Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Thursday, April 24, 2014

တကိုယ်တော် သူရဲကောင်း ဂျူနီယာဝင်း

တကိုယ်တော် သူရဲကောင်း
ဂျူနီယာဝင်း၊ ဧပြီ ၂၄၊ ၂၀၁၄


မှန်တာကိုပဲလုပ်
မမှန်တာကို ဘယ်တော့မှမလုပ်။
ရိုးသားဖြောင့်မတ်ခြင်းနှင့် အမှန်တရားအတွက်
လုပ်ဖို့  ပြောဖို့  တိုက်ဖို့  အဘမှာ သတ္တိ ရှိတယ်။
အဘရေ ….. အဘထွက်ခွာသွားတဲ့နေ့
ရင်ဆိုင်ဖို့ သတ္တိ ပေးခဲ့ပါဦးလေ။
အဘကိုယ်ခန္ဓာ လဲလျောင်းနေလဲ
အဘ၀ိဥာဉ် ကတိုက်ပွဲဝင်နေဆဲ။
(Illustration – Than Htay Maung

Wednesday, December 11, 2013

ငြိမ်းချမ်းရေးအတွက်တောင်းဆိုသူ


ဆရာကြီးဒဂုန်တာရာက ငြိမ်းချမ်းရေးကိုတောင်းဆိုသူ၊ ညီညွတ်ကြဖို့ဆော်သြသူ။ ဆရာကြီးကွယ်လွန်သွားသောအခါ ဆရာကြီးအားချစ်ခင်ကြသူများ၊ ငြိမ်းချမ်းရေးကိုလိုလားသူများ၊ ညီညွတ်ဖို့ကိုအလိုရှိသူများရင်ထဲမှာ ဆရာကြီး ကျန်ရစ်ခဲ့ပါသည်။ 
ဆရာကြီးကတော့ သူ့အတွက် ပူဆွေးနေသူတွေ၊ ငိုကြွေးနေသူတွေကိုကြည့်ပြီး အဲသည်မှာ ငိုမနေနဲ့။ ငါ အဲသည်မှာ မရှိပါ။ ငါ အဲသည်မှာ အိပ်လည်းမနေပါ… သည်လိုများ ပြောနေလေမလား။

“ကျွနု်ပ်ရဲ့သချိုင်းမှာ ရပ်ပြီးငိုမနေပါနဲ့
ကျွနု်ပ် အဲသည်မှာ မရှိပါ၊ ကျွနိုပ် အိပ်လည်းမနေပါ။

ကျွနု်ပ်ကား တိုက်ခတ်နေသော လေထုပါ။

ကျွနု်ပ်ကား နှင်းစက်ပေါ်ကပြိုးပြက်နေတဲ့ စိန်ပွင့်လေးတွေပါ။

ကျွနု်ပ်ကား ၀င်းမှည့်နေသောစပါးစေ့ပေါ်က နေပြောက်။

ကျွနု်ပ်ကား ဆောင်းဦးကာလရဲ့ နူးညံ့တဲ့မိုးဖွဲလေးတွေပါ။

မနက်ခင်းရဲ့တိတ်ဆိတ်မူမှာ သင်တို့နိုးထလာတဲ့အခါ
စက်ပိုင်းပမာ ငြိမ်သက်စွာပျံသန်းနေတဲ့ ငှက်တစ်သိုက်ရဲ့
ရုတ်တရက် လျင်မြန်စွာ ပျံသန်းသွားမူဟာ  ကျွနု်ပ်ပါပဲ။

ညအခါ တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေက ကျွနု်ပ်ပါပဲ။

ကျွန်ုပ်ရဲ့သချိုင်းမှာ ရပ်ပြီး ငိုမနေပါနဲ့၊

ကျွန်ုပ် အဲသည်နေရာမှာမရှိပါ ကျွန်ုပ်မသေပါ။”


‘Do not stand at my grave’ ဟူသော အမည်မသိကဗျာရှင်တစ်ဦး၏ ကဗျာဖြင့် ဆရာဒဂုန်တာရာကို လွမ်းလိုက်ပါရစေ။ ဆရာအလိုရှိသော ငြိမ်းချမ်းရေးသည် ဆရာ့မေတ္တာရိပ်ဖြင့် ကမ္ဘာကြီးကို ထာဝရ လွှမ်းခြုံပေးနိုင်ပါစေ။

Thursday, August 15, 2013

ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ

ကဗျည်းမတင်တဲ့ ရှစ်ဆယ့်ရှစ်ကဗျာ
ဂျူနီယာဝင်း၊ သြဂုတ် ၉ ၊ ၂၀၁၃

စည်းလုံးခြင်းအင်အားဆိုတာကို ငါတွေ့ခဲ့ရတာ ၈၈။

အနစ်နာခံခြင်းဆိုတာရဲ့သဘောတရား သဘောပေါက်ခဲ့ရတာ ၈၈။

အသက်ဆိုတဲ့အဖိုးတန်ရတနာကို စတေးဝံ့ကြတာကို ငါမြင်ခဲ့ရတာ ၈၈။

ဆုံးရှုံးမှု ဆိုတာ ဒါပဲလို့လက်ခံခဲ့ဖူးတာ ၈၈။

အသက်တွေစတေး၊ ဘ၀တွေပျက်၊ ရှင်ကွဲ သေကွဲများနဲ့
ငါတို့တိုင်းပြည်မှာတော့ ဖြစ်တယ်မရှိ၊ ပျက်ခြင်းသာ ရှိခဲ့ရ။

သူက နိုင်လိုက် ကိုယ်ကရှူံးလိုက် ဆိုတဲ့တရားကို ကျင့်ရင်းနဲ့…..

ငါလေ… … … … … … … … … … … … …

ပေးခဲ့ရတဲ့အသက်တွေကို ငါနှမျော…….

အဲသည်လို ကျခဲ့တဲ့သွေးစက်တွေအတွက် ငါရင်နာ….

သူတို့တွေရဲ့ စိတ်ဓါတ်သတ္တိတွေကို ငါလေးစား….

သူရဲကောင်းတို့များ တခါသာ သေ……….

သူရဲဘောကြောင်တဲ့ ငါ့မှာတော့ အဖန်တစ်ရာသေ…။

ပွဲကြည့်ပရိသတ်တစ်ယောက်လို နေခဲ့တဲ့ငါ … …

သည်နေ့အထိ အသက်ရှင်နေတာ ရှက်ပါတယ်လို့ပဲ … …

စိတ်ထဲမပါတဲ့စကား အားနာပါးနာ ပြောရတော့မယ်လေ။

Tuesday, June 19, 2012

Tribute to Ludu Sein Win

ဆရာလူထုစိန်ဝင်းအမှတ်တရ
ဂျူနီယာဝင်း၊ ဇွန် ၂၀၊ ၂၀၁၂
·       ငါတို့၏ ခရီးမပြီးဆုံးသေး
သဘောင်္ကြီးလည်း ဆိုးရွားလှတဲ့ရာသီဥတုကိုဖြတ်ကျော်ရင်း
ငါတို့ပန်းတိုင်လည်း မရောက်သေးပါ။
·       ဟောဒီရှည်လျားလှတဲ့ ခရီးလမ်းမှာဖြင့်
ငါတို့က ပန်းကလေးတွေလို ခြောက်သွေ့
သေခြင်းတရားရဲ့အနိုင်ယူမူကို ခေါင်းငုံ့ခံရင်း
သူရဲဘောကြောင်တဲ့သူ အခါတစ်ရာမက သေ ဆိုသလို
အကြိမ်ကြိမ် သေဆုံး
လောကကြီးထဲကနေ လူမသိသူမသိနဲ့ ထွက်သွား
သည်လိုနဲ့ ငါတို့ကို မေ့ပျောက်သွားကြမှာ။
·       ငါတို့က သေရင်မြေကြီးဖြစ်သွားပေမယ့်
သူတို့ကတော့ ကောင်းကင်ယံမှာကြယ်ကလေးတွေလို
တောက်ပလို့ ခရီးဆက် ဖြတ်သန်းနေကြမှာ။
ငါတို့ကသာ သေမင်းတမန်အမှောင်ထုထဲ လျောက်လှမ်းနေပေမယ့်
သူတို့က မိုးကောင်းကင်ထဲ တလက်လက် ၀င်းလက်နေကြဦးမှာ။
အားလုံးက သူတို့ကို သတိရနေကြဦးမှာ။  ။

Wednesday, February 16, 2011

Appreciation of Poetry – Love’ Philosophy by Shelly



2010Novermberလထုတ်EnglishForAllမဂ္ဂဇင်းတွင်
ဂျူနီယာဝင်းမှ လစဉ်ဘာသာပြန်ရေးသားနေသော
“ခံစားမိသောကဗျာတစ်ပုဒ်”ဂဏ၌
 Shelly၏ Love’Philosophy ၏ကဗျာဘာသာပြန်ထားသည်ကိုတင်ဆက်လိုက်ပါသည်။

The fountains mingle with the river,
And the rivers with the Ocean;
The winds of Heaven mix for ever
With a sweet emotion;
Nothing in the world is single;
All things, by a law divine,
In one another's being mingle.
Why not I with thine?

 “ရေပန်းတွေကမြစ်ချောင်းတွေထဲရောက်ကာရောယှက်သွားတယ်။
မြစ်ချောင်းတွေကပင်လယ်သမုဒ္ဒရာတွေနဲ့ရောနှောသွားတယ်။
ကောင်းကင်ယံကလေတွေဟာချိုမြိန်တဲ့ခံစားချက်တွေနဲ့ရောနှောနေကြတယ်။
ကမ္ဘာပေါ်မှာဘယ်အရာမှတစ်ခုတည်းမနေဘူး။
သဘာဝတရားနဲ့နိယာမအရ-
အရာရာတိုင်းဟာစိတ်တူကိုယ်တူတွေ့ဆုံကြတယ်-
ရောနှောကြတယ်-
ကိုယ်ကရော၊မင်းနဲ့ဘာကြောင့်မတွေ့ဆုံမရောယှက်နိုင်ရသလဲ။”

Saturday, December 25, 2010

X Mas Poem

ဇွန် လ ချယ်ရီ မဂ္ဂဇင်း ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်ဒီဇင်ဘာလ EnglishFor All မဂ္ဂဇင်းများတွင်
ဖော်ပြခဲ့ဘူးသော နှစ်သစ်ဆုတောင်း ဘာသာပြန်ကဗျာလေးဖြစ်သည်။ယခုနှစ်နှင့်လျောညီဖို့၂၀၁၀လို့ပြင်
ထားပါသည်။
“၂၀၁၀ ခုနှစ်
 ဒီခရစ်စမတ်မှာတော့ ကိုယ့်အသည်းနှလုံးမှာ
ခရစ်စမတ်သစ်ပင်တစ်ပင် စိုက်ချင်ပါတယ်။
အဲဒီသစ်ပင်ပေါ်မှာ
ခရစ်စမတ်လက်ဆောင်တွေ ချိတ်ဆွဲထားမယ့်အစား
ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို
ချိတ်ဆွဲထားချင်တယ်။
 ကိုယ်နဲ့အလွန် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ အမည်တွေပါမယ်။
သူငယ်ချင်းအဟောင်းတွေနဲ့ သူငယ်ချင်းအသစ်တွေ ၊
 နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ သူငယ်ချင်းတွေနဲ့
ရှားရှားပါးပါးတွေ့ရတဲ့သူငယ်ချင်းတွေ၊
ကိုယ်အမြဲတမ်းသတိရနေတဲ့သူငယ်ချင်းတွေနဲ့
ကိုယ်တစ်ခါတရံ မေ့ရော့နေမိတဲ့ သူငယ်ချင်းတွေ၊
ကိုယ့်နဘေးမှာ အမြဲတမ်းရှိနေတဲ့သူငယ်ချင်းတွေနဲ့
ဘယ်တော့မှမရှိတဲ့ သူငယ်ချင်းတွေ၊
ကိုယ်နဲ့အတူခက်ခဲကြမ်းတမ်းတဲ့အချိန်အခါတွေမှာ
မျှဝေခံစားပေးတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ့်ရဲ့ပျော်စရာအချိန်တွေမှာ ကိုယ်နဲ့အတူ
ပျော်ရွှင်ပေးတဲ့သူငယ်ချင်းတွေ၊
ကိုယ်ကမရည်ရွယ်ပဲနဲ့ နာကြင်အောင်လုပ်ခဲ့မိတဲ့ သူငယ်ချင်းတွေ၊
ကိုယ်ကသေသေချာချာသိထားတဲ့ သူငယ်ချင်းတွေနဲ့
အမည်လောက်သာသိတော့တဲ့သူငယ်ချင်းတွေ၊
ကိုယ့်ကိုဘာအကြွေးမှ မရှိသူတွေနဲ့
ကိုယ်ကအများကြီးရယူထားမိတဲ့ သူငယ်ချင်းတွေ၊
ကိုယ့်အပေါ်သစ်စ္စာရှိတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ်ရဲ့အရေးပါတဲ့ သူငယ်ချင်းတွေ၊
ကိုယ်ဘဝထဲကို ဘယ်လိုတိုတောင်းစွာဘဲဖြစ်ဖြစ်
ဖြတ်ကျော်ဝင်ရောက်သွားတဲ့ သူငယ်ချင်းတွေအားလုံးရဲ့
အမည်တွေကို
ကိုယ့်ရဲ့ခရစ်စမတ်ပင်မှာ ချိတ်ဆွဲထားလိုက်မယ်။
ကိုယ်ရဲ့သစ်ပင်မှာ ခိုင်မြဲတဲ့ အမြစ်တွေရှိပြီး၊
ရှည်လျားပြီး ခွန်အားရှိတဲ့အကိုင်းအလက်တွေရှိနေတာကြောင့်
သူတို့ရဲ့ အမည်တွေကို ကိုယ့်ရဲ့အသဲနှလုံးထဲကနေ
ဘယ်တော့မှ ခူးဆွတ်သွားလို့မရဘူးလေ။
ပြီးတော့အသစ်အသစ်သော
အမည်တွေကလည်းရှိနေပြီးသား
အမည်တွေနဲ့အတူ တွေ့ဆုံကြလိမ့်ဦးမယ်။
သစ်တစ်ပင်ရဲ့အေးမြတဲ့အရိပ်အာဝါသကြောင့်
ကိုယ်တို့တတွေရဲ့သူငယ်ချင်းအဖြစ်ဟာ
ဘဝ၏ရုန်းကန်ခြင်းဆိုတဲ့လှိုင်းဂယက်အောက်မှာ
နားခိုရာဖြစ်ပါလိမ့်မယ်။
“ခရစ်စမတ်ကာလ၏ပျော်စရာအချိန်ကာလလေးသည်
နှစ်သစ်၏နေ့ရက်တိုင်းကို ထွန်းလင်းတောက်ပသွားပါစေလေသတည်း”
ဤကား
ကိုယ့်ရင်ထဲကဖြူစင်ရိုးသားသော ဆုတောင်းဖြစ်လေတော့သည်။

Tuesday, April 27, 2010

Song by William Shakespeare



Selected poem –Song - Translated by juniorwin

English for All magazine ဧပြီလ ၂၀၁၀တွင်ပါရှိခဲ့သော ဂျူနီယာဝင်း ၏ဘာသာပြန်ကဗျာ

Song

by William Shakespeare

Blow Blow , thou winter wind,

Thou art not so unkind,

as man’s gratitude;

Thy tooth is not so keen,

because thou art not seen,

Although thy breath be rude.

William Shakespeare ၏ As You Like it ပြဇာတ်ထဲမှကဗျာတေးတစ်ပုဒ်ဖြစ်သည်။As You Like It

ပြဇာတ်ထဲတွင်ညီဖြစ်သူ၏ကျေးဇူးမသိတတ်မူ၊သစ္စာမရှိမူကြောင့်မြို့စားကြီးမှာတောထဲအနှင်ခံလိုက်ရ

သည်။သူ့ရှိသမျှပစ္စည်းဥစ္စာစည်းစိမ်များကိုလည်းညီဖြစ်သူကလုယူသွားသည်။မြို့စားကြီးသည်သူ့

အပေါ်သစ္စာရှိသောနောက်လိုက်အနည်းငယ်အချွေအရံအနည်းငယ်မျှဖြင့်တောနယ်မှာသူဆင်းရဲလို

နေခဲ့ရသည်။ယင်းအဖြစ်ကိုတွေးမိရင်းထိုကဗျာကိုရွတ်လိုက်၏။ထိုအချိန်အခါသည်အလွန်ချမ်းအေး

လှသောဆောင်းရာသီဖြစ်၍တိုက်ခတ်သောဆောင်းလေသည်ကြမ်းတမ်းသည်။ထိုကြမ်းတမ်းဆိုး

ရွားသောဆောင်းလေကိုခံစားရင်းသူကြုံတွေ့ခဲ့ရသောကျေးဇူးမသိတတ် သစ္စာမရှိသောလူနှင့်နှိုင်း

ယှဉ်မိကာဒီဆောင်းလေကဘာမှမဟုတ်ဘူးဟုအဓိပ္ပါယ်ဖြင့်ရွတ်ဆိုလိုက်သောကဗျာဖြစ်ပါသည်။

‘တိုက်လိုက်စမ်း တိုက်လိုက်စမ်းပါ ဆောင်းလေညင်းရယ်

မင်းက ဘာမှမဟုတ်ပါဘူးကွယ်

လူတွေရဲ့ ကျေးဇူးမသိတတ်မူ နဲ့ နှိုင်းယှဉ်လိုက်ရင်

မင်းကသိပ်မဆိုးလှပါလား။

မင်းကတိုက်သာတိုက်တာ မမြင်ရပါလား

မင်းကဘာမှမဟုတ် အလကားပါပဲ ။’

ကဗျာတွင်“ မင်းကိုမမြင်ရပေမယ့်ကျေးဇူးမသိတတ်တဲ့လူတွေကိုတော့မြင်ရတယ်။”ဟူသောတင်

စားမူများ၊“မင်းရဲ့ကြမ်းတမ်းတဲ့လေတိုက်ခတ်မူကလူတွေရဲ့သစ္စာမရှိမူ ကျေးဇူးမသိတတ်မူနဲ့ယှဉ်

လိုက်ရင်အလကားပါပဲ။ဘာမှမဟုတ်တော့ပါဘူး။” ဟူသောတင်စားချက်များပါဝင်ပါသည်။

(ယခုနှစ်လိုပူပြင်းခြောက်သွေ့လှသောအပူဒဏ်ကိုသာခံစားနေရလျှင်ကဗျာသည်ထိုအပူဒဏ်လောက်

များအပျော့ပါပဲ ဟုဖြစ်လာမည်ထင်ပါသည်။သစ္စာမရှိ ကျေးဇူးမသိတတ်သောလူသားများနှင့်နှိုင်း

ယှဉ်ကာ“အို..ပူလိုက်စမ်းပါ့ ပူလိုက်စမ်းပါ့…ဒီနွေရယ်…မင်းရဲ့ပူပြင်းမူကဘာမှမဟုတ်ပါဘူးကွယ်…

ဟူ၍နောက်ကဗျာတစ်ပုဒ်ဖြစ်လာနိုင်ပါသည်။)

Monday, April 19, 2010

Lei’s Think of the Simple Thing – Reviewed by Juniorwin


Selected Poem – Lei’s Think of the Simple Thing – Reviewed by Juniorwin

English for All magazine မှဖေဖော်ဝါရီလ ၂၀၀၈ ခုနှစ်တွင်ဖော်ပြခဲ့သောကဗျာတစ်ပုဒ်

Let’s think of the simple thing

Let’s think of the simple things.

Let’s begin with the simple things.

Hold on first, to the simple things

………..

and always keep in mind that the simple things,

Oh! what an ironie, are very often, like the diamond,

the most difficult to find.

“ စဉ်းစားပါ လွယ်ကူရှင်းလင်းတဲ့အရာများ။

စတင်လိုက်ပါ လွယ်ကူရှင်းလင်းတဲ့အရာများ။

အဦးဆုံးကိုင်တွယ် လွယ်ကူရှင်းလင်းတဲ့အရာများကိုကွယ်။

အိုး.. သို့ပေမယ့် သေချာမှတ်ပါ့

လွယ်ကူရှင်းလင်းတဲ့အရာ တွေ့ဖို့ခက်ပါ့

စိန်ကို တွေ့ဖို့ ခဲယဉ်းသလိုပေါ့

လွယ်ကူရှင်းလင်းတဲ့အရာတွေ့ဖို့ခက်ပါ့။

ဤသည်မှာတော့ -

သဘောတရားကတော့

နားလည်ရန်ခက်ခဲ လောကသဘောအတိုင်းပါပဲ။”

လွယ်ကူရှင်းလင်းသောအရာများကိုသာစဉ်းစားကြပါစို့။လွယ်ကူရှင်းလင်းသောအရာများမှစတင်

ကြပါစို့။လွယ်ကူရှင်းလင်းသောအရာများကိုသာအစဦးဆုံးကိုင်တွယ်ထားကြပါစို့။သို့ပေမယ့်

လွယ်ကူရှင်းလင်းတဲ့အရာဆိုပြီးအခက်ခဲဆုံးဖြစ်နေတာဟာ “What an ironie” “၀ိရောဓိဖြစ်စရာပဲ”

ဟုကဗျာကဆိုထားသည်။ထို့ကြောင့်ပင်နောက်ဆုံး၌ “ဤသည်ကားလောက၏နားလည်ရန်ခက်ခဲ

လှသည့်သဘောတရားပင်တည်း။”ဟုကောက်ချက်ချပြထားလေသည်။

Sunday, August 23, 2009

Selected Poem – juniorwin


၂၀၀၅ ခုနှစ် မေလထုတ် English for All

မဂ္ဂဇင်းမှခံစားမိသောကဗျာတစ်ပုဒ်ဂဏတွင်

ဖော်ပြခဲ့သော ဂျူနီယာဝင်း ဘာသာပြန်ကဗျာတစ်ပုဒ်


Patriotism

Sir Walter Scott

Patriotism

Breathes there the man with soul so dead,
Who never to himself hath said,
'This is my own, my native land!'
Whose heart hath ne'er within him burn'd
As home his footsteps he hath turn'd
From wandering on a foreign strand?
If such there breathe, go, mark him well;
For him no Minstrel raptures swell;
High though his titles, proud his name,
Boundless his wealth as wish can claim;
Despite those titles, power, and pelf,
The wretch, concentred all in self,
Living, shall forfeit fair renown,
And, doubly dying, shall go down
To the vile dust from whence he sprung,
Unwept, unhonour'd, and unsung.

ကိုယ့်တိုင်းပြည်ကိုမချစ်တဲ့သူများရှိခဲ့ရင်အဲဒီအဖြစ်ကိုယုံဖို့ခက်လှပါသည်။သို့သော်လည်းအဲဒီလိုတိုင်းပြည်

မချစ်တဲ့လူမျိုးများရှိနေရင်တော့သူ့ရဲ့အမည်ကိုသေချာမှတ်သားထားလိုက်ပါတဲ့။သူ့အတွက်တေးသီချင်းသီ

ကုံးပေးမည့်သူမရှိ။သူ့အတွက်အမည်မသေတဲ့ကဗျာလင်္ကာတွေရေးဖွဲ့မဆုံးနိုင်သူမရှိတာကိုသင်တွေ့ရပါလိမ့်

မည်..တဲ့။


“ဒါငါ့တိုင်းပြည် ငါ့မွေးဖွားရာ တိုင်းပြည်ရင်းလို့

မဟစ်အော်မကြွေးကြော်ဖူးတဲ့လူမျိုး၊

ကိုယ့်တိုင်းပြည်မှန်း မသိတဲ့လူမျိုး၊

ဒီကမ္ဘာလောကကြီးပေါ်မှာရှိသလား။

ပင်လယ်ရပ်ခြားတိုင်းပြည်အနှံ့ပျော်ပါးလှည့်လည်ရာက

ကိုယ့်အိမ်ဖက်ခြေဦးလှည့်လိုက်တာတောင်မှ

ငါ အိမ်ပြန်ချင်လိုက်တာဆိုတာမရှိ။

င့ါတိုင်းပြည်ကိုလွမ်းလိုက်တာဆိုတာမရှိ။”

“အဲဒီလိုမျိုးချစ်စိတ်မရှိတဲ့သူမျိုးရှိရင်သေသေချာချာမှတ်ထားလိုက်စမ်းပါ။

သူ့အတွက်များတော့ ကဗျာလင်္ကာတွေ ဘယ်သူမှမရေးထိုး-

သူ့အမည် သူ့ရာထူးဌာနတွေကတော့ဖြင့်ကျော်စော်ပါပေတယ်၊မြင့်မားပါပေတယ်-

သူဓနဥစ္စာများလည်း လက်ညှိုးညွှန်ရာရေဖြစ်ဆိုသလိုရေတွက်လို့မရနိုင်အော်ပေါများလှပါတယ်-”

“အဲဒီလိုရာထူးဌာနတွေ၊တန်ခိုးအာဏာတွေချမ်းသာကြွယ်ဝမူတွေရှိနေပေမယ့်……

အဲဒီလို တန်ဖိုးမရှိတဲ့သူဟာဖြင့်…

အရာရာငါ့ဖို့..ငါ့ဖို့ပဲ အဓိကထားတယ်။

ဒီလိုလူ အသက်ရှင်နေရင်

သူ့ဘ၀မှာ..နာမည်ကောင်းဆိုတာ မရှိ။

သေရင်လည်း နှစ်ခါပြန်သေဦးမည်။

သူလာခဲ့ရာ မြေကြီးဘ၀ ပြန်ရောက်ကာ….

သူ့အတွက်..

ငိုကြွေးမည့်သူမရှိ။

သူ့အတွက်….

အမည်မသေတဲ့တေးသီချင်းတွေ..သီကုံးဖွဲနွဲ့ပေးမည့်သူမရှိ။”


Saturday, May 23, 2009

Selected Poem – The Happy Prince


English for All မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်တွင်ဖော်ပြခဲ့သော

ခံစားမိသောကဗျာတစ်ပုဒ်

The Happy Prince – Oscal Wilde(1854-1900)

ဂျူနီယာဝင်း

"When I was alive and had a human heart," answered the statue, "I did not know what tears were, for I lived in the Palace of Sans- Souci,

where sorrow is not allowed to enter. In the daytime I played with my companions in the garden, and in the evening I led the dance in the Great Hall.

Round the garden ran a very lofty wall, but I never cared to ask what lay beyond it, everything about me was so beautiful. My courtiers called me the Happy Prince,

and happy indeed I was, if pleasure be happiness. So I lived, and so I died. And now that I am dead they have set me up here so high that

I can see all the ugliness and all the misery of my city, and though my heart is made of lead yet I cannot chose but weep."


OscarWilde၏TheHappyPrince

ကိုဖတ်ရင်းကဗျာဆန်ဆန်စာကြောင်းများကိုခံစားမိပါသည်။မြို့ကြီးကို

မိုးနေသည့်အလား၊မြင့်မားလှသည့်HappyPrince

ဟုအမည်တွင်သောရုပ်တုကြီးကိုတွေ့ရသည်။"ပျှော်နေ

သောမင်းသားလေး"တဲ့။တစ်ကိုယ်လုံးရွှေပြား၊ရွှေရွက်ကလေးများတပ်ထားပြီး

မျက်စိနှစ်လုံးမှာတောက်ပလှသောနီလာကျောက်မျက်ရတနာနှစ်လုံးရှိသည်။

သူလွယ်ထားသောဓါးအိမ်၏ထိတ်ဖျား

မှာတော့အနီရောင်ပတ္တမြားကြီးကိုတောက်ပစွာတွေ့ရပေသည်။မြင်ရသူအပေါင်း

HappyPrince၏ဘ၀ကိုအားကျကြ၊သဘောကျကြနှင့်ဖြစ်လေသည်။

တစ်နေ့မှာတော့ဆောင်းကိုရှောင်ဖို့တခြားအရပ်သို့ပြောင်းရမည့်စာကလေးငှက်ကလေး

တစ်ကောင်ကHappyPrinceရုပ်တုခြေရင်း၌ခေတ္တနားခိုစဉ်သူ့အပေါ်ကျလာသော

happyPrince ၏မျက်ရည်ပေါက်ကြီး

များကြောင့်ဘာအကြောင်းကြောင့်များမျက်ရည်ကျရပါသလဲဟုဂရုဏာသက်စွာ

ငှက်ကလေးကမေးသည်ကိုဖြေလိုက်ပုံဖြစ်ပါသည်။



"ကျွနိုပ် လူ့အသည်းနှလုံးနဲ့ အသက်ရှင်ခဲ့စဉ်က

မျက်ရည်ဆိုတာ ဘာလဲမသိခဲ့ပါဘူး။

ကျွနိုပ်နေထိုင်ခဲ့တဲ့ ဆွန်-ဆိုစီ ဆိုတဲ့နန်းတော်ကြီးက

ဝမ်းနည်းကြေကွဲစရာတွေကိုပေးမ၀င်ခဲ့ပါဘူး။

မနက်ခင်းမှာ အဖော်တွေနဲ့ ပန်းခြံထဲ ပျှော်ပါးလို့၊

ညနေခင်းမှာတော့ ခန်းမကြီးထဲကခုန်လို့ပေါ့။

ပန်းခြံပတ်ပတ်လည်တစ်လျှောက် မြင့်မားတဲ့တံတိုင်းကြီးရှိလေရဲ့။

အဲဒီတံတိုင်းကြီးတစ်ဖက်မှာ ဘာရှိလဲလို့

ကျွနိုပ် မေးဖို့စိတ်ကူးမရှိခဲ့ပါဘူး။

ကျွနိုပ်နဲ့ပတ်သက်သမျှ အရာရာဟာ လှပလို့ပေါ့။

ကျွနိုပ်ရဲ့မင်းညီမင်းသားတွေက

ကျွနိုပ်ကို"ပျှော်နေတဲ့မင်းသားလေး" လို့ခေါ်တယ်။

ဟုတ်တာပေါ့…..ပျှော်လိုက်တာ။

ရှိရှိသမျှတွေဟာပျှော်စရာ။

ဒီလိုနဲ့ …. ကျွန်ုပ်ရှင်သန်ခဲ့တယ်။

ဒီလိုနဲ့ … ကျွနိုပ်သေဆုံးခဲ့တယ်။

အင်း …. အခုတော့ ကျွနိုပ်သေဆုံးပြီ။

သူတို့က ကျွနိုပ်ကို အခုလိုမြင့်မြင့်မားမား

ထုဆစ်ထားလို့။

ဒီတော့ … ကျွနိုပ်လေ

ကျွနိုပ်မြို့ကြီးရဲ့အရုပ်ဆိုးအကျဉ်းတန်မူတွေ

စိတ်မချမ်းသာစရာတွေ တွေ့မြင်နေရပြီ။

ကျွနိုပ်အသည်းနှလုံးက ခဲနဲ့လုပ်ထားပေမယ့်

ကျွနိုပ် ငိုနေတယ်။"


OscarWilde

ကမင်းသားလေးသည်နံရံ၏တစ်ဖက်မှာဘာရှိသလဲစိတ်မ၀င်စားဘူး၊မေးရမှန်းလဲမသိဘူးဟု

ဆိုထားသည်။နံရံတစ်ဖက်မှာသူ့တိုင်းသူပြည်သားတွေဆင်းရဲနေတာတွေ၊စိတ်မချမ်းသာဖြစ်နေတာတွေ

ဘာမှမသိဟုဆိုလိုပုံရသည်။ထို့ပြင်အသက်ရှိစဉ်ကလူသားတစ်ယောက်၏အသည်းနှလုံးကိုပိုင်ဆိုင်ပါလျက်

နှင့်ခဲသတ္တုအသည်းနှလုံးရုပ်တုအဖြစ်ရောက်မှခံစားတတ်ပြီးမျက်ရည်ကျရသည့်အဖြစ်ကိုထောက်ပြထား

သည်။ယင်းသည်ခဲသတ္တုအသည်းနှလုံးလောက်မှမမြင့်မြတ်သည့်ထိုမြို့ကအုပ်ချူပ်သူများကိုသရော်

လှောင်ပြောင်လိုက်သည်ဟုကဗျာကိုခံစားလိုက်မိပါသည်။


ဂျူနီယာဝင်း

Sunday, December 28, 2008

Selected Poem – juniorwin

၂၀၀၈ ဇန်န၀ါရီလ English For All မဂ္ဂဇင်းတွင်ဖေါ်ပြထားသော

ဂျူနီယာဝင်း၏ ဘာသာပြန်ကဗျာတစ်ပုဒ်။

"I would be true for those who trust me"

"ကျွနိုပ်ကို ယုံသောသူများအပေါ် ကျွနိုပ်ဖြောင့်မတ်မည်"

"ကျွနိုပ်ကို ယုံသောသူများအပေါ် ကျွနိုပ်ဖြောင့်မတ်မည်။


ကျွနိုပ်ကို ဂရုစိုက်သောသူများအပေါ် ကျွနိုပ်မှန်မှန်ကန်ကန်ဆက်ဆံမည်။


ဒုက္ခရောက်နေကြသောသူများ၏ရှေ့မှာ ကျွနိုပ်မားမားမတ်မတ်ရပ်တည်ပေးမည်။


စွန့်စွန့်စားစားလုပ်မည့်သူများအတွက် ကျွနိုပ်က သတ္တိမွေးပေးမည်။


ရန်သူတွေကိုရော၊ မိတ်ဆွေမရှိတဲ့သူတွေအတွက်ရော ကျွနိုပ်မိတ်ဆွေကောင်းလုပ်မည်။


ကျွနိုပ်ရယူခြင်းထက်ကျွနိုပ်ကပေးရတာကိုပိုတန်ဖိုးထားမည်။


ကျွနိုပ်၏အားနည်းချက်ကိုကျွနိုပ်သိသည့်အတွက်ကျွနိုပ်သည်ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမည်။"