Saturday, December 28, 2013

ပရိုမီးသီးရစ်အတွက် တာဝန်အသစ် ဂျူနီယာဝင်း

(Junior Win ရေးသော Walking Through The Wonderland – digital စာအုုပ်မှ Unbound Prometheus and A New Task for You  ကုုိ ကိုုယ်တုုိင်ဘာသာပြန်ထားသည်။)
ပရိုမီးသီးရစ်အတွက် တာဝန်အသစ်  ဂျူနီယာဝင်း

ဂရိများ၏အဆိုအရ ဒဏ္ဍာရီနတ်ဘုရား ဇီးယုဇ် (Zeus) နတ်မင်းကြီးကိုဆန့်ကျင်ပြီး Prometheus (ပရိုမီးသီးရစ်) က လူသားများအတွက် မီး ကိုပေးခဲ့သည်။ ထိုအဖြစ်ကြောင့် ပရိုမီးသီးရစ်သည် ဇီးယုဇ်နတ်မင်းကြီး၏ပြစ်ဒဏ်ကိုခံခဲ့ရသည်။ ပရိုမီးသီးရစ်ကို ကျောက်တုံးမှာချည်နှောင် ထားကာ သိမ်းငှက် (သို့မဟုတ်) လင်းတကြီးက သူ့ကိုအဆက်မပြတ် ထိုးဆိတ်စေလေသည်။ ထိုအကြောင်းကို ကျွန်မအဘွားဆီက ပုံပြင် တစ်ပုဒ်သဖွယ် နားထောင်ခဲ့ရသည်။ မေမေကြီးကပြောထားတော့ အဲသည်မီးဆိုတဲ့အရာဟာ တကယ့်မီးစစ်စစ်ကိုပြောတာထက်’ အသိ ပညာ’ ကို ဆိုလိုပါသတဲ့။

လူသားများသည် မီးကိုပိုင်ဆိုင်ခဲ့သည်ကစလို့ ကောင်းကောင်းအသုံးချတတ်သွားသည်။ အရင်က သားစိမ်းငါးစိမ်းများကိုသာ စားတတ်ရာ ကနေ မီးကိုအသုံးပြုကာ ချက်ပြုတ်စားတတ်၍ အရသာရှိမှန်းသိလာသည်။ တဖြည်းဖြည်းနှင့် အသိပညာဉာဏ်အဆင့်အတန်းမြင့်မားလာကာ လူနေမူဘဝများ တိုးတက်လာသည်။ အိမ်တွေဆောက်ကာ နေထိုင်ကြ၊ အဝတ်အစားများချုပ်လုပ်ကြကာ လူသားများအတွက် အကျိုး ရှိမည့်လက်နက်များကိုပင် ကာကွယ်ဖို့အတွက် ပြုလုပ်ဖန်တီးတတ်လာသည်။ သည်တော့ လူသားများ၏ ကောင်းကျိုးချမ်းသာကိုပေးခဲ့ သော ပရိုမီးသီးရပ်စ်ကို ကျေးဇူးတင်ရမည်။

ပရိမီးသီးရပ်စ်ဆိုတာ သူ့ဘဝကိုစတေး၍ လူသားများအတွက် မီးကိုပေးခဲ့သူ၊ သူ့ကြောင့်လူသားများ မီးဆိုတဲ့အသိပညာကို ပိုင်ဆိုင်ခွင့်ရခဲ့။ လူသားများဟာ ကမ္ဘာကြီးထဲက အသစ်အဆန်းဟူသမျှကို ရှာဖွေတွေ့ရှိလာခဲ့ကြ။ မယုံနိုင်စရာများကို တီထွင်ဆန်းသစ်လာခဲ့ကြ။ သူ့ကြောင့် လူသားများတောထဲက တိရိစ္ဆာန်တွေလို မနေထိုင်ရတော့ဘဲ စိတ်ချလုံခြုံစွာ အန္တရာယ်ကင်းကင်နေထိုင်ခဲ့ကြရ။

မီးကိုအသုံးချတတ်လာတော့ လက်နက်တွေတီထွင်တိုးတက်လာကြတော့ လူသားတွေကမုဆိုးတွေဖြစ်လာခဲ့ကြသည်။ သူတုုိ့က တောထဲ ကတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ရာမှာ ပို၍တိုးပွားလာသည်။ တဖြည်းဖြည်းနှင့် အတိုင်းအဆမရှိသတ်ဖြတ်ခဲ့ကြရာမှာ တချို့သော တိရိစ္ဆာန်များမှာ မျိုးတုန်းပျောက်ကွယ်သွားသည်အထိ ကြုံကြရသည်။ ဥပမာ ဒိုဒိုငှက်ဆိုတာ ခုခေတ်မှာ မည်သူမျှမသိတော့ပါ။ လူသားများ အစာအဖြစ် သတ်စားလိုက်ကြတာ ကမ္ဘာပေါ်မှာ မမြင်တွေ့နိုင်တော့ပါ။ ဒိုဒိုငှက်သည် ပျံလည်း မပျံနိုင်၊လူကို ဒုက္ခမပေးတတ်သော သတ္တဝါ ဖြစ်သည်။ ထို့ပြင် နှင်းကျားသစ်ခေါ် အဖြူနှင့်အနက်ကြား ကျားသစ်မျိုးမှာလည်း အရေခွံရောင်းစားဖို့ သတ်ဖြတ်ခဲ့ကြတာ မျိုးတုံးလုနီးပါးဖြစ် သွားသည်။ မြောက်အမေရိကတိုက်ကျွဲများမှာ အမဲလိုက်ခံရတာနှင့် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ အာဖရိကမုဆိုးများက ကြံ့များကို အစွယ်အတွက် သတ်ကြသည်။ ဆိုက်ဗေးရီးယားကျားမျိုးနွယ်များ၏လည်း မျိုးတုံးတော့မည်။ စာပို့ခိုလေးများ သန်းထောင်ချီပြီးရှိခဲ့ရာမှ နောက်ဆုံးလက်ကျန်တစ်ကောင်မှာ ၁၉၁၄ ခုနှစ်က တိရိစ္ဆာန်ရုံမှာ သေဆုံးသွားပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မျိုးတုံးတော့မည့် မျိုးနွယ် ၅ဝဝဝ ကျော်ရှိပြီဟု ထုတ်ပြန်ခဲ့သည်။

လူသားများမီးကိုအသုံးချတတ်ခဲ့ပြီးနောက်ပိုင်း ပိုင်ဆိုင်လာသော အသိပညာ ခွန်အားကြောင့် တဖြည်းဖြည်းလောဘတက်လာပုံဖြစ်လေသည်။ အစားအသောက်အတွက်ဟုဆိုရာကနေ အရေခွံအတွက်၊ ဆေးဖော်ဖို့အတွက် စသည်ဖြင့် မထိန်းချုပ်နိုင်ဖြစ်လာသည်။

လူသားများသည် မီးကို အသုံးချတတ်လာသည်မှစလို့ တိရိစ္ဆာန်များကိုအကြောင်းပြချက်အမျိုးမျိုးဖြင့် သတ်ဖြတ်လာခဲ့သည့်အပြင် တခြား သောနည်းပညာပိုင်းဆိုင်ရာမှာလည်း တိုးတက်မှုတွေဖြစ်လာသည်။ လူသားတွေ ကမ္ဘာ့မြေပြင်အောက်ကရေနံကိုတူးဖော်ကာ ကိုယ် ကျိုး အတွက် အသုံးချလာနိုင်ကြသည်။ ပင်လယ်သမုဒ္ဒရာမှာ ရေနံတူးဖော်စက်ရုံများဆောက်လုပ်ကာ စီးပွားရေးလုပ်လာကြသည်။ အကယ်၍ များ ပင်လယ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးရလျှင် ရေနံများပင်လယ်ထဲယိုဖိတ်တော့သည်။ ရေနံတင်သင်္ဘောကြီးများ ပင်လယ် ထဲပေါက်ကွဲလောင်ကျွမ်းလျှင်လည်း ရေနံများပင်လယ်ထဲရောက်သွားသည်။ ထိုအခါ ပင်လယ်နေ ငါးအမျိုးမျိုးနှင့် ပင်လယ်ငှက်ကလေးများ ပျက်စီးရသည်။ ထိုစေးကပ်သော ရေနံစိမ်းများ ငှက်အတောင်များမှာကပ်သွား၍ မပျံနိုင်ပဲသေဆုံးရသည့်သတင်းများကို တစ်ခါတစ်ရံ တွေ့ရသည်။ ၁၉၈၉ ခုနှစ်တုန်းက အလာစကာ Alasaka မှာ ExxonValdez ရေနံယိုဖိတ်မှုသည် ပထမဦးဆုံးအကြိမ်မဟုတ်သော်လည်း လူထု စိတ်ဝင်စားမှု အာရုံစိုက်မှုများ ခံခဲ့ရလေသည်။

ဂျာမန်မှာမွေးသော အမေရိကန်ဖွား ရူပဗေဒပညာရှင် AlbertEinstein သည် သူတီထွင်ခဲ့သော Relativity Theory ကြောင့် နာမည်ကြီးသိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့ပါသည်။ သူတီထွင်ခဲ့သော နာမယ်ကျော်ညီမျှခြင်း E=mc2 (E = စွမ်းအင်၊ m = အစိုင်အခဲ၊ c = အလင်း၏အလျင်)သည် အဏုမြူဗုံးတီထွင်မူ၏ အခြေခံသီအိုရီတစ်ခုဖြစ်ခဲ့သည်။ ထိုအဖြစ်ကြောင့် အိုင်စတိုင်း (Einstein) သည် သမ္မတ ရုုိ့စဘက် (Rosevelt) ထံသို့ စာတစ်စောင်ရေးသားပေးပို့ကာ သတိပေးခဲ့သည်။ ဒီဗုံးဟာ သင်္ဘောနဲ့သယ်ယူလို့ ဆိပ်ကမ်းမှာပေါက်ကွဲခဲ့မယ်ဆိုရင် အဲသည် ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံး အန္တရာယ်ရှိလိမ့်မည်။ လေယျာဉ်ပျံနဲ့ သယ်ယူမည်ဆိုပါကလည်း သည်ဗုံးကို သယ်ယူဖို့အတွက် အလွန်လေး လံပါလိမ့်မည်။’ စသည့် စာသားများပါသော စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။ သို့ပါသော်လည်း ထိုအဏုမြူဗုံးသည် ကမ္ဘာကြီးအား ခြိမ်းခြောက်လျက်ရှိ သောအရာတစ်ခုအဖြစ်တည်ရှိခဲ့သည်။အိုင်စတိုင်း၏စာသည်သမ္မတရို့စဘက် (Rosevelt) ကို အမေရိကန်ပြည်ထောင် စုမှာ ကိုယ်ပိုင်အဏုမြူဗုံးအစီအစဉ်တစ်ခုအဖြစ် အလျင်အမြန်ဆောင်ရွက်ဖို့ တွန်းအားပေးလိုက်သလိုသာဖြစ်သွားခဲ့ပါသည်။ ထိုအဏုမြူဗုံး ဘယ်လောက်အင်အားကြီးမားပြီး အန္တရာယ်ရှိသည်ဆိုတာကိုတော့ စာဖတ်သူများသိပြီးဖြစ်ပေမည်။

တိရိစ္ဆာန်များ မျိုးတုံးပျက်တုံးပျက်စီးခဲ့ရရုံမက သဘာဝအရင်းအမြစ်များသည် လူများ၏လုပ်ရပ်ကြောင့် သဘာဝချမ်းသာသမျှသည် အ ခြိမ်းခြောက်ခံနေရသော အခြေအနေများကြုံကြရသည်။ သဘာဝအလျောက် ပျက်စီးဆုံးရုံူးသွားရသည်ထက်လူသားများ၏လက်ထဲမှာ အ ဖျက်ဆီးခံလိုက်ရတာက ပိုများပါသည်။ ဒီလိုအဖြစ်တွေအတွက် လူသားများကိုတားမြစ်ဖို့ ဘာမှမတတ်နိုင်ပါ။ သည်တော့ ကျွန်မက အကြံ တစ်ခုရလာသည်။

ပရိုမီးသီးရပ်စ်ကို အကျဉ်းချထားရာကနေပြန်လွှတ်ပေးလိုက်ကာ လူသားများလက်ထဲကမီးကို ပြန်သိမ်းသွားဖို့ဖြစ်သည်။ ဒါဆိုရင် သဘာဝ ကမ္ဘာကြီးအတွက် အခုထက်ပိုကောင်းသောဘဝများ ပြန်ရနိုင်ပါလိမ့်မည်။

Wednesday, December 11, 2013

ခံစားမိတဲ့ အနုပညာ ဂျူနီယာဝင်း

ေအာ္စကာဝိုင္း (Oscar Wilde) သည္ ၁၈၉၅ ေမလမွစ၍ ၂ နွစ္တိုင္ အလုပ္ၾကမ္းနွင့္ ေထာင္ဒဏ္က်ခဲ့ရသည္။ ထိုအေတာအတြင္း သူ့ခံစားခ်က္မ်ားကို ေရးသားထားေသာ De Profoundis    ေဆာင္းပါးရွည္သည္ ၁၉ဝ၅ ခုနွစ္တြင္ ထြက္ရိွခဲ့သည္။ ယခုဘာသာျပန္ထား သည္မွာ နိဒါန္းမွ်သာ ျဖစ္ပါသည္။ သူသည္ စာေရးဆရာျဖစ္ျခင္းေျကာင့္ သူ၏ ခံစားခ်က္မ်ားကို စာဖဲြ့၍ မကုန္ျဖစ္ခဲ့ေလသည္။ Wilde တစ္ေယာက္ ၁၈၉၅ ခုနွစ္ အက်ဥ္းက်စဥ္မွာ သူသည္ စာေပ ပညာရွင္တစ္ဦးအေနနွင့္ ထိပ္ဆံုးေရာက္ေနခိ်န္ျဖစ္သည္။ လူ့အဖဲြ့အစည္းတြင္း မွာလည္း အခ်စ္ေတာ္ ျဖစ္ေနခိ်န္ ျဖစ္သည္။ ထို့ျပင္ စကားလံုးလွလွ တီထြင္ေရးသားမႈမွာလည္း ဆရာတစ္ဆူ ျဖစ္ေနသည္။ အက်ဥ္းေထာင္ထဲတြင္ လူ့က်က္သေရဟူသမွ် ခြာခ်ခဲ့ရကာ ကာလျကာရွည္စြာ စာေရးခြင့္မရရိွခဲ့ေခ်။ သူဦးစြာ စာရြက္နွင့္ ေရးစရာ ရလာခိ်န္ မွာေတာ့ သူ့မိတ္ေဆြ Douglas  ထံသို့ ‘’ခင္ဗ်ားရဲ့နွလံုးသားထဲကို ခါးသီးစရာေတြ ပစ္သြင္းလိုက္တာ မဟုတ္ရပါဘူး။ ကြ်န္ေတာ့္ နွလံုးသားထဲကေန ဆဲြထုတ္ပစ္လိုက္တာျဖစ္ပါတယ္’’ဟု ေရးသားခဲ့ပါသည္။

De Profoundis    ထဲက ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေသာ စာသားမ်ားသည္ ရယ္သြမ္းေသြးဖြယ္ျဖစ္လာရာမွ ငိုခ်င္စရာျဖစ္ရသည္။ တစ္ခါတစ္ရံ ေရွ့က သူေရးခဲ့ေသာ အေရးအသားမ်ားျဖင့္ ထိုးနွက္ လိုက္သကဲ့သို့ ျဖစ္ရသည္။

‘’မငိုဘဲနဲ႔ေနတဲ့ အက်ဥ္းထဲက ေန့တစ္ရက္ဟာ သူ့အသည္း နွလံုးက မာေက်ာေနလို့ျဖစ္တယ္။ သူေပ်ာ္ေနလို့ မဟုတ္ဘူး’’

ထိုစာအုပ္သည္ အနိွမ္ခံ၊ သစၥာေဖာက္ခံ၊ ဂုဏ္က်က္သေရ ညိွးနြမ္းေအာင္လုပ္ခံရသူတိုင္း၏ ရင္ကို ထိခတ္လိုက္ေသာ သံစဥ္မ်ား ျဖစ္ပါသည္။ ၁၉ ရာစု၏ စိတ္မေကာင္းစရာအျဖစ္ကို ညဏ္အေျမာ္အျမင္ျဖင့္ စာျကီးေပျကီး ေခတ္ကို ကိုင္လႈပ္လိုက္ေသာ စာအုပ္တစ္အုပ္ လည္း ျဖစ္ပါသည္။

Wilde အက်ဥ္းက်ျခင္းနွင့္ ပတ္သက္၍ ေျပာစရာမ်ား ျဖစ္ခဲ့ရသည္။ သူ့ဘဝကို အမည္းေရာင္စြန္းထင္းခဲ့ေသာ္လည္း အမွန္တကယ္ သူကူ်းလြန္ခဲ့ေလသလား။ သို့တည္းမဟုတ္ အသေရဖ်က္ခံခဲ့ရသည္လား ဆိုတာကေတာ့ သူမွတစ္ပါး မသိပါေခ်။

သူသည္ ေထာင္တြင္းစာမ်ားကို ေနာင္တခ်ျပီး ေရးခဲ့သည္လား၊ နာက်ည္းျပီး ေရးသားခဲ့တာလားဆိုတာကိုေတာ့…………….

‘’ကြ်န္ေတာ့္ရဲ့ေနရာဟာ အမွန္ေတာ့ျပင္သစ္စာေရးဆရာျကီးေတြ ရိွတဲ့ေနရာမို်းမွာ ျဖစ္ရမွာေပါ့။ အဲဒါမ်ဳိးဆို အေကာင္းဆံုးေပါ့။ ကြ်န္ေတာ့္မွာ ေစာဒကတတ္ဖုုိ႔ ဆနၵမရိွပါဘူး။ သင္ခန္းစာရတဲ့ေနရာေတြထဲမွာ ေထာင္ထဲမွာရတဲ့ သင္ခန္းစာကေတာ့ အရာရာတိုင္းဟာ ဒါပဲ၊ ေနာက္လည္းဒါပဲဆိုတာပါပဲ။ ကြ်န္ေတာ့္မွာ အလယ္ေခတ္က ဘုရားသခင္ ကယ္ခဲ့တယ္ဆိုတဲ့ အနူတစ္ေယာက္ရိွခဲ့တယ္ ဆိုတာကိုေရာ၊ သမိုင္းပံုျပင္ေတြထဲက ပညာေပးစာသားေတြကိုေရာ ယံုျကည္မႈကင္းမဲ့ခဲ့တဲ့ ခံစားခ်က္မို်းရိွခဲ့ပါတယ္လို့ မေျပာဝံ့ပါဘူးဗ်ာ။

အဲဒီလို ယံုျကည္ခဲ့တာ မနွစ္က ဒီထဲမေရာက္ခင္အထိပါပဲလို့ ဆိုပါေတာ့။ ဘဝရဲ့ျမစ္တစ္စင္းဟာ ကြ်န္ေတာ္နဲ႔ ဟိုးေဝးကြာလွတဲ့ ရက္စဲြေတြ ျကားထဲမွာ စီးဆင္းေနပါတယ္။ ျကည့္စမ္းပါဦး ဘယ္ေလာက္ေတာင္မ်ား အကို်းမရိွ ကုန္လြန္ခဲ့ရတဲ့ပမာဏ။ ဒါေပမဲ့ ဒါကို ကြ်န္ ေတာ္က ဒီလိုယူဆတယ္။ ကြ်န္ေတာ္က မေန့က အေျကာင္းကို မေျပာဘူး။ ဒီေန့ကိုပဲ ေျပာမယ့္။ ခံစားမႈ ေဝဒနာဆိုတာ သိပ္ကို ရွည္လ်ား လိုက္တဲ့ အရာတစ္ခု။ ဒါကို ရာသီဥတုနဲ႔လည္း ပိုင္းျခားလို့မရ။ ဒါကို သူ့ရဲ့လႈပ္ရွားမႈေတြ၊ တစ္ပတ္ျပန္လည္မႈေတြနဲ႔သာ မွတ္တမ္းတင္ထား လို့ ရနိုင္တယ္။ ကြ်န္ေတာ္တုုိ႔အတြက္ အခိ်န္ဆိုတာ တိုးတက္မႈမရိွတဲ့ အရာတစ္ခု။ သူက လည္ပတ္ေနတယ္။ သူက နာျကင္ျခင္းဆိုတဲ့ ဗဟို ခ်က္မွာ လည္ပတ္ေနတဲ့စက္ဝိုင္း။ ဘယ္ေတာ့မွ ေျပာင္းလဲျခင္းမရိွတဲ့ ပံုစံခြက္ထဲမွာ ဘယ္ေတာ့မွ မလႈပ္ရွား မေရြ့လ်ားစြာနဲ႔ လည္ပတ္ေနတဲ့ အရာ။ ဒီေတာ့ ကြ်န္ေတာ္တုုိ႔က စားတယ္၊ ေသာက္တယ္၊ လဲေလ်ာင္းတယ္၊ ဘုရားဝတ္ျပုဆုေတာင္းတယ္၊ ဒူးတုပ္ထိုင္ျပီးေတာ့ ဆုေတာင္း တယ္။ ဒါေတြက သံမဏိလို မာေက်ာတဲ့ ပုဒ္မေတြနဲ႔ တည္ေဆာက္ထားတဲ့ လည္ပတ္မႈ။ ဒီလိုဆိုးရြားျပင္းထန္တဲ့ ေန့ရက္ေတြမွာ မိနစ္တိုင္း ကို ညီအစ္ကိုလိုေပါင္းဖက္လို့ အခိ်န္တိုင္းကို အေသးစိတ္မွတ္သားလို့ ဘယ္ေတာ့မွ လႈပ္ရွားမႈမရိွတဲ့ ေန့ရက္ေတြကို ေရတြက္လို့။ သူ့ရဲ့ အနွစ္သာရတည္ရိွျခင္းက ဘာလဲဆိုေတာ့ အျမဲတမ္းရပ္တန့္ေနတဲ့ ေျပာင္းလဲမႈ။ ေကာက္ရိတ္သိမ္းပဲြဆိုတဲ့ ေကာက္ပဲသီးနံွရာသီေတြ၊ ေကာက္ ေကြးလာတဲ့ သီးနံွပင္ရဲ့ အကိုင္းေလးေတြ ရိတ္သိမ္းခိ်န္ ဒါမွမဟုတ္ရင္လည္း စပ်စ္သီးေတြမွည့္လို့ အသီးေတြခူးဆြတ္ရတဲ့ကာလ၊ အသီးအနံွ ပင္ေတြဆီကေန မွည့္ရင့္လို့ ျမက္ခင္းေပၚကို ေျြကက်တဲ့အခါ ဒါေတြကို ကြ်န္ေတာ္တုုိ႔ ဘာဆိုဘာမွမသိ၊ သိလည္း မသိနိုင္တဲ့အျဖစ္။

ကြ်န္ေတာ္တုုိ႔အတြက္ ရာသီက တစ္ခုပဲရိွတယ္။ ဝမ္းနည္းေျကကဲြျခင္းတဲ့။ ဝမ္းနည္းမႈဆိုတဲ့ရာသီ။ တစ္ခုတည္းေသာ လမင္းျကီးနဲ႔ တစ္ခုတည္းေသာ ေနမင္းျကီးက ကြ်န္ေတာ္တုုိ႔ဆီက ဖယ္ခြာသြားျပီ။ အျပင္မွာေတာ့ ေန့ရက္ေတြဟာ အျပာေရာင္ျဖစ္ခ်င္ျဖစ္မယ္။ ေရႊေရာင္ ျဖစ္ခ်င္ျဖစ္မယ္။ သံမဏိတိုင္ေတြမွန္သားျပင္ေတြ ျကားက ခ်ဥ္းနင္းဝင္ေရာက္လာတဲ့ အလင္းေရာင္ဖ်ဖ် မီးခိုးေရာင္ ညိုမည္းမည္း ညစ္နြမ္းနြမ္း ျကားထဲကို ပုန္းလိွု်းကြယ္လိွု်း ဝင္လာတဲ့ အလင္းေရာင္။ အဲဒါသည္ သူတစ္ေယာက္၏ အခန္းထဲမွာ အျမဲရိွေနတဲ့ ဆည္းဆာ။ ျပီးေတာ့ သူတစ္ေယာက္၏ အသည္းနွလံုးထဲမွာ အျမဲရိွေနတဲ့အလင္းေရာင္။ အဲဒီအေတြးစက္လံုးထဲမွာ၊ အဲဒီအခိ်န္၏ စက္လံုးဆိုတာထက္ လည္း မေလ်ာ့တဲ့၊ ဘယ္ေတာ့မွလည္း မလႈပ္ရွားတဲ့ အေတြးေတြသာရိွတယ္။ အရာရာဟာ လြန္ခဲ့တဲ့အခိ်န္ေတြ ျကာသြားလို့ ဒါေတြကို ကိုယ့္ ဘာသာကိုယ္ ေမ့ေလ်ာ့သြားမယ္။ ဒါမွမဟုတ္လည္း လြယ္လြယ္ကူကူနဲ႔ ေမ့ေဖ်ာက္နိုင္မယ္ဆိုတာ အခုေတာ့ ကြ်န္ေတာ့္အတြက္ေတာ့ တကယ္ ျဖစ္လာျပီ။ မနက္ျဖန္က်ရင္လည္း အဲသည္လို ဆက္ျဖစ္ဦးမွာ။ ကြ်န္ေတာ္ဘာလို့ေရးရသလဲဆိုတာကို နားလည္လာမွာပါ။

တစ္ပတ္ေလာက္အျကာမွာ ဒီေနရာကို ေျပာင္းခဲ့ရတယ္။ ၃ လေလာက္အျကာမွာ ကြ်န္ေတာ့္ အေမဆံုးတယ္။ ကြ်န္ေတာ္ သူ့ကို ဘယ္ ေလာက္ခ်စ္တယ္။ ဘယ္ေလာက္ဂုဏ္ယူတယ္ဆိုတာ ဘယ္သူမွ သိမွာမဟုတ္ဘူး။ အေမေသဆံုးျခင္းဟာ ကြ်န္ေတာ့္ကို ပူျပင္းေလာင္ျမိုက္ သြားေစပါတယ္။ ဒါကို စကားလံုးအကၡရာေတြရဲ့ ဘုရင္လို့ ကိုယ့္ကိုယ္ကိုယ္ တင္စားခဲ့တဲ့ ကြ်န္ေတာ္ဟာ ဘယ္လိုစကားလံုးေတြနဲ႔ ကြ်န္ေတာ့္ ရဲ့ ပူေဆြးျခင္းနွင့္ ရွက္ျခင္းဆိုတဲ့ အရာကို ေဖာ္ျပစရာ စကားလံုးမရိွျဖစ္သြားေစတယ္။ ကြ်န္ေတာ့္ရဲ့ အနုပညာသမားဆိုတဲ့ ျပီးျပည့္စံုတဲ့ ဂုဏ္ပုဒ္ထဲမွာ ကြ်န္ေတာ့္ရဲ့ စိတ္ခံစားမႈ၊ ေလးလံမႈကို ထိေရာက္တဲ့ စကားလံုး ရွာမေတြ့ခဲ့ဘူး။ ကြ်န္ေတာ့္ရဲ့ ဘယ္လိုေျပာရမွန္းမသိတဲ့ ဝမ္း နည္းမႈကို ေဖာ္ျပတဲ့ ျမင့္ျမတ္တဲ့ ေတာ္ဝင္စာသားမ်ားနဲ႔ တည္ေဆာက္ထားတဲ့ ဂီတသံစဥ္လည္း ရွာမေတြ့ေတာ့ဘူး။ ကြ်န္ေတာ့္ မိခင္နဲ႔ ဖခင္ တုုိ႔ဟာ ကြ်န္ေတာ့္ကို ျမင့္ျမတ္ေသာ၊ ဂုဏ္ရိွေသာဆိုတဲ့ အဓိပၸာယ္မ်ားနဲ႔ ေပးခဲ့တဲ့ ကြ်န္ေတာ့္ရဲ့ အမည္၊ စာျကီးေပျကီး၊ အနုပညာ၊ သုေတသနပညာ၊ သိပၸံပညာဆန္ဆန္သာမက ကြ်န္ေတာ့္ တိုင္းျပည္ရဲ့ သမိုင္းမွာပါ တြင္ေလာက္ေစတဲ့ အမည္မို်းကို ေပးခဲ့တယ္။ ကြ်န္ေတာ္ ဟာ သည္အမည္ကိုျဖင့္ အရွက္ရေစခဲ့ျပီ။ ကြ်န္ေတာ္ဟာ နိမ့္က်တဲ့လူတမ္းစားေတြ အလယ္မွာ ပိုျပီးနိမ့္က်ေအာင္ လုပ္ခဲ့မိျပီ။ ဒီအမည္ကိုျဖင့္ ကြ်န္ေတာ္ကပင္ နိမ့္က်ေအာင္ ဆဲြခ်ပစ္ခဲ့မိျပီ။ ဒီနာမည္ကို ယုတ္မာရိုင္းစိုင္းေအာင္၊ ျပီးေတာ့ သူတုုိ႔လက္ထဲမွာ ယုတ္မာသထက္ ယုတ္မာ ေအာင္၊ ရူးသြပ္သြားေအာင္ ေျပာင္းလဲပစ္ခဲ့မိျပီ။ ကြ်န္ေတာ္ ခံစားေနရတာေတြ အခုလည္း ခံစားေနရဆဲ။ ဒါကို စာေရးဖုုိ႔ခဲတံမရိွလို့၊ မွတ္တမ္း တင္ဖုုိ႔ စာရြက္မရိွလို့ အဲဒါေတြေျကာင့္ မဟုတ္ဘူး။ ကြ်န္ေတာ့္ရဲ့ ဇနီးသည္ ကြ်န္ေတာ့္အေပၚ နူးညံ့ သိမ္ေမြ့စြာ၊ ျကင္နာစြာ အျမဲ ဆက္ဆံတတ္သူဆီက ေဟာဒီေထာင္ထဲကေန အဂၤလန္ကို အသြားအျပန္လုပ္ရင္း ဆန့္က်င္ဘက္ နႈတ္ခမ္းမ်ားက သတင္းစကားေတြ ျကားခဲ့ရ တယ္။ ဆံုးရံႈးမႈ ဒဏ္ရာေတြ ရိုက္ခတ္ထားလို့ နာက်င္ေနတဲ့ စကားလံုးေတြ၊ ကြ်န္ေတာ့္ကို အျပင္က ခ်စ္ခင္စြာနဲ႔ ရိွေနဆဲဆိုတဲ့ သတင္းေတြ ကို သူက သယ္လာေပးတယ္။ ကြ်န္ေတာ့္ကို လူကိုယ္တိုင္မသိေပမယ့္ ကြ်န္ေတာ့္ရဲ့ အျဖစ္ေတြကို ျကားသိျပီး သူတုုိ႔ရဲ့ ဝမ္းနည္းမႈစကား လက္ေဆာင္ေတြ ပါးလိုက္ျကတယ္။ ၃ လေတာ့ ကုန္သြားခဲ့ျပီ။ ကြ်န္ေတာ့္ရဲ့ ေန့စဥ္ဝတၲရားေတြ၊ အလုပ္ခိ်န္ဇယားေတြက ကြ်န္ေတာ့္ရဲ့ အခန္းအျပင္တံခါးဝမွာ အျမဲခိ်တ္ထားတယ္။ ကြ်န္ေတာ့္ရဲ့ အမည္၊ ကြ်န္ေတာ့္ရဲ့ ျပစ္ဒဏ္၊ ေမလတုန္းက ဒီလိုမွတ္တမ္းေတြနဲ႔အတူ။

ဘုရားသခင္ ဖန္တီးေပးလိုက္တဲ့ အရာေတြ အားလံုးထဲမွာ တိုးတက္ျကီးပြားခ်မ္းသာ၊ အခြင့္အေရး၊ ေအာင္ျမင္မႈဆိုတာေတြကို အသီး အပြင့္ေတြ အသာေလး ခူးဆြတ္စားသံုးရသလို ျဖစ္ေပမယ့္ ဝမ္းနည္းေျကကဲြျခင္းဆိုတဲ့ အရာကေတာ့ အလြန္ကို ထိခိုက္ခံစားရဆံုးပါပဲ။ ဝမ္းနည္းေျကကဲြရျခင္းဆိုတဲ့အရာက တုန္ခါမႈျပင္းထန္လိုက္တာ ကမၻာျကီးကိုေတာင္ လႈပ္ခတ္သြားေစလိုက္တာမ်ား ဒီထက္ျပင္းထန္တဲ့ ခံစား ခ်က္မို်းဆိုတာ မရိွနိုင္ပါဘူး။ ေရႊအဆင္းရိွတဲ့ သစ္ရြက္ပါးပါးေလးတစ္စ လြင့္ပါးသြားလိုက္တာ ဘယ္ဆီဘယ္ဝယ္ကိုလည္းလို့ သာမန္မ်က္စိ နဲ႔ မျမင္နိုင္သကဲ့သို့ ဝမ္းနည္းမႈဆိုတဲ့ လမ္းေျကာင္းေလး ေရြ့လ်ားသြားမႈဟာ လိုက္လို့မမီနိုင္ပါလား။ ခ်စ္ျခင္းေမတၲာဆိုတဲ့ လက္ကေလးနဲ႔ ထိမိမွသာ ေသြးစိမ္းရွင္ရွင္ ထြက္ရေလာက္ေအာင္ ဒဏ္ရာေတြရလာလိုက္တာ ေသြးေတြ ထပ္ခါထပ္ခါ ထြက္ေနတာေတာင္မွ ရုပ္ပိုင္းဆိုင္ရာ မွာ နာျကင္မႈမရိွ။

ဝမ္းနည္းျခင္းဆိုတဲ့အရာရိွရင္ အဲသည္မွာ ျမင့္ျမတ္တဲ့အေျကာင္းအရာေတြရိွတယ္။ အဲဒါကို သာမန္လူေတြ တခို့်ေပါ့နားလည္ပါလိမ့္ မယ္။ ဘဝဆိုတာ ဘာမွန္းမသိေပမယ့္ သိေတာ့သိတယ္ဆိုတာလို သဘာဝတရားကို သိတယ္။ ဒါဆို နားလည္တယ္ဆိုတာလို ကြ်န္ေတာ့ကို ပုလိပ္ ၂ ေယာက္ ျခံရံျပီး ဘတ္စ္ကာဘီ တရားရံုးကို ေခၚသြားတုန္းကေပါ့။ ျကီးမားတဲ့ လူအုပ္ျကီးေရွ့ ဝရံတာမွာ ေစာင့္ဆိုင္းေနတုန္း အင္မတန္ ခို်ျမိန္ျပီး ရိုးရွင္းတဲ့ လႈပ္ရွားမႈတစ္ခုက တိတ္ဆိတ္မႈထဲမွာ ျဖစ္ပ်က္သြားတယ္။ သူက သူ့ဦးထုပ္အေလးအနက္ ‘မ’ျပီး ကြ်န္ေတာ့္ကို ……လက္ထိတ္ခတ္ခံထားရတဲ့ကၽြန္ေတာ့္ကို…. ဦးေခါင္းငိုက္စိုက္နဲ႔ ကြ်န္ေတာ့္ကို ….အရိုအေသေပးတယ္။ ကြ်န္ေတာ္ သူ့ကို ေက်ာ္ျဖတ္လာခဲ့တယ္။ လူေတြဟာ ဒီထက္ ေသးမႊားတဲ့ အရာေတြအတြက္ ေကာင္းကင္ဘံုကို သြားနိုင္တယ္။ အဲဒီစိတ္၊ အဲဒီခ်စ္ျခင္းေမတၲာဆိုတဲ့ အျပုအမူ။ ဒါဟာ ဘာနဲ႔အလား သဏၭာန္တူသလဲဆိုရင္ သူဆင္းရဲရဲ့ ေျခအစံုကို သူေတာ္စင္ေတြက ဒူးတုပ္ျပီး ေဆးေျကာေပးသလို အနူတစ္ေယာက္ရဲ့ ပါးျပင္ကို နမ္းသြားတဲ့ ရုတ္တရက္ျပုမူမႈ၊ သူ ကြ်န္ေတာ့္ကို ျပုမူလိုက္တဲ့ အျပုအမူေလးကို ဘယ္လို စကားလံုးနဲ႔မွ ေဖာ္ျပလို့မရနိုင္ဘူး။ အဲဒီအခိ်န္ပိုင္းေလးတုန္းမွာ သူေရာ ကြ်န္ေတာ္က သူ့ရဲ့ အျပုအမူေလးကို ဘယ္ေလာက္ခံစားသြား သလဲဆိုတာ သိပါ့မလား။ ဒါကို ဘယ္လိုစကားမ်ားနဲ႔ ေဖာ္ျပရမလဲ။ စကားလံုးမ်ားနဲ႔ ေရာေဖာ္ျပလို့ ရနိုင္မွာမဟုတ္။ ဒါကို ကြ်န္ေတာ့္ရဲ့နွလံုးသားထဲမွာ အဖိုးတန္ရတနာတစ္ခုလို သိမ္းဆည္းခဲ့တယ္။ ကြ်န္ေတာ္ ဘယ္ေတာ့မွ ျပန္မဆပ္နိုင္ေတာ့မယ့္၊ေက်ေက်နပ္နပ္ျကီးယူထားလိုက္မိတဲ့လ်ဴိ႕၀ွက္ေသာအေၾကြးအျဖစ္သိမ္းဆည္းထားတယ္။ မ်က္ရည္ စက္ေပါက္မ်ားစြာနဲ႔ မြမ္းမံေပါင္းထည့္သြားျပီး တျဖည္းျဖည္း တန္ဖိုးျကီးမားလာမယ့္ အဖိုးတန္ရတနာ။

ကြ်န္ေတာ့္အတြက္ အသိပညာဆိုတာနဲ႔ အကို်းမေပးဘူးဆိုတဲ့ အခိ်န္က်ရင္ အေတြးအေခၚေတြ ပ်က္သုဥ္း၊ စကားပံုေတြ၊ စာသားေတြ ကြ်န္ေတာ့္ နႈတ္ဖ်ားမွာ ဖုန္ေတြျပာေတြအျဖစ္ ျဖစ္သြားတဲ့အခါက်ရင္ ေဟာဒီခ်စ္ျခင္းေမတၲာ၊ တိတ္ဆိတ္စြာ ျပသသြားတဲ့ ခ်စ္ျခင္းဆိုတဲ့အရာ ဟာ ကြ်န္ေတာ့္ရဲ့ရင္မွာ ဖြင့္ဟလိုက္ပါေစ။ သဲကနၲာရထဲမွာ နွင္းဆီပန္းကေလး ပြင့္ဖူးလာသလို ေဟာဒီ ခါးသည္းတစ္ကိုယ္တည္း အထီး က်န္ ျဖစ္ကာ ဒဏ္ရာဒဏ္ခ်က္ေတြ၊ ကို်းပဲ့မႈေတြနဲ႔ အေဖာ္လုပ္ေနရတဲ့ ဒီကမၻာထဲကေန ဆဲြထုတ္ေပးလိုက္စမ္းပါ့။ လူေတြဟာ ဒီလူရဲ့ ျပုမူမႈ ေလးကို နားလည္နိုင္ရင္ေတာင္မွ ကြ်န္ေတာ့္အတြက္ ဘာလို့ အဓိပၸာယ္ရိွသလဲဆိုတာကို သိပါ့မလား။ အျမဲတမ္းကို အဓိပၸာယ္ရိွသလဲဆိုတာကို သိပါ့မလား။ အျမဲတမ္းကို အဓိပၸာယ္ျပည့္ဝေနတယ္ဆိုတာကို သူတုုိ႔လည္း ဘာလို့ ဆိုတာကို နားလည္ခ်င္ နားလည္လာလိမ့္မယ္။ ဘယ္လို စိတ္ခံစားမႈက ကြ်န္ေတာ့္ကို အုပ္မိုးလိုက္သလဲဆိုတာကို သိခ်င္သိလာမယ္။

ကမၻာျကီးကိုေပးပို့လိုက္တဲ့ ဒီလိုလူသားတစ္ဦးရဲ့ ရင္တြင္းခံစားမႈမ်ားဟာ ေနြဦးရာသီရဲ့ အဖူးအပြင့္ေတြလို ျဖစ္ခ်င္ျဖစ္မယ္။ စိတ္ဓာတ္ ျပုျပင္ေရးစခန္းက ေအးျမတဲ့ ျမက္ခင္းေလးနဲ႔ တူခ်င္တူမယ္။ ဒါမွမဟုတ္ရင္လည္း လယ္ကြင္းထဲက လွပတဲ့ အဝါေရာင္ ပန္းကေလးေတြလို ‘’ဝမ္းနည္းပူေဆြးစရာေကာင္းလွတဲ့ သံသရာ စက္ဝိုင္းထဲမွာ ပိုျပီးေလးလံသြားေစမယ့္ အရာေတာ့ မဟုတ္ဘူး။ စိတ္ထိခိုက္ဖြယ္ စက္ကြင္းထဲ မွာ ပိုျပီးဆိုးဝါးသြားေအာင္ ဖိစီးေပးမယ့္အရာမို်း မဟုတ္ဘူး။ ဒါဟာ ဟိုးအေဝးျကီးကေန သတင္းစကား သယ္ယူလာေပးတဲ့ ေတးသီ ငွက္ ကေလးရဲ့ နႈတ္က ဖြင့္ဟလိုက္တဲ့ စကားလံုးေလးေတြျဖစ္တယ္။ သို့ေသာ္လည္း ဒါဟာ ေလးနက္တဲ့ အနုပညာေျမာက္တဲ့ အမွားမို်းျဖစ္ခ်င္ ျဖစ္မယ္။ ဒီစာလံုးေတြနဲ႔ တည္ေဆာက္ထားေပမယ့္ လဲြမွားစြာတိုက္ခတ္ခဲ့တဲ့ ေလထုလို့ဆိုခ်င္ဆိုမယ္။ ဒါမွမဟုတ္လည္း ေခတ္မီတဲ့ အနုပညာ ေျမာက္ ေလေကာင္းေလသန့္လို့ ဆိုခ်င္ဆိုမယ္။ ေခတ္မီတဲ့ ဘဝဆိုတာဟာ ရႈပ္ေထြးျပီး အေျပာင္းအလဲေတြမ်ားတယ္။ သို့ေသာ္လည္း ေခတ္မီ တဲ့ ကမၻာထဲမွာ ဂီတအနုပညာသမား၊ ပန္းပုအနုပညာသည္ေတြလို သူတုုိ႔ထုဆစ္ဖဲြ့နဲြ့လိုက္တဲ့ အနုပညာဟာ အမ်ားကို ေဖာ္ျပျခင္းဆိုတဲ့ အနု ပညာမို်းလို့ဆိုရင္ စာေပဟာလည္း ကိုယ့္ခံစားခ်က္မ်ား၊ ရင္တြင္းရိုက္ခတ္မႈမ်ားကို စကားလံုးမ်ားနွင့္ ေဖာ္ျပလိုက္တာပါပဲလို့’’
De Profoundis ‘from the depths’(အက်ဥ္းေထာင္ထဲက ေရးတဲ့စာမ်ား) စာစုမွ ဘာသာျပန္သည္။’
(ရနံ့သစ္၊ ၂ဝ၁၁ ခုနွစ္၊ မတ္လ။)
- See more at: http://moemaka.com/archives/39738#sthash.nrZbxNZh.dpuf

 ခံစားမိတဲ့ အနုပညာ ဂျူနီယာဝင်း

ှအော်စကာဝိုင်း (Oscar Wilde) သည် ၁၈၉၅ မေလမှစ၍ ၂ နှစ်တိုင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခဲ့ရသည်။ ထိုအတောအတွင်း သူ့ခံစားချက်များကို ရေးသားထားသော De Profoundis    ဆောင်းပါးရှည်သည် ၁၉ဝ၅ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ယခုဘာသာပြန်ထား သည်မှာ နိဒါန်းမျှသာ ဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ခြင်းကြောင့် သူ၏ ခံစားချက်များကို စာဖွဲ့၍ မကုန်ဖြစ်ခဲ့လေသည်။ Wilde တစ်ယောက် ၁၈၉၅ ခုနှစ် အကျဉ်းကျစဉ်မှာ သူသည် စာပေ ပညာရှင်တစ်ဦးအနေနှင့် ထိပ်ဆုံးရောက်နေချိန်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း မှာလည်း အချစ်တော် ဖြစ်နေချိန် ဖြစ်သည်။ ထို့ပြင် စကားလုံးလှလှ တီထွင်ရေးသားမှုမှာလည်း ဆရာတစ်ဆူ ဖြစ်နေသည်။ အကျဉ်းထောင်ထဲတွင် လူ့ကျက်သရေဟူသမျှ ခွာချခဲ့ရကာ ကာလကြာရှည်စွာ စာရေးခွင့်မရရှိခဲ့ချေ။ သူဦးစွာ စာရွက်နှင့် ရေးစရာ ရလာချိန် မှာတော့ သူ့မိတ်ဆွေ Douglas  ထံသို့ ‘’ခင်ဗျားရဲ့နှလုံးသားထဲကို ခါးသီးစရာတွေ ပစ်သွင်းလိုက်တာ မဟုတ်ရပါဘူး။ ကျွန်တော့် နှလုံးသားထဲကနေ ဆွဲထုတ်ပစ်လိုက်တာဖြစ်ပါတယ်’’ဟု ရေးသားခဲ့ပါသည်။

De Profoundis    ထဲက ဝမ်းနည်းစိတ်မကောင်းဖြစ်ရသော စာသားများသည် ရယ်သွမ်းသွေးဖွယ်ဖြစ်လာရာမှ ငိုချင်စရာဖြစ်ရသည်။ တစ်ခါတစ်ရံ ရှေ့က သူရေးခဲ့သော အရေးအသားများဖြင့် ထိုးနှက် လိုက်သကဲ့သို့ ဖြစ်ရသည်။

‘’မငိုဘဲနဲ့နေတဲ့ အကျဉ်းထဲက နေ့တစ်ရက်ဟာ သူ့အသည်း နှလုံးက မာကျောနေလို့ဖြစ်တယ်။ သူပျော်နေလို့ မဟုတ်ဘူး’’

ထိုစာအုပ်သည် အနှိမ်ခံ၊ သစ္စာဖောက်ခံ၊ ဂုဏ်ကျက်သရေ ညှိးနွမ်းအောင်လုပ်ခံရသူတိုင်း၏ ရင်ကို ထိခတ်လိုက်သော သံစဉ်များ ဖြစ်ပါသည်။ ၁၉ ရာစု၏ စိတ်မကောင်းစရာအဖြစ်ကို ညဏ်အမြော်အမြင်ဖြင့် စာကြီးပေကြီး ခေတ်ကို ကိုင်လှုပ်လိုက်သော စာအုပ်တစ်အုပ် လည်း ဖြစ်ပါသည်။

Wilde အကျဉ်းကျခြင်းနှင့် ပတ်သက်၍ ပြောစရာများ ဖြစ်ခဲ့ရသည်။ သူ့ဘဝကို အမည်းရောင်စွန်းထင်းခဲ့သော်လည်း အမှန်တကယ် သူကူျးလွန်ခဲ့လေသလား။ သို့တည်းမဟုတ် အသရေဖျက်ခံခဲ့ရသည်လား ဆိုတာကတော့ သူမှတစ်ပါး မသိပါချေ။

သူသည် ထောင်တွင်းစာများကို နောင်တချပြီး ရေးခဲ့သည်လား၊ နာကျည်းပြီး ရေးသားခဲ့တာလားဆိုတာကိုတော့…………….

‘’ကျွန်တော့်ရဲ့နေရာဟာ အမှန်တော့ပြင်သစ်စာရေးဆရာကြီးတွေ ရှိတဲ့နေရာမိုျးမှာ ဖြစ်ရမှာပေါ့။ အဲဒါမျိုးဆို အကောင်းဆုံးပေါ့။ ကျွန်တော့်မှာ စောဒကတတ်ဖုုိ့ ဆန္ဒမရှိပါဘူး။ သင်ခန်းစာရတဲ့နေရာတွေထဲမှာ ထောင်ထဲမှာရတဲ့ သင်ခန်းစာကတော့ အရာရာတိုင်းဟာ ဒါပဲ၊ နောက်လည်းဒါပဲဆိုတာပါပဲ။ ကျွန်တော့်မှာ အလယ်ခေတ်က ဘုရားသခင် ကယ်ခဲ့တယ်ဆိုတဲ့ အနူတစ်ယောက်ရှိခဲ့တယ် ဆိုတာကိုရော၊ သမိုင်းပုံပြင်တွေထဲက ပညာပေးစာသားတွေကိုရော ယုံကြည်မှုကင်းမဲ့ခဲ့တဲ့ ခံစားချက်မိုျးရှိခဲ့ပါတယ်လို့ မပြောဝံ့ပါဘူးဗျာ။

အဲဒီလို ယုံကြည်ခဲ့တာ မနှစ်က ဒီထဲမရောက်ခင်အထိပါပဲလို့ ဆိုပါတော့။ ဘဝရဲ့မြစ်တစ်စင်းဟာ ကျွန်တော်နဲ့ ဟိုးဝေးကွာလှတဲ့ ရက်စွဲတွေ ကြားထဲမှာ စီးဆင်းနေပါတယ်။ ကြည့်စမ်းပါဦး ဘယ်လောက်တောင်များ အကိုျးမရှိ ကုန်လွန်ခဲ့ရတဲ့ပမာဏ။ ဒါပေမဲ့ ဒါကို ကျွန် တော်က ဒီလိုယူဆတယ်။ ကျွန်တော်က မနေ့က အကြောင်းကို မပြောဘူး။ ဒီနေ့ကိုပဲ ပြောမယ့်။ ခံစားမှု ဝေဒနာဆိုတာ သိပ်ကို ရှည်လျား လိုက်တဲ့ အရာတစ်ခု။ ဒါကို ရာသီဥတုနဲ့လည်း ပိုင်းခြားလို့မရ။ ဒါကို သူ့ရဲ့လှုပ်ရှားမှုတွေ၊ တစ်ပတ်ပြန်လည်မှုတွေနဲ့သာ မှတ်တမ်းတင်ထား လို့ ရနိုင်တယ်။ ကျွန်တော်တုုိ့အတွက် အချိန်ဆိုတာ တိုးတက်မှုမရှိတဲ့ အရာတစ်ခု။ သူက လည်ပတ်နေတယ်။ သူက နာကြင်ခြင်းဆိုတဲ့ ဗဟို ချက်မှာ လည်ပတ်နေတဲ့စက်ဝိုင်း။ ဘယ်တော့မှ ပြောင်းလဲခြင်းမရှိတဲ့ ပုံစံခွက်ထဲမှာ ဘယ်တော့မှ မလှုပ်ရှား မရွေ့လျားစွာနဲ့ လည်ပတ်နေတဲ့ အရာ။ ဒီတော့ ကျွန်တော်တုုိ့က စားတယ်၊ သောက်တယ်၊ လဲလျောင်းတယ်၊ ဘုရားဝတ်ပြုဆုတောင်းတယ်၊ ဒူးတုပ်ထိုင်ပြီးတော့ ဆုတောင်း တယ်။ ဒါတွေက သံမဏိလို မာကျောတဲ့ ပုဒ်မတွေနဲ့ တည်ဆောက်ထားတဲ့ လည်ပတ်မှု။ ဒီလိုဆိုးရွားပြင်းထန်တဲ့ နေ့ရက်တွေမှာ မိနစ်တိုင်း ကို ညီအစ်ကိုလိုပေါင်းဖက်လို့ အချိန်တိုင်းကို အသေးစိတ်မှတ်သားလို့ ဘယ်တော့မှ လှုပ်ရှားမှုမရှိတဲ့ နေ့ရက်တွေကို ရေတွက်လို့။ သူ့ရဲ့ အနှစ်သာရတည်ရှိခြင်းက ဘာလဲဆိုတော့ အမြဲတမ်းရပ်တန့်နေတဲ့ ပြောင်းလဲမှု။ ကောက်ရိတ်သိမ်းပွဲဆိုတဲ့ ကောက်ပဲသီးနှံရာသီတွေ၊ ကောက် ကွေးလာတဲ့ သီးနှံပင်ရဲ့ အကိုင်းလေးတွေ ရိတ်သိမ်းချိန် ဒါမှမဟုတ်ရင်လည်း စပျစ်သီးတွေမှည့်လို့ အသီးတွေခူးဆွတ်ရတဲ့ကာလ၊ အသီးအနှံ ပင်တွေဆီကနေ မှည့်ရင့်လို့ မြက်ခင်းပေါ်ကို ေြွကကျတဲ့အခါ ဒါတွေကို ကျွန်တော်တုုိ့ ဘာဆိုဘာမှမသိ၊ သိလည်း မသိနိုင်တဲ့အဖြစ်။

ကျွန်တော်တုုိ့အတွက် ရာသီက တစ်ခုပဲရှိတယ်။ ဝမ်းနည်းကြေကွဲခြင်းတဲ့။ ဝမ်းနည်းမှုဆိုတဲ့ရာသီ။ တစ်ခုတည်းသော လမင်းကြီးနဲ့ တစ်ခုတည်းသော နေမင်းကြီးက ကျွန်တော်တုုိ့ဆီက ဖယ်ခွာသွားပြီ။ အပြင်မှာတော့ နေ့ရက်တွေဟာ အပြာရောင်ဖြစ်ချင်ဖြစ်မယ်။ ရွှေရောင် ဖြစ်ချင်ဖြစ်မယ်။ သံမဏိတိုင်တွေမှန်သားပြင်တွေ ကြားက ချဉ်းနင်းဝင်ရောက်လာတဲ့ အလင်းရောင်ဖျဖျ မီးခိုးရောင် ညိုမည်းမည်း ညစ်နွမ်းနွမ်း ကြားထဲကို ပုန်းလှိုျးကွယ်လှိုျး ဝင်လာတဲ့ အလင်းရောင်။ အဲဒါသည် သူတစ်ယောက်၏ အခန်းထဲမှာ အမြဲရှိနေတဲ့ ဆည်းဆာ။ ပြီးတော့ သူတစ်ယောက်၏ အသည်းနှလုံးထဲမှာ အမြဲရှိနေတဲ့အလင်းရောင်။ အဲဒီအတွေးစက်လုံးထဲမှာ၊ အဲဒီအချိန်၏ စက်လုံးဆိုတာထက် လည်း မလျော့တဲ့၊ ဘယ်တော့မှလည်း မလှုပ်ရှားတဲ့ အတွေးတွေသာရှိတယ်။ အရာရာဟာ လွန်ခဲ့တဲ့အချိန်တွေ ကြာသွားလို့ ဒါတွေကို ကိုယ့် ဘာသာကိုယ် မေ့လျော့သွားမယ်။ ဒါမှမဟုတ်လည်း လွယ်လွယ်ကူကူနဲ့ မေ့ဖျောက်နိုင်မယ်ဆိုတာ အခုတော့ ကျွန်တော့်အတွက်တော့ တကယ် ဖြစ်လာပြီ။ မနက်ဖြန်ကျရင်လည်း အဲသည်လို ဆက်ဖြစ်ဦးမှာ။ ကျွန်တော်ဘာလို့ရေးရသလဲဆိုတာကို နားလည်လာမှာပါ။

တစ်ပတ်လောက်အကြာမှာ ဒီနေရာကို ပြောင်းခဲ့ရတယ်။ ၃ လလောက်အကြာမှာ ကျွန်တော့် အမေဆုံးတယ်။ ကျွန်တော် သူ့ကို ဘယ် လောက်ချစ်တယ်။ ဘယ်လောက်ဂုဏ်ယူတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အမေသေဆုံးခြင်းဟာ ကျွန်တော့်ကို ပူပြင်းလောင်မြိုက် သွားစေပါတယ်။ ဒါကို စကားလုံးအက္ခရာတွေရဲ့ ဘုရင်လို့ ကိုယ့်ကိုယ်ကိုယ် တင်စားခဲ့တဲ့ ကျွန်တော်ဟာ ဘယ်လိုစကားလုံးတွေနဲ့ ကျွန်တော့် ရဲ့ ပူဆွေးခြင်းနှင့် ရှက်ခြင်းဆိုတဲ့ အရာကို ဖော်ပြစရာ စကားလုံးမရှိဖြစ်သွားစေတယ်။ ကျွန်တော့်ရဲ့ အနုပညာသမားဆိုတဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်ပုဒ်ထဲမှာ ကျွန်တော့်ရဲ့ စိတ်ခံစားမှု၊ လေးလံမှုကို ထိရောက်တဲ့ စကားလုံး ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့်ရဲ့ ဘယ်လိုပြောရမှန်းမသိတဲ့ ဝမ်း နည်းမှုကို ဖော်ပြတဲ့ မြင့်မြတ်တဲ့ တော်ဝင်စာသားများနဲ့ တည်ဆောက်ထားတဲ့ ဂီတသံစဉ်လည်း ရှာမတွေ့တော့ဘူး။ ကျွန်တော့် မိခင်နဲ့ ဖခင် တုုိ့ဟာ ကျွန်တော့်ကို မြင့်မြတ်သော၊ ဂုဏ်ရှိသောဆိုတဲ့ အဓိပ္ပာယ်များနဲ့ ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အမည်၊ စာကြီးပေကြီး၊ အနုပညာ၊ သုတေသနပညာ၊ သိပ္ပံပညာဆန်ဆန်သာမက ကျွန်တော့် တိုင်းပြည်ရဲ့ သမိုင်းမှာပါ တွင်လောက်စေတဲ့ အမည်မိုျးကို ပေးခဲ့တယ်။ ကျွန်တော် ဟာ သည်အမည်ကိုဖြင့် အရှက်ရစေခဲ့ပြီ။ ကျွန်တော်ဟာ နိမ့်ကျတဲ့လူတမ်းစားတွေ အလယ်မှာ ပိုပြီးနိမ့်ကျအောင် လုပ်ခဲ့မိပြီ။ ဒီအမည်ကိုဖြင့် ကျွန်တော်ကပင် နိမ့်ကျအောင် ဆွဲချပစ်ခဲ့မိပြီ။ ဒီနာမည်ကို ယုတ်မာရိုင်းစိုင်းအောင်၊ ပြီးတော့ သူတုုိ့လက်ထဲမှာ ယုတ်မာသထက် ယုတ်မာ အောင်၊ ရူးသွပ်သွားအောင် ပြောင်းလဲပစ်ခဲ့မိပြီ။ ကျွန်တော် ခံစားနေရတာတွေ အခုလည်း ခံစားနေရဆဲ။ ဒါကို စာရေးဖုုိ့ခဲတံမရှိလို့၊ မှတ်တမ်း တင်ဖုုိ့ စာရွက်မရှိလို့ အဲဒါတွေကြောင့် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဇနီးသည် ကျွန်တော့်အပေါ် နူးညံ့ သိမ်မွေ့စွာ၊ ကြင်နာစွာ အမြဲ ဆက်ဆံတတ်သူဆီက ဟောဒီထောင်ထဲကနေ အင်္ဂလန်ကို အသွားအပြန်လုပ်ရင်း ဆန့်ကျင်ဘက် နှုတ်ခမ်းများက သတင်းစကားတွေ ကြားခဲ့ရ တယ်။ ဆုံးရှုံးမှု ဒဏ်ရာတွေ ရိုက်ခတ်ထားလို့ နာကျင်နေတဲ့ စကားလုံးတွေ၊ ကျွန်တော့်ကို အပြင်က ချစ်ခင်စွာနဲ့ ရှိနေဆဲဆိုတဲ့ သတင်းတွေ ကို သူက သယ်လာပေးတယ်။ ကျွန်တော့်ကို လူကိုယ်တိုင်မသိပေမယ့် ကျွန်တော့်ရဲ့ အဖြစ်တွေကို ကြားသိပြီး သူတုုိ့ရဲ့ ဝမ်းနည်းမှုစကား လက်ဆောင်တွေ ပါးလိုက်ကြတယ်။ ၃ လတော့ ကုန်သွားခဲ့ပြီ။ ကျွန်တော့်ရဲ့ နေ့စဉ်ဝတ္တရားတွေ၊ အလုပ်ချိန်ဇယားတွေက ကျွန်တော့်ရဲ့ အခန်းအပြင်တံခါးဝမှာ အမြဲချိတ်ထားတယ်။ ကျွန်တော့်ရဲ့ အမည်၊ ကျွန်တော့်ရဲ့ ပြစ်ဒဏ်၊ မေလတုန်းက ဒီလိုမှတ်တမ်းတွေနဲ့အတူ။

ဘုရားသခင် ဖန်တီးပေးလိုက်တဲ့ အရာတွေ အားလုံးထဲမှာ တိုးတက်ကြီးပွားချမ်းသာ၊ အခွင့်အရေး၊ အောင်မြင်မှုဆိုတာတွေကို အသီး အပွင့်တွေ အသာလေး ခူးဆွတ်စားသုံးရသလို ဖြစ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းဆိုတဲ့ အရာကတော့ အလွန်ကို ထိခိုက်ခံစားရဆုံးပါပဲ။ ဝမ်းနည်းကြေကွဲရခြင်းဆိုတဲ့အရာက တုန်ခါမှုပြင်းထန်လိုက်တာ ကမ္ဘာကြီးကိုတောင် လှုပ်ခတ်သွားစေလိုက်တာများ ဒီထက်ပြင်းထန်တဲ့ ခံစား ချက်မိုျးဆိုတာ မရှိနိုင်ပါဘူး။ ရွှေအဆင်းရှိတဲ့ သစ်ရွက်ပါးပါးလေးတစ်စ လွင့်ပါးသွားလိုက်တာ ဘယ်ဆီဘယ်ဝယ်ကိုလည်းလို့ သာမန်မျက်စိ နဲ့ မမြင်နိုင်သကဲ့သို့ ဝမ်းနည်းမှုဆိုတဲ့ လမ်းကြောင်းလေး ရွေ့လျားသွားမှုဟာ လိုက်လို့မမီနိုင်ပါလား။ ချစ်ခြင်းမေတ္တာဆိုတဲ့ လက်ကလေးနဲ့ ထိမိမှသာ သွေးစိမ်းရှင်ရှင် ထွက်ရလောက်အောင် ဒဏ်ရာတွေရလာလိုက်တာ သွေးတွေ ထပ်ခါထပ်ခါ ထွက်နေတာတောင်မှ ရုပ်ပိုင်းဆိုင်ရာ မှာ နာကြင်မှုမရှိ။

ဝမ်းနည်းခြင်းဆိုတဲ့အရာရှိရင် အဲသည်မှာ မြင့်မြတ်တဲ့အကြောင်းအရာတွေရှိတယ်။ အဲဒါကို သာမန်လူတွေ တခို့ျပေါ့နားလည်ပါလိမ့် မယ်။ ဘဝဆိုတာ ဘာမှန်းမသိပေမယ့် သိတော့သိတယ်ဆိုတာလို သဘာဝတရားကို သိတယ်။ ဒါဆို နားလည်တယ်ဆိုတာလို ကျွန်တော့ကို ပုလိပ် ၂ ယောက် ခြံရံပြီး ဘတ်စ်ကာဘီ တရားရုံးကို ခေါ်သွားတုန်းကပေါ့။ ကြီးမားတဲ့ လူအုပ်ကြီးရှေ့ ဝရံတာမှာ စောင့်ဆိုင်းနေတုန်း အင်မတန် ခိုျမြိန်ပြီး ရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခုက တိတ်ဆိတ်မှုထဲမှာ ဖြစ်ပျက်သွားတယ်။ သူက သူ့ဦးထုပ်အလေးအနက် ‘မ’ပြီး ကျွန်တော့်ကို ……လက်ထိတ်ခတ်ခံထားရတဲ့ကျွန်တော့်ကို…. ဦးခေါင်းငိုက်စိုက်နဲ့ ကျွန်တော့်ကို ….အရိုအသေပေးတယ်။ ကျွန်တော် သူ့ကို ကျော်ဖြတ်လာခဲ့တယ်။ လူတွေဟာ ဒီထက် သေးမွှားတဲ့ အရာတွေအတွက် ကောင်းကင်ဘုံကို သွားနိုင်တယ်။ အဲဒီစိတ်၊ အဲဒီချစ်ခြင်းမေတ္တာဆိုတဲ့ အပြုအမူ။ ဒါဟာ ဘာနဲ့အလား သဏ္ဌာန်တူသလဲဆိုရင် သူဆင်းရဲရဲ့ ခြေအစုံကို သူတော်စင်တွေက ဒူးတုပ်ပြီး ဆေးကြောပေးသလို အနူတစ်ယောက်ရဲ့ ပါးပြင်ကို နမ်းသွားတဲ့ ရုတ်တရက်ပြုမူမှု၊ သူ ကျွန်တော့်ကို ပြုမူလိုက်တဲ့ အပြုအမူလေးကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်ဘူး။ အဲဒီအချိန်ပိုင်းလေးတုန်းမှာ သူရော ကျွန်တော်က သူ့ရဲ့ အပြုအမူလေးကို ဘယ်လောက်ခံစားသွား သလဲဆိုတာ သိပါ့မလား။ ဒါကို ဘယ်လိုစကားများနဲ့ ဖော်ပြရမလဲ။ စကားလုံးများနဲ့ ရောဖော်ပြလို့ ရနိုင်မှာမဟုတ်။ ဒါကို ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အဖိုးတန်ရတနာတစ်ခုလို သိမ်းဆည်းခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ပြန်မဆပ်နိုင်တော့မယ့်၊ကျေကျေနပ်နပ်ကြီးယူထားလိုက်မိတဲ့လျိူ့ဝှက်သောအကြွေးအဖြစ်သိမ်းဆည်းထားတယ်။ မျက်ရည် စက်ပေါက်များစွာနဲ့ မွမ်းမံပေါင်းထည့်သွားပြီး တဖြည်းဖြည်း တန်ဖိုးကြီးမားလာမယ့် အဖိုးတန်ရတနာ။

ကျွန်တော့်အတွက် အသိပညာဆိုတာနဲ့ အကိုျးမပေးဘူးဆိုတဲ့ အချိန်ကျရင် အတွေးအခေါ်တွေ ပျက်သုဉ်း၊ စကားပုံတွေ၊ စာသားတွေ ကျွန်တော့် နှုတ်ဖျားမှာ ဖုန်တွေပြာတွေအဖြစ် ဖြစ်သွားတဲ့အခါကျရင် ဟောဒီချစ်ခြင်းမေတ္တာ၊ တိတ်ဆိတ်စွာ ပြသသွားတဲ့ ချစ်ခြင်းဆိုတဲ့အရာ ဟာ ကျွန်တော့်ရဲ့ရင်မှာ ဖွင့်ဟလိုက်ပါစေ။ သဲကန္တာရထဲမှာ နှင်းဆီပန်းကလေး ပွင့်ဖူးလာသလို ဟောဒီ ခါးသည်းတစ်ကိုယ်တည်း အထီး ကျန် ဖြစ်ကာ ဒဏ်ရာဒဏ်ချက်တွေ၊ ကိုျးပဲ့မှုတွေနဲ့ အဖော်လုပ်နေရတဲ့ ဒီကမ္ဘာထဲကနေ ဆွဲထုတ်ပေးလိုက်စမ်းပါ့။ လူတွေဟာ ဒီလူရဲ့ ပြုမူမှု လေးကို နားလည်နိုင်ရင်တောင်မှ ကျွန်တော့်အတွက် ဘာလို့ အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ရှိသလဲဆိုတာကို သိပါ့မလား။ အမြဲတမ်းကို အဓိပ္ပာယ်ပြည့်ဝနေတယ်ဆိုတာကို သူတုုိ့လည်း ဘာလို့ ဆိုတာကို နားလည်ချင် နားလည်လာလိမ့်မယ်။ ဘယ်လို စိတ်ခံစားမှုက ကျွန်တော့်ကို အုပ်မိုးလိုက်သလဲဆိုတာကို သိချင်သိလာမယ်။

ကမ္ဘာကြီးကိုပေးပို့လိုက်တဲ့ ဒီလိုလူသားတစ်ဦးရဲ့ ရင်တွင်းခံစားမှုများဟာ နွေဦးရာသီရဲ့ အဖူးအပွင့်တွေလို ဖြစ်ချင်ဖြစ်မယ်။ စိတ်ဓာတ် ပြုပြင်ရေးစခန်းက အေးမြတဲ့ မြက်ခင်းလေးနဲ့ တူချင်တူမယ်။ ဒါမှမဟုတ်ရင်လည်း လယ်ကွင်းထဲက လှပတဲ့ အဝါရောင် ပန်းကလေးတွေလို ‘’ဝမ်းနည်းပူဆွေးစရာကောင်းလှတဲ့ သံသရာ စက်ဝိုင်းထဲမှာ ပိုပြီးလေးလံသွားစေမယ့် အရာတော့ မဟုတ်ဘူး။ စိတ်ထိခိုက်ဖွယ် စက်ကွင်းထဲ မှာ ပိုပြီးဆိုးဝါးသွားအောင် ဖိစီးပေးမယ့်အရာမိုျး မဟုတ်ဘူး။ ဒါဟာ ဟိုးအဝေးကြီးကနေ သတင်းစကား သယ်ယူလာပေးတဲ့ တေးသီ ငှက် ကလေးရဲ့ နှုတ်က ဖွင့်ဟလိုက်တဲ့ စကားလုံးလေးတွေဖြစ်တယ်။ သို့သော်လည်း ဒါဟာ လေးနက်တဲ့ အနုပညာမြောက်တဲ့ အမှားမိုျးဖြစ်ချင် ဖြစ်မယ်။ ဒီစာလုံးတွေနဲ့ တည်ဆောက်ထားပေမယ့် လွဲမှားစွာတိုက်ခတ်ခဲ့တဲ့ လေထုလို့ဆိုချင်ဆိုမယ်။ ဒါမှမဟုတ်လည်း ခေတ်မီတဲ့ အနုပညာ မြောက် လေကောင်းလေသန့်လို့ ဆိုချင်ဆိုမယ်။ ခေတ်မီတဲ့ ဘဝဆိုတာဟာ ရှုပ်ထွေးပြီး အပြောင်းအလဲတွေများတယ်။ သို့သော်လည်း ခေတ်မီ တဲ့ ကမ္ဘာထဲမှာ ဂီတအနုပညာသမား၊ ပန်းပုအနုပညာသည်တွေလို သူတုုိ့ထုဆစ်ဖွဲ့နွဲ့လိုက်တဲ့ အနုပညာဟာ အများကို ဖော်ပြခြင်းဆိုတဲ့ အနု ပညာမိုျးလို့ဆိုရင် စာပေဟာလည်း ကိုယ့်ခံစားချက်များ၊ ရင်တွင်းရိုက်ခတ်မှုများကို စကားလုံးများနှင့် ဖော်ပြလိုက်တာပါပဲလို့’’
De Profoundis ‘from the depths’(အကျဉ်းထောင်ထဲက ရေးတဲ့စာများ) စာစုမှ ဘာသာပြန်သည်။’
(ရနံ့သစ်၊ ၂ဝ၁၁ ခုနှစ်၊ မတ်လ။)
- See more at: http://moemaka.com/archives/39738#sthash.nrZbxNZh.dpuf

ဘာသာပြန်ရခြင်းဒုက္ခ ဂျူနီယာဝင်း

ဘာသာပြန်ရခြင်းဒုက္ခ ဂျူနီယာဝင်း

         ကျွန်မသည် အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရသည့် အလုပ်မိုျးကို တစ်ခါတစ်ရံတွင် အလုပ်သဘောအရ လုပ်ဖူးပါသည်။ သို့ရာတွင် ကိုယ်ဘာသာပြန်ရသည့် အကြောင်းအရာက ကိုယ်နှင့်ဘာမှမဆိုင်၊ ကိုယ်ကလည်း စိတ်မဝင်စားသည့် အခါမိုျးတွင် ငြင်းရပါသည်။ မေမေကြီး ဒေါ်ခင်မိုျးချစ် ရေးသားသော အင်္ဂလိပ်လိုစာများ၊ ဆောင်းပါးများကျတော့ ကျွန်မက စိတ်လည်းဝင်စားပြီး၊ ဘာသာပြန်ရတာ ပျော်စရာလည်း ကောင်းပါသည်။ ထိုအခါ ကျွန်မကို တစ်ခါတစ်ရံ ဘာသာပြန်ခိုင်းသူများကို ရှင်းပြရတာ တော်တော်ခက်ပါသည်။ ကျွန်မတို့ က စာရေးဆရာများဖြစ်ပေမယ့် ဘာသာပြန်သည့် အလုပ်ကို လုပ်သူများမဟုတ်ကြောင်း၊ မေမေကြီးရေးသော စာများကျတော့ ခံစားလို့ရ ကြောင်း … စသည်ဖြင့်။ သို့သော် နောက်ပိုင်းတွင် ဘာသာပြန်သော အလုပ်မိုျးကို လုံးဝကို လက်မခံတော့ဘဲ ကိုယ့်အလုပ်ကိုယ် စိတ်ဝင်စား သလိုပဲ လုပ်ပါသည်။ ကိုယ်ကြိုက်မှ ကိုယ်ခံစားလို့ရမှ ဘာသာပြန်တာ ဆိုသည့်အချက်ကို နားလည်သွားအောင် ပြောဖို့ အတော်ခက်ပါသည်။ ပိုက်ဆံဘယ်လောက်ရမှ လုပ်မှာလဲဟူသော မေးခွန်းမိုျးမှာ အတော်ဖြေရခက်ပါသည်။ ဒါကို စာရေးဆရာများ၏ ခံစားတတ်သော စိတ်မိုျးရှိမှ ပင် နားလည်ပါလိမ့်မည်။
          လွန်ခဲ့သော ငါးနှစ်ခန့်က ကျွန်မကို နိုင်ငံခြားသားတစ်ဦးက ဘာသာပြန်အလုပ်တစ်ခုကို အပ်ပါသည်။ ၎င်းတို့ ထရိန်နင်ပေးထားသော ကျောင်းသားများ ရိုက်ထားသည့် သတင်း၊ မှတ်တမ်း ရုပ်ရှင် Documentary တိုလေးများကို အချောမသတ်ခင်မှာ ကားထဲရိုက်ထား သမျှ စကားလုံးများအားလုံးကို အင်္ဂလိပ်လို ဘာသာပြန်ပေးဖို့ဖြစ်ပါသည်။ ကျွန်မက ငြင်းမိပါသည်။ သို့သော် နားထောင်ကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းပါသည်။ သူက အရင်တစ်နှစ်က ရိုက်ကူးတည်းဖြတ်ပြီးသား မှတ်တမ်းရုပ်ရှင်များပါသော အင်္ဂလိပ်စာတမ်းထိုးအခွေကို ပေးကာ လေ့လာကြည့်ဖို့ ပြောပါသည်။
          သည်လိုနှင့် ကျွန်မ ထိုအလုပ်ကို လက်ခံဖြစ်ခဲ့ပါသည်။ သူတို့ဌာနမှာ ကျွန်မလိုပဲ ဘာသာပြန်ဖို့ အချိန်ပိုင်းငှားထားသူများကို တွေ့ရပါ သည်။ သည်တော့ ကျွန်မဆီရောက်လာသော ရိုက်ထားသမျှ ရုပ်ရှင်ကားကို ဗမာမှ အင်္ဂလိပ်သို့ ဘာသာပြန်သော အလုပ်ကို လုပ်ခဲ့ပါသည်။ ကျွန်မက ဘာသာပြန်ရင်းကနေ ထိုရုပ်ရှင်လေးများကိုပါ ကြည့်ရသည်ပေါ့။ အဲသည်မှာ ကျွန်မ၏ ဒုက္ခကစပါသည်။ (ဘာသာပြန်တဲ့ အလုပ်ကိုပဲ လုပ်နေရင်တော့ ဘာဒုက္ခမှ ရောက်မလာနိုင်ပါ။)
ထိုရုပ်ရှင်များမှာ မြန်မာပြည်တွင်းက အဖြစ်အပျက်တိုကလေးများ၊ အကြောင်း အရာလေးများ၊ လူပုဂ္ဂိုလ်များ အကြောင်းရာစုံလင်လှပါသည်။ ခက်နေတာက အားလုံး၏ ရှုထောင့်က ဆင်းရဲခြင်းဖြစ်နေသည်။ ဆင်းရဲခြင်းဆို တာကို အခြေခံထားပြီး ရိုက်ထားတာများ ဖြစ်နေသည်။
ဥပမာ- ရေသန့်ဘူးရောင်းတဲ့ ကလေးတစ်ယောက်၏ ဘဝ၊ နယ်ကနေတက်လာပြီး စာလည်းမသင်ရဘဲ ဆင်းဆင်းရဲရဲ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း။ ထားပါတော့… အဲသည် ကလေးတွေကိုက ဆင်းရဲတဲ့ အခြေအနေမို့လို့။ ခက်တာက မြန်မာအနုပညာသည် အချို့ရဲ့ ရုပ်ပုံလွှာတခို့ျကိုလည်း အဲသည် ရှုထောင့်ကနေ ကြည့်ပြီး ရိုက်ထားခြင်းများဖြစ်သည်။ ထိုဇာတ်လမ်းတိုများကို ရိုက်ကြသော ကျောင်းသားများ အရည်အချင်းကိုတော့ ကျွန်မ ချီးကူျးရပါ မည်။ သူတို့သည် တကယ့်ဝါရင့်သူများကဲ့သို့ပင် တော်ကြတာကို တွေ့ရပါသည်။ သို့သော် သူတို့ကို သင်ပေးသော သူတို့ရိုက်ထားသမျှကို တည်းဖြတ်လိုက်သော နိုင်ငံခြားသား ဆရာ၊ ဆရာမများက ဇာတ်ညွှန်းများကို ပြင်လိုက်ပုံရပါသည်။ သည့်ထက်ပိုဆိုးသည်မှာ ၎င်းတို့၏ ထရိန်နင်ကြောင့် လူငယ်ကျောင်းသားများ၏ စိတ်ထဲတွင် သတင်း၊ မှတ်တမ်းရုပ်ရှင်ဆိုတာ ဆင်းရဲတာကို ရိုက်တာပဲဟု ထင်သွားကြသူများကို ကျွန်မတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။
          ထိုအချက်ကိုတော့ ထိုသင်တန်းက လူငယ်လေးများ၏ အင်တာဗူျးအခို့ျကို ကျွန်မက အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ရသောကြောင့် ဖြစ် ပါသည်။ သတင်းမှတ်တမ်းဆိုတာ သတင်းကား၊ သတင်းရုပ်ရှင်လို့ အဓိပ္ပာယ်ဖော်လို့ ရနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်အကြောင်း၊ ဘဝ၊ အနုပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိလေးတွေ၊ မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအလှများ၊ ဘုရားသမိုင်းများ၊ ဒဏ္ဍာရီများကိုလည်း ရိုက်ကူးလို့ရနိုင် ပေသည်။ ယခုလို ဆင်းရဲ၊ စုတ်ပြတ်နေသော ဘဝများကိုသာ ရိုက်ကူးခြင်းမဟုတ်ပါ။
          ဤသို့နှင့် မနေနိုင်၊ မထိုင်နိုင်ပင် ကျွန်မကို အလုပ်လာအပ်သော အဖွဲ့ခေါင်းဆောင် နိုင်ငံခြားသူ အမိုျးသမီးကြီးထံသွားကာ စကား သွားပြောကြည့်မိပါသည်။ ကျွန်မကို အလုပ်အပ်စဉ်က သူပေးခဲ့သော အခွေထဲက ရုပ်ရှင်တစ်ခုကို ထောက်ပြီး ဆွေးနွေးကြည့်မိပါသည်။ အဲသည်မှာ ဘာသာပြန်ထားသော အချက်များသည် မြန်မာလို မူရင်းခံစားချက်လွဲနေကြောင်း၊ တခို့ျနေရာများတွင် ရှင်းပြဖို့လိုကြောင်း၊ တခို့ျအခန်းများတွင် ဘာသာမပြန်ဘဲ ထားထား၍ မြန်မာစာမတတ်တဲ့၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားများက တကယ့် မူရင်းအဓိပ္ပာယ် လွဲသွားနိုင်ကြောင်း၊ သည်လို လွဲသွားတဲ့အတွက် မြန်မာတွေကို အထင်သေးစရာ ဖြစ်ရကြောင်းတို့ကို ထိုဇာတ်ဝင်ခန်းများတစ်ခုချင်းစီ အသေး စိတ် ရှင်းပြခဲ့မိပါသည်။ ထို့ပြင် မြန်မာပြည်၏ အလှအပများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလည်း ရိုက်ကူးဖို့ အကြံပေးလိုက်ပါ သည်။ သည်လိုနှင့် ၎င်းတို့ သတ်မှတ်ထားသည့် ကာလတိုင်အောင် လုပ်ပေးခဲ့ပါသည်။ ဘာမှ ထူးမလာပါ။ သည်အတိုင်း သည်အတိုင်းပဲ ဖြစ်ပါသည်။ ဤသို့နှင့် အလုပ်နားသည့်ကာလသို့ ရောက်သွားပါသည်။
          နောင်တစ်နှစ်တွင် ထိုဘာသာပြန်အလုပ်ကို ထပ်လုပ်ဖို့ အကြောင်းကြားပါသည်။ ကျွန်မ ငြင်းလိုက်ပါတော့သည်။ ကျွန်မစိတ်ထဲတွင် ငွေရေးကြေးရေးအရ မက်မောစရာကောင်းသော အလုပ်မှန်းတော့ သိပါသည်။ ထိုရုပ်ရှင်များကို နိုင်ငံခြားသားအဖွဲ့များက ဝိုင်းကြည့်ကာ ဟားတိုက်ရယ်မောနေကြသည့် မြင်ကွင်းကို မြင်တွေ့ရသည်မှာ ကျွန်မစိတ်မသက်သာပါ။ ထို့ပြင် မြန်မာတွေကို အထင်သေးသော စိတ်ရှိသူ များနှင့် တွဲပြီး အလုပ်မလုပ်ချင်ပါ။ ဤကား ကိုယ်လည်း စိတ်ဝင်စားရဲ့သားနှင့်၊ ပျော်စရာလည်းကောင်းရဲ့သားနှင့် သည်ဘာသာပြန်အလုပ် ကို ငြင်းရကောင်းလားဟူသော အမေးကို ဘယ်လိုနားလည်အောင် ရှင်းပြရမှန်းမသိသည့် ဒုက္ခတစ်ခု တိုးလာပါတော့သည်။
(အမှတ် ၂၃၁၊ အတွေးအမြင်)
-

Days and Flowers of Myanmar

မိုုးမခစာအုုပ္စင္၊ ေအာက္တိုုဘာ ၁၃၊ ၂၀၁၃
စာအုပ္အမည္ – Days and Flowers of Myanmar
ေရးသူ – Junior Win
စာအုပ္တုိက္ – Parami Bookshop, Parami Publication House (ပါရမီ)
(ပါရမီစာအုပ္တုိက္ – အမွတ္ ၂၃၀, ၂၉လမ္း ရန္ကုန္ -ဖုံး 253246,0973016292)
ထုတ္ေ၀သူ – ဦးေက်ာ္ဦး ပါရမီစာအုပ္တုိက္
အုပ္ေရ – ၁၀၀၀။ တန္ဖိုး – ၁၅၀၀ က်ပ္
မ်က္နွာဖုံးဒီဇုိင္း Kyaw Min Moung
အတြင္းရုပ္ပုံမ်ား – ပန္းခ်ီဦးဘၾကည္၊ ကာတြန္းေမာင္ရစ္
စာမ်က္နွာ – ၆၀ မ်က္ႏွာ
Junior Win ေရးေသာ Burmese Days and Flowers အမည္ရွိ kindle ebook ကုိထပ္မံျဖည့္စြက္ခ်က္မ်ားနွင့္ အတူပါရမီစာေပတုိက္မွ အဂၤလိပ္လုိစာအုပ္သစ္တစ္အုပ္သည္ ကေန႕ထြက္လာပါျပီ။ Introduction, Myanmar Thingyan and Thar-Gyar-Min, Myanmar Alphabets and Myanmar Days, Myanmar Letters, Preparation စသည္ျဖင့္ အခန္းမ်ားပါ၀င္ျပီး၊ သၾကၤန္အုိးတစ္အုိးအေၾကာင္း၊ ေန႕ရက္မ်ား အလုိက္ရွင္းထားကာ မိမိကုိယ္တုိင္အလြယ္ဆုံး သၾကၤန္အုိးေလးတစ္အုိး  ဘယ္လုိထုိးရပုံေလးကိုလည္း ရွင္းျပထားပါသည္။
ထုိ႕ျပင္ျမန္မာလူမ်ဴိးတုိ႕ ယေန႕တုိင္ယုံၾကည္ေနၾကေသာ ခုႏွစ္ရက္သားသမီးအလုိက္ ပန္းမ်ားေရြးခ်ယ္ၾကပုံ၊ ေန႕နံမ်ားအလုိက္ဆုေတာင္းၾကပုံမ်ား၊ တခြန္ ကုကၠား ထီး အစရွိေသာ ျမန္မာ့ဓေလ့ ထုံးစံအစဥ္အလာမ်ားကိုလည္း More About Seven-Day-Born အခန္းတြင္ ေရးသားထားပါသည္။ သေျပသည္ ျမန္မာလူမ်ဴိးမ်ားမပ်က္မကြက္ ဘုရားပန္းထုိးရာျဖစ္ေၾကာင္း ရွင္းလင္းခ်က္မ်ား၊ ျမန္မာ့ရုိးရာ သၾကၤန္အုိးသာမက ခုႏွစ္ရက္သားသမီးမ်ားအတြက္ ဆုေတာင္းေမတၱာပုိ႕သေလ့ရွိေသာ ျမန္မာလူမ်ဴိးတို႕၏ ဓေလ့စရုိက္မ်ားကုိလည္း ေတြ႕ရပါသည္။
အဂၤလိပ္လုိေရးသားထားေသာေၾကာင့္ ျမန္မာမဟုတ္ေသာ စာဖတ္ပရိသတ္အတြက္ဟု ဆုိႏုိင္ေသာလည္း ျမန္မာပရိသတ္အေနနွင့္ လြယ္လင့္တကူ ဖတ္ရူႏုိင္ၾကပါလိ္မ့္မည္ဟူ၍ ေကာက္ခ်က္ခ်ရမည္ျဖစ္ပါသည္။
ဤစာအုပ္သည ္၂၀၁၃ခုနွစ္ ေမလခန္႕က Amazon’s Kindle Version e-book  အျဖစ္ ထြက္ရွိခဲ့ေသာ Burmese days and Flowers အင္တာနက္စာအုပ္ကုိ ယခုအခါျပည္တြင္းမွာ တကယ့္စာအုပ္အျဖစ္ ထြက္ရွိလာျခင္းျဖစ္ပါသည္။ ကင္ဒဲယ ္Kindleတြင္ JuniorWinအေနနွင့္ အဂၤလိပ္လုိေရးစာအုပ္ e-book သုံးအုပ္ ထြက္ရွိခဲ့ျပီးျဖစ္ျပီး၊ ယခုစာအုပ္သည္ ျမန္မာျပည္တြင္းမွာ Junior Win၏ အဂၤလိပ္ဘာသာျဖင့္ စာအုပ္ ပထမဦးဆုံးထြက္ရွိလာျခင္း ျဖစ္ပါသည္။ ကင္ဒဲယ္တြင္သူ႕စာအုပ္မ်ားကုိ မိုးမခ မီဒီယာက တာ၀န္ယူထုတ္ေပးခဲ့ျခင္းျဖစ္ပါသည္။
ေအာက္က Linkမွာ ထုိစာအုပ္ကုိ တုိက္ရုိက္ မွာယူလုိသူမ်ားအတြက္ တင္ေပးထားေသာ ပါရမီစာအုပ္တုိက္၏ Link ျဖစ္ပါသည္။
- See more at: http://moemaka.com/archives/38662#sthash.mDYYV0je.dpuf