Wednesday, August 30, 2017

မင်းကို ခင်တဲ့ သူငယ်ချင်း ဂျူနီယာဝင်း



မင်းကို ခင်တဲ့ သူငယ်ချင်း
မင်းကို ခင်တဲ့ သူငယ်ချင်း  ဂျူနီယာဝင်း

ချယ်ရီရသစုံမဂ္ဂဇင်း

နိုဝင်ဘာလ၊ ၂ဝဝ၅ ခုနှစ်။

ကိုယ့်ကိုခင်တဲ့ သူရှိတယ်။ ကိုယ်ကခင်ရတဲ့သူရှိတယ်။ ဘယ်လိုပဲခင်ခင် သူငယ်ချင်းလို့ပဲ သတ်မှတ်ပါတယ်။ သူငယ်ချင်းတွေက အများကြီးပေါ့။ ခွဲခြမ်းစိတ်ဖြာဖို့မလိုပါဘူး။ ဘာကြောင့်လို့ရှင်းပြစရာမလိုပါဘူး။ သူငယ်ချင်းပါပဲ။ အမည်မသိစာရေးသူတစ်ဦး ဗညသညပ-ညသကျ က 'မင်းကိုခင်တဲ့ သူငယ်ချင်း'ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ သူရေးဖွဲ့ပုံကလှပတယ်။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ခံစားကြည့်စေချင်ပါတယ်။

'A Friend is Someone Who Likes you.

It can be a boy...

It can be a girl...

or a cat...

or a dog...

or ever a white mouse...'

'သူငယ်ချင်းဆိုတာ မင်းကို ခင်တဲ့သူပေါ့။

ကောင်လေးတစ်ယောက်ဖြစ်နိုင်တယ်...

ကောင်မလေးတစ်ယောက်ဖြစ်နိုင်တယ်...

ဒါမှမဟုတ် ကြောင်လေးတစ်ကောင်...

ဒါမှမဟုတ် ခွေးလေးတစ်ကောင်...

ဒါမှမဟုတ်ြွကက်ဖြူလေးတစ်ကောင်တောင် ဖြစ်နိုင်သေး'

'A tree can be a different kind of friend.

it doesn't talk to you, but you know it likes you, because it gives you apples...

or pears...

or cherries...

or sometimes, a place to swing.'



'သစ်ပင်တစ်ပင်က ပုံစံတစ်မိုျးနဲ့ သူငယ်ချင်းဖြစ်နိုင်တယ်။ သူက မင်းကိုစကားမပြောဘူး။ ဒါပေမဲ့... သူ မင်းကို ခင်မှန်းမင်းက သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကမင်းကို ပန်းသီးတွေ ပေးတယ်... ဒါမှမဟုတ် သစ်တော့သီးတွေ ပေးတယ်... ဒါမှမဟုတ် ချယ်ရီသီးတွေ ပေးတယ်... ဒါမှမဟုတ် တစ်ခါတလေ မင်းခိုစီးစရာနေရာလည်း ပေးတယ်လေ'

'A brook can be a friend in a special way.

it talks to you with splahy gurgles.

it cools your toes and lets you sit quietly beside it 

when you don't feel like speaking. 

'ချောင်းကလေးက ထူးခြားတဲ့ပုံစံနဲ့ သူငယ်ချင်းဖြစ်နိုင်တယ်။ သူက လှိုင်းဂယက်သဲတွေနဲ့ မင်းကို စကားပြောတယ်။ မင်းရဲ့ ခြေချောင်းထိတ်ကလေးတွေကို အေးမြစေတယ်။

မင်းစကားပြောချင်စိတ်မရှိတဲ့အခါ မင်းကို သူ့နဘေးမှာ တိတ်တဆိတ်ထိုင်နေခွင့်လည်း ပေးသေးတယ်'

ဤသို့ဆိုပါလျှင် ကိုယ်စီးနေတဲ့ ဖိနပ်လေးတစ်ရံ၊ ကိုယ်နားထောင်နေတဲ့ သီချင်းလေးတစ်ပုဒ်၊ ကိုယ်ဖတ်နေတဲ့ စာအုပ်လေးတွေ၊ ကိုယ် မြင်နေရတဲ့ ပန်းကလေးတွေကလည်း ကိုယ်ရဲ့ခင်တဲ့သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။ လောကကြီးက ကိုယ်ထင်ထားတာထက်တောင် ကိုယ့် အပေါ်ပေးဆပ်နေတာတွေ အများကြီးပါပဲ။

သစ်ပင်တစ်ပင်ဆီက ကိုယ်ယူတာတွေများနေပြီလား။ ပန်းဘယ်နှစ်ပွင့်ကိုယ့်ကြောင့် ေြွကသွားရပြီလဲ။ စီးဆင်းနေတဲ့ ချောင်းရေတွေ ကိုယ့်ကြောင့် ညစ်ပေခဲ့ရဖူးပြီလား။ ဘယ်လိုပဲ တွေးပါစေ... ကိုယ့်ကိုခင်တဲ့ 'သူငယ်ချင်း'တွေကို ထိခိုက်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မြင်နေကျပန်းကလေးတွေ၊ သီးနေကျ သံပုရာသီးလေးတွေ၊ ကြားနေကျ ကျေးငှက်သာရတာရဲ့ တေးသံလေးတွေ ရှိနေ တာကိုပဲ ကိုယ့်ကိုအားပေးနေတဲ့ သူငယ်ချင်းတွေအဖြစ် အားအင်ဖြစ်ခဲ့ရတာကိုတော့ 'အမည်မသိတဲ့ စာရေးသူတစ်ဦး'ကို ကျေးဇူးတင်ရမည် ဖြစ်ပါသည်။



 


Wednesday, August 23, 2017

စိတပြှောငြးသှားတဲ့ သူငယခြငြွး ဂျူနီယာ၀င်း


စိတ်ပြောင်းသွားတဲ့ သူငယ်ချင်း။။ ဂျူနီယာ၀င်း




ချယ်ရီရသစုံမဂ္ဂဇင်း



ဖေဖော်ဝါရီလ၊ ၂ဝဝ၆။




Salvador Novo (၁၉ဝ၄) ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတစ်ဦးက နပိုလီယန်လို့ အမည်တွင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပြီး စာတစ်ပုဒ်ရေးဖွဲ့ပါတယ်။ နပိုလီယန်ဆိုတာ စစ်ဗိုလ်ခုျပ်ကြီး အမည်ဖြစ်ပေမယ့် သူဆိုလိုတာက နပိုလီယန်ကဲ့သို့ စိတ်ဓာတ် ကြံ့ခိုင်ပြီး ရည်မှန်းချက် ကြီးမားလွန်းသူတစ်ဦးကို ဆိုလိုပုံရပါတယ်။ သူ့သူငယ်ချင်းအမည်ကို နပိုလီယန်လို့ ပေးလိုက်တဲ့အတွက် နပိုလီယန် စစ်ဗိုလ်ခုျပ်ကြီးရဲ့ သင်္ကေတတွေ၊ စိတ်ဓာတ်တွေ၊ ရည်မှန်းချက်ကြီးမားတာတွေ အကုန်ပါသွားပါတယ်။ လွယ်လွယ်နှင့် ရည်မှန်းချက်ကို စွန့်လွှတ်မယ့်သူ မဟုတ်တဲ့သူတစ်ယောက်အကြောင်းမို့ စိတ်ဝင်စားစရာပါ။ Salvador Novo ရဲ့ စိတ်ပြောင်းသွားတဲ့ သူငယ်ချင်း နပိုလီယန် အကြောင်းရေးဖွ့ထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။

တစ်နေ့မှာ သူငယ်ချင်းနပိုလီယန်က သူ့ဆီစာရေးပါတယ်။ နပိုလီယန်ရဲ့စာထဲမှာ သူတက်နေတဲ့ ကျောင်းတော်ကြီးနဲ့ သူသင်နေရတဲ့ စာတွေကို အထင်တကြီး တက်တက်ြွကြွက ဖြစ်နေပုံရပါသတဲ့။

"Napoleon writes me: 'The school is very big we get up very early we spoke nothing but english, I'm sending you the picture of the building..." 



'ကျောင်းကအလွန်ကြီးမှကြီးပဲ။ ငါတို့တစ်တွေ မနက်စောစော အိပ်ရာထကြရတယ်။ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုပဲ ပြောကြတယ်။ ကျောင်းအဆောက်အဦပုံကို မင်းဆီပို့လိုက်တယ်...'

သူငယ်ချင်းနပိုလီယန်က သူတို့ ၂ ဦး ငယ်စဉ်ဘဝက ပျော်ရွှင်စရာကောင်းခဲ့တဲ့ နေ့ရက်တွေကို အမှတ်တရရေးပါတယ်။ သူတို့နှစ်ဦး ဘယ်လို ပျော်စရာကလေးဘဝတွေကို ကုန်လွန်ခဲ့ကြပါသလဲ။

'We won't steal candy together any nore from the cupboards, or run off to the river to halfdown ourselves, or snitch the bloodstained watermelons'



'ကြောင်အိမ်ထဲက သကြားလုံးတွေ ငါတို့နောက်ထပ်မခိုးစားနိုင်ကြတော့ဘူးပေါ့။ မြစ်ချောင်းထဲ ငါတို့ ၂ ယောက်သား ပြေးလွှားပြီး ရေမစိမ်နိုင်ကြတော့ဘူး။ ပြီးတော့ ဖရဲသီးနီနီလေးတွေလည်း မခိုးစားနိုင်ကြတော့ဘူးလေ'

နပိုလီယန်ရဲ့ ကျောင်းသားဘဝက ယခုလိုပါ။

"I'm ready now for my 6th year exam: as far as I can make out, afterwards. I'll learn everything you ought to learn, I'll be a doctor, I'll have anbitions, a beard, long pants..." 



'ငါကတော့ အခု ၆ နှစ်မြောက် စာမေးပွဲကို ဖြေဖို့အသင့်ဖြစ်နေပါပြီ။ ငါတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိတော့ ကြိုးစားသင်ယူ နေပါတယ်။ ပြီးရင်... မင်းလို ငါလိုကျောင်းသားတိုင်းတတ်သင့်တတ်ဆိုက်တဲ့၊ သင်ကြားသင့်တဲ့ အရာမှန်သမျှကို သင်ယူရမှာပေါ့။ ပြီးတဲ့ နောက်... ငါဆရာဝန်ကြီးဖြစ်လာမယ်။... ငါ့မှာ ရည်မှန်းချက်တွေရှိလာမယ်။ မုတ်ဆိတ်တွေနဲ့ ဘောင်းဘီရှည်ရှည်တွေနဲ့...'

ရည်မှန်းချက်ကြီးကြီးနဲ့ ရှင်သန်ခဲ့သူ သူငယ်ချင်း နပိုလီယန်က သူ့မှာ သားတစ်ယောက်ရှိလာရင် ဘယ်လိုများဖြစ်စေချင်မှာတဲ့လဲ။

"But if I have a son, I'll see that no one ever teaches him anything I want him to be lazy and happy... the way I never could because of my parents, nor my parents because of my grand parents, nor my grandpa-rens because fo God."



'ဒါပေမဲ့ကွယ်... အကယ်၍များ ကိုယ့်မှာသားလေးတစ်ယောက်ရှိရင် သူ့ကို ဘယ်သူကမှ ဘာကိုမှ မသင်စေရဘူး။ သူ့ကို ပျင်းစေချင်တယ်... ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ကိုယ့်မိဘတွေကြောင့် ကိုယ်မလုပ်ခဲ့ရတာတွေ... ကိုယ့်အဘိုးအဘွားတွေကြောင့် ကိုယ့်မိဘတွေ မလုပ်ခဲ့ရ တာတွေ... ဘုရား သခင်ကြောင့် ကိုယ့်အဘိုးအဘွားတွေ မလုပ်ခဲ့ရတာတွေ... အဲဒီလိုလမ်းမိုျး သူ့ကို ခင်းပေးချင်တယ်...'

ရည်မှန်းချက်ကြီးမားတဲ့ သူ့ငယ်ချင်းနပိုလီယန်က Salvador Novo ဆီသို့ရေးခဲ့သော စာတစ်စောင်ဖြစ်ပါတယ်။ သူ့စာတစ်စောင်ကို ဖတ်ပြီး သွားတဲ့အခါ ကိုယ့်မှာ သားတစ်ယောက်ရှိရင် သူ့ကို ဘယ်လိုများ ကြီးပြင်းလာစေချင်မှာပါလိမ့်... လို့တွေးလိုက်မိပါတယ်။ ဒီအဖြေ ဟာ ကိုယ်က နပိုလီယန်လောက် ရည်မှန်းချက်ကြီးမားလွန်းသူတစ်ယောက် ဖြစ်ခဲ့သည်၊ မဖြစ်ခဲ့သည်ဆိုတဲ့ပေါ်မှာ မူတည်နေတယ် မဟုတ်ပါ လား။

Saturday, August 19, 2017

ဖရင်ကင်စတိုင်း၏ ဖန်တီးရှင် ဂျူနီယာဝင်း



ဖရင်ကင်စတိုင်း၏ ဖန်တီးရှင်
ဖရင်ကင်စတိုင်း၏ ဖန်တီးရှင်  ဂျူနီယာဝင်း

ပိတောက်ပွင့်သစ်မဂဇင်းမှ)



မေရီရှယ်လီ (၁၇၉၇-၁၈၅၁) Mary Shelly သည် စာရေးဆရာများဖြစ်ကြသော William Godwin နှင့် Mary Wollstonecraft၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။ နာမည်ကျော် ကဗျာဆရာ ပါစီရှယ်လီ (Percy Bysshe Shelly) ၏ ဇနီးဖြစ်သည်။ သူတို့ Genera အရပ်တွင် နေထိုင်ကြစဉ် ၄င်းတို့၏ မိတ်ဆွေများဖြစ်ကြသော Byron နှင့် Polidori တို့နှင့် စုပေါင်းကာ အပျင်းပြေပုံပြင်ဇာတ်လမ်းများ ပြောဖို့ အကြံကို အကောင်အထည်ဖော်ခဲ့ကြသည်။ ဤကားဖရင်ကင်စတိုင်း (Frankenstein) သည်းထိတ်ရင်ဖို ကြောက်စရာဇာတ်လမ်း တစ်ပုဒ် ဖြစ်ပေါ်လာရပုံအစဖြစ်ပါသည်။

ထိုသို့ အစပြုရာမှ စာကြီးပေကြီးမှာ ဘယ်လိုမှ နာမည်မရှိ စာပေရေးရာမှာ ဘယ်လိုမှ မပတ်သက်ခဲ့သော သူနှစ်ဦး (Polidori) နှင့် မေရီရှယ်လီတို့၏ ဖန်တီးခဲ့သော ဝတ္ထုဇာတ်လမ်းသည် အမှတ်ရဖွယ် ယနေ့တိုင် တည်မြဲနေတော့သည်။ Polidori (ပိုလီဒိုရီ)က Vanpyre (ဗန်ပါရာ-သွေးစုပ်ဖုတ်ကောင်)၊ မေရီရှယ်လီက ဖရင်ကင်စတိုင် (Frankenstein)။ ၁၈၁၈ ခုနှစ်မှ ပထမဦးဆုံး ထုတ်ဝေခဲ့ သော ထိုဝတ္ထုနှစ်ပုဒ်သည် ယနေ့တိုင် နာမည်ကျော် ပေါ်ပြူလာအဖြစ်ဆုံး စိတ်ကူးယဉ်ဇာတ်ထုတ်များ ဖြစ်လာပေတော့သည်။

အာတိတ်ပင်လယ်ပြင်မှာ တစ်ကိုယ်တည်းသွားလာရင်း အလုပ်လုပ်လျက်ရှိသူ အင်္ဂလိပ်လူမိုျး R. Walton က သူ့ညီမဖြစ်သူထံ ရေး သောစာများမှစ၍ ဇာတ်လမ်းကို ဖွင့်လိုက်ပါသည်။ သူနှင့် တွေ့ဆုံခဲ့သူ ဖရင်ကင်စတိုင်၏အကြောင်းကို စီကာပတ်ကုံး ဇာတ်စုံခင်းလိုက်ပုံဖြစ် ပါသည်။ ဖရင်ကင်စတိုင်သည် ထူးချွန်သော ဆေးပညာကျောင်းသားတစ်ယောက်ဖြစ်ကာမူ အလွန်စိတ်ဝင်စားသော ဘာသာရပ်ကား လူသေကို အသက်သွင်းခြင်းဖြစ်ပေသည်။

သူဖန်တီးလိုက်သော သတ္တဝါသည် တစ်ကိုယ်တည်းအထီးကျန်လှသည်။ သူ့ကို မြင်သူတိုင်းက ကြောက်ရွံ့ကာ မောင်းထုတ်ကြသဖြင့် သူ့ဘဝသည် စိတ်မချမ်းသာစရာဖြစ်ရသည်။ ကြောက်စရာ၊ ရွံ့စရာ သူ့ပုံပန်းသဏ္ဌာန် ဖြစ်နေရခြင်းအပေါ် လက်စားချေလိုစိတ်ဖြင့် လူသတ် သမားဖြစ်ခဲ့ရသည်။ သတ္တဝါကြီးသည် လူစကားကို နားမလည် အဝတ်အစားမပါ၊ လူ့သဘောသဘာဝကို နားမလည်၊ အစားအသောက် ငတ်မွတ်၊ နေစရာ အိပ်စရာမရှိ၊ ခိုနားစရာမရှိဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ အကျပ်အတည်းများစွာဖြင့် ရှင်သန်ခဲ့ရပုံကို ရေးဖွဲ့ခဲ့ရာ၌ တောထဲမှာ သစ်ခုတ်သမားတစ်ဦး၊ မိန်းကလေးတစ်ဦး၊ အဘိုးကြီးတစ်ဦးတို့ ၃ ဦးသား နေထိုင်ကြသည်ကို ချောင်းမြောင်းကြည့်ရှုရင်းဖြင့် ဖြစ်ပေါ်လာသည့် သူ့ခံစားချက်မှာ သနားစရာ၊ တရားရစရာ ဖြစ်ပါသည်။

'သူတို့ကို ကြည့်ရတာ လုံးဝဥသုံပျော်ရွှင်နေကြတာမိုျး မဖြစ်ကြဘူး။ လူငယ်ကလေးက သူ့အဖော်နဲ့ မကြာခဏခွဲခွာနေရတယ်။ ငိုနေတာလည်း တွေ့ရတယ်။ သူတို့မပျော်ရွှင်ကြတဲ့ အကြောင်းအရင်းကို ကျွန်တော် စဉ်းစားလို့မရဘူး။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ လေးလေး နက်နက် ခံစားနေမိတယ်။ သူတို့စိတ်မချမ်းမသာဖြစ်နေကြတာ သိပ်ထူးဆန်းတာပဲ။ ငါ့ထက် ဘာများ စိတ်ညစ်စရာတွေရှိမှာလဲ။ ကျွန်တော့်လို အထီးကျန်၊ မပြည့်စုံတဲ့သူထက် သူတို့က မပျော်ကြဘူး။ ကျွန်တော် မျက်စိရှေ့မှာ သိပ်ကို နေချင်စရာ အိမ်ကလေးသူတို့ ပိုင်ဆိုင်ကြတယ်။ မြင်မြင်သမျှတိုင်းဟာ သူဌေးပစ္စည်းတွေကြီးပဲ။ သူတို့ချမ်းအေးတဲ့အခါ မီးဖိုလေးရှိတယ်။ သူတို့ကို နွေးထွေးစေတယ်။ သူတို့ဆာလောင်တဲ့ အခါ သားငါးတွေစားစရာရှိတယ်။ သူတို့ ဝတ်ထားလိုက်တာလည်း ကောင်းမှကောင်းတဲ့ အဝတ်အစားတွေ၊ ဒီထက်မက ရှိပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုနေနိုင်ကြတယ်။ အချင်းချင်း ပြောကြ၊ ဆိုကြ၊ နှစ်သိမ့်ကြနဲ့။ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ကြင်ကြင်နာနာ ကြည့်ကြ၊ ကြင်နာကြ၊ ဖေးမကြနဲ့။ သူတို့ရဲ့ မျက်ရည်တွေက ဘာကိုများ ဆိုလိုတာပါလိမ့်။ သူတို့မှာ နာကျင်စရာ တစ်ခုခုရှိလို့လား။ အဲဒီအဖြေကို စစချင်းတော့ စဉ်းစားလို့မရဘူး။ ဒါပေမဲ့ အချိန်အတော်ကြာကြာ ဂရုတစိုက်နဲ့ သေချာစောင့် ကြည့်လိုက်တော့မှ အချိန်က အဖြေပေးလိုက်ပါတော့တယ်။ ဒီလိုချစ်စရာ မိသားစုမှာ စိတ်မသက်မသာဖြစ်သွားစေရတဲ့ အကြောင်းရင်းတွေ ထဲက တစ်ခုကတော့ ဆင်းရဲခြင်းပါပဲ။ အဲသည်ဒဏ်ကို သူတို့ဟာ ဆိုးဆိုးဝါးဝါးကို ခံစားနေကြရတယ်။ သူတို့ရဲ့ စားသုံးခြင်းတွေဟာ ခြံထွက်ပစ္စည်းတွေကို လုံးလုံးလျားလျား အားကိုးနေရတယ်။ ဆောင်းရာသီကာလမှာ ခြံထဲကရော၊ ခြံထဲက နို့စားနွားမဆီက နို့ရော၊ နည်း နည်းပဲ ရတော့တယ်။ ကျွန်တော်သိတယ် သူတို့တစ်ခါတစ်လေ အငတ်နေနေရတဲ့ နေ့တွေရှိတယ်။ အထူးသဖြင့် လူငယ်လေး ၂ ယောက်ပေါ့။ အဘိုးကြီးကို စားစရာတွေ ကျွေးမွေးနေပေမဲ့ သူတို့မှာ စားစရာဘာမှမရှိကြဘူး။ အဲဒီကြင်နာခြင်းဆိုတဲ့ အရာဟာ ကျွန်တော့်ရင်ကို လှုပ်ရှား သွားစေပါတယ်'

ဖရင်ကင်စတိုင် ဝတ္ထုကို ငယ်စဉ်က အလွယ်ရေးထားသော စာအုပ်၊ ပုံကလေးများဖြင့် ကလေးများ အလွယ်တကူဖတ်ဖို့ စာအုပ်များ သာ ဖတ်ဖူးခဲ့သည်။ နောက်တော့ ရုပ်ရှင်ကြည့်ဖူးသည်။ ကြောက်စရာလူသတ္တဝါကြီးအကြောင်းဟုပဲ သူရဲကားတစ်ကားသဖွယ် ထိုဇာတ်လမ်း ကို သဘောပေါက်ခဲ့ပါသည်။ ယခုမူရင်း ဝတ္ထုကို ဖတ်ကြည့်လိုက်သောအခါ ဖရင်ကင်စတိုင် ဖန်တီးလိုက်သည့် သတ္တဝါကြီး၏ အတွင်းစိတ် ကို သိလာရသည်။ ဝတ္ထုရေးသားသူ မေရီရှယ်လီသည် လူအဖြစ်သို့ ရုတ်တရက်ရောက်လာခဲ့သူ၊ ဦးနှောက်မှာ ဘာဆိုဘာမှ အသိညဏ်မရှိသူ၊ စားဝတ်နေရေးကိုပဲ သိထားသူ တစ်ယောက်၏ ရင်တွင်းက ခံစားချက်ကို ထုတ်ဖော်ပြခဲ့သည်။

ထို့ပြင် ထိုသတ္တဝါကြီး၏ ရုန်းကန်ရှင်သန်ခဲ့ရပုံတွေကိုလည်း အခုလို ရေးဖွဲ့ထားပြန်ပါသေးသည်။

'ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ ရှာဖွေတွေ့ရှိမှုတွေ ရလာပါတယ်။ ဒီလူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ နည်းလမ်း တွေ သုံးကြတယ်ဆိုတာ တွေ့ရတယ်။ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့ခံစားချက်တွေကို အသံတစ်မိုျးနဲ့ ဖော်ပြကြတယ်။ သူတို့ သုံးလိုက် တဲ့ စကားလုံးတွေဟာ တစ်ခါတစ်ရံ ပျော်ရွှင်မှု၊ တစ်ခါတစ်ရံ နာကျင်မှု၊ တစ်ခါတလေ အပြုံးတွေနဲ့၊ စိတ်မကောင်းဖြစ်မှုတွေနဲ့ သူတို့ရဲ့ ခေါင်းထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို မျက်နှာပေါ်မှာ တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို ဘုရားကပေးတဲ့ သိပ္ပံပညာပါပဲ။ ကျွန်တော်လည်း အဲဒီဘာသာစကားကို သိကျွမ်းချင်လိုက်တာ။ ဒါပေမဲ့ ကြိုးစားတိုင်း မအောင်မြင်ဘူး။ သူတို့အသံထွက်တာ သိပ်မြန်တာပဲ။ ကျွန်တော် ဒါကို ဘယ်လိုလုပ်ပြီး ဖော်ထုတ်ရပါ့။ သူတို့အသံတွေ၊ စကားလုံးတွေရဲ့ လှို့ျဝှက်ချက်တွေကို သိချင်လိုက်တာ။ ဒါပေမဲ့ အချိန် တွေ အကြာကြီးလေ့လာနေရင်းနဲ့ သူတို့ရဲ့ နံမယ်လေးတွေ သိလာရပြီ။ မီး၊ နွား နို့၊ ပေါင်မုန့်၊ ထင်း အစရှိသဖြင့်။ ပြီးတော့ လူငယ်လေး ၂ ယောက်ရဲ့ အမည်တွေက အချင်းချင်းအမိုျးမိုျး ခေါ်ဝေါ်ကြပေမယ့် အဘိုးကြီးရဲ့ အမည်ကတော့ 'အဖေ'လို့ တစ်ခုတည်းပဲရှိတယ်။ မိန်းကလေးကို 'ညီမ'သို့မဟုတ် 'အဂ္ဂါသာ'။ ကောင်လေးကို 'ဖိလစ်' 'အစ်ကို' 'သား'တဲ့။ ကျွန်တော်လေ အဲသည်လို တစ်ယောက်နဲ့ တစ်ယောက် အခုလို ခေါ်ဝေါ်သုံးစွဲကြတဲ့ အကြံညဏ်ကို သိပ်သဘောကျပြီး အခုလို သူတို့အမည်လေးတွေ သိလာရတာ အရမ်းပျော်ရွှင်မိ တယ်။ တခို့ျစကားလုံးတွေကိုတော့ သိပ်နားမလည်ဘူး။ 'ကောင်းတယ်' 'ဈေးအကြီးဆုံး' 'မပျော်ရွှင်ဘူး' ဆိုတာတွေ။

ဤသို့နှင့် သတ္တဝါကြီးသည် စကားလုံးများကို လေ့လာရင်းနှင့် ထိုစကားများကို နားလည်လာသည်။ သူပုန်းအောင်းနေသည့် နေရာကို ပြန်ရောက်တိုင်း ကျက်မှတ်လျက်ရှိသည်။ ပြီးလျှင် ကြိုးစားပြီး သူ့နှုတ်မှ အပြောကျင့်သည်။ စကားပြောသည့်နေရာမှာ တိုးတက်လာသောအခါ စကားလုံးဝေါဟာရများကို လေ့လာသည်။ ဖိလစ်သည် အသစ်ရောက်ရှိလာသော သူ့ချစ်သူလေး 'ဆာဖီရာ'နှင့် 'အင်ပါယာကြီး ပျက်ဆီးခြင်း' အမည်ရှိ ၁၈ ရာစု အတွေးခေါ်ပညာရှင် Volney ရေးသားချက်များကို လေ့လာသင်ကြားလျက်ရှိသည်။ ဤသို့နှင့် သတ္တဝါကြီးသည် လှို့ျဝှက်စွာ နားဆင်မှတ်ယူရင်း အသိပညာရပ်များ တိုးလာသည်။ အင်ပါယာ၊ ခရစ်ယာန် လွတ်လပ်ခွင့်နှင့် ဘုရင်ဧကရာဇ်ေ တွအကြောင်း သိ လာသည်။ ဥပဒေများ၊ အစိုးရများ၊ ပြည်သူများ၊ သွေးထွက်သံယိုမှုများအကြောင်းကို နားလည်လာသည်။ မိသားစုဘဝ၊ ဆာလောင်မှု၊ ဝမ်းနည်းမှု၊ ပိုင်ဆိုင်မှု၊ ချမ်းသာမှု၊ အမိုျးမြင့်မြတ်သူများ၊ အဆင့်အတန်းခွဲခြားမှုတွေ...။

'ကျွန်တော့်ရဲ့ ဆွေမိုျးတွေ၊ သူငယ်ချင်းတွေ ဘယ်မှာလဲ။ ကျွန်တော် ငယ်ငယ်က ဘယ်အဖေကမှ မစောင့်ရှောက်ခဲ့ဘူး။ ဘယ်အမေက မှ အပြုံးတွေနဲ့ ဂရုတစိုက် မချော့မြူခဲ့ဘူး။ ကျွန်တော့်ရဲ့ အတိတ်ဘဝက ကွက်လပ်။ ဘာဆို ဘာမှမရှိတဲ့ လေဟာနယ်။ ကျွန်တော် အဦးဆုံး မှတ်မိလိုက်တာက ပုံပန်းမကျတဲ့ အရပ်အမောင်းနဲ့ သည်ခန္ဓာကိုယ်။ ကျွန်တော်နဲ့တူတဲ့ သူတစ်ယောက်မှ မမြင်ဖူးဘူး။ ကျွန်တော်နဲ့ ဘယ်သူမှ လည်း လာဆက်မသွယ်ကြဘူး။ သည်တော့... ကျွန်တော်ကဘာလဲ။ တစ်ချိန်လုံးမေးနေမိပေမယ့် အဖြေကတော့ ဒေါသတွေ သက်ပြင်းမှုတ် ထုတ်သံပဲ ထွက်လာတယ်'

သူသိလာခဲ့သော အဘိုးကြီးသည် မျက်မမြင်တစ်ဦးဖြစ်သည်။ တစ်နေ့တွင် အိမ်သားတွေ မရှိခိုက် ထိုမျက်မြင်အဘိုးကြီးနှင့် စကား ပြောဖို့ ကြိုးစားခဲ့သည်။

'ကျွန်တော့်ရဲ့ အသည်းနှလုံးတွေဟာ အဆက်မပြတ်ခုန်နေလိုက်တာ။ ဒါဟာ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေကြောင့်လား။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို အဆုံးအဖြတ်ပေးမှာမို့လား။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတယ်။ သူတို့ တဲအိမ်ကလေးဟာလည်း ငြိမ်သက်လို့၊ ဒါဟာ ကျွန်တော့်အတွက် အခွင့်အရေး။ ကျွန်တော်အစီအစဉ်ကို အကောင်အထည်ဖော်မယ်။ ကျွန်တော့် ဒူးတွေ တုန်နေတယ်။ ကျွန်တော်ဟာ မြေကြီးပေါ် ညွတ်ကျသွားတယ်။ နောက်ထပ် တစ်ဖန် မတ်မတ်ပြန်ရပ်တယ်။ ကျွန်တော့်မှာ ရှိရှိသမျှ ခိုင်မာမှု အင်အားတွေကို အကုန်ထုတ် တယ်။ လေကောင်းလေသန့်လေးက ကျွန်တော့်ကို အားဖြစ်စေတယ်။ စိတ်တွေကို လန်းဆန်းစေတယ်။ ကျွန်တော်ဟာ တဲအိမ်လေးရဲ့ တံခါးကို ခေါက်လိုက်ပါတယ်'

နောက်တော့ မျက်မမြင် အဘိုးကြီးနှင့် မိတ်ဆက်ကာ စပြောကြသည်။ ထိုအချိန်မှာ ဖြစ်ပေါ်လာသောသူ၏ ခံစားမှုများကား သနားစရာ ဖြစ်ရသည်။

'ကျွန်တော်ဟာ အဘိုးကြီးရဲ့ ကြင်နာတဲ့ စကားသံတွေကို လိုက်နာရင်း ထိုင်ချလိုက်ပါတယ်။ တိတ်ဆိတ်မှုက ကြီးစိုးလာတယ်။ သူနဲ့ အခုလို နေနေရတဲ့ မိနစ်တိုင်း၊ မိနစ်တိုင်းဟာ ကျွန်တော့်အတွက် အဖိုးတန်လိုက်တာ။ ကျွန်တော်ဟာ သူနဲ့ဘာစကားစပြောပြီး နေရမလဲဆိုတာ မသိသေးဘူး။ ကျွန်တော်ဒီအတိုင်း ငြိမ်နေမိတာ အဘိုးကြီးက စပြောမှပဲ...'

ဤသို့နှင့် အချိန်အတော်ကြာ စကားများပြောကြရင်း သူအိမ်သားများ ဝင်လာသောအခါ သူ့ကို ကြောက်ရွံ့ပြီး ပစ်ကြ၊ ခတ်ကြနှင့် မောင်းထုတ်ခံလိုက်ရသည်။ နောက်ပိုင်းတွင် ထိုတစ်မိသားစုလုံး သူ့ကို ကြောက်ပြီး ပြောင်းပြေးသွားကြရာ သတ္တဝါကြီး၏ ကမ္ဘာလေးလည်း ပျက်သွားလေတော့သည်။ ဤကား ထိုသတ္တဝါကြီး၏ ရင်ထဲမှာ သူ့ကို ဖန်တီးလိုက်သူ ဖရင်ကင်စတိုင်အပေါ် အမုန်းတရားများနှင့် လက်စား ချေလိုသော စိတ်များဖြစ်ပေါ်လာရခြင်း အကြောင်းများဖြစ်ပေတော့သည်။

ဖရင်ကင်စတိုင် ဝတ္ထုကို ရုပ်ရှင်ကားအဖြစ် မရေမတွက်နိုင်အောင်ရိုက်ကူးခဲ့ကြသည်ဟူ၏။ သို့သော် ဘယ်ရုပ်ရှင်ကမှ ဝတ္ထုထဲမှာ ပါဝင်သော ယုတ္တိဗေဒဆိုင်ရာ အတွေးအခေါ်များ၊ စိတ်ချောက်ခြားရသည့် စိတ်ခံစားမှုများကို ပေါ်လွင်အောင် ရိုက်ကူးနိုင်ခြင်း မပြုနိုင်ခဲ့ကြပါ ဟု ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် ဖရင်ကင်စတိုင်ကို လူသတ်ကား၊ သရဲကားဟုဆိုကာ သိထားကြလျှင်တော့၊ အမှားကြီးမှားပေတော့မည်ဟု ဖန်တီးရှင်မေရီရှယ်လီ၏ အနုပညာမြောက်လှသော လက်ရာကို ဖတ်ရင်းခံစားမိလိုက်ပါတော့သည်။

(ပိတောက်ပွင့်သစ်မဂဇင်းမှ)




Tuesday, August 15, 2017

ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ် ဂျူနီယာဝင်း


ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ်  ဂျူနီယာဝင်း

(ပိတောက်ပွင့်သစ်

ဇန်နဝါရီလ၊ ၂ဝဝရ ခုနှစ်။)



Don Quixote (ဒွန်ကွီဇုတ်)၏ ဖခင်က စပိန်စာရေးဆရာကြီး Miguel De Saavedra Cervantesသူ့ကို စပိန်နိုင်ငံ Alcala de Henares ၁၅၄၇ မှာ မွေးပါသည်။ သူ့ငယ်ဘဝ ၁၅ရဝ တိုင် သူဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူ့မှ မသိကြပါ။ ၁၅ရဝ အီတလီစစ်မှု ထမ်း ဘဝဖြင့် Marquesa သင်္ဘောမှာ အမှုထမ်းခဲ့ရသည်။ သူသည် သင်္ဘောဝမ်းဗိုက်ထဲမှာ ဖျားပြီးလဲနေရာကပင် တိုက်ပွဲထဲ ရဲရဲရင့်ရင့် ဝင်ခဲ့သူ ဖြစ်သည်။ သူ့ကိုယ်ထဲက ကျည်ဆံ ၃ ခုကို ထုတ်ပစ်ခဲ့ရရာ ကျည်တစ်ခုမှာ သူ့လက်ဝဲဘက် သုံးမရအောင် ဒဏ်ရာပေးခဲ့လေသည်။ ဒါကို သူက ''မှန်ကန်သောတိုက်ပွဲအတွက် ပေးဆပ်ခဲ့ရသည်''ဟု ကင်ပွန်းတပ်ခဲ့သည်။ သူ့ဘဝမှာ ပြင်းထန်သော ရိုက်ခတ်မှုတွေ၊ အလှည့် အပြောင်းတွေ ကြုံခဲ့ရသည်။ သူ့အဖြစ်ကလည်း သူမွေးထုတ်ပေးခဲ့သော ဒွန်ကွီဇုတ်နှင့် မခြားလှပေ။

၁၅ရဝ စစ်မှုထမ်းဘဝကနေ ၁၅၇၅ ခုနှစ်မှာ စပိန်သို့ ပြန်ခွင့်ရခဲ့သည်။ အပြန်ခရီး မြေထဲပင်လယ်ထဲမှာ သူ့သင်္ဘောကို Corsairsအရိုင်းများ၏ ဖမ်းဆီးခံခဲ့ရသည်။ နောက်တော့သူ့ကို Algiers မှာ ဂရိတို့ထံသို့ ကျွန်အဖြစ် အရောင်းခံခဲ့ရသည်။Cervantesမှာ ထွက်ပြေး ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပါ။ သို့နှင့်ထောင်ထဲရောက်သွားသည်။ သူထွက်ပြေးဝံ့သော သတ္တိက Algiers ဘုရင်ခံကို ဆွဲဆောင် သလိုဖြစ်ကာ ဂရိထံမှ သူ့ကို ငွေဒင်္ဂါး ၅ဝဝ ဖြင့် ဝယ်လိုက်သည်။ နောက်တော့ ကုန်သည်များထံမှငွေဖြင့် ဘုရင်ခံထံမှ လွတ်လပ်ခွင့်ကို ပြန်ရအောင်လုပ်ကာ သူ့နေရပ် စပိန်သို့ ပြန်ခဲ့သည်။

၁၅၈၂ ခုနှစ်မှာ သူ့ဘဝခြေလှမ်းက စာရေးတာဖြစ်သည်။ ရှေ့က ကြုံခဲ့ရသော ဒုက္ခတွေက သူ့အတွက်လှပသော အိပ်မက်တွေလို့ သဘောထားခဲ့ပုံရသည်။ ပထမဦးဆုံး ဝတ္ထုက ၁၅၈၅ ခုနှစ်မှာ ထုတ်ခဲ့သော The Galate ဖြစ်သည်။ ထိုစာအုပ်ဖြင့် သူ့နာမည် အတော် အသင့် ရခဲ့သည်။ ငွေအနည်းငယ်တော့ ရလိုက်သည်။ သူ့ဘဝရည်မှန်းချက်က စာပေဖြစ်သည်။ သို့သော်လည်း ဒီတစ်ခုတည်းနှင့် သူ့ဘဝရပ် တည်ဖို့ မဖြစ်နိုင်ပေ။ သူ၏စစ်တပ်မှာ ရဲရင့်စွာ ထမ်းဆောင်ခဲ့မှုကြောင့် သင်္ဘောအမှုထမ်းအလုပ်ရှာလို့ ရခဲ့သည်။

၁၅၉၅ ခုနှစ် ကဗျာပြိုင်ပွဲမှာ ပထမရခဲ့ခြင်းသည် သူ့ဘဝလှေကားထစ် တစ်ထစ်တက်ခွင့်ရလိုက်ခြင်းဖြစ်သည်။ ဒီလိုနှင့် ကဗျာလမ်း ထဲ ရောက်သွားပြန်သည်။ သူ့ကဗျာတွေကို Saragossa ဆိုတဲ့ အရပ်ဒေသတစ်ခုမှာ မွေးဖွားခဲ့သည်။ အဲဒီအရပ်ဒေသသည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်၏ စီးချင်းထိုးပွဲကျင်းပရာ နေရာတစ်ခုအဖြစ် သူရွေးချယ်သည့် နေရာတစ်ခု ဖြစ်ချေ၏။

Cervantes ၏ ကံဆိုးမိုးမှောင်က စောင့်လို့နေသေးသည်။ သုံးနှစ်ကြာအမှုထမ်းဘဝဖြင့် အလုပ်လုပ်နေစဉ် သူယုံကြည်ရသူတစ်ဦး၏ သစ္စာဖောက်မှုကြောင့် ငွေအလွဲသုံးစားမှုဖြင့် အစွပ်စွဲခံခဲ့ရသည်။ အဲဒီအတွက် အလုပ်မှထွက်ရကာ Seville အကျဉ်းထောင်မှာ စံရပြန်သည်။ ထိုအခြေအနေအောက်တွင် 'ဒွန်ကွီဇုတ်'ဟူသော ဇာတ်ကောင်တစ်ကောင် မွေးဖွားဖို့အကြံညဏ်တွေ ရလာခဲ့သည်။ သူစစချင်း အုတ်မြစ်ချခဲ့ တုန်းက ဇာတ်လမ်းတိုလေးတွေ ဖြစ်သည်။ ထောင်မှထွက်ပြီး စာရေးဖို့ အလုပ်ကို ဆက်လုပ်ရင်းမှ ဇာတ်လမ်းရှည်ကြီး ဖြစ်လာရသည်။ လူတွေရှေ့မှာ အလှောင်ခံ၊ သရော်ခံ ရရှာသော ဇာတ်ကောင်တစ်ကောင်သည် ဘဝကို သရော်သော ဇာတ်ရုတ်အဖြစ် လူကြိုက်များခဲ့သည်။ စာအုပ်ထွက်ပြီး ၅ လ အကြာမှာ Cervantesမှာ သုံးစရာမရှိသဖြင့် ထုတ်ဝေသူထံမှ ငွေသား ၅ဝဝ ချေးခဲ့ရသည်။

ဒွန်ကွီဇုတ်အတွက် နောက်လိုက် Sancho Panza (ဆန်ခိုျ)ကို စိတ်ကူးခဲ့ပြီး သူ့ကို ထည့်သွင်းဇာတ်လမ်းဆင်ခဲ့ရာ ပထမဒွန်ကွီဇုတ် ထက်ပင် ပို၍ လူကြိုက်များခဲ့သည်။ ရှိတ်စပီးယားနှင့် တစ်ခေတ်ထဲ မွေးဖွားလာသူ Cervantes ၏ လက်ရာ 'ဒွန်ကွီဇုတ်' ဝတ္ထုကြီးအား ရှိတ်စပီးယားက သူခရီးသွားလေရာ သယ်ဆောင်ဖတ်ရှုခဲ့သည်ဟု ဆိုပါသည်။ ၁၆၁၆ ခုနှစ်မှာတော့ 'အသက်အရွယ်အိုမင်း၊ ရဲရင့်သော စစ် သည်၊ လူကြီးလူကောင်းတစ်ဦးဖြစ်ကာ ဆင်းရဲလှသူ' Cervantes အဖြစ်ဖြင့် ကွယ်လွန်ခဲ့သည်။ Cervantesသည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်လိုပင် လေဒဟပ်ကြီးနှင့် ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်နေခဲ့ရသူဟု ဆိုရပေမည်။ ထိုလေဒဟပ်တွေသည် သူ့အတွက် ရွှေအိုးတွေ များ ဖြစ်နေမလားဟု စာဖတ်သူတို့က စိတ်ကူးနေမိကြတော့သည်။

ဘဝမှာ နာကျင်ထိခိုက်ခံခဲ့ရသော စာရေးဆရာတစ်ဦးမွေးထုတ်လိုက်သော ဒွန်ကွီဇုတ်က ဘယ်လိုဇာတ်ရုပ်မိုျးပါလဲ။ သူဒွန်ကွီဇုတ်ကို ဖန်တီးခဲ့ပြီး ထုတ်ဝေခဲ့သော အချိန်ကာလ ၁၆ဝ၅ ခုနှစ်ဖြစ်ပြီး ၁၆၁၁ ခုနှစ်မှာ Thomas Shelton က စပိန်မှ အင်္ဂလိပ်သို့ ဘာသာပြန် သည်။ ၁၆၁၅ ခု သူ မကွယ်လွန်မီမှာ ဒုတိယပိုင်းထွက်သည်။ သူ့ဇာတ်လိုက်ဒွန်ကွီဇုတ်သည် ၁၇ ရာစု စပိန်အရပ်ဒေသတစ်ခုမှ အသက် ၆ဝ ဝန်းကျင်အရွယ် ပညာတတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ၏ ထူးဆန်းသော ကိုယ်ပိုင်ကမ္ဘာထဲမှာ နေထိုင်လျက် ရှိလေသည်။ သူ့စာဖတ်ခန်းထဲ မှာ အချိန်ကုန်လွန်လျက်ရှိကာ ရှေးစာကြီးပေးကြီးတွေထဲက စွန့်စားခန်းများကို အလွန်နှစ်ခိုျက်လျက်ရှိလေသည်။

သူရဲကော်းတစ်ဦးမှာ စံအားဖြင့် ရှိသင့်ရှိထိုက်သော သတ္တိရှိခြင်း၊ ရဲရင့်ခြင်း၊ သဘောထားကြီးခြင်း၊ မြင့်မြတ်သော အမူအကျင့်ရှိခြင်း၊ ဆင်းရဲနွမ်းနယ်သူများကို ကူညီထောက်ပံ့လိုသော သဒ္ဒါတရားထက်သန်ခြင်း၊ ယဉ်ကျေးခြင်းတည်းဟူသော စွမ်းရည်များ တစ်စည်းတစ်လုံး တည်းရှိကာ စံတင်လောက် ပေသည်ဟု ဒွန်ကွီဇုတ်က ခံယူထားလေသည်။ ဒွန်ကွီဇုတ်ဆိုတာ Mancha သူရဲကောင်းစစ်သည် အမှားများကို မှန်အောင်လုပ်မည့်သူ၊ ဒဏ်ရာတွေနဲ့ နာကြင်နေသည်များ၊ မတော်မတရားမှုများကို ကုစားပေးမည့်သူ၊ အမိုျးသမီးများကို ကာကွယ်ပေးမည့်သူ၊ ဘီလူးကြီးများကို ခြောက်လှန့်မောင်းထုတ်ပစ်မည့်သူ၊ တိုက်ပွဲများကို ရဲရဲရင့်ရင့် တိုက်ခိုက်ပေးမည့်သူ ဖြစ်လေသည်။ သူက အဲဒီလိုမြင့်မြတ် ခြင်းဆိုတဲ့ ခေတ်တစ်ခေတ်ကို ပြန်လည်အသက်သွင်းဖို့ သူ့မှာတာဝန်ရှိသည်ဟု ဆုံးဖြတ်ချက်ချထားလေသည်။ ဒါကို သက်သေပြဖို့အတွက် သူ၏ ဂုဏ်သတ္တိသည် မသေ၊ သူရဲကောင်း Galahad လိုပဲ တိုက်ပွဲဝင်မည်။ ကမ္ဘာကြီးသည် မှားယွင်းစွာလည်ပတ်လျက်ရှိ၏။ ထို့ကြောင့် မြင်မြင်သမျှသော အမှားဟူသမျှကို သူပြုပြင်ပေးရမည်။

သူက ဟောင်းနွမ်းစုတ်ပြတ်နေသော စစ်ဝတ်တန်ဆာကို ဝတ်ကာဆိုးရွားသောင်းကျန်းနေသော နဂါးကြီးကို သတ်ဖို့ အသင့်ပြင်လျက် မြင်းအိုကြီးကို စီးလို့၊ အန္တရာယ်ကြားက မင်းသမီးကို ကယ်တင်အံ့။ သူမျက်စိထဲမှာ လေရဟပ်ကြီးကို ကြောက်စရာနဂါးကြီးဟု မြင်ယောင် လျက်၊ သိုးတွေကို ရန်သူတွေဟု စိတ်ကူးကာ ကြောက်မက်ဖွယ်ကောင်းသော အရာတွေအဖြစ် ပုံဖော်လျက်ရှိ၏။

မြင်းကိုစီးပြီး ဓားတရမ်းရမ်းနှင့် တောရွာတွေ၊ မြို့ရွာတွေထဲဝင်လာသော သူ့ကို လူတိုင်းက အရူးလိုသဘောထား ဆက်ဆံကြ၏။ ဆန်ခိုျသည် သူ့အရှင်သခင်ဒွန်ကွီဇုတ် နောက်သို့ သစ္စာရှိရှိလိုက်ခဲ့သူဖြစ်သည်။ သူတို့မှာ ပြဿနာတွေပဲ တွေ့ကာ၊ ဒုက္ခတွေနှင့် ရင်ဆိုင်ခဲ့ရ သည်။ သို့သော်လည်း စိတ်ဓာတ်မကျ၊ အားမလျော့ဘဲ လူစွမ်းကောင်းကြီး ဒွန်ကွီဇုတ်က ရှေ့သို့ ခရီးဆက်လျက်ရှိ၏။ ဒွန်ကွီဇုတ်၏ စွန့်စား ခန်းတွေထဲမှာ မြို့ပိုင်အဖြစ်နှင့် သူ့ကို အစားထိုးပေးကာ တစ်မြို့လုံးသူ့အလိုကျ နေပြကာ အရူးလုပ်ပစ်ကြသည့် အခန်းတွေပါသည်။ မြို့ပိုင် ကလည်း ဒွန်ကွီဇုတ်မိသားစုနှင့် ရင်းနှီးသောကြောင့် မိသားစု၏ တောင်းပန်မှုဖြင့် သူ့ကို ခေတ္တထိမ်းပေးထားသည့် သဘောဖြစ်သည်။ ဆန်ခိုျ သည်လည်း ဒွန်ကွီဇုတ်ပေးသနားလိုက်သော မြို့တစ်မြို့ကို အပိုင်စားရလိုက်၏။ ဆန်ခိုျသည် သူအပိုင်းစားရသော မြို့မှာမြို့ပိုင်ဝင်လုပ်ရင်း ပျော်နေ၏။ မြို့ပိုင်အစစ်က နဘေးမှ ရယ်သွမ်းသွေးလျက်ရှိ၏။ တစ်မြို့လုံးသူ့ကို အရူးလုပ်နေမှန်း မသိရှာသော ဆန်ခိုျသည် သူအရှေ့ရောက် လာသော အမှုများကိုပင် စစ်ဆေးဆုံးဖြတ်ပေးလျက်ရှိ၏။ ဆန်ခိုျ၏ မူဝါဒကလည်း ဒွန်ကွီဇုတ်၏ အမှားကို အမှန်ပြုပြင်မည်ဟူသတတ်။ မြင့်မြတ်သော သူရဲကောင်းဝါဒကို လက်ကိုင်ပြုလေ၏။ နောက်တော့ တစ်မြို့လုံးက ဆန်ခိုျကို သဘောကျကုန်တော့ မဖြစ်ချေဖူးဆိုပြီး မြို့စား အစစ်က ဆန်ခို့ျအား နယ်ပြောင်းမိန့်ရကြောင်းပြောကာ ဒွန်ကွီဇုတ်ဆီ ပြန်ပို့လိုက်၏။

ဒွန်ကွီဇုတ်၏ စွန့်စားခန်းများမှာ အရူးဆန်ဆန် လုပ်ရပ်တွေပါ၏။ ဥပမာ-လေဒဟပ်စက်နှင့် တိုက်ခိုက်ခန်းများ၊ သိုးတွေကို ရန်သူတွေ လို သဘောထားပြီး မောင်းထုတ်သော အခန်းများ၊ အာဖရိကမှ သယ်ဆောင်ဖမ်းယူလာသော ခြင်္သေ့ကြီးကို လွှတ်ခိုင်းပြီးတိုက်သော အခန်း များမှာ သနားစရာ၊ ရယ်စရာဖြစ်ရပြီး ဘဝနာနာဖြင့် ရင်းခဲ့ရသော Cervantes ၏ ထွက်ပေါက်များဖြစ်လေမလားဟု တွေးမိလိုက်ပါ၏။ နောက်ဆုံးတော့ သူ့မိတ်ဆွေတွေက ဒီလိုအရူးလို လျှောက်လုပ်နေတာတွေ ရပ်တန်းကရပ်ဖို့ အစီအစဉ်တွေ ဆွဲရတော့သည်။ အစီအစဉ်အရ Saragossa ဒေသမှာ သူရဲကောင်းဆန်ဆန် စီးချင်းထိုးပွဲတစ်ခုကျင်းပပြီး သူ့ကို တိုက်ခိုင်းရာက ဒွန်ကွီဇုတ်ရှုံးခဲ့လေသည်။ ဒီတော့ ကတိ အတိုင်း သူ့လက်နက်တွေချလျက် သူအိမ်သို့ တစ်နှစ်ပြန်နေရမည်ဟူသော ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ရသည်။

ဒွန်ကွီဇုတ်သည် တစ်နှစ်တာကာလကို စိတ်မရှည်စွာ စောင့်ဆိုင်းနေရရှာ၏။ အချိန်များနှေးကွေးစွာ ကုန်လွန်ပါဘိ။ တစ်နှစ်ပြည့်လျှင် တိုက်ပွဲပြန်ဝင်ဖို့ ဟန်တပြင်ပြင်ဖြစ်နေသော ဒွန်ကွီဇုတ်ကို အိမ်သားတွေက ကြည့်ပြီး စိတ်ပူနေကြရသည်။ 'အဲဒီအခါကျ အသက်ကလည်း တစ်နှစ်ပိုကြီး- အရွယ်ကလည်း ပိုကျလို့ မြင်းတောင်အနိုင်နိုင် စီးနိုင်ချင်မှ စီးနိုင်ရှာလိမ့်မယ်။ စွန့်စားခန်းတွေ လုပ်ဖို့လည်း သူ့ခမျာ အား တောင် ရှိချင်မှရှိတော့မှာမို့ စိုးရိမ်စရာတော့ မလိုပါဘူးကွယ်'ဟု စိတ်ပူနေရှာသော ဒွန်ကွီဇုတ်၏ တူမကို ဖခင်ဖြစ်သူက နှစ်သိမ့်လျက်ရှိလေ သည်။ ဒွန်ကွီဇုတ်၏ ဇာတ်သိမ်းကို Cervantes သည် တခမ်းတနားပင် ရေးဖွဲ့ခဲ့လေသည်။ ဒွန်ကွီဇုတ်သည် အိမ်မှာပင် မကျန်းမမာဖြစ်ကာ သူ့ကို သံယောဇဉ်ကြီးရှာသော ဆန်ခိုျ၊ သူ့တူမနှင့် သူ့မိသားစုလက်ထဲမှာပင် ကွယ်လွန်ခဲ့လေသည်။

ဒွန်ကွီဇုတ်သည် သူ့ဘဝ၏ နိဂုံးတွင် ယခုလို ဆိုထား၏။ သူရဲကောင်းတွေ၏ မြင့်မြတ်သော အရည်အချင်းတွေနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ပြီး ရူးသွပ်ခဲ့သော ဒွန်ကွီဇုတ်အတွက် သူ၏ စိတ်နှင့် ဝိညာဉ်ကို အလင်းရောင်ပေးမည့် တခြားသော စာအုပ်များကို ပြောင်းဖတ်ဖို့ အချိန်မရှိတော့ပါဟု ဒွန်ကွီဇုတ်က ဝမ်းနည်းစွာ ဆိုလေသည်။ ထို့ပြင် သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သော ဒွန်ကွီဇုတ် သည် သူမရူးသွပ်ခဲ့ပါဆိုတာကို သက်သေမပြနိုင်တော့သည့်အပြင် အရူးအနှမ်းဆိုသည့် နာမည်ဆိုးတစ်ခုသာ သူ့နောက်မှာ ထားရစ်ခဲ့ရပေတော့ မည်ဟု ဒွန်ကွီဇုတ်က စိတ်မကောင်းဖြစ်လျက် ရှိ၏။ ယခုတော့ဖြင့် ကမ္ဘကြီးထဲကနေ ဝမ်းနည်းစွာဖြင့် မထွက်ခွာမီ ဤစာရေးဆရာအား Mancha သူရဲကောင်းဒွန်ကွီဇုတ် အောင်မြင်မှုများ'ဟူ၍ ဆက်လက်ရေးသားစေဖို့ တိုက်တွန်းဖို့ပဲ တတ်နိုင်ပါတော့သည်ဟု ဒွန်ကွီဇုတ်က အမှာစကား ဆိုခဲ့သေး၏။

ဒွန်ကွီဇုတ်၏ စွန့်စားခန်းများကို Cervantes သည် စိတ်ဝင်စားဖွယ်ရေးသား ခြယ်မှုန်းထားသည်။ ပထမပိုင်း၊ ဒုတိယပိုင်းဟူ၍ ၂ ပိုင်းရှိရာ ပထမပိုင်း အခန်း ၅ဝ ကျော် ဒုတိယပိုင်း ၇၄ ခန်း ရှိလေသည်။

Cervantes သည် သူ့ဇာတ်ကောင် ဒွန်ကွီဇုတ်၏ပရိသတ်များအား စာအုပ်နိဒါန်းတွင် ယခုလို ဆိုခဲ့ကြောင်း ဖော်ပြရင်းနှင့် ဒွန်ကွီဇုတ် ဘဝ သံသရာရေးသားခဲ့ရသည့် သူ့ခံစားချက်တွေကို သိမြင်စေလိုက်ပါသည်။

'ချစ်စွာသောစာဖတ်သူများသိစေရန် ကျွန်တော်သည် ဤစာအုပ်အား ကလေးတစ်ယောက် နားလည်ညဏ်မှီသလောက်မျှသော ဦးနှောက် အဆင့်ဖြင့် အလွန်ကျေနပ်နှစ်သက်စွာ ရေးဖွဲ့ခဲ့ပါကြောင်း ယုံစေချင်ပါသည်။ အလွန်တရာမျှရဲရင့်သော၊ ချစ်ဖွယ်ကောင်းသော၊ အမြော်အမြင်ရှိ သော ပုံဝတ္ထုတစ်ပုဒ်အဖြစ် ညဏ်စွမ်းရှိသ၍ ထုတ်ဖော်လိုက်ပါသည်။ သို့ပါသော်လည်း ကျွန်တော်သည် သဘဝတရားကြီး၏ ဥပဒေသများကို မခိုျးဖောက်ခဲ့ပါ။ မိုျးစုံသောစိတ်ကူးတွေ အပြည့်ဖြင့်လည်းကောင်း၊ တခြားသူတွေ မတွေးသော အတွေးတွေဖြင့်လည်းကောင်း၊ ဘဝ၏အရသာ ကို ခါးသက်စွာ မြည်းစမ်းလျက်ရှိသည့် ကျွန်တော်၏ ရယ်စရာသားတစ်ယောက်၏ အဖြစ်အပျက်တွေ ဖြစ်ပါ၏။ ကောင်းကင်ပြင်ကြီး၏ အားပေးသံများ၊ လှပသော ရေပန်းများ၏ ဂီတသံများ၊ တိတ်ဆိတ်အေးချမ်းမှု၏ ဝိညာဉ်များသည် ကျွန်တော်တို့၏ ကမ္ဘာကြီးအား လေးစားမှု နှင့် ပျော်ရွှင်မှုများကို မွေးဖွားပေးလျက်ရှိသည် မဟုတ်လော။ ဖခင်တစ်ယောက်မှ မွေးဖွားလာသော သားငယ်အား၏ မကောင်းမှုနတ်ဆိုး ကြောင့် မျက်စိအမြင်မကြည်လင်ခြင်းကို လှောင်ပြောင်သရော်ခြင်းတည်းဟူသော ရယ်ရွှင်ဖွယ်တို့ဖြင့် ဖယ်ရှားသန့်စင်ပစ်နိုင်ခြင်းသည် ကောင်းပေစွ။...'

Cervantes ၏ စာဖတ်သူများကို ပြောသောနိဒါန်းရှည်ကြီး၏ ရှေ့ပိုင်းမျှသာ ဖြစ်ပါ၏။ ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ်အကြောင်း ဤနေရာမှာ ခဏရပ်လိုက်လျှင် ကောင်းမည်ထင်၏။






Thursday, August 10, 2017

နပိုလီယန်၏ နောက်ဆုံးစကား ဂျူနီယာဝင်း

နပိုလီယန်၏ နောက်ဆုံးစကား  ဂျူနီယာဝင်း

နပိုလီယန်၏ နောက်ဆုံးစကား

ပိတောက်ပွင့်သစ်၊



ဇွန်လ၊ ၂ဝဝ၆ ခုနှစ်။

စစ်ဗိုလ်ခုျပ် Napoleon Bonartparte ကို ၁၇၆၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မွေးပါသည်။ သူသည် ကော့စီကန် (Corsican) လူမိုျးဖြစ်ပြီး ထင်ရှားသောသမိုင်းဝင် စစ်ဗိုလ်ခုျပ်ဖြစ်ခဲ့လေသည်။ သူ၏စစ်စွမ်းရည်၊ စစ်သွေးစစ်ရည်များသည် ဥရောပမြေပုံကိုပင် ပြောင်းလဲ ပစ်နိုင်ပေသည်ဟုပင် တင်စားခဲ့ကြရသည်။ သူ၏ ထူးခြားသောအောင်မြင်မှုတွေရခဲ့တာ ဘာကြောင့်ပါလဲတဲ့။ သူ၏အံ့မခန်းစစ်စွမ်းရည် ကြောင့်လည်း မဟုတ်၊ သူ၏ အုပ်ခုျပ်မှုစွမ်းရည်ကြောင့်လည်း မဟုတ်ပါ။ သူ အောင်မြင်ခြင်း၏ အဓိကသော့ချက်က ထူးခြား၍ ခွန်အားရှိသော သူ၏ ဥပဓိရုပ်ကြောင့် ဖြစ်ပေသည်။

Robert Browning (၁၈၁၂-၈၉) ရေးသားသော ‘Incident of the French Camp’ ကဗျာတစ်ပုဒ်တွင် ဘာဗေးရီးယား ပြည်နယ်က ရတ်တစ်ဘွန် (Ratisbon) မြို့ တိုက်ပွဲအကြောင်း ရေးစပ်ထားရာ၌ နပိုလီယန်၏ ဟန်အမူအရာကို ယခုလိုဆိုထားသည်ကို တွေ့ဖူးပါသည်။

"On a little mound, Napoleon

Stood on our storming-day:

With neck out-thrust, you fancy how,

Legs wide, arms locked behind,

As if to balance the prone brow

Oppressive with its mind"

''အဲဒီစစ်တိုက်တဲ့နေ့တုန်းကပေါ့။

မြေအမြင့်တစ်ခုပေါ်မှာ နပိုလီယန်က မတ်တတ်ရပ်နေတယ်။

သူ့ရဲ့လည်ပင်းကြီးကို ဆန့်လို့၊

သူ့ရဲ့ခြေထောက်နှစ်ဖက်ကို ကားလို့၊

လက်နှစ်ဖက်ကို နောက်ပစ်လို့၊

သူ့ပုံကို စိတ်ထဲတွေးမြင်ကြည့်လိုက်ပါ။

သူ့ဦးနှောက်ထဲမှာ လေးလံနေတဲ့ သောကတွေ ဖိစီးနေလို့

သူ့နဖူးကိုတောင် အောက်မစိုက်သွားအောင် ကြိုးစားနေရတဲ့အတိုင်းပါပဲ''

Ratisbon မြို့ကို သိမ်းနိုင်ခဲ့ပါပြီဟု သတင်းကောင်းရသွားခိုက် နပိုလီယန်၏ ဟန်အမူအရာက ဤသို့ဖြစ်၏။

"The Chief's eye flashed; his plans Soared up again like fire"

''အရှင်သခင် နပိုလီယန်၏ မျက်လုံးများ တောက်ပလာ၏။

သူ၏ အကြံအစည်များ မီးကဲ့သို့ တဟုန်းဟုန်းတောက်ပြန်၏''

ထို့ပြင် နပိုလီယန်၏ သူ၏ရဲဘော်များအပေါ် ထားရှိသော ကရုဏာသည် သူ့အမှုကို ထမ်းရကိုျးနပ်ကာ သေပျော်မလောက်ဖြစ်အောင် လွှမ်းမိုးထားနိုင်စွမ်း ရှိပုံများကိုလည်း ရေးဖွဲ့ထားသည်များ တွေ့ဖူးပါသည်။

၁၈၁၄ ခုနှစ်မှာ စစ်ရှုံးခဲ့သော နပိုလီယန်သည် အီတလီနှင့် ကော်စီကာကြားက ကျွန်းကလေး တစ်ကျွန်းဖြစ်သောElba ကျွန်းဆီသို့ အပို့ခံခဲ့ရသည်။ နပိုလီယန်သည်Elba ကျွန်းကလေးကို အပို့ခံရစဉ် ထိုကျွန်းကလေးကို တွေ့မြင်ခိုက်’Able was I ere I saw Elba’ ''အယ်လ်ဘာကျွန်းကို မတွေ့ခင်မှာတော့ အကျွနု်ပ်သည် စွမ်းရည် စွမ်းအားနှင့် ပြည့်စုံသူဖြစ်ပေသည်''ဟု မြည်တမ်းခဲ့သည်ဟု ဆိုပါသည်။ ထိုအချိန်မှာ Lewis XVI ၏ ညီငယ်ဖြစ်သော Lewis XVIII က ပြင်သစ်ထီးနန်းကို ရခဲ့သည်။

နပိုလီယန်သည် နူဘေ ကျွန်းမှာ ၁ဝ လကြာနေခဲ့ရသည်။ ၁၈၁၅ ခုနှစ် မတ်လတွင် Elbaကျွန်းမှ တိတ်တဆိတ်ထွက်ပြေးခဲ့ပြီး အင်အား ၁၂ဝဝ ရှိ တပ်တစ်တပ်ဖြင့် ပြင်သစ်ကို ပြန်သိမ်းဖို့ ရွက်လွှင့်ခဲ့ကြသည်။ ပြင်သစ်ဆိပ်ကမ်းများသို့ ဆိုက်ကပ်တိုင်းမှာ များစွာသော မြို့ခံတွေက ကြိုဆိုခဲ့ကြပြီး သူ့အင်အားကို ဖြည့်ခဲ့ကြသည်။ Lewis XVIII ဘုရင် လက်အောက်မှ ကယ်တင်ပေးဖို့ ကယ်တင်ရှင်အလား သူ့ကို အလုံးအရင်းနှင့် ထောက်ခံခဲ့ကြသည်။ မတ်လ ၅ ရက်နေ့ ပြင်သစ်မြေကို ခြေချခိုက် ဘုရင် Lewis XVIII၏ တပ်တွေက နပိုလီယန်ရှေ့မှ ပိတ်ကာ သေနတ်များဖြင့် ချိန်ထားကြ၏။ နပိုလီယန်သည် တုံ့ဆိုင်းမှုမရှိစွာ ရှေ့တူရူသို့ လျှောက်သွား၏။ ပစ်မိန့်ပေးသံကို ကြားလိုက်ရပြီးနောက် တပ်သားများက ကျောက်ရုပ်တွေအလားရပ်လျက်၊ ကုတ်အင်္ကျီနှင့် ဦးထုပ်ဆောင်းထားသူ နပိုလီယန်ကို ကြက်သေသေ လျက် ကြည့်နေကြသည်။

နပိုလီယန်သည် သူ့ကုတ်အင်္ကျီကို ဖွင့်ကာ ရင်ကော့လျက် ''ရဲဘော်တို့ မင်းတို့ထဲက တစ်စုံတစ်ယောက်ကများ သူ၏အရှင် အင်ပါယာ ကို သတ်လိုစိတ်ရှိရင် သတ်ပါစေတော့။ ကျွနု်ပ် ဒီနေရာမှာ ရှိနေသည်''ဟု ဆိုလိုက်လေသည်။

''အရှင်နပိုလီယန် အသက်ရှည်ပါစေ''ဟူသော အော်သံများသည် မိုးပြိုသည့်အလား လွှမ်းခြုံသွားလျက် သေနတ်တွေချကာ နပိုလီယန် အား ကြိုဆိုလိုက်ကြလေတော့သည်။ နပိုလီယန်သည် သူ့အင်အားဖြင့် ပူးပေါင်းစေကာ မြို့တံခါးကိုပင် မြို့ခံလူများ၏ အားပေးမှုဖြင့် အလွယ် တကူ ဖွင့်လှစ်ကာ ကျော်လွန်နိုင်ခဲ့လေသည်။ တခို့ျသော နောက်တောက်တောက်လူတွေက ဘုရင် Lewis XVIII၏ နန်းတော်ရှေ့မှာ ''နပိုလီယန်မှ ဘုရင်လူးဝိစ်သို့... ကျွနု်ပ်ဆီ ဘယ်လိုတပ်တွေလွှတ်လွှတ် အသုံးမဝင်တော့ပါ။ ရပ်ဖို့ ကောင်းပြီ''ဟူသော စာတမ်းများ ချိတ်ဆွဲ ထားကြသည်။ မတ်လ ၂ဝ ရက်နေ့မှာ နပိုလီယန်သည် ပါရီသို့ သေနတ်တစ်ချက်မှ မပစ်ဖောက်လိုက်ရဘဲ ရောက်ရှိခဲ့သည်။ Lewis XVIII လည်း အထုပ်အပိုးပိုက်ကာ ထွက်ပြေးရတော့သည်။

၃ လကြာ နပိုလီယန်အုပ်ခုျပ်ခဲ့ပြီး ၁၈၁၅ ခုနှစ်ဂျွန်လ ၁၈ ရက်၌ ဝါတာလူးစစ်ပွဲတွင် စစ်ရှုံးခဲ့သည်။ ဤကားသူ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်လေတော့သည်။ သူ ထပ်ပြီး မအုပ်ခုျပ်နိုင်တော့ပါ။ သူ့ကို အာဖရိကအနောက်ဘက် မိုင် ၁၂ဝဝ အကွာ St.Helenaကျွန်းသို့ ပို့လိုက်၏။ ၁၈၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ထိုအရပ်၌ပင် ကွယ်လွန်လေသည်။

သူ မကွယ်လွန်မီလေးမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက နပိုလီယန်၏ ဘဝမှာ အပျော်ဆုံး အချိန်ကာလဟာ ဘယ်တုန်းကများ လဲဟု မေးခဲ့လေရာ နပိုလီယန်က ပါရီသို့ချီတက်ခဲ့စဉ်က သွေးမြေမကျခဲ့သော အောင်မြင်စွာ ချီတက်ခဲ့ရသည့် အချိန်အခါပါပဲဟု ဖြေကြားခဲ့ လေသတည်း။

Wednesday, August 9, 2017

ဂျူနီယာဝင်း – ဆုုံးရှူံးသွားတာတွေကုုိ အသက်ပြန်သွင်းပေးကြသူများ

ဂျူနီယာဝင်း – ဆုုံးရှူံးသွားတာတွေကုုိ အသက်ပြန်သွင်းပေးကြသူများ

(အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇
  
၁၉၉၁ ခုုနှစ်ထုုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုုထဲမှာ ဖတ်လုုိက်ရတဲ့ နည်းပညာသတင်းတစ်ပုုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုုန်ုတုုိင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတုုိက်ခံရတာတွေ အစရှိတဲ့ ဘေးဒုုက္ခတွေကုုိ ကြုံကြရရင် ဒါတွေအတွက် ဆုုံးရှူံးမူဒဏ် ခံရဖုုိ့ပဲရှိတယ်လိုု့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုုံးရှူံးမူတွေကုုိ ဘယ်လုုိ ဖြေရှင်းကြမလဲတဲ့။
သူ့ဆောင်းပါးအစမှာ အဲသလုုိ မေးခွန်းထုုတ်ထားပါတယ်။ အဲဒီလုုိဖြစ်ရပ်မျိူးတွေအတွက် ဖြေရှင်းပေးဖုုိ့ဆုုိပြီး ကုုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မုုိး မုုိရင်း စတင်မစ်တစ် ဘေးအန္တရယ်များ ကြောင့်ဖြစ်သော ဆုုံးရှူံးမူများကုုိ ပြန်လည်ပြုပြင်ပေးသော ကုုမဏီ“ (Blackmon Mooring Streamatic Castrophe Inc.) (BMS CAT) လည်းပါပါတယ်။ သူတုုိ့က ၂၄နာရီ ဝန်ဆောင်မူပေးမယ်လုုိ့ဆုုိတယ်။ လေဘေး၊ ရေဘေး၊ မီးဘေး၊ ဓါတုုဗေဒဘေး အစရှိတာတွေ ခံလုုိက်ရတဲ့ နေရာတွေအတွက် ဆုုံးရှူံးသွားတာတွေကုုိ ဘေးဒဏ်တွေ ခံပြီးပြီးချင်းမှာ အတတ်နိုု်င်ဆုုံး ပြန်လည် ရရှိအောင် လုုပ်ပေးမယ်လုုိ့ ကြေငြာထားပါတယ်။
အမေရိကန်ကမြို့နယ်တော်တော်များများမှာ ရှိတဲ့ BMS CAT ကုုမဏီတွေအပြင် အန္တလန်တာအရပ်ဒေသက TRC ကုုမဏီတုုိ့က ရေ၊လေ၊မီး၊ ဓါတုုဗေဒ၊ ဓါတ်ငွေ့တွေကြောင့် ပျက်ဆီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေ၊ စက်မူဆုုိင်ရာ ပစ္စည်းအကြီးစားတွေကုုိ အမြန်ဆုုံး ပြန်လည်အသုုံးချ၊ အလုုပ်ပြန်လုုပ် နုုိင်အောင် ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ “ပျက်စီးဆုုံးရှူံးသွားတာတွေကုုိ ပြန်လည်အလုုပ်လုုပ်နုုိ်င်အောင် ပြုပြင်ပေးသော BMS CAT, TRC ကုုမဏီ” တွေအကြောင်းကိုု အခုုဆောင်းပါးမှာ အသေးစိတ်တင်ပြသွားမှာဖြစ်လိုု့ BMS CATနဲ့ TRC လိုု့ဆုုိလုုိက်ရင် စာဖတ်သူများ က ဘေးဒဏ်ကြောင့် ပျက်စီးသွားတာတွေကုုိ ပြန်လည်ကောင်းမွန်အောင် လုုပ်ပေးတဲ့ ကုုမဏီတွေအဖြစ် နားလည်ပေးကြရန် ဖြစ်ပါတယ်။
BMS CAT နဲ့ TRC တုုိ့ဟာ ရေဘေးဒဏ်သင့်လုုိ့ ပျက်စီးသွားတဲ့ စာရွက်စာတမ်းတွေ၊ ဖုုိင်တွေကုုိ စိတ်ရှည်လက်ရှည်နဲ့ သန့်စင်ပေးမှာပါ။ အဆောက်အဦရဲ့ တစ်လက်မ စတုုရန်းကွက်ကလေးတကွက်စီကုုိလည်း သေချာစီစစ်ရာမှာ ပျက်စီးသွားတဲ့ ကော်ဇောတွေ၊ ပရိဘောဂတွေ၊ မျက်နှာကျက်တွေ၊ နံရံတွေ၊ ကြမ်းပြင် တွေကုုိ သေချာဂရုုတစုုိက် ပြုုုပြင်ပေးကြပါတယ်။ သူတိုု့လုုပ်ငန်းဟာ ၁ဝနှစ်အတွင်းကိုု အထူးအောင်မြင်ပြီး ကျယ်ပြန့်လာတယ် လုု့ိဆုုိပါတယ်။ BMS CAT နဲ့ TRC တွေ အောင်မြင်လာရတဲ့ အကြောင်းတစ်ချက်ကတော့ ကုုမ္မဏီလုုပ်ငန်း တွေအတွက် ဘေးဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေကိုု အသစ်ပြန်လည် ဝယ်ထည့်တာဟာ ပျက်စီးသွားတာတွေကုုိ ပြန်လည်အသုုံးချနုုိင်အောင် BMS CAT နဲ့ TRC တွေကုုိ အပ်လုုိက်တာက ပိုုလည်းမြန်ဆန်ပြီး ပိုုက်ဆံသက်သာလုုိ့ ဖြစ်ပါတယ်။
အာမခံလုုပ်ထားတဲ့အတွက် အာမခံကုုမဏီတွေအတွက်လည်း ပုုိပြီး တွက်ခြေကုုိက်တယ်လုုိ့ ဆုုိတယ်။ ပျက်စီးသွားတာတွေ ပြန်လည်အသုုံးချအောင် ပြင်ဆင်ပေးတဲ့ BMS CAT နဲ့ TRC တုုိ့တွေ ရှိလာတဲ့အတွက် ပုုိပြီးစိတ်ချရ၊ ပုုိက်ဆံလည်းသက်သာ၊ မြန်လည်းမြန်ဆန်တာကြောင့် အကြိုက်တွေ့လာကြတာ ဖြစ်ပါတယ်။ ငွေသန်းချီပြီး တော့သက်သာသွားတာပါပဲလုုိ့ အာမခံကုုမဏီက တာဝန်ရှိသူတွေက ပြောလာကြပါတယ်။
BMS CAT နဲ့ TRC တုုိ့တွေကြောင့် ကုုမဏီလုုပ်ငန်း ကြီးငယ်မရွေးအတွက်လည်း ရေ၊လေ၊ဓါတုုဗေဒ ဘေးဒဏ်တွေကြောင့် ပျက်စီးသွားရလုုိ့ ဒေဝါလီခံကြရမယ့်ကိစ္စမှာ သက်သာသွားရတာတွေ ကြုံကြရပါတယ်။ ရေတွေနဲ့ ပျက်စီးသွားတဲ့ထဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ စာချူပ်တွေဟာ BMS CAT တုုိ့လုုိ ကုုမဏီတွေကုုိအပ်နှံပေးလုုိက်လုုိ့ ပြန်ရခဲ့ရတဲ့ မှတ်တမ်းတွေ အများကြီး ဖြစ်လာပါတယ်။
ဆွစ်ဇာလန်အပ်ချူပ်စက်ကုုမဏီတစ်ခုုဟာ မီးလောင်မူဖြစ်ပွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ မီး၊ ရေ၊ မီးခုုိးနဲ့ ပြာတွေ အလိမ်းလိမ်းဖြစ်ပြီး ဘာမှသုုံးမရဖြစ်ခဲ့ရတာတွေကုုိ ၁၆ ပတ်အတွင်းမှာ အလုုပ်ပြန်လုုပ်နုုိင်အောင် BMS CATနဲ့ TRC တုုိ့က ဆောင်ရွက်ပေးနုုိင်ခဲ့ပါတယ်။ စက်ရုုံဟာ ရက်အနည်းငယ်အတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ အလုုပ်လည်း ပြန်လည်တွင်သွားတယ်။ အာမခံလည်း သိပ်မကုုန်တော့ဘူး။ TRC ကုုမဏီက အရာရှိတစ်ဦးဖြစ်သူ ဂျွန် ဆုုိက်တာ က ပြောရာမှာ သိပ်ကုုိကြီးမားတဲ့ လုုပ်ငန်းတစ်ခုု ပျက်စီးသွားလုုိ့ ပြန်လည်တည်ထောင်မယ်ဆုုိရင် ၁၈လလောက်က တော့ကြာမယ်။ ဒါပေမယ့် ပျက်စီးသွားတာတွေကုုိ စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြုပြင်မယ်ဆုုိရင် ဒိထက်မြန်မြန် အလုုပ်ပြန်လုုပ်လုုိ့ရမှာပဲ လုုိ့ဆုုိပါတယ်။
ဒီလုုိ BMS CAT နဲ့ TRC အဖွဲ့ကိုုအပ်လုုိက်တာက စျေးကြီးတာတော့မှန်တယ် ဒါပေမယ့် အသစ်ပြန်လည် ဝယ်ထည့်တာထက်တော့ သက်သာပါတယ်တဲ့။ မှန်းပြောရရင်တော့ ၁၀% ကနေ ၆၀% လောက်ကုုိ သက်သာသွားမှာဖြစ်ပါတယ်။ ပျမ်းမျှ ၂၅ % သက်သာမှာမိုု့ သူတိုု့လုုပ်ငန်းတွေ တုုိးတက်လာတာ အမှန်ပါပဲ။ BMS ကုုမဏီဥက္ကဌဖြစ်တဲ့ ကာ့ဘလက်မွန်က ဥပမာတစ်ခုုကုုိ ပြန်လည်ပြောရာမှာ ကွန်ပြူတာကုုမ္မဏီတစ်ခုု မီးလောင်သွားတဲ့အတွက် ကွန်ပြူတာအခြေခံပစ္စညး် ၂၅ခုု၊ အလုုပ်ရုုံ ၁၅၀ ဆုုံးရှူံးခဲ့ရာမှာ ဒါတွေကုုိ သူတုုိ့ အဖွဲ့ထဲ အပ်လုုိက်တဲ့အတွက် ဒေါ်လာ ၁ဝသန်း ကွန်ပြူတာတွေနေရာမှာ ဒေါ်လာ သိန်းရ၀၀ ကျသင့်ပြီး မူရင်းအတုုိင်း ပြန်လည် လည်ပတ်နုုိင်ခဲ့တယ် လုုိ့ဆုုိခဲ့ပါတယ်။
နောက်ဥပမာတစ်ခုုပြရရင် ၁၉၈၈ခုုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လော့အိန်ဂျယ်လစ် ဘဏ်တာဝါတစ်ခုု မီးလောင်ခဲ့ရာမှာ အထပ်ပေါင်း ၆၂ထပ်ရဲ့ ကြမ်းပြင် ၄ခုုစာ ဟာ ပျက်စီးသွားခဲ့ရတယ်။ မီးလောင်မူကြောင့် အပေါ်ထပ်တွေဟာ မီးဒဏ်သင့်ခဲ့ရတယ်။ အောက်ကအထပ်တွေဟာ ရေဒဏ်သင့်ခဲ့ရတယ်ပေါ့။ ဒါတွေကုုိ အလျင်အမြန်ပြုပြင်ဖုုိ့ လုုိအပ်လာပြီ။ ဒေါ်လာ ၂၂သန်းတန်ကွန်ပြူတာစနစ်တွေ ပျက်စီးသွားခဲ့ရတယ်။ BMS CAT ဟာ ဘဏ်ရဲ့ အဓိကအရေးကြီးအစိတ်အပုုိင်းတွေကုုိ အလျင်အမြန်ပြုပြင်ပေးနုုိင်ခဲ့တယ်။ အားလုုံးကုုိ နေသားတကျဖြစ်ဖုုိ့ ဒေါ်လာ ၁ဝသန်းကျော် ကုုန်ကျခဲ့တယ်။ TRC က ဘဏ်အဆောက်အဦရဲ့ ပျက်စီးမူတွေကုုိ ပြန်လည် ပြုပြင်ပေးခဲ့တယ်။ အားလုုံးစုုစုုပေါင်း ဒေါ်လာ ၁၄ သန်းကုုန်ကျခဲ့ပါတယ်။
အရင်ဆုုံး တာဝန်ရှိသူ ကြီးကျပ်သူက အပေါ်စီးကနေ လေယျာဉ်နဲ့ ပျက်စီးသွားတဲ့နေရာကုုိ ကြည့်ရူရတယ်။ BMS CAT ကုုမဏီတွေဟာ အပြင်ဖက်က မီးအရှိန်ဟပ်မူကြောင့် ပျက်စီးနေတဲ့ သစ်ပင်တွေ၊ အိမ်တွေ၊ လမ်းတွေ၊ ခြံစည်းရုုိးတွေမှာ ပေကျံနေတဲ့ အရာအားလုုံးကုုိ ဆီတစ်မျိူးနဲ့ သုုတ်သင်ရှင်းလင်းပစ်ပါတယ်။ သူတုုိ့အတွက် လူအကူ တွေငှားပြီး မီးလောင်မူ ဖြစ်ပွားတဲ့ အတွင်းပိုုင်းထဲကုုိ ဝင်ခုုိင်းပြီး လေကောင်းလေသန့်ဝင်တဲ့ စနစ်တစ်ခုုနဲ့ အတွင်းထဲက အပူဓါတ်ကုုိ ထုုတ်ပြီး အေးမြအောင်လုုပ်ရပါတယ်။ အတွင်းထဲက ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ဖလော်ပီဒစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ နံရံ၊ ကြမ်း၊ ကော်ဇော၊ မီးလုုံးတွေကအစ သန့်ရှင်းရေး လုုပ်ပါတယ်။ အဲဒီအတွက် ရေစုုတ်ကရိယာနဲ့ ကျပ်ခုုိးတွေဖယ်ပစ်တဲ့ စနစ်တွေကုုိ သုုံးရပါတယ်။ ဒီလုုိနေရာမှာ သုုံးဖုုိ့ လူတွေ့စစ်ဆေးမူတွေ လုုပ်ထားရပါတယ်။ လူ၂၀၀ သုုံးမယ်ဆုုိရင် လူ၈၀၀ အင်တာဗျူးပါတယ်။ ၂ရက်အတွင်း အလုုပ်စလုုပ်ပါတယ်။ အလုုပ်ဟာ အနည်းဆုုံး ၂ပတ်တော့ ကြာပါတယ်။ ဦးစီးတဲ့သူ ၂၅ဝလောက်ခန့်ပါတယ်။ တစ်နှစ်ကုုိ အကြိမ် ၁ဝဝလောက် လုုပ်ငန်းခွင် ဝင်ကြရပါတယ်။ သူတုုိ့မှာ လူ၄ဝလောက်နဲ့ဖွဲ့စည်းထားတယ်။ ဓါတုုဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ တခြားသော ကျွမ်းကျင်ပညာရှင်တွေကုုိ လည်းငှားထားရပါတယ်။
၆၂ထပ်မှာ အဓိကအားဖြင့် ပြဿနာကတော့ ကျပ်ခုုိးတွေပေကြံနေတဲ့ စားပွဲတွေ၊ ဘီဒုုိတွေ၊ အံဆွဲတွေဖြစ်တယ်။ ဒါ့အပြင်ရေတွေကြောင့် ပျက်စီးနေတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ အချက်အလက်တွေသိမ်းဆည်းထားတဲ့ ဖုုိင်တွေပါပဲ။ TRC ဟာ တောင်တက်သမားတွေငှားပြီး ၃၃ထပ်က နေစလုုိ့ ဓါတ်လှေကားတစ်လျောက်ကုုိ တက်ခိုုင်းပီး သူတုုိ့အဖွဲ့သားတွေအတွက် လမ်းဖွင့်ခုုိင်းပါတယ်။ အဖွဲ့သားတွေဟာ ဂါလန် ၅ဝဝဝလောက်ရှိတဲ့ ဆီချေးတွေကုုိ ဖျက်တဲ့ အဆီကုုိ သုုံးပြီး ဓါတုုဗေဒဆုုိင်ရာ စုုတ်တဲ့ ပစ္စည်း ၁၇၉ ၄၅ခုု၊ ပေါင် ၁၅၄၀၀ စာလောက်ရှိတဲ့ အဝတ်စတွေ၊ ထောင်ချီတဲ့ သပွတ်တံတွေ၊ ခြောက်အောင်လုုပ်တဲ့ ကရိယာတွေ၊ ၀ါယာာကြိုးတွေနဲ့ ဂွမ်းတွေ အသုုံးပြုကြရတယ်။ ဓါတုုဗေဒပစ္စည်းတွေ၊ လှေကားတွေ၊ ခံနုုိင်ရည်ဦးထုုတ်တွေ၊ ခြင်းတွေ၊ တောင်းတွေနဲ့ ကိုုယ့်ကျရာ ကဏ္ဍကုုိ လုုပ်ဆောင်ကြရတယ်။
သူတုုိ့လုုပ်ရတဲ့ အမြန်နှူန်းဟာ အရေးကြီးပါတယ်။ မြန်လေ၊ ကောင်းကောင်း ပြန်ရလေဖြစ်တယ်။ ပျက်စီးမူနှူန်းဟာ မြန်တယ်။ ဒါကြောင့် ဒီ့ထက်ပုုိမပျက်စီးခင် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အလုုပ်လုုပ်ရပါတယ်။ ဘေးဒဏ်တစ်ခုုကြုံပြီဆုုိတာနဲ့ တန်ဖုုိးရှိတာတွေ ပြန်ရစေချင်ရင် သူတုုိ့လက်ထဲ အမြန်အပ်လုုိက်တာ အကောင်းဆုုံးပါပဲ။ အဖြစ်အပျက်ပေါ်မူတည်ပြီး စျေးနှူန်းတွေက ကွာပါတယ်။ ဆုုံးရှူံးမူ အသေးအမွှား လောက်ပဲ ပြုပြင်မူတွေဆုုိရင်တော့ အနည်းဆုုံး ဒေါ်လာ ၃သောင်းခွဲကနေ ဒေါ််လာ သန်းအနည်းငယ် တော့ကုုန်မှာဖြစ်တယ် လုုိ့တွက်ပြထားတယ်။ အဲဒီအဖွဲ့တွေဟာ ဘယ်လောက်သေးတဲ့ ပျက်စီးမူပဲဖြစ်ဖြစ် သေချာ ကောင်းကောင်းမွန်မွန် လက်ခံဆောင်ရွက်ပေးတယ် လုုိ့ဆုုိတယ်။
တခါတရံမှာလည်း ဓါတုုဗေဒပစ္စည်းတွေကြောင့် ပျက်စီးရတာတွေရှိပါတယ်။ သိပ်ကုုိ တန်ဖုုိးရှိပြီး နုုနယ်တဲ့ စက်ရုံထုုတ်ပစ္စည်းတွေဆုုိရင်လည်း သူတုုိ့က အသေးစိတ်ဆောင်ရွက်ပေးပါတယ်။ အက်စစ်ဓါတ်ငွေ့တွေကြောင့် မီးလောင်မူတွေဖြစ်လုုိ့ ရေဂါလန်တွေ ထောင်နဲ့ချီပြီး ငြိမ်းသတ်ခဲ့ရတဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ စက်ရုုံအတွင်းပုုိင်းတွေဟာ ပင်လယ်ထဲက ရေတွေနဲ့ ငြိမ်းသတ်ခဲ့ရတာကြောင့် မီးငြိမ်းသွားတဲ့အခါ ပင်လယ်ရေညှိတွေတက်နေတဲ့ ရေညစ်တွေကြားထဲ တော်တော် ပျက်စီးသွားခဲ့ရတယ်။ အဲယားကွန်းစက်တွေ၊ လျှပ်စစ်လှေကားတွေ၊ ဓါတ်လှေကားတွေ၊ မော်တာတွေ၊ အစားအစာလုုပ်တဲ့ ပစ္စည်းကရိယာတွေ အစရှိသဖြင့်ဟာ သုုံးမရတော့လောက်အောင် ဒုုက္ခရောက်နေတာတွေ တွေ့မြင်ကြရတယ်။ ဒါတွေအတွက်လည်း သူတိုု့ဟာ အသေးစိတ်ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုုနှစ်တုုန်းကဖြစ်ပွားခဲ့တဲ့ ဆန်ဖရန်စစ်စကုုိ က ငလျင်ဘေးတုုန်းကဆုုိရင် BMS CAT နဲ့ TRC အဖွဲ့တွေဟာ အများကြီး လှူပ်ရှားခဲ့ရပါတယ်။
BMS CAT ဟာ အခုု ၂၀၁၇ ဆုုိရင် သက်တမ်းအားဖြင့် ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၄၈ခုုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတုုိ့စစချင်းလုုပ်ငန်းဟာ အိမ်တွေ၊ ဆိုုင်တွေ၊ ကုုမဏီတွေအတွက် အိမ်ထောင်ပရိဘောဂများသန့်စင်ခြင်း၊ အရောင်တင်ခြင်း ဖြစ်ပါတယ်။ ဒီလုုိနဲ့တဖြေးဖြေး မီးဘေး၊ရေဘေးဒဏ်သင့်လုုိ့ ပျက်စီးသွားတာတွေကုုိ ပြန်လည်အသုုံးချလုုိ့ရအောင် ပြုပြင်ပေးတဲ့ လုုပ်ငန်းတွေအဖြစ် တုုိးချဲ့လာတယ်။ ၁၉၈၁ခုုနှစ်ကစလုုိ့ ကမ္ဘာနုုိင်ငံတွေကြားထဲ အသိအမှတ်ပြုလာတဲ့ လုုပ်ငန်းဖြစ်လာပြီး အာရုုံစုုိက်ခံခဲ့ရတာပါ။ ဒါဟာ ကမ္ဘာအနှံ့အပြား ကြုံတွေ့နေကြရတဲ့ သဘာဝဘေးတွေကြောင့်လည်း လုုပ်ငန်းဟာ ပုုိတွင်ကျယ်လာရတာ ဖြစ်ပါတယ်။ သူတုုိ့တတွေရဲ့ ကြွေးကြော်သံကတော့ သူတုုိ့ဟာ စေတနာရှိတယ်။ သူတုုိ့အလုုပ်ကိုု ချစ်မြတ်နုုိ်းတယ်။ တန်ဖုုိးထားတယ်။ ဒါဟာ သူတုုိ့အလုုပ်အောင်မြင်လာရတဲ့သော့ချက် ဖြစ်ပါတယ်တဲ့။
မီး၊ ရေ၊ လေ၊ သဘာဝ ဘေးသင့်လုုိ့ တစ်ခုုခုုဖြစ်ရင် ဘာမှပြန်မရတော့ဘူးလုုိ့ လူတွေက အလွယ်တကူတွေးပြီး ပျက်စီးသွားတာတွေကုုိ လွှတ်ပစ်လုုိက်ဖုုိ့ပဲ တွေးကြတာများပါတယ်။ နာဂစ်မုုန်တုုိင်းကျတုုန်းက တန်ဖုုိးရှိစာအုုပ်တွေဟာ ရေဒဏ်ကြောင့် စာမျက်နာတွေကပ်ပြီး ခွာမရတော့လုုိ့ နမြောသာလည်း လွှတ်ပစ်ခဲ့ရတာတွေ ပြန်မြင်ယောင်နေမိတယ်။ BMS CAT နဲ့ TRC လုုိအဖွဲ့တွေ ငါတုုိ့မြန်မာပြည်မှာ ရှိရင်တော့ ယနေ့ခေတ်မှီလာတဲ့ နည်းပညာတွေနဲ့ဆုုိ ပြန်ရချင်လည်း ရနုုိင်တာပေါ့လေ လုုိ့သည်ဆောင်းပါးလေးရေးရင် တွေးနေမိပါတယ်။

ဂျူနီယာဝင်း

Thursday, August 3, 2017

အဖိုးတနျ စကားတစျခှနျး ဂျူနီယာ၀င်း

  အဖိုးတနျ စကားတစျခှနျး  ဂျူနီယာ၀င်း

(ပိတောက်ပွင့်သစ်၊ ဧပြီလ၊ ၂ဝဝ၆ ခုနှစ်။)

အဖိုးတန် စကားတစ်ခွန်း

If ဟူသည့် အသုံးတစ်ခုကို လေ့လာရင်းနဲ့ စိတ်ဝင်စားစရာတွေ တွေ့လာရပါသည်။ If ကို ''ဒါဖြင့်ရင်... ဒါဖြစ်သည်''ဟူသော အသုံးမိုျးတွင် သုံးလေ့ရှိပါသည်။ ''အကယ်၍များ''၊ ''ဒါဖြင့်ရင်...'' စသည်တို့သည် သူ့အဓိပ္ပာယ်ဖြစ်သည်။ If it rains… ဆိုလျှင် ''မိုးရွာလို့ရှိရင်...''၊ ''အကယ်၍ မိုးရွာရင်...''ဟု ဆိုလိုသည်။ အမှန်တော့ If ဆိုသည့်စကားလုံးကို Rudyard Kipling ၏ If ကဗျာကို ဖတ်ရင်းနှင့် အတွေးတွေ ပေါ်လာတာဖြစ်သည်။

Rudyard Kipling ၏ Ifအကြောင်းမစခင်မှာ အမည်မသိကဗျာဆရာတစ်ဦး၏ If ကဗျာတစ်ပုဒ်ကို စဉ်းစားကြည့်ပါမည်။ သူ့ ကဗျာမှာ If ကို သုံးထားပုံက ယခုလိုဖြစ်သည်။

"If all the men were one man,

What a great man that would be."

ဟု သုံးထားသည်။

''အကယ်၍များ လူတွေအားလုံးက တစ်ယောက်တည်းဖြစ်သွားရင်

ဘယ်လောက်ကြီးတဲ့လူ အကြီးကြီးဖြစ်မလဲ''ဟု ဆိုလိုသည်။

"If all the men were one man,’ဟူသော စာကြောင်းတစ်ဝက်ကို ဘာသာပြန်ကြည့်လျှင် ''အကယ်၍များ လူတွေအားလုံးက တစ်ယောက်တည်း ဖြစ်သွားရင်''ဟူ၍ ဖြစ်သည်။ ထိုစာကြောင်း မဆုံးသေးပါ။ သို့သော် ထိုစာကြောင်း တစ်ဝက်ကို အဓိပ္ပာယ်ပြန်ကြည့် လျှင် ထိုကဲ့သို့ တစ်ဝက်တစ်ပျက်တော့ ရေးလို့ရသည်။ နောက်ဆက်တွဲစာကြောင်းကို ဖြည့်ရေးမှ အဓိပ္ပာယ်က ပြည့်စုံသွားသည်။ ပထမတစ် ပိုင်းဖြင့် အဓိပ္ပာယ်မပြည့်စုံကြောင်း လူတိုင်းသိပါသည်။ Rudyard Kipling၏ If ကဗျာတွင် ထိုကဲ့သို့ သော တစ်ဝက်တစ်ပျက် စာကြောင်း ဆယ်ကြောင်းမကဖြင့် တည်ဆောက်ထားသည်။ သူ့ကဗျာတွင် ''အကယ်၍များ''ဟူသော တစ်ဝက်စာကြောင်းများ များစွာပြီးမှ နောက်ဆုံးအပိုဒ်တွင်မှ '' ... ဖြစ်သည်'' ဟု ကဗျာ၏ အစကတည်းက ချီလာသော Ifစာကြောင်းများ၏ အပိတ်အဖြစ် အဆုံးသတ်ထား သည်။

"If you can keep your head when all about you

Are losing theirs and blaming it on you;"

စာကြောင်းကမဆုံးသေးကြောင်း ရှင်းပါသည်။ သူ့ အဓိပ္ပာယ်မှာ ဤသို့ဖြစ်၏။

''အကယ်၍များ 

မင်းနံဘေးက လူတွေက စိတ်မထိန်းနိုင်ဖြစ်တဲ့အခါ

မင်းက မင်းရဲ့စိတ်ကို ထိန်းထားနိုင်လို့ရှိရင်...''

''မင်းရဲ့စိတ်ကို ထိန်းထားနိုင်လို့ရှိရင်...'' ဘာဖြစ်မလဲဟု သိချင်လာရမည်။ သို့သော် ရှေ့ကပြောထားသလို If ပုံစံတွင် အဖြေက နောက်မှကပ်၍ ပါမလာပါ။ နောက်ထပ် If စာကြောင်းတွေ ရှိနေသေးသည်။

"If you can trust yourself when all men doubt you.

But make allowance for their doubting too."

''အကယ်၍များ

သူတို့မင်းကို သံသယရှိနေတဲ့အခါ

မင်းက မင်းရဲ့ယုံကြည်မှုအပြည့်နဲ့ သူတို့ကို

နားလည်နိုင်လို့ရှိရင်...''

ထိုကဲ့သို့သော If... အကယ်၍များ ဆိုသည့် စာကြောင်းတစ်ဝက်များ ဆယ်ကြောင်းမကပြီးမှ အဖြေက နောက်ဆုံးအပိုဒ်တွင်ရှိသည်။ နောက်ဆုံးစာကြောင်းကို ကျော်ဖတ်လို့ရသည်။ အဲဒီလို ကျော်မဖတ်ခင်မှာ ယခုလို စဉ်းစား၍ရသည်။

''အကယ်၍ မင်းရဲ့နံဘေးကလူတွေက

စိတ်မထိန်းနိုင်ဖြစ်ချိန်မှာ

မင်းက မင်းရဲ့စိတ်ကို ထိန်းထားနိုင်ရမည်။

အကယ်၍ သူတို့က

မင်းကို သံသယရှိ နေတဲ့အခါ

မင်းက မင်းရဲ့ယုံကြည်မှု အပြည့်နဲ့

သူတို့ကို နားလည်နိုင်ရမည်''

ထိုအခါ အဓိပ္ပာယ်ပြည့်စုံသော စာကြောင်းများအဖြစ် မြင်တွေ့ကြရသည်။ သို့သော် If ကဗျာမူရင်း အဓိပ္ပာယ်မပြည့်စုံပါ။ ဤသို့ စဉ်းစား၍ရသော်လည်း မူရင်းအဓိပ္ပာယ်မဟုတ်ပါ။ ကဗျာ၏ ပထမအပိုဒ်ကို လေ့လာပြပါမည်။ အထက်ဖော်ပြထားသော If စာကြောင်း နှစ်ကြောင်းကို ထပ်မဖော်ပြတော့ပါ။

"If you can wait and not be tired by waiting.

Or.being lied about, don't deal in lies.

Or, being hated, don't give way to hating.

And yet don't look too good, nor talk too wise;"

''အကယ်၍များ... 

မင်းမှ စိတ်ရှည်သည်းခံမှုစိတ် အပြည့်ရှိလို့ရှိရင်... 

ဒါမှမဟုတ်

သူများတွေက လိမ်ညာပေမယ့်

မင်းက လိမ်ညာလို့ ရှိရင်...

ဒါမှမဟုတ်

သူများတွေက မုန်းတီးနေပေမယ့်

မင်းက မမုန်းတီးဘဲနေနိုင်လို့ရှိရင်...

ပြီးတော့

မင်းက အေးအေးဆေးဆေးနေနိုင်ပြီး

သူများတွေကို ဆရာမလုပ်ဘဲ

နေနိုင်လို့ရှိရင်...''

အဲဒီလိုနေနိုင်လို့ရှိရင် ဘာဖြစ်မှာလဲဟု ကဗျာဖတ်သူက သိချင်လာရမည်။ အဖြေကို သိချင်လျှင် နောက်ဆုံးအပိုဒ်ကို ကျော်ဖတ်ရလိမ့် မည်။

".....

Yours is the Earth and everything thatls in it.

And-which is more-you'll be a Man, my son!" 



''အဲဒီအချက်တွေ အားလုံးပြီးပြည့်စုံပြီ

ဆိုရင်တော့...

တစ်လောကလုံးကို မင်းပိုင်ပြီ။

ဒီထက်မက ပြောရရင်တော့... 

မင်းလူဖြစ်ပြီ... လူကလေး''

ကဗျာတစ်ခုလုံးကို နိဂုံးခုျပ်ပေးလိုက်သော If ပုံစံ၏ စာကြောင်းနောက်ဆက်တွဲအပိတ်ဖြစ်ပါသည်။ ထိုနောက်ဆုံးစာကြောင်းရောက်မှ သာလျှင် ''သြော်... ဒီလိုကိုး''ဟု ကဗျာဖတ်သူက တလေးတနက် တွေးပြီး ကျေနပ်သွားရသည်။ ထိုစာကြောင်းရောက်မှပဲ သက်ပြင်းချရ သည်။ ယင်းသည် ထို If ကဗျာ၏ စတိုင်လ် ဖြစ်ပါသည်။ သို့သော် ရှေ့တုန်းကပြောထားသလို If ကဗျာတွင် တစ်ပိုင်းတစ်စစာကြောင်း ဆယ်ကြောင်းမကရှိနေသည်။ ထို့ကြောင့် ကျော်သွားသော ကဗျာ၏ ဒုတိယအပိုဒ်၊ တတိယအပိုဒ်နှင့် နောက်ဆုံးအပိုဒ်ကို ယခု ဖော်ပြသွားပါ မည်။

ဒုတိယအပိုဒ်

"If you can dream- and not make dreams your master;

If you can think-and not make thoughts your aim;

If you can meet with triumph and disaster

And treat those two imposters just the same;

If you can bear to hear the truth you've spoken

Twisted by knaves to make a trap for fools,

Or watch the things you gave your life to be broken.

And stoop and build'em up with wornout tools;"

''အကယ်၍များ

မင်းစိတ်ကူးတွေ များစွာရှိသော်လည်း

စိတ်ကူးထဲမှာကြီးပဲ မျောမနေလို့ရှိရင်...

အကယ်၍များ

မင်းမှာ အတွေးတွေ ရှိသော်လည်း

အတွေးတွေထဲမှာပဲ နစ်မွမ်းမနေလို့ရှိရင်...

အကယ်၍များ

မင်းကြုံတွေ့ရတဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကို

အယောင်ဆောင်နေတဲ့

အရာတွေပဲလို့ ထပ်တူထပ်မျှ

မင်းသဘောထားနိုင်လို့ရှိရင်...

အကယ်၍များ မင်းပြောတဲ့အမှန်စကားကို

ကြားလူတွေက အထင်အမြင်မှားအောင်

လှည့်ပတ်ပြောဆိုပြီး

မင်းကို ထောင်ခြောက်ဆင်တာကို

မင်းခံနိုင်ရည်ရှိလို့ရှိရင်...

ဒါမှမဟုတ်

မင်းအသက်နဲ့လဲပြီး တည်ဆောက်ခဲ့တာတွေ

သဲထဲရေသွန်သလို အလဟဿဖြစ်သွားတာကို

ကြည့်နိုင်လို့ရှိရင်... ပြီးတော့...

အဲဒါတွေကို ပင်ပင်ပန်းပန်းပြန်ပြီး

မင်းကိုယ်တိုင် တည်ဆောက် နိုင်စွမ်း

ရှိလို့ရှိရင်...''

တတိယအပိုဒ်

"If you can make one heap of all your winnings.

And risk it on one turn of pitch-and- toss,

And lose and start again at your beginnings

And never breathe a word about your loss;

If you can force your heart and nerve and sinew

To serve your turn long after they are gone.

And so hold on when there is nothing in you.

Except the Will which say to them: "Hold on"

''အကယ်၍များ

ကိုယ်ရလာတဲ့ စီးပွားဥစ္စာတွေ

အကုန်လုံးကို စွန့်စားပြီး ရင်းနှီးမြှုပ်နှံလို့ရှိရင်

အဲဒီရင်းနှီးမြှုပ်နှံထားတာတွေ အကုန်လုံး

တစ်နေရာထဲမှာ ဆုံးရှုံးသွားလို့ရှိရင်

မင်းဟာ အစကနေပြန်စရဲတဲ့ သတ္တိရှိပြီးတော့

မင်းရှုံးနိမ့်မှုတွေရဲ့ အကြောင်းကိုလည်း

ဘာတစ်ခွန်းမှ ပြန်မပြောဘဲနေနိုင်လို့ရှိရင်...

အကယ်၍များ

မင်းကိုယ်မင်း 'တောင့်ထားစမ်း' ဆိုပြီး

တင်းထားတဲ့စိတ်ကလွဲလို့

တခြားဘာမှ မကျန်တော့တာတောင်မှ

မင်းဟာ အရှုံးမပေးဘဲ နေနိုင်လို့ရှိရင်...''

စတုတ္ထအပိုဒ်

"If you can talk with crowds and keep your virtue,

Or walk with kings-nor lose the common touch;

If neither foes nor loving friends can hurt you;

If all men count with you, but none too much;

If you can fill the unforgiving minute

With sixty seconds' worth of distance run- 

Yours is the Earth and everything thatls in it,

And- which is more-you'll be a Man, my son!"

''အကယ်၍များ

မင်းသာ သာမန်လူတွေနဲ့

ဆက်ဆံတဲ့အခါဖြစ်ဖြစ်၊ ဘုရင်တွေနဲ့အတူ

လမ်းလျှောက်တဲ့ အခါဖြစ်ဖြစ်၊

မင်းရဲ့အကျင့် သီလနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို

ဆက်လက်ပြီး ထိန်းထားနိုင်လို့ရှိရင်...

အကယ်၍များ

မင်းရဲ့ရန်သူတွေ အပေါ်မှာရော၊

မင်းချစ်တဲ့ သူငယ်ချင်းတွေ အပေါ်မှာပါ၊

မင်းရဲစိတ်က

တစ်သမတ်တည်း ထားနိုင်လို့ရှိရင်

ဆိုလိုတာက မင်းရဲ့ရန်သူပဲဖြစ်ဖြစ်၊

မင်းချစ်တဲ့ သူငယ်ချင်းကဖြစ်ဖြစ်

မင်းကို ဘယ်လိုမှ

ထိခိုက်အောင် မလုပ်နိုင်လို့ရှိရင်...

အကယ်၍များ

လူတွေအားလုံး မင်းအတွက်

အရေးကြီးတာပဲဆိုပေမယ့်

အဲဒီအရေးကြီးမှုဟာ

သိပ်အများကြီးမဟုတ်ဘူးဆိုတာကို

မင်းက သဘောပေါက်ထားလို့ရှိရင်...

အကယ်၍များ

မိနစ်တိုင်း၊ စက္ကန့်တိုင်းကို မင်းအတွက်

အရေးပါအောင် သုံးနိုင်ပြီဆိုလို့ရှိရင်...

အထက်က အချက်တွေအားလုံး

မင်းပြည့်စုံပြီ ဆိုရင်တော့

တစ်လောကလုံးကို မင်းပိုင်ပြီ။

ဒီထက်မက ပြောရရင်တော့

မင်းလူဖြစ်ပြီ... လူကလေး။''

နောက်ဆုံးစာကြောင်းသည် ကဗျာတစ်ခုလုံး၏ အဆုံးသတ်စကားဖြစ်၏။ If ဟူသော အသုံးများအားလုံးကို ပြည့်စုံအောင် ဖြည့်ပေး လိုက်သော အဖြေတစ်ခုပင် ဖြစ်သည်။ Rudyard Kipling ၏ If ကဗျာသည် နာမည်ကျော်ကဗျာတစ်ပုဒ်ဖြစ်သည်။ သူ့ကဗျာကို ဖတ်ပြီး ခွန်အားသစ်တွေရလာ၏။ တွေဝေနေသူများကို လမ်းပြပေးရာရောက်၏။ ထိုကဗျာနှင့် ပတ်သက်ပြီး အတိုင်းတိုင်း၊ အပြည်ပြည်မှ ကဗျာချစ်သူ တို့၏ ခံစားရပုံများစွာကို Internetတွင် ရှာဖွေဖတ်ရှုနိုင်ကြသည်။

ကဗျာချစ်သူတစ်ဦးက Ifကဗျာပထမအပိုဒ်ကြောင့် ကျွနု်ပ်မှာ အင်အားတွေ တိုးလာရပါသည်။ အဲဒီလိုကျင့်သုံးနိုင်ခြင်းဖြင့် ကျွနု်ပ်တို့ ဘယ်လောက်ခွန်အား ရှိသလဲဆိုတာကို တွေ့မြင်စေ၏။ ၄င်းတို့၏ ရှက်ဖွယ်ကောင်းလှသော အပြုအမူများကို သူတို့ဘာသာတွေ့မြင်ရသွားစေ ၏။ လူတစ်ယောက်လျှောက်ရမည့်လမ်းကို ခင်းပေးလိုက်သော ကဗျာတစ်ပုဒ်ဖြစ်ပေသည်''ဟု ဆိုထားပါသည်။ ကဗျာ၏ ဒုတိယအပိုဒ်နှင့် ပတ်သက်၍ ''ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို ညီတူညီမျှသော အမြင်ဖြင့် ကြည့်ရှုနိုင်ဖို့ ကဗျာက ဆိုထားပါသည်။ ဒါတွေဟာ တကယ် မဟုတ်ဘူး။ အယောင်ဆောင်တွေပဲလို့ သတိပေးလိုက်တာပဲ ဖြစ်ပါသည်''

ကဗျာ၏ တတိယအပိုဒ်နှင့် ပတ်သက်၍ ''ကဗျာဟာ ကိုယ်ရဲ့ အကျင့်သီလနှင့် ဂုဏ်သိက္ခာ မထိပါးမိစေဖို့ပဲ သတိပေးထားပါသည်။ ကဗျာဆရာဟာ လူတစ်ယောက်၏ ပန်းချီကားကို ကောင်းစွာချယ်မှုန်းပြသထားပါသည်။ ဒါတွေဟာ လိုက်နာကျင့်သုံးအပ်သော သီလသမာဓိ များပဲ ဖြစ်ပါသည်'' နောက်ဆုံးအပိုဒ်နှင့် ပတ်သက်၍ ''ကျွနု်ပ်တို့သည် ဘဝ၏ အချိန်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းစွာအသုံးချ တတ်ရပါမည်။ ကောင်းသောအချိန်အခါနှင့် ဆိုးရွားကြမ်းတမ်းသော အချိန်အခါကို ထပ်တူတန်ဖိုးရှိသော ဘဝ၏ မှတ်တိုင်တွေအဖြစ် ယူဆသတ်မှတ်ထားရမည်''ဟု ဆိုထားကြပါသည်။



စာဖတ်သူများအနေနှင့်လည်း တန်ဖိုးရှိသော ကဗျာတစ်ပုဒ်၏ အဖိုးတန်မှတ်သားရသမျှကို ခံစားဖတ်ရှုခြင်းဖြင့် ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

Tuesday, August 1, 2017

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဂျူနီယာဝင်း


သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်
သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဂျူနီယာဝင်း

(ပိတောက်ပွင့်သစ်

ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။

လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား။ စက်ပစ္စည်း တွေ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက် အတန့် အချိန်ပိုင်းလေးတစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁ဝ နှစ်၊ နောက် နှစ် ၂ဝ၊ နှစ် ၁ဝဝ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခအဖြစ်ကလေးတွေဟာ 'ဟိုးရှေးရှေးတုန်းကပေါ့... ဆိုတဲ့ ပုံပြင်တစ်ပုဒ်လို ကျန်ရစ်ခဲ့ရပြီထင်ပါရဲ့။ ငယ်စဉ်က နားထောင်ခဲ့ ရဖူးတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ ဆိုရပေတော့မည်။

ဗာဂျီနီးယားအနောက်ဘက်က Hilldaleအရပ်ဒေသနားတွင် Big Bend မီးရထားလိုဏ်ခေါင်းတစ်ခု ရှိပါသည်။ ထိုနေရာတွင် သံလို မာကြောကာ ခွန်အားအပြည့်ရှိ၍ သန်စွမ်းလှသည့် Driving Manဟူသည့် လူသားတစ်ဦး၏ နားခိုရာဝိညာဉ်တစ်ခုရှိလေသည်။

"There lies a steel drivin' man, Lord,lord

There lies a steel drivin' man"

ထိုနေရာမှာပေါ့ သံလိုမာကြောသန်စွမ်းလှသည့် လူသန်ကြီးတစ်ဦး ရှိနေပါသည်တဲ့။ သူ့အမည်က John Henry ဖြစ်ပါသည်။ တောင်တွေကိုဖြိုကာ မီးရထားသံလမ်းတွေ၊ လိုဏ်ခေါင်းတွေ တူးဖောက်ရသော အလုပ်ကြမ်းတွေကို driving man လူသန်ကြီးတွေက လုပ်ကြရပါသည်။ John Henry က ထိုလူသားတွေထဲက တစ်ဦးဖြစ်လေသည်။ မာကြောတဲ့ ကျောက်တုံးကျောက်စိုင်တွေကို လွန်ပူဖြင့် ဖြစ်စေ၊ စူးဖြင့်ဖြစ်စေ ဖောက်ဖို့အတွက် ခွန်အားလိုပါသည်။ ၁၈ရဝ ခုနှစ် လိုဏ်ခေါင်းဖောက်စက်များ၊ တူးဖော်စက်များ မပေါ်မီက လူ့ စွမ်းအားသုံး၍ ဖောက်ဖို့ရန် Steel driving men တွေ လိုအပ်လှပါသည်။ မီးရထားလိုဏ်ခေါင်းတွေ ၁၈ရဝ မတိုင်မီက ဆောက်လုပ်နိုင်ကြ တာကို ကြည့်၍ steel driving men တွေ အများအပြားရှိခဲ့သည်ဆိုတာကို သက်သေခံလျက်ရှိနေပါသည်။ ထိုသံလိုမာကြောကာ ခွန်အား ဗလနှင့် ပြည့်စုံသော လူသား steel driving menတွေ များစွာရှိခဲ့ဖူးပါသည်။ သို့သော် John Henry ကို မမီပါ။ ဟုတ်ပါသည်။ JOHN HENRY ရဲ့ ဂုဏ်ပုဒ်တွေက ပုံပြင်တွေထဲ ညွှန်းတာထက်တောင် ပိုပါသည်။ သူအသုံးပြုသော ဆောက်က ပေါင် ၃ဝ လောက်လေးပါသည်။ တခို့ျက သူ့လက်တစ်ဖက်တစ်ချက်ဆီမှာ ပေါင်နှစ်ဆယ်လေးသော ဆောက်ကိုကိုင်ပြီး ရိုက်နိုင်၊ လွှဲနိုင်ပါသတဲ့။ ၁ဝ ပေါင်လေးသောဆောက် ဖြင့် အလုပ်လုပ်ပြီး သူလွှဲရိုက်လိုက်တဲ့ အကြိမ်တိုင်းမှာ တောင်တွေဟာ သွက်သွက်ခါကာ တသိမ့်သိမ့်တုန်သွားလေသည်။ John Henry သည် သူ၏ ဂုဏ်ပုဒ် steel driving manကို အလွန်ဂုဏ်ယူကျေနပ်ကာ ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ သူ၏ ခွန်အားကို ဂုဏ်ယူ လျက် ခွန်အားသုံး၍ လုပ်ရသော အလုပ်မှန်သမျှကိုလည်း အစဉ်အမြဲ ကြိုဆိုလျက်ရှိနေပါသည်။ ၁၈ရဝ ခုနှစ်ခန့်က John Henryသည် ဗာဂျီးနီးယားနောက်ဖက် Hilldale နားတွင် Big Band မီးရထားလိုဏ်ခေါင်းတူးဖို့ အဆင်သင့်စောင့်နေလေသည်။ သူ့ရှေ့တွင် ရေနွေးငွေ့သုံး မီးရထားလိုဏ်ခေါင်းတူးဖောက်စက်ကို ကုမ္ပဏီက သယ်ဆောင်လာပါသည်။ ကုမ္ပဏီက ထိုစက်ပစ္စည်း ဘယ်လောက်အလုပ်တွင်မလဲဆိုတာ စိတ်ဝင်စားနေကြပါသည်။

John Henryသည် ထိုစက်ကို ရပ်ကြည့်လျက်ရှိနေရာက စိတ်ရိုင်းတွေဝင်လာပါသည်။ သူ့လောက် ခွန်အားမရှိသူတွေက ထိုလိုဏ် ခေါင်း တူးစက်ဖြင့် သူ့ထက်သာအောင် လုပ်နိုင်မည်ဆိုတာကို မယုံကြည်ပါ။

''အို့ လူသားတစ်ဦးအဖြစ်ဖြင့်သာ လူသားတစ်ဦး ရှင်သန်လျက်ရှိပါသည်။ သို့သော်လည်း... 

ကျွနု်ပ်က ဤလိုဏ်ခေါင်းတူးစက်ကို အနိုင်ပေးလိုက်ရသည်အထိ ပေါ့ကွယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မယ်။

ကျွနု်ပ်၏ ဆောက်နှင့်အတူ ကျွနု်ပ်လိုက်သေတော့မည်''

"Well, a man ain't nothing but a man,

But before I let that steam drill beat me down,

I'll die with my hammer in my hand,

Lord, Lord

I'll die with my hammer in my hand"

John Henryသည် သူ၏လက်နက် စူးနှင့် ဆောက်တို့နှင့် တောင်ကို ဖြိုဖို့ပြင်လေသည်။ John Henry နှင့် လိုဏ်ခေါင်းတူးစက်တို့ အပြိုင်နွှဲကြရာတွင် John Henry ၁၅ ပေ ဖောက်နိုင်စဉ်မှာ စက်ကြီးက ၉ ပေသာ ရသေးသည်။ သူ၏ စိတ်ဓာတ်ပြင်းထန်မှုကြောင့်ပဲလား၊ သူ၏ ခွန်အားကို အားကုန်စိုက်သုံးလိုက်၍ပဲလား ထိုနေရာမှာပင် သူ့အသည်းနှလုံးတွေ ကွဲကြေကာ သူ၏ ဆောက်လည်းလွတ်ကျပြီး နဘေး မှာပင် သေပွဲဝင်ခဲ့လေပြီ။

ဗာဂျီနီးယားအနောက်ဘက်က Big Bandမီးရထားသံလမ်း နဘေးမှာ John Henry ၏ ဝိညာဉ်ရှိပါသည်။ ထိုနေရာကို ဖြတ်သွား တိုင်းမှာ မိဘလုပ်သူတွေက သားသမီးတွေကို၊ အဘိုးအဘွားတွေက မြေးကလေးတွေကို John Henryအကြောင်းကို ပြောပြကြပါသည်။ သူသန်စွမ်းကာ ခွန်အားကြီးမားပုံကို မျက်စိထဲမြင်ယောင်လာအောင် ပုံဖော်ကြည့်ကြပါသည်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း စကားပြောကြသည့်အခါ၊ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီဟု ပြောလိုသည့်အခါ အကြောင်းအရာတစ်ခုက အတိတ်မှာကျန်ခဲ့ပြီ ဟု ပြောလိုသည့်အခါ အဲဒါ History ပဲဟု ပြောကြတာကို တွေ့ဖူးပါသည်။ ခေတ်နောက်ကျကျန်ရစ်ပြီ၊ ခေတ်မမီတော့ဘူးဟုလည်း သုံးကြ ပါသည်။

John Henry ၏ အကြောင်းသည်လည်း သမိုင်းမှာ ကျန်ရစ်ခဲ့ပြီထင်ပါသည်။

(ပိတောက်ပွင့်သစ်

ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။



