Tuesday, December 30, 2014

ဂျူနီယာ၀င်း ကျွန်မ၏ တွေးမိသော အတွေးများ

ဂျူနီယာ၀င်း

ကျွန်မ၏ တွေးမိသော အတွေးများ


(အမှတ် ၂၃ဝ၊ အတွေးအမြင်)






ကျွန်မ စာစရေးခဲ့တာ ၁၉၉၆ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲသည် ၁၉၉၆ သြဂုတ် ၂၈ ရက်မှာ ဘဘကြီး ကွယ်လွန်ခဲ့တယ်။ ဘဘကြီး ဟာ ကျွန်မရေးတဲ့စာဆိုလို့ အတွေးအမြင်မှာ စတင်ဖော်ပြခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်လောက်သာ သိသွားခဲ့ရတယ်။ ဘဘကြီးက မေမေကြီးထက် ပိုပြီး ကျွန်မစာရေးတာကို သိပ်ကို ဂုဏ်ယူအားပေးခဲ့တယ်လို့ ခံစားခဲ့ရဖူးတယ်။ အဲသည် ပါလာတဲ့ ဆောင်းပါးတစ်ပုဒ် နှစ်ပုဒ်လောက်ကို လာတဲ့သူတွေပြပြပြီး ပြောနေတာကို ကျွန်မဟာ ရှက်တောင်လာရတဲ့အထိ ဖြစ်ရပါတယ်။ မေမေကြီးနှင့်ကျွန်မက ဘဘကြီးကွယ်လွန် ပြီးနောက်မှာ စာအကြောင်း ပေအကြောင်း၊ ကျွန်မစာတွေ ဘာတွေရေးတယ်ဆိုတာတွေကို ပြောကြဆိုကြဖြစ်ခဲ့ရတာပါ။ ကျွန်မ စာစရေးတဲ့ ကာလမှာ ကျွန်မက ပညာရေးလောကထဲကို ဝင်ဖို့ ကြိုးစားနေဆဲဖြစ်ပါသည်။ ဘဘကြီးက ကျွန်မ အချိန်ပိုင်းဝန်ထမ်းလုပ်တာ သဘောမကျ ဘူး။ ကူျတာလျှောက်တာကို အကြီးအကျယ် ကန့်ကွက်ခဲ့တယ်။ ဒေါသတကြီး အော်ပြီးဆူတယ်။ ဘဘကြီး ကိုယ်တိုင်တောင် အပြင်လောက ကို ထွက်ခဲ့သူမို့လို့ နေမှာပဲလို့ ခပ်ပေါ့ပေါ့ပဲ စဉ်းစားခဲ့မိသေးတယ်။ တကယ်တမ်းကျတော့ ကျွန်မလည်း အချိန်ပိုင်းဘဝနှင့်တောင် သက်ဆိုး မရှည်ခဲ့ဘူးလေ။ ကျွန်မက ဖေဖေ့ကို ဖေဖေကမှ ပါမောက္ခအထိ ဖြစ်လိုက်သေးတယ်။ ကျွန်မက အချိန်ပိုင်းတောင် မခံပါလားလို့ နောက်ဖြစ် ကြတယ်။ ကျွန်မ ဖေဖေဟာဆိုရင်လည်း ရန်ကုန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခအဖြစ်နှင့် သုံးလပဲလုပ်ပြီး ထွက်ခဲ့တယ်။ ဆက်လုပ်မယ်ဆိုရင် နောက်သုံးနှစ်လုပ်လို့ ရသေးတယ်။ တက္ကသိုလ်ပါမောက္ခတိုင်း ဆယ်တန်းမေးခွန်းထုတ်ခွင့်ရှိတဲ့ ခေတ်ကြီးမှာ ဖေဖေဟာ ပါမောက္ခဖြစ်ပြီး ဆယ်တန်းမေးခွန်းမထုတ်လိုက်ရတဲ့ တစ်ဦးတည်းသော ပါမောက္ခပဲဖြစ်ပါတယ်။ မေမေကြီးဟာ အဲသည်အဖြစ်အပျက်တွေ အကုန်လုံးကို သိမြင်သွားခဲ့ရတယ်။ မေမေကြီးကတော့ ကျွန်မတို့ကို အမြဲတမ်း အားပေးခဲ့တဲ့ တစ်ဦးတည်းသော ချစ်ရသူပါပဲ။ မိသားစုအရေးများကို အားပေးတယ်။ စိတ်ဝင်စားတယ်။ ဘဘကြီးရဲ့ blessing in disguise အဆိုးထဲက အကောင်းဆိုတာကို သတိရစေတယ်။ ဒါတွေကြောင့် လည်း ကျွန်မတို့ဟာ စိတ်ဓာတ်မကျခဲ့ကြပါဘူး။


ကျွန်မရဲ့ ဘဝစာမျက်နှာတွေကို တစ်နေ့ပြီးတစ်နေ့ ကျော်ဖြတ်ရင်း ကျွန်မရဲ့ ဘဝအကြောင်းတွေကို ဆောင်းပါးတွေအဖြစ် ရေးဖြစ်ခဲ့ တယ်။ စိတ်ကလည်း ပေါ့ပါးနေတော့ ဘာကိုမှမကြည့်ဘဲ ကိုယ့်ခံစားချက်တွေ ရေးဖြစ်ခဲ့တယ်ပေါ့။ အခုမှသာ ရေးဖြစ်ရင် အဲသည်လောင် တောင် ပွင့်လင်းခဲ့ပါ့မလား မသိဘူး။ မေမေကြီး ကွယ်လွန်ပြီးနောက်မှာ တွေ့ခဲ့ရတဲ့ ဘဘ(ဦးဝင်းတင်)က ''ညည်းအဘွားက သူ့မြေး ပထမဆုံးရေးတဲ့ ဆောင်းပါးကို ဘဘဆီ ပို့ပြီး ဘယ်လိုကြွားတာ''လို့ ဆိုတာကို ကြားရတော့ သြော် မေမေကြီးက ထုတ်သာမပြောတာ ကျွန်မ စာရေးတာကို တော်တော် ဝမ်းသာဂုဏ်ယူခဲ့တာပဲလို့ မျက်ရည်ဝဲပြီး ပျော်ခဲ့ရပါတယ်။ ပြောရရင်တော့ အဲသည်ရှေ့က ဆောင်းပါးများကို ''တွေးမိသော အတွေးများ'' ဆောင်းပါးများ စုထုတ်တဲ့ စာအုပ်အထဲမှာ ဖတ်နိုင်ပါတယ်။ ကျွန်မကျော်ဖြတ်ခဲ့ရတဲ့ ပညာရေးလှေကားထစ်များကို ခံစားမိ သလို ရေးခဲ့တာတွေပဲ ဖြစ်ပါတယ်။


အဲသည်စာအုပ်ကလေး ထွက်လာတော့ ကျွန်မစိတ်ထဲမှာ စာဖတ်ပရိသတ်မရှိနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ထူးဆန်းစွာပဲ သည်စာအုပ်ကို မြတ်မြတ်နိုးနိုး ဖတ်ကြတဲ့ လူငယ်တွေကို တွေ့ခဲ့ရတယ်။ တခို့ျသော မိန်းကလေးတွေဆိုရင် ''ညီမတော့ အစ်မစာအုပ်လေးကို ရင်ဘတ်ထဲမှာ ဖက်ထားတယ်''လို့တောင် ပြောတယ်။ ဒါဆိုရင် လူငယ်ပရိသတ်ရဲ့ ရင်ထဲကို ရောက်ခဲ့တယ်ပေါ့။ လူငယ်တစ်ယောက်ကလည်း သည်စာအုပ် လေးကို ဖတ်ပြီး သူ့ရဲ့လမ်းကြောင်းတည့်သွားတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေ ပြတ်သားသွားရတယ်လို့ ကျွန်မကိုလာပြောဖူးပါတယ်။ ပညာရေး လှေကားထစ်တွေကို သူတို့လေးတွေ ဘယ်လိုတက်လှမ်းရမယ်ဆိုတာကိုလည်း သိမြင်ကြတယ်ပေါ့။ အဲဒါက ကျွန်မရဲ့ မျှော်လင့်ချက်တစ်ခု ပါပဲ။


ရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ များစွာထဲမှာ ကျွန်မတို့ရဲ့ ပညာရေးဟာ ကျောင်းသားတွေ အကျင့်စာရိတ္တနှင့် သက်ဆိုင်တဲ့ အချက်တွေလည်း ပါပါတယ်။ စာမေးပွဲမှာခိုးချကြတဲ့ ခေတ်တစ်ခေတ်ကို ကျွန်မ တပ်အပ်မြင်တွေ့ခဲ့ရတာပါပဲ။ အဲသည့်ခေတ်ထဲမှာ ဒီလမ်းစဉ် ကို မလိုက်ဘဲ ကြိုးစားခဲ့သူတွေလည်း ရှိပါတယ်။ သို့သော် ရာခိုင်နှုန်းအတော်ကို ပျက်စီးခဲ့တဲ့ အကျင့်စာရိတ္တဟာ ဘယ်လိုလုပ်မလဲတဲ့။ ကျွန်မ ဂုဏ်ထူးတန်းတက်နေတဲ့အချိန် စာသင်နှစ်တွေမှာ သည်လိုအဖြစ်တွေကို တွေ့ခဲ့ရတယ်။ မဟာသိပ္ပံတက်နေတဲ့အချိန်မှာ အချိန်ပိုင်း နည်းပြဘဝနှင့် စာပေးစာယူတွေ၊ လုပ်သားကောလိပ်ကျောင်းတွေနှင့် တက္ကသိုလ်စာမေးပွဲခန်းများကို စာမေးပွဲစောင့်ခဲ့ရဖူးတယ်။ ကျွန်မရှေ့မှာ ကျွန်မထက်အသက်ကြီးတဲ့ အရွယ်တွေဟာ ရဲရဲတင်းတင်း စာခိုးချကြတာကို မြင်ခဲ့ရတယ်။ သူတို့ကူးနေတဲ့ စာရွက်ကို သိမ်းဖို့အရေး ကျွန်မ မှာ ဘုရားစာရွတ်ပြီး သူတို့အနားကပ်ခဲ့ရဖူးတယ်။ ကျွန်မနှင့် သက်တူရွယ်တူတွေ ငယ်ရွယ်သူတွေ ရေပုလင်းမှာ ကပ်ခွာလိုစာတွေကပ်ပြီး တစ်ရွက်အခွာခံရလည်း နောက်တစ်ရွက် ဘယ်ကပေါ်လာမှန်းမသိပြန်ကပ်တယ်။ ဖမ်းရတဲ့ဆရာလည်း အရှုံးပေးရတယ်။ ဆံပင်ရှည်ရှည်နှင့် ကျောင်းသူတစ်ယောက်ဆိုရင် သူ့ဆံပင်ရှည်တွေကြားထဲ ပြောင်ပြောင်လက်လက်နှင့် ဘာလဲအနီးကပ်ကြည့်မိတော့မှ ကပ်ခွာတွေကို တွေ့ရပါ တယ်။ ကျောင်းသားတစ်ယောက်ကဆိုရင် စာမေးပွဲဖြေပြီးတော့ ကျွန်မဆီလာပြောတယ်။ ''ကျေးဇူးတင်ပါတယ်ဆရာမ''တဲ့ ကျွန်မက ဘာအဓိပ္ပာယ်ပါလိမ့်လို့ စဉ်းစားရခက်မိတယ်။ အမှန်က သူစာခိုးချတာကို ကျွန်မက တကယ့်ကို မမြင်မိတာပါ။ အဲဒါကို ကျွန်မက မသိချင် ယောင်ဆောင်နေတယ် ထင်ပြီး ကျေးဇူးတင်စကားလာပြောတာလေ။ ဖြစ်ပုံများ။ သူတို့ကျောင်းသားအချင်းချင်းလည်း ဒီကိစ္စကို ဂုဏ်ယူပြော ဆိုနေကြတယ်။ ရှက်စရာလို့ မမြင်တော့ဘူး။ မလုပ်တဲ့သူတောင် ဒုက္ခရောက်မလို ဖြစ်နေတယ်။ ဆရာ-ဆရာမတွေဟာ သည်လိုခိုးချကြတာ တွေကို ဖမ်းရဆီးရတာများ ရှေ့က စားပွဲပေါ်မှာ အပုံလိုက်ကြီးရှိပါတယ်။ ခိုးချတဲ့ ကျောင်းသားတွေကို ဆရာမက မဖမ်းရဘဲ ခိုးချတဲ့ စာရွက်များကိုသာ သိမ်းဆီးခဲ့ရတယ်။ ဒီအဖြစ်အပျက်ဟာ လက်မခံချင်လည်း လက်ခံနေရပြီ။


အလုပ်လျှောက်ရင်တောင် အဲသည်ခေတ်တုန်းက ကျောင်းသားတွေဆိုရင် မခန့်တာတို့၊ စာမေးပွဲပြန်စစ်တာတို့တောင် ရှိခဲ့ဖူးတယ်။ နိုင်ငံ ခြား ကုမ္ပဏီတစ်ခုကဆိုရင် သူခန့်ထားတဲ့ တက္ကသိုလ်ဘွဲ့ရ ၆ဝ လောက်ကို ထရိန်နင်အဖြစ်နှင့် သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒဘာသာများကို သုံးလလောက်ပြန်ပြီး သင်ခဲ့တာကို တွေ့ခဲ့ရဖူးပါတယ်။ အဲသည်စာသင်နှစ်တွေက ကျောင်းသားတွေရဲ့ ပညာအရည်အချင်းကို မယုံကြည်တဲ့ သဘောတွေ။ အဲသည်လို အပြောမိုျးတွေ ကြားဖူးခဲ့တယ်။ အကျင့်စာရိတ္တကောင်းတဲ့ ကျောင်းသားတွေ ရှိနိုင်ပေမယ့်လည်း အုတ်အရောရော၊ ကျောက်အရောရောနှင့် ခံရတာပေါ့လေ။ ကျွန်မဟာ သည်လိုစားခိုးချကြတဲ့ ကျောင်းသားတွေကို မုန်းတီးပြီး နာကြည်းပြီး ဒေါသထွက်ပြီး ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ်။ ကိုယ့်သွေးသားသာဆို အသေကို ရိုက်ပစ်လိုက်ချင်ပါရဲ့။ ကိုယ့်အကျင့်စာရိတ္တ ဘာလို့အပျက်ခံရသလဲ။ သူတို့ တွေ လူကြီးဖြစ်လာရင် ဘာဖြစ်ကုန်ကြမလဲ။ သည်လိုကနေ လူကြီးတွေ ဖြစ်သွားရင်။ ကိုယ်က မိဘဖြစ်သွားရင် ကိုယ့်သားသမီးများ၊ မြေးများကို ဘယ်လိုဆုံးမကြမလဲ။ ငါလုပ်ခဲ့သလို မလုပ်နဲ့ ငါပြောသလို လုပ်တဲ့လား။


ဗြိတိသျှ အရင်းရှင်ခေတ်မှာ ကျွန်မတို့ အဘိုးအဘွားများ ခေတ်မှာ ပညာလိုလားလွန်းလို့ အမိုျးသားကျောင်းများမှာ ပညာသင် နို့စိုု့ခဲ့ရ တယ်တဲ့။ ပညာကို ဘယ်လိုခက်ခက်ခဲခဲ သင်ခဲ့ရသလဲဆိုတာတွေကို ပြောပြမှ သိကြမှာလား။ ကိုယ့်အဘိုးအဘွားများ ပြောလွန်းလို့ နားကို အူနေအောင် ကြားခဲ့ရတယ်။ မဟုတ်တာမလုပ်ရဲလောက်အောင် ဆရာ-ဆရာမများကို ရိုသေလိုက်ရ၊ ကြောက်လိုက်ရတာတွေ။ မိမိရဲ့ အကျင့် စာရိတ္တကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်နေခဲ့ရတာတွေ။


ကျွန်မရဲ့ ပညာရေးဆောင်းပါးများဟာ သည်လိုခေတ်ကို ပြန်လည်ကြည့်မြင်ရင်းနှင့် သင်ခန်းစာယူဖို့ ဖြစ်မလား... ဒါတော့ မသိဘူး။ မပြောတတ်ဘူး။ ကျွန်မဟာ ၁၉၉၇ ခုနှစ် မဟာသိပ္ပံဘွဲ့ရခဲ့ပြီး နောက်မှာ ပညာရေးလောကကြီးကို အပြီးအပိုင်ကျောခိုင်းခဲ့ပြီ။ နောက်ပိုင်းဘာ တွေ ဆက်ဖြစ်ကုန်သလဲ ကျွန်မ စိတ်မဝင်စားတော့ဘူး။ ပိုဆိုးလာသလား။ ပိုကောင်းသွားသလား ဆိုတာလည်း မသိဘူး။ ကျွန်မရေးခဲ့တဲ့ အဲသည်ဆောင်းပါးများဟာလည်း သမိုင်းမှာကျန်ရစ်ခဲ့ပြီလား သို့မဟုတ် ထူးဆန်းတဲ့ ဟာသတွေလို ဖြစ်ခဲ့ပြီလား။ ဒါကို ကယ်တင်နိုင်ခြင်း နည်းကတော့ ဒီသမိုင်းစာမျက်နှာများကို သိမြင်ပြီး ဒီအဖြစ်မှန်များကို လက်ခံသင်ခန်းစာယူခြင်းပဲ ဖြစ်ပါတော့တယ်။









Sunday, December 28, 2014

ဂျူနီယာ၀င်း ဘာသာပြန်ရခြင်းဒုက္ခ

ဂျူနီယာ၀င်း

ဘာသာပြန်ရခြင်းဒုက္ခ


(အမှတ် ၂၃၁၊ အတွေးအမြင်)


ကျွန်မသည် အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရသည့် အလုပ်မိုျးကို တစ်ခါတစ်ရံတွင် အလုပ်သဘောအရ လုပ်ဖူးပါသည်။ သို့ရာတွင် ကိုယ်ဘာသာပြန်ရသည့် အကြောင်းအရာက ကိုယ်နှင့်ဘာမှမဆိုင်၊ ကိုယ်ကလည်း စိတ်မဝင်စားသည့် အခါမိုျးတွင် ငြင်းရပါသည်။ မေမေကြီး ဒေါ်ခင်မိုျးချစ် ရေးသားသော အင်္ဂလိပ်လိုစာများ၊ ဆောင်းပါးများကျတော့ ကျွန်မက စိတ်လည်းဝင်စားပြီး၊ ဘာသာပြန်ရတာ ပျော်စရာလည်း ကောင်းပါသည်။ ထိုအခါ ကျွန်မကို တစ်ခါတစ်ရံ ဘာသာပြန်ခိုင်းသူများကို ရှင်းပြရတာ တော်တော်ခက်ပါသည်။ ကျွန်မတို့ က စာရေးဆရာများဖြစ်ပေမယ့် ဘာသာပြန်သည့် အလုပ်ကို လုပ်သူများမဟုတ်ကြောင်း၊ မေမေကြီးရေးသော စာများကျတော့ ခံစားလို့ရ ကြောင်း ... စသည်ဖြင့်။ သို့သော် နောက်ပိုင်းတွင် ဘာသာပြန်သော အလုပ်မိုျးကို လုံးဝကို လက်မခံတော့ဘဲ ကိုယ့်အလုပ်ကိုယ် စိတ်ဝင်စား သလိုပဲ လုပ်ပါသည်။ ကိုယ်ကြိုက်မှ ကိုယ်ခံစားလို့ရမှ ဘာသာပြန်တာ ဆိုသည့်အချက်ကို နားလည်သွားအောင် ပြောဖို့ အတော်ခက်ပါသည်။ ပိုက်ဆံဘယ်လောက်ရမှ လုပ်မှာလဲဟူသော မေးခွန်းမိုျးမှာ အတော်ဖြေရခက်ပါသည်။ ဒါကို စာရေးဆရာများ၏ ခံစားတတ်သော စိတ်မိုျးရှိမှ ပင် နားလည်ပါလိမ့်မည်။


လွန်ခဲ့သော ငါးနှစ်ခန့်က ကျွန်မကို နိုင်ငံခြားသားတစ်ဦးက ဘာသာပြန်အလုပ်တစ်ခုကို အပ်ပါသည်။ ၎င်းတို့ ထရိန်နင်ပေးထားသော ကျောင်းသားများ ရိုက်ထားသည့် သတင်း၊ မှတ်တမ်း ရုပ်ရှင် Documentary တိုလေးများကို အချောမသတ်ခင်မှာ ကားထဲရိုက်ထား သမျှ စကားလုံးများအားလုံးကို အင်္ဂလိပ်လို ဘာသာပြန်ပေးဖို့ဖြစ်ပါသည်။ ကျွန်မက ငြင်းမိပါသည်။ သို့သော် နားထောင်ကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းပါသည်။ သူက အရင်တစ်နှစ်က ရိုက်ကူးတည်းဖြတ်ပြီးသား မှတ်တမ်းရုပ်ရှင်များပါသော အင်္ဂလိပ်စာတမ်းထိုးအခွေကို ပေးကာ လေ့လာကြည့်ဖို့ ပြောပါသည်။


သည်လိုနှင့် ကျွန်မ ထိုအလုပ်ကို လက်ခံဖြစ်ခဲ့ပါသည်။ သူတို့ဌာနမှာ ကျွန်မလိုပဲ ဘာသာပြန်ဖို့ အချိန်ပိုင်းငှားထားသူများကို တွေ့ရပါ သည်။ သည်တော့ ကျွန်မဆီရောက်လာသော ရိုက်ထားသမျှ ရုပ်ရှင်ကားကို ဗမာမှ အင်္ဂလိပ်သို့ ဘာသာပြန်သော အလုပ်ကို လုပ်ခဲ့ပါသည်။ ကျွန်မက ဘာသာပြန်ရင်းကနေ ထိုရုပ်ရှင်လေးများကိုပါ ကြည့်ရသည်ပေါ့။ အဲသည်မှာ ကျွန်မ၏ ဒုက္ခကစပါသည်။ (ဘာသာပြန်တဲ့ အလုပ်ကိုပဲ လုပ်နေရင်တော့ ဘာဒုက္ခမှ ရောက်မလာနိုင်ပါ။) ထိုရုပ်ရှင်များမှာ မြန်မာပြည်တွင်းက အဖြစ်အပျက်တိုကလေးများ၊ အကြောင်း အရာလေးများ၊ လူပုဂ္ဂိုလ်များ အကြောင်းရာစုံလင်လှပါသည်။ ခက်နေတာက အားလုံး၏ ရှုထောင့်က ဆင်းရဲခြင်းဖြစ်နေသည်။ ဆင်းရဲခြင်းဆို တာကို အခြေခံထားပြီး ရိုက်ထားတာများ ဖြစ်နေသည်။ ဥပမာ- ရေသန့်ဘူးရောင်းတဲ့ ကလေးတစ်ယောက်၏ ဘဝ၊ နယ်ကနေတက်လာပြီး စာလည်းမသင်ရဘဲ ဆင်းဆင်းရဲရဲ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း။ ထားပါတော့... အဲသည် ကလေးတွေကိုက ဆင်းရဲတဲ့အခြေအနေမို့လို့။ ခက်တာက မြန်မာအနုပညာသည် အချို့ရဲ့ ရုပ်ပုံလွှာတခို့ျကိုလည်း အဲသည် ရှုထောင့်ကနေ ကြည့်ပြီး ရိုက်ထားခြင်းများဖြစ်သည်။ ထိုဇာတ်လမ်းတိုများကို ရိုက်ကြသော ကျောင်းသားများ အရည်အချင်းကိုတော့ ကျွန်မ ချီးကူျးရပါ မည်။ သူတို့သည် တကယ့်ဝါရင့်သူများကဲ့သို့ပင် တော်ကြတာကို တွေ့ရပါသည်။ သို့သော် သူတို့ကို သင်ပေးသော သူတို့ရိုက်ထားသမျှကို တည်းဖြတ်လိုက်သော နိုင်ငံခြားသား ဆရာ၊ ဆရာမများက ဇာတ်ညွှန်းများကို ပြင်လိုက်ပုံရပါသည်။ သည့်ထက်ပိုဆိုးသည်မှာ ၎င်းတို့၏ ထရိန်နင်ကြောင့် လူငယ်ကျောင်းသားများ၏ စိတ်ထဲတွင် သတင်း၊ မှတ်တမ်းရုပ်ရှင်ဆိုတာ ဆင်းရဲတာကို ရိုက်တာပဲဟု ထင်သွားကြသူများကို ကျွန်မတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။


ထိုအချက်ကိုတော့ ထိုသင်တန်းက လူငယ်လေးများ၏ အင်တာဗျူးအခို့ျကို ကျွန်မက အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ရသောကြောင့် ဖြစ် ပါသည်။ သတင်းမှတ်တမ်းဆိုတာ သတင်းကား၊ သတင်းရုပ်ရှင်လို့ အဓိပ္ပာယ်ဖော်လို့ ရနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်အကြောင်း၊ ဘဝ၊ အနုပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိလေးတွေ၊ မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအလှများ၊ ဘုရားသမိုင်းများ၊ ဒဏ္ဍာရီများကိုလည်း ရိုက်ကူးလို့ရနိုင် ပေသည်။ ယခုလို ဆင်းရဲ၊ စုတ်ပြတ်နေသော ဘဝများကိုသာ ရိုက်ကူးခြင်းမဟုတ်ပါ။


ဤသို့နှင့် မနေနိုင်၊ မထိုင်နိုင်ပင် ကျွန်မကို အလုပ်လာအပ်သော အဖွဲ့ခေါင်းဆောင် နိုင်ငံခြားသူ အမိုျးသမီးကြီးထံသွားကာ စကား သွားပြောကြည့်မိပါသည်။ ကျွန်မကို အလုပ်အပ်စဉ်က သူပေးခဲ့သော အခွေထဲက ရုပ်ရှင်တစ်ခုကို ထောက်ပြီး ဆွေးနွေးကြည့်မိပါသည်။ အဲသည်မှာ ဘာသာပြန်ထားသော အချက်များသည် မြန်မာလို မူရင်းခံစားချက်လွဲနေကြောင်း၊ တခို့ျနေရာများတွင် ရှင်းပြဖို့လိုကြောင်း၊ တခို့ျအခန်းများတွင် ဘာသာမပြန်ဘဲ ထားထား၍ မြန်မာစာမတတ်တဲ့၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားများက တကယ့် မူရင်းအဓိပ္ပာယ် လွဲသွားနိုင်ကြောင်း၊ သည်လို လွဲသွားတဲ့အတွက် မြန်မာတွေကို အထင်သေးစရာ ဖြစ်ရကြောင်းတို့ကို ထိုဇာတ်ဝင်ခန်းများတစ်ခုချင်းစီ အသေး စိတ် ရှင်းပြခဲ့မိပါသည်။ ထို့ပြင် မြန်မာပြည်၏ အလှအပများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလည်း ရိုက်ကူးဖို့ အကြံပေးလိုက်ပါ သည်။ သည်လိုနှင့် ၄င်းတို့ သတ်မှတ်ထားသည့် ကာလတိုင်အောင် လုပ်ပေးခဲ့ပါသည်။ ဘာမှ ထူးမလာပါ။ သည်အတိုင်း သည်အတိုင်းပဲ ဖြစ်ပါသည်။ ဤသို့နှင့် အလုပ်နားသည့်ကာလသို့ ရောက်သွားပါသည်။


နောင်တစ်နှစ်တွင် ထိုဘာသာပြန်အလုပ်ကို ထပ်လုပ်ဖို့ အကြောင်းကြားပါသည်။ ကျွန်မ ငြင်းလိုက်ပါတော့သည်။ ကျွန်မစိတ်ထဲတွင် ငွေရေးကြေးရေးအရ မက်မောစရာကောင်းသော အလုပ်မှန်းတော့ သိပါသည်။ ထိုရုပ်ရှင်များကို နိုင်ငံခြားသားအဖွဲ့များက ဝိုင်းကြည့်ကာ ဟားတိုက်ရယ်မောနေကြသည့် မြင်ကွင်းကို မြင်တွေ့ရသည်မှာ ကျွန်မစိတ်မသက်သာပါ။ ထို့ပြင် မြန်မာတွေကို အထင်သေးသော စိတ်ရှိသူ များနှင့် တွဲပြီး အလုပ်မလုပ်ချင်ပါ။ ဤကား ကိုယ်လည်း စိတ်ဝင်စားရဲ့သားနှင့်၊ ပျော်စရာလည်းကောင်းရဲ့သားနှင့် သည်ဘာသာပြန်အလုပ် ကို ငြင်းရကောင်းလားဟူသော အမေးကို ဘယ်လိုနားလည်အောင် ရှင်းပြရမှန်းမသိသည့် ဒုက္ခတစ်ခု တိုးလာပါတော့သည်။


(အမှတ် ၂၃၁၊ အတွေးအမြင်)






Friday, December 26, 2014

ကျွန်မဘဝ၏ စာမျက်နှာများ ဂျူနီယာဝင်း


ကျွန်မဘဝ၏ စာမျက်နှာများ  ဂျူနီယာဝင်း

ကျွန်မဘဝ၏ စာမျက်နှာများ


(အမှတ် ၂၃၂၊ အတွေးအမြင်)


ကျွန်မဘဝ၏ စာမျက်နှာများကို တစ်ရွက်ချင်းလှန်ကာကြည့်ပါက အဖြစ်အပျက်များစွာသည် Truth is stranger than fiction. (တကယ့်အဖြစ်အပျက်များသည် စိတ်ကူးယဉ်ထက်တောင် ဆန်းကြယ်သည်) ဟူသကဲ့သို့ပင် ဖြစ်ရလေသည်။ ယခုတင်ပြထားသော စာမျက် နှာများကား ကျွန်မ M.Sc (Maths) ဘွဲ့ရခဲ့ပြီး လုပ်သားကောလိပ်နှင့် လှိုင်နယ်မြေတွင် အချိန်ပိုင်းနည်းပြ လုပ်ခဲ့ရသည်မှ စပါသည်။ အချိန်ပိုင်းဘဝဟူသည် တက္ကသိုလ်များဖွင့်ချိန်မှာ ကူျတိုရီရယ် အချိန်များတွင် ပေးထားသော မေးခွန်းများကို ကျောက်သင်ပုန်းပေါ် တက်ရေး ကာ အဖြေလွှာများ ကောက်သိမ်းသော အလုပ်နှင့် စာမေးပွဲစစ်ချိန်မှာ စာမေးပွဲခန်းစောင့်။ တက္ကသိုလ်များ ပိတ်သောအခါ ကိုယ့်အိမ်ကိုယ်ပြန် ထိုင်ကာ အချိန်ပြည့်ကူျတာဖြစ်ဖို့ စိတ်ကူးယဉ်ရင်း အချိန်ကုန်သွားသော ဘဝများဖြစ်ပါသည်။ ဘဝ၏ ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သော ပညာ ရေး လမ်းထဲခြေစုံရပ်ဖို့ လှမ်းလိုက်၊ ဘေးကို ရောက်သွားလိုက်ဖြစ်နေခဲ့သော ဘဝစာမျက်နှာများအကြောင်း ဖြစ်ပါသည်။


စာမျက်နှာတစ်


၁၉၉၇-၉၈ ခုနှစ်များတွင် ကျွန်မသည် လှိုင်တက္ကသိုလ်နယ်မြေတွင် အချိန်ပိုင်းနည်းပြလုပ်နေစဉ် ကျွန်မ၏ ဂုဏ်သိက္ခာ၊ ကျွန်မ ဘိုးဘွားများ၏ ဂုဏ်သိက္ခာ၊ ကျွန်မမိဘများ၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တဆိုင်ရာ ကျဆင်းဖွယ်ဖြစ်စေသော စာတစ်စောင်ကြောင့် အချိန် ပိုင်း အလုပ်မှ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မသည် ကျောင်းအုပ်ကြီးထံ ထိုကိစ္စနှင့် သွားတွေ့ရပါသည်။ ချက်ချင်းဆုံးဖြတ်ခဲ့သော ကိစ္စ ဖြစ်၍ ကျွန်မကို အိမ်က မိဘများနှင့် တိုင်ပင်ဖို့ ပြောပါသည်။ ကျွန်မသည် ခေါင်းမာစွာ ထွက်စာကိုရေးကာ တင်ပေးခဲ့ပါသည်။


ထိုနေ့က ကျွန်မဘယ်လို အိမ်ပြန်ရောက်လာမှန်းပင် မသိပါ။ ဘတ်စ်ကားစီးခဲ့သလား၊ လမ်းလျှောက်ပဲ ပြန်လာသလား၊ ကားခရော ပေးမိရဲ့လား ဆိုတာကအစ အသိစိတ်မရှိခဲ့ပါ။ ကျွန်မဘဝ၏ မှတ်ကျောက်တင်လာမည့် ရည်မှန်းချက်ပြည့်စေမည့် အလုပ်တစ်ခုကို ဖြတ် တောက်ပစ်ခဲ့မိသော ကိုယ့်ကိုကိုယ်ပင် နားမလည်ခဲ့ပါ။ ကျွန်မသတိထားမိချိန်တွင် အဘွား၏ အခန်းတွင်းရောက်နေပြီး ကျွန်မခံစားမိသမျှကို မျက်ရည်များဖြင့် ရင်ဖွင့်မိနေပြီဖြစ်ပါသည်။ မေမေကြီးသည် အဖြစ်အပျက်ကို နားထောင်ကာ ကျွန်မဆုံးဖြတ်ချက်အတွက် အားပေးခဲ့ပါသည်။ ကျွန်မ ဖေဖေ ပြန်ရောက်လာသောအခါ ထိုကိစ္စကိုကြားပြီး အလွန်စိတ်ဆိုးကာ သူလက်ရှိတာဝန်ထမ်းဆောင်နေသော ရန်ကုန်တက္ကသိုလ် ပါမောက္ခရာထူးမှထွက်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ပါသည်။ နောက်တစ်နေ့တွင်မှာ ဖေဖေသည် သူ့စာအုပ်စာတမ်းများကို ဌာနမှ အကုန်သယ်ချလာ ကာ ဌာနသို့ လုံးဝမသွားတော့ဘဲ ထွက်စာကို တင်လိုက်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဖေဖေ့ကိုခေါ်ကာ ပြန်ရုပ်သိမ်းဖို့ ပြောပါသည်။ ဖေဖေသည် ကျွန်မထံသို့ ပေးပို့လိုက်သော လှိုင်တက္ကသိုလ်မှ စာကို ရုပ်သိမ်းမည်ဆိုလျှင် ဆက်လုပ်မည်ဟုသာ ပြောခဲ့ပါသည်။ ကျွန်မတို့ သားအဖသည် သင်္ချာနှင့်ပတ်သက်၍ သံယောဇဉ်တိခနဲ ဖြတ်နိုင်ခဲ့သော်လည်း မေမေမှာတော့ ကျွန်မတို့၏ ကြိုးစားခဲ့သော မှတ်တိုင်များစွာ သည် တစ်ခဏချင်းမှာ အဆုံးသတ်သွားခြင်းအတွင် မျက်ရည်စက်လက်ဖြစ်ခဲ့ရပါသည်။


စာမျက်နှာနှစ်


၁၉၉၅ တွင် တစ်ကြိမ်၊ ၁၉၉၈ ခန့်တွင် တစ်ကြိမ် Full time (tutor)အလုပ်ကို လျှောက်ခဲ့သော်လည်း မရရှိခဲ့ပါ။ ဤနေရာတွင် ထူးဆန်းတာ တစ်ခုက ၁၉၉၈တုန်းက ကူျတာလျှောက်စဉ်က စုစုပေါင်း ၆၃ ယောက်ရှိခဲ့ပြီး ၆၂ ယောက်ခန့်တာမှာ ကျွန်မ မပါခြင်းဖြစ်ပါ သည်။ B.Sc (Hons) အောင်ပြီး ပူပူနွေးနွေးလေးများပင် အောင်ကြရာ ကျွန်မလို M.Sc လည်းရပြီးသား... အင်း... ကျွန်မ ဖေဖေမှာ ရန်ကုန် တက္ကသိုလ် သင်္ချာပါမောက္ခရာထူးမှ ထွက်ခွင့်ရခါစဖြစ်နေရာ... တော်တော်များများကလည်း အောင်မှာပဲဟု စောင့်ကြည့်နေကြသူများလည်း ရှိလေရာ မအောင်သဖြင့် အံ့သြစရာတော့ ဖြစ်စရာဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ''အံ့သြစရာတော့ ဖြစ်စရာ ဖြစ်ပါသည်''ဟု ဆိုခြင်းမှာ ကျွန်မတို့ မိသားစုမှ လွဲ၍မည်သူမျှ မအံ့သြကြသောကြောင့် ဖြစ်ပါသည်။


ကျွန်မအပါအဝင် M.Scအောင်ပြီးသားတခို့ျမှာ သိပ္ပံနှင့် နည်းပညာဌာနတွင် Ph.D ဆက်တက်ဖို့ စာမေးပွဲအောင်ထားလို့ စောင့်နေကြ သူများရှိလေသည်။ ထိုကဲ့သို့နှစ်ဖက်ခွကာ အလုပ်နှစ်ခုကို စောင့်နေရာမှ ကူျတာစာမေးပွဲအောင်စာရင်းထွက်၍ အောင်ကြသူများအားလုံး ရန်ကုန်တက္ကသိုလ်ဘက်ကို ရွေးချယ်သွားကြပါသည်။


(ထိုစဉ်က အခြေအနေကို ရှင်းအောင်ပြောပြရလျှင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရအများအပြားသည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟူသော အသစ်ဖွင့်လှစ်ကာထားရှိသော ရန်ကုန်စက်မှုတက္ကသိုလ် Ph.D သင်တန်းကြောင့် ဘွဲ့ရများရောက်ကုန်ကြပါသည်။ အသစ်ဖွင့်လှစ်ထားသော ဌာနဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရများကို ခေါ်ယူခန့်အပ်လျက်ရှိပါသည်။ ကူျတာလျှောက်ထားသူ အများအပြားပင် ရန်ကုန်တက္ကသိုလ်မှ အလုပ်အောင်စာရင်း နောက်ကျမှု၊ မသေချာမှုများကြောင့် စောင့်မနေတော့ဘဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ ကူးပြောင်းသွားကြသူများ ရှိကြပါသည်။)


ကျွန်မက ရန်ကုန်တက္ကသိုလ်ကိုသာ ဦးစားပေးထားသူဖြစ်သော်လည်း သူများယောင်လည်း လိုက်ခါယောင်ဆိုသကဲ့သို့ သူငယ်ချင်းများ က ဟိုက Ph.D လည်း ဖြစ်ကူျတာစာမေးပွဲအောင်စာရင်းကလည်း ကြာနေတာနှင့် လိုက်လျောလိုက်တာဖြစ်ပါသည်။ ထိုစာမေးပွဲ အောင် စာရင်းကလည်း ကြာနေတာနှင့် လိုက်လျောက်လိုက်တာဖြစ်ပါသည်။ ထိုစာမေးပွဲ အောင်စာရင်းနှစ်ခုသည် တစ်ပြိုင်နက် တိုင်ပင်ကာထား သကဲ့သို့ ထွက်လာပါသည်။ ရန်ကုန်တက္ကသိုလ်က ကူျတာအောင်စာရင်းက လည်ပင်းရှည်မတတ်စောင့်ပြီးမှ ထွက်လာတာဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ အောင်စာရင်းကတော့ ကြေညာထားသည့်အတိုင်း ချက်ချင်း ထွက်လာတာဖြစ်ပါသည်။ (အကယ်၍များ ကူျတာ အောင်စာရင်းသာ တစ်ရက်နောက်ကျလျှင် ရှိသမျှ ကူျတာများအားလုံး သိပ္ပံနှင့် နည်းပညာဌာနသို့ ရောက်ကုန်ကြမည်ထင်ပါသည်။) ဤသို့နှင့် ရှေ့တွင်ဆိုခဲ့ သလို ကျွန်မတစ်ဦးသာ ကူျတာအောင်စာရင်းမပါဘဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ဆီကို မျောက်သစ်ကိုင်းတစ်ဖက်လွတ် ရောက်ခဲ့ခြင်းဖြစ် ပါသည်။ (အင်း... တော်သေးရဲ့... တက်စရာတစ်ခုက ကျန်သေးနေလို့သာဟု သည်တုန်းက အောက်မေ့ရပါသည်) သို့သော်... ကျားကြောက်လို့ ရှင်ကြီးကိုး... ဆိုသကဲ့သို့ပင်... ပြဿနာများသည် လက်ယပ်မခေါ်ဘဲ အလိုလိုရောက်လာသည်။ ထိုဌာနက အဖြစ်အပျက်များကို ယခုပြန်လည် တင်ပြရသည်ရှိသော်... ဟု ဆိုရမည်ဖြစ်ပါတော့သည်။ (စာမျက်နှာသုံးတွင် ဆက်လက်ဖတ်ရှုပါ)


စာမျက်နှာသုံး


၁၉၉၈ က Ph.D တက်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ကျွန်မသည် နည်းပညာဌာနက ကျင်းပသော ရေးဖြေစာမေးပွဲများကို အောင်မြင်ခဲ့ပြီးသကာလ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖွင့်လှစ်ထားသော Ph.D သင်တန်းသို့တက်ဖို့ ရောက်လာခဲ့ရပါသည်။ သို့သော် တက်ခွင့်ချက်ချင်းမရဘဲ သိပ္ပံနှင့် နည်းပညာဌာနတွင် ရူပဗေဒဘွဲ့ရ ၃ဝ ခန့်နှင့် သင်္ချာဘွဲ့ရ ကျွန်မအပါအဝင်သုံးဦးသည် တစ်နှစ်ခန့် ရူပဗေဒ ဘာသာသင်ယူခဲ့ရပါသည်။ အကြိုသင်တန်းဟုဆိုကာ ရူပဗေဒကို သင်ယူရသည်မှာ ရူပဗေဒအဓိက ကျောင်းသားများအနေနှင့် မထောင်းတာ ဘဲ ကျွန်မတို့လို သင်္ချာကျောင်းသားများအတွက် တောင်တော်လေးစိတ်ညစ်ခဲ့ရပါသည်။ သို့သော် နောင်နှစ်တက်ရမှာပဲဟု စိတ်တင်းကာ မှန်မှန်တက်ခဲ့သည်။ ဘတ်စ်ကားကျပ်ကျပ်ကို အသက်အောင့်ကာစီးရင်း ကျော်လွန်ဖြတ်သန်းခဲ့ရသော ထိုရှစ်လတာ သင်တန်းအကြောင်း စဉ်းစားမိလိုက်တိုင်း အသက်ရှူကျပ်နေဆဲဖြစ်ပါသည်။


Ph.D တက်ရမည့် ကာလကို ရောက်လာသောအခါ တက်ခွင့်မပေးဘဲ စာမေးပွဲထပ်ဖြေခိုင်းမည်ဟု ဆိုပါသည်။ စာမေးပွဲကျရင်တော့ ဝန်ထမ်းဘဝနှင့်သာ အရိုးထုတ်ရမည်တဲ့။ အောင်မှ Ph.D သင်တန်းကို တက်ခွင့်ပေးမည်ဟု ဆိုသည်။ ကျွန်မသည် စာမေးပွဲအောင်ပြီးသား များအပေါ် ယခုလိုဆုံးဖြတ်ခြင်းကို သဘောမကျသဖြင့် ကျွန်မ၏ သူငယ်ချင်းများကို စည်းရုံးကြည့်မိပါသည်။ စည်းရုံးရေးအလွန် ညံ့ဖျင်းကြောင်း အဲသည်တုန်းက သိခဲ့ရပါသည်။ ကျွန်မတစ်ဦးတည်းသာ ထွက်ခဲ့ပြီး ကျန်တဲ့သူများ သည်အတိုင်းကျန်ခဲ့ကြပါသည်။ နောက် ဘာတွေ ဆက်ဖြစ်ကုန်သလဲ မသိတော့ပါ။ သို့သော် လူဆိုသည်မှာ မိမိ၏ ယုံကြည်ချက်ကို မိမိကိုယ်တိုင်သာ အကောင်အထည်ဖော်ခြင်းဖြင့် ရပ်တည်သင့်ကြောင်း သင်ခန်းစာရခဲ့ပါသည်။


ထွက်စာသွားတင်သော နေ့က ကျွန်မကို ရူပဗေဒဒေါက်တာဘွဲ့ရ ဆရာကြီးတစ်ဦးက စကားခဏပြောရအောင်ဟုဆိုကာ ဌာနဝရန်တာ ဆီသို့ ခေါ်ပါသည်။ ကျွန်မ၏ ဆုံးဖြတ်ချက်မပြင်တော့ဘူးလားဟု မေးပါသည်။ ကျွန်မက ''စာမေးပွဲထပ်မစစ်ဘူးဆိုရင် ထွက်စားတင်စရာ အကြောင်းမရှိဘူး'' ဟုသာ ပြောမိပါသည်။ ဆရာသည် အပြင်ဘက်ကို ငေးနေရင်း ''ဒါတော့ ဆရာတို့လည်း မပိုင်ဘူးကွယ်။ မင်းအရွယ် ကတော့ ဘာမဆို ကိုယ်ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်လေတော့ ဆရာမတားပါဘူး။ တားခွင့်လည်းမရှိပါဘူး။ အစစ အရာရာ အဆင်ပြေပါ စေ''ဟု နှုတ်ဆက်စကားပြောခဲ့ပါသည်။ ဆရာတစ်ဦးသံယောဇဉ်အရ ပြောခဲ့သောစကားများကို ယနေ့တိုင် မမေ့နိုင်ပါ။


စာမျက်နှာလေး


ဤသို့နှင့် ကျွန်မသည် အလုပ်လက်မဲ့ဘဝဖြင့် မေမေကြီးဒေါ်ခင်မျိူးချစ်ကို အဖော်ပြုကာ စာများရေးသားစပြုနေခဲ့သော ကာလများကို ကျော်ဖြတ်ခဲ့ရပါသည်။


စာမျက်နှာငါး


၁၉၉၉ ဇန်နဝါရီ ၂ ရက်မှာ မေမေကြီး ဒေါ်ခင်မျိူးချစ် ကွယ်လွန်ခဲ့ပါသည်။ မကွယ်လွန်ခင်နေ့များက ကျွန်မ မကြာမီတက်ယူရမည့် M.Sc (Maths) ဘွဲ့အတွက် စိတ်လှုပ်ရှားစွာ မေမေကြီးနှင့် ပြောခဲ့ဖူးကြပါသည်။ ဘွဲ့တက်ယူတဲ့အခါ မေမေကြီးပါ အတူတူတက်ဖို့။ သို့သော် ကျွန်မ ဘွဲ့မယူခင်လေးမှာ မေမေကြီး ကွယ်လွန်ခဲ့ပါသည်။ မေမေကြီးမကွယ်လွန်ခင်က ဘွဲ့တက်ယူဖို့ လျှောက်လွှာတင်ပြီးဖြစ်၍သာ ဘွဲ့ဝတ်စုံထုတ်ဖို့တို့ စသည့်ကိစ္စများကို စိတ်မပါဘဲ လုပ်နေခဲ့ရပါသည်။ ဝတ်စုံကို မြို့ထဲက ကုန်တိုက် ၁ တွင် ထုတ်ဖို့သွားပါသည်။ ကျွန်မ အား M.Scအတွက် ဝတ်စုံများ မရှိကြောင်းနှင့် B.Scဝတ်စုံကိုသာ ဝတ်တက်ဖို့ ပြောပါသည်။ ကျောင်းသားတစ်ယောက် ရသင့်ရထိုက်ပြီး သား အခွင့်အရေး တစ်ခုကို ဤသို့ အလွယ်တကူ ပြောထွက်ခြင်းကို ကျွန်မ နားမလည်နိုင်ပါ။ M.Scဝတ်စုံကိုသာရဖို့ ထပ်ပြောသောအခါ နောက်တစ်ကြိမ် ထပ်ချိန်းပါသည်။


ဤသို့နှင့် သုံးကြိမ်မြောက်ရောက်လာပါသည်။ M.Scဝတ်စုံမရှိဘူး။ B.Sc ဝတ်စုံဝတ်တက်လိုက်လည်း ဘာဖြစ်သလဲဟု ပြောပါ သည်။ အပြင်မှာ ငှားလည်း ရမှန်းသိပါသည်။ သို့သော် ပိုက်ဆံအပို အကုန်မခံနိုင်ပါ။ သူက ကျွန်မဘက်က အလျှော့မပေးသောအခါ နောက် တစ်ကြိမ်ထပ်လာဖို့ ပြောပါသည်။ ကျွန်မသည် ကျွန်မတစ်သက်တွင် တစ်ကြိမ်တစ်ခါမှ အသုံးမချခဲ့ဖူးသော ကျွန်မဘိုးဘွားများအမည်ကို ဝမ်း နည်းစွာ သုံးလိုက်မိပါသည်။ ''ကျွန်မအဘွား ဒေါ်ခင်မျိူးချစ် စာရေးဆရာမကြီးဆုံးတာ ရက်ပိုင်းပဲရှိသေးတယ်... ကျွန်မအမှန်ပြောရရင် ဒီဘွဲ့ကို တက်ယူဖို့ စိတ်ကူးတောင် မရှိဘူး... တင်ပြီးသားဖြစ်နေလို့သာ အခုလို လိုက်လုပ်နေမိတာဖြစ်တယ်... အကယ်၍ ဒီနေ့မှာ ဒီဝတ်စုံမရ ရင် ဒီဘွဲ့တက်မယူတော့ဘူး''ဟု ဒေါသအလျောက်ပြောမိကာ မျက်ရည်ဝဲခဲ့ရပါသည်။ ထိုသို့ ပြောလိုက်ခြင်းမှာလည်း ဝတ်စုံရပါစေတော့ဟူ သော စိတ်နှင့် မဟုတ်ပါ။ မခံနိုင်လွန်းလို့ ထွက်သွားသော စကားများသာဖြစ်ပါသည်။ ထိုဦးလေးကြီးသည် အနည်းငယ်တုန်လှုပ်သွားဟန်ရှိ ပြီး နောက် ၁၅ မိနစ်အတွင်းမှာ ကျွန်မအတွက် M.Scဝတ်စုံကို ထုတ်ပေးလိုက်ပါသည်။


(အင်း... မေမေကြီးသာကြားလို့ ကတော့ ''အမယ်... တယ်စွမ်းတဲ့ငါပါလား''ဟု ရယ်လျက်ပြောပေလိမ့်မည်ထင်ပါသည်။)


ကျွန်မနှင့်အတူပါလာသော သူငယ်ချင်းလည်း M.Scဘွဲ့ဝတ်စုံရပါသည်။ သူငယ်ချင်းသည် ကျွန်မကို အထူးပင်ကျေးဇူးတင်လျက်ရှိ ကာ ''နင့်ကျေးဇူးကြောင့်ရတာပဲ။ ဒီလိုမှန်းသိရင် နင့်အဘွားနာမည် အစောကြီးတည်းက ပြောလိုက်ပါလား''ဟု ပြောပါသည်။ ကျွန်မသည် ကွယ်လွန်သွားပြီဖြစ်သော မေမေကြီးအမည်ကို သုံးလိုက်မိခြင်းအပေါ် ဘယ်လောက်ခံစားနေမိတယ်ဆိုတာ သူမသိလေခြင်းဟု ခံစားမိခဲ့ပါ သည်။ ကျွန်မတို့သည် မိမိတို့၏ မွေးရာပါ အခွင့်အရေးအတိုင်း ရသည့်အဖြစ်ကိုပင် ဆုလာဘ်ကြီးပမာ ကျေးဇူးတင်နေရသောအဖြစ်ကို နားလည်သဘောပေါက်ခဲ့ရပါသည်။


စာမျက်နှာခြောက်


ကျွန်မသည် မေမေကြီးကွယ်လွန်ခဲ့ပြီးနောက် စာရေးနေရင်းဖြင့်သာ အချိန်ကုန်ခဲ့ပါသည်။ စာရေးနေရင်းနှင့်ဟု ဆိုလိုက်သည်ကို အထင် မကြီးစေချင်ပါ။ ကျွန်မရေးသော ဆောင်းပါးများမှာ အတွေးအမြင်တွင်သာ ပင်တိုင်ရေးဖြစ်နေခြင်းသာ ဖြစ်ပါသည်။ ထိုကာလသည် စာရေးဖို့ အတွက် အချိန်များရလာခဲ့ပြီး စာရေးဖို့ အရှိန်ရလာခါစ ပြုခဲ့သောကာလများဟု ခေါ်ရမည်ဖြစ်ပါသည်။


စာမျက်နှာခုနစ်


၁၉၉၉ တွင်ပင် သိပ္ပံနှင့်နည်းပညာမှ Ph.D ကျောင်းသားများခေါ်ယူကြောင်း သတင်းစာထဲပါလာသည်ဟု ကျွန်မ မေမေက ပြောပါ သည်။ သည်တစ်ခါခေါ်ပုံက အပြင်ကျောင်းသားများသည် မိမိ၏ကျောင်းလခ ကိုယ့်ဘာသာပေးစနစ်ဖြင့် တက်ခွင့်ပေးမည်ဟုပါလေရာ ကျွန်မ သည် သင်္ချာကို သံယောဇဉ်မပြတ်ဘဲ စာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်ခဲ့ပြန်ပါသည်။ အင်္ဂလိပ်စာဖြေရပါသည်။ သည်တစ်ခေါက်မှာ ပြင်ပကျောင်း သားဟူ၍ ကျွန်မတစ်ဦးသာ အောင်သည်။ ကျန် ၂၂ ယောက်စလုံးမှာ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ကြသည်။ သို့နှင့် အင်တာဗူျး ဖြေရသည်။ ထိုစဉ်က အင်တာဗူျးလုပ်သူ သင်္ချာဆရာများပါလေရာ ကျွန်မကို သိသောဆရာ တခို့ျက ''ညည်း ဒီတစ်ခါတော့ တကယ်တက်မှာလား''ဟု မေးပါသည်။ ကျွန်မနှင့် ကူျတာအင်တာဗူျးများမှာ တွေ့ဖူးနေသောကြောင့် တစ်ခါမှ တက်ခွင့်မရခဲ့သော ကျွန်မကို မှတ်မိနေပုံရပါသည်။ ''သည်တစ်ခါ သေချာတာပေါ့ဆရာရယ်။ အင်တာဗူျးသာ ဆရာတို့အအောင်ပေးလိုက်ရင် ဆရာနှင့် တွေ့ကြမှာပါ''ဟု ရယ်မောရင်း ဖြေခဲ့မိ သေးသည်။ တစ်ယောက်ကတော့ ''ကျောင်းလခဘယ်သူပေးမှာလဲ''ဟု မေးပါသည်။ ''ကျွန်မအစ်ကိုက ပေးမှာပေါ့။ စိတ်မပူပါနဲ့ ဆရာ'' ဟု ပြန်ဖြေဖြစ်ခဲ့လေသည်။


အင်တာဗူျးမေးခွန်းများ ဖြေပြီးနောက် မကြာမီ အောင်စာရင်းထွက်ရာ ကျွန်မအောင်ပါသည်။ သည်တော့ သည့်ထက်သေချာတာရှိ မလား။ ကျွန်မတကယ် Ph.D တက်ခွင့်ရပြီ။ သို့နှင့် သတ်မှတ်ထားသည့်အတိုင်း ကျောင်းလခသုံးလစာ သွားသွင်းပါတော့သည်။ ထိုနေ့က ကျောင်းစတက်ရမည့်နေ့။ သို့သော် ကျောင်းသားရေးရာက လက်မခံပါ။ သင်္ချာပါမောက္ခနှင့် သွားတွေ့ရမည်ဟု ပြောပါသည်။ ဤသို့ ကြုံရခြင်းမှာ ကျွန်မတစ်ဦးတည်းမဟုတ်ပါ။ ဌာနဆိုင်ရာ အသီးသီးက အပြင်ဖြေအောင် ကျောင်းသားများအားလုံး ရင်ဆိုင်ကြရခြင်းဖြစ်ပါ သည်။ ကျွန်မလည်း သင်္ချာပါမောက္ခဆီ သွားတွေ့ရပြန်ပါသည်။ ပါမောက္ခက ''အခု မူပြောင်းသွား၍ ပြင်ပ ကျောင်းသားများ လက်မခံ တော့''ဟု ပြောပါသည်။ အသေးစိတ်သိချင်ရင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို သွားမေးဖို့ပြောပါသည်။ သို့နှင့် ကျွန်မသည် ကျွန်မ ဦးလေး ကွန်ပူျတာဌာနက ပါမောက္ခဦးစိုးမြင့်ရယ်၊ ကျွန်မအစ်ကိုရယ်နှင့် ချီတက်သွားကြပါသည်။ သို့သော် မထူးပါ။ ဝန်ထမ်းများသာ တက်ခွင့်ရသောမူဖြစ်၍ အကယ်၍ ကျွန်မဝန်ထမ်းဆိုရင်တော့ရမည်။ သို့သော် ယခုတော့ ဝန်ထမ်းလည်း ခန့်ဖို့မရှိဟုပြောပါသည်။


ဤကား ကျွန်မပညာရေးနယ်ပယ်မှ လုံးဝဥဿုံ ကျောခိုင်းဖြစ်ခဲ့သော အကြောင်းအရာများ ဖြစ်ပါသည်။ ထိုအတွေ့အကြုံများကြောင့် ပညာရေးနှင့် ပတ်သက်သည့် ကိစ္စများကို လုံးဝအယုံအကြည်မရှိတော့ခြင်း၊ ကျွန်မကို ပညာရေးလမ်းပေါ်မှာရှိနေဆဲ သူတစ်ယောက်လို အဆက်အဆံခံရသည်ကိုပင် ခါးသီးနာကျင်မိခြင်းများကို လွန်သည်ဟု မပြောပါနှင့်တော့ဟုသာ ဆိုရပေတော့မည်။


စာမျက်နှာရှစ်


သိပ္ပံနှင့်နည်းပညာဌာနက ပြင်ပကျောင်းသားများ လက်မခံသောနေ့နှင့် ကျွန်မတို့ အိမ်နားက Alliance Francaise ခေါ် ပြင်သစ်စာသင်တန်း ကျောင်းတွင် ကျောင်းသားလက်ခံသည့် နောက်ဆုံးနေ့က တစ်ရက်တည်းဖြစ်ပါသည်။ ကျွန်မသည် သိပ္ပံနှင့်နည်းပညာဆီက Ph.D တက်ဖို့ မဖြစ်နိုင်ကြောင်း သေချာသွားသည်နှင့် ကျွန်မစိတ်ထဲတွင် စာနှင့်ပတ်သက်၍ တစ်ခုခုကို လုပ်ချင်နေသော စိတ်ကို ဖြေပေးသည့် အနေဖြင့် ထိုပြင်သစ်စာသင်တန်းကျောင်းကို သွားခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဌာနကနေ တန်းကာသွားသောကြောင့် ကျောင်းလခအက်ဖ်အီးစီလည်း ပါမသွားခဲ့ပါ။ သို့သော် ကြိုတင်ပြီး အပ်လို့ရသဖြင့် တော်ပါသေးသည်ဟု ဆိုရပေမည်။


သို့နှင့် ကျွန်မသည် ရသေ့စိတ်ဖြေ ပြင်သစ်စာသင်တန်းကို တက်ခဲ့ပါသည်။ အမှန်ပြောရရင်ဖြင့် ကျွန်မ၏ စိတ်အခြေခံသည် ကျွန်မရရှိ ခဲ့သော အရာများနေရာမှာ အစားထိုးဖို့ဟူသော ရည်ရွယ်ချက်က လွှမ်းမိုးလျက်ရှိနေလေသည်။ ကျွန်မ၏ ပတ်ဝန်းကျင်သစ်သည် အတိတ်က ဒဏ်ရာများကို မေ့ပျောက်ဖို့ များစွာအကူအညီပေးခဲ့ပါသည်။ သို့ရာတွင် အပျော်အဖြစ်တက်ခဲ့သော်လည်း ပျော်သင့်သလောက် မပျော်ခဲ့ရဘဲ နောက်ဆုံးတွင် အရှုံးပေးကာ ကျွန်မ၏ မူရင်းစာရေးသော အလုပ်ဖြစ်သော လူမှန်နေရာမှန်ဆီကိုသာ ပြန်ရောက်ခဲ့ပါတော့သည်။


ကျွန်မ ကြုံခဲ့ရသော အဖြစ်များသည် ဘဘကြီး အမြဲလိုလို ဆုံးမခဲ့သော blessing in disguise ''အဆိုးထဲက အကောင်း''ဟူသော ဆုံးမစကားကြောင့်သာ မဟုတ်လျှင် ရူးသွပ်သွားနိုင်လောက်ပါသည်။ သို့သော် ကြုံခဲ့ရသော အဖြစ်များကို ရယ်သွမ်းသွေးကာ ခံနိုင်ရည်ရှိခဲ့ ခြင်းကား ဘဘကြီး၏ ဆုံးမစကား၊ မေမေကြီး၏ အားပေးစကားများနှင့် ကျွန်မ၏ ဆုံးဖြတ်ချက်များအပေါ် အမြဲလိုလို နားလည်ပေးခဲ့သော ကျွန်မ၏ မိဘများကြောင့်ပဲ ဖြစ်ပါတော့သည်။ (အင်း... ကျွန်မအစ်ကိုက သူ့နာမည် မပါလို့ ပြောဦးမည်ထင်သည်။ သည်တော့...) ကျွန်မဘာလုပ်လုပ် ကျွန်မဘက်က ရပ်တည်ကာ နင့်သဘောပဲ၊ နင်စိတ်ပါမှလုပ်၊ စိတ်မပါဘဲ ဘာမှမလုပ်နဲ့ဟု အစ်ကိုမောင်ရစ် ပြောတတ် သော စကားများသည် ကျွန်မအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ပါကြောင်း...။



Thursday, December 25, 2014

ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ ဂျူနီယာဝင်း


ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ
ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ  ဂျူနီယာဝင်း

အမှတ် ၂၃၉၊ အတွေးအမြင်)






စာရေးဆရာကြီး သောမတ်ဟောဒီ (Thomas Hardy) (၁၈၄ဝ-၁၉၂၈) ရေးသားသော ဝတ္ထုကြီးများကို ယနေ့ခေတ်မီသော စာဖတ် သူများက နှစ်သက်နေကြဆဲဖြစ်နေခြင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံက ကျေးလက်ဘဝများကို မြင်တွေ့ကြရသောကြောင့် ဖြစ်သည်။ ခေတ်မီသော ကမ္ဘာဆီသို့ ခြေလှမ်းလှမ်းနေကြသော အဖြစ်အပျက်များစွာထဲက မီးရထားသံလမ်းများ ခေတ်ပြောင်းတော်လှန်ရေး သည် တစ်ခုအပါအဝင်ဖြစ်ကာ Hardyသည် ယင်းအဖြစ်ကို တွေ့မြင်ကာ ပျောက်ကွယ်သွားနိုင်တော့မယ့် ကျေးလက်ဘဝကို ပုံဖော်ခဲ့လေ သလားဟု စဉ်းစားစရာဖြစ်ပါသည်။


ထိုမီးရထားသံလမ်း စီမံကိန်းများသည် တောနေလူတန်းစားများ၏ တောရွာသဘာဝများကြား မတူညီမှုများအဖြစ် တဖြည်းဖြည်း တိုက် စားခဲ့ပါလေသည်။ Hardy သည် သူ၏ စိတ်ကူးထဲက Wessex ဟူသော ဒေသတစ်ခုကို ဖန်တီးကာ ဇာတ်ရုပ်များ၊ ဇာတ်ကောင်များ၊ အဖြစ်အပျက်များကို ရေးဖွဲ့ခဲ့လေသည်။ ထို Wessexဒေသတွင် တစ်ချိန်ကရှိခဲ့ဖူးသည့် အဖြစ်မှန်များ၊ တောရွာဒေသများ၏ အမှန်တရားများ၊ ယဉ်ကျေးမှုများသည် တစ်နေ့မှာဖြင့် ပျောက်ကွယ်တော့မည့် အန္တရာယ်ကို သိမြင်မိကာ သူ၏ ဝတ္ထုကြီးထဲမှာ ထိုအဖြစ်များကို ဖော်ထုတ်ရေး သားခဲ့လေသည်။


၁၉၁၂ ခုနှစ်ထုတ်သော သူ၏ ဝတ္ထုများ စိစစ်ရေးသားမှုများတွင် Hardy က နိဒါန်းတွင် ယခုလို ရေးသားခဲ့သည်။


''အဲသည် Wessex(ဝက်စ်ဆက်စ်) ဒေသမှာ အထွေထွေသော ဒဏ္ဍာရီအဖြစ်မှန်များက ထိုရက်စွဲများအတိုင်း ဖြစ်ပျက်ခဲ့လေရဲ့။ လူအမိုျးမိုျးဟာ ဒီလိုပဲ နေထိုင်ခဲ့ကြတယ်။ ဒီလို အလုပ်တွေကို လုပ်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုတွေနဲ့ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ဒါတွေကို အခုစာမျက်နှာများမှာ တွေ့ရတဲ့အတိုင်း ပုံဖော်ထားတယ်။ ကျွန်တော်... ကျွန်တော်ကတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အဲဒီဘဝတွေ ကို မှန်ကန်တဲ့အတိုင်း ကျေနပ်စွာ ရှုမြင်ရင်း ကျွန်တော့်ကို ပုံကြီးချဲ့ကာ ရေးသားခဲ့တယ်လို့ပဲ ပြောပြော... ကျွန်တော်ကတော့ ကျွန်တော့် အတွက် စိတ်ကျေနပ်မှုများ ရရှိစေခဲ့တယ် ဆိုပါတော့ဗျာ''


Hardy မွေးဖွားခဲ့သော ၁၈၄ဝ ခုနှစ်တွင် သူ့မွေးရပ် Dorsey နှင့် Dorchester မှာ ရထားသံလမ်းစီမံကိန်းဆိုတာ မရှိသေးချေ။ ၁၉ ရာစု ခေတ်မီသော စက်မှုခေတ်ကို အစပိုျးဖို့အတွက် အလုပ်သမားလူတန်းစားများ၏ ဘဝများ အလွယ်တကူ ပျောက်ကွယ်သွားရသည့် အဖြစ် များကို Hardyက Tess f the d’Urbervillesတွင် ယခုလို ရေးသားခဲ့သည်။


''အဲဒီ နှလုံးသားမရှိတဲ့ စက်ကိရိယာတွေက... လူသားတွေရဲ့ ြွကက်သားတွေ၊ အာရုံကြောတွေရဲ့ ခံနိုင်ရည်ရှိမှုများ အပေါ်မှာ နင်းခြေ ဖျက်ဆီးလိုက်လေရဲ့''


Hardy ၏ တခို့ျသော သူ သရုပ်ဖော်ထားသည့် ထင်ရှားသည့် မြင်ကွင်းများတွင် နှစ်စဉ်ကျင်းပသော ပွဲတော်များ၊ ကောက်ရိတ်သိမ်း ပွဲများနှင့် မင်္ဂလာဆောင်များ ဖြစ်လေသည်။ Hardy ၏ Far from the madding crowd ဝတ္ထုကြီးတွင် ကောက်ရိတ်သိမ်း ညစာစားပွဲ နှင့် အကများ ကျင်းပနေစဉ်မှာ ကြမ်းတမ်းသော မုန်တိုင်းက ရုတ်တရက်ဝင်ရောက်လာမှုကြောင့် အဓိကဇာတ်ကောင် Gabriel Oak (ဂါဘရီရယ် အုတ်ခ်)က သူချစ်နေသော Bathsheba(ဘာရှဘာ) ၏ ကောက်ပဲသီးနှံများ မပျက်စီးအောင် တစ်ဦးတည်း ကယ်တင်ရပုံကို ပုံဖော်ရေးဖွဲ့ထားခဲ့သည်။ Hardyသည် ထိုပွဲတော်အလှနှင့် မုန်တိုင်း၏ ခက်ထန်မှုကို ဒွန်တွဲရေးဖွဲ့ထားသည်မှာ ထူးခြားသော သူ၏ အရေး အသားများ ဖြစ်ပါသည်။ ထို့ပြင် Tess of the d’Urbervilles ဝတ္ထုတွင် ဇာတ်ကောင်မင်းသမီးTess က မေဒေးပွဲတော်အကကို ဝင်ဆင်နွှဲပုံ၊ အဖြူရောင်ရုးရာဝတ်စုံနှင့် သူ့ညာဘက်လက်မှာ သေးသွယ်ရှည်လျားသည့် မိုးမခ ပန်းစည်းလေးကိုင်ထားကာ၊ ဘယ်ဘက်လက် မှာ အဖြူရောင်ပန်းလေးများ ကိုင်ထားပုံများကို သရုပ်ဖော်ရေးသားမှုသည် Hardy လွမ်းလောက်ဖွယ်ကောင်းလှသော ရှေးရိုးရာယဉ်ကျေးမှု အလှ ဖြစ်ပေတော့သည်။


Hardy ကြီးပြင်းခဲ့ရာ Dorsey မှာ နေထိုင်ကြသော အလုပ်သမားများအတွက် ထူးခြားသော တစ်နှစ်တစ်ခါ ကျင်းပသည့် ပွဲတော်ကား Dirsetအရပ်နှင့် မဝေးကွာသော Dorchester မြို့တော်က ဖေဖော်ဝါရီ ၁၄ ရက်ပွဲ ဖြစ်ပါသည်။ ထိုနေ့ပွဲတော်ကို အလုပ်သမားများက မပျက်မကွက် လာရောက်ကြကာ ရှေ့နှစ်များအတွက် အလုပ်လည်း လာရှာကြရလေသည်။ ယောကျာ်း၊ မိန်းမ အလုပ်သမားများက တန်းစီကာ မတ်တတ်ရပ်လျက်ရှိကြကာ အလုပ်ရှင်များက ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရွေးချယ်ငှားရမ်းကြလေသည်။ အဲသည်လို မြင်ကွင်းကို Hardyသည် Far from the Madding Crowd ဝတ္ထုကြီးတွင် ထိုအလုပ်သမားတို့ ဝတ်ဆင်ထားသည့် ထူးခြားသည့် ဝတ်စုံနှင့် သူတို့ ကျွမ်းကျင်သည့် အလုပ်ကို ပုံဖော်ထားပုံကို ယခုလို ရေးသားခဲ့သည်။


''လက်သမားတွေက ကောက်ရိုးနဲ့ ရက်ထားတဲ့ ခြုံထည်ကို ဝတ်ဆင်ထားတယ်။ သိုးကျောင်းသမားတွေက သူတို့လက်ထဲမှာ သိုးကျောင်းတံကို ကိုင်လို့...''


ဤကား Hardy ၏ သူချစ်ခင်သော ကျေးလက်ရိုးရာ ယဉ်ကျေးမှုများ၊ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ယခုတိုင် စာဖတ်သူများ လွမ်းစရာဖြစ်ရသည်များကို သူနှင့်ထပ်တူထပ်မျှ စာဖတ်သူများလည်း ခံစားဖို့ ရေးသားချက်များ ဖြစ်ပါသည်။ ယခုအခါ အင်္ဂလန်နိုင်ငံသည် တိုးတက်ခေတ်မီသော တိုင်းပြည်တစ်ခုအဖြစ် ရှိနေသည်ကို တွေ့မြင်ရပါသည်။ သို့သော် ခေတ်မီသော ခေတ်တစ်ခုမှာ ပျောက်ကွယ်သွားသည့် ကျေးလက်ယဉ်ကျေးမှုများ ပြန်မရနိုင်တော့သည်မှာ ပို၍ လွမ်းစရာဖြစ်ရပါလေသည်။ ဒီလိုခေတ်မီလှသည့် တိုင်းပြည်မှာ ဒီလိုကျေးလက် ယဉ်ကျေးမှုများ ရှိခဲ့ဖူးသည်ဆိုသည့် အချက်ကလည်း အံ့သြစရာ ဖြစ်နေပါတော့သည်။


(အမှတ် ၂၃၉၊ အတွေးအမြင်)





Tuesday, December 23, 2014

နာဂစ်အမှတ်တရ ဂျူနီယာဝင်း


နာဂစ်အမှတ်တရ


နာဂစ်အမှတ်တရ  ဂျူနီယာဝင်း

(အမှတ် ၂၄၂၊ အတွေးအမြင်)


နာဂစ်ဟူသော စကားလုံးကို ကြုံဖူးသူတိုင်း သိကြပြီးဖြစ်၍ အထူးရှင်းစရာမလိုတော့ပြီ။ တစ်နာရီမိုင် ၁၅ဝ ကျော် တိုက်ခတ်ခဲ့သော ကြီးမားပြင်းထန်သည့် မုန်တိုင်းကြီး ၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်မှာ ဖြစ်ပွားခဲ့တာကို သိကြပါသည်။ ဒီနာဂစ်ဟူသော အသံကိုဖြင့် မကြား လိုပါဟု ခံစားနေရသည့် ကြားမှပင် နာဂစ်အမှတ်တရဟု ဆိုလိုက်တော့ အမှတ်တရဆိုတာ ကောင်းသော အဓိပ္ပာယ်၊ အမှတ်ရဖွယ်အဖြစ်များ ဟုသာ ယူဆထားကြလေတော့ နားမလည်ဖြစ်သွားမည်လားဟု တွေးမိပါသည်။ ကျွန်မလည်း သည်မုန်တိုင်းကြီးကြောင့် ပြိုလဲပျက်စီးသွား သည့် သစ်ပင်ကြီးတွေ၊ အိမ်ခေါင်မိုးသွပ်ပြားတွေ လွင့်စဉ်ကုန်သဖြင့် ကြုံခဲ့ရသည့် ဒုက္ခတွေအကြောင်း ကောင်းကောင်းသိပါ၏။ သို့သော် သည်လို ဒုက္ခ သုက္ခတွေကြားမှပင် အမှတ်တရ များစွာကျန်ရစ်ခဲ့ပါသည်။ သင်ခန်းစားယူစရာတွေလည်း ရလိုက်ပါသည်။ အဲဒီအကြောင်း တွေပဲ ဆိုကြပါတော့။


နာဂစ်မုန်တိုင်းကျရောက်ပြီးနောက် တစ်နေ့မနက်စောစောမှာ မီးမရှိ၊ ရေမရှိ ဒုက္ခကို ကြုံကြရပါသည်။ ရေခဲသေတ္တာထဲ ဈေးဝယ်ပြီး ထည့်ထားသော သား၊ ငါးများက အအေးဓာတ်အြွကင်းအကျန်ဖြင့် မပုပ်သိုးနိုင်သေးပါ။ နောက်တစ်ရက်နှစ်ရက်တော့ တောင့်ခံနိုင်လိမ့်ဦးမည်။ ဟင်းသီးဟင်းရွက်များကတော့ အနံ့တောင်ထွက်ချင်နေပါပြီ။ ကျွန်မ မေမေကတော့ ဟင်းသီးဟင်းရွက်များကို ထုတ်ကာ သည်အတိုင်း အပြင် မှာ ထားတာကမှ ပိုကြာကြာခံလိမ့်မည်ဟု ပြောပါသည်။ ရေစင်က ရေကို လှမ်းကြည့်လိုက်တော့ လေးပုံ တစ်ပုံလောက်သာ ကျန်တော့ သည်။ သည်ရေဖြင့်သာ ရေခိုျး၊ မျက်နှာသစ်၊ ပန်းကန်ဆေးကြောတာ တစ်ရက်ပင် ခံမည်မထင်။ လမ်းပေါ်မှာ ဓာတ်ကြိုးများ လုံးထွေး ရစ်ပတ်ကာ ကျနေကြတာတွေအပြင်၊ အိမ်က အပင်ကြီးများ လဲကျသည့်ကြားမှာ ဓာတ်ကြိုးများကလည်း ပါနေသည်။ ဒီပုံအတိုင်းဆို မီးပြန် လာဖို့က ကြာဦးမည်။ ခြံထဲကို ကြည့်လိုက်ပြန်တော့ သွပ်ပြားများမှာ သံများထိုးထိုးထောင်ထောင်ဖြင့် နေရာအနှံ့ပြန့်ကြဲနေသည်။ ပိန္နဲပင်၊ သရက်ပင်၊ စတားအပယ်လ် (Star Apple) အပင်ကြီးများမှာ ခြံထဲမှာ ကန့်လန့်ဖြတ်များ လဲနေလိုက်ကြတာများ အိမ်ရှေ့ကိုပင် ပိတ်လျက်ရှိ သည်။ ခြံဝင်းတံခါးလည်း ပြုတ်ထွက်လျက် မနည်းကို မယူကာ ကြိုးဖြင့် ချည်ထားရသည်။ တော်တော်ကို စိတ်မသက်မသာ မြင်ရသည့် မြင်ကွင်းပင် ဖြစ်ပါသည်။ ကျွန်မသည် စိတ်ကို တော်တော်ထိန်းကာ အပြင်ထွက်ဈေးဘက် လျှောက်ဦးမည်ဆိုကာ အပြင်ထွက်လိုက်သည်။


အပြင်မှာတော့ လူတွေတော်တော်များများ ဈေးဝယ်နေကြသည်ကိုတွေ့ရသည်။ အထူးသဖြင့် ဓာတ်ခဲသုံးပစ္စည်းများဖြစ်သည်။ ဟင်းသီး ဟင်းရွက် သားငါးရောင်းသူများမှာ ဝယ်သူနည်းပါးလျက်ရှိသည်။ ကျွန်မလည်း ရေခဲသေတ္တာထဲက သားငါးများတောင် ဘယ်လိုလုပ်ရမည် မသိတာ။ အသစ်ထပ်ဝယ်ဖို့ဆိုတာ တော်တော်ခဲယဉ်းသည်။ သားငါးရောင်းသူများမှာ ဝယ်သူက တစ်ဆယ်သားဝယ်သည်ကိုပင် အဆစ်များ ပိုပေးကာ ကုန်အောင်ကြိုးစားရောင်းလျက် ရှိသည်။ ရေခဲ ခဲဖို့ဆိုတာကလည်း လောလောဆယ် သိပ်အဆင်ပြေပုံ မရသေးပါ။ ဒီအရင်ကများ အဆစ်ထည့်မပေးရင်ဘဲ အပြစ်တင်ချင်နေတာ။ ယခုတော့ ပိုပေးမှာပင် ကြောက်နေရသည်။ ကျွန်မတို့၏ အဆစ်ပိုလိုချင်သော စိတ်များသည် ယခုတော့ အလိုလိုပင် ထိန်းခုျပ်ပြီးသားဖြစ်နေသည်။


ကျွန်မသည် ဈေးထဲမှာ ဘယ်သူတွေဘာပစ္စည်းတွေ ဝယ်နေကြသလဲဆိုတာ လျှောက်ကြည့်နေမိသည်။ လူတွေ အဝယ်များတာက ပလတ်စတစ် အကာစတွေ၊ မိုးကာသားအပြာ၊ အနီစများဖြစ်သည်။ ကျွန်မလည်း ခေါင်မိုးသွပ်ပြားများ ကွာကုန်သဖြင့် အိမ်က စာအုပ်၊ ဗီရို များ မိုးကြောင့် ရေစိုကုန်တာကို သတိရမိကာ အိမ်အတွက် ဝယ်မိသည်။ ဓာတ်ခဲများလည်း ထပ်ဝယ်မိသည်။ တခို့ျဆိုင်များမှာ လက်နှိပ် ဓာတ်မီးများပင် ပြတ်ကုန်ပြီဖြစ်သည်။ တခို့ျကတော့ တူတွေ၊ သံတွေ ဝယ်ကြသည်။ လွှအရှည်များလည်း ဝယ်ကာသယ်သွားကြတာ မြင်ရ သည်။ ထိုဆိုင်မှာ ပစ္စည်းများပင် ကုန်လုနီးပါးဖြစ်သွားသည်။ ကျွန်မတို့ ရန်ကုန်မှာ အစားအသောက်တော့ သိပ်စိတ်ပူစရာမရှိပါ။ ဈေးသာနီး ရင် ပိုအဆင်ပြေပေလိမ့်မည်။ အခုတော့ နေရေးထိုင်ရေးနှင့် မီး၊ ရေ ဒုက္ခက ပိုအရေးကြီးလျက်ရှိသည်။


ကျွန်မအိမ်ပြန်ရောက်တော့ တောကြီးအလား သစ်ပင်များ လဲပြိုကျလျက်ရှိသည့် ခြံထဲကို မနည်းဝင်ယူရသည်။ ဒါတွေကို ဘယ်လိုရှင်း ကြရပါ့။ ကျွန်မတို့ မိတ်ဆွေတစ်ဦးနှင့် တွေ့တော့ သူ့အိမ်က ခြံက ခပ်ကျဉ်းကျဉ်းပဲ။ အိမ်ခေါင်မိုးသွပ်ပြား တစ်ချပ်၊ နှစ်ချပ်လောက် ကွာသွားလို့ တက်ရိုက်လိုက်တော့ ပြီးပြီ။ အခု အေးအေးဆေးဆေးပဲ။ မီးမလာတာ တစ်ခုပဲဟု ဆိုသည်။ ခြံကျယ်ကျယ်နဲ့ဆိုတော့ ဒုက္ခပိုကြီး တာပေါ့တဲ့။ သူကတော့ ဒုက္ခငြိမ်းသတဲ့။ သူခြံက ကျယ်ကျယ်မဟုတ်လို့ ကံကောင်းလိုက်တာလို့ ပြောသွားသေး။


လောလောဆယ်တော့ သစ်ပင်ခုတ်သမားများက ဈေးကြီးများတောင်းသဖြင့် မခုတ်နိုင်သေးပါ။ ကိုယ့်အိမ်က အပင်တွေ ကိုယ်ခြံထဲ အကုန်ရောက်နေတာ ဒီအတိုင်းထားလိုက်လို့ရတာပဲဟု ဖြေရသည်။ နောက်ကုန်စရာတွေ ရှိဦးမယ်။ မိုးရွာလျှင် ရေခံထားရသည်။ ပန်းကန်ဆေး တော့ ခါတိုင်းလို ဘုံဘိုင်ကြီးဖွင့်ကာ မဆေးရဲပါ။ ပန်းကန်များရေနှင့် အရင်ဆေးချ။ ပြီးတော့ ဆပ်ပြာတိုက်၊ နောက်အကုန်စုကာ ရေကို ချွေ တာ ဆေးရသည်။ ဒီအရင်ကများ ရေကို ဖြုန်းလိုက်တာပဲဟု သတိရသည်။ အခုတော့ ရေ၏ တန်ဖိုးကို ကောင်းကောင်းသိပြီ။ အခုဆို မိုးရေ တောင် တန်ဖိုးရှိနေသည်။ ရေခိုျးတာ၊ အဝတ်လျှော်တာတွေကအစ တော်တော်မလွယ်ပါ။ ရေကို အလဟဿမဖြုန်းဝံ့ပါ။


သုံးလေးရက်နေတော့ သူများတွေလို မီးစက်နှင့် ရေမောင်းသမားခေါ်ကာ ရေတင်ရသည်။ ရေစင်မှာ ကျီးကန်းတွေသေနေတာ တွေ့ကြ သဖြင့် ရေစင်ကို ရှင်းခိုင်းရသေးသည်။ ကျွန်မက အဲဒီရေစင်က ရေဖြင့် ညတိုင်း မျက်နှာသစ်၊ သွားတိုက်တာ သတိရမိသည်။ မေ့လိုက်တော့ ဟု စိတ်ကိုဖြေရသည်။ ရေတင်သမားကို နှစ်ရက်တစ်ခါ ခေါ်တင်ခိုင်းရသည်။ ကျွန်မတို့ ရေစက်က မြင်းကောင်ရည်များသဖြင့် မီးစက်ကြီး ကြီးဖြင့် ခေါ်ခိုင်းရသဖြင့် ဈေးကြီးသည်။ ဤသို့ဖြင့် ရေကိစ္စတော့ ရှင်းသွားရသည်။ ညတိုင်မီးကလည်း မရှိတော့ ညနေ ၆ နာရီဆို အိပ်ကြ ရသည်။ ဖေဖေက ညတော့ လင်းလင်းနေချင်သည်ဟု ဆိုကာ မီးစက်အသေးတစ်ခု ဝယ်လိုက်သည်။ သို့သော် မီးစက်သံကြောင့် စကားလည်း ကောင်းကောင်းမပြောရ။ နားတွေလည်းအူပြီး စိတ်မချမ်းသာကြပါ။ ဤသို့နှင့် ည ၈ နာရီဆို မီးစက်ပိတ်ကာ အိပ်ကြသည်။


ခြံထဲက လွင့်စဉ်ကျနေသော သွပ်ပြားများမှာ ရှေးကသွပ်ပြားများဖြစ်၍ အလွန်လေးသည်။ ဤသို့နှင့် လာကူညီပေးကြသော သူငယ် ချင်းများလာမှ 'မ' ခိုင်းကာ တစ်နေရာမှာ စုခိုင်းရသည်။ ရေစိုနေသော စာအုပ်ဗီရိုများမှာ ပိုဆိုးသည်။ ရေ၏စိုစွတ်မှုကြောင့် ပိုလေးနေသည်။ ဝိုင်းကူလာသူများကိုလည်း အားမနာနိုင်ပါ။ မိုးရွာလျှင် ရှောင်လို့ရသည့် နေရာများ ရွှေ့ခိုင်းရသည်။


တစ်ပတ်လောက်နေမှ သစ်ပင်ခုတ်သမား ငှားဖြစ်တော့သည်။ ထိုအတောအတွင်းမှာ ကျွန်မ၏ ဦးလေး၊ အဒေါ်များက ထမင်းဟင်းများ ချက်ယူလာပေးကြသည်။ ဈေးများလည်း ဝယ်လာပေးသည်။ ထိုစားစရာများမှာ ကျွန်မတို့အတွက် ဘာနှင့်မှမလဲနိုင်ပါ။ ဈေးတစ်ရက်မသွားရ လည်း ဘယ်လောက်သက်သာသလဲ။ ရေခဲသေတ္တာသုံးမရသဖြင့် ဈေးသွားရတာလည်း ငရဲလိုဖြစ်သည်။ ဈေးရောင်းသူများကလည်း အရင် တုန်းကနဲ့မတူ။ အများကြီးထည့်ပေးသည်။ ဟင်းသီးဟင်းရွက်က အစပိုပိုသာသာပေးကြသည်။ ခက်တာက တစ်ရက်ပင်မခံ။ ညနေဆို မကောင်းတော့။ တစ်နေ့စာနည်းနည်းသာ ဝယ်စားနေရတာကို စဉ်းစားကြည့်လျှင် ဖြစ်တော့ဖြစ်သားပဲ။ ကျွန်မတို့သည် ဒီအရင်က ဒီလိုစိတ်မိုျး မထားနိုင်တာကို ဆင်ခြင်မိသည်။ ဒီလိုလောဘစိတ်များနှင့် နေထိုင်လာခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် နေနိုင်သွား တာကိုက တန်ဖိုးထားစရာဖြစ်ပါသည်။


ထို့ပြင် ခြံထဲက သစ်ပင်ကြီးများကို ခုတ်ကြ၊ လှဲကြနှင့် အလုပ်သမားများ လုပ်ကိုင်နေကြတာကို ရင်တမမနှင့် စောင့်ကြည့်နေရသည့် ဒုက္ခကလည်း မလွယ်ပါ။ သူ့ဟာသူ အိမ်မှခေါင်းမိုးပေါ်မှာလဲကျနေတာကို အခုတ်မတော်ပါက မှန်တွေကွဲနိုင်သည်။ ဘေးအိမ်က ခေါင်မိုးများ ကို ထိနိုင်သည်။ တော်တော်အင်အားကောင်းကောင်းနှင့် ခုတ်ကြရတာမို့ တကယ့် Professional ကျွမ်းကျင်သူများဖြစ်ဖို့ကလည်း လိုလေ သည်။ သို့သော်လည်း ကိုယ့်လိုအေးအေးဆေးဆေး နေတတ်သူများမို့ ခြံထဲမှာ အလုပ်သမားများ ဝင်ထွက်ကြ၊ ခေတ္တအနားယူကြ၊ စားကြ သောက်ကြ၊ အလုပ်လုပ်ကြတာကို မြင်နေရ၊ ဆက်ဆံရသည်မှာ တော်တော်အနေကျပ်ပါသည်။ ရေနွေးဆိုရေနွေး၊ မီးခြစ်ဆိုမီးခြစ်၊ ရေဆိုရေ စသည်ဖြင့် ဧည့်ခံနေရတာအပြင် ရေခိုျးဖို့ကိစ္စကျတော့ ကိုယ်တောင် ရေတစ်နေ့တစ်ခါပဲ ခိုျးနေရသည့် အခြေအနေမိုျးမှာ ရေတော့မခိုျးဖို့ ပြောထားရသေးသည်။ သူတို့အလုပ်ပြီးမည့်ရက်ကို လက်ခိုျးရေတွက်ရင်း သည်းခံစိတ်ကို များများမွေးတတ်လာပါသည်။ အလုပ်မပြီးခင်၊ မုန်တိုင်းကျပြီး ရက်ပေါင်း ၂ဝ ကျော် (၂၂) ရက် အကြာမှာ မီးသမားများက အိမ်မီးများ ပြင်ဆင်နေကြ၍ မီးလာတော့ မည့်အရေး စိတ်လှုပ် ရှား နေမိပါသည်။ မီးပေးမည့်နေ့မရောက်ခင်တစ်ရက်မှာ ကျွန်မတို့ခြံထဲက သစ်ပင်တွေ ကြားထဲလိမ်ကာဝင်နေသော မီးကြိုးများကို ဆွဲထုတ် ထားရသေးသည်။


သစ်ခုတ်သမားများက အခြေအနေဆိုးနေသော လမ်းပိတ်ကာနေသော၊ အိမ်ပေါ်တင်နေသော သစ်ပင်ကြီးများကို ဦးစားပေးကာ ခုတ်ပေး သွားကြသည်။ သို့သော် ဓာတ်ကြိုးများနှင့် ရစ်ပတ်နေသော သစ်ပင်များကိုတော့ အပေါ်ယံလောက်သာ ခုတ်ပေးသွားနိုင်ကြသည်။ သူတို့ကို လည်း အပြစ်မဆိုသာ။ သူတို့က သစ်ပင်ခုတ်သော တာဝန်သာရှိသည်။ ဒါတွေသာ ရှင်းပေးရလျှင် တခြားအလုပ်များ ဆက်လုပ်ဖို့ အဆင် မပြေနိုင်။ သည်တော့ အဲသည်တာဝန်က အိမ်ရှင်တွေ၏ တာဝန်၊ သစ်ပင်ကိုင်း၊ ပင်စည်ကြီးများအောက် ဝင်နေသော ဓာတ်ကြိုးများကို စိတ်ရှည် လက်ရှည်ထားကာ ဆွဲထုတ်ရသည်။ သည်ကြားထဲမှာ နှစ်ပတ်ကျော်က သေနေသော ကျီးကန်းသေအနံ့များကလည်း တထောင်း ထောင်း ထနေသေးသည်။ ဒါတွေကို မီးသမားတွေမလာခင် မီးကြိုးတွေ ဆွဲထုတ်ထားမှ။ သူတို့လာသည့်အခါ ကျွန်မတို့ မီးကြိုးများက အဆင်သင့် မီးပေးရင်လာနိုင်မှာ ဒီလိုအလုပ်ကို မီးသမားတွေ လုပ်ခိုင်းမည်ဆိုလည်း အဆင်ပြေမည်မဟုတ်။ သူတို့မှာ တခြားရပ်ကွက်များ မီးလာအောင် လုပ်ပေးဖို့တာဝန်များ တန်းစီနေမှာ ကျွန်မတို့တစ်အိမ်ကြောင့် တစ်လမ်းလုံး မီးစောင့်နေရမည်ဆိုလျှင် ဘယ်တရားပါ့မလဲ။ သည် တော့သည်လိုအနံ့တွေ၊ အညစ်အပတ်တွေကြားထဲ နှာခေါင်းကို အဝတ်စည်းကာ လုပ်ကြရသည်။ ဓာတ်ကြိုးများ အားလုံးဆွဲထုတ်ကာ အသင့် အနေအထား ရောက်တော့မှ သက်ပြင်းချနိုင်သည်။ ကျွန်မတို့၏ သည်းခံစိတ်များ တစ်ဖက်သားအပေါ် နားလည်ပေးစိတ်များသည် စိုက်မထုတ် ရဘဲ အလိုလိုပင် ပေါ်လာရသည်။ ပေါ်မလာလို့လည်း မဖြစ်ပါ။ အဲသည်လို စိတ်မထားနိုင်လျှင် ကျွန်မတို့ ရူးသွပ်သွားလိမ့်မည်။


မီးစပေးချိန်တွင် အိမ်မီးများနှင့်အတူ ရေခဲသေတ္တာလည်း မီးလင်းလာပါသည်။ ကျွန်မသည် ရေခဲသေတ္တာလေး မီးလင်းသွားတာကို မယုံနိုင်စွာ ငေးကြည့်နေမိသေးသည်။ ဒါဘာဆန်းသလဲ။ မီးလာပြီပဲ။ သို့သော် ကျွန်မတို့၏ ရင်ထဲမှာ ကာလအတန်ကြာ (အမှန်တော့ ရက် ၂ဝ ကျော်) ခံစားခဲ့ရသော ဒုက္ခတွေများ အဆုံးသတ်ပြီလားဟု တွေးနေမိပါသည်။ ရေခဲသေတ္တာ မီးလင်းသွားတာနဲ့၊ အိမ်မှာ မီးပြန်လာတာနဲ့၊ ရေစက်ရေတင်လို့ ရသွားတာနဲ့၊ မီးစက်ဖွင့်စရာမလိုတော့တာနဲ့ ကြုံခဲ့ရသော ဒုက္ခတွေ အဆုံးသတ်သွားပြီဟု ေြွကးကြော်ရတော့မှာလား။ ထိုကာလအတွင်းမှာ ရေ၏ တန်ဖိုးကိုသိပြီး ရေကို ချွေတာချင်စိတ်တွေ ဖြစ်ပေါ်လာတာတွေကို အဆုံးသတ်လိုက်ရတော့မှာလား။ ကြုံခဲ့ရတဲ့ ဒုက္ခ သုက္ခတွေကြားထဲ သည်းခံတတ်တဲ့စိတ်တွေ၊ လောဘစိတ်များ ထိန်းခုျပ်တတ်လာတာတွေကိုရော မေ့ပစ်လိုက်ရတော့မှာလား။ အချိန်၏ တိုက်စားမှုကြောင့် မေ့လွယ်လျော့လွယ်တဲ့ လူ့စိတ်သဘာဝကို ဘယ်လိုများ သင်ခန်းစာယူကာ ထားရမှာပါလိမ့်။


အခုတော့ ဟိုအရင်ကအတိုင်း ရေကိုသုံးချင်သလို သုံးမိကာ၊ သည်းခံစိတ်များ မမွေးနိုင်သလို၊ လောဘစိတ်များလည်း မသတ်နိုင်ပါ။ သို့သော် တစ်ခါတစ်ရံ လက်ဆေးဖို့ ရေဘုံဘိုင်ဖွင့်ရင်းက နာဂစ်မုန်တိုင်းကာလကို သွားသတိရမိသည်အခါ လက်ကို ဆပ်ပြာတိုက်နေသည့် အချိန်လေးမှာ ခဏတော့ ရေဘုံဘိုင်ပိတ်လိုက်မိပါသည်။ တစ်ခါတစ်ရံ အကြောင်းအမိုျးမိုျးအပေါ် သည်းခံစိတ်မထားမိရင်လည်း နာဂစ် တုန်းက သည်းမခံချင်လည်း ခံရတဲ့ စိတ်များကို သတိရမိပြီး စိတ်ကိုလျှော့ရပါသည်။ လူ့သဘာဝအရ ဖြစ်ပေါ်လာသည့် လောဘစိတ်များ သည်လည်း နာဂစ်တုန်းက သူ့အလိုလိုခုျပ်တည်းနိုင်သည့် စိတ်များကို သတိရမိကာ လက်ခံနိုင်မိလာပါသည်။ ဒါတွေက နာဂစ်အမှတ်တရများ ပဲ မဟုတ်ပါလား။ ထို့ကြောင့် နာဂစ်ကို သည်လို အမှတ်ရစရာများနှင့် တွဲကာသတိရနေဖို့ ကောင်းပါသည်။




(အမှတ် ၂၄၂၊ အတွေးအမြင်)

Friday, December 19, 2014

မမေ့နိုင်စရာများ ဂျူနီယာဝင်း



မမေ့နိုင်စရာများ   ဂျူနီယာဝင်း





မမေ့နိုင်စရာများ




(အမှတ် ၂၄၇၊ အတွေးအမြင်)




 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထိုနေ့ဟာဖြင့် မျက်ရည် များနဲ့ ဝမ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသော နေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။ မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ ဈေးထဲ၊ ယောကျာ်းကြီးတွေ မျက်လုံးတွေ စိုစွတ်၊ အမိုျးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့ အသည်းနှလုံးတွေ ကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်။ သူတို့ ဘာကြောင့်ငိုနေကြသလဲ၊ သူတို့မျက်ရည်တွေက ဘာကို ဖော်ညွှန်း နေသလဲဆိုတာ မေးစရာမလိုပါ။ ကျွန်မအဘိုးက ပြောပါသည်။ အကယ်၍ တစ်စုံတစ်ဦးသေဆုံးရင် သူ့မိသားစု သူ့ဆွေမိုျး မိတ်သင်္ဂဟများ သာ ငိုေြွကးကြမှာပဲတဲ့။ သို့သော် ထိုနေ့မှာတော့၊ အာဇာနည်တွေ လုပ်ကြံခံရတဲ့ အဲသည်နေ့မှာတော့ သူတို့ရဲ့မိသားစုဝင်တွေ ဆွေမိုျးတွေ သာမက မြို့ထဲက လူတိုင်း လူတိုင်း ပူဆွေးကြ၊ မျက်နှာပေါ်မျက်ရည်တွေ စီးကျနေလိုက်ကြတာပဲတဲ့။ အားလုံးသည် ရုတ်တရက်ကြီး ထိတ်လန့်၊ ပူဆွေးလွန်းလို့ ဆွံ့အ၊ သူတို့ရဲ့ချစ်လှစွာသော သူတွေနဲ့ ပတ်သက်တဲ့ကြောက်စရာ သတင်းဆိုးကြီးကိုကြားလို့ ဖြစ်ပျက်ကုန်ကြတာ။ ၁ဝ နာရီ ၃၇ မိနစ်။ နေရာကတော့ အလုပ်အမူဆောင်ကောင်စီ ပြည်နယ်အုပ်ခုျပ်ရေးအဖွဲ့ဝင်များ အစည်းအဝေးလုပ်နေတဲ့ အခန်းတစ်ခုမှာ။ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးဖြစ်သော ဗိုလ်ခုျပ်အောင်ဆန်း ဦးဆောင်မှုအောက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရတဲ့ အလွန် ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုရဲ့ သားကောင်တွေဖြစ်သွားရသည်။ လူထု ယုံကြည်ရသည့် ဗိုလ်ခု့ျ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘခိုျ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ကိုသက်ထွေးတို့ ပစ်သတ်ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်အထိမ်းအမှတ် စာအုပ်ကလေး၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ စာအုပ်လေးထဲမှာ ‘Our Fallen Leader’ ဟူသည့် ထိုနေ့ ထိုအဖြစ် အပျက်အကြောင်း ရေးထားတာကို ယခုလို တွေ့လိုက်ရသည်။ ကာဘရိုက်တာ သေနတ်ရဲ့ စူးရှ တဲ့ အသံရယ်၊ လေးလံထူထပ်တဲ့ မီးခိုးငွေ့တွေက အဲသည်အခန်းထဲက ထိုးထွက်လာကြတယ်။ (အဲသည်ဇာတ်ဝင်ခန်းကို The Lady ဆိုသည့် ရုပ်ရှင်ထဲ ထည့်ရိုက်ထားလိုက်ပုံကတော့ တက်တက်စင်အောင် လွဲနေတယ်လို့ ဆိုရမှာပဲ။ ကျွန်မတို့ရဲ့ ဗိုလ်ခုျပ်ကို လက်မ အနည်းငယ်အကွာ လောက်ကနေ ပစ်စတိုသေနတ်နဲ့ ပစ်လိုက်ပုံကို ရိုက်ပြထားလေရဲ့။ အိုး... ကျွန်မအဲသည်လောက်တော့ သိတယ်။ အဲဒါကာ ဘရိုက်တာ မဟုတ်မှန်း။ ဘယ် အရူးမဆိုသိနိုင်တာ။ ကျွန်မတောင် သိတယ်။ အဲသည့်ရုပ်ရှင်ထဲက အခန်းက ကျွန်မတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကြီး ဖျက်ဆီးပစ်လိုက်တာပဲ။) ရက်စက်ပါတယ်ဆိုတဲ့ ထိုနေ့ကို လေးလံတဲ့ တိမ်လိပ်တွေ၊ လျပ်စီးမိုးကြိုးတွေ၊ မိုးသားတွေက ထပ်မံဖြည့်စွက်လိုက် တာ တစ်တိုင်းပြည်လုံးကို ပို၍ပို၍ ကြေကွဲဖွယ်ဖြစ်အောင် ဖန်တီးလိုက်ပြန်လေသည်။ ကျွန်မ၏ အဘွားက ပြောတာကတော့ ထူထပ်တဲ့ မိုးသားတိမ်လိပ်ကြီးတွေ သူတို့ပေါ် ဖိနှိပ်ထားလေတာ ပြန်ပြီးမရုပ်သိမ်းတော့တဲ့အတိုင်းပဲတဲ့။ ဆိုးရွားတဲ့ သဘာဝတရားကြီးက တစ်တိုင်းပြည် လုံးကို ပိုပြီးထိတ်လန့်တုန်လှုပ်သွားစေသတဲ့။ ထိုကဲ့သို့သော ဝမ်းနည်းစရာများ ရှိနေသော်လည်း ဘဝသည် ဆက်လက်ဖြတ်သန်းနေပါသည်။ အချိန်သည် ကုစားပေးလိုက်သလို အစစ အရာရာ ပုံမှန်ဖြစ်သွားသည်။ ရာသီစက်ကွင်း တစ်ပတ်လည်လည်နေသလို ထိုနေ့သည်လည်း နှစ်စဉ် တစ်ပတ်ပြန်လည်လာပါသည်။ ကျွန်မက ထိုနေ့ကို ကလေးတွေ တွေးသလို ကျောင်းပိတ်ရက်ဟု မှတ်မိနေမိသလို ကျွန်မတို့၏ သူရဲကောင်း များ ဆုံးရှုံးရလို့ တစ်တိုင်းပြည်လုံး မျက်ရည်ကျကာ ကြေကွဲခဲ့ရသော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ အချိန်သည် မျက်ရည်စ များကို သစ်တုံးလို ခြောက်သွေ့သွားအောင် လုပ်နိုင်သလို ကျွန်မတို့၏နှလုံးသားများကိုလည်း ရေခဲလို အေးစက်သွားအောင် ဖန်တီးလိုက်နိုင်ပါသည်။ သို့သော် ညှာတာမှုမရှိစွာ ရွာသွန်းနေသော မိုးနှင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းကို အခုသည် ဆောင်းပါးကို ရေးနေသော အခိုက်မှာ ပြတင်းပေါက်ကနေ လှမ်းမြင်နေရပါသည်။ ထိုနေ့ထိုရက်က ကျခဲ့သော မျက်ရည်များကို စိတ်ကူးနှင့်သာ ပုံဖော်နိုင်သော်လည်း ၁၉၄၇ ဇူလိုင်လ ၁၉ ရက် နေ့တုန်းက ရွာခဲ့သော မိုးကိုတော့ အခုလက်တွေ့ခံစားနေရပါသည်။




(အမှတ် ၂၄၇၊ အတွေးအမြင်)















Wednesday, December 3, 2014

Book review - အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း


အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း


စာအုပ်အမည် - အထက်တန်းအဆင့် Composition
မူရင်း - Wren and Martin’s High School English Grammar and Composition
ဘာသာပြန်သူ - ဂျူနီယာဝင်း
ပထမအကြိမ်
၂၀၁၄ အောက်တိုဘာ
အုပ်ရေ ၅၀၀
အခန်း ၁၆ ခန်း
မျက်နှာဖုံးဒီဇိုင်း သင်းနွယ်စိုး
မျက်နှာဖုံး ပန်းချီကား Portrait of Rodo Pissarro ‘Reading’
ထုတ်ဝေသူ ဦးလှတိုး
တိုက် ၁၇ အမှတ် ၂၃ ရွှေအုန်းပင်အိမ်ရာ
အနောက်ရန်ကင်း ရန်ကုန်မြို့
ရန်အောင်စာပေ
အထက(၁) ရန်ကင်းကျောင်းရှေ့၊ ဆိုင်အမှတ် H။ ၁၂လုံးတန်းမှတ်တိုင် အနီး
ရန်ကင်းမြို့နယ်
ဖုန်း ၀၉ ၅၁၇ ၉ ၃၉ ၈။ ၀၉  ၇၃၂ ၄၃၈ ၅၁။
တန်ဖိုး ၂၅၀၀ ကျပ်
စာမျက်နှာ ၃၂၀
အမှာစာ - ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

အီစာအုပ်သည် Wren and Martin’s High School English Grammar and Composition စာအုပ်မှ Composition အပိုင်းကို ဘာသာပြန်ထားခြင်းဖြစ်သည်။ Grammar ပိုင်းကို အထက်တန်းအဆင့်အင်္ဂလိပ်သဒါ ဟူရွှေ့ ထွက်ရှိပြီး ဖြစ်ပါသည်။ Composition ဟူသည် ၀ါကျများဖွဲ့စည်းပုံကို လေ့လာခြင်း ဖြစ်သည်။ ဖွဲ့စည်းထားသော ၀ါကျများကို သရုပ်ခွဲလေ့လာခြင်း သို့မဟုတ် ၀ါကျကို ဖွဲ့စည်းတတ်ရန် ဟူရွေ့ Composition ကို လေ့ကျင့်လေ့လာပုံများ ကို တွေ့ကြရမည် ဖြစ်ပါသည်။

ဘာသာပြန်သူအနေနှင့် သည်စာအုပ်လေးကို စာဖတ်သူများ၏ တောင်းဆိုမူကြောင့် ရန်အောင်စာပေက ဆရာဦးလှတိုး တို့ဆီက သည်အပိုင်းကို ဘာသာပြန်ပေးစေလိုကြောင်း တွန်းအားပေးမူကြောင့်၎င်း၊ ဘာသာပြန်ပေးခဲ့ခြင်းဖြစ်ပါသည်။ တကယ်တန်း ဘာသာပြန်ကြည့်လိုက် သောအခါ စာဖတ်သူများ၏ တောင်းဆိုရသော အကြောင်းရင်းကို သိလာရ ပါသည်။ တကယ်လည်း Composition ကအင်္ဂလိပ်စာ လေ့လာသူများအတွက် လိုအပ်လှပါလားဟု သဘောပေါက်ကာ ကိုယ်ကိုယ်တိုင်လည်း ပညာတိုးကာ သည်အပိုင်းက ဗဟုသုတများ လေ့လာဖို့ အခွင့်အရေးများရလာခြင်းအတွက် ဘာသာပြန်ပေးဖို့ တောင်းဆိုသူ စာဖတ်သူများကိုပင် ကျေးဇူးတင်နေမိပါသည်။ စေတနာ မေတာများ အပြည့်ဖြင့် ကြိုးကြိုးစားစား ဘာသာပြန်ပေးခဲ့တာဖြစ်လို့ စာဖတ်သူများလည်းသဘောကျ ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။

Composition အပိုင်းတွင် သုံးသော အဓိပယ်သတ်များချက်များကိုကား သဒါပိုင်းတွင် များစွာ အသေးစိတ် ရေးသားထားပြီးသားများ ဖြစ်ရွေ့ ထပ်မံမရှင်းပြထားတော့ပါ။ စာအုပ်နှစ်အုပ်စလုံးကိုကိုင်ကာ အင်္ဂလိပ်စာပေကို ကျယ်ပြန့်စွာ လေ့လာ ဖတ်ရူ ပညာတိုးနိုင်ကြပါစေ။



Book Review - ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက် - ခင်မျိုးချစ်


ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက် - ခင်မျိုးချစ်


စာအုပ်အမည် - ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက်
ရေးသူ - ခင်မျိုးချစ်
ကံ့ကော်ဝတ်ရည်စာပေ
ဦးကျော်ဇင် အမှတ်၅၁ ရေကျော်လမ်း ပုဇွန်တောင်
ပထမအကြိမ် ၁၉ ၇၆ သိဒိစာစဉ်
ဒုတိယအကြိမ် ၂၀၀၂ ပဒေသာစာပေ
တတိယအကြိမ် နိုဝင်ဘာ ၂၀၁၄ ကံ့ကော်ဝတ်ရည်
ဖုံး ၀၉  ၂၅၀၀၁၂၃၄၈။ ၀၉  ၂၅၉ ၂၉ ၁၈၃၇။ ၀၉ ၇၃၀ ၄၁၁၃၇။
အမှတ် ၂၂ မဟာဇေယျလမ်း ပုဇွန်တောင်
အီးမေး - kantkawwutyee@gmail.comt
အုပ်ေ၇ ၅၀၀
အခန်း ၈ ခန်း
မျက်နှာဖုန်း အောင်သိန်းသိန်းပုံနှိတ်တိုက်
အတွင်း စွယ်တော်ပုံနှိတ်တိုက်
မျက်နှာဖုံး ဒီဇိုင်း - ၀င်းမြင့်ဦး
တန်ဖိုး ၂၄၀၀ ကျပ်
စာမျက်နှာ ၂၂၀
ဝက်ဆိုက် - http://kantkawwyutyee.myanmaronlinesales.com
အမှာစာ ဒေါက်တာခင်မောင်ညွှန့်

ဒေါက်တာခင်မောင်ညွန့် ၏အမှာစာတွင် ဒေါ်ခင်မျိုးချစ်၏ စာအုပ်နှင့်ပတ်သက်ရွေ့ အနုပညာရသကို ပုံဖော်လိုက်ပုံကို ခံစားမိရသည်မှာ စာရေးသူနှင့် ထပ်တူဖြစ်သည် ဟုဆိုထားပါသည်။ “ကျွ်န်မသည် ပန်းချီကားကို နေ့စဉ်စိုက်စိုက်ကြည့် နေသည်။ တစ်နေ့ မကြည့်ရမနေနိုင်ပဲ ဖြစ်နေသည်။ သို့ဖြစ်ရခြင်းမှာ အကြောင်းရှိသည်။ ပန်းချီကားကို စိုက်ကြည့်ရင်း လူရုပ်တွေကပင် လှူပ်လာသလို၊ သစ်ပင်သစ်ကိုင်းတွေကပဲ လှူပ်သလိုလို ထင်မိသည်။“ ယင်းကား ဒေါ်ခင်မျူိးချစ်၏ အနုပညာစိတ်ပေါက်ဖွားလာပုံ ဖြစ်ပေသည်ဟု ယူဆမိပါသည်။
ထို့ပြင် သမိုင်းကျမ်းကြီးတစ်စောင်လို ရေးသားထားခြင်းမဟုတ်သောကြောင့် နားလည်လွယ် ယုံမကပင် သွက်လက်မြူးကြွ ရေးထားဟန်များကြောင့် သာမန်စာဖတ်သူများပင် စိတ်ဝင်စားလာပေလိမ့်မည် ဟူရွေ့ ယဉ်ကျေးမူ ဌာနက ညွှန်ကြားရေးမှူးချူပ် ဆရာကြီး ဒေါက်တာခင်မောင်ညွန့် ၏ ၁၉ ၇၆ ခုနှစ်တုန်းက အမှာစာကိုကိုးကားပြီး သည်စာအုပ်ကလေးကို မိတ်ဆက်ပေးလိုက်ရပါသည်။ မေမေကြီးတို့ ရှိစဉ်ကတော့ ဆရာကြီးက ဘဘကြီး ဦးခင်မောင်လတ် နှင့် မေမေကြီး ဒေါ်ခင်မျိုးချစ်တို့ လင်မယားကို မဒမ်ကျူရီ တို့လင်မယားဟု ချီးကျူးခေါ်ဝေါ်ခဲ့တာလေး ပြောသံကြားဖူးခဲ့တာကို သတိတရ ဖြစ်ဖွယ် အမှတ်တရ တင်ပြလိုက်ပါသည်။

Book Review - Selections from Colourful Burma by Khin Myo Chit ရောင်စုံလှစွာ ပြည်မြန်မာ - ဒေါက်တာခင်မောင်ဝင်း


Selections from Colourful Burma by Khin Myo Chit
ရောင်စုံလှစွာ ပြည်မြန်မာ -  ဒေါက်တာခင်မောင်ဝင်း

စာအုပ်အမည် - ရောင်စုံလှစွာ ပြည်မြန်မာ  
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း
မူရင်း - Selections from Colourful Burma by Khin Myo Chit
၂၀၀၇ အောက်တိုဘာ
အုပ်ရေ ၁၀၀၀
တန်ဖိုး ၃၀၀၀ ကျပ်
ပါရမီစာပေ
၂၃၀၊ ၂၉  လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်
ဖုန်း ၂၅၃၂၄၆
၂၊ ၄ ကမာအေးစေတီတော်မုခ်ဦးစောင်းတန်းရန်ကုန်
၂၉ ၅ ဈေးအရှေ့လမ်း ထားဝယ်
အီးမေး paramibk@myanmar.com.mm
စာမျက်နှာ ၂၀၈
အခန်း - ၅ခန်း
မျက်နှာဖုံး ပန်းချီ - သန်းမြင့်အောင် 2007

Pagodas and What They Mean to Buddhists, A Buddhist Childhood, Shinpyu, Women in Buddhism, Blessed is the Blameless Life စသော ဆောင်းပါးများကို “ဗုဒဘာသာဝင်တို့အပေါ် စေတီပုထိုးများ၏ အရေးပါမူ“၊ “ဗုဒဘာသာဝင်တစ်ဦး၏ ကလေးဘ၀“၊ “ရှင်ပြု“၊ “ဗုဒဘာသာနှင့် အမျိုးသမီးများ၏ အခန်းဂဏ”၊ “အပြစ်ကင်စင်သော ဘ၀သည်ကောင်းလေစွ” များအဖြစ် မြန်မာပြန်ဆိုထားသော ဆောင်းပါးများကို နှစ်ဘာသာ တွဲလျက် တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် စကားလုံးများ၏ အဓိပယ် များကို ပေးထားသဖြင့် စာဖတ်သူသည် ဖတ်ရင်းနှင့်ပင် အင်္ဂလိပ်စာလည်းတိုးကာ မြန်မာပြန်ကို ဖတ်ပြီးခံစားရပေမည် ဖြစ်ပါသည်။ ဒေါ်ခင်မျိုးချစ်၏ အမှာစာ ကိုလည်း အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားတင်ပြထားသောကြောင့် မြန်မာလူမျိုးများ၏ ဓလေ့စရိုက် အကျင့်များ၊ ယဉ်ကျေးမူ ဓလေ့ထုံးစံများ အတွေးအခေါ် အယူအဆများ ကိုဆရာမကြီး၏ သဘောထားအမြင်များဖြင့် ယှဉ်တွဲဖတ်ရူရပေလိမ့်မည်။