Tuesday, November 18, 2014

ရုပ်ရှင်ကြည့်ရင်းဖြင့် ခံစားရသောစာဖတ်ရသည့်အရသာ ဂျူနီယာဝင်း



ရုပ်ရှင်ကြည့်ရင်းဖြင့် ခံစားရသောစာဖတ်ရသည့်အရသာ  ဂျူနီယာဝင်း
ရုပ်ရှင်ကြည့်ရင်းဖြင့် ခံစားရသောစာဖတ်ရသည့်အရသာ

(အမှတ် ၂၄၈၊ အတွေးအမြင်)

Elizabeth Gaskell(၁၈၁ဝ-၁၈၆၅) ၏ ၁၈၅၁ ခုနှစ်မှစတင်ကာ အခန်းဆက်ရေးသားခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ လုံးချင်းထွက်ရှိခဲ့သော ‘Cranford’ ဟု အမည်ပေးထားသည့် ဝတ္ထုကြီးကို BBC DVD က ၂ဝဝရ မှာ ရုပ်ရှင်ရိုက်ခဲ့တယ်။ အဲဒီရုပ်ရှင်ကို ကြည့်ပြီး ခေတ်တစ် ခေတ်ကို တွေ့မြင်ခွင့်ရလိုက်တယ်။ အခု အဲဒီအကြောင်းကို မရေးခင်မှာ Cranfordအကြောင်းသိထားမှ ဖြစ်မယ်လို့ ယူဆမိတယ်။

Cranford မူရင်းဝတ္ထုကြီးဟာ အပိုင်းသုံးပိုင်း ရေးထားတာဖြစ်ပြီး အတော်ရှည်လျားတယ်။ အခု DVD ခွေမှာတောင် လေးခွေ အပြည့်ရိုက်ထားတာသာ ကြည့်ပေါ့။ Cranford ဒီဗီဒီအခွေရဲ့ အဖုံးကို ကြည့်လိုက်ရင် အဘွားကြီးပုံများနဲ့ တန်ဆာဆင်ထားတာဖြစ်လို့ ခေတ်ကို အမီလိုက်နေတဲ့ လူငယ်ပိုင်းများဟာ ဘယ်လိုမှ စိတ်ဝင်စားစရာ မရှိနိုင်ဘူး။ ခေတ်မီတဲ့ လက်နက်ဆန်းများမှ အထင်ကြီးသူများ ကြိုက်မှာလည်း မဟုတ်ဘူး။ နာမည်ကြီးမင်းသားမင်းသမီးတွေလည်း မပါဘူး။ ကိုယ်တောင်မှ သူငယ်ချင်းက လက်ဆောင်ပေးလို့ ကြည့်ဖြစ် တာလေ။ ဒီလို စိတ်မဝင်စားတာကို သူများကို အပြစ်မတင်ရဲပါဘူး။ ကိုယ်လည်း အတူတူနေမှာမို့ပဲ။ သို့သော် ကြည့်မိတဲ့အခါမှာ ထူးခြားတဲ့ ဆွဲဆောင်မှုကို ခံစားလိုက်ရတယ်။

အရင်ဦးစွာ ‘Cranford’ ဆိုတဲ့ အကြောင်းကို ရှင်းပြပါ့မယ်။ Cranford ဆိုတာ Elizabeth Gaskellကောင်းကောင်းကြီး ရင်းနှီးခဲ့တဲ့ အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက်က Knutsford မှာ တည်ရှိသော စိတ်ကူးယဉ်နယ်မြေ ကလေးတစ်ခုပါတဲ့။ ဒီအမည်ကို ဝတ္ထုခေါင်းစဉ်အဖြစ်ယူထားပြီး အဲဒီဒေသမှာ နေထိုင်တဲ့ အမိုျးသမီးကြီး ညီအစ်မနှစ်ဖော် Miss Matty နှင့် Miss Deborah တို့ရဲ့ ဘဝ များကို အခြေခံကာ ရေးသားထားပါတယ်။ သူတို့နှစ်ဦးရဲ့ မိတ်ဆွေအမိုျးသမီးလေး Miss Smithဟာလည်း ဝတ္ထုဇာတ်လမ်းထဲမှာ အရေးပါ တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဝတ္ထုကြီးတစ်ခုလုံးကို Marry Smith ဆိုတဲ့ မိန်းကလေးက နောက်ခံစကားပြောအဖြစ် တစ်ခါတစ်ရံ ဝင်ပြော ပါတယ်။ ဝတ္ထုရဲ့ ခုနှစ်ဟာ ၁၈၄၂ ခုနှစ်ဖြစ်ပြီး စိတ်ကူးယဉ်မြို့ကလေး Cranford မှာ အလယ်အလတ်တန်းစား မုဆိုးမများ၊ တစ်ကိုယ် တည်း အမိုျးသမီးများ နေထိုင်ကြီးစိုးကြတဲ့ခေတ်တစ်ခုကို ပုံဖော်ထားပါတယ်။ အဲဒီအမိုျးသမီးများဟာ ရှေးရိုးအစဉ်အလာလမ်းစဉ်ကို အလွန် တရာမှ ထိန်းသိမ်းကြကာ သူတို့တစ်တွေရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်လုပ်ဆောင်မှုများဟာ အလွန်ယဉ်ကျေးလိမ္မာပါးနပ်ကြပါတယ်။

အဓိက အမိုျးသမီးဇာတ်ဆောင်များတွေထဲမှာ အဓိက အမိုျးသားဇာတ်ကောင်ကတော့ အဲသည် Cranfordကို အသစ်ရောက်လာတဲ့ ဒေါက်တာ Frank Harrison ဖြစ်ပါတယ်။ သူဟာ အပိုျကြီး အဘွားကြီး ညီအစ်မနှစ်ဖော် Miss Mary, Miss Deborah နှင့်အတူ သူတို့အိမ်မှာ အတူနေထိုင်တဲ့ ဧည့်သည် မိန်းကလေး Marry Smith နဲ့ တွေ့ဆုံခဲ့ရတယ်။ ဒါအပြင် မြို့ကလေးရဲ့ အတင်းအဖျင်းရေးရာမှာ ဦးဆောင်သူ Octivia Pole, Tomkinson ညီအစ်မများ၊ ဆရာဝန်ရဲ့ အိမ်မှာ လုပ်ပေးသူ Mrs Rose စသည် စသည် များပြားလှတဲ့ အမိုျးသမီးဇာတ်ဆောင်များစွာနဲ့ တွေ့ဆုံခဲ့ရတယ်။ ထို့အပြင် စစ်အရာရှိ Gordon ကိုလည်း အဲသည်ဒေသက ရှားပါးလှတဲ့ အမိုျးသား တွေထဲက တစ်ဦးအဖြစ် တွေ့ကြရပါတယ်။

အဲသည်လို အဖြစ်အပျက်များထဲမှာပဲ ရှေးအယူအဆများနဲ့ ခေတ်မီလာတဲ့ ဆေးပညာလွန်ဆွဲပွဲထဲက ရှေးဖက်ရှင်ဟောင်း ဆရာဝန်ကြီး ဒေါက်တာ Morgan ကိုလည်း တွေ့ရတယ်။ သူနဲ့သူ့ လုပ်ဖော်ကိုင်ဖက်အဖြစ် ရောက်လာတဲ့ ဆရာဝန်လေး ဒေါက်တာ Harrison ရဲ့ ခေတ်သစ်ဆေးပညာ အတွေးအခေါ်များဟာလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ နောက်အမိုျးသားဇာတ်ရုပ်ဖြစ်တဲ့Edmond Carter ဟာ မြို့မျက်နှာဖုံးအမိုျးသမီးကြီး Ludlow ရဲ့ မြေဆိုင်ရာ အေးဂျင့်တစ်ဦးပါ။ အဲသည်ဒေသရဲ့ ရှေးရိုးစွဲ အယူအဆတစ်ခုဖြစ်တဲ့ ပညာဆိုတာ အဆင့်နိမ့်တွေနဲ့ မသက်ဆိုင်ဘူး။ အလုပ်သမားလူတန်းစားအတွက် ပညာတတ်စရာမလို ပါဘူးဆိုတဲ့ အယူအဆကို ပယ်ဖျက်ဖို့ကြိုးစားရင်း လွတ်လပ်တဲ့ ပညာရေးစနစ်ကို တည်ထောင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ အဲသည်ထဲမှာ အလုပ်သမားလူတန်းစားတစ်ဦးရဲ့ ဆယ်နှစ် အရွယ်သား Harry Grefsonတစ်ယောက်ကတော့ Edmond Carte ရဲ့ အရေးအဖတ်သင်ပေးတာကို တိတ်တဆိတ်ရယူနေသူတစ်ဦး ဖြစ်ပါတယ်။

အဲသည် အသက်ဆယ်နှစ်သား ကလေး Harry Gregson ရဲ့ မွေးနေ့မှာ အဖေလုပ်သူက တောလိုက်ရင်း စီးဖို့ တောဘွတ်ဖိနပ် လက်ဆောင်ပေးတယ်။ ကလေးက ဖိနပ်ရလို့ ပျော်တယ်။ ဖိနပ်ကို ထုပ်ပိုးထားတဲ့ စာရွက်ပေါ်က James ဆိုတဲ့ စာလုံးလေးပေါင်းပြီး အော် ဖတ်ပြတော့ အဖေလုပ်သူက စိတ်ဆိုးပြီး မင်းနောက်တစ်ခါ စာလုံးတွေ သင်တယ်၊ ဖတ်တယ်ကြားရင် သေအောင်ရိုက်မယ်လို့ ပြောပြီး သွား ယုန်ဖမ်းချေဆိုပြီး ဘွတ်ဖိနပ်ကို ကောင်ကလေးပေါ် ပစ်ပေးလိုက်တယ်။ ပညာသင်တာကို လူမှုအဖွဲ့အစည်းအရ တားမြစ်ထားတာကထားတော့ မိဘကတောင် ပညာသင်တာကို အားမပေးဘူး။ ပညာတတ်သွားရင်၊ စာတတ်သွားရင် ကလေးက ယုန်ဖမ်းတော့မှာ မဟုတ်ဘူး။ အမဲလိုက် တော့မှာ မဟုတ်ဘူး။ သူ့စကားနားထောင်တော့မှာ မဟုတ်ဘူး။ အဲသည်လို အတွေးမိုျး ဖခင်ဖြစ်သူမှာ ရှိနေတယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ပေါ့။

အဲဒီလို ရှေးရိုးဆန်တဲ့ စိတ်ကူးတွေ၊ ယုံကြည်ချက်တွေ၊ မိရိုးဖလာယဉ်ကျေးမှုကို ဆုပ်ကိုင်ကာ နေထိုင်လျက်ရှိတဲ့ Cranford ဆိုတဲ့ ဒေသက လူ့အဖွဲ့အစည်းလေးဟာ သူ့ဟာနဲ့သူ သိုသိုသိပ်သိပ်၊ အေးအေးဆေးဆေးနေထိုင်လျက် ရှိကြပါတယ်။ ပြောရမယ်ဆိုရင် ဘယ်သူ့ကိုမှ လည်း ဒုက္ခမပေးဘူး။ ရှေးရိုးဆန်အမိုျးသမီးကြီးများ၊ အသစ်ရောက်လာတဲ့ ဆရာဝန် ဒေါက်တာ Harrison ကို မိန်းမသဘာဝ တစ်ဖက်သတ် စိတ်ကူးယဉ် စွဲလမ်းနေတဲ့ အပိုျပေါက်ကလေးများ၊ ဒေါက်တာ Harrison ဟာလည်း သူ့စိတ်ကူးထဲက မိန်းကလေးအပေါ် ဂရုတစိုက်ရှိခဲ့ရုံ မက တခြားသောသူ့ကို စိတ်ကစားနေတဲ့ အမိုျးသမီးလေးတွေကိုလည်း ဂရုစိုက်မိလို့ အထင်အမြင် လွဲခဲ့ရကာ ဃမညေ်သမိ က လက်မခံနိုင်တဲ့ လူတစ်ယောက်အဖြစ် မောင်းထုတ်ခံရပုံများဟာ အေးဆေးတည်ငြိမ်နေတဲ့ လူ့အဖွဲ့အစည်းလေးကို လှုပ်ခပ်လိုက်တဲ့ ရေပွက်များပမာ ဖြစ်ခဲ့ရပါ တယ်။

အဲသည်လို အခြေအနေတွေကြားများမှာ Cranford ကို ရောက်ရှိလာတဲ့ ဒေသဆိုင်ရာ တာဝန်ခံ Charles Maulver ဟာ မီးရထား သံလမ်း ကုမ္ပဏီဒါရိုက်တာဖြစ်နေပုံနဲ့ သူရဲ့ခေတ်မီတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ Cranford ဒေသလေးကို အသုံးချထိခိုက်ခဲ့ပုံ များဟာ စက်မှုတော်လှန်ရေးခေတ်ကို ကူးပြောင်းခံရတော့မယ့် ဒေသတစ်ခုရဲ့ အခြေအနေတစ်ရပ်ကို မြင်တွေ့ခွင့် ရလိုက်မှာ ဖြစ်ပါတော့ တယ်။

ဒီတော့ ဇာတ်လမ်းကို အကျယ်မချဲ့တော့ဘဲ လိုရင်းကို ဆိုရရင် Cranford ဆိုတဲ့ ရှေးဒေသတစ်ခုမှာ နေထိုင်နေကြတဲ့ ရှေးဆန်တဲ့ အမိုျးသမီးကြီးများရဲ့ စည်းကမ်းစည်းစနစ်ကြီးမားစွာ၊ အယူသည်းမှုများစွာနဲ့ သူတို့ရဲ့ အေးဆေးတည်ငြိမ်ပြီး ရိုးစင်းလှတဲ့ လူနေမှုစနစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘဝတွေကို ဖော်ပြခြင်းဖြစ်တယ်။ ဇာတ်အိမ်ဟာ ရှေးအဘွားကြီး ညီအစ်မနှစ်ယောက်ရဲ့ ရှေးဆန်တဲ့အနေအထိုင်များ၊ အဲသည်ကနေ ခေတ်မီဖို့ကြိုးစားနေကြတဲ့ လူနေမှုစနစ်တွေ၊ စက်မှုတော်လှန်ရေးခေတ်ကို ခြေလှမ်းလှမ်းတော့မယ့် အရိပ်အယောင်များနဲ့ မိမိ တို့ရဲ့ ရှေးရိုးရာလူနေမှုစနစ်ကို အဖျက်ဆီးမခံချင်ရှာတဲ့ ခံစားမှုများကိုမြင်တွေ့ကြရတယ်။ လွမ်းစရာတွေ၊ မျက်ရည်ကျစရာတွေ၊ စိတ်မကောင်း ဖြစ်စရာတွေ ရောြွပမ်းလို့ ကြည်နူးစရာတော့ မနည်းရှာပြီး စိတ်ကျေနပ်ရတဲ့သဘောပေါ့။

သည်တော့ ဇာတ်လမ်းအားဖြင့်လည်း လူစိတ်ဝင်စားစရာမရှိသော်လည်း အဆင့်အတန်းမြင့်တဲ့ ဇာတ်ရုပ်များနဲ့ တည်ဆောက်ထားကာ အင်္ဂလိပ်အမိုျးသမီး စာရေးဆရာတစ်ဦး၏ ဝတ္ထုကြီးကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားခြင်းဖြစ်လို့ ဝတ္ထုကြီးကို မဖတ်နိုင်ရင်တောင်မှ ဒီဗွီဒီရုပ်ရှင် ကြည့်ပြီးစာဖတ်ရတဲ့အရသာကို ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

(အမှတ် ၂၄၈၊ အတွေးအမြင်)






Sunday, November 9, 2014

စီးပွားရေးအမြင်နှင့်ရိုးရာအစဉ်အလာအမြင် ဂျူနီယာဝင်း



စီးပွားရေးအမြင်နှင့်ရိုးရာအစဉ်အလာအမြင်  ဂျူနီယာဝင်း







(အမှတ်၂၅၂ အတွေးအမြင်)






ကျွန်မအဘွားကပြောပါသည်။“ဘယ်နေ့ဘယ်ရက်မှာမွေးတာလဲဆိုတာမသိတဲ့ဗမာလူမိူျးအဖြစ်ရပ်တည်ဖို့ဆိုတာမဖြစ်နို်င်“တဲ့။ဒါကိုသိမထားရင်ဘယ်ရက်ကဆံပင်ညှပ်ရမည်၊ခေါင်းလျော်ရမည်ဆိုတာတောင်သိမှာမဟုတ်၊မေမေကြီးကစာရေးဆရာ“ရွှေရိုး“၏“မွေးနေ့သောကြာ၊တနင်္လာ၊ဆံညှပ်ကေသာမပြုရ“ဟူသောရေးသားချက်ကိုပါဆွဲယူရှင်းပြခဲ့ပါသည်။မြန်မာလူမိူျးများ၏အယူအဆမှာ“မွေးနေ့ဆိုတာရက်သတ္တပတ်၏ကိုယ်မွေးဖွားသောနေ့ကိုဆိုလိုပါသည်။




ကျွန်မတို့အမွှာမောင်နှမ(မောင်ရစ်နဲ့ကျွန်မ)တို့ကတနေ့တည်းဖွားကြာသပတေးမွေးသူတွေဖြစ်သည်။သည်တော့ကြာသာပတေး၊သောကြာနှင့်တနင်္လာနေ့တွေသည်ခေါင်းလျော်ဖို့ဆံပင်ညှပ်ဖို့ကံမကောင်းသောနေ့ရက်များဖြစ်ပါသည်။




ယင်းသည်ရှေးရိုးရာအစဉ်အလာအားဖြင့်ယုံကြည်လာသောဗမာ့အလေ့အထတစ်ခုဖြစ်ပါသည်။ဒါကိုလိုက်နာလာတာကျွန်မတို့ကလေးဘဝကတည်းကဖြစ်ပါသည်။ကျွန်မသတိထားမိခဲ့သည်မှာတခိူျ့သောဆံပင်ညှပ်ဆိုင်များသည်တနင်္လာနေ့နှင့်သောကြာနေ့များတွင်ဆိုင်များပိတ်ပါသည်။လူအများစုသည်ထိုမိရိုးဖလာအစဉ်အလာများကိုဂရုတစိုက်လိုက်နာလိုကြပါသည်။




“ယနေ့ခေတ်“




တစ်နေ့မှာကျွန်မဆံပင်ညှပ်ဖို့စိတ်ကူးရပါသည်။ကျွန်မ၏ညီမတစ်ယောက်ကတနင်္လာနေ့သို့မဟုတ်သောကြာနေ့ကိုရွေးကာဆံပင်ညှပ်ခြင်းဖြင့်ပို်က်ဆံချွေတာရာရောက်သည်ဟုအကြံပေးပါသည်။ကျွန်မအစသူပြောတာနားမလည်ပါ။ကျွန်မတို့ကာလကြာရှည်စွာယုံကြည်လာခဲ့တာကထိုနေ့တွေသည်မြန်မာ့ရိုးရာအစဉ်အလာအရဆံပင်မညှပ်သင့်သောနေ့ရက်များဖြစ်ပါသည်။သူကဆက်ပြောသည်မှာဆံပင်ညှပ်ဆိုင်အခိူျ့သည်ထိုနေ့တွေမှာဆံပင်လာညှပ်သူများအားဈေးလျော့ပေးကြောင်း၊အကြောင်းမှာထိုနေ့တွေမှာဆံပင်ညှပ်ဆိုင်လာသူနည်းနေသောကြောင့်ဟုဆိုပါသည်။သည်တော့သူတို့ကတနင်္လာနေ့နှင့်သောကြာနေ့တွေမှာဆံပင်ညှပ်ခလျော့သည်ပေါ့။ထို့ကြောင့်ထိုနေ့တွေမှာအထူးသဖြင့်လာသူပိုများလာမည်။ဒါဈေးလျော့ပေးလို့ပေါ့။အံ့ဩစရာပဲ။




“နိဂုံး“




ယခုကျွန်မသဘောပေါက်သွားသည်မှာတခါတရံတနင်္လာနေ့နှင့်သောကြာနေ့တွေမှာဆံပင်ညှပ်ဆိုင်တစ်ခိူျ့ကြိတ်ကြိတ်တိုးနေတာကိုတွေ့ရခြင်းအကြောင်းရင်းဖြစ်ပါသည်။သည်တော့ပိုက်ဆံချွေတာသောအားဖြင့်ကျွန်မတို့၏ဗမာ့ရိုးရာအစဉ်အလာတစ်ခုကပျောက်ကွယ်သွားတော့မည်ဟုခံစားမိပါသည်။တစ်ခိူျ့လူငယ်လူရွယ်များသည်တနင်္လာနေ့နှင့်သောကြာနေ့များကိုဆံပင်ညှပ်ခလျော့ယူသောဆိုင်များရှိသောအသိကြောင့်စီးပွားရေးရူထောင့်ကကြည့်ပါကကံကောင်းသောနေ့များအဖြစ်မှတ်ယူထားကြတာကိုတွေ့မြင်လို်က်ရပါသည်။အထူးသဖြင့်ထိုနေ့တွေမှာဆံပင်ညှပ်ဆိုင်တွေကတော့ဆံပင်လာညှပ်သူတွေကောင်းကောင်းရလို်က်တာပဲပေါ့။သို့သော်ရှေးရိုးအစဉ်အလာရူထောင့်အမြင်ကကြည့်ရင်တော့ကျွန်မတို့၏ရိုးရာအစဉ်အလာယုံကြည်မူကားတဖြည်းဖြည်းမှေးမှိန်လာပြီဖြစ်ပါသတော့သည်။




(မှတ်ချက်။ကိုယ်တိုင်ဆံပင်သွားညှပ်တုန်းကဆံပင်ညှပ်ဆရာကမနက်ဖြန်ကျလာခဲ့ပါ။ဆံပင်ကောက်မယ်၊ဆံပင်ကိုကိုယ်ကြိုက်တဲ့အရောင်ဆိုးမယ်ဆိုရင်၂ဝရာခို်င်နှူန်းဒ်စ်ကောင့်ရှိသတဲ့။ဘာလို့လဲမေးမိတော့တနင်္လနေ့ဖြစ်လို့လို့ဆိုတာသိရတယ်။ကိုယ်တိုင်လက်တွေ့ကြုံခဲ့တုန်းကရေးဖြစ်ခဲ့တာပါ။သည်ဆောင်းပါးထဲကမရေးဖြစ််တဲ့အကြောင်းအရာများကျန်ခဲ့တယ်။တနင်္လာဆိုတာမြတ်စွာဘုရားတောထွက်တဲ့နေ့ဆံတော်ချတဲ့့နေ့၊သောကြာဆိုတာမြတ်စွာဘုရားဖွားမြင်တော်မူတဲ့နေ့များဖြစ်ပါတယ်လို့ကိုယ့်အဘိုးအဘွားမိဘများကအမေးရှိလို့အဖြေကြားနာဖူးပါတယ်။ဒီနေ့သည်ရက်များကိုဗုဒဘာသာဝင်မြန်မာလူမိူျးများကအလေးအနက်ထားပြီးဆံပင်မညှပ်ခေါင်းမရိတ်တဲ့နေ့များအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖြည့်ရေးလိုက်ပါတယ်။)










(အမှတ်၂၅၂ အတွေးအမြင်)












Friday, November 7, 2014

ပရိုမီးသီးရစ်အတွက်တာဝန်အသစ် ဂျူနီယာဝင်း


ပရိုမီးသီးရစ်အတွက်တာဝန်အသစ်  ဂျူနီယာဝင်း









(အတွေးအမြင် ၂၅၃၊ ၂ဝ၁၃ခုနှစ်ဧပြီလ)






ဂရိများ၏အဆိုအရဒဏာရီနတ်ဘုရားဇီးယုဇ်(Zeus)နတ်မင်းကြီးကိုဆန့်ကျင်ပြီးPrometheus(ပရိုမီးသီးရစ်)ကလူသားများအတွက်မီးကိုပေးခဲ့သည်။ထိုအဖြစ်ကြောင့်ပရိုမီးသီးရစ်သည်ဇီးယုဇ်နတ်မင်းကြီး၏ပြစ်ဒဏ်ကိုခံခဲ့ရသည်။ပရိုမီးသီးရပ်စ်သည်ဇီးယုဇ်နတ်မင်းကြီး၏ပြစ်ဒဏ်ကိုခံခဲ့ရသည်။ပရိုမီးသီးရစ်ကိုကျောက်တုံးမှာချည်နှောင်ထားကာသိမ်းငှက်(သို့မဟုတ်)လင်းတကြီးကသူ့ကိုအဆက်မပြတ်ထိုးဆိတ်စေလေသည်။ထိုအကြောင်းကိုကျွန်မအဘွားဆီကပုံပြင်တစ်ပုဒ်သဖွယ်နားထောင်ခဲ့ရသည်။မေမေကြီးကပြောထားတော့အဲသည်မီးဆိုတဲ့အရာဟာတကယ့်မီးစစ်စစ်ကိုပြောတာထက်'အသိပညာ'ကိုဆိုလိုပါသတဲ့။




လူသားများသည်မီးကိုပိုင်ဆိုင်ခဲ့သည်ကစလို့ကောင်းကောင်းအသုံးချတတ်သွားသည်။အရင်ကသားစိမ်းငါးစိမ်းများကိုသာစားတတ်ရာကနေမီးကိုအသုံးပြုကာချက်ပြုတ်စားတတ်၍အရသာရှိမှန်းသိလာသည်။တဖြည်းဖြည်းနှင့်အသိပညာဉာဏ်အဆင့်အတန်းမြင့်မားလာကာလူနေမူဘဝများတိုးတက်လာသည်။အိမ်တွေဆောက်ကာနေထိုင်ကြ၊အဝတ်အစားများခူျပ်လုပ်ကြကာလူသားများအတွက်အကိူျးရှိမည့်လက်နက်များကိုပင်ကာကွယ်ဖို့အတွက်ပြုလုပ်ဖန်တီးတတ်လာသည်။သည်တော့လူသားများ၏ကောင်းကိူျးချမ်းသာကိုပေးခဲ့သောပရိုမီးသီးရပ်စ်ကိုကျေးဇူးတင်ရမည်။




ပရိမီးသီးရပ်စ်ဆိုတာသူ့ဘဝကိုစတေး၍လူသားများအတွက်မီးကိုပေးခဲ့သူ၊သူ့ကြောင့်လူသားများမီးဆိုတဲ့အသိပညာကိုပိုင်ဆိုင်ခွင့်ရခဲ့။လူသားများဟာကမ္ဘာကြီးထဲကအသစ်အဆန်းဟူသမျှကိုရှာဖွေတွေ့ရှိလာခဲ့ကြ။မယုံနိုင်စရာများကိုတီထွင်ဆန်းသစ်လာခဲ့ကြ။သူ့ကြောင့်လူသားများတောထဲကတိရိစ္ဆာန်တွေလိုမနေထိုင်ရတော့ဘဲစိတ်ချလုံခြုံစွာအန္တရယ်ကင်းကင်နေထိုင်ခဲ့ကြရ။မီးကိုအသုံးချတတ်လာတော့လက်နက်တွေတီထွင်တိုးတက်လာကြတော့လူသားတွေကမုဆိုးတွေဖြစ်လာခဲ့ကြသည်။သူတို့ကတောထဲကတိရိစ္ဆာန်များကိုသတ်ဖြတ်စားသောက်ရာမှာပို၍တိုးပွားလာသည်။တဖြည်းဖြည်းနှင့်အတိုင်းအဆမရှိသတ်ဖြတ်ခဲ့ကြရာမှာတခိူ့ျသောတိရိစ္ဆာန်များမှာမိူျးတုန်းပျောက်ကွယ်သွားသည်အထိကြုံကြရသည်။ဥပမာဒိုဒိုငှက်ဆိုတာခုခေတ်မှာမည်သူမျှမသိတော့ပါ။လူသားများအစာအဖြစ်သတ်စားလိုက်ကြတာမ္ဘာပေါ်မှာမမြင်တွေ့နိုင်တော့ပါ။ဒိုဒိုငှက်သည်ပျံလည်းမပျံနိုင်၊လူကိုဒုက္ခမပေးတတ်သောသတ္တဝါဖြစ်သည်။ထို့ပြင်နှင်းကျားသစ်ခေါ်အဖြူနှင့်အနက်ကြားကျားသစ်မိူျးမှာလည်းအရေခွံရောင်းစားဖို့သတ်ဖြတ်ခဲ့ကြတာမိူျးတုံးလုနီးပါးဖြစ်သွားသည်။မြောက်အမေရိကတိုက်ကျွဲများမှာအမဲလိုက်ခံရတာနှင့်လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။အာဖရိကမုဆိုးများကကြံ့များကိုအစွယ်အတွက်သတ်ကြသည်။ဆိုက်ဗေးရီးယားကျားမိူျးနွယ်များ၏လည်းမိူျးတုံးတော့မည်။စာပို့ခိုလေးများသန်းထောင်ချီပြီးရှိခဲ့ရာမှနောက်ဆုံးလက်ကျန်တစ်ကောင်မှာ၁၉၁၄ခုနှစ်ကတိရိစ္ဆာန်ရုံမှာသေဆုံးသွားပြီဖြစ်သည်။၁၉၈၉ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာသဘာဝအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကမိူျးတုံးတော့မည့်မိူျးနွယ်၅ဝဝဝကျော်ရှိပြီဟုထုတ်ပြန်ခဲ့သည်။




လူသားများမီးကိုအသုံးချတတ်ခဲ့ပြီးနောက်ပိုင်းပိုင်ဆုင်လာသောအသိပညာခွန်အားကြောင့်တဖြည်းဖြည်းလောဘတက်လာပုံဖြစ်လေသည်။အစားအသောက်အတွက်ဟုဆိုရာကနေအရေခွံအတွက်၊ဆေးဖော်ဖို့အတွက်စသည်ဖြင့်မထိန်းခူျပ်နိုင်ဖြစ်လာသည်။လူသားများသည်မီးကိုအသုံးချတတ်လာသည်မှစလို့တိရိစ္ဆာန်များကိုအကြောင်းပြချက်အမိူျးမိူျးဖြင့်သတ်ဖြတ်လာခဲ့သည့်အပြင်တခြားသောနည်းပညာပိုင်းဆိုင်ရာမှာလည်းတိုးတက်မူတွေဖြစ်လာသည်။လူသားတွေကမ္ဘာ့မြေပြင်အောက်ကရေနံကိုတူးဖော်ကာကိုယ်ကိူျးအတွက်အသုံးချလာနိုင်ကြသည်။ပင်လယ်သမုဒရာမှာရေနံတူးဖော်စက်ရုံများဆောက်လုပ်ကာစီးပွားရေးလုပ်လာကြသည်။အကယ်၍များပင်လယ်ထဲမှာအကြောင်းအမိူျးမိူျးကြောင့်ပျက်စီးရလျှင်ရေနံများပင်လယ်ထဲယိုဖိတ်တော့သည်။ရေနံတင်သင်္ဘောကြီးများပင်လယ်ထဲပေါက်ကွဲလောင်ကျွမ်းလျှင်လည်းရေနံများပင်လယ်ထဲရောက်သွားသည်။ထိုအခါပင်လယ်နေငါးအမိူျးမိူျးနှင့်ပင်လယ်ငှက်ကလေးများပျက်စီးရသည်။ထိုစေးကပ်သောရေနံစိမ်းများငှက်အတောင်များ မှာ ကပ်သွား၍ မပျံနိုင်ပဲ သေဆုံးရသည့် သတင်းများကို တစ်ခါတစ်ရံ တွေ့ရသည်။ ၁၉၈၉ခုနှစ် တုန်းက အလာစကာAlasakaမှာExxonValdezရေနံယိုဖိတ်မူသည်ပထမဦးဆုံးအကြိမ်မဟုတ်သောလည်းလူထုစိတ်ဝင်စားမူအာရုံစိုက်မူများခံခဲ့ရလေသည်။




ဂျာမန်မှာမွေးသောအမေရိကန်ဖွားရူပဗေဒပညာရှင်AlbertEinsteinသည်သူတီထွင်ခဲ့သော Relativity Theoryကြောင့်နာမည်ကြီးသိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့ပါသည်။သူတီထွင်ခဲ့သောနာမယ်ကျော်ညီမျှခြင်းE=mc2(E=စွမ်းအင်၊m=အစိုင်အခဲ၊c=အလင်း၏အလျင်)သည်အဏုမြူဗုံးတီထွင်မူ၏အခြေခံသီအိုရီတစ်ခုဖြစ်ခဲ့သည်။ထိုအဖြစ်ကြောင့်အိုင်စတိုင်း(Einstein)သည်သမ္မတရို့စဘက်(Rosevelt)ထံသို့စာတစ်စောင်ရေးသားပေးပို့ကာသတိပေးခဲ့သည်။'ဒီဗုံးဟာသင်္ဘောနဲ့သယ်ယူလို့ဆိပ်ကမ်းမှာေ့ပါက်ကွဲခဲ့မယ်ဆိုရင်အဲသည်ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးအန္တရယ်ရှိလိမ့်မည်။လေင်္ယျောပျံနဲ့သယ်ယူမည်ဆိုပါကလည်းသည်ဗုံးကိုသယ်ယူဖို့အတွက်အလွန်လေးလံပါလိမ့်မည်။'စသည့်စာသားများပါသောစာတစ်စောင်ကိုရေးသားပေးပို့ခဲ့သည်။သို့ပါသောလည်းထိုအဏုမြူဗုံးသည်မ္ဘာကြီးအားချိမ်းခြောက်လျက်ရှိသောအရာတစ်ခုအဖြစ်တည်ရှိခဲ့သည်။အိုင်စတိုင်း၏စာသည်သမ္မတရို့စဘက်(Rosevelt)ကိုအမေရိကန်ပြည်ထောင်စုမှာကိုယ်ပိုင်အဏုမြူဗုံးအစီအစဉ်တစ်ခုအဖြစ်အလျင်အမြန်ဆောင်ရွက်ဖို့တွန်းအားပေးလိုက်သလိုသာဖြစ်သွားခဲ့ပါသည်။ထိုအဏုမြူဗုံးဘယ်လောက်အင်အားကြီးမားပြီးအန္တရယ်ရှိသည်ဆိုတာကိုတော့စာဖတ်သူများသိပြီးဖြစ်ပေမည်။




တိရိစ္ဆာန်များမိူျးတုံးပျက်တုံးပျက်စီးခဲ့ရရုံမကသဘာဝအရင်းအမြစ်များသည်လူများ၏လုပ်ရပ်ကြောင့်သဘာဝချမ်းသာသမျှသည်အခြိမ်းခြောက်ခံနေရသောအခြေအနေများကြုံကြရသည်။သဘာဝအလျောက်ပျက်စီးဆုံးရုံူးသွားရသည်ထက်လူသားများ၏လက်ထဲမှာအဖျက်ဆီးခံလိုက်ရတာကပိုများပါသည်။ဒီလိုအဖြစ်တွေအတွက်လူသားများကို တားမြစ်ဖို့ဘာမှမတတ်နိုင်ပါ။ 




သည်တော့ကျွန်မကအကြံတစ်ခုရလာသည်။ပရိုမီးသီးရပ်စ်ကိုအကျဉ်းချထားရာကနေ ပြန်လွှတ်ပေးလိုက်ကာ လူသားများလက်ထဲကမီးကိုပြန်သိမ်းသွားဖို့ဖြစ်သည်။ဒါဆိုရင်သဘာဝကမ္ဘာကြီးအတွက်အခုထက်ပိုကောင်းသောဘဝများပြန်ရနိုင်ပါလိမ့်မည်။










(အတွေးအမြင် ၂၅၃၊ ၂ဝ၁၃ခုနှစ်ဧပြီလ)

Tuesday, November 4, 2014

အားလုံးအတွက် စွယ်စုံကျမ်း ၁၆ ဂျူနီယာဝင်း


-->
Academic Weekly ဂျာနယ်တွင် သြဂုတ်လမှ အစပြုကာ အပတ်စဉ်ရေးသားလျက်ရှိသော အားလုံးအတွက် စွယ်စုံကျမ်း များကို အဆင်ပြေသလို တင်ဆက်သွားပါမည်။

အားလုံးအတွက်စွယ်စုံကျမ်း ၁၆
ဂျူနီယာဝင်း


လေထုညစ်ညမ်းတာ ဘယ်လိုဖြစ်တာလဲ

လေထုညစ်ညမ်းမူများသည် လူများ၏လုပ်ရပ်များကြောင့် အဖြစ်များပါသည်။ အဓိကလေထုညစ်ညမ်းရခြင်း အကြောင်းတစ်ခုမှ မော်တော်ကားများ၏ အိတ်ဇောပိုက်ကနေ ထွက်သော မီးခိုးငွေ့များကြောင့် ဖြစ်ပါသည်။ လေထုညစ်ညမ်း စေသောအခြား သော အကြောင်း များစွာမှာ စက်ရုံများ၊ ပုံ ၁။  လျှစ်စစ်သုံးစွမ်းရည်သုံး စက်ရုံအလုပ်ရုံများ ကထွက်သော မီးခိုးငွေ့များ၊ စွန့်ပစ်ပစည်းများလောင်ကျွမ်းမူများ၊ ကျောက်မီးသွေး လောင်စာမှလည်းကောင်း၊ အိမ်မှာ သုံးသော ဓါတ်ငွေ့(ဂက်စ်) မီးဖိုများ၊ လောင်စာဆီသုံး မီးဖိုများ ကြောင့်လည်းကောင်း ဖြစ်ပါသည်။ ပုံ ၂ တွင် ထိုအခြေအနေများကို ရုပ်ပုံများနှင့် ရှင်းထားသည်။ (ပုံ- မီးလောင်ကျွမ်းခြင်း၊ ဂတ်စ်အိုးမှ ထွက်သော အဆိပ်ငွေ့၊ မော်တော်ကား အိတ်ဇော်ပိုက်၊ ဓါတ်ငွေ့ဓါတ်ဆီထည့်သော ဆိုင်များ၊ မီးခိုးခေါင်းတိုင်များက ထွက်သော မီးခိုးများ) ယင်းအဖြစ်များကြောင့် ကျွနိုပ်တို့၏ အဆုတ်နှင့် တကွ တခြားသော ကျမ်းမာရေးပြသနာများကို  ထိခိုက်စေသည့်အပြင် ပတ်ဝန်းကျင်ကိုပါ ညစ်နွမ်းစေပါသည်။ 


တောင်သူလယ်သမားများသုံးကြသော သီးနှံများကို ဖျန်းသောဆေးရည်များ၊ မိုင်းတွင်းလုပ်ငန်းများ၊ မီးတောင်ပေါက်ကွဲမူများသည် လည်းလေထုညစ်ညမ်းမူကို ဖြစ်စေသည့် အကြောင်းချင်းရာများ ဖြစ်ပါသည်။

လေထုညစ်ညမ်းလာမူကြောင့် ကမာကြီးပူနွေးလာမူ ကိုဖြစ်လာစေပါသည်။ ကမာပေါ်မှာ နေထိုင်နေကြသော လူသားများသည် ကမာကိုကာကွယ်ပေးထားသော အိုဇုန်းအလွှာ ကိုမှီခိုအာထား နေရပါသည်။ အိုဇုန်းအလွှာသည် နေကနေလာသော လူတွေ၏ ကျမ်းမာရေးကိုထိခိုက်စေသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားပါသည်။

လေထုညစ်ညမ်းမူသည် ထိုအိုဇုန်းအလွှာကို ဖျက်စီးလိုက်နိုင်စွမ်း ရှိပါသည်။ လေထုညစ်ညမ်း မူက နေရောင်ကနေလာသော အဆိပ်ဓါတ်ငွေ့ကို မကာကွယ်နိုင်တော့သောအခါ တဖြေးဖြေးနှင့် အိုဇုန်းအလွှာကို လုံးဝဥသုံ ပျောက်ကွယ်သွားအောင် လုပ်မှာ ဖြစ်ပါသည်။ ထို့ပြင် နောက်ဆုံးရရှိထားသော စမ်းသပ်ချက်များအရ ညစ်ညမ်းသော ဓါတ်ငွေ့များသည် နေရောင်ခြည်ကနေ လာသော ပြင်းထန်သည့်ရောင်ခြည်များနှင့် ထိတွေ့မူများလာပါက အိုဇုန်းအလွှာကိုပင် အဆိပ်ဖြစ်စေသော လေထုအလွှာ အဖြစ် ဖွဲ့တည်လာနိုင်သည်ဟူရွေ့ ဖြစ်ပါသည်။
သည်တော့ ကျွနိုပ်တို့ လူသားများအနေနှင့် လေထုညစ်ညမ်းမူကို ကာကွယ်ဖို့ ဘယ်လို များ နေထိုင်လုပ်ဆောင် သင့်ပါသလဲ။


ဒါဖြင့်လျှင် အိုဇုန်းအလွှာ ဆိုတာဘာပါလဲ


အိုဇုန်း Ozone အလွှာသည် ကမာကြီးကို နေရောင်ခြည်ကနေလာသော အနရယ်ရှိသည့် ရောင်ခြည်များ လူသားများဆီသို့မကျရောက် အောင်ကာကွယ်ပေးထားသော လေထု အလွှာ ဖြစ်ပါသည်။ အိုဇုန်းသည် ကျွနိုပ်တို့ အသက်ရူနေသော အောက်စီဂျင် ၃ ဆပါရှိသော လေထု ဖြစ်ပါသည်။ ထိုအလွှာသည် ကမာကြီး၏ မျက်နှာပြင်မှ ၁၇  ကီလိုမီတာ ကနေ  ၅၀ ကီလိုမီတာ အကွာ အထိ ရှိကာ ထိုအလွှာသည် ကမာကြီးကို လွှမ်းခြုံလျက်ရှိ နေပါသည်။
ပုံ၃ တွင် ကမာကြီးအား သူ့ကို လွှမ်းခြုံလျက်ရှိသော အိုဇုန်းအလွှာကို ပြထားပါသည်။ ပုံတွင် ကမာကြီးကို တွေ့မည်။ သူ့ကို ပတ်ကာနေသော အလွှာများမှ နေနှင့် အနီးဆုံးအပေါ်ဆုံး အလွှာသည် အိုဇုန်းအလွှာ ဖြစ်ပါသည်။

အမြန်ဆုံးအင်းဆက်က ဘယ်သူလဲ

 အမြန်ဆုံးအင်းဆက်မှာ မြင်းများကို အထူးသဖြင့် ကိုက်တတ်သော မှတ်များ ဖြစ်ပါသည်။  သူ့ကို Horsefly ဟုခေါ်ပါသည်။ ပုံ၎ ။ သူသည် တစ်နာရီကို မိုင်၉၀ နှူန်းအမြန်ဖြင့် ပြေးနိုင်သူ ဖြစ်ပါသည်။ ပုံ ၅ ကိုကြည့်ပါ။

 ကမာပေါ်တွင်ထို ဟော့စ်ဖလိုင်း (horsefly) အမျိုးပေါင်း ၃၅၀၀ ရှိပါသည်။ သူုတို့ အမျိုးအများစုက အမများသည် တိရိစာန်များဆီက သွေးကို တစ်နေ့ကို ၃အောင်စ စုပ်ယူပါသည်။ ယင်းသည် သူတို့ဥများအား ပရိုတိန်းဓါတ်ရရှိဖို့အတွက် ဖြစ်ပါသည်။ အထီးများက ပန်းများဆီက ၀တ်ရည်နှင့် ၀တ်မှူန်များပေါ်တွင် သာမှီခိုနေတာ ဖြစ်ပါသည်။ ပုံ၆ တွင် ဟော့စ်ဖလိုင်းတစ်ကောင်က လူ့အသားပေါ်တွင် သွေးစုပ်နေပုံ ဖြစ်ပါသည်။


သင့်လျှာမှာ အရသာ ဘယ်လိုခံစားသိသလဲ

ပုံ၇ တွင် လျာ ၏ပုံကို အရောင် လေးမျိုးကို အစိတ်အပိုင်းတွေ မှာ ချယ်သထားသော ပုံစံဖြင့် ပြထားပါသည်။ အပြာ၊ ပန်းရောင်၊ အစိမ်းနှင့် အ၀ါရောင် ဖြစ်ပါသည်။ အစားအသောက်စုံမှာ အရသာပေါင်း ရာနင့် ချီကာရှိနေပါသည်။ ၄င်းအရသာများမှာ အမှန်တော့ အဓိက အရသာခံစားမူ ၄ ခုပေါင်းစပ်ရာကနေ ရတာ ဖြစ်ပါသည်။အဓိက အရသာ ၄ ခုမှာ ခါး၊ ချို၊ ချဉ်၊ ငန် ဟူရွှေ့ဖြစ်ပါသည်။ လျှာပေါ်က အရသာ ကို ပုံတွင်ပြထားသော နေရာများကနေ ခံစားပါသည်။ 

အပြာရောင် -ခါးသောအရသာ (Bitter)၊ ပန်းရောင် - ချိုသော အရသာ(Sweet)၊ အစိမ်းရောင်- ချဉ်သောအရသာ(Sour)နှင့် အ၀ါရောင် - ငန်သောအရသာ(Salty) ဟူရွှေ့ဖြစ်ပါသည်။ လျှာသည် သူ့ဆီဝင်ရောက်လာသော အစာကို ထိတွေ့သည့်အခါ ဖိအား၊ မာကျောမူ၊ ရောစပ်မူ၊ အပူနှင့် အအေး အစရှိသည်တို့ကို သိရှိခံစားပါသည်။ ထို့နောက် ရရှိလာသော ခံစားမူသည် ဥနှောက်ဆီသို့ သတင်းပို့လိုက်တာ ဖြစ်ပါသည်။ သို့သော်  အနံ့ကတော့ လျှာကနေရတာ မဟုတ်ပါ။ တခြားသော အာရုံခံစားချက်ကနေ ပေးတာ ဖြစ်ပါသည်။ ထို့ပြင် ဘာအရသာဖြစ်တယ် ဆိုတာကလဲ လျှာကနေ ပေးတာမဟုတ်ပါ။ ဥနှောက်ကနေ ရရှိလာသော အချက်အလက်များ ဖြစ်သော ခံစားမူ၊ ထိတွေ့မူ၊ အပူချိန်၊ အနံ့ အစရှိသည်တို့ကနေ အရသာကို ပြောနိုင်တာ ဖြစ်ပါသည်။

တရုတ်ပြည်က ဘန်စီးဒေသကို ဂြိုလ်တုကနေ မမြင်ရတာ ဘာကြောင့်လဲ

ယုံပါ့မလားမသိပေမယ့် တရုတ်ပြည်က ဘန်စီး Benxi ဒေသကို ကောင်းကင်မှာ လွှတ်တင်ထားတဲ့ ဂြိုလ်တုကနေ ကြည့်လို့မမြင်ရတာ တကယ်ပါ။ အကြောင်းကတော့ သူတို့နိုင်ငံ၏ စက်ရုံတွေကနေ ထုတ်လွှတ်လိုက်သော မီးခိုးငွေ့များ ကြောင့် ဖြစ်ပါသည်။ ပုံ ၈ ကိုကြည့်ပါ။ မီးခိုးငွေ့များ စက်ရုံကနေ ထွက်နေပုံ ဖြစ်ပါသည်။ အလွန်ကြီးမား ကျယ်ပြန့်တဲ့ မီးခိုးငွေ့တွေ တတိုင်းပြည်လုံး လွှမ်းနေတာကြောင့် ကောင်းကင်ပေါ်က ဂျြိုတ်တု များ၊ စက်တလိုက်များကနေ ကြည့်ရင် ဘာမှ မမြင်ရပါ။ ပုံ ၉ ။ ထို့ကြောင့် ထိုဒေသကလူများသည် ထိုလေထုကို ရျူရိုက်နေရတာသည် နေ့စဉ် စီးကရက် အလိတ်၄၀လောက် သောက်နေရတာနှင့် ညီမျှသည် ဟူရွေ့ပင် စမ်းသပ်မူများအရ တွေ့ရှိထားပါသည်။ မက်ကစီကို မှာလည်း ထိုနည်းလည်းကောင်းဖြစ်နေပြီ ဖြစ်ပါသည်။

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဂျူနီယာဝင်း


သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်  ဂျူနီယာဝင်း

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်

(ပိတောက်ပွင့်သစ်



ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။


လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား။ စက်ပစ္စည်း တွေ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက် အတန့် အချိန်ပိုင်းလေးတစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁ဝ နှစ်၊ နောက် နှစ် ၂ဝ၊ နှစ် ၁ဝဝ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခအဖြစ်ကလေးတွေဟာ 'ဟိုးရှေးရှေးတုန်းကပေါ့... ဆိုတဲ့ ပုံပြင်တစ်ပုဒ်လို ကျန်ရစ်ခဲ့ရပြီထင်ပါရဲ့။ ငယ်စဉ်က နားထောင်ခဲ့ ရဖူးတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ ဆိုရပေတော့မည်။

ဗာဂျီနီးယားအနောက်ဘက်က Hilldaleအရပ်ဒေသနားတွင် Big Bend မီးရထားလိုဏ်ခေါင်းတစ်ခု ရှိပါသည်။ ထိုနေရာတွင် သံလို မာကြောကာ ခွန်အားအပြည့်ရှိ၍ သန်စွမ်းလှသည့် Driving Manဟူသည့် လူသားတစ်ဦး၏ နားခိုရာဝိညာဉ်တစ်ခုရှိလေသည်။

"There lies a steel drivin' man, Lord,lord

There lies a steel drivin' man"

ထိုနေရာမှာပေါ့ သံလိုမာကြောသန်စွမ်းလှသည့် လူသန်ကြီးတစ်ဦး ရှိနေပါသည်တဲ့။ သူ့အမည်က John Henry ဖြစ်ပါသည်။ တောင်တွေကိုဖြိုကာ မီးရထားသံလမ်းတွေ၊ လိုဏ်ခေါင်းတွေ တူးဖောက်ရသော အလုပ်ကြမ်းတွေကို driving man လူသန်ကြီးတွေက လုပ်ကြရပါသည်။ John Henry က ထိုလူသားတွေထဲက တစ်ဦးဖြစ်လေသည်။ မာကြောတဲ့ ကျောက်တုံးကျောက်စိုင်တွေကို လွန်ပူဖြင့် ဖြစ်စေ၊ စူးဖြင့်ဖြစ်စေ ဖောက်ဖို့အတွက် ခွန်အားလိုပါသည်။ ၁၈ရဝ ခုနှစ် လိုဏ်ခေါင်းဖောက်စက်များ၊ တူးဖော်စက်များ မပေါ်မီက လူ့ စွမ်းအားသုံး၍ ဖောက်ဖို့ရန် Steel driving men တွေ လိုအပ်လှပါသည်။ မီးရထားလိုဏ်ခေါင်းတွေ ၁၈ရဝ မတိုင်မီက ဆောက်လုပ်နိုင်ကြ တာကို ကြည့်၍ steel driving men တွေ အများအပြားရှိခဲ့သည်ဆိုတာကို သက်သေခံလျက်ရှိနေပါသည်။ ထိုသံလိုမာကြောကာ ခွန်အား ဗလနှင့် ပြည့်စုံသော လူသား steel driving menတွေ များစွာရှိခဲ့ဖူးပါသည်။ သို့သော် John Henry ကို မမီပါ။ ဟုတ်ပါသည်။ JOHN HENRY ရဲ့ ဂုဏ်ပုဒ်တွေက ပုံပြင်တွေထဲ ညွှန်းတာထက်တောင် ပိုပါသည်။ သူအသုံးပြုသော ဆောက်က ပေါင် ၃ဝ လောက်လေးပါသည်။ တခို့ျက သူ့လက်တစ်ဖက်တစ်ချက်ဆီမှာ ပေါင်နှစ်ဆယ်လေးသော ဆောက်ကိုကိုင်ပြီး ရိုက်နိုင်၊ လွှဲနိုင်ပါသတဲ့။ ၁ဝ ပေါင်လေးသောဆောက် ဖြင့် အလုပ်လုပ်ပြီး သူလွှဲရိုက်လိုက်တဲ့ အကြိမ်တိုင်းမှာ တောင်တွေဟာ သွက်သွက်ခါကာ တသိမ့်သိမ့်တုန်သွားလေသည်။ John Henry သည် သူ၏ ဂုဏ်ပုဒ် steel driving manကို အလွန်ဂုဏ်ယူကျေနပ်ကာ ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ သူ၏ ခွန်အားကို ဂုဏ်ယူ လျက် ခွန်အားသုံး၍ လုပ်ရသော အလုပ်မှန်သမျှကိုလည်း အစဉ်အမြဲ ကြိုဆိုလျက်ရှိနေပါသည်။ ၁၈ရဝ ခုနှစ်ခန့်က John Henryသည် ဗာဂျီးနီးယားနောက်ဖက် Hilldale နားတွင် Big Band မီးရထားလိုဏ်ခေါင်းတူးဖို့ အဆင်သင့်စောင့်နေလေသည်။ သူ့ရှေ့တွင် ရေနွေးငွေ့သုံး မီးရထားလိုဏ်ခေါင်းတူးဖောက်စက်ကို ကုမ္ပဏီက သယ်ဆောင်လာပါသည်။ ကုမ္ပဏီက ထိုစက်ပစ္စည်း ဘယ်လောက်အလုပ်တွင်မလဲဆိုတာ စိတ်ဝင်စားနေကြပါသည်။

John Henryသည် ထိုစက်ကို ရပ်ကြည့်လျက်ရှိနေရာက စိတ်ရိုင်းတွေဝင်လာပါသည်။ သူ့လောက် ခွန်အားမရှိသူတွေက ထိုလိုဏ် ခေါင်း တူးစက်ဖြင့် သူ့ထက်သာအောင် လုပ်နိုင်မည်ဆိုတာကို မယုံကြည်ပါ။

''အို့ လူသားတစ်ဦးအဖြစ်ဖြင့်သာ လူသားတစ်ဦး ရှင်သန်လျက်ရှိပါသည်။ သို့သော်လည်း... 

ကျွနု်ပ်က ဤလိုဏ်ခေါင်းတူးစက်ကို အနိုင်ပေးလိုက်ရသည်အထိ ပေါ့ကွယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မည်''

"Well, a man ain't nothing but a man,

But before I let that steam drill beat me down,

I'll die with my hammer in my hand,

Lord, Lord

I'll die with my hammer in my hand"

John Henryသည် သူ၏လက်နက် စူးနှင့် ဆောက်တို့နှင့် တောင်ကို ဖြိုဖို့ပြင်လေသည်။ John Henry နှင့် လိုဏ်ခေါင်းတူးစက်တို့ အပြိုင်နွှဲကြရာတွင် John Henry ၁၅ ပေ ဖောက်နိုင်စဉ်မှာ စက်ကြီးက ၉ ပေသာ ရသေးသည်။ သူ၏ စိတ်ဓာတ်ပြင်းထန်မှုကြောင့်ပဲလား၊ သူ၏ ခွန်အားကို အားကုန်စိုက်သုံးလိုက်၍ပဲလား ထိုနေရာမှာပင် သူ့အသည်းနှလုံးတွေ ကွဲကြေကာ သူ၏ ဆောက်လည်းလွတ်ကျပြီး နဘေး မှာပင် သေပွဲဝင်ခဲ့လေပြီ။

ဗာဂျီနီးယားအနောက်ဘက်က Big Bandမီးရထားသံလမ်း နဘေးမှာ John Henry ၏ ဝိညာဉ်ရှိပါသည်။ ထိုနေရာကို ဖြတ်သွား တိုင်းမှာ မိဘလုပ်သူတွေက သားသမီးတွေကို၊ အဘိုးအဘွားတွေက မြေးကလေးတွေကို John Henryအကြောင်းကို ပြောပြကြပါသည်။ သူသန်စွမ်းကာ ခွန်အားကြီးမားပုံကို မျက်စိထဲမြင်ယောင်လာအောင် ပုံဖော်ကြည့်ကြပါသည်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း စကားပြောကြသည့်အခါ၊ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီဟု ပြောလိုသည့်အခါ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီ ဟု ပြောလိုသည့်အခါ အဲဒါ History ပဲဟု ပြောကြတာကို တွေ့ဖူးပါသည်။ ခေတ်နောက်ကျကျန်ရစ်ပြီ၊ ခေတ်မမီတော့ဘူးဟုလည်း သုံးကြ ပါသည်။

John Henry ၏ အကြောင်းသည်လည်း သမိုင်းမှာ ကျန်ရစ်ခဲ့ပြီထင်ပါသည်။

(ပိတောက်ပွင့်သစ်



ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။