Monday, September 28, 2009

The Happy Prince and Other Tales

ပျှော်ဖို့အတွက်သာစာဖတ်ကြပါစို့။

The Happy Prince and Other Tales

Oscar Wilde

1854 – 1900

Published – 1888

Others – The Canterville Ghost

The Happy Prince and Other Stories

The Portrait of Mr.W.H

Lord Arthur Saville ‘s Crime and Other Stories

Intentions

The Picture of Dorian Gray

House of Pomeganates

De Profoundis

The Happy Prince, The Selfish Giant , The Remarkable Rocket အပါအ၀င်အော်စကာဝိုင်းလ်

၏ကလေးပုံပြင်များကိုသူ့သားသမီးများအတွက်ရည်ရွယ်ရေးသားခဲ့သည်ဟုဆိုပါသည်။

ပုံပြင်တစ်ခုဆီသည်သင်ခန်းစာများပေးသွားသည်။ရယ်စရာ၊ရင်မောစရာ၊စိတ်လှူပ်ရှားဖွယ်ပုံပြင်

များဖြစ်လေသည်။ The Happy Prince သည်မြိ့ကြီးတစ်မြို့၏တချိန်ကဘုရင်ဖြစ်ခဲ့ဘူးသော

မင်းသားလေး၏ရွှေအတိပြုလုပ်ထားသောရုပ်တုတစ်ခုဖြစ်ပါသည်။မြို့ကြီးတစ်ခုလုံး၏တန်ဖိုး

အကြီးဆုံးသောပတ္တမြား၊ရွှေသားများဖြင့်ပြုလုပ်ထားသောအဖိုးတန်ရုပ်တုတစ်ခုဖြစ်လေသည်။

သူအသက်ရှင်စဉ်ကပျှော်ရွှင်စွာနေထိုင်အသက်ရှင်ခဲ့ရပြီးဆင်းရဲခြင်းဒုက္ခကိုမတွေ့မြင်၊မခံစားခဲ့

ရသဖြင့်အစဉ်အမြဲပျှော်ရွှင်စွာနေခဲ့ရသည့်သူ့ကို Happy Prince ပျှော်နေသောမင်းသားလေး

ဟုခေါ်ဝေါ်ခဲ့ကြလေသည်။သို့သော်သူကွယ်လွန်ပြီးနောက်မှာတော့်မြို့ကြီးကိုစီး၍ဆောက်လုပ်

ထားသောသူ၏ရုပ်တုသည်တမြို့လုံးကိုတွေ့မြင်နေရကာစိတ်ဆင်းရဲနေခဲ့ပြီးမပျှော်မရွှင်ဖြစ်

နေရရှာသူဖြစ်သွားလေသည်။

The Selfish Giant တကိုယ်ကောင်းဆန်သည့်ဘီလူးကြီး သည်သူ့ဝင်းခြံထဲဘယ်သူမှအ၀င်

မခံပဲတကိုယ်တည်းနေလာရာမှသဘာဝတရား၏အပြစ်ပေးမူကိုခံခဲ့ရပုံဖြစ်ပါသည်။နွေဦးရာသီ

လည်းသူ့ခြံထဲရောက်မလာ၊ဆောင်းရာသီသာစိုးမိုးနေရာမှကောင်ကလေးတစ်ယောက်ကသူ့

ကိုကယ်တင်ပေးခဲ့ပုံဖြစ်ပါသည်။

The Remarkable Rocket သည်ရိုင်းစိုင်းမူ မာနကြီးမူကိုသတိထားဆန့်ကျင်ဖို့သင်ခန်းစာပေးသည့်

မီးရူးမီးပန်းလေးတစ်ခုအကြောင်းပုံပြင်တစ်ပုဒ်ကိုပြောပြလျက်ရှိလေသည်။

Wilde သည်ထိုထိုသောရိုးရှင်းသည့်ပုံပြင်ကလေးတွေကိုလေးနက်သောအဓိပ္ပါယ်များဖြင့်ရေးသား

ထားလေသည်။

မှတ်ချက်။

ထို Happy Princeကိုလွန်ခဲ့သောအနှစ်၅၀လောက်ကတက္ကသိုလ်ပထမနှစ်တွင်ပြဌာန်းသင်ကြားခဲ့ကြရပြီး

စာမေးပွဲအတွက်ကျက်မှတ်ကာဖြေဆိုခဲ့ကြရသည်ဟုလူကြီးသူမများပြောပြဖူးသဖြင့်မှတ်သားမိရသည်။

The Happy Prince မူရင်းဝတ္ထုကြီးကို ဂျူနီယာဝင်း မှနေ၍ဘာသာပြန်ထားသည်ကိုအောက်တိုဘာလ

၂၀၀၉ ခုနှစ်ထုတ် မဟေသီ မဂ္ဂဇင်းတွင်ဖတ်ရူနိုင်ပါသည်။


The Selfish Giant မှသရုပ်ဖော်ပုံ။

Sunday, September 20, 2009

Pinocchio - ဂျူနီယာဝင်း


Pinocchio
Carlo Collodi
(Carlo Lorenzini)
1826 – 1890
Italian
First Published – 1891 (first English Translation)

READING FOR PLEASURE!ပျှော်ရွှင်ဖို့သာစာဖတ်ပါ။
၁၉၄၀ ခုနှစ်လောက်ကတည်းက Disney ရုပ်ရှင်အဖြစ်အောင်မြင်ခဲ့ပြီးမူရင်းဇာတ်လမ်းဝတ္ထုထဲက
တကယ့်လူစစ်စစ်ဖြစ်ချင်ခဲ့သောရုပ်သေးရုပ်ကလေး၏အကြောင်းကားဖတ်ချင့်စဖွယ်ဖြစ်နေဆဲဖြစ်
ပါသည်။
ဂတ်ပစ်တို- Geppeto အလွန်ဆင်းရဲသောသစ်ခုတ်သမားသည်တကိုယ်တည်းအထီးကျန်စွာနေ
ထိုင်လျက်ရှိသူဖြစ်ကာသားကလေးတစ်ယောက်လိုချင်ခဲ့ရှာသည်။ထို့ကြောင့်သစ်သားတုံးတစ်တုံးကို
ထုဆစ်ကာရုပ်သေးရုပ်ကလေးတစ်ရုပ်ကိုဖန်တီးခဲ့လေသည်။သစ်သားတုံးကိုအိမ်သို့သယ်ယူသည့်
နေ့မှာပင်အိမ်သို့မရောက်ခင်မှာပြဿနာပေါ်တော့သည်။ထို သစ်သားရုပ်ကလေး ပီနော်ကယို
Pinocchio ကဂတ်ပစ်တိုနှင့်သူ့သူငယ်ချင်းဟောင်းအင်တိုနီယိုကြားမှာရန်ပွဲဖြစ်အောင်လုပ်ပါတော့
သည်။အပြာရောင်နတ်သမီးကလေးကအဘိုးကြီးကိုသနားပြီးရုပ်သေးရုပ်ကလေးကိုအသက်သွင်း
ပေးလိုက်သည်။ထိုရုပ်သေးရုပ်ကလေးကချစ်စရာကောင်းပြီးစကားနားမထောင်သောဆိုးသွမ်းသူ
ကလေးဖြစ်လို့နေသည်။ညာလည်းပြောသည်။မဟုတ်တာတွေလည်းလုပ်သည်။သူကတကယ့်လူ
သားကောင်ကလေးတစ်ဦးသေလုအောင်ဖြစ်ချင်နေရှာသည်။အပြာရောင်နတ်သမီးကလေးကသူ့ကို
လူသားလေးဖြစ်ဖို့မင်းကဆိုးလွန်းအားကြီးလွန်းသည် ဟုပြောလေသည်။
ဝတ္ထုထဲက ပီနော်ကီယို သည်ရုပ်ရှင်ထဲကထက်ပို၍တကိုယ်ကောင်းဆန်သည်။ပို၍လောဘကြီးသည်။
Disney ၏ရိုက်ချက်များအရ ပီနော်ကယို၏ဆိုးသွမ်းမူများကချစ်စဖွယ်ဖြစ်သွားစေသည်။
ပီနော်ကယို သည်ဖခင်ဖြစ်သူပြောသည့်အတိုင်းမလုပ်ပဲသူ့လမ်းသူသွားဖို့ကြံစည်ခဲ့သည်။အပြာရောင်
နတ်သမီးကလေး၊သူသတ်ပစ်လိုက်သောနှံကောင်ကလေး၊ပီနော်ကယို၏မိတ်ဆွေဆိုးများ၊
မြေခွေးနှင့်ကြောင်ဆိုးကလေးတို့ပါဝင်သည်။ ရှေးတုန်းကနတ်သမီးပုံပြင်များကဲ့သို့ပင်ကလေးများ
အတွက်သင်ခန်းစာများစွာပေးထားသည်။စကားနားမထောင်ခြင်းကြောင့်အပြစ်ပေးခံရခြင်းများ၊မိဘများ
ကိုချစ်ခင်ကာဂရုစိုက်လျှင်ထိုက်တန်သောရလဒ်ရခြင်းများကိုစိတ်မြူးတူးဖွယ်ရေးဖွဲ့ထားသည်။ကလေး
များလည်းဖတ်ပြီး၎င်းတို့၏ဆိုးသွမ်းမူများကိုတွေ့မြင်လာရပေလိမ့်မည်။
အခန်း ၁ မှ ၁၅ ထိကို၁၈၈၁ မှ ၁၈၈၂ ကြားမူရင်းအီတလီဘာသာဖြင့်ရေးသားခဲ့သောထိုဝတ္ထုကို
ဂျာနယ်တစ်ခုတွင်အခန်းဆက်ဖော်ပြခဲ့သည်။ထိုအတွင်းအခန်း ၁၆ ကိုထပ်ဖြည့်ခဲ့ကာ ၁၈၈၃ ခုနှစ်တွင်
Le Adventure di Pinicchio “ပီနော်ကယို၏စွန့်စားခန်းများ” ဟူ၍အပြည့်အစုံထုတ်ဝေခဲ့ပါသည်။
မှတ်ချက်။
ပီနော်ကယိုကိုငယ်စဉ်ကကာတွန်းကားကြည့်ခဲ့ရဖူးသည်။ကလေးသဘာဝနှစ်သက်ဖွယ်ဖြစ်အောင်
ရိုက်ကူးထားသည်ကိုတွေ့ရသည်။ယခုတိုင်ကလေးများ၏အသည်းစွဲဖြစ်နေဆဲဖြစ်သည်။ယခုတော့
မူရင်းဝတ္ထုကိုဖတ်ကြည့်မှပီနော်ကယို၏တကိုယ်ကောင်းဆန်လွန်းမူ၊အတ္တကြီးလွန်းမူများကိုတွေ့
လိုက်ရကာသူ့ကိုမုန်းတီးမိသည်။သို့သော်သူ့ဖခင်ကြီးကိုကယ်တင်သည့်နောက်ဆုံးခန်းတွင်တော့
သူ့ကိုသနားပြီးမျက်ရည်တောင်လည်မိရပါသည်။

Monday, September 14, 2009

War and Peace - ဂျူနီယာဝင်း

READING FOR PLEASURE! ပျှော်ဖို့အတွက်သာစာဖတ်ကြပါစို့။

War and Peace
Leo Tolstoy
1828 -1910
Russian
First Published - 1865-69
Others; Anne Karenina
A confession
The Death of Ivan Ilyich
War and Peace သည်ကမ္ဘာ့နံမယ်ကျော်ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သည်။ဘာသာပေါင်းစုံဖြင့်ပြန်ဆို
ထုတ်ဝေခဲ့ရသောဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါသည်။လူ့ဘ၀ဇာတ်ခုံပေါ်ကသရုပ်ဆောင်များစွာ
သည်စိတ်ကူးယဉ်ဆန်ဆန်ရော၊တကယ့်အဖြစ်များရောမွေထားလျက်ဖြင့်လှူပ်ရှားသက်ဝင်
နေကြပါသည်။
နပိုလီယန်စစ်ပွဲများခေတ်အတွင်းဝတ္ထုကိုဇာတ်အိမ်ကိုတည်ဆောက်ထားသည်။၁၈၀၅ ခုနှစ်
Anna Pavlovna Scherer ၏ပါတီပွဲဖြင့်ကားချပ်ကိုစဖွင့်ပြလိုက်ပါသည်။စာဖတ်သူကိုအခန်းထဲမှာရှိ
နေသောဝတ္ထုထဲကသရုပ်ဆောင်များအားတစ်ဦးချင်းဖြင့်မိတ်ဆက်ပေးသွားပါသည်။
ဝတ္ထုကြီးတွင်အရေးပါသောအခန်းဂဏ၃ခုပါဝင်သည်။၎င်းတို့မှာနပိုလီယန်စစ်ပွဲများ၊စိတ်ကူးယဉ်ဇာတ်
ကောင်များ၏ကိုယ်ရေးရာဇ၀င်အဖြစ်အပျက်များနှင့်သမိုင်းဝင်သောအက်ဆေးများတို့ဖြစ်သည်။
သရုပ်ဆောင်ရာပေါင်းများစွာကိုသမိုင်း၏ပုံရိပ်များအဖြစ်ရေးသားထားသည်။တိုင်းပြည်၏သမိုင်းကိုလှစ်ဟ
ပြခဲ့သောအဖြစ်အပျက်များကိုအခြေခံထားသဖြင့်ဖတ်သူအပေါင်းမှာရာဇ၀င်ကိုပါနားလည်သဘောပေါက်
သွားရမည်ဖြစ်သည်။သာမန်မိသားစုများ၊နေ့စဉ်ဘ၀ကိုဖြတ်သန်းခဲ့ရပုံများပါဝင်သည်။
၁၈၀၅ မှ ၁၈၁၄ ခုနှစ်ကြားကျူးကျော်လာသောပြင်သစ်စစ်တပ်နပိုလီယန် ၁ ကိုဆန့်ကျင်သောရုရှစစ်
ပွဲကာလကမိသားစု ၅ စု ၏ဘ၀ကိုရေးသားထားသည်။စာအုပ်တွင်လူချမ်းသာများနှင့်ဆင်းရဲသားလယ်
သမားများ၊ရုံးဝန်ထမ်းအရာရှိများနှင့်သာမန်စစ်သားများ၊၀န်ကြီးများနှင့်လူ့ဘူဇွာများ၊တောဘ၀နှင့်
မြို့ကြီးသားတို့ဘ၀များ၊မြှောက်ပင့်မူများနှင့်နှိမ်ချမူများကိုတကယ့်ဘ၀အဖြစ်အပျက်များဖြင့်ရေးသား
ထားကာကြမ်းတမ်းခက်ခဲလှသည့်စစ်တပ်များ၏သရုပ်မှန်ဘ၀များပါဝင်သည်။
Pierre Bezukhov သည်ဝတ္ထု၏အဓိကဇာတ်ကောင်ဖြစ်သည်။မြို့စားတစ်ဦး၏တရားမ၀င်သားတစ်ဦး
ဖြစ်သည်။သို့သော်ဖခင်ထံမှပိုင်ဆိုင်မူများကိုရရှိသောအခါအရင်ကတာဝန်ဝတ္တရားဘာမှမသိပေါက်လွန်ပဲစား
နေထိုင်လာရာမှမမျှတသည့်လောကကြီးထဲမှာကောင်းတာလုပ်ပြီးနေထိုင်သွားဖို့အကြံရလာသည်။
အဆိုပါဝတ္ထုကြီးကားအဲသည်စိတ်ပြောင်းလဲလာမူကိုသိမ်သိမ်မွေ့မွေ့ဖော်ပြချက်ဖြစ်သည်။
သူ၏ကြိုးစားမူတွင်သူ့အတွက်ရော၊သူပိုင်တဲ့နယ်မြေထဲကဆင်းရဲသူဆင်းရဲသားတွေအတွက်ရော
ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ကြိုစားချက်မအောင်မြင်ခဲ့ခြင်းအဖြစ်သည်ကြေကွဲစရာအကောင်းဆုံး
ဖော်ပြချက်ဖြစ်ပါသည်။
သူသည်စစ်အတွင်းပါဝင်ခဲ့ကာ Borodono စစ်ပွဲကိုမျက်မြင်ကြုံခဲ့သူဖြစ်သည်။ထို့အပြင်နပိုလီယန်လုပ်ကြံ
မူကိုလည်းကြုံခဲ့ရသည်။နောက်တော့ပြင်သစ်ကသူ့ကိုဖမ်းသွားကာရုရှအကူအညီဖြင့်ထွက်ပြေးလာသည်။
ထိုအတွင်းတကိုယ်ကောင်းဆန်သောဇနီးသည်သေဆုံးပြီးနောက်မှာနောက်ထပ်အိမ်ထောင်ပြုပြီး
လွတ်လပ်စွာဖြင့်နေထိုင်ခဲ့ရပုံဖြစ်ပါသည်။
ရုပ်ရှင်။
၁၈၆၅ မှ ၁၈၉၆ ကြား ၁၇၉၉-၁၈၁၅ နပိုလီယန်စစ်ပွဲများအပြီးကာလရုရှမိသားစု၎စု၏ဘ၀ကိုရိုက်ကူး
ထားသည်။၁၈၆၈ခုနှစ်တွင်အဆိုပါရုပ်ရှင်ကားကြီးသည်အော်စကာဆုချိတ်ခဲ့သည်။
မှတ်ချက်။ ။War and Peace ၀တ္ထုကြီးသည်မူရင်းအားဖြင့် ရုရှဘာသာနှင့်ပြင်သစ်ဘာသာ
ရေးသားထားသည်။ရုရှနှင့်ပြင်သစ်စစ်ပွဲအကြောင်းဖြစ်၍ပြင်သစ်နှင့်ပတ်သက်သောအကြောင်းအရာ
များကိုပြင်သစ်ဘာသာ၊ရုရှနှင့်ပတ်သက်သည့်များကိုရုရှဘာသာဖြင့် Tolstoy ကရေးသားခဲ့ခြင်းဖြစ်သည်။
သူ့ဝတ္ထုကြီးကိုပြင်သစ်ဘာသာဖြင့်ဘာသာပြန်ထုတ်ဝေခဲ့ရာရုရှဘာသာများကိုပြင်သစ်လိုပြန်ဆိုခဲ့ကြ
ပြီးပြင်သစ်လိုရေးသားထားသောစာရေးဆရာ၏မူရင်းလက်ရာကိုမပြင်ဆင်ပဲစာလုံးစောင်းဖြင့်ရိုက်နှိတ်
ထုတ်ဝေခဲ့ကြပါသည်။အင်္ဂလိပ်ဘာသာ၊ဂျာမန်ဘာသာ၊ပြင်သစ်ဘာသာစသည်ဖြင့်ဘာသာပေါင်းစုံအောင်
ရေးသားထုတ်ဝေခဲ့ကြရသည်။မြန်မာဘာသာအဖြစ်စာရေးဆရာကြီးမြသန်းတင့်က “စစ်နှင့်ညိမ်းချမ်းရေး”
ဟူ၍ဘာသာပြန်ထုတ်ခဲ့ရာအောင်မြင်သောစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါသည်။

Wednesday, September 9, 2009

The Diary of a Young Girl - ဂျူနီယာဝင်း

READING FOR PLEASURE
ပျှော်ဖို့အတွက်သာစာဖတ်ကြပါစို့။
The Diary of a Young Girl
Anne Frank
1929-1945
Nationality- Dutch
First Published – 1947





Anne Frank (အန်ဖရင့်) သည်ဂျူးလူမျိုးမိန်းခလေးငယ်လေးဖြစ်ကာသူ့အသက်၁၃နှစ်မွေးနေ့မှာ
လက်ဆောင်ရခဲ့သောဒိုင်ယာရီလေးမှအစပြု၍စတင်ကာနေ့စဉ်မှတ်တမ်းရေးသားခဲ့လေသည်။စစ
ချင်းမှာသူရေးခဲ့တာက“၁၉၄၀ခုနှစ်မေလမှာကောင်းမွန်တဲ့နေ့သစ်တွေနည်းသထက်နည်းပါးပြီး
တဖြေးဖြေးအဝေးကိုရောက်သွားတယ်..။”ဟုရေးသားခဲ့ကာဥရောပမှာဂျူးလူမျိုးများအနှိတ်စက်
အနိမ်ခံဘ၀များနှင်ဟစ်တလာလက်အောက်အတွင်းအကျဉ်းစခန်းဘ၀များပါဝင်လေသည်။သူ့ဒိုင်
ယာရီလေးစတင်ရေးသားခဲ့သည်မှအစပြုလို့တလပြီးတလအခြေအနေဆိုးဝါးသထက်ဆိုးဝါးလာပါသည်။
အန်….။သူနှင့်သူ့မိသားစု၎ယောက်လှို့ဝှက်သောသူ့ဖခင်၏ရုံးခန်းထဲကအခန်းတစ်ခုမှာ၂နှစ်ကြာ
ခိုလှူံခဲ့ရသည်။
အန်၏ဒိုင်ယာရီလေးသည်ဆယ်ကျော်သက်ရွယ်တစ်ဦး၏သာမန်ရေးသားမူမျိုးမျှသာဖြစ်ကာအကြောင်း
အရာအမျူိးမျိုးပါဝင်ပါသည်။သူ့မိခင်အပေါ်ညီမများကိုပိုဂရုစိုက်မူကိုမနာလိုမူများ၊ခံပြင်းဒေါသထွက်
မူများ၊အသက်အရွယ်မနူးမနပ်အရွယ်ကလေး၏စိတ်လှူပ်ရှားမူများပါဝင်သည်။သူ၏ကိုယ်ပိုင်လွတ်လပ်
ခွင့်ချို့တဲ့မူများကိုခံစားရင်းသာမန်မဟုတ်သည့်စိတ်မတည်ညိမ်မူများကိုနားလည်လာရပါသည်။အစား
အသောက်ဆင်းရဲမူများ၊လွတ်လပ်မူဆုံးရူးံမူများ၊လေကောင်းလေသန့်နှင့်နေအလင်းရောင်မရရှိမူများ၊
စသည်ဖြင့်ရှိရှိသမျှသောဘာမဆိုကြောက်ရွံ့နေရမူများကိုတွေ့လိုက်ရပါသည်။သို့ပါသော်လည်း
တခါတရံတွင်စိတ်ညစ်နေသည့်ကြားထဲမှမျှော်လင့်ချက်နှင့်ပျှော်ရွှင်မူကိုအဆုံးရူံးမခံပဲနေထိုင်ခဲ့သည်
ကိုတွေ့ရပါသည်။
အန် သည်သူစာစရေးတိုင်း “ချစ်သော ကစ်တီ” ဟုအစချီလေ့ရှိပါသည်။သူနှင့်အရင်းနှီးဆုံးသူငယ်ချင်း
ဆီရေးသားနေသည့်ပုံစံဖြစ်သည်။သူရေးသောစာများသြဂုတ်လ ၁ ရက်နေ့ ၁၉၄၄ တွင်အဆုံးသတ်
သွားသည်။သူ့ဖခင်တို့ပုန်းအောင်းနေသောနေ၇ာကိုနာဇီများတွေ့ရှိပြီးအားလုံးအဖမ်းခံလိုက်ရကာတစ်နှစ်
အကြာတွင်နာဇီအကျဉ်းစခန်းBergen-Belsenတွင်တိုက်ဖိုက်ရောဂါဖြင့်ကွယ်လွန်သွားသည်ဟုသာ
ဝမ်းနည်းဖွယ် သူ့ဇာတ်သိမ်းကိုသိရှိလိုက်ရပါတော့သည်။ပုန်းအောင်းနေသူများထဲမှအသက်ရှင်ကျန်ရစ်
ခဲ့သူ အန် ၏ဖခင် အိုတို ကသမီးဖြစ်သူ၏ဒိုင်ယာရီကိုတွေ့ရှိခဲ့ကာထုတ်ဝေခဲ့ပါသည်။
အန်ဖရင့် ဒိုင်ယာရီ-နေ့စဉ်မှတ်တမ်း သည်ကမ္ဘာ့အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။လှပသောအရေး
အသား၊ ရိုးသားဖြူစင်သည့် ဂျူးလူမျိုးပေါင်းသန်းချီသောသူများ၏အသံများ၊ နာဇီဟစ်တလာ
လက်အောက်မှာသေဆုံးသွားကြရသူများ၏အသံများကိုကြားလိုက်ရပါတော့သည်။
မှတ်ချက်။ ။ဆယ်ကျော်သက်ကလေးငယ်မလေး အန်ဖရင့် သည်ဒုတိယကမ္ဘာစစ်အတွင်းက Holocaust
မြို့၌ရန်သူများလက်ထဲ၌ပုန်းအောင်းနေရင်းမှစစ်ဒိုင်ယာရီကိုရေးသားခဲ့သည်။သူ၏လှူပ်ရှားနေသောပုံရိပ်
များပါသည့်နေ့စဉ်မှတ်တမ်းတွင်ဒုတိယကမ္ဘာစစ်(၁၉၃၉-၄၅)အတွင်းသေဆုံးသွားကြသူများအကြောင်း
ပါဝင်သည်။အန်မိသားစုသည်ဂျူးလူမျိုးများဖြစ်ကာနာဇီများ၏သတ်ဖြတ်မူကိုရှောင်တိမ်းဖို့ဂျာမနီမှ၏
ထွက်ပြေးခဲ့ကြရသည်။သူတို့နယ်သာလန်သို့ရောက်ချိန် ၁၉၄၀ တွင်ဂျာမနီကကျူးကျော်ပြန်ရာ
တဖန်ထပ်၍အန္တရယ်ကြုံကြရသည်။အန်၊သူ့အမ၊မိဘများနှင့်မိတ်ဆွေလေးဦးသားရုံးအဆောက်အဦ
ကြီးတစ်ခု၏လျို့ဝှက်ခန်းတစ်ခုတွင်ပုန်းအောင်းနေခဲ့ရ၏။အန်သည်၁၉၄၄ တိုင်အောင်နေ့စဉ်မှတ်တမ်း
တွင်တွေ့ကြုံခဲ့ရသည်များ၊သူ့စိတ်ထဲရှိတာများရေးသားခဲ့သည်။ထိုသို့ရေးသားခဲ့သည်မှာသူ့မိသားစု
နှင့်အားလုံးကိုတွေ့သွားခါဖမ်းဆီးခံသွားရသည်အထိဖြစ်သည်။
အန်သည်၁၉၄၅တွင်အကျဉ်းစခန်း၌သေဆုံးခဲ့သည်။သူ့ဖခင်သည်အသက်ရှင်ခဲ့ကာစစ်အပြီးတွင်
သူ့ဒိုင်ယာရီကိုထုတ်ဝေခဲ့သည်။

Friday, September 4, 2009

501 Must Read Books

501 Must Read Books ဖတ်ကိုဖတ်ရမယ့်စာအုပ် ၅၀၁ အုပ် ဟုအမည်ပေးထားတဲ့စာအုပ်တစ်အုပ်ကို

ပေါ်ပြူလာစာအုပ်ဆိုင်ကနေ ၂၃၆၀၀ကျပ်နှင့်ဝယ်လာခဲ့သည်။


ယခုတော့အင်္ဂလိပ်စာအုပ်တချို့ကိုမြန်မာငွေနဲ့ဝယ်လို့ရနေတဲ့ဆိုင်တွေရှိလာသည်။

Myanmar Books Centre , Popular Books Shop, Innwa Books Shop နှင့် Pyizon Books Shop

တွေဖြစ်သည်။တန်ဖိုးကြီးစာအုပ်တွေဖြစ်ပြီးဈေးနှူန်းအားဖြင့်မူရင်းတန်ဖိုးအတိုင်းမြန်မာငွေနှင့်

တွက်ချက်ကာရောင်းချသောစာအုပ်တွေဖြစ်ပါသည်။ဒေါ်လာငွေနှင့်မြန်မာငွေဈေးကိုတွက်ချက်

ရောင်းချခြင်းဖြစ်၍နိုင်ငံခြားမှာဝယ်သည့်ဈေးနှူန်းအတိုင်းမြန်မာငွေနှင့်ဝယ်ယူလို့ရနေသည့်

သဘောဖြစ်သည်။

နိုင်ငံခြားကိုသွားပြီးစာအုပ်ရှော့ပင်ထွက်ဖို့အဆင်မပြေတဲ့သူတွေအတွက်တော့ဝယ်ပျော်ပါတယ်လေ။

501 Must Read Books

ဖတ်ကိုဖတ်ရမယ့်စာအုပ် ၅၁၀ အုပ်

ထိုစာအုပ်ထဲတွင်ဟိုးရှေးကဖတ်ခဲ့ဖူးသောစာအုပ်များကိုပြန်တွေ့ရသည်မှာစိတ်လှူပ်ရှားစရာကောင်း

လှသည်။ကိုယ်ဖတ်ပြီးသောစာအုပ်များကိုတွေ့တော့ဖတ်ပြီးသားဟုကျေနပ်မိသည်။

စာအုပ်များကိုရေးသားပုံမှာစာရေးဆရာအကြာင်းနှင့်ရွေးထုတ်ထားသောစာအုပ်အကြောင်းကို

မိတ်ဆက်ပေးကာစိတ်ဝင်စားစွာဖတ်သင့်သည့်အကြောင်းရှင်းပြချက်ဖြစ်သည်။

ပြန်လည်ဖတ်ချင်လျှင်ပြန်ဖတ်ချင်စိတ်တွေပေါ်လာစေသည်။ပြန်မဖတ်နိုင်လည်းဇာတ်လမ်းတွေပြန်

မှတ်မိကာကျေနပ်စရာဖြစ်ရသည်။အသစ်သောစာအုပ်တွေကျတော့ရှာဖတ်ချင်စိတ်တွေဖြစ်လာရသည်။

ကိုယ့်စိတ်ကြိုက်တွေထဲက ဂျူနီယာဝင်း ဘာသာပြန်ဖူးသည့် လူးဝစ်ကာရိုးလ် ၏

အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ Alice in Wonderland စာအုပ်အကြောင်းကိုဤစာအုပ်ထဲမှာ

ဘယ်လိုများရေးသားထားပါလိမ့်ဟုသိချင်မိသည်။ထိုစာအုပ်ထဲရေးသားပုံကိုတင်ပြပေးလိုက်ပါသည်။

အဲလစ်၏အံ့ဖွယ်ကမ္ဘာထဲကစွန့်စားခန်းများ(Alice’Adventures in Wonderland)

အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ(Alice in Wonderland) ဟုလူသိများသည့်စာအုပ်တစ်အုပ်ဖြစ်သည်။

မိန်းခလေးငယ်တစ်ဦးယုန်တွင်းထဲသို့ကျသွားရာမှစွန့်စားခန်းများတွေ့ရပုံဖြစ်ပါသည်။

သူတွေ့ခဲ့ရသည်များကားအစမှအဆုံးတိုင်ထူးဆန်းပါပေ့ ဆန်းပါပေ့တွေဖြစ်ပါသည်။

ဆေးတွေမှူတ်ထုတ်နေသောခူကောင်ကြီး၊ ငြုတ်ကောင်းမူန့်တွေကလေးကိုတိုက်ကျွေးနေ

သောမြို့စားကတော်၊ အဲသည်ကလေးကောင်လေးကနောက်တော့ဝက်ကလေးဖြစ်သွား၊

ပြုံးနေသောပါးစပ်ကြီးသာကျန်တော့အောင်တဖြေးဖြေးပျောက်သွားသည့်ကြောင်ကလေး၊

ဦးထုတ်ရောင်းသူ၊ ယုန်ကလေးမတ်ခ်ျ၊ ဒိုဒိုကြွက်ကလေး၊ ဂရီဖုန်း၊လိပ်ငပြောင်လေး နှင့်ဒိုဒိုငှက်

အပါအ၀င် တခြားသောအကောင်ငယ်တွေများစွာဖြစ်သည်။

အဲလစ်ကဆေးရည်တွေသောက်၊ကိတ်မုန့်ကလေးတွေစားကာအရွယ်အစားအမျိုးမျိုးပြောင်းသွား

သည်။ထို့နောက်မပြီးဆုံးနိုင်သည့်လက်ဘက်ရည်ပါတီသို့လည်းတက်ရောက်ခဲ့သည်။ခရိုးကတ်

ကစားနည်းထဲလည်းဝင်ကစားလိုက်သေးသည်။ဖလန်မင်ဂိုငှက်ကြီးကိုခရိုးကတ်ရိုက်တံအဖြစ်ထိန်း

သိမ်းရခက်လှစွာကိုင်ရင်းအသည်းနှလုံးစစ်သားကလေးတွေ၏ရှေ့မှာကစားရင်းဘုရင်မကြီး၏

“သူ့ခေါင်းကိုဖြတ်”ဟူသောအမိန့်ပေးအော်သံကြီးကိုလည်းကြောက်နေရသည်။

ထိုဇာတ်လမ်း၏မူရင်းမှာ လီဒယ်ညီအမများကိုပုံပြောပြရာမှစတင်ခဲ့သည်ဟုဆိုပါသည်။အဲလစ်က

လီဒယ်ညီအမတွေထဲကအလတ်ဖြစ်ကာအပြင်းထူမလေးဖြစ်သည်။စာရေးဆရာက

ကလေးငယ်လေးတွေရဲ့စိတ်ကူးတွေကမနားတမ်းသွားလာနေသည်ဆိုတာကိုသိသည်။ယင်းကို

စာရေးဆရာကရယ်သွမ်းသွေးစရာစိတ်ကူးများဖြင့်ပုံဖော်လိုက်သည်။သူရေးဖွဲ့လိုက်သည်များထဲတွင်

“မိချောင်းကြီးဘယ်လိုဖြစ်….”“အသင်အိုပြီ..၀ီလျှံဖခင်…”နှင့်“ကြွက်ကလေးအမြှီးပုံပြင်”စသည့်

ကဗျာတိုအစများ၊ပဟေဌိများပါရှိကာကျောင်းသင်ခန်းစာများကိုရယ်သွမ်းသွေးလှောင်ပြောင်ထားသည်များ

ပါဝင်သည်။ထိုမှအဆက် Through the Looking Glass ဟုခေါ်တွင်သောအဲလစ်စွန့်စားခန်းထဲတွင်လည်း

ပုတက်တုတ်ခိုင်သည့်အမွှာညီအကို၊တွီဒယ်ဒန်နှင့်တွီဒယ်ဒီတို့ကဲ့သို့ပို၍ထူးဆန်းသော၊ပို၍ရူးသွပ်နေသော

သတ္တ၀ါတွေပိုမိုပါဝင်နေလေသည်။လိပ်ငပြောင်ကလေးကဲ့သို့သော…အစရှိသောအရင်ကဇာတ်ကောင်တွေက

အခုတော့ခေတ်နောက်ကျသွားမည်ဖြစ်သောလည်းကလေးငယ်လေးတွေ၏ပုံပြင်စာအုပ်တွေထဲမှာတော့

ဟောသည် အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ စာအုပ်လေးကသေချာပေါက်ရှိနေဦးမည်ဖြစ်ပါသည်။

အခုဆိုရင်အဲသည်စာအုပ်လေးသည်ပထမဦးဆုံးပုံနှိတ်ဖော်ပြခဲ့သည်မှဆိုလျှင်နှစ်ပေါင်း ၁၅၀ တောင်ရှိနေ

ပြီဖြစ်ပါသည်။

ပုံ…။ ဂျွန်တယ်နရယ်၏မူရင်းလက်ရာ အဲလစ်နှင့် တွီဒယ်ဒန်နှင့်တွီဒယ်ဒီ "

--------------------------------------------------------------------------------------------------------------------

501 Must Read Books ပြီးတော့ 1001 Must Read Books Before You Die (မသေခင်ဖတ်ကိုဖတ်သွားရ

မည့်စာအုပ် ၁၀၀၁ အုပ်) ဟူသောစာအုပ်ကိုတွေ့ပြန်သည်။ မသေခင်ဖတ်သွားရမည့်… ဟူသောအသုံးက

ကြောက်စရာ။အသက်ရှင်နေစဉ်မှာစာကိုဖတ်ကိုဖတ်ရမည်ဟူသောသဘောသက်ရောက်နေသည်။စာဖတ်သည့်

အချိန်ကိုပေးကိုပေးရမည်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ..အားလုံးမဖတ်နိုင်သေးလဲအဲသည်အမြည်းကလေးတွေဖတ်ပြီး ဖတ်ပြီးသလိုခံစားလိုက်

ရလဲမနည်းဘူးဟုတွေးရမည်ဖြစ်ပါသည်။

မှတ်ချက်များ။

ဖတ်ကိုဖတ်ရမည့်မြန်မာစာအုပ် ၁၀၀ရှိခဲ့ဖူးသည်။မောင်ခင်မင်က

အဲသည်စာအုပ်၁၀၀ဖတ်ပြီးရင်တော့မြန်မာ့စာပေကိုသိသင့်သလောက်သိပြီဟုဆိုထားသည့်

ဆောင်းပါးတစ်ပုဒ်နှင့်စာအုပ်၁၀၀စာရင်းကိုဟိုးတုန်းကတွေ့ဖူးခဲ့သည်။ဒါဆိုမြန်မာ

မှာလည်းဒီလိုစိတ်ကူးမျိုးပေါ်ခဲ့တာကြာပြီပေါ့။ခေတ်မှီတယ်လို့ဆိုရမှာပေါ့နော့်။