Saturday, December 22, 2012

Last Wish. နောက်ဆုံးဆုတောင်း ဂျူနီယာဝင်း


  







နောက်ဆုံးဆုတောင်း



ဂျူနီယာဝင်း ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၂



သက္ကရာဇ်၂၀၁၂က ကမ္ဘာပျက်မှာတဲ့လား။ဒါ တကယ်ပဲဖြစ်ပါစေလို့ ငါဆုတောင်းတယ်။



ငါ့ဆုတောင်း ဘယ်သူမှနားလည်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်၊ ငါတို့ကမ္ဘာကြီးက ရက်စက်တဲ့လူသားတွေနဲ့ အာဏာရှင်တွေ ကြီးစိုးနေကြတာ။ အကယ်၍များ ၂၀၁၂မှာ ကမ္ဘာကြီး တကယ်ပျက်ခဲ့ရင် အဲသည်အာဏာရှင်တွေအပါအဝင် အားလုံးအားလုံး ကမ္ဘာပျက်တဲ့အထဲ ပါသွားမှာ။ အပြစ်မရှိတဲ့ လူသားတွေလည်း ပါကုန်မှာပေါ့။ … အဲသည်လိုဆိုတော့ … င့ါကို ရူးနေပြီလို့ ထင်နေမှာပဲ။ ဒါပေမယ့် သူတို့လည်း ငါတို့ သေသလို သေကြရမှာလေ။



ငါတို့ကမ္ဘာကြီး တန်ခိုးအာဏာရှိသူတွေလက်ထဲ အသုံးခံပစ္စည်းတွေ ဖြစ်နေတယ်။ ရွှေ၊ ရေနံ၊ သဘာဝတွင်းထွက်ပစ္စည်းတွေကို သူတို့က ပိုက်ဆံအတွက် အသုံးချပစ်ကြတယ်။ ငါတို့ရဲ့ လှပတဲ့ တောင်တန်းတွေ၊ စီးဆင်းနေတဲ့မြစ်တွေ၊ှ အဆုံးမရှိတဲ့ ပင်လယ်တွေ၊ ကြွယ်ဝတဲ့ သစ်တောတွေ၊ ပေါများလှတဲ့ စိုက်ပျိူးရေုးလုပ်ငန်းတွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေထုတွေကို အခုဆိုရင် သူတို့က ရေတို ရေရှည် စီမံကိန်းတွေ အကြောင်းပြပြီး သဘာဝကမ္ဘာကြီးကို ဖျက်ဆီးပစ်နေကြပြီ။



ငါတို့ရဲ့သဘာဝအလှတွေဟာလည်း ရက်စက်ကြမ်းကြုပ်တဲ့သူတွေလက်ထဲမှာ ညစ်နွမး်ကုန်ရပြီ။ “တန်ခိုးအာဏာသာ အမှန်” ဆိုတဲ့ ကြွေးကျော်သံကသာ ကမ္ဘာကို လွှမ်းလို့။ 



အကယ်၍များ ကမ္ဘာကြီးပျက်မှပဲ သည်လိုတန်ခိုးအာဏာတို့၊ ရက်စက်ကြမ်းကြုပ်မူတို့ကို ပျက်ဆီးစေမယ်ဆိုရင်ဖြင့်… အို… မြန်မြန်သာ ပျက်လိုက်စမ်းပါတော့။ ဒါက ကမ္ဘာကြီးက အသည်းနှလုံးကင်းမဲ့တဲ့လူသားတွေကို ပေးတဲ့အပြစ်ဒဏ်။



အဖိုးတန်တိရိစ္ဆာန်တွေလည်း မျိူးတုံးလုမတတ်ကို တကယ့်ကို ခြိမ်းချောက်ခံနေရတဲ့ အနေအထား။ လူတွေရဲ့ လက်ထဲ ပျက်စီးသွားကြရတာ။ ဒီလိုပြစ်မူတွေကို တားဆီးနိုင်တဲ့ ဗီတိုဆိုတာလည်း မရှိ။ အပြစ်မဲ့လူသားတွေကလည်း သေလုမျောပါး၊ စိတ်ပူပန်မူများစွာနဲ့ အာဏာရှင်တွေချိမ်းခြောက်တာကိုု ခံနေလိုက်ရတာ။ 



သည်တော့ ငါတို့လည်း ကမ္ဘာကြီးရဲ့အပြစ်ပေးဒဏ်ကို အဲသည်လူယုတ်မာတွေနဲ့အတူတူ အဆုံးသတ်လိုက်ကြရအောင်။



သေဖို့များ မကြောက်လို်က်ပါနဲ့၊ ငါတို့က မျော်လင့်ချက်အားလုံးဆုံးရှုံးပြီး သေလူတွေ ဖြစ်ပြီးသားမို့ပါ။ ဒီသေမိန့်ဟာ အာဏာရှင်တွေကို နိုင်တဲ့ နောက်ဆုံးမျော်လင့်ချက်ပဲ ဆိုတာ ယုံကြည်ရင်း ပျော်ပျော်ကြီး သေပွဲဝင်လိုက်ကြရအောင်။



အင်း … တစ်ခုတော့ ဆုတောင်းလိုက်ပါရဲ့။ ဒီကမ္ဘာပျက်တဲ့နေ့ဟာ လူသားအားလုံး အယုတ်အလတ်အမြတ်မရွေး၊ အားလုံး အားလုံးကို တန်းတူရည်တူ ခံစားခွင့်ပေးတာ ဖြစ်ပါစေ။ မင်းတို့အာဏာရှင်တွေ နောက်တနေ့ မနက်ခင်းအလင်းရောင်ကို ဘယ်တော့မှ မတွေ့ မမြင်ကြရပါစေနဲ့။      ။



(Junior Win ရေးသားသော The Last Wish ကို ကိုယ်တိုင်ဘာသာပြန်ထားသည်။)



http://juniorwin.blogspot.com

Tuesday, December 11, 2012

Under the Moonlit Night 2. လရောင်သာတဲ့ လပြည့်ညအောက်မှာ (၂) ဂျူနီယာဝင်း


လရောင်သာတဲ့ လပြည့်ညအောက်မှာ (၂)
ဂျူနီယာဝင်း
ဒီဇင်ဘာ ၁၂၊ ၂၀၁၂


“လရောင်သာတဲ့ညပြည့်ညအောက်မှာ ဘယ်သူက ကျွန်မနဲ့အတူ ကမ္ဘာကြီးကို အလင်းတွေ ထွန်းညှိပေးချင်ကြပါသလဲ“။ ဟောသည် လပြည့်ညအောက်မှာ ဖတ်ထားမိတဲ့ကဗျာတစ်စကို ငြီးလိုက်မိတယ်။

ဒီလပြည့်ညမှာ တောင်တန်းတွေဆီက ငိုကြွေးသံတွေကို ကြားတယ်။ ဒါပေမယ့်သည်လို လပြည့်ညသန်းခေါင်ယံမှာ ဘာတွေများဖြစ်ကြမှာလဲ ဆိုတာကို မသိဘူး။ င့ါနှယ့်.. ကံကောင်းတယ်လို့ ပြောရမှာလား … ဟောသည်နောက်တနေ့မနက်စောစောကြီးမှာ ဘာတွေဖြစ်ကြမှာလဲ ဆိုတာကို မသိလိုက်ဖူးလေ။

ဟောသည် ဝင်းပနေတဲ့ လပြည့်ဝန်းကြီးအောက်မှာပေါ့ …. တောင်တန်းတွေဆီက အော်ဟစ်သံတွေလား၊ သွေးဆာနေတဲ့ မကောင်းဆိုးဝါး တွေရဲ့ နိုးထလာတဲ့အသံတွေလား …. အဲသည်လိုအဖြစ်တွေနဲ့ သည်လိုအချိန်မှာ ကျွန်မက အိပ်လို့ကောင်းနေလိုက်တာ။ စိတ်မကောင်းစရာအဖြစ်တွေဟာ အဲသည်လပြည့်ညသန်းခေါင်ယံမှာ ဖြစ်ပျက်ခဲ့ပြီ။ ဝမ်းနည်းကြေကွဲနေတဲ့ မျက်ရည်တွေနဲ့ မျက်နှာသစ်၊ ညီးတွားသံတွေလွှမ်းနေတဲ့ လေထုကိုရူရိူက်၊ နာကြင်စွာငိုကြွေးသံတွေကို သောတဆင်၊ အသည်းနှလုံး ကွဲကြေကျနေတာကို ခံစား၊ ငါတို့တိုင်းပြည်ကြီးရဲ့လပြည့်ညအောက်က အဖြစ်ဆိုးကိုကြားလိုက်ရပြီ။

သည်လိုကြောက်စရာအဖြစ်အပျက်ကို မြင်သိကြားသိပြီးတော့ အသည်းနှလုံး မကြေကွဲ၊ မတုန်လှူပ်တဲ့သူ ရှိနို်င်ပါ့မလား။ ဒါအိပ်မက် များလား… ညက လသာနေတာကိုကြည့်ရင်း မိုးချူပ်သွားတာ မှတ်မိနေတယ်။

ညပြည့်ည… တန်ဆောင်တိုင်လပြည့်နေ့… ဆိုတာတဲ့….. သံယာတော်များကို သင်္ကန်းတော်များ ကပ်လှူတဲ့ကာလ….. လှူဖွယ်ပစ္စည်းများ ကပ်လှူပ် ရတဲ့ ကာလတဲ့…. မေမေကြီးပြောနေကျစကား …. ဘဘကြီးရဲ့ ဆုံးမစကားသံတွေ ကြားနေတယ်…..။

သည်တော့ ဘယ်လိုလုပ်ပြီး ရွှေဝါရောင်သင်္ကန်းတော်က အဲသည်မနက်စောစောကြီးမှာ ကြောက်ရွှ့ံဖွယ်အဖြစ်ဆိုးနဲ့ ကြုံကြရမှာလဲ။ သည်လိုညပြည့်ညအောက်မှာ ဖြစ်ခဲ့တာတွေကို မယုံနိုင်ဘူး။ ဒါပေမယ့် မျက်မြင်သက်သေတွေက ပြောတယ်၊ အဲဒါမနက်စောစောကြီးမှာ တကယ်ပဲ ဖြစ်ပျက်ခဲ့သတဲ့။

သြော်… ကြင်နာခြင်းကင်းမဲ့တဲ့ သည်ကမ္ဘာကြီးကို ထားရစ်ကာ ထွက်ခွာသွားကြတဲ့ ကျွန်မအဘိုးအဘွားများအတွက် သည်လိုလသာသာ အောက်က တုန်လှူပ်ဖွယ်အဖြစ်ဆိုးကို မတွေ့မမြင်သွားရလေခြင်းလို့ ကြံဖန်ပြီး ဝမး်သာမိပါရဲ့။ ဒါပေမယ့် သည်လိုလသာသာ အောက်မှာ ဖြစ်ခဲ့ရတဲ့အိပ်မက်ဆိုးကို ကြုံတွေ့ခဲ့သူများအတွက်တော့ ပုံမှန်အခြေအနေရောက်ဖို့ အချိန်တွေယူကြရပေလိမ့်ဦးမယ်။ အခုထိ နာကြင်ခံစားနေရဆဲသူတို့တွေကို ဘယ်လိုနှစ်သိမ့်ရမှန်းလည်း မသိ။ သို့သော်လည်း ဟောသည်ချရေးလိုက်မိတဲ့ ဝမ်းနည်းစာနာမိတဲ့ စကားလုံးများဟာ ကျွန်မအဘိုးအဘွားများရဲ့ နှလုံးသားတွေက ထွက်ပေါ်လာတာများဖြစ်တယ် ဆိုတာကိုတော့ မှတ်တမ်းတင်ချင်တယ်။

(Junior Win ရေးသားထားသော Under The Moon Lit Night 2 ကိုကိုယ်တိုင်ဘာသာပြန်ထားသည်။)

Friday, December 7, 2012

Book Review – Science in Action


Book Review – Science in Action
စာအုပ်အမည် - လက်တွေ့သိပ္ပံ
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း တက္ကသိုလ်ရွှေရီဝင်း
မူရင်းစာအုပ်အမည်- Science in Action  (Rolin Kerrok)
ထုတ်ဝေသူ - စိတ်ကူးချိုချိုစာပေ
စာမျက်နှာ - ၇၆
အောက်တိုဘာလ ၂၀၁၂
အုပ်ရေ ၅၀၀
ရောင်းဈေး -  ၂၀၀၀ကျပ်
အခန်းပေါင်း - ၂၆ ခန်း

သိပ္ပံနည်းပညာဆိုင်ရာများ၊ ကရိယာများ၊ စက်ရုံအလုပ်ရုံ၊လက်နက်၊ပုံနှိတ်မူ၊ဆောက်လုပ်ေ၇း၊ရေကာတာဆည်များ၊သယ်ယူပို့ဆောင်ရေး၊စက်ဘီးမော်တော်ဆိုင်ကယ်၊ကားရတားလေယျဉ်၊သဘောင်္၊ရေဒါဆိုနာစက်တလိုက်၊အာကာသစသည်ဖြင့်သိပ္ပံနှင့်ပတ်သက်သောအကြောင်းအရာများကိုသူ့အခန်းနှင့်သူရှင်းလင်းပေးထားသည်ကိုတွေ့ရသည်။ရှေးရှေးတုန်းကဘီစီ၃၅၀၀ကနေစလို့ယခုခေတ်တိုင်တဖြေးဖြေးတိုးတက်လာသောသိပ္ပံ၊ကရိယာတန်ဆာပလာတွေကလည်းယနေ့ခေတ်စက်ကရိယာကနေဓာတုပစ္စည်းများတိုင်တိုးတက်နေသောပစ္စည်းများ၊လယ်ယာစိုက်ပျူိးမူမှာမွေးမြူရေးလုပ်ငန်းများထွန်ယက်စိုက်ပျိုးနည်းများ၊ပုံနှိတ်မူအခန်းကမဂ္ဂဇင်းပုံနှိတ်စာလုံးများပြုလုပ်ပုံ၊ကွန်ပြူတာနဲ့ထိမ်းချူပ်ထားတဲ့နှူကလီယားဒုံးကျဉ်များစသည်ဖြင့်ရထားကားသင်္ဘောတည်ဆောက်ပုံများကိုသိပ္ပံရူထောင့်ကနေအသေးစိတ်နည်းပါးရှင်းလင်းထားပါသည်။အခန်းများသည်သူ့ခေါင်းစဉ်နှင့်အတူဆေးရောင်စုံရုပ်ပုံများဖြင့်ဖော်ပြထားရာဖတ်ချင်စဖွယ်ဖြစ်ပါသည်။
ယနေ့ခေတ်လမ်းတံတားမြစ်ကူးတံတားလိုဏ်ခေါင်းပိုက်လိုင်းဆည်များတည်ဆောက်မူလုပ်ငန်းများကိုလည်းတွေ့ကြရသည်။နိုင်ငံတကာကနံမယ်ကျော်တံတားများကိုလည်းပုံများနှင့်တကွဖတ်ရူကြရမည်။စီးနေတဲ့ရေကိုတားပြီးဆောက်လုပ်သောရေကာတာတံမံများ၏အကျိုးအပြစ်များကိုတွေ့ရမည်။ပတ်ဝန်းကျင်ကိုထိခိုက်ပုံများကိုလည်းရှင်းလင်းထားတာတွေပါသည်။ထို့အပြင်လမ်းစဖောက်မယ်ဆိုရင်ဖြင့်မလုပ်ခင်မှာသင့်တော်တဲ့လမ်းကြောင်းကိုရွေးချယ်ခြင်း၊အုပ်ချူပ်တဲ့အစိုးရနဲ့နေထိုင်တဲ့လူနဲ့ပတ်ဝန်းကျင်အခြေအနေအားလုံးကိုသဘောတူညီမူလိုကြောင်းစသည်ဖြင့်ရှင်းလင်းချက်များလည်းပါဝင်သည်။မော်တော်ကားများစည်းကမ်းတကျမောင်းနှင်မူများ၊ကုန်းလမ်းရေလမ်းခရီးများအကြောင်း၊မြေအောက်လမ်းများအကြောင်းအပြင်လေယျာဉ်ပျံများမောင်းနှင်မူများ၊အဓိပ္ပါယ်များကိုအင်္ဂလိပ်စာစာလုံးများရှင်းပြချက်များပါဝင်ပါသည်။နောက်ဆုံးမှာဝေါဟာရရှင်းလင်းချက်များပါဝင်သဖြင့်အရေးကြီးသောအင်္ဂလိပ်စာလုံးများကိုအလွယ်တကူကျက်မှတ်နိုင်ပါသည်။

သိပ္ပံပညာဆိုတာတကယ်တန်းလေ့လာကြည့်မှအသေးစိတ်လေ့လာကြည့်မှနားလည်သဘောပေါက်ကာခံစားနားလည်နိုင်ပါသည်။ထို့အပြင်လေးလေးနက်နက်လေ့လာလိုသူများအတွက်သည်စာအုပ်ပါးလေးကအကျူိးရှိစေပါလိမ့်မည်။အပြင်းပြေဖတ်ဖို့ထက်ဖတ်လိုက်ရင်းနဲ့လေးနက်သောအကြောင်းအရာများကိုတွေ့ရှိကြပါလိမ့်မည်။ငယ်ငယ်တုန်းကတော့သည်လိုစာအုပ်မျိုးကိုလှန်လှောကာအပျော်ဖတ်ခဲ့ကြတာကိုမှတ်မိနေပါသည်။ကြီးလာတော့ပြန်စဉ်းစားရင်နည်းနည်းတော့ရေးတေးတေးပေါ်လာပါသည်။အဲသည်လိုပေါ်တာလောက်ကလေးကိုကအကျိုးအများကြီးရှိပါလားဆိုတာကြီးလာရင်သဘောပေါက်လာရပါသည်။ဒါသူတို့တိုင်းပြည်မှာဆယ်ကျော်သက်ကလေးတွေအတွက်သီးသန့်ရေးသားထားတာဖြစ်ပါသည်။သည်အရွယ်တွေကလူကြီးဖြစ်လာတော့အသုံးချတတ်လာမှာဖြစ်ပါသည်။အသိပညာများသည်လိုနှင့်စုဆောင်းယူသွားရတာပဲမဟုတ်ပါလား။


Thursday, November 29, 2012

လရောင်သာတဲ့ လပြည့်ညအောက်မှာ ဂျူနီယာဝင်း



လရောင်သာတဲ့ လပြည့်ညအောက်မှာ
ဂျူနီယာဝင်း
၂၈ရက် နိုဝင်ဘာလဟာ တန်ဆောင်မုန်းလပြည့်နေ့တစ်နေ့ အဖြစ်
မြန်မာပြက္ခဒိန်မှာ တွေ့ရပါတယ်။ အဲဒါ မီးထွန်းပွဲတော်လလို့လည်း ခေါ်ပါတယ်။ ကျွန်မရဲ့ခြံထဲမှာ
ဖယောင်းတိုင်တွေ၊ ရောင်စုံမီးသီးလေးတွေနဲ့ လရဲ့ အလင်းရောင်ကို ပိုပြီး တောက်ပသွားအောင်
ထွန်းညှိထားပါတယ်။
“လရောင်သာတဲ့တညမှာ ဘယ်သူက ကျွန်မနဲ့ အတူ ကမ္ဘာကြီးကို အလင်းတွေ
ထွန်းညှိချင်ကြပါသလဲ”၊ အခုနလေးတင်က ဖတ်ထားတဲ့ကဗျာတပိုင်းတစကို ညီးမိတယ်။ ကျွန်မရဲ့
ငယ်ဘဝကို သတိရတယ်။ ဘယ်အိမ်ကမှ မီးထွန်းရတဲ့ညတွေကို မီးမထွန်းဘဲ ကျော်သွားတာ မရှိပါဘူး။
ဒါပေမယ့် အခုတော့ တချိူ့က မီးထွန်းဖို့ မေ့နေကြလေရဲ့။
ဆိုတော့ အခုကမ္ဘာကြီးတည်ရှိနေတာကို မေ့သွားကြလို့များလား။
သို့သော် ကျွန်မတို့ရဲ့လမင်းကြီးက သူမရဲ့အလင်းရောင်နဲ့
ကမ္ဘာကြီးကို အလင်းရောင်ပေးထားတယ်။ ဒါကြောင့်များ လူတွေ မီးထွန်းဖို့ မေ့သွားကြတာများလား။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးက လရဲ့အလင်းရောင်ကြောင့် တောက်ပနေတာကိုး။ သူမရဲ့အလင်းက
ကမ္ဘာကြီးတစ်ခုလုံးကို အရိပ်တောင်မရအောင် နေ့ခင်းကြောင်တောင်မှာလိုပဲ လင်းလက်နေတယ်။
လပြည့်မှာ မီးထွန်းဖို့မေ့နေသောလည်း လရဲ့တောက်ပလင်းလက်တဲ့ အလင်းတန်းတွေက ကမ္ဘာကြီးကို
ထိန်သွားအောင် အလင်းဓါတ်တွေပေးနေပါတယ်။
ဘယ်သူမှ လပြည့်ညမှာ ပုန်းခိုနေလို့ မရပါဘူး။ သည်လို
လှပတဲ့လမင်းကြီးကို တွေ့ရတာ ကျွန်မဝမ်းသာကြည်နူးမိပါတယ်။ မိခင်လမင်းကြီးရေ… ကျွန်မတို့ရဲ့
အလုပ်တွေသိပ်များတဲ့ သည်မြို့ သည်ရွာ ခရီးဆက်နေရသော်လည်းပဲ၊ ဝမ်းနည်းငိုကြွေးနေတဲ့
တောင်တန်းတွေရဲ့ အော်သံတွေကို ကြားနေရသောလည်းပဲ၊ နေလုံးကြီးထွက်လာတာကို မြင်ရတာလေးကိုပဲ
ကြည့်ပြီး ဝမ်းသာနေရမှာလား။ အလင်းတန်းတွေနဲ့တောက်ပနေတာကိုပဲ ကြည့်ပြီး ကြည်နူးနေရမှာလား။
ကောက်ရိတ်သိမ်းကြ ပျိူးကြဲကြတဲ့ ရာသီပွဲတွေကိုကြည့်နေရတာကိုပဲ ပျော်ရွင်ကြေနပ် နေရမှာလား။
ဟောဒီ မုန်းတီးမူတို့၊ အာဏာရှင်တွေ နှိပ်စက်တာတို့၊
ကြောက်ရွ့ံမူတို့တွေက လူသားတွေရဲ့ နှလုံးသားမှာ အမြဲတန်းအမြစ်တွယ်အောင် မလုပ်နိုင်ဘူး
ဆိုတာကရော တကယ်ပဲလား။ ကျွန်မတို့ရဲ့ မျက်ရည်တွေ မြန်မြန်ပဲ ခြောက်ခမ်းပြီး အလုပ်တွေသိပ်ရူပ်နေတဲ့ကျွန်မတို့ရဲ့စိတ်ထဲကို
ဖယောင်းတိုင်လေးနဲ့ လပြည့်ညကို ထွန်းညှိဖို့ သတိပေးလိုက်ပါဦးလေ။ ဟောသည်လိုချိူမြိန်တဲ့စာလုံးတွေနဲ့
ကမ္ဘာကြီးကို မျော်လင့်ချက်အလင်းရောင်လေးပေးပြီး နိုက်တင်းဂေးရဲ့ နှူတ်ဖျားမှာ တေးသီးချင်းအဖြစ်
သီကြွေးရင်း ဟောသည်ကမ္ဘာမှာ အားလုံး ရန်သူများ ကင်းဖို့ဆုတောင်းကာ လမင်းကြီးကလည်း ကျွန်မတို့ဘက်က
တသက်လုံး ထွန်းလင်းတောက်ပ ပေးနေပါစေသတည်း။
(Junior Win ရေးသားထားတဲ့Under The Moon Lit Night
ကိုကိုယ်တိုင်ဘာသာပြန်ထားသည်။)



Saturday, August 25, 2012

ဘဘဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်ပြည့်အခန်းအနားအမှတ်တရပွဲအကြောင်း

ဂျူနီယာဝင်း၊ သြဂုတ် ၂၂၊ ၂၀၁၂
ကျွန်မတို့မိသားစုက ဘဘဦးကြည်မောင်မိသားစုနဲ့ အလွန်ရင်းနှီးပါတယ်။ အဲသည်အမှတ်တရပွဲဖိတ်စာ ၃ စောင်တောင် ရပါတယ်။ ကျွန်မဖေဖေကလည်း အစီအစဉ်မှာစကားပြောရမှာဆိုတော့ လိုက်နားထောင်ဖြစ်ခဲ့တဲ့ ပွဲလေးတစ်ခုအကြောင်းပေါ့။
အစီအစဉ်က၆ခုရှိပါတယ်
အစီအစဉ်စတင်ကြောင်းကြေညာခြင်း၊ နှစ်ပတ်လည်ပွဲများကျင်းပပြုလုပ်ခဲ့ခြင်းများအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ဦးကြည်မောင်ကိုယ်ရေးရာဇ၀င်အကျဉ်း ကိုဖတ်ပြခြင်း (မခင်မိမိခိုင်)၊ အမှတ်တရစာဖတ်ကြားခြင်းနဲ့ အမှတ်တရစကားများပြောကြားခြင်းများ ဖြစ်ပါတယ်။
ဆရာကြီးဒဂုန်တာရာအမှတ်တရစာကို ဆရာပြည်သွေးနိုင်ဖတ်တယ်။ နောက်တော့ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါက်တာအောင်ခင်ဆင့်၊ ဒေါက်တာခင်မောင်ဝင်း၊ ဦးမြတ်သိန်း (ခ)ပေါ်လ်နဲ့ နောက်ဆုံးဦးဇော်ရမ်းက ပြောကြပါတယ်။
အစီအစဉ် ၅ကတော့ ခုနကတက်ပြောသွားသူတွေအစီအစဉ်ကျင်းပရာမှာ ကူညီသူတွေနဲ့ တို့ရိုးရာစားသောက်ဆိုင်ကို ကျေးဇူးတင်စကားပြောတယ်။ နောက်ဆုံး အစီအစဉ်ကတော့ပြီးဆုံးကြောင်း ကြေငြာပါတယ်။
လာတဲ့ပရိသတ်တွေကို အမှတ်တရစာများကို အ၀င်ဝမှာရေးခိုင်းတာနဲ့ ကျွန်မလည်းစိတ်ထဲရှိတာလေး ကောက်ရေးပေးလိုက်ဖြစ်တယ်။ ပရိသတ်များကို အစီအစဉ်မစတင်ခင်မှာ အစီအစဉ်စာရွက်တွေ ဝေတယ်။ ဒေါက်တာအောင်ခင်ဆင့်က သူရေးထားတဲ့ “တက္ကသိုလ်ရိပ်သာလမ်းမှ ကျွန်တော့အမျိုးသားရေးစိတ်ဓါတ်” ဆိုတဲ့မိတ္တူစာရွက်တွေကို ဝေပေးတယ်။ တက်ရောက်သူများ ထောင်ချီပြီးရှိလိမ့်မယ်။ ခုံများအပြည့်ပဲ။ ခန်းမက တော်တော်ကျယ်တယ်။ အပြင်မှာတော့ မိုးကတော်တော်ရွာနေတယ်။ ဘဘဦးကြည်မောင်ဓါတ်ပုံများနဲ့ ဘဘရဲ့အမှတ်တရစာများကို အပေါက်ဝနားမှာရယ်၊ ရှေ့နားမှာရယ် ထောင်ထားပေးတယ်။
အမှတ်တရစကားများအကြောင်း
အရင်ဆုံးဆရာပြည်သွေးနိုင်က ဆရာကြီးဒဂုန်တာရာရဲ့ အမှတ်တရစကားကဗျာကို ဖတ်ပါတယ်။ ဒဂုန်တာရာရဲ့စကားသံများကို တိုက်ရိုက်နားဆင်လိုက်ရသလိုပါပဲ။ ဘဘဦးကြည်မောင်နဲ့ အလွန်ရင်းနှီးတဲ့ အနုပညာမိတ်ဆွေရင်း တစ်ယောက်ဖြစ်တယ်၊ ငယ်သူငယ်ချင်းဖြစ်တယ်။ ဦးကြည်မောင်က တပ်ထဲ ၀င်သွားပေမယ့် သူ့ရဲ့အနုပညာကတော့ ပျောက်မသွားဘူး။ … အစရှိတဲ့ ချစ်ခင်ရင်းနှီးတဲ့စာသားများ ကိုကြားရတာ ကြက်သွေးမွေးညှင်းတောင် ထမိပါရဲ့။
ဘဘဦးတင်ဦးပြောသွားတဲ့အထဲမှာ ဘဘကိုဦးကြည်မောင်က အင်္ဂလိပ်စာသင်ပေးခဲ့တာတွေနဲ့ ဦးကြည်မောင်က စီနီယာအဖြစ်နဲ့ တပ်ထဲမှာ ခင်မင်သိကျွမ်းခဲ့ရပုံတွေ နားထောင်လိုက်ရတယ်။ ဒါတွေဟာ သိပ်ကို အမှတ်ရစရာကောင်းတဲ့ ရှေးဟောင်နှောင်းဖြစ်တွေပါပဲ။
ဘဘဦးဝင်းတင်က အပေါ်ဝစ်စကုပ်ရိုးရာအကျီကို အပေါ်က ထပ်ဝတ်ထားတာ အမြင်ဆန်းတာပေါ့။ ဘဘဦးဝင်းတင်ကတော့ သူကဘဘဦးကြည်မောင်ကို မသိပါဘူး … တဲ့။ မသိဘူးဆိုတာဟာ လုံးဝမသိတဲ့သဘော မဟုတ်ပါဘူး။ ဘဘဦးကြည်မောင်ကို ကောင်းကောင်းကြီးသိတာပေါ့။ လူချင်းမသိတာကို ပြောတဲ့အကြောင်းတွေပြောရင်း သမိုင်းဝင်အဖြစ်အပျက်တွေကို ပြန်လည်သတိတရပြောသွားပါတယ်။
နောက် ဒေါက်တာအောင်ခင်ဆင့် ပြောသွားတဲ့အထဲမှာ ဘဘဦးကြည်မောင်လို ပုဂ္ဂိလ်ကြီးက သူ့ကို ခင်ခင်မင်မင် လာရောက်နှူတ်ဆက်ခဲ့တဲ့ ဂုဏ်ယူဖွယ်အမှတ်တရအဖြစ်များ၊ တက္ကသိုလ်ကျောင်းသားသပိတ် အကြောင်းများကို ပြောပြသွားပါတယ်။ ကျောင်းသားသပိတ်အကြောင်းကတော့ ကျွန်မမှတ်မိသလောက်ပြောရရင် ဘဘဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ပြောတဲ့အထဲမှာလည်း တော်တော်များများပါတယ်။
နောက်တော့ ကျွန်မဖေဖေ ဒေါက်တာခင်မောင်ဝင်းပြောသွားတဲ့အထဲမှာ အမှတ်တရအဖြစ်ဆုံး ၂ ချက်ပါပါတယ်။ တစ်ချက်က ဖေဖေ့အနေဲ့ သတ်မှတ်တဲ့လူငယ်တွေဆိုတာ အသက်၆၀မပြည့်သေးသူတွေဖြစ်တယ်။ အခုရည်ညွှန်းတဲ့ အဲသည် အသက်၆၀မပြည့်သေးတဲ့လူငယ်တွေကို ဦးကြည်မောင်ထားခဲ့တဲ့ပညာအမွေကို ဘယ်လိုဆက်ခံရမလဲ ဆိုတာပြောတယ်။ နောက်တစ်ချက်ကတော့ ပြောသင့်မပြောသင့် ဆင်ခြင်ရင်းနဲ့ အခုတော့ပြောတော့မယ်လို့ အစချီကာ အဲသည်အသက်၆၀မပြည့်သေးတဲ့လူငယ်တွေဟာ "အခု ၃နှစ်" ဘာမှမလုပ်ဘဲ စာကိုပဲဖတ်ကြပါ။ စာကြည့်တိုက်တွေကို သွားပါ။ စာအုပ်တွေကို ရှာဖွေဖတ်ပါလို့ ပြောသွားပါတယ်။
နောက်ဦးမြတ်သိန်း(ခ)ပေါ်လ်က ဖေဖေပြောသွားတဲ့ စာဖတ်ဖို့အချက်ကို သူအလွန်သဘောကျလို့ ကျေးဇူးတင်ထောက်ခံကြောင်း ပြောတယ်။ ဘဘဦးကြည်မောင်ကလည်း စာဖတ်ဖို့ တိုက်တွန်းထားတယ်။ ဘာစာအုပ်ဖတ်ရမလဲ မေးတော့ ဘဘက စာပဲ … ဘာဖတ်ဖတ်၊ ဖတ်ရင်တော်ပြီ စသဖြင့် ပြောသွားကြောင်းများကို အမှတ်ရပြန်ပြောပါတယ်။
နောက်ဆုံး ဦးဇော်ရမ်းကတော့ ဘဘဦးကြည်မောင်ထားခဲ့တဲ့စကားများ၊ မိန့်ခွန်းများ၊ ကောက်နှူတ်ချက်များကို အားပါးတရနဲ့ တင်ဆက်သွားတာကို နားဆင်လိုက်ရပါတယ်။
ကြားဖြတ်အစီအစဉ်များ
အစီအစဉ်စာရွက်ထဲမှာမပါတဲ့ အစီအစဉ်တွေဝင်လာတယ်။
တစ်ခုကတော့ ဘဘဦးကြည်မောင်အကြောင်း အမှတ်တရပြောတဲ့အထဲက ဒဂုန်တာရာရဲ့စာသားမျာထဲမှာ ဦးကြည်မောင်က အနုပညာသမားဖြစ်တယ်ဆိုတာ ပါတယ်။ အဲသည်မှာ အစီအစဉ်ကြေငြာသူက ဒါကို အခုလိုဖြည့်ပြီးပြောတယ်။
"ဟုတ်တယ်။ ဦးကြည်မောင်က အနုပညာသမား ဘယ်လောက်ဟုတ်သလဲ ဆိုရင် မကြာခင် ဗမာပြည်ပြန်လာတော့မယ့် အဆိုတော်မာမာအေးဟာ ဦးကြည်မောင်တပည့်တစ်ယောက်ဖြစ်ကြောင်းနဲ့ ဒေါ်မာမာအေးရဲ့ “ပြောပြစရာတွေတပုံကြီးရှိသေးတယ်“ အခန်းဆက်ဆောင်းပါးများကို "မိုးမခ" မှာဖတ်ကြပါလို့ ကြေငြာသွားပါတယ်။
နောက်တစ်ခုကတော့ အစီအစဉ် ၄ မှာ ဘဘဦးဝင်းတင်ပြောအပြီးမှာ မင်းကိုနိုင်မှ ဘဘဦးကြည်မောင်အမှတ်တရစကားများ လာရောက်ပြောသွားတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာမှ အစီအစဉ်အတိုင်း ဒေါက်တာအောင်ခင်ဆင့်၊ ဒေါက်တာခင်မောင်ဝင်း၊ ဦးမြင့်သိန်း(ခ)ပေါ်လ်နဲ့ ဦးဇော်ရမ်းတို့စကားများ ဆက်လက်နားဆင်ကြရပါတယ်။
အစီအစဉ်အပြီး
အစီအစဉ်က ၉ နာရီခွဲလောက်မှ စဖြစ်ပါတယ်။ ၁၁နာရီခွဲကျော်လောက် ပြီးတယ်။ ဘဘဦးတင်ဦးက အစီအစဉ်ပြီးလို့ စားသောက်တဲ့အစီအစဉ်အထိ မနေဘဲ ပြန်သွားတာကြောင့် မနှူတ်ဆက်လိုက်ရဘူး။ အခုလို ကျန်းကျန်းမာမာမြင်တွေ့ခဲ့ရလို့ဝမ်းသာမိပါတယ်။
ပွဲပြီးတော့ လူတွေထကြ နှူတ်ဆက်ကြရင်းနဲ့ တစ်ယောက်က သူ့မိတ်ဆွေကိုလှမ်းပြီး လက်ဆွဲနှူတ်ဆက်ရင်း
“ခင်ဗျား အသက်၆၀ မကျော်သေးဖူး မဟုတ်လား။ လူငယ်ပဲ။ စာဖတ်ရမယ်“
လို့ပြုံးပြီးပြောနေကြတာ ကြားလိုက်တယ်။ အင်း…. အိမ်ပြန်ရောက်ရင် ဖေဖေ့ကိုပြန်ပြောရဦးမယ်လို့။ အားလုံးပြီးတော့ အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ ပဲနဲ့ချက်ထားတဲ့ထမင်းနဲ့ ကြက်သားဟင်း၊ ဟင်းချိုရယ်၊ အသီးအနှံများနဲ့ ကော်ဖီတိုက်ပါတယ်။ ရေနွေးကြမ်းလည်း သောက်လို့ကောင်းတယ်။ ကျွန်မကဗိုက်ဆာနေတာ ကြာပြီဆိုတော့ အားပါးတရစားကောင်းကောင်းနဲ့ စားလိုက်တာပေါ့။ နောက်တော့ အန်တီကြည့်ကိုနှူတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ အန်တီကြည်က သူ့သမီးနဲ့ အတူတူလာကြတာ။ အန်တီကပိန်သွားပေမယ့် အရမ်းနေကောင်းတယ်။ ကျွန်မကိုကောင်းကောင်းမှတ်မိတယ်။ နားကသိပ်မကြားဖူးလို့ ဆိုပေမယ့် ကျွန်မမေးတာတွေ ချက်ချင်း ကောင်းကောင်းပြန်ဖြေနိုင်တာပဲ။

Thursday, August 2, 2012

Book Advertisement – Dr Khin Maung Win


စာအုပ်အမည် - လေ့လာစရာသင်္ချာ A to Z
ရေးသူ - ဘာသာပြန် - ဒေါက်တာခင်မောင်ဝင်း
မူရင်း - Oxford Children A to Z (David Glover)
ဖွင့်ဆိုချက် - အခြေခံအဆင့်သင်္ချာပညာကိုသင်္ချာဝေါဟာရများဖြင့်ချဉ်းကပ်သင်ပြခြင်း
စိတ်ကူးချိုချို
၂၀၁၂ ဇူလိုင်လ
အုပ်ေ၇- ၅၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
စာမျက်နှာ - ၆၂
စာအုပ်အရွယ်အစား -  ၁၂.၅ စင်တီ x ၁၈.၅ စင်တီ (ဆိုက်ကြီး)
မူလတန်းအဆင့်သင်္ချာဝေါဟာရများကိုအင်္ဂလိပ်အက္ခရာABCအလိုက်စီကာရှင်းပြထားသည်။ဥပမာAအစတွင်abacusပေသီးဟူ၍ရှင်းပြထားသည်။တရုပ်ပေသီး၏အကြောင်းကိုအကျဉ်းစာကြောင်းအနည်းငယ်မျှဖြင့်ရေးသားထားသည်။ထို့ပြင်သူနဲ့သက်ဆိုင်သောရုပ်ပုံများကိုရောင်စုံများဖြင့်ဖော်ပြထားရာစိုပြေလှပသောစာအုပ်လေးဖြစ်သည်။သချာင်္အသုံးများဖြစ်သောInteger,Intersection,Isosceles,quadrant,Pythagoras,random,timeအစရှိသောစကားလုံးများကိုရုပ်ပုံများနှင့်အတူရှင်းလင်းထားသည်။ထို့ပြင်သင်္ချာနဲ့မဆိုင်ဘူးဟုထင်ထားရသောmap,date,day,face,positionတို့ကိုသချာင်္သဘောတရားအရရှင်းပြထားပါသည်။အလွယ်တကူသိထားသည်ဟူထင်ထားရသောdiagonal(ထောင့်ဖြတ်မျဉ်း)ကိုပင်စစ်တုရင်ကစားကွက်ဖြင့်ရှင်းထားရာသချာင်္သဘောတရား၏လေးနက်မူကိုတွေ့ရသည်။
သင်္ချာကိုအထင်ကြီးသူနည်းပါသည်။ကျွန်မမာစတာကျောင်းသူဘ၀တုန်းကပရိုက်ဗိတ်ကျောင်းတစ်ခုမှာသချာင်္ဘာသာရပ်ကိုဝင်သင်ပြနေသူဆေးကျောင်းသူတစ်ဦးပြောတာကိုအခုလိုကြားဖူးသည်။သူကသချာင်္ဆရာမရှိလည်းသူဝင်သင်လိုက်တာပဲလွယ်ပါတယ်ဟုပြောပါသည်။ကျွန်မစိတ်ထဲတွင်ကျွန်မအလွန်အထင်ကြီးတလေးတစားဖြင့်မာစတာတက်သင်ယူနေရသောဘာသာရပ်ကိုယခုလိုလက်လွတ်စပယ်ပြောတာကိုအလွန်ခံရခက်ပါသည်။မူလတန်းလည်းမူလတန်းအလျောက်၊အလယ်တန်းလည်းအလယ်တန်းအလျောက်အခြေခံသချာင်္သည်အလွန်နက်နဲလှပါသည်။သချာင်္ကိုဘယ်သူပဲသင်သင်ရတာပဲဆိုသောကိစ္စသည်သာမန်အားဖြင့်ဘာမှမဖြစ်သောလည်းဘာသာရပ်တစ်ခုအနေနှင့်အခုလိုပြောသည်မှာသချာင်္ဘာသာကိုဘာသာရပ်တစ်ခုဟုသက်မှတ်ထားတာမျိုးမရှိဟုဆိုလိုတာဖြစ်ပါသည်။
မူလတန်းအလယ်တန်းအထက်တန်းသချာင်္သဘောတရားများသည်အလွန်နက်နဲလှတာကိုကျွန်မတက္ကသိုလ်ရောက်မှသိရှိနားလည်လာတာကိုမှတ်မိနေပါသည်။ကျွန်မတို့၏ဥနှောက်များသည်သချာင်္ဆိုသောဘာသာရပ်သာမရှိခဲ့ပါလျှင်လေးလံထိုင်းမှိုင်းလာပါလိမ့်မည်။ထို့ကြောင့်သချာင်္ကိုဘေးပဲကပ်ထားထား။ချောင်ပဲထိုးထားထိုးထား။အရေးမကြီးတော့ပါဘူး။အခုလိုစာအုပ်ကလေးတွေစာအုပ်လောကမှာထွက်လာတာကိုကသချာင်္သည်အရေးကြီးသောအခန်းဂဏမှာရှိနေပါသေးလားဆိုတာပြဆိုရာရောက်နေပါတော့သည်ဟုကျွန်မစိတ်ထဲရှိတာတွေရေးရင်းနဲ့စာအုပ်ကြော်ငြာလိုက်ရပါသည်။

Friday, July 20, 2012

Unforgettable ....၁၉ ဇူလိုုင် မမေ့နိုင်စရာများ ဂျူနီယာဝင်း


၁၉  ဇူလိုုင် မမေ့နိုင်စရာများ
ဂျူနီယာဝင်း
ဇူလိုုင် ၂၀၊ ၂၀၁၂
၁၉၄ရခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထုုိနေ့ဟာဖြင့် မျက်ရည်များနဲ့ ဝမ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသောနေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။
“မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ စျေးထဲ၊ ယောကျင်္ားကြီးတွေ မျက်လုံးတွေစိုစွတ်၊ အမျိူးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့အသည်းနှလုံးတွေကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်”
သူတို့ ဘာကြောင့် ငိုနေကြသလဲ၊ သူတို့မျက်ရည်တွေက ဘာကိုဖော်ညွှန်းနေသလဲ ဆိုတာ မေးစရာမလိုပါ။
ကျွန်မအဘိုးက ပြောပါသည်။ အကယ်၍ တစ်စုံတစ်ဦးသေဆုံးရင် သူ့မိသားစု သူ့ဆွေမျိူး မိတ်သင်္ဂဟများသာ ငိုကြွေးကြမှာပဲ တဲ့။ သို့သော် ထိုနေ့မှာတော့ အာဇာနည်တွေလုပ်ကြံခံရတဲ့ အဲသည်နေ့မှာတော့ သူတို့ရဲ့မိသားစုဝင်တွေ ဆွေမျိူးတွေသာမက မြို့ထဲက လူတိုင်း လူတိုင်း ပူဆွေးကြ၊ မျက်နှာပေါ် မျက်ရည်တွေ စီးကျနေလိုက်ကြတာ ပဲ တဲ့။ အားလုံးသည် ရုတ်တရက်ကြီး ထိတ်လန့်၊ ပူဆွေးလွန်းလို့ ဆွံ့အ၊ သူတို့ရဲ့ချစ်လှစွာသောသူတွေနဲ့ ပတ်သက်တဲ့ ကြောက်စရာသတင်းဆိုးကြီးကို ကြားလို့ ဖြစ်ပျက်ကုန်ကြတာ။
၁၀ နာရီ ၃ရမိနှစ်။ နေရာကတော့ အလုပ်အမူဆောင်ကောင်စီ ပြည်နယ် အုပ်ချူပ်ရေးအဖွဲ့ဝင်များ အစည်းအဝေး လုပ်နေတဲ့အခန်းတစ်ခုမှာ … ဥက္ကဌအဖွဲ့ဝင်တစ်ဦးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်မူအောက်က ပြုလုပ်တဲ့အစည်းအဝေးမှာ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရတဲ့ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုရဲ့ သားကောင်တွေ ဖြစ်သွားရသည်။ လူထုယုံကြည်ရသည့် ဗိုလ်ချူပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချိူ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ကိုသက်ထွေးတို့ ပစ်သတ်ခံခဲ့ရသည်။
၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်အထိမ်းအမှတ် စာအုပ်ကလေး၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့စာအုပ်လေးထဲမှာ ’Our Fallen Leader’ ဟူသည့် ထိုနေ့ ထိုအဖြစ်အပျက်အကြောင်း ရေးထားတာကို ယခုလိုတွေ့လို်က်ရသည်။
“ကာဘရိုက်တာ သေနတ် ရဲ့ စူးရှတဲ့ အသံရယ်၊ လေးလံထူထပ်တဲ့ မီးခိုးငွေ့တွေက အဲသည်အခန်းထဲက ထိုးထွက်လာကြတယ်။”
(အဲသည် ဇာတ်ဝင်ခန်းကို The Lady ဆိုသည့်ု ရုပ်ရှင်ထဲ ထည့်ရိုက်ထားလိုက်ပုံကတော့ တက်တက်စင်အောင် လွဲနေတယ်လို့ ဆိုရမှာပဲ။ ကျွန်မတို့ရဲ့ ဗိုလ်ချူပ်ကို လက်မ အနည်းငယ်အကွာလောက်ကနေ  ပစ်စတိုသေနတ်နဲ့ ပစ်လိုက်ပုံကို ရိုက်ပြထားလေရဲ့။ အိုး … ကျွန်မ အဲသည်လောက်တော့ သိတယ်။ အဲဒါ ကာဘရိုက်တာ မဟုတ်မှန်း။ ဘယ်အရူးမဆို သိနိုင်တာ။ ကျွန်မတောင် သိတယ်။ အဲသည်ရုပ်ရှင်ထဲက အခန်းက ကျွန်မတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကြီး ဖျက်ဆီးပစ်လိုက်တာပဲ။)
ရက်စက်ပါတယ် ဆိုတဲ့ ထိုနေ့ကို လေးလံတဲ့တိမ်လိပ်တွေ၊ လျပ်စီးမိုးကြိုးတွေ၊ မိုးသားတွေက ထပ်မံဖြည့်စွက်လိုက်တာ တတို်င်းပြည်လုံးကို ပို၍ ပို၍ ကြေကွဲဖွယ်ဖြစ်အောင် ဖန်တီးလိုက်ပြန်လေသည်။ ကျွန်မ၏အဘွားးက ပြောတာကတော့ ထူထပ်တဲ့ မိုးသားတိ်မ်လိပ်ကြီးတွေ သူတို့ပေါ် ဖိနှိပ်ထားလိုုက်တာ ပြန်ပြီး မရုပ်သိမ်းတော့တဲ့ အတိုင်းပဲ တဲ့။ ဆိုးရွားတဲ့ သဘာဝတရားကြီးက တတိုင်းပြည်လုံးကို ပိုပြီးထိတ်လန့် တုန်လှူပ်သွားစေသတဲ့။
ထိုကဲ့သို့သော ဝမ်းနည်းစရာများ ရှိနေသော်လည်း ဘဝသည် ဆက်လက်ဖြတ်သန်းနေပါသည်။ အချိန်သည် ကုစားပေးလိုက်သလို အစစအရာရာ ပုံမှန်ဖြစ်သွားသည်။
ရာသီစက်ဝန်း တပတ်လည်နေသလို ထိုနေ့သည်လည်း နှစ်စဉ် တပတ်ပြန်လည်လာပါသည်။ ကျွန်မက ထိုနေ့ကို ကလေးတွေ တွေးသလို ကျောင်းပိတ်ရက်ဟု မှတ်မိနေမိသလို ကျွန်မတို့၏ သူရဲကောင်းများ ဆုံးရှုံးရလို့ တတိုင်းပြည်လုံး မျက်ရည်ကျကာ ကြေကွဲခဲ့ရသော နေတစ်နေ့လည်း ဖြစ်ပါသည်။ အချိန်သည် မျက်ရည်စများကို သစ်တုံးလို ခြောက်သွေ့သွားအောင် လုပ်နိုင်သလို ကျွန်မတို့၏ နှလုံးသားများကိုလည်း ရေခဲလို အေးစက်သွားအောင် ဖန်တီးလို်က်နိုင်ပါသည်။ သို့သော် ညှာတာမှုမရှိစွာ ရွာသွန်းနေသောမိုးနှင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းကို အခု သည်ဆောင်းပါးရေးနေသောအခိုက်မှာ ပြူတင်းပေါက်ကနေ လှမ်းမြင်နေရပါသည်။
ထိုနေ့ ထိုရက်က ကျခဲ့သော မျက်ရည်များကို စိတ်ကူးနှင့်သာ ပုံဖော်နို်င်သော်လည်း ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ရွာခဲ့သောမိုးကိုတော့ အခုလက်တွေ့ ခံစားနေရပါသည်။
(The Unforgettables အမည်နဲ့့ ကျွန်မအင်္ဂလိပ်လိုရေးသားထားသောThe Unforgettables ဟူသောဆောင်းပါးကို ဘာသာပြန်ကာ စာဖတ်သူများအတွက် တင်ဆက်လိုက်ပါသည်။)

Photo Credit - http://www.layoutsparks.com/1/37812/red-rain-clouds-fall.html

Saturday, July 7, 2012

Book Advertisement – Newspaper World




စာအုပ်အမည် - သတင်းစာလောက
ရေးသူ - ဒေါ်ခင်မျိုးချစ်
ပထမအကြိမ် - ၁၉၅၂ သြဂုတ်လ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း
ဒုတိယအကြိမ် - ၂၀၁၂ ဇွန်
ရန်အောင်စာပေ
အုပ်ရေ ၅၀၀
စာမျက်နှာ - ၂၃၀
တန်ဖိုး - ၂၀၀၀ကျပ်
”ပြည်သူ့သတင်းစာဟူသည်ပြည်သူတို့၏ယုံကြည်လွှဲအပ်ခြင်းခံရသောပစ္စည်းဖြစ်၏ဟူ၍လည်းကောင်း၊သတင်းစာနှင့်မကင်းသူဟူသမျှတို့သည်လည်းတာဝန်ရှိသမျှအစွမ်းကုန်အောင်ပြည်သူတို့၏ယုံကြည်လွှဲအပ်ခြင်းခံရသူများဖြစ်သည်ဟူ၍လည်းကောင်း၊ပြည်သူ့ဝန်ကိုထမ်းသောအလုပ်ထက်ယုတ်ညံ့သောတာဝန်ကိုလက်ခံခြင်းသည်ပင်လျှင်ပြည်သူ့ယုံကြည်မူကိုသစ္စာဖောက်ရာကျသည်ဟူ၍လည်းကောင်းကျွနိုပ်ယုံကြည်သည်။“
ယင်းသည်သတင်းစာဆရာ့လက်သုံးဝါဒဖြစ်သည်။
“သတင်းစာများ၏ကောင်းကျိုးဆိုးကျိုးကိုစောဒကတက်စရာအများပင်ရှိလာသည်။သတင်းစာများသည်မဖွယ်ရာသောမုဒိမ်းကန္တသတင်းများကိုဖော်ပြကာလူတို့၏အကျင့်စာရိတ္တကိုပျက်ပြားစေသည်။သတင်းစာလွတ်လပ်မူဟုအမည်တပ်ကာစည်းကမ်းမဲ့ရေးသားကြသည်။လင်ကွာမယားခိုးအလောင်းကစားခိုးးမူသတ်မူတို့ကိုအသားပေးဖော်ပြခင်းဖြင့်လူတို့၏တိရစ္ဆာန်စိတ်ယုတ်မာများကိုအားပေးသည်။ဤသည်ပင်လျှင်သတင်းစာ၏လွတ်လပ်မူပေလော။
ယင်းသည်အခန်းတစ်စတုတ္ထမဏိုင်အခန်းတွင်ဖော်ပြချက်တစ်ခုဖြစ်သည်။ယင်းသည်လူတို့၏တိရိစ္ဆာန်စိတ်ယုတ်မာမူများကိုအားပေးနေပါလားဟုယခုကဲ့သို့ရေးသားထားသည်ကိုဖတ်ရသည်။နှစ်ပေါင်းများစွာပင်ဤကဲ့သို့သော်အကျင့်စာရိတ္တပျက်ပြားမှန်မသိ၊မပျက်ပြားမှန်းမသိယနေ့တိုင်သတင်းထဲပါနေသမျှကိုဖတ်နေရသည်မှာကြာပြီဖြစ်ပါသည်။ထိုကဲ့သို့သောပြစ်မူများကိုအကြောင်းပြုကာမဖြစ်သင့်သောအဖြစ်အပျက်များကိုဆွဲခေါ်သလိုဖြစ်နေသည်ကိုတွေ့ရသည်။အပ်နှင့်ထွင်းရမှာကိုပုဆိန်နှင့်ပေါက်ရသည့်အဖြစ်၏အဓိကတရားခံများကားဤကဲ့သို့သောသတင်းများကိုအသားပေးရှေ့တမ်းတင်ကာဦးစားပေးရေးသားနေကြတာတွေကြောင့်လောဟုစဉ်းစားစရာဖြစ်ရသည်။

“သို့သော်ရာဇ၀င်မှပေးသောအတွေ့အမြင်များအရအညစ်အပတ်အစုတ်ပဲ့ဆုံးသောသတင်းစာများသည်ဖိနှိတ်ချူပ်ချယ်ခံရသောသတင်းစာများထက်လိုလားဖွယ်ကောင်းသေးသည်ဟုကျွနိုပ်ယူဆသည်ဟုသတင်းစာဆရာကြိးအေဂျေကမ်းမင်းကရေးသားခဲ့ဖူးသည်။သို့ဖြစ်လျှင်သတင်းစာများအားရေးချင်သလိုရေးနိုင်သည်ဟုလွတ်လပ်ခွင့်ပေးထားရတော့မည်လော။စည်းကမ်းမဲ့တာဝန်မဲ့ရေးသားခြင်းကိုအားပေးရမည်လောဟူသောမေးခွန်းများပေါ်ပေါက်လာခဲ့သည်။“
ယင်းသည်အခန်းနှစ်သတင်းစာလွတ်လပ်မူအခန်းမှကောက်နှူတ်ချက်တစ်ခုသာဖြစ်သည်။သတင်းစာလွတ်လပ်မူဟုစကားထဲထည့်ပြောကြရာတွင်သတင်းစာအရေးအသားများကိုအထက်အုပ်ချူပ်သူအာဏာပိုင်များကချူပ်ချယ်သည့်အတွက်ဟူသောအဓိပ္ပါယ်နှင့်အပြောများသည်။သတင်းစာဖြစ်ပေါ်လာသောသမိုင်းကြောင်းကိုပြန်ကြည့်သောအခါသတင်းစာများသည်စတင်ပေါ်ပေါက်လာသည်မှအစပြု၍အထက်အာဏာပိုင်များနှင့်အတိုက်အခံဖြစ်လာရပြီးအထက်အာဏာပိုင်များ၏ချူပ်ချယ်ခြင်းကိုသတင်းစာများကတွန်းလှန်ခဲ့ကြရသည်ကိုတွေ့ကြရသည်။ဤသို့အစချီထားသောထိုအခန်းတွင်နိုင်ငံတကာတ၀ှမ်းကသတင်းစာများ၏လွတ်လပ်ခွင့်နှင့်ပတ်သက်သမျှတို့ကိုအကျဉ်းချူပ်တင်ပြထားယုံမကလွတ်လပ်စွာရေးသားခွင့်၊ပြောဆိုခွင့်၊သတင်းစာနဲ့အစိုးရ၊သတင်းစာ၏ရန်သူ၊သတင်းစာ၏တာဝန်၊သတင်းစာဆရာနဲ့နိုင်ငံရေးခေါင်းဆောင်များအတွက်စဉ်းစားဖွယ်ရာများအစရှိသဖြင့်ဖတ်ရူကာသခန်းစာများဗဟုသုတများပေးထားသည်ကိုတွေ့ကြရပါမည်။
အခန်းသုံးသတင်းစာနှင့်လူထုအခန်းတွင်တော့လူတွေနဲ့သတင်းစာအပေါ်သဘောထားပုံများ၊နိုင်ငံရေးကိစ္စများ၌သတင်းစာသည်လူထု၏စိတ်ကိုပြောင်းရန်အမြဲတမ်းမတတ်နိုင်ပုံ၊သတင်းစာကိုလက်နက်သဖွယ်အသုံးပြုကာနိုင်ငံရေးပါတီဝါဒဖြန့်ချင်းသည်လည်းခရီးရောက်သင့်သလောက်မရောက်နိုင်ပုံ၊နိုင်ငံခြားသတင်းနဲ့လူများအပြင်ဆိုဗီယက်၊ဗြိတိသျှ၊ဆစ်ဒနီဝက်၊ချက်ပြည်ထောင်စုတို့ကသတင်းစာနည်းနိသရများနှင့်လူထုပိုင်သတင်းစာဖြစ်ပေါ်လာရေးနှင့်ပတ်သက်သောစာများကိုတွေ့ကြရပါသည်။
အခန်းလေးသတင်းစာလုပ်ငန်းတွင်သတင်းစာအလုပ်အကြောင်း၊သတင်းစာဆရာများ၏နစ်နာမူများ၊သတင်းစာပိုင်ရှင်တို့၏သတင်းစာပညာကိုဘာသာရပ်တစ်ခုအဖြစ်စနစ်တကျသင်ကြားဖူးသူများဖြစ်ဖို့လိုကြောင်း၊ကင်စလေမာတန်၏“လူထုအလိုရှိသောသတင်းစာ”၊သတင်းစာဖတ်ပရိသတ်တစ်ဦး၏အပြစ်တင်မူ၊သတင်းစာအလုပ်မှာတော့အယ်ဒီတာလက်ထောက်အယ်ဒီတာမြို့သတင်းထောက်၊နယ်နှင့်နိုင်ငံခြားသတင်းထောက်အစရှိသည်တို့အကြောင်းများ၊သတင်းစာစက်တင်ပုံနှိတ်ဆ၇ာများစက်ဆရာစာစီစက်လှည့်သတင်းစာထုတ်ပိုးသူများကနေသတင်းစာပို့သမားအဆုံးစသည့်အလုပ်အထွေထွေ၊“ကလောင်ဖျားဓါးသွားထက်ပို၍ထက်သည်“ဆိုသည့်စကားဆိုတာအယ်ဒီတာကလောင်စသည်တို့အပြင်ပျော်စရာကောင်းလှသည်ဆိုသည့်သတင်းစာလောကကြိးအကြောင်းကိုလည်းတွေ့ရှိဖတ်ရူကြရဦးမည်။
အခန်းငါးကတော့သတင်းစာလောကအတွက်အရည်အချင်း။သတင်းစာအလုပ်ကိုလုပ်တော့မည်ဟုစိတ်ပိုင်းဖြတ်ထားသူတစ်ဦးသည်မိမိ၌လိုအပ်သောအရည်အချင်းများတကယ်ရှိမရှိကိုစာရင်းချကာမထောက်မညှာမှန်သည့်အတိုင်းစစ်ဆေးကြည့်ဖို့လိုကြောင်းအစချီလျက်သိက္ခာ၊တာဝန်တည်းဟူသောအသွင်သဏာန်များကိုရှင်းရှင်းလင်းလင်းရေးသားထားသည်များတွေ့ရသည်။သတင်းစာအလုပ်ကိုစနစ်တကျလေ့လာဖို့သတ်မှတ်ထားသောစည်းကမ်းချက်များ။သတင်းစာဆရာ၏အဂါင်္ရပ်။အချက်အလက်ရှာတတ်မူ။အရေးအသားကောင်းမူ။သတင်းစာပညာများကိုတစ်ခုချင်းဆီရှင်းလင်းထားသည်။
အခန်းခြောက်သတင်းစာအလုပ်သမားအခန်း။အထူးသတင်းထောက်၊အယ်ဒီတာ၊စစ်သတင်းထောက်၊ပါလီမာန်သတင်းထောက်များ၏အရည်အချင်းများကိုဖတ်ရူလေ့လာကြ၇မည်။
အခန်းခုနှစ်မှာခေါင်းကြီးပိုင်း၏အရေးပါပုံ။အခန်းရှစ်သတင်းနှင့်သတင်းယူနည်းတွင်ကိုယ်တိုင်တွေ့ဆုံမေးမြန်းသူ၏ရှိသင့်ရှိထိုက်သောအရည်အချင်းများ၊တွေ့ဆုံမေးမြန်းခန်းများကိုရေးသားပုံများပါဝင်သည်။အခန်းကိုးတွင်သတင်းဆောင်းပါးနှင့်ဝေဖန်စာဆောင်းပါးများအကြောင်းဖြစ်သည်။စာအုပ်ဝေဖန်ခြင်း၊ဝေဖန်စာရေးခြင်း၊ရုပ်ရှင်ပြဇာတ်များကိုဝေဖန်ခြင်းများဖြစ်သည်။အခန်းတစ်ဆယ်သတင်းထောက်လှမ်းခြင်းအတတ်မှာတော့သတင်းများကိုဖတ်ချင်စဖွယ်ရေးသားရသည့်အတတ်ကလည်းအနုပညာတစ်ရပ်ပင်ဖြစ်ကြောင်းရေးသားထားသည်။မတော်တဆဖြစ်မူ၊လေယာ်ျပျက်ကျမူ၊မီးရထားမှောက်မူ၊ရာထူးခန်းထားခြင်း၊အခမ်းအနားပွဲ၊တရားရုံးသတင်း၊ရာဇ၀တ်မူ၊ကွာရှင်းမူ၊အထိမ်းအမှတ်အဆောက်အဦဖွင့်လှစ်ပဏာတ်ရိုက်၊ကပ်ဆိုက်မူများ၊အစည်းအဝေး၊သပိတ်မှောက်မူ၊နိုင်ငံရေးနှင့်ရွေးကောက်ပွဲသတင်း၊မဲဆွယ်သတင်း၊ရွေးကောက်ပွဲသတင်း၊တရားပွဲနဲ့စည်းဝေးပွဲသတင်း၊ဟောပြောပွဲအစရှိသည်များကိုရေးသားသည့်အခါဘယ်လိုအချက်အလက်များကဖြင့်ပါကိုပါရမည်ကိုတစ်ခုခြင်းဆီကိုရှင်းပြထားသည်။
အခန်းဆယ်တစ်သတင်းစာ၏အခြားအစိတ်အပိုင်းများတွင်ရုပ်ပြသတင်းစာ၊သတင်းဓါတ်ပုံအမျိုးအစားများ၊ဓါတ်ပုံပညာအရေးကြီးပုံ၊သတင်းဓါတ်ပုံ၏ဂုဏ်အင်္ဂါများ၊ရုပ်ပြောင်ကာတွန်းများ၊သတင်းဆောင်းပါးအလွတ်ဆောင်းပါးကော်လံဆောင်းပါးများအကြောင်းအပြင်သတင်းစာနဲ့စာရေးဆရာတို့၏အလုပ်၊မဂ္ဂဇင်းဂျာနယ်များ၏အခန်းဂဏ၊စသည်ဖြင့်ပါဝင်ထားသည်။နောက်ဆုံးအခန်းဆယ့်နှစ်ဗမာပြည်သတင်းစာလောကတွင်အထက်မြန်မာပြည်ကိုအင်္ဂလိပ်တို့မသိမ်းမှီ၊အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်ပိုင်း၊မြန်မာပြည်နိုင်ငံရေးခေတ်ပေါ်ပေါက်ချိန်၊မြန်မာပြည်ကိုဂျပန်တို့ကြိးစိုးချိန်၊ဂျပန်တို့ထွက်ပြေးပြီးအင်္ဂလိပ်တို့ဝင်လာချိန်ဟူ၍အပိုင်း၅ပိုင်းခွဲခြားကာထိုခေတ်ထိုအခါကထုတ်ကြသောသတင်းစာများအကြောင်းကိုအကျဉ်းချူံးရေးသားထားပါသည်။
၁၈၇၇ထုတ်အယ်ဒီတာဘိုးဝဇီရ၏ရတနာပုံသတင်းစာ၊မစ်စတာရစ်ပလီထုတ်ဟံသာဝတီသတင်းစာ၊နောက်ပိုင်းမှာမြန်မာ့တာရာသတင်းစာ၊မြန်မာအဆွေသတင်းစာ၊မြန်မာ့ဝတီသတင်းစာ၊ကူးသန်းရောင်းဝယ်ရေးသတင်းစာ၊မန္တလေးတိုင်းသတင်းစာ၊မော်လမြိုင်သတင်းစာ…..အစရှိသဖြင့်အထွေထွေသောသတင်းစာအမည်များနှင့်ထိုထိုသောသတင်းစာများအကြောင်းကိုသမိုင်းနှင့်တကွယှဉ်တွဲသိလာရသည်မှာပျော်စရာကောင်းကာစိတ်ဝင်စားဖွယ်အပြည့်ဖြစ်ပါသည်။ထို့ပြင်ရေးသူနှစ်ဖက်ချွန်(ဟံသာဝတီသတင်းစာအယ်ဒီတာချူပ်ဟောင်းဦးစိန်)၏“သတင်းစာလောကကြီးသန့်ရှင်းပေတော့မည်“ဟူသောခေါင်းစဉ်တပ်ဟံသာဝတီသတင်းစာကောက်နှူတ်ချက်ကိုဖတ်ရဦးမည်။
သတင်းစာစောင်ရေ၊အမျိုးသားပိုင်အင်္ဂလိပ်သတင်းစာ၊ညနေသတင်းစာ၊စင်ဆာအစရှိသည့်သတင်းစာအကြောင်းအထွေထွေများကိုလည်းနိဂုန်းပိုင်းမှာပါရှိလေသည်။
ထိုစာအုပ်ပုံနှိတ်ဆဲအခါ(၁၉၅၂ခုနှစ်ဟုအကြမ်းဖျင်းမှတ်ရမည်ထင်သည်)ကတက္ကသိုလ်ကျောင်းတွေ၌သတင်းစာအတတ်ကိုဘာသာရပ်တစ်ခုအနေနှင့်ပို့ချသင်ကြားနေပြီဖြစ်သည်ဟူသောမှတ်ချက်ကိုဖတ်လိုက်ရသည့်အခါယခုအခါထိုအခန်းဂဏမရှိတော့သည်မှာကြာလေပြီဟုနှမျောခြင်းများဖြစ်ရပါသည်။တကယ်သာသင်ခဲ့ဖူးရင်ဖြင့်သည်လိုသာဆိုရင်သတင်းထောက်လုပ်ချင်စိတ်များကစာရေးချင်တဲ့စိတ်ထက်ပိုသွားလေမလား၊သို့မဟုတ်ဆရာဖြစ်ချင်တဲ့စိတ်တောင်လွှမ်းမိုးခံသွားရမည်ထင်ပါသည်။
မေမေကြိးဒေါ်ခင်မျိုးချစ်အလွန်လေးစားသောသတင်းစာသမားတစ်ဦးရှိပါသည်။၎င်းအမည်မှာ“ဂါးဒီယန်းဦးစိန်ဝင်း“ဖြစ်သည်။သူကဂါးဒီယန်းသတင်းစာအယ်ဒိတာချူပ်တစ်ဦးဖြစ်ကာမေမေကြိးကသူ့အောက်မှာ1950sလောက်ကအတော်ကြာအလုပ်လုပ်ခဲ့ဖူးပါသည်။သူသည်သူ၏သတင်းစာတိုက်ကသူ၏သတင်းထောက်များကိုငွေကြေးတောင်းသလောက်ထုတ်ပေးကာဘယ်သောအခါမှစာရင်းအတိအကျတောင်းသူမဟုတ်ဟုဆိုသည်။ကုန်ပြီလားနောက်ထပ်ဘယ်လောက်ယူမလဲစသည်ဖြင့်သာငွေကြေးကိစ္စပြောဆိုသူဖြစ်သည်။ထိုသတင်းထောက်များမှာသတင်းထူးသတင်းဦးရဖို့အရေးခြေကုန်အောင်လျောက်ရသည်လည်းရှိ၊သတင်းလိုက်ရင်းနဲ့ဘတ်စကား၊တက်စီ၊ရထား၊သဘောင်္စသဖြင့်ကြုံရာကိုအပင်ပန်းခံကာလိုက်ကြရ၏။သတင်းပေးမည့်သူကအရက်ကြိုက်ရင်အရက်တိုက်၊ငွေကြေးဆိုငွေစသဖြင့်အလိုက်ပေးကာသတင်းကိုလိုက်ကြရ၏။ထို့ကြောင့်ဂါးဒီယန်းဦးစိန်ဝင်းနဲ့ပတ်သက်လာလျှင်သတင်းထောက်များအပေါ်အလွန်ဂရုစိုက်သူအဖြစ်တွေ့မြင်ရသည်။ဤကားမေမေကြီးပြောတာကြားဖူးတာလေးထည့်ရေးလိုက်တာဖြစ်ပါသည်။
မေမေကြီးဒေါ်ခင်မျိုးချစ်၏ထိုသတင်းစာလောကစာအုပ်ကိုမေမေကြီးတို့ရှိစဉ်ကဖတ်ခဲ့ဖူးပါသည်။စာအုပ်သည်တော်တော်ကြီးဟောင်းနွမ်းကာစာရွက်များပင်ပြုတ်နေပြီဖြစ်သည်။ထိုစာအုပ်လေးကိုအသစ်တဖန်ထွက်လာခဲ့ရင်ကောင်းမှာပဲဟုကျွန်မ၏စိတ်ထဲမှာရှိနေတာကြာပြီဖြစ်ပါသည်။စာဖတ်သူများကိုယခုလိုဖောက်သည်ချသောအခွင့်အရေးရဖို့ကစာအုပ်ထွက်လာဖို့ကအရေးကြီးပါသည်။ယခုတော့ရန်အောင်စာပေကနေထွက်လာပြီဖြစ်ရာအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
စာဖတ်သူများကတဆင့်ကျွန်မတို့၏သတင်းစာလောကကြီးအားဤစာအုပ်လေးကိုကိုင်ရင်းဝေဖန်သုံးသပ်ကာတည့်မတ်ပေးနိုင်ကြပါစေသတည်း။ထို့အပြင်ယနေ့ခေတ်သတင်းထောက်များအတွက်လက်စွဲစာအုပ်လေးဖြစ်ကာထူးချွန်ထက်မြက်သောသတင်းသမားကောင်းများဖြစ်လာကြပါစေ။

Saturday, June 30, 2012

Book Advertisement – Your Five Sense


စာအုပ်အမည် -  အာရုံငါးပါးအကြောင်း
ဘာသာပြန်သူ - တက္ကသိုလ်ရွှေရီဝင်း
မူရင်း - Your Five Senses (by Robert Quinn)
စိတ်ကူးချိုချိုစာပေ
၂၀၁၁ သြဂုတ်လ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၂၀၀ ကျပ်
စာမျက်နှာ - ၅၂
အခန်း - ၁၀ ခန်း နှင့် ပြန်လှန်လေ့ကျင့်ခန်းများ၊ အိမ်စာနှင့် ရုပ်ပြအဘိဓါန်
စာအုပ်အကြောင်း -
အမြင်အာရုံ၊အကြားအာရုံ၊အနံ့အာရုံ၊ရသာအာရုံ၊အထိအာရုံဟူသောအာရုံငါးပါးနှင့်ပတ်သက်၍ကလေးသူငယ်များအလွယ်တကူမှတ်မိသိရှိစေရန်ဖြစ်သည်။ထိုခံစားတတ်သောအာရုံငါးပါးအကြောင်းကိုတစ်ခုချင်းဆီကိုရှင်းပြထားသည်။ထို့ပြင်မျက်စိ၊နား၊နှာခေါင်း၊လျှာ၊အရေပြားအစရှိသည်တို့အကြောင်းများကိုလည်းပုံများနှင့်တကွရှင်းပြထားပါသည်။အခန်း၁၀ခန်းပြီးသည့်နောက်တွင်အခန်းတစ်ခန်းဆီနဲ့သက်ဆိုင်သောလေ့ကျင့်ခန်းများကိုကိုယ့်ဘာသာကိုယ်လုပ်နိုင်ပါသည်။ရောင်စုံရုပ်ပုံများနှင့်ဖြစ်၍အလွယ်တကူသိရှိကာဖြေဆိုနိုင်ပါလိမ့်မည်။အိမ်စာအခန်းတွင်ကိုယ့်ဘာသာကိုယ်ပုံများရေးဆွဲကာကိုယ်ရွေးဆွဲသောပုံများအတိုင်းကွက်လပ်များကိုဖြည့်ကြည့်ကြရမည်ဖြစ်သည်။ထို့ပြင်နေ့စဉ်မှတ်တမ်းရေးကာပေးထားသောမေးခွန်းများကိုဖြေကြရပါမည်။ရုပ်ပြအဘိဓါန်ကတော့အင်္ဂလိပ်လိုနှင့်မြန်မာလိုအဓိပ္ပါယ်များကိုရုပ်ပုံလေးများနှင့်တကွရှင်းပြထားတာကို ဖတ်ကြရမည်ဖြစ်ပါသည်။
ချူံပြီးပြောရရင်တော့အာရုံငါးပါးအကြောင်းကိုစာမျက်နှာနည်းနည်းနှင့်မပျင်းမရိပဲမှတ်မိသိရှိဗဟုသုတတိုးပွားသွားရမည့်စာအုပ်လေးတစ်အုပ်ဖြစ်ပါသည်။

Tuesday, June 19, 2012

Tribute to Ludu Sein Win

ဆရာလူထုစိန်ဝင်းအမှတ်တရ
ဂျူနီယာဝင်း၊ ဇွန် ၂၀၊ ၂၀၁၂
·       ငါတို့၏ ခရီးမပြီးဆုံးသေး
သဘောင်္ကြီးလည်း ဆိုးရွားလှတဲ့ရာသီဥတုကိုဖြတ်ကျော်ရင်း
ငါတို့ပန်းတိုင်လည်း မရောက်သေးပါ။
·       ဟောဒီရှည်လျားလှတဲ့ ခရီးလမ်းမှာဖြင့်
ငါတို့က ပန်းကလေးတွေလို ခြောက်သွေ့
သေခြင်းတရားရဲ့အနိုင်ယူမူကို ခေါင်းငုံ့ခံရင်း
သူရဲဘောကြောင်တဲ့သူ အခါတစ်ရာမက သေ ဆိုသလို
အကြိမ်ကြိမ် သေဆုံး
လောကကြီးထဲကနေ လူမသိသူမသိနဲ့ ထွက်သွား
သည်လိုနဲ့ ငါတို့ကို မေ့ပျောက်သွားကြမှာ။
·       ငါတို့က သေရင်မြေကြီးဖြစ်သွားပေမယ့်
သူတို့ကတော့ ကောင်းကင်ယံမှာကြယ်ကလေးတွေလို
တောက်ပလို့ ခရီးဆက် ဖြတ်သန်းနေကြမှာ။
ငါတို့ကသာ သေမင်းတမန်အမှောင်ထုထဲ လျောက်လှမ်းနေပေမယ့်
သူတို့က မိုးကောင်းကင်ထဲ တလက်လက် ၀င်းလက်နေကြဦးမှာ။
အားလုံးက သူတို့ကို သတိရနေကြဦးမှာ။  ။

Friday, April 20, 2012

Selected Article – Junior Win – The Pages of My Life ကျွန်မဘဝ၏စာမျက်နှာများ ဂျူနီယာဝင်း




အတွေးအမြင်မဂ္ဂဇင်း အမှတ်စဉ်၂၃၂,  ၂၀၁၁ခုနှစ် ဂျူလိုင်လတွင်ဖော်ပြခဲ့သောဆောင်းပါး။


ကျွန်မဘဝ၏စာမျက်နှာများ

ဂျူနီယာဝင်း

ကျွန်မဘဝ၏စာမျက်နှာများစွာကိုတစ်ရွက်ချင်းလှန်ကာကြည့်ပါကအဖြစ်အပျက်များစွာသည်Truth is
stranger than fiction . (တကယ့်အဖြစ်အပျက်များသည်စိတ်ကူးယဉ်တာထက်တောင်ဆန်းကြယ်သည်)
ဟူသကဲ့သို့ပင်ဖြစ်ရလေသည်။ယခုတင်ပြထားသောစာမျက်နှာများကားကျွန်မMSc(Maths)ဘွဲ့ရခဲ့ပြီး
နောက်လုပ်သားကောလိပ်တွင်အချိန်ပိုင်းခနလုပ်ခဲ့ပြီးလှိူင်နယ်မြေတွင်တဖန်အချိန်ပိုင်းအဖြစ်ဆက်လုပ်ခဲ့ရ သည်မှစပါသည်။အချိန်ပိုင်းဘဝဟူသည်တက္ကသိုလ်များဖွင့်ချိန်မှာခေတ္တဝင်ကာကျူတိုရီရယ်အချိန်များတွင်
ပေးထားသောမေးခွန်းများကိုကျောက်သင်ပုန်းပေါ်တက်ရေးကာအဖြေလွှာများကောက်သိမ်းသောအလုပ်နှင့်
စာမေးပွဲစစ်ချိန်မှာစာမေးပွဲခန်းစောင့်။ဤသို့နှင့်တက္ကသိုလ်များပိတ်သောအခါကိုယ့်အိမ်ကိုယ်ပြန်ထိုင်ကာ
အချိန်ပြည့်ကျူတာဘဝကိုရောက်ဖို့စိတ်ကူးယဉ်ရင်းနှင့်အချိန်ကုန်သွားသောဘဝများဖြစ်ပါသည်။ဘဝ၏
ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သောပညာရေးလမ်းထဲခြေစုံရပ်ဖို့လှမ်းလိုက်၊ဘေးကိုရောက်သွားလိုက်ဖြစ်နေခဲ့သော
ဘဝစာမျက်နှာများအကြောင်းဖြစ်ပါသည်။

စာမျက်နှာတစ်။

၁၉၉ရခုနှစ်၉၈ခုနှစ်များတွင်ကျွန်မသည်လှိူင်တက္ကသိုလ်နယ်မြေတွင်အချိန်ပိ်ုင်းနည်းပြလုပ်နေစဉ်ကျွန်မ၏ဂုဏ်သိက္ခာ၊ကျွန်မဘိုးဘွားများ၏ဂုဏ်သိက္ခာ၊ကျွန်မမိဘများ၏ဂုဏ်သိက္ခာနှင့်အကျင့်စာရိတ္တဆိုင်ရာကျဆင်းဖွယ်
ဖြစ်စေသောစာတစ်စောင်ကြောင့်အချိန်ပိုင်းအလုပ်မှထွက်ဖို့ဆုံးဖြတ်ခဲ့ပါသည်။ကျွန်မသည်လှိူင်တက္ကသို်လ်
နယ်မြေဆိုင်ရာလှိူင်ကျောင်းအုပ်ကြီးထံထိုကိစ္စနှင်သွားတွေ့ရပါသည်။ချက်ချင်းဆုံးဖြတ်ခဲ့သောကိစ္စဖြစ်၍
ကျွန်မကိုအိမ်ကမိဘများနှင့်တို်င်ပင်ဖို့ပြောပါသည်။ကျွန်မသည်ခေါင်းမာစွာပင်ထွက်စာကိုရေးကာတင်ပေးခဲ့
ပါသည်။
ထိုနေ့ကကျွန်မသည်လှိူင်တက္ကသိုလ်နယ်မြေမှပြန်လာရာမည်သို့အိမ်ပြန်ရောက်လာမှန်းပင်မသိပါ။ဘတ်စ်
ကားစီးခဲ့သလား၊လမ်းလျောက်ပဲပြန်လာသလား၊ကားခရောပေးမိရဲ့လားဆိုတာကအစအသိစိတ်မရှိခဲ့ပါ။ကျွန်မဘဝ၏မှတ်ကျောက်တင်လာမည့်ရည်မှန်းချက်ပြည့်စေမည့်အလုပ်တစ်ခုကိုဖြတ်တောက်ပစ်ခဲ့မိသောကိုယ့်ကိုယ်ကိုယ်ပင်နားမလည်ခဲ့ပါ။ကျွန်မသတိထားမိချိန်တွင်ကျွန်မသည်ကျွန်မအဘွား၏အခန်းတွင်းရောက်နေပြီးကျွန်မခံစားမိသမျှကိုမျက်ရည်များဖြင့်ရင်ဖွင့်မိနေပြီဖြစ်ပါသည်။မေမေကြီးသည်အိပ်ယာမှနိုးလာရင်းအဖြစ်အပျက်ကို
နားထောင်ကာကျွန်မဆုံးဖြတ်ချက်အတွက်အားပေးခဲ့ပါသည်။ကျွန်မဖေဖေပြန်ရောက်လာသောအခါထိုကိစ္စကို
ကြားပြီးအလွန်စိတ်ဆိုးကာဖေဖေသည်သူလက်ရှိတာဝန်ထမ်းဆောင်နေသောရန်ကုန်တက္ကသိုလ်ပါမောက္ခရာထူးမှထွက်ဖို့ချက်ချင်းဆုံးဖြတ်ခဲ့ပါသည်။နောက်တစ်နေ့တွင်မှာပင်ဖေဖေသည်သူ့စာအုပ်စာတမ်းများကိုဌာနမှအကုန်သယ်ချလာကာဌာနသို့လုံးဝမသွားတော့ပဲထွက်စာကိုသာတင်လိုက်ပါသည်။ထိုကိစ္စနှင့်ပတ်သက်၍
ဖေဖေ့ကိုခေါ်ကာပြန်ရုတ်သိမ်းဖို့ပြောပါသည်။ဖေဖေသည်ကျွန်မထံသို့ပေးပို့လိုက်သောလှိူင်တက္ကသိုလ်မှစာကိုရုတ်သိမ်းမည်ဆိုလျှင်ဆက်လုပ်မည်ဟုသာပြောခဲ့ပါသည်။ကျွန်မတို့သားအဖသည်သချင်္ာနှင့်ပတ်သက်၍
သံယောဇဉ်တိကနဲဖြတ်နိုင်ခဲ့သောလည်းကျွန်မမေမေမှာတော့သချင်္ာဘာသာရပ်အပေါ်ကျွန်မတို့၏ကြိုးစားခဲ့
သောမှတ်တို်င်များစွာသည်တခနချင်းမှာအဆုံးသတ်သွားခြင်းအတွက်နှမျောကာမျက်ရည်စက်လက်ဖြစ်ခဲ့ရပါ
သည်။

စာမျက်နှာနှစ်။

ကျွန်မသည်၁၉၉၅ခုနှစ်တွင်တစ်ကြိမ်၊၁၉၉၈ခုနှစ်ခန့်တွင်တစ်ကြိမ်FullTimeTutorအလုပ်များကိုလျောက်ခဲ့ပြီး
မရရှိခဲ့ပါ။ဤနေရာတွင်ထူးဆန်းတာတစ်ခုကတော့၁၉၉၈ခုနှစ်တုန်းကကျူတာလျောက်စဉ်ကစုစုပေါင်း၆၃
ယောက်ရှိခဲ့ပြီး၆၂ယောက်ခန့်တာမှာပင်ကျွန်မ မပါခြင်းဖြစ်ပါသည်။အဲသည်တုန်းကBSc(Hons)အောင်ပြီးပူပူ
နွေးနွေးလေးများပင်အောင်ကြရာကျွန်မလိုMSc လည်းရပြီးသား…အင်း…ကျွန်မဖေဖေမှာရန်ကုန်တက္ကသိုလ်မှာ
ပါမောက္ခရာထူးမှထွက်ခွင့်ရခါစဖြစ်နေရာ…..တော်တော်များများကလည်းအောင်မှာပဲဟုစောင့်ကြည့်နေကြသူ
များလည်းရှိလေရာမအောင်သဖြင့်အံ့သြစရာတော့ဖြစ်စရာဖြစ်ပါသည်။ဤနေရာတွင်“အံ့သြစရာတော့ဖြစ်စရာ
ဖြစ်ပါသည်”ဟုဆိုခြငး်မှာကျွန်မတို့မိသားစုကလွဲ၍မည်သူမျှမအံ့သြကြသောကြောင့်ဖြစ်ပါသည်။
ထိုအချိန်တုန်းကကျွန်မအပါအဝင်MScအောင်ပြီးသားတစ်ချိူ့မှာသိပ္ပံနှင့်နည်းပညာဌာနတွင်PhDဆက်တက်ဖို့
စာမေးပွဲအောင်ထားလို့စောင့်နေကြသူများရှိလေသည်။ထိိုကဲ့သိုနှစ်ဖက်ခွကာအလုပ်နှစ်ခုကိုစောင့်နေရာမှကျူတာစာမေးပွဲအောင်စာရင်းထွက်၍အောင်ကြသူများအားလုံးမှာရန်ကုန်တက္ကသိုလ်ဘက်ကိုပင်ရွေးချယ်သွားကြ
ပါသည်။
(ထိုစဉ်ကအခြေအနေကိုရှင်းအောင်ပြောပြရလျှင်ရန်ကုန်တက္ကသိုလ်မှဘွဲ့ရများအများအပြားသည်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟူသောအသစ်ဖွင့်လှစ်ကာထားရှိသောရန်ကုန်စက်မူတက္ကသို်လ်မှာPhDသင်တန်းများစွာ
ကြောင့်တော်တော်များများဘွဲ့ရများရောက်ကုန်ကြပါသည်။သူတို့ကလည်းအသစ်ဖွင့်လှစ်ထားသောဌာနဖြစ်၍ရန်ကုုန်တက္ကသိုလ်ကပညာတတ်အများအပျားကိုအသင့်ကောက်ယူကာခေါ်ယူခန့်အပ်လျက်ရှိပါသည်။ဤသို့
ရန်ကုန်တက္ကသိုလ်ကဘွဲ့ရများသာမက၊ကျူတာလျောက်ထားသူအများအပြားပင်ရန်ကုန်တက္ကသိုလ်ကအောင်
စာရင်းနောက်ကျမူ၊မသေချာမူများကြောင့်စောင့်မနေတော့ပဲသိပ္ပံနှင့်နည်းပညာတက္ကသိိုလ်ကြီးဆီသို့ကူးပြောင်းသွားကြသူများရှိကြပါသည်။)
ကျွန်မကတော့စကတည်းကရန်ကုန်တက္ကသိုလ်ကိုသာဦးစားပေးထားသူဖြစ်သောလည်းသူများယောင်လည်း
လိုက်ခါယောင်ဆိုသကဲ့သို့ကျွန်မသူငယ်ချငး်များကဟိုကPhDဆိုလည်း(ကျူတာစာမေးပွဲအောင်စာရင်းက
လည်းကြာနေတာနှင့်ဝင်ဖြေရင်း)လိုက်လျောက်လိုက်တာဖြစ်ပါသည်။သို့နှင့်ထိုစာမေးပွဲအောင်စာရင်းနှစ်ခု
သည်တပြိုင်နက်ထဲပင်တိုင်ပင်ကာထားသကဲ့သို့ထွက်လာပါသည်။ရန်ကုန်တက္ကသိုလ်ကကျူတာအောင်စာရင်းကတော့လည်ပင်းရှည်မတတ်စောင့်ပြီးမှထွက်လာတာဖြစ်ပြီးသိပ္ပံနှင့်နည်းပညာအောင်စာရင်းကတော့ကြေငြာထားသည့်အတိုင်းချက်ချင်းထွက်လာတာဖြစ်ပါသည်။(အကယ်၍များကျူတာအောင်စာရင်းသာတစ်ရက်နောက်ကျလျှင်ရှိသမျှကျူတာများအားလုံးသိပ္ပံနှင့်နည်းပညာဌာနသို့ရောက်ကုန်ကြမည်ထင်ပါသည်။)ဤသို့နှင့်ရှေ့
တွင်ဆိုထားသလိုကျွန်မတစ်ဦးသာကျူတာမပါပဲနှင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဆီသို့မျောက်သစ်ကိုင်းတစ်
ဖက်လွတ်ကာရောက်ခဲ့ခြင်းဖြစ်ပါသည်။(အင်း..တော်သေးရဲ့…တက်စရာတစ်ခုကကျန်သေးနေလို့သာဟုအဲ
သည်တုန်းကအောက်မေ့ရပါသည်…သို့သော်..ကျားကြောက်လို့ရှင်ကြီးကိုး..ဆိုသကဲ့သို့ပင်…)ပြဿနာများ
သည်လက်ယက်မခေါ်ပဲအလိုလိုရောက်လာသကဲ့သို့ပင်ထိုဌာနကအဖြစ်အပျက်များကိုယခုပြန်လည်တင်ပြရသည်ရှိသော်….ဟုဆိုရမည်ဖြစ်ပါတော့သည်။(စာမျက်နှာသုံးတွင်ဆက်လက်ဖတ်ရူပါ)

စာမျက်နှာသုံး။

၁၉၉၈ခုနှစ်ခန့်ကPHDတက်ရမည်ဟူသောမျော်လင့်ချက်ဖြင့်ကျွန်မသည်နည်းပညာဌာနကကျင်းပသောရေးဖြေစာမေးပွဲများကိုအောင်မြင်ခဲ့ပြီးသကာလရန်ကုန်စက်မူတက္ကသိုလ်တွင်ဖွင့်လှစ်ထားသောPhDသင်တန်းသို့တက်ဖို့ရောက်လာခဲ့ရပါသည်။သို့သော်တက်ခွင့်ချက်ခြင်းမရဘဲသိပ္ပံနှင့်နည်းပညာဌာနကြီးတွင်ရူပဗေဒအယောက်
၃ဝခန့်သချင်္ာကျွန်မအပါအဝင်သုံးဦးသည်တစ်နှစ်ခန့်ရူပဗေဒဘာသာကိုရူပဗေဒဆရာများနှင့်သင်ယူခဲ့ရဘူးပါသည်။တက်ရောက်ရမည့်ကျောင်းသားများမှာအကြိုသင်တန်းအဖြစ်ရူပဗေဒကိုသင်ယူရသည်မှာရူပဗေဒ
ကျောင်းသားများအနေနှင့်မထောင်းတာပဲကျွန်မတို့လိုသချင်္ာကျောင်းသားများအတွက်တောင်တော်လေးစိတ်
ညစ်ခဲ့ရပါသည်။သို့သော်နောက်နှစ်တက်ရမှာပဲဟုစိတ်ကိုတင်းကာမှန်မှန်တက်ခဲ့ရဘူးသည်။ဘတ်စ်ကားကျပ်ကျပ်ကိုအသက်အောင့်ကာစီးရင်းနဲ့ကျော်လွန်ဖြတ်သန်းခဲ့ရသောထို၈လတာသင်တန်းအကြောင်းကိုစဉ်းစားမိလိုက်တိုင်းယခုတိုင်အသက်ရူူကျပ်နေဆဲဖြစ်ပါသည်။
အမှန်တကယ်phDတက်ရမည့်ကာလကိုရောက်လာသောအခါတက်ခွင့်မပေးပဲစာမေးပွဲထပ်ဖြေခိုင်းမည်ဟုဆိုပါသည်။စာမေးပွဲကျရင်တော့ဝန်ထမ်းဘဝနှင့်သာအရိုးထုတ်ရမည်တဲ့။အောင်ရင်တော့ရန်ကုန်စက်မူတက္ကသိုလ်မှာဖွင့်လှစ်ထားသောPHDသင်တန်းကိုတက်ခွင့်ပေးမည်ဟုဆိုသည်။ကျွန်မသည်တခါစာမေးပွဲအောင်ပြီးသားများအပေါ်ယခုလိုဆုံးဖြတ်ခြင်းအပေါ်သဘောမကျသဖြင့်ကျွန်မ၏သူငယ်ချင်းများကိုစည်းရုံးကြည့်မိပါသည်။အမှန်
တော့ကျွန်မတို့အုပ်စုကPHDတက်ခွင့်ရပြီးသားမဟုတ်လား။ထပ်ပြီးဖြေခိုင်းခြင်းမှာသဘာဝမကျ။ကျွန်မသည်
စည်းရုံးရေးအလွန်ညံ့ဖျင်းကြောင်းအဲသည်တုန်းကသိခဲ့ရပါသည်။ကျွန်မတစ်ဦးတည်းသာထွက်ခဲ့ပြီးကျန်တဲ့သူ
များသည်အတိုင်းကျန်ခဲ့ကြပါသည်။နောက်ဘာတွေဆက်ဖြစ်ကုန်သလဲတော့မသိတော့ပါ။သို့သော်လူဆိုသည်
မှာမိမိ၏ယုံကြည်ချက်ကိုမိမိကိုယ်တို်င်သာအကောင်အထည်ဖော်ခြင်းဖြင့်သာရပ်တည်သင့်ကြောင်းသင်ခန်းစာတစ်ခုတော့ရခဲ့ပါသည်။
အကြိုသင်တန်းတက်ရောက်နေခြင်းမှထွက်ဖို့ရန်ထွက်စာသွားတင်သောနေ့ကကျွန်မကိုရူပဗေဒဒေါက်တာဘွဲ့ရဆရာကြီးတစ်ဦးကစကားခနပြောရအောင်ဟုဆိုကာဌာနဝရံတာဆီသို့ခေါ်ပါသည်။ကျွန်မအားဆုံးဖြတ်ချက်မ
ပြင်တော့ဘူးလားဟုမေးပါသည်။ကျွန်မက“စာမေးပွဲထပ်မစစ်ဘူးဆိုရင်တော့ကျွန်မထွက်စာတင်စရာအ
ကြောင်းမရှိဘူး”ဟုသာပြောမိပါသည်။ဆရာသည်အပြင်ဘက်ကိုငေးနေရင်းကဒါတော့ဆရာတို့လည်းမပိုင်ဘူးကွယ်။မင်းအရွယ်ကတော့ဘာမဆိုကိုယ်ဆုံးဖြတ်တဲ့အတိုင်းလုပ်နိုင်လေတော့ဆရာမတားပါဘူး။ဆရာ့မှာတား
ခွင့်လည်းမရှိပါဘူး။အစစအရာရာအဆင်ပြေပါစေ။ဟုနှူတ်ဆက်စကားပြောခဲ့ပါသည်။၈လတာရူပဗေဒဘာသာကိုသင်ကြားပေးခဲ့သောဆရာတစ်ဦးသံယောဇဉ်အရပြောခဲ့သောစကားများကိုယနေ့တိုင်မမေ့နိုင်ပဲမြင်ယောင်
နေဆဲဖြစ်ပါသည်။

စာမျက်နှာလေး။

ဤသို့နှင့်ကျွန်မသည်အလုပ်လက်မဲ့ဘဝဖြင့်မေမေကြီးဒေါ်ခင်မျိူးချစ်ကိုအဖော်ပြုကာစာများရေးသားစပြုနေခဲ့
သောကာလများကိုကျော်ဖြတ်ခဲ့ရပါသည်။

စာမျက်နှာငါး။

၁၉၉၉ခုနှစ်ဇန်နဝါရီလ၂ရက်နေ့မှာမေမေကြီးဒေါ်ခင်မျိူးချစ်ကွယ်လွန်ခဲ့ပါသည်။မကွယ်လွန်ခင်နေ့များကကျွန်မ မကြာမှီမှာတက်ယူရမည့်MSc(Maths)ဘွဲ့အတွက်စိတ််လှူပ်ရှားစွာမေမေကြီးနှင့်ပြောခဲ့ဘူးကြပါသည်။ဘွဲ့
တက်ယူတဲ့အခါမေမေကြီးပါအတူတူတက်ဖို့။
သို့သော်ကျွန်မဘွဲ့မယူခင်လေးမှာမေမေကြီးကွယ်လွန်ခဲ့ပါသည်။ကျွန်မသည်မေမေကြီးမကွယ်လွန်ခင်ကဘွဲ့တက်ယူဖို့လျောက်လွှွှာတင်ပြီးဖြစ်၍သာဘွဲ့တက်ဖို့ဝတ်စုံထုတ်ဖို့တို့စသည့်ကိစ္စများကိုစိတ်မပါပဲလုပ်နေခဲ့ရပါသည်။ဝတ်စုံကိုမြို့ထဲကကုန်တိုက်၁တွင်(ထင်ပါသည်)ထုတ်ဖို့သွားပါသည်။ကျွန်မအားMSc အတွက်ဝတ်စုံများ
မရှိကြောင်းနှင့်၊BSc ဝတ်စုံကိုသာဝတ်တက်ဖို့ပြောပါသည်။ကျောင်းသားတစ်ယောက်ရသင့်ရထိုက်ပြီးသား အခွင့်အရေးတစ်ခုကိုဤသို့အလွယ်တကူပြောထွက်ခြင်းအပေါ်ကျွန်မနားမလည်သောလည်းMSc ဝတ်စုံကို
သာရဖို့ထပ်ပြောသောအခါနောက်တစ်ကြိမ်ထပ်ချိန်းပါသည်။
ဤသို့နှင့်သုံးကြိမ်မြောက်ရောက်လာပါသည်။MSc ဝတ်စုံမရှိဘူး။BSc ဝတ်စုံဝတ်တက်လိုက်လည်းဘာဖြစ်သ
လဲဟုပြောပါသည်။ကျွန်မနေနှင့်အပြင်မှာဌားလည်းရမှန်းသိပါသည်။သို့သော်ပိုက်ဆံအပိုအကုန်လည်းမခံနို်င်ပါ။သူကကျွန်မဘက်ကအလျော့မပေးသောအခါနောက်တစ်ကြိမ်ထပ်လာဖို့ပြောပါသည်။ကျွန်မသည်ကျွန်မတစ်သက်တွင်တကြိမ်တစ်ခါမှအသုံးမချခဲ့ဘူးသောကျွန်မဘိုးဘွားများအမည်ကိုဝမ်းနည်းစွာသုံးလိုက်မိပါသည်…
ကျွန်မအဘွားဒေါ်ခင်မျိူးချစ်စာရေးဆရာမကြီးဆုံးတာရက်ပိုင်းပဲရှိသေးတယ်…ကျွန်မအမှန်ပြောရရင်ဒီဘွဲ့ကို
တက်ယူဖို့စိတ်ကူးတောင်မရှိဘူး…တင်ပြီးသားဖြစ်နေလို့သာအခုလိုလိုက်လုပ်နေမိတာဖြစ်တယ်…အကယ်၍ဒီနေ့မှာဒီဝတ်စုံမရရင်ကျွန်မဒီဘွဲ့တက်မယူတော့ဘူး…ဟုဒေါသအလျောက်ပြောမိကာမျက်ရည်ဝဲခဲ့ရပါသည်။ထိုသို့ပြောလိုက်ခြင်းမှာလည်းဝတ်စုံရပါစေတော့ဟူသောစိတ်နဲ့မဟုတ်ပါ။မခံနိုင်လွန်းလို့ထွက်သွားသောစကား
များသာဖြစ်ပါသည်။ထိုဦးလေးကြီးသည်အနညး်ငယ်တုန်လှူပ်သွားဟန်ရှိပြီးနောက်၁၅မိနစ်အတွင်းမှာကျွန်မအတွက်MSc ဝတ်စုံကိုထုတ်ပေးလိုက်ပါသည်။
(အင်း..မေမေကြီးသာကြားလို့ကတော့“အမယ်..တယ်စွမ်းတဲ့ငါပါလား”ဟုရယ်လျက်ပြောပေလိမ့်မည်ထင်ပါ
သည်။)
ကျွန်မနှင့်အတူပါလာသောသူငယ်ချင်းလညး်MSc ဘွဲ့ဝတ်စုံရပါသည်။သူငယ်ချင်းသည်ကျွန်မကိုအထူးပင်
ကျေးဇူးတင်လျက်ရှိကာ“နင့်ကျေးဇူးကြောင့်ရတာပဲ။ဒီလိုမှန်းသိရင်နင့်အဘွားနံမယ်အစောကြီးထဲကပြောလိုက်ပါလား”ဟုပြောနေပါသည်။ကျွန်မသည်ကွယ်လွန်သွားပြီဖြစ်သောမေမေကြီးအမည်ကိုသုံးလိုက်မိခြင်းအပေါ်
ဘယ်လောက်ခံစားနေမိတယ်ဆိုတာသူမသိလေခြင်းဟုစိတ်ထဲခံရခက်မိပါသည်။ကျွန်မတို့သည်မိမိတို့၏မွေး
ရာပါအခွင့်အရေးအတိုင်းရသည့်အဖြစ်ကိုပင်ဆုလာဒ်ကြီးပမာကျေးဇူးတင်နေရသောအဖြစ်ကိုနားလည်သဘောပေါက်ခဲ့ရပါသည်။

စာမျက်နှာငါး။

ကျွန်မသည်မေမေကြီးကွယ်လွန်ခဲ့ပြီးနောက်မှာစာရေးနေရင်းဖြင့်သာအချိန်ကုန်ခဲ့ပါသည်။စာရေးနေရင်းနှင့်ဟုဆိုလိုက်သည်ကိုအထင်မကြီးစေချင်ပါ။ကျွန်မရေးသောဆောင်းပါးများမှာအတွေးအမြင်မဂ္ဂဇင်းတွင်သာပင်တိုင်
ရေးဖြစ်နေခြင်းသာဖြစ်ပါသည်။ထိုကာလသည်စာရေးဖို့အတွက်အချိန်များရလာခဲ့ပြီးစာရေးဖို့အရှိန်ရလာခါစ
ပြုခဲ့သောကာများဟုသာခေါ်ရမည်ဖြစ်ပါသည်။

စာမျက်နှာခြောက်။

ထို၁၉၉၉ခုနှစ်တွင်ပင်သိပ္ပံနှင့်နည်းပညာမှPhDကျောင်းသားများခေါ်ယူကြောင်းသတင်းစာထဲပါလာကြောင်း
ကျွန်မမေမေကပြောပါသည်။သည်တစ်ခါခေါ်ပုံကားအပြင်ကျောင်းသားများသည်မိမိ၏ကျောင်းလခကိုယ့်ဘာ
သာပေးစနစ်ဖြင့်တက်ခွင့်ပေးမည်ဟုပါလေရာကျွန်မသည်သချာင်္ကိုသံယောဇဉ်မပြတ်ပဲစာမေးပွဲဝင်ဖြေဖို့ဆုံး
ဖြတ်ခဲ့ပြန်ပါသည်။အင်္ဂလိပ်စာဖြေရပါသည်။အောင်စာရင်းထွက်သောအခါတခြားဘာသာရပ်ဆိုင်ရာများလည်းသူ့ဆိုင်ရာဆိုင်ရာထွက်သကဲ့သို့သချင်္ာလည်းထွက်ခဲ့ပါသည်။သည်တစ်ခေါက်မှာအပြင်ကျောင်းသားဟူ၍ကျွန်မတစ်ဦးသာအောင်သည်။ကျန်၂၂ယောက်စလုံးမှာဌာနကဝန်ထမ်းများဖြစ်ပါသည်။သို့နှင့်အင်တာဗျူးဖြေရသည်။ထိုစဉ်ကအင်တာဗျူးလုပ်သူသချင်္ာဆရာများပါလေရာကျွန်မကိုသိသောဆရာတစ်ချိူ့က“ညီးဒီတခါတော့တ
ကယ်တက်မှာလား”ဟုမေးပါသည်။ကျွန်မနှင့်ကျူတာအင်တာဗျူးများမှာတွေ့ဖူးနေသောကြောင့်တခါမှတက်ခွင့်မရခဲ့သောကျွန်မကိုမှတ်မိနေပုံရပါသည်။သည်တစ်ခါသေချာတာပေါ့ဆရာရယ်။အင်တာဗျူးသာဆရာတို့အ
အောင်ပေးလိုက်ရင်ဆရာနဲ့တွေ့ကြမှာပါဟုရယ်မောရင်းဖြေခဲ့မိသေးသည်။တစ်ယောက်ကတော့“ကျောင်း
လခ ဘယ်သူပေးမှာလဲ”ဟုမေးပါသည်။“ကျွန်မအကိုကပေးမှာပေါ့။စိတ်မပူပါနဲ့ဆရာ“ဟုပြန်ဖြေဖြစ်ခဲ့လေ
သည်။
အင်တာဗျူးမေးခွန်းများဖြေပြီးနောက်မကြာမှီရက်ပိုင်းအတွင်းမှာပင်အောင်စာရင်းထွက်ရာကျွန်မလည်အောင်ပါသည်။သည်တော့သည့်ထက်သေချာတာရှိမလား။ကျွန်မတကယ်PhDတက်ခွင့်ရပြီ။သို့နှင့်သတ်မှတ်ထားသည့်အတိုင်းကျောင်လခသုံးလစာဖြင့်ကျောင်းလခသွားသွင်းပါတော့သည်။ထိုနေ့ကကျောင်းစတက်ရမည့်နေ့။သို့
သော်ကျောင်းသားရေးရာကလက်မခံပါ။သချင်္ာပါမောက္ခနှင့်သွားတွေ့ရမည်ဟုပြောပါသည်။ဤသို့ကြုံရခြင်းမှာကျွန်မတစ်ဦးတည်းမဟုတ်ပါ။ဌာနဆိုင်ရာအသီးသီးကအပြင်ဖြေအောင်ကျောင်းသားများအားလုံးရင်ဆိုင်ကြရ
ခြင်းဖြစ်ပါသည်။ကျွန်မလည်းသချင်္ာပါမောက္ခဆီသွားတွေ့ရပြန်ပါသည်။ပါမောက္ခကအခုမူပြောင်းသွား၍ပြင်ပ
ကျောင်းသားများလက်မခံတော့ဟုပြောပါသည်။ဒါကြောင့်အသေးစိတ်သိချင်ရင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုသွားမေးဖို့ပြောပါသည်။သို့နှင့်ကျွန်မသည်ကျွန်မဦးလေးကွန်ပြူတာဌာနကပါမောက္ခဦးစိုးမြင့်ရယ်၊ကျွန်မအကိုရယ်နှင့်ချီတက်သွားကြပါသည်။သို့သော်မထူးပါ။ဝန်ထမ်းများသာတက်ခွင့်ရသောမူဖြစ်၍အကယ်၍ကျွန်မဝန်
ထမ်းဆိုရင်တော့ရမည်။သို့သောယခုတော့ဝန်ထမ်းလည်းခန့်ဖို့မရှိဟုပြောပါသည်။

ဤကားကျွန်မပညာရေးနယ်ပယ်ထဲကနေလုံးဝဥဿုံကျောခိုင်းဖြစ်ခဲ့သောအကြောင်းများဖြစ်ပါသည်။ထိုအတွေ့အကြုံများကြောင့်ပင်ပညာရေးနှင့်ပတ်သက်သည့်ကိစ္စများကိုလုံးဝအယုံအကြည်မရှိတော့ခြင်း၊ကျွန်မကိုပညာ
ရေးလမ်းပေါ်မှာရှိနေဆဲသူတစ်ယောက်လိုအဆက်ဆံခံရသည်ကိုပင်ခါးသီးစွာနာကျင်မိခြငး်များကိုလွန်သည်ဟု
မပြောပါနှင့်တော့ဟုသာဆိုရပေတော့မည်။

စာမျက်နှာခုနှစ်။

သိပ္ပံနှင့်နည်းပညာဌာနကပြင်ပကျောင်းသားများလက်မခံသောနေ့နှင့်ကျွန်မတို့အိမ်နားကAllianceFrancaise
ခေါ်ပြင်သစ်စာသင်တန်းကျောင်းတွင်ကျောင်းသားလက်ခံသည့်နောက်ဆုံးနေ့ကတစ်ရက်တည်းဖြစ်ပါသည်။
ကျွန်မသည်သိပ္ပံနှင့်နည်းပညာဆီကPhDတက်ဖို့မဖြစ်နို်င်ကြောင်းသေချာသွားသည်နှင့်ကျွန်မစိတ်ထဲတွင်စာ
နှင့်ပတ်သက်၍တစ်ခုခုကိုလုပ်ချင်နေသောစိတ်ကိုဖြေပေးသည့်အနေနှင့်ထိုပြင်သစ်စာသင်တန်းကျောင်းကို
သွားခဲ့ပါသည်။သိပ္ပံနှင့်နည်းပညာဌာနကနေတန်းကာသွားသောကြောင့်ကျောင်းလခအက်အီးစီလည်းပါမသွား
ခဲ့ပါ။သို့သော်ကြိုတင်ပြီးအပ်လို့ရသဖြင့်တော်ပါသေးသည်ဟုဆိုရပေမည်။
သို့နှင့်ကျွန်မသည်ရသေ့စိတ်ဖြေပြင်သစ်စာသင်တန်းကိုတက်ခဲ့ပါသည်။အမှန်ပြောရရင်ဖြင့်ကျွန်မ၏စိတ်အခြေ
ခံသည်ကျွန်မ မရရှိခဲ့သောအရာများနေရာမှာအစားထိုးဖို့ဟူသောရည်ရွယ်ချက်ကလွှမ်းမိုးလျက်ရှိနေလေသည်။ ကျွန်မ၏ပတ်ဝန်းကျင်သစ်သည်အတိတ်ကဒဏ်ရာများကိုမေ့ပျောက်ဖို့များစွာအကူအညီပေးခဲ့ပါသည်။သို့ရာ
တွင်အပျော်အဖြစ်တက်ခဲ့သော်လည်းပျော်သင့်သလောက်မပျော်ခဲ့ရပဲနောက်ဆုံးတွင်အရူံးပေးကာကျွန်မ၏
မူရင်းစာရေးသောအလုပ်ဖြစ်သောလူမှန်နေရာမှန်ဆီကိုသာပြန်ရောက်ခဲ့ပါတော့သည်။

ကျွန်မကြုံခဲ့ရသောအဖြစ်များသည်ဘဘကြီးအမြဲလိုလိုဆုံးမခဲ့သောBlessingInDisguise“အဆိုးထဲကအ
ကောင်း”ဟူသောဆုံးမစကားကြောင့်သာမဟုတ်လျှင်ရူးသွပ်သွားနိုင်လောက်ပါသည်။သို့သော်ကြုံခဲ့ရသောအ
ဖြစ်များကိုရယ်သွမ်းသွေးကာခံနိုင်ရည်ရှိခဲ့ခြင်းကားဘဘကြီး၏ဆုံးမစကား၊မေမေကြီး၏အားပေးစကားများနှင့်
ကျွန်မ၏ဆုံးဖြတ်ချက်များအပေါ်အမြဲလိုလိုနားလည်ပေးခဲ့သောကျွန်မ၏မိဘများကြောင့်ပဲဖြစ်ပါတော့သည်။
(အင်း…ကျွန်မအကိုကသူ့နံမယ်မပါလို့ပြောဦးမည်ထင်သည်။သည်တော့…..)ကျွန်မဘာလုပ်လုပ်ကျွန်မဘက်ကရပ်တည်ကာနင့်သဘောပဲ၊နင်စိတ်ပါမှလုပ်၊စိတ်မပါပဲဘာမှမလုပ်နဲ့ဟုအကိုမောင်ရစ်ပြောတတ်သောစကား
များသည်ကျွန်မအတွက်အားဆေးတစ်ခွက်ဖြစ်ခဲ့ပါကြောင်း…….။

ဂျူနီယာဝင်း