Thursday, April 24, 2014

တကိုယ်တော် သူရဲကောင်း ဂျူနီယာဝင်း


   တကိုယ်တော် သူရဲကောင်း
ဂျူနီယာဝင်း၊ ဧပြီ ၂၄၊ ၂၀၁၄


မှန်တာကိုပဲလုပ်
မမှန်တာကို ဘယ်တော့မှမလုပ်။
ရိုးသားဖြောင့်မတ်ခြင်းနှင့် အမှန်တရားအတွက်
လုပ်ဖို့  ပြောဖို့  တိုက်ဖို့  အဘမှာ သတ္တိ ရှိတယ်။
အဘရေ ….. အဘထွက်ခွာသွားတဲ့နေ့
ရင်ဆိုင်ဖို့ သတ္တိ ပေးခဲ့ပါဦးလေ။
အဘကိုယ်ခန္ဓာ လဲလျောင်းနေလဲ
အဘဝိဉာဉ် ကတိုက်ပွဲဝင်နေဆဲ။
(Illustration – Than Htay Maung

ျ မြန်မာနေ့ရက်များနှုင့်ပန်းများ ဂျူ နီယာဝင်း


(Junior Win ရေးသားထားသောအင်္ဂလိပ်လုုိရေး Burmese Days and Flowers (Kindle Ebook), သုုိ့မဟုုတ် Days and Flowers of Myanmar (မြန်မာပြည်ကပါရမီစာအုုပ်တုုိက်ထုုတ်) ကုုိကိုုယ်တိုုင်ဘာသာပြန်ထားသည်။၂၀၁၃ခုုနှစ်ထုုတ် စာအုုပ်ဖြစ်သောကြောင့် မြန်မာသကရာဇ် ၁၃၇၄ ခုုနှစ်ကုုိအဓိကထားရွှေ့ ရေးသားထားပါသည်။))


မြန်မာနေ့ရက်များနှုင့်ပန်းများ

ဂျူ နီယာဝင်း
 

ကျွနုုိပ်တုုိ့သည် မြန်မာနှစ်သစ်ကုုိ ၃ရက် သုုိ့မဟုုတ် ၄ရက် သင်္ကြန်ရေကစားပွဲ ကျင်းပလျက် ကြိုဆုုိလုုိက်ကြပါသည်။  မြန်မာနှစ်သစ်သည်ဧပြီလ ၏ဒုုတိယပတ် ဧပြီလ ၁၃ ရက်နေ့ တွင်ကျရောက်ပြီးဧပြီလ ၁၅ရက် သိုု့မဟုုတ် ၁၆ ရက်နေ့တွင် အဆုုံးသတ်ပါသည်။ ဧပြီ ၁၂ ရက်နေ့သည် သင်္ကြန်ရေကစားပွဲအကြို နေ့ဖြစ်ပြီး ဧပြီ ၁၅ သုုိ့မဟုုတ် ၁၆ ရက်နေ့သည် သင်္ကြန်ပွဲတော် နောက်ဆုုံးနေ့ဖြစ် ပါသည်။ ရေကစားပွဲ၏ စစ်မှန်သော ပြယုုသ်သည်ကားချစ်ခင်သောသူငယ်ချင်းများကုုိ တစ်ဦးကိုုတစ်ဦး အပြန်အလှန် သန့်ရှင်းသောရေဖြင့် ပက်ဖြန်းကြခြင်းပင် ဖြစ်ပါသည်။ ထုုိဧပြီတစ်လလုုံးသည် မြန်မာလူမျိူးများ ဥပုုဉ်သတင်းစောင့်ကြရာ၊ အလှူဒါနပြုကြရာ၊ ကောင်းမူကုုသုုိလ်များ ပြုကြရာနေ့များဖြစ်ပါသည်။

ရှေးရုုိးရာပုုံပြင်များအရ ကောင်းကင်ယံကအရှင်သခင် သိကြားမင်းကြီးသည် လူ့ပြည်သုုိ့ ထုုိနေ့များတွင်အလည်တစ်ခေါက် အရောက်လာမည်ဖြစ်ပါသည်။ မြတ်စွာဘုုရားသည် သိကြားမင်းကြီးအားဘုုရားရှင်၏ သာသနာတော်သည် လူ့ပြည်လူ့ရွာတွင် ဘယ်လောက် လွှမ်းခြုံနေပြီလဲဆုုိတာကုုိ သွားရောက်ကြည့်ရူူရန် အတွက် ယုုံယုုံကြည်ကြည် တာဝန်လွှဲအပ်ထားသည် ဟုုဆုုိပါသည်။ သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းကာလူတွေ ဗုုဒ္ဓ၏ ဟောကြားချက် အတုုိင်းလုုိက်နာကြပါရဲ့ လားဟူ၍ လာကြည့်မည်ဖြစ်ပါသည်။ “သူကအမှန်တရားသည် တည်နေပါရဲ့လားဆုုိတာကုုိ လာကြည့်ပါမည်။ သူကကောင်းသူကုုိ ကယ်တင်ကာမကောင်းသူကုုိ ပယ်မည်ဖြစ်ပါသည်။“ ကျွနုုိပ်တုုိ့အနေနှင့်တော့ သူတကယ်တာဝန်ကျေသလား ဆုုိတာကုုိမသိပါ။ ဒါပေမယ့် သေချာတာတစ်ခုုတော့ရှိပါသည် သူကမြန်မာနှစ်သစ်မှာ ရောက်လာကာလူတွေ ဘာသာရေးကောင်းမူကုုသုုိလ်  လုုပ်ဖုုိ့တာဝန်ကျေကြဖုုိ့ သတိပေးမှာဖြစ်ပါသည်။ သိကြားမင်းကြီးသည် လူ့ပြည်သုုိ့ ဆင်းလာကာ ဗုုဒ္ဓလမ်းညျွန်ခဲ့သည့်အတုုိင်း လူတွေနေထုုိင် ကျင့်သုုံးနေကြပါရဲ့လား ဟုုလာကြည့်ပါမည်။ သူကသင်္ကြန်ပွဲတော် နောက်ဆုုံးနေ့မှာ သူ့ဌာနေကောင်းကင်ယံသုုိ့ ပြန်သွားမည်ဖြစ်ပါသည်။
 

(၂၀၁၃ ခုနှစ် မြန်မာသင်္ကရာဇ် ၁၃၇၅ မဟာသင်္ကြန်စာ)

(ဒေါ်) ခင်မျိူးချစ် ရေးသားသောColourful Burma ဟူသောစာအုုပ်တွင်  ယခုုလုုိရေးသားထားတာတွေ့ရပါသည်။“သင်္ကြန်စာ - ကျွနုုိပ်တုုိ့ ယခုုတုုိင် ယုုံယုုံကြည်ကြည် ဖြင့်ဖတ်နေဆဲ အဲသည် စာရွက်ပေါ်ကစာဖြစ်ပါသည်။ ဒါကုုိသင်္ကြန်စာဟုုခေါ်ပါသည်။ သင်္ကြန်စာတွင် ယခုုလာမည့်နှစ်တွင် ဘာဖြစ်မယ် ဆုုိသည့် သတင်းအချက်အလက်များ ရေးသားထားပါသည်။ ကျွနုုိပ်တုုိ့အတွက် အနာဂါတ်ဟောကိန်း သဘောဖြစ်ပါသည်။ သိကြားမင်းက ဘယ်လုုိပုုံစံဖြင့် ကျွနုုိပ်တုုိ့ဆီဆင်းလာမည် ဆုုိတာကုုိလည်း ရေးသားထားပါသည်။ ဥပမာ - သိကြားမင်းသည် သည်နှစ်မှာတော့ နဂါးကုုိစီးလာပါမည်။ လက်တစ်ဖက်တွင် မျှားနှင့် လေးကုုိကိုုင်လာမည်။ နောက်လက်တစ်ဖက်မှာတော့  လှံကုုိကုုိင်လာမည်။“ အုုိ…. ဘယ်လောက်အရေးကြီးတဲ့ သိကြားမင်းပါလဲ! သူဒီနှစ်ဘာစီးလာမှာပါလိမ့်! သုုိ့မဟုုတ် သူဒီနှစ် ဘာများကိုုင်လာမှာပါလိမ့်!…. ကျွနုုိပ်တုုိ့သည် ထုုိအရာများကရှေ့နှစ်ဘာဖြစ်မယ် ဆုုိိတာကုုိပြောမည့် အရာများအဖြစ် ယုုံကြည်နေကြပါသည်။

ကျွနုုိပ်တုုိ့သည် ထုုိစာတစ်မျက်နှာစာရှိသောစာရွက်ကြီးကိုု သကြ်န်မတုုိင်မှီမှာ ဝယ်ကြပါသည်။ ပြီးတော့ သေချာဖတ်ကာသူပြောထား သလုုိလုုိက် လုုပ်ကြပါသည်။ ဟုုတ်ပါသည်- ကျွနုုိပ်တုုိ့ အားလုုံးတစ်ယောက်စီအတွက် နေ့အလုုိက် ဘာလုုပ်ရမည်ဆုုိတာ အဲသည်စာရွက်ထဲမှာ ရေးသားဖော်ပြထားပါသည်။ တခါတရံ ယခုုလုုိရေးထားပါသည် - “တနဂနွေနေ့မွေးသူများခေါင်းလျော်ပြီးနောက် ကန့်ဂေါ်ပနး်များကုုိပန်ပါ -  တနလာမွေးသူများကတော့ ကျမ်းမာရေးကောင်းဖုုိ့ အဖြူရောင်ကုုိရွေးပါ - စနေနေ့မွေးသူများ အတွက်တော့ အရေးတကြီးပုုဂိုလ်များနှင့်တွေ့ ဖုုိ့ရှိရင် စိန်လက်စွပ်ကလေးစွပ်သွားပါ - ဗုုဒဟူးနေ့မွေးသူများအတွက်တော့ တစ်ခုုုုခုုအရေးတကြီးဆုုံးဖြတ်ချက်ချ ဖုုိ့ရှိရင် အစိမ်းရောင်ကိုုတော့ လုုံးဝလုုံးဝရှောင်ရမည်……..စသည်စသည်ဖြင့် ဖြစ်ပါသည်။ သင်္ကြ်န်စာသည် တုုိင်းပြည်၏အနာဂါတ်၊ တကမ္ဘာလုုံး၏ နုုိင်ငံရေး၊ စီးပွားရေး၊ စုုိက်ပျိူးရေး၊ လူမူရေး၊ ရာသီဥတုုအစရှိသည်များကုုိ လည်းဟောကိန်းထုုတ် ထားပါသည်။ သူကယေဘုုံယအားဖြင့် ဟောထားသည် ဖြစ်သောလည်း ဒါကုုိဖတ်ရတာစိတ်လှူပ်ရှားစရာ ကောင်းပြီး မြန်မာဗုုဒ္ဓဘာသာ လူမျိူးများကြားတွင် ပေါ်ပြူလာဖြစ်နေဆဲ ဖြစ်ပါသည်။

လွန်ခဲ့သောဆယ်စုုနှစ်များစွာက သင်္ကြန်စာမှာယခုုလုုိရေးတာတွေ့ဖူးပါသည် - သည်မြန်မာနှစ်သစ်မှာတော့ ခေါင်းဆောင်ပုုိင်းဆုုိင်ရာကောင်းသော အပြောင်းအလဲများ ကြုံရဦးမည်။ ကျွနုုိပ်တုုိ့လည်းတုုိင်းပြည်အတွက် ကောင်းသောနေ့ရက်များ ရောက်လာဖုုိ့ မျော်လင့်လျက်ရှိပါသည်။

သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းလာသည့်အခါ သူ့မှာအလွန်အရေးကြီးသော တာဝန်တစ်ခုုကုုိ လုုပ်ရမှာဖြစ်သည်ဟုု ကျွနုုိ်ပ်တုုိ့ ယုုံကြည်ကြပါသည်။ သူ့တွင် ရွှေပရပုုိဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာနှစ်ချပ် ပါလာပါသည်။ ကောင်းသောလူများ၏ အမည်များကုုိရွှေပုုရပိုုဒ်တွင် ရေးမှတ်ကာမကောင်းသော သူများကုုိခွေးသားရေတွင် မှတ်သည်ဟူ၏။ ဒါဆုုိရင် ဘယ်ပုုရပုုိဒ်မှာဘယ်သူပါပြီး ခွေးသားရေမှာ ဘယ်သူပါမည်ဆုုိတာ အထူးရှင်စရာမလုုိပါ။ ကျွနုုိပ်တုုိ့ ထုုိသင်္ကြန်ရက်တွေမှာ မသတ်ရ၊ မခုုိးရ၊ မညာရ၊ မဆဲဆုုိရ၊ တပါးသူကုုိနာကျင်အောင် မလုုပ်ရပါ။ အကြောင်းမှာ သိကြားမင်းက ကျွနုုိပ်တုုိ့အမည်များကုုိ ခွေးသားရေမှာမှတ်လုုိက်လိမ့်မည်။ ဒါဟာဂုုဏ်ကျက်သရေကင်းမဲ့ခြင်း၊ အပြစ်ပေးခံရခြင်းပင်။ ကောင်းသောသူများသူတုုိ့အမည်ကုုိ ရွှေုပုုရပုုိဒ်မှာ ရေးမှတ်ခံရခြငး်ကာ ဂုုဏ်ပြုခြင်းခံရခြင်း မည်ပေသည်။

ကျွနုုိပ်ငယ်စဉ်က ကျွနုုိပ်အမည်ကုုိ ခွေးသားရေတွင် မှတ်သွားမှာ အလွန်ကြောက်ပါသည်။ သည်တော့ ကောင်းတာတွေကုုိ ကြိုးစားလုုပ်ပါသည်။ လူကြီးတွေကလည်း ထုုိသင်္ကြန်နေ့ တွေမှာလိမ်လိမ်မာမာနေဖုုိ့ ပြောပါသည်။ ဟုုတ်ပါသည်။ နှစ်သစ်ဆုုိတာ နှစ်ဟောင်းကစုုဆောင်းယူလာခဲ့သမျှ သောမကောင်းမူတွေ ကုုိသန့်စင်ပစ်ကာ ဘဝအသစ်ကုုိ ကူးပြောင်းဖုုိ့ ဖြစ်ပါသည်။ သည်တော့ “သင်္ကြန်အုုိး“ ကုုိအိမ်ရှေ့မှာထားကာသိကြားမင်းကြီးကုုိ ကြိုဆုုိလုုိက်ကြရအောင်။ ဒါဟာလည်း ကျွနုုိပ်တုုိ့လုုပ်သည် ့ကောင်းမူတစ်ခုုပဲမဟုုတ်ပါလော။ ပြီးတော့ သိကြား်မင်းကြီးက သူ့ကုုိကြိုဆုုိသည့် သင်္ကြန်အုုိးကြောင့် ရွှေပုုရပုုိဒ်မှာ ကျွနုုိပ်တုုိ့အမည်ရေးမှတ်သွားမည် ဖြစ်ပါသည်။ ကဲ… အလှဆုုံးအကောင်းဆုုံးသင်္ကြန်အုုိးဖြင့် ကောင်းကင်ယံ၏ အရှင်သခင် သိကြားမင်းကြီးကုုိ ကြိုုဆုုိလုုိက်ကြရအောင်။ ကျွနုုိပ်တုုိ့အမည်သည် ရွှေပုုရပုုိဒ်မှာရှိပါစေသတည်း။
 


(သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းလာသည့်အခါ သူ့တွင် ရွှေပရပုုိဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာ နှစ်ခုုပါလာပါသည်။ ပုုံ -ကာတွန်းမောင်ရစ်)




အထက်ပါပုုံတွင် ပန်းတွေနှင့် အုုိး အတွဲကုုိ “သင်္ကြန်အုုိး“ ဟုုခေါ်ပါသည်။ ဒါ သိကြား်မင်းကုုိ ကြိုုဆုုိတဲ့အုုိးဖြစ်ပါသည်။ သူကလူ့ပြည်ဆင်းဖုုိ့ မေ့သည်ဖြစ်စေမမေ့သည်ဖြစ်စေ။ ကျွနုုိပ်တုုိ့ကသူ့ကုုိ ကြိုဆုုိဖုုိ့မမေ့ပါ။ သင်္ကြန်အုုိးကုုိအိမ်ရှေ့ နေရာကောင်းကောင်းလေးမှာ ထားပါသည်။ သိကြားမင်းကြီးကတွေ့မြင်ပြီး ကျွနုုိပ်တုုိ့အမည်ကိုုသူ၏ ရွှေပေလွာလေးမှာရေးပါစေသား။








(တခါတရံသင်္ကြန်အုုိးရောငး်သူများက သိကြားမင်းကြီး ပြန်သွားသည့်နေ့ကုုိကြည့်ရွှေ့ သင်္ကြအိုးနှစ်အုုိး ဝယ်ဖုုိ့ပြောပါသည်။)

တခါတရံသင်္ကြန်အုုိးရောင်းသူများက ကျွနုုိပ်တုုိ့ကုုိသင်္ကြန်အုုိး နှစ်အုုိး ဝယ်ဖုုိ့ ပြောပါသည်။ အကယ်ရွှေ့များအသင်တုုိ့၏ မိသားစုုဝင်တစ်ဦး၏ မွေးရက်သည် သိကြားမင်းသူ့ဌာနေ ပြန်သောနေ့ (တနည်းအားဖြင့် သင်္ကြန် အတက်နေ့) နှင့် တစ်နေ့တည်းဖြစ်နေလျှင်  အသင်တော့သင်္ကြန်အုုိး နှစ်အုုိးဝယ်ရပါမည်။ တစ်အုုိးကသင့်မိသားစုုအတွက် နောက်တစ်အုုိးကသိကြားမင်းပြန်တဲ့နေ့နှင့် တုုိက်နေသော မွေးနေ့ရှင် သင့်မိသားစုုဝင်အတွက် ဖြစ်ပါသည်။ သူတုုိ့အတွက် သိကြားမင်းကုုိသင်္ကြန်အုုိး နှစ်အုုိးဖြင့် ကြိုဆုုိရပါမည်။  ဥပမာ - သင်္ကြန်အတက်နေ့က စနေနေ့ဆုုိပါစုုိ့။ သင့်အဘွားမွေးနေ့ကစနေနေ့ဆုုိလ ျှင် သင်တုုိ့အိမ်အတွက် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်။ နောက်ဥပမာတစ်ခုုကတော့ အကယ်ရွှေ့ သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်ပြီးသင်က ကြာသာပတေးနေ့မွေးသောသူဖြစ်လျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်။ နောက်ဥပမာတစ်ခုုအနေနှင့် ဆုုိရသောသင်္ကြန်အတက်နေ့က သောကြာနြေ့ဖြစ်ပြီးသင်တုုိ့ မိသားစုုမှာတစ်ယောက်မှ သောကြာမွေးသူမပါလ ျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်စရာမလုုိပါ။ ၂၀၁၃ ခုုနှစ် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ပါသည်။ သင့်မိသားစုုတွင်းမှာအင်္ဂါမွေးသူရှိနေလျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်ဖြစ်သည်။

(ဒီနှစ် မြန်မာသကရာဇ် ၁၃၇၆ သို့ကူးပြောင်းသည့် ၂၀၁၄ ခုနှစ်အတွက်တော့ သင်္ကြန်အတက်နေ့က ဗုဒ္ဓဟူး နေ့ကျပါသည်။)

(မြန်မာလူမျိူးများယုုံကြည်ကြတာကအကယ်၍ ရက်သတ္တပတ်၏ တစ်ရက်မွေ့နေ့ရှင်သည် သင်္ကြန်အတက်နေ့ နှင့်သွားပြီးတုုိက်နေလျှင် ကံမကောင်းပါ။ ဒါကြောင့် သင်္ကြန်အိုုးအပိုုတစ်အုုိးလုုိပါသည်။)

ဂျူနီယာဝင်း

(နောက်ဆက်ပြီး ဘာသာပြန်ဖို့စိတ်ကူးရှိပါသည်။ ပရိသတ်များ အတွက်သည်နှစ်အမှီ ရေးပေးလိုက်တာပါ။ ကောင်းသောမြန်မာနှစ်သစ်ဖြစ်ပါစေ။)



Sunday, April 13, 2014

အောင်ချမ်းသာ(လှည်းတန်း)ပုုံပြင် ဂျူနီယာဝင်း

အောင်ချမ်းသာ(လှည်းတန်း)ပုုံပြင် ဂျူနီယာဝင်း
ဧပြီ ၁၂၊ ၂၀၁၄
(အင်္ဂလိပ်လုုိ ရေးသားသော Aung Chan Thar (Hleedan Story) ကုုိကိုုယ်တုုိင် ဘာသာပြန်သည်။)
 
ဘတ်စ်ကားသမားက “လှည်းတန်း” လုုိ့ဆိုုလုုိက်လျှင် ဘတ်စ်ကားပေါ်ကဆင်းကာ “အောင်ချမ်းသာရပ်ကွက်” ကလေးကုုိ မည်သူမဆုုိ လမ်းညွှန်ပေးနုုိင်ကာ ရန်ကုုန်ကဲ့သုုိ့သော မြို့ကြီးပြကြီးထဲမှာ သဲကန္တာရထဲက အုုိအေစစ်ကလေးကိုု တွေ့ရသလုုိ အောင်ချမ်းသာရွာက လေးကုုိ တွေ့ရပါတော့မည်။ ကားဟွန်းသံတညံညံ ဝီစီသံဆူညံသံတွေကြောင့်သာ ရန်ကုုန်မြို့ကြီးပြကြီးထဲ သင်ရောက်နေပါလားဟုု သင့်ကုုိ သတိပြုမိစေပါလိမ့်မည်။ အောင်ချမ်းသာအရပ်ထဲကသူတွေပင် သည်ပရဝဏ်လေးသည် အိပ်မက်ထဲက ဒေသလေးတစ်ခုအဖြစ် တွေးမြင်နေမှာ ဖြစ်ပါတော့သည်။ မြန်မာဆန်ဆန် သစ်သားအိမ်ကလေးများ၊ တစ်ထပ်တိုက်ကလေးများ၊ လက်ဖက်ရည်ဆိုင်ကလေးများ၊ ကလေးများဆော့ကစားရာ မြေနီလမ်းလေး၊ ညနေခင်း တိုက်ခတ်လျက်ရှိသော လေပြေလေညှင်းကလေးများ၊ သစ်ပင်များ၏ အရိပ် အာ ၀ါသများသည် အောင်ချမ်းသာ ရပ်ကွက်ကလေး၏ အေးချမ်းသာယာမှုကို နေ့စဉ် အဓိပ္ပါယ်ဖော်လျှက်ရှိနေပါသည်။
ယခုုရေးနေသောဆောင်းပါးသည် တချိန်တခါက အောင်ချမ်းသာဟုု အမြင်တွင်ခဲ့သော နေရာဟောင်းလေးတစ်ခုုအကြောင်းဖြစ်ပါသည်။
ရန်ကုုန်ကလူတွေကတော့ လှည်းတန်းဟူသောအမည်က စိမ်းမနေပါ။ နေ့စဉ်သုုံးစကားလုုံးလုုိ လှည်းတန်းဘတ်စကားဂိတ်၊ လှည်းတန်း စျေး၊ လှည်းတန်းလမ်းမ၊ လှည်းတန်းရပ်ကွက် စသည့်ဖြင့် ပြောဆုုိသုုံးနှုန်းနေကြပါသည်။ လှည်းတန်းဆိုုတာ အလွန်ကျယ်ပြန့်သောနေရာ – ရန်ကုုန်တက္ကသုုိလ်ပင်မနှင့်နီးသော နေရာတစ်ခုု ဖြစ်ပါသည်။ အဲသည် လှည်းတန်းဆုုိသော နေရာကျယ်ကြီးမှာ “အောင်ချမ်းသာ” ဟုု ခေါ်တွင်သည့် နေထုုိင်သူ ရာဂဏန်း အိမ်ခြေ ၅၀ ခန့်နေထုုိင််သော၊ သူတုုိ့၏ဘဝများက အေးချမ်းအေးဆေးစွာ နေထုုိင်နေကြသော ရပ် ကွက််တစ်ခုုရှိပါသည်။ ကျွန်မတုုိ့နေထုုိင်ကြတာက အဲသည်အောင်ချမ်းသာရပ်ကွက်နှင့် နီးပါသည်။ အဲသည်နေရာကုုိ မိနစ် ၂၀ ခန့် လမ်း လျှောက်သွားရင် ရောက်ပါပြီ။ ယခုုထုုိလှည်းတန်းမှာရှိခဲ့သော “အောင်ချမ်းသာ” ဟူသော ရပ်ကွက်လေးအကြောင်း  - ကျွန်မကုုိ ယခုုတုုိင် နွေးထွေးနေဆဲအတိတ်က အရိပ်ဟောင်းများ – ဟောင်းသွားသော်လည်း ကျွန်မအတွက်တော့ အသစ်ဖြစ်နေဆဲ အဲသည် အောင်ချမ်းသာပုုံပြင်လေးကုုိပြောပါမည်။

နောက်ပြန်လှည့်သော် ..

အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်လေးမှာ ကျွန်မတုုိ့အဘုုိးအဘွားများ လွန်ခဲ့သောအချိန်ကာလများက နေထုုိင်ခဲ့ကြသော အိမ်အုုိ ဟောင်းလေး တစ်လုုံးရှိပါသည်။ သည်တော့ အခုုကျွန်မတုုိ့နေထုုိင်နေတာက “ပြည်ရိပ်သာ” ဖြစ်ပြီး အောင်ချမ်းသာက အိမ်ဟောင်းလေးသည် ကျွန်မတုုိ့၏အဘုုိး ဦးခင်မောင်လတ် စာသင်ကြားရာနေရာလေးတစ်ခုု ဖြစ်ခဲ့ပါသည်။ ယခုု အဲသည်အကြောင်းကုုိ ဆက်ပြောပါမည်။
ကျွန်မအဘုုိးတွင် ဦးသိန်းမောင်ဟုုခေါ်တွင်သော မိတ်ဆွေရင်းကြီးတစ်ဦးရှိပါသည်။ သူက အောင်ချမ်းသာရပ်ကွက်မှာ နေပါသည်။ ပြီး တော့ ကျွန်မအဘုုိးဖြစ်သူ ဘဘကြီးလုုိပဲ အင်္ဂလိပ်စာသင်သော ဆရာတစ်ဦးလည်းဖြစ်ပါသည်။ သူတုုိ့နှစ်ဦးသည် အောင်ချမ်းသာတွင် အတူတကွ အင်္ဂလိပ်စာသင်တန်းကျောင်းလေးကိုုဖွင့်ကာ စာသင်ကြားသောအလုုပ်ကိုု လုုပ်ကြပါသည်။ ကျွန်မအဘုုိးသည် အောင်ချမ်းသာ ရပ်ကွက်လေးဆီ နေ့စဉ် လမ်းလျှောက်ကာ သွားပါသည်။ ကျွန်မအဘွား မေမေကြီး ဒေါ်ခင်မျိုးချစ်သည် တခါတရံ ဘဘကြီးနှင့် အဖော်လုုပ် ကာ အဲသည်မှာ အင်္ဂလိ်ပ်စာကိုု အတူတကွ သွားသင်လေ့ရှိပါသည်။ အောင်ချမ်းသာက ထိုကျူရှင်ကျောင်းလေးတွင် ဘဘကြီးနှင့်အတူ အင်္ဂလိပ်စာ လာရောက်သင်ပေးကြသော တခြားဆရာဆရာမများ များစွာရှိပါသည်။

ဓါတ်ပုုံဟောင်းလေး – ဓါတ်ပုုံထဲတွင် (လက်ဝဲမှယာ) ဆရာမတစ်ဦး၊ ဦးသိန်းမောင်၊ ဦးခင်မောင်လတ်နှင့် ဦးဘသော် (ဘဘကြီင်္း ဦင်္းခင်မောင်လတ်၏အကို အကြီးဆုံး – ရဲအရာရှိတစ်ဦး၊ ပုလိပ်အရာရှိတစ်ဦးဟူသော ကလောင်ရှင်) တုုိ့ကုုိ အောင်ချမ်းသာက ကျူရှင် ကျောင်းလေးတွင် ဆရာများအဖြစ် တွေ့ရပုုံ)
ကျွန်မတုုိ့ အင်္ဂလိပ်စာသင်ကြားသင့်သောအရွယ်သုုိ့ရောက်လာသောအခါ ကျွန်မတုုိ့မိခင်ဖြစ်သူက ကျွန်မအဘုုိးနှင့် အတူလုုိက်သွားပြီး အဘုုိးသင်သော အင်္ဂလိပ်စာ သင်တန်းများကုုိ လုုိက်တက်ခုုိင်းပါသည်။ ဘဘကြီးသည် သူ၏မြေးကလေးများက သူ၏အင်္ဂလိပ်စာသင်တန်း ကုုိလုုိက်တက်ကြတာကုုိ အလွန်သဘောကျလျက်ရှိပါသည်။
(ကျွန်မတိုု့အမွှာမောင်နှမနှင့် အဘုုိးအဘွားများနှင့် ကျွန်မတုုိ့မိခင်တုုိ့အတူ အောင်ချမ်းသာ ကျူရှင်ခန်းရှေ့)
အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်ကလေးသည် အလွန်တရာမှ အေးဆေးကာ လူသိများသောနေရာလေးတစ်ခုု ဖြစ်ပါသည်။ အဲသည် နေရာလေးအကြောင်းကုုိ စဉ်းစားမိလုုိက်တုုိ်င်းမှာ ကျွန်မ၏မှတ်ဉာဏ်များသည် လန်းဆန်းကာ တချို့သော မမေ့နုုိင်သော အမှတ်တရများက တကယ်လုုိပဲ ကျွန်မ၏ရှေ့တွင် ပေါ်လာတတ်ပါသည်။ အဲသည်ရပ်ကွက်မှာနေထိုုင်ကြသောလူများသည် မိသားစုုဝင်များအတူတကွ နေ ထုုိင်နေကြသလိုုပင် ဖြစ်ပါသည်။ ဘာသာရပ်ပေါင်းစုုံသင်ကြားသော ကျူရှင်ကျောင်းကလေးများ၊ ဓနုဖြူ ဒေါ်စောရီ၏ထမင်းဆုုိင်တုုိ့၊ တရုုတ်ဟင်းလျာဆုုိင်တုုိ့၊ အမျိုးသမီးဝတ်အကျႌဆုုိ်င်တုုိ့၊ ပါ့စ်ပုုိ့ဓာတ်ပုုံဆုုိင်၊ လက်ဖက်ရည်ဆုုိင်များစသည်ဖြင့် ရောမွှေလျက်ရှိပါသည်။ အောင်ချမ်းသာရပ်ကွက်၏ အပြင်ဘက်ခြမ်းသည် လှည်းတန်းမီးပွိုင့်နှင့် ပြည်လမ်းကိုု မျက်နှာမူလျက်ရှိပါသည်။ ထုုိအခါ ထုုိမျက်နှာစာ မှာရှိနေသော ဝင်း ဆံသဆုုိင်ကြီး၊ ယူနီယမ် ဓာတ်ပုုံဆုုိင်၊ ဂိုုးရှိုး အထည်ဆုုိ်င်၊ ကိုယုံ ကြေးအိုးနှင့် တရုုတ်အစားအစာဆုုိင်၊ ရှမ်းတောင်တန်း စားသောက်ဆုုိင်၊ အလိမ္မာစာအုုပ်ဆုုိင်၊ အသောက မန္တလေးဖိနပ်ဆုုိ်င် စသည် စသည်တုုိ့ကုုိ လှမ်းမြင်နုုိင်ပါသည်။
၁၉၈၈ခုုနှစ် မြန်မာပြည်မှာ လူထုုအုုံကြွမူများအပြီးတွင် တက္ကသိုုလ်များပိတ်ပါသည်။ ကျူရှင်တွေလည်း ပိတ်သွားပါသည်။ ထုုိအချိန်ကစလုုိ့ ကျွန်မအဘုုိးသည်လည်း သူ၏အင်္ဂလိပ်စာသင်တန်းများကိုု အောင်ချမ်းသာကနေ ပိတ်လုုိက်ရပါသည်။ ထုုိတက္ကသုုိ်လ်များပိတ်သွားချိန်မှာ ကျွန်မတို့လည်း အိမ်မှာအားလပ်နေပါသည်။ အချိန်အနည်းငယ်ကြာတော့ ကျွန်မတို့မိဘများ၏ အကြံဉာဏ်ဖြင့် အိမ်မှာ ကျွန်မတို့ မောင် နှမ နှစ်ယောက်ကုုိ ဘဘကြီးနှင့် မေမေကြီးတို့က အင်္ဂလိပ်စာ သင်ဖြစ်သွားပါသည်။ နေ့စဉ် နေ့လည် ၁၁ နာရီမှ ၁၂ နာရီအထိ တစ်နေ့ကုုိ တစ်နာရီ ဂျူးလီယက်ဆီဇာ၊ မက်ဘက်၊ ကလီယုုိပါတရာ အစရှိသော ရှိတ်စပီးယားနှင့် ဘားနတ်ရှောပြဇာတ်များကုုိ သင်ပေးပါသည်။ ကျွန်မတို့အဘွားလည်း ဝင်ရောက်ကာ စာဆွေးနွေးရင်း ဝင်သင်ပေးပါသည်။ ထမင်းစားပွဲလေးသည် ကျွန်မတို့ စာသင်ခန်းဖြစ်လုုိက်၊ ထမင်းစားပွဲဖြစ်လုုိက်၊ စာဆွေးနွေးရေးမှတ်ကြရာဖြစ်လုုိက် အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ သည်လုုိနှင့် ကျွန်မအကုုိ၏ သူငယ်ချင်းတစ်ယောက် နှစ်ယောက်၊ ကျွန်မသူငယ်ချင်း တစ်ယောက် နှစ်ယောက် လာပူးပေါင်းရင်းနှင့် ဘဘကြီးတို့၏ အင်္ဂလိ်ပ်စာသင်တန်းလေးက စည်ကား ခဲ့ပါသည်။ အဲသည်ကနေစလုုိ့ ဘဘကြီးသည် သူ့ဘဝတစ်လျောက်လုုံး စာသင်ခြင်းအလုုပ်ကိုု ပြည်ရိပ်သာနေအိမ်မှာပင် ကွယ်လွန်သည့် အချိန်ထိ လုုပ်ဖြစ်ခဲ့ပါတော့သည်။
သုုိ့သော် အောင်ချမ်းသာမှာရှိခဲ့ဖူးသည့် စာသင်ကျောင်းအုုိလေးသည် ကျွန်မအဘုုိးအတွက်တော့ ဘယ်တော့မှ မမေ့နုုိင်သည့် သတိရစရာ ဖြစ်နေဆဲဆုုိတာကုုိ ကျွန်မသိပါသည်။ ထုုိကျောင်းအုုိကလေးကုုိ ကျွန်မတို့ အဘုုိးအဘွားများ၏ အမှတ်တရနေရာလေး အဖြစ်သော်လည်း ကောင်း၊ ပြတုုိက်ကလေးအဖြစ်သော်လည်းကောင်း ထိမ်းသိမ်းထားဖုုိ့ မျှော်လင့်ထားပါသည်။ အောင်ချမ်းသာရပ်ကွက်ကလေးသည် ကျူရှင်ကျောင်းများ မရှိတာကလွဲလုုိ့ ဆက်လက်၍ လှူပ်ရှားအသက်ဝင်လျက် ကျန်ရစ်ခဲ့ပါသည်။ ၁၉၉၆ ခုုနှစ်တွင် ဘဘကြီး ကွယ်လွန်ခဲ့ ပါသည်။ မေမေကြီးက ၁၉၉၉ မှာ ကွယ်လွန်ခဲ့ပါသည်။ ကျွန်မတို့ဘုုိးဘွားများ ကွယ်လွန်ခဲ့ပြီးနောက် အောင်ချမ်းသာရပ်ကွက်လေးသည် မထင်မှတ်သော ဝမ်းနည်းဖွယ် အပြောင်းအလဲတစ်ခုုနှင့် တွေ့ခဲ့ပါသည်။ ၂၀၀၃ ခုုနှစ်မှာ ဖြစ်ပျက်ခဲ့သော ထုုိအဖြစ်ဆုုိးကုုိ ဘဘကြီး မေမေကြီးတို့ မတွေ့မမြင်သွားခဲ့ရတာ ကံကောင်းလေခြင်းလုုိ့ ဆိုုရပါလိမ့်မည်။ ထုုိအဖြစ်ဆုုိးကုုိ ဘယ်လုုိလုုပ် မေ့နုုိင်မှာလဲ။ သူတို့တတွေသာ ထုုိအဖြစ်နှင့်တုုိးမိပါလျှင် သူတို့အသည်းနှလုုံးများ ကွဲကြေသွားပါလိမ့်မည်။ အေးဆေးတည်ငြိမ်သော အေးချမ်းလှသည့် အောင်ချမ်းသာ ရပ်ကွက်ကလေးသည် အစိတ်စိတ် အမွှာမွှာ ပျောက်ပျက်သွားခဲ့ရလေတော့ ကျွန်မတို့၏အဘုုိးအဘွားများ၏ ကျောင်းခန်းလေးလည်း ထုုိကံဆုုိးမူနှင့်အတူ ပါသွားရပေတော့သည်။ အောင်ချမ်းသာက အမှတ်ရစရာများသည် အောင်ချမ်းသာ၏ ကံဆုုိးမုုိးမှောင်ထဲမှာ အတူတကွ လုုိက်ပါသွားပါတော့သည်။

နောက်ပြန်လှည့်သောလည်းပြန်မရနုုိင်တော့သော….

ယခုုတော့ဖြင့် ထုုိငြိမ်းချမ်းသော အောင်ချမ်းသာရပ်ကွက်ကလေး ၏နေရာတွင် ဟိတ်ဟန်အပြည့်ဖြင့် နေရာယူထားသော ဝင့်ကြွား လောက်စရာ အဆောက်အဦကြီးသာ တွေ့ရတော့မည်ဖြစ်ပါသည်။ သူက အေးဆေးသော အောင်ချမ်းသာရပ်ကွက်ကလေး၏ လူအေး လူဆေးများပိုုင်ဆုုိင်သောနေရာကိုု လွန်ခဲ့သောနှစ်များစွာက အပုုိင်စီးခဲ့တာဖြစ်ပါသည်။ “လှည်းတန်းစင်တာ” ဟူသောအမည်က အ ဆောက်အဦကြီး၏အပေါ်တွင် ခန့်ညားစွာ ကဗ္ဗည်းထုုိးထားပါလေသည်။ “လှည်းတန်း” ဟူသော အမည်လေးတစ်ခုုသည်သာ အိပ်မက်ရွာ ကလေး “အောင်ချမ်းသာ” ၏ အမှတ်တရ အဖြစ်ကျန်ခဲ့ပါတော့သည်။