Wednesday, February 16, 2011

Appreciation of Poetry – Love’ Philosophy by Shelly။ ဂျူနီယာဝင်း “ခံစားမိသောကဗျာတစ်ပုဒ်”



2010Novermberလထုတ်EnglishForAllမဂ္ဂဇင်းတွင်
ဂျူနီယာဝင်းမှ လစဉ်ဘာသာပြန်ရေးသားနေသော
“ခံစားမိသောကဗျာတစ်ပုဒ်”ဂဏ၌
 Shelly၏ Love’Philosophy ၏ကဗျာဘာသာပြန်ထားသည်ကိုတင်ဆက်လိုက်ပါသည်။

The fountains mingle with the river, 
And the rivers with the Ocean; 
The winds of Heaven mix for ever 
With a sweet emotion; 
Nothing in the world is single; 
All things, by a law divine, 
In one another's being mingle. 
Why not I with thine?

 “ရေပန်းတွေကမြစ်ချောင်းတွေထဲရောက်ကာရောယှက်သွားတယ်။
မြစ်ချောင်းတွေကပင်လယ်သမုဒ္ဒရာတွေနဲ့ရောနှောသွားတယ်။
ကောင်းကင်ယံကလေတွေဟာချိူမြိန်တဲ့ခံစားချက်တွေနဲ့ရောနှောနေကြတယ်။
ကမ္ဘာပေါ်မှာဘယ်အရာမှတစ်ခုတည်းမနေဘူး။
သဘာဝတရားနဲ့နိယာမအရ-
အရာရာတိုင်းဟာစိတ်တူကိုယ်တူတွေ့ဆုံကြတယ်-
ရောနှောကြတယ်-
ကိုယ်ကရော၊မင်းနဲ့ဘာကြောင့်မတွေ့ဆုံမရောယှက်နိုင်ရသလဲ။”

Tuesday, February 15, 2011

MY Fun Page

MY Fun Page
ချစ်စွာသောစာဖတ်သူများ၊သူငယ်ချင်းများနဲ့လာရောက်ဖတ်ရူသူများသို့
ကျွန်မ၏နောက်ထပ်စာမျက်နှာအသစ်တစ်ခုနှင့်စာဖတ်သူများကိုထပ်မံနှိတ်စက်လိုက်ပါဦးမည်။
(အကယ်၍အဆင်မပြေပါက www.facebook.com ၏ Search ကွက်လပ် တွင်
juniorwin အမည်ရိုက်ထည့်လိုက်ပြီး Page ကိုရှာဖွေခြင်းဖြင့်ရောက်သွားနိုင်ပါသည်။)
ကျွန်မ၏အဆိုပါ FunPage တွင်
ကျွန်မ၏ဘ၀စာမျက်နှာများ၊ကျွန်မ၏စိတ်ကူးများ၊ကျွန်မရေးနေသောစာများ၊ဖတ်ရူနေသော
စာအုပ်များနှင့်ကျွန်မ၏ Updates များကိုယနေ့နည်းပညာခေတ်၏တိုးတက်နေသော
ရေစီးအတိုင်းလျှင်မြန်စွာတင်ဆက်လျက်ရှိပါသည်။
(ယခုတော့ကျွန်မအနိုင်ကျင့်ထားသောသူငယ်ချင်းအချို့၊ကျွန်မ၏မောင်နှမသားချင်းများ၊
မျက်စိလည်ကာရောက်လာသူများ၏အားပေးမူများနှင့်ကျွန်မ၏Pageကလေးကအသက်ဝင်
လျက်ရှိနေပါသည်…)
Like သည်ဖြစ်စေ မ Like သည်ဖြစ်ပါစေ
ကျွန်မ၏ စာမျက်နှာများ ကို ပျော်ရွှင်စွာ ဖတ်ရူနိုင်ကြပါစေသတည်း….