည်း သေမင်းတမန် ခေါ်ဆောင် မသွားနိုင်သော အရာများကား ဗိုလ်ချူပ်ပြောခဲ့သော စကားများ၊ ဗိုလ်ချူပ်လုပ်ခဲ့သော လုပ်ဆောင်မှုများပင်ဖြစ်သည်။ ဗိုလ်ချူပ် အမှတ်တရအဖြစ် လေးစားစရာစကားတစ်ခွန်းကို -(ဗိုလ်ထွန်းလှ(တက္ကသိုလ်နေ၀င်း) ရေးသားသည့် ဗမာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချူပ်အောင်ဆန်း စာအုပ်မှ)- တင်ဆက်လိုက်ပါသည်။

”ကျွန်တော်သည် လူရိုင်းဘ၀မှ လာလေသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့်စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့။ မျက်စိနောက် မြင်ပြင်းကပ်လာမိသည်။ ထိုအခါများတွင် လူယဉ်ကျေးများနှင့် ငါက လူရိုင်းဟု ဇာတိခွဲပစ်ချင်သည့်စိတ်များ ရှိလာသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျမ်းမာ၏။ သန်စွမ်း၏။ ကျွန်တော်၏စိတ်တွင် အလွန် စိုပြေ လတ်ဆတ်သော ဘ၀ဟု ယူဆမိသည်။ ဗမာပြည်ရှိလူများသည် လူရိုင်းဘ၀မျိုး ရောက်ချင်ရောက်သွားပါစေ။ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည် ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတရာ ကျွန်တော်က ကြိုက်နှစ်သက်သည်။ ကျွန်တော်ကား စိမ်းလန်းစိုပြေ ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခေတ်၍ လွတ်လွတ်လပ်လပ် မြူးတူး အော်ဟစ် နေလိုပေသည်။”

ဗိုလ်ချူပ်အောင်ဆန်းကိုသတိရလျက်

Book Entertainment - Carve Her Name With Pride by R.J.Minney.Translated by KhinMyoChit


Book Entertainment

 (ဤအခန်းများတွင်စာရေးဆရာ၏ရေးသားချက်များကိုသာဖော်ပြထားမည်ဖြစ်သည်။)

စွန့်ခဲ့ရကျွန်မဘ၀ပါရှင်

ဘာသာပြန် ခင်မျိုးချစ်

 

ခံစားမူနိဒါန်း

 

ဤဇာတ်လမ်းသည်အဘအင်္ဂလိပ် အမိပြင်သစ်လူမျိုးတို့မှမွေးဖွားပြီးလန်ဒန်မြို့တော်ကြီး၏

ဆင်းရဲသားရပ်ကွက်တွင်ကြီးပြင်းလာရသောအညတရအမျိုးသမီးကလေးတစ်ယောက်၏

အကြောင်းအရာဘ၀ဇာတ်လမ်းဖြစ်သည်။

ထိုမိန်းမပျိုလေးတွင်အခြားသောမိန်းခလေးများထက်ပိုမိုထူးခြားသောအရည်အချင်း၊ပညာ

စွမ်းရည်ဟူ၍မရှိ။သူငယ်စဉ်အချိန်မှစ၍လူတိုင်းအသိအမှတ်ပြုရသောသူပိုင်ပစ္စည်းတစ်ခု

မှာသူ၏အလွန်လှပပြေပြစ်သောရုပ်ရည်ပင်ဖြစ်သည်။တခါမြင်လိုက်ရလျှင်စိတ်ထဲ၌မေ့မရ

နိုင်လောက်အောင်စွဲမက်ဖွယ်ကောင်းသောအလှပိုင်ရှင်တစ်ဦးဖြစ်သောလည်းထိုအလှကို

အမြတ်ထုတ်လိုသောစိတ်ဆန္ဒကားသူ့တွင်လုံးဝမရှိပေ။

သို့ရာတွင်ဗြိတိန်နိုင်ငံ၏ပြောင်မြောက်သောသမိုင်းတွင်ထိုအမျိုးသမီးသည်အာဇာနည်မ

တစ်ဦးအဖြစ်ဖြင့်သူ၏နံမယ်ကိုကမ္ဗည်းထိုး၍ထားနိုင်ခဲ့လေသည်။အကြောင်းမှာသူသည်

ကြီးမားသောအကျပ်အတည်းအသက်အန္တရယ်များနှင့်ကြုံကြိုက်လျှင်စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊

ကြောက်ရွံ့စိတ်လုံးဝမရှိခြင်း၊အသက်ထွက်ရလုမတတ်နာကျင်အောင်ရန်သူများကနှိတ်

စက်စေကာမူတုန်လှူပ်မူလုံးဝမရှိခြင်းစသောဂုဏ်ပုဒ်တို့ကိုပိုင်ဆိုင်လေသည်။ထူးခြားသော

ရဲစွမ်းသတ္တိတို့ကိုသူနေ့စဉ်သွားလာလှူပ်ရှားနေသောဘ၀တွင်မည်သူမျှမတွေ့ရှိရသော

လည်းဘေးအန္တရယ်ကိုရင်ဆိုင်ရသောစစ်တွင်းအချိန်ကာလတွင်သူနှင့်ရင်းနှီး၍နီးကပ်

စွာပေါင်းသင်းရသူတို့သာလျှင်မြင်တွေ့၍အံ့သြချီးကျူးကြရလေသည်။

ပြီးခဲ့သောဒုတိယကမ္ဘာစစ်ကြီးတွင်သန်းပေါင်းများစွာသောသူတို့သည်ပါဝင်လှူပ်ရှား၍စစ်

မူတော်ကိုထမ်းရွက်ကြသည်မှန်သောလည်း"ကြံရည်ဖန်ရည်ရှိသည်။ရဲစွမ်းသတ္တိရှိသည်"

ဟူသောဂုဏ်ဒြဗ်ကိုရယူ၍အာဇာနည်အဖြစ်တစ်ဦးချင်းပေါ်ထွက်လာသူတို့မှာကားမများ

ပြားလှပေ။ထိုစစ်ကြီးအတွင်းကမိမိတို့တိုင်းပြည်၏စစ်အောင်နိုင်ရေးအတွက်ရန်သူနယ်မြေ

သို့တိတ်တိတ်ပုန်းသွားရောက်၍သူလျှိုအဖြစ်စစ်မူထမ်းသောမိန်းမများ၏ဦးရေမှာသာ၍ပင်

နည်းပါးလေသည်။ထိုမိန်းမသူလျှိုများထဲတွင်သုံးပုံတစ်ပုံမှာရန်သူ၏လက်ချက်ဖြင့်အသက်

ကိုစွန့်လွတ်၍သွားကြရလေသည်။ဤဇာတ်လမ်းမှာထိုသို့စစ်မူထမ်းရာမှမိမိ၏အမိနိုင်ငံရှိ

မွေးရပ်ဌာနေသို့ပြန်၍မလာနိုင်သောမိန်းမပျိုတစ်ဦး၏ဇာတ်လမ်းဖြစ်လေသည်။

ထိုမိန်းမပျိုလေးသည်ရုပ်ရည်အလွန်လှပသူတစ်ဦးဖြစ်သဖြင့်သွားလေရာတွင်ယောင်္ကျားမိန်မ

များကငေးမောကြည့်ရူကြရသည်။အထူးသဖြင့်ယောင်္ကျာများကမိတ်ဖွဲ့ကြသည်။ဂရုတစိုက်

ပြုစုစောင့်ရှောက်ကြသည်။ဤကဲ့သို့မိမိ၏ရုပ်ရည်ကိုအသိအမှတ်ပြုကြ၊မက်မောကြသည်ကို

ထိုမိန်းမပျိုသည်ပုထုဇဉ်ပီပီသာယာမက်မောမည်မှာယုံမှားဖွယ်မရှိပေ။သို့သော်သူသည်

လူများ၏ဂရုတစိုက်ငေးကြည့်ရလောက်အောင်မိမိ၏လှပမူကြောင့်ဝင့်ကြွားမူ၊ပလွှားမူဟူ၍

လုံးဝမရှိ။အများက၀ိုင်း၍ကြည့်ကြခြင်းသည်သဘာဝပင်ဖြစ်သည်ဟူသောစိတ်ဓါတ်ကိုမွေးမြူ

ထားဟန်ရှိပြီးစိတ်တွင်အခြားသောလှူပ်ရှားမူရှိပုံမပေါ်ချေ။

မိမိ၏သဘာဝအတိုင်းသူလျှိုဘ၀သို့ကူးပြောင်းလိုက်သောအခါတွင်မူကား-

သာမညအရပ်သူတစ်ဦးဘ၀မှမိမိ၏စိတ်အလိုကျအတိုင်းသူလျှိုဘ၀သို့ကူးပြောင်းလိုက်သော

အခါတွင်မူကားအထက်ပါသဘာဝကိုဆန့်ကျင်ရလေတော့သည်။အ၇ပ်သူတစ်ဦးအနေဖြင့်

မိမိ၏ရုပ်ရည်ကိုအများကအသိအမှတ်ပြကြခြင်းကိုမမူသော်လည်းသူလျှိုဘ၀တွင်မူကားထို

အများ၏ဂရုတစိုက်ကြည့်ခြင်းကိုရှောင်ရှားနိုင်သမျှရှောင်ရှားနိုင်ပါမှတော်ကာကျပေမည်။အဘယ်

ကြောင့်ဆိုသော်သူလျှိုဟူသည်မှာလူပုံအလည်တွင်ငွားငွားစွင့်စွင့်ထင်ပေါ်နေရမည့်သူမဟုတ်

ဘဲလူအများထဲတွင်မထင်မရှားသူလိုငါလိုသဏာန်ဖြင့်လှူပ်ရှားရသောဘ၀ပင်ဖြစ်လေသည်။

ဤမိန်းမပျိုသည်လည်းရန်သူဂျာမန်များသိမ်းပိုက်ထားသောပြင်သစ်ပြည်တောင်ပိုင်းအရပ်တို့

တွင်သာမန်အရပ်သူတစ်ဦးအဖြစ်သွားလာလုပ်ကိုင်ရသည်မှာ၎င်းအတွက်မည်မျှကြီးမားသော

အန္တရယ်ကိုလက်ဝယ်ပိုက်ထားရသည်ကိုစဉ်းစား၍ကြည့်နိုင်ကြပေသည်။

နဂိုဗီဇအတိုင်းဟန်ဆောင်မူပလွှားမူမရှိပဲပျှော်ရွှင်စွာပေါင်းသင်းနေထိုင်တတ်သောထိုမိန်းခလေး

သည်မိမိတာဝန်ယူရသောအလုပ်ဝတ္တရာများကကြီးမားလာသည်နှင့်အမျှယခင်ကအခြားသူများ

မမျှော်လင့်ခဲ့သောစိတ်တည်ကြည်ငြိမ်သက်မူ၊သတ္တိရှိမူတို့သည်တစ်စတစ်စပေါ်ထွက်၍လာ

တော့သည်။ရှိရင်းစွဲဘ၀တွင်ပင်အများတကာကဲ့သို့လုပ်ကိုင်သွားလာနေခြင်းတည်းဟူသော

နေ့စဉ်လှူပ်ရှားမူကိုရွံ့ရှာမုန်းတီးသူဖြစ်ခဲ့သောကြောင့်သူလျိုဘ၀တွင်လည်းသူသည်စွန့်စား

ရသော အန္တရယ်များသောတာဝန်များကိုသာလက်ခံဆောက်ရွက်လေတော့သည်။သူတာဝန်ယူ

သောအလုပ်သည်သူ၏အသက်ဘေးနှင့်အလွန်နီးစပ်သည်ကိုဒိဌသိရှိသော်လည်းမငြိုမငြင်ပျှော်

ရွှင်စွာလက်ခံဆောင်ရွက်၏။တာဝန်ထမ်းဆောင်နေစဉ်မိမိသေသွားပါကထိုအလုပ်ကိုပြီးမြောက်

သည်အထိမိမိကဲ့သို့ပင်ရဲဝံ့စွာဆက်လက်၍ဆောင်ရွက်မည့်သူများပေါ်ထွက်လာမည်ကိုသူစိတ်

ချယုံကြည်လေသည်။

ဂျာမန်တပ်များသိမ်းပိုက်ထားသောနယ်မြေတွင်သူသည်များသောအားဖြင့်တစ်ကိုယ်တည်းသူလျို

လုပ်ငန်းကိုလုပ်ကိုင်လေသည်။မကြာခဏကြီးမားသောရန်သူအင်အားနှင့်မျက်နှာချင်းဆိုင်ရလေ

သည်။သို့သော်လျင်မြန်ဖျတ်လတ်သောဥာဏ်ဖြင့်လွတ်မြောက်၍သွားလေသည်။တစ်ကြိမ်တွင်

မူကားစစ်အတွင်းကတိုက်ခိုက်ရေးတွင်နံမယ်ကြီးလှသောဂျာမန်"ပင်ဇာ"တပ်မဟာ၏တစ်စိတ်

တစ်ပိုင်းဖြစ်သောတပ်တစ်တပ်နှင့်ထိုမိန်းခလေးသည်ရင်ဆိုင်ရလေတော့သည်။တပ်သား

၄၀၀ ခန့်သံချပ်ကာကား ၂စင်းပါဝင်သောထိုတပ်ကိုသူသည်စတင်းဂမ်းသေနပ်တ်စလက်

ဖြင့်ရဲရင့်စွာတစ်ဦးတည်းခုခံတိုက်ခိုက်ရင်းရန်သူ၏လက်တွင်းသို့ကျရောက်လေသည်။ထို

အချိန်ကသူ၏ရဲစွမ်းသတ္တိကိုသူ့ကိုဖမ်းဆီးလိုက်သောရန်သူများကပင်အံ့သြချီးကျူးကြရလေ

သည်။ထိုနောက်ပိုင်းတွင်ကားနာဇီဂျာမန်တို့၏ကြီးမားသောစစ်ယန္တယားသည်သူ၏ကြံ့ခိုင်မူ

စိတ်ဓါတ်ကိုအမူန့်ဖြစ်အောင်ကြိတ်နယ်ခြေမူန်းပစ်ရန်ကြိုးစားအားထုတ်လေတော့၏။သို့သော်

မအောင်မြင်ချေ။အတွေ့အကြုံရင့်ကျက်လျက်အကြမ်းခံနိုင်သောယောင်္ကျားရင့်မကြီးများပင်

ရေရှည်တွင်ခံနိုင်စွမ်းမရှိသောဂျာမန်စစ်ရဲတို့၏မပြတ်မနေနှိတ်စက်မူသည်သူ၏စိတ်ဓါတ်၊သူ၏

မျိုးချစ်စိတ်၊သူလျိုတို့ကျင့်ကြံလိုက်နာအပ်သောသူ၏နူတ်လုံမူတို့ကိုအရှူံးပေးလိုက်ရလေ

တော့သည်။

စစ်အတွင်းရဲရင့်မူအတွက်ချီးမြှင့်သောဗြိတိသျှအစိုးရ၏အမြင့်မားဆုံးဆုတံဆိပ်ဖြစ်သော

"ဂျော့ကရော့စ်"ကိုသူသေဆုံးပြီးနောက်ပိုင်းတွင်အစိုးရကချီးမြှင့်သူမှာအဌမမြောက်ဂျော့

ဘုရင်ဖြစ်ပြီးသူ့ကိုယ်စားဆုတံဆိပ်ကိုလက်ခံသူမှာသူ၏သမီးကလေး ၄ နှစ်အရွယ်

"တာနီယာ"ဖြစ်လေသည်။

 

Wednesday, February 4, 2009

Selected Article No:59 - juniorwin

Selecte Article - juniorwin

အမှတ် ၁၉၃ အတွေးအမြင် မဂ္ဂဇင်းမှ

 

ယုံကြည်မူ

 

ဂျူနီယာဝင်း

 

ယုံကြည်မူကိုတည်ဆောက်ပြီးတစ်ယောက်နှင့်တစ်ယောက်ဆက်ဆံရခြင်းသည်ကောင်းပေစွ။

ယုံကြည်မူမရှိလျှင်ဘာတွေဖြစ်သွားနိုင်ပါသလဲ။ကျွန်မသည်မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်

ပြသခဲ့သော"သမားတော်"အမည်တွင်သောအခန်းဆက်ဇာတ်လမ်းတွဲကိုကြည့်ပြီးဖြစ်ပေါ်လာ

ခဲ့သောအတွေးပါ။

"သမားတော်"ဇာတ်လမ်းတွဲကိုကြည့်ဖူးသူများသဖြင့်ဇာတ်လမ်းအသေးစိတ်ကိုတော့မပြောလိုပါ။

အဓိကအချက်ကိုသာရွေး၍တင်ပြသွားမည်။"ဒေါက်တာဟို"Dr.Hoe ဟုအမည်တွင်သောသမား

တော်သည်ရောဂါကုရာတွင်အလွန်တော်သောဆေးဆရာ၊ဆေးပညာသုတေသနကိုသေသေ

ချာချာလေ့လာသူတစ်ဦးဟုပုံဖော်ထားရုံမကသူသည်လူနာများအပေါ်တွင်ယုတ်၊လတ်၊မြတ်မရွေး

တစ်ပြေးညီဆေးကုသပေးသူ/ဆင်းရဲချမ်းသာမကြည့်/မျက်နှာမရွေးကုသပေးသူ "ကျွန်တော်က

လူနာကိုပဲကြည့်ပါတယ်။သူ့ရောဂါကိုပဲစိတ်ဝင်စားပါတယ်။သူ့ရဲ့ရာထူးကိုမကြည့်ပါ။"ယင်းသည်

သမားတော်၏သစ္စာစကား။

အလွန်ရှူပ်ထွေးသောစစ်ပွဲကာလ၊မင်းသားငယ်အပြောင်းအလဲထီနန်းအရှူပ်အထွေးတွေကြားထဲ

မှာသမားတော်သည်ဘုရင်၏လက်စွဲဖြစ်လာရုံမကမနာလိုသူများပြား၊ကုန်းတိုက်သူများကြားဝယ်

တော်တော်ကြီးကိုရုန်းကန်နေခဲ့ရသည့်အဖြစ်ကိုကြည့်ပြီးအားမလိုအားမရတွေဖြစ်ခဲ့ရပါသည်။ကိုယ်

ကကောင်းရင်ခေါင်းဘယ်မှမရွေ့၊ဘယ်သူပျက်ပျက်ကိုယ်မပျက်ဟူသောဝါဒကိုစွဲကိုင်ကာရပ်တည်

ခဲ့သောသမားတော်၏သစ္စာတရားကိုတွေ့မြင်ခွင့်ရလိုက်ပါသည်။

သမားတော်လျှောက်လှမ်းခဲ့သောလမ်းတစ်လျှောက်တွင်ဂျပန်တွေဝင်လာစဉ်ကဆေးစာအုပ်များကို

တန်ဖိုးထားအလေးထားသယ်ယူနေသောသမားတော်သည်မိသားစုကိုလှည့်မကြည့်နိုင်၊ဘုရင့်အပါး

အမူထမ်းရသည်ကိုလည်းပျက်ကွက်ခဲ့သည့်အဖြစ်နှင့်ကြုံခဲ့ရသည်။ဤနေရာတွင်သူ့ကိုဂျောက်တွန်း

ရန်စောင့်နေသောအမတ်များက"ဒေါက်တာဟို ကိုယ်လွတ်ရုန်းထွက်ပြေးလေပြီ၊ဘုရင်ကိုသစ္စာဖောက်

လေပြီ"ဟုဝိုင်းဝန်းပြောဆိုနေကြချိန်ဝယ်"ဒေါက်တာဟိုကအဲဒီလိုလူစားမျိုးမဟုတ်ပါဘူး။သူ့ကိုကျူပ်

ယုံကြည်ပါတယ်"ဟုပြောထွက်ဝံ့သောအမတ်တစ်ဦးကိုတွေ့ခဲ့ပါသည်။လူ ၁၀၀ မှာ ၉၉ ယောက်က

သမားတော်ကိုပြစ်တင်ရှူပ်ချနေကြချိန်မှာသမာတော်အပေါ်"ယုံကြည်မူ"ရှိသောအမတ်တစ်ဦးကိုတွေ့

ခဲ့ရခြင်းအပေါ်ကျွန်မအလွန်သဘောကျမိသည်။"ဟုတ်တယ်။သမားတော်ကအဲဒီလို ကိုယ်လွတ်ရုန်း

တဲ့သူ၊တကိုယ်ကောင်းဆန်သူမဟုတ်။မိသားစုအရေးကိုတိုင်းရေးပြည်ရေးထက်ဦးစားပေးသူမဟုတ်၊

…"ကျွန်မအလွန်အလေးအနက်ထားမိသောအချက်ပါ။"ကိုယ်လွတ်ရုန်းကောင်းရုန်းနိုင်တယ်လေ….

သူ့ကိုအပြစ်တင်လို့လည်းမရဘူးပေါ့…..အခြေအနေကလည်းအဲဒီလို ပေးလာတော့လဲ…..သူက

ဘာသားနဲ့ထုထားတာမို့လဲ…….အဲဒီလိုလုပ်ကောင်းလုပ်နိုင်တာပေါ့……."စသော စသော သမားတော်

ကိုချစ်ခင်လေးစားသူတို့တောင်မှထင်ယောင်ထင်မှားတွေဝေသွားချိန်မှာ "ဒေါက်တာဟိုကအဲဒီလို

လူစားမျိုးမဟုတ်ဖူးဟေ့"ဟုယုံကြည်သူတစ်ဦးရှိနေတာကိုကျွန်မကြက်သီမွေးညှင်းထမတတ်ခံစား

မိပါသည်။

ပြောရရင်တော့ဒီနှမ်းတစ်စေ့နဲ့တော့ဆီမဖြစ်ပါဘူး။သို့သော်ကျွန်မသည်ဒေါက်တာဟို၏နေရာတွင်

ခံစားမိရင်းထိုနှမ်းလေးတစ်စေ့ကိုအလွန်တန်ဖိုးထားမိပါသည်။

တဖန်မင်းသားလေးဖျားနာ၍ငှက်ဖျားရောဂါဖြစ်သောအခါမှာရှူပ်ထွေးသောနိုင်ငံရေးဂယက်ထဲမှာ

မင်းသားလေးကိုသေစေလိုသူအမတ်တွေကတဖက်၊ရှင်စေလိုသောအမတ်တွေကတစ်ဖက်ဖြစ်လာ

ပြန်သည်။ဒေါက်တာဟိုမှာရောဂါကုသဖို့သာစဉ်းစားနေသူဖြစ်၍ထီးနန်းအရိုက်အရာပြဿနာကို

ဘယ်လိုမှအာရုံမထားသည်မှာထင်ရှားသည်။ဤသိုနှင့်မိုးရေစစ်စစ်ကိုခံယူကာအဆိပ်(Arsenic)

နှင့်ရော၍ဆေးရည်ဖော်ခဲ့သည်။ယင်းသည်မင်းသားလေးကိုသတ်ဖို့လုပ်ပါသည်ဟုအစွပ်စွဲခံရ

ပြန်သည်။

မင်းသားကိုသေစေလိုသူတွေကလည်းဒေါက်တာဟိုကိုအကောင်းမမြင်၊မင်းသားကိုမသေစေလိုသူ

တွေက်လည်းထိုအခါမှာတော့ဒေါက်တာဟိုကိုအထင်လွဲနှင့်တော်တော်ကြီးကိုအကြပ်တွေ့ခဲ့ရလေ

သည်။ဤနေရာတွင်နေမကောင်းဖြစ်နေသောမင်းသားသည်သမားတော်၏မျက်နှာကိုကြည့်ပြီး

"ဒေါက်တာဟိုကိုကျူပ်ယုံကြည်ပါတယ်။ဆေးသာပေးပါတော့"ဟုအမတ်တွေအားလုံးရှေ့မှာ

ဒေါက်တာဟိုဆီကဆေးကိုတောင်းခဲ့ရာအားလုံးအံ့သြကုန်ကြရတော့သည်။နောက်တော့ထိုဆေး

နှင့်ပင်မင်းသားအသက်ရှင်ခဲ့သည်။"ယုံကြည်မူ"သည်ဘယ်လောက်တောင်အရေးပါခဲ့ပါသလဲ။

မင်းသား၏သမားတော်အပေါ်ယုံကြည်မူသည်သူ့အသက်နှင့်ပင်အလောင်းအစားလုပ်ဝံ့ပေသည်။

"ငါ့ကို လုပ်ကြံကောင်းလုပ်ကြံနိုင်တယ်လေ…..အခြေအနေတွေကလည်းပေးနေတော့…."ဟုများ

နည်းနည်းလေးတောင်တွေးမိခဲ့ရင်မင်းသားကထိုအဆိပ်ပါသောဖြေဆေးကိုသောက်ရဲပါ့မလား။

ပေးနေသောအခြေအနေတွေထဲမှာမင်းသားသာအသက်ရှင်ပြီးဘုရင်ဖြစ်လာခဲ့ရင်ဒေါက်တာဟို

အပါအ၀င်အမတ်တချို့မှာအကွပ်မျက်ခံရဖို့အကြောင်းတွေရှိလာနိုင်သည်။ဒေါက်တာဟိုလုပ်နေ

သောဆေးပညာသုတေသနတစ်ခုလုံးပျက်စီးသွားဖို့အလားအလာတွေကလည်းရှိနေသေးသည်။

မင်းသားသာအသက်ရှင်လျှင်သမားတော်ဒေါက်တာဟိုအတွက်ကောင်းတာဘာမှမရှိ။ထိုအခြေ

အနေမျိုးရှိနေလျက်နှင့်ပင်သမားတော်သည်"လူနာကိုပဲကြည့်ပါတယ်။ရောဂါကိုပဲစိတ်ဝင်စား

ပါတယ်။တခြားဘာကိုမှမကြည့်ပါ"ဟူသောသစ္စာတရားကိုလက်ကိုင်စွဲထားပါကြောင်းကိုမင်းသား

ကယုံကြည်ရသည့်အဖြစ်သည်အတော် လေးနက်လှပါသည်။

"ယုံကြည်မူ"ကိုတည်ဆောက်ပြီးတစ်ယောက်နှင့်တစ်ယောက်ဆက်ဆံရခြင်းသည်ကောင်းသော

အကျိုးကိုရနိုင်ပါသလား။တစ်ဦးတစ်ယောက်ကိုယုံကြည်၍မားမားမတ်မတ်ရပ်တည်ပေးဝံ့သော

သမားတော်ဘက်ကအမတ်တစ်ဦးတည်းသာရှိခဲ့၏။သမားတော်၏သစ္စာတရားကိုအသက်နှင့်

ပင်အလောင်းအစားလုပ်ဝံ့သောသူဟူ၍သမားတော်ဘက်ကမင်းသားငယ်တစ်ဦးသာရှိခဲ့၏။

ကမ္ဘာပေါ်တွင်သစ္စာတရားကိုယုံကြည်သောသူတစ်ယောက်မကသာရှိခဲ့ပါလျှင်ကျွန်မယခုလို

အတွေးမျိုးတွေးပြီးဆောင်းပါးတစ်ပုဒ်ရေးမိပါ့မလားဟုစဉ်းစားလိုက်မိပါတော့သည်။