Sunday, September 24, 2017

ဂျူနီယာဝင်း – ပြတုုိက်ပေါ်တင်လုုိက်တဲ့ အုုိလီဖင့်၏နုုိင်ငံရေးကာတွန်းများ


ဂျူနီယာဝင်း – ပြတုုိက်ပေါ်တင်လုုိက်တဲ့ အုုိလီဖင့်၏နုုိင်ငံရေးကာတွန်းများ 
(အတွေးအမြင်၊ စက်တင်ဘာ၊ ၂၀၁၇) မိုုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၇


ပတုုိက်တွေမှာ နုုိင်ငံရေး ကာတွန်းတွေကုုိ ပြသထားဖုုိ့ သဘောတူပါသလား တဲ့။ ဒီမေးခွန်းကုုိ စမေးသူကတော့ အုုိလီဖင့်ရဲ့ ကာရီကေးချားပုုံများ နှစ်အစိတ်ခရီးဆုုိပြီး ပြသခဲ့တဲ့ ၀ါရှင်တန်က အမျိူးသားပြတုုိက် – ခေါ် – ပုုံတူများပြသခန်း ဥက္ကဌတွေ ဖြစ်ပါတယ်။
အဖြေကတော့ ဒီကာတွန်းတွေဟာတဲ့၊ လူတွေကုုိ စိတ်ပျော်ရွှင်စေတယ်။ နောက်တစ်ချက်က စာဖတ်သူတွေအတွက် သည်လုုိ နုုိင်ငံရေးကာတွန်းတွေ ကုုိဖတ်ပြီး သူတုုိ့ရင်ထဲက မကျေနပ်မူတွေကုုိ လက်စားခြေလုုိက်ရသလုုိ ခံစားမူတွေ ပေးပါသတဲ့။
ဒါပေမယ့် နုုိင်ငံရေးကာတွန်းတွေဟာ သည့်ထက်မကသော အခွင့်အရေးတွေကုုိ ပေးနေပါသေးတယ်။ တော်တော်လေး သေသပ်တဲ့ နုုိင်ငံရေးကာတွန်းများဟာ လူတွေရဲ့ နေပုုံထုုိင်ပုုံတွေရဲ့ အပြစ်အနာအဆာတွေနဲ့ ပတ်သက်ပြီးတော့လည်း သင်ခန်းစာပေးတယ်။ လူတွေကိုုစဉ်းစားစရာ၊ တွေဝေစရာ၊ တွေးစရာတွေဟာ ရယ်စရာမောစရာတွေထဲ ရောနှောဝင်ရောက်နေဦးမှာ ဖြစ်ပါတယ်။
သည်လုုိ နုုိင်ငံရေးကာတွန်းတွေကုုိ ပြတုုိက််မှာ ထားတာဟာ ပြတုုိက်ဆုုိတဲ့ အဆင့်အတန်းကုုိ မညှိုးနွမ်းစေပါဘူးလုုိ့ ဆုုိတယ်။ အဲဒီရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်လုုိက်ပါသေးတယ်။ အဲဒီကာတွန်းတွေကနေ ကျွနုု်ပ်တုုိ့ သတိမမူမိလုုိက်တာတွေကုုိ တွေ့မြင်သွားစေတယ်။ ဒီလုုိနဲ့ နုုိင်ငံရေးကာတွန်းဘဝဟာ သည့်ထက် အဒွန့်ရှည်သွားပါဦးမယ်။
၁၉၆၄ခုုနှစ်မှာ ပြခန်းဥက္ကဌများက ပက်ထရစ်အုုိလီဖင့်ကိုုယ်တုုိင် ရေးဆွဲခဲ့တဲ့ နုုိင်ငံရေးကာတွန်း ၄ဝကုုိ စုုစည်းခဲ့ကြတယ်။ အဲဒီထဲမှာ သူ့လက်ရာ ပန်းပုု ရုုပ်တုုတွေပါတယ်။ အဲဒီပန်းပုုလက်ရာတွေဟာ သူရေးဆွဲတဲ့ နုုိင်ငံရေးပုုဂ္ဂိုလ်များရဲဲ့ ကယ်ရီကေးချားပုုံတွေကနေ ထွက်ပေါ်လာတာတွေဖြစ်ပါတယ်။ ဒါတွေကုုိ ကာတွန်းလက်ရာတွေနဲ့ ယှဉ်တွဲပြထားတာကုုိက သူဟာ အနုုပညာအလုုပ် ၂ခုုလုုပ်တယ်လုုိ့ ဖော်ညွှန်းရာရောက်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့တချိူ့သော မှတ်စုုတွေကုုိလည်း ပြသထားပါတယ်။
ဒီဆောင်းပါးကုုိ ရေးနေရင်းနဲ့ ၁၉ ရာစုု ပြင်သစ်ကာတွန်းဆရာ၊ ပန်းချီဆရာ အုုိနော်ရေး ဒုုိမီရေး ဆုုိတဲ့ နုုိင်ငံရေးသရော်တဲ့ကာတွန်းပညာရှင် တစ်ယောက်ကုုိ သတိရမိတယ်။ သူရဲ့ ပန်းချီလက်ရာ၊ ပန်းပုု၊ ပုုံဆွဲလက်ရာတွေတင်မက သူ့ရဲ့အနုုပညာတွေဟာ လေးနက်မူရှိတယ်ဆုုိသောလည်း အုုိလီဖင့် ရဲ့ လက်ရာတွေနဲ့နှိူင်းယှဉ်ကြည့်လုုိက်တော့ အုုိလီဖင့်ဖန်တီးထားတဲ့ သရုုပ်ဖော်ပုုံတွေက အတွေးပေါင်းစုုံနဲ့ လူတွေကုုိ စိတ်ကူးတွေအမျိူိးမျိူး ပုုိပြီး ပေးလုုိက်နုုိင်ပါတယ်တဲ့။
အုုိလီဖင့်ရဲ့ ကာတွန်းလက်ရာတွေဟာ ပြတုုိက်မှာ တင်လုုိက်ရင် လူတွေဟာ အဲသည် လက်ရာတွေကုုိ ဂရုုပြုမိလောက်အောင် ဆွဲဆောင်မူတွေရှိနေတယ်။ သူ့ကာတွန်းတွေက သတင်းစာတုုိ့ မဂ္ဂဇင်းတုုိ့မှာ တွေ့ရတဲ့အခါ ရေးဆွဲသူရဲ့စုုတ်ချက်လက်ရာတွေထက် အနုုပညာသမားတစ်ယောက်ရဲ့ လှူပ်ရှားမူ၊ ရွေ့လျားမူတွေဟာ စာမျက်နှာအပြည့်မှာ ဖြန့်ကျက်သက်ဝင်နေတာကုုိ သတိထားမိကြရတယ်။ အဲသည်စာမျက်နှာဟာ သာမန်မဟုုတ်တဲ့ ထူးခြားမူကုုိ ပြသသွားတယ်။ နုုိင်ငံရေးပုုဂ္ဂိုလ်များ (အထူးသဖြင့် အမေရိကန်သမ္မတများ) ရဲ့့အတွင်းအပြင်ကုုိ ထဲထဲဝင်ဝင် ရှူမြင်သွားအောင် သူ့စုုတ်ချက်ထဲ လှူပ်ရှားသက်ဝင်နေကြတာကိုုက လူတွေအတွက် ဖတ်မိကြည့်မိချင်စရာဖြစ်သွားတယ်။
အဲသည် အုုိလီဖင့်ရဲ့ လက်ရာမြောက်တဲ့ အရည်အသွေးတွေကုုိ ၀ါရှင်တန် ပြတုုိက်က ဆွဲယူ ပုုံဖော်ပေးသွားပါတယ်။ လူထုုကြားထင်ရှားတဲ့ ပုုဂ္ဂိုလ်တွေရဲ့ အသွင်သဏာန်တွေကို ကလီဇာထဲအထိ အတွင်းထဲလှိူက်စားပြရုုံတင်မက အဓိပ္ဗါယ်တွေကုုိ အများကြီး ဖွဲ့ဆုုိသွားတာကုုိ တွေ့ြ့ကရတယ်။ သူ့ရဲ့လက်ရာများ လူရာဝင်သွားပုုံက ကမ္ဘာ့စာကြီးပေကြီးထဲမှာ အုုိလီဖင့်ရဲ့ စွယ်စုုံကျမ်းလိုု့တောင် ခေါ်ဝေါ်သုုံးစွဲနေခဲ့ရပြီ ဖြစ်ပါတယ်။ သူ့ရဲ့သမုုိင်းမှာတော့ နုုိင်ငံရေးကာတွန်းဆုုိတဲ့ ဘာသာရပ်တစ်ခုုကုုိ သူက အရောင်တင်ပေးလုုိက်တာပဲလိုု့ ပြောစမတ်ပြုခဲ့ကြရပါတယ်။
သိပ်မကြာခင်က ပြုလုုပ်ခဲ့တဲ့ သူ့ရဲ့အင်တာဗျူးတစ်ခုုမှာ ပြောခဲ့တာက သူ့အတွက်တော့ ပန်းပုုထုုခြင်းနဲ့ ပုုံဆွဲခြင်းဟာ မတူညီတဲ့ အလုုပ်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် သူရေးဆွဲတဲ့ ရုုပ်ပုုံတွေကုုိ ကြည့်လုုိက်ရင် ခွန်အားရှိတဲ့ သဘောတရားတွေ တွေ့မြင်နေရပြီး ဒါကုုိ ပန်းပုုတစ်ခုုအဖြစ် ဖန်တီးဖုုိ့ ကြိုးစားချင်တဲ့စိတ်တွေ သူ့မှာဖြစ်ပေါ်လာစေတယ် ဆိုုတာ လူတွေက သိမြင်နေကြရပါတယ်။
သူရေးဆွဲလုုိက်တဲ့ ရုုပ်ပုုံတွေက တကယ့်ကုုိ အပြင်ကုုိ ထွက်လာတော့မယ့် ပန်းပုုလက်ရာတွေအဖြစ် အသွင်ဆောင်နေပါတယ်။ ကာတွန်းထဲမှာ အလင်းနဲ့အမှောင်ဆုုိတဲ့ ဆန့်ကျင်ဖက်နှစ်ခုုကိုု ထူးထူးခြားခြား ရေးဆွဲပြထားတာကိုုက သူ့စိတ်တုုိင်းကျ ရုုပ်တုုတစ်ခုုကိုု ထုုဖိုု့ရည်ရွယ်နေသလိုုပါပဲတဲ့။ သူဟာ အဖြူနဲ့အမဲအရောင်၂ခုုကုုိ ကျွမ်းကျင်စွာ ပုုိင်နုုိင်မူရှိတယ်။ သူ့ရဲ့ခဲခြစ်ရာတွေဟာ သာမန်မဟုုတ်ဘူး။ ဆံပင်၊ အသားအရည်၊ အမွှေးအမြှင်များနဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေကုုိ အသေးစိတ်ပုုံဖော်ထားပုုံဟာ သူ့ရင်ထဲက အနုုပညာကုုိ လေးစားမူ၊ စာဖတ်သူအပေါ်တန်ဖုုိးထားမူတွေ ပေါ်လွင်နေပါတယ်။
ထူးခြားတဲ့ လုုပ်ရပ်တစ်ခုုကတော့ အမေရိကန်သမတ ဂျယ်ရယ်ဖုုိ့ရဲ့ဦးခေါင်းပုုံကုုိ ခဲတံတစ်ချောင်း၊ ခဲဖျက်တစ်ခုုနဲ့ ရုုတ်တရက် ရေးဆွဲဖြစ်တဲ့အခုုိက် ရုုပ်တုုတစ်ခုု ထုုဖုုိ့ စိတ်ကူးတွေ ရလိုက်တာဖြစ်ပါတယ်။ ရုုပ်ပုုံတစ်ခုုလုုံး ပြီးသွားတော့ မကြာမှီမှာ ရုုပ်တုုတစ်ခုု ထုုလုုပ်ဖြစ်ဖုုိ့ ဖြစ်လာတယ်လုုိ့ ဆုုိရမှာပါ။ ဒါနဲ့ပဲ သူဟာ ပန်းပုုပညာရှင်တစ်ယောက်အဖြစ် ကာတွန်းပညာရှင်ဆုုိတဲ့ နဘေးမှာ ကပ်ပြီး ပါလာတော့တာပါပဲ။
Patrick Oliphant (ပက်ထရစ်အုုိလီဖင့်) (၁၉၃၅ခုုနှစ် ဂျူလုုိင် ၂၄ ရက်တွင်မွေးဖွားသူ) ကအမေရိကန် သြစတေးလျ နုုိင်ငံသား ဖြစ်ပြီး ကာတွန်းဆရာတစ်ယောက်ဘဝအဖြစ် နေထုုိင်လာတာ နှစ်ပေါင်း ၅၀ ကြာပီဖြစ်ပါတယ်။ ၁၉၅၂ခုုနှစ်လောက်ကစလုုိ့ အနုုပညာအလုုပ်တွေ စလုုပ်ခဲ့တာဖြစ်ပါတယ်။ အခုုအခါ အသက် ၈၁ နှစ်အရွယ်ရောက်ရှိနေပြီး ကာတွန်းများရေးသားနေဆဲ လုုိ့ယူဆရမှာဖြစ်ပါတယ်။ သူ့ကုုိ အယ်ဒီတာ့အာဘော် ဆုုိင်ရာ နိုုင်ငံရေးကာတွန်းသမားလုုိ့ လူတုုိင်း သိကြပါတယ်။ သရော်တော်တော်နဲ့ သူ့ရဲ့စတုုိင်ရေးဆွဲမူတွေက စာရေးဆရာ၊ အနုုပညာသမား အဖြစ်လူတုုိင်းက တံဆိပ်ကပ်ပေးလုုိက်တာကုုိ ခံရသူဖြစ်ပါတယ်။ သူ့ရဲ့အမှတ်အသားက Punk ပင်ကွင်းငှက်ကလေးပါ။ တခါတလေ သူ့လက်ရာတချိူု့မှာ တွေ့ရတတ်ပါတယ်။ ၁၉၉ဝခုုနှစ် နယူးယောက်တုုိင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ သူ့ကုုိ “ကမ္ဘာပေါ်မှာ သြဇာအရှိဆုုံး သတင်းကာတွန်းသမား ရောက်လာပါပီ“ လုုိ့ရေးသားထားပါတယ်။ ၁၉၆၇ ခုုနှစ်မှာ ၁၉၆၆ခုုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ဖော်ပြခဲ့တဲ့ အယ်ဒီတာ့အာဘော်ဆုုိင်ရာ ကာတွန်းဆုု အဖြစ် Pultizer Prizeရခဲ့ပါတယ်။
သူ့လက်ရာတွေ လူကြိုက်များသလိုု အဝေဖန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။ သူ့ရဲ့ကယ်ရီကေးချားလက်ရာ များကုုိ “စည်းကျော်တဲ့ လက်ရာတွေ“ လုုိ့အမေရိကန်-အာရှဆုုိင်ရာ ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုုက စွပ်စွဲခဲ့ပါတယ်။ အမေရိကန်-အာရပ် ဆုုိင်ရာ တန်းတူညီမျမူကုုိ ဖော်ဆောင်သော ကော်မတီတစ်ခုုကဆုုိရင် အုုိလီဖင့်ရဲ့ ကယ်ရီကေးချားများဟာ အယူသည်းတယ်၊ အမြင်စောင်းတယ် လိုု့ဖော်ပြထားကြတယ်။ ဒါ့အပြင် လူတွေကုုိ တလွဲဦးဆောင်နေတယ်လုုိ့တောင် ပြောကြပါတယ်။ သူဟာအစ္စရေးတုုိ့ ဂါဇာတုုိက်ပွဲကုုိ ကာတွန်းဆွဲပြီးသရော်ခဲ့သေးတယ်။ အဲသည်ကာတွန်းဟာ အမေရိကန်ဂျူးလူမျိူးတွေကြား မီးပွားစင်သွားတဲ့အထိ ထိရောက်ခဲ့ပါတယ်။ လော့အိန်ဂျယ်လစ်မှာ အခြေစုုိက်တဲ့ အပြည်ပြည်ဆုုိင်ရာ ဂျူးလူမျိူးများရဲ့လူ့အခွင့်အရေုးဆုုိင်ရာ အဖွဲ့အစည်းဗဟုုိဌာနချူပ်တစ်ခုု ကပြောရာမှာ သူ့ကာတွန်းဟာဆုုိရင် အစ္စရေးကုုိ မကောင်းဆုုိးဝါးတွေအဖြစ် သိက္ခာချထားပြီး နာဇီတွေရဲ့လုုပ်ပုုံလုုပ်နည်းတွေကုုိ အတုုခုုိးထားတဲ့သူတွေအဖြစ် ရေးဆွဲထားတယ် လိုု့ဆုုိတယ်။ အဲဒီတုုန်းကဆုုိ နယူးယောက်တုုိင်းသတင်းစာနဲ့ မီဒီယာအုုပ်စုုများကုုိ သူတုုိ့ရဲ့ဝက်ဆုုိက်တွေထဲကနေ အဲသည်ကာတွန်းကုုိ ထုုတ်ပစ်ဖုုိ့ သတိပေးခံခဲ့ရပါတယ်။
သူက အမေရိကန်သမ္မတများကုုိ ကယ်ရီကေးချားအဖြစ် အသက်သွင်းခဲ့တာ ၁၉၆၄ခုုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၀ါရှင်တန်ပြတုုိက်ကနေ တလေးတစားနဲ့ အုုိလီဖင့် လက်ရာများကုုိ လူထုုကုုိ စုုစည်း ပြသပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နုုိင်ငံရေးဆုုိင်ရာ ကာတွန်းဆရာ ပက်ထရစ်အုုိလီဖင့်တစ်ယောက် အမေရိကန်သားအဖြစ်နဲ့ မွေးဖွားလာကာ အမေရိကန်သမ္မတများကုုိ သူ့လက်ခုုတ်ထဲက ဇာတ်ကောင်တွေအဖြစ် ဖန်တီးနေခြင်းဟာ အမေရိကန်အတွက် ကံဆုုိးတာလား၊ ကံကောင်းတာလားဆုုိတာ ကာယကံရှင်သမ္မတများပဲ ဖြေနုုိင်လိမ့်မယ်လုုိ့ ထင်ပါတယ်။

(Ref: Cartoons as teachers; By Eric Gibson (American Weekly Newsletter, 1991) ကုုိ မှီငြမ်း ဘာသာပြန်ထားပြီး Pat Oliphant (2017 American-Australian Editorial Cartoonist Wiki) ကနေဖြည့်စွက်ထားပါတယ်။)
ဂျူနီယာဝင်း

Thursday, September 14, 2017

သိပ္ပံပညာကမ္ဘာ နေစကြဝဠာပုံစံကို ဖော်ထုတ်ခဲ့သူ ၈ျူနီယာ၀င်း



သိပ္ပံပညာကမ္ဘာ

နေစကြဝဠာပုံစံကို ဖော်ထုတ်ခဲ့သူ

၈ျူနီယာ၀င်း


(အောင်ဆုလူငယ်ဂျာနယ်



၂ဝဝ၆၊ နိုဝင်ဘာလ၊ ၁ ရက်)




မနက်အိပ်ယာက နိုးလာတဲ့အခါ နေသည် အရှေ့ဘက်မှ ထွက်လာသကဲ့သို့ ရှိသည်။ ညနေစောင်းသို့ရောက်သောအခါ နေသည် အနောက်ဘက်သို့ ဝင်ရောက်သွားသကဲ့သို့ရှိသည်။ နေကတကယ်ပဲ ရွေ့လျားနေသတဲ့လား။ အဲဒီလိုပဲ အဝင်အထွက်လုပ်နေတယ်တဲ့လား။ Copernicus(ကိုပါးနီးကပ်)ဟု အမည်တွင်သော ပိုလန်နက္ခတဗေဒ ပညာရှင်လက်ထက်ကျမှသာလျှင် သက်သေပြချက်တွေနှင့် အမှန်တရား ပေါ်ထွက်လာရသည်။ လူတော်တော်များများက နေသည်ကမ္ဘာကို ပတ်နေသည်ဟု ယုံကြည်နေခဲ့ကြသည်။

လူတွေက အခုလို တွေးနေခဲ့ကြသည်။

''မြင်တာဟာ ယုံကြည်ဖို့ပါပဲ''

''နေကတကယ်ပဲ ရွေ့နေတယ်''

''နေဘယ်အချိန် ထွက်လာမလဲ''

''လှလိုက်တဲ့ နေဝင်ဆည်းဆာ''

''ကမ္ဘာကြီးကစကြဝဠာရဲ့ အလယ်ဗဟိုမှာ ရှိတယ်'' ပြောနေကြပုံများအရ နေတကယ့်ကို ရွေ့လျားနေသယောင်ဖြစ်သည်။ အမှန် တကယ်တော့ ရွေ့နေတာက နေမဟုတ်ဘဲ ကမ္ဘာကြီးဖြစ်လို့နေသည်။ ရာစုပေါင်းများစွာ နက္ခတဗေဒပညာရှင်တွေသည် ကမ္ဘာကြီးက မလှုပ် မရှားရှိနေပြီး စကြဝဠာကြီးက ကမ္ဘာပေါ်မှာ ရှိနေသည်ဟု ယုံကြည်နေခဲ့ကြသည်။

A.D၁၅ဝ က Ptolemy (တိုလမီ) ဟု ခေါ်တွင်သော အီဂျစ်နက္ခတဗေဒ ပညာရှင်တစ်ဦးက ကမ္ဘာကြီးသည် စကြဝဠာ၏အလယ် ဗဟိုမှာရှိသည်ဟု ယူဆခဲ့ပြီး ဂြိုဟ်တွေ၏အကြောင်းကို သေသေချာချာ မလေ့လာမစူးစမ်းဘဲ ထိုအဆိုကိုချပြခဲ့သည်။ ဂြိုဟ်ဟူသော အသုံး သည် ဂရိဘာသာစကားအရ 'လှည့်လည်သွားလာသူ'ဟု အဓိပ္ပာယ်ရသည်။

Nicholas Copernicus (၁၄၇၃-၁၅၄၃) ကို ၁၄၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပိုလန်နိုင်ငံ Torun မြို့ကလေးမှာ မွေးဖွားခဲ့သည်။ သူ့မှာ အစ်ကိုနှစ်ယောက်၊ အစ်မ နှစ်ယောက်ရှိသည်။ သူ့မိဘတွေက မြို့က အထင်ကရမြို့ခံ လူကြီးများဖြစ်ကြသည်။ Torun ဟူသော မြို့ကလေးသည် စီးပွားဖွံ့ဖြိုးသော အဓိကရမြို့ကလေးဖြစ်ပြီး ကိုပါးနီးကပ်၏ ဖခင်က ချမ်းသာသော ကုန်သည်တစ်ဦး မဟုတ်သော်ငြားလည်း တရားရေးဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်းဆိုင်ရာခေါင်းဆောင် တစ်ဦးဖြစ်သည်။ ကိုပါးနီးကပ် အသက် ၁ဝ နှစ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက် ကိုပါးနီးကပ်အပါအဝင် သူတို့မောင်နှမတစ်စုကို သူတို့ဦးလေး ဘုန်းတော်ကြီး Lucas Waczenrode က မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ပညာတတ်လည်းဟုတ်၊ ဘုန်းတော်ကြီးလည်းဟုတ်သည့် ဦးလေး Lucas ၏ သြဇာသက်ရောက်မှုကြောင့်ပင် ကိုပါးနီးကပ်သည် ဘုရားရှိခိုးကျောင်းမှာပင် နောက်လိုက်နောက်ပါတစ်ဦးအဖြစ် နေထိုင်ဖို့ဆုံးဖြတ်ခဲ့သည်။ သူ့အလိုရှိသော ပညာရေးကို အောင်မြင်စွာ လိုက်စားနိုင်ခဲ့သည်။

သူ့အသက် ၁၈ နှစ်မှာ ပိုလန်ရှိ Cracow တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က Cracowသည် ပိုလန်၏ မြို့တော်ဖြစ်သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးသည့်အတွက် ဥရောပ၌ နာမည်ကျော်မြို့ တစ်မြို့ဖြစ်ခဲ့သည်။ Cracow တက္ကသိုလ်သည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဆွစ်ဇာလန်နှင့် ဆွီဒင်တို့မှ ကျောင်းသားများကို တော်တော်ဆွဲဆောင်နိုင်သော တက္ကသိုလ်ဖြစ်သည်။ ကျောင်းသားများသည် လက်တင်ဘာသာကို မသင်မနေရသင်ကြားရသည်။ စာအုပ်များကား လက်တင်ဘာသာနှင့် ရိုက်နှိပ်ထားတာပဲဖြစ်သည်။ ပညာတတ်ပုဂ္ဂိုလ်များ အားလုံးမှာ လက်တင်ဘာသာ ကျွမ်းကျင်ဖို့ လိုအပ်လှသည်။ ကျောင်းသားကလေး ကိုပါးနီးကပ်သည် ဒဿနိက၊ နက္ခတ်ဗေဒ၊ ဂျီသြမေကြီနှင့် ပထဝီတို့ ပါဝင်သော သင်တန်းများကို တက်ခဲ့သည်။ ၁၅ဝ၃ မှာ ဥပဒေပါရဂူဘွဲ့ရပြီး ဆေးပညာလိုက်စားခဲ့ရာ ဆေးသိပ္ပံဘွဲ့ရခဲ့သည်။

ထိုခေတ်က နက္ခတဗေဒသည် တော်တော်ခေတ်မီ၍ စိတ်ဝင်စားကြသော ဘာသာဖြစ်သည်။ ထိုအချိန်တုန်းကဆိုရင် ပင်လယ် ရေကြောင်း စီးပွားရေးက မြန်မြန်ဆန်ဆန် တိုးတက်လျက်ရှိသည်။ သင်္ဘောတွေက ပိုကြီးလာသည်။ ကျယ်ဝန်းလာသည်။ ခရီးဝေးသထက် ဝေးသွားနိုင်လာကြသည်။ ကိုပါးနီးကပ်အသက် ၁၉ နှစ်မှာ ကိုလန်ဘတ်က ပင်လယ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကကို တွေ့ရှိခဲ့သည်။ အဲဒီ တုန်းက ရေကြောင်းသွားလာမှုသည် နက္ခတဗေဒမြေပုံများဖြင့် တွက်ချက်လျက်ရှိကြသည်။ သူတို့မှာ တိကျသော ပြက္ခဒိန်ဆိုတာမရှိသေးပါ။

ကိုပါးနီးကပ်၏ ပညာရေးက ပြောင်းလဲမှုတွေဖြစ်လာသည်။ သူက Cracow တက္ကသိုလ်မှာ အီတလီရှိ Bolognaမြို့က ဥပဒေ ကျောင်းကို ရောက်သွားသည်။ Bologna မှာ သူ၏ ပညာရေးကို Padua တက္ကသိုလ်မှာ ဆက်တက်ခဲ့သည်။ ၁၅ဝ၃ ခုနှစ်မှာ Ferraraတက္ကသိုလ်မှ ဥပဒေဒေါက်တာဘွဲ့ကို ရခဲ့သည်။ ထိုခေတ်အခါက ကျောင်းသားများသည် တက္ကသိုလ်တွေကို တစ်ခုမှတစ်ခုသို့ ကူးသန်းကာ တက်ရောက်လျက်ရှိကြသည်။ ကိုပါးနီးကပ်သည် အီတလီက ရောမတက္ကသိုလ်တွင် နက္ခတ်ဗေဒဆရာဖြစ်လာပြီး သူ့အရင်နှစ် ၁၃၅ဝ လောက်က တိုလမီ၏ သီအိုရီအဟောင်းများကို သင်ကြားခဲ့ရလေသည်။

'စကြဝဠာကြီးတစ်ခုလုံးက ကမ္ဘာကို ပတ်နေတယ်'ဟု ကျောင်းသားများကို သင်ကြားရသည့်အခါ သူ့စိတ်ထဲမှာ ထိုအချက်ကို ဆန့်ကျင်လျက်ရှိ၏။ အဓိပ္ပာယ်မရှိဟုလည်း ခံစားနေမိသည်။ အဲဒီလိုပဲ တိုလမီ၏ သီအိုရိများမှာ မဖြေရှင်းနိုင်ဘဲ ဖြစ်နေခဲ့ရလေသည်။ ဘာဖြစ်လို့ ကြယ်တွေဟာ နေနှင့်လကို မတူညီသောအလျင်ဖြင့် ရွေ့လျားနေရသလဲ။ ဘာဖြစ်လို့ ကြယ်တွေကို ကြည့်ရတာဟာ စကြဝဠာထဲမှာ လှည့်လည်သွားလာနေသည်ဟု ထင်နေရပါသလဲ။ တိုလမီ၏ သီအိုရီတွေသည် မှားယွင်းနေပြီလား။ အကယ်၍ မှားနေတာတွေရှိနေရင်တော့ ကိုပါးနီးကပ်အနေနှင့် ဆက်သင်ဖို့ မဖြစ်နိုင်တော့ပါ။

သူအဲဒီဘာသာရပ်ကို လေ့လာကြည့်လိုက်တော့ သူ့ရှေ့က ပညာရှင်အနည်းငယ်လောက်ကလည်း တိုလမီ၏ သီအိုရီတွေကို မယုံကြည် ကြကြောင်း တွေ့ရှိခဲ့သည်။ သို့သော် အဲဒီအတွက် သက်သေပြချက်ဘာမျှမရှိ။ ဒီတော့ တိုလမီ၏ အဆိုတွေကို ဘုရားရှိခိုးကျောင်းများ၏ သဘောဖြင့် လက်ခံခဲ့ကြရသည်။ သို့သော်လည်း ကိုပါးနီးကပ်ကဲ့သို့ ဒွိဟဖြစ်နေရသော အချက်များကို သက်သေမရှိဘဲ ဘာကြောင့် လက်ခံရ မည်လဲ။ ဒီတော့ ကိုပါးနီးကပ်သည် စာသင်ခြင်းမှ ရပ်နားခဲ့ပြီး နက္ခတဗေဒဘာသာ၏ သိပ္ပံပညာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့ ဆုံးဖြတ်ခဲ့ သည်။ နောက်တော့ ဘုရားရှိခိုးကျောင်းမှာ ဘုန်းတော်ကြီးဖြစ်လာပြီး အချိန်တော်တော်များများသည် သူ့အတွက်လေ့လာဖို့ ဖြစ်လာရသည်။ ဒီတော့ သူ့မှာ ပို၍ ပို၍ အလုပ်များနေတော့သည်။ သူ့ဦးလေးဖြစ်သူ ကွယ်လွန်ပြီးနောက်မှာတော့ ကိုပါးနီးကပ်သည် ဘုရားရှိခိုးကျောင်းက ဦးလေး၏ နေရာမှာ စတင်လုပ်ကိုင်ခဲ့ရလေသည်။ သူ့ဦးလေးရှိစဉ်က ကိုပါးနီးကပ်ကိုယ်ပိုင် စမ်းသပ်ခန်းနေရာအဖြစ် Frauerberg ဘုရား ရှိခိုးကျောင်းအမိုးမှာ မျှော်စင်တစ်ခုဆောက်ပေးထားသည်။ ထိုနေရာက အခုတော့ ကိုပါးနီးကပ်အတွက် 'ကိုပါးနီးကပ်မျှော်စင်' ဖြစ်လေတော့ သည်။

ကိုပါးနီးကပ်သည် ပိုလန်မှ Frauerberg က တောင်သေးသေးလေးပေါ်က တောရွာရှိဘုရားရှိခိုးကျောင်းမှာ ဘုန်းတော်ကြီးအဖြစ် တရားကိစ္စများကို လုပ်ဆောင်လျက်ရှိပြီး ဆရာဝန်အဖြစ်နှင့်လည်း ရောဂါဝေဒနာရှင်များကို ကုသပေးလျက်ရှိသည်။ ထို့ပြင် တောင်အောက် နှစ်မိုင်အကွာမှရေကို ရွာကလေးဆီးသို့ရောက်အောင် ဆည်နှင့်ရေသယ်ယူစနစ်များကို တီထွင်တည်ဆောက်ပေးခဲ့သည်။ ပြီးတော့ ဘုရားရှိခိုး ကျောင်းအတွက် မြင့်မြတ်သော နေ့များကို တိကျလောက်သည့် ပြက္ခဒိန်ကို ရေးဆွဲခဲ့လေသည်။

လူတွေတော်တော်များများအတွက် အဲဒီလို လုပ်ဆောင်မှုတွေက တစ်နေကုန်တစ်နေခမ်း ကုန်ပေတော့သည်။ သို့သော်လည်း အံ့သြစရာ က ကိုပါးနီးကပ်အတွက်တော့ သူ၏ စိတ်ကြိုက်ဘာသာဖြစ်သော နက္ခတဗေဒအတွက် အချိန်ရအောင်ယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဝေးကြည့် မှန်ပြောင်းဆိုတာ သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမှ ပေါ်လာတာဖြစ်သည်။ ကိုပါးနီးကပ်ကတော့ သူ့မျက်စိကိုသာ အားထားပြီး စကြဝဠာထဲက အရာဝတ္ထုတွေကို လေ့လာခဲ့လေသည်။ သူက ဘုရားရှိခိုးကျောင်းခေါင်မိုး၏ မျှော်စင်ထိပ်ကနေပြီး ကောင်းကင်ယံကိုလေ့လာ ပါသည်။ သူက ကောင်းကင်ယံထဲက ကြယ်တွေ၏ နေရာဌာနများ နောက်ကို လိုက်လျက်ရှိသည်။ ပြီးတော့သူတို့ ဘယ်လောက် မြန်မြန် ရွေ့လျားနေသလဲဆိုတာ စာရင်းဇယား ချတွက်ချက်လေသည်။

ကိုပါးနီးကပ်သည် သူတွေ့ရှိသမျှတွေကို တိကျစွာမှတ်တမ်းတင်ထားသည်။ ပြီးတော့ သင်္ချာဖော်မြူလာများဖြင့် သူမြင်သမျှတွေကို ဖြေရှင်းထားသည်။ နည်းနည်း ... နည်းနည်းနှင့် စုဆောင်းလာသမျှသော အချက်အလက်တွေသည် ယနေ့ ကျွနု်ပ်တို့မှန်သည်ဟု လက်ခံထားကြ ရသည့် ကိုပါးနီးကပ်၏ နက္ခတဗေဒသီအိုရီများ ဖြစ်လာပေတော့သည်။ ကိုပါးနီးကပ်သည် ထိုအချက်အလက်များ၊ လေ့လာမှုများ ပြည့်စုံစေဖို့ နှစ်လေးဆယ်ခန့် ရင်းနှီးခဲ့ရသည်။ သူလေ့လာမှု ပြီးပြတ်ချိန်မှာတော့ တိုလမီ၏ သီအိုရီများမှားနေပြီဆိုသည်ကို သက်သေပြနိုင်ပြီဖြစ်သည်။

နေသည် စကြဝဠာ၏ အလယ်မှာ ရှိသည်။ ကမ္ဘာသည်နေကို ပတ်နေသော ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာကဲ့သို့ တခြားဂြိုဟ်တွေရှိသည်။ သူတို့ကလည်း နေကို ပတ်နေကြသည်။ ကိုပါးနီးကပ်က ဂြိုဟ်ငါးလုံးတွေ့ရှိခဲ့သည်။ မာကူျရီ၊ ဗီးနပ်၊ မား(စ်)၊ ဂျူပီတာနှင့် ဆေတန်တို့ဖြစ်ပြီး ယူရေးနပ်၊ နက်ပကူျးနှင့် ပလူတိုတို့ကို နောက်မှာသာ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုဂြိုဟ်ကြီးကိုးလုံးကို 'ကျွနု်ပ်တို့၏ နေစကြဝဠာ' (Solar System) ဟုခေါ်သည်။ (ယခုပလူတိုကို အပြည်ပြည်ဆိုင်ရာနက္ခတပညာရှင်များ၏ အစည်းအဝေးက ဂြိုဟ်အဆင့်မှ လျော့လိုက်သဖြင့် ရှစ်လုံးသာ ကျန်ပါတော့သည်။) ဆိုလာ (Solar) ဟူသည်မှာ လက်တင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ 'နေ'ဖြစ်သည်။ ထို့ကြောင့် Solar System သည် နေစကြဝဠာကို ဆိုလိုပါသည်။

ထို့အပြင် အရေးကြီးလှသော ကိုပါးနီးကပ်၏ သီအိုရီရှိသေးသည်။ ကမ္ဘာသည် နေကို တစ်ကြိမ်အပြည့်ပတ်ဖို့ တစ်နှစ်ကြာသည်။ ထိုအချိန်မှာပင်လျှင် သူက သူ၏ကိုယ်ပိုင်ဝင်ရိုးပေါ်မှာပင် လည်ပတ်လျက်ရှိနေ၏။ ထိုမျဉ်းသည် ကမ္ဘာ၏ အလယ်ကို ဖြတ်သွားသော စိတ်ကူးဖြင့် ပုံဖော်သောမျဉ်းဖြစ်သည်။ ဒီတော့ ကမ္ဘာပေါ်က ကျွနု်ပ်တို့ရှိနေသော အပိုင်းက နေဘက်သို့ရောက်သွားသောအခါ ''နေ့''ဖြစ်၏။ အခြား တစ်ဖက်သို့ရောက်သွားသောအခါ ''ည''ဖြစ်၏။ ထိုသို့လည်ပတ်ဖို့ ၂၄ နာရီကြာသည်။ (တစ်နေ့နှင့်တစ်ည) ဤသို့ဆိုလျှင် လ၏ အခန်းကဏ္ဍကဘာလဲ။ ဒီနေရာမှာတော့ ကိုပါးနီးကပ်က တိုလမီနှင့်သဘော တူသည်။ တိုလမီက 'ကမ္ဘာသည် နေကို ပိတ်နေသည့်အချိန်တွင် လသည် ကမ္ဘာကို ပတ်နေသည်' ဟုဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို လက်ခံသည်။

ကိုပါးနီးကပ်က ရှေးအယူအဆများ၏ အမှားပြင်ဆင်ထားသော အဆိုများကို လက်ခံဖို့ ရာစုပေါင်းများစွာကြာခဲ့ ရသည်။ ယင်းသည် ကျွနု်ပ်တို့၏ ခေတ်မီသော သိပ္ပံပညာ နက္ခတဗေဒအတွက် အဆင့်တစ်ဆင့်တိုးတက်ကာ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုးပါးနီးကပ်သည် သူ၏တွေ့ရှိချက်များကို စာအုပ်တစ်အုပ်ရေးသားပြုစုခဲ့သည်။ သို့ရာတွင် ထိုစာအုပ်ကို နှစ်ပေါင်းများစွာသူ၏ စားပွဲထဲမှာ သိမ်းဆည်းထားခဲ့ရသည်။ ဒီတွေရှိချက်အသစ်သည် လူများရယ်စရာဖြစ်နေမည်ကို သူသိ၏။ ပြီးတော့ သူ့ကို အရူးလို့ ပြောတာ ခံရဦးမည်။ ဘုရားရှိခိုးကျောင်းကလည်း တိုလမီ၏ အဆိုကို မှန်သည်ဟု တရားဝင် ထောက်ခံထား၏။ သူက ဘုန်းတော်ကြီးတစ်ဦး အနေဖြင့် လည်း ယင်းအချက်ကို သဘောမတူပါ။

၁၅၄၃ ခုနှစ် သူ့အသက်အရွယ်ကြီးရင့်ပြီး မကွယ်လွန်မီ အချိန်လေးတွင်မှာ သူ့စာအုပ်ကို ထုတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သူ၏စာအုပ် ထုတ် ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏စာအုပ် အမည်ကို “Revolution of the Heavenly Orbits” စကြဝဠာဆိုင်ရာ ဂြိုဟ်နက္ခတ်သွားရာလမ်းများ၏ လည်ပတ်ခြင်းဟု ခေါ်သည်။ ပုံနှိပ်ထားသော ထိုစာအုပ်ကော်ပီလေး သူ့အိပ်ရာနံဘေးမှာ ရောက်ရှိလာပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့ရှာသည်။ အသက် (ရဝ) အရွယ်၊ လေဖြတ်ထားသောဝေဒနာ၊ မျက်စိလည်းမကောင်းတော့သောကြောင့် သူ့ဘဝအချိန်များစွာ အကုန်ခံပြီး ပြုစုထားသည့် ထိုစာအုပ်ကလေးကို သူမြင်တွေ့သွားသလား ဆိုတာကတော့ စဉ်းစားစရာဖြစ်တော့သည်။

ကိုပါးနီးကပ်သည် ကမ္ဘာကြီးအတွက် တာဝန်ကြီးတစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်ဆိုတာကို သူမသိသွားရရှာပေ။ ပြောရရင်တော့လည်း... နောက်နှစ် ၁၅ဝ ကြာမှသာလျှင် သူ၏ အယူအဆများကို လုံးဝ ဥဿုံယုံကြည်လက်ခံခဲ့ကြသည်ဟု ဆိုရပေမည်။ ယနေ့ သူကွယ်လွန်ပြီး ရာစုလေးရာစုမကသော အချိန်အခါမှာ သူ၏ အမည်သည် သိပ္ပံပညာကမ္ဘာထဲက စစ်မှန်သော သိပ္ပံပညာရှင်ကြီးတစ်ဦး အဖြစ် အသိအမှတ်ပြု နေကြပြီဖြစ်တော့သည်။ ကိုပါးနီးကပ်သည် သူ၏ကိုယ်ပိုင်အယူအဆများကို လှပသေသပ်စွာ ချပြခဲ့သူတစ်ဦးဖြစ်တော့ သည်။ ကိုပါးနီးကပ်က သူကြုံခဲ့ရသော ကိုယ်တွေ့ဖြစ်ရပ်များနှင့် ပတ်သက်၍ နောက်ဆုံးမှာ သူချခဲ့သော မှတ်ချက်တစ်ခုကို တင်ပြရင်း သူ့ အကြောင်းကို နိဂုံးခုျပ်လိုက်ရပါသည်။

''ကျွန်တော်ဟာ တခြားသူတွေ စဉ်းစားသလို မစဉ်းစားမိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေနှင့် ပတ်သက်လို့ သိပ်ပြီးတော့ လည်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ပါတယ်လို့ မြင်မထားပါဘူး။ ပြီးတော့ ဒဿနိကပညာရှင်ရဲ့ အယူအဆတွေဟာ သာမန်လူတွေရဲ့ အဆုံး အဖြတ်မှာ မရှိပါဘူးဆိုတာကို ကျွန်တော်ကောင်းကောင်း သိထားပါတယ်။ အကြောင်းကတော့ အရာအားလုံးရဲ့ အမှန်တရားကို ရှာဖွေခြင်းဟာ ဒဿနိကပညာရှင်ရဲ့ အလုပ်ဖြစ်လို့ပါပဲ။ ယင်းသည်ပင်သူ၏ အာသီဿ၊ သူ၏ ဘဝပါပဲ''

(အောင်ဆုလူငယ်ဂျာနယ်



၂ဝဝ၆၊ နိုဝင်ဘာလ၊ ၁ ရက်)

Wednesday, September 13, 2017

သိပ္ပံပညာကမ္ဘာ လျှပ်စစ်ခေတ်ကို လမ်းပြခဲ့သူ ဂျူနီယာဝင်း

သိပ္ပံပညာကမ္ဘာ
လျှပ်စစ်ခေတ်ကို လမ်းပြခဲ့သူ

  (အောင်ဆုလူငယ်ဂျာနယ်၂ဝဝ၆၊ အောက်တိုဘာလ၊ ၁၅ ရက်)

            သင်တို့ ဒီကနေ့လျှပ်စစ်ဓာတ်အား ဘယ်နှစ်ကြိမ်သုံးခဲ့ပြီလဲ။ သုံးခဲ့သည့် လျှပ်စစ်ဓာတ်နည်းလမ်းတွေကို ဥပမာပြရရင်တော့... မီးထွန်း ခြင်း၊ ရေဒီယို၊ မီးဖို၊ ပေါင်မုန့်ကင်စက်၊ ရေခဲသေတ္တာ၊ တယ်လီဗေးရှင်းနှင့် အဝတ်လျှော်စက်။ ဒီတော့ အဲဒီလိုအသုံးပြုတဲ့အခါတိုင်း၊ အခါ တိုင်းမှာ အင်္ဂလိပ်သိပ္ပံပညာရှင် Michael Faraday (မိုက်ကယ် ဖာရာဒေး)၏ ကျေးဇူးတရားကို အောက်မေ့သတိရပါ။ သူကတော့ လျှပ်စစ် ဓာတ်ခေတ်ကိုလမ်းညွှန်ခဲ့သူပါပဲ။
ဖာရာဒေးက ပထမဦးဆုံးလျှပ်စစ်ဓာတ်ကို တွေ့ရှိခဲ့သူတော့ မဟုတ်ပါ။ ဂရိခေတ်မှာဆိုရင် ''ပယင်း'' အစတစ်စနှင့် ပွတ်ခြင်းဖြင့် မီးစတွေ့ရခဲ့တာတွေရှိခဲ့ပါသည်။ ''ပယင်း''ဟူသည်မှာ ထင်းရှူးပင်များမှ ရရှိလာသော မာကြောသည့် ဝါညိုရောင်ထင်းရှူးစေးဖြစ်ပါသည်။ ဂရိတွေက အဲဒီပယင်းကို ''အီလက်ထရွန်''ဟု ခေါ်သည်။ ယနေ့ကျွနု်ပ်တို့ခေါ်နေသော ‘Electricity’  'လျှပ်စစ်'ဖြစ်ပါသည်။
            ၁၇၅၂ ခုနှစ်မှာ Benjamin Franklin က သူ၏ စွန်လွှတ်သည့် စမ်းသပ်မှုကနေ လျှပ်စစ်သည် လျှပ်စစ်ဓာတ်ကိုပေးပါသည်ဟူသော အချက်ကို တွေ့ရှိခဲ့သည်ဟူသတဲ့။ ၁၈ဝဝ ခုနှစ်မှာ Volta  (ဗိုလ့်တာ) အမည်တွင်သော အီတလီသိပ္ပံပညာရှင် တစ်ဦးက ပထမဦးဆုံးသော လျှပ်စစ်ဓာတ်သုံးဘက်ထရီကို တီထွင်ခဲ့ပါသည်။ ယင်းသည် အဆက်မပြတ်စီးဆင်းစေသည့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပါသည်။
            သို့သော်လည်း လျှပ်စစ်ဓာတ်ကို အလုပ်လုပ်စေသော အရာအဖြစ်ပြောင်းလဲ အသုံးချပေးသူကတော့ Michael Faraday ဖြစ်ပါသည်။ သူက ကမ္ဘာကြီးကို လျှပ်စစ်ဓာတ်ဖြင့် မော်တာကိုဘယ်လိုမောင်းမလဲဆိုတာနှင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်သော မော်တာဘယ်လိုလုပ်တယ် ဆိုတာတွေကို ပြသခဲ့ပါသည်။ သူ၏ စမ်းသပ်ချက်များသည် လျှပ်စစ်ခေတ်၏ အစများဖြစ်နေတော့သည်။
            ဖာရာဒေးကို ၁၇၉၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ မွေးပါသည်။ ဖာရာဒေးသည် သူ့ခေတ်အခါမှာတော့ အင်္ဂလိပ်ဓာတုဗေဒ ပညာရှင်၊ သဘာဝရူပဗေဒပညာရှင်၊ လျှပ်စစ်သံလိုက်လျှပ်စစ် ဓာတုဘာသာကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။ သူ့ဖခင်က ပန်းပဲဆရာတစ်ဦး ဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် သူ့ကို ကျောင်းပင် မပို့နိုင်ခဲ့ရှာပေ။ အသက် ၁၃ ခုနှစ်အရွယ်မှာ စာအုပ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ရသည်။ ယင်းအဖြစ်သည် သူစာအုပ်တွေ အထူးသဖြင့် သိပ္ပံဘာသာရပ်စာအုပ်တွေ ဟူသမျှကို ရှိရှိသမျှသော စာအုပ်စင်တွေဆီမှ ဖတ်ဖို့အခွင့်အရေး ရရှိခြင်းဖြစ်တော့သည်။ သူပိုက်ဆံ တစ်ပဲ နှစ်ပဲရရသမျှကို စုဆောင်းကာ အင်္ဂလန်က သိပ္ပံပညာရှင်ကြီးတွေ၏ ပို့ချချက်များကို တက်ရောက် မှတ်သားခဲ့သည်။ ထိုခုနစ်နှစ်တာ ဆည်းပူးခဲ့ရမှုသည် သူ့ကို အတော်လေးပညာရည် ဝစေခဲ့သည်ဟု ဆိုရပေမည်။ သူအလွန်နှစ်သက်ခံစား မိသော စာအုပ်တစ်အုပ်ကJane Marcet ရေးသားသည့် Conversation in Chemistry (ဓာတုဗေဒအကြောင်း) စာအုပ်ဖြစ်သည်။ ဖာရာ ဒေး တက်ရောက်ခဲ့သော ပို့ချသင်တန်းများမှာ အင်္ဂလိပ်ဓာတုဗေဒပညာရှင်၊ ရူပဗေဒ ပညာရှင် Royal Institute အဖွဲ့အစည်းမှ Humphry Davy  နှင့် City Philosophical Society ကို တည်ထောင်သူ John Tatumတို့ဖြစ်သည်။
            သူ့အသက် (၂၁) နှစ်မှာ သူတက်ခဲ့သော ပို့ချစာများ နမူနာများကို သိပ္ပံပညာရှင်ကြီး Humphry Davy ဆီ ပေးပို့ခဲ့သည်။ Davyက ကြင်နာသနားမှုအပြည့်၊ လေးစားမှုအပြည့်ဖြင့် ချက်ချင်းဆိုသလို စာပြန်ခဲ့သည်။ တစ်နေ့ Davy မှာ နိုက်ထရိုဂျင်ထရိုင်ကောလို ရိုက်ဖြင့် စမ်းသပ်နေစဉ် ထိခိုက်မှုဖြစ်ပွားပြီး မျက်စိထိခိုက်သွားခဲ့သည်။ ထိုအခါ Davy က ဖာရာဒေးကို သူ့အတွင်းရေးမှူးအဖြစ် ခန့်ထားဖို့ ဆုံးဖြတ် ခဲ့သည်။ ၁၈၁၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဖာရာဒေးသည် Royal Institute (တော်ဝင်တက္ကသိုလ်) တွင် ဓာတုဗေဒလက်ထောက်ရာထူး ရခဲ့သည်။ သို့သော် အစပိုင်းမှာ သူ့လုပ်ရသော အလုပ်တွေက နိမ့်ကျလှသည်။ ဥပမာ- ဖန်ခွက်တွေ ဆေးကြောတာ၊ ဓာတ်ခွဲခန်းကို သန့်ရှင်း တာ။ သို့သော် ဖာရာဒေးက သူ့မျက်လုံးတွေကို ဖွင့်၊ နားကိုစွင့်ထား၏။ သူ့မှာ အခွင့်အရေးရသည်နှင့် သူ့ကိုယ်ပိုင်စမ်းသပ်မှုတွေ လုပ်တော့ ၏။
            လျှပ်စစ်ဓာတ်က သူ၏ အထူးစိတ်ဝင်စားစရာဖြစ်သည်။ သိပ္ပံပညာရှင်တွေသည် အရည်ထဲသို့ လျှပ်စစ်ဓာတ်ကို စီးဆင်းစေလျှင် သူ့ကို ဖြစ်စေသော ဒြပ်ဝတ္ထုုများအဖြစ် ကွဲထွက်သွားသည်ဟူသော အချက်ကို သိကြပြီးဖြစ်သည်။ ဥပမာ ရေထဲသို့ လျှပ်စစ်ဓာတ်လွှတ်လျှင် အောက် စီဂျင်နှင့် ဟိုက်ဒရိုက်ဂျင်အဖြစ် ကွဲထွက်သွားသည်။ ငွေနိုက်ထရိတ် ပျော်ရည်ထဲကို လျှပ်စစ်ဓာတ်စီးစေလျှင် ငွေစစ်စစ်ကို ရသည်။ ဤလုပ်ငန်းစဉ်ကို လျှပ်စစ်ဓာတ်ဖြင့် ပြုလုပ်သော ခွဲခြမ်းစိတ်ဖြာခြင်းဟု ခေါ်သည်။ ဖာရာဒေးသည် ထိုကဲ့သို့သော လုပ်ငန်းစဉ်ကို များစွာ ပြုလုပ်ခဲ့သည်။ ထိုဖြစ်စဉ်ကို Electolysis ဟု ခေါ်သည်။ ‘Electrolysis’ ပြုလုပ်နေစဉ်အတောအတွင်း ပျက်ပြယ်သွားသော ဒြပ်ဝတ္ထုု ပမာဏသည် အသုံးပြုသော လျှပ်စစ်ဓာတ်ပမာဏနှင့် အမြဲတစေ တိုက်ရိုက် အခိုျးကျသည်။ ဤကား ဖာရာဒေး၏ Electrolysis ဥပဒေသ ဖြစ်လေသည်။
            ၁၈၂၁ ခုနှစ်တွင် ဖာရာဒေးသည် ပထမဦးဆုံး လျှပ်စစ်မော်တာကို တီထွင်ပြုလုပ်ခဲ့သည်။ ထိုမော်တာ တည်ဆောက်ပုံက ရိုးရိုးဖြစ် သည်။ သူ့မှာ ဘက်ထရီကနေရလာသော လျှပ်စစ်ဓာတ်ဖြင့် လည်စေသည့် ကြေးနီးတုတ်တစ်ချောင်းသာရှိသည်။ တကယ် လက်တွေ့ကျသော အလုပ်ကို လုပ်ဖို့သေးငယ်သော ပမာဏမျှသာ လုပ်နိုင်ပါစေ ဤကားကြီးကျယ်သော တီထွင်မှုဖြစ်လေသည်။ တစ်နေ့မှာတော့ ကျွနု်ပ်တို့၏ စက်ရုံအလုပ်ရုံတွေမှာ ကြီးမားသော စက်ပစ္စည်းတွေကို လည်ပတ်စေသည့် မော်တာများအဖြစ်ကို တိုးတက်တီထွင်လာနိုင်ပြီ ဖြစ်လေသည်။ ဖာရာဒေး၏ စမ်းသပ်မှုများသည် ယနေ့သိပ္ပံပညာကမ္ဘာ၏ အာရုံစိုက်အခံရဆုံးဖြစ်နေတော့သည်။
            ၁၈၂၄ ခုနှစ်မှာ လန်ဒန်ရှိ Royal Insiitute (တော်ဝင်တက္ကသိုလ်)တွင် ပါမောက္ခဖြစ်လေသည်။ သာမည ပန်းပဲဆရာ၏သား လျှောက်လှမ်းခဲ့သောလမ်းသည် အဆုံးတွင် အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ ၁၈၃၁ ခုနှစ်တွင် မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ် မော်တာ ပြုလုပ်ခဲ့သော သူ၏ လုပ်ပုံလုပ်နည်းကို ပြောင်းပြန်ပြန်လုပ်ခဲ့သည်။ စက်မှုပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် စက်ကိုလည်အောင် ပြုလုပ်ခြင်း အတွက် လျှပ်စစ်ဓာတ်ကို သုံးရမည့်အစား စက်ကိုလည်စေအောင်လုပ်၍ လျှပ်စစ်ဓာတ်ကို ထုတ်လိုက်ခြင်းဖြစ်သည်။ သူက အရင်ဆုံးသံလိုက် ဖြင့် စမ်းကြည့်သည်။ သံလိုက်ဟူသည်မှာ ဓာတ်သတု္တုဖြစ်၍ တခြားသော သတ္တုများကို ဆွဲဆောင်တတ်သည့် စွမ်းရည်ရှိသည်။ သံလိုက်များ ကို သံမဏိ၊ သံသတု္တု၊ နီကယ်တို့ဖြင့် ပြုလုပ်သည်။ ဖာရာဒေး၏ သံလိုက်က သံသတ္တုဖြင့် လုပ်သည်။ သံလိုက်တစ်တုံး၏ သံလိုက်ဓာတ် အားသည် သူ့ပတ်ဝန်းကျင် ပတ်ပတ်လည်သို့ ဖြန့်ထုတ်လျက်ရှိ၏။ သူ၏ ထိုအားများရှိရာ ဧရိယာကို သံလိုက်စက်ကွင်းဟု ခေါ်သည်။ ထိုနေရာကို မမြင်ရပေ။ ဖာရာဒေးသည် ထိုသံလိုက်စက်ကွင်းထဲကို ကြေးနီကို ဖြတ်ခိုင်းခြင်းဖြင့် ရိုးစင်းစွာ လျှပ်စစ်ဓာတ်ထုတ်သည့် နည်းကို တွေ့ရှိခဲ့သည်။ သူက အလွန်လျင်မြန်သော အသွင်ဖြင့် သံလိုက်စက်ကွင်းထဲကို ကြေးနီကို ဖြတ်ခိုင်းသောအခါ စဉ်ဆက်မပြတ် စီးဆင်းသွား သော လျှပ်စစ်ဓာတ်ကို ရစေသည်။
            ၁၈၃၉ ခုနှစ်နှင့် ၁၈၅၅ ခုနှစ်ကြားတွင် ဖာရာဒေးသည် Experimental Researches in Electrocity (လျှပ်စစ်ဓာတ်နှင့် ပတ် သက်သော စမ်းသပ်သုတေသန လုပ်ဆောင်မှုများ) ဟူ၍ အတွဲ ၃ ပါ ကျမ်း တစ်စောင်ကို ပြုစုခဲ့သည်။ သူ၏ ရူပဗေဒနှင့်ပတ်သက်၍ အရေးပါသောဖြစ်ရပ်ကား ၁၈၄၅ ခုနှစ်တွင် ပြသခဲ့သော သံလိုက်ဓာတ်အားနှင့် လျှပ်စစ်ဓာတ်အားတို့နှင့် ပတ်သက်သောနယ်ပယ်များနှင့် ပြသမှုများ ဖြစ်သည်။ ဖာရာဒေး၏ ပထမဦးဆုံး ဒိုင်နမိုသည် မြင်းခွာပုံသဏ္ဌာန်ရှိသော သံလိုက်၏ အစွန်းနှစ်ဘက်ကြားတွင် ကြေးနီပြား တစ်ခုကို ထားရှိလည်ပတ်စေသော လျှပ်စစ်ဓာတ်အားသုံး ကိရိယာဖြစ်သည်။ လက်ဖြင့်မောင်းတင်ရသော လက်တန်းဖြင့် ကြေးနီပြားကို လည်စေသည်။ ထိုအခါအဆက် မပြတ်လည်သော ကြေးနီးပြားသည် သံလိုက်စက်ကွင်းထဲတွင် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ် စေတော့သည်။ ဤသို့နည်းဖြင့် ထွက်ရှိလာသော လျှပ်စစ်ဓာတ်သည် ကြေးနီစ နှစ်စဖြင့် ဆက်ထားသော ဝါယာကြိုးများကို ဖြတ်သွားသည်။
            ထိုဥပဒေသသည် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။ ထိုဥပဒေသကို သုံးပြီး ကြီးမားသော ဒိုင်နမိုကြီးများလည်ပတ်လျက် ရှိနေကြ သည်။ မိုက်ကယ်ဖာရာဒေးသည် စမ်းသပ်မှုများစွာလုပ်ခဲ့ပြီး အရေးပါသော အချက်များကို တွေ့ခဲ့သည်။ သို့သော် သူ့အမည်သည် လျှပ်စစ် မော်တာနှင့် ဒိုင်နမိုကို လျှပ်စစ်ဓာတ်ထုတ် လုပ်ပေးခဲ့သောသူ အဖြစ်အထူးထင်ရှားခဲ့ပါသည်။
            ၁၈၆၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖာရာဒေးသည် Hampton Court အရပ်က သူ့နေအိမ်မှာ ကွယ်လွန်ခဲ့သည်။ သူသည် ဆာဘွဲ့အပ်နှင်းခြင်းကို ငြင်းပယ်ခဲ့သူဖြစ်ပြီး Royal Society ၏ ဥက္ကဋ္ဌအဖြစ်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ငြင်းခဲ့သူဖြစ်ပါသည်။ သူ့ဘဝ၏ အချိန်တော်တော်များများကို သူ့အခန်းပြူတင်းပေါက်ကနေ မိုးကောင်းကင်ကို မျှော်ကြည့်ရင်း ကုန်လွန်ခဲ့သည်ဟု ဆိုပါသည်။ သူ့အတွက် Westminster Abbey ရှိ Sir Issac Newton (နျူတန်) အုတ်ဂူနားတွင် အမှတ်တရကျောက်ပြားထားရှိခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၂ဝဝ၁ တိုင် ဗြိတိသျှပိုက်ဆံပေါင် ၂ဝ တန်ငွေစက္ကူတွင် သူ၏ ရုပ်ပုံကို ရိုက်နှိပ်ခဲ့ကြသည်။ ဤကား ကျွနု်ပ်တို့ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ် ကို လမ်းပြခဲ့သူ တစ်ဦးဖြစ်သည့် ဖာရာဒေးအကြောင်း ဖြစ်ပါသည်။
           
Ref      1. Famous Scientist (Jean Bethell)
2. Encyclopedia Britanique

          

Tuesday, September 12, 2017

သိပ္ပံပညာကမ္ဘာ ကမ္ဘာ့ညဏ်ကြီးရှင် ဂျူနီယာဝင်း

သိပ္ပံပညာကမ္ဘာ
ကမ္ဘာ့ညဏ်ကြီးရှင်
သိပ္ပံပညာကမ္ဘာ  ကမ္ဘာ့ညဏ်ကြီးရှင်  ဂျူနီယာဝင်း
(အောင်ဆုလူငယ်ဂျာနယ်
            ၂ဝဝ၆၊ အောက်တိုဘာလ၊ ၁ ရက်)

            သင်္ချာပညာရပ်ဟူသည် ကိန်းဂဏန်းများဖြင့် တည်ဆောက်ထားသော သိပ္ပံပညာဖြစ်သည်။ ဒီထက်မကဆိုရလျှင် သိပ္ပံပညာရပ်များ အားလုံး၏ ဘာသာစကားဖြစ်သည်။ သင်္ချာပညာသည် သိပ္ပံပညာရှင်တွေကို ဆုံးဖြတ်ချက်တွေပေးသည်။ နှိုင်းယှဉ်ချက်တွေပေးသည်။ သင်္ချာ ဖြင့် နေကိုပတ်နေသော ကမ္ဘာ၏ လှုပ်ရှားမှုကို တိတိကျကျ တွက်ချက်နိုင်သည်။ သင်္ချာဖြင့် ကောင်းကင်သို့ ပစ်လွှတ်လိုက်သော ဒုံးပျံက ဘယ်နေရာကို ကျမလဲဆိုတာ တွက်ချက်နိုင်သည်။ ကမ္ဘာ့သင်္ချာပညာရှင်တစ်ဦးကတော့ Issac Newton (၁၆၄၂-၁၇၂၇) ပါပဲ။
၁၆၄၂ ခုနှစ် Galileo ကွယ်လွန်သည့်နှစ်မှာ Newton(နျူတန်) ကို မွေးသည်။ သူ့ကို England နိုင်ငံ Woolstorpeမှာ မွေးပါသည်။ သူကျောင်းသားဘဝကတည်းက သင်္ချာကို တွက်ချက်ပြီး အလုပ်လုပ်လေ့ရှိသည်။ 'နျူတန်တစ်ယောက် စွန်ကြိုးကို ဘယ်နေရာ မှာ ချည်ရင်ဘာဖြစ်မလဲဆိုတာ တွက်ချက်နေလေရဲ့' 'သင်္ချာချိန်ပြီးသွားတာဖြင့် ကြာလှပြီ၊ သူက အဲဒီညီမျှခြင်းကို ရှင်းနေတာ မပြီးတော့ဘူး' ဆိုတာတွေက နျူတန်ကလေးကျောင်းသားဘဝမှာ ကြားနေရတာတွေ။
            နျူတန်နှင့်ပတ်သက်ပြီး ဒွိဟဖြစ်စရာတွေ ရှိနေခဲ့သည်။ အဲဒါကတော့ သူ့ရဲ့မွေးနေ့ဖြစ်သည်။ သူမွေးခဲ့သော ခုနှစ်မှာ ရှိနေတဲ့ ပြက္ခဒိန်အရ သူက ၂၅ ရက် ဒီဇင်ဘာ ၁၆၄၂ ခုနှစ်ဖြစ်သည်။ ၁၇၅၂ ခုနှစ်မှာ Britain တွင် အမှားများပြင်ဆင်ကာ ယနေ့တိုင် အသုံးပြုနေ ကြသော Greforian ပြက္ခဒိန်အရ သူမွေးနေ့က ဇန်နဝါရီလ ၄ ရက် ၁၆၄၃ ခုနှစ်ဖြစ်သည်။ ထို့ကြောင့် သူ့မွေးနှစ်နှင့် နေ့လရက်တို့ကို နှစ်မိုျးစလုံးမှန်သည့်ဘက်က လက်ခံနိုင်ကြပါသည်။ နျူတန်မွေးဖွားပြီး သုံးလမှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ သူ့ပုံစံ သေးသေးကွေးကွေး လေးကို သက်ဆိုးရှည်ပါ့မလား စိတ်ပူနေခဲ့သည်။ နျူတန်သုံးနှစ်သားမှာ မိခင်က နောက်အိမ်ထောင်ပြုသည်။ မွေးစားဖခင်က သုံးနှစ်ကလေး နျူတန်ကို ခေါ်မထားနိုင်သဖြင့် သူ့ဘိုးဘွားများရှိရာ Woolsthorpe မှာ ကျန်နေခဲ့ရလေသည်။
            ၁၆၅၃ ခုနှစ်မှာ နျူတန်၏ မွေးစားဖခင်ကွယ်လွန်ခဲ့သဖြင့် ၁ဝ နှစ်သား နျူတန်ရှိရာ Woolsthorpeသို့ မိခင်က ပြန်လာသည်။ အသက် ၁၂ နှစ်မှာ Grantham ကျောင်းတွင် စာသင်သည်။ အဲဒီမှာ လက်တင်၊ ဂရိဘာသာနှင့် ဘုရားကျမ်းစာများကို အဲဒီခေတ်က အဆင့် မြင့် ပုံစံမိုျးဖြင့် သင်ကြားခဲ့ရသည်။ နျူတန်က Grantham မှာ အဆင့်အနိမ့်ဆုံး နေရာမှာ ရှိသည်။ သို့သော် ကစားကွင်းမှာ ဆော်ကြ၊ ချကြပြီဆိုရင်တော့ သူက ထိပ်ဆုံးမှာဖြစ်လေသည်။
            နျူတန်က တစ်ကိုယ်တည်းအနေများသည် ''တည်ငြိမ်၊ အေးဆေး၊ တိတ်ဆိတ်၊ ငြိမ်သက်၊ တစ်ချိန်လုံးစဉ်းစားနေသော လူကလေး'' ဖြစ်သည်။ သူပေါင်းသင်းဆက်ဆံတာဆိုလို့ မိန်းကလေးတွေနှင့်သာ အများဆုံးဖြစ်သည်။ ကလေးဘဝ Grathamမှာ နျူတန်တီထွင်တာတွေ အတွက် ''ကစားစရာအရုပ်ကလေးရဲ့ ပရိဘောဂတွေ'' ပြီးတော့ သူ့အတွက် 'လေးဘီးတပ်ယာဉ်' တို့ဖြစ်သည်။
            နျူတန်အသက် ၁၇ နှစ်မှာ မိခင်ဖြစ်သူက သူ့ကို Woolsthorpe မှ လယ်တောကို ပြန်ခေါ်ပြီး သူ့တကယ့်ဘဝကို သင်ယူခိုင်းခဲ့ သည်။ နျူတန်က အဲဒီမှာ ကောင်းကောင်းမလုပ်နိုင်ချေ။ သိုးတွေကို ကြည့်နေရင်းက ခေတ်မှီတဲ့ ရေရဟပ်ကို တည်ဆောက်နေသည်။ သိုးတွေက ထွက်ပြေးတာ အကြိမ်ကြိမ်။ သူ့ဦးလေးနှင့် သူ့ဆရာက သူ့အဖြစ်ကို ဟိုးအဝေးကြီးက နေကြည့်နေခဲ့ကြပြီး နောက်တော့ မိခင်ဖြစ် သူကို နျူတန်အား ကျောင်းပြန်ထားဖို့ ပြင်းပြင်းထန်ထန် ပြောဆိုပြီးပြန်ပို့ပေးခဲ့သည်။ အဲဒီကနေ တက္ကသိုလ်တက်ခိုင်းဖို့ ဖြစ်သည်။ ဆရာကြီး က နျူတန်အား ကျောင်းလခကင်းလွတ်ခွင့်ပေးကာ တက်ခိုင်းမည်ဆိုသောအခါမှ မိခင်က ခွင့်ပြုခဲ့သည်။
            ၁၆၆၁ ခုနှစ် ဇွန်လမှာ Cambridge သို့ ရောက်ရှိလာခဲ့ကာ Trinityကောလိပ်မှာ တက်ခွင့်ရခဲ့ပါသည်။ သို့သော်လည်း ဆင်းရဲ သော ကျောင်းသားလေးဘဝဖြင့် ချမ်းသာသော အတန်းဖော်များ သြဇာသက်ရောက်နေသော အတန်းကြီးများကြားမှာ လက်တွေ့ပြသရသော လေ့ကျင့်မှုများမှာ အားနည်းခဲ့ရသည်။ ယင်းသည် သူ့မိခင်က သူ့ပညာရေးအတွက် ငွေကြေး ဒီထက်မက မပေးနိုင်သောကြောင့် ဖြစ်နိုင်လေ သည်။ Cambridge မှာ ဒဿနိကဆိုင်ရာ ပုစ္ဆာများ၊ အယူအဆများကို ထုတ်ဖော်နိုင်ခဲ့သည်။ အထူးသဖြင့် ဒဿနိက ပညာရှင် Decartes  ၏ ဒဿနိက ဆိုင်ရာပုစ္ဆာများကို လိုက်နိုင်ခဲ့သည်။ Decartes၏ ပညာရပ်များ လေ့လာခဲ့ပြီးသည့် နောက်မှာ နျူတန်သည် မက္ကင်းနစ် ဒဿနိကဘာသာကို လိုက်စားခဲ့သည်။ ပြီးတော့ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတွေကို မေးခွန်းတွေ စထုတ်ပါတော့သည်။ အဲဒီထဲမှာ အရာဝတ္ထုတွေ၏ သဘာဝတွေ၊ အလင်း၊ အရောင်၊ ခံစားမှုတွေ အကြောင်းတွေပါသည်။
            နျူတန်သည် အရောင်တွေနှင့် ပတ်သက်ပြီး မေးခွန်းတစ်ခုကို အခုလို စမ်းသပ်ခဲ့သည်။ မျက်စိတစ်ဖက်ကို ပိတ်ထားပြီးနေရောင်ကို စူးစိိုက်ကြည့်သည်မှာ ရှိသမျှ အရောင်တွေပြောင်းသွားသည့်တိုင်အောင် ဖြစ်သည်။ ရလာတဲ့ရလဒ်ကတော့ ရက်ပေါင်းများစွာ မျက်စိတွေ ပိတ် ထားပြီး အမှောင်ထဲမှာ နေနေရခြင်းဖြစ်သည်။ သူ့မျက်လုံးထဲမှာ ပြေးနေသော အနက်ရောင် အစက်တစ်စက် မပျောက်မချင်း သူ့ခမျာ မျက်စိ ကို မဖွင့်ဘဲ အနားပေးထားရသည့် သဘောဖြစ်လေသည်။
            သူ့အတွက် Cambridgeမှာ ပညာဆက်သင်နိုင်ဖို့ အခွင့်အရေးကတော့ ၁၆၆၄ မှာ စကော်လားရှစ် (ပညာရည်ချွန်) ရဖို့ဖြစ်လေ သည်။ ဒေါက်တာ Issac Barrow က သူ့ကို စာမေးပွဲဖြေခိုင်းပြီး အနည်းဆုံးလေးနှစ်အတွက် စကော်လားရှစ်ပေးခဲ့သည်။ နျူတန်သည် အစားပျက်၊ အအိပ်ပျက်ကာ ကြိုးစားခဲ့ရရှာလေသည်။
            နျူတန် အသက် ၂၃ နှစ်၊ ၁၆၆၅ ခုနှစ် နွေရာသီမှာ အင်္ဂလန်နေရာ တော်တော်များများတွင် ပလိပ်ရောဂါဖြစ်ကာ ဒုက္ခရောက်ခဲ့ရ သည်။ ဖျားနာမှုက Cambridge သို့ ရောက်လာသောကြောင့် အောက်တိုဘာ ၁ဝ ရက်နေ့မှာ တက္ကသိုလ်ကို ပိတ်ခဲ့ရသည်။ ကျောင်းသား တော်တော်များများက အဲဒီရက်မတိုင်မီကပင် မိဘများနေရပ်ရှိရာသို့ ပြန်ကုန်ကြပြီးဖြစ်လေသည်။ ပလိပ်ရောဂါသည် Cambridge မှာ နှစ်နှစ်ကြာ ကျရောက်နေခဲ့သောကြောင့် ၁၆၆၇ ခုနှစ် နွေဦးရာသီမှပင် တက္ကသိုလ် ပြန်ဖွင့်နိုင်ခဲ့သည်။ နျူတန်သည် တက္ကသိုလ်ပိတ်စဉ် ကာလတွင် Woolsthorpe သို့ ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏ ရပ်ရွာသို့ ပြန်ခဲ့သော ၁၆၆၆ ခုနှစ်မှသည် ကျောင်းပိတ်ကာလ ၁၈ လအတွင်း နျူတန်၏ ရွှေရောင်လွှမ်းသော အိပ်မက်များ ဖွံ့ဖြိုးလာသောနေများအဖြစ် ဒဏ္ဍာရီဆန်ဆန်ဆိုရမည် ဖြစ်တော့သည်။ သူ၏ထူးခြားသော အယူ အဆများ၊ အကြံညဏ်များကို ယင်းကာလအတွင်းမှာ များစွာရရှိခဲ့သောကြောင့် ဖြစ်ပေသည်။
            သိပ္ပံပညာရှင်တွေရဲ့ ဘဝတွေမှာ အဲဒီလိုပဲ။ သူတို့ရဲ့ဘဝအပြောင်းအလဲတွေ သူတို့ရဲ့စဉ်းစားချိန်တွေအတွက် အချိန်တော်တော်များများ ပေးလိုက်နိုင်ပြီဆိုရင် ထူးခြားတဲ့မှတ်တိုင်တွေ ဖြစ်လာတော့တာပဲ။ နျူတန်သည် ပထမဦးစွာ Law of Gravity(ဆွဲအား နိယာမများ) ကို စူးစမ်းလေ့လာခဲ့လေသည်။ သူက Calulus (ကဲကုလ) ဘာသာကို တီထွင်ခဲ့သည်။ ထိုအရာက သင်္ချာဘာသာ၏ စနစ်သစ်။ ပြီးတော့ အလင်းနှင့် အရောင်တွေကို လေ့လာသည်။ ''နေရောင်သည် သုံးမြှောင့်ချွန်ဖန်တုံးဖြတ်၍ အရောင်ခုနှစ်မိုျး ဖြစ်စေတယ်။ ထိုအရာများသည် သက်တန့်၏ ရောင်စဉ်ခုနှစ်သွယ်''။ ပြီးတော့ သိပ္ပံပညာသစ် (ခေါ်) မက္ကင်းနစ်ပညာ၏ အခြေခံနှင့် ပတ်သက်သော ဖော်မြူလာတွေ ထုတ်ခဲ့ သည်။ ဒီရေ၏ ဥပဒေသများကို တွေ့ရှိခဲ့သည်။ ဒီတော့ နျူတန်ကို ကမ္ဘာ့ညဏ်ကြီးရှင်လို့ ခေါ်ကြတာ ဘာဆန်းသလဲ။
နျူတန်၏ အကြောင်းတွေထဲမှာ လူသိများသော အကြောင်းအရာတစ်ခုကတော့ သစ်သီးပင်တစ်ပင်အောက်မှာ ထိုင်နေစဉ် ကြွေကျ လာတဲ့ ပန်းသီးတစ်လုံးကို နျူတန်တွေ့မြင်ခဲ့ပြီးနောက် နျူတန်သည် ကမ္ဘာကြီးမှာ ဆွဲအားရှိတယ်ဟု ဆိုခဲ့သောအကြောင်းလေးပါပဲ။ လမင်း ကြီးနှင့် ပန်းသီးလေးတစ်လုံးမှာ ရှိနေသော ရွေ့လျားမှုကို ထိန်းခုျပ်သော အားသည်တူသည်ကို နျူတန်က ယုံကြည်ပါသည်။ လမင်းကြီးကို ပတ်လမ်းထဲမှာ ထိမ်းထားရန် လိုအပ်သောအားကို နျူတန်က တွက်ချပြခဲ့သည်။ ပြီးတော့ ကမ္ဘာမြေဆီသို့ အရာဝတ္ထုဆွဲချနေသောအားနှင့် နှိုင်း ယှဉ် ပြခဲ့သည်။ ကမ္ဘာကြီးသည် ဆွဲအားရှိသော တစ်ခုတည်းသော အရာဝတ္ထုမဟုတ်ပါ။ ရှိရှိသမျှသော အရာဝတ္ထုတိုင်း အသေး၊ အကြီး မရွေး ဆွဲအားရှိကြသည်။ ကမ္ဘာကြီး၏ ဆွဲငင်အားသည် သင့်ကို ခလုတ်တိုက်သည့်အခါ လဲကျသွားအောင် သင်လမ်းလျှောက်နေရာကနေ ပျံတက်မသွားအောင် ဆွဲနေသည့်အားဖြစ်သည်။
            သူ၏ Principia  (ဥပဒေသများ) ဟူသော နာမည်ကျော် စာအုပ်တစ်အုပ်တွင် ''စကြဝဠာထဲက အရာဝတ္ထု၏ မည်သည့် အမှုန်ကို အဆို စကြဝဠာ၏ တခြားသော အမှုန်တိုင်းက ဆွဲငင်လျက်ရှိကြသည်''ဟု ရေးသားခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ အဲဒီအားနဲ့ အတူတကွ တည်ဆောက်ထားပါသတဲ့။ ထိုအားသည် အရာဝတ္ထု၏ အရွယ်အစားနှင့် သူတို့၏ အကွာအဝေးတွေပေါ်မှာ ပြောင်းလဲမှုတည်နေပါသတဲ့။ ထိုအားသည် နျူတန်၏ သင်္ချာဖော်မြူလာများကို တွက်ချက်သည့်အခါ အသုံးဝင်လာခဲ့ပါသည်။
            မမေ့လိုက်နှင့်ဦး။ နျူတန်ကအဲဒီတွေ့ရှိချက်တွေကို ၁၈ လဆိုတဲ့ကာလအတွင်းမှာ တွေ့ရှိခဲ့တာတွေ ဖြစ်သည်။ ထိုအရာတွေကို ချက်ချင်းတော့ ပုံနှိပ်မဖြစ်ခဲ့ပါ။ အကြောင်းကတော့ ဒါတွေကို လုပ်စရာတွေ ကျန်နေသေးသည်။ နျူတန်က သိပ္ပံပညာရှင်ပီပီ သူရဲ့တွေ့ရှိချက် တွေအတွက် တိကျသေချာဖို့၊ လူထုရှေ့ချမပြမီ မှန်ကန်ကြောင်း သက်သေရဖို့ လုပ်ရပေဦးမည်။ နောက်ဆုံး ပလိပ်ရောဂါဆိုးကြီး မရှိတော သောအခါ လန်ဒန်က Cambridge သို့ ပြန်လာပြီး ကောလိပ်ပြီးအောင် တက်ခဲ့ကာ သူ၏ စမ်းသပ်ချက်တွေကို ဆက်လုပ်ခဲ့ပါတော့သည်။
            နျူတန်သည် သုံးနှစ်ကြာ အလင်း၏ သဘာဝကို လေ့လာစူးစမ်းခဲ့ရသည်။ သူ၏ ရှာဖွေတွေ့ရှိချက်များက သိပ္ပံပညာအတွက် အလွန် အရေးပါသော အချက်တွေပေးခဲ့သည်။ ထိုမှတစ်ဆင့် စာကြည့်မှန်များ၊ အဝေးကြည့်မှန်ပြောင်းများနှင့် အနီးကြည့်မှန်ပြောင်းများအတွက် မှန် ဘီလူးများ လုပ်ခဲ့သည်။
            နျူတန်၏ ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းသည် မှန်ဘီလူးများကို ဖြတ်သည့် ကိရိယာမိုျးမဟုတ်ဘဲ ကြည့်မှန်က ပြန်သော အလင်းကို သုံးပြီးတီထွင်ခဲ့သည်။ နျူတန်၏ အဝေးကြည့်မှန်ပြောင်းသည် တစ်လက်မ ထူသောကြည့်မှန်ဖြင့် ပြုလုပ်ထားသည်။ ကာလီဖိုးနီး ယားက Mt.Palomarတက္ကသိုလ်တွင် လက်မ ၂ဝဝ ထူသည့် ကြည့်မှန်ဖြင့် ပြုလုပ်သော အလင်းပြန်သည့် အဝေးကြည့်မှန်ပြောင်းယနေ့တိုင် ရှိသည်။ ယင်းသည် နျူတန်၏ မူရင်းဥပဒေသအရ ပြုလုပ်ထားခြင်းဖြစ်သည်။
            နောက်တော့ ကမ္ဘာ့ညဏ်ကြီးရှင်၏ စိတ်ဝင်စားမှုသည် သူစိတ်ဝင်စားဆုံးအရာဖြစ်သော ကမ္ဘာ့ဆွဲငင်အားနှင့် ရွေ့လျားမှုတွေဆီ ပြန်ရောက်သွားသည်။ သူသည် နှစ်ပေါင်း ၂ဝ လောက်အချိန်တွေပေးပြီး သူ့ရှေ့ကလေ့လာခဲ့သော သီအိုရီတွေကို သက်သေပြဖို့ စမ်းသပ်နေခဲ့ သည်။ ၁၆၈၇ ခုနှစ် သူ့အသက် ၄၅ နှစ်မှာ ‘Principia’ ဟု စာအုပ်ထွက်လာသည်။ ထိုစာအုပ်ထဲမှာ သူ၏ ဆွဲအားနိယာမများ၊ ရွေ့လျား ခြင်း ဥပဒေများပါဝင်သည်။ ယင်းစာအုပ်သည် ကမ္ဘာကြီးအား ပြောင်းလဲသွားစေမည့် သိပ္ပံပညာအသိတရားကို ဖွင့်လှစ်ပေးခဲ့သည်။
            သူလုပ်ခဲ့သော အလုပ်များကို လူထု၏ အသိအမှတ်ပြုခြင်းခံရသောအားဖြင့် ဗြိတိသျှအစိုးရက ၁၆၉၆ ခုနှစ်မှာ Mint (London Mint ပိုက်ဆံအေြွကပြား လုပ်သည့် စက်ရုံ) မှာ စက်ရုံမှူးအဖြစ် ချီးမြှောက်အပ်နှင်းခဲ့သည်။ ၁၆၉၉ မှာ စက်ရုံမှူးခုျပ်ဖြင့် လာကာ သူ့ဘဝ ဆုံးသည့်တိုင် လုပ်ကိုင်ခဲ့သည်။ သူက ထိုအလုပ်ကို တော်တော်လေး အလေးအနက်ထားပြီး ကျေကျေနပ်နပ် လုပ်ခဲ့သည်။ ဗြိတိသျှအေြွကတွေ ကို အတုတွေနှင့် မရောနှောစေအောင် သေချာစိစစ် လုပ်ရသော အလုပ်ဖြစ်လေသည်။ ထိုနှစ်ထဲမှာပင် ပြင်သစ်အကယ်ဒမီ (French Academy of Science) က သူ့အား ရွေးချယ်ခြင်းဖြစ်သည်။ အင်္ဂလိပ်လူမိုျးများအတွက် အလွန်ဂုဏ်ရှိလှပေသည်။
            ၁၆၆ဝ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နက္ခဗေဒပညာရှင် Christopher Wren ၏ ပို့ချချက် တစ်ခုတွင် ပြောခဲ့သော အကြံညဏ်ကို အကြောင်းပြု၍ သင်္ချာနှင့် သိပ္ပံဘာသာရပ်ကို တိုးတက်စေမည့် အဖွဲ့အစည်းတစ်ခုဟူ၍ ပေါ်လာခဲ့သည်။ ထိုအဖွဲ့တွင် ၄ဝ ကို စိစစ်ရွေးချယ်ခဲ့ကာ တစ်ပတ်ကို တစ်ရှီလင်နှုန်းဖြင့် အသင်းကို လည်ပတ်စေခဲ့သည်။ ဘုရင် Charles IIကထိုအသင်းအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သည်။ ထိုအသင်း၏ အဖွဲ့ဝင်များမှာ မတူညီသော ဘာသာရပ်များအလိုက် အရည်အချင်းရှိသူများဖြစ်ကြသည်။ ထို Royal Societyသည် သိပ္ပံပညာရပ်နယ်ပယ်တွင် စတင်အထင်ကရဖြစ်ရခြင်းမှာ ၁၆၇၁ ခုနှစ်တွင် နျူတန်အဖွဲ့ဝင်ဖြစ်လာချိန်မှ စခဲ့သည်ဟု ဆိုရမည်။ နျူတန်ကို ခေတ်မီသော သိပ္ပံပညာရှင်အဖြစ် အသိအမှတ်ပြုကြသည်။ သူ Royal Societyမှာ အဖွဲ့သားဖြစ်လာချိန်တွင် သူ၏ ကမ္ဘာ့ ဆွဲအားတို့ အလင်းတန်းတို့ နက္ခတဗေဒတို့မှာ လူထုက လက်ခံအသိအမှတ် ပြုနေပြီဖြစ်သည်။ ၄င်းသည် ၁ရဝ၃ ခုနှစ်တွင် ဗြိတိသျှ Royal Society ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ၁ရဝ၅ ခုနှစ်မှာ ပထမဦးဆုံး ဗြိတိသျှ သိပ္ပံပညာရှင်အဖြစ် ''ဆာဘွဲ့''အပ်နှင်းခြင်း ခံရကာ Sir Issac Newton  ဖြစ်လာသည်။ နျူတန်သည် ထိုအမည်အတွက် အလွန်ဂုဏ်ယူခဲ့ပါသည်။
            နျူတန်သည် ၁၇၂၇ ခုနှစ် မတ်လ ၂ဝ ရက် အသက် ၈၅ နှစ်တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။ သူ့ကို Westminster Abbeyတွင် မြှပ်နှံသဂြိုဟ်ခဲ့ပါသည်။ သူကွယ်လွန်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကိုယ်ထဲမှာ ပြဒါးတွေ အမြှောက်အမြား တွေ့ရှိခဲ့ကြပါသည်။ ယင်းသည် သူအဂ္ဂိရတ်ပညာအတတ်ကို လိုက်စားရာမှ ရလာသော ရလဒ်ဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြဒါးတွေ၏ အဆိပ်က နျူတန်၏ နောက်ဆုံးအချိန်များ မှာ ဘာတွေ ထူးခြားနေသလဲဆိုတာကို ဖြေရှင်းချက်ပေးချင် ပေးနိုင်လိမ့်မည်။
            အင်္ဂလိပ်ကဗျာဆရာကြီး Alexandre Pope က နျူတန်၏ ထူးခြားလှသည့် အရည်အချင်းများကို ယခုကဲ့သို့ စာဖွဲ့ခဲ့ပါသည်။
            ‘Nature and nature’s laws lay hid in night; God said ‘Let Newton’s be’ and all was light.’
            ''သဘာဝတရားနှင့် သဘာဝတရား၏ ဥပဒေသတွေက လှို့ျဝှက်ချက်တွေဖြစ်တယ် နျူတန်ကို ဘုရားသခင်က ဖန်ဆင်းလိုက်တော့ အားလုံးပေါ်သွားတယ်''
            နျူတန်၏ ရိုးရိုးသင်္ချာဘာသာရပ်နှင့် ပတ်သက်ပြီး လုပ်ဆောင်သမျှတွေ အားလုံးမှာ လူသိရှင်ကြား မတွေ့ခဲ့ရဘဲ ၁ရဝ၄ ခုနှစ် ‘Poticks ဟူသော စာအုပ်ထွက်လာမှ ထိုစာအုပ်ထဲမှာ မျဉ်းကွေးတွေအကြောင်း၊ Integrationအခြေခံများနှင့် y=x3 မျဉ်းကွေးတွေ အကြောင်း တွေ့ရှိဖတ်ရှုခဲ့ကြရပါသည်။ သူ၏ Cambridge ပို့ချချက်များ (၁၆၇၃ ခုနှစ်နှင့် ၁၆၈၃ ခုနှစ်ကြား)ကို ၁ရဝရ ခုနှစ်တွင် စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။
            နျူတန်နှင့် ပန်းသီးကာတွန်းတွေ ဆွဲကြရာမှာ နူျတန်တစ်ယောက် သစ်ပင်အောက်ထိုင်နေစဉ် ပန်းသီးက သူ့ခေါင်းတည့်တည့် ကြွေကျရာမှ ကမ္ဘာကြီးမှာ ဆွဲအားရှိကြောင်း အကြံရလာပုံဟူ၍လည်းကောင်း၊ Voltaireက ''ဆာအိုင်ဇက်စ်နျူတန်က ခြံထဲမှာလမ်း လျှောက်နေတုန်း ကမ္ဘာ့ဆွဲအားအကြောင်းစဉ်စားနေတယ်။ အဲဒီအချိန်မှာ သစ်ပင်ပေါ်က ပန်းသီးကြွေကြတာကို တွေ့လိုက်တယ်'' ဟူ၍လည်း ကောင်း ဆိုကြရာ နျူတန်၏ ပြောပြချက်ဆိုသော 'အိမ်ရဲ့ ပြတင်းပေါက်မှာ ထိုင်ငေးနေတုန်း သစ်ပင်ပေါ်က ပန်းသီးတစ်လုံးကြွေလာတာကို ကြည့်နေခဲ့ပါတယ်''ဟူ၍ အကျယ်ချဲ့ဆိုခဲ့ကြသလား ဆိုတာကိုတော့ တွေးကြည့်ရတော့မည် ထင်ပါသည်။
            

Monday, September 11, 2017

သိပ္ပံပညာကမ္ဘာ ဘူမိဗေဒ၏ ဖခင်ကြီး ဂျူနီယာဝင်း

သိပ္ပံပညာကမ္ဘာ  ဘူမိဗေဒ၏ ဖခင်ကြီး  ဂျူနီယာဝင်း

(အောင်ဆုလူငယ်ဂျာနယ်

            ၂ဝဝ၆၊ စက်တင်ဘာလ၊ ၁၅ ရက်)
 Charels Lyell ကို ၁၇၉၇ နိုဝင်ဘာ၊ (၁၄) ရက်တွင် မွေးဖွားပြီး သားသမီး (၁ဝ) ဦးမှာ အကြီးဆုံးဖြစ်သည်။ Charels Lyell (ချားလီရယ်လ်) (၁၇၉၇-၁၉၇၅) စကော့တလန်မှာ မွေးဖွားစဉ် အချိန်အခါတုန်းက ဘူမိဗေဒကို စိတ်ဝင်စားသူနည်းပါးလှ၏။ လူအများစုက ကမ္ဘာကြီးလုံးသည်ဟု ယုံကြည်နေကြပြီး အနည်းငယ်လောက်က ရှေးဒဏ္ဍာရီတွေကို စဉ်းစားကြကာ ကမ္ဘာကြီးက အခေါင်းပေါက်ကြီးပါဟု သက်သေပြချက် ရှိရှိ မရှိရှိ လက်ခံထားကြသော အချိန်အခါဖြစ်သည်။
            လူတစ်ဝက်လောက BC၄ဝဝ၄ မှာ ကမ္ဘာကြီးစဖြစ်သည်ဟု ယုံကြည်ကြသည်။ အကြောင်းကတော့ (၁၇) ရာစုမှာ Archibishop ဟု ခေါ်တွင်သော ခရစ်ယာန်ဘုန်းတော်ကြီးက အဲဒီလိုပြောခဲ့သောကြောင့် ဖြစ်သည်။ အီဂျစ်လူမိုျးတွေ အသက်ရှင်နေကြတာ BC၄ဝဝ၄  မတိုင်မီ ရာစုတွေကဆိုတော့ အဲဒီလိုပြောတာက မှားနေတာ သေချာသည်။
            Charels Lyell ရေးသားသော Principles of Geology (ဘူမိဗေဒဘာသာရပ်၏ ဥပဒေသများ) ဟူသော စာအုပ် ၁၈၃ဝ ခုနှစ်မှာ ထွက်လာခဲ့တော့မှ ဘူမိဗေဒသည် စစ်မှန်သော သိပ္ပံဘာသာရပ်တစ်ခုအဖြစ် ဖြစ်လာခဲ့ရပါသည်။ သိပ္ပံပညာဟူသည် စနစ်ကျသော လေ့လာ ခြင်းမှ ရရှိလာသော အချက်အလက်များ သို့မဟုတ် အသိပညာတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
            Charels Lyell က ချမ်းသာြွကယ်ဝသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ စကော့တလန်က အကောင်းဆုံးတက္ကသိုလ်မှာ နေခဲ့ ရသည်။ ဖခင်ဖြစ်သူက သူ့ကို ရှေ့နေဖြစ်စေချင်သောကြောင့် လန်ဒန်သို့ သွားရောက်ကာ Oxfordတက္ကသိုလ်တွင် ဥပဒေပညာကို သင်ကြား စေခဲ့သည်။ ထို့နောက် လန်ဒန်တွင် ဥပဒေရုံးကိုယ်ပိုင်ဖွင့် လှစ်ခဲ့သည်။ သို့သော် နှစ်နှစ်လောက်ကြာတော့ ဒီထက်ပိုတာတစ်ခုလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
            Charels Lyell ၏ ဝါသနာက တောင်တွေပေါ်တက်ပြီး ထူးဆန်းသော ကျောက်တုံးများ၏ ဖွဲ့စည်းမှုကို စူးစမ်းလိုခြင်း ဖြစ်သည်။ တစ်ခါတလေ ကျောက်တုံးတွေထဲမှာ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၏ ရုပ်ြွကင်းတွေကို တွေ့ရတတ်သည်။ ကျောက်ဖြစ်ရုပ်ြွကင်းဟူသည် အရာ ဝတ္ထုတွေ၏ ခြေရာလက်ရာတွေ၊ အရိုးစုတွေကို နှစ်ပေါင်းများစွာ ထင်ကျန်ကာ ရှိနေသော အရာများဖြစ်သည်။ သူက အဲဒီလို ဘာကြောင့်ဖြစ် သလဲဆိုတာ အလွန်သိချင်နေသည်။ အရိုးတွေက ဘယ်လိုရှိနေသလဲ၊ ဘယ်လောက်ကြာနေပြီလဲ။ ထို့ပြင် ကမ္ဘာကြီးက ကြမ်းတမ်းပြီး ပုံပန်း မကျတဲ့ မျက်နှာပြင် ဘယ်လိုတည်ဆောက်နေသလဲ။ ပြီးတော့ တောင်တွေကို တက်တဲ့အခါ ပဲ့ကြွေ၊ ပြုတ်ကျတဲ့ ကျောက်တုံးတွေကြောင့် ကမ္ဘာကြီးဟာ ကွဲကြွေသည့် ပုံဖြစ်နေသလား ... ဆိုတာတွေကို စိတ်ဝင်စားလျက်ရှိသည်။ အဲဒီအတွက် အဖြေတွေရှိသည်။ အတိတ်တုန်းက တစ်ခါတစ်ရံဖြစ်တဲ့ မြေငလျင်တွေ၊ ကမ္ဘာမြေလှုပ်ရှားမှုတွေ ဒါတွေကြောင့် တောင်တွေ၊ တောင်ကြားတွေဖြစ်နေရသည်။
            ဒီအခြေတွေကို Charels Lyell က မကျေနပ်ပါ။ စကော့လူမိုျး၊ ဘူမိဗေဒပညာရှင် James Hutton ရေးသားသော ၁၇၈၉ ခုနှစ် ထုတ် စာအုပ်အဟောင်းတစ်အုပ်ကို သူ တလေးတစား ဖတ်ရှုခဲ့သည်။ Huttonက ကမ္ဘာကြီးသည် လူအများ စဉ်းစားနေကြတာထက်ကို ပို၍ အသက်ကြီးသည်။ ပြီးတော့ စဉ်ဆက်မပြတ် ပြောင်းလဲနေသော အရာတွေရှိသည်။ တောင်ကုန်း၊ တောင်တန်း၊ တောင်ကြားများသည် ကြောက် စရာ ကောင်းသော မြေငလျင်ဒဏ်များကြောင့် ပြောင်းလဲမှုချည်းပဲမဟုတ်၊ နှစ်တွေထောင်ချီချင်ချီမည်၊ သန်းချီကြာရင်လည်း ကြာခဲ့မည်။ မိုးတွေ၊ ဆီးနှင်းတွေ၊ လေတွေ၊ ဒီရေတွေအစရှိသော လှုပ်ရှားမှုများကြောင့်လည်း ဖြစ်နိုင်ပါသည်တဲ့။ Charels Lyell က ထိုအယူအဆတွေ ကို လက်မခံသော်ငြားလည်း မှန်ကန်သည်ဟု ယုံကြည်ပါသည်။
            သူကနှစ်ပေါင်းများစွာ မီးတောင်ရှင်များ၊ တောင်များ၊ ဥရောပကတောများကို သွားရောက်လေ့လာ စူးစမ်းခဲ့သည်။ သူတွေ့သမျှသော ကျောက်ဖြစ်ရုပ်ြွကင်းတွေ ဟူသမျှကို စုဆောင်းခဲ့သည်။ Hutton ၏ သီအိုရီများသည် မှန်ကန်သည်ဆိုတာကို လက်ခံလာခဲ့သည်။ ဟုတ်ပါ သည်။ ကမ္ဘာကြီးက နှစ်တွေ ထောင်ချီရုံမကပါ။ နှစ်သန်းချီပါပြီ။ ကမ္ဘာကြီး၏နှစ်တွေ ထောင်ချီရုံမကပါ။ နှစ်သန်းချီပါပြီ။ ကမ္ဘာကြီး၏ ပုံပန်းသဏ္ဌာန်တွေသည် ကြီးကျယ်လှတဲ့ ပြင်းထန်စွာတုန်လှုပ်မှုတစ်ခုကြောင့် ဖြစ်လာခြင်းမဟုတ်သော သဘာဝတရား၏ နှစ်သန်းချီ၍ ဖြည်း လေးစွာ ပြောင်းလဲမှုကြောင့် ဖြစ်ချေ၏။
            ကမ္ဘာကြီး၏ မျက်နှာပြင်သည် မိုးရေများ၊ လေပြင်းမုန်တိုင်းများ၊ သဲမုန်တိုင်းများ၊ ရေစီးကြောင်းများ၊ ငလျင်များကသဲတွေ၊ ရွံ့တွေကို သယ်လာပေးကြသည်။ ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာက ဓာတ်သတ္တုတွေကိုလည်း သယ်ယူလာကြ၏။ နှစ်တွေကြာလာတော့ တောင်တွေဖြစ်လာ ၏။ တောင်ဟောင်းများက ပြိုကျကုန်ကြ၏။ ထိုအခါ သစ်ပင်များ၊ တိရစ္ဆာန်များ၏ အရိုးများဖြင့် ထိုနေရာမှာ ထိန်းသိမ်းပေးသကဲ့သို့ ဖြစ်လာ ၏။ နှစ်တွေ တော်တော်ကြာသောအခါ ကျောက်တုံး၊ သဲ၊ ရွှံ့မြေတစ်ခုခုတို့၏ အလွှာအောက်တွင် နှစ်မြုပ်ကုန်ကြ၏။ ဤကား Charels Lyell ၏ ပြောစကားများဖြစ်ပါသည်။
            ၁၈၃ဝ တွင် Principle of Geology စာအုပ်ထွက်ရှိပြီးနောက် ၁၈၃၂ နှင့် ၁၈၃၃ တွင် နောက်ထပ်အတွဲ နှစ်တွဲလိုက်ထွက်လာကြ ၏။ ထိုစာအုပ်တွေထဲတွင် သူ၏ သီအိုရီများ မှန်ကန်ကြောင်း ယုံကြည်လောက်သည့် သက်သေပြချက်တွေပါသည်။ ကမ္ဘာကြီး၏ သက်တမ်း နှင့် နှစ်တွေများစွာ ဘယ်လိုပြောင်းလဲခဲ့သလဲ ဆိုတာတွေပါသည်။ ထိုစာအုပ်များ ချက်ချင်းဆိုသလိုပဲ အောင်မြင်ခဲ့ကာ သူ့အမည်က ထင်ရှား ခဲ့ပါသည်။ သူ့ကြောင့်ပင် ဘူမိဗေဒဘာသာရပ်အတွက် ခိုင်မာသော သိပ္ပံပညာရပ်ဆိုင်ရာ အုတ်မြစ်ချပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
            အဆင့်ဆင့် ပြောင်းလဲမှုသီအိုရီကို တီထွင်ခဲ့သူ Charels Lyell သည် Lyell ၏ ခင်မင်သော သူငယ်ချင်းဖြစ်ပြီး စာပေးစာယူ မိတ်ဆွေများ ဖြစ်ကြသည်။ DareinကLyell  ရေးသားသော စာအုပ်များနှင့် ပတ်သက်၍ ''အလွန်တရာမှ အကိုျးတရားများကို ပေးစွမ်းသောဘူမိဗေဒ၏ ဥပဒေသများသည် တုန်လှုပ်စေပါ၏။ အရာဝတ္ထုများကို ဤသို့ အမြင်မိုျး လီရယ်လ်တစ်ယောက်သာ မြင်နိုင်စွမ်းရှိ ၏။ ထိုအရာများကို သူ့မျက်စိများက ဖောက်ထွင်း၍များ မြင်ခဲ့လေသလား''ဟု ချီးကူျးပြောဆိုခဲ့ပါလေသည်။ ထို့ပြင် ''ကျွနု်ပ်က သူ၏နည်း များကို သူတတ်နိုင်သည်ထက် ပို၍ ခရီးရောက်အောင် ထပ်မံ ဖြည့်စွက်ကြိုးစားခဲ့ခြင်းသာ ဖြစ်ပါသည်။ ကျွနု်ပ်၏ စာအုပ်များသည် လီရယ်လ် ဦးနှောက်တစ်ဝက်ပါနေပါတယ်လို့ တကယ်ယူဆမိပါသည်''ဟု ဆိုခဲ့သေးသည်။
            ၁၉၄၁-ခုနှစ်တွင် Charels Lyellူ ကို United Statesမှ ဖိတ်ကြားကာ Bostonတွင် ၁၂ နာရီ စာသင်တန်း ပို့ချစေခဲ့သည်။ ထိုပွဲသို့ လူတော်တော်များများ တက်ရောက်ပြီး သူပြောတာတွေကို စိတ်ဝင်တစား လာနားထောင်ကြသည်။ ထို့ကြောင့် ပို့ချမှု သင်ခန်းစာကို နှစ်ကြိမ် ပို့ချခဲ့ရပါသည်။ United STates တွင် ရှိနေစဉ် Niagara ရေတံခွန်များ၊ ၄င်းတို့၏ ကျောက်တုံးများကို ဘယ်လိုအရှိန်ဖြင့် ပွတ်တိုက်သွားစေ သလဲ ဆိုတာကို သွားရောက် လေ့လာခဲ့သည်။ ၁၈၄ဝ-၁၈၄၅ ခုနှစ်အကြား United States သို့ သွားရောက်ခဲ့သော Lyell ၏ ကြိုးပမ်းမှု ဖြင့် ခရီးသွား ဘူမိဗေဒစာအုပ်များထွက်ရှိခဲ့သည်။ ၁၈၄၅- ခုနှစ်တွင် Travel in North America ကိုလည်းကောင်း၊ ၁၈၄၉ ခုနှစ်တွင် A Second visit to the United Statesကို လည်းကောင်း ရေးသားခဲ့သည်။
            Lyell သည် ငယ်ရွယ်စဉ်ကတည်းက မျက်စိအမြင်အာရုံအားနည်းခဲ့သည်။ သူ ဥပဒေဘာသာမှ ဘူမိဗေဒကို ပို၍ စိတ်အားထက်သန် ကာ ကူးပြောင်းခဲ့ရသော အကြောင်းတစ်ခုဟုလည်း ဆိုနိုင်သည်။ သူ ၁၈၄၈ ခုနှစ်တွင် ဗစ်တိုးရီးယား ဘုရင်မက သူ့ကို ဘွဲ့ထူးချီးမြှင့်ခဲ့ သဖြင့် Sir Charels Lyell ဖြစ်လာသည်။
            သူသည် တစ်ချိန်တွင် ဘူမိဗေဒကို ခေတ္တခဏ စွန့်လွှတ်ပြီး The Antiquity of Man (လူသား၏ သမိုင်းအစ) ဟူသော စာအုပ်ထဲ တွင် လူဟူသော သတ္တဝါသည် နှစ်သန်းပေါင်းများစွာက ယနေ့ယခုတွေ့မြင်ရသော ပုံပန်းသဏ္ဌာန်နှင့် ကွာခြားသော ပုံသဏ္ဌာန်ဖြင့် ပေါ်ထွက် လာသည့် အကြောင်းကို ရှင်းလင်းချက်များစွာဖြင့် တင်ပြထားသည်။ သို့သော် Charels Lyell ၏ အမည်သည် ဘူမိဗေဒအလုပ်ဖြင့်သာ ကျော်ကြားကျန်ရစ်ခဲ့သည်။ သူတင်ပြခဲ့သော ဘူမိဗေဒ၏ ဥပဒေသများကြောင့် ခေတ်မီသော ဘူမိဗေဒသည် အရေးပါအရာရောက်သော သိပ္ပံ ပညာဖြစ်လာရသည်။
            ၁၈၇၅ ခုနှစ်တွင် Sir. Charels Lyell ၏ ဆန္ဒအရ The Lyell Medal(လီရယ်လ် အထိမ်းအမှတ်ဆုတံဆိပ်) ဟူူ၍ ပေါ်ထွက်လာ ရသည်။ ဆုတံဆိပ်ဒင်္ဂါးပြားသည် ကြေးဖြင့်ပြုလုပ်ပြီး နှစ်စဉ်ဘူမိဗေဒအသင်းမှ ဆုထိုက်တန်သူများကို ပေးအပ်ခဲ့ကြသည်။ မျက်စိအမြင် အား နည်းသော Lyell ၏ ရုပ်ပုံလွှာကို တင်ပြရလျှင် အသိပညာကို အလွန်တပ်မက်သော၊ နှစ်လိုခင်မင်ဖွယ်ကောင်း၍ ရိုးသားဖြောင့်မတ်သော၊ အလွန်ရာမှ ကြည်လင်နေသော စိတ်၏ ခွန်အားဖြင့် ပြည့်စုံသော လူငယ်လူရွယ်ကလေးများ၏ ကြိုးစားမှုများကို လက်ခံအားပေးသော ဘူမိ ဗေဒ ဘာသာရပ်၏ ဖခင်ကြီးတစ်ဦးအဖြစ် အသိအမှတ်ပြု လေးစားကြရမည် ဖြစ်ပါတော့သည်။
           
Ref      1.Giant of Science
2.Famous Scientist 1967
3.Encyclopedia Britnaica
            

Sunday, September 10, 2017

သိပ္ပံပညာကမ္ဘာ တစ်ဦးတည်းသော သက်ရှိစွယ်စုံကျမ်း ဂျူနီယာဝင်း

သိပ္ပံပညာကမ္ဘာ
တစ်ဦးတည်းသော သက်ရှိစွယ်စုံကျမ်း
သိပ္ပံပညာကမ္ဘာ  တစ်ဦးတည်းသော သက်ရှိစွယ်စုံကျမ်း  ဂျူနီယာဝင်း

(အောင်ဆုလူငယ်ဂျာနယ်
            ၂ဝဝ၆၊ စက်တင်ဘာလ၊ ၁ ရက်)
            Aristotleကို BC-၃၈၄ တွင် Aegean ပင်လယ်မြောက်ဘက်စွန်းအရပ်က Stagiraတောမြို့ကလေးတစ်မြို့မှာ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူက ပညာတတ်၊ သြဇာရှိသူတစ်ယောက်ဖြစ်၍ Alexandrer the Geeat ဘုရင်၏ အဘိုးကို စောင့်ရှောက်ကုသပေးသော နန်းတွင်း သမားတော် ဖြစ်ပါသည်။ Aristotle ငယ်ရွယ်စဉ် ပညာရေးသည် သူ့နေအိမ်လို့ဆိုရပေမည်။ ဖခင်ကြီးသည် သဘာဝဆိုင်ရာ သိပ္ပံပညာရပ် ဆိုင်ရာ အကိုျးသက်ရောက်မှုရှိသော နောက်ခံအကြောင်းအရာတွေကို သင်ကြားပေးခဲ့ပါသည်။
            BC ၃၆၇ တွင် သူ့အသက် ၁၇ နှစ်၌ အေသင်မြို့သို့ သွားရောက်ကာ ပညာသင်ကြားခဲ့သည်။ အဲဒီမှာ ပလေတို၏ တပည့်ဖြစ်ခဲ့သည်။ ပလေတိုဟူသည် ထိုခေတ်အခါက တွေးခေါ်ပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။ ပလေတို၏ အတွေးအခေါ်ရပ်တွေထဲမှာ Aristotle သည် ကောင်းကောင်းကြီး နစ်ဝင်ခဲ့ပုံရပြီး ပလေတို၏ ဒဿနိကတွေကို ထပ်ပြီး ဆင့်ပွားဖို့ လိုမယ်လို့ ယူဆခဲ့သူဖြစ်ပါသည်။
            BC ၃၄၂ တွင် အသက် ၄၂ နှစ်ရှိပြီ ဖြစ်သည်။ Aristotle သည် ဘုရင်၏ မြေး၊ အသက် ၁၄ နှစ်အရွယ် မင်းသား Alexander ၏ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ Alexander the Great ကွယ်လွန်ပြီးဘုရင်ဖြစ်လာသည့် မင်းသား Alexander ၏ အောင်မြင်မှုဟာ Aristotle ၏ လမ်းညွှန်သင်ကြားပေးမှုတွေနဲ့ လုံးလုံးလျားလျား ပတ်သက်ခဲ့သည်ဟု ဆိုရပေမည်။ ဘုရင် Alexander သည် Aristotleအား ငွေကြေး အမြောက်အမြားဖြင့် ချီးမြှင့်မြှောက်စားခဲ့ပါသည်။
Aristotleသည် စာအုပ်ပေါင်း လေးရာမှသည် တစ်ထောင်ကြား ရေးသားထုတ်ဝေခဲ့သည်ဟု ခန့်မှန်းရပါသည်။ ယင်းစာအုပ်တွေကို သူတစ်ဦးတည်း ရေးသားခဲ့သလား၊ သူ၏ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေ၊ ဒဿနိကပညာရှင်တွေ၏ အရေးအသားတွေကို စုဆောင်း ထုတ်ခဲ့သလားဟူသော မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါသည်။ သူ၏ အရေးအသားများမှာ ပြောင်မြောက်လှသောကြောင့် လူတစ်ဦးတည်း ထုတ်တာမဖြစ်နိုင်ပါဘူးဟူသော ယုံကြည်မှု ခက်ခဲတာတွေကိုတောင် သူ့တွေးခေါ်မှုတွေက လွှမ်းမိုးနိုင်ခဲ့ပါသည်။
            Aristotle ကို သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့ဝင် တစ်ဦးအဖြစ် သိကြသည်။ ဂရိနှင့် အာရှတစ်ခွင် လှည့်လည်ကျက်စားနေကြ သော လူတစ်ထောင်တို့ဟာ ပင်လယ်ရေပြင်နဲ့ ကုန်းမြေ၏ သဘာဝ နမူနာပုံစံတွေကို စုဆောင်းပြီး Aristotleထံ ပေးပို့ခဲ့ကြပါသည်။ Aristotle သည် ထိုကဲ့သို့ ရရှိခဲ့တဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ကူညီဖေးမမှုတွေကို အကြောင်းပြုလို့ ဇီဝဗေဒနှင့် သတ္တဗေဒဆိုင်ရာ သုတေသန တွေ လုပ်နိုင်ခဲ့လေသည်။ သူက ပင်လယ်ပြင်ကို စူးစမ်းခဲ့သည်။ တိရစ္ဆာန်တွေကို လေ့လာခဲ့သည်။
            အေသင်တွင် Aristotle သည် အဆောက်အအုံ အစုအဝေးတစ်ခုကို ဝယ်ယူခဲ့ပြီး Lyceum အမည်တွင်သော ကျောင်းတစ်ကျောင်း ကို ဖွင့်လှစ်ခဲ့သည်။ အဲဒီမှာ ကျောင်းသားများစွာ စုဆောင်းခဲ့သည်။ မနက်တိုင်းမှာ ယုတ္တိဗေဒ၊ ရူပဗေဒနှင့် သဘောတရားချည်းသက်သက် လေ့ လာသော တက္ကဗေဒပညာရပ်များကို သင်ကြားသည်။ နေ့လည်တွေမှာ စီကုံးပြောဆိုတတ်အောင် အပြောအဆို တတ်ဖို့နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွေကို သင်သည်။ သင်ကြားရေးနှင့် ဆွေးနွေးမှုများကို ခြံထဲမှာ ဆရာနှင့်တပည့်တွေ လမ်းလျှောက်ရင်း ပြုလုပ်လေ့ ရှိလေသည်။
            Aristotle သည် ကမ္ဘာ့ပထမဦးဆုံး စာကြည့်တိုက်ကို ဖွင့်ခဲ့သူ ဖြစ်သည်။ အဲဒီအတွက် စာရွက်စာတမ်းတွေ၊ မြေပုံတွေ ထားရှိသည်။ သူက စာအုပ်စာတမ်းတွေကို ငွေပေါင်းများစွာဖြင့် ဝယ်ယူသည်။ ယင်းသည် Alexanderဘုရင်၏ ပံ့ပိုးပေးကမ်းမှုတွေ ပါရှိခဲ့လို့ဟုလည်း ဆိုနိုင်သည်။
            တခိုျကသော Aristotle ၏ တွေ့ရှိချက်တွေမှာ မရေရာမှုတွေ ရှိခဲ့သော်လည်း တိကျသေချာသော အရာတွေလည်း ရှိခဲ့ပါသည်။ သူက ရှင်သန်နေသော သတ္တဝါတွေကို သူတို့၏ အစိတ်အပိုင်းများအလိုက် အုပ်စုတွေခွဲလို့ ရပါသည်စဟု ဆိုခဲ့ပါသည်။ ထို့ပြင် ကမ္ဘာကြီးထဲ က အရာမှန်သမျှသည် အမှတ်တမဲ့ ဖြစ်ပေါ်လာသော အရာများမဟုတ်ပါတဲ့။ အရာအားလုံးသည် သူ့စနစ်နဲ့ သူ့ပုံစံနဲ့ ပေါ်ထွက်လာတာတွေ ဖြစ်ပါသည်ဟု ဆိုခဲ့လေသည်။ Aristotle နှင့် သူ၏ သုတေသနအဖွဲ့သည် ဇီဝဗေဒနယ်ပယ်ထဲက ပြသမှုတွေကို ကောင်းကောင်း လုပ်ဆောင် ပြခဲ့နိုင်ကြသည်။ ထို့ကြောင့် Aristotle ကို ဇီဝဗေဒဆိုင်ရာ နည်းပညာ၏ ရှေ့ပြေးပုဂ္ဂိုလ်ဟု ဆိုနိုင်လေသည်။
            H.F.Well ၏ ‘The Outline of History’ စာအုပ်တွင် Arstotleကို 'သူ့ရဲ့ အရေးပါလှတဲ့ သိပ္ပံပညာရပ်ကို နားလည်မှုဟာ ခေတ်မီတဲ့ သိပ္ပံပညာရပ်လှုပ်ရှားမှုကို ရှေ့ကြိုမြင်နေသူ ဖြစ်သည်ဟု ဆိုခဲ့လေသည်။ သူဟာ အချက်အလက်တွေကို အတူတကွ စုဆောင်းပြီး အသိပညာ ဖြန့်ဝေပေးသူဖြစ်ပေသည်။ သူသည် သဘာဝဆိုင်ရာ ရှုထောင့်ကကြည့်တဲ့ ပထမဦးဆုံး သမိုင်း ပညာရှင်ပါပဲ။ သူ့ရှေ့ကသူတွေက အရာဝတ္ထုတွေရဲ့သဘာဝကို လေ့လာခဲ့ကြတယ်။ သူက အဲဒီအလုပ်တွေကို ကျော်လွန်လို့ အရာဝတ္ထုတွေရဲ့ အုပ်စုတွေကိုခွဲပြီး အစီအစဉ်ချပြ၊ နှိုင်းယှဉ်ပြခဲ့ပါတယ်'ဟု ရေးသားခဲ့လေသည်။
            Aristotle ၏ အရေးအသားများသည် သူ၏ ယုံကြည်မှုကို အခြေခံထားပြီး အမှန်တရားကို ရိုးသားစွာ လက်ခံထားသည်။ ရှေ့ကဆိုခဲ့ သလို သူ၏ ယုံကြည်တာတွေထဲမှာ အမှားအယွင်းတွေ ပါနေခဲ့သည်။ ဥပမာ-Aristotleက ကျောက်ခဲတစ်လုံးနှင့် သစ်ရွက်တစ်ရွက် အမြင့်မှ လွှတ်ချသောအခါ ကျောက်ခဲက မြေပေါ်အရင်ကျသည့် ဖြစ်ရပ်ကို ကြည့်ပြီး လေးတဲ့အရာဝတ္ထုနှင့် ပေါ့သော အရာဝတ္ထုကို အမြင့်မှ ပစ်ချလျှင်လေးသည့် အရာဝတ္ထုက မြေပေါ်အရင်ကျမည်ဟူသော မှားယွင်းသည့် အယူအဆကို ချပြခဲ့ဖူးသည်။ ဥပမာ- နှစ်ပေါင် အလေးနှင့် တစ်ပေါင်အလေး။ သို့သော် ယင်းကို Aristotle က သက်သေမပြခဲ့ပါဘူး။ ဒါဟာ ယုတ္တိဗေဒ သဘောအရ လက်ခံနိုင်သည့်အတွက် မှန်သည်လို့ ဆိုခဲ့လေသည်။
            Galileoရဲ့ ခေတ်မှာတော့ သူက လေ၏ ခုခံမှုကို လစ်လူျရှုပြီး လေးတဲ့အရာနှင့် ပေါ့သောအရာ နှစ်ခုကို တစ်ချိန်တည်း အမြင့်က လွှတ်ချလျှင် အချိန်တူတူ မြေပေါ်ကျမယ်လို့ဆိုကာ ပီစာမျှော်စင်ပေါ်က အလေးမတူတဲ့ အရာနှစ်ခုကို လွှတ်ချပြပြီး သက်သေပြခဲ့သည်။ ၁၈၈၅ ခုနှစ်မှာ ဒတ်ချ်လူမိုျး သင်္ချာပညာရှင် တစ်ယောက်က ဘောလုံးနှစ်လုံးကို ပြူတင်းပေါက်ပေါ်က ပစ်ချပြခဲ့သည်။ တစ်လုံးက နောက် တစ်လုံးထက် ၁ဝ ဆ ပိုလေးပါသည်။ ထိုအခါ မြေပေါ်သို့ ထိရိုက်သံ တစ်သံသာထွက်သည်ကိုသာ ကြားခဲ့ရပါသည်။ ယင်းသည် အလေး မတူတဲ့ အရာဝတ္ထုနှစ်ခု၏ တစ်ချိန်တည်းမှာ ကျသည်ဆိုတာကို ပြခဲ့သော သက်သေပဲ ဖြစ်လေသည်။
            Aristotle ၏ ခေတ်မှာတော့ လူတော်တော်များများ၏ အချိန်များသည် တွေးခေါ်စဉ်းစားကြခြင်း၊ ဆွေးနွေးကြခြင်း၊ စာများများ ဖတ်ခြင်း၊ ဂီတကို လိုက်စားခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးလေသည်။ Aristotleက နိုင်ငံ၏ စံဟူသည်မှာ လူတိုင်းတွင် အိမ်နှစ်လုံးရှိရမည်။ တစ်လုံးက ကိုယ်နေထိုင်တဲ့ နိုင်ငံတွင်းမှာ၊ တစ်လုံးက ဆင်ခြေဖုံးမှာ၊ ပြီးတော့ လူသားမိုျးနွယ် တစ်ရပ်လုံးအတွက် ကောင်းမွန်စစ်မှန်မှုနှင့် ပျော်ရွှင်မှုရဖို့ သေချာသော မြင့်မားသည့် လူ့အဖွဲ့အစည်းစနစ် ရှိကိုရှိရမည်ဟု ဆိုသည်။
            Alexander ဘုရင်ကွယ်လွန်ပြီးနောက်တွင်တော့ သူ့အပေါ်မှာ ရှိနေခဲ့ကြတဲ့ မနာလိုမုန်းတီးမှုတွေ၊ မယုံကြည်မှုတွေ ထွက်ပေါ်လာကြ လေသည်။ သူ့ကို ဘုရားသခင်အား စော်ကားသူဟု စွပ်စွဲပြီး သေမိန့်ချခဲ့ကြသည်။ သို့သော် သူကမိခင်၏ ရပ်ရွာ Chalcisသို့ ထွက်ပြေးခဲ့ လေသည်။ BC၃၂၂ အသက် ၆၂ နှစ်တွင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။
            သူ၏ အရေးအသား တော်တော်များများသည် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ သို့သော် နောက်နှစ် ၂ဝဝ လောက်တွင် ထုတ်ဝေခဲ့တဲ့ သူ၏ မှတ်တမ်းမှတ်ရာတွေကို ဥရောပရှိ စာပေသမားတွေက သူ့အားရှင်သန်လျက်ရှိသော ကမ္ဘာ့စွယ်စုံကျမ်းသဖွယ် အသိအမှတ်ပြု ဖတ်ရှုနေကြရ လေတော့သည်။
            နိဂုံးခုျပ်ဆိုရလျှင် Aristotleသည် သိပ္ပံပညာရှင်ကြီး တစ်ဦးပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ သူက နာမည်ကြီးလွန်းခဲ့ခြင်းဖြစ် သည်။ ညဏ်ပညာ နည်းပါးသူတွေက သူ၏ အမှားတွေကို သူ၏အောင်မြင်မှုနှင့် သူ၏ အရေးအသားတွေကိုသာ ကြည့်ပြီး လက်ခံခဲ့ကြခြင်း ပင် ဖြစ်ပေတော့သည်။
            

Saturday, September 9, 2017

သိပ္ပံပညာကမ္ဘာ အဏုမြူဗုံးကို မရည်ရွယ်ဘဲလမ်းပြခဲ့မိသူ ဂျူနီယာ၀င်း



သိပ္ပံပညာကမ္ဘာ

အဏုမြူဗုံးကို မရည်ရွယ်ဘဲလမ်းပြခဲ့မိသူ

(အောင်ဆုလူငယ်ဂျာနယ်၂ဝဝ၆၊ သြဂုတ်လ၊ ၁၅ ရက်)

သိပ္ပံပညာရှင် တော်တော်များများသည် အဏုကြည့်မှန်ပြောင်း၊ အဝေးကြည့်မှန်ပြောင်း သို့မဟုတ်ပါက ဓာတ်ခွဲခန်းသုံး ကိရိယာတွေ သုံးပြီး အလုပ်လုပ်ကြသည်။ သူတို့က ပြဿနာတွေ၏ အဖြေကို ရှာဖွေစမ်းသပ်မှုတွေ လုပ်ကြသည်။ အဖြေကိုရှာဖွေကြသည်။ Albert Einstein ကတော့ ထိုအချက်တွေနှင့် မတူသော သိပ္ပံပညာရှင်ဖြစ်ပါသည်။ သူကသီအိုရီဆန်သော ရူပဗေဒပညာရှင်တစ်ဦးပါ။ သူကတွေ့ရှိ ချက်တွေကို စမ်းသပ်ခန်းထဲမှာရှာခဲ့တာ မဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ၊ ခေါင်းထဲမှာ ရှာတာဖြစ်သည်။ သူကသူ့ သီအိုရီတွေကို စမ်းသပ်မှု တွေ လုပ်ပြီး သက်သေမပြပါဘူး။ သူရဲ့ထူးခြားပြီး ကြီးကျယ်တဲ့ ဦးနှောက်ကို ချစ်တယ်။ မွေးမြူတယ်။ အကြံညဏ်တွေ ထုတ်ဖော်တယ်။ ပြီးတော့ သင်္ချာဖော်မြူလာတွေအဖြစ် အသွင်ပြောင်းတယ်။ ဤကား ဗူဘနမအ Albert Einstein ၏ ဝိသေသဖြစ်ပေသည်။

တခို့ျသော Albert Einstein (အဲလ်ဘက်အိုင်စတိုင်း)၏ သီအိုရီများက သူ့ခေတ်အခါထက်ကို ရှေ့ရောက်လွန်းနေသောကြောင့် စမ်း သပ်မှုတွေဟာ သိပ္ပံပညာ ရပ်ဆိုင်ရာ ကိရိယာတွေ တိုးတက်လာတော့မှသာလျှင် လုပ်ခဲ့ကြရလေသည်။ အိုင်စတိုင်းသည် ကမ္ဘာကြီးကို စကြ ဝဠာ၏ ဥပဒေသတွေကို ဖြေရှင်းဖို့ကူညီတဲ့ သင်္ချာ ဖော်မြူလာတွေ ထုတ်ပေးခဲ့လေသည်။ သမိုင်းမှာ အိုင်စတိုင်းကဲ့သို့သော အလင်းစွမ်းရည်၊ ကမ္ဘာ့ဆွဲအား၊ အာကာသ၊ အချိန်ဟူသော လှို့ျဝှက်ဆန်းကြယ်သောအရာများကို ကျွနု်ပ်တို့ လူသားတွေ နားလည်အောင် အကူအညီပေးခဲ့သော ပုဂ္ဂိုလ်မရှိခဲ့ဖူးပါဘူး။

သူ့ကို ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့ ဂျာမဏီနိုင်ငံ Ulm မြို့မှာမွေးသည်။ သူ့မွေးပြီး တစ်နှစ်အကြာမှာMunich ၏ ဆင်ခြေ ဖုံး အရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဖခင်က လျှပ်စစ်-ဓာတုစက်ရုံ သေးသေးလေးပိုင်ဆိုင်သည်။ အိုင်စတိုင်း၏ ဦးလေးက အဲဒီစက်ရုံမှာ အလုပ်လုပ်ရင်း သူတို့နှင့်အတူနေသည်။ အိုင်စတိုင်း၏ မိခင်ကဂီတကို စိတ်ဝင်စားပြီး သူမကြောင့် နင်တယောထိုးပညာကို အသက်ခြောက် နှစ်မှာ သင်ကြားခဲ့ရသည်။ အဲဒီတယောလေ့ကျင့်ခန်းတွေကို သဘောမကျသော်ငြားလည်း နောက်ပိုင်းမှာတော့ မိုဇတ်၏ တယောဂီတကို ကောင်းကောင်းထိုးနိုင်ခဲ့သည်အထိ ကျွမ်းကျင်ခဲ့ပါသည်။ ငယ်ငယ်ရွယ်ရွယ်ကသင်ခဲ့သော တယောထိုးသည့် အတတ်သည် သူ့ဘဝတစ်ခုလုံး ကို လွှမ်းခြုံခဲ့ပါသည်။ သူ့ဘဝ၏ စိတ်အပန်းဖြေစရာ ဘဝ၏ အနှစ်သာရကို ခံစားဖို့ရာ ဖြစ်ခဲ့ရလေသည်။

အိုင်စတိုင်းသည် ကလေးတုန်းက သာမန်ကလေးတစ်ယောက် အဆင့်ပင်မမီချေ။ စကားပြော အလွန်နှေးကွေးကာ သင်ကြားဖို့အလွန် ခက်ခဲသောကြောင့် မိဘများက သူ့ကို ထုံထုံအအဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြရသည်။ သူ့ကလေးဘဝမှာ ရွယ်တူကလေးတွေနှင့် ခွဲထွက်ကာ တစ်ကိုယ်တည်းနေရင်း သူ့အချိန်တွေကကို စိတ်ကူးယဉ်ကာ ဘာမှမလုပ်ဘဲ ကုန်လွန်ခဲ့လေသည်။ သူကခွန်အားသုံးပြီး လုပ်ရသောအလုပ်တွေ၊ ပြေးလွှားဆော့ရသော ကစားနည်းတွေ၊ ကုန်ကုန်ပြောရရင်တော့ စစ်တိုက်တမ်းကစားရတာကိုပင် မုန်းတီးသူဖြစ်လေသည်။ သူတို့နေရသော ရပ်ကွက်က ဂျာမန်စစ်စခန်းတွေနဲ့ နီးစပ်လျက်ရှိသော်လည်း အိုင်စတိုင်းကတော့ လက်နက်ကိရိယာတွေကို သဘောမကျ၊ ပြေးလွှားလှုပ်ရှားရ တာကို မနှစ်သက်နိုင်၊ သူကြီးပြင်းလာရပုံကတော့ သက်သောင့် သက်သာမရှိလှပေ။ ပြီးတော့ သူကစက်ရုပ် လူသားတွေလိုလည်ပတ် လှုပ်ရှားနေရသည့် သဘောသဘာဝကိုလည်း မနှစ်သက်သူ ဖြစ်သည်။

အိုင်စတိုင်းမိဘများက ဂျူးလူမိုျးများ ဖြစ်ကြသော်လည်း သူတို့က ဘာသာရေးအယူကို စိတ်မဝင်စားကြပေ။ အိုင်စတိုင်းကို အနီးဆုံး ကက်သလစ်ကျောင်းသို့ ပို့ခဲ့ကြသည်။ အိုင်စတိုင်းမှာ ငယ်စဉ်ကစာညံ့လွန်းသဖြင့် ဆရာဆရာမများက 'ထုံထိုင်းပြီး ရှေ့မတက်တဲ့ ကောင် ကလေး'ဟု ခေါ်ခဲ့ကြသည်။ သူကလည်း ကျောင်းတက်ရတာ မပျော်ပါ။ ကျောင်းသားများမှာ သင်ကြားမှုကို အလွတ်ကျက်ခြင်းဖြင့်သာ ဖြတ် သန်းခဲ့ကြရသည်။ ဘာသာရပ်ကို ဆွေးနွေးမှုခို့ျယွင်းနေသဖြင့် နက်နက်နဲနဲ စိတ်ဝင်စားမှုကို ဦးမဆောင်နိုင်ဖြစ်ကြရသည်။

အိုင်စတိုင်းက သူ့ငယ်ဘဝမှာ အရေးအပါဆုံးဖြစ်ရပ်နှစ်ခု ရှိသည်ဟုဆိုသည်။ သူအသက် (၅) နှစ်မှာ ဖခင်ဖြစ်သူက လက်ဆောင်ပေး သော သံလိုက်အိမ်မြှောင် ရရှိခဲ့ခြင်းနှင့် အသက် (၁၂) နှစ်မှာ ယူကလစ် (Euclid) ၏ ဂျီသြမေတြီကို သင်ကြားရခြင်း ဖြစ်သည်တဲ့။ သူက 'ငယ်ရွယ်စဉ်မှာ ဒီလို စာအုပ်မိုျးကို မသင်ယူခဲ့ဖူးရင် တွေးခေါ်ယူဆခြင်းကို အခြေခံသော စူးစမ်းရှာဖွေသူ ဖြစ်မလာနိုင်ပါဘူး'ဟု ဆိုပါ သည်။

အိုင်စတိုင်း အသက် (၁၅) နှစ်မှာ ဖခင်ဖြစ်သူက သူ့၏လျှပ်စစ်လုပ်ငန်းကို လုပ်ဖို့တွန်းအားပေးခဲ့သည်။ အိုင်စတိုင်းက သူ၏ လေ့လာ စူးစမ်းမှုကို ရပ်မပစ်ချင်ပါ။ သူစိတ်ဝင်စားတာက သင်္ချာနှင့် ရူပဗေဒ၊ သူက ရူပဗေဒဆရာဖြစ်ချင်သည်ဟု အစီအစဉ်ဆွဲထားသည်။ ဖခင်ဖြစ် သူက သူ့အလုပ်ချဲ့ထွင်ရာ အီတလီရှိ Milan သို့ ရွှေ့ပြောင်းခဲ့ရာ အိုင်စတိုင်းက Munichမှာ ကျောင်းတက်ပြီးဒီပလိုမာ ရယူဖို့ နေခဲ့သည်။ သူ့ဦးနှောက်က သင်္ချာဘာသာရပ်မှာ တခြားသူတွေရှေ့က ရောက်သလောက် တခြားဘာသာရပ်တွေမှာ လေးလံထိုင်းမှိုင်းလွန်းလှသည်။ နောက် တော့ အိုင်စတိုင်းမှာ ကျောင်းမှထွက်ခဲ့ရပြီး ဖခင်ရှိရာ အီတလီသို့ ရောက်ခဲ့သည်။

အီတလီမှာနေသော ခေတ္တအချိန်ကာလလေးမှာ သူ့ဘဝရှေးရေးကို စဉ်းစားမိခဲ့သည်။ သူဆုံးဖြတ်ထားသည့် အတိုင်းပင် ဆွစ်ဇာလန်ရှိ Zurichကျောင်းမှာ ဝင်ခွင့်စာမေးပွဲ ဝင်ဖြေသည်။ သူ့သင်္ချာအမှတ်က မြင့်သော်လည်း ဘာသာရပ်နှင့် ဇီဝဗေဒမှာ အားနည်းသောကြောင့် စာမေးပွဲကျသည်။ သို့ရာတွင် Zurichဘာသာရပ်ဆိုင်ရာ ကျောင်းမှ ဒါရိုက်တာက သူ၏ သင်္ချာစွမ်းရည်အပေါ် အံ့သြကျေနပ်သောကြောင့် ဆွစ်ဇာလန်တွင် လိုအပ်သောနေရာတစ်နေရာအတွက် ဝင်ခွင့်ကို ဖြည့်ပေးခဲ့သည်။ အိုင်စတိုင်းမှာ အလွန်ပျော်ရွှင်ခဲ့ရပြီး Munich နှင့် ဘာမှမဆိုင်သော ဆက်ဆံရေးတို့ကြောင့် ကျေနပ်ခဲ့ရသည်။ အဲဒီမှာ ကျောင်းသားတွေနှင့် ဆွေးနွေးဖို့ ဝန်မလေးချေ။ ဒါဟာသူ့ဘဝမှာ အလွန် နှစ်သက် သဘောကျသောကျောင်းကို တွေ့ရှိခဲ့ခြင်းပါပဲ။ နောက်တော့အဲဒီမှာ ပြီးဆုံးအောင် တက်ခဲ့ပြီးနောက် သူအရင်က လျှောက်ခဲ့သော Zurich ဘာသာရပ်ဆိုင်ရာကျောင်းမှာ ဝင်ခွင့်ရခဲ့လေတော့သည်။

အိုင်စတိုင်းဘယ်လောက်ပဲ တော်တော်၊ ပါမောက္ခတွေက သူ့အတွက်ဘယ်လိုပဲ ထောက်ခံသည်ဖြစ်စေ၊ နေရေး ထိုင်ရေး၊ စားသောက် ရေးအတွက် ငွေကြေးမပြည့်စုံမှုကြောင့် ဆွစ်ဇာလန်ရှိ ရုံးတစ်ရုံးမှာ စာရေးအလုပ်ကို ၁၉ဝ၂ ခုနှစ်မှာ ဝင်လုပ်ခဲ့ရသည်။ ဆရာအလုပ်နှင့်တော့ ဝေးခဲ့ရသည်။ သို့သော် အိုင်စတိုင်းအတွက် အဆင်ပြေချင်တော့ သူ့မှာလစာလည်းရ၊ အလုပ်ကလည်း လွယ်ကူသက်သာကာ သူ့မှာ စဉ်းစားဖို့ အချိန်တွေ များစွာရခဲ့လေသည်။ စာရေး အလုပ်လုပ်နေစဉ် ၁၉ဝ၅ ခုနှစ်မှာ အဏုမြူဗုံးကို ဦးဆောင်ပေးမည့် သီအိုရီတစ်ခုကို အိုင်စတိုင်းက ဖော်ထုတ်ခဲ့မိလေတော့သည်။ စာအုပ်အမည်က Special Theory of Relative’ ဖြစ်သည်။ တခို့ျသော သိပ္ပံပညာရှင်တွေက ထိုစာအုပ်ကို 'သမိုင်း၏အရေး အကြီးဆုံး အချက်အလက်များ'ဟု ခေါ်ခဲ့ကြသည်။

သို့သော်လည်း အစပိုင်း ထိုစာအုပ်မှာ သိပ္ပံပညာရှင်တွေ၏ အားပေးမှုကိုမရခဲ့ပါဘူး။ အကြောင်းကတော့ အိုင်စတိုင်းက သူရဲ့စာအုပ်ထဲ မှာ သိပ္ပံပညာရှင်တွေ၏ အမှားတွေကို ထောက်ပြထားပြီး ပြန်စစ်ဆေးဖို့ တွန်းအားပေးထားလို့ဖြစ်လေသည်။ သို့သော် ၁၉၁၂ ခုနှစ်မှာ သူ့ကို ဆန့်ကျင်မှုတွေ ပျောက်ကွယ်ကုန်ကာ သိပ္ပံပညာ ကမ္ဘာကြီးကသူ့ကို အထင်ကရ သိပ္ပံပညာရှင်ကြီးအဖြစ် အသိအမှတ်ပြုခဲ့ ကြလေသည်။

မထင်မရှား စာရေးလေးဘဝကနေ ကမ္ဘာပေါ်မှာထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လာရသည်။ သူ့ကို ဥရောပ တက္ကသိုလ်တွေက ဟောပြော ပေးဖို့ သင်တန်းပို့ချဖို့ ဖိတ်ကြားခဲ့ကြသည်။ ၁၉၁၄ ခုနှစ် ဘာလင်တက္ကသိုလ်မှာ ရူပဗေဒ ပါမောက္ခဖြစ်လာသည်။ အဲဒီမှာ ၁၉ နှစ်လောက် လုပ်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှာ နိုဘယ်ဆုရခဲ့သည်။

အိုင်စတိုင်း၏ ဘဝလုံးဝဥဿုံပြောင်းလဲခဲ့ရတာ ၁၉၃၃ ခုနှစ်မှာဖြစ်သည်။ ၁၉၃၃ ခုနှစ် Adolf Hitler အာဏာရှိချိန်မှာ အိုင်းစတိုင်းက Princetonတက္ကသိုလ်မှာ ဧည့်သည်ပါမောက္ခဖြစ်နေသည်။ ဒီရာထူးက ၁၉၃၂ ဒီဇင်ဘာမှာ ရယူခဲ့တာဖြစ်လေသည်။ ဟစ် တလာက ဂျာမဏီမှာ တန်ခိုးအာဏာကျယ်ပြန့်လာကာ ဂူျးတွေကို သုတ်သင်နေပြီး ဂူျးပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။ ဟစ်တလာက ကမ္ဘာကြီးကို အုပ်စိုးမည်ဟု ေြွကးကြော်ခဲ့သည်။ သူက ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့သူပါပဲ။

အိုင်စတိုင်းဟာ ဟစ်တလာရဲ့ နာဇီဝါဒရက်စက်ယုတ်မာမှုတွေကို ဆန့်ကျင်ပြောဆိုခဲ့မှုတွေကြောင့် ဟစ်တလာက သူ့အိမ်ကို ဖျက်ဆီး ပစ်ကာ သူပိုင်ဆိုင်သမျှတွေ သိမ်းယူခဲ့လေသည်။ သူ့ကိုဖမ်းမိရင် ငွေကြေးမြောက်များစွာပေးမည်ဟု ကြေညာခဲ့သည်။ ကမ္ဘာပေါ်မှာ အတော် ဆုံး သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းဟာ အိမ်ခြေယာမဲ့ဘဝကို ရောက်ရှိခဲ့ရလေသည်။ သို့သော် အိုင်စတိုင်းက New Jersey ရှိ Princetonတက္ကသိုလ်မှ Institute for Advanced Study ကျောင်းမှဖိတ်ကြားမှုဖြင့် အဖွဲ့ဝင်ဖြစ်ကာ အမေရိကသို့ ရောက်ခဲ့ရသည်။ ၁၉၃၃ ခုနှစ်မှ သည် ၂၂ နှစ်တိုင် အလုပ်လုပ်ရင်း အသက်ရှင်ခဲ့ကာ တက္ကသိုလ်ပရဝုဏ်မှာ လူသေးသေးလေး အဖြူရောင်ဆံပင်ဘုတ်သိုက်နှင့် အိမ်မှရုံးသို့ ရာသီဥတုကိုမမှုဘဲ နေ့စဉ်လမ်းလျှောက်သွား သူအဖြစ် လူသိများခဲ့ပါသည်။ ၁၉၄ဝ မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

၁၉၄၅ ခုနှစ်မှာ အမေရိကန်က ဒုတိယကမ္ဘာစစ်ကို အဏုမြူဗုံးနှင့် ပွဲသိမ်းလိုက်လေသည်။ အဲဒီအဏုမြူဗုံး၏ အခြေခံသဘောတရား က အိုင်စတိုင်း၏ ၁၉ဝ၅ ခုနှစ် အယူအဆ သီအိုရီကို အခြေပြုထားသည်။ အဲဒီမှာ 'အစိုင်အခဲကို စွမ်းအင်အဖြစ် ပြောင်းနိုင်သည်။ စွမ်းအင် ကနေ အစိုင်အခဲအဖြစ် ပြောင်းနိုင်သည်'ဟူသော သီအိုရီကို အိုင်စတိုင်းက ချပြထားသည်။ ဒီအရင်သိပ္ပံပညာရှင်တွေအားလုံးကို ဆန့်ကျင်ထား သော အဆိုတစ်ခု ဖြစ်သည်။

၁၉၃၉ ခုနှစ်မှာ အိုင်စတိုင်းက သမ္မတ Franklin Rosevelt ထံ စာတစ်စောင် ရေးသားခဲ့သည်။ စာထဲမှာ သူ့ဖော်မြူလာကို အခြေခံကာ သာမန်ဗုံးကို စမ်းသပ်မှု အစီအစဉ်လုပ်နေသောင် E Fermi နှင့် L Azilard တို့နှင့် ပတ်သက်လျက်ရှိပါသည်။ သူလုပ်ခဲ့သော အလုပ်ဟာ ဖျက်ဆီးခြင်းနှင့် သေကြပျက်စီးမှုကို ဦးဆောင်ဖို့အတွက် မရည်ရွယ်ခဲ့ပါဘူးတဲ့။ သူ့ဘဝမှာ အကြီးအကျယ်နောင်တရခဲ့မိတာဟာ သိပ္ပံပညာဟာ လူသားတွေ အကိုျးပြုရမည့် အစားလက်နက်သဖွယ် အသုံးချခံခဲ့ရခြင်း ဖြစ်လေသည်။ အိုင်စတိုင်းဟာ အဏုမြူဗုံးနှင့်တကွ ဆိုးရွားတဲ့ ထိခိုက်မှုတွေကို ကာကွယ်ဖို့ ကမ္ဘာကြီးငြိမ်းချမ်းဖို့ စည်းလုံးကြပါစို့ဟု နိုင်ငံတကာကို တိုက်တွန်းခဲ့ပါသည်။

အိုင်စတိုင်းကတော့ စကြဝဠာရဲ့ လှို့ျဝှက်ချက်အဖြေကို ရှာဖွေခဲ့သူပါ။ သူ့ကို ယဉ်ကျေးသိမ်မွေ့နူးညံ့သော၊ သိက္ခာရှိသော၊ ရိုးသား သော လူသားတစ်ယောက်အဖြစ် အမှတ်ရနေကြပါသည်။ အိုင်စတိုင်းဟာ ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက် အသက် (၇၆) နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါသည်။ ကမ္ဘာကြီးအား အသိပညာတံခါးကို ဖွင့်ပေးခဲ့သူ သိပ္ပံပညာရှင်ကြီးအဖြစ်လည်းကောင်း၊ သမိုင်းမှာ စဉ်းစားတွေးခေါ် ပညာရှင်ကြီးအဖြစ်လည်းကောင်း၊ သူ့အမည်ထင်ကျန်ရစ်ခဲ့ပြီ ဖြစ်ပါသည်။


Friday, September 8, 2017

သိပ္ပံပညာကမ္ဘာ ဂျူနီယာဝင်း


သိပ္ပံပညာကမ္ဘာ  ဂျူနီယာဝင်း


အောင်ဆုလူငယ်ဂျာနယ်



၂ဝဝ၆၊ သြဂုတ်လ၊ ၁ ရက်)

သိပ္ပံပညာက ကမ္ဘာကို ကိုင်လှုပ်လိုက်သောအခါ အံ့သြစရာဖြစ်ရတာက လူတော်တော်များများ သိပ္ပံပညာဆိုတာ ဘာမှန်းနားမလည် ကြခြင်း ဖြစ်လေသည်။ ဒီတော့ ထိုအချက်ကို ဖြေရှင်းကြဖို့ သိပ္ပံပညာဆိုတာဟာ သိပ္ပံပညာရှင်တွေ ဘာတွေလုပ်ကြသလဲဆိုတာပဲ ဆိုသည့် အချက်ကို လက်ခံဖို့ အကြံပေးရမည်။ သိပ္ပံပညာရှင်တွေ ဘာလုပ်ကြသလဲဆိုသည့် မေးခွန်း၏ အဖြေကိုရဖို့ သိပ္ပံပညာရှင်တွေ၏ ဘဝတွေ နှင့် အလုပ်တွေကို လေ့လာကြမည်။

သိပ္ပံပညာရှင်ဆိုတဲ့ လူသားတွေဟာ အင်မတန်စူးစမ်းချင်၊ သိချင်၊ လေ့လာချင်ကြပြီး အရာရာကို စပ်စပ်စုစုနှင့် သံသယမျက်လုံးတွေ နှင့် အဖြေရှာနေကြသူတွေပဲ ဖြစ်လေသည်။ သူတို့က ခက်ခဲတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေရာမှာ လွယ်လွယ်နှင့် နောက်ဆုတ်မဲ့သူ တွေ မဟုတ်ပါဘူး။ ပြောရရင်တော့ သိပ္ပံပညာရှင်တွေအားလုံးဟာ 'ခေါင်း'သမားတွေဖြစ်ပါသည်။ သူတို့၏ ဦးခေါင်းကို အသုံးချနေသူ တွေ ဖြစ်ပါသည်။ သူတို့က စဉ်းစားသည်။ သက်သေတွေကို စုဆောင်းသည်။ ပြီးတော့ဒါကို ခွဲခြမ်းစိတ်ဖြာသည်။ နည်းလမ်းပေါင်းများစွာ သုံးပြီး ဂရုတစိုက် ချိန်ကိုက်တတ်ကြသည်။ ပြဿနာကို အခြေခံပြီး စဉ်းစားရတာ ရှည်ကြာသည်။ ခက်ခဲမှုတွေ ရင်ဆိုင်ရသည်။ သိပ္ပံ ပညာရှင်တွေမှာ အဖြေတွေရှိရာကို ရှေ့ရှုတဲ့ ဦးနှောက်အစွမ်းတွေ ပိုင်ဆိုင်သည်။ ထိုစူးရှထက်မြက်သည့် ထိုးထွင်းညဏ်တို့ကို အစဉ်အမြဲ စမ်းသပ်လျက်ရှိကာ တခြားသော သိပ္ပံပညာရှင်တွေကိုလည်း ဒါကိုစမ်းသပ်ကြည့်ကြဖို့ အားပေးလျက်ရှိကြသည်။

သူတို့က အနာဂတ်ဟောကိန်းတွေလည်း ထုတ်တတ်ကြသည်။ အကယ်၍ သူတို့ရဲ့ ဟောကိန်းတွေ အလုပ်မဖြစ်သောအခါ နောက်ထပ် အကိုျးအကြောင်းသင့်လျော်စေမည့် ဟောကန်းတွေကို ရှာဖွေထုတ်ဖော်ကြသည်။ သူတို့က စိတ်ကူး စိတ်သန်း အသစ်တွေကို လက်ခံဖို့ အသင့်ရှိကြသည်။ အသစ်သစ်သော တွေ့ရှိချက်တွေ၊ ရရှိချက်တွေကို သူတို့၏ အယူအဆအဟောင်းတွေနှင့် ပြောင်းလဲရယူပစ်လိုက်ဖို့ လုံးဝ ဝန်မလေးသော သူများ ဖြစ်ကြသည်။ ကျွနု်ပ်တို့၏ စကြဝဠာကြီးထဲက အဖြစ်အပျက်တွေ၏ ပုံပန်းသဏ္ဌာန်များနှင့် ဖြေရှင်းချက်များကို တစ်ချိန်လုံး ကြိုးစားရှာဖွေလျက်ရှိနေကြသည်။ ထို့ကြောင့် သိပ္ပံပညာအသိသည် ကြီးထွားတိုးတက်လာရသည်။ သိပ္ပံပညာရှင်တွေ အကြောင်း ကို ဖတ်ရှုခြင်းဖြင့် ကလေးငယ်တွေ၊ ကျောင်းသားကျောင်းသူတွေသည် သိပ္ပံပညာဆိုတာ ဘာလဲဆိုတာ သိလာကြလိမ့်မည်။

သိပ္ပံပညာရှင်တွေမှာ စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေရှိကြသည်။ သူတို့အကြောင်းကို စိတ်ဝင်စားဖို့ မျှော်လင့်သည်။ ထိုမှတစ်ဖန် သိပ္ပံပညာရှင်ဟူသော လူသားတွေက ဘယ်လိုလူမိုျးတွေပါလိမ့်ဟု လေ့လာသိရှိကြခြင်းဖြင့် အသက်သည်လည်း ဤကမ္ဘာမြေကြီး၏ အမှန် တရား အသစ်များကို ရှာဖွေဖော်ထုတ်လိုသော စိတ်ဆန္ဒများ ရှင်သန်လာစေချင်ပါသည်။

ပထမဦးစွာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်သူ Johann Mendel (၁၈၂၂-၁၈၈၄) နှင့် မိတ်ဆက်ပေးမည်။ သူ့ဘဝ၊ သူ့အကြောင်းက စိတ် ဝင်စားစရာ ကောင်းသည်။

''မင်းမှာမင်းအမေရဲ့ နှာခေါင်းရှိတယ်''

''မင်းအဖေရဲ့မျက်လုံးတွေရထားတယ်''

ထိုစကားလုံးများ၏ အဓိပ္ပာယ်ဟာ မင်းရဲ့ နှာခေါင်းက မင်းအမေနဲ့တူတယ်။ မင်းမျက်လုံးတွေက မင်းအဖေနဲ့တူတယ်ဟူ၍ ဖြစ်သည်။ မိဘတွေ၊ ဘိုးဘွားတွေက ထိုရုပ်ပိုင်းဆိုင်ရာတွေကို သူတို့ကလေးတွေဆီ ဆက်လက်၍ လက်ဆင့်ကမ်းသွားကြသည်။ အမေ့ဆီက ဆံပင် ကောက်ကောက်တွေ၊ အဖေ့ဆီက မျက်လုံးညိုညိုတွေ စသည်၊ စသည်။ မျက်လုံးအရောင်၊ အရပ်အမောင်း၊ နှာခေါင်းပုံစံ၊ နားရွက်ပုံသဏ္ဌာန် တွေ လက်ဆင့်ကမ်းသွားသည့် ဖြစ်ရပ်ကို အမွေဆက်ခံခြင်းဟုခေါ်သည်။ အမွေဆက်ခံသော ပညာရပ်လေ့လာခြင်းကို မိုျးရိုးဗီဇဆိုင်ရာ ပြန့် ပွားပုံကို လေ့လာသည့် ပညာရပ်ဟု ခေါ်သည်။ ခရစ်ယာန်ဘုန်းကြီး Gregor Johann Mendal သည် ထိုပညာရပ်ကို စိတ်ဝင်စားခဲ့ပြီး မိုျးရိုးဗီဇလေ့လာသော ပညာရပ်ကို စတင် စူးစမ်းခဲ့သူ ဖြစ်သည်။

သူက မျက်လုံးပြာပြာတွေ၊ နှာခေါင်း ရှည်ရှည်တွေ၊ ခြေထောက်ပုံစံတွေက မိုျးရိုးဗီဇကြောင့်ဟု ဆိုသည်။ ဒါကို သူဘယ်လိုစဉ်းစား မိသွားသလဲ။ Johann ၏ ဖခင်က ဆင်းရဲသော တောသူတောင်သား တစ်ဦးဖြစ်ပြီး ချက်ကိုစလိုဗားကီးယား၏ ဒေသနယ်ပယ်က Moravia တောရွာ တစ်ရွာက ဥယျာဉ်မှူး အလုပ်လုပ်သူ တစ်ဦးဖြစ်လေသည်။ သူငယ်ငယ်က မိသားစု ဥယျာဉ်ခြံထဲက သစ်ပင်တွေကို ကူညီလုပ်ကိုင် ပေးရတာနှစ်သက်သည်။

'ပန်းကလေးတွေရဲ့ အရောင်က ဘာဖြစ်လို့ မတူရသလဲ'

'ပန်းသီး အနီရောင်အပင်ရဲ့ အသီးတွေက ဘာကြောင့် အနီရောင်ဖြစ်ရသလဲ၊ ပန်းသီး အဝါရောင်အပင်ရဲ့ အသီးတွေက ဘာကြောင့် အဝါရောင်ဖြစ်ရသလဲ'

ဖခင်သည် Johann ၏ မေးခွန်းများကြောင့် အလွန်အံ့အားသင့်ရသည်။ မဖြေနိုင်သည့် အတွက်လည်း စိတ်မကောင်း ဖြစ်ရသည်။ ထိုအချိန်တုန်းက အဖြေကို ဘယ်သူမှ မသိကြပါ။

ဆင်းရဲသော မိသားစုက အခြေအနေကြောင့် Johann မှာ (၄) နှစ်တာ ကောလိပ်တက်ရသည့် ကာလတစ်လျှောက်လုံးမှာ ခို့ျတဲ့စွာ ချွေတာပြီး ပညာသင်ခဲ့ရသည်။ သူ့အသက် (၂၁) နှစ်မှာ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်ခဲ့ကာသူတော်စင် ွမနါသမပ အမည်ကို အမှတ်တရ ဂုဏ်ပြုသောအားဖြင့် သူ့ဘာသာရေး အမည် Brother Gregorဘဝကို ခံယူခဲ့သည်။ ဘာသာရေး ဘုန်းကြီးဘဝ ဖြင့် စိုက်ပိုျးရေး ခြံမြေကွက်တစ်ခုကို ဦးစီးခဲ့ရပြီး သူစိတ်ဝင်စားသော လေ့လာမှုတွေကို လုပ်ခဲ့သည်။ ၁၈၄၇-ခုနှစ်မှာ ခရစ်ယာန် ဘုန်းတော်ကြီး ဖြစ်လာသည်။

သိပ္ပံပညာကို စိတ်ဝင်စားသော Brother Gregor ကို ခရစ်ယာန် ဘုန်းကြီးကျောင်းက ဗင်းနစ်တက္ကသိုလ်သို့ ရူပဗေဒ ပညာသင် ကြားဖို့ ၂ နှစ်ပညာသင်စေလွှတ်ခဲ့သည်။ သူပြန်လာချိန်တွင် Altbrun ကျေးလက် ဒေသန္တရဆိုင်ရာကျောင်းတွင် ရူပဗေဒဆရာဖြစ်လာသည်။ ဘာသာရေး အလုပ်များနှင့် မရောယှက်စေဘဲ သူ့ဆရာဘဝကို ကုန်လွန်စေသည်။ ခရစ်ယာန်ဘုန်းကြီးကျောင်းမှာ ဆက်နေကာ နေ့စဉ်ပန်းခြံ ထဲမှာ အချိန်ကုန်ခဲ့သည်။

သူ့ဖခင်နှင့် နေ့စဉ်တုန်းကလို မေးခွန်းတွေမေးသည်။ သူသိချင်စိတ်ကို အဖြေရှာဖို့ စမ်းသပ်မှုတွေလုပ်သည်။ ထင်မြင်ယူဆနေရတာ ထက် အဖြေကို စူးစမ်းရှာဖွေကာ သေသေချာချာ ရေးချမှတ်သားသည်။ ပဲစေ့ပင်တွေ ကြီးထားလာပုံအကြောင်းကို အသေးစိတ် လေ့လာခဲ့ သည်။ ၁၈၅၆-ခုနှစ်မှ ၁၈၆၄-ခုနှစ် (၈) နှစ်တာကာလမှာ မတူညီသော ပဲမိုျးစေ့ပင် ပေါင်း (၁) သောင်းကို လေ့လာကာ စိုက်ပိုျးခဲ့လေ သည်။ စမ်းသပ်မှုတွေ ရာနှင့်ချီပြီး လုပ်သည်။ အဝါရောင်ပဲစေ့ပင်၊ အစိမ်းရောင် ပဲစေ့ပင်၊ ပဲချောစေ့ပင်၊ ပဲရှုံ့တွစေ့ပင်... စသည်၊ စသည် ပဲမိုျးတွေနှင့် အစေ့မှ စိုက်သော အပင်မိုျးနွယ်တို့အကြောင်းကို ရှစ်နှစ်တာ ကြိုးစားရှာဖွေသုတေသနတွေလုပ်ခဲ့သည်။ သူက မိုျးရိုးဗီဇအမွေ ဆက်ခံခြင်း ဥပဒေရှိနေသည်ဟု တစ်ထစ်ချ ယုံကြည်သည်။ အဲဒီလိုပဲ လူတွေမှာလည်း ဒီလိုဥပဒေသတွေရှိတယ်။ သို့သော် လူသားတွေ၏ မိုျးရိုးဗီဇ စမ်းသပ်မှုကိုတော့ မလုပ်နိုင်ခဲ့ချေ။

သူ၏ သီအိုရီအသစ်များနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားမိသည်။ ဒါကို ကမ္ဘာကိုချပြဖို့ အချိန်ရောက်ပြီ။ ၁၈၆၅-ခုနှစ်တွင် စာတမ်းတစ် စောင် ရေးပြီး မြို့ကလေး၏ Science Society မှာ ဖတ်ပြခဲ့သည်။ သို့သော် သူ ပြောနေတာတွေကို ဘာတွေမှန်းပင် သိပုံမရကြချေ။ လက်ခုပ်သံတွေကတော့ ယဉ်ကျေးမှုအရတော့ တီးကြပါသည်။ ဒါပေမဲ့ သိပ်မကြာခင်မှာ သူပြောခဲ့တာတွေ မေ့သွားကြသည်။ သူရှင်းတာ မကောင်းလို့ ဖြစ်နိုင်သည်။ သူအိမ်ပြန်လာပြီး သူစာတမ်းကိုဆက်ရေးသည်။ နောက်တစ်ကြိမ် အစည်းအဝေးမှာ ထပ်ဖတ်ပြပြန်သည်။ ဒါပေမဲ့ ဘယ်သူမှ စိတ်မဝင်စားကြ။ ပဲစေ့မိုျးပင်တွေကိစ္စမို့ ဘယ်သူမှ စိတ်မဝင်စားကြတာ ဖြစ်နိုင်သည်။ သူ့မိန့်ခွန်းကို သိပ္ပံမဂ္ဂဇင်းလေးတစ်ခုမှာ ထည့်သည်။ သို့သော် ထိုစာတမ်းမှာ စာကြည့်တိုက်မှာ ဘယ်သူမှ မဖတ်၊ စိတ်မဝင်စားသောကြောင့် ဖုန်ပဲ တက်သွားချေပြီ။

သို့သော်လည်း Gregor က စိတ်မပျက်ပါ။ သူက ပျော်ပျော်နေတတ်သူဖြစ်၏။ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပါ'ဟု သူ့မိတ်ဆွေ ဘုန်းကြီးများကို ပြောခဲ့သည်။ ၁၉၆၉ ခုနှစ်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် အရွေးခံရသည်။ အဲဒီနောက်မှာ တော့ ဘာသာရေးကိစ္စထဲ လုံးထွေးနေခဲ့ရာ သုတေသနဘက်မလှည့်နိုင်တော့ပေ။ ၁၈၈၄-ခုနှစ် သူကွယ်လွန််ချိန်ထိ (၈) နှစ်တာ ပဲစေ့များဖြင့် ရူးသွပ်ခဲ့သူတစ်ဦး၏ 'မန်ဒဲလ်၏ မိုျးရိုးဗီဇ ဥပဒေသများ’ Mendal’s Laws of Heredity ကို ဘယ်သူမှ မသိကြသေးပါ။

သူကွယ်လွန်ပြီး (၁၆) နှစ်ကြာမှ သူ့အမည်ကို သိပ္ပံပညာရှင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သည်။ ၁၉ဝဝ-ပြည့်နှစ်မှာ ဥရောပ တိုက်သား သိပ္ပံပညာရှင် (၃) ဦးကMendal ၏ လွန်ခဲ့သောနှစ် (၃ဝ) က စာမူကို တွေ့ခဲ့ကြလေသည်။ သူတို့က ဤမျှအရေးပါကာ အရေးကြီးလှသည့် အကြောင်းအရာကို ကမ္ဘာအနှံ့ကို ဖြန့်ပေးခဲ့ကြလေတော့သည်။

Mendal ၏ ဥပဒေသမှန်ကန်သည်မှာ သစ်ပင်၊ သစ်ဥတွေမှာသာမက တိရစ္ဆာန်တွေ၊ လူတွေမှာပင် တိကျမှန်ကန် ကိုက်ညီနေလေ သည်။ သူ့သီအိုရီများမှာ လယ်သမားကြီးများ၏ ဂုံျ၊ စပါး၊ ပြောင်း၊ အသီးအနှံစိုက်ပိုျးရေးတွင် အကူအညီပေးကာ နွား၊ ကျွဲမွေးမြူရေးတွေမှာ လည်း အသုံးကျလှ၏။ ထိုဥပဒေသများသည် ယခုအခါ လူ့မိုျးရိုးဗီဇ ဆိုင်ရာကုထုံးသစ်များကို ဦးဆောင်လမ်းပြလျက်ရှိလေသည်။ သြစတြေး လျားလူမိုျး၊ ရုက္ခဗေဒပညာရှင် Mendal အား မိုျးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရပ်အား အဦးဆုံးလမ်းညွှန်ပေးသူအဖြစ် ယနေ့တိုင် အမှတ်ရလျက် ရှိနေကြလေတော့သတည်း။



Ref 1.Giant of Science – Philip Cane ‘ The World of Sciene’

2.Famous Scientists (1967) London


Thursday, September 7, 2017

သိပ်ပံပညာကမ်ဘာ ဂျူနီယာဝင်း



သိပ္ပံပညာကမ္ဘာ
ဂျူနီယာဝင်း
(စိတ်ကူးခိုျခိုျ ၁၁ နှစ်ပြည့်

၂ဝ၁ဝ၊ သိပ္ပံပညာစာအုပ်မှ)



သိပ္ပံပညာက ကမ္ဘာကို ကိုင်လှုပ်လိုက်လေပြီဟု ဆိုကြပါသည်။ သို့သော် လူတော်တော်များများက သိပ္ပံပညာဆိုတာ ဘာမှန်းမသိကြ ပေ။ သည်တော့် ထိုအချက်ကို ဖြေရှင်းကြဖို့ သိပ္ပံပညာဆိုသည်မှာ သိပ္ပံပညာရှင်တွေ ဘာတွေလုပ်ကြသလဲဟူသည်ကို လေ့လာခြင်းပင်ဖြစ် သည်ဟု ဆိုရပေမည်။ သိပ္ပံပညာရှင်တွေ ဘာလုပ်ကြသလဲဆိုသည့် မေးခွန်း၏ အဖြေကိုရဖို့ သိပ္ပံပညာရှင်တွေ၏ ဘဝတွေနှင့် အလုပ်တွေကို လေ့လာကြရလေသည်။

သိပ္ပံပညာရှင်ဟူသော လူသားများသည် အင်မတန်စူးစမ်းချင်၊ သိချင်၊ လေ့လာချင်ကြပြီး အရာရာကို စပ်စပ်စုစုနှင့် သံသယမျက်လုံး များနှင့် အဖြေရှာနေကြသူတွေပဲ ဖြစ်လေသည်။ ၄င်းတို့သည် အဖြေရရှိဖို့ ကြိုးပမ်းရာတွင် လွယ်လွယ်ကူကူနှင့် နောက်ဆုတ်မည့်သူများ မဟုတ်ကြချေ။ သိပ္ပံပညာရှင်များအားလုံးသည် သူတို့၏ ဦးနှောက်ကို အသုံးချနေသူတွေဖြစ်လေသည်။ သူတို့က စဉ်းစားသည်။ သက်သေတွေ ကို စုဆောင်းသည်။ ခွဲခြမ်းစိတ်ဖြာသည်။ နည်းလမ်းပေါင်းများစွာသုံးပြီး ဂရုတစိုက်ချိန်ကိုက်တွက်ချက်တတ်ကြသည်။ ပြဿနာများကို အခြေခံပြီး အချိန်ကာလရှည်စွာ စဉ်းစားတွေးတောတတ်ကြသည်။ အခက်အခဲများကို ရင်ဆိုင်ရသည်။ သိပ္ပံပညာရှင်များကား အဖြေတွေရှိရာ ကို ရှေးရှုသော ဦးနှောက်အစွမ်းကို ပိုင်ဆိုင်သူများ ဖြစ်လေသည်။ ထိုစူးရှထက်မြက်သည့် ထိုးထွင်းညဏ်တို့ကို အလကားမထားဘဲ အစဉ် အမြဲ စမ်းသပ်လျက်ရှိကာ တခြားသော သိပ္ပံပညာရှင်များကိုလည်း အမြဲမပြတ် စူးစမ်းလေ့လာဖို့ အားပေးကြသည်။

သိပ္ပံပညာရှင်များသည် အနာဂတ်ဟောကိန်းများကိုလည်း ထုတ်တတ်ကြသည်။ ဘယ်နှခုနှစ်မှာ လကြတ်မည်၊ နေကြတ်မည်၊ ကမ္ဘာနှင့် ဘယ်တော့ဘယ်ဂြိုဟ်က တစ်တန်းတည်းဖြစ်မည်၊ အနီးကပ်ဆုံးရှိမည်... စသည်ဖြင့် ဖြစ်သည်။ အကယ်၍ ၄င်းတို့၏ ဟောကိန်းများ မပြည့်စုံ ဘူးဟု ယူဆသောအခါ နောက်ထပ်အကိုျးအကြောင်း သင့်လျော်စေသော ဟောကိန်းများကို ရှာဖွေထုတ်ဖော်ကြပြန်သည်။ သိပ္ပံပညာရှင်များ သည် စိတ်ကူးစိတ်သန်း အသစ်များ၊ အသစ်အသစ်သော တွေ့ရှိချက်များကို အမြဲတစေ ရှာဖွေနေကြသူများဖြစ်ကာ ၄င်းတို့၏ အယူအဆ ဟောင်းများကိုလည်း အသစ်များနှင့် လဲလှယ်ပစ်လိုက်ဖို့ကို ဝန်မလေးကြချေ။

ကျွနု်ပ်တို့၏ စကြဝဠာကြီးထဲက အဖြစ်အပျက်တွေ၏ ပုံပန်းသဏ္ဌာန်များနှင့် ဖြေရှင်းချက်များကို တစ်ချိန်လုံး ကြိုးစားရှာဖွေလျက် ရှိနေကြသည်။ ထို့ကြောင့် သိပ္ပံပညာသည် ကြီးထွားတိုးတက်လာရသည်။ သိပ္ပံပညာရှင်တွေအကြောင်းကို ဖတ်ရှုခြင်းဖြင့် ကလေးငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေသည် သိပ္ပံပညာဆိုတာ ဘာလဲဆိုတာ သိလာကြလိမ့်မည်။

သိပ္ပံပညာရှင်တွေမှာ စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေ ရှိကြသည်။ သူတို့အကြောင်းများသည် စိတ်ဝင်စားစရာဖြစ်သည်။ သိပ္ပံပညာရှင် တွေ အကြောင်း လေ့လာသိရှိခြင်းသည်ပင် ကမ္ဘာမြေကြီး၏ အမှန်တရားများကို ရရှိခြင်းဖြစ်ပေသည်။ နေသည် တကယ်ပဲ ရွေ့လျား နေသလား၊ အရှေ့ဘက်ထွက်ကာ အနောက်ဘက်ကို ဝင်တယ်ဆိုတာ ဟုတ်သလား၊ သင်တို့ ဒီကနေ့ လျှပ်စစ်ဓာတ်အား ဘယ်နှစ်ကြိမ်သုံးခဲ့ပြီ လဲ၊ ကမ္ဘာ့ဆွဲအားဆိုတာ တကယ်ရှိသလား၊ သိပ္ပံပညာရပ်အားလုံး၏ ဘာသာစကားသည် သင်္ချာဖြစ်သည်ဆိုတာ ဟုတ်လား စသည် စသည် ဖြင့် ကမ္ဘာကြီးအကြောင်း အမှန်တရားများသည် သိပ္ပံပညာကသာ အဖြေပေးနိုင်သော ဘာသာရပ်ဖြစ်လေသည်။ သည်တော့ သိပ္ပံပညာရပ် သည် လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတ တိုးပွားစေသော ဘာသာရပ်တစ်ခုဟု ထင်မှတ်ဖွယ် ဖြစ်ရလေသည်။

အရာရာတွင် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်ဟူ၍ ဒွန်တွဲလျက်ရှိရာ သိပ္ပံပညာရပ်သည်လည်း အကောင်းအဆိုးရှိနေသည်။ သိပ္ပံပညာသည် လူသားများကို အကောင်းထက်အဆိုးသာပေးသည်ဟု ယုံကြည်နေကြသူများ ရှိသည်။ ကမ္ဘာကြီးသည် သိပ္ပံပညာ၏ တိုးတက် မှုများကြောင့် ပျက်စီးယိုယွင်းလာရသည်ဟု ထောက်ပြခြင်းခံရပါသည်။ ဥပမာ တစ်ခုပြရသော် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အယ်ဘတ် အိုင်စတိုင်း (Albert Einstein) သည် စကြဝဠာ၏ လှို့ျဝှက်ချက်အဖြေကို ရှာဖွေပေးခဲ့သူအဖြစ် ထင်ရှားသည်။ သူ၏ နာမည်ကျော် သီအိုရီ တစ်ခုဖြစ်သော E=mc2 (E သည် စွမ်းအင်၊ m သည် အစိုင်အခဲ၊ c သည် အလင်း၏ အလျင်) သည် အဏုမြူဗုံး၏ အခြေခံသဘောတရား ဖြစ်နေသည်။ ၁၉၄၅ တွင် အမေရိကန်သည် ဒုတိယကမ္ဘာစစ်ကို အဏုမြူဗုံးနှင့် ပွဲသိမ်းလိုက်သည်။ လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ ရသည်။ အိုင်စတိုင်းသည် ထိုသီအိုရီကို တီထွင်ခဲ့စဉ်က ထိုကဲ့သို့သော ဖျက်ဆီးခြင်းနှင့် သေကြေပျက်စီးမှုကို ဦးဆောင်ဖို့ မရည်ရွယ်ခဲ့ ကြောင်း သူကိုယ်တိုင်ရေးသားသော စာတစ်စောင်ကို အမေရိကန်သမ္မတ ဖရင်ကလင်ရို့စ်ဘက် (Franklin Rosevelt) ထံ ပေးပို့ခဲ့ သည်။ သို့သော် အဏုမြူဗုံးသည် ယနေ့တိုင် ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုကို ခြောက်လှန့်နေဆဲဖြစ်သည်။

ထို့ကြောင့် ကမ္ဘာကြီး၏ အသိပညာတံခါးကို ဖွင့်ပေးခဲ့သော သိပ္ပံပညာကို လေ့လာသင်ယူ၍ သမိုင်းတွင် စဉ်းစားတွေးခေါ်ပညာရှင် များ ဖြစ်လာအောင် ကြိုးစားကာ သိပ္ပံပညာရပ်၏ ဆိုးကိုျးများကိုလည်း သိမြင်၍ သင်ခန်းစာယူကာ လှပသော ကမ္ဘာကြီးကို တည်ဆောက် ကြရပေမည်။

(စိတ်ကူးခိုျခိုျ ၁၁ နှစ်ပြည့်

၂ဝ၁ဝ၊ သိပ္ပံပညာစာအုပ်မှ)




Tuesday, September 5, 2017

သတ္တိရှိခြင်း ဂျူနီယာဝင်း


သတ္တိရှိခြင်း ဂျူနီယာဝင်း

(စိတ်ကူးခိုျခိုျ

၂ဝ၁ဝ၊ သတ္တိစာအုပ်မှ)

သတ္တိရှိခြင်း မရှိခြင်းကို အမိုျးမိုျးအဓိပ္ပာယ် သတ်မှတ်ကြသည်။ သို့သော် ကျွနု်ပ်တို့သည် သတ္တိရှိသောသေူတစ်ယောက်ယာ ဖြစ်ချင် ကြသည်။ ကလေးဘဝက ဆရာစာမေးလျှင် ရဲရဲဝံ့ဝံ့ ထဖြေရဲတာ၊ ကျောင်းအုပ်ဆရာမကြီးအခန်းကို ကိစ္စရှိလို့ သွားရမည်ဆိုလျှင် သတ္တိရှိသော သူကိုပဲ ရွေးချယ်သွားခိုင်းသည်ကအစ သတ္တိက တော်တော်အရေးပါနေသည်။ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ကြသည့်အခါ ဗလကောင်း သည့် ကလေးက အနိုင်ရသွားလျှင် ဒါကိုပဲ သတ္တိဟု ခေါ်ဝေါ်သလားဟု ထင်ခဲ့ကြသည်။ ရှုံးမယ်မှန်းသိရက်နှင့် ကိုယ့်ထက် အင်အားများသူ များကို အသေခံပြီး မိုက်ရူးရဲဆန်စွာ တိုက်ခိုက်ခြင်းကရော သတ္တိရှိတာပဲလား။ တွေးစရာပါ။

သတ္တိဟူသည် သဘောတရား၊ အတွေးအခေါ်၊ ခံစားမှုစသည်တို့ကို ပြသောနာမ် ဖြစ်သည်။ ဆိုလိုသည်မှာ လက်ဖြင့် ကိုင်တွယ်ပြလို့ မရသော အရာဖြစ်သည်။ သတ္တိသည် စိတ်၏ ခံစားမှု၊ ရင်ထဲကခံစားချက်ဖြစ်သည်။ လူတစ်ယောက်တွင် သတ္တိဟူသော ခံစားချက်သည် တခြားသောအရာများအားလုံးထက် ပိုသာသော အရည်အချင်းတစ်ခုဖြစ်သည်။ ဥပမာ- လူတစ်ယောက်၏ စိတ်ခံစားချက်များဖြစ်သော ယုံကြည်မှု၊ မျှော်လင့်ချက်၊ သနားကြင်နာမှုအစရှိသည်တို့သည် သတ္တိဟူသော အရာကသာ လေ့ကျင့်မပေးလျှင် ထက်မြက်သော အရည်အချင်း များ ဖြစ်မလာနိုင်ပါ။ သင်သည် သတ္တိရှိသော လူဆိုးတစ်ယောက်ဖြစ်နိုင်သကဲ့သို့ သင်သည် သတ္တိမရှိဘဲနှင့် လူကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။

သတ္တိသည် စိတ်နှင့်သက်ဆိုင်သည်။ ကိုယ်ကျင့်တရားနှင့် ညဏ်ပညာတို့က သတ္တိကို အင်အားများမွေးပေးလိုက်ကြသည်။ ထိုကိုယ် ကျင့်တရားနှင့် ညဏ်ပညာတို့ကို ရောစပ်နေလိုက်သောအခါ သတ္တိအမိုျးအစားနှစ်မိုျးဖြစ်လာသည်။ ပထမတစ်မိုျးမှာ ထိခိုက်ဒဏ်ရာ သို့ မဟုတ် အသက်ဆုံးရှုံးရသည်အထိ စွန့်စားလိုစိတ်ဖြစ်ပေါ်လာအောင် တွန်းအားပေး ဖြစ်သည်။ ယင်းကို ရုပ်ပိုင်းဆိုင်ရာသတ္တိဟုခေါ်သည်။ ဒုတိယ အမိုျးအစားမှာ အမှန်နှင့်အမှားကို စဉ်းစားဆင်ခြင်ဆုံးဖြတ်၍ မိမိ၏ဘဝ၊ ပျော်ရွှင်မှုနှင့် အနာဂတ်တစ်ခုလုံး၊ ရင်းနှီးကာ စွန့်စားသော စိတ်ဓာတ်ဖြစ်သည်။ ယင်းကို စိတ်ပိုင်းဆိုင်ရာသတ္တိဟုခေါ်သည်။

သည်တော့ အခုဆိုရင် ရုပ်ပိုင်းဆိုင်ရာသတ္တိနှင့် စိတ်ပိုင်းဆိုင်ရာ သတ္တိကို ထင်ထင်ရှားရှား မြင်ကြပြီပေါ့။ တခို့ျသော လူများမှာ ရုပ်ပိုင်းဆိုင်ရာ သတ္တိအပြည့်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ သတ္တိခို့ျတဲ့ကြသည်။ ဥပမာ ပြရသော် ဂျပန်စစ်သားများသည် ရုပ်ပိုင်းဆိုင်ရာ သတ္တိ အပြည့်ရှိသည်။ သို့သော် ၄င်းတို့၏ စစ်ရှုံးမှု၊ ၄င်းတို့၏ အစီအစဉ်များ ကျဆုံးမှုများကို ရင်ဆိုင်ရဲသော သတ္တိမရှိသဖြင့် မိမိကိုယ်ကိုယ် သတ်သေခြင်းဖြင့် ဘဝကို အရှုံးပေးသွားကြသည်။ ယင်းသည် ၄င်းတို့တွင် စိတ်ပိုင်းဆိုင်ရာသတ္တိမရှိဟူသည်ကို ပြသရာရောက်သည်။ မိမိ၏ ကျရှုံးမှုကို ခံနိုင်ရည်ရှိသောသတ္တိသည် စိတ်ပိုင်းဆိုင်ရာသတ္တိဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ သတ္တိရှိသူများသည် မိမိ၏ ကိုယ်ခန္ဓာထိခိုက်မှု၊ အန္တရာယ်ရှိမှုတို့ကို အလွန်သတိထားရှောင်ရှားတတ်ကြသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာသတ္တိသည် ရုပ်ပိုင်းဆိုင်ရာသတ္တိထက်ပို၍ ရှားပါးပြီး မြင့်မားသော အရည်အချင်းတစ်ခုဖြစ်သည်။

လူတိုင်းလူတိုင်းတွင် ရုပ်ပိုင်းဆိုင်ရာသတ္တိ အနည်းအများစီရှိကြသည်။ သို့သော် ဘယ်လောက်ရှိသည်ဆိုသည့် အချက်ကတော့ စိတ်ဝင် စားစရာဖြစ်ပါသည်။ သတ္တိဟူသော အရာကို ဘဏ်တိုက်ထဲတွင် စုဆောင်းထားသော ငွေကြေးပိုက်ဆံများအဖြစ် ယူဆကြည့်ရအောင်။ သည်တော့ စတင်၍ စုဆောင်းချိန်တွင် များချင်လည်းများမည်။ နည်းချင်လည်းနည်းမည်။ ကျွနု်ပ်တို့က ဒါကို ချိန်ဆ၍ မျှမျှတတ သုံးစွဲနေကြ ရ၏။ အကယ်၍ အသုံးအစွဲကြီးစွာ အရမ်းကာရောသုံးစွဲလိုက်လျှင် တစ်ချိန်တွင် အရင်းပါပြုတ်ကာ ဒေဝါလီခံသွားရမည်။ အချိန်တိုင်း နေရာတိုင်းတွင် မျှမျှတတ သုံးစွဲကြရသည်။ လုံးဝမသုံးဘဲထားလျှင် ဘဏ်တိုက်တွင် ပိုက်ဆံများပိုလျှံလာကာ ဒုက္ခတွေ့ကြရသည်။ ထို့ကြောင့် လိုအပ်သလို ထုတ်သုံးကြရသည်။ ဤကားဘဝတွင် သတ္တိကို သင့်လျော်သလို သုံးစွဲတတ်ဖို့ ဥပမာပေး၍ တင်ပြရခြင်းဖြစ်ပါ သည်။

သတ္တိရှိအောင် သင်ပေးလို့ရသလားဟူသော မေးခွန်းကို ဖြေရသည်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ သတ္တိကိုတော့ သင်ယူ၍ရနိုင်သည်ဟု ဖြေရမည် ဖြစ်ပါသည်။ လူတစ်ယောက်ကို ပြင်းထန်သော လေ့ကျင့်မှုများပေး၍ တိုက်ရည်ခိုက်ရည်ရှိအောင် လေ့ကျင့်ပေးကာ ရုပ်ပိုင်းဆိုင်ရာ သတ္တိရှိအောင် ထိရောက်စွာသင်ပေးလို့ရသည်။ ရန်သူများ၊ မိမိကို ဆန့်ကျင်တိုက်ခိုက်သူများနှင့် ရင်ဆိုင်တွေ့သည့်အခါ မကြောက်မရွံ့ တိုက်ပွဲဝင်ရဲသော သတ္တိမိုျးကို မွေးပေးနိုင်သည်။ စိတ်ပိုင်းဆိုင်ရာသတ္တိကိုရော...။ ဤကား အနည်းငယ်မျှသာ သင်ပေးလို့ရနိုင်သည်။ ယင်း သည် မိမိစိတ်တွင်းက သဘာဝကျသော ခံစားမှုဖြစ်သည်။ လူငယ်လူရွယ်များသည် စိတ်ပိုင်းဆိုင်ရာသတ္တိကို မိမိ၏ မိဘ၊ အတူနေသော မိသားစု၊ မိမိတက်သော ကျောင်းများ၊ တက္ကသိုလ်များ၊ ဘာသာရေးယုံကြည်မှုများနှင့် တခြားသော အလုပ်ခွင်ပတ်ဝန်းကျင်တို့မှ ရရှိနိုင်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာခံစားချက်မှ ဖြစ်ပေါ်လာသော သတ္တိဟူသော အရာသည် မိမိရင်ဆိုင်ကြုံတွေ့လိုက်ရသော အတွေ့အကြုံ၊ အဖြစ်အပျက်များမှ ရုတ်တရက် ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် ထိုအချိန်အခါတွင် အသုံးပြုလိုက်ရသော စိတ်ပိုင်းဆိုင်ရာသတ္တိသည် အလွန် တရာမှ ရှားပါးကာ သိရှိဖို့လည်း ခက်ခဲလှသည်။ ယင်းကို ငယ်ရွယ်စဉ်မှအစပြု၍ အတွေ့အကြုံများကို ရင်းနှီးကာ လေ့လာသင်ယူသွားရမည် ဖြစ်ပါသည်။

နိဂုံးခုျပ်ဆိုရသော် သတ္တိအမိုျးအစားနှစ်မိုျးရှိသည်။ ရုပ်ပိုင်းဆိုင်ရာသတ္တိနှင့် စိတ်ပိုင်းဆိုင်ရာသတ္တိတို့ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာသတ္တိ သည် အန္တရာယ်ကို မိမိကိုယ်ခန္ဓာကို ရင်း၍ ရင်ဆိုင်ရဲခြင်းဖြစ်သည်။ ယင်းကို ကောင်းစွာမထိန်းသိမ်းနိုင်လျှင် မိုက်ရူးရဲသတ္တိဖြစ်သွားတတ် သည်။ စိတ်ပိုင်းဆိုင်ရာသတ္တိသည် အသိညဏ်၊ ကိုယ်ကျင့်တရားနှင့်ယှဉ်၍ အန္တရာယ်ကို ရင်ဆိုင်ခြင်းဖြစ်သည်။ မိမိ၏ အရှုံးကို ရင်ဆိုင်ရဲ သော၊ သူတစ်ပါး၏ နိုင်ထက်စီးနင်းပြုမူမှုကို မတုံ့ပြန်ဘဲ ခံနိုင်ရည်ရှိသော သတ္တိသည်ပင် စိတ်ပိုင်းဆိုင်ရာသတ္တိရှိခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာသတ္တိသည် ရုပ်ပိုင်းဆိုင်ရာသတ္တိထက် ပို၍ အင်အားရှိသည်။ စိတ်ပညာရှင်များက ခံနိုင်ရည်ရှိခြင်းသည် သတ္တိ၏ အခြေခံဖြစ်သည်ဟု ဆိုထားသည့်အတွက် စိတ်ပိုင်းဆိုင်ရာသတ္တိကို မွေးယူသင်ယူဖို့ လိုအပ်လှပါသည်။

(စိတ်ကူးခိုျခိုျ

၂ဝ၁ဝ၊ သတ္တိစာအုပ်မှ)



