Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts
Wednesday, September 3, 2014
ဂျူနီယာဝင်း – အမှတ်တရ နေ့လေးတစ်နေ့
ဂျနီယာဝင်းအမှတ်တရ နေလေးတစ်နေ
သဂုတ် ၂၈၊ ၂၀၁၄
ဖိတ်စာရချိန်မှာ စိတ်မကောင်းဖြစ်စရာလေးတွေ တွေးမိသည်။ ကွန်မချစ်ခင်လေးစားသော စာရေးဆရာတချ သည်ပွဲကလေးကို မတက်ရောက်နိုင်တော့တာကို တွေးမိခြင်းဖြစ်ပါသည်။ ဘဘဦးဝင်းတင်၊ ဆရာဦးဝံသ၊ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဆရာမင်းလူ၊ ဆရာသုမောင်၊ ဆရာမောင်ဝဏ တိုစသည်ဖြင့် ကွယ်လွန်သွားသူများကို သတိရမိတာဖြစ်ပါသည်။ ဒေအောင်ဆန်းစုကည်နှင့် ကွန်မတိုမိသားစု မတွေ့ကြတာ ဘယ်လောက်တောင်ကာ ခဲ့ပြီလဲ။ ဒါကိုတွေးမိယုံနှင့်ပင် ကွန်မတို မိသားစု သွားဖိုဆုံးဖြတ်မိကပါသည်။ ကွန်မက စာရေးဆရာဖြစ်နေလို သည်ပွဲကို လိုက်ပါခွင့်ရတာမို …. ငါ့နှယ် .. တော်ပါသေးရဲစာရေးဆရာဖြစ်မိပေလို ဟုကိတ်ပြီး စိတ်လှပ်ရှားမိရပါသည်။
တခြားသူတွေတော့မသိပေမယ့် ကွန်မတိုအတွက်တော့ ဒီလိုသွားခွင့် တွေခွင့်ရခြင်းဟာ အလွန်ကီးကျယ်သော အဖြစ်ပါပဲ။ ဒါဟာလည်း ကွန်မတိုအားလုံးက စာရေးဆရာများ ဖြစ်နေလို ကွန်မတိုအားလုံး အတွက်တော့ သိပ်ကို ထူးခြားတဲ့ ခက်ခဲတဲ့ တွေဆုံခြင်းဖြစ်နေတယ်။ ကွန်မတို ဦးလေးများ၊ အဒေများကလည်း သွားဖို အားပေးကပါသည်။ မတွေတာကာတဲ့ သူဖြစ်နေလို ဘာစကားဘယ်လို ဆိုရပါ့။ ကွန်မ၏ ဆရာဝန်ဦးလေးကတော့ အန်တီစုနဲတွေရင် ပြောဖို စကားတစ်ခွန်းသင်ပေးလိုက်ပါသည်။
‘I Miss You.’တဲ့။
ထိုတွေဆုံပွဲမှာ စာရေးဆရာများ၊ ကာတွန်း ပန်းချီ၊ ကဗျာဆရာ၊ ထုတ်ဝေသူတချို့ ကို တွေမြင်ခွင့်ရပါသည်။ တစ်ယောက်ချင်းဆီမိတ်ဆက် …. ကိုယ့်ကိုယ်ကိုယ် နံမယ်ထပြောရ..တာက နည်းနည်းတော့ ဆန်းပြားသလိုဖြစ်ပေမယ့် ကိုယ်သိသော စာရေးဆရာများ ဘယ်သူလာတယ် မလာဘူး ဆိုတာကို သိခွင့်ရလိုက်တာမို စိတ်ဝင်စားစရာကောင်းသော မိတ်ဆက်ပွဲဟု မြင်မိပါသည်။
ပွဲပြီးသွားတော့ ဒေအောင်ဆန်းစုကည် နှင့် ကွန်မဖေဖေ၊ မေမေ တိုက နှတ်ဆက်ဖိုသွားကတော့ ကွန်မလည်း နောက်ကလိုက်သွားပါသည်။ ကွန်မတိုလက်ထဲတွင်မေမေကီး ဒေခင်မျိးချစ်ရေးသားသော Buddhist Way of Life in Myanmar စာအုပ် တစ်အုပ် နှင့် ကွန်မ၏ Days and Flowers of Myanmar စာအုပှ်င့် My Life Will Go On စာအုပ်ပါးလေှးစ်အုပ်ကို ယူလာပါသည်။ အန်တီစုက ကွန်မတို အားလုံးကို မှတ်မိသဖြင့် ၀မ်းသာမိပါသည်။ စာအုပ်လေးများကို အန်တီစုက သူလက်ထဲမှာ ကိုင်ထားပြီး ဖေဖေသိချင်နေသော Oxford University နှင့်ပတ်သက်သော မေးခွန်းကို ဖြေနေကတာကို ကွန်မက ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသည်။
ပြီးတော့ တော်ဝငှ်င်းဆီက ကွေးသော ထောပတ်ထမင်းကက်သားဟင်းနှင့် အချိပွဲများကို စားသောက်ကပါသည်။ ကွန်မက ရင်းနှီးနေသော စာရေးဆရာများစွာကို လိုက်တ်ဆက်ဖြစ်ခဲ့ပါသည်။ ကွန်မမေမေက အန်တီစု ပြောကားစဉ်က အဂလိပ်လို စာကောင်းတစ်ကောင်းကို သေချာသိချင်သဖြင့် သွားမေးမည်ဟုပြောကာ ကွန်မဆီက စာရွက်အပိုင်းတစ်ခုကိုတောင်းပြီး ထွက်သွားသည်။ ကွန်မဖေဖေကိုလည်း တချက အထင်တကီှးင့် ထိုအဂလိပ်စာကောင်းကို လာမေးနေကတာကားမိသည်။ ကွန်မဖေဖေကတော့ သူလည်းမြန်လွန်းလို သေချာမကားလိုက်ရကောင်း ပြန်ဖြေနေရပါသည်။
နောက်တော့ ဓါတ်ပုံစုရိုက်ရမည်ဟု ဆိုသဖြင့် အားလုံး ပါဝင်ကာ ဓါတ်ပုံရိုက်က ပါသည်။ အဲသည်ဓါတ်ပုံတော့ မရလိုက်ပါ။ နောက်တော့ ပေးမည်ဟုတော့ ပြောပါသည်။ ကွန်မဦးလေးသင်ပေးလိုက်သော စကားတစ်ခွန်းကို ကိုယ်တိုင်တော့ မပြောလိုက်ရပေမယ့် ကွန်မမေမေက ပြောလိုက်သည်ဟု ဆိုပါသည်။ ကွန်မဖေဖေလဲ သူသိချင်သော Oxford နှင့်ပတ်သက်သော မေးခွန်းကို မေးခွင့်ရလိုက်လို လာရကျိးနပ်သွားပါသည်။ အိမ်ရောက်မှပဲ ကွန်မမေမေကို သူသွားမေးတာ ရခဲ့လား ဆိုတာ မေးရဦးမည်။
ကွန်မတိုမိသားစု အတွက် အန်တီစုကို တွေချင်တဲ့ လေးတစ်ခု ပြည့်သွားတဲ့နေတစ်နေအဖြစ် အမှတ်ရနေမည် ဖြစ်ပါသည်။
(Photo – Suu with Burmese Writers, 25th August 2014, NLD Information)
Wednesday, December 11, 2013
ျပြတိုက်ထဲကစာအုပ်များ ဂျူနီယာဝင်း
- See more at: http://moemaka.com/archives/38482#sthash.0qruGpGu.dpuf
ပြတိုက်ထဲကစာအုပ်များ ဂျူနီယာဝင်း
အမေဇုံမှာ ebookများထုတ်ခဲ့တာ အခုဆိုရင် အင်္ဂလိပ်လို၃အုပ်၊ ဗမာလိုတစ်အုပ်နဲ့ ကာမူးမိတ်ဆက် အခုထွက်တာပါဆိုရင် ၅အုပ်ရှိပါပြီ။ နောက်ပိုင်း အင်္ဂလိပ်လိုစာအုပ်များ ဆက်ရေးဖို့ ကြိုးစားပါ့မယ်။ အမေဇုံမှာပါ။ ဟုတ်ကဲ့။ ထုတ်တဲ့သူက မောင်ရစ်ပါ။ အကိုက လုပ်ပေးတာဆိုတော့ … အင်း… သူ့ကို နားပူ နားဆာလုပ်လိုက်ရင် ပြီးတာပါပဲ။ အဲသည်လိုပဲ ကြွားနေရတာပေါ့။
တကယ့်အဖြစ်မှန်ကသည်လိုပါ။
အမေဇုံကနေ ebookတွေထွက်အောင် ကြိုးစားနေတာ ဘာလို့ပါလိမ့်လို့ တွေးကြမယ်။ ဘယ်သူမှလည်း စိ်တ်ဝင်စားတာမရှိ၊ မြန်မာပြည်တွင်းက လူတွေကို ပြောပြလည်း ဘယ်သူမှ နားမလည်တဲ့ အင်တာနက်စာအုပ်တွေမို့ လုပ်ရတာပဲ အဖတ်တင်တယ်လို့ ထင်ကြမယ်။။ သူများက မေးရင် အင်တာနက်အမေဇုံကင်ဒဲယ် လို့လည်းပြောလိုက်ရော ကြားရသူအပေါင်း အထင်ကြီးတာ ခံရပါတယ်။ (အဲ..နံမယ်ကြီး ထမင်းငတ်လို့တော့ စိတ်ထဲက ပြောလိုက်ရတာပေါ့။)
စပြီး ebookဘက ်စိတ်ပါသွားပုံက…
ပြည်တွင်းမှာ ခက်တာက ကိုယ်ရေးတဲ့စာအုပ်တွေကို လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်တောင်က လမ်းညွန်ပေးနေရတာမျိူး ကြုံရတယ်။ တချိူ့ကတော့ ဘယ်စာအုပ်ဆို်င်ကနေ ဘယ်လိုရှာရမှန်း မသိတာ။ တချိူ့က ဖုန်းနဲ့ ဆက်မေးတယ်။ ဘယ်စာအုပ်ဖတ်ချင်တယ်ပေါ့။ ခက်တယ်၊ ခက်လိုက်တာ။ ဘယ်စာအုပ်ဆိုင်မှာ ရှိပါတယ်ဆိုပြီး ကိုယ်ကိုယ်တိုင် သွားမဝယ်ပေးရုံတမယ် ညွန်းရပါတယ်။ တချိူ့များ ဘယ်လိုပြောတယ်မှတ်လဲ။ အိမ်မှာ အဲသည်စာအုပ်ရှိရင် ပို်က်ဆံပေးဝယ်မယ်တဲ့။ စာအုပ်ဆို််င်တော့ မသွားတော့ပါဘူးတဲ့။ အချိန်မရှိလို့တဲ့။ ကိုယ်က စာအုပ်ဆိုင်လဲ မဟုတ်။ ကိုယ့်အိ်မ်က ကိုယ့်စာအုပ်ဆိုတာ ရတနာလို သိမ်းထားတာတွေပါ။ ဘာပြန်ဖြေရမှန်းကို မသိတာ။ လက်ဆောင်ပဲ ပေးလိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ဖြည့်ပေတော့ပေါ့။ ခက်တယ်၊ ခက်တယ်။ အိ််မ်ကလူကြီးများကတော့ ကိုယ့်စာအုပ်ဖတ်ချင်တယ်ဆိုတာကိုက အင်မတန်ကျေးဇူးတင်ထိုက်ပါသတဲ့။ ပေးသာပေးတဲ့။
စာအုပ်ဆိုင်တွေရှားလို့လား ဆိုတော ့နည်းနည်းတော့ ရှားပါတယ်။ စာအုပ်ဖတ်ချင်သူဟာ စာအုပ်ဆိုင်တစ်ဆိုင်သွားပြီး ရှာဖို့ အချိန်ပေးရပါတယ်။ အချိန်မပေးနိုင်ရင် ကိုယ်ဖတ်ချင်တဲ့စာအုပ်နဲ့ ကိုယ်နဲ့  ဆုံဆည်းဖို့ဆိုတာ မိုးပေါ်ကအပ်နဲ့ မြေကြီးပေါ်ကအပ် ဆုံဖို့ခက်သလောက် ခက်ပါတယ်။ တနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူနေတဲ့ရပ်ကွက်ကြီးတစ်ခုလုံးမှာ စာအုပ်ဆိုင်တစ်ဆိုင်မှ မရှိဘူးလို့ ပြောတယ်။ အဲဒါ မထူးဆန်းဘူးလား တဲ့။ သူက ဆိုလိုက်သေး။ တစ်နေရာတည်းမှာ ဘယ်စာအုပ်မဆို အကုန်ရပါတယ် ဆိုတဲ့ စာအုပ်ဆိုင်များ ရှိနိုင်သော်လည်းပဲ သည်စာအုပ်ဆိုင်က ကိုယ်နေသော အရပ်ဒေသမှာ မဟုတ်ခြင်းနဲ့ ကိုယ်နဲ့ဝေးကွာသောနေရာမှာဆိုရင် ဘယ်လိုမှ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ရဖို့ မဖြစ်နိုင်ပါဘူး။
အဲ…..သည်လိုနဲ့ မဆီမဆိုင် ebookကို စပြီး စိတ်ဝင်စားလာတယ်။
အဖေလုပ်သူကတော့ နင့် အင်တာနက် ebook ငါတသက်လုံး အထင်မကြီးဖူးဟေ့ … တဲ့။ ကိုယ့်မှာမျက်နှာငယ်နဲ့ကိုယ့်ပိုက်ဆံကိုယ်ထုတ် ကိုယ့်အင်အားနဲ့ ကိုယ်လုပ်ရတာ အိမ်ကဘယ်သူကမှ အားမပေးတဲ့ အလုပ်ပါ။ ကိုယ့်အကိုကတော့ သူလည်း သူတတ်နို်င်သလောက် လုပ်ပေးရှာသား။ တခါတရံ ဖေဖေ့ကို စာအုပ်တွေ ebook လုပ်ပေးရမလား ဆိုပြီး ခွင့်တောင်းရင်း စကားစမိတိုင်း သွားစမ်းပါလို့ အအော်ခံရတော့ မဟရဲဘူး။ ဒီလိုပါ။ ပြောရင်းနဲ့ စကားက ဘယ်ရောက်ကုန်ပါလိမ့်။ အော်… အင်း.. သတိရပြီ။ ဘာလို့များ အမေဇုံကို အထင်ကြီးပြီး စာအုပ်တွေ တင်ဖြစ်သလဲဆိုတော့ ကိုယ့်နံမယ်နဲ့ စာအုပ်စင်လေးတစ်ခု လုပ်ချင်တယ်လေ။ အင်တာနက်ကမ္ဘာထဲ ကိုယ့်နံမယ်နဲ့ ကိုယ့်စာအုပ်တွေ စီပြီးပေါ်လာတာ မြင်ရတာ စိတ်ချမ်းသာစရာ။
ဒီလိုနဲ့စာအုပ်တွေ ကင်ဒဲယ်မှာ ပြန်စုမယ်ပေါ့။ ဖေဖေစိတ်ပါလာရင် ဖေဖေ့စာအုပ်၊ မေမေကတော့ နည်းနည်းတော ့စိတ်ပါပုံရပါတယ်။ ဒါပေမယ့်ဖေဖေက ခပ်တင်းတင်းနဲ့ဆိုတော့ သိပ်မပြောရဲသေးဖူး။ ကိုယ်ကတော့ တာထွက်ကောင်းအောင် လုပ်ပြရတာပေါ့။ ဒါပေမယ့်လဲ အိုးနင်းခွက်နင်းနဲ့ပါ။ အင်တာနက်ခေတ်ဆိုပေမယ့် ဖေ့ဘွတ်နဲ့ပဲ နှစ်ပါးသွားနေကြတဲ့ သည်ခေတ် သည်အခါထဲမှာ စာအုပ်တွေဖတ်ကြဖို့ ebookကို ကိုးကွယ်ကြဖို့ တိုက်တွန်းဖို့ ခက်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင် လက်နဲ့ကိုင်ဖတ်ရတဲ့ စာအုပ်မျိူးမှပဲ စာဖတ်တယ်လို့ သတ်မှတ်တာဆိုတော့ သူများကို ebook ကြပါလို့ ပြောရခက်တာပေါ့။
သို့သော်လည်း ခေတ်ဆိုတာ သည်လိုပဲ သွားနေမှာပဲ။ ဖေ့ဘွတ်ကို စာဖတ်စရာလို့ မြင်နေကြတာကိုက ခေတ်ပြောင်းတာပဲလေ။ ebookခေတ်ဆိုတာလည်း ရွေ့လျားရင်းနဲ့ နောင်ရာစုလောက်ဆို တရွေ့ရွေ့နဲ့ ရောက်ချင်လည်း ရောက်လာနိုင်တာပေါ့။ အဲသည်အခါ ကိုယ့်စာအုပ်တွေက….. အင်း…. ထားပါတော့လေ။ မျော်လင့်ချက်က သိပ်ကြီးပါတယ်။ အခုတော့ ebook ခေတ် မရောက်သေးဖူးပေါ့။ ဒါကို ဝန်ခံရမှာပေါ့။ ဟုတ်တယ်။ အဲသည်ခေတ်ကို ရောက်ဖို့ တော်တော် စောင့်ရဦးမယ်။ လနဲ့ နှစ်နဲ့ ချီပြီး စောင့်ရမယ်။ မနက်ခင်းဖေ့ဘွတ်နဲ့ မျက်နှာသစ်ရင်းနဲ့ပဲ ebookနဲ့ ကော်ဖီနဲ့ တွဲသောက်လို့တော့ ဖြစ်ကောင်းပါရဲ့။
ပြဿနာက ဘာလဲဆိုတော့ ပြည်တွင်းမှာ ကိုယ်ကြိုက်တဲ့စာအုပ်ကို ကင်ဒဲယ်မှာ ဘယ်လိုဝယ်ဖတ်ရမလဲ ဆိုတာ ပြဿနာတစ်ခု။ ဖရီးစာအုပ်များ ရတယ်ဆိုပေမယ့်လည်း အဲဒါကို ဘယ်လိုဒေါင်းလုပ်လုပ်ပြီး ဘယ်လိုဖတ်ရမလဲ ဆိုတာက နောက်ပြဿနာတစ်ခုပါ။ ဒါတွေကို လက်ချာရိုက်ဖို့က တော်တော်ကြာရဦးမယ်။ အခုထိကို ဒိီကိစ္စက ရှင်းလို့ကိုမပြီးသေးဖူး။ တခါတလေ ကိုယ့်စာအုပ်ကြော်ငြာလိုက်ပြ၊ီး တာနဲ့ မေးခွန်းတွေ တန်းစီပြီးဝင်လာတယ်။ ကိုယ်နဲ့ရင်းနှီးသူများက ဖုန်းနဲ့ ဆက်မေးကြ၊ ဘာခလုပ်နှိတ်ရမလဲဆိုတာက အစပေါ့။ ဆော့ဝဲလ်တောင် ဘာမှန်းမသိတာ။ ဒေါင်းလုပ် လုပ်တာကြာလို့ဆိုပြ၊ီး ကွန်ပလိန်းက လာသေးတယ်။ ဘယ်လောက် ကြာကြာစောင့်ရမှာလဲဆိုပြီး စိတ်မရှည်ကြပြန်ဖူး။ ခက်သားပဲ ကိုယ်လဲမသိဖူး။ တခါတလေစာအုပ်က ဆိုဒ်ကြီးရင် နာရီဝက်ပေါ့။ ခက်တာက လူကြီးတွေဆိုတော့ ပြန်မပြောရဲဖူး။ ရွယ်တူတွေ အငယ်တွေဆိုရင် ဒါလေးတောင် မသိရကောင်းလားနဲ့ အပြစ်ပြန်တင်လိုက်တယ်။ အင်တာနက်ကွန်နက်ရှင်ကောင်းရင် ဆယ့်ငါးမိနစ်ပေါ့လို့ ပြောရတယ်။ တိုင်းပြည်အင်တာနက်က မကောင်းဖူးလို့ လွှဲချရတယ်။ ဒေါင်းလုပ်မရရင်ကိုပဲ ကိုယ့်အပြစ်လို ခံစားနေရတယ်။ ငါ့နှယ် ကြွားမိတာနဲ့ မကာမိဘူး။ အားပြန်နာနေရတယ်။
နောက်တော့ စိတ်ဓါတ်ကျတာနဲ့ ကိုယ့်စာအုပ်များကို အမေဇုံမှာ တင်ထားတယ်ဆိုတာ မပြောရဲတဲ့အဆင့် ရောက်သွားရော။ ထားလိုက်ပါတော့ သူလဲသိမှာ မဟုတ်ပါဘူးဆိုပြီး နေလိုက်မိတဲ့အခါ များလာတယ်။ ခက်တာက အမေလုပ်တဲ့သူကလဲ လာတဲ့ဧည့်သည် ကြွားလိုက်ရတာ။ ဟဲ့… နင့်အိုင်ပက်လက်လား၊ တက်ဘလက်လား ထုတ်ပြလို်က်လေ။ စိတ်ညစ်လိုက်တာ။ အဲဒီအိုင်ပက်လက်တို့ တက်ဘလက်တို့ ထုတ်ပြလိုက်ရုံနဲ့ အဲသည်ebookကိစ္စက ပြတ်သွားတာမဟုတ်ဘူး။ နောက်ဆက်တွဲမေးခွန်းတွေကို ကိုယ်ပဲရှင်းရဦးမှာ။
အခုထိကို ပြည်တွင်းမှာ အမေဇုံကင်ဒဲယ်က လူမသိသူမသိဘဝမှာပဲ ရှိသေးတယ်။ အင်တာနက်တောင် မကိုင်တဲ့သူတွေ တပုံကြီးရယ်။ အမေဇုံကို အခုထိ စာလုံးပေါင်းပေးနေရတုန်း ဆိုတော့လေ။ သည်တော့ နောက်ဆိုရင် သည်လိုပဲ ပြောတော့မယ်။ ebookတွေဆိုတာ ပြတိုက်မှာ ထားထားတာတွေပါ လို့။ ဟုတ်တယ်လေ မြင်သာမြင် မကြင်ရ၊ အလှကြည့်နေရတဲ့ ebookများပေါ့။ ကိုယ့်ပြည်တွင်းကသူတွေကို ပြောတာပါ။
တိုတိုပြောရရင်တော့ ဘာလို့ebookတွေ စိတ်ဝင်စားလာရသလဲ ဆိုရင်… ကိုယ့်နံမယ်နဲ့ ကိုယ့်စာအုပ်လေးတွေပါတဲ့ လေဘယ်လ်လေးကို ခလုပ်နှိတ်လိုက်ရင် ကိုယ်ရေးတာတွေ တန်းစီပြီးမြင်ရတာ စိတ်ချမ်းသာလို့… … အဲဒါအဖြေပါပဲ။
-
- See more at: http://moemaka.com/archives/38482#sthash.0qruGpGu.dpuf
Tuesday, January 1, 2013
New Year Wish - 2013
New Year Wish - 2013
ကျွန်မချစ်ခင်လေးစားရသောစာဖတ်ပရိသတ်များသို့
၂၀၁၃ခုနှစ်ကိုကူးပြောင်းခဲ့ပြီးတဲ့အခါမှာအားလုံးစိတ်ချမ်းသာကိုယ်ကျမ်းမာနှင့်နှစ်သစ်တစ်နှစ်တာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သလို်က်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးဘေးဘရာဝေးကွာ၍မေတ္တာတရားဖြင့်စိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေ။
“မနေ့ကဆိုတာအိပ်မက်သာ
မနက်ဖြန်ကိုစိတ်ကူးယဉ်
သို့သော်ယနေ့ကတော့ကျွန်နု်ိပ်တို့တကယ်နေထိုင်နေတာ။
မနေ့ကတိုင်းကိုပျော်ရွှင်ခြင်းအိပ်မက်များလို့တွေးကာ
မနက်ဖြန်တိုင်းကိုမျော်လင့်ခြင်းစိတ်ကူးများတည်ဆောက်ပါ။
သည်လိုနဲ့ဒီကနေ့ကိုတော့ကောင်းစွာရူမြင်ကြရအောင်။“
ချစ်ခင်လေးစားလျက်
ဂျူနီယာဝင်း