Saturday, March 29, 2014

“မိုုးမခ” ပျိုးချချိန် (မောင်ရစ်တိုု့ရဲ့ နောင်တခေတ်) ဟံသာဝတီ ဦးဝင်းတင်

ဘဘဦင်္းဝင်းတင် လက်ရေးနှင့် ဆောင်းပါးတောင်းစဉ်က... ဘဘရေးပို့စဉ်က....

ဘဘကျမ်းမာလာပါစေ

ဆုတောင်းလျက်

မောင်ရစ်၊ဂျူနီယာဝင်း မိသားစု 
 




(ဘဘလက်ရေး ဂျူနီယာသို့)
၂/၃/၁၄
ဂျူနီယာ
            ဆောင်းပါးတော့ရေးပြီးသွားတယ်၊
ပြန်ဖတ်ချိန်မရလိုက်ဘူး။
            ကွန်ပြူတာစာစီပြီးရင်
Proof ပြန်ပို့ပေးပါ။ တခေါက်ပြန်
စစ်ပါရစေ -

ဦးဝင်းတင်
 

(မြန်မာပြည်အတွင်းထုတ်ဝေမည့် မိုးမခ မဂ္ဂဇင်းအတွက် ဆရာကြီး ဦးဝင်တင်ရဲ့ အမှာစာ ဖြစ်ပါတယ်)

“မိုုးမခ” ပျိုးချချိန် (မောင်ရစ်တိုု့ရဲ့ နောင်တခေတ်)
ဟံသာဝတီ ဦးဝင်းတင်
မတ်လ ၂၉၊ ၂၀၁၄




 (ဘဘဦးဝင်းတင်နှင့်အတူ အမှတ်တရ။)

(၁)
ကျုုပ်ဒီစာကိုု ဆယ်ကျော်သက်စိတ်ထားနဲ့ ရေးသဗျာ။ “ဟား ဟား ဟား …” (ရှစ်) ဆယ်ကျော်သက်ကိုု ပြောတာပါ။ ကျုပ်အသက်က ရှစ်ဆယ်ငါးဆိုုတော့ ကိုုးဆယ် တဝက်ကျိုးပြီပေါ့။ ဒီအရွယ် စကားပြောလိုု့၊ စာရေးလိုု့ တယ်မကောင်းလှဘူးဗျ။ လူက မခိုုင်၊ လက်ကယိုုင်၊ အာက အော့အစ်၊ လျှာကထစ် နေပြီကိုုး။
ဒီစာကိုု အစမ်းစာလေးလိုု ရေးချင်တယ်။ အလွမ်းစာလေးလိုုလဲ ဖွဲ့ချင်တယ်။ အရွှမ်းစာလေးလိုုလဲ နွဲ့ချင်တယ်။ အကြမ်းစာကြီးလိုုလဲ ကြိမ်းချင်တယ်။ အမှန်းစာကြီးလိုုလဲ ဟိန်းချင်တယ်။ စုုံလိုု့ ပေါ့ဗျာ။
ဒီအသက်အရွယ်ဆိုုတာ ဘဝအလင်းရောင်တွေ မှုန်မိုုက်၊ ဘဝခံစားချက်တွေ တုုန်ခိုုက်တဲ့ အချိန်မဟုုတ်လား။ စိတ်ကူးကတော့ ဘဝဂန္ထဝင် သံစုုံတီးဝိုုင်းကြီးကိုု ဟောဟောဒိုုင်းဒိုုင်း ဟိန်းဟိန်းညံညံ အသံပေါ် အသံဆင့် မိုုးလုုံးပွင့်အောင် တီးခတ်သလိုု ရေးလိုုက်ချင်တာ။ ဗုုံသံပေါ် ဆိုုင်းသံကြီးဆင့်၊ တယောသံပေါ် “ချယ်လိုု” သံကြီးဆင့်သလိုု သံစုုံမြှင့် ရေးလိုုက်ချင်တာ။ အသံစုုံပေါ့လေ။ မိုုးမခပွင့်လေးရဲ့ လန်းဆန်း သိမ်မွေ့မှုနဲ့ မိုုးကြိုးလျှပ်စီးရဲ့ တုုန်ဟည်းချိမ်းဟစ်မှုကိုု ဆစ်ပိုင်း ပေါင်းဖွဲ့ သီကုုံး နှောစပ်တဲ့ အသံစုုံဖြစ်စေချင်တာ။
မိုုးမခပျိုးချချိန်ဟာ မောင်ရစ်တိုု့ရဲ့ နောင်တခေတ်ဖြစ်တယ်။ ကလောင်ဦးလှည့်တာကတော့ ဘဝစုုံ၊ ကာလစုုံ၊ ကိစ္စစုုံ၊ ခေတ်ဂနိုုင်စုုံ တောမြိုင်ကြီးထဲက မိုုးမခပင်ကလေးနဲ့ သူရဲ့ ပျိုးလက်ရှင် မောင်ရစ်တိုု့ရဲ့ ဗီဇ၊ ဇာစ်မြစ်၊ ဘဝရှင်သန်မှုနဲ့ ရုုန်းကန် အားမာန်တွေကိုု သဗ္ဗရနာမ်ပေါင်း သောင်းပြောင်းထွေလာ ပြောပြချင်တာ။
(၂)
မောင်ရစ်က သူ့မဂ္ဂဇင်းသစ်ကိုု ဆယ်နှစ်သက်တမ်း နံမယ်ဟောင်းနဲ့ပဲ ထုုတ်မယ်။ “မိုုးမခ” ။ မိုုးမခသံကြားတော့ နှစ်ခြောက်ဆယ်ကျော်က ကဗျာပဲ့တင်သံ ကျုပ်နှလုုံးသားကိုု ပွတ်တိုုက် ရိုုက်ခတ်လာတယ်။
၁၉ ၅၀ နှစ်များရဲ့ အစဦးပိုုင်းလောက်မှာ မောင်ရစ်တိုု့ အဖိုုး၊ ဆရာကြီး ဦးခင်မောင်လတ်က ရန်ကုုန်တက္ကသိုုလ် အင်္ဂလိပ်စာဌာနမှာ ကထိကလုုပ်နေတယ်။ အဖွား ဒေါ်ခင်မျိုးချစ်က မြန်မာနိုုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) မှာ အယ်ဒီတာလုုပ်နေတယ်။ ကျူပ်ကလည်း အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်နဲ့ စာပေဗိမာန်အယ်ဒီတာ ဖြစ်လာတယ်။
၁၉ ၅၂ မှာ ဒေါ်ခင်မျိုးချစ်ရော၊ သူတိုု့နဲ့အတူနေ ဦးသိန်းမောင် (စာရေးဆရာ ထင်လင်း) ရော ကျုပ်ပါ ၀ိဇ္ဖာစာမေးပွဲ ဝင်ကြတယ်။ ဘာသာရပ်တူ (အင်္ဂလိပ်စာ၊ နိုုင်ငံရေးဗေဒ၊ ဥရောပခေတ်သစ်သမိုုင်း၊ ပင်ရင်းအင်္ဂလိပ်စာ) ဖြေကြတယ်။
အင်္ဂလိပ်စာပေ သင်ရင်း နိုုင်ငံစုုံစာပေရဲ့ ကဗျာတွေကိုု လေ့လာရတယ်။ မှတ်မိသလိုုရှိနေသေးတဲ့ ကဗျာတွေထဲမှာ William C. William ရဲ့ “မိုုးမခ” ကဗျာလေးပါတယ်။
မိုုးမခပါတကား
နွေနှောင်းရက်ကျန်
ကာလလွန်ပြီ။
နေဒဏ်မှာ ရွက်မကြွေ
နေရှိန်မှာ မပျောင်း မခွေ
နှောင်းနွေ ရွက်ကျန်
မညို မဝါ မရွှေ။
တကိုုယ်တော် မိုုးမခရေ
ရေစပ်မြစ်ကမ်းပါး
သစ်အုုပ်တွေကြားမှာ
အများနဲ့ ကင်းကင်း
မာန်ပြင်းအားနဲ့ မားမားရပ်တယ်။”
(William Carlos Williams (17 September 1883 – 4 March 1963 / New Jersey)
အဲဒီအချိန်က လွတ်လပ်ရေးတိုုက်ပွဲဝင် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တိုု့မိသားစုု ရန်ကုုန်တက္ကသိုုလ် တကောင်းဆောင်ဝင်းကြီးထဲမှာ နေတယ်။ “အေးရိပ်သာ” ဆိုုတဲ့ တန်း လျားလေးမှာ။ စာရေးဆရာ သော်တာဆွေတိုု့၊ ကဗျာဆရာမ ကြည်အေးတိုု့၊ နာမည်ကျော် အနုုပညာရှင် တက္ကသိုုလ်ကျောင်းသူ မလှသန်း (နောင် လေတပ်ဗိုုလ်ကြီးမမ)။ င်္ပြးတော့ ကျုပ်တိုု့ရဲ့ စားအိမ်၊ သောက်အိမ်၊ အိပ်အိမ်၊ နားအိမ်၊ ကဗျာအိမ်၊ အကအိမ်၊ အလှအိမ်ပေါ့။ ကျုပ်က အဲဒီအချိန်က သထုုံဆောင်မှာ နေတယ်။
“အေးရိပ်သာ” ဆိုုတာက ဆရာကြီး မင်းသုုဝဏ်ရဲ့ “အေးရိပ်သာတဲ့ ပင်ညောင်ညို” ဆိုုတဲ့ ကဗျာကိုု ပဲ့တင်သံ၊ ရောင်ပြန်ဟပ်နေတဲ့ နေရာကလေးပေါ့။
ဒီနေ့ မောင်ရစ်တိုု့ နောင်ခေတ်မျိုးဆက်က မိုုးမခ ပျိုးသစ်ချကြမယ်ဆိုုတော့ “အေးရိပ်သာကိုု လွမ်းတယ်။ ပင်ညောင်ညိုဆိုုတဲ့ အဖွဲ့ကိုုလည်း အမှတ်ရတယ်။ ပင်ညောင်ညိုကြီးကလည်း “အေးရိပ်သာ” နားမှာပဲ ထီးထီးမားမားကြီး ရှိတာကိုုး။ ပင်ညောင်ညိုဆိုုတာ သူ့နည်းသူ့ဟန်နဲ့ မားမားရပ်တည်တယ်။ မြန်မာ့အားမာန် သစ်ပင်ကြီးပါတကား။ အကြောင်းအခြေအနေအရ မောင်ရစ်တိုု့ ပျိုးထောင်ကြမယ့် သတ္တိ အားမာန် ဉာဏ်တော်လှန် သစ်ပင်သစ်က မိုုးမခ မဟုုတ်။ ညောင်ညိုပင်ကြီးဖြစ်တယ် ဆိုုလည်း ကျုပ်ကတော့ ရေကူလောင်းမှာပဲ။
မောင်ရစ်ဟာ ပင်ညောင်ညိုရိပ်မှာ မျိုးဇာစ် မြစ်စွဲ၊ မုုိးမခကဗျာရိပ်မှာ ဉာဏ်သတ္တိ စွဲခဲ့သူပဲလေ။
မောင်ရစ်မှာ ခေတ်ဟောင်းကျော်၊ ခေတ်ကောင်းမျှော်၊ ခေတ်ညစ်ချိုး၊ ခေတ်သစ်ပျိုးနိုင်စွမ်း၊ သမိုုင်းပြောင်တဲ့ မျိုးဇာစ် မြစ်စွဲရှိတယ်လေ။ ဉာဏ်ဇာတိစွဲ ရှိတယ်လေ။
ကြိုးစားပေါ့။
(၃)
မောင်ရစ်တိုု့ အမွှာမောင်နှမ လူ့ဘဝရောက်ကြတဲ့ ၁၉၆၈ မှာ မြန်မာသတင်းစာလောက၊ စာပေလောက ဆူဝေလှုပ်ခတ်နေပြီ။ နိုုင်ငံရေး ရုုန်းကန်လှုပ်ရှားမှု “အသေခံဗုုံးတွေ” တအုုန်းအုုန်း ကွဲတယ်။ အာဏာရှင်ခေတ်ဆိုုးကြီးရဲ့ ဖိနှိပ်ချုပ်ချယ်မှု ယန္တယားတွေကိုု ချိုးဖဲ့ ဖြုတ်သိမ်းဖိုု့ ကြိုးစားတဲ့ ရုုန်းကန်မှုတွေ ဖြစ်ပေါ်တယ်။ လှုပ်ရှားမှုတွေဟာ အများကြီး ကိုုယ်ကျိုးစွန့်ရတယ်။ ဖိနှိပ်မှု ဘေးရန်ကိုု အများကြီး ရင်ဆိုုင်ရတယ်။
အဲဒီနှစ်တဝက်လောက်မှာ ဆိုုဗီယက်လာ အရှေ့အုုပ်စုု ဆူပွက်တယ်။ လွတ်လပ်ခွင့်တောင်းဆိုုမှုတွေ ပေါက်ကွဲလာတယ်။ ချက်ကိုုစလိုုဗက်ကီးယား၊ ဟန်ဂေရီ၊ အရှေ့ဂျာမဏီ၊ ပိုုလန် စတဲ့ ကွန်မြူနစ်နိုုင်ငံတွေထဲမှာ စာနယ်ဇင်းသမားတွေ၊ နိုုင်ငံရေးသမားတွေ၊ ကျောင်းသားလူငယ်တွေက ပြည်သူ့လွတ်လပ်ခွင့်၊ နိုုင်ငံရေးလွတ်လပ်ခွင့်၊ စားဝတ်နေရေး လွတ်လပ်ခွင့်တွေ တောင်းဆိုုလာကြတယ်။ ရုုန်းကန်လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဆိုုဗီယက်က အင်အားသုုံး တုုန့်ပြန် ဖြိုခွင်းမှုတွေ လုုပ်တယ်။
မြန်မာပြည်တွင်းမှာလည်း လှုပ်ရှားသံပေးလာတော့ အာဏာရှင်ဦးနေဝင်းက သူ့လူတွေကိုု စာနယ်ဇင်းထိပ်သီးတစုုနဲ့ တွေ့ ရှင်းခိုုင်းတယ်။
တော်လှန်ရေးကောင်စီဝင် ပြန်ကြားဝန်ကြီးဌာနဝန်ကြီး ဗိုုုုလ်ချုပ်သောင်းဒန်၊ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဒုဗိုုလ်မှူးကြီး တင်ထွန်း၊ ပြန်ကြားရေးမူဝါဒ ညွှန်ကြားရေးမှူးသစ် ဗိုုလ်မှူးသောင်းထုုိက်နဲ့ အဖွဲ့တွေ တက်တယ်။ နေရာက မြန်မာအသံ ဧည့်ခန်းမမှာ။ မိုုးတွင်းကြီး။
သတင်းစာဆရာကြီးတွေဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်း၊ ဦးသိန်းဖေမြင့်၊ ဆရာဇဝန၊ ဦးခင်မောင်လတ်၊ ဆရာတက်တိုုး၊ ဦးဘကျော်၊ ဦးလှမြိုင်၊ ဦးသန်းစော၊ ကြေးမုုံဦးသောင်းတိုု့ တက်ကြတယ်။ ကျုပ်လဲ ပါတယ်။
သတင်းလွတ်လပ်ခွင့် မရှိတာ၊ သတင်းမှောင်ချတာ၊ ပိတ်ဆုုိ့တာ၊ သတင်းစာဆရာတွေကိုု စာရေးဝန်ထမ်းပမာ သဘောထားဆက်ဆံတာ စတဲ့အကြောင်းအရာတွေကိုု ဆွေးနွေးကြတယ်။
တင်ပြဆွေးနွေးရင်း ပေါက်ကွဲကုုန်တယ်။ အတွင်းဝန်ဗုုိလ်မှူးကြီးက သူတိုု့အထက်အမိန့်အရ လုုပ်နေတာ။ ဘာမှဂရုုမစိုုက်ဘူး။ တပ်ပြန်သွားဖိုု့ အိပ်ရာအမြဲလိပ်ထားတယ်ဆိုုတဲ့ စကားမျိုးနဲ့ ကြမ်းပြတယ်။ ကျုပ်ကလဲ ငုုံ့မခံဘူး။ စစ်ဗိုုလ်တွေက အပွင့်တွေ ကြယ်တွေ ရာထူးခန်းတွေနဲ့ တပ်ပြန်သွားကြမှာ။ ကျုပ်တိုု့က လမ်းပေါ် ဆင်းသွားမှာ။ ဘယ်ကိုု သွားရ၊ သွားရ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုုတော့ အရယူသွားမှာပဲဆိုုတဲ့ စကားမျိုးနဲ့ ရမ်းပြတယ်။
ဆရာဦးခင်မောင်လတ်က “လူထုုမှာ သတင်းသိပိုုင်ခွင့် ရှိတယ်။ ဘယ်သူ မှ သတင်းပိတ်ခွင့် မရှိဘူး။ သတင်းတွေ ဘယ်သူ့အမိန့်နဲ့ ပိတ်သလဲ။ ဝန်ကြီးပိတ်သလား။ ဝန်ကြီးက ဘာကောင်မိုု့ ပိတ်ရမှာလဲ။ တော်လှန်ရေးကောင်စီဝင်က ပိတ်သလား။ တော်လှန်ရေးကောင်စီဝင်က ဘာကောင်မိုု့ ပိတ်ရမှာလဲ …” ဆိုုတဲ့ စကားမျိုးနဲ့ သိမ်းကျုံးရိုုက်တယ်။ ပွဲ လဲ ပျက်ကရော။
အကျိုးဆက်ကတော့ ဦးခင်မောင်လတ်ကိုု ပင်စင်ပေးတယ်။ ဒေါ်ခင်မျိုးချစ်က သူ့ဆန္ဒအလျောက် အလုုပ်ထွက်တယ်။ ဆရာကြီးရွှေဥဒေါင်းက ကိုုခင်မောင်လတ်မလုုပ်ရင် ငါလဲ မလုုပ်ဘူးဆိုုပြီး ပင်စင်ယူတယ်။ ကျုပ်က မန္တလေးကိုု လွင့်တယ်။ ရန်ကုုန်ဟံသာဝတီသတင်းစာကိုု မန္တလေး ရွှေ့ထုုတ်ပေးရတယ်။ နောက်တော့ ကျုပ်လဲ ဟံသာဝတီက ပြုတ်တယ်။
အဲဒါတွေဖြစ်ပွားခဲ့တာ မောင်ရစ်တိုု့ မွေးတဲ့နှစ်မှာပဲ။ ဒီလိုုနဲ့ မောင်ရစ်မှာ စာပေ စာနယ်ဇင်း လွတ်လပ်ခွင့် တိုုက်ပွဲဝိဉာဏ် တွယ်ခဲ့တယ်။ အဲဒီစိတ်ဓာတ် အားမာန်ကိုု အသိဉာဏ် ပညာ ရင့်သန်သန်နဲ့ ယှဉ်တွဲကိုုင်စွဲရင် မောင်ရစ်တိုု့မျိုးဆက် စာပေလွတ်လပ်ခွင့်တိုုက်ပွဲ သမိုုင်းအမွေဆက်ခံနိုုင်မှာပဲ။ မောင်ရစ်တိုု့မျိုးဆက်ဟာ တော်လှန် မာန်စျာန် ဉာဏ်သတ္တိတွေ ခိုုင်ခိုုင် နိုုင်နိုုင်ပိုင်ပိုင် ဖြိုင်ဖြိုင် မွေးကြရမှာပဲ။ အဲဒီစိတ်ထားဝတိ ံတွေကိုု အောင်ပွဲခံချိန် အောင်ပွဲခံနိုုင်အောင် သူတိုု့ စွဲစွဲမြဲမြဲ ပျိုးထောင် မွေးမြူသွားကြရမှာပဲ။
(၄)
မောင်ရစ်တိုု့ မျိုးဆက် လူလားမြောက်ချိန်မှာ ဒီမိုုကရေစီလူထုုအရေးတော်ပုုံကြီး သက်ဝင်လှုပ်ရှားတယ်။
ရှစ်လေးလုုံးအရေးတော်ပုုံကြီးရဲ့ အစဦးပိုု်င်းရက်တွေမှာ စာပေစာနယ်သမားတွေ လက်တွဲဆန္ဒဖော်ထုုတ်မှု ပေါ်ပေါက်လာတယ်။ အာဏာ ရှင်တွေက လူထုုအုုံကြွမှုကြီးကိုု အကြမ်းဖက်ဖြိုခွဲခဲ့တယ်။ အဲဒီရက်ရက်စက်စက် ချေမှုန်းမှုကြီးကိုု စာပေစာနယ်ဇင်းသမားတွေက ဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ ဒီမိုုကရေစီတောင်းဆိုုချက်တွေ ဖော်ထုုတ်ခဲ့ကြတယ်။
ကျုပ်တိုု့ (ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်) ဒေါ်ခင်မျိုးချစ်အိမ်ရောက်သွားတယ်။ နေ့လည်ပိုုင်းက မောင်သော်ကအိမ်မှာ ကျုပ်ရယ်၊ မောင်သော်ကရယ်၊ မောင်ကိုုယုုရယ်၊ ဝင်းခက်ရယ်၊ လေသူရဲတဦးရယ်၊ စာပေစာနယ်ဇင်းသမားတွေရဲ့ ဆန္ဒသဘောထား ကျေညာချက် စာတန်းကိုု ရေးဆွဲ လက်မှတ်ထိုုးခဲ့တယ်။ အဲဒီကတဆင့် ကာတွန်းငွေကြည်အိမ်သွားတယ်။ သဘောတူ လက်မှတ်တောင်း တယ်။ ဒုုတိယ ဆရာကြီး မင်းသုုဝဏ်အိမ်သွားတယ်၊ လက်မှတ်တောင်းတယ်။ ဒေါ်ခင်မျိုးချစ်အိမ်က တတိယရောက်တဲ့ အိမ်ပဲ။
ဒေါ်ခင်မျိုးချစ်က အိပ်ရာထဲ လဲနေတယ်။ ကျုပ်တိုု့အဖွဲ့က စာပေစာနယ်ဇင်းသမားတွေရဲ့ ကျေညာစာတန်းကိုု ပြတယ်။ သဘောတူ လက်မှတ်တောင်းတယ်။ အမကြီးက အပြေးအလွှားဖတ်ကြည့်တယ်။ ဖတ်လဲပြီးရော ငိုုလိုုက်တာ။ ဟီးချလိုု့၊ ချုံးပွဲချလိုု့ ငိုုတာ။ ကျုပ်ကိုု ဖက်အော်တယ်။
“ကိုုဝင်းတင်ရေ … ရှင်လုုပ်ဖော်ရတယ်။ ကျေးဇူးတင်တယ်။ ဝမ်းသာလိုုက်တာ” တဲ့။
သူ့တမျက်နှာလုုံးကတော့ မျက်ရည်အိုုင်ထွန်းလိုု့။
“ကိုုလတ်ရေ … သားကြီးခေါ်၊ သမီးကြီးခေါ်။ မြေးအမွှာ ခေါ်။ အားလုုံးလက်မှတ်ထိုုးကြမယ်။”
အမကြီးက ဦးခင်မောင်လတ်ကိုု ခိုုင်းတယ်။
အမကြီးက ကျေညာစာတန်းကိုု တရမ်းရမ်းလုုပ်ရင်း ကျယ်ကျယ်လောင်လောင် အော်နေတယ်။ ကျမက ဒါမျိုးဆိုု ထိပ်ဆုုံးက လက်မှတ်ထိုုးချင်တာရှင့် … တဲ့။ ကျုပ်က ရပါတယ်။ အမကြီး စိတ်ကြိုက်လုုပ်လိုု့ ဖြေတယ်။ အမကြီးက သူ့နံမယ်ရေးထားတဲ့ နံပတ်ရှစ်ကနေ ထိပ်ဖျားကိုု မျဉ်းကြောင်းရှည်ကြီး ကန့်လန့်ဆွဲတယ်။ စာရွက်ထိပ်ဖျားမှာ “ခင်မျိုးချစ်” စာလုုံးကြီးကြီး လက်မှတ်ကြီးကြီး ထိုုးလိုုက်တယ်။
အဖိုုး အဖွားတွေ အောက်မှာ မောင်ရစ်နဲ့ အမွှာညီမ ဂျူနီယာဝင်း လက်မှတ်ထိုုးကြတယ်။
“မင်းတိုု့ အရေးတော်ပုုံထဲ ရောက်ပြီ။ သစ္စာမြဲကြ” လိုု့ ဒေါ်ခင်မျိုးချစ်က သူ့မြေးတွေကိုု ပြောတယ်။
ကျုပ်ရင်ထဲမှာတော့ တုုန်ခါလှိုက်ခုုန်နေတယ်။ အံ့သြဘနန်းအဖြစ် ဆရာမကြီးကိုု ငေးငိုုင်ကြည့်နေမိတယ်။ အရေးတော်ပုုံတပ်သားတွေ တိုုးပွားလာပုုံက အားရစရာကြီးပါကလား။ မျိုးဆက်သုုံးဆက်လုုံး တရက် တချိန် တအိမ် တနေရာထဲမှာ အရေးတော်ပုုံသစ္စာဆိုုလာကြတာပါကလား။ ဝမ်းမြောက်လိုုက်တာ။ အံ့သြလိုုက်တာ။ အားရှိလိုက်တာ။
(၅)
မောင်ရစ်တိုု့ နောင်ခေတ်မျိုးဆက်ဟာ နယ်ချဲ့ဆန့်ကျင်တိုုက်ပွဲဝင် သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ နိုုင်ငံရေးသမား ဗီဇဝိဉာဉ်ကိုု အမွေခံခဲ့တယ်။ အာဏာရှင်ဖိနှိပ်ချုပ်ချယ်မှုကိုု အံတုု အာခံသူများဘဝ ခံယူခဲ့တယ်။ ရှစ်လေးလုုံးအရေးတော်ပုုံကြီးမှာ တတိယမျိုးဆက် အရေးတော်ပုုံတပ်သားဘဝနဲ့ လူလားမြောက်ခဲ့တယ်။
ဟော – ဒီအချိန်မှာတော့ သူတိုု့မျိုးဆက်က မောင်ရစ်တိုု့ နောင်ခေတ်အတွက် “မိုုးမခ” ပျိုးချနေကြလေပြီ။
မျိုးဆက်သစ် မိုုးမခ ဟာ …
“နေဒဏ်မှာ ရွက်မကြွေ
နေရှိန်မှာ မပျောင်းမခွေ
နှောင်းနွေရက်ကျန် မညို မဝါ မရွှေ …”
ဆိုုတဲ့အရေးတော်ပုုံဂုုဏ်ရည်တွေနဲ့ ပြည့်လျမ်းနေလိမ့်မယ်လိုု့ ယုုံကြည်မျှော်လင့်ပါရဲ့။
မောင်ရစ်တိုု့ရဲ့ မျိုးဆက်တွေရေ … နိုုင်ငံရေးအခြေခံ ပန္နက်ခိုုင်ခိုုင်စိုုက်တဲ့ စာပေအားမာန် စွမ်းရည်နဲ့ ခေတ်ဝန်ကိုု နိုုင်နိုုင်ထမ်း၊ ခေတ်လမ်းကိုု ကျဲကျဲလှမ်းနိုင်ကြပါစေလိုု့ ဆန္ဒပြုလိုုက်ပါတယ်။
ကျုပ်နဲ့ မောင်ရစ် တလောက ရန်ကုုန်မှာ ဆုုံဖြစ်လိုုက်တယ်။ ကျုပ်ပြောလိုုက်တဲ့ စကားတခွန်း မှတ်မိဦးမယ် ထင်ရဲ့။ “ဒီနေ့ နိုုင်ငံရေးက လမ်းခုုလတ် ရောက်နေတာ မဟုုတ်ဘူး။ ဒိုု့ ဒီနေ့ ရောက်နေတာက နိုုင်ငံရေးလမ်းဆုုံလမ်းခွ ကွ။ ဒီမိုုကရေစီအပြောင်းအလဲ၊ အရွေ့အလျားတွေ လမ်းခွဲကိုု ရောက်နေတာဟေ့။ လမ်းဟောင်းကိုု ဆက်ညောင်းနေဖိုု့ မဟုုတ်ဘူး။ လမ်းချော လမ်းဖြောင့် ရွေးကြရတော့မယ်။ လမ်းဆုုံးမှာ ရွာတွေ့မယ့် လမ်းမှန်ကိုု ရွေးကြရတော့မယ်။
မောင်ရစ်တိုု့ မျိုးဆက်သစ်နဲ့ မိုုးမခ လမ်းမှန်ပါစေ။ ရှင်သန်ပါစေ။ လမ်းဖြောင့်ပါစေ။ စွမ်းတောင့်ပါစေ။
- ဟံသာဝတီဦးဝင်းတင်
(စာကြွင်း …)
မောင်ရစ်ရေ …
မင်းရဲ့ မိုုးမခအကြို တော်လှန်မာန်စျာန် ဉာဏ်သတ္တိကိုု ၁၉၈၀ နှစ်များလောက်တုုန်းက ကျုပ်ယုုံကြည်စိတ်ချ မျှော်လင့်အားထားခဲ့တယ်။ ကိုုရင်တိုု့ ဝင်နွှဲတဲ့ စီးပွားရေးတက္ကသိုုလ် ကာတွန်းပြပွဲမှာ ကိုုရင့်ကာတွန်း အနုုပညာလက်ရာတခုုကိုု ကျူပ် အကဲဖြတ်ခဲ့ဖူးတယ််။ မှတ်မိ သေးလား။ ဒီနေ့လည်း ဒီသုုံးသပ်ချက်အတိုုင်းပဲ။ ကိုုရင့်ရဲ့ နိုုင်ငံရေးစာပေစွမ်းအားကိုု ကျုပ်ယုုံကြည်အားထားဆဲပဲ။ အဲဒီအချိန်က ကျုပ်ရဲ့သုုံးသပ်ချက်လေးကိုု မှတ်မိသတိရသေးလား။ မှတ်မိသတိရသေးရင် ကျုပ်ရဲ့ ဒီဆောင်းပါးအဆုုံးမှာ ဖော်ပြလိုုက်ပါကွယ်။
ဟံသာဝတီဦးဝင်းတင်
ဖေဖော်ဝါရီ ၈၊ ၂၀၁၄
                                                           (ဘဘလက်ရေး မောင်ရစ်သို့)

အံ့ဖွယ် စတုုရန်း - ဂျူနီယာဝင်း



(Academic Weekly Educational Journal Vol3 No8 နှင့် Vol3 No9 တို့တွင်နှစ်ပတ်ဆက်တိုက် ဖော်ပြခဲ့သော Melencolia ပန်းချီကားအကြောင်းဆောင်းပါးဖြစ်သည်။)
 ပုံ (၁)
Abrecht Durer  (ဂျူရာ) (၁၄၇၁-၁၅၂၈) သည် ဂျာမန်လူမိုျး ပန်းချီဆရာတစ်ဦးဖြစ်ရုံမက သစ်သားထွင်းပုံနှိပ်ပန်းချီကားများကို လည်း ရေးဆွဲထွင်းတတ်သူဖြစ်ကာ သီအိုရီဆန်ဆန် စဉ်းစားတွေးခေါ်တတ်သူလည်း ဖြစ်ပါသည်။ ဖခင်ဖြစ်သူသည် ရွှေပန်းထိမ်ဆရာ တစ်ဦး ဖြစ်သည်။ သူ့ကို မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သားသမီး ၁၈ ယောက်ထဲတွင် သူက ဒုတိယမြောက်ဖြစ်လေသည်။ ဖခင်ဖြစ်သူ၏ ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းချီပညာများအပြင် သူ၏ ခေါင်းကိုင်ဖခင်တစ်ဦးဖြစ်သူ Antonkoberger ၏ ပုံနှိပ်ထုတ်လုပ်ငန်းများတွင်လည်း ပါဝင် လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါသည်။
သူ့ဘဝအကျိုးပေးအတိုင်းပင် ငယ်ရွယ်စဉ်ကပင် ပုံနှိပ်လုပ်ငန်း၊ အက္ခရာထွင်းလုပ်ငန်းများတွင် ကျွမ်းကျင်ခဲ့သူဖြစ်လေသည်။ ထိုခေတ် က Nurenberg တွင် နာမည်ကျော်ပန်းချီဆရာ Michael Wolgemut  ထံတွင် သူအသက် ၁၅ နှစ်အရွယ်ကစ၍ တပည့်ခံခဲ့သည်။ ဂျူရာသည် ၁၄၉ဝ ပြည့်နှစ်နောက်ပိုင်းတွင် ကျောက်ထွင်းပန်းပု ထုပညာရှင် Martin Schongauer သို့ ပညာဆည်းပူးဖို့ ဥရောပ မြောက်ပိုင်းသို့သွားခဲ့သည်။ သို့သော် သူ မရောက်မီ Martin ကွယ်လွန်ခဲ့ရာ Martin ၏ ညီအစ်ကိုများထံတွင် ဆက်လက် ပညာသင်ယူခဲ့ သည်။
ဂျူရာသည် ထိုမှတစ်ဖန် အီတလီ၊ ဗင်းနစ်မြို့များမှသည်Nurenberg သို့ ပြန်ရောက်လာသည့် ကာလတစ်လျှောက်လုံးတွင် ပန်းချီ ကား များများစွာရေးဆွဲခဲ့ကာ သစ်သားထွင်းလက်ရာများလည်း အများအပြား ရေးဆွဲခဲ့သည်။ သူရေးဆွဲသောလက်ရာများမှာ အထူး သဖြင့် လူ့ကိုယ်ခန္ဓာ ပုံပန်းများသည် ထိုခေတ်က နာမည်ကျော်ပန်းချီဆရာများဖြစ်သည့် Lorenzo dei Credi, Mantegna တို့၏ သြဇာသက်ရောက်မှုများ လွှမ်းမိုးနေသည်ဟု ဆိုကြသည်။ ၁၄၉၁ ခုနှစ်မှာ ထပ်မံရေးဆွဲသော ပုံတူသည်လည်း လူသိများသော ပုံတူဖြစ် သည်။ဂျူရာ့အကြောင်းကို စဉ်းစားလိုက်လျှင် သူ့ကုုိယ်ပုုိင်ပန်းချီကားချပ်များအပြင် သူ၏အကောင်းဆုံးနှင့် နာမည်အကြီးဆုံး သစ်သားထွင်း ပုံနှိပ်ပန်းချီကားကို မေ့ထား၍ မရနိုင်ချေ။
ပုံ (၂)
၁၅၁၄ ခုနှစ်မှာ ရေးခဲ့သော ထို Melencolia တွင် ထူးခြားသော Magic square (အံ့ဖွယ်စတုရန်း) (၄ x ၄ စတုရန်းကွက်) ပါဝင်နေပေ သည်။ ၄င်းသည် ပုံ၏လယ်ယာ အပေါ်ဘက်တွင် ထွင်းထားသည်။ အံ့ဖွယ်စတုရန်းဟူသည်ကား ၁,၂,၃,၄ —,၁၆ ထိ ပါဝင်သော ကိန်း ဂဏန်းများကို စတုရန်းတွင် အတန်းလိုက်၊ ဒေါင်လိုက် ထောင့်ဖြတ်လိုက်ထည့်ထားရာ ပေါင်းလဒ်သည် အားလုံး ၃၄ ဖြစ်စေသော စတုရန်းကိုခေါ်သည်။ ၄င်းအံ့ဖွယ်စတုရန်းကို ရေးသားခဲ့သော ခုနှစ် ၁၅၁၄(၁၅နှင့်၁၄) ကုုိအောက်ဆုံးအတန်းအလည်အကွက်နှစ်ကွက်တွင်ထည့်သွင်းရေးဆွဲထားတာကုုိတွေ့နုုိင်ပါသည်။ ၃ x ၃ အံ့ဖွယ်စတုရန်းများ ပေါ်လာပြီး နောက် ဂျူရာသည် ပထမဦးဆုံး ၄ x ၄ အံ့ဖွယ်စတုရန်းကို ရေးသားဖော်ထုတ်ခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ဂျူရာက ဘယ်လိုလုပ်ပြီး စဉ်းစားလိုက်သလဲဆိုတာကတော့ ပဟေဠိဖြစ်နေဆဲဖြစ်ပါသည်။
(မှတ်ချက်။ ယခုုဂျူရာရေးဆွဲသော Melencolia ပန်းချီကားပုုံနှင့် ပန်းချီကားညာဘက်အပေါ်ထောင့်မှာ ထည့်သွင်းရေးခဲ့သော အံ့ဖွယ်စတုုန်း Magic Square ပုုံနှစ်ပုုံကုုိ ဖော်ပြထားပါသည်။ လေ့လာကြည့်ကြပါ။)
● Melencolia ပန်းချီကား အကြောင်း
Melencolia II ဟူ၍ ပန်းချီကားကိုအမည်ပေးထားသည်။
ပန်းချီကားသည် ဂျာမန်ဘာသာဖြင့်ဖြစ်ပြီး အဓိပ္ပယ်မှာ melancholy စိတ်မချမ်းမသာဖြစ်ခြင်း၊ depressive စိတ်ဓါတ်ကျဆင်းခြင်း ဟူသော အဓိပ္ပါယ်များ သက်ရောက်နေသည်။
ပန်းချီကားထဲတွင် ပါဝင်နေသောအရာများကုုိ ယခုုလုုိတွေ့ရှိရသည်…
- ပုုံ၏နဘေးပတ်ပတ်လည်တွင် ဂျီသြမေတြီဆုုိင်ရာသင်္ကေတများ၊ ဆောက်လုုပ်ရေးဆုုိင်ရာ တန်ဆာပလာများကိုု ထည့်သွင်းထားခြင်း။
- 4 x 4 magic square အံ့ဖွယ်စတုုန်းကုုိ ပန်းချ၊ီကားရေးဆွဲသော ခုုနှစ် ၁၅၁၄ ပါဝင်ထည့်သွင်းရေးထားခြင်း။
- မျက်နှာပြင် ၆ ခုုပါသော ရွမ်းဗတ်ကုုိ လူ့ဦးခေါင်းခွံအဖြစ် မှိန်ဖျော့ဖျော့ထွင်းထားခြင်း။ ထုုိပုုံသဏ္ဍာန်သည် ယခုုအခါ ဂျူရာ၏ ကိုုယ်ပုုိင် ပုုံသဏ္ဍာန်သင်္ကေတအဖြစ် လက်ခံထားသည်။
- အချိန်ကုုိ တုုိင်းတာသောသဲနာရီ hourglass ကိုုတွေ့ရခြင်း။
- ချိန်ခွင်ပါရှိခြင်း။
- ညဏ်ကြီးရှင်ဟူသော အမှတ်တံဆိပ်ဖြစ်သော အတောင်ပံနှင့် ပုုံသဏ္ဍာန်။
- မှတ်စုုစာအုုပ်နှင့် သော့ချိတ်များ။
- သတိပေးဆုုိင်းဘုုတ်နှင့် သက်တန့် တွဲဖက်ကာ ကောင်းကင်တွင်ရှိနေပုုံ။
- သချာင်္သဘောတရားများ ပါဝင်နေသော သင်္ကေတများ၊ ကွန်ပတ်စ်သုုံးကရိယာများ၊ ဂျီသြမေတြီပုုံများ၊ အံ့ဖွယ်စတုုရန်း၊ တုုိင်းတာပုုံ စနစ် များနှင့် အချိန်ပြကရိယာများ။
Melencolia ဟူသောပန်းချီကားအမည်နှင့်ပတ်သက်ပြီး သမုုိင်းပညာရှင်များက အမျိုးမျိုး အဓိပ္ပယ်ဖွင့်ကြသည်။ ဒါဟာ ပန်းချီဆရာက မိမိကုုိယ်ကိုုယ်ယုုံကြည်မူကင်းမဲ့တာကုုိပြတာဟုု ဆုုိသည်။ အကြောင်းကတော့ ဂျူရာဟာ ထိုုပန်းချီကားကုုိမဆွဲခင်လေးမှာ သူက သည်လုုိရေး ခဲ့သတဲ့။
“လှပခြင်းဆုုိတာဘာလဲ..ငါမသိပါလား̋။
သည်တော့ သူရေးဆွဲသော ထုုိပန်းချီကားသည် သူ၏ဖွင့်ဟဝန်ခံချက် ဖြစ်လိမ့်မည်။ ပြန်လည်ထွန်းကားခြင်းခေတ်က ပန်းချီ ပညာသည်တွေ အပေါ် (သုုိ့မဟုုတ်) အနုုပညာအပေါ် ယုုံကြည်မူကင်းမဲ့မူ များဖြစ်လေမလားဟုုုု တွေးယူ ကလေသည်။

စာအုပ်စင်





စာအုပ်အမည် - အမေးနှင့်အဖြေစွယ်စုံကျမ်း - ကမ္ဘာဂြိုလ်
မူရင်းစာအုပ် - Question and answer Encyclopedia 2006
ဘာသာပြန်သူ - ဂျူနီယာဝင်း
ရန်အောင်စာပေ
ထုတ်ဝေသူ ဦးလှတိုး
ပထမအကြိမ်
၂၀၁၄ မတ်လ
အုပ်ရေ ၁၀၀၀
တန်ဖိုး ၁၀၀၀ကျပ်
စာမျက်နှာ - ၁၃၂
အခန်းများ၁၄ခန်း(ကမ္ဘြာကီး၊တိုက်များ၊မြေပုံများ၊မီးတောင်ငလျင်၊မြစ်ချောင်းအင်းအိုင်၊ သမုဒရာ၊ သဲကန္တာရ၊ တောတောင်၊ လေထု၊ ရာသီဥတု၊ ကမ္ဘာသယံဇာတများစသဖြင့်)
အတွင်းပုံများအဖြူအမဲဓါတ်ပုံမှတ်တမ်းများ
စာအုပ်အတွင်းထူးခြားချက်များ - မေးခွန်းနှင့်အဖြေများကိုရုပ်ပုံများနှင့်ယှဉ်တွဲဖော်ပြမူ

အမေးနှင့်အဖြေစွယ်စုံကျမ်းဟူသောစီးရီးအောက်တွင်သိပနှင့်နည်းပညာ၊ အနုပညာအားကစားဖျော်ဖြေရေး၊ ကမ္ဘာ့သမိုင်း၊  လူ့ကိုယ်ခန္ဓာ၊စကြာဝဌာ၊ ကမ္ဘြာ၈ိုလ်၊ ကမ္ဘာတခွင်၊  သဘာဝကမ္ဘာ ဟူရွေ့ အကြောင်းအရာ ၈ခု (စာအုပ်၈အုပ်)ရှိပါသည်။ ထိုစာအုပ် ၈အုပ်တွင်  သက်ဆိုင်ရာအခန်း ၁၄ ခန်းဆီပါရှိသည်။
ယခုထွက်ရှိလာတာက ၆ အုပ်မြောက် ကမြာ၈ိုလ် ဖြစ်ပါသည်။ ကမ္ဘြာ၈ိုလ်အကြောင်း တွင်ကမ္ဘာမြေ၊မြေပုံများ၊ ကျောက်တုံးကျောက်ဖြစ်ရုပ်ကြွင်း၊ မြစ်ချောင်းအင်းအိုင်၊ တောတောင် ရေမြေများနှင့် ရာသီဥတုများစသည်ဖြင့် အခန်း ၁၄ ခန်းပါဝင်သည်။ အထူးသဖြင့် ကမ္ဘာကြီး၏ ကျမ်းမာရေးနှင့်ဆိုင်သောဖန်လုံအိမ်သက်ရောက်မူ၊ စွမ်းအင်၊ အသစ်ဖန်တီးနိုင်သောနည်း (Recycling)၊စွမ်းအင်ခြွေတာရေးများကိုတိုတိုနှင့်အဓိပယ်ဖွင့်ထားတာများပါဝင်သည်။

မီးတောင်၊ ငလျင်၊ မုန်တိုင်းများအခန်းများတွင် မြန်မာပြည်အပါအ၀င် ကမာ့နိုင်ငံအနှံ့အပြား မှာကြုံတွေ့ခဲ့ရသောသဘာဝဘေးအန္တရယ်များ နှင့်ပတ်သက်သည့် အချက်အလက်မှတ်တမ်း များကိုထပ်မံဖြည့်စွက်ထားချက်များနှင့်အတူတွေ့ရမည်ဖြစ်သည်။အတွင်းမှတ်တမ်းဓါတ်ပုံများနှင့် ရုပ်ပုံများသည် မေးခွန်းအဖြေပုံစံ ရေးသားချက်များနှင့်အတူ အသက်ဝင်လျက်ရှိပါသည်။

အမေးနှင့်အဖြေစွယ်စုံကျမ်းစီးရီးတွင် နောက်ထပ် ကမ္ဘာတခွင်နှင့် သဘာဝကမ္ဘာ နှစ်အုပ်သာထွက်ဖို့ ကျန်ပါတော့သည်။



Saturday, March 22, 2014

ရုပ်ပြ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ တက္ကသိုလ်ရွှေရီဝင်း၊ စိတ်ကူးချိုချို

ရုပ်ပြ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ တက္ကသိုလ်ရွှေရီဝင်း၊ စိတ်ကူးချိုချို


စာအုပ်အမည် – ရုပ်ပြ အင်္ဂလိပ် မြန်မာအဘိဓာန်
မူရင်းစာအုပ် – Picture Dictionary
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
စိတ်ကူးချိုချိုစာပေ
ထုတ်ဝေသူ – ဦးစန်းဦး
၂၀၁၄ မတ်လ
ပထမအကြိမ်
အုပ်ရေ ၅၀၀
တန်ဖိုး ၃၀၀၀ ကျပ်
စာအုပ်အရွယ်အစား ၁၃စင်တီ x ၂၀.၅ စင်တီ
စာမျက်နှာ ၁၃၈
စာအုပ်အတွင်း -ဆေးရောင်စုံ

          အင်္ဂလိပ်အက္ခရာ A B C D မှသည်  X Y Z      အထိအက္ခရာ ၂၆လုံး ဖြင့်ရေးသားသော အင်္ဂလိပ်စာလုံးများကို အဓိပယ်ဖွင့်ဆိုချက်များ ဖြင့် အင်္ဂလိပ်လိုရော မြန်မာလိုပါ အတူယှဉ်တွဲ ဖော်ပြထားသည်။ ရုပ်ပုံကလေးများမှာအင်္ဂလိပ်စာလုံးများအလိုက် ပါဝင်ထားသည်။ ဥပမာ – Library ဟူသောစကားလုံးကိုရှာပါကယခုလိုရှင်းထားသည်။
          Library is a place where books are kept. စာကြည့်တိုက်သည် စာအုပ်များထားရာနေရာဖြစ်သည်။ ကျွနိုပ်တို့သည် စာကြည့်တိုက်မှစာအုပ်များကိုငှားနိုင်သည်။ ဟူ၍ ရှင်းထားတာကိုတွေ့မည်။ ထို့အပြင် ထိုအကွက်လေး၌ စာအုပ်များစီထားသော စာကြည့်တိုက်က စာအုပ်စင်တစ်ခု ကိုပြထားပါသည်။
          ထိုနည်းလည်းကောင်းတခြားသော မိမိစိတ်ဝင်စားသိချင်မည့် အင်္ဂလိပ်စာလုံးလေး များကိုအက္ခရာစင်လိုက် ရှာဖွေလေ့လာပါက အသိပညာတိုးမည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ရုပ်ပုံများကလည်း ဆေးရောင်စုံများဖြစ်သောကြောင့် ကလေးလူငယ် လူကြီးမရွေးဖတ်ရင်းနှင့် စိတ်ဝင်စားလာမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

Tuesday, March 18, 2014

မြန်မာပြည် က အပတ်စဉ်ဂျာနယ် – Academic Weekly Educational Journal

မြန်မာပြည် က အပတ်စဉ်ဂျာနယ် –  Academic Weekly Educational Journal ဂျူနီယာဝင်း၊ မတ် ၁၈၊ ၂၀၁၄

Academic Weekly Educational Journal လို့အမည်ပေးထားတဲ့ဂျာနယ်တစ်စောင်ထွက် လာတာတစ်နှစ်ကျော်ပါပြီ။ သည်ဂျာနယ်မှာ ပန်းချီကဏ္ဍတစ်ခုကိုအစပျူိးကာ ပန်းချီကားများအကြောင်းရေးသားခဲ့တာ အခုအပတ်ပါဆို ပန်းချီကားပေါင်း ၅၀ ကျော်ပါပြီ။ သည်လိုနဲ့ အချိန်ကာလ ကိုတွက်ချက်လိုက်မိတာပါ။ ဒေါက်တာခင်မောင်ဝင်း(သချာင်္) ကလည်းပဲ သချာင်္ဉာဏ်စမ်းများကို တင်ဆက်လာတာ သည်ဂျာနယ်လေးစကတည်းကပါပဲ။ သည်ဂျာနယ်လေးကို ယဉ်ပါးလာရာက အမြဲလိုလိုဖတ်ရင်း နဲ့စိတ်ဝင်စားဖွယ် အစီအစဉ်လေးများကို ကြိုးစားတင်ဆက်နေ တာကိုလည်း သတိပြုမိရပါတယ်။ သည်တော့ သူ့အကြောင်းကိုအမှတ်တရ ရေးရင်းမသိသူတွေ လည်းသိသွားအောင်ပါ။

ဆက်သွယ်ရန်လိပ်စာ အမှတ်၃၃ (မြေညီထပ်) ဇေယျဝတီလမ်းစမ်းချောင်းမြို့နယ်
ဖုံးနံပါတ်များ ၀၁ ၅၃၆ ၇၁၃။ ၀၉  ၄၂၁ ၀၃၉ ၈၇၀။ ၀၉  ၅၄၁ ၅၉ ၀၆
Email; academicweekly@gmail.com
နာယက အောင်ကျော်ဦး(မဟာဝိဇ္ဖာ)
အယ်ဒီတာချူပ်/ထုတ်ဝေသူ ၀တ်ရည်ကျော်ဦး
အမူဆောင်အယ်ဒီတာ ယဉ်ကေသီ
လက်ထောက်အယ်ဒီတာ အေးမင်းထိုက်
အပတ်စဉ် ထုတ်ဂျာနယ်
တန်ဖိုး – ၅၀၀ ကျပ်

ပါဝင်သောကဏ္ဍများ – ဉာဏ်စမ်းပဟေဌိများ၊ သိပ္ပံဆိုင်ရာမေးခွန်းအဖြေများ၊ နိုင်ငံတကာက နံမယ်ကျော်ပုဂ္ဂိုလ်များအကြောင်း၊ ပညာရေးအင်တာဗျူးများ (ကျောင်းသား၊ ဆရာဆရာမများ)၊ အင်္ဂလိပ်စာသင်ခန်းစာများ၊ ဆရာ မိဘ ကျောင်းသား အမေးအဖြေ၊ ပညာရေးဆောင်းပါးများ၊ ပညာရည်ချွန်ဆုရသူများအကြောင်း၊ အင်တာနက်ကွန်ပြူတာ ဆိုင်ရာဆောင်းပါးတိုများ၊ ကလေးငယ်များအကြောင်း၊ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများ၊ အတိုအထွာ ပညာရေး သတင်းများ၊ ပညာရေးစကားဝိုင်းများ နှင့် စိတ်ဝင်စားစရာ စာအုပ်များကို မိတ်ဆက်ပေး ခြင်းနဲ့ ဗေဒင်ကဏ္ဍ အစရှိသဖြင့်။

ပရိသတ်အင်အား – ကျောင်းများနဲ့ ပညာရေးမိသားစုများ ကတော့ အထူးအားပေးကြတဲ့ ဂျာနယ်တစ်စောင်အဖြစ် အသိအမှတ်ပြုရပါမယ်။ သိသူဖော်စား မသိသူကျော်သွား ဆိုသလို၊ စိတ်ဝင်စားဖွယ် အပတ်စဉ်အစီအစဉ်များကြောင့် ပရိသတ်ခိုင်ခိုင်မာမာ ရှိလာမယ့် စာစောင်တစ်ခု အဖြစ်မြင်မိပါတယ်။ ကျောင်းတွင်း ဆရာဆရာမများ ကျောင်းသားကျောင်းသူများက ပိုပြီး အားပေးကြမှာကိုတော့ ခန့်မှန်းမိပါတယ်။ ပရိသတ် ပိုပြီးကျယ်ပြန့် လာဖို့၊ မြင်ရုံနဲ့ စိတ်ဝင်စားပြီး ဂရုစိုက်မိဖို့ကို အယ်ဒီတာအဖွဲ့များ အစွမ်းကုန် ကြိုးစားလျက်ရှိနေတာကို လည်းအသိအမှတ်ပြုမိပါတယ်။

ထူးခြားသောကဏ္ဍများအဖြစ် ကျောင်းကထူးချွန်တဲ့ကျောင်းသား ကျောင်းသူကလေးများနဲ့  အင်တာဗျူးများကို မိဘများလည်းပါဝင်လျက် တခါတရံ တွေ့ရခြင်း၊ နိုင်ငံတကာက ပညာတတ်ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ဘွဲ့မရသောလည်း ပညာတတ်ကမ္ဘာကျော် ပုဂ္ဂိုလ်များ အကြောင်း၊ အင်တာနက်ပညာရေး သတင်းတိုလေးများ၊ ကလေးငယ်များအတွက် ကစားရင်းသင်ကြားတဲ့ ရုပ်ပုံများနဲ့ အယ်ဒီတာအဖွဲ့ရဲ့ အပတ်စဉ် အာဘော်များ၊ သူတို့တွေရဲ့ ကြိုးပမ်းမူမှတ်တိုင်မှတ်တမ်းများ ကို စာဖတ်သူများဆီက စိတ်ဝင်စားတဲ့တုန့်ပြန်မူ များအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

ပညာရေး ဘောင်ခတ်ထားမူ – စာစောင်ဟာပညာရေး ဟူသောဘောင်အတွင်းမှာ အသက်ဝင်လျက်ရှိတယ် လို့ဆိုရပါမယ်။ သို့သော်လည်း အပြင်ဗဟုသုတ များကိုလည်း ရှေ့မှာတင်ပြထားသလို ထည့်သွင်းဖော်ပြလျက် ရှိတာကြောင့် ကျောင်းသားကျောင်းသူ ဆရာမိဘ များအတွက် ကျောင်းစာအပြင် စိတ်ဝင်စားနိုင်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

နိဂုံး – စာစောင်ရဲ့ ဘောင်ကို ပညာရေး – Education လို့ သတ်မှတ်ထားတဲ့အတွက် ပညာရေးအပြင်ကပရိသတ်ကို ဆွဲဆောင်နိုင်ဖို့ နည်းနည်းအခက်အခဲရှိနိုင်ပါတယ်။ “ပညာရေး“ ဆိုတဲ့စကားလုံးကိုက လေးလံခြင်း၊ ငြီးငွေ့စရာ၊ ပျင်းစရာကောင်းခြင်း၊ အိပ်ငိုက်ချင်စရာ ဆိုတဲ့အဓိပ္ပါယ်မျိုးတွေ ၀င်နေပါတယ်။ သည်တော့ ဂျာနယ်အဖွဲ့အနေနဲ့ လည်းတော်တော်လေး ရုန်းကန်ပြီး စာစောင်လေးကို မိတ်ဆက်နေရတဲ့သဘော ဖြစ်နေပါတယ်။
တကယ်ကတော့  စာစောင်လေးထဲမှာ ပြင်ပဗဟုသုတများအပြင် ပျော်ရွှင်ဖွယ်ဖတ်စရာတွေ လည်းပါတာကို ပြင်ပပရိသတ်ကသိနိုင်ဖို့ အာရုံစိုက်မူရရှိဖို့ ကြိုးစားရတာလွယ်တော့မလွယ်ဖူးပေါ့။ တဖက်ကနေ စဉ်းစားကြည့်လိုက်ရင်လည်း ခက်ခက်ခဲခဲနဲ့ ရလာတဲ့ပရိသတ်ဟာ ခိုင်မာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပညာရေး ဆိုတဲ့ စကားလုံးဟာ မူလတန်းအလယ်တန်း အထက်တန်းကနေ စလို့ တက္ကသိုလ်တွေအထိ ပက်သက်နေပါတယ်။ တကယ်ပဲ ဒီပညာရေး ပရိသတ်အားလုံးက သည်ဂျာနယ်ကို စိတ်ဝင်စားလာမယ် ဆိုရင် ပရိသတ်အင်အားက မနည်းဘူးပဲ လို့တွေးမိပါတယ်။  သည်ဂျာနယ်လေး အောင်မြင်ပါစေ လို့ဆုတောင်းပေးရင်းနဲ့ အယ်ဒီတာအဖွဲ့ကိုလည်း အားပေးလိုက်ပါတယ်။

Monday, March 17, 2014

သမုုိင်းထဲကရုုပ်ရှင် ရုုပ်ရှင်ထဲကသမုုိင်း Gandhi ဂျူနီယာဝင်း




သမုုိင်းထဲကရုုပ်ရှင် ရုုပ်ရှင်ထဲကသမုုိင်း

Gandhi

ဂျူနီယာဝင်း

(English for All မဂဇင်း မတ်လ ၂၀၁၄ တွင်ပါရှိသောဆောင်းပါး)

Gandhi (ဂန္ဓီ) ဟုုအမည်တွင်သော ရုုပ်ရှင်ကားကြီးသည် ၂၀ ရာစုုအစောပိုုင်းကာလ အတွင်း အနိယတွင် ဗြိတိသျှအစုုိးရ အုုပ်စုုိးစဉ်ကာလ ဗြိတိသျှကိုု ဆန့်ကျင်ဦးဆောင်ခဲ့သူ အကြမ်းမဖက်သော လူထုုခေါင်းဆောင် Mahatma Gandhi (မဟတမဂနီ) ၏အတ္ထုပတ္တိကုုိ ရုုိက်ကူးထားသော ရုုပ်ရှင်ဖြစ်သည်။ ဂန္ဓီအဖြစ် Ben Kinsley ကသရုုပ်ဆောင်ကာ ဒါရုုိက်တာမှာ Richard Attenborough ဖြစ်သည်။
ရုုပ်ရှင်သည် ၁၉၄၈ခုုနှစ် ဇန်နဝါရီလ ၃၀ ရက် ဂန္ဓီလုုပ်ကြံခံခဲ့ရသော နေ့တွင်စတင်ထားသည်။ ဂန္ဓီသည် သူ၏သမီးများ၊ သူ့ကုုိပြုစုုနေသူများ၏ အကူအညီဖြင့် သူ့အားထောက်ခံသူများ၊ ရုုိသေကုုိင်းရုုူိင်းကြသူများ နှင့်တွေ့ဆုုံရန် လမ်းလျှောက်ထွက် လာသည်။ လူအုုပ်ကြီးကြားထဲတွင် Na-huram Gode အမည်ရှိလူတစ်ဦး ကလုုိက်ပါလာကာ ဂန္ဓီရှေ့သုုိ့ အရောက်တွင် သေနတ်ဖြင့် အလွတ်ပစ်ခတ်ခဲ့သည်။ ဂန္ဓီသည် “ဘုုရားသခင်“ (Oh! God) ဟုုညီးတွားရင်း ပွဲချင်းပြီး သေဆုုံးသွားသည်။ ပြီးနောက် ဂန္ဓီ၏အသုုဘအခန်းအနား  ကိုုဆက်လက်ပြသ သွားသည်။
ထုုိအသုုဘအခန်းအနား ကုုိပုုိ့ဆောင်ကြသောလူအုုပ်ကြီးများ၊ ဝမ်းနည်းပူဆွေးနေသူများ၊ တစ်ကမာလုုံးနှမျော ဝမး်နည်းမူများစွာကုုိ ထုုိအဖြစ်အပျက်ကုုိ ပြသနေစဉ်အတွင်း အစီအစဉ် ကြေငြာသူက နောက်ခံပြောပြ သွားပါသည်။ အဓိကအားဖြင့် ဂန္ဓီသည် အကြမ်းမဖက်ပဲ ဥပဒေကုုိ ဆန့်ကျင်ခြင်းကုုိ လက်တွေ့အသုုံးပြု သွားခဲ့သူ အထင်ရှားဆုုံး ပုုဂိုလ်တစ်ဦး ဖြစ်သည်။ “ဥပဒေများသည် မည်ကဲ့သိုု့ပင် မတရားစေကာမူ ထုုိဥပဒေကုုိ ချိူးဖောက်ခြင်းသည် နုုိင်ငံ၏တည်ငြိမ် အေးချမ်းရေးကုုိ မထိခုုိက်စေရ။ ဤနေရာတွင် ဥပဒေချိူး ဖောက်သူများဘက်မှ ကုုိယ့်ကိုုယ်ကုုိယ်ထိန်းနုုိင်ရန် အလွန််အရေးကြီးသည်။ အီကိစတွင် မဟတမဂနီသည် သူ၏တပည့်များကုုိ အလွန်ခက်ခဲစွာ ပညာပေးစည်းရုုံးခဲ့ရသည်။“ ဟူရွေ့ John Rawls)ဂျွန်ရော့ - နုုိင်ငံရေး ဒသနပညာရှင်တစ်ဦးက ကောက်ချက်ချခဲ့သည်။
အကြမ်းမဖက်ပဲ ဥပဒေကုုိဆန့်ကျင်သောလုုပ်ရပ်သည် စည်းမကျော်အောင် အလွန်သတိထား၍ လုုပ်ရသော လုုပ်ရပ်ဖြစ်ပြီး နည်းနည်းမှ အမှားမခံ သောလုုပ်ရပ်ဖြစ်သည်။ ထုုိ့ကြောင့် လုုပ်သာသူဘက်မှ အလွန်ပညာပြည့်ဝဖုုိ့ လုုိသည်။ အောင်မြင်ဖုုိ့အလားအလာ မှာလည်းအလွန်နည်းသည်။ ထုုိ့ကြောင့်လည်း လုုပ်သောသူ တော်တော်နည်းသည်။ ဂန္ဓီသည် အကြမ်းမဖက်သောနည်းကုုိ အသက်ပေးကာ လုုပ်ပြသွားခဲ့သည်။ သူ့ကုုိအာဏာပုုိင်တွေကလည်း မကြိုက်၊ သူ့ဘက်သားတွေကလည်း မကြိုက်တာကုုိခံရသည်။ ထုုိ့ကြောင့် သူ့ုလုုိရုုိးသားအေးဆေးသော ခေါင်းဆောင်တစ်ဦး ၏ဘဝသည် မတရားသော လောကကြီးထဲမှာ မွေးဖွားလာရခြင်းကုုိက တော်တော်နှမျောစရာ ကောင်းသည်။
ရုုပ်ရှင်အစပုုိင်း သူ၏အသုုဘအခမ်းအနားတွင် သူ့အားဂုုဏ်ပြုသောစကားတွင် မဟတမဂန္ဓီ ၏ထူးခြားသော ၀ိသေသကုုိ ထည့်သွင်းပြောကြားသွားသည်မှာ လွမ်းစရာဖြစ်ပါသည်။
“ချမ်းသာကြွယ်ဝမူမရှိ ….. ပုုိင်ဆုုိင်မူဘာမှမရှိ ….. အစုုိးရကချီးမြင့်ထားတဲ့ ရာထူးဂုုဏ်ဒြဗ်မရှိ …… အစုုိးရဝန်ထမ်းလည်းမဟုုတ်တဲ့ ရုုိးရုုိးသာမန်လူသားတစ်ယောက်ပါ။ …..သူက စစ်တပ်ရဲ့ အကြီးအကဲလည်းမဟုုတ်…ကျယ်ပြောတဲ့ မြေပုုိင်ရှင်တစ်ဦးလည်း မဟုုတ်ပါဘူး။ သူ့ပုုံစံက….. သေးသေးညှပ်ညှပ်…… အသားညိုညှက်ညှက်…..။ သူ့ရဲ့ အဆင်တန်ဆာဆုုိတာ ကလည်း…. ခါးအောက်ပုုိင်း လုုံရုုံလေး ဝတ်ဆင်ထားတဲ့ ခြုံလွှာလေးသာပါ…။ အုုိ…… ကြည့်လုုိက်စမ်းပါဦး ….. ဒီလုုိလူသားတစ်ဦးအတွက်…. တကမ္ဘာလုံးက အစုုိးရအဖွဲ့အစည်းတွေ ….. ဂုုဏ်သရေရှိ ပုုဂိုလ်တွေ အားလုုံးက စုုပေါင်းပြီး လေးလေးစားစား ဂုုဏ်ပြု ဆုုတောင်းပေးနေကြရတယ်……“

‘…. without wealth… without property …. without official titles or offices … Mahatama Gandhi … was not the commander of armies…. Nor a ruler of vast lands…. Yet men…. governments,  dignitaries from all over the world…. have
joined hands today to pay homage …. to this little brown man in the loindoth.’















Saturday, March 15, 2014

စက္ကူကိုအပေါက်ဖောက်ခြင်း (သချာင်္ဥာဏ်စမ်း ) ဒေါက်တာခင်မောင်ဝင်း (သချာင်္)၊



မတ် ၁၅၊ ၂၀၁၄

(Academic Weekly Educational Journal Vol 3 No 11, 13-3-2014 မှ)

အလျား ၆ လက်မနှင့် အနံ ၄ လက်မရှိသော စက္ကူတစ်ခုကို အပေါက်ဖောက် မည်ဆိုလျှင် အပေါက်၏အရွယ်သည် အ၀န်းအားဖြင့် ၆+၄+၆+၄ = ၂၀ လက်မ ကျယ်နိုင်သည်ဟု ထင်စရာရှိပါသည်။
သို့သော် အလျား ၆ လက်မနှင့် အနံ ၄ လက်မရှိသော စက္ကူတစ်ခုကို အ၀န်းအားဖြင့် ၂၄ လက်မကျော်သော အပေါက်ဖြစ်အောင်ဖောက်နိုင်သည်။ အ၀န်းအားဖြင့် ၄၈ လက်မကျော်သော အပေါက်ဖြစ်အောင်လည်း ဖောက်နိုင်သည်။ မည်ကဲ့သို့ဖြစ်နိုင်သနည်း။
စဉ်းစားနည်း

ပုံ
စက္ကူအသားကိုဖြတ်မထုတ်ပဲ အပေါက်ဖောက်သောနည်းကိုစဉ်းစားပါ။
တွက်နည်းနှင့်အဖြေ။

 
ပုံ

ရှေးဦးစွာစက္ကူကို ဤပုံတွင်ပြထားသည့်အတိုင်းဖောက်ပါ။ ပြီးလျှင်အောက်တွင် ပြထားသည့် အတိုင်း ကပ်ကြေးဖြင့် ညှပ်ပါ။ ပြီးလျှင် A မှ B အထိထပ်ဖြတ်ပါ။ ပြီးလျှင် A နှင့် B မှကိုင်၍ဆွဲဆန့်လိုက်ပါ။
ညှပ်သောလိုင်းများအရေအတွက်ကိုတည်၍ အပေါက်သည်ကျယ် မည်ဖြစ်သည်။ အကယ်၍ A4 စက္ကူကို ဤနည်းအတိုင်း ဖြတ်မည်ဆိုလျှင် အပေါက်သည်လူနှစ်ယောက် ၀င်ဆန့်သည်။ အောက်ကပုံကိုကြည့်ပါ။

Thursday, March 6, 2014

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်၊ ထုုတ်ဝေသူနဲ့ မဆိုုင်ဘူး မောင်ရစ်

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်၊ ထုုတ်ဝေသူနဲ့ မဆိုုင်ဘူး
မောင်ရစ်၊ မတ် ၆၊ ၂၀၁၄

ဟိုုတခါက အီးဘုုတ်တွေ ထုုတ်တဲ့ကိစ္စ၊ မိုုးမခမီဒီယာအနေနဲ့လည်း မေတ္တာနဲ့ Amazon Kindle E-Book  အဖြစ် မြန်မာစာအုုပ်တွေ တင်ပေးချင်တဲ့ကိစ္စ ပြီးတော့ ကော်ပီရိုုက် (မူပိုုင်ခွင့်) ကိစ္စကိုု အင်တာဗျုးမှာလည်း ပြောခဲ့ပြီ၊ စာရေးပြီးတော့လည်း ပြောခဲ့ပြီ။ အခုုလည်း မြန်မာပြည်တွင်းက စာရေးဆရာတွေဘက်က ထပ်မေးလာလိုု့ စာရေးပြီးတော့ ထပ်ပြောရပါဦးမယ်။

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်။ စာအုုပ်ထုုတ်တဲ့သူက သူထုုတ်တဲ့စာအုုပ်ပဲ သူပိုုင်တယ်။ စာရေးဆရာရဲ့ စာမူကိုု သူမပိုုင်ဘူး။ သူနဲ့ တိုုက်ရိုုက် မသက်ဆိုုင်ဘူး။ ဥပမာ – စာရေးဆရာဆီက စာမူကိုု ဝယ်ပြီး ထုုတ်ဝေသူက စာအုုပ်ထုုတ်ရင် သူထုုတ်တဲ့ ပထမအကြိမ်၊ အုုပ်ရေ၊ တန်ဖိုုးနဲ့ ညီတဲ့ စာမူခပေးချေပြီး ထွက်လာတဲ့ စာအုုပ်အသွင်သဏ္ဍာန်ကိုုသာ ထုုတ်ဝေသူက ပိုုင်ဆိုုင်တယ်လိုု့ ဆိုုလိုုတာပါ။ စာရေးဆရာရဲ့စာမူကိုု သူမပိုုင်ဘူး။ ပထမနှိပ်ခြင်းကုုန်ရင် ဒုုတိယနှိပ်ခြင်းမှာ စာရေးဆရာကိုု ထုုတ်ဝေသူက စာမူခထပ်ပေးရပါတယ်။ စာရေးဆရာက သူ့ဖာသာသူ ထပ်မံ ထုုတ်ဝေချင်လိုု့ စီမံ ထုုတ်ဝေရင်လည်း တားမြစ်လိုု့ မရပါဘူး။ တခုုပဲ ရှိပါတယ်။ ထုုတ်ဝေသူက အချိန်အကန့်အသတ်တခုုနဲ့ ဒီစာမူကိုု ဒီစာအုုပ်ကိုု တခြားမှာ မသုုံးအောင်၊ မထုုတ်အောင် ကန့်သတ်တာမျိုး၊ နားလည်မှုမျိုးကိုု စာရေးဆရာနဲ့ ထုုတ်ဝေသူက စာချုပ် ချုပ်ဆိုထားရင်တော့ တမျိုးပေါ့။ ဘက်စ်ဆဲလာစာရေးဆရာတွေရဲ့ စာအုုပ်တွေဆိုုရင်တော့ တုုိက်တွေက အဲသလိုု စာချုပ်ချုပ်လေ့ရှိပါတယ်။

သိုု့သော် … ဒီသိုု့သော်က အခုု လာမေးနေတဲ့မေးခွန်းနဲ့ ဆိုုင်ပါတယ်။ အကယ်၍ စာအုုပ်သည် ပုုံနှိပ်စာအုုပ်အဖြစ်ကနေ “အခြားအသွင်သဏ္ဍာန်တခုုကိုု ပြောင်းသွားခဲ့သည် ရှိသော် …” ဘယ်သူနဲ့ ဆိုုင်သလဲ။ စာရေးဆရာနဲ့ပဲ ဆိုုင်ပါတယ်။ စာမူတခုုဟာ မည်သည့်အသွင်ပြောင်းပြောင်း အနုုပညာပစ္စည်း သိုု့မဟုုတ် စာပေတခုု စာမူတခုုအဖြစ်နဲ့ စာရေးဆရာရဲ့ ပိုုင်ဆိုုင်မှုအဖြစ်ကနေ ပြောင်းရွှေ့သွားခြင်း မရှိပါဘူး။ စာရေးဆရာကပဲ ပိုုင်ပါတယ်။ အသွင်ပြောင်းသွားတာကိုု မူလထုုတ်ဝေသူက သူပဲ ပိုုင်ဆိုုင်တယ်လိုု့ တိုုက်ရိုုက် ကောက်ချက်ဆွဲခွင့် မရှိပါ။ စာရေးဆရာနဲ့ ပြန်လည် တိုုင်ပင်ညှိနှိုင်း သဘောတူညီမှု ပြန်ယူပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြောချင်တာက ပြန်ကြားရေးဝန်ကြီးဌာနတိုု့၊ အီးဘုုတ်ကုုမ္မဏီတွေတိုု့၊ အီးစာကြည့်တိုုက်တိုု့၊ အီးဝန်ဆောင်မှုတိုု့ လုုပ်နေကြတဲ့ မြန်မာပြည်တွင်းမှာ မြန်မာစာအုုပ်တွေကိုု အီးဘုုတ်အသွင်ပြောင်းကြတဲ့အခါ အဲသည်အီးဘုုတ်တွေကိုု မူလပုုံနှိပ်ထုုတ်ဝေသူတွေက သူတိုု့တသက်လုုံးပိုုင်တဲ့ ပစ္စည်းတခုုလိုုသဘောထားပြီး လုုပ်ကိုုင်နေကြတာကိုု တွေ့မြင်နေရလိုု့ ဝင်ပြောရတာဖြစ်ပါတယ်။ အီးဘုုတ်အသွင်ပြောင်းလိုုက်တာနဲ့ စာရေးဆရာနဲ့ စာမူခဆိုုင်ရာ ခွင့်ပြုချက်ဆိုုင်ရာ ပြန်လည် ညှိနှိုင်းစာချုပ်ချုုပ်ရမယ်၊ ခွင့်တောင်းရမယ်။ စာရေးဆရာတွေက မကျေနပ်လိုု့ ကန့်ကွက်ရင် လိုုက်နာရမယ်။ ငါထုုတ်တဲ့စာအုုပ် အီးပဲထုုတ်ထုုတ် ဘုုတ်ပဲထုုတ်ထုုတ် စာရေးဆရာနဲ့ မဆိုုင်ဘူးလိုု့ မလုုပ်ကြဖိုု့ မေတ္တာရပ်ခံတဲ့စာကိုု ရေးရတာပါ။

တလောကကြားတာကတော့ နိုုင်ငံတော်ဆိုုတာကြီးရဲ့ စေတနာရှေ့ထားပြီးတော့ ပြန်ကြားရေးကဆိုုလား အီးစာကြည့်တိုုက် အီးဘုုတ်တွေ အခမဲ့ ၀ိုုင်ယာလက်စ်ပေါ်က ဖြန့်ချိမယ်။ စာရေးသူတွေက ဝေသန္တရာစိတ်ထားနဲ့ သဘောထားကြပါဆိုုလား သတင်းစာ၊ ဂျာနယ်အချို့မှာ ထုုတ်ပြန်အသိပေးတယ်လိုု့ ဖတ်လိုုက်ရတယ်။ နောက်တော့ ပုုံနှိပ်စာအုုပ်တွေကိုု အီးဘုုတ်တွေအဖြစ် ပြည်တွင်းမှာ အသွင်ပြောင်းထုုတ်ကြမယ် … ပြန်ကြားရေးရယ်၊ ကုုမ္မဏီရယ်၊ ထုုတ်ဝေသူတွေရယ်က သူတိုု့ထုုတ်ခဲ့တဲ့ စာအုုပ်တွေကိုု စိတ်ကြိုက် အသွင်ပြောင်းကြ၊ ထုုခွဲကြ၊ ဝေမျှကြမယ် ဆိုုလားပဲ … ဒါမျိုးလဲ ကြားရပြန်တယ်။ “စာရေးဆရာတွေကျတာ့ရော” ဆိုုတော့ “သူတိုု့နဲ့ မဆိုုင်ဘူး” ဆိုုလားပဲ။ “သူတိုု့ထုုတ်တဲ့စာအုုပ် သူတိုု့စာအုုပ်။ စာရေးဆရာတွေက ဘာမှ ဝင်ရှုပ်စရာမလုုိဘူး” လုု့ိ ထုုတ်ဝေသူတချို့က ပြန်ပြောတဲ့အကြောင်း စာရေးဆရာအချို့က သတင်းပြန်ပေးပါတယ်။ ဒီလိုုမျိုး လုုပ်လိုု့ မရတဲ့အကြောင်း အခုုဒီစာရေးပြီး မေတ္တာရပ်ခံအပ်ပါတယ်။

စာရေးသူက စာမူပုုိင်ပါတယ်။ ထုုတ်ဝေသူနဲ့ မဆိုုင်ပါဘူး။ အတိုုင်းအတာတခုု အထိပဲ အသွင်သဏ္ဍာန်တခုုအနေနဲ့ ပိုုင်ပါတယ်။ တသက်လုုံး ငါ့ဟာလိုု့ ဆိုုနေရင် ခင်ဗျားတိုု့ ထုုတ်ဝေသူတွေကလည်း အာဏာရှင်အစုုိးရနဲ့ ပေါင်းပြီး မောင်ပိုုင်စီး စားသောက်နေကြတဲ့ ခရိုုနီတွေလိုု ဖြစ်ကုုန်ကြတော့မှာပေါ့။ အီးဘုုတ်တွေ အီးစာကြည့်တိုုက်တွေ လုုပ်ချင် ကိုုင်ချင်ရင် မူလပိုုင်ရှင်စာရေးသူတွေကိုု သီးခြားခံစားခွင့်၊ ခွင့်ပြုချက်၊ အသိအမှတ်ပြု လေးစားမှု စသည်တုုိ့ ပေးအပ်ပြီးမှသာ လုုပ်ကိုုင်ဆောင်ရွက်သင့်ပါတယ်။

အခုုတောင် မြန်မာရုုပ်ရှင်တွေ သီချင်းတွေကိုု ခိုုးကူး ခိုုးဝေပြီးတော့ ဝေသန္တရာလုုပ်နေတဲ့သူတွေက အင်တာနက်ပေါ်မှာ ခိုုးရာပါပစ္စည်းနဲ့ အလှူရှင်မျက်နှာကြီးလုုပ်နေကြတာ ရှက်စရာပါ။ အခုုလည်း မြန်မာစာအုုပ်တွေကိုု ခိုုးကူး ခိုုးဖြန့်နေတဲ့ အီးဘုုတ်ခိုုးဖြန့်တွေကလည်း သူတိုု့ကိုုယ်တိုုင်ကပဲ မြန်မာစာပေလောကကြီး မြှင့်တင်နေသလိုုလိုု အင်တာနက်ပေါ်မှာ သူခိုုးတွေနဲ့ ခိုုးရာပါတောင်းစားသူတွေ တော်သလင်းဇာတ်ခင်းနေကြတာ စိတ်မကောင်းစရာပါ။ ဒါကိုု ထုုတ်ဝေသူတွေက သူတိုု့လိုုမျိုး တတန်းစားတည်း ခံယူပြီးတော့ မူလပိုုင်ရှင်စာရေးဆရာတွေ စာမူရှင်တွေကိုု ပစ်ပယ်ပြီး အသွင်ပြောင်းချင်တိုုင်းပြောင်း၊ အကျိုးအမြတ်ကိုု လက်ဝါးကြီးအုုပ်တာမျိုးကိုု မကြားလိုု မမြင်လိုုပါ။

မိုုးမခက ဦးဝင်းတင်နဲ့ အင်တာဗျုးတဲ့ ဆောင်းပါးတွေ ရှိတယ်။ ဒါကိုု ထုုတ်ချင်တဲ့ ထုုတ်ဝေသူက တောင်းတော့ ကျနော်က ဦးဝင်းတင်ဆီက ခွင့်ပြုချက်တောင်းပါတယ်။ အင်တာဗျုးတွေက မိုုးမခကစီစဉ်တာပါ။ ငါတိုု့်ဟာပဲလိုု့ ဆိုုချင် ဆိုုနိုုင်ပါတယ်။ သိုု့သော် မူလအာဘော်ပြောဆိုုသူက ဦးဝင်းတင်ဆိုုတော့ သူ့ကိုုလည်း ခွင့်တောင်း အသိပေးရပါတယ်။ ပြီးတော့ မိုုးမခဆိုုတာက ဘာမှမဟုုတ်တဲ့ မီဒီယာဆိုုတော့ စာမူခတွေဘာတွေ မတောင်းပါဘူး။ စာမူခများ ပေးရင် ဆရာဦးဝင်းတင်ကိုုသာ ကန်တော့ဖိုု့ မေတ္တာရပ်ခဲ့ပါတယ်။ ဆရာဦးဝင်းတင်ကလည်း သူ့စာမူခတွေအားလုုံးကိုု သူ့ဖောင်ဒေးရှင်းကိုု ရည်စူးပြီး လှူဒါန်းလိုုက်ပါသတဲ့။ သည်တော့ ပြောချင်တာက ဦးဝင်းတင်အင်တာဗျူးစာအုုပ်လိုုမျိုးကိုု ပြန်ကြားရေးဝန်ကြီးကနေ အီးစာကြည့်တိုုက်အဖြစ် ၀ိုုင်ယာလက်တွေ ဘာတွေနဲ့ အသွင်ပြောင်းထုုတ်ဝေချင်တယ်ဆိုုရင် ဦးဝင်းတင်ဆီက တိုုက်ရိုုက်ခွင့်တောင်းကြပါလိုု့ ပြောချင်ပါတယ်။

စာရေးဆရာတွေသာလျင် သူတိုု့စာမူများ၏ အရှင်သခင်ဖြစ်ပါတယ်။ စာရေးဆရာဟာ သူရေးတဲ့ စာမူတွေနဲ့ စာအုုပ်အတွက် တာဝန်ယူပါတယ်။ ခံစားပါတယ်။ အခန့်မသင့်လိုု့ ထောင်ကျ တန်းကျရင်လည်း သူတိုု့ပဲ ထောင်ကျတာပါ။ ဘယ်ထုုတ်ဝေသူတွေက ဘယ်စာရေးဆရာအတွက် ကိုု်ယ်စား ထောင်ကျခံပေးကြတဲ့ ရာဇဝင်များ ရှိခဲ့သလဲ။ အယ်ဒီတာအောင်ဆန်းကသာ စာရေးဆရာ ညိုမြအတွက် ကျောင်းအထုုတ်ခံရတယ်လိုု့ပဲ ကြားဖူးတယ် မဟုုတ်လား။