Thursday, November 24, 2011

Article – Translator’ Work & Writer – Juniorwin ဘာသာပြန်ခြင်းဒုက္ခ ဂျူနီယာဝင်း



ဘာသာပြန်ခြင်းဒုက္ခ

ဂျူနီယာဝင်း

(အတွေးအမြင်မဂ္ဂဇင်းအမှတ်၂၃၁ ဇွန်လ ၂၀၁၁  မှဆောင်းပါး)

ကျွန်မသည်အင်္ဂလိပ်မှမြန်မာဘာသာသို့ဘာသာပြန်ဆိုရသည့်အလုပ်မျိူးကိုတစ်ခါတစ်ရံတွင်အလုပ်သဘောအရလုပ်ဖူးပါသည်။သို့ရာတွင်ကိုယ်ဘာသာပြန်ရသည့်အကြောင်းအရာကကိုယ်နှင့်ဘာမှမဆိုင်၊ကိုယ်ကလည်းစိတ်မဝင်စားသည့်အခါမျိူးတွင်ငြင်းရပါသည်။မေမေကြီးဒေါ်ခင်မျိူးချစ်ရေးသားသောအင်္ဂလိပ်လိုစာများ၊ဆောင်းပါးများကျတော့ကျွန်မကစိတ်လည်းဝင်စားပြီးဘာသာပြန်ရတာပျော်စရာလည်းကောင်းပါသည်။ထိုအခါကျွန်မကိုတခါတရံဘာသာပြန်ခိုင်းသူများကိုရှင်းပြရတာတော်တော်ခက်ပါသည်။ကျွန်မတို့ကစာရေးဆရာများဖြစ်ပေမယ့်ဘာသာပြန်သည့်အလုပ်ကိုလုပ်သူများမဟုတ်ကြောင်း၊မေမေကြီးရေးသောစာများကျတော့ခံစားလို့ရကြောင်း…စသည်ဖြင့်။သို့သော်နောက်ပို်င်းတွင်ဘာသာပြန်သောအလုပ်မျိူးကိုလုံးဝလက်မခံတော့ဘဲကိုယ့်အလုပ်ကိုယ်စိတ်ဝင်စားသလိုပဲလုပ်ပါသည်။ကိုယ်ကြိုက်မှ၊ကိုယ်ခံစားလို့ရမှဘာသာပြန်တာဆိုသည့်အချက်ကိုနားလည်သွားအောင်ပြောဖို့အတော်ခက်ပါသည်။ပို်က်ဆံဘယ်လောက်ရမှလုပ်မှာလဲဟူသည့်မေးခွန်းမျိူးမှာအတော်အဖြေရခက်ပါသည်။ဒါကိုစာရေးဆရာများ၏ခံစားတတ်သောစိတ်မျိူးရှိမှပင်နားလည်ပါလိမ့်မည်။

လွန်ခဲ့တဲ့၅နှစ်လောက်ကကျွန်မသည်နိုင်ငံခြားသားတစ်ယောက်က့ဘာသာပြန်အလုပ်တစ်ခုကိုအပ်ပါသည်။၎င်းတို့ထရိန်နင်ပေးထားသောကျောင်းသားများရိုက်ထားသည့်သတင်း၊မှတ်တမ်းရှပ်ရှင်DocumentryMovieတိုလေးများကိုအချောမသတ်ခင်မှာကားထဲရိုက်ထားသမျှစကားလုံးများအားလုံးကို့အင်္ဂလိပ်လိုဘာသာပြန်ပေးဖို့ဖြစ်ပါသည်။ကျွန်မကငြင်းမိပါသည်။သို့သော်နားထောင်ကြည့်လိုက်တော့စိတ်ဝင်စားစရာကောင်းပါသည်။အရင်တစ်နှစ်ကရိုက်ကူးတည်းဖြတ်ပြီးသားမှတ်တမ်းရုပ်ရှင်များပါသောအင်္ဂလိပ်စာတမ်းထိုးအခွေကိုပေးကာလေ့လာကြည့်ဖို့ပြောပါသည်။

သည်လိုနှင့်ကျွန်မထိုအလုပ်ကိုလက်ခံဖြစ်ခဲ့ပါသည်။သူတို့ဌာနမှာကျွန်မလု်ိပဲဘာသာပြန်ဖို့အချိန်ပိုင်းငှားထားသူများကိုတွေ့ရပါသည်။သည်တော့ကျွန်မဆီရောက်လာသောရိုက်ထားသမျှရုပ်ရှင်ကားကိုဗမာမှအင်္ဂလိပ်သို့ဘာသာပြန်သည့်အလုပ်ကိုလုပ်ဖြစ်ခဲ့ပါသည်။ကျွန်မကဘာသာပြန်ရင်းကနေရုပ်ရှင်လေးများကိုပါကြည့်သည်ပေါ့။အဲသည်မှာကျွန်မ၏ဒုက္ခကစပါသည်။(ဘာသာပြန်တဲ့အလုပ်ကိုပဲလုပ်နေရင်တော့ဘာဒုက္ခမှရောက်မလာနိုင်ပါ။)ထိုရုပ်ရှင်များမှာမြန်မာပြည်တွင်းကအဖြစ်အပျက်တိုလေးများ၊အကြောင်းအရာလေးများ၊လူပုဂ္ဂိုလ်များအကြောင်းတွေစုံလင်လှပါသည်။ခက်နေတာကအားလုံး၏ရူထောင့်ကဆင်းရဲခြင်းဖြစ်နေသည်။ဆင်းရဲခြင်းဆိုတာကိုအခြေခံပြီးရိုက်ထားသောကားများဖြစ်နေသည်။ဥပမာ..ရေသန့်ဘူးရောင်းတဲ့ကောင်ကလေးတစ်ယောက်အကြောင်း၊နယ်ကနေတက်လာပြီးစာမသင်ရပဲဆင်းဆင်းရဲရဲလက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်နေတဲ့ကောင်ကလေးတစ်ယောက်အကြောင်း။ထားပါတော့…..အဲသည်ကလေးတွေကိုကဆင်းရဲတဲ့အခြေအနေမို့လို့။ခက်တာကမြန်မာအနုပညာသည်တစ်ချိူ့ရဲ့ရုပ်ပုံလွှာတစ်ချိူ့ကိုလည်းအဲသည်ရုူထောင့်ကနေကြည့်ပြီးရိုက်ထားခြင်းများဖြစ်သည်။ထိုဇာတ်လမ်းတိုများကိုရိုက်သောကျောင်းသားများအရည်အချင်းကိုတော့ကျွန်မချီးကျူးရပါမည်။သူတို့သည်တကယ့်ဝါရင့်သူများကဲ့သို့ပင်တော်ကြတာကိုတွေ့ရပါသည်။သို့သော်သူတို့ကိုသင်ပေးသော၊သူတို့ရိုက်ထားသမျှကိုတည်းဖြတ်လိုက်သောနိုင်ငံခြားသားဆရာဆရာမများကဇာတ်ညွှန်းကိုပြင်လိုက်ပုံရပါသည်။သည့်ထက်ပိုဆိုးသည်မှာ၎င်းတို့၏ထရိန်နင်ကြောင့်လူငယ်ကျောင်းသားများ၏စိတ်ထဲတွင်Documentryသတင်းမှတ်တမ်းရုပ်ရှင်ဆိုတာဆင်းရဲတာကိုရိုက်တာပဲဟုထင်သွားကြသူများကိုကျွန်မတွေ့လိုက်ရသောကြောင့်ဖြစ်ပါသည်။

ထိုအချက်ကိုတော့ထိုသင်တန်းကလူငယ်လေးများ၏အင်တာဗျူးအချိူ့ကိုကျွန်မကအင်္ဂလိပ်လိုဘာသာပြန်ပေးခဲ့ရသောကြောင့်သိလိုက်ရခြင်းဖြစ်ပါသည်။သတင်းမှတ်တမ်းဆိုတာသတင်းကား၊သတင်းရုပ်ရှင်ဟုအဓိပ္ပါယ်ဖော်လို့ရနိုင်ပါသည်။လူတစ်ဦးတစ်ယောက်အကြောင်း၊ဘဝ၊အနုပညာရှင်တွေရဲ့အထုပတ္တိလေးတွေ၊မြန်မာနိုင်ငံရဲ့ရေမြေသဘာဝအလှများ၊ဘုရားသမိုင်းများ၊ဒဏာရီများကိုလည်းရိုက်ကူးလို့ရနိုင်ပါသည်။ယခုလိုဆင်းရဲစုတ်ပြတ်နေသောဘဝများကိုသာရိုက်ကူးခြင်းမဟုတ်ပါ။

ဤသို့နှင့်မနေနိုင်မထိုင်နိုင်ပင်ကျွန်မကိုအလုပ်လာအပ်သောအဖွဲ့ခေါင်းဆောင်နိုင်ငံခြားသူအမျိူးသမီးကြီးထံသွားကာစကားသွားပြောကြည့်မိပါသည်။ကျွန်မကိုအလုပ်အပ်စဉ်ကသူပေးခဲ့သောအခွေထဲကရုပ်ရှင်တစ်ခုကိုထောက်ပြပြီးဆွေးနွေးကြည့်မိပါသည်။အဲသည်မှာဘာသာပြန်ထားသောအချက်များသည်မြန်မာလိုမူရင်းခံစားချက်လွဲနေကြောင်း၊တချိူ့နေရာများတွင်ရှင်းပြဖို့လိုကြောင်း၊တချိူ့အခန်းများတွင်ဘာသာမပြန်ပဲထားထား၍မြန်မာစာမတတ်တဲ့၊မြန်မာမဟုတ်တဲ့နိုင်ငံခြားသားများကတကယ့်မူရင်းအဓိပ္ပါယ်လွဲသွားနိုင်ကြောင်း၊သည်လိုလွဲသွားတဲ့အတွက်မြန်မာတွေကိုအထင်သေးစရာတွေဖြစ်ရကြောင်းတွေကိုထိုဇာတ်ဝင်ခန်းများတစ်ခုချင်းစီအသေးစိတ်ရှင်းပြခဲ့မိပါသည်။ထို့ပြင်မြန်မာပြည်၏အလှအပများ၊စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုလည်းရိုက်ကူးဖို့အကြံပေးလိုက်ပါသည်။သည်လိုနှင့်သူတို့သတ်မှတ်ထားသည့်ကာလတိုင်အောင်လုပ်ပေးခဲ့ပါသည်။ဘာမှထူးမလာပါ။သည်အတိုင်းသည်အတိုင်းပဲဖြစ်ပါသည်။ဤသို့နှင့်အလုပ်နားသည့်ကာလသို့ရောက်သွားပါသည်။

နောက်တစ်နှစ်ကျတွင်ထိုဘာသာပြန်အလုပ်ကိုထပ်လုပ်ဖို့့အကြောင်းကြားပါသည်။ကျွန်မငြင်းလိုက်တော့သည်။ကျွန်မစိတ်ထဲတွင်ငွေကြေးအရမက်မောစရာအလုပ်မှန်းတော့သိပါသည်။ထိုရုပ်ရှင်များကိုနိုင်ငံခြားသားအဖွဲ့များကဝိုင်းကြည့်ကာဟားတိုက်ရယ်မောနေကြသည့်မြင်ကွင်းကိုမြင်တွေ့ရသည်မှာကျွန်မစိတ်မသက်သာပါ။ထို့ပြင်မြန်ာတွေကိုအထင်သေးသောစိတ်ရှိသူများနှင့်တွဲပြီးအလုပ်မလုပ်ချင်ပါ။ဤကားကိုယ်လည်းစိတ်ဝင်စားရဲ့သားနဲက၊ပျော်စရာလည်းကောင်းရဲ့သားနဲ့သည်ဘာသာပြန်အလုပ်ကိုငြင်းရကောင်းလားဟူသေားအမေးကိုဘယ်လိုနားလည်အောင််ရှင်းပြရမှန်းမသိသည့်ဒုက္ခတစ်ခုတိုးလာပါတော့သည်။

Friday, November 4, 2011

Book Review - Introducing Science – Dr.Khin Maung Win




Book Review -  Introducing Science – Dr.Khin Maung Win

စာအုပ်မည် -  သိပ္ပံမိတ်ဆက်
ဘာသာပြန် - ဒေါက်တာခင်မောင်ဝင်း
မူရင်းစာအုပ်မည် - Introducing Science
မုံရွေးစာပေ
ပထမအကြိမ် နိုဝင်ဘာလ ၂၀၁၁
အုပ်ရေ - ၅၀၀
တန်ဖိုး -  ၁၈၀၀ ကျပ်
စာမျက်နှာ - ၁၇၈
စာအုပ်အကြောင်း - ရုပ်ပုံကားချပ်များဖြင့်သိပ္ပံဘာသာရပ်အကြောင်းကိုရှင်းလင်းသွားခြင်း

သိပ္ပံပညာဆိုတာစီးပွားရေးသမားများအတွက်၊ဦးစားပေးတဲ့အလုပ်များကိုသာရှေ့တန်းတင်ပြီးလုပ်တာပဲ
ဆိုတာကိုစာအုပ်ကိုဖတ်ဖတ်ပြီးပြီးချင်းမှာကောက်ချက်ချမိတယ်။
ယခုခေတ်မှာသိပ္ပံမရှိသည့်ကမ္ဘာကြီးကိုစဉ်းစား၍ပင်မရပါဆိုတဲ့လှပတဲ့စကားလုံးများကိုပြောပြီးတကယ်
တန်းကျတော့သိပ္ပံဆိုတာလူတွေကိုဆိုးကြိုးများသာပေးစွမ်းပါလားလို့ခံစားမိတယ်။ဥပမာနယူကလီ
ယား၊ပတ်ဝန်းကျင်ညစ်ညမ်းမူတို့။
လူသတ်ကွင်းထဲကသိပ္ပံပညာဆိုတာဂျာမန်သိပ္ပွံပညာရှင်ဖရစ်ဟာဘာကအဆိပ်ဓါတ်ငွေ့ကိုတီထွင်ပြီး
နိုဘယ်ဆိုရခဲ့တာကိုကြည့်ပြီးပြောမယ်။
အလယ်ခေတ်တုန်းကသိပ္ပံကိုညင်းပယ်တဲ့အတွက်အရာရာဆုတ်ယုတ်ခဲ့တယ်လို့ပြောတယ်။သိပ္ပံဟာ
လူတွေအတွက်တော့ကောင်းမှာပေါ့လို့တိရိစ္ဆာန်တွေကပြောနေပြီ။
သိပ္ပံနဲ့အမြတ်ထုတ်တာကတော့စီးပွားရေးသမားတွေပါပဲ။စီးပွားရေးသမားတွေအတွက်တော့အကျိုး
ရှိတာပေါ့လို့ဆိုတယ်။သိပ္ပံနဲ့ဈေးကွက်မှာအကျိုးအမြတ်နည်းတဲ့သုတေသနနယ်ပယ်တွေကိုဘယ်
သူမှမလုပ်တော့ဘူးလို့ဝန်ခံထားတာတွေ့တယ်။
ဒီတော့ကြိုးစားရမယ်တဲ့။ဘာကိုကြိုးစားရမှာလဲ။သိပ္ပံနဲ့ပတ်သက်လို့ပြည်သူလူထုလက်ခံနိုင်အောင်
လား။ယနေ့ခေတ်သိပ္ပံဟာပြဿနာတွေဖြေရှင်းတိုင်းနောက်ထပ်ပြဿနာတွေထပ်ဖန်တီးပြန်တယ်
လို့လည်းဆိုထားတော့ဒီလူနည်းစုလက်ထဲမှာပဲရှိနေတဲ့ဒီပညာဗဟုသုတကိုပြည်သူလူထုထဲရောက်
အောင်ဘယ်လိုကြိုးစားကြမလဲတဲ့။